မေးခွန်းနံပါတ်(၂)
Vol. 31 Ch. 461
ဖုန်းယွီသည် စက်ရုံရှိ အဆောက်အဦများအကြောင်းကို ရှင်းပြရန်အတွက် တိန်ရှောက်ဖိန်ဘေးတွင်ရပ်နေသည်။ ယင်းက သူ့၏အရည်အချင်းကို ပြသရန်အတွက် အခွင့်အရေးဖြစ်သည်။ သို့သော် ဖုန်းယွီသည် ယင်းအဆောက်အဦများအနေဖြင့် မည်သည့်အတွက် ဖြစ်ကြောင်းသာ သိပေသည်။ သူ့အနေဖြင့် နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်ကိုတော့ မသိပေ။
“ဘာလို့သူတို့တွေက ကားကို လက်နဲ့စစ်နေကြတာလဲ မင်းတို့စက်ရုံက ထုတ်လုပ်ရေးလမ်းကြောင်းတေွကို အသုံးပြုခဲ့တာလို့ပြောခဲ့တာမဟုတ်ဘူးလား”
ဖုန်းယွီသည်လည်းအလွန်အံ့အားသင့်သွားခဲ့သည်။ လက်နှင့် တပ်ဆင်သည့်ကားများသည် နမူနာကားများသာဖြစ်သည်။ ဖရိုတိုတိုက်နှင့် နမူနာကားများသာဖြစ်သည်။ မော်ဒယ်အသစ်လား? ဘာလို့ ငါဒီအကြောင်းကို သတိမပြုမိတာပါလိမ့်။
လီမင်တက အရှေ့တိုးလာပြီးပြန်ဖြေ၏။
“ခေါင်းဆောင် ဒီကားက ကျွန်တော်တို့စက်ရုံမှာရှိတဲ့ အကောင်းဆုံးနည်းပညာကိုအသုံးပြုထားတာပါ ကျွန်တော်တို့ ဒီကားကိုတပ်ဆင်ပြီးပြီဆိုတာနဲ့ ကျွန်တော်တို့က အစိုးရကို နှစ်သစ်ကူး လက်ဆောင်အဖြစ်ပေးမလို့ပါ”
“အိုး.. အကောင်းဆုံးနည်းပညာတဲ့လား အဲ့ဒါဆို သွားကြည့်ဦးမှပဲ”
ယင်းက တိန်ရှောက်ဖိန်၏ စိတ်၀င်စားမှုကို မြင့်တက်စေ၏။
ဖုန်းယွီက ယမန်နေ့ညက သူဖတ်ရှု့ခဲ့သည့် စာရွက်စာတန်းများထဲမှ တစ်ခုအေကြာင်းပြောသည်ကို အမှတ်ရသွားသည်။ ပြီးနောက် လီမင်တကလည်း သူ့ကိုပြောခဲ့သည်။ သို့သော် သူမေ့လျော့သွားခဲ့ပြီဖြစ်သည်။
အဆင့်ရှိ စက်ပစ္စည်းကျွန်းကျင်သူ၂ယောက်သည် သူတို့ကားကို တပ်ဆင်နေစဉ် လူတစ်စုက သူတို့နား ချဉ်းကပ်လာသည်ကို သတိပြုမိ၏။
သူတို့ထဲမှတစ်ယောက်က စိတ်မရှည်သည့်အတွက် အော်ငေါက်လိုက်၏။
“ဘာလို့အလင်းကွယ်နေတာလဲ ငါတို့အလုပ်လုပ်နေတဲ့အချိန် တစ်ေယာက်မှ ငါတို့အနီးနားမလာဖို့ ပြောခဲ့တယ်မလား”
လီမင်တက မျက်မှောင်ကြုံ့ကာ နင်ကဘာလို့အော်နေရတာလဲ
လီမင်တက နောက်ကိုလှည့်ကာ အံ့အားသင့်စွာဖြင့် ရှင်းပြလိုက်သည်။
“ဒါက ကျွန်တော်တို့စက်ရုံရဲ့ အကျွမ်းကျင်ဆုံး စက်ပစ္စည်းဆရာ မစ္စတာလီရိုပါ အဆင့်၈အလုပ်သမားပါ သူ့ရဲ့စိတ်ကတော့ နည်းနည်းဆတ်ပါတယ်”
လီမင်တက မစ္စတာလီရိုဘက်ကိုလှည့်ကာ အသံဖျော့ဖျော့ဖြင့်ပြောလိုက်၏။
“လူကြီးလီရို ပါးစပ်ပိတ်ထားလိုက်တော့ အရင်ဦးဆုံး အလုပ်လုပ်တာ ရပ်လိုက်ဦး”
မစ္စတာလီရိုက ခေါင်းမော့လိုက်သည်။ပြီးနောက် လီမင်တကိုကြည့်လိုက်သည်။ သူက အလုပ်ကုိမလုပ်ချင်ဘဲ ရပ်လိုက်ရကာ သူ့ကိုလူများစွာက စိုက်ကြည့်နေမှန်းသဘောပေါက်လိုက်ရသည်။
“ဒါက ခေါင်းဆောင်ကြီး တိန်ရှောက်ဖိန်မလား”
“ခေါင်းဆောင်ကြီး ခေါင်းဆောင်းကြီး”
မစ္စတာလီရိုက သူ့လက်နှစ်ဖက်ကို ဆွဲထုတ်လိုက်ပြီး တိန်ရှောက်ဖိန်ကို လက်ဆဲွနှုတ်ဆက်လိုက်သည်။ လီမင်တ၏ မျက်လုံးများက ပွင့်ထွက်မတက်ကျယ်သွား၏။
မင်း၀တ်ထားတာတွေက ဆီပေနေတဲ့လက်အိတ်တွေ ဘာလို့လက်ဆွဲနှုတ်ဆက်တာလဲ
ပြီးနောက် မစ္စတာလီရိုကို အဝေးကို ချက်ချင်းတွန်းလိုက်ကာ သူ့အားစိုက်ကြည့်လိုက်၏။ စက်ပြင်သည့်ပညာရှင်များသည်လည်း ဘေးတွင် ကြောင်လျက်သား ရပ်ကြည့်နေကြသည်။
တိန်ရှောက်ဖိန်သည် မစ္စတာလီရို၏ ဆီပေနေသော လက်အိတ်ကို စိတ်ထဲမထားပေ။ သူသည် ငယ်ရွယ်စဉ်က စစ်ပွဲများစွာကို ပါ၀င်ခဲ့ပြီး အဘယ်ကြောင့် စက်ဆီကို အရေးလုပ်မည်နည်း။ စက်ရုံဒါရိုက်တာက ချက်ချင်းဆိုသလိုပင် တိန်ရှောက်ဖိန်နှင့် မစ္စတာလီရိုနှင့် အခြားသော စက်ပညာရှင်များကို လက်အိတ်ထုတ်ပေးသည်။ ယင်းကစက်ရုံ၏ ထုတ်လုပ်ရေးဘက်ဖြစ်သည်။ လက်အိတ်၀တ်ပြီးမှ သမ္မနာဖြစ်၏။
“မင်းတို့၂ယောက်လုံး အလုပ်ကိုကြိုးစားကြတယ် ဒီကားက စက်ရုံရဲ့ အဆင့်မြင့်ဆုံးနည်းပညာကို သုံးတာလား”
“ဟုတ်ပါတယ် ဒီနည်းပညာက ကမ္ဘာပေါ်မှာအကောင်းဆုံးမဟုတ်ပေမဲ့ သေချာပေါက်ကတော့ တရုတ်နိုင်ငံမှာတော့ အကောင်းဆုံးပါ ဟိုမှာ ရုရှား၊ ဟိုမှာက ဂျာမနီ၊ လွန်ခဲ့တဲ့၂နှစ်လောက်က ဂျာမနီကားပြပွဲကို တက်ရောက်လာခဲ့တဲ့ ရုရှား၂ယောက်ပါ သူတို့တွေပြောတာက ကျွန်တော်တို့ရဲ့နည်းပညာတွေက အဲ့ဒီမှာရှိတဲ့ ဥရောပကားရဲ့နည်းပညာတွေကို အမီလိုက်နိုင်ပြီလို့ပြောပါတယ်”
မစ္စတာလီရိုက ဂုဏ်ယူစွာဖြင့်ပြန်ပြော၏။
ကျူးရုံကျီက ရုတ်တရက်မေးလိုက်၏။
“ဒီကားရဲ့ထုတ်လုပ်မှုစရိတ်ကဘယ်လောက်လဲ ဒီကားကို များများစားစား ထုတ်လုပ်နိုင်လား”
“ကုန်ကျငွေက ၁သန်းပါ များများထုတ်လုပ်မှုလား အခုလက်ရှိမှာက ဒီကားကမဖြစ်နိုင်ပါဘူး ဒီကားက အရမ်းဈေးကြီးတယ် ပြီးတော့ လူများစွာလည်း မတတ်နိုင်ပါဘူး”
လီမင်တက ရှင်းပြ၏။
“ဒီတူညီတဲ့အရည်သွေးနဲ့ နိုင်ငံခြားကားတွေကရော ဘယ်လောက်လောက်ရှိမလဲ”
“ယွမ် ၃သိန်းမှ ၄သိန်းပါ”
လီမင်တကပြန်ပြော၏။
ကျူးရုံကျီက ခေါင်းခါလိုက်သည်။သူ့မျက်လုံးထဲတွင် စိတ်ပျက်မှု တစ်စုံတစ်ရာပါနေသည်။ယင်းက နိုင်ငံခြားထုတ်လုပ်သူများနှင့် ထုတ်လုပ်သည့်နည်းပညာများတွင် အလွန်ကြာဟကြောင်း ပြသနေသည့်အချက်ပင်ဖြစ်သည်။ သူတို့၏ကုန်ကျစရိတ်သည် ၃သိန်းမှ၄သိန်းဖြစ်ကာ တရုတ်နိုင်ငံတွင် ထုတ်လူပ်မှု ကုန်ကျစရိတ်သည် ယွမ်၁သန်းဖြစ်သည်။ မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။
ဖုန်းယွီသည်လည်း ကူကယ်ရာမဲ့ လာသည်။ယင်းက သူမလုပ်နိုင်သည့်အရာပင်ဖြစ်သည်။သူသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးပမာဏများစွာ ရင်းနှီးထားသော်ငြား ယင်းကို နေ့ချင်းညချင်း ပြောင်းလဲ၍ မရပေ။ အနည်းဆုံး စက်ယန္တရားကုမ္ပဏီအနေဖြင့် အခြားသော တရုတ်နိုင်ငံ၏ ကားထုတ်လုပ်သူများ မလုပ်နိုင်သည့်အရာများကို အောင်မြင်အောင်လုပ်နိုင်ပေသည်။ဖုန်းယွီသည် သူ့အနေဖြင့် တစ်ကမ္ဘာလုံးကို အမီလိုက်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
“မင်းထုတ်လုပ်တဲ့ကားတွေက ချိုမှာတော့မဟုတ်ဘူး ရောင်းအားကဘယ်လောက်လဲ”
“ကျွန်တော်တို့တွေက မကြာသေးခင်ကမှစရောင်းတာပါ ကျွန်တော်တို့အနေနဲ့ ရောင်းအားအများကြီးမရှိသေးပါဘူး ဒါပေမဲ့ ကျွန်တော်တို့တွေက ရုရှားနိုင်ငံကစီးပွားရေးသမားနဲ့တော့ စာချုပ်ချုပ်ထားပြီးပြီ ကျွန်တော်တို့ရဲ့ကားအများစုကို ပြည်ပကိုတင်ပို့မှာပါ”
“တင်ပို့မှာ? ငါတို့ရဲ့ကားတွေက တင်ပို့နိုင်တာလား”
တိန်ရှောက်ဖိန်က အံ့အားသင့်သွားသည်။ တရုတ်ကားတွေက တင်ပို့နိုင်တာပဲလား။
“ဈေးနှုန်းနဲ့ ကျွန်တော်တို့ကားတွေရဲ့ အရည်အသွေးက ရုရှားဈေးကွက်အတွက်သင့်တော်ပါတယ် သေချာတာပေါ့ ကျွန်တော်တို့အနေနဲ့ ရုရှားကိုတင်ပို့နိုင်တယ် မြို့တော်၀န်ကျန်းကလည်း ရုရှားစီးပွားရေးသမားနဲ့လည်းတွေ့ဆုံခဲ့သေးတယ်”
ဖုန်းယွီက ကျန်းရွေ့ချင်ကို ပြောလိုက်၏။
ကျန်းရွေ့ချင်ကလည်း ခေါင်းညိမ့်လိုက်ကာ
“ကျွန်တော် ရုရှားစီးပွားရေးသမားနဲ့တွေ့ဆုံခဲ့ပြီးပါပြီ ကျွန်တော်တို့အနေနဲ့ စက်ယန္တရားကုမ္ပဏီက သူတို့ရောင်းချတဲ့ဈေးနှုန်းသေဘာတူညီမှုအတွက်ကိုလည်း လက်မှတ်ထိုးပြီးပါပြီ ကျွန်တော်တို့အနေနဲ့ ဒီနှစ်သစ်ကူးအပြီးမှာ အမှာစာတွေကို ပို့မှာပါ”
“ကောင်းတယ် ကောင်းတယ် ကောင်းတယ်”
တိန်ရှောက်ဖိန်က ပြောလိုက်၏။
“စုန့်ကျမ်းမော်တော်ကားက တရုတ်နိုင်ငံမှာ အကောင်းဆုံးဖြစ်မယ်ဆိုတာ ငါယုံကြည်တယ် မင်းတို့အခုလက်ရှိ ကြုံတွေ့နေရတဲ့အခက်အခဲကဘာလဲ ငါ့ကိုပြော ငါမင်းတို့ကိုကူညီပေးမယ်”
ကျန်းရွေ့ချင်က ချက်ချင်းပင် နောက်တွင်ရှိေနသည့်ဖုန်းယွီကို ဆွဲလိုက်ကာ သူသည် ဖုန်းယွီ၏ အကျင့်စရိုက်ကို သိပေသည်။ဖုန်းယွီသည် မည်သည့်တောင်းဆိုချက်မျိုးမဆို တောင်းရဲပေ၏။
ဖုန်းယွီက ဆိတ်ဆိတ်သာနေ၏။သို့သော် ဖူကွမ်းကျမ်းကစပြောပေး၏။
“ကျွန်တော်တို့ စက်ယန္တရားကုမ္ပဏီက အခြားသော နိုင်ငံခြား ပူးပေါင်းထုတ်လုပ်မှုတွေနဲ့အတူ အစိုးရရဲ့ထောက်ပံ့မှုတွေကို လိုအပ်ပါတယ်”
ဖုန်းယွီသည် ဖူကွမ်းကျန်းနှင့်လီမင်တနှင့် ဆွေးနွေးပြီးဖြစ်သည်။ဖူကွမ်းကျန်း၏ပုံရိပ်ဖြစ်သည့် ဟောင်ကောင်နိုင်ငံသားက အသုံး၀င်သည်ဖြစ်၏။ သူသည် ယင်းတောင်းဆိုချက်ကိုပြုလုပ်ရန်အတွက် အသင့်တော်ဆုံးဖြစ်သည်။ ထပ်ပြောရပါက သူ့၏မျိုးရိုးနာမည်သည် ဖူဖြစ်သည်။ဟောင်ကောင်တွင် လွှမ်းမိုးနိုင်သည့် မိသားစုတစ်ခုဖြစ်ကာ အာရှတွင်လည်း သူတို့မိသားစုက လွှမ်းမိုးထားနိုင်ပေ၏။
တိန်ရှောက်ဖိန်က ဖူကွမ်းကျန်းဘက်ကိုလှည့်ကြည့်လိုက်ကာ
“မင်းက ဟောင်ကောင်က ရှောင်ဖူမလား ငါလွန်ခဲ့တဲ့နှစ်တွေတုန်းက ဟောင်ကောင်ကိုသွားခဲ့တုန်းက မင်းရဲ့အကြီးဆုံးဦးလေးနဲ့တွေ့ခဲ့တယ် အခုရော သူနေကောင်းကျန်းမာရဲ့လား”
တိန်ရှောက်ဖိန်နှင့်လူများက ဖုန်းယွီနှင့်ကျွမ်းကျင်သူများ၏ နောက်ခံနှင့် သူတို့၏အကြောင်းများကို စုံစမ်းပြီးဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ခေါင်းဆောင် ကျွန်တော့်ရဲ့ဦးလေးက ကျန်းကျန်းမာမာရှိပါတယ် ဒါပေမဲ့ သူစောစောပိုင်းက ဟောင်ကောင်က အမိမြေကို ပြန်လည်ရောက်ရှိမယ်လို့ သတင်းကြားတုန်းက သူနည်းနည်းလေးတော့ စိုးရိမ်ခဲ့သေးတယ်”
“ဟားဟားဟားဟား သူ့ကိုပြောလိုက် သူပေကျင်းကိုလာရင် သူ့ကိုငါ ပီကင်းဘဲကင်ကျွေးမယ်လို့ ကျန်းရွေ့ချင် ကျူးရုံဆီထံ အစီရင်ခံစာတင်ပေး သူက စက်ယန္တရားကုမ္ပဏီရဲ့ ပြဿနာတွေကို ဖြေရှင်းရန် ကူညီပေးလိမ့်မယ် ပုဂ္ဂလိကပိုင်လုပ်ငန်းပဲဖြစ်ဖြစ် နိုင်ငံပိုင်လုပ်ငန်းပဲဖြစ်ဖြစ် တရုတ်နိုင်ငံရဲ့ လုပ်ငန်းဖြစ်နေသရွေ့ ငါတို့တွေက ထောက်ပံ့မှုတွေကိုပြုလုပ်ပေးရမယ်”
….
အတူလိုက်လာသည့် အစိုးရအရာရှိများ၏ နားချမှုကြောင့် တိန်ရှောက်ဖိန်သည် သူ့၏ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီသို့ အလည်အပတ်ခရီးစဉ်ကို အဆုံးသတ်လိုက်ကာ နေ့လယ်စာ စားရန်အတွက် ဟိုတယ်ကိုပြန်နားခဲ့သည်။နေ့လယ်စာစားပြီးနောက် သူသည် အခြားသော နေရာများကိုလည်း သွားလည်ပတ်ရဦးမည်ပင်။
ခေါင်းဆောင်များထွက်သွားပြီးနောက် ဖုန်းယွီသည် လက်ဝေ့ပြလိုက်သည်။
“ လူကြီးလီ အစ်ကိုဖူ ကျွန်တော်တို့ နေ့လယ်စာအတွက်သွားရအောင် ဒီနေ့လူတိုင်းကောင်းကောင်းမွန်မွန်လုပ်ခဲ့ကြတယ် ကျွန်တော်တို့အနေနဲ့ ဒီနေ့ည ဂုဏ်ပြုပွဲလုပ်သင့်တယ်”
သူတို့သည် ကုမ္ပဏီ၏ စွမ်းဆောင်ချက်များကို ထိပ်တန်းခေါင်းဆောင်များကိုပြသခဲ့ကြပြီး ခေါင်းေဆာင်၏ ကတိကိုလည်းရခဲ့သည်။ ယင်းက ပြီးပြည့်စုံသည့်အဆုံးသတ်ပင်။
သို့သော် နေ့လယ်စာစားပြီးချိန်၌ ကျန်းရွေ့ချင်ထံမှ သူနှင့် ဖူကွမ်းကျန်း ပြည်နယ် အစိုးရဧည့်ရိပ်သာသို့ ချက်ချင်းလာရန် ဖုန်းခေါ်မှုတစ်ခုကို လက်ခံရရှိခဲ့သည်။ ထိပ်တန်းခေါင်းဆောင်က သူတို့ကိုတွေ့ချင်၏။
ဖုန်းယွီနှင့် ဖူကွမ်းကျန်းတို့သည် ချက်ချင်းပင် ထိုနေရာသို့သွားလိုက်ကြ၏။ သူတို့နှစ်ယောက်က စိတ်ရှုပ်ထွေးနေကြသည်။ဘာလို့သူတို့က ထပ်ပြီးဆင့်ခေါ်ခံရတာလဲ။
သူတို့ရောက်သည့်အခါ တိန်ရှောက်ဖိန်သည် အခြားသော အစိုးရအရာရှိများနှင့်အတူ အခြားနေရာသို့သွားပြီဖြစ်ကြောင်းသိရှိခဲ့သည်။ နောက်ထပ်ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက် ကျူးရုံကျီဖြစ်ကာ သူတို့ကိုတွေ့ချင်နေ၏။
“မင်းတို့တွေကို အခုလိုချက်ချင်းကြီးခေါ်လိုက်ရတာက ထိပ်ပိုင်းအဆင့်မြင့် ခေါင်းဆောင်တွေအနေနဲ့ ဘေးမြို့တော်မှာ လည်ပတ်ပြီးပြီဆိုတာနဲ့ သူတို့တွေက ပြန်သွားပြီးတော့ တခြားပြည်နယ်တွေကိုသွားရမှာမို့လို့ပါ”
ဖုန်းယွီနှင့်ဖူကွမ်းကျင်းက သူတို့အနေဖြင့် ယခုလိုလာရသည့်အတွက် မည်သည့်စိတ်မှမရှိကြောင်း အမူအရာဖြင့်ပြကြသည်။
“ရှောင်ဖူ ငါသိသလောက်က မင်းလွန်ခဲ့တဲ့နှစ်တွေက တရုတ်နိုင်ငံမှာ ငွေကြေးပမာဏ တော်တော်များများရင်းနှီးမြှုပ်နှံတယ်”
“ ကျွန်တော်က တရုတ်နိုင်ငံရဲ့စီးပွားရေးက နိုးထလာပြီးတော့ နောင်နှစ်တွေအတွင်း လျင်လျင်မြန်မြန်နဲ့တိုးတက်လာမယ်လို့ထင်လို့ပါ ထပ်ပြောရမယ်ဆို ကျွန်တော်က တရုတ်တစ်ယောက်ပဲလေ ပြီးတောလ ကျွန်တော့်အနေနဲ့ တရုတ်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုအတွက် တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါ၀င်ပေးရမှာပေါ့”
ဖူကွမ်းကျန်းကပြန်ပြော၏။
ဖုန်းယွီက ဖူကွမ်းကျန်းကို စိတ်ထဲတွင် ကျိန်ဆဲနေ၏။ အေး ဆက်ပြီးတော့ ကြိုက်အောင်ပြော ဆက်ပြီးဆက်ပြီးကြိုက်အောင်ပြော အနီးရောင် စာတန်းရဲ့အောက်မှာ ကြီးပြင်းလာတဲ့ဟာကရော
“မင်းအနေနဲ့မင်းကိုယ်တိုင်အတွက်လား မင်းမိသားစုကိုယ်စား ရင်းနှီးမြှုပ်နှံခဲ့တာလား”
ကျူးရုံကျီကဆက်မေးလိုက်၏။
“ဒါက ကျွန်တော့်မိသားစုရဲ့ အကြံဉာဏ်ပါ “
ဖူကွမ်းကျန်းက ဂုဏ်ယူစွာဖြင့်ပြန်ဖြေ၏။ ယင်းကသူ့ဦးလေးအကြီးဆုံး၏ ညွှန်ကြားချက်ပင်ဖြစ်သည်။
“ဟောင်ကောင်မှာ မင်းတို့လို ဖူမိသားစုစီးပွားရေးလုပ်ငန်းရှင်တွေရှိတဲ့အတွက် ငါတကယ် ကျေးဇူးတင်တယ် မင်းတို့ရဲ့မိသားစုကို ငါတကယ် အလေးအနက်နဲ့ကျေးဇူးတင်ပါတယ်”
ကျူးရုံကျီက မတ်တပ်ထရပ်လိုက်ပြီး ဖူကွမ်းကျန်းကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
ဖူကွမ်းကျန်းသည် ဖူမိသားစုကို ကိုယ်စားပြုခြင်းဖြစ်သည်။ ပြီးနောက် ဖူကွမ်းကျန်းသည် ဖူမိသားစု၏ ခေါင်းဆောင်မဟုတ်ပေ။ထိုအချိန်တွင် ဖုန်းယွီက တစ်စုံခုခံစားလာမိသည်။ဒီဆွေးနွေးပွဲက ပြီးသွားပြီ မဟုတ်ဘူးလား ဒါဆို ငါကရော ဘာလို့ငါကဒီကို ခေါ်ခံရတာလဲ။
ဘာသာပြန်မှတ်စု- ယခုစာစဉ်တွင် တရုတ်နိုင်ငံ၏ ထိပ်ပိုင်းခေါင်းဆောင်များ၏ နာမည် အခြားနာမည်များကိုထည့်သုံးထားခြင်းဖြစ်သည်။ သို့သော် နားလည်ရလွယ်ကူစေရန်ဖြင့် ကျွန်တော့်အနေနဲ့ နာမည်အရင်းများကို ပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။