အခန်း (၄၅၆)
Vol. 31 Ch. 456
“ဖုန်းယွီ မင်း ဒီရက်တွေမှာ ဘယ်တွေ သွားနေတာလဲ။ မင်းက ခွင့်တိုင်ပြီး ကျောင်းပျက်နေတာ။ မင်း ဘွဲ့မလိုချင်တော့ဘူးလား”
ကျောင်းအတိုင်ပင်ခံက ဖုန်းယွီကို စိုက်ကြည့်လိုက်သည်။ ဒီကျောင်းသားကို တိုင်တွယ်ဖို့က ခက်ခဲတယ်။
“ဆရာ ကျွန်တော် စာလေ့လာဖို့ မမေ့ပါဘူး။ ကျွန်တော် အတန်းအားလုံးကို လိုက်နိုင်ပါတယ်။ ပြီးတော့ ကျွန်တော် အရေးကြီးတဲ့ ကိစ္စတခုခု လုပ်နေလို့ပါ။ ကျွန်တော်က ပြန်ပြီးတော့ ကျောင်းရဲ့ သုတေသန ရန်ပုံငွေတွေ ပိုရှာနိုင်ဖို့ လုပ်နေတာပါ။”
ဖုန်းယွီက သူ့ သုံးနေကျ အကွက်ကိုသာ သုံးလိုက်သည်။ ငါက ကျောင်းအတွက် ရန်ပုံငွေ ရှာဖို့အတွက် ပြန်သွားတာ။ ငါ့ကို လာပြီး အပြစ်ပေးရဲမှာလာ။ တကယ်လို့ ငါအပြစ်ခံရရင် ငါ့ဆီကနေ ရန်ပုံငွေကို စောင့်နေတဲ့ ပါမောက္ခတွေရဲ့ တံတွေးတွေနဲ့ မင်းကို အောက်ဆုံးရောက်အောင် ဆွဲချသွားလိမ့်မယ်”
“မင်းက အကြိမ်တိုင်း အကြောင်းပြချက် အတူတူပဲ သုံးနေတာ။ မင်း ဒီနှစ်အတွက် ထောက်ခံစာ ကောင်းကောင်း ရဖို့ကိစ္စကို မေ့ထားလို့ရပါပြီ”
ဖုန်းယွီက သူ့ပခုံးတွန့်လိုက်သည်။ ဘယ်သူက ထောက်ခံစာကို ဂရုစိုက်နေလို့လဲ။ ထောက်ခံစာက စကေားလားရှစ်နဲ့ အလုပ်လျှောက်ဖို့အတွက်ပဲ သုံးတာ။အခြား သုံးစရာ ဘာမှ မရှိဘူး။ မင်းက ငါ့ကို စကောလားရှစ်ရဖို့ ဂရုစိုက်နေတယ်လို့ ပြီးတော့ ငါဘွဲ့ရမှ အလုပ်ကောင်းကောင်း ရမယ်လို့ တွေးနေတာလား။
အာ..
ကျောင်းအတိုင်ပင်ခံက ဖုန်းယွီကို ဘာမှ မပြောနိုင်သည့်အတွက် ပိုပြီး ဒေါသထသါားကာ။
“မင်းအနေနဲ့ ဒီနှစ် ငါ့ရဲ့ အတန်းမှာ မင်း အောင်ရုံပဲ အမှတ်ရမယ်။
ဟ
အောင်ရုံပဲ တော်ပြီပေါ့။ သူက ဘာများ လိုချင်သေးတာလား။ “အသက်ခြောက်ဆယ်မှ ဂုဏ်ပြုမှာလား”ဆိုတာကို သူမကြားဖူးဘူးလား။ကောင်းပြီလေ။ အခုလက်ရှိတော့ ဘေကျင်းတက္ကသိုလ်မှာ အခုလိုမျိုး မပြောကြသေးဘူး။ သို့သော် ဖုန်းယွီက နောင်အနာဂတ်တွင် သူ့အတွက် အသုံးဝင်မည့် ဘာသာရပ်များဟု ဖုန်းယွီ ခံစားမိသည်။ သူ့အနေဖြင့် အားထုတ်ရမည်ပင်။ အခြားသော ဘာသာများအတွက် အောင်ရုံနှင့် လုံလောက်ပြီ ဖြစ်သည်။
ဖုန်းယွီသည် ဘေးကို တချက် ကြည့်လိုက်သည့်အခါ တယောက်မှ ရှိမနေသည်ကို တွေ့လိုက်ရသည်။ ပြီးနောက် သူသည် လွယ်အိတ်ထဲမှ ပြင်ဆင်ထားသည့် စာအုပ်ကို ထုတ်လိုက်သည်။ ယင်းစာအုပ်သည် တရုတ်နိုင်ငံတွင် ဝယ်ယူ၍ မရနိုင်ပေ။
“ဆရာ။ ဒီစာအုပ်ကို ရှာနေတယ်လို့ ကျွန်တော်ကြားတယ်။ ကျွန်တော် မိတ်ဆွေ တစ်ယောက်က ဒီစာအုပ်ကို ကျွန်တော်ကို ပေးရုံတင် ပေးထားတာ။ ကျွန်တော် ဒီစာအုပ်ကို နားမလည်ဘူး။ ဒါကြောင့် ဆရာပဲ ယူလိုက်ပါ။"
“ဒီစာအုပ်က ဘယ်လောက်လဲ။”
ကျောင်းအတိုင်ပင်ခံက သူ့အိပ်ကပ်ထဲကို လက်နှိုက်လိုက်သည်။ အချိန် အတော်ကြာ ရှာပြီးနောက် သူ့တွင် ပိုက်ဆံ ပါမလာချေ။ သူသည် ထမင်းစာလက်မှတ်အချို့ကိုသာ တွေ့၏။ ထိုအရာများက သူ ဖုန်းယွီကို ပေးချင်သည့် အရာမဟုတ်ပေ။ အကြောင်းမှာ သူ့ဇနီးက သူ့အသုံးစရိတ်ကို ထိန်းချုပ်ထားသည်။ သူ့တွင် ပိုက်ဆံသာ ရှိပါက စာအုပ် အကုန် ဝယ်လိုက်မည်ကို သူ့ဇနီးသိပေ၏။
“ကျွန်တော်က ဒီစာအုပ်တွေနဲ့ ဘာမှ အသုံးချလို့မရတာ။ ကျွန်တော် ဆရာဆီက ဘာလို့ ငွေယူရမှာလဲ။”
“ဒါက... မဟုတ်သေးဘူးလေ။”
ကျောင်းအတိုင်ပင်ခံက ပြန်ပြော၏။သို့သော် သူသည် ထိုစာအုပ်အား တင်းတင်းကြပ်ကြပ် ကိုင်ထားဆဲ ဖြစ်သည်။ သူသည် ယင်းစာအုပ်ကို အချိန် အတော်ကြာ ကြည့်နေ၏။ ဖုန်းယွီ ထိုစာအုပ်များကို မည်သည့် နေရာက ရမှန်း မသိပေ။
“ကိစ္စမရှိပါဘူး။ စာအုပ်ဆိုတာ တန်ဖိုးထားတဲ့ သူရဲ့ လက်ထဲမှာပဲ ရှိရမှာပေါ့။ အမ်....ဆရာ ဘာပြောစရာမှ မရှိတော့ဘူးဆိုရင် ကျွန်တော် သွားလိုက်ပါဦးမယ်။ ကျွန်တော် ဒီနေ့လည်မှာ အတန်းရှိသေးတယ်။”
ဖုန်းယွီသည် ရုံးခန်းထဲမှ ထွက်သွားခဲ့သည်။ ဘေကျင်းတက္ကသိုလ်မှာ ရှိတဲ့ ဆရာတွေက လက်ဆောင် လက်မခံဘူးလို့ ဘယ်သူက ပြောတာလဲ။ ဘယ်လောက်ပဲ မြင့်မြတ်ပြီး ဂုဏ်သိက္ခာရှိတဲ့ သူပဲ ဖြစ်ဖြစ် အားနည်းချက်ကတော့ ရှိမြဲပဲ။ အဲ့တာကို ရှာနိုင်ဖို့ပဲ လိုတယ်။
ယင်းအကြောင်းပြချက်ကြောင့် ဖုန်းယွီသည် အတန်းပျက်ရဲပြီး စာမေးပွဲ ကျမှာကို စိုးရိမ်ခြင်း မဟုတ်ပေ။
ဖုန်းယွီသည် တစ်နေ့စာ အတန်းများကို တက်ပြီးနောက် ပိတ်ရက် ရောက်လာခဲ့သည်။ ဖုန်းယွီသည် ဘင်းမြို့တော်၏ စားစရာများနှင့်အတူ ဘေကျင်းပညာရေး တက္ကသိုလ်ကို သွားခဲ့သည်။ ထျန်လေ့သည်လည်း သူ့နောက်မှ လူကြုံလိုက်လာခဲ့သည်။
ဖုန်းယွီသည်လည်း သူ့ကားမောင်းစဉ် စကားပြောရန် တစ်ယောက်ယောက်ကို ခေါ်ထားချင်သည်။ ထျန်လေ့သည် သူ့ကို မည်သည့် တောင်းဆိုချက်မျှ မတေင်းပေ။ပြီးနောက် သူ့တို့ ရောက်သည့် နေရာတွင် ထွက်သွားသည်။ ထျန်လေ့သည် ဆေးလိပ်သောက်သူ ဖြစ်သည်။ သို့သော် ဖုန်းယွီ ဆေးလောက်သောက်ခြင်းကို မနှစ်သက်သည့်အတွက် သူ့ကားထဲတွင် မသောက်ပေ။ ဖုန်းယွီက သူ့အပြုအမူများကို အလွန်လေးစားသည်။
ဘေကျင်းပညာရေးတက္ကသိုလ်တွင် ဖုန်းယွီသည် သူ့ကားကို ပါကင်တွင် ထိုးလိုက်ပြီး။
“ဒီနေ့ နေ့လည်ခင်း ပြန်မှာမလား။”
“ပြန်မှာ။”
“ကောင်းပြီ။ ငါလည်း ဒီနေ့ နေ့လည် ၂နာရီလောက် ပြန်မှာ။ တကယ်လို့ မင်းလည်း အဲ့အချိန်ကျ ပြန်မယ်ဆိုရင် ငါမင်းကို လမ်းကြုံခေါ်လိုက်မယ်လေ။”
ဖုန်းယွီက ပြောလိုက်သည်။
“အဲ့တာဆိုရင် ဒီနေ့ နေ့လည်ပိုင်းမင်းအားလား။ ဒါကောင်းတာပဲ။ ငါ နေ့လည်ခင်းကျ မင်းအကူအညီ လိုတယ်။”
ထျန်လေ့က အပျော်လွန်သွားသည်။
လီနနှင့် သူ့အခန်းဖော် ချင်ချင်သည် သူတို့ အိပ်ဆောင်မှ အတူတူ ထွက်လာကြသည်။ သူတို့သည် အချင်းချင်း နှုတ်ဆက်လိုက်ကြပြီးနောက် နှစ်တွဲစလုံး မတူညီသည့် နေရာများကို ထွက်သွားကြသည်။
“ဘင်းမြို့တော်က ဝက်အူချောင်း အနီ ဝယ်လာခဲ့တယ်။ ပြီးမှပဲ ပေးတော့မယ်”
ဖုန်းယွီက လီန၏ ဆံပင်ကို နားရွက်အနောက်ပို့စဉ် ပြောလိုက်သည်။
လီနက ချိုသာသည့် အပြုံးပြုံးလိုက်သည်။ သူမသည် ပြီးခဲ့သည့်အခေါက်က ပုံမှန်အတိုင်းသာ ပြောခဲ့ကာ ဖုန်းယွီက သူ့အတွက် ဝက်အူချောင်းအနီကို ယူလာခဲ့သည်။ သူမသည် ပျော်ရွှင်ကျေနပ်မှုကို ခံစားနေရသည်။
“ဒီရက်တွေမှာ နင်အရမ်းပင်ပန်းတာပဲ။ ကူညီဖို့အတွက် လူခေါ်မယ်ဆိုတာ မခေါ်ရသေးဘူးလား။”
လီနက မေးလိုက်သည်။
“တစ်ယောက်ယောက်ကို ရှာခိုင်းထားတယ်။ အလျင်မလိုပါဘူး။”
ဖုန်းယွီသည် အလျင်မလိုပေ။
သူခေါဘ်မည့် သူသည် အတွေ့အကြုံရှိပြီး တော်ရပေမည်။ ဘာမှမလုပ်တက်သည့် သူအား ငှားရမ်းပါက အသုံးဝင်လိမ့်မည် မဟုတ်ပေ။
ဖုန်းယွီတွင် ဝန်ထမ်းများစွာ ရှိသည်။ သို့သော် ခမဲသာမာစောသည် အတော်ဆုံး ဖြစ်သည်။ သူသည် စီမံခန့်ခွဲရေးနှင့် ပတ်သက်ပြီး အတွေ့အကြုံများစွာ ရှိသည်။ ပြီးနောက် သူသည် နိုင်ငံခြား ဘာသာစကား အနည်းငယ် တက်ေသေးသည်။ သူ့ကုမ္ပဏီကို ကောင်းမွန်စွာ လည်ပတ်နိုင်ပေသည်။ခမဲသာမာစောသည် ဖုန်းယွီ၏ ရင်းနှီးမြှပ်နှံမှုကို အဆများစွာ တိုးတက်အောင် လုပ်ဆောင်ခဲ့ပြီဖြစ်သည်။
ဖုန်းယွီအနေဖြင့် ခမဲသာမာစောသည် အလွန် စွမ်းဆောင်ရည်ရှိသည်ဟု မမျှော်လင့်ခဲ့ဖူးပေ။ ယခုလက်ရှိတွင် သူသည် ဂျပန်၏ အကြီးဆုံး လိင်ဖျော်ဖြေရေး အရုပ် အကြီးဆုံး ထုတ်လုပ်သူ ဖြစ်သည်။ သူ့အနေဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံး လိင်ဖျော်ဖြေရေး အရုပ် ထုတ်လုပ်သူတောင် ဖြစ်လာနိုင်ပေသည်။
ကျန်သည့် သူ့ထုတ်ကုန်များသည်လည်း ရောင်းအား ကောင်းပေသည်။ ဖုန်းယွီသည် တခုခုကို သာမန်အတိုင်းသာ ပြောလိုက်သည်။ ပြီးနောက် ခမဲသာမာစောသည် သူ့အတွေးအတိုင်းလိုက်ပြီး ထုတ်ကုန်အသစ်ကို တီထွင်ခဲ့သည်။ ယခုလက်ရှိတွင် သူ့ကုမ္ပဏီတွင် ထုတ်ကုန်များစွာ ရှိနေပြီ ဖြစ်သည်။ ပြီးနောက် သူတို့ အကုန်လုံးသည် ရောင်းအား ကောင်းပေ၏။
အာရုံခြောက်ပါးကုမ္ပဏီသည် ဂျပန်တွင်သာ နာမည်ကြီးသည်မဟုတ် အရှေ့တောင်အာရု နိုင်ငံအများစုတွင်လည်း နာမည် ကြီးပေ၏။
ယခုအတိုင်းသာ ဆက်လက်တိုးတက်ပါက ၁၀နှစ် အချိန်မယူရသေးခင် ဈေးကွက်ခေါင်းဆောင် ဖြစ်လာမည်ပင်။
ပထမဆုံးအနေဖြင့် ခမဲသာမာစောသည်၏ အိမ်မက်သည် လိင်ဖျော်ဖြေရေး အရုပ်များကို ရောင်းချရန် ဖြစ်သည်။ ယင်းက သူ့မိသားစု စီးပွားရေး လုပ်ငန်းဟု စဉ်းစား၍ ရနိုင်ပေသည်။ ထပ်ပြောရပါက ဖုန်းယွီသည် ခမဲသာမာစောအနေဖြင့် လိင်ဖျော်ဖြေရေး အရုပ်မဟုတ်သည့် အခြားသော ထုတ်ကုန်များကို သူ စီမံခန့်ခွဲနိုင်စွမ်း ရှိမရှိ မသိပေ။
ပြီးနောက် ခမဲသာမာစောသည် ဂျပန်လူမျိုး ဖြစ်သည်။ အကယ်၍ ဖုန်းယွီသာ သူ့ကုမ္ပဏီများကို စီမံခန့်ခွဲစေသည်ကို သူ့အဖေသိပါက ဖုန်းရှင်းထိုက် သူ့ကို အသေရိုက်မည် ဖြစ်သည်။
ကံကောင်းချင်တော့ ဖုန်းယွီက ဖူကွမ်းကျန်းကို နိုင်ငံပိုင်လုပ်ငန်းများနှင့် အစိုးရ အေဂျင်စီများမှ အရည်အချင်းရှိသည့် တစ်ယောက်ယောက်ကို ကူရှာပေးရန်အတွက် အကူညီတောင်းထားသည်။ ထိုခေတ်အခါက စွမ်းဆောင်ရည်ရှိသည့် လူများသည် အစိုးရအတွက် အလုပ်လုပ်ပေးနေသည်ကို ဖုန်းယွီ ဝန်ခံရပေမည်။ သူတို့ထဲမှ အချို့သည်နိုင်ငံပိုင် လုပ်ငန်းများတွင် လုပ်ကိုင်နေကြကာ အချို့သူများက နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ကြသည်။ လက်တစ်ဆုပ်စာ လူများသာ သူတို့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
လူတန်းစား လေးခုမှလွဲပြီး ကျန်သည့် သူဌေးများသည် မည်သည့် နေရာတွင် ရှိမည်နည်း။ ကျန်သည့် သူအများစုသည် သူ့တို့ကိုသူ မရောင်းနိုင်သည့်အတွက် သူဌေးဟု မစဉ်းစားနိုင်ပေ။ သူတို့ကို စွမ်းဆောင်ရည်ရှိသည့် သူများဟုသာ စဉ်းစား၍ ရနိုင်ပေသည်။
“အို... ကျောင်းရဲ့ နှစ်သစ်ဂုဏ်ပြုပွဲမှာ တင်ဆက်မှု တစ်ခု လုပ်မှာမလား။ ဘယ်လိုလဲ။”
“ပြင်ဆင်မှုကတော့ တော်တော်အဆင်ပြေတယ်။ လက်သင်္ကေတဘာသာစကားက သင်ရတာခက်ပေမဲ့ ငါတို့က အချက်ပြတာ နည်းနည်းပဲ သင်ရတာဆိုတော့ အရမ်းတော့ မခက်ဘူး။”’
လီနက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
လီနနှင့် အခြားသော အခန်းဖော် နှစ်ယောက်သည် Little Tigers’ ၏ သီချင်းကို ဖျော်ဖြေကြမည် ဖြစ်သည်။ သူတို့သည် ထိုသီချင်းကို သီဆိုလိမ့်မည်မဟုတ် လက်သင်္ကေတဘာသာစကား သုံးကာ ဖျော်ဖြေကြမည် ဖြစ်သည်။ ဖျော်ဖြေသူ တစ်ယောက်သည် ချင်ချင် ဖြစ်သည်။ ထို့အတွက်ကြောင့် ထျန်လေ့ ယနေ့တွင် စောစောပြန်မှန်းသိပေ၏။
သူတို့ နှစ်ယောက်သား ကျောင်းတွင်း လမ်းလျှောက်ကြသည်။ ပြီးနောက် နေ့လည်စာကို စားသောက်ဆိုင်လေးတွင် စား၏။
သူတို့သည် ဖုန်းယွီ၏ ကားကို ပြန်သွားကြသည်။ ပြီးနောက် ဖုန်းယွီသည် လီနကို ကူညီပြီး ဘင်းမြို့တော်မှ အစားအစာများကို သူမအဆောင်ကို သယ်သွားပေး၏။ ပြီးနောက် သူမ ရီဟာဇယ်လုပ်မည့် နေရာကို လိုက်ပို့၏။
ချင်ချင်နှင့် အခြားသော ကောင်မလေးသည် ရောက်လာပြီ ဖြစ်သည်။ ဖုန်းယွီသည် သူတို့ လေ့ကျင့်နေသည်ကို တခဏကြာ ကြည့်ပြီးနောက် ထွက်သွားသည်။
“လောင်စစ် ဒီနေ့ နေ့လည် ငါ့မော်သွားမလို့ အတူ လိုက်ခဲ့ပေးမလား။ ငါတို့ ခုနက ဖြတ်ခဲ့တဲ့ မောလ်ပဲ။ မင်းက ကုန်သွယ်နေတာဆိုတော့ ပစ္စည်းအများစုရဲ့ ထုတ်လုပ်မှုစရိတ်ကို သိမှာပဲ။ ငါ့ကို ကူပြီး ဈေးညှိုနှိုင်းပေးမလား။”
ထျန်လေ့က မေးလိုက်သည်။
“ကိစ္စမရှိဘူး။”
ဖုန်းယွီက သဘောတူလိုက်သည်။ သူသည် ယခင်ကလည်း ဈေးညှိုရာတွင် မည်သည့်အခါမျှ ပင်ပန်းခြင်းမျိုး မရှိပေ။