မြို့အတွင်း ဖြိုခွင်းမှုကြီး တစ်ခု
Vol. 31 Ch. 451
နောက်တစ်နေ့ မနက်တွင် ကီရီလန်ကိုကို လမ်းဘေးစာများ စားရန်အတွက် မြို့ထဲသို့ ခေါ်သည့်အခါ များစွာ ပြောင်းလဲမှုများ ရှိနေကြောင်းကို သတိပြုမိသည်။ မနက်ခင်းကတည်းက အနီရောင် လက်ပတ်ပက်ထားသည့် မြို့နေထိုင်သူအများစုသည် မြို့ထဲတွင် ကင်းလှည့်နေကြသည်။ အနီရောင်လက်ပက်သည် မြို့တော်၏ ဂေဟစနစ်နှင့်သဘာဝ ပတ်ဝန်းကျင်ဌာနမှ မဟုတ်ပါက သူတို့ကို နေရာ တစ်ခုမှ ပြန်လာသည်ကို တွေးကြပေလိမ့်မည်။
“လမ်းပေါ်မှာ တံတွေးထွေးတယ်။ ၂ယွမ် ဒဏ်ကေကြး”
လက်ပက်ပက်ထားသည့် သက်ကြီးမိန်းမကြီးတစ်ယောက်က လက်မှတ်တစ်ခုကို ဆွဲဖြဲလိုက်ကာ လမ်းပေါ်ကို တံတွေးထွေးသည့် လူငယ်လေးထံကို ပေးလိုက်သည်။
“ဘာ.. ဒဏ်ငွေလား။ အန်တီ ကျွန်တော်ကိုယ်တိုင် ပြန်သုတ်လိုက်လို့ မရဘူးလား။”
ထိုလူငယ်လေးက သူ့တံတွေးကို သူ့ဖိနပ်ဖြင့် သုတ်လိုက်သည်။
“မရဘူး။ မင်းမနေ့က မြို့တော်ရဲ့ သတင်းကို မကြည့်လိုက်ဘူးလား။ မြို့တော်မှာ ဖြိုခွင်းမှု တခု ရှိမယ်ဆိုတာလေ။ မြို့တော်အနေနဲ့ မြို့တော်သူ မြို့တော်သားတွေရဲ့ အဆင့်အတန်းကို တိုးတက်စေချင်တာ။မြန်မြန်လုပ် မင်းရဲ့ ဒဏ်ကြေးကို ဆောင်တော့။ ဟိုနားမှာ ရဲသားတွေ ရှိတယ်။”
အန်တီကြီးသည် မလျော့တမ်းပြောလိုက်သည်။
သူမ၏ ခေါင်းဆောင်က သူမကို သူတို့သည် လျာထားချက်ကို ပြည့်မီအောင် လုပ်ရမည် ဖြစ်ကြောင်းနှင့် သူတို့အနေဖြင့် ထိုလျာထားချက် ပြည့်မီရန်အတွက် ဒဏ်ကြေးများမှ ရရှိမည့် အကြောင်းကိုလည်း ပြောခဲ့သည်။သူတို့ တစ်ယောက်ချင်းဆီတိုင်းသည် ယွမ်၁၀၀ ဒဏ်ကြေးကို ကောက်ပေးရမည် ဖြစ်သည်။သေချာသည်မှာ ယင်းက အတွင်းရေး ဖြစ်သည်။ အများပြည်သူကို ချပြခြင်း မရှိပေ။
လူငယ်လေးသည် လှည့်လိုက်သည့်အခါ လမ်းတစ်ဖက်တွင် ရဲများ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ။ ရဲတွေက မနက်ပိုင်းမှာလည်း ကင်းလှည့်နေတာလား။ ဘင်းမြို့တော်က ရဲတွေက ဘယ်အချိန်ကတည်းက စပြီး အလုပ်ကြိုးစားသွားရတာလဲ။ ဒီနေ့ အကြီးပိုင်း ခေါင်းဆောင်အချို့ လာမှာကြောင့် မို့လား။
လူငယ်လေးသည် ဒဏ်ကြေးငွေကို မပေးချင်ဘဲ ပေးလိုက်ပြီးနောက် လက်မှတ်ကို အမှိုက်ပုံးထဲကို ပစ်လိုက်သည်။ သို့သော် လေတစ်ချက်က ထိုလက်မှတ်ကို လမ်းပေါ်ကို ပြန်ကျသွားစေ၏။
လူငယ်လေးက အန်တီကြီး သူ့ဆီ ပြေးလာသည်ကို မြင်သည့်အခါ သူကချက်ခြင်းပင် လက်မှတ်ကို ကောက်လိုက်ကာ သူ့အိပ်ကပ်ထဲကို ထည့်လိုက်ကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ဘာလို့ ဒီလက်မှတ်က လမ်းပေါ်ကျရတာလဲ။ တကယ်လို့ ကျွန်တော် ဒဏ်ကြေး ထပ်ဆောင်ရမယ်ဆိုရင် မိန်းမကို ပိုက်ဆံအတွက် ဘာမှ အဖြေပြန်ပေးဖို့ ကျွန်တော်မှာ ဘာနည်းလမ်းရှိတော့မှာ မဟုတ်ဘူး”
အန်တီးကြီးသည် အမှိုက်ပစ်သည့်အတွက် ဒဏ်ကြေးငွေ လက်မှတ်အား မဖြဲခဲပေ။ ပြီးနောက် စိတ်ပျက်သွားခဲ့သည်။ သူသည် ၂ယွမ် ဒဏ်ကြေးအတွက် ၁၀ခွိုက် ရပေသည်။ အကယ်၍ သူသည် ယွမ်၁၀၀ ဒဏ်ကြေးငွေ ကောက်ခံရရှိခဲ့ပါက သူ့အနေဖြင့် လမ်းမထက် တံမြက်စည်း လှည်းရခြင်းထက် ငွေများ ပိုမိုရရှိလိမ့်မည် ဖြစ်သည်။
ထပ်ပြောရပါက လမ်းပေါ် တံမြက်စည်း လှည်သူ့အဖို့ လမ်းမထက်တွင် အမှိုက်ချသည့် သူများကို သူအမုန်းဆုံး ဖြစ်သည်။
ဆေးခန်းတွင် ကျန်းမာရေးဗျူရိုက ချိတ်ပိတ်နေသည်။ ယင်းဆေးခန်းကို လိုင်စင်မရှိသည့် ဆရာဝန် တစ်ယောက်က ဖွင့်ထားခြင်း ဖြစ်သည်။ ဆရာဝန်သည် အတိတ်က မသမာမှုအတွက် ဆေးကုသမှု လိုင်စင် အသိမ်းခံထားရသည်။
ယင်းဆရာဝန်သည် ဆေးမထိုးခင် လုပ်ဆောင်ရမည့် ဓာတ်မတည့်မှု စမ်းသပ်ချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည်။ ပြီးနောက် လူနာသည် ပြင်းထန်သည့် ဓာတ်မတည့်မှုဖြစ်ခဲ့ရသည်။ ယင်းဆရာဝန်သည် သူ့ဆေးကုသခွင့် လိုင်စင်မရှိပြီးနောက်တွင် ယခင်ကကဲ့သို့ တူညီသည့် လုပ်ဆောင်ချက်များအား ဆက်လက် လုပ်ဆောင်ဆဲ ဖြစ်သည်။
ဆေးခန်းတွင် ကျန်းမာရေးဗျူရိုသည် သက်တမ်းလွန် ဆေးဝါးများကို တွေ့ရှိခဲ့သည်။ ယင်းပုဂ္ဂိုလ်သည် အလွန်ပင် ရက်စက်လွန်းသည်။ ဒဏ်ကြေးငွေနှင့် လုံလောက်သည့်ပုံ မပေါ်တော့ချေ။
ယင်က ကောင်းမွန်သည့် ဖမ်းစီးမှုဖြစ်သော်လည်း ကျန်းမာရေးဗျူရိုမှ လူများက မပျော်ရွှင်ပေ။ ယင်းက အလွန်အန္တရာယ်များသည့် ရာဇဝတ်မှု ဖြစ်သည်။ သို့သော် သူတို့အနေဖြင့် ဆရာဝန်ကို ဒဏ်ကြေးငွေ မတပ်နိုင်ပေ။
ညနေစောင်း ဖုန်းယွီနှင့် ကီရီလန်ကိုသည် လမ်းဘေး ဗျပ်ထိုးဈေးသည်တွင် အသားကင်များကို ဝယ်ယူနေစဉ် ယူနီဖောင်းနှင့် လူတစ်စု ဈေးသည်ဆီကို ပြေးလာသည်ကို တွေ့လိုက်ရသည်။
“ငါမင်းကို ဘယ်နှစ်ခေါက် ပြောပြီးပြီလဲ။ ဒီမှာ မင်းဗျပ်ထိုးဖို့ ဘယ်သူက ခွင့်ပြုလို့လဲ။ မင်းမှာ ခွင့်ပြုချက် ရှိလား။ မင်းမှာ လုပ်ငန်းလည်ပတ်ဖို့အတွက် လိုင်စင်ရှိလား။ မြန်မြန် ဒဏ်ကြေးငွေပေး ယွမ် ၅၀”
ဖုန်းယွီ ပါးစပ် အဟောင်းသား ဖြစ်သွားကာ သူ့ပါးစပ်ထဲမှ အသားတစ်စ စားပွဲပေါ်ကို ကျလာသည်။ အခုအခြေအနေက ဘယ်လိုကြီးလဲ။ မြို့ပြအုပ်ချုပ်ရေးနှင့် ငြိမ်ဝမ်ပိပြားရေးဗျူရိုက တာဝန်ကို ကျော်လွန်ပြီး လုပ်ဆောင်နေတာ။ ဘာလို့ သူတို့တွေက ဗျပ်ထိုးထားတာကို မသိမ်းဘဲ ဈေးသည်ဆီကနေ ဒဏ်ကြေးငွေ တောင်းတာလဲ။
ချီး... ဒါတွေ အကုန်လုံးက ငါ ကျန်းရွေ့ချင်ကို အကြံဉာဏ်ပေးတဲ့အတွက်ကြောင့် ဖြစ်တာမဟုတ်လား။
ယင်းဈေးသည်၏ ဘဝသည် မလွယ်ကူပေ။ ဖုန်းယွီသည် သူ့အစားအစာများကို အလွန်နှစ်ခြိုက်သည်။ ထို့ကြောင့် သူသည် လျှောက်လာပြီးနောက် ယွမ် ၁၀၀တန်ကို ဈေးသည်၏ မိန်းမကို ပေးလိုက်သည်။
“ဒါနဲ့ ဒဏ်ကြေးငွေ ပေးလိုက်။ လက်ရာအရ ကောင်းမွန်တဲ့ နေရာ တစ်နေရာ ရှိသင့်တယ်။ တရားမဝင် ဈေးသည်က ရေရှည်မှာ ကောင်းတဲ့ ကိစ္စမဟုတ်ဘူး”
“ကျေးဇူးတင်ပါတယ်။ လူငယ်လေး။ ငါတို့တွေလည်း ဆိုင်တဆိုင် ဖွင့်ချင်တယ်။ ဒါပေမဲ့ နေရာကောင်း တစ်နေရာကို ရှာမတွေ့ဘူးလေ။ ငါတို့ရဲ့ ဖောက်သည်တွေက ဒီတဝိုက်မှာပဲ နေကြတာ။ ပြီးတော့ ငါတို့တွေက တခြားနေရာကို ပြောင်းမယ်ဆိုရင် အစကနေ ပြန်စရမှာ။ မသွားသေးနဲ့ဦး။ ဒီအရာရှိတွေ ပြန်သွားရင် မင်းတို့အတွက် အကင်အချို့ လုပ်ပေးဦးမယ်”
ဈေးသည်မိန်းမ၏ အတွေးတွင် ဖုန်းယွီသည် ကြင်နာမှုကြောင့် သူတို့ကို ကူညီသည်ဟု တွေးမိသည်။ သို့သော် ဖုန်းယွီသည် အားနာနေသည့် ခံစားချက်မျိုး ရှိနေသည်ကိုတော့ သူမ မသိပေ။
ကီရီလန်ကိုသည် ဗိုက်မဝသေးခင် ဖုန်းယွီက ဆွဲခေါ်သွားခဲ့သည်။ သူတို့ ထွက်လာသည့်အခါ သူသည် ကျောက်ကပ် အကင်နှစ်ချောင်းကို ကိုင်ထားဆဲ ဖြစ်သည်။
ဖုန်းယွီသည် ထိုအကင်မျိုးကို မကြိုက်ပေ။ သို့သော် ကီရီလန်ကိုက အလွန်နှစ်သက်၏။
ထိုညက ဒေသတွင်း စီးပွားရေး သမား တစ်ယောက်က သူ့ဖောက်သည်ကို အနှိပ်ခံရန်အတွက် ရေချိုးခန်း တစ်ခုကို ခေါ်သွားခဲ့သည်။ ထိုစဉ် တစ်ယောက်က တံခါးကို ကန်လိုက်သည်။
“ငါတို့က ရဲတွေ။ မင်းတို့တွေက ဘယ်ဌာနကလဲ။ မင်းတို့ ဌာနရဲ့ ခေါင်းဆောင်ကို ဒီကိုလာပြီး မင်းကို အာမခံခိုင်းဖို့ ခေါ်လိုက်။”
“ဆရာ ကျွန်တော်က ကိုယ်ပိုင်အလုပ်လုပ်တဲ့သူပါ။”
“ကိုယ်ပိုင် အလုပ်လုပ်တဲ့သူလား။ အဲ့တာဆို မင်းမိသားစုကို ခေါ်လိုက် ပြီးတော့ ဒဏ်ကြေးဆောင်”
“ကျေးဇူးပြုပြီး မိသားစုဝင်တွေကို အကြောင်းမကြားရပါစေနဲ့။ ကျွန်တော် အခု ဒဏ်ကြေး ပေးလို့ရမလား။ ဘယ်လောက်လဲ။ ယွမ် ၁၀၀၀လား။ ဘာလို့ ဒဏ်ကြေးက ဒီလောက် များရတာလဲ။ ခဏ ခဏ ခဏ ကျွန်တော် ဒဏ်ကြေးငွေ ဆောင်ပါမယ်။ ကျွန်တော် သူ့အတွက်လည်း ဒဏ်ကြေးငွေ ဆောင်ပါမယ်။ သူ့ကိုကော လွှတ်ပေးလို့ ရလား။”
ယင်းစီးပွားရေး သမား၏ အတွေးတွင် သူ့ဧည်သည်ကို ဧည့်ခံရန်အတွက် ယွမ် ၅၀သာ ကုန်မည်ဟု တွေးခဲံသည်။ သို့သော် အဆုံးတွင် သူသည် ယွမ် ၂၀၀၀ပေးခဲ့ရသည်။ အကယ်၍ သူသည် ယင်း စီးပွားရေး အဆင်ပြေခဲ့လျှင်တောင် မည်သည့် အကျိုးအမြတ်မျှ ကျန်တော့မည် မဟုတ်ပေ။
ဒီရဲတွေ ရူးများသါားတာလဲ။ ဘာလို့ ရုတ်တရက် ဖြိုခွင်းမှု လုပ်ရတာလဲ။
ရေချိုးခန်းရှိ လူအများစုသည် သူတို့ ဒဏ်ကြေးများကို ထိုနေရာတွင်သာ ပေးလိုက်ကြသည်။ ထိုရဲများသည် ပြည့်တန်ဆာများကိုလည်း ဖမ်းဆီးခဲ့သည်။ ယင်းအတွက်ကြောင့်ပင် ရဲဌာနသည် မြန်မြန်ဆန်ဆန်ဖြင့် ငွေရှာနိုင်ခဲ့သည်။ အဖမ်းခံရသည့် လူများက သူတို့ သူတို့ ကုမ္ပဏီ၊ ဌာန နှင့် မိသားစုဝင်များကို မသိစေလိုသည့်အတွက် ထိုနေရာတွင်ပင် ဒဏ်ကြေး ဆောင်လိုက်ကြသည်။
“မင်းတို့တွေရဲ့ လက်နှစ်ဖက်လုံးကို ခေါင်းနောက်များထားပြီး နံရံကို မျက်နှာမူထား။ တစ်ယောက်မှ စကားပြောခွင့် မပေးဘူး။”
စီးပွားရေးသမား လေးယောက်သည် သူတို့ ကိုယ်ပိုင် အခန်းတွင် မာကျောက် ကစားနေသည်။ ပြီးနောက် ရဲများက ပြေးဝင်လာခဲ့သည်။ သူတို့သည် တစ်ခွန်းတောင် ပြောရန် အခွင့်အရေး မရရှိဘဲ အဖမ်းခံလိုက်ရသည်။ သူတို့ထြမှ တစ်ယောက်က သူ့အဆက်အသွယ်ကို ခေါ်ရန် ကြိုးစားသည်။ သို့သော် သူ့ကို ရဲသားတစ်ယောက်က ကြမ်းပြင်ပေါ်တွင် ချုပ်ထားလိုက်သည်။
လောင်းကစားလုပ်သည့် ငွေများကို သိမ်းခဲ့သည်။ ပြီးနောက် ရဲများက သူတို့ကို ဒဏ်ကြေးငွေ ပေးမလား သို့မဟုတ် ရမန်ပေးရမလားဟု မေးခဲ့သည်။ သူဌေးများသည် အချုပ်ထဲတွင် မနေချင်သည့်အတွက် ဒဏ်ကြေးငွေ များများ ပေးရန်သာ ရွေးချယ်ကြသည်။ စီးပွားရေးသမား လေးယောက်ထဲမှ တစ်ယောက်သည် သူ့ယောက်ဖကို ဖုန်းခေါ်ပြီး သူတို့ ဒဏ်ကြေးငွေ ပေးရန်အတွက် ယွမ် နှစ်သောင်း ယူခဲ့ရန် ပြောခဲ့သည်။
နိုက်ကလပ်၏ ကိုယ်ပိုင် အခန်းထဲတွင် အမျိုးသား နှစ်ယောက်က နိုက်ကလပ်မယ် တစ်ယောက်ကို အလွန်ဆိုးဝါးသည့် အရာ တစ်ခု လုပ်တော့မည့် အချိန်တွင် တံခါးကို ကန်ဖွင့်ခဲ့သည်။
“ဘယ်သူက မင်းတို့ကို အခန်းထဲ ဝင်ဖို့ ခွင့်ပြုလို့လဲ။ မင်းတို့တွေကို အထဲကို ဝင်ဖို့ သတ္တိတွေ ဘယ်က ရတာလဲ။ အ.... ရဲအရာရှိ၊ ကျွန်တော် ဆရာတို့ကို ပြောတာ မဟုတ်ပါဘူး။”
သူတို့ထဲမှ အမျိုးသား တစ်ယောက်ကက ညစ်ညမ်းသည့် စကားများကို အော်ပြောတော့မည့် အချိန်တွင် ရဲအချို့ အခန်းထဲကို ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
“မင်းတို့တွေ အကုန်လုံး ကြမ်းပြင်ပေါ်မှာ ခြေကုပ်ထိုင်လိုက်။ မင်းတို့တွေက ဘယ်ဌာနကလဲ။”
“ဆရာ ကျွန်တော် လုပ်တဲ့ ဌာနကို ပြောလို့ မရဘူးလား။ ကျွန်တော်တို့တွေ ဘာမှ မလုပ်ပါဘူး။”
“ဘာမှ မလုပ်တာလဲ။ မင်းတို့ ဘာလို့ ဘောင်းဘီ မဝတ်ထားကြတာလဲ။”
“ကျွန်တော်တို့က အတွဲတွေပါ။"
အခြား တစ်ယောက်က အော်လိုက်သည်။
“အတွဲတွေလား။ မင်းတို့တွေ လေးယောက်ရှိတယ်။ မင်းတို့တွေက အုပ်စုဖွဲ့ လိင်အကြမ်းဖက်မှုပဲ။ တရားရုံးရောက်မှ ရှင်းတော့။ ဒဏ်ကြေးငွေ။ ငါတိုတွေက ဒါကို ပြည်တည်ဆာအတွက် ဖမ်းတာလို့ စဉ်းစားမှာ မဟုတ်ဘူး။ ဒါက ရာဇဝတ်မှုပဲ။ ပြီးတော့ မင်းတို့တွေကို စုံထောက်လက်ထဲ လက်လွှဲလိုက်မယ်”
“ကျေးဇူးပြုပြီး ရဲဖော်၊ ကျွန်တော်တို့ကို အခွင့်အရေးပေးပါ။”
“ဘယ်သူက မင်းရဲ့ ရဲဖော်လဲ။ မင်းတို့တွေက ရာဝတ်မှု ကျူးလွန်တဲ့သူ မဟုတ်ဘူးလာား”
“ရဲအရာရှိ ဆရာကြီး”
“ကျွန်တော်က အခုမှ ၂၅နှစ်ပါ။”
“ရဲအရာရှိအစ်ကို ကျွန်တော်က အခုမှ အသက်၂၀ပါ။ အာ.. ဒီမိန်းကလေးတွေက ပြည့်တန်ဆာတွေပါ။ ကျွန်တော် သူတို့ကို အခကြေးငွေနဲ့ ငှားရမ်းခဲ့တယ်။ ကျွန်တော် ဒဏ်ကြေးငွေ ပေးပါ့မယ်။ ဌာနကို အကြောင်းပြချက် မပေးလို့ မရဘူးလား”
မှုတ်ဆိပ်နှင့် အသက်လေးဆယ် ဝန်းကျင်ဖြင့် လူက ရဲအရာရှိကို ခယနေ၏။
ထိုနေ့ည ဘင်းမြို့တော်၏ ဖြိုခွဲမှုကြီးက မြို့နေလူထုများအပေါ် ကြီးမားသည် သက်ရောက်မှုများ ရှိခဲ့သည်။ နေထိုင်သူ အများစုသည် ယင်းကိစ္စနှင့် ပတ်သက်ပြီး စိတ်ကျေနပ်ကြသည်။ သူတို့က ဘင်းမြို့တော်တွင် မကောင်းမှုမှန်သမျှ မရှိစေချင်ပေ။ သူတို့သည် မြို့တော် အစိုးရကို ယင်းအတွက် ချီးကျူးကြသည်။ ချီးကျူးမှု အများဆုံး ခံရသူသည် ဘင်းမြို့တော် မြို့တော်ဝန် ကျန်းရွေ့ချင် ဖြစ်သည်။ မြို့နေလူထုက ယင်းဖြိုခွင်းမှုက မြို့တော်ဝန်က ညွှန်ကြားသည်ဟု ကြားကြသည်။
သေချာသည်မှာ ဒဏ်ကြေးငွေ တက်ခံရသူများအဖို့ မြို့တော် အစိုးရကို စိတ်ထဲတွင် ကျိန်ဆဲနေမိကြတော့၏။