← Chapters

(မေးခွန်းအပိုင်း၁)

Vol. 31 Ch. 460

(မေးခွန်းအပိုင်း၁)

Vol. 31 Ch. 460

လယ်ယာစိုက်ပျိုးရေးသုံး ပစ္စည်းများ ထုတ်လုပ်သည့် အလုပ်ရုံတွင် ထုတ်လုပ်ရေး လမ်းကြောင်းများသည် ရာနှုန်းပြည့် လည်ပတ်နေသည်။ အလုပ်သမား အကုန်လုံးသည် သူတို့၏ အလုပ်တွင်သာ အာရုံ စိုက်နေကြသည်။ ထိုမြင်ကွင်းကို မြင်သည့်အခါ တိန်ရှောက်ဖိန်က အလွန်ကျေနပ်မိသည်။ ယင်းကုမ္ပဏီက ဘာမှမဟုတ်တဲ့ ကြိုဆိုပွဲတွေကို မစီစဉ်ဘူး အရမ်းကောင်းတယ်။

“မင်းတို့ ကုမ္ပဏီရဲ့ လယ်ယာသုံး စက်ပစ္စည်းတွေက တရုတ်နိုင်ငံမှာ အဆင့်အမြင့်ဆုံးလို့ ငါကြားတယ် ပြီးတော့ မင်းတို့တွေ အနေနဲ့ နိုင်ငံတကာ အဆင့်အတန်းထိကို ရောက်ရှိနေပြီလား”

“ဟုတ်ပါတယ် ယခုလက်ရှိမှာ ကျွန်တော်တို့ရဲ့လယ်ထွန်စက်၊ အစေ့ကြဲစက်နဲ့ အခြား စက်ပစ္စည်းတွေက နိုင်ငံတကာစံနှုန်းကို ရောက်ရှိနေပါပြီ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရိတ်သိမ်းစက်၊ စပါးစိုက်ပျိုးစက်တွေက စံချိန်စံနှုန်း ပြည့်မီဖို့ လိုအပ်နေဆဲပါ ကျွန်တော်တို့ အနေနဲ့ တစ်ကမ္ဘာလုံးနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ကြိုးစားနေပါတယ်”

ဖုန်းယွီက သတိကြီး ကြီးထားကာ ပြန်ပြောလိုက်သည်။

တိန်ရှောက်ဖိန်က ခေါင်းညိမ့်လိုက်သည်။

ဒီလူငယ်လေးက မကြွားဝါဘူးပဲ သူကအမှန်တိုင်းပဲပြောတယ် အရမ်းကောင်းတယ်

ယင်းကုမ္ပဏီ၏ ဘဏ္ဍာများတွင် စိတ်၀င်စားဖွယ် ဆောင်ပုဒ်များရှိသည်။ တိုးတက်ဖို့အတွက် နည်းပညာက နံပါတ်(၁)ဟူသော ဆောင်ပုဒ်သည် သူအရင်က ပြောခဲ့ဖူးသည်။ သို့သော် အခြားသော ဆောင်ပုဒ်များက သူ့အတွက် အသစ် ဖြစ်နေသည်။

“ခြေထောက်နှစ်ဖက်လုံး မြေပေါ်မှာထိနေသမျှ ကျော်ကြားမှုနောက်ကို မလိုက်နဲ့ နာမည်ကောင်း ရဖို့အတွက်ဆိုရင် တရားမျှမျှတတနဲ့လုပ်ကိုင်ပြီး ရိုးသားကြိုးစားပါ” ယင်းဆောင်ပုဒ်က အလုပ်သမားများကို သူတို့၏ အလုပ်တွင် အာရုံစိုက်ပြီး စိတ်ကြီးမ၀င်စေရန် သတိပေးထားခြင်းဖြစ်ပေသည်။

ကျူးရုံကျီသည်လည်း ထိုဘဏ္ဍာများကို မြင်သည့်အခါ ခေါင်းညိမ့်လိုက်သည်။ အစိုးရ၀န်ထမ်းများ အကုန်လုံး ယခုကဲ့သို့ ပြုမူသင့်ပေသည်။

တိန်ရှောက်ဖိန်က ရပ်ကာ ပြောလိုက်၏။

ဒီဆောင်ပုဒ်တွေက တကယ်ပဲ စိတ်၀င်စားစရာကောင်းတယ်။

လီမင်တက ဂုဏ်ယူတက်ကြွစွာပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့ အလုပ်သမားတွေအကုန်လုံးက ဒီဆောငိပုဒ်တွေကို စိတ်မှာထားပြီးတော့ အဲ့ဒီဆောင်ပုဒ်ထဲက လမ်းညွှန်ချက်တွေကို လိုက်နာကြပါတယ် ပါတီ၀င်တွေကလည်း စနစ်အလုပ်သမားတွေကို စံပြအနေနဲ့ဦးဆောင်ကြပါတယ်”

“ ဒီကုမ္ပဏီက ပုဂ္ဂလိကပိုင်လုပ်ငန်းမဟုတ်ဘူးလား ဘာကြောင့် ဒီမှာ ပါတီ၀င်တွေရှိနေရတာလဲ” တိန်ရှောက်ဖင်က မေးလိုက်သည်။

သူသည် ပုဂ္ဂလိကပိုင် ကုမ္ပဏီလုပ်ငန်းအများစုအနေဖြင့် ပါတီ၀င်များကို သူတို့၏ ကုမ္ပဏီတွင် မထားချင်ကြောင်းကို သူသိ‌ေပသည်။ အထူးသဖြင့် ဟောင်ကောင်ကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီများပင်ဖြစ်ပေသည်။

“ကျွန်တော်တို့တွေက စုပေါင်းထုတ်တဲ့လုပ်ငန်းဖြစ်ပါတယ် ပြီးတော့ ကုမ္ပဏီမှာလည်း ပါတီ၀င်တွေအများကြီးရှိတယ် ဒါကြောင့်မို့လို့ ကျွန်တော်တို့တွေက ပါတီခွဲတစ်ခုတည်ထောင်ထားတယ် တကယ်တော့ ကျွန်တော်တို့ဌာနတွေထဲက အာဏာအရှိဆုံးက အလုပ်သမားသမဂ္ဂပါ ကျွန်တော်တို့ရဲ့ သမဂ္ဂမှာ ဥပဒေတစ်ခုရှိတယိ တကယ်လို့ အလုပ်သမားတွေရဲ့ ၃ပုံပုံ၂ပုံက ကျွန်တော့်အနေနဲ့ သူတို့ကို ဦးဆောင်ဖို့အတွက် အရည်အချင်းမပြည့်မီဘူးလို့တွေးမယ်ဆိုရင် ကျွန်တော့်ကို ရှယ်ယာရှင်တွေက ထုတ်ပယ်လို့ရပါတယ်”

လီမင်တကရှင်းပြလိုက်သည်။

“အလုပ်သမားသမဂ္ဂက အထွေ‌ေ‌ထွမန်နေဂျာကို တောင် ဖြုတ်ချနိုင်တာတဲ့လား ဒါက သူ့အတွက် အပြစ်ပဲ ဒီစည်းမျည်းစည်းကမ်းက ဘယ်သူ့ဆီကနေ ထွက်လာတာလဲ”

“ကျွန်တော့်အထင် ကုမ္ပဏီမန်နေဂျာက ကုမ္ပဏီတစ်ခုလုံးကို ရှေ့ကိုသွားနိုင်အောင် လုပ်ဆောင်နိုင်မဲ့ အရည်အချင်းတော့ ရှိရမယ် ဒါမှ နိုင်ငံခြားသားပိုင်တဲ့ လုပ်ငန်းစုတွေက အောင်မြင်နေကြတာပါ ကျွန်တော်တို့အနေနဲ့ ဒီနည်းလမ်းကို သင်ယူပြီး အသုံးပြုသင့်ပါတယ်”

ဖုန်းယွီကပြောလိုက်သည်။ အကယ်၍ အလုပ်သမား ၃ပုံပုံ၂ပုံက အထွေထွေမန်နေဂျာကို ဖြုတ်ချချင်လျှင် ယင်းအဓိပ္ပာယ်က ထိုအထွေထွေမန်နေဂျာသည် သူ့၏တာ၀န်များကို ပျက်ကွက်ပြီး အရည်အချင်း မပြည့်မီသည့် အတွက်ကြောင့် ဖြစ်သည်။ သူသည် ပြုတ်သင့် ပြုတ်ထိုက်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ ရှယ်ယာရှင်များအနေနှင့် သက်ရောက်မှုမရှိပေ။

တိန်ရှောက်ဖိန်ဘေး‌တွင် ရပ်နေသည့် ကျူးရုံကျီက ဖုန်းယွီကို စိတ်ဝင်တစားထိုင်ကြည့်နေသည်။ ဖုန်းယွီ၏အသက်အရွယ်နှင့် သူသည်အောင်မြင်သည့် ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။ သူယခုကဲ့သို့ အတွေးမျိုးရှိနေပုံက အံ့ဩစရာမရှိ၊ စိတ်၀င်စားဖို့ကောင်းနေသည်။

ပင်မထုတ်လုပ်သည့် ဧရိယာကို အလည်သွားပြီးနောက် တိန်ရှောက်ဖိန်သည် မော်တော်ဆိုင်ကယ်စက်ရုံသို့ သွားလည်ပတ်ချင်သည်။

မော်တော်ဆိုင်ကယ်စက်ရုံတွင် တိန်ရှောက်ဖိန်က မော်တော်ဆိုင်ကယ်တပ်ဆင်နေသည်ကိုမြင်ရသည်ည်။ မော်တော်ဆိုင်ကယ်ကို အနည်းဆုံး လူနှစ်ဦးက စမ်းသပ်၏။ အလုပ်သမားများသည် စကူတစ်ခုချင်းကိုတောင် စစ်ဆေးနေကြသည်။ တိန်ရှောင်ဖိန်သည် အလုပ်သမားများ အလေးအနက်လုပ်နေသည်ကို ကြည့်ပြီး အလွန်ကျေနပ်ပီတိဖြစ်နေမိ၏။

“မင်းတို့ရဲ့ မော်တော်ဆိုင်ကယ်ထုတ်လုပ်မှု လမ်းကြောင်းက ဆိုဖီယက်ပြည်ထောင်စုကနေမလား”

“ဟုတ်ပါတယ် ဒါပေမဲ့ ကျွန်တော်တို့က ကျွန်တော်တို့ပြည့်သူတွေနဲ့ ကိုက်ညီမဲ့ပုံစံမျိုးထုတ်လုပ်တာပါ ကျွန်တော်တို့တွေ ဆိုင်ကယ်အချို့ကို ရုရှားကိုတင်ပို့နေပါတယ် ကျွန်တော်တို့တွေအနေနဲ့ နောက်နှစ်ကျရင် ထိုင်ဝမ်ကို မော်တော်ဆိုင်ကယ်တင်ပို့ဖို့ စီစဉ်နေပါတယ်”

တိန်ရှောက်ဖိန်က သိချင်စိတ်ဖြင့်မေးလိုက်၏။

“ငါတို့ရဲ့မော်တော်ဆိုင်ကယ်တွေက ထိုင်၀မ်မော်တော်ဆိုင်ကယ်ထက်ကို ‌ပိုပြီးကောင်းနေပြီလား”

ထိုင်၀မ်၏မော်တော်ဆိုင်ကယ်လုပ်ငန်းသည် တရုတ်နိုင်ငံထက် ပိုစောသည့်အတွက် ပိုပြီးတိုးတက်ဖွင့်ဖြိုးသည်ပင်။

“ကျွန်တော်တို့ရဲ့ ဆိုင်ကယ်ရှေ့မီးတွေနဲ့ အပြင်ပိုင်းဒီဇိုင်းတွေက သူတို့ထက်သာပါတယ် ဒါပေမဲ့ ဆီစားမှုနဲ့ မော်တော်ဆိုင်ကယ်ရဲ့အလေးချိန်နဲ့ပတ်သက်ပြီးတော့ အားနည်းချက်တွေရှိပါသေးတယ် ကျွန်တော်တို့အနေနဲ့ ဒီ့ထက်ပိုအားနည်းတဲ့ မော်တော်ဆိုင်ကယ် ထုတ်လုပ်ဖို့ပြင်ဆင်နေပါတယ်”

ဖုန်းယွီက ရှင်းပြလိုက်သည်။

“အွန်း ကောင်းတာပဲ”

တိန်ရှောက်ဖိန်က ခေါင်းညိမ့်လိုက်သည်။

တိန်ရှောက်ဖိန်သည် မော်တော်ဆိုင်ကယ်၏မည့်သည့်အစိတ်အပိုင်းက ကောင်းသည်ဟုပြောပေသည်။ သူမော်တော်ဆိုင်ကယ်စက်ရုံကိုသွားလည်ပြီးနောက် တိန်ရှောက်ဖိန်သည် ကားထုတ်လုပ်သည့်စက်ရုံကိုလည်း သွားလည်ချင်သေး၏။

ပြည်နယ်အစိုးရနှင့် အခြားသော အစိုးရအရာရှိများက သူ့အား ခေတ္တခဏ ပထမဦးဆုံးအနားယူရန်အတွက် ဖျောင်းဖျကြသည်။သူသည် နေ့လယ်ခင်းမှ ကားထုတ်လုပ်သည့်စက်ရုံကို သွားလည်နိုင်ပေ၏။

တိန်ရှောက်ဖိတ်က ယင်းအကြံပြုချက်ကို ပယ်ချလိုက်ပြီး သူ၏လက်ကို ခါလိုက်ကာ “မလိုအပ်ဘူး ငါ့အနေနဲ့ တရုတ်နိုင်ငံရဲ့အကြီးဆုံး ပုဂ္ဂလိက ကားထုတ်လုပ်တဲ့သူဆီကနေ ကားတွေကို လိုချင်တယ်”

ပြည်နယ်အစိုးရက တိန်ရှောက်ဖိန်ငြင်းပယ်သည်ကိုမြင်ပြီးနောက် သူက ‌၀မ်းသာကျေနပ်နေမိသည်။ ယင်းအဓိပ္ပာယ်က သူ့အနေဖြင့် စက်ယန္တရားကုမ္ပဏီအတွက် စာရွက်စာတမ်းကိစ္စများကို ပြီးစီးအောင်ကူညီခဲ့သည်မှာ မှန်သည်ဟု ခံစားရပြီး သူတို့ကို အပိုဆုကြေးများပေးမည်ပင်။

“ရှောင်ဖုန်း ငါတို့နဲ့ ကားထဲမှာအတူလာထိုင်”

တိန်ရှောက်ဖိန်က ဖုန်းယွီကို လက်ယက်ခေါ်လိုက်သည်။

ဟ တိန်ရှောက်ဖိန်နဲ့ ကားထဲမှာအတူထိုင်ရမှာလား

ကားထဲတွင် ဖုန်းယွီသည် နောက်ဘက်ခုံတွင်အလယ်မှထိုင်ရသည်။ သူ၏လက်မောင်းနှစ်ဖက်က သူ့ပေါင်ကြားထဲတွင်သာ ထားထားသည်။ သူ့ကိုယ်သူ သေးအငယ်အောင်အတွက် ကြိုးစားနေသည်။ သူ့‌အနေဖြင့် နေရာအများကြီးယူမိမှာကို ကြောက်ရွံ့နေသည်။ အကယ်၍ သူသာ နေရာအများကြီးယူမိပါက တိန်ရှောက်ဖိန် နေရထိုင်ရကြပ်လှပေလိမ့်မည်။ ဒါက ပြည်နယ်အစိုးရအတွက်လည်း ကြပ်သွားမယ်ဆိုတာ ကောင်းတဲ့အချက်မဟုတ်ဘူးပဲ။

“ရှောင်ဖုန်း ငါအရင်က ဆောင်းပါးတစ်ပုဒ်ကိုဖတ်ခဲ့ဖူးတယ် အဲ့ဒီဆောင်းပါးထဲမှာဖော်ပြထားတာက ပူပေါင်းထုတ်လုပ်တဲ့ ကားထုတ်လုပ်ရေးတွေက တရုတ်နိုင်ငံအတွက်ကို အန္တရာယ်ဖြစ်စေတယ်လို့ဆိုထားတယ် မင်းအနေနဲ့ အဲ့ဒီအမြင်ပေါ် ဘယ်လိုနေလဲ”

ဖုန်းယွီ စတင်ပြီး ချွေးပြန်လာခဲ့သည်။

ဒါကဘယ်လိုလုပ် ဒီဆောင်းပါးရှင်ရဲ့ ဒီလိုမျိုး ရေးပုံရေးနည်းကို သိမှာလဲ။ ထိုပူးပေါင်းထုတ်လုပ်သည့်ကားထုတ်လုပ်ရေးကို တိန်ရှောက်ဖိန်က အဆိုပြုခဲ့ခြင်းဖြစ်ကာ ယင်းက တရုတ်နိုင်ငံ၏ ခေတ်နောက်ကျနေသည့် ကားထုတ်လုပ်သည့်လုပ်ငန်းကို ပြိုင်ဆိုင်မှုများ တိုးမြှင့်လာစေရန်ဖြစ်သည်။ သို့သော် ယင်းဆောင်းပါးရှင်က ယင်းလုပ်ငန်းသည် ကားဈေးကွက်အပေါ် သက်ရောက်မှုကြီးစွာရှိပြီး အန္တရာယ်ကြီးစွာရှိသည်ဟု ဖော်ပြထားသည်။

တိန်ရှောက်ဖိန်က ဒါအတွက်ကြောင့်မို့ ငါ့‌ဆီကိုလာခဲ့တာလား။ ဒါပေမဲ့ အဲ့ဒါမဖြစ်နိုင်ဘူး တကယိလို့ အဲ့ဒီကိစ္စနဲ့ ငါ့ဆီကိုလာခဲ့တာဆို ဘာလို့ ခေါင်းဆောင်ကြီးက စက်ယန္တရားကုမ္ပဏီကို အလည်သွားမှာလဲ သူ့အနေနဲ့ ငါရဲ့အမြင်ကို စိတ်၀င်စားတာပဲဖြစ်ရမယ်။

“အဲ့ဒီဆောင်းပါးထဲမှာပါတဲ့ အရာအများစုက ကျွန်တော့်ဆီကနေ လာတာပါ တကယ်လို့ လွန်ခဲ့တဲ့နှစ်တွေဆီကို ပြန်သွားမယ်ဆိုရင်တော့ ဒီပူးပေါင်းထုတ်လုပ်တဲ့လုပ်ငန်းတွေက ကျွန်တော်တို့နိုင်ငံရဲ့ကားထုတ်လုပ်တဲ့သူတွေရဲ့ နည်းပညာကို တိုးတက်ဖို့ အမြန်‌ဆုံးနည်းလမ်းပါ လူတိုင်းက နိုင်ငံခြားလုပ်ငန်းစုတွေနဲ့ ပူးပေါင်းရုံကလွဲပြီး ရွေးချယ်စရာမရှိဘူးလေ ပြီးတော့ ကျွန်တော်ထင်တာကတော့ ဒီပူးပေါင်းထုတ်လုပ်တဲ့ကားလုပ်ငန်းတွေက ဒီကားလုပ်ငန်း၊ကားဈေးကွက်ပေါ် ကောင်းဖို့ထက်ဆိုးဖို့က ပိုများတယ်လို့ထင်ပါတယ် ကားတစ်စီးရဲ့ ထုတ်လုပ်တဲ့ကုန်ကျစရိတ်နဲ့ ရောင်းချတဲ့စရိတ် ဘာကြောင့် အများကြီးကွာနေတာလဲ အဲ့ဒီထဲမှာ အရေးအကြီးဆုံးကတော့ ကားရဲ့နည်းပညာပါ ကျွန်တော်တို့နိုင်ငံမှာက စွမ်းဆောငိမှုရှိတဲ့သူတွေ တော်တဲ့သူတွေအများကြီးရှိတယ် ဒါပေမဲ့ ကျွန်တော်တို့က ကမ္ဘာကြီးကိုနောက်မှ ပြန်လိုက်ခဲ့ရပြီး ကျွန်တော်တို့အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက်ကို လိုလောက်တဲ့ရန်ပုံငွေတွေမရှိဘူး ကျွန်တေည်အနေနဲ့ လျင်လျင်မြန်မြန်နဲ့ တိုးတက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ပူးပေါင်းထုတ်လုပ်တဲ့လုပ်ငန်းကသာ ကျွန်တော်တို့လိုအပ်တဲ့ နည်းပညာကိုရဖို့ အလျင်အမြန်ပါ ဒါပေမဲ့ ပူးပေါင်းထုတ်လုပ်ရေးကာလက အရမ်းကိုကြာနေမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုက ဖွံ့ဖြိုးပြီးနိုင်ငံတွေထက် နောက်ကျ‌မြဲနောက်ကျဦးမှာပါ”

“ကျွန်တော်သိသလောက်ဆိုရင် Toyotaက တရုတ်နိုင်ငံမှာ သုတေသနဲ့ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွက် စင်တာ၂ခုကို တည်ဆောက်ထားတယ် သူတို့တွေ တီထွင်တဲ့နည်းပညာတွေက အဓိကနည်းပညာတွေ မဟုတ်ဘူး စာရွက်ပေါ်မှာတော့ သူတို့တွေက ကျွန်တော်တို့ရဲ့ နည်းပညာတွေကို တိုးတက်ဖို့အတွက် ကူညီပေးတယ်လို့ထင်ရပေမဲ့လည်း တကယ်တမ်းကျတော့ သူတို့တွေက ကျွန်တော်တို့ရဲ့ လုပ်ခလစာနည်းပါးတဲ့ နည်းပညာရှင်တွေကို သူတို့အတွက် သုတေသနလုပ်ဖို့ အခွင့်ကောင်းယူနေတာ အဲ့ဒီစင်တာမှာ တော်တဲ့သူတွေမရှိနိုင်ဘူးလား ရှိနိုင်ပါတယိ ဒါပေမဲ့ သူတို့တွေက ဘယ်ကလဲ သူတို့ကို ဂျပန်နိုင်ငံမှာ လစာများများနဲ့ လုပ်ငန်းသွားလုပ်နိုင်တယ်”

“ ပူးပေါင်းထုတ်လုပ်တဲ့လုပ်ငန်းရဲ့ အကြီးမားဆုံးပြဿနာက တံဆိပ်ပါ ဘာလို့အဲ့ဒီနိုင်ငံခြားလုပ်ငန်းစုတွေက ပူးပေါင်းထုတ်လုပ်တဲ့ လုပ်ငန်းတွေကနေပြီး သူတို့ရဲ့ အကျိုးအမြတ်ကို မျှဝေပေးတယ်ဆိုပေမဲ့ သူတို့ရဲ့အမှတ်တံဆိပ်ကို ဘာကြောင့်သြံးရတာလဲ ဘာကြောင့်လဲဆိုတော့ နောက်၁၀နှစ် ဒါမှမဟုတ် နောက်အနှစ်၂၀နေရင် သူတို့တွေရဲ့ အမှတ်တံဆိပ်က ၀ယ်ယူသူတွေရဲ့ကြားထဲမှာ တစ်စိတ်တစ်ပိုင်းတစ်‌ခုအနေနဲ့ပါ၀င်နေပြီ တကယ်လို့ ကျွန်တော်တို့အနေနဲ့ သူတို့နဲ့အလုပ်လုပ်တာကို ရပ်လိုက်ပြီးဆိုရင်တောင်မှ ဒီနိုင်ငံခြားအမှတ်တံဆိပ်တွေက တရုတ်နိုင်ငံထဲကို ၀င်ပြီးဖြစ်တယ် ဒီအတွက်ကြောင့်မို့လို့ ကျွန်တော်‌တို့တွေက ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်ကို ကာကွယ်ရမယ် ကျွန်တော်တို့ရဲ့ ကားလုပ်ငန်းထုတ်လုပ်သူတွေရဲ့ အရေအတွက်ကိုလည်းတိုးမြှင့်မှရမယ်”

“ကျွန်တော်တို့ရဲ့ စက်ယန္တရားကုမ္ပဏီက ရုရှားနဲ့ဂျာမနီရဲ့ ကားထိပ်တန်း အင်ဂျင်နီယာတွေကိုခန့်အပ်ထားတယ် တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အင်ဂျင်နီယာတွေရှိတယ် ဒီနည်းလမ်းက ကျွန်တော်တို့အတွက်ဆိုရင် ဖွံ့ဖြိုးပြီးနိုင်ငံတွေက နည်းပညာလက်ဝါးကြီးအုပ်မှုတွေကို ကာကွယ်နိုင်တယ် ပြီးတော့ ကျွန်တော်တို့ရဲ့နိုင်ငံမှာ အသုံးမ၀င်တော့တဲ့ နည်းပညာတွေကို ကျွန်တော်တို့ကို ရောင်းချခြင်းမှ ကာကွယ်နိုင်တယ် ဒါကြောင့်မို့ပဲ ကျွန်တေည်တို့အနေနဲ့ ကျွန်တော်တို့ဘာသာ ကိုယ်တိုင်အဆင့်မြှင့်နည်းပညာတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တယ်”

“မင်းပြောတာက မင်းရဲ့နည်းပညာတွေက ဖောရဲ့နိုင်ငံခြားနည်းပညာတွေထက်ကို ပိုကောင်းတယ်လို့ဆိုလိုချင်တာလား”

“ကျွန်တော်တို့အနေနဲ့ တချို့အပိုင်းတွေမှာ ပိုပြီးကောင်းတယ် တချို့အပိုင်းတွေမှာ ဒီလိုပါပဲ ဒါပေမဲ့ အကုန်လုံးကို ခြုံကြည့်ရမယ်ဆိုရင်တော့ ကျွန်တော်ို့ရဲ့ကားတွေက ပူးပေါင်းထုတ်လုပ်တဲ့ကားတွေကို‌တော့ မရှုံးပါဘူး ပြီးဆော့ ယခုလက်ရှိ အစိုးရရဲ့ policyတွေကလည်း ဒီပူးပေါင်းထုတ်လုပ်တဲ့ကားကုမ္ပဏီတွေကို ကူညီပေးနေတယိ ဒီ့အတွက်ကြောင့်မို့ပဲ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နိုင်ငံ ပြည်တွင်းအမှတ်တံဆိပ်ကားကို တရုတ်နိုင်ငံရဲ့ လမ်းမထက်မှာ မမြင်တွေ့လိုတဲ့အကြောင်းပြချက်အ‌တွက်ကြောင့်မို့လို့ပါ ကျွန်တော်တို့က တရြတ်နိုင်ငံရဲ့လမ်းမထက်မှာ နိုင်ငံခြားကားအမှတ်တံဆျပ်တွေကို မမြင်ချင်ရုံပါပဲ”

တိန်ရှောက်ဖိန်က သူ့မျက်လုံးကို ပိတ်လိုက်ပြီးနောက် မှီလိုက်သည်။ သူသည် ဖုန်းယွီပြောသည်နှင့် ဆောင်းပါးကို ပြန်တွေးကြည့်မိ၏။

ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းတွေက ဆက်ပြောလို့မရဘူး နိုင်ငံခြားလုပ်ငန်းစုတွေနဲ့ ပူးပေါင်းပြီးတော့ ကားထုတ်လုပ်ချင်တဲ့သူတွေနဲ့လည်းလွတ်အောင်လုပ်ရမယ်။ ပုဂ္ဂလိကလုပ်ငန်းတစ်ခုက သူတို့ရဲ့ယာဉ်တွေနဲ့ ဒီနိုင်ငံခြားပိုင်လုက်ငန်းတွေက တီထွင်မထုတ်လုပ်နိုင်ဘဲနေမှာလဲ ပြီးတော့ နိုင်ငံကလည်း နိုင်ငံပိုင်လုပ်ငန်းတွေအတွက် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံထားတာ သူတို့တွေက အခုထိနည်းပညာပိုင်းမှာ နောက်‌ကျနေတုန်းပဲလား

အင်ဂျင်နီယာတွေရဲ့ပြဿနာလား စီမံခန့်ခွဲရေးပြဿနာလား ဖုန်းယွီက ဒီအရာနဲ့ပတ်သက်ပြီး အမြင်များစွာရှိပေမဲ့ ဖုန်းယွီနားမလည်နိုင်တဲ့ အစိတ်အပိုင်းများစွာလည်းရှိသေးတယ် ဘယ်လိုပဲဖြစ်ဖြစ် အထူးသဖြင့်တော့ အမှတ်တံဆိပ်ပဲ သူဒီကိစ္စကို ငါ့အနေနဲ့စဉ်းစားသင့်တယ်ပြီးတော့ တရုတ်နိုင်ငံ ကားထုတ်လုပ်တဲ့လုပ်ငန်းကိုလည်း တွေးမှကိုရမယ်

“ခေါင်းဆောင် ကျွန်တော်တို့တွေ ကားထုတ်လုပ်တဲ့စက်ရုံကိုရောက်ပါပြီ”

ရှေ့မှညထိုင်နေသည့်အရာရှိမှ နောက်ကိုလှည့်ပြီးပြောလိုက်၏။

“သွားကြတာပေါ့ စုန့်ကျန်းကားတွေရဲ့ စွမ်းဆောင်ရည်က ဘယ်လောက်ရှိမလဲဆိုတာ ကြည့်ရအောင်”

All Chapters