အစ်ကိုကီ ရုရှား စစ်တပ်ကို တစ်ချက် တွေးကြည့်ဦး
Vol. 31 Ch. 454
ကျန်းရွေ့ချင်သည် ဖုန်းယွီအပြင်ကို ထွက်သွားမှန်း သိပေသည်။ ဖုန်းယွီသည် တကယ်ပင် အဆင့်မြင့်ကျောင်း သုံးကျောင်းကို လှူဒါန်းခဲ့ကာ ထိုကျောင်းထဲတွင် ပစ္စည်းအစုံ ပါဝင်မည် ဖြစ်သည်။ အဆောက်အဦး တစ်ခုချင်းဆီတိုင်းသည် ယွမ် တစ်သန်းကျော်ပေ၏။ သေချာသည်မှာ ယင်း လှူဒါန်းမှုသည် စက်ယန္တရားကုမ္ပဏီထံမှ မဟုတ်ပေ။ ဖုန်းယွီ၏ အိတ်ကပ်ထဲမှ ဖြစ်ပေသည်။
ထိုက်ဟွ အဆောက်အဦးသည် အနာဂတ်တွင် အမှတ်တံဆိပ် တစ်ခု ဖြစ်လာမည် ဖြစ်ကာ သာမန် အဆောက်အဦးများ မည်သို့ ဖြစ်နိုင်မည်နည်း။ ယခုမှ စပြီး နောင်လာမည့် နှစ်နှစ်ဆယ်တွင် ထိုအဆောက်အဦးများသည် ကောင်းမွန်သည့် သဏ္ဌာန်ရှိကာ ကျောင်းများ၏ လိုအပ်ချက်နှင့်လည်း ကိုက်ညီရမည်ပင်။
ဖုန်းယွီ ထွက်သွားပြီးနောက် သူ့ကိုယ်သူ ဆင်ခြင်မိသည်။ အရေးကြီးဆုံးအချက်ကား သူ့အနေဖြင့် စီးပွားရေး ဆွေးနွေးမှုများတွင် ကျွမ်းကျင်အသင်း တစ်သင်းကို ဖွဲ့စည်းရန် လိုအပ်ပေသည်။
ဖုန်းယွီအနေဖြင့် ယခုလက်ရှိ ကျွမ်းကျင်မှုနှင့် သူ့အရင်ဘဝမှ ကျွမ်းကျင်မှုများအပေါ်တွင် မမှီခိုနိုင်ပေ။ သူ့အနေဖြင့် ဆွေးနွေးညှို့နှိုင်းရာတွင် သုံးရန်အတွက် လက်ရွေးစင် လူတစ်ယောက်ကို ရှာရမည်ပင်။ ယခုလက်ရှိ နယ်ပယ်တွင် ဖုန်းယွီအနေဖြင့် တစ်စုံ တစ်ယောက်ကို လှည့်ကြည့်ရန်ကား မဖြစ်နိုင်ပေ။
ထိုက်ဟွ ကုန်သွယ်ရေးမှ လူများကို ကြည့်လျှင် သူတို့ အကုန် တော်ကြပေသည်။ သို့သော် သူတို့သည် လက်ရွေးစင်အဖြစ်မှ လွဲနေသေးဆဲ ဖြစ်သည်။ အကယ်၍ သူတို့ တော်ပါက သူတို့သည် ကုမ္ပဏီမှ ထွက်ပြီး သူတို့ ကိုယ်ပိုင် စီးပွားရေးကို ထောင်ကြမည်ပင်။
ယခုအရောင်းအဝယ်မှ ကျန်းရွေ့ချင်သည် ဖုန်းယွီကို သင်ခန်းစာ တစ်ခု ပေးခဲ့သော်ငြား ဖုန်းယွီအတွက် အကျိုးကျေးဇူးများစွာ ရခဲ့သည်။ အနည်းဆုံးအနေဖြင့် သူသည် ကီရီလန်ကိုကို မြို့တော်အနေဖြင့် ကားအစီးရေ ၃၀၀ကျော် ဝယ်ယူခဲ့ကြောင်း ပြသနိုင်ခြင်းပင် ဖြစ်သည်။
ရုရှား၏ စီးပွားရေးသည် ပြင်းပြင်းထန်ထန် ကျဆင်းနေသည့်တိုင် အစိုးရ၏ အသုံးစရိတ်ကို ငွေပမာဏများစွာ လျော့ချခြင်း မရှိပေ။ တိုင်းပြည်၏ ဘတ်ဂျက်သည်လည်း သူတို့၏ ငွေများကို အစိုးရအေဂျင်စီများထံသို့ ပထမဦးစွာ ထုတ်ပေးသည်။ အကယ်၍ ဘင်းမြို့တော်သာ ကားအစီးရေ ၃၀၀ကျော် ဝယ်ပါက ရုရှားအစိုးရကို ကားများကို ပြန်ရောင်းရန်အတွက် မည်သည့် ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ချေ။
“ဖုန်း ငါမနက်ဖြန်ကျရင် ငါ မော်စကိုကို ပြန်တော့မှာ။ ငါ သေချာပေါက် မင်းတို့ ကားတွေကို ဝယ်မှာ။ ပြီးတော့ ငါ့အနေနဲ့လည်း မင်းပေးတဲ့ ဈေးအတိုင်း ဝယ်ယူဖို့ ဆန္ဒရှိတယ်။ ဒါပေမဲ့ အခုလက်ရှိတော့ ငါငွေအများကြီး မပါလာဘူး။ ငါ့အနေနဲ့ ကြိုတင်ငွေ ချထားခဲ့မယ်လေ။ ပြီးတော့ ငါကားရောင်းပြီးသာနဲ့ ငါ မင်းဆီကို ငွေလွဲပေးမယ်။ အဲ့တာ မင်းအတွက် အဆင်ပြေလား။”
“ဘာလို့ မပြေရမှာလဲ။ ကျွန်တော် အစ်ကိုကို ယုံပါတယ်။ အဲ့တာဆိုရင် အရောင်းအဝယ် ဖြစ်ပြီနော်။ အစ်ကိုအနေနဲ့ ထိုက်ဟွ ကုန်သွယ်ရေး အကောင့်ကို လွှဲပေးလို့ရတယ်။ ထိုက်ဟွ ကုမ္ပဏီက ကားမှာ အဓိက ဖြန့်ချီ ရောင်းချတဲ့ကုမ္ပဏီလေ။”
သူတို့နှစ်ယောက်လုံးသည် အလုပ်အတူတွဲလုပ်သည်မှာ နှစ်အတော်ကြာပြီ ဖြစ်ကာ သူတို့ အချင်းချင်း ယုံကြည်ကြသည်။
ကီရီလန်ကိုကို ပေးသည့်ရောင်းဈေးသည် ဖုန်းယွီ မြို့တော်ကို ရောင်းသည့် ဈေးထက်များသည်။ တင်ပို့ခွန်ကို လျော့ချလျှင်တောင် အကျိုးအမြတ်သည် မြို့တော်နှင့်အတူ အရောင်းအဝယ်ဖြစ်ခဲ့သည့် အကျိုးအမြတ်သည် သာနေဆဲ ဖြစ်သည်။
အဘယ်တွက် ကီရီလန်ကိုက ယင်းဈေးကို လက်ခံသနည်း။ အကြောင်းမှာ ရုရှား၏ ဈေးကွက်သည် အဆင့်မြင့် ကားမော်ဒယ်များနှင့် ဈေးချိုသည့် ကားမော်ဒယ်များသာ ရှိသည်။ နိုင်ငံခြားမှ တင်သွင်းသည့် အင်္ဂလိပ်ကားများသည် အမေရိကန် ဒေါ်လာ ရှစ်သောင်းထက် များပေသည်။ အဆင့်မြင့် ကားများသည် အမေရိကန်ဒေါ်လာ သိန်းချီ ရှိပေသည်။ ရုရှား၏ Volga ကားသည် အမေရိကန်ဒေါ်လာ နှစ်သောင်းထက် နည်းပေသည်။ အလယ်အလတ် ဈေးတန်းအတွက်မူ ကားအမျိုးအစား အနည်းငယ်သာ ရှိသည်။
ကီရီလန်ကိုသည် သူ့လူများနှင့် ဆွေးနွေးပြီး ဖြစ်သည်။ ပြီးနောက် မိသားစုကားအနေဖြင့် ထိုကားများကို သုံးလျှင်တောင် ဈေးကွက်သည် ကြီးပေ၏။ ကီရီလန်ကို အနေဖြင့် သူ့အဆက်အသွယ်များကို အသုံးချကာ အစိုးရနှင့်အတူ အလုပ်တွဲလုပ်နိုင်ပေ၏။
ကီရီလန်ကိုသည် သူ့အနေဖြင့် အစိုးရကို ကားအစီးရေ တစ်သောင်း ရောင်းချနိုင်မည်ဟု ယုံကြည်ချက် ရှိပေသည်။ အကယ်၍ သူပိုအားစိုက်ထုတ်ပါက ပိုရောင်းရမည် ဖြစ်သည်။ အစီးရေ တစ်သောင်း။ အကယ်၍ ကီရီလန်ကိုသည် ကားတစ်စီးလျှင် အမေရိကန် ဒေါ်လာ နှစ်ထောင် အကျိုးအမြတ် ရရှိလျှင်တောင် အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ် ဖြစ်သည်။ ယင်းက သူ၏ လူသုံးကုန် ပစ္စည်းကုန်သွယ်ရေးမှ ရသည့် အကျိုးအမြတ်ထက် ပိုများသည်ပင်။ ပိုအရေးကြီးဆုံးကား သူ့အနေဖြင့် ရင်းနှီးမှုများများစားစား လုပ်ရန် မလိုအပ်ခြင်းပင် ဖြစ်သည်။
ကီရီလန်ကိုသည် အစိုးရထံမှ ကနဦး သွင်းငွေကို ရရှိနိုင်ပေသည်။ ပြီးနောက် သူ့အနေဖြင့် ထိုငွေများကို အသုံးပြုကာ ထိုက်ဟွ ကုန်သွယ်ရေးတွင် အမှာစာ တင်နိုင်ပေသည်။ ထိုကားများကို သူလက်ခံပြီးနောက် သူ့အနေဖြင့် အစိုးရထံမှ ကျန်ရှိသည့် ငွေများကို ကောက်ပြီး သူသည် ထိုက်ဟွ ကုန်သွယ်ရေးကို လွဲပြောင်းနိုင်သည်ပင်။
မိသားစုကားများအတွက်ကိုတော့ တစ်ဦးချင်း တစ်ယောက်ချင်းကို ရောင်းချရန်အတွက် ကီရီလန်ကိုသည် စီးပွားရေး လုပ်ငန်းရှင်များကို ပစ်မှတ်ထားရန် ဆုံးဖြတ်ချက်ချထားသည်။
“အစ်ကိုကီ ရုရှား ကားဈေးကွက်က ဒီလောက်အထိ သေးတယ်လို့ အစ်ကို စဉ်းစားနေတာလား။ အစ်ကိုကီအနေနဲ့ တစ်နှစ်ကို အစီးရေ တစ်သောင်းပဲ ရောင်းချနိုင်မှာတဲ့လား။”
ဖုန်းယွီက သူ့အနေဖြင့် ကီရီလန်ကိုကို ပြလိုက်သည်။
ကီရီလန်ကိုက ဖုန်းယွီကို အံ့အားမှင်သက်စွာဖြင့်
“ကားအစီးရေ တစ်သောင်းက နည်းနေတုန်းပဲလား။”
“မင်းတရုတ်မှာ တစ်နှစ်ကို ကိုဘယ်လောက် ရောင်းနေရလဲ။”
ဖုန်းယွီက သက်ပြင်းချကာ မေးလိုက်၏။
“အစ်ကိုကီ အစ်ကိုကီတို့ မိသားစုက ဘာလုပ်တာလဲဆိုတာ မေ့နေပြီလား”
ကီရီလန်ကိုက တခဏကြာ တိတ်ဆိတ်သွားခဲ့သည်။ ငါ့မိသားစုက ဘာလုပ်တာလဲ။ ငါ့အစ်ကိုနဲ့ ငါ့ရဲ့အဖေက ခဏနေပါဦး။ ငါ့အဖေက စစ်တပ်ရဲ့ သယ်ယူပို့ဆောင်ရေးရဲ့ တာဝန်ခံပြီးတော့ သူ့အနေနဲ့ စစ်ဖက်ဆိုင်ရာ ပစ္စည်းတွေကို ရယူပေးရတဲ့ လူတစ်ယောက်ပဲ။
ကီရီလန်ကို၏ မျက်လုံးများက ပြူးကျယ်သွားကာ
“ဖုန်း မင်းက မင်းရဲ့ ကားတွေကို ရုရှားစစ်တပ်ကို ရောင်းပေးဖို့အတွက် ငါ့ကို ပြောမလို့လား။”
“မဟုတ်ရင်ကော ဘာလို့လဲ။”
“ဒါပေမဲ့ စုန့်ကြမ်း လမ်းကြမ်းမောင်းကပဲ ငါတို့အတွက် သင့်တော်တာ။”
“ကျွန်တော်လည်း စုန့်ကျန်းလမ်းကြမ်းမောင်းတွေကိုပဲ ပြောမလို့ပဲ။ အထူးသဖြင့် ဒီဇယ်အင်ဂျင် အမျိုးအစား ဒီမော်ဒယ်က ပါဝါများတယ်။ အကြမ်းခံတယ်။ ပြီးတော့ ဆီသုံးစွဲမှု နည်းတယ်။ ပြီးတော့ အအေးပိုင်းဒေသတွေနဲ့ သင့်တော်တယ်။ ပြီးတော့ အဲ့ဒီကားကိုလည်း စစ်စိမ်းရောင် မဟုတ်ရင် ကွက်ပျောက် ပုံစံ လုပ်ပေးလို့ရတယ်။ အစ်ကို ဘယ်လိုထင်လဲ။”
ကီရီလန်ကိုသည် အရမ်းမတော်သေးပေ။ အမှန်တကယ်တွင် ဖုန်းယွီအနေဖြင့် စုန့်ကျန်းကားများကို ရုရှားစစ်တပ်ကို ရောင်းချနိုင်သည်ဟု ခံစားမိသည်။ ယင်းက ကီရီလန်ကိုပေါ်တွင် မူတည်နေပေ၏။
ဒီဇယ်အင်ဂျင် လမ်းကြမ်းမောင်း မော်ဒယ်များသည် တရုတ်နိုင်ငံတွင် နာမည်ကြီးလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရုတ်နိုင်ငံသည် ယင်းနည်းပညာကို နှစ်သက်ခြင်း မရှိသည့်အတွက် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ရှိသည့် ဒီဇယ် အရည်အသွေးကြောင့် ဖြစ်သည်။ တရုတ်နိုင်ငံ၏ ဒီဇယ် အရည်အသွေးသည် အာရုတွင် အဆိုးဆုံးဖြစ်ကာ ဥရောပနှင့်တောင် မယှဉ်နိုင်ပေ။
အကယ်၍ ဒီဇယ်အရည်အသွေးမကောင်းပါက ကားဆီသုံးစွဲမှုသည် ပိုများပြားမည် ဖြစ်သည်။ ပြီးနောက် ဖြုတ်ရတက်ရသည်လည်း ရှိပေဦးမည်။ ထပ်ပြောရပါက ဒီဇယ်ကားများသည် နှေးပြီး ကျယ်လာမည် ဖြစ်သည်။ ထိုကားများ၏ ရောင်းအားသည် ကောင်းလိမ့်မည် မဟုတ်ပေ။
ပိုပြီး စိတ်တိုစရာအကောင်းဆုံး အပိုင်းသည်ကား တရုတ်နိုင်ငံတွင် စက်သုံးဆီဆိုင်အများစု၌ ဒီဇယ်မရှိခြင်း ဖြစ်သည်။ အကြောင်းမှာ ရွာများသည် လယ်ထွန်စက်များကို အသုံးပြုသည့်အတွက် ဒီဇယ်များကို ပိုလိုသည့်အတွက်ကြောင့် ဖြစ်သည်။
သို့သော် မိသားစု ကားဈေးကွက်အတွက်မူ မြို့တော်များတွင်တော့ ပိုပြီး နာမည် ကျော်ကြားလိမ့်မည် ဖြစ်သည်။ အကြောင်းမှာ မြို့တော်နေ ပြည်သူ လူထုသည် ပိုပြီးတော့ သုံးစွဲနိုင်သည့် ငွေကြေး ရှိကြပေသည်။ ယင်းဒီဇယ်အင်ဂျင်လမ်းကြမ်းမောင်းသည် အထူးသဖြင့် စစ်ဖက်ဆိုင်ရာသုံးအတွက်သာ ဖြစ်ပေလိမ့်မည်။
ရုရှားနိုင်ငံတွင် ရှိသည့် ဒီဇယ် အရည်အသွေးသည် အလွန်ကောင်းမွန်ပြီး အလွန်အေးပြီး ကြမ်းတမ်းခက်ထန်သည့် ရာသီဥတုတွင်တောင် ခံနိုင်ရည် ရှိပေသည်။ ရုရှားသည် ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံး ဒီဇယ် နည်းပညာ ပိုင်ဆိုင်သည့် နိုင်ငံ တစ်ခု ဖြစ်သည်။
သေချာသည်မှာ ရုရှားများက ဒီဇယ်အင်ဂျင်သည် မကောင်းဟု တွေးပါက သူတို့အနေဖြင့် ဓာတ်ဆီအင်ဂျင် ရွေးချယ်ရန်လည်း ရှိပေသေးသည်။ ယင်းမော်ဒယ်သည် တာဘိုချာ့ နည်းပညာကကို အသုံးပြုထားသည်။ ဒီဇယ်မော်ဒယ်လောက် ဆူညံခြင်းမျိုး မရှိပေ။
ကီရီလန်ကိုက တွေးနေဆဲ ဖြစ်သည်။ အကယ်၍ သူ့အနေဖြင့် စစ်တပ်ကို ရောင်းချပါက သူ့အတွက် နောက်ထပ် ငွေရပေါက် တစ်ခု ဖြစ်မည်ပင်။ ကားရောင်းချမှု ငွေပမာဏသည်လည်း အလွန်အမင်းများပြားလာမည် ဖြစ်သည်။
သို့သော် ယခုတွင်မူ ကီရီလန်ကိုသည် ငွေပြတ်လတ်ခြင်းမျိုး မရှိတော့ပေ။ အကယ်၍ သူ့အဖေ၏ အဆက်အသွယ်ကို အသုံးချပါက သူ့ကို သက်ရောက်မှု ရှိမည်လော။ သူ့အဖေ၏ နာမည်ကို အသုံးပြုပြီး စစ်တပ်ကို ရောင်းချပါက အခြားသူများက မည်ကဲ့သို့ တွေးမည်လော။
သို့သော် ကီရီလန်ကို၏ အဖေသည် ယခုလက်ရှိတွင် ထောက်ပံ့ရေး၏ အဓိက တာဝန်ရှိသူ မဟုတ်တော့ပေ။ ထောက်ပို့တွင် သူ၏ လွှမ်းမိုးနိုင်မှုသည် အရင်ကကဲ့သို့ အင်အားရှိလိမ့်မည် မဟုတ်ပေ။ ကီရီလန်ကိုအနေဖြင့် ယခုလက်ရှိ တာဝန်ခံကို စစ်တပ်တွင် ကားရောင်းချခြင်းတွင် အပြန်အလှန်အနေဖြင့် အကျိုးအမြတ်အချို့ကို ပေးနိုင်သည်ပင်။ သူ့အဖေသည် သက်ရောက်မှုများ ရှိလိမ့်မည် မဟုတ်ချေ။
ကီရီလန်ကိုသည် အကျိုးအမြတ်များကြောင့် မှင်သက်နေမိသည်။ အကယ်၍ ရုရှားစစ်တပ်သာ ထိုကားများကို ဝယ်ယူပါက အစီးရေ တစ်သောင်းကျော်မည်ပင်။ သူသည် စစ်တပ်သည် စစ်ဖက်ဆိုင်ရာ ပစ္စည်းများကို လဲလှယ်မည်ဟူသော သတင်းကို ရရှိခဲ့ပြီး ဖြစ်သည်။ ထိုစာရင်းတွင် ကားများသည်လည်း အပါအဝင် ဖြစ်၏။ အကယ်၍ ကီရီလန်ကိုသာ စစ်ဖက်ဆိုင်ရာ ကားများ၏ ထောက်ပံ့သူ ဖြစ်ပါက သူတို့၏ အကျိုးအမြတ်သည် အမေရိကန်ဒေါ်လာ သန်းတစ်ရာ ကျော်မည် ဖြစ်သည်။
အမေရိကန်ဒေါ်လာ သန်းတစ်ရာဟူသော အကျိုးအမြတ်ပမာဏသည်ကီရီလန်ကိုအား အမှန်တကယ် မှင်သက် အားကျစေပေသည်။
“ဖုန်း မင်းရဲ့ ကားတွေမှာ ဘာပြဿနာမှ မရှိတာ အာမခံလား။”
“ကျွန်တော် တစ်ရာ ရာခိုင်နှုန်းတော့ အာမမခံဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့ ကားတွေကလည်း ဒီဟာတွေကို အာမခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ အစ်ကိုက ကျွန်တော်တို့ ယဉ်တွေရဲ့ အရည်အသွေးကို စစ်ဆေးပြီးပြီလေ။ ကျွန်တော်အနေနဲ့ ယုံကြည်တာကတော့ ကျွန်တော်တို့ရဲ့ ယဉ်တွေက ကျွန်တော်တို့ စစ်တပ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ်လို့တော့ ထင်တယ်။ ဒီအပေးအယူကနေပြီးတော့ အကျိုးအမြတ်တွေကြောင့်လို့တော့ မပြောနဲ့နော်။”
အကယ်၍ ရုရှားစစ်တပ်သာ စုန့်ကျန်းကားများကို အသုံးပြုပါက တရုတ်နိုင်ငံအနေဖြင့်လည်း နိုင်ငံခြား ထုတ်ကားများကို အသုံးပြုရန် လိုအပ်လိမ့်မည်လော။ ဖုန်းယွီအနေဖြင့် ထိုဥပမာကိုပြပြီး တရုတ်နိုင်ငံ၏ စစ်တပ်ကို လမ်းကြမ်းမောင်း ယဉ်များကို ရောင်းချနိုင်ပေသည်။
“ဖုန်း ငါ ဒီအကြောင်းကို စဉ်းစားလိုက်ဦးမယ်။ ဆုံးဖြတ်ချက်ချပြီးမှ ငါမင်းကို ပြန်ပြောမယ်”
“ကိစ္စမရှိဘူး။”
ဖုန်းယွီက ပြုံးလိုက်သည်။ သူ့အနေဖြင့် ကီရီလန်ကို၏ မျက်လုံးထဲတွင် ဒေါ်လာဂဏန်းများကို မြင်နေသည်ဟု ပြောနိုင်ပေ၏။