← Chapters

လူကြီးဟို စစ်တပ်မှာ မိတ်ဆွေရှိလား။

Vol. 31 Ch. 455

လူကြီးဟို စစ်တပ်မှာ မိတ်ဆွေရှိလား။

Vol. 31 Ch. 455

ကီရီလန်ကိုနှင့် သူ့အသင်းကို လိုက်ပို့ပေးပြီးနောက် ဖုန်းယွီသည် ဘေကျင်းကို မပြန်သေးပေ။ ထိုအစား သူသည် လေယဉ်ထုတ်လုပ်သည့် စက်ရုံကို သွားလိုက်သည်။

“အို မန်နေဂျာဖုန်း ဘာလို့ ဒီမှာ ရောက်နေရတာလဲ။ အခု ဘေကျင်းတက္ကသိုလ်မှာ ရှိရမှာ မဟုတ်ဘူးလား”

ဟိုဟိုက်ထောင်က ပြုံးလျက်သား ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားစီ မလာရတာ ကြာပြီလေ။ ကျွန်တော် ခင်ဗျားရဲ့ လက်ဖက်ရည်ကိုလည်း လွမ်းနေပြီ”

ဖုန်းယွီသည် ဟိုဟိုက်ထောင်၏ မသိချင်ယောင်ဆောင်မှုအတွက် ကျိန်ဆဲမိသည်။ ငါက ဘင်းမြို့တော်မှာ ရောက်နေတာ ရက်အနည်းငယ်တောင် ရှိပြီ။ မင်းက ငါ့အကြောင်း မသိဘူးလို့ ဟန်ဆောင်နေတာပေါ့။

“ဒီရုရှားစီးကရက်က ကျွန်တော်ရဲ့ မိတ်ဆွေ ပေးထားတာ။ ကျွန်တော်တို့ ပြည်တွင်းက စီးကရက် အရသာ ဘယ်လိုကွာလဲဆိုတာကို စမ်းကြည့်ပေါ့။”

“အို အများကြီး ကျေးဇူးတင်တပါတယ်။ ရှောင်စွန်း ငါ့ရဲ့ အကောင်းဆုံး လက်ဖက်ခြောက်ကို ယူပြီးတော့ မန်နေဂျာဖုန်းအတွက် လက်ဖက်ရည် တစ်ခွက် လုပ်ခဲ့”

ဟိုဟိုက်ထောင်သည် သူ့အတွင်းရေးမှူးကို ညွှန်ကြားချက် ပေးပြီးနောက် ဘာမှ ပြန်မပြောချေ။ သူက ပြုံးကာ ဖုန်းယွီကို ကြည့်လိုက်သည်။ ဖုန်းယွီသည် တခြားသူကို လက်ဆောင်ပေးသည့်အခါ အခြားသော ရည်ရွယ်ချက်ရှိ၏။ ကမ္ဘာပေါ်တွင် အလကားရသည့် အရာမည်သည့်အရာမှ မရှိပေ။ ထိုစကားပုံကို ဟိုးယခင် နှစ်များစွာကတည်းက ပြောခဲ့ခြင်း ဖြစ်သည်။

ဖုန်းယွီကို ကောက်ကျစ်စဉ်းလဲသော ဝံပုလွေတစ်ကောင်ဟု စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။ ဟိုဟိုက်ထောင်သည် ဖုန်းယွီ သူ့ထံမှ တခုခု အလိုရှိကြောင်းကို သိပေသည်။ သို့သော် သူသည် ပထမဆုံး ပြောရန်ကိုတော့ ငြင်းဆိုပေသည်.

ယင်းက သူတို့နှစ်ယောက်မည်သူ ပိုပြီး သည်းခံနိုင်မည်ဆိုသည်ကို စမ်းသပ်သည့် အရာပင် ဖြစ်သည်။

ဖုန်းယွီသည်လည်း ဆိတ်ဆိတ်တာနေပြီး သူ့လက်ဖက်ရည်ကိုသာ သောက်သုံးနေ၏။ သူသည် သူ့လက်ဖက်ရည်ကို ကျေနပ်စွာဖြင် သောက်သုံးနေ၏။ သို့သေ် ဟိုဟိုက်ထောင် သူ့ဆေးပြင်းလိပ်ကို မီးညှိုလိုက်သည့်အခါ သူ့၏ သည်းခံခြင်းကျရှုံးပြီး ဖြစ်ကြောင်း သိလိုက်ရသည်။

ဟိုဟိုက်ထောင်က ဘယ်ကတည်းက ဆေးပြင်းလိပ်တွေ သောက်နေတာလဲ။ ဒီ ဆေးပြင်းလိပ်တွေက ဘယ်က လာတာလဲ။ ဘင်းမြို့တော်မှာ ဆေးပြင်းလိပ်ရောင်းတဲ့ဆိုင် များများစားစား မရှိဘူး။ ဒီဆေးပြင်းလိပ် ကုန်ဖို့က အနည်းဆုံး နာရီဝက် ကြာမှာ။ ပြီးတော့ ဆေးလိပ်နံ့ကလည်း အရမ်းပြင်းတယ်။ မခံနိုင်ဘူး။ ဟိုဟိုက်ထောင်က ဖုန်းယွီကို ကိုယ့်ကိုယ်ကို ဟုတ်လှပြီ အထင်နှင့် မေးလိုက်သည်။

“မန်နေဂျာဖုန်း ဆေးပြင်းလိပ် သောက်ချင်လား။ ဒါကို ကျွန်တော် မိတ်ဆွေပေးထားတာ။”

“ဟွတ်.... ဒါရိုက်တူဟို ကျွန်တော် မသောက်တက်ဘူး... အမ်း... ကျွန်တော် ကြားတာက လေယဉ်ထုတ်လုပ်တဲ့ စက်ရုံက စစ်ဖက်ဆိုင်ရာပစ္စည်းတွေကို တပ်ဆင်တဲ့စက်ရုံအဖြစ် မကြာသေးခင်က ပြောင်းလိုက်တယ်လို့ ကျွန်တော်ကြားတယ်”

“မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စက်ရုံက အခု စက်ဖက်ဆိုင်ရာ စက်ရုံခွဲ တစ်ခုအဖြစ်လို့တော့ စဉ်းစားလို့ ရနိုင်တယ်။ ကျွန်တော်တို့တွေက ပြည်သူတွေအတွက် ထုတ်ကုန်တွေကို ထုတ်တုန်းပဲလေ။”

ဟိုဟိုက်ထောင်က ထိုအကြောင်းကို ပြောသည့်အခါ ပြုံးရွှင်နေ၏။ သူက ယင်းအတွက် ဂုဏ်ယူနေပေ၏။ သူသည် နောက်နှစ်တွင် ရာထူး တိုးသင့်သည်ပင်။

ယင်းက သူ့အိပ်မက် ဖြစ်သည်။ ဟိုဟိုက်ထောင်သည် နောက်ဆုံးတွင် သူ့အိပ်မက်ကို အကောင်ထည် ဖော်နိုင်တော့မည် ဖြစ်သည်။ သူသည် ဗိုလ်ချုပ်အဖြစ် ရာထူးတိုးခံရမည် ဖြစ်သည်။ သူသည် ဗိုလ်ချုပ်ကြီးကဲ့သို့ အကျိုးအမြတ်များနှင့် ထောက်ပံ့မှုများကို ရရှိသော်ငြား ရာထူးတော့ မရပေ။ ယခုလက်ရှိတွင် သူသည် ဗိုလ်ချုပ်ကြီး ဖြစ်တော့မည်ပင်။ လူများစွာအတွက် ယင်းရာထူးကို သူတို့ ဘဝတွင်တောင် ရောက်ရှိနိုင်ခြင်း မရှိပေ။

ဟိုဟိုက်ထောင်သည် သူ့အသက်တွင် ယခုကဲ့သို့ အခွင့်အရေးမျိုး ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။ ဖုန်းယွီသည် သူ့ရာထူးတိုးရာတွင် နေရာတစ်ခုမှ ပါဝင်ခဲ့သည်ဟု ပြောရပေလိမ့်မည်။ ဖုန်းယွီသည် လေယဉ်ထုတ်လုပ်သည့် စက်ရုံကို ငွေများရှာရန်အတွက် အခွင့်အရေးပေးခဲ့ကာ တရုတ်နိုင်ငံ၏ ပထမဆုံး လျှပ်စစ်သံရည်ကျိုစက်ကိုလည်း ရရှိအောင် ဆောင်ရါက်ပေးနိုင်ခဲ့ကာ သူတို့အတွက် လေယဉ်နည်းပညာများစွာကိုလည်း ဝယ်ယူပေးခဲ့သည်။ ထိုအကူအညီများက လေယဉ်ထုတ်လုပ်သည့် စက်ရုံကို တရုတ်နိုင်ငံတွင် အဆင့်မြင့်ဆုံး လေယဉ်ထုတ်လုပ်သူ ဖြစ်လာစေခဲ့သည်။

“ဒါရိုက်တာဟို ဒီအဓိပ္ပာယ်က ခင်ဗျားနဲ့ စစ်တပ်နဲ့ အဆက်အသွယ်ရှိတာကို ဆိုလိုချင်တာ မဟုတ်လား”

ဖုန်းယွီက မေးလိုက်သည်။

ဆေးပြင်းလိပ်ကို ကိုင်ထားသည့် ဟိုဟိုက်ထောင်၏ လက်သည် တုန်သွားကာ ဖုန်းယွီကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ ဒီကောင်စုတ်လေးက ဘာကို လိုချင်တာလဲ။ ဘာလို့ စစ်တပ်ကို မေးရတာလဲ။

“မန်နေဂျာဖုန်း ဘာလို့ချင်လို့လဲ။”

“ဒါရိုက်တာဟို ဘာလို့ အရမ်းစိတ်ပူနေရတာလဲ။ ကျွန်တော်က နိုင်ငံသားကောင်း တစ်ယောက်ပါ။ ကျွန်တော်က ဆိုးတာ တခုခု လုပ်မယ်လို့ တွေးနေတာလား။ ကျွန်တော် သိချင်တာက ဒါရိုက်တာဟိုနဲ့ စစ်တပ်နဲ့ တောင့်တင်းခိုင်မာတဲ့ အဆက်အသွယ် ရှိလားဆိုတာပါ။”

“ငါ့မှာ အဆက်အသွယ်အချို့ ရှိတယ်။ ဒါပေမဲ့ အဆက်သွယ်က တောင့်တင်းလားဆိုတာကတော့ ကိစ္စအရပ်ရပ်ပေါ် မူတည်တယ်။ မင်းဘာလိုချင်လဲဆိုတာကိုပဲ ပြော”

ဟိုဟိုက်ထောင်သည် စိတ်ထဲမှ ပျော်နေသည်။ သူသည် ရုရှားစီးကရက်ဘူးကို မထိရသေးသည့်အတွက် ဖြစ်သည်။ သူ့အနေဖြင့် စီးကရက်ဘူးကို ပြီးနောက် ဖုန်းယွီကို ပြန်ယူသွားကောင်း ယူကောင်းသွားနိုင်ပေသည်။

သို့သော် ဖုန်းယွီကို ကူညီရန် ငြင်းဆိုပါက ဖုန်းယွီသည် ထိုစီးကရက်ဘူးကို ပြန်ယူလိမ့်မည် မဟုတ်ပေ။ ဟိုဟိုက်ထောင်သည် အမှန်တကယ်တွင် ရုရှားစီးကရက် မည်ကဲ့သို့ အရသာရှိကြောင်း စမ်းသပ်ချင်ပေ၏။

“ကျွန်တော် မှတ်မိတာကတော့ ဘင်းမြို့တော်ကိုလာတဲ့ ဗိုလ်မှူးရှန်းနဲ့ အတော်လေး ရင်းနှီးသလိုပဲ။ သူက စစ်တပ်ရဲ့ အရာရှိလား”

ဖုန်းယွီက မေးလိုက်သည်။

“လူကြီးရှန်းလား။ ဘာလို့ သူ့ကို ရှာနေတာလဲ။”

ဟိုဟိုက်ထောင်က ဖုန်းယွီကို သံသယဖြင့် ကြည့်လိုက်သည်။ ဖုန်းယွီက လူကြီးရှန်း မကြာသေးခင်က ရာထူးတိုးတဲ့အကြောင်းကို ကြားလို့လား။

“ဘာမှ မဟုတ်ပါဘူး။ သူက စစ်တပ်ရဲ့ ဝယ်ယူခြင်းအပိုင်းမှာ ဆုံးဖြတ်ချက် ချနိုင်တဲ့သူလား သိချင်ရုံ့ပါ”

ဖုန်းယွီက နှာခေါင်းကို ပွတ်ကာ ပြောလိုက်သည်။

“ဟ.. စစ်ဖက်ဆိုင်ရာ ဝယ်ယူမှုလား။ မန်နေဂျာဖုန်းရဲ့ စီးပွားရေးက တော်တော်လေး အောင်မြင်နေတာပဲ။ ကျွန်တော်တို့ စစ်တပ်နဲ့ စီးပွားရေးလုပ်ဖို့ကို မတွေးသင့်ဘူး"

ဟိုဟိုက်ထောင်က ခေါင်းခါလိုက်သည်။ ဒီဖုန်းယွီက စစ်တပ်နဲ့ ဘာစီးပွားရေး လုပ်ချင်တာလဲ။ သူက မကျေနပ်နိုင်သေးဘူးလား”

“ဒါရိုက်တာဟို ဒါရိုက်တာက ကျွန်တော် စစ်တပ်ကို ဘာရောင်းမယ်လို့ တွေးနေတာလဲ။”

“မင်းတို့ကုမ္ပဏီရဲ့ ရေနွေးငွေ့စက် ပန်ကာ တွေပဲဖြစ်မှာပေါ့။ စစ်တပ်က အဲ့ပစ္စည်းတွေ မလိုအပ်ဘူး။ သူတို့တွေက စစ်သားတွေ။ ပင်ပန်းမှုဒဏ်ကို ခံနိုင်ရည်ရှိရမယ်”

ဟိုဟိုက်ထောင်ကက ဖုန်းယွီကို ကြည့်လိုက်သည်။ စစ်တပ်တွင်လည်း ဖုန်းယွီ၏ ပစ္စည်းများကို ဝယ်ယူရန်အတွက် လုံလောက်သည့် ဘတ်ဂျက်မရှိပေ။ ဖုန်းယွီသည် လျှပ်စစ်ပန်ကာကို ယွမ်ရာချီနှင့် ရောင်းနေသည်။ အမှန်တကယ် ထုတ်လုပ်မှုစရိတ် မည်မျှရှိကြောင်း သူသိပေ၏။

အတိတ်က လေယဉ်ထုတ်လုပ်သည့် စက်ရုံသည် ရှယ်ယာ အကျိုးအမြတ်များကို ရရှိခဲ့သည်။ ပြီးနောက် ဒလက်မဲ့ပန်ကာသည် အလွန်ဈေးကြီးသင့်သည်ဟု ခံစားခဲ့သည်။ သို့သော် သူရှယ်ယာများကို လက်လွှတ်ပြီးနောက် ထိုဈေးဖြင့် ရောင်းချခြင်းက အတော်ကို မိုက်မဲသည်ဟု တွေးမိသည်။

“ဘယ်သူက အဲ့ပစ္စည်းတွေ ရောင်းမယ်လို့ ပြောလို့လဲ။ ထပ်ပြောရမယ်ဆိုရင် ဘယ်သူမှစစ်တပ်မှ အဲ့ပစ္စည်းတွေကို မသုံးဘူး”

ဖုန်းယွီက ဟိုဟိုက်ထောင်ကို ကြည့်လိုက်သည်။ မင်းရုံးမှာ ရေနွေးငွေ့စက် မရှိလူးလား။ ငါ့ကို ဗိုလ်ချုပ်တွေရဲ့ ရုံးခန်းမှာ အဲ့လို ပစ္စည်းတွေ မရှိဘူးလို့ ငါ့ကို လာမပြောနဲ့.

“အဲ့တာဆို မင်းက ဘာရောင်းချင်တာလဲ။”

“ကား စက်ယန္တရားကုမ္ပဏီက ထုတ်လုပ်တဲ့ ကား။ လမ်းကြမ်းမောင်းကား”

ဟိုဟိုက်ထောင်က မျက်မှောင်ကျုံ့သွားသည်။ လမ်းကြမ်းမောင်းတဲ့လား။ စစ်တပ်သည် ယခုကဲ့သို့ ကားမျိုး လိုအပ်နေသည်ပင်။ သို့သော် သူသည် ယင်းအကြောင်းကိုတော့ ပြောလိမ့်မည် မဟုတ်ချေ။

“မန်နေဂျာဖုန်းက ကျွန်တော်ကို အများကြီး မျှော်လင့်နေတာပဲ။ တကယ်လို့ လေယဉ်နဲ့ ပတ်သက်တာဆိုရင် ကျွန်တော် ကူညီကောင်း ကူညီနိုင်သေးတယ်။ လူကြီးရှန်းကိုလည်း မေ့လိုက်တော့ သူလည်း မကူနိုင်ဘူး”

ဟိုဟိုက်ထောင်က စိတ်ထဲတွင် ပြောလိုက်၏။ မင်းက လူကြီးရှန်းကို သိလို့လား။ သူက ဘာလို့ မင်းကို ကူမှာလဲ။

“ဒါရိုက်တာဟို ကျွန်တော်တို့ သိတာ အတော်ကြာခဲ့ပြီ။ ကျွန်တော် ဘယ်တုန်းက ခင်ဗျားကို လိမ်ဖူးလို့လဲ။ ပြီးတော့ လေယဉ်ထုတ်လုပ်တဲ့ စက်ရုံရဲ့ အောင်မြင်မှုမှာ ကျွန်တော်လည်း ပါဝင်ခဲ့တာပဲ။ ခင်ဗျား အဲ့တာ သဘောတူတယ်မလား”

ဟိုဟိုက်ထောင်က နာကျင်သည့် ပုံစံဖြင့် ပြောလိုက်သည်။

“မန်နေဂျာဖုန်း ကျွန်တော် ဒီအပိုင်းမှာ တကယ် မကူညီနိုင်တာပါ။

“ဒါရိုက်တာဟို စက်ရုံက ထုတ်တဲ့ လေယဉ်တွေကို ဘယ်သူကို ရောင်းတာလဲ။ ကျွန်တော်ကို စစ်ဖက်ဆိုင်ရာ ဝယ်ယူရေးက တာဝန်ရှိတဲ့ သူကို မသိဘူးလို့တော့ မပြောနဲ့နော်။”

ဖုန်းယွီက မပျော်မရွှင်မေးလိုက်သည်။

“ငါတကယ် သူ့ကို မသိတာ။ ဒါပေမဲ့ ငါတို့တွေက ငါတို့ဖက်ကနေ လေယဉ်တွေိကို ရောင်းတာ မဟုတ်ဘူး။ အမှာစာတွေပေးတာကို ထုတ်လုပ်ပေးရတာ”

ဟိုဟိုက်ထောင်က ရှင်းပြလိုက်သည်။ စစ်ဖက်ဆိုင်ရာ ပစ္စည်းများအမှာစာများသည် ဟိုးယခင်က စီမံချက်စီးပွားရေးစနစ်က အတိုင်း ဖြစ်သည်။

“ဒါရိုက်တာဟို ကျွန်တော်ကို အဓိက တာဝန်ရှိသူနဲ့ တွေ့နိုင်အောင် လုပ်ပေး။ သူ့ကို ကျွန်တော်တို့ ကားတွေကို လာကြည့်ခိုင်း။ ကျွန်တော် လေယဉ်ထုတ်လုပ်တဲ့ စက်ရုံကို ဒီကိစ္စ အောင်မြင်မြင် မအောင်မြင်မြင် ယွမ် တစ်သန်းပေးမယ်။

ဖုန်းယွီက လက်တစ်ချောင်း ထောင်လိုက်သည်။

လေယဉ်ထုတ်လုပ်သည့် စက်ရုံသည် အရင်ကတည်းကအတိုင်း အတူတူမဟုတ်တော့ပေ။ ယွမ် တစ်သန်းသည် ဟိုဟိုက်ထောင်အတွက် ဘာမျှ မဟုတ်ပေ။ ပိုအရေးကြီးဆုံးကာ သူ့ရာထူးတိုးရာတွင် ကျွန်းမခံစေလိုပေ။

“မန်နေဂျာဖုန်း ကျွန်တော် အများကြီး မကူညီနိုင်လို့ပါ။ အများဆုံးတော့ ကျွန်တော် စကားတစ်ခွန်းပဲ ပြောပေးနိုင်မှာ သူဒီကို လာဖို့ကိုတော့ ကျွန်တော် မပြောနိုင်ဘူး"

“ယွမ် ၂သန်း ကျွန်တော် သူ့ကို တွေ့ဖို့ လိုလို့ပါ။ ကျွန်တော် သူ့ကို နားချနိုင်ပါတယ်”

ဖုန်းယွီက သူ့ကမ်းလှမ်းချက်ကို တိုးလိုက်သည်။

“တစ်ကြိမ်တည်း တွေ့ဆုံမှုပဲမလား"

“ကျွန်တော် တစ်ကြိမ်တည်းတော့ပြီး သူ့ကို ပြောမှာ”

“ကောင်းပြီ။ နှစ်သစ်ကူးပြီးတော့မှ လာခဲ့တော့။ ရှန်းမြို့တော်ကို ထိပ်ပိုင်း ခေါင်းဆောင်တွေ လာလိမ့်မယ်။ မင်းငါ့ကို ယွမ်၂သန်း ပေးမှာမလား”

ဟိုဟိုက်ထောင်က သဘောတူလိုက်သည်။

ချီး ငါ ယွမ် တစ်သန်း အလကားရှုံးသွားပြီ

“ကျွန်တော်ပြောတဲ့ ဒလက်မဲ့ပန်ကာ နည်းပညာက ဆံပင်ခြောက်စက် လုပ်လို့ရတာကိုမှတ်မိသေးလား။ စက်ရုံအတွက် မခက်ခဲဘူးဆိုရင် ကျွန်တော်ကို အဲ့ပစ္စည်းကို ထွင်ပေး။ ပြီးတော့ အဲ့နည်းပညာကို ယွမ် ၂သန်းနဲ့ဝယ်မယ်”

“သဘောတူတယ်”

All Chapters