← Chapters

နေ့မဆိုင်းဘဲ လက်စားချေခြင်း

Vol. 4 Ch. 43

နေ့မဆိုင်းဘဲ လက်စားချေခြင်း

Vol. 4 Ch. 43

အမှတ်တစ်ဓားတောင်၏ တပည့်တစ်ရာကျော် အသတ်ခံထားရသော်လည်း ဓားတိမ်လမ်း၏ သီးသန့်အခန်းတစ်ခုအတွင်း ရဲကျိရန်က ဦးဆောင်၍ စားသောက်ပွဲကျင်းပနေ၏။ ရဲတန်းစီ၏ လက်ကျန်တပည့်များဖြစ်သော ဟွာလောင်၊ ဝေကျိရီ၊ ဝမ်ရှန်အပြင် ဝူရီ၊ အမှတ်ခြောက်ဓားတောင်၏ စည်းကမ်းထိန်း ရောင်လီ၊ အမှတ်ခုနစ်ဓားတောင်၏ အကြီးအကဲ ယုရှန်ကျောက်တို့ တက်ရောက်ခဲ့ကြသည်။

"နတ်ဆိုးအရိုးရအောင် ကူညီပေးခဲ့လို့ အကြီးအကဲယုကို ကျေးဇူးတင်ပါတယ်"

ရဲကျိရန်က သေရည်မူးယစ်နေပြီး စားပွဲပေါ်သို့ ခြေတစ်ဖက်တင်ထားသည်။

"ကူညီပေးရတာ ဂုဏ်ယူမိပါတယ်။ ကမ်းပေ့"

ယုရှန်ကျောက်သည် သူမ၏ကောက်ကြောင်းများကို တဏှာစိတ်ဖြင့် စိုက်ကြည့်ကာ သေရည်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

"ယွမ်ရှောင် မျက်နှာပျက်သွားတဲ့ မြင်ကွင်းကို အခုထိ မေ့မရဘူး"

ဝူရီက လှောင်ရယ်လိုက်ပြီး မူလတွင် စည်းကမ်းထိန်းတစ်ယောက် ဖြစ်ခဲ့သော်လည်း ဝူဝူ ပျောက်ဆုံးနေသဖြင့် ဓားသခင်အဖြစ် အဆင့်တက်လာ၏။ အသူရာဓားဂိုဏ်းတွင် စည်းကမ်းထိန်းများသည် ဓားသခင်အောက် တစ်ဆင့်သာနိမ့်ပြီး နောက်တစ်ချိန်တွင် အရိုက်အရာ ဆက်ခံရပေလိမ့်မည်။

"ဓားအိမ်တော်က ထွက်မသွားရဲဘူးဆိုမှတော့ ဓားဘုရင်ပြန်ရောက်လာရင် အလှလေးတွေကို သိမ်းပိုက်ပြီး အကုန်သတ်ပစ်ရမယ်။ သူ ရောက်လာရင် ဆယ်ရက်အတွင်း ပြဿနာ ရှင်းသွားလိမ့်မယ်"

ရောင်မန်ရှယ်၏မောင်၊ ရောင်ချင်းချန်၏အစ်ကိုဖြစ်သော ရောင်လီက အကြံပေးလိုက်ပြန်သည်။ ဓားအိမ်တော်က ဓားရှစ်လက်ပွဲတော်၏ ဆုလာဘ်များကို ရယူနိုင်ခဲ့သော်လည်း ရဲကုရင်ကြောင့် ကြောက်လန့်နေသဖြင့် တိတ်ဆိတ်နေပုံရသည်။

"ငါတို့ကို ပူးပေါင်းရင် အဆင်ပြေမယ်။ ဆန့်ကျင်ရင် အကုန်သတ်ပစ်မယ်"

အပျော်လွန်နေသော ရဲကျိရန်က စားပွဲပေါ် ခုန်တက်၍ အခြားသူများနှင့် သေရည်ခွက်ချင်းတိုက်နေစဥ် အခန်းတံခါးမှာ ဘန်းခနဲ ပွင့်လာခဲ့သည်။

"ဘယ်သူလဲကွ"

ဝမ်ရှန်က ဝင်ပေါက်သို့ အကြည့်ရောက်သွားသော ဝတ်ရုံဖြူနှင့် ပုံရိပ်တစ်ခုကို မြင်လိုက်ရပြီး အနောက်ဘက်တွင် ကျင့်ကြံသူများ စုဝေး၍ စောင့်ကြည့်နေကြ၏။

"ယွမ်ရှောင်"

ရဲကျိရန်သည် မျက်လုံးကို မယုံနိုင်ဟန်ဖြင့် ထပ်ကာထပ်ကာ ပွတ်သပ်ကြည့်လိုက်သော်လည်း တစ်ဖက်လူမှာ အပြာရောင် ဓားတစ်လက်နှင့် ယွမ်ရှောင် အမှန်တကယ် ဖြစ်နေခဲ့သည်။ သူမ၏အမြင်တွင် တစ်ဖက်လူသည် ဓားအိမ်တော်အတွင်း ပုန်းအောင်းနေရမည် ဖြစ်သော်လည်း ဓားတိမ်လမ်းအထိ ရောက်ရှိလာခဲ့၏။

"ပျော်လို့ဝကြပြီ ထင်တယ်"

ယွမ်ရှောင်က တစ်လှမ်းချင်း ဝင်ရောက်လာပြီး ဓားကို တွဲလောင်းချထားသောကြောင့် ကြမ်းပြင်နှင့် ထိခတ်၍ မီးပွားများ ဖြစ်ပေါ်လာသည်။

"ဒီကောင့်ကို ငါ ကိုင်တွယ်လိုက်မယ်။ အေးဆေးစားသောက်ကြပါ"

ဝင်ပေါက်နှင့် အနီးဆုံးဖြစ်သော ဝမ်ရှန်သည် နတ်ပင်လယ်နောက်ပိုင်းအဆင့် အရှိန်အဝါကို ထုတ်ဖော်ကာ ဖိအားပေးလိုက်ပြီး ရဲတန်းယွမ်ထက် အနည်းငယ် ပို၍သန်မာနေသည်။ ကျန်တပည့်နှစ်ယောက်ကလည်း ရှေ့တက်လာသောကြောင့် စားပွဲတွင် ထိုင်နေသူများမှာ သေရည်သောက်မပျက်ကြပေ။ သူက ဓားဝိညာဥ်ကို ထုတ်ဖော်၍ ကျားတစ်ကောင်ပမာ ခုန်အုပ်လိုက်သော်လည်း ယွမ်ရှောင်က ဘေးသို့ တိမ်းပေးလိုက်၏။ ဓားချက် လွဲချော်သွားသောအခါ သူက လေထဲမှာပင် ရေပြင်ညီ ခုတ်ပိုင်းလိုက်သော်လည်း မျက်တောင်တစ်ခတ်အတွင်း တားမြစ်ခံလိုက်ရသည်။ ကောင်းကင်သင်္ချိုင်းသည် သူ၏ဓားဝိညာဥ်ကို ပိုင်းဖြတ်သွားရုံသာမက ဦးခေါင်းကို တစ်ဝက်မှ အလျားလိုက် ပိုင်းဖြတ်သွားရာ ကြောက်မက်ဖွယ်မြင်ကွင်းပင်။

"ဝုန်း"

ဝမ်ရှန်၏ အလောင်းကြီးက စားပွဲပေါ်သို့ မှောက်ကျလာသောကြောင့် လူတိုင်း နောက်တွန့်သွားကာ နတ်ဆိုးအရိုးအတွက် ဒေါသထွက်နေသည့် ယွမ်ရှောင်ထံ ပြိုင်တူကြည့်လိုက်မိသည်။ အစားအစာများအကြားတွင် ဦးနှောက်နှင့် သွေးများ ရောထွေးကုန်သဖြင့် အန်ချင်စိတ် ပေါက်သွားစေသည်။

"နဂါးနွေဦးဆေး ဆယ်လုံးတောင် ရထားတယ်ပေါ့။ မင်းတို့အားလုံး ငါ့ဆီက လုယူသွားတာတွေအတွက် အတိုးရောအရင်းပါ ပြန်ယူမယ်"

ယွမ်ရှောင်သည် ဝမ်ရှန်၏ သိုလှောင်အိတ်ကို ဆွဲဖြုတ်လိုက်ပြီး ဟွာလောင်နှင့် ဝေကျိရီထံ စိုက်ကြည့်လိုက်သည်။ သူတို့က ကြယ်အလယ်အဆင့် ဓားဝိညာဥ်များ ပိုင်ဆိုင်ထားကာ ရဲတန်းစီလက်အောက်တွင် ဆယ်နှစ်ကျော် ပညာသင်ကြားခဲ့သည်။ သို့သော် သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ပျံလွှားလျှပ်စီးဓားသိုင်းဖြင့် ဝင်လာသော ဓားမြှောင်က ဝေကျိရီကို ထိုင်လျက်သား အသက်ပျောက်သွားစေသည်။

"ယွမ်ရှောင် မင်း....မင်း"

ဟွာလောင်က သွေးပျက်သွားကာ ကြောက်လန့်နေစဥ် ယွမ်ရှောင်သည် ဓားရှည်ဖြင့် ပါးစပ်ကို ထိုးထည့်လိုက်သောအခါ ဦးခေါင်းအနောက်ဘက်အထိ ထုတ်ချင်းပေါက်သွားသည်။ အခန်း၏အပြင်ဘက်ရှိ ကျင့်ကြံသူပေါင်းရာချီသည် သူ၏ပြတ်သားမှုကြောင့် တုန်လှုပ်နေကာ အသံတစ်ချက်ပင် မထွက်ရဲပေ။ ဓားရှစ်လက်ပွဲတော်၌ ဆုလာဘ်များ လုယူခံရပြီး နေ့မကူးခင်မှာပင် အတိုးရောအရင်းပါ လက်စားချေရန် ရောက်လာသဖြင့် အလွန်အစွမ်းထက်ကြောင်း သိသာနေသည်။ ရဲတန်းစီ၏တပည့် ၁၃​ယောက်တွင် တစ်ယောက်တည်းသာ ကျန်ရစ်သောကြောင့် စားပွဲတွင် ရှိနေသူများမှာ တုန်လှုပ်အံ့သြနေကြသည်။

"ယွမ်ရှောင် ဓားဘုရင်က နင့်ကို အသက်ရှင်ခွင့်ပေးထားတဲ့အတွက် ငါက မသတ်ရဲပေမယ့် သေတာထက်ဆိုးအောင် လုပ်ပြမယ်"

ရဲကျိရန်သည် ဒေါသတကြီးဖြင့် ဓားဝိညာဥ် ထုတ်ဖော်ကာ ယွမ်ရှောင်ထံ ချိန်ရွယ်လိုက်သည်။ သူမက တစ်ဖက်လူကို အထင်သေးစွာ အရှက်ခွဲခဲ့သော်လည်း အကျိုးဆက်က ဤမျှပြင်းထန်လိမ့်မည်ဟု မျှော်လင့်မထားပေ။

"သေရည်ကုန်ပြီ။ ခွေးကောင်တွေ သေရမယ်"

ယွမ်ရှောင်သည် သူမကို လျစ်လျူရှု၍ သေရည်တစ်အိုးကို ဆွဲမလိုက်သော်လည်း ပြောင်သလင်းခါနေ၏။ ထိုအချိန်တွင် သူမက ကြယ်အလယ်အဆင့် ဓားဝိညာဥ် သိမ်းငှက်ဓားဖြင့် ရှေ့တက်လာပြီး ဓားအော်ရာ၁၇ခုက ခရမ်းရောင် လင်းလက်နေသည်။ သူမ၏ဓားအော်ရာက ယွမ်ရှောင်ထက် နှစ်ခုပိုများသည့်အပြင် နှစ်တစ်ထောင် နတ်ဆိုးခေါင်းခွံ၏ စွမ်းအားများကို အပြည့်အဝ မချေဖျက်ရသေးပေ။ သူမက နတ်ပင်လယ် ပြည့်စုံခြင်းအဆင့် ဖြစ်သောကြောင့် နတ်ပင်လယ်လေးခုအထိ ပိုင်ဆိုင်ထားကာ စည်းကမ်းထိန်းများထက်ပင် ပို၍သန်မာနေခဲ့သည်။ သူမက အစွမ်းကုန်ထုတ်သုံး၍ ကြယ်အဆင့်ကျင့်စဥ် ခရုပတ်ဓားသိုင်းကို အသုံးပြုကာ တိုးဝင်လာနေသည်။ ဓားသွားက ဝဲတစ်ခုပမာ တဝီဝီလည်ပတ်၍ ယွမ်ရှောင်၏ မျက်နှာရှေ့တည့်တည့်တွင် ခရမ်းရောင်ပန်းများ ပွင့်လန်းလာသယောင် ထင်မှတ်ရသည်။ ကြည့်ရှုနေသူများမှာ သူမ၏အစွမ်းကြောင့် မင်သက်သွားကာ ယုရှန်ကျောက်တို့ လူစု၏ စိုးရိမ်စိတ်ကို လျော့ပါးသွားစေသည်။

"ဒီအရူးကတော့ ဓားအိမ်တော်ကို ပြန်နိုင်မှာ မဟုတ်တော့ဘူး"

ယုရှန်ကျောက်က ဖားယားနေသော်လည်း ယွမ်ရှောင်သည် မတုန်လှုပ်နိုင်သော တောင်ကြီးပမာ တုံ့ပြန်လာခဲ့သည်။ သူ၏ အပြာရောင်ဓားက ဆတ်ခနဲ တုန်ခါသွားကာ သိမ်းငှက်ဓားကို တားဆီး၍ မိုးကြိုးများ ကျဆင်းလာစေသည်။ သူ၏ဒန်တန်မှ အသက်ချီများ ထုတ်လွှတ်ပေး၍ ဓားဝိညာဥ်မှ မရဏချီများ ထွက်ပေါ်နေသော်လည်း အချင်းချင်း တွန်းကန်ရမည့်အစား ပြည့်စုံစွာ ပေါင်းစပ်နေ၏။

"ကြိုးကြာမိုးကြိုးဓားသိုင်း ပုစဥ်းသတ်"

ဓားက ရှေ့ထွက်လာပြီး ပုစဥ်းတစ်ကောင်ထက် ပို၍မြန်ဆန်ကာ သတ်ဖြတ်ရန် တစ်ခုတည်းသိသည့် ယွမ်ရှောင်ထံမှ ကြုံးဝါးသံတစ်ချက် ထွက်ပေါ်လာသောအခါ ကျင့်ကြံသူများ နားပိတ်ထားလိုက်ရသည်။

"ဘုန်း"

ကောင်းကင်သင်္ချိုင်းဓားက သိမ်းငှက်ဓားကို ထိပ်တိုက်ရင်ဆိုင်၍ ကျော်ဖြတ်လာပြီး ယွမ်ရှောင်သည် ရဲကျိရန်အနားတွင် ဖြတ်ခနဲ ထွက်ပေါ်လာကာ ရင်ဘတ်သို့ သုံးချက်တိတိ ထိုးသွင်းလိုက်၏။ သို့ရာတွင် သေကွင်းသေကွက် မဟုတ်သောကြောင့် သူမကို အလွန်နာကျင်သွားစေသော်လည်း သေဆုံးမသွားခဲ့ပေ။

"မင်းကိုယ်မင်း အစွမ်းထက်တယ်ထင်နေပေမယ့် ငါ့ဓားသုံးချက်ကို တစ်ချက်တောင် မခုခံနိုင်ခဲ့ဘူး"

သူက လှောင်ပြောင်နေစဥ် ရဲကျိရန်၏မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့တွနေပြီး ထွက်လာသော သွေးများကို ရင်ဘတ်အတွင်း စိုက်ဝင်နေသည့် ဓားက စုပ်ယူလိုက်သည်။ သူမသည် အေးစက်စက်အကြည့်ကို အနီးကပ် မြင်လိုက်ရသောအခါ မြွေတစ်ကောင် စိုက်ကြည့်နေသည့်ပမာ ခံစားရလိုက်ပြီး ကြောက်စိတ်ကြောင့် ဒူးတုန်နေသည်။ သူမက တစ်ကိုယ်လုံး တုန်ရီနေပြီး ယွမ်ရှောင်သာ သက်ညှာမထားလျှင် အသက်ပျောက်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

"လခွမ်းကွာ နောက်ထပ်မိန်းမတစ်ယောက်ကို သတ်ပြန်ပြီ။ ငါ့အတွက် နို့ရည် ဘယ်မှာလဲ"

လနီ၏အသံက မကျေမနပ်ဖြင့် ယွမ်ရှောင်၏ စိတ်အတွင်း ထွက်ပေါ်လာလေသည်။

All Chapters