← Chapters

အခန်း (၄၆၃)

Vol. 31 Ch. 463

အခန်း (၄၆၃)

Vol. 31 Ch. 463

ဖူကွမ်းကျန်းသည် ဖုန်းယွီကို အပြင်ဘက်တွင် စောင့်နေသည်။ သူတို့ကားပေါ်သို့တက်ပြီးနောက် ဖူကွမ်းကျန်းသည် ဖုန်းယွီနှင့် ခေါင်းဆောင် အခန်းထဲတွင် မည်သည့်ကိစ္စ ဆွေးနွေးသည်ကို မမေးပေ။ ဖုန်းယွီသည် စိတ်ထားကောင်းနေသည့်အတွက် သူတို့၏ဆွေးနွေးမှုသည် မကောင်းတဲ့အရာ မဟုတ်မှန်းသူ့အနေဖြင့်ပြောနိုင်ပေ၏။ ဖုန်းယွီ၏ စိုးရိမ်ပူပန်မှုသည် ယာယီသာဖြေရှင်းနိုင်ခဲ့သည်။ အဘယ့်အတွက် သူ့အနေဖြင့် မပျော်ရွှင်ရသနည်း။ အနာဂတ်နှစ်များတွင် စီးပွားရေးသမားဟူသော ပုံစံနောက်ပိုပြီးတိုးတက်မြင့်မားလာမည် ဖြစ်သည်။ ပြီးနောက် သူ၏စီးပွားရေးအင်ပါယာသည်လည်း အခြေခိုင်လာမည်ဖြစ်သည်။ ဖုန်းယွီအနေဖြင့် နောက်ထပ်စိုးရိမ်ပူပန်စရာ မရှိပေ။

ယခုနှစ်များတွင် ဖုန်းယွီသည် low profileနှင့်သာ နေခဲ့သည်။ ထိုခေတ်အခါက အလွန် အောင်မြင်ကျော်ကြားခြင်းက ကောင်းသည့်အရာမဟုတ်ပေ။ သူ့အနေဖြင့် အကာအကွယ်အချို့ သို့မဟုတ် အထက်အရာရှိများ၏ စောင့်ကြည့်ခြင်းကို ကာကွယ်ရန်အတွက် အကာအကွယ်တစ်ခုအဖြစ် စဥ်းစားရပေဦးမည်။

“အစ်ကိုဖူ ‌ဟောင်ကောင်နဲ့တရုတ်တွေမှာ student exchange ရှိလား”

ဖူကွမ်းကျန်းက မျက်တောင်ပေကလက် ပေကလက်ဖြင့်

“မင်းက ဟောင်ကောင်တက္ကသိုလ်မှာ ပညာသင်ချင်တာလား ဘာကြောင့် အဲ့ဒီမှာကျောင်းတက်ချင်တာလဲ”

“စာသင်မယ်လေ”

ဖူကွမ်းကျန်းက ဖုန်းယွီကို ကြည့်လိုက်သည်။ ဘယ်သူက မင်းစာသင်မယ်ဆိုတာကို ယုံမှာလဲ

“ငါကူပြီးတော့မေးကြည့်မယ်လေ တကယ်လို့ရှိတယ်ဆိုရင် ငါ့ရဲ့မိသားစုက မင်းအတွက် student exchange ကို နေရာယူပေးနိုင်တယ်”

ဖုန်းယွီကို ပြည်ပနိုင်ငံစေလွှတ်ခြင်းက သူ့မိဘများ၏အိပ်မက်ဖြစ်ကာ ဟောင်ကောင်သည် တရုတ်နှင့်လည်း နီးပေသည်။ သူ့အနေဖြင့် တရုတ်နိုင်ငံ၏ဈေးကွက်ကိုလည်း နီးနီးကပ်ကပ် လေ့လာနိုင်မည်ဖြစ်သည်။ ထို့ပြင် သူ့အနေဖြင့် ဟောင်ကောင်တွင်ရှိသည့် အခြားနိုင်ငံများ၏ ငွေကြေး‌ဈေးကွက်များနောက်ကို လိုက်နိုင်မည်ဖြစ်၏။ပိုပြီးအရေးကြီးဆုံးက ဟောင်ကောင်တက္ကသိုလ်သည် တရုတ်နိုင်ငံလောက် စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်မျိုး မများပေ။ ဖုန်းယွီအနေဖြင့် သူ့စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အချိန်များစွာ ရှိလာမည်ပင်။

ထိုညတွင် ဂုဏ်ပြုပွဲတစ်ပွဲလည်းရှိသည်။ ကုမ္ပဏီ၏ စီးပွားရေးလမ်းကြောင်းကို ချပြီးနောက် အချို့သောပြဿနာများကို ဖြေရှင်းပြီးနောက် ဖုန်းယွီသည် ဘေကျင်းသို့ ပြန်သွားခဲ့သည်။ဖူကွမ်းကျန်းသည်လည်း အခြားသောစက်ရုံများကို သူဟောင်ကောင်သို့ မပြန်မီ သွားရောက်ကြည့်ရှုလိုက်လေ၏။

၃ရက်ကြာပြီးနောက် ဖုန်းယွီသည် ဖူကွမ်းကျန်းထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။

“ဘာ ဘေကျင်းတက္ကသိုလ်ဆို မရဘူး ဟုတ်လား”

ဘေကျင်းတက္ကသိုလ်ရဲ့အဆင့်က အရမ်းကြီးမမြင့်ဘူး ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်တွေထဲက တစ်ခုလေ။ ဟောင်ကောင်တက္ကသိုလ်က ကျောင်းသားဖလှယ်ရေးအစီအစဥ်တွေကို ဘာလို့ခွင့်မပြုတာလဲ

ဖူကွမ်းကျန်းက ရှင်းပြလိုက်သည်။ ပြီးနောက် ဖုန်းယွီကလှည့်သွားခဲ့သည်။အကြောင်းမှာ ဘေကျင်းတက္ကသိုလ်အနေဖြင့် အရည်အချင်းသတ်မှတ်ချက် အပြည့်မီ၍ပင်ဖြစ်သည်။အကြောင်းမှာ တရုတ်နိုင်ငံ၏တက္ကသိုလ်များအားလုံးကို ခွင့်မပြုသည့်အတွက်ဖြစ်၏။ ကျောင်းသားဖလှယ်ရေးသည် နိုင်ငံတကာကျောင်းသားဖလှယ်ရေး အစီအစဥ်မှ စတင်သည်။ ထိုအစီအစဥ်၏ အဓိကရည်ရွယ်ချက်သည် ကျောင်းသားကျောင်းသူများအနေဖြင့် အခြားနိုင်ငံရှိ ယဥ်ကျေးမှုနှင့် ပတ်ဝန်းကျင်ကို‌ တွေ့ကြုံခံစား လေ့လာရန်ဖြစ်သည်။ ယင်းအစီအစဥ်ကို အမေရိကန်ကစခဲ့ပြီး တရုတ်နိုင်ငံသည် ယင်းအစီအစဥ်တွင် မပါဝင်ပေ။

ဖုန်းယွီသည် သူ့ပတ်ဝန်းကျင်ကို မေးမြန်းသည့်အခါ ဘေကျင်းတစ်မြို့တည်းတွင် နိုင်ငံခြားသားများသာ ရှိသည်။သို့သော် ကျောင်းသားဖလှယ်ရေးမှ ကျောင်းသားများမရှိပေ။

ဟောင်ကောင်တွင် ကျောင်းသားဖလှယ်ရေးရှိသည်။ သို့သော် အဓိကအားဖြင့် ဗြိတိသျှနှင့် အခြားသောနိုင်ငံများမှကျောင်းသားများဖြစ်သည်။ လွန်ခဲ့တဲ့၂နှစ်က တရုတ်အစိုးရ၏အကူအညီနှင့်အတူ တရုတ်နိုင်ငံသည်လည်း ဟောင်ကောင်တက္ကသိုလ်နှင့် စတင်ပြီး ကျောင်းသားဖလှယ်ရေးစတင်ခဲ့သည်။ သို့သော် ကွမ်တုံးတွင်ရှိသည့် တက္ကသိုလ်၂ခုသာဖြစ်သည်။ ထိုတက္ကသိုလ်၂ခုသည် ကျောင်းသားဖလှယ်ရေးအစီအစဥ်ကို ဆောင်ရွက်နေသည့် တက္ကသိုလ်၂ခုသာဖြစ်သည်။

ဟောင်ကောင်ရှိတက္ကသိုလ်များသည် တရုတ်နိုင်ငံရှိတက္ကသိုလ်များနှင့် ကျောင်းသားဖလှယ်ရေးအစီအစဥ◌်ကို မလုပ်ချင်ရခြင်း၏ အကြောင်းအရင်းသည် ဟောင်ကောင်တက္ကသိုလ်အနေဖြင့် တရုတ်နိုင်ငံသည် ခေတ်‌ေနာက်ကျပြီး ဆင်းရဲသည်ဟု မြင်သည့်အတွက်ဖြစ်သည်။ သူတို့သည် တရုတ်နိုင်ငံသို့သွားရန်ငြင်းဆိုကြသည်။ ကွမ်တူးပြည်နယ်သည် ဟောင်ကောင်နှင့် အနီးဆုံးသာဖြစ်သည့်အတွက် သူတို့လက်ခံနိုင်သည့် အတိုင်းအတာဖြစ်သည်။

ဘေကျင်းတက္ကသိုလ်သည် ဟောင်ကောင်တက္ကသိုလ်နှင့် မိတ်ဖက်ဖြစ်သည်။ သို့သော် တက္ကသိုလ်၂ခုစလုံးတွင် ပါမောက္ခဖလှယ်ရေးအစီအစဉ်နှင့် ကျောင်းသားဆွေးနွေးပွဲအစီအစဉ်များသာရှိသည်။ ကျောင်းသားဖလှည်ရေးအစီအစဉ်သည် ဟောင်ကောင် တရုတ်နိုင်ငံသို့ လွန်ခဲ့သည့်နှစ်အနည်းငယ်က ပြန်ရောက်သည့်တိုင် မအောင်မြင်သည့်အစီအစဉ်တစ်ခု ရှိနေဆဲပင်။

ကျောင်းသားဖလှယ်ရေးအစီအစဉ်ကို တက္ကသိုလ်၂ခုလုံးက သဘောတူညီမှရပေမည်။အကယ်၍ ဘေကျင်းတက္ကသိုလ်‌မှကျောင်းသားများကို ဟောင်ကောင်သို့မပို့နိုင်ပါက ဟောင်ကောင်တက္ကသိုလ်ကျောင်းသားများသည်လည်း ဘေကျင်းသို့ပို့မည်မဟုတ်ပေ။

“အစ်ကိုဖူ အစ်ကို့အနေနဲ့ ဒီကိစ္စသေးသေးလေးကို ဆောင်ရွက်သင့်တယ်လို့ကျွန်တော်ထင်တယ် ကျွန်တော် အစ်ကို့ဆီက သတင်းကောင်းကို စောင့်မျှော်နေပါ့မယ်”

ဖူကွမ်းကျန်းက ပြောစရာစကားမေ့သွားခဲ့သည်။ သို့သော် ယင်းက တူညီသောအဖြေပင်ဖြစ်သည်။ သူ့အနေဖြင့် ကျောင်းသား စကော်လာရှစ် သို့မဟုတ် သူတို့ဘွဲ့ရပြီးနောက် ဖူမိသားစု၏ ကုမ္ပဏီတွင် အလုပ်တစ်ခုခု ကမ်းလှမ်းနိုင်မည်။ ထိုအစီအစဉ်ကို နှစ်သက်သဘောကျသည့် ကျောင်းသား သေချာပေါက်ရှိမည်ပင်။ ဟောင်ကောင်တက္ကသိုလ်တွင် ဆင်းရဲသည့်ကျောင်းသားများလည်းရှိပေ၏။

အဆင်ပြေသည့်မိဘများသည် သူတို့၏ကလေးများက်ု ဗြိတိသျှရှိ တက္ကသိုလ်သို့ ပို့ကြသည်။ ဖူမိသားစုလည်း ယင်းအတိုင်းပင်။ မည်သို့ပင်ဖြစ်စေ ယခုလက်ရှိတွင် ဟောင်ကောင်သည် ဗြိတိသျှလက်ထဲတွင်ရှိနေဆဲဖြစ်ကာ သူတို့အနေဖြင့် ဗြိတိသျှရှိတက္ကသိုလ်များကို လျှောင်ထားခွင့်ရနိုင်ပေသည်ာ ဟောင်ကောင်တက္ကသိုလ်သည် လွန်ခဲ့သည့်နှစ်များမှ ကျော်ကြားလာခြင်းဖြစ်သည်။ ယင်းမတိုင်ခင်က အမည်နရှိသည့် တက္ကသိုလ်တစ်ခုသာဖြစ်သည်။

“ခဏလေး ညီလေးဖုန်းငါမေးကြည့်သလောက်တော့ ကျောင်းသားဖလှယ်ရေးအစီအစဉ်၂မျိုးရှိတယ် ပထမတစ်ခုက စာသင်နှစ်တစ်နှစ်စီ နောက်တစ်ခုကကျတော့ တစ်မိနစ် မင်းက ဘာကိုလိုချင်တာလဲ”

ဖူကွမ်းကျန်းသည် သူ့အနေဖြင့် သင့်တင့်သည့်အစီအစဉ်ကို အတိအကျသိရန် ဖုန်းယွီကိုမေးလိုက်သည်။

“သေချာတာကတော့ တစ်နှစ်အစီအစဉ်ပေါ့ ကျွန်တော့်အနေနဲ့ တတိယနှစ်ကို အဲ့ဒီမှာသင်မယ် ပြီးတော့ ဘေကျင်းကို ကျွန်တော်ပြန်လာလိမ့်မယ် အဲ့ဒါ ပြဿနာရှိနိုင်မလား”

“အခြားသူတွေအတွက်တော့ပြဿနာမရှိပါဘူး အခြားသူတွေအတွက်တော့ ပြဿနာရှိမှာ ဒါပေမဲ့ ဖူမိသားစုအတွက်တော့ ပြဿနာမဟုတ်ပါဘူး အဲ့ဒါဆိုရင် ဘယ်မေဂျာကို ရွေးမှာလဲ ‌ဟောင်ကောင်တက္ကသိုလ်မှာ စီမံခန့်ခွဲတဲ့မေဂျာနဲ့ပတ်သက်ပြီးတော့ မရှိဘူးနော်”

ချီး ဟောင်ကောင်တက္ကသိုလ်က စီမံခန့်ခွဲတဲ့မေဂျာမရှိတာလား

သို့သော် ဖုန်းယွီအမှတ်ရသည်က ဟောင်ကောင်သည် သေးငယ်ပြီး တက္ကသိုလ်အနည်းငယ်သာရှိသည်။ တက္ကသိုလ်တစ်ခုအနေနှင့် မေဂျာတွေအကုန်လုံးမရှိသည်က သာမန်သာဖြစ်သည်။ သူ့အနေဖြင့် မေဂျာကိုပြောင်းရန်လိုအပ်သည့်ပုံပင်။

“အစ်ကို့အနေနဲ့ရွေးချယ်မယ်ဆိုရင်ရော ဘယ်မေဂျာကိုရွေးချယ်မှာလဲ”

“ငါတို့ဟောင်ကောင်တက္ကသိုလ်မှာ အကောင်းဆုံးက အနုပညာတက္ကသိုလ်ပဲ ဒီတက္ကသိုလ်က အများစုက မိန်းကလေးတွေ”

ဖူကွမ်းကျန်းကပြန်ပြောလိုက်သည်။ဖုန်းယွီက ကူကယ်ရာမဲ့စွာဖြင့်

“ဘယ်သူက မိန်းကလေးတွေကို ဂရုစိုက်နေမှာလဲ ကျွန်တော်က စာလေ့လာမှာ”

“မင်းကမိန်းကလေးတွေကိုမဟုတ်ဘူးလား ကောင်းပြီလေ အဲ့ဒါဆိုရင် မင်းစီးပွားရေးကျောင်း ဒါမှမဟုတ်ဘူးဆိုရင် ဘဏ္ဍာရေးကျောင်းကိုယူလို့ရတယ် မင်းအဲ့ဒီမေဂျာတွေကို စိတ်၀င်စားတယ်မဟုတ်ဘူးလား”

ဖုန်းယွီက ဘာလို့မိန်းကလေးတွေအတွက် ဟောင်ကောင်ကိုမလာတာလဲ

စာလေ့လာမှာတဲ့လား ချီး ဘေကျင်းတက္ကသိုလ်မှာတောင်မှ အတန်းကို ခဏခဏပျက်နေတာ သူကသေချာပေါက်ဟောင်ကောင်တက္ကသိုလ်မှာ ချောမောလှပ‌တဲ့မိန်းကလေးတွေကို လာရှာတာပဲဖြစ်ရမယ်

ဖူကွမ်းကျန်း၏လုပ်ဆောင်မှုက အလွန်မြန်ဆန်၏။ သူသည် ဟောင်ကောင် တက္ကသိုလ်သို့ ပိုက်ဆံလှူဒါန်းလိုက်ပြီး ကျောင်းအုပ်သည်လည်း ယင်းကျောင်းသားဖလှယ်ရေးအစီအစဉ်ကို ပြုလုပ်ပေးရန် ကတိပေးလိုက်သည်။ ‌သို့သော် ကျောင်းအုပ်က ကျောင်းသားနှင့် ကျောင်းအချင်းချင်း ဒီအစီအစဉ်မှာ ပါ၀င်ရုံနဲ့တင်မလိုလောင်သေးဘူး ဟောင်ကောင်နဲ့ တရုတ်အစိုးရတွေဆီက ခွင့်ပြုချက်လည်းလိုသေးကြောင်းပြောခဲ့သည်။

လွန်ခဲ့သည့်ကျောင်းသားဖလှယ်ရေးအစီအစဉ်တွင် ကွမ်တုံးရှိ တက္ကသိုလ်များသည် စာသင်နှစ်တစ်နှစ်စာတွင်ဖြစ်သည်။ စာသင်နှစ်တစ်နှစ်က ပိုခက်ခဲပြီး ခွင့်ပြုချက်ရရန် ပိုခက်ခဲပေ၏။

ကံကောင်းချင်တော့ ဖူမိသားစုသည် ဟောင်ကောင်အစိုးရအပေါ် လွှမ်းမိုးနိုင်စွမ်းရှိကာ သူ့ကို မျက်နှာသာပေးသည်ပင်။ထို့ကြောင့် ဟောင်ကောင်ဘက်ခြမ်းတွင် ပြဿနာများဖြေရှင်းပြီးသားဖြစ်သွား၏။

ဖုန်းယွီသည်လည်း ဘေကျင်းတက္ကသိုလ်သို့ ယခုအစီအစဉ်အကြောင်းကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြောဆိုသည်။ ဘေကျင်းတက္ကသိုလ်တွင် ဖုန်းယွီသည်လည်း လွှမ်းမိုးမှုအချို့ရှိသည်။

ဟောင်ကောင်တက္ကသိုလ်အနေဖြင့် ကျောင်းသားဖလှယ်ရေးအစီအစဉ်ကို စိတ်၀င်စားသည်ကို ပြောသောအခါ ကျောင်းခေါင်းဆောင်များက အလွန်စိတ်လှုပ်ရှားသွားကြသည်။အကယ်၍ သူတို့သည် ဟောင်ကောင်တက္ကသိုလ်နှင့် ကျောင်းသားဖလှယ်ရေးအစီအစဉ်ကို စတင်နိုင်ပါက ယင်းက သိသာထင်ရှားသည့် ဖြစ်ရပ်ဖြစ်လာပေမည်။ယင်းက ဟောင်ကောင်နိုင်ငံသားများအတွက် ဒီမှာသေချာနားလည်ရန်အတွက်အခွင့်အရေးဖြစ်ကာ ဟောင်ကောင်အမိမြေတွင်

ပြန်လည်ရောက်ရှိချိန်တွင်ပိုပြီတော့ ရင်းနှီးမှုရရန်အတွက် အဆင်ပြေလာမည်ဖြစ်သည်။ ထပ်ပြောရပါက ဘေကျင်းတက္ကသိုလ်သည် တရုတ်နိုင်ငံ၏အဆင့်မြင့် တက္ကသိုလ်ကိုယ်စားပြုသည်။

သို့သော် ပြဿနာအချို့ ရှိသေးပေ၏။ဟောင်ကောင်ကျွန်းသားအများစုသည် Mandarinတရုတ်စကားကို မပြောဆိုကြခြင်းပင်ဖြစ်သည်။ ယင်းက သူတို့အတွက် ဆက်သွယ်ရန်ခက်‌ခဲပေသည်။

ဟောင်ကောင်တက္ကသိုလ်နှင့်စကားပြောပြီးနောက် ဟောင်ကောင်တက္ကသိုလ်သည် သူ၏တရုတ်ဘာသာစကားကျောင်းသားများကို ယင်းအစီအစဉ်အတွက် စေလွှတ်ရန် ဆုံဖြတ်ချက်ချခဲ့သည်။ ဘေကျင်းတက္ကသိုလ်သည် တရုတ်နိုင်ငံ၏ တရုတ်ဘာသာစကားလေ့လာသည့် မေဂျာတွင် အကောင်းဆုံးတက္ကသိုလ်ဖြစ်သည်။

မတော်တဆဖြစ်ရပ်များကာကွယ်ရန် ဖုန်းယွီက သူ၏နာမည်ကို မှတ်ပုံတင်ထားရန် ဖူကွမ်းကျန်းကိုတောင်းဆိုလိုက်သည်။ ဖုန်းယွီအနေဖြင့် ခိုင်မာသည့်အဆက်အသွယ်များမှတစ်ဆင့် အချို့သောကျောင်းသားများကြောင့် သူ့၏နာမည်ဖယ်ရှားခံရမည်ကို မလိုလားပေ။ သူ့အနေဖြင့် ယခုကဲ့သို့ပြုလုပ်ခြင်းဖြင့် ယင်းက ပိုပြီးတော့လုံခြုံစေသည်။

ယခုလက်ရှိတွင် အင်္ဂလိပ်အစိုးရ၏ခွင့်ပြုချက်ကို စောင့်ဆိုင်းရန်သာ ရှိတော့သည်။

သို့သော် ဖုန်းယွီသတင်းမကြားခင် သူ့အနေဖြင့် CCTVအဖြစ် ကြော်ငြာကဏ္ဍအတွက် လေလံပွဲကိုစတင်မည်ဖြစ်ကြောင်း သတိပေးချက်ကိုရခဲ့သည်။ဖုန်းယွီအနေဖြင့် ပါ၀င်ရန် ဖိတ်ကြားခြင်းခံရခြင်းဖြစ်သည်။

All Chapters