ဒါကလည်း ငါ့ပစ္စည်းပဲ
Vol. 31 Ch. 457
“ဒီမှာလား။ ဒီမောလ်က ဘယ်အချိန်ဖွင့်မှာလဲ။”
ဖုန်းယွီက သူ့ကားကို လမ်းတစ်ဖက်တွင် ထိုးလိုက်ပြီးနောက် လူများစွာ၏ စိုက်ကြည့်ချင်းကို ခံလိုလက်ရသည်။ သူ့ကားအမှတ်တံဆိပ်ကို လူအများက သိကြသည့်အတွက်မဟုတ်ပေ။ အကြောင်းမှာ ထိုခေတ်အခါရှိလူများက ကားရှိသည့် လူများကို အားကျသည့်အတွက် ဖြစ်သည်။
ဖုန်းယွီသည် ခေါင်းမော့လိုက်ပြီးနောက် မောလ်ကို ကြည့်လိုက်သည်။ ထိုမော်က ကြီးပြီး ခေတ်မီ ကုန်ပဒေသာတိုက်ကြီးတစ်ခုနှင့် တူပေ၏။ သို့သော် ထိုခေတ်အခါက မောလ်အများစုသည် စုပေါင်းကုန်ပဒေသာတိုက်ကြီးများ ဖြစ်ကြပေသည်။ ပစ္စည်းအမျိုးအစား တစ်ခုတည်းကိုသာ ရောင်းလေ့ရှိသည့် မောလ်သည် အလွန်ရှားပေ၏။
“ဒီမောလ်မဟုတ်ဘူး။ ငါတို့တွေက နောက်က ဆိုင်ကို သွားမှာ”
ထျန်လေ့က ကားထဲမှ ထွက်ပြီးနောက် ဖုန်းယွီကို အနီးနားရှိ လမ်းဆီ ခေါ်သွားတော့၏။
ဂိုမီအီလက်ထရောနစ်လား။
ဖုန်းယွီ၏ မျက်လုံးများက ကျယ်သွားခဲ့၏။ တရုတ်မှာ အခု အမေရိကန်က ထုတ်ကုန်တွေ ရှိနေပြီလား။ ဒီအဓိပ္ပာယ်က ဟွမ်ကွမ်းယွီက သူ့ရဲ့ လက်ကားကွင်းဆက်ကို စတင်နေပြီလား။ ဖုန်းယွီသည် လေနှင့်မိုးအီလက်ထရောနစ်ကို နောက်နှစ်တွင် အီလက်ထရောက်နစ် လက်ကားဈေးကွက်ဆိုင်များအဖြစ် ဖွင့်ရန်ု ဆန္ဒရှိ၏။ သို့သော် ယခုလက်ရှိပုံအရ သူအလွန်နောက်ကျနေပြီး ဖြစ်သည်။
“အထဲဝင်ကြရအောင်။ ဘာလို့ ဝင်ပေါက်မှာပဲ ရပ်နေမှာလဲ။”
ထျန်လေ့က ဖုန်းယွီကို တွန်းလိုက်သည်။ ဘာလို့ ငေးနေတာလဲ။
“အာ... အထဲဝင်ပြီး တချက်ကြည့်ရအောင်။”
“ကြိုဆိုပါတယ်”
မိန်းကလေး အရောင်းဝန်ထမ်းများက သူတို့ ဆိုင်ထဲကို ဝင်လာသည့်အခိုက် သူတို့ကို ကြိုဆိုလိုက်ကြသည်။ ပြီးနောက် သူတို့ထဲမှ တစ်ယောက်က လမ်းလျှောက်လာသည်။ ကျန်သည့် သူများက ဝင်ပေါက်တွင် ဝယ်ယူသူများကို စောင့်ဆိုင်းနေကြသည်။
ဝိုး။ ဟွမ်ကွမ်းယွီက ဝယ်ယူသူဝန်ဆောင်မှု ပေးရမှာကို သိတာလား။
ဆိုင်မှ ဝန်ထမ်းများသည် ဝယ်ယူသူများကို အိမ်ကဲ့သို့သော ခံစားချက်မျိုးကို မပေးစွမ်းသော်ငြား သူတို့က ဝယ်ယူသူများကို ကြိိုဆိုသည်ဟူသာ ခံစားချက်ကို ပေးစွမ်း၏။ ဟမ်... တကယ်လို့ ဒီမိန်းကလေး အရောင်းဝန်ထမ်းတွေက အတူတူ “ဆရာတို့...ကြိုဆိုပါတယ်....”ဟုခေါ်ဆိုပါက ပိုကောင်းလိမ့်မယ်။”
“နားကြပ်ကပ်ဆက်တွေက ဘယ်မှာလဲ”
“ကျွန်မနောက်လိုက်ခဲ့ပါ။ ဒါက နားကြပ်ကပ်ဆက်ကောင်တာပါ။ တကယ်လို့ မေးစရာ မေးခွန်းရှိမယ်ဆိုရင် ကောင်တာမှာရှိတဲ့ ဝန်ထမ်းကို မေးလို့ရပါတယ်။ ကျွန်မတို့ဆိုင်မှာ ဝယ်ယူတဲ့အတွက် ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
အရောင်းဝန်ထမ်းမိန်းကလေးသည် သူတို့ကို ကောင်တာဆီ ပို့ပြီးနောက် ဝင်ပေါက်ဆီသို့ လျှောက်သွား၏။
ဖုန်းယွီက ဆိုင်ထဲရှိ ဝန်ထမ်းများအားလုံး ပြုံးနေသည်ကို တွေ့ပြီးနောက် သူတို့သည် စားသုံးသူဝန်ဆောင်မှုပေးရေး လေ့ကျင့်မှုကို ရရှိထားသည့်ပုံပေါ်ပေ၏။
ဟွမ်ကွမ်းယွီသည် တကယ်ပဲတော်တယ်။ သူ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလျံနာ တစ်ယောက် ဖြစ်လာတာ အံ့ဩစရာမရှိဘူး။
“ကျွန်တော်ကို အိုက်ဝ နားကြပ်ကပ်ဆက် ပြပေးပါ။”
ထျန်လေ့က အိုက်ဝ၏ အသစ်လွင်ဆုံး နားကြပ်ကပ်ဆက်ကို လက်ညှိုးထိုးလိုက်ကသည်။
ဟ.. ထျန်လေ့က နားကြပ်ကပ်ဆက် ဝယ်မလို့လား။
“မင်း သီချင်းနားထောင်တာ ရှားတယ်မဟုတ်လား”
ဖုန်းယွီက ဒီအတိုင်းသာ မေးလိုက်သည်။
“ငါက ချင်ချင်အတွက် ဝယ်မလို့လေ။ သူဒါကို သုံးပြီး အင်္ဂလိပ်စာ လေ့လာလို့ ရတာပေါ။”
ထျန်လေ့က ပြုံးလိုက်၏။
ထျန်လေ့က သူ့ကောင်မလေးအတွက် တကယ်ပဲ သုံးတော့မှာပေါ့။ ဒီမော်ဒယ်က နောက်ဆုံးမော်ဒယ်။ ပြီးတော့ အရင်မော်ဒယ်တွေထက် ပိုပြီး သေးတယ်။ ဒါက အထူးပါးလွှာတဲ့ စီးရီးထဲကပဲ။ ဒီနားကြပ်ကပ်ဆက်ရဲ့ ဈေးနှုန်းက သာမန်လူတစ်ယောက် တစ်ယောက်လစာနဲ့ အတူတူပဲ။
“လောင်စစ်။ လာပြီး စမ်းကြည့်လိုက်။ ဒီအသံအရည်အသွေးက ဘယ်လိုလဲ။”
ထျန်လေ့က ဖုန်းယွီဆီသို့ နားကြပ်ကမ်းလိုက်သည်။
ဖုန်းယွီက ထျန်လေ့ကို ကြည့်လိုက်သည်။ မင်းက အင်္ဂလိပ်စာ လေ့လာမှာကို အသံအရည်အသွေးကောင်းတာကို လိုသေးတာလား။
“အသံအရည်အသွေးက ကောင်းတယ်။ ဒါပေမဲ့ အကောင်းဆုံးလို့တော့ စဉ်းစားလို့ မရဘူး။ သာမန်ထက် ပိုကောင်းရုံပဲ။ ဒီမော်ဒယ်ရဲ့ ရောင်းတဲ့ အားသာချက်က အရွယ်အစားပဲ။ သေးပြီးတော လွယ်လွယ်ကူကူပဲ သယ်လို့ရတယ်။ အပြင်ပိုင်းကို သတ္တုနဲ့ လုပ်ထားတာကြောင့်မလို့ ပိုပြီး ခံတယ်။ ဒီမော်ဒယ်ရဲ့ အားနည်းချက်က မျက်နှာပြင်မပါတာနဲ့ ဘက်ထရီ မပါတာပဲ။”
ဖုန်းယွီက ထိုမော်ဒယ်၏ အားသာချက်နှင့် အားနည်းချက်များကို ပုံမှန်အတိုင်း ပြောလိုက်သည်။ ထျန်လေ့သာမက ကောင်တာရှိ ဝန်ထမ်းတောင် အံ့အားသင့်သွား၏။
ဒီလူငယ်လေးက အရမ်းကို ပရော်ဖက်ရှင်နယ် ကျတာပဲ။ သူကဒီမော်ဒယ်တခုကို ပိုင်ထားတာလား။”
“ဆရာ ဆရာ့ သူငယ်ချင်း ပြောတာမှန်ပါတယ်။ ဒါပေမဲ့ သူမပြောတာ တစ်ခု ရှိပါသေးတယ်။ ဒီနားကြပ်ကပ်စက်က အိုက်ဝရဲ့ နောက်ဆုံးပေါ်မော်ဒယ် ဖြစ်ပြီးတော့ အိုက်ဝဆိုတာက ကမ္ဘာအကြီးဆုံး နားကြပ်ကပ်ဆက် ကုမ္ပဏီပါ။ အာမခံ သုံးလပါပါတယ်။ ဝယ်ယူပြီး ခုနှစ်ရက်အတွင်း ပြဿနာ တခုခု ဖြစ်ရင် ပစ္စည်းချင်းလဲပေးပါတယ်။”
ရောင်းချပြီး ဝန်ဆောင်မှုသည် သံသယရှိသည့် ဝယ်ယူသူများကို စွဲဆောင်ရာ ရောက်ပေ၏။ ယင်းထုတ်ကုန်များသည် တန်ဖိုးကြီးပြီး အလွယ်တကူ ပျက်စီးသွားမည်ကို စိုးရိမ်ကျ၏။ သို့သော်ငြား အိုက်ဝ အမှတ်တံဆိပ် ဖြစ်သည့်အတွက် အရည်အသွေးပိုင်းနှင့် ပတ်သက်ပြီး မည်သည့် ပြစ်ချက်မျှရှိလိမ့်မည် မဟုတ်ပေ။
"ဈေးလျော့လို့ ရနိုင်ဦးမလား"
"ဆရာ ကျွန်မတို့ဆိုင်က တခွန်းဈေးပါ တခြားဆိုင်တေွထက် ဈေးလျော့ပြီးသားပါ။ ဆရာ့အနေနဲ့ တခြားဆိုင်တွေကို သွားမေးလို့ရပါတယ်။ ကျွန်မတို့အနေနဲ့ ဈေးလျော့လို့တော့ မရပါဘူးနော်။ ဒါပေမဲ့ ဓာတ်ခဲနှစ်လံုးကိုတော့ လက်ဆောင်အဖြစ် ထည့်ပေးလိုက်ပါမယ်။"
ဝယ်ယူမှုတိုင်းအတွက် ဓာတ်ခဲ အလကားတဲ့လား။ ဒါကို ဟွမ်ကွမ်းယွီက သတ်မှတ်တာပဲ။ ကောင်တာဝန်ထမ်း၏ ပြန်ကြားမှုပြီးနောက် ယင်းက ဝယ်ယူသူများကို အလွန်တန်သည်ဟုသော ခံစားချက်ကို ခံစားရစေသည်။
ထျန်လေ့က ဖုန်းယွီကို ကြည့်လိုက်သည်။ ပြီးနောက် ဖုန်းယွီက သူ့အား တိုးတိုးလေး ပြောလိုက်သည်။
“ဒီဈေးက တစ်မြို့လုံးမှာ ဈေးအချိုဆုံးပဲ။ တကယ်လို့ မင်းရက်အနည်းငယ် စောင့်နိုင်မယ်ဆိုရင် ဒီမော်ဒယ်အတွက် ငါမင်းကို ကူရှာပေးမယ်။ မင်းအနေနဲ့ နောက်ထပ် ယွမ် ၂၀လောက် ချွေတာနိုင်မှာ။”
ဂိုမီ အီလက်ထရောနစ်၏ ဈေးနှုန်းသည် အလွန်နည်းနေပြီး ဖြစ်သည်။အကြောင်းမှာ သူတို့သည် ဘေကျင်းဖြန့်ချီသူထံမှ အရေအတွက် ပမာဏကြီးကြီး မှာယူသည့်အတွက် ဖြစ်သည်။ ဖြန့်ချီသူအနေဖြင့် ဖြတ်သည့်အပိုင်း ရှိသော်ငြား ဂိုမီအီလက်ထရောနစ်သည် အခြားဆိုင်များထက် ပိုပြီး ဈေးချိုပေ၏။ အကယ်၍ သူတို့သည် အခြားသူများနှင့် အကျိုးအမြတ်ရာခိုင်နှုန်းကို အတူတူ ထားခဲ့လျှင်တောင် သူတို့၏ လက်လီဈေးနှုန်းသည် အနိမ့်ဆုံး ဖြစ်ပေလိမ့်မည်။
ထျန်လေ့က ဖုန်းယွီကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ ဖုန်းယွီက အိုက်ဝရဲ့ ဖြန့်ချီသူကို သိတာလား။ သို့သော် စဉ်းစားပြီးနောက် ထပ်မစောင့်နိုင်တော့ပေ။ သူက ချင်ချင်ကို မနက်ဖြန်တွင် နားကြပ်ကပ်ဆက် ပေးလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ အကယ်၍ သူသာ နှစ်ရက် စောင့်ခိုင်းပါက သူ့ကတိကို ချိုးဖောက်ရာ ကျပေလိမ့်မည်။
ဖုန်းယွီသည်လည်း ထျန်လေ့ကို နားကြပ်ကပ်ဆက်ပေးရန် တွေးမိသည်။အကယ်၍ သူသာ ထျန်လေ့ကို နားကြပ်ကပ်ဆက် ပေးလျှင် အဆောင်နေ တစ်ခန်းတည်း အတူနေသည့် သူများကိုလည်း ပေးရပေမည်။ ပြီးနောက် သူ့အတန်းဖော််များကို မည်သို့ ဖြစ်မည်နည်း။
ဖုန်းယွီက သူ့သူငယ်ချင်းများအား မပေးရန် ဆုံးဖြတ်ချက်ချထားသည်။ အကြောင်းမှာ သူနားကြပ်ကပ်ဆက် ဘယ်လောက်ပေးပေး မကောင်းသတင်း ဖြန့်သူအဖို့ သူ့မကောင်းကြောင်းကို ပြောမြဲ ပြောမည် ဖြစ်သည်။ ထပ်ပြောရပါက ထျန်လေ့၏ မိသားစုသည် အဆင်ပြေသည်ဟု ပြောနိုင်ပေ၏။ ကွမ်တုံးတွင် အလုပ်လုပ်နေသည့် သူ့အမစ်မ ရှိသည်။ သူ့လစာလည်း များပေ၏။
ဖုန်းယွီသည် ဘေကျင်းဖြန့်ချိသူကို သူ့အတွက် နားကြပ်ကပ်ဆက် တစ်လုံး ယူလာပေးရန် ဖုန်းမခေါ်ခဲ့ပေ။
ထျန်လေ့က နားကြပ်ကပ်ဆက်အတွက် ငွေချေပြီးနောက် သူတို့ ထွက်သွားကြသည်။ ဖုန်းယွီက ပြန်လှည့်လိုက်ပြီးနောက် ယင်းဆိုင်ကို တစ်ချက် ကြည့်လိုက်သည်။ သူ့က ဟွမ်ကွမ်းယွီကို ရှာပြီး ရင်းနှီးမြှပ်နှံ သင့်မသင့် စဉ်းစားလိုက်သည်။
နောက်နှစ်အတွက် ထိုက်ဟွကုန်သွယ်ရေး၏ ဖြန့်ချီသူများ လက်မှတ်ထိုးရမည့် အချိန်ရောက်လာပေမည်။ ဖုန်းယွီအနေဖြင့် ဂိုမီအီလက်ထရောနစ်ကို ဖြန့်ချီသူများထဲမှ တစ်ယောက် ဖြစ်လာအောင် လုပ်နိုင်ပေသည်။ ကျန်သည့် ဖြန့်ချီသူများသည် မော်တော်ဆိုင်ကယ်နှင့် ကားစာချုပ်များ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူတို့အတွက် အကျိုးသက်ရောက်မှု များများစားစား ရှိလိမ့်မည် မဟုတ်ပေ။ ဖုန်းယွီအနေဖြင့် ဘေကျင်းဖြန့်ချီသူနှင့်သာ စကားပြောရန် လိုအပ်ပေသည်။ ဂိုမီအီလက်ထရောနစ်၏ အရောင်းဆိုင်များသည် ဘေကျင်းတွင် အဓိက တည်ရှိသည့်အတွက် ဖြစ်သည်။
“မင်းက ဘာဝယ်ချင်သေးတာလဲ။”’
ဖုန်းယွီက ထျန်လေ့ကို တစ်ချက် ကြည့်လိုက်သည်။ ထျန်လေ့တွင် ပိုက်ဆံ များများစားစား မရှိပေ။ သူက ဘာဝယ်ချင်သေးတာလဲ။
“ငါဝယ်မှာမဟုတ်ဘူး။ တစ်ချက် ကြည့်မလို့။ ရာသီဥတုက အေးအေးလာတယ်။ဒါကြောင့် ငါက နှစ်သစ်ကူးပြီးမှ ဝယ်မှာ။”
ထျန်လေ့က ဘာအကြောင်းကို ပြောနေတာလဲ။ သူက အေးတဲ့ရာသီဥတုမှာ ဘာလုပ်မလို့လဲ။
ဖုန်းယွီက သူ့ခေါင်းမော့လိုက်ပြီးနောက် ဆိုင်းပုဒ်ကို ကြည့်လိုက်သည်။
စုန့်ကျန်း မော်တော်ဆိုင်ကယ် တရားဝင် အရောင်းကိုယ်စားလှယ်
ထျန်လေ့က မော်တော်ဆိုင်ကယ် ဝယ်မလို့လား။
“မင်းတို့နှစ်ယောက်က မော်တော်ဆိုင်ကယ်ကို ကြည့်နေတာလား။ လာပြီးကြည့်။ငါတို့ရဲ့ စုန့်ကျန်းမော်တော်ဆိုင်ကယ်က တရုတ်မှာ ရောင်းအားအကောင်းဆုံးပဲ။ မင်းတို့ စီးတဲ့အခါ စိတ်ကျေနပ်စေမှာ။ အခုလက်ရှိတော့ မော်ဒယ်နှစ်မျိုးရှိတယ်။ စုန့်ကျန်းပထမမျိုးဆက်ကို စုန့်ကျန်း ၁၂၅လို့ခေါ်တယ်။ ဒုတိယ မျိုးဆက်က စုန့်ကျန်း ၁၀၀လို့ခေါ်တယ်။ မင်းတို့အတွက် စုန့်ကျန်း၁၀၀ကို ပိုပြီး အကြံပေးတယ်။ နည်းနည်းနှေးပေမဲ့ ထောင်ချီချွေတာနိုင်တယ်။”
ဆိုင်ပိုင်ရှင်က မော်တော်ဆိုင်ကယ်များကို စတင် မိတ်ဆက်လိုက်ပြီးနောက် ဝယ်ယူသူများက အထဲကို ဝင်သွားသည်ကို တွေ့လိုက်ရသည်။
ဖုန်းယွီက ထျန်လေ့ကို ကြည့်လိုက်ကာ
“မင်းက အဲ့အမှတ်တံဆိပ်ကို ကြိုက်တာလား။”
“ကြိုက်တာပေါ့ကွ။ စုန့်ကျန်းမော်တော်ဆိုင်ကယ် ဘယ်လောက်လှလည်း ကြည့်လိုက်ဦး။ ဆိုင်းထိန်းစနစ်က တရုတ်မှာ အကောင်းဆုံးလို့ ငါကြားတယ်။”
ထျန်လေ့က ထိုမော်တော်ဆိုင်ကယ်များကို ကြည့်ရင်း သားရေကျလာခဲ့သည်။
“မင်းပြောတာ တကယ်မှန်တယ်။စုန့်ကျန်းရဲ့ ဆိုင်းထိန်းစနစ်တွေကို ဆိုဗီယက် ပြည်ထောင်စု နည်းပညာတွေကို အသုံးပြုထားတာ။ ကမ္ဘာပေါ်မှာ အဆင့်မြင့်ဆုံးထဲက တစ်ခုပဲ။
ဆိုင်ပိုင်ရှင်က ပြောလိုက်သည်။
ဖုန်းယွီကို နှာပွတ်လိုက်သည်။ ဒီထျန်လေ့က ငါဘာလုပ်တာကို သိသွားတာလား။ ဒီနေ့ကြည့်တဲ့ ပစ္စည်းတွေက ငါရဲ့ ပစ္စည်းတွေပဲ ဖြစ်နေရတာလဲ။
“မင်းဒီအမှတ်တံဆိပ်ကို ဝယ်မယ်ဆိုတာ အတည်လား။”
ဖုန်းယွီက ထျန်လေ့ကို ထပ်မေးလိုက်သည်။
“ငါအခုတော့ မဝယ်သေးဘူး။ ဒါပေမဲ့ နောက်နှစ်မေလမတိုင်ခင်တော့ ငါဝယ်မှာ ဘာလို့လဲ။”
ဖုန်းယွီက ထျန်လေ့နားတိုးကာ တိုးတိုးလေး ပြောလိုက်၏။
“ငါ့ကုမ္ပဏီက အဲ့အမှတ်တံဆိပ်ကို ရောင်းတာ။”
ဘာသာပြန်မှတ်စု ဟွမ်ကွမ်းယွီက တရုတ်အစိုးရရဲ့ ထောင်ချခဲ့တဲ့ တရုတ်ဘီလျံနာ တစ်ယောက်ပါ။