ဟ အဲ့ဒီလူက လာတာလား
Vol. 31 Ch. 458
ဒါကရော မင်းရဲ့ ကုမ္ပဏီကပဲ ရောင်းတာပဲလား
ထျန်လေ့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဖုန်းယွီအနေဖြင့် စီးပွားရေးလုပ်ငန်းများစွာ ရှိမှန်း သူသိပေသည်။ သို့သော်ငြား သူ့အနေဖြင့် သူ၏ စီးပွားရေးလုပ်ငန်းသည် ယခုကဲ့သို့ ကြီးမားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။
ယင်းစုန့်ကျန်း မော်တော်ဆိုင်ကယ်များသည် ယမန်နှစ်က အမျိုးသား အဆင့်ဆုအား နာမည်အကျော်ကြားဆုံး အမှတ်တံဆိပ် ရရှိခဲ့သည်။ ဆိုင်ပိုင်ရှင်ကလည်း တရုတ်နိုင်ငံအတွက် ရောင်းအားအကောင်းဆုံး အမှတ်တံဆိပ် ဖြစ်ကြောင်း ပြောခဲ့သည်။ ဒီမော်တော်ဆိုင်ကယ်ကို ဖုန်းယွီ ကုမ္ပဏီက ရောင်းတာလား။
ဖုန်းယွီက အိုက်ဝ၏ ဖြစ်စဥ်အတိုချုပ်ကို ပြန်ပြောသည်ကို ထျန်လေ့ တွေးလိုက်သည့်အခါ တစ်ခုခု သူ့စိတ်ထဲတွင် ပေါ်လာသည်။အိုက်ဝ နားကြပ်ကတ်စက်ကလည်း ဖုန်းယွီရဲ့ ကုမ္ပဏီပဲလား။
သို့သော် ထျန်လေ့က ဖုန်းယွီကို မမေးပေ။ ပြီးနောက် သူသည် နားကြပ်ကတ်စက်ကို ဝယ်ယူသည်။
“ကောင်းပြီ လောင်စစ် ငါနောက်နှစ်ကျရင် မော်တော်ဆိုင်ကယ် ဝယ်ရင် မင်းကို ပြောမယ်ကွာ ငါ့ကို လျှော့ဈေးပေး”
“ကိစ္စမရှိဘူး ငါ ဖြန့်ချီတဲ့ သူကို ပြောပြီးတော့ မင်းကို ထုတ်တဲ့ဈေးအတိုင်း ရောင်းချဖို့အတွက် ငါ ပြောလိုက်မယ်။”
စုန့်ကျန်းတစ်ရာ မော်တော်ဆိုင်ကယ်၏ ဈေးနှုန်းသည် ယွမ် ၅၀၀၀ခန့်သာ ဖြစ်ပြီး လက်လီဈေးနှုန်းသည် ယွမ် ၁၀၀၀၀ကျော်ရှိ၏။
….
နောက်တစ်နေ့တွင် ထျန်လေ့က ချင်ချင်ကို နားကြပ်ကတ်စက် ပေးရန် သွားရှာခဲ့သည်။ ဖုန်းယွီသည် လီနကို ခေါ်ပြီး သူ့အနေဖြင့် အဖွဲ့အစည်းသို့ သွားရောက်ကြည့်ရှုမည် ဖြစ်ကြောင်းကို ပြောခဲ့သည်။
ယခုနှစ် ဆုစာရင်း၏ ဆုရရှိသူများသည် ထွက်လာပြီ ဖြစ်သည်။ ယမန်နှစ်က ဆုချီးမြှင့်ပွဲ အခမ်းအနားသည် ပရိတ်သတ်များကြောင့် နာမည်ကျော်ကြားခဲ့သည်။ ယခုနှစ် ဆုချီးမြှင့်ပွဲသည်လည်း သေချာပေါက် အောင်မြင်လိမ့်မည်ပင်။
ယခုနှစ်တွင် မည်သည့်ကုမ္ပဏီမှ ပြဿနာ မဖန်တီးသည်ကို သိသည့်အတွက် ဖုန်းယွီ ဝမ်းသာနေသည်။ လူများစွာက ယင်းအစည်းအရုံးတွင် နောက်ခံကောင်းကောင်း ရှိမှန်း သိကြပေ၏။
“လူကြီးလီ ငန်းလေး ကုမ္ပဏီရဲ့ အချက်အလက်တွေကို ကျွန်တော့်ဆီ ယူလာပေး”
“အဲ့ဒါ မင်းရဲ့ စားပွဲပေါ်မှာ လဲ့ပိုင် ကုမ္ပဏီရဲ့ အချက်အလက်ကရော ဘယ်မှာလဲ ဘယ်သူက လာယူသွားတာလဲ ခုနကတင် ဒီမှာ ရှိနေသေးတာကို”
“အဲ့ဒါက ကြမ်းပြင်ပေါ်ကို ကျသွားတာ အဲ့ဒီ့အပေါိကို တက်မနင်းမိအောင် ဂရုစိုက်ဦး”
ဖုန်းယွီ အဖွဲ့အစည်းသို့ ရောက်သည့်အခါ ရှုပ်ပွသည်။ ယမန်နှစ်က ဖုန်းယွီက သူ့၏ အရင်ဘ၀တွင် မှတ်မိသည့် လွှမ်းမိုးနိုင်သည့် အမှတ်တံဆိပ်များနှင့် သူနှင့် ရင်းနှီးသည့် ကုမ္ပဏီများကို ဆုချီးမြှင့်ပေးခဲ့သည်။ သို့သော် ယခုနှစ်တွင် သူ့အနေဖြင့် ထပ်လုပ်၍ မရတော့ပေ။
တရုတ်နိုင်ငံတွင် ပြည်နယ်အဆင့်တွင်တောင် ကုမ္ပဏီ တစ်ခုအနေဖြင့် တစ်နှစ်ပြီး တစ်နှစ် ဆုရလေ့ထုံးစံ မရှိပေ။
အကြောင်းအရင်းမှာ ဒေသ အစိုးရက ထိုကုမ္ပဏီများကို အထူးအခွင့်အရေးများ ပေးထားသောကြောင့်ဖြစ်သည်။ ယင်းကား ပြည်နယ်၏ စီးပွားရေး လုပ်ငန်းများသည် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်း မရှိဟု ဖော်ပြခြင်း ဖြစ်ပေသည်။ အကယ်၍ တိုသို့သာဖြစ်ပါက မည်သည့်ကုမ္ပဏီကမှ ဆုလာယူကြမည် မဟုတ်ပေ။
လီမင်တက ဖုန်းယွီကို သူတို့အနေဖြင့် ယမန်နှစ်အတိုင်း ပြုလုပ်သင့်ကြောင်းပြောခဲ့သည်။
ဖုန်းယွီက အဖွဲ့အစည်းတွင် ပြောဆိုနိုင်သူ ဖြစ်သည်။ ပြီးနောက် ဆင်းရဲသား ကုမ္ပဏီ၏ ထုတ်ကုန်များသည်လည်း နောင်နှစ်တွင် ဆုများ ရနိုင်ပေသည်။
ဖုန်းယွီက တစ်ခဏကြာ တွေးလိုက်သည်။ တူညီသည့် ထုတ်ကုန်အနေဖြင့် တစ်နှစ်ပြီး တစ်နှစ် ဆုရခြင်းက မဖြစ်နိုင်ပေ။ သို့သော် ကုမ္ပဏီတစ်ခုမှ မတူညီသည့် ထုတ်ကုန်အနေဖြင့် ဆုရရှိခြင်းက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ယခုနှစ်တွင် ဖုန်းယွီက စုန့်ကျန်းမော်တော်ကားများကို ပြသရန်အတွက် ဆုံးဖြတ်ချက် ချရသည်။ သူ့အနေဖြင့် စုန့်ကျန်းကားများ၏ အရည်အသွေး နည်းပညာများသည် တရုတ်နိုင်ငံတွင် အဆင့်အမြင့်ဆုံးဖြစ်ကြောင်းကို လူတိုင်းကို သိစေချင်၏။ မဟုတ်ပါက သူ့အနေဖြင့် အမျိုးသားအဆင့်ဆုကို ရရှိလိမ့်မည်လော့။
လေနှင့်မိုး VCDစက်လည်း ရှိပေသေးသည်။ VCDစက်၏ ရောင်းအားသည် ဖုန်းယွီ မျှော်မှန်းထားသည့်အတိုင်း မရောက်သော်ငြား ဖုန်းယွီအနေဖြင့် ယင်းအခွင့်အရေးကို အသုံးချကာ ဈေးကွက်ထဲတွင် လူတိုင်းအနေဖြင့် ယင်းထုတ်ကုန်သည် တရုတ်နိုင်ငံ၏ သုံးစွဲသူ electronicပစ္စည်းများထဲတွင် အဆင့်အမြင့်တုံး ထုတ်ကုန်ဖြစ်ကြောင်း သိရှိစေလိုသည်။
ကျန်သည့် ဆုများအတွက်မူ ဖုန်းယွီအနေဖြင့် ၀င်ရောက်စွက်ဖက်ခြင်း မရှိပေ။သူ့အနေဖြင့် အဖွဲ့အစည်းရှိ ကျန်သည့်လူများကို ယင်းကိစ္စအား ကိုင်တွယ်ခိုင်းမည်ပင်။ ဖုန်းယွီအနေဖြင့် ဆုရရှိသူများနှင့် စကာတင် စာရင်း၀င် သူများသည် စွမ်းဆောင်ရည်ရှိသူများ ဖြစ်ကြောင်းကို သေချာအောင် လုပ်ရမည်။
ဒိုင်လူကြီးများနှင့် ရင်းနှီးသည့် ကုမ္ပဏီများအနေဖြင့် သူတို့၏ လုပ်နိုင်စွမ်းများကို ပြသနိုင်ပေရာ သူတို့အနေဖြင့် ဆုကို အနိုင်ရရှိသည့် မတိုင်ခင် သူတို့၏ လုပ်နိုင်စွမ်းကို ပြသရပေမည်။ မဟုတ်ပါက ထိုကုမ္ပဏီများ အနေဖြင့် အများဆုံးအနေဖြင့် တစ်ဦးချင်းအတွက်သာ စကာတင် စာရင်း၀င်နိုင်မည်။ ယခုနှစ်တွင် ထိုက်ဟွ အစားအစာ ထုတ်ကုန်များသည် စကာတင် စာရင်းတောင် မ၀င်နိုင်ပေ။ ဖုန်းယွီအနေဖြင့် ကျန်သည့် ကုမ္ပဏီများနှင့် အရိုးသားဆုံးနှင့် အတည့်မတ်ဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်ထားပေသည်။
သေချာသည်မှာ ထိုက်ဟွ အစားအစာ ထုတ်ကုန်များသည် တရုတ်နိုင်ငံ၏ ထိပ်ပိုင်း တိရစ္ဆာန်အစာများ ဖြစ်ပုံပေါ်ကာ နောက်နှစ်တွင် ၀က် တင်ပို့ရောင်းချသူအဖြစ် ဆက်လက် တိုးတက်လိမ့်မည်ဖြစ်သည်။
ယခုလက်ရှိတွင် ထျန်ဖုန်း ၀က်ခြံသည် ချန်ဒူးဒေသကို ပျံ့နှံ့ခဲ့ပြီ ဖြစ်သည်။ တရုတ်နိုင်ငံ၏ ရိုးရာ ၀က်မွေးမြူရေး စနစ်သည်လည်း ခိုင်မာနေဆဲ ဖြစ်သည်။ ထို့ပြင် ယမန်နှစ်က ထျန်ဖုန်း ၀က်အတု နှိမ်နင်းပြီးနောက် ထျန်ဖုန်း ၀က်ခြံများသည် ပိုပြီးတော့တောင် နာမည်ကျော်ကြားလာခဲ့သည်။
ကျန်းမင်၏ စီးပွားရေး နည်းဗျူဟာများသည် အလွန်ကောင်းပေသည်။ ယခုလက်ရှိတွင် ထိုက်ဟွ အစာထုတ်ကုန်တွင် ၀က်ခြံ ၆ခြံ ပိုင်ဆိုင်၏။ ထို၀က်ခြံများ အားလုံးသည် ခေတ်မီ ၀က်ခြံများဖြစ်ကာ ထိုလုပ်ငန်း၏ အဓိက အမှတ်တံဆိပ်ဖြစ်လာခဲ့သည်။
ထိုက်ဟွ အစားအစာ ထုတ်ကုန်များသည် ၀က်ခြံ ၁၀ခုကျော်တွင် ရှယ်ယာများ ပိုင်ဆိုင်ပေသည်။ ထိုက်ဟွ အစားအစာ ထုတ်ကုန်များသည် ထျန်ဖုန်း အမှတ်တံဆိပ်များကို အသုံးပြုကာ ထို၀က်ခြံကို ရင်းနှီးမြှုပ်နှံထားသည်။ ထို၀က်ခြံများသည် ထျန်ဖုန်း ၀က်ခြံ၏ အစာကျွေးခြင်း စနစ်နှင့် ထျန်ဖုန်း ထိုက်ဟွ အမှတ်တံဆိပ် တိရစ္ဆာန်နှင့် အစာများကို အသုံးပြုခြင်းဖြစ်သည်။
ထိုက်ဟွ အစားအစာ ထုတ်ကုန်တွင် တိရစ္ဆာန် အစားအစာ ထုတ်လုပ်သည့် စက်ရုံ ၇ရုံ ပိုင်ဆိုင်ပြီး တိရစ္ဆာန် အစာများကို တရုတ်တစ်နိုင်ငံလုံးကို ရောင်းချနေသည်ဖြစ်သည်။ ကျန်းမင်သည် ထိုအစားအစာအတု ထုတ်လုပ်သည့် စက်ရုံများကို အတင်း ပိတ်သိမ်းခိုင်းခဲ့သည်။ ဖုန်းယွီသည် သူ၏ လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး ကျေနပ်နေ၏။
ကျန်းမင်အနေဖြင့် ထိုစက်ရုံသေးလေးများ အကုန်လုံးကို မရှင်းနိုင်ပေ။ သူ့အနေဖြင့် ထျန်ဖုန်း အမှတ်တံဆိပ် အသုံးပြုခြင်းကိုသာ ရပ်တန့်နိုင်အောင် ဆောင်ရွက်နိုင်ပေသည်။ ဘယ်လိုလုပ် မင်းတို့တွေက ငါတို့ အမှတ်တံဆိပ်တွေကို တောင်းရမ်းတာလဲ တကယ်လို့ ထျန်ဖုန်း ၀က်တွေက ရောင်းအားမကောင်းဘူးဆိုရင် မင်းတို့တွေရဲ့ တိရစ္ဆာန်အစာတွေကို ထိုက်ဟွ တိရစ္ဆာန်အစာအဖြစ် သုံးဦးမှာပဲ မဟုတ်လား ငါတို့ရဲ့ ထျန်ဖုန်း ၀က်တွေကို မင်းတို့ရဲ့ တိရစ္ဆာန်အစာတွေကို မကျွေးဘူး မင်းတို့တွေရဲ့ တိရစ္ဆာန်အစာထဲမှာ ဖြည့်စွက်စာတွေ အများကြီး ထည့်ထားတယ် ဘယ်လိုလုပ် ၀က်သားရဲ့ အရသာက ကောင်းမှာလဲ
ထိုအဖြစ်အပျက်ပြီးနောက် ဖုန်းယွီအနေဖြင့် ကျန်းမင်ကို အထွေထွေ မန်နေဂျာအဖြစ် ခန့်အပ်ရန်အတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရှိသွားခဲ့သည်။ ထိုကျန်းမင်သည် ဖုန်းယွီ ကမ်းလှမ်းထားသည့် ဈေးနှုန်းမြင့်မြင့်ဖြင့် တကယ်ပင် ထိုက်တန်လေသည်။
သို့သော် ယခုနှစ်တွင် ကျန်းမင်၏ ရင်းနှီးမြှုပ်နှံမှုသည် အနည်းငယ်များပြီး ဘဏ်များမှ ချေးငွေ တော်တော်များများ ရယူခဲ့သည်။ သို့သော် ဖုန်းယွီအနေဖြင့် စိတ်ထဲမထားပေ။ အကယ်၍ ရလဒ်သည်ကား အဆုံးသတ်သာ ဖြစ်သည်။ နောက်နှစ်မှစပြီး ထို၀က်ခြံများသည် လျင်မြန်စွာဖြင့် တိုးများလာမည် ဖြစ်ပြီး ကျန်းမင်က ဖုန်းယွီကို တရုတ်၀က်အူချောင်း၊ ၀က်သားပြားများ ထုတ်လုပ်ရန်အတွက် ဆုံးဖြတ်ထားကြောင်း ဖုန်းယွီကို ပြောထားသည်။ ဖုန်းယွီက သဘောတူပြီး နောက်နှစ်မှစပြီး ခြံသုံး ကျင်းဟွာ ၀က်သားပြားသည် အကျပိုင်းသို့ ရောက်လာမည်ဖြစ်သည်။ ယင်းက ကျင်းဟွာ ၀က်သားပြား၏ ဈေးကွက်ဝေစုကို ရိုက်ရန်အတွက် အခွင့်အလမ်းဖြစ်ပေသည်။
ထျန်ဖုန်း ၀က်နှင့် ထျန်ဖုန်း တိရစ္ဆာန်အစာများသည် နောက်နှစ်တွင် သေချာပေါက် ဆုရရှိလိမ့်မည်ဖြစ်သည်။
.... ဒီကုမ္ပဏီက ဘယ်ကုမ္ပဏီလဲ တစ်ချက်ကြည့်ရုံနဲ့ ဒီကုမ္ပဏီက SHELLကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း ပြောနိုင်တယ် ဒီကုမ္ပဏီက ဘာကြောင့် ဆုရမှာလဲ ဖုန်းယွီက ထိုကုမ္ပဏီ၏ ကုမ္ပဏီကို စာရင်းထဲမဖျ ဖျက်လိုက်ပြီးနောက် နိုင်ငံပိုင် လုပ်ငန်းအတွက် စကာတင် စာရင်းထဲမှ နောက်ထပ် ကုမ္ပဏီ တစ်ခုကို ရွေးချယ်လိုက်သည်။
ဆားစိမ်ဟင်းရွက်ကို တီထွင်တဲ့ နည်းလမ်း တစ်ခုကို လုပ်တဲ့သူက ဘယ်သူလဲ သူက ဒီဟာအတွက်နဲ့ ဆုရချင်တာတဲ့လား
ဖုန်းယွီက စကာတင် စာရင်းကို တစ်ချက် ကြည့်လိုက်သည်။ ပြီးနောက် တချို့သော တစ်ဦးချင်းအတွက် ကျန်းလီပေါင် လှည့်ပိုင်ရှေနှင့် ခြံတူး အသားပြားနှင့် အခြား ကုမ္ပဏီများ၏ နာမည်ကို သိလိုက်ရသည်။
ဖုန်းယွီက တစ်ခဏအကြာ တွေးလိုက်ပြီးနောက် ခြံတူး ၀က်သားပြားအနေဖြင့် နောက်နှစ်တွင် ပြဿနာတက်လိမ့်မည် ဖြစ်သည်။ အကယ်၍ သူတို့သာ ယခုနှစ်အတွက် ခြံတူး ၀က်သားပြားကို ဆုပေးပါက အဖွဲ့အစည်း၏ နာမည်အတွက် ကောင်းမည် မဟုတ်ပေ။ လဲ့ပိုင်ရှီနှင့် လဲ့ဟဟသည် ပြိုင်ဘက်များ ဖြစ်ကြသည်။ သူတို့၏ ဒိန်ချဉ် အချိုရည်များသည် ကောင်းသော်ငြား ဖုန်းယွီအနေဖြင့် သူတို့ကို ဆုတံဆိပ် ပေးလိမ့်မည် မဟုတ်ပေ။ သူတို့အနေဖြင့် စကာတင် စာရင်း၀င်သည်ကို ကံကောင်းသည်ဟုတောင် တွေး၍ ရနိုင်ပေသည်။ ယင်းက ဖုန်းယွီအတွက်၊ သူတို့အတွက် မျှမျှတတ စဉ်းစားပေးခြင်းဖြစ်သည်။
အဆုံးတွင် ဖုန်းယွီအနေဖြင့် ကျန်းလိပေါင် ဘေးတွင် အမှန်ခြစ်လိုက်သည်။ ယင်း အစားအစာပိုင်း တစ်ဦးချင်း ဆုတံဆိပ်အတွက် ကျန်းလီပေါင်၏ အရသာ ထုတ်လုပ်သူအား ပေးမည်ဖြစ်သည်။ ဖုန်းယွီအနေဖြင့် မည်သူမှ ယင်းကို စွက်ဖက်မည် မဟုတ်ကြောင်းကို သိပေသည်။ ကျန်းလီပေါင်သည် နိုင်ငံပေါင်းများစွာသို့ တင်ပို့ရောင်းချခဲ့သည်။ သူတို့ကို တရုတ်နိုင်ငံ၏ မှော်ဆန်သည့် အချိုရည်ဟုတောင် သိကြပေ၏။
ဖုန်းယွီက ဆုအတွက် အနိုင်ရရှိသူများနှင့် စကာတင် စာရင်းများ ကြည့်လိုက်သည်။ ပြီးနောက် အဖွဲ့အစည်း ၀န်ထမ်းသို့ ပြန်ပေးလိုက်သည်။
“ဒီဟာကို ခေါင်းဆောင်ဆီသွားပေး ပြီးတော့ CCTVကိုလည်းပြောလိုက် CCTVကို ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ အနိုင်ရရှိသူတွေအလိုက် ဖျော်ဖြေတင်ဆက်မှုတွေ ပြင်ဆင်ထားလို့ ပြောလိုက်”
“မစ္စတာဖုန်း ဘာလို့ ဒီတစ်ယောက်ကို ဒီစာရင်းထဲကနေ ဖျက်ပစ်တာလဲ”
ဖုန်းယွီက ထိုစာရင်းကို ကြည့်လိုက်သည်။ ချီးပဲ ဟို ဆားစိမ်ဟင်းသီးဟင်းရွက်တွေကို ရောင်းတဲ့ တစ်ယောက်လား သူ့မှာက နောက်ခံကောင်းကောင်း ရှိလို့လား မဖြစ်နိုင်ဘူး တကယ်လို့ သူ့မှာ နောက်ခံကောင်းကောင်း ရှိတယိဆိုရင်တောင် ဘာကြောင့် သူက ဆားစိမ် ဟင်းသီးဟင်းရွက်တွေကို ရောင်းနေမှာလဲ
“ဘာမှားလို့လဲ ကျန်းလီပေါင်ကို ဆုပေးတာ ဘာမှားလို့လဲ တကယ်လို့ ဒီလူသာ ကျန်းလီပေါင်ရဲ့ ဖော်မြူလာကို တီထွင်နိုင်ခဲ့ပြီးတော့ ဆုမရရှိခဲ့ဘူးဆိုရင် ဘယ်သူက ဒီဆုအတွက် သင့်တော်တဲ့သူ ရှိလို့လဲ မင်းက သူဖန်တီးထားတဲ့ အဲ့ဒီ ဆားစိမ် ဟင်းသီးဟင်းရွက်ကို စားဖူးလို့လား”
“မစ္စတာဖုန်း ဒါက ကျီကျန်းဒေသရဲ့ အမှတ်တံဆိပ်လေ အဲ့ဒါက တောင်ပိုင်းမှာဆို အရမ်းကောင်းတာ ပြီးတော့ ဒိုင်ကုမ္ပဏီထဲက လက်ထောက်ဥက္ကဌက ကျီကျန်းကပဲ”
ချီး မင်းတို့တွေက အခု ကျေနပ်အောင် လုပ်နေတာလား
“မင်းအထင် အဲ့ဒီခေါင်းဆောင်က ဆားစိမ် ဟင်းသီးဟင်းရွက်ကို ရောင်းချတဲ့သူ တစ်ယောက်အနေနဲ့ ဆုရရှိတာကို သိရင် သူ့အနေနဲ့ ဂုဏ်ယူမှာတဲ့လား ယမန်နှစ်က ဟန်ကျိုးရဲ့ လဲ့ဟဟက ဆုရရှိခဲ့ပြီးပြီ ပြီးတော့ နောက်နှစ်ကျရင် ကျီကျန်းက ကုမ္ပဏီ တစ်ခုအနေနဲ့ ဆုရမယ်ဆိုတာ ငါအာမခံတယ် ဒီကိစ္စကပြီးပြီ တကယ်လို့ အဲ့ဒီခေါင်းဆောင်က သဘောမတူဘူးဆိုရင် ငါ့ကို တွေ့ဖို့ ပြောလိုက်”
ဖုန်းယွီအနေဖြင့် ထိုဒိုင်လူကြီးများကို မယုံကြည်ပေ။ ထိုလူများတွင် အနားယူပြီးသာ ခေါင်းဆောင်များနှင့် စက်မှုဆိုင်ရာ ကျွမ်းကျင်သူများ လာကြသည်။သူသည် သူတို့အားလုံးအတွက် ထိုဆုတံဆိပ်များကို အကဲဖြတ်ရန်အတွက် ငွေများကို ကုန်ကျထားရသည်။
ဖုန်းယွီက ထို၀န်ထမ်းကို အပြစ်ပေးချင်သည်။ အကယ်၍ သူ့အနေဖြင့် ယခု ဆုတံဆိပ်ကို ပြင်ခဲ့လျှင် သူ့အနေဖြင့် အနည်းဆုံး သင့်တော်သည့် သူကို ရှာရမည် ဖြစ်သည်။ ဆားစိမ် ဟင်းသီးဟင်းရွက်ကို ရောင်းရသည့် သူအနေဖြင့် ထိုဆုတံဆိပ်ကို အဘယ့်အတွက် ရနိုင်မည်နည်း။
သို့သော် ဖုန်းယွီအနေဖြင့် သူ့၏ သင်ခန်းစာကို မပြီးသေးခင် သူ့၏ ဟန်းဖုန်းမှ မြည်လာခဲ့သည်။
ဖုန်းယွီမှ ပြန်ဖြေလိုက်ပြီးနောက် လီမင်တ၏ စိတ်လှုပ်ရှားသည့်အသံက ဖုန်းမှတစ်ဆင့် ကြားလိုက်ရ၏။
“မန်နေဂျာဖုန်း အခုချက်ချင်း ပြန်လာခဲ့ တိန်ရှောက်ဖိန်က ကျွန်တော်တို့ရဲ့ စက်ယန္တရား ကုမ္ပဏီကို မနက်ဖြန်ကျရင် လာလည်လိမ့်မယ်”