← Chapters

မေးခွန်း အပိုင်း ၃

Vol. 31 Ch. 462

မေးခွန်း အပိုင်း ၃

Vol. 31 Ch. 462

“ရှောင်ဖုန်းဒီမှာ ခဏလောက်နေခဲ့ဦး”

ကျူးရုံကျီက ဖုန်းယွီကိုကြည့်လိုက်သည်။

“မင်းရဲ့အချက်အလက်တွေက တကယ့်ကို စိတ်၀င်စားစရာပဲ ။ပြီးတော့ ငါမင်းကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ မသိဘူး။ မင်းမှာ လူအများစုထက် သာလွန်ကောင်းမွန်တဲ့ အမြင်တွေရှိနေတဲ့ပုံပဲ ငါအဲ့ဒါကိုအရမ်းစိတ်၀င်စားတယ်”

“ကျွန်တော်က စာဖတ်ရတာကို နှစ်သက်ပြီးတော့ အသစ်သစ်တွေကို လုပ်ဆောင်ရတာကိုသဘောကျလို့ပါ အဲ့ဒါကထူးဆန်းနေလို့လား”

ဖုန်းယွီကပြောလိုက်သည်။ တစ်ခုခုမူမမှန်လို့ ငါ့ကို‌ေခါ်သွားပြီးတော့ ဓာတ်ခွဲခန်းမှာ စမ်းသပ်မလို့လား

“‌ဒါကထူးဆန်းတယ်လို့တော့ တွေးလို့မရဘူး မင်းက ရေနွေးငွေ့စက်နဲ့ ဒလက်မဲ့ပန်ကာတွေကို နည်းပညာအတူတူပဲကို ကွဲပြာအောင် လုပ်ပြီးတော့ အသုံးချခဲ့တာ တခြားသူတွေကဆိုရင် ဒီနည်းပညာတွေကို ဒီလိုသုံးရမှန်း စဉ်းစားမိမှာမဟုတ်ဘူး ဒါပေမဲ့ မင်းလုပ်ခဲ့တယ်”

“ဟုတ်ပါတယ် အဲ့ဒါက ပြဿနာရှိလို့လား”

ဖုန်းယွီက ရိုးသားသည့်ပုံစံဖြင့် ငြင်းလိုက်သည်။

“ထူးဆန်းတယ်ဆိုပေမဲ့လည်း လူငယ်တွေက ပိုပြီးတော့ အရည်အချင်းရှိကြတယ် ဒါကြောင့်မလို့ ငါနားလည်းနိုင်ပါတယ် ဒါပေမဲ့ ငါအရမ်းစိတ်၀င်စားတဲ့အကြောင်းတစ်ခုက မင်းပထမဦးဆုံးမအနေနဲ့ ရှယ်ယာတွေကို၀ယ်တဲ့အချိန်တုန်းကပဲ ဘာလို့ မင်းက ဒီလောက်ရှယ်ယာတွေအများကြီးကို၀ယ်ခဲ့တာလဲ မင်းရဲ့ပိုင်ဆိုင်မှုတွေကို ပေါင်နှံပြီးတော့တောင် ရှယ်ယာတွေကို ၀ယ်ခဲ့တာ ဒီရှယ်ယာတွေကနေပြီးတော့ မင်းအနေနဲ့ ငွေရှာနိုင်လိမ့်မယ်လို့ အသေအချာသိခဲ့တာလား”

ကျူးရုံကျီ၏ မျက်လုံးများက ရုတ်တရက် ထက်မြက်တောက်ပသွားကာ ဖုန်းယွီကို စိုက်ကြည့်လိုက်သည်။ သူ့ရဲ့အရိပ်အယောင်က ဖုန်းယွီကို ကြီးမားတဲ့သက်ရောက်မှုဖြစ်စေ၏။

“အာ ကျွန်တော့်အနေနဲ့ ငွေအများကြီးရှာနိုင်လိမ့်မယ်လို့ မသေချာဘူး ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အသေအချာသိတာက အကျိုးအမြတ်ရမယ်ဆိုတာပဲ”

ယင်းက အမှန်ပေ၏။ တရုတ်နိုင်ငံအနေဖြင့် ပထမဦးဆုံးရှယ်ယာရောင်းငွေကို စတင်မိတ်ဆက်တာက နေ့စဥ်အတက်အကျ ကန့်သတ်ချက်မရှိပေ။ သို့သော် နောက်ပိုင်းတွင် အစိုးရအနေဖြင့် ရှယ်ယာဈေးကွက်ကို ထိန်းချက်ချင်သည့်အတွက် ကန့်သတ်ချက်များကို စတင်အသုံးပြုခဲ့သည်။ စတင်သည့်အချိန်က ၁ရာခိုင်းနှုန်းဖြစ်သည်။ သို့သော် နောက်ပိုင်တွင် ၀.၅ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။ ယင်းက ရှယ်ယာငွေကြေးအတက်အကျ အလွန်များခြင်းမှ တားဆီးရန်ဖြစ်သည်။ သို့သော် တရား၀င်ဈေးနှုန်းသာဖြစ်သည်။ အချင်းချငိးရောင်း၀ယ်သည့် ကုန်သွယ်မှုမျိုးလည်းများစွာရှိသေးပေ၏။

သို့သော် တိန်ရှောက်‌ဖိန်တောင်ပိုင်းသို့ သွားသည့် ခရီးစဥ်ပြီးဆုံးပြီးနောက် ယင်းနေ့စဉ်ကန့်သတ်ချက်ကို ရုတ်တရက် ရုပ်သိမ်းလိုက်သည်။ ထိုရက်တွင် ရှယ်ယာဈေးနှုန်းက ဆောင့်တက်သွားခဲ့သည်။ မည်သူမှ ယခုကဲ့သို့ဖြစ်မည်ကို မမြင်နိုင်ခဲ့ပေ။ သေချာသည်မှာ ဖုန်းယွီက အရင်းအကြောင်းသိပေသည်။ သို့သော် သူသည် ထိုအချက်ကိုသိမည်ဟု မည်သည့်အခါမှ ၀န်ခံမည်မဟုတ်သကဲ့သို့ မည်သည့်အရာမျှ ပြောလိမ့်မည်လည်း မဟုတ်ချေ။

“ဒီရှယ်ယာကုန်သွယ်မှုကနေပြီးတော့ အကျိုးအမြတ်တွေရမယ်ဆိုတာ ဘာကြောင့် ဒီလောက်သေချာနေရတာလဲ”

“လူများစွာက ရှယ်ယာတွေကို ၀ယ်တဲ့အခါ သေချာပေါက်က ဈေးနှုန်းမြင့်တက်လာမှာပဲ ငွေတိုက်စာချုပ်ရဲ့ဈေးကွက်ကလည်း တက်တက်ကြွကြွနဲ့လည်ပတ်နေတာ ရှယ်ယာဈေးကွက်ကလည်း သေချာပေါက် အတူတူဖြစ်မှာပဲ နိုင်ငံခြားမှာလည်း ဒီလိုပဲလေ”

“ ဒီလောက်ထိရိုးရှင်းတာလား”

ကျူးရုံကျီသည် သံသယတချို့ရှိနေဆဲပင်။

“ဟုတ်ပါတယ် ဒါက‌အဲ့လောက်ရိုးရှင်းပါတယ် အဲ့ဒီအချိန်က ငွေတိုက်စာချုပ် အကျိုးအမြတ် အများကြီးရှိမနေဘူး ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ ရှယ်ယာရောင်း၀ယ်မှုပြောင်းလိုက်တာ ကျွန်တော်လည်း ရှယ်ယာတွေကနေပြီးတော့ ဒီလောက်ငွေတွေအများကြီးရမယ်လို့ မမျှော်လင့်ခဲ့ဘူး တကယ်လို့ ရှယ်ယာဈေးနှုန်းသာ ရုတ်တရက်များလာခဲ့မယ်ဆိုတာသိရင် ကျွန်တော့်အနေနဲ့ အရင်ကရောင်းခဲ့မှာမဟုတ်ဘူး တစ်နိုင်ငံလုံးက ရှယ်ယာတွေ‌၀ယ်နေကြတာမဟုတ်ဘူးလား ဘာပြဿနာမြန်းရှိလို့ပါလိမ့်”

ဖုန်းယွီက ဆက်ပြီး မသိချင်ယောင်ဆောင်လိုက်သည်။ ကံကောင်းချင်တော့ သူသည် ရှယ်ယာဈေးမတက်ခင် ‌‌ရှယ်ယာတော်တော်များများကို ရောင်းထုတ်ပြီးသား ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ ယင်းက ရုတ်တရက် တက်လာမည်ကို မသိကြောင်းသက်သေပင်ဖြစ်ပေသည်။

“ အဲ့ဒါဆိုရင် ဘာလို့မင်းက ရှယ်ယာတွေကိုထပ်မ‌၀ယ်တော့တာလဲ”

“ကျွန်တော့်မှာငွေမရှိတော့ဘူးလေ ကျွန်တော့်ရဲ့ငွေတွေအကုန်လုံးကို စက်ယန္တရားကုမ္ပဏီရဲ့ ကားထုတ်လုပ်တဲ့ ပရောဂျက်မှာ ကျွန်တော်ရင်းနှီးမြှုပ်နှံထားတယ် ဒါကြောင့်မလို့ ကျွန်တော်မ၀ယ်တာပါ တကယ်လို့ ကျွန်တော့်မှာ ငွေရှိမယ်ဆိုရင် သေချာပေါက် ရှယ်ယာမှာ ရင်းနှီးမြှုပ်နှံမှာပါ”

ယင်းက ကောင်းမွန်သည့်ရှင်းပြချက်ဖြစ်သည်။ သို့သော် ကျူးရုံကျီအတွက် တစ်ခုခုထူးဆန်းနေဆဲပင်ဖြစ်သည်။ အဘယ့်ကြောင့် ဖုန်းယွီက သူ့ပိုင်ဆိုင်မှုတွေကိုရင်းပြီး ရှယ်ယာတွေကို၀ယ်ခဲ့တာလဲ။ သို့သော် ဖုန်းယွီသည် ဈေးကွက်ကို ချယ်လှယ်သည့် သက်သေအထောက်အထားမရှိပေ။ အကယ်၍ ဖုန်းယွီသာ ဈေးကွက်ချယ်လှယ်မှုထဲတွင် ပါ၀င်ပါက သူ့အနေဖြင့်ရှယ်ယာဈေး ရုတ်တရက်မတက်ခင် သူ့၏ရှယ်ယာများကို ရောင်းချလိမ့်မည် မဟုတ်ချေ။

“တရုတ်နိုင်ငံရဲ့ငွေကြေးဈေးကွက်‌အပေါ် မင်းဘယ်လိုမြင်လဲ”

ကျူးရုံကျီသည် အခြားသူများအနေဖြင့် တရုတ်နိုင်ငံ၏ ငွေကြေးဈေးကွက်ပေါ် မည်သည့်အမြင်ရှိကြောင်းကို သိချင်၏။

ယခုလက်ရှိငွေဈေးတွင် ယိုပေါက်များစွာရှိနေသည်။ အကယ်၍ ဖုန်းယွီအနေနဲ့သာ ဈေးကွက်ကိုချယ်လှယ်နိုင်ပါက ယင်းက အတိတ်တစ်ခုမျှသာဖြစ်ပေမည်။ကံကောင်းချင်တော့ မည်သည့်နိုင်ငံခြား၀င်ငွေမှ အသစ်ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံ၏ ဈေးကွက်ထဲကို ၀င်ရောက်လာခြင်းမရှိပေ။မဟုတ်ပါက နိုင်ငံခြား institutionများအနေဖြင့် ငွေများအကုန်လုံးကို ယူသွားလိမ့်မည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ စတော့ဈေးကွက်သည် တင်းကြပ်မှုများစွာမှ ကင်းလွတ်နေသည်။ ဥပမာ ယခုနှစ် ဇူလိုင်လတွင် ကုမ္ပဏီတစ်ခုသည် တရုတ်နိုင်ငံ၏ စတော့ဈေးကွက်တွင် စာရင်း၀င်အဖြစ်မှနှုတ်ထွက်ခဲ့သည်။ အကြောင်းမှာ ဟောင်ကောင်‌စီးပွားရေးရှင်တစ်ဦးသည် သူ၏ရန်ပုံငွေအကုန်လုံးကို ထုတ်ယူသွားပြီဖြစ်သည်။

ဩဂုတ်လတွင်လည်း ရှင်ကျန်းတွင် IPOမိတ်ဆက်စဉ်က ကိစ္စကြီးတစ်ခုဖြစ်ပေါ်ခဲ့သည်။ ယင်းက သတ်သေခံကတ်ပိုင်းတွင် သတ်မှတ်ထားသည့် ရှယ်ယာအရေအတွက်ကိုထုတ်ပေးခြင်း‌ေကြာင့်ဖြစ်သည်။ သို့သော်တစ်ယောက်ယောက်အနေဖြင့် အစုရှယ်ယာများကို ၀ယ်ယူရန် သတ်သေခံကတ်ပြားရာနှင့်ချီ ယူဆောင်လာခဲ့သည်။ ယင်းနောက်ကွယ်ရှိလူများက ရှယ်ယာများကို မရယူနိုင်သည့်အတွက် ရန်ပွဲများစွာ ဖြစ်ပွားခဲ့သည်။ထိုအချိန်တွင် ထိုIPOကိစ္စနှင့်ပတ်သက်ပြီး ရှန်ကျန်းသို့ လူများစွာ အပြေးရောက်လာကြသည်။ ရထားလက်မှတ်အကုန်လုံးရောင်းကုန်သွားကြသည်။ ပြီးနောက် မှောင်ခိုလက်မှတ်ဈေးကွက်တွင် ၇ဆမှ ၈ဆအထိသို့ ဈေးနှုန်းမြင့်တက်လာခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများ ကျေနပ်ရန် အာဏာပိုင်များသည် ရွေးချယ်စရာမရှိဘဲ လျှောက်လွှာများကို ပိုမို ခွင့်ပြုပေးလိုက်ရသည်။ထိုမတော်တဆမှုပြီးနောက် စာရင်းမ၀င်သည့် ကုမ္ပဏီ၏ရှယ်ယာများကို စီချွမ်းဒေသကထုတ်ပေးသည်။

၃ရက်အတွင်း ရှန်ဟိုင်း ကွန်ပို့စစ် ကုမ္ပဏီလည်း ၁၅၀၀ပွိုင့်မှ ၁၀၀၀ပွိုင့်အထိ ကျဆင်းသွားခဲ့သည်။ ယင်းက အလျင်အမြန်၀ယ်ယူသည့်အတွက်ကြောင့်ပင်။ ပြီးနောက် ရှယ်ယာဈေးများသည်လည်း ထပ်ပြီး ကျဆင်းလာခဲ့သည်။ရင်းနှီးမြှုပ်နှံသူ အများစုသည် ငွေကြေးပမာဏများစွာဆုံးရှုံးခဲ့ရသည်။

နိုင်ငံတော်ကောင်စီက ငွေကြေးထိန်းသိမ်းမှုအဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ အကြောင်းမှာ ထိုမတော်တဆမှုများကြောင့်ဖြစ်သည်။ ကျူးရုံကျီသည် ယင်းကုမ္ပဏီ၏ ခေါင်းဆောင်ဖြစ်သည်။ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံ၏ ငွေကြေးစောင့်ကြည့်ရေး ကော်မရှင်ကိုလည်း ဖွဲ့စည်းသည်။သို့သော် ကုမ္ပဏီနှင့်ကုမ္ပဏီရှင်သည် စတော့ဈေးကွက်ကိုတော့ ကယ်တင်နိုင်ခြင်းမရှိပေ။ စတော့ဈေးကွက်သည် ဆက်လက်ကျဆင်းနေဆဲဖြစ်သည်။ ၁၄၀၀ပွိုင့်အထိတောငိ ကျဆင်းသွားခဲ့သည်။ကျူးရုံကျီအ‌တွေးတွင် ဖုန်းယွီသည် ရှယ်ယာများ ရောင်း၀ယ်မှုတွင် အစောဆုံးလုပ်ခဲ့သည့်သူများထဲမှတစ်ယောက်ပင်။ သူ့တွင်အတွေးအမြင်များရှိပေမည်။ သို့သော် ဖုန်းယွီ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် သူက ဖုန်းယွီသည် ရှယ်ယာကုန်သွယ်မှုမှ အကျိုးအမြတ်ရခဲ့ခြင်းသည် သူ့အနေဖြင့် ကြက်ကန်းဆန်အိုးတိုး ကံကောင်းမှုကြောင့်သာဖြစ်ပေမည်။

“ကျွန်တော့်ရဲ့အမြင်လား ကျွန်တော့်အနေနဲ့တော့ နေ့စဉ် ငွေကြေးအတက်မကျကို ထားသင့်တယ် ကျွန်တော်တို့တွေအနေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေအတိုင်း လိုက်နာသင့်တယ် ၁၀ရာခိုင်နှုန်းက ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ပဲ ကျွန်တော်တို့မှာက တရုတ်နိုင်ငံရဲ့ ငွေကြေးထိန်းသိမ်းမှု ကော်မရှင်မရှိဘူးမဟုတ်လား ကျွန်တော်တို့အနေနဲ့ ဈေးကွက်ကိုထိန်းချုပ်ပြီး အဲ့ဒီစာရင်း၀င်ကုမ္ပဏီတွေရဲ့ ငွေစာရင်းရှင်းတန်းတွေကို ရှင်းလင်းရမယ်”

“ ဒါပဲလား”

“ဒါပဲ”

ဖုန်းယွီက တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်။ သူ့အနေဖြင့် သူပြောထားသည့်စကားက သမိုင်းကို ပြောင်းလဲသွားမည်ကိုစိုးရိမ်နေသည်။ အကယ်၍ သမိုင်းသာပြောင်းလဲသွားခဲ့ပါက သူ၏အတွေ့အကြုံများနှင့်ယခင်ဘ၀မှ အသိပညာများသည် အသုံးမ၀င်‌ဖြစ်သွားပေမည်။

စတော့ဈေးကွက်၏တိုးတက်မှုသည် မူရင်းအတိုင်းသာ ဆက်လက်သွားမည်ပင်။ မည်သို့ပင်ဖြစ်စေ နိုင်ငံခြားရန်ပုံငွေ တရုတ်နိုင်ငံသို ၀င်လာခြင်းမရှိပေ။ ထို့နောက် ငွေများအားလုံးသည် တရုတ်နိုင်ငံတွင် ရှိနေဆဲပင်ဖြစ်သည်။

“ငါတို့‌တွေအနေနဲ့ အဲ့ဒီစာရင်း၀င်ကုမ္ပဏီတွေကို ဘယ်လိုထိန်းကြောင်းကြမလဲ”

“ဘဏ္ဍာရေးဖွင့်ဟချက် ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ဘဏ္ဍာရေးအစီရင်ခံစာတွေကို သူတို့ရဲ့ရှယ်ယာရှင်တွေကို မကွယ်မဝှက်ဘဲနဲ့တင်ပြရမယ် ကုမ္ပဏီတစ်ခုစာရင်းမ၀င်ခင် သူတို့တွေအနေနဲ့ လွန်ခဲ့တဲ့ ၃နှစ်နဲ့ နောင်၃နှစ်ရဲါ ဘဏ္ဍာရေးအခြေအနေကိုလည်းစဉ်းစားရမယ် အဲ့ဒီကုမ္ပဏီအနေနဲ့ သေချာပေါက် စစ်ဆေးမှုကိုခံယူရမယ် ပြီးတော့ သူတို့တွေရဲ့ငွေစာရင်းကလည်းရှင်းလင်းရမယ် လွန်ခဲ့တဲ့နှစ်တွေတုန်းက အကျိုးအမြတ်မရခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့ စာရင်း၀င်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ကျူးရုံကျီက ‌ခဏကြာတွေးပြီးနောက် ခေါင်းညိမ့်လိုက်သည်။

“မင်းကြည့်ရတာ ငွေကြေးဘဏ္ဍာရေးနဲ့ပတ်သက်ပြီး တော်တော်သိပုံပဲ”

“ကျွန်တော်အများကြီးမသိပါဘူး ကျွန်တော်က ဟောင်ကောင်ကိုသွားတယ် ပြီးတော့ ဖူကွမ်းကျန်းနဲ့တွေ့ပြီးတော့ ဖူရုန်ကျီဆီကနေပြီး အချိန်ရရင် သင်ယူဖြစ်ပါတယ် မစ္စတာဖူရုန်ကျီက ငွေကြေးဘဏ္ဍာဈေးကွက်မှာ တကယ့်ကိုတော်တဲ့သူပဲ”

ဖုန်းယွီက ဖူရုန်ကျီကို သူ၏အကာအကွယ်အဖြစ်အသုံးပြုလိုက်သည်။ဖူရုန်ကျီသည် အာရှ၏ ငွေကြေးဘဏ္ဍာရေးဈေးကွက်တွင် ‌ရင်းနှီးမြှုပ်နှံမှုများအတွက် နာမည်ကြီးသည့်သူဖြစ်သည်။

ဖုန်းယွီလည်း ‌ကျူးရုံကျီကို ယခုနှစ်စတော့ဈေးကွက်၏စွမ်းဆောင်ရည် တော်တော်ဆိုးမည်ကို ပြောပြချင်သော်ငြား ယွမ်စတော့များကိုထုတ်ပြီးနောက် ယင်းဈေးကွက်သည် ပြန်လည်စွမ်းလာမည်ဖြစိသည်။ ယခုဈေးကွက်သည်လည်းနောက်နှစ် နှစ်လယ်ပိုင်းအထိ ဆက်ရှိနေမည်ဖြစ်သည်။

ဖုန်းယွီသည် ယင်းအခွင့်အရေးကိုအသုံးချပြီး ငွေရှာချင်သေးသည်။ သို့သော် ယခုလက်ရှိတွင် မပါ၀င်ရန် ဆုံးဖြတ်ချက်ချထားသည်။ သူသည် ဝူကျီကန်းနှင့်ကျန်သည့်သူများကိုသာ ရင်းနှီးမြှုပ်နှံရန်ပြောမည်ပင်။

“အိုက်ဝက မင်းကုမ္ပဏီလား”

ကျူးရုံကျီက ရုတ်တရက်မေးလိုက်သည်။

“ကျွန်တော်က အဓိကရှယ်ယာရှင်ပါ”

သူကဒီအကြောင်းလည်းသိတာပဲလား ငါဒီကိစ္စကိုပြောင်းလဲမှဖြစ်မယ် သူက ငါစတော့ဈေးကွက် ပြောတာကို ယုံတဲ့ပုံမဟုတ်ဘူးလား

“ဂျပန်ကုမ္ပဏီကို ၀ယ်ယူပြီးတော့ စီမံခန့်ခွဲနေတယ် ကောင်းတယ် ရှောင်ဖုန်း မင်းက စိတ်၀င်စားစရာကောင်းတာပဲ မင်းဘွဲ့ရပြီးပြီဆိုရင် နိုင်ငံတော်ကောင်စီကို လာပြီးတော့ အလုပ်လုပ်ဖို့စိတ်၀င်စားလား”

အဆင့်မြင့်အရာရှိအဖြစ် ငါ့ဘ၀ကို သေဆုံးအောင်လုပ်မလို့လား

အကယ်၍ ဖုန်းယွီ အရင်ဘ၀တုန်းကဖြစ်ပါက သူ့အနေနဲ့ သေချာပေါက် သဘောတူလိမ့်မည်ပင် ဖြစ်သည်။သို့သော်ယခုလက်ရှိတွင် သူသည် စိတ်မ၀င်စားတော့ပေ။အစိုးရအရာရှိများ‌တွင် စည်းမျဉ်းစည်းကမ်းများစွာရှိပေသည်။ပြီးနောက် ကျူးရုံကျီအတွက် အလုပ်လုပ်ရသည်မှာ အလွန်ပင်ပန်းသည်ပင်။ ဖုန်းယွီအတွက် ထိုခံစားချက်မျိုးကို မည်သည့်အချိန်ကမှ လိုချင်ခဲ့ခြင်းမရှိပေ။

“ကောင်းစွာကမ်းလှမ်းမှုအတွက် ၀မ်းသာပါတယ် ဒါပေမဲ့ ကျွန်တော့်မှာ စီးပွားရေးလုပ်ဖို့အတွက် ရှိပါသေးတယ် ကျွန်တော်ဘာပဲလုပ်လုပ် ကျွန်‌ေတာ်က တိုင်းပြည်ကို ထောက်ပံ့ပေးနေမှာပဲလေ ဟုတ်တယ်မလား”

“ငါမင်းကို ဖိအားမပေးပါဘူး ဟုတ်ပြီလေ ဒီနေ့အတွက်တော့ ဒီလောက်ပဲ ပြန်သွားလိုက်ဦးမယ်”

“နှုတ်ဆက်ပါတယ် ခေါင်းဆောင်ကြီး”

ဖုန်းယွီ၏နောက်ကျော်ကိုကြည့်ပြီး ကျူးရုံကျီသည် သက်ပြင်းချမိသည်။သူက ဖုန်းယွီသည်၂၂ နှစ်လူငယ်တစ်ယောက်လို့ မခံစားရပေ။သူသည် ၄၀ သို့မဟုတ် ၅၀နှစ်အရွယ်ရှိ တစ်စုံတစ်ယောက် ပူးကပ်နေသည်ဟု ခံစား‌ေနမိ၏။ ကျူးရုံကျီတွင် ဖုန်းယွီအတွက် မေးခွန်းများစွာရှိနေဆဲပင်။သို့သော် သူ့တွင် အချိန်မရှိတော့ပေ သူ့အနေဖြင့်ထိုမေးခွန်းများကို နောက်တွေ့သည့်အခါမှ မေးမည်ဖြစ်သည်။ ထိုလူငယ်လေးသည် အလွန်စိတ်၀င်စားစရာပင်။

ကျူးရုံကျီ၏ အခန်းထဲမှထွက်လာပြီးနောက် ဖုန်းယွီသည် စိတ်သက်သာရာရသွား၏။သူသည် ကျူးရုံကျီနှင့် စကားပြောသည့်အခါက ပြင်းထန်သည့် ဖိအားကို ဖုန်းယွီသည် အနာဂတ်တွင် ဘီလီယံရာနှင့်ချီရှိသည့်အခါ၌ ယခုကဲ့သို့ အရောင်အဝါမျိုး ရှိနိုင်မည်လားဟုတွေးမိသည်။

ဟင်းး.. ငါဂျပန်က ကုမ္ပဏီကို လေ့ကျင့်ဖို့သွားရမယ် တကယ်လို့ ငါအဲ့ဒီအရောင်အဝါကိုမခံနိုင်ဘူးဆိုရင် ခမဲသာ‌မာစောရဲ့ မြှောက်ပင့်ပြောဆိုမှုကို နားထောင်ပြီးတော့ စိတ်ကိုပြန်ပြီးတော့ ဖြေဖျောက်ရမယ်။

All Chapters