← Chapters

ဘယ်သူ လမ်းပိတ်ရဲသလဲ

Vol. 4 Ch. 38

ဘယ်သူ လမ်းပိတ်ရဲသလဲ

Vol. 4 Ch. 38

ယွမ်ရှောင်သည် ကျန်းရယ်ကို ဒူးထောက်စေလိုက်သောအခါ ဆံပင်များ ငှက်သိုက်ပမာ ရှုပ်ထွေးနေပြီး ဝတ်ရုံထက်၌ သွေးများ နီရဲနေကာ မျက်နှာတွင်လည်း ဓားဒဏ်ရာများ ပြည့်နှက်နေသည်။ သူမက တစ်ကိုယ်လုံးတုန်ခါနေပြီး တစ်ဖက်လူကို ကြောက်လန့်တကြားကြည့်နေ၍ လက်လျှော့လိုစိတ်များ ဖြစ်ပေါ်နေ၏။ ဤကား တတိယအကြိမ် ရှုံးနိမ့်ခြင်းဖြစ်ပြီး သာမန်လူတစ်ယောက်ကို အနိုင်ယူနိုင်မည်ဟု ထင်ထားသော်လည်း အကြိမ်တိုင်း ပို၍ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်။ အလောင်းပုံကြီးထက်တွင် သူမက နာကျင်စွာငိုကြွေးနေပြီး မသေသေးသော အမှတ်တစ်ဓားတောင်၏ တပည့်များထံမှ အော်သံများ ကြောက်စရာကောင်းလောက်အောင် ကျယ်လောင်နေသည်။ ယွမ်ရှောင်က သူမကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီး သေလုမျောပါးဖြစ်နေသူများကို အဆုံးသတ်​နေသည်။ သွေးနှင့်မျက်ရည်များသည် သူမ၏အမြင်များကို ဝေဝါးစေပြီး လက်နှစ်ဖက်လုံး တုန်ရီနေသည်။

"ကျေးဇူးပြုပြီး ငါ့ကို ချမ်းသာပေးပါ"

သူမက ကြောက်လန့်တကြား အော်ဟစ်၍ ဒူးထောက်တောင်းပန်နေသည်။ အပြာရောင်ဓားဖျားသည် သူမ၏မေးကို မော့စေလိုက်ပြီး လှပသော လည်တိုင်ကျော့ကျော့ကို ထောက်ထားလိုက်၏။

"သေရမှာ ကြောက်နေတာလား"

"ကြောက်ပါတယ်"

"နင်က ပြိုင်ဘက်ကင်းပါရမီရှင်ဆိုပြီး ငါ့ရှေ့မှာ ဒူးထောက်တောင်းပန်နေရတယ်။ ဒီလောက်လူတွေအများကြီးရှေ့မှာ ဂုဏ်သိက္ခာ ထိခိုက်သွားတာကို ဘယ်လိုချေဖျက်ဦးမှာလဲ"

"ငါ့ကို အသက်ချမ်းသာပေးရင် အင်မော်တယ်ဖြစ်လာတာနဲ့ နတ်ပင်လယ်ဆေးလုံး တစ်သောင်း ပေးပါမယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

"ကျန်းရယ် အင်မော်တယ်ဖြစ်ဖို့ဆိုတာ ဒီလောက်မလွယ်ဘူး။ နင်က ငါ့အစွမ်းကို မမြင်နိုင်လောက်အောင် ကန်းနေတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး"

ယွမ်ရှောင်၏ဓားချက်က ကျန်းရယ်၏ မျက်လုံးအစုံကို ဖြတ်ခနဲ ထိမှန်သွားကာ နာကျင်စွာအော်သံတစ်ခု ထွက်ပေါ်လာသည်။ သူမက မျက်လုံးကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်၍ အော်ဟစ်နေသောကြောင့် ပရိသတ်များသည် ကိုယ်တိုင်နာကျင်နေသယောင် ခံစားလိုက်ရသည်။ သူမက အနာဂတ်တွင် အင်မော်တယ်ဖြစ်လာရန် ပါရမီရှိသော်လည်း ယွမ်ရှောင်၏လက်ထဲတွင် မြေခွေးငယ်တစ်ကောင်ပမာ အကူအညီကင်းမဲ့နေ၏။ ရန်သူများ၏မျက်နှာထက်တွင် ဒေါသနှင့် ကြောက်စိတ်တို့ ရောယှက်နေကာ သတ်ဖြတ်လိုစိတ်များ သူ့ကို ဦးတည်နေသည်။

"ဘန်း"

"အကြီးအကဲဖန် လှုပ်ရှားလိုက်ပြီ"

ဓားချက်တစ်ခု ကျဆင်းလာပြီး အစီအရင်ကို ပျက်စီးသွားစေသောကြောင့် အမှတ်တစ်ဓားတောင်မှ အဖွဲ့ဝင်များ ပြိုင်တူရေရွတ်လိုက်ကြသည်။

"အသူရာဓားဂိုဏ်းရဲ့ ဓားရှစ်လက်ပွဲတော်ကို ဧည့်သည်တွေက ဘာကြောင့် ဝင်စွက်ဖက်ရတာလဲ။ ရှက်စရာကောင်းလိုက်တာ"

အခြားတောင်ထိပ်များမှ မကျေမနပ်ရေရွတ်သံများ ထွက်ပေါ်လာပြီး ဓားချိတ်ပိတ်အစီအရင် ပျက်စီးသွားသောအခါ တောင်ထိပ်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ အမှတ်တစ်၊ သုံးနှင့် ခြောက် ဓားတောင်များမှ ကျင့်ကြံသူများသည် ယွမ်ရှောင်ထံ ချီတက်လာကြပြီး ဤအချိန်ကို စောင့်နေခြင်းဖြစ်သည်။

"သတ်စမ်း"

ရဲတန်းယွမ် သေဆုံးသွားပြီး ကျန်းရယ် ကန်းသွားသောအခါ ရဲတန်းစီက ယမ်းပုံမီးကျ ဒေါသထွက်နေခဲ့သည်။

"ဘာလုပ်ချင်နေတာလဲ"

ထိုအချိန်၌ အမှတ်နှစ်ဓားသခင် ရှန်ကွမ်းယုသည် အမှတ်နှစ်၊ လေးနှင့် ငါး ဓားတောင်များ၏ ကျင့်ကြံသူများကို ဦးဆောင်ကာ လမ်းပိတ်ထားသောကြောင့် အရေအတွက်မနည်းလှပေ။

"ဓားရှစ်လက်ပွဲတော်က တရားမျှတတယ်။ အရင်ဆုံး နင်က လိမ်လည်ပြီး ဓားချိတ်ပိတ်အစီအရင်ကို ဖွင့်ခဲ့တယ်။ ပြီးတော့ မဟာတိုက်ပွဲကို ဖျက်ဆီးဖို့ ကြံနေတယ်ဆိုတော့ အသူရာဓားဂိုဏ်းက အများအမြင်မှာ ရှက်စရာဖြစ်နေပြီ"

"ဟုတ်တယ်။ အဓိပ္ပါယ်မရှိဘူး"

"ဓားပင်လယ်၊ ရတနာစံအိမ်နဲ့ အာကိန်းကျွန်းရဲ့ ဧည့်သည်တွေ ရောက်နေလို့ ဒီလုပ်ရပ်က လက်ခံနိုင်စရာ မရှိဘူး"

"အမှတ်တစ်ဓားတောင်က အရှုံးကို လက်မခံနိုင်ဘူးလား"

"ရှန်ကွမ်းယု နင်က ငါ့ကို အားနည်းနေပြီထင်လို့ အခွင့်ကောင်းယူတာလား"

ရဲတန်းစီက အံကြိတ်၍ ရေရွတ်လိုက်သည်။

"အသူရာဓားဂိုဏ်းက တောင်ရှစ်လုံး ပူးပေါင်းထားတာဖြစ်ပြီး နင်တစ်ယောက်တည်း ပိုင်တာ မဟုတ်ဘူး။ ငါက ဘိုးဘေးတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရမယ်"

ရှန်ကွမ်းယုက အေးစက်စက် ပြောလိုက်သည်။

"ဓားရှစ်လက်ပွဲတော်မှာ နင်တို့အမှတ်တစ်ဓားတောင်ကပဲ လူသတ်ခွင့်ရှိတာလား။ နင့်တပည့်တွေ အသတ်ခံရတော့ အကြီးအကဲတွေ ဝင်ပါချင်နေပြီလား"

ကျောက်ရန်ရန်က နှာခေါင်းရှုံ့လိုက်သည်။

"မင်းတို့အားလုံး အထင်လွဲနေပြီ။ ငါက ဂိုဏ်းစည်းကမ်းတွေကို မချိုးဖျက်ရဲပါဘူး။ အမှတ်တစ်ဓားတောင်နဲ့ ဓားအိမ်တော်ရဲ့ တိုက်ပွဲမှာ ငါ့ဘက်က အရှုံးပေးတယ်။ ဓားအိမ်တော်က အနိုင်ရပြီဆိုတော့ နောက်တစ်ဆင့် တိုက်ခိုက်ရမယ်။ တိုက်ပွဲပြီးပြီဆိုတော့ ငါ့တပည့်တွေကို ထိခိုက်ရဲရင် ဒါက စစ်ကြေညာလိုက်တာပဲ။ အမှတ်တစ်ဓားတောင်က အဆုံးထိ တိုက်ခိုက်မယ်"

ရဲတန်းစီက လှောင်ပြုံးတစ်ချက်နှင့်အတူ ယွမ်ရှောင်ထံ အကြည့်ရောက်သွားခဲ့သည်။ သူက ရဲကုရင်နှင့် ကျန်းရယ်၏ပါရမီကို အားကိုး၍ အမှတ်တစ်ဓားတောင် ရှုံးနိမ့်မည် မဟုတ်ပေ။ ရောင်မန်ရှယ်က ဤသို့ခြိမ်းခြောက်ဖူးသော်လည်း ယွမ်ရှောင်၏ပြတ်သားမှုက ပြဿနာဖြစ်နေပြီး ကျန်းရယ်အား သတ်လိုက်လျှင် ရှန်ကွမ်းယုကို ပြဿနာတက်သွားစေနိုင်သည်။ ထိုအချိန်၌ လူတိုင်း၏အကြည့်က အရာရာကို ဆုံးဖြတ်နိုင်သော ယွမ်ရှောင်ထံ ကျရောက်နေကာ ကျောက်ရန်ရန်သည် သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းပြလိုက်သည်။ သူတို့က အောက်စည်းသို့ရောက်နေပြီး ရဲတန်းစီအား အကြောင်းပြချက်တစ်ခု ပေးလိုက်လျှင် ကူညီနေသူများအားလုံး တိုက်ခိုက်ခံရပေလိမ့်မည်။

"ယွမ်ရှောင် ငါ့ကို အခွင့်အရေးပေးပါ"

ကျန်းရယ်က အရှက်မဲ့စွာ ခြေသလုံးဖက်၍ တောင်းပန်နေပြီး ပါရမီရှင်တစ်ယောက်၏ပုံရိပ်မျိုး ပျက်စီးနေသည်။ ရောင်မန်ရှယ်၏အဖြစ်ကြောင့် ရဲတန်းစီသည် ယွမ်ရှောင်ကို တိုက်ရိုက်မခြိမ်းခြောက်ရဲသောကြောင့် အခြားသူများ၏ အသက်နှင့် အကျပ်ကိုင်နေခြင်း ဖြစ်သည်။

"ဟား ဟား ရဲတန်းစီ ဒီလောက်ကြောက်စရာ မလိုပါဘူး။ ဒီပါရမီရှင်က ဓားဝိညာဥ်အဆင့်ကို မစမ်းသပ်ရသေးဘူးဆိုတော့ ဘယ်လိုလုပ် သတ်ရက်ပါ့မလဲ"

ယွမ်ရှောင်က ရယ်မောလိုက်ပြီး ကျန်းရယ်ကို လည်ပင်းမှဆုပ်ကိုင်ကာ ရဲတန်းစီထံ ပစ်ထုတ်လိုက်သည်။ သူမက သေဘေးမှ လွတ်မြောက်သွားသော်လည်း သေမင်း၏ခြိမ်းခြောက်မှုကြောင့် မျက်ရည်များ တသွင်သွင်စီးကျနေရာ ရဲတန်းစီက နှစ်သိမ့်ပေးလိုက်သည်။ သူမ၏ပတ်လည်တွင် အကြီးအကဲအချို့က ကာကွယ်ရန် စုဝေးနေပြီး အန္တရာယ်ပေးနိုင်သော ယွမ်ရှောင်အား စောင့်ကြည့်နေကြ၏။

"ဆရာ ငါ့မျက်လုံး"

"မင်းရဲ့သူငယ်အိမ် မပျက်စီးသေးတော့ ပြန်မြင်နိုင်ပါတယ်။ ဓားပင်လယ်မှာ မင်းရဲ့မျက်လုံးကို ကုသပေးနိုင်တဲ့ ဆေးတွေ ရှိလိမ့်မယ်"

ရဲတန်းစီ၏စကားကြောင့် ကျန်းရယ်မှာ မျက်ကန်းတစ္ဆေမကြောက် ယုံကြည်မှုများ ပြန်လည်ဖြစ်တည်လာသည်။

"ဆရာ ဓားဝိညာဥ်ကို အခု စမ်းသပ်ချင်တယ်"

သူမက လူပုံအလယ်တွင် ဒူးထောက်တောင်းပန်ခဲ့ရပြီး မျက်လုံးကန်းသွားသဖြင့် မာနထိခိုက်သွားသောအခါ ရဲတန်းစီကို အလောတကြီး ပူဆာလိုက်သည်။

"ကောင်းပြီ"

"ဆရာ ဓားဝိညာဥ်စမ်းသပ်ပြီးရင် ဓားပင်လယ်ကနေ အရင်းအမြစ်တွေ တောင်းဆိုပေးပါ။ ငါ အစွမ်းထက်လာရင် ဓားအိမ်တော်တစ်ခုလုံးကို သတ်ပစ်ချင်တယ်"

ယွမ်ရှောင်ကို ခြေသလုံးဖက်၍ တောင်းပန်ခဲ့သော်လည်း ပြောင်းအလဲမြန်လွန်းသော ကျန်းရယ်ကြောင့် ပရိသတ်များပင် ရွံရှာကုန်သည်။

"ယွမ်ရှောင်"

ပတ်ဝန်းကျင်မှ ကဲ့ရဲ့သံများ ထွက်ပေါ်လာသောအခါ သူမက အဆုတ်ကွဲမတတ် အော်ဟစ်လိုက်သည်။

"ဘာကိစ္စလဲ"

"နင်က ငါ့ကိုသတ်ဖို့ သုံးကြိမ် ကြိုးစားခဲ့ပေမယ့် ကြောက်နေလို့ မသတ်ရဲဘူးမလား။ ငါ့ဓားဝိညာဥ်က ကြယ်အဆင့်ထက် မြင့်နေပြီး ဆရာနဲ့ အစ်ကိုရဲ လက်စားချေမှာကို ကြောက်နေတယ်မလား။ ဒီနေ့ ငါ့ကို မသတ်တဲ့အတွက် နင် နောင်တရလိမ့်မယ်"

"ဟား ဟား စောက်ကောင်မ နင့်စကားတွေကို ငါ နားညည်းနေပြီ။ ပါးစပ်ပိတ်ထားစမ်း"

ကျန်းရယ်သည် ဒေါသထွက်လွန်းပြီး သွေးအန်မတတ်ဖြစ်နေကာ အချိန်အနည်းငယ်အတွင်း သုံးကြိမ်တိုင်တိုင် အရှက်ခွဲခံခဲ့ရ၏။

"ဒီကောင်က ဓားသိုင်းကျွမ်းကျင်ပြီး ဓားအော်ရာအရေအတွက်သာလို့ အနိုင်ရသွားတာပါ။ ဒါက ဘာမှအရေးမပါဘူး။ ကျင့်ကြံရာမှာ ဓားဝိညာဥ်အဆင့်က အရေးအကြီးဆုံးဖြစ်ပြီး ကောင်းကင်က မင်းကို အကောင်းဆုံးဆုလာဘ် ပေးထားတယ်။ အနာဂတ်အတွက် စိုးရိမ်စရာ မရှိဘူး"

ရဲတန်းစီ၏ အားပေးစကားကြောင့် သူမ၏ယုံကြည်ချက်များ နောက်တစ်ဖန် မြင့်တက်လာကာ ယွမ်ရှောင် အစွမ်းထက်နေရခြင်းသည် ဓားအိမ်တော်မှ အရင်းအမြစ်များ ပုံအောထောက်ပံ့ပေးထားသောကြောင့်ဟု အထင်လွဲမှားသွားခဲ့သည်။ သူမက အဆင့်လေး ဓားအမွေခံကျောက်ထံ ချဥ်းကပ်သွားသောအခါ ပရိသတ်များကို နှလုံးခုန်မြန်စေခဲ့ပြီး ရဲတန်းစီပင် စိတ်လှုပ်ရှားနေ၏။

"အဆင့်နှစ် ဓားအမွေခံကျောက်က ဓားဝိညာဥ်ကို စမ်းသပ်ဖို့ လူနှစ်ယောက် လိုအပ်တယ်။ ကျန်းရယ်နဲ့အတူ စမ်းသပ်ခဲ့တာက ဘယ်သူလဲ"

အကြီးအကဲဖန်က မျက်မှောင်ကြုတ်၍ ရောင်မန်ရှယ်ကို မေးလိုက်ခြင်းဖြစ်သည်။

"သေချာမသိပါဘူး၊ သာမန်တပည့်တစ်ယောက် ထင်ပါတယ်။ မစိုးရိမ်ပါနဲ့ အကြီးအကဲဖန်၊ ငါ့ညီမက စစ်ဆေးဖို့ တာဝန်ယူထားပြီး သေချာပေါက် အမှားမလုပ်နိုင်ပါဘူး"

"မင်းညီမက အခုဘယ်မှာလဲ"

ရောင်မန်ရှယ်က ဤမေးခွန်းကို မ​ဖြေနိုင်သောကြောင့် အကြီးအကဲဖန်က တစ်ချက်စိုက်ကြည့်ရင်း အတွေးနက်နေခဲ့သည်။

"မောင်လေးယွမ်က ယုံကြည်မှုရှိပြီး တည်ငြိမ်လွန်းနေတယ်။ ကြည့်ရတာ ပွဲကြီးပွဲကောင်း လာတော့မယ် ထင်တယ်"

ကျောက်ရန်ရန်သည် လှပသော မျက်လုံးလေးများဖြင့် ယွမ်ရှောင်ကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းရယ်နှင့် ဓားဝိညာဥ် စမ်းသပ်ခဲ့သူဖြစ်ကြောင်း ဓားအိမ်တော်၏လူတိုင်း သိထားခဲ့လေသည်။

All Chapters