ကျန်းရွေ့ချင်က သင်ခန်းစာ တစ်ခုပေးခြင်း
Vol. 31 Ch. 453
ဖုန်းယွီ ကျန်းရွေ့ချင် ရုံးခန်းထဲမှ ထွက်လာသည့်အခါ သူ့မျက်နှာက မှောင်မိုက်နေသည်။ ဒီ ကျန်းရွေ့ချင်က တကယ်ကို မကောင်းဆိုးဝါးပဲ အမှာစာရဲ့ တစ်ဝက်လောက်က ဈေးအနိမ့်ဆုံး အိုလံပစ် မော်ဒယ်တွေပဲ။ ပြီးတော့ ဈေးအကြီးဆုံး မော်ဒယ်ကို မှာတာက အနည်းငယ်ပဲ ရှိတာ။ ကျန်းရွေ့ချင်က ပျော်ပျော်ရွှင်ရွှင်ဖြင့် တံခါးကို လိုက်ပို့ပေးပြီး သူ့ရုံးကို မကြာခဏ လာရောက် စကားပြောရန်တောင် ဖိတ်လိုက်သေးသည်။ သို့သော် ကားထဲတွင်တော့ ဖုန်းယွီက တွေးမိသည်။ကျန်းရွေ့ချင် ဟဟ ကျန်းရွေ့ချင် မြို့တော်က ငါ့ဆီကနေပြီးတော့ အကျိုးအမြတ် ယူတယ်လို့ တွေးနေတာလား။ မင်းမှာ တဲ့ အမှာစာ ပမာဏက ငါတို့ ကားအတွက် ကြော်ငြာတဲ့အခါ သုံးလို့ ရတယ်။ ဒီအတွက် ငါတို့ ဆုံးရှုံးမှု ရှိမှာ မဟုတ်ဘူး။
ဖုန်းယွီအတွက် ထိုကားများကို ထုတ်လုပ်မှု စရိတ်အတိုင်း ရောင်းချခြင်းကို လက်ခံရန်အတွက် နည်းလမ်းမရှိပေ။ ဈေးဆစ်မှု အချို့ပြီးနောက် သူ့အနေဖြင့် ကျန်းရွေ့ချင်ကို စက်ယန္တရားကုမ္ပဏီတွင် အကျိုးအမြတ်အချို့ ရရန်အတွက် ဆွေးနွေးနိုင်မည် ဖြစ်သည်။ မဟုတ်ပါက ဖုန်းယွီအနေဖြင့် ဖူကွမ်းကျန်းကို မည်သည့် အဖြေမျှ ပြန်ပေးနိုင်လိမ့်မည် မဟုတ်ပေ။
ဖုန်းယွီအနေဖြင့် လီမင်တကို မာကတ်တင်းစရိတ်၊ စီမံခန့်ခွဲမှု စရိတ်နှင့် အခြားသော ကုန်ကျစရိတ်များကို ကားတန်ဖိုးများတွင် ထည့်တွက်ရန် သေချာပေါက် ပြောရမည်ပင်။ သူ့အနေဖြင့် ကျန်းရွေ့ချင်ကို စက်ယန္တရားကုမ္ပဏီ၏ ပိုက်ဆံများကို အသုံးချပြီး အခြားအေးအေးဆေးဆေး ကျေနပ်နိုင်အောင် ခွင့်ပြုလိမ့်မည် မဟုတ်ချေ။
ဖုန်းယွီက ကျန်းရွေ့ချင်ကို ထိုအမှာစာများအကြောင်း မေးခဲ့သည်။ ရဲဌာနအနေဖြင့် ကားများစွာ လိုအပ်သော်ငြား ထို ကားအဟောင်းများကိုလည်း ဒေသနှင့် ရပ်ကွက်များကို ချပေးမည် ဖြစ်သည်။ အဘယ်ကြောင့် သူတို့အနေဖြင့် ကားများစွာ လိုအပ်နေရသနည်း။
ကျန်းရွေ့ချင်သည် ပြည်နယ် အစိုးရအတွက်လည်း ကူညီခဲ့ခြင်း ဖြစ်ကြောင်းကို သိရှိသွားခဲ့သည်။ ပြည်နယ် အစိုးရသည်။ ဖော်မှ Audi ကားအများစုကို ဝယ်ယူရန်စီစဉ်ခဲ့သည်။ သို့သော် ဘင်းမြို့တော်တွင် သူတို့ ကိုယ်ပိုင် ကားများ ထုတ်လုပ်သည် ဆိုသည်ကို ကြားသိရပြီး သူတို့ကားများ၏ စွမ်းဆောင်ရည်သည် ပိုကောင်းပြီး Audi ထက် ဈေးချိုသည်ဟု ကြားခဲ့သည်။ ထို့ကြောင့် ပြည်နယ် အစိုးရက စုန့်ကျန်း အမှတ်တံဆိပ်ကို အသုံးပြုရန် ဆုံးဖြတ်ချက် ချခဲ့သည်။ စာရွက်ပေါ်တွင်တော့ သူတို့သည် ဒေသတွင်း စက်မှုလုပ်ငန်းများကို ထောက်ပံ့သည်ဟု ဆိုသည်။ သို့သော် အမှန်လက်တွေ့တွင် သူတို့သည် သူတို့၏ ငွေများကို ပိုတန်ဖိုးထားခြင်းပင် ဖြစ်သည်။
စက်ယန္တရားကုမ္ပဏီအနေဖြင့် မြို့တော်ကို ကားရောင်းချခြင်းဖြင့် မည်သည့် အကျိုးအမြတ်မှ မရခြင်းက အဆင်ပြေသည်။ သို့သော် ပြည်နယ် အစိုးရကို ရောင်းချရတွင် ငွေများ မရသည်ကား အဘယ်ကြောင့်နည်း။ ဖုန်းယွီသည် ထိုနေရာတွင်ပင် ကျန်းရွေ့ချင်နှင့် စကားများသည်။
“မြို့တော်အနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို စက်ယန္တရားကုမ္ပဏီအပေါ် ချမှတ်ခဲ့တာလဲ။ ဘာလဲ မင်းတို့တွေက ငါတို့တွေကို အခွန် ကင်းလွတ်ခွင့် ပေးထားလို့လား။ ဒီနှစ်အခွန်ကတော့ ကင်းလွတ်ခွင့်ရတယ်။ နောက်နှစ်ကျ ငါးဆယ်ရာခိုင်နှုန်းပဲ မဟုတ်ဘူးလား။”
“မင်းအနေနဲ့ ဒီအကြောင်းကို အစောကတည်းက ပြောထားပြီးသားလေ။ ပြည်နယ် အစိုးရအနေနဲ့လည်း ငါတို့ရဲ့ ဘင်းမြို့တော်အတိုင်းပဲ ခံစားခွင့်ရသင့်တာပေါ့။”
ဖုန်းယွီက ချက်ခြင်းပင် သဘောတူလိုက်သည်။ ကားတစ်စီစီအတွက် အကျိုးအမြတ် ငါးရာခိုင်နှုန်းသာ ရှိသည်။ သို့သော် အမှန်တကယ် အကျိုးအမြတ်သည် ၁၀ရာခိုင်နှုန်း ဖြစ်သည်။
ထိုအကျိုးအမြတ်များသည် အနည်းဆုံး ဖြစ်သော်ငြား ယင်းက လက်ခံနိုင်ဖွယ်ရှိသေးသည်။ အရေးကြီးဆုံးအချက်သည်ကား ယခုနှစ်အတွက် အခွန်သည် ကင်းလွတ်ခွင့်ရသည်။ နောက်နှစ်တွင် စက်ကယန္တရားကုမ္ပဏီအနေဖြင့် အခွန်ငွေ ငါးဆယ် ရာခိုင်နှုန်းသာ ပေးရန် လိုအပ်သည်။ ယင်းက သူ့ကား ထုတ်လုပ်သည့် ပရောဂျက်အတွက် ကူညီပေးရာ ရောက်ပေသည်။
သို့သော်ငြား ဘင်းမြို့တော်တွင် စက်ရုံခွဲ တစ်ခုသာ ရှိသည်။ ယခုလက်ရှိ လိုအပ်ချက်အရဆိုပါက သူတို့ရောင်းရသည့် ကားမော်ဒယ် အများစုသည် အိုလံပစ် မော်ဒယ် ဖြစ်မည်ပင်။ နောက်နှစ်တွင်လည်း အတူတူပင် ဖြစ်မည်ပင်။
စက်ယန္တရားကုမ္ပဏီသို့ ပြန်သည့်လမ်းတွင် ဖုန်းယွီက ကျန်းရွေ့ချင်၏ အပြုံးမှာ တခုခု ထူးဆန်းနေသည်ကို ခံစားမိသည်။
ဖုန်းယွီသည် စက်ယန္တရားကုမ္ပဏီကို ရောက်ရှိသည့်အခါ လီမင်တကို ကားအမှာစာ စာရွက်ကို ပေးလိုက်သည်။
“လူကြီးလီ ဒါက မြို့တော်ရဲ့ အမှာစာပဲ။ ကားအစီးရေ ၃၁၆စီး မင်းအနေနဲ့ ဒီကားတွေကို မြန်နိုင်သမျှ မြန်မြန် မြို့တော် အစိုးရထံ ပေးဖို့ လိုအပ်တယ်။”
“ကားအစီးရေ သုံးရာကျော်လား။ ဒါက တော်တော်များတဲ့ ပမာဏပဲ။ မန်နေဂျာဖုန်း ကိုင်ရင် အမှာစာ ကြီးကြီးမားမား ရမယ်ဆိုတာသိတယ်။ ဒီ ကားတစ်စီးစီရဲ့ အမြတ်က ယွမ် သုံးသောင်းဆိုရင်တောင် အကျိုးအမြတ်က ယွမ် ၁၀သန်းလောက်ရှိမှာပဲ။”
လီမင်တက အပျော်လွန်နေသည်။ သန်းထောင်ချီ ရင်းနှီးမြှပ်နှံရသည့်အတွက်မူ ယွမ် ၁၀သန်းသည် မပြောပြလောက်သော်ငြား ယင်းက ကောင်းမွန်သည့် အရွေ့တစ်ခုပင် ဖြစ်သည်။
“အကျိုးအမြတ်က အရမ်းမများဘူး။ မင်းအနေနဲ့ သတ္တုကုန်ကြမ်း၊ လူ့စွမ်းအား၊ စက်ယန္တရား အဖြုတ်အတပ် လုပ်ရဲ့တဲ့ စက်ယန္တရားကြေးပါ ထည့်ပေါင်းလိုက်။ ပြီးတော့ နောက်ထပ် အကျိုးအမြတ် ငါးရာခိုင်နှုန်းလည်း ထပ်ပေါင်းမယ်”
ဖုန်းယွီက သက်ပြင်းချလိုက်သည်။ အာ လီမင်တရဲ့ မျက်နှာက ဘာဖြစ်နေတာလဲ။ မပျော်ဘူးလား။ ကားစက်ရုံအတွက် အခွန်ပမာဏက အတော်များတယ်ဆိုတာ သူမသိဘူးလား။
“မန်နေဂျာဖုန်း ဒီအခွန်စရိတ် ကင်းလွှတ်ခွင့်က ကျွန်တော် လွန်ခဲ့တဲ့ အပတ်ကပဲ မြို့တော်နဲ့ ဆွေးနွေးခဲ့တာ။ ဒါကို သူတို့လည်း သိပြီးပြီ”
“ဘာ...”
ဖုန်းယွီက ကြက်သေသေသွားကာ
“ချီးပဲ။ မြို့တော်က ဒီကိစ္စကို လွန်ခဲ့တဲ့ အပတ်တည်းက သဘောတူလိုက်တာလား။ ငါကျန်းရွေ့ချင်ရဲ့ လှည့်စားတာကို ခံလိုက်ရတာပေါ့”
“မြို့တော်ဝန်ကျန်းကို အဲ့ကိစ္စကို သတိပြုမိရဲ့လား"
ဖုန်းယွီက မေးလိုက်သည်။
“သေချာတာပေါ့။ ဒါက ကိစ္စ သေးသေးလေးမှ မဟုတ်တာ။ မြို့တော်ဝန်က ဒီကိစ္စမှာ မဝင်ပါဘဲ နေမှာလဲ။”
“လူကြီးလီ ဒီအမှာစာတွေကို မင်းယူထား။ ငါတို့တွေ မြို့တော် အစိုးရရုံးကို အခု သွားမယ်”
ဖုန်းယွီက ဒေါသထွက်သွားသည်။ အချို့သော အချက်အလက်များကို သူ့ကို ကလိမ်ကကျစ်ကျရန်အတွက် ခွင့်ပြုခဲ့ခြင်း မဟုတ်ပေလော။ ယင်းက အလွန် ဒေါသထွက်စရာ ကောင်းသည်ပင်။
“မြို့တော်ဝန်ကျန်း ဘယ်မှာလဲ။”
ဖုန်းယွီက အတွင်းရေးမှူးလျိုကို ကြည့်ကာ မေးလိုက်သည်။
“သူက ပြည်နယ်အစိုးရရုံးကို အစည်းအဝေးတခုအတွက် သွားပါတယ်။”
ဖုန်းယွီက ပြောလိုက်သည်။
“မင်းက ငါ့ကို အရူလို့ ထင်နေတာလား။ တကယ်လို့ မြို့တော်ဝန်သာ ပြည်နယ်အစိုးရရုံးကို အစည်းအဝေးတွက် သွားတယ်ဆိုရင်။ မင်းဘာလို့ ဒီမှာ ရှိနေတာလဲ။”
အတွင်းရေးမှူးလျိုက ပြုံးလိုက်ကာ
“မြို့တော်ဝန်ကျန်းက မန်နေဂျာဖုန်းအတွက် ဒီမှာရှိနေပေးဖို့အတွက် ပြောလို့ပါ။”
အတွင်းရေးမှူးလျိုသည်လည်း ကျန်းရွေ့ချင်အနေဖြင့် ယခုကဲ့သို့ အလွန်ခက်ခဲသည့် တာဝန်မျိုးကို သူ့အား ပေးလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။ သူဖုန်းယွီ၏ အပြုအမူကို တွေးမိသည့်အခါ သူဒုက္ခတွေ့မည်ပင်။ သို့သော် နူးနူးညံ့ညံ့နှင့် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခြင်း နှစ်ခုလုံးက ဖုန်းယွီအတွက် အလုပ်မဖြစ်ပေ။ အတွင်းရေးမှူးလိုသည် အတွင်းရေးမှူး တစ်ယောက်သာ ဖြစ်သည်။ အခြားသော သူများက သူ့အား မျက်နှာပေးခြင်းမှာ ကျန်းရွေ့ချင်ကြောင့် ဖြစ်ပေသည်။ သို့သော် ဖုန်းယွီ၏ အမူအကျင့်နှင့် ဆိုပါကဖုန်းယွီ ရောက်လာခြင်းမှာ မြို့တော်ဝန်နှင့် အငြင်းအခုံ ဖြစ်ရန် ဖြစ်သည်ကို သူသိပေသည်။
သို့သော် ခေါင်းဆေင်၏ ညွန်ကြားချက်အတိုင်း အတွင်းရေးမှူးလျိုသည် ဖုန်းယွီကို အရူလုပ်ရန်အတွက် ရှိနေခြင်း ဖြစ်သည်။ အတွင်းရေးမှူးလျိုက စိတ်ထဲတွင်တော့ ဖုန်းယွီ သူ့ကို အာဃာတ မထားရန်သာ ဆုတောင်းနေမိသည်။
“ငါလက်မှတ်ထိုးထားတဲ့ သဘောတူညီချက်က ဘယ်မှာလဲ။ အဲ့တာကို ယူခဲ့လိုက်။ ငါ အဲ့သဘောတူညီချက်ကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဆွဲဖြဲချင်တယ်”
ဖုန်းယွီက အတွင်းရေးမှူးလျိုထံသို့ သူ့လက်ကို ထုတ်လိုက်သည်။
“မန်နေဂျာဖုန်း မန်နေဂျာဖုန်းက ဘာလို့ သဘောတူညီချက်ကို ဖျက်စီးချင်ရတာလဲ။ မန်နေဂျာလီ မန်နေဂျာဖုန်းကို ကူပြီးတော့ နားချပေးပါဦး။”
အတွင်းရေးမှူးလျိုက လီမင်တကို ကြည့်လိုက်သည်။
လီမင်တသည် ဖုန်းယွီကို အာမခံရဲပေ။ ပြီးနောက် သူ့အနေဖြင့် မြို့တော်ဝန်၏ အတွင်းရေးမှူးကိုလည်း အာမခံရဲပေ။ ထို့ကြောင့်
“အား.. ကျွန်တော်က အခု အသက်ကြီးနေပါပြီ။ ကျွန်တော်မှာ ဆီးလမ်းကြောင်းနဲ့ ပတ်သက်ပြီး ပြဿနာ တချို့ရှိတယ်။ ကျွန်တော်အရင်ဆုံး အိမ်သာ ခဏသွားလိုက်ဦးမယ်။ ခဏလောက် စောင့်ပါဦး။"
လီမင်သည် အကြောင်းပြချက် တစ်ခု ပေးကာ လွတ်မြောက်သွားသည်။ ဖုန်းယွီက လီမင်တသည် သူ့ကို ကူညီလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားပေ။ သူသည် လီမင်တကို ရှိစေခြင်းမှာ သူ့အနေဖြင့် ကျန်းရွေ့ချင်၏ ကလိမ်ကကျစ် ကျမှုအတွက် မျက်မြင် တစ်ယောက်သာ ဖြစ်စေလိုခြင်း ဖြစ်ပေသည်။
“ဒီလူကြီးကျန်းကတော့ တော်တော်လေးများသွားပြီ။”
အကယ်၍ ကျန်းရွေ့ချင်သာ မိုဘိုင်းဖုန်းရှိပါက ဖုန်းယွီအနေဖြင့် သူ့ကို ဖုန်းခေါ်ကာ အော်ငေါက်ပြီး ဖြစ်မည်ပင်။
လီမင်တ ထွက်သွားပြီးနောက် အတွင်းရေးမှူးလျိုက ဖုန်းယွီကို
ထိုင်ခုံ တစ်ခုဆီကို လမ်းညွှန်ပေးရင်း
“မန်နေဂျာဖုန်း စိတ်လျော့ပါ။ ဒါက မန်နေဂျာဖုန်း တွေးသလို မဟုတ်ပါဘူး။”
အတွင်းရေးမှူးလျိုက ဖုန်းယွီကို အမှန်အတိုင်း ပြောပြီး မလှည့်စားရန်အတွက် ပြောလိုက်သည်။
“မင်းက ဘာကို ဆိုလိုချင်တာလဲ။ မြို့တော်က ငါတို့ရဲ့ ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီကို ထောက်ပံ့ဖို့အတွက် ဒီလို အခြေအနေမျိုးတွေ ပေးပြီးပြီလေ။ ဘာလို့ ငါ ဒါကို ဂရုမစိုက်မိတာလဲ။ မင်းက ငါ့ကို လှည့်စားဖို့အတွက် အဲ့တာကို အသုံးပြုခဲ့တာလား။ ဘယ်လိုလုပ် မြို့တော်က ဒီလိုမျိုး လုပ်နိုင်ရတာလဲ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါ မြို့တော်က ငါဘယ်လောက်အထိ ထောက်ပံ့မှုတွေ လုပ်ခဲ့တယ်ဆိုတာ မင်းတို့တွေ မစဉ်းစားကြည့်မိဘူးလား။”
“အသံကိုလျော့ မန်နေဂျာဖုန်း ကျွန်တော် ပြီးအောင် ပြောပါရစေ။"
အတွင်းရေးမှူးလျိုက ဖုန်းယွီ၏ ပခုံးကို ပုတ်လိုက်သည်။ သူ၏ အသံက အလွန် ကျယ်လောင်နေသည်။
“ကောင်းပြီလေ။ မင်းပြော။ ငါ့အနေနဲ့ မင်းဆီကနေပြီးတော့ ရှင်းပြချက်ကို လိုချင်တယ်”
ဖုန်းယွီက ဒေါသ တကြီးဖြင် ပြန်ပြောလိုက်သည်။
“ခေါင်းဆောင်က မန်နေဂျာဖုန်း ရောက်လာတဲ့အခါမှာ ဒီစာချုပ်ကို ပြဖို့အတွက် ကျွန်တော်ကို ပြောထားပါတယ်။ သူက လွန်ခဲ့တဲ့ စာချုပ်မှာ သူက မန်နေဂျာဖုန်းကို စနောက်လိုက်တာပဲ။"
အတွင်းရေးမှူးလျိုက သူ့အံဆွဲထဲမှ စာချုပ် တစ်ခုကို ထုတ်လိုက်သည်။
ဖုန်းယွီက ထိုစာချုပ်ကို ကြည့်လိုက်သည်။ ထိုစာချုပ်ရှိကားများ၏ တန်ဖိုးသည် ကားတစ်စီးစီအတွက် ယွမ် ၂သောင်းအမြတ် ဖြစ်သည်။ ယင်းက စီစီတီဗွီထက်ကို ကမ်းလှမ်းသည့် ပမာဏ ထက်တောင်များနေသေးသည်။
“ဒါက ဘာအဓိပ္ပာယ်လဲ။”
ဖုန်းယွီက အတွင်းရေးမှူးလျိုက တချက် ကြည့်လိုက်သည်။
“ခေါင်းဆောင်က ပြောတာက ဖုန်းယွီက သူ့ကိုယ်သူ အရမ်းကို အထင်ကြီးနေတယ်။ ပြီးတော့ သူက ကုမ္ပဏီ တစ်ခုကို ကောင်းကောင်း မစီမံတက်ဘူး။ တကယ်လို့ စက်ယန္တရားကုမ္ပဏီမှာ လီမင်တသာ မရှိရင် အဲ့ကုမ္ပဏီက တော်တော်ကို ရှုပ်ပွနေမှာ။ ဒါက သူ့အတွက် သင်ခန်းစာပဲ။ သူ့မှာ လှည့်စားတဲ့ ဉာဏ်ရှိတာနဲ့ သူအကုန်လုံးကို လုပ်နိုင်တယ်ဆိုတာကို မတွေးစေချင်ဘူး။ လီမင်တက ဖုန်းယွီလွယ်လွယ်ကူကူနဲ့ လှည့်စားလို့ ရပေမဲ့ မြို့တော်ဝန်ကျန်းက မန်နေဂျာဖုန်းကို ပြောချင်တာက။ သူက အရင်တုန်းက စာချုပ်ကို ဖျက်ပြီးသွားပြီး။ ဒါပေမဲ့ သူ့အနေနဲ့ မန်နေဂျာဖုန်းရဲ့ အားနည်းချက်ကို ပြနိုင်သေးတယ်။ ပြီးတော့ မန်နေဂျာဖုန်းအနေနဲ့လည်း နောင်လာမဲ့ စီးပွားရေး အပေးအယူတွေမှာ မှတ်ထားနိုင်မယ်လို့ သူ မျှော်လင့်တယ်။ မန်နေဂျာဖုန်းရဲ့ တန်ဖိုးအတွက် မန်နေဂျာဖုန်း တခုခု လုပ်သင့်တယ် မဟုတ်ဘူးလား။ မြစ်ရဲ့ မြောက်ဖက်ပိုင်း ဒေသတွေမှာ မြို့တော်အနေနဲ့ အထက်တန်းတစ်ကျောင်းနဲ့ အလယ်တန်းကျောင်း နှစ်ကျောင်းကို ဆောက်လုပ်ချင်တာ။ ဒါပေမဲ့ မြို့တော်အနေနဲ့ ကျောင်းအဆောက်အဦး သုံးခုအတွက် ရန်ပုံငွေ ပြတ်လတ်နေတယ်။ ခေါင်းဆောင်ကတော့ သာမန် အဆောက်အဦးတွေနဲ့ဆိုရင် အဆင်ပြေတယ်လို့ ပြောတယ်”
အတွင်းရေးမှူးလျိုက ကျန်းရွေ့ချင်၏ လေသံအတိုင်း တုကာ ပြောလိုက်သည်။
“ကောင်းပြီလေ။ ငါ့ကို သင်ခန်းစာ တခု ပေးတာတဲ့လား။ ငါက အဲ့လောက်အထိ ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲနေတာလား။”