← Chapters

အပိုင်း (၅၁-၆၀)

Vol. 1 Ch. 51-60

အပိုင်း (၅၁-၆၀)

Vol. 1 Ch. 51-60

အပိုင်း (၅၁)

“ယုံကြည်ခြင်းမြစ်ကမ်းဘေးမှာ”

အချိန်တွေဟာ လည်ပတ်နေခဲ့တယ်။ နှစ်တွေကို ဖြတ်ကျော်လာကာ ၈နှစ်ကြာပြီးနောက်မှာတော့ ဖန်ကျန်းရှီဟာ အသက် ၈နှစ်ပြည့်ခဲ့ပြီဖြစ်တယ်။

ဟွေ့အန်းဒေသ မြောက်ပိုင်းမှာတော့ တောင်မြောက်ဒေသ နှစ်ခုကို ခွဲခြမ်းပေးထားတဲ့ ယုံကြည်မှုမြစ်ဟာ ကွေ့ဝိုက်စီးဆင်းနေပါတယ်။ မြစ်ဝကျွန်းပေါ်မြို့လေးဟာတော့ စီးပွားရေး အချက်အချာကျတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။

နေရောင်ခြည်ဟာ တောက်ပစွာထွန်းလင်းနေပြီး သန့်စင်တဲ့ လေဟာတော့ အေးမြစွာတိုက်ခတ်နေပါတယ်။

ယုံကြည်မှုမြစ်ကမ်းဘေးမှာတော့ ကုန်တင်လှေတစ်ချို့ဟာ လေကြောင်းအတိုင်း သွားလာနေကြနေကြပါတယ်။ ငွေရောင် လှိုင်းကြက်ခွပ်ကလေးတွေဟာလည်း မြစ်ပြင်ကျယ်မှာ လူးလွန့်နေကြတယ်။ ၂နှစ်ကို တကြိမ်ကျင်းပတဲ့ တာအိုနိယာမ စာမေးပွဲကြီးဟာ တော့ ကျင်းပဖို့ ၃ရက်သာ လိုတော့တာဖြစ်ပါတယ်။ စာမေးပွဲကြီးဟာတော့ ယုံကြည်မှုမြစ် ဟွေ့အန်း ဒေသ စီရင်စုမှာ ကျင်းပမှာပါ။ ကျောင်းတော်သားတွေနဲ့ လှပတဲ့ အမျိုးသမီးတွေစာ တစ်ယောက်ပြီးတစ်ယောက် ယုံကြည်မှု မြစ်ကမ်းဘေးကို ရောက်ရှိလာကြပါတယ်။

စိမ်းစိုလှတဲ့ မိုးမခပင်ဟာ လေညှင်းနဲ့အတူ ယိမ်းနွဲ့နေပါတယ်။ မြစ်ကမ်းဘေး ရှုခင်းကြည့်ရာနေရာမှာတော့ ကောဇောနီခင်းထားတဲ့ လေးထောင့်စင်လေးတွေဟာ ထည်ဝါစွာရှိနေကြတယ်။ စင်လေးတွေကို လှပတဲ့ မီးအိမ်လေးတွေ ဆေးရောင်ခြယ်ထားတဲ့ အလံလေးတွေနဲ့ အလှဆင်ထားပြီးတော့ ဘရိုကိတ်ထည်တွေ ပန်းထိုးချည်ထည်တွေနဲ့ ကာရံထားပါတယ်။

လမ်းဘေးဝဲယာမှာတော့ လန်းဆန်းမွှေးပျံ့တဲ့ ပန်းရောင်စုံတွေကို အစီအရီချထားပါတယ်။

နွေဦးရာသီဖြစ်တဲ့ မတ်လမှာတော့ ပန်းပေါင်း ရာချီဖူးပွင့်ကြပါတယ်။ ဒါကိုတော့ ပန်းရာချီ စုဝေးပွဲလို့ အမည်ခေါ်တွင်ခဲ့ကြတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ချမှတ်လိုက်တဲ့ စည်းကမ်းချက်တွေကြောင့် ကျောင်းတော်သားတွေစာ စာမေးပွဲကြီး မစတင်ခင် ကြိုတင် စုဝေးကြရပါတယ်။ နယ်ပယ် အသီးသီးမှာ ကျော်ကြားတဲ့ သူတွေကို ဖိတ်ခေါ်ပြီး စာမေးပွဲကျင်းပပုံကို ကြည့်ရှုစေတယ်။

“ဂါးးး”

သားရဲကောင်တစ်ကောင်ရဲ့ အော်သံကိုကြားလိုက်ရပါတယ်။ သို့ပေမယ့် လူအတော်များများက ဂရုမစိုက်ကြပါဘူး။ နောက်ဆုံးမှာတော့ သားရဲကောင်တွေရဲ့ အော်သံဟာ ဒီနှစ်တွေ အတောတွင်းမှာ အဆန်းမဟုတ်တော့ဘဲ ရင်းနှီးနေကြတာကြောင့်ပဲ ဖြစ်တယ်.။

“သခင်လေး ဒီကို ကြွပါ။ ဒီလူတွေထဲမှာ လူကောင်းတွေကော သူခိုးတွေပါရောနှောနေတယ်။ နောက်ပြီး ဒီနေရာမှာ လူရှုပ်လူပွေတွေလည်း ပေါတယ်။ သခင်လေးရဲ့ ဂုဏ်သတင်းနဲ့ဆိုရင် ဒီနေရာမှာ စုဝေးဖို့ မသင့်တော်ပါဘူး။” ။

မုတ်ဆိတ်မွှေးနဲ့ တုတ်တုတ်ခိုင်ခိုင်လူတစ်ဦးကတော့ အနီရောင်နဲ့ အဖြူရောင် အမွှေးတွေရှိပြီး နဖူးမှာ မျက်လုံး အပို တစ်လုံးပါတဲ့ အပြင် အမြီးဟာ တော့ မီးဘောလုံးတစ်လုံးလို ဖွာနေတဲ့ “မျက်စိ သုံးလုံး မီးတောက်ကျား” ပေါ်မှာ ထိုင်လျက် လိုက်ပါလာပါတယ်။ ဒီလူဟာ သူ့ဘေးနားက မိုးပြာရောင်ပိုးထည်အကျီဝတ်ထားတဲ့ လူငယ်လေးကို မေးနေတာ ဖြစ်ပြီး လူငယ်လေးရဲ့ အမူအယာကတော့ အတော်လေးကို မလေးမစားနိုင်လှပါတယ်။

အဖိုးတန် အဝတ်အစားတွေကို ဆင်ယင်ထားတဲ့ ထိုလူငယ်လေးဟာတော့ “ပန်းရာချီ စုဝေးပွဲလို့ ” ကြီးမားစွာ ရေးသားထားတဲ့ စာလုံးကြီးတွေကို မော့ကြည့်ရင်း ခြေလှမ်းတွေကို အရှိန်လျှော့လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာအမူယာကတော့ အေးစက်လွန်းလှတယ်။

“ငါ ထွက်ခွာလာတည်းက အဖိုးက လူတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေပြီး ယဉ်ယဉ်ကျေးကျေး ပြုမူဖို့ မှာလိုက်တယ်။ ” ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့ လူငယ်လေးက ရေရွတ်လိုက်ရင်း ရှေ့ကို သာ ဆက်လျှောက်လှမ်းသွားပါတယ်။

လူကြီးကတော့ နောက်ထပ် စကားမဟရဲ တော့ပါဘူး။ မျက်စိသုံးလုံး မီးတောက်ကျား ပေါ်က ခုန်ဆင်းပြီးတော့သာ လူငယ်လေးနောက်ကို မြန်မြန်ဆန်ဆန် ပြေးလိုက်ပါတော့တယ်။ သူ့ရဲ့ မျက်စိသုံးလုံးမီတောက်ကျားကိုတော့ ကျောက်စိမ်းရင်ပြင် ဝင်ပေါက်မှာ ထားခဲ့ပါတော့တယ်။

မီတောက်ကျားဟာတော့ ခပ်တိုးတိုး အော်သံကို ပြုရင်း ဝင်ပေါက်နားက နေရာတစ်ခုကို ဦးတည်သွားပြီးတော့ လှဲလျောင်းလိုက် ပါတယ်။ မျက်စိသုံးလုံးမီးတောက်ကျားရဲ့ ဘေး ပတ်လည်မှာတော့ အခြားသော အမျိုးအမည် မသိ သားရဲကောင် မျိုးစုံဟာ လှဲလျောင်းနေကြပါတယ်။

ဝတ်ကောင်း စားလှ ဝတ် လူငယ်လေးဟာတော့ ခပ်ဖြည်းဖြည်းနဲ့သာ ပန်းရာချီ စုဝေးပွဲ စင်မြင့်ပေါ်ကို တက်သွားပါတော့တယ်။ သူလျှောက်လှမ်း လာရင်းနဲ့ ငွေချည်ထိုး ရွှေယပ်တောင် တစ်ခုကို သူ့အိတ်ထဲကနေ ထုတ်လိုက်ပါတော့တယ်။ ယပ်တောင်ကို ခတ်လိုက်ချိန်မှာတော့ မြစ်တစ်စင်းနဲ့တောင်တန်းတစ်ခုတို့ရဲ့ ပန်းချီ ရုပ်ပုံလွှာဟာ တဖြည်းဖြည်း ပုံပေါ်လာပါတော့တယ်။

ဘရိုကိတ်ထည်တွေကို ဝတ်ဆင်ထားတဲ့ ကျောင်းတော်သားတချို့ဟာတော့ စင်မြင်ပေါ်ကို တက်သွားတဲ့ လူငယ့်လက်ထဲက ရွှေရိုး ငွေချည် ပန်းချီကားချပ်ကို မြင်လိုက်ချိန်မှာတော့ ထိတ်လန့်သွားတဲ့ အမူအယာတွေဟာ အထင်းသားပေါ်လားတော့တယ်။ ချက်ခြင်းဆိုသလို လမ်းရှင်းပေးလိုက်ကြပြီး သူတို့နေရာမှာ ငြိမ်ငြိမ်လေး ထိုင်နေကြတော့တယ်။

တခြားတစ်ဖက်မှာတော့ ဝတ်ကောင်းစားလှဝတ် လူငယ်ရဲ့ အမူအယာက သိပ်ကို တည်ငြိမ်လွန်းလှတယ်။ ပျော်ရွှင်မှုမရှိ စိတ်ညစ်ညူးမှု မရှိ ။ စင်မြင့်ပေါ်ကို ရောက်ချိန်မှာတော့ အလယ်ဗဟိုမှာရှိတဲ့ ထိုင်ခုံမှာထိုင်လိုက်တော့တယ်။

ဘရိုကိတ်ထည်ကို ဝတ်ဆင်ထားတဲ့ ၀၀ဖိုင့်ဖိုင့် လူတစ်ယောက်ဟာတော့ သူ့ဘေးနားက လူတွေနဲ့ အတူ အာပေါင် အာရင်းသန်သန်နဲ့ ဆွေးနွေးနေပါတယ်။ သူ့ရဲ့ လက်ထဲမှာတော့ သစ်သီးတွေကို လက်နဲ့ အပြည့်ကိုင်ထားပါတယ်။ ကျယ်လောင်စွာ ရယ်မောပြောဆိုနေတဲ့ ထိုလူဟာ လူငယ်ကို ရုတ်တရက်မြင်လိုက်ချိန်မှာတော့ သေမင်းကို တွေ့လိုက်ရသည့်ပမာ ဖြူဖျော့သွားပါတယ်။ အဲ့ဒီ့နောက်မှာတော့ စကားစကို မြန်မြန်ဖြတ်လိုက်ရင်း သူ့ဘေးနားက လူရွယ်ကို ဆွဲကာ ပြေးထွက်သွားပါတော့တယ်။

မျက်တောင်တစ်ခတ်စာမျှ အချိန်လေး အတွင်းမှာပဲ ဝတ်ကောင်းစားလှဝတ်လူငယ်ရဲ့ ဘေးနားမှာ အန္တရာယ် စက်ကွင်းတစ်ခုကို ရှောင်ရှားနေကြသလိုမျိုး လူတွေရှင်းသွားပါတော့တယ်။ မှုတ်ဆိတ်မွှေးတွေနဲ့ တုတ်တုတ်ခိုင်ခိုင် လူကြီးတစ်ယောက်ပဲ အနားမှာ ကျန်ရှိနေတော့တယ်။

“နောက်ဆုတ် ”

“ဒါပေမယ့် ဒီနေရာက ….”

“နောက်ဆုတ်”

“အမိန့်အတိုင်းပါ သခင်လေး”

မှုတ်ဆိတ်မွှေးတွေနဲ့ တုတ်တုတ်ခိုင်ခိုင် လူကြီးဟာတော့ အမိန့်နဲ့ ဖယ်ရှားခံလိုက်ရပြီး နောက်ဆုတ်ရပြန်ပါတယ်.။ ဒါပေမယ့် အခြားသော ကျောင်းတော်သားတွေဟာလည်း သူတို့ရဲ့ နေရာကို ပြန်သွားဖို့ ဘယ်သူကမှ မသွားဝံ့ကြပါဘူး။

“ရန်ရွှယ်က တကယ်ပဲ ပန်းရာချီ စုဝေးပွဲမှာ လာ ယှဉ်ပြိုင်တာပဲ။ ဒါက တော်တော်လေးကို တွေးတောစရာပဲ”

“ငါတွက်ရသလောက်ဆိုရင်တော့ ဒီနှစ်မှာ ရန်ရွှယ် ၁၆ နှစ်ပြည့်သွားပြီ။”

“အံ့သြစရာမရှိပါဘူး”

စကားတစ်ချို့ပြောပြီးနောက်မှာတော့ အတော်ဝေးဝေးမှာ ထိုင်နေကြတဲ့ ကျောင်းတော်သားတွေဟာတော့ နောက်ထပ်မပြောကြတော့ပါဘူး။ ပန်းအလှကို ရှုစားရင်း ဝိုင်အရသာကိုသာ ခံစားနေကြပါတော့တယ်။ ဒီအချိန်မှာပဲ ကြည်လင် သန့်စင်တဲ့ မျက်နှာလေးနဲ့ အဝါရောင်ဘရိုကိတ်ထည်ကို ဝတ်ဆင်ထားတဲ့လူငယ်လေးဟာ အပြာရောင် လဲ့လဲ့လေးသန်းနေတဲ့ ဓားရှည်ကို ခါးထက်မှာ လွယ်ရင်းနဲ့ ကိုယ်ရံတော်တွေ ခြံရံပြီးရောက်ရှိလာပါတယ်။

။ ကြည့်ကျ မုန့်ယွိရှု ရောက်နေတယ်။”

“ငါကြားထားတာကတော့ မနှစ်ကပဲ သူ တာအိုမုခ်ကို အောင်မြင်ထားတယ်ဆို”

“ကြောက်ရတာက ပြိုင်ပွဲမှာ နှစ်ထပ်ကွမ်းအနိုင်ရသူ ဖြစ်သွားမှာကိုပဲ။”

ကျောင်းတော်သားတွေဟာ စူးစမ်းလိုတဲ့ အကြည့်တွေနဲ့ ကြည့်ရင်းဆွေးနွေးနေကြပါတယ်။ အဝါရောင် ဝတ်စုံဝတ်ထားတဲ့ လူငယ်ဟာတော့ မုန့်ယွိရှုပဲဖြစ်ပါတယ်။

သူ့အကြောင်းပြောဆိုနေတာ ကြားလိုက်ချိန်မှာတော့ ကျေနပ်ပီတိဖြစ်သွားတဲ့ အမူအယာတွေ သူ့မျက်လုံးထဲမှာ ပေါ်လာပါတော့တ.ယ်။ စင်မြင့် အလယ်မှာ ထိုင်နေတဲ့ ရန်ရွှယ်ဆီကို တန်းတန်းမတ်မတ် လျှောက်သွားရင်း လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ခွန်းဆက်လိုက်ပါတော့တယ်။

“ဟွေ့အန်ဒေသ မုန့်အိမ်တော်မှ မုန့်ယွိရှု သခင်လေး ရန်ရွှယ်ကို နှုတ်ခွန်းဆက်ပါတယ်။”

ရန်ရွှယ်ရဲ့ တုံ့ပြန်မှုကတော့ ရေခဲတုံး အလားပါပဲ။

မုန့်ယွိရှုကို တစ်ချက်လေးမျှတောင် မော့မကြည့်ပဲ သူ့လက်ထဲက ငွေယပ်တောင်ကိုသာ လှုပ်ရှား ရစ်ပတ်နေပါတယ်။

လေပြင်းတစ်ချက်သွဲ့သွားသလို မုန့်ယွိရှုကျောထဲ စိမ့်ခနဲအေးသွားတော့တယ်။ မုန့်အိမ်တော်ရဲ့ ရာထူးဂုဏ်နဲ့ဆိုရင်ကော သူ့ရဲ့ တာအိုမုခ်ကို အောင်မြင်ထားတဲ့ အရည်အချင်းနဲ့ဆိုရင် သူ ဂါရဝပြုစရာတောင်မလိုဘူး။

ဒါပေမယ့် ဒီရန်ရွှယ်ကတော့ အရှေ့မှာရှိနေတဲ့သူ့ကို တစ်ချက်လေးတောင် မကြည့်ဘူး။

ဒါက သူ့ကို အရှက်ခွဲလိုက်တာနဲ့ အတူတူပဲ ။ နောက်ပြီး ကျောင်းတော်သားတွေ အများကြီးရှေ့မှာ ။ မုန့်ယွိရှုရဲ့ အမူအယာက တဖြည်းဖြည်းပြောင်းလဲလာပြီးတော့ သူ့ခါးထက်က ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တော့တယ်။

“သခင်လေး ရန်ရွှယ်က အေးချမ်းတိတ်ဆိတ်မှုကို သဘောကျတာကြောင့် ကျွန်တော် မုန့်ယွိရှု မနှောက်ယှက်တော့ပါဘူး။ ” သူ့ရဲ့ လက်တွေကို ယှက်ရင်းနဲ့ပဲ ထိုင်စရာနေရာကို တိတ်တဆိတ် စဉ်းစားရွေးချယ်နေပါတယ်။

“အိုက်ယား။ မိုးနတ်မင်းကြီးက တကယ်ပဲ မျက်နှာသာပေးလိုက်တာ .။ ဒီလိုနေရာကောင်းမျိုးမှာ ဘယ်သူမှ မထိုင်ကြဘူး။ တကယ့်ပဲ ငါ့ကို မျက်နှာသာပေးတာပဲ။”

ဒီအချိန်မှာပဲ ကြည်လင်ပြတ်သားတဲ့ အသံတစ်သံဟာတော့ မုန့်ယွိရှုနောက်ဘက်ကနေ ထွက်ပေါ်လာပါတယ်။

သူခုနကပဲ ရန်ရွှယ်ကို အေးချမ်းတိတ်ဆိတ်မှုကို နှောက်ယှက်မိတဲ့ အတွက် တောင်းပန်ထားရတာလေ။ အခုတော့ တခြားသူက ဆူညံပူညံ လာလုပ်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ အကယ်၍ ဒီလူကိုသာ ဒီနေရာမှာ ထိုင်ခွင့်ပြုလိုက်ရင် ခုနက စကားပြောခဲ့တဲ့ သူ့ပါးစပ်ကို ဖြတ်ရိုက်ပြစ်ရတော့မှာပဲ။

ဒါပေမယ့် သူလည်း ဘာမှ ကာကာကွယ်ကွယ် လုပ်ပေးစရာမလို ပါဘူး။

ရန်ရွှယ်လိုလူမျိုးက သူ့ဘေးနားမှာ တခြားသူ လာထိုင်တာကို ခွင့်ပြုမှာမှ မဟုတ်လာ။ ဒါကိုတွေးမိလိုက်တော့ မုန့်ယွိရှုရဲ့ နှုတ်ခမ်းတွေက ကော့တက် ကွေးညွှတ်သွားတော့တယ်။

ရန်ရွှယ်လို အေးတိအေးစက်ပုံစံ အမည်မသိလူရဲ့ တက်ကြွတဲ့ ပုံစံနဲ့ဆို ကျားနှစ်ကောင်ထိပ်တိုက်တွေ့သလို ဖြစ်မှာ အသေအချာပဲ။ တစ်ခုရှိတာက အမည်မသိလူက ကျားတစ်ကောင်ဖြစ်နိုင်မလားဆိုတာကိုပဲ။

အခုသူ့မှာ အခွင့်အရေးရှိတာက ကြီးမြတ်တဲ့ “ရှ” မင်းဆက် မှာ ရေခဲသခင်လေးအဖြစ် ကျော်ကြားတဲ့ ရန်ရွှယ် ဘယ်လောက်သည်းခံနိုင်စွမ်းရှိလဲဆိုတာကို စောင့်ကြည့်ဖို့ပဲ။

“ ဟေးးး။ မင်းထိုင်မှာလား မထိုင်ဘူးလား။ မထိုင်ရင်လည်း ဖယ်တော့။”

မုန့်ယွိရှု အတွေးထဲမှာ ပျော်မြူးနေချိန်မှာပဲ သူ့ပခုံးပေါ်ကို လက်တစ်ဖက်က ကျရောက်လာပြီး သူ့တစ်ကိုယ်လုံးဟာ ကြီးမားတဲ့ အင်အားတစ်ခုနဲ့ မပစ်လိုက်တာကို ခံရပြီး ဖင်ထိုင်ရက် လဲကျသွားတော့တယ်။

“ဒီနေ့ လူတွေက အတွင်းသဘောမကောင်းကြတော့ဘူး။ ခွေးကောင်းဆိုရင် လူသွားမယ့် လမ်းကို မပိတ်ရဘူးတဲ့။ သိကြရဲ့လား။”

စိတ်မရှည်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အသံတစ်ခုဟာ ပေါ်ထွက်လာတော့တယ်။

အပြာရောင် ချည်ထည် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မိုးပြာရောင် ဦးထုပ်ကိုဆောင်းထားတဲ့ လူငယ်ဟာ သူ့ခေါင်းကို ခါယမ်းပြီး ပြောလိုက်ကာ ရန်ရွှယ့် နံဘေးက ခုံနေရာမှာ ဝင်ထိုင်လိုက်တော့တယ်။

“ ပန်းရာချီ စုဝေးပွဲက ဧည့်ခံပုံကတော့ မဆိုးဘူးပဲ။ သစ်သီးဝလံတွေတော့ အပြည့်အစုံ ချထားပေးသား”

စိတ်ဝင်စားစရာ အသစ်တစ်ခုကို တွေ့သွားတဲ့ ပုံနဲ့ လူငယ်ဟာတော့ သူ့ရှေ့ စားပွဲပေါ်မှာ ချထားတဲ့ သစ်သီးဗန်းထဲက သစ်သီးတစ်လံးကို ယူပြီး ကိုက်စားလိုက်တော့တယ်။ ချိုမြိန်မှုကတော့ ပြိုင်ဘက်ကင်းတယ်။

ပန်းရာချီ စုဝေးပွဲ မှာတော့ အမည်မသိလူငယ်ရဲ့ အသံမှ အပ အခြားအသံဟူသမျှကို မကြားရဘဲ အထူးကို တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ မိုးမခပင် သစ်ကိုင်းတွေ လေနှင့်အတူ ယိမ်းနွဲ့နေသံကိုတောင် ကြားနေရပါတယ်။

အပိုင်း (၅၁)ပြီး၏။

အပိုင်း (၅၂)

“ယွင်ချင်းဝူ”

ကျောင်းတော်သားတွေကတော့ ပါးစပ်တွေတောင်ပွင့်တဲ့ထိ အံ့သြတကြီးနဲ့ ကြည့်နေကြပါတယ်။

မုန့်ယွိရှုကို မထီမဲ့မြင်လုပ်ရုံတင်မကဘူး။ ဒီလူငယ်က ရန်ရွှယ်ရှေ့ စားပွဲပေါ်က သစ်သီးကိုတောင် ယူစားရဲတယ်။ အသက်မရှင်ချင်တော့ဘူးလား။ ဘယ်လိုတောင် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပြစ်လိုက်တာလား။

ပိုပြီးအရေးကြီးတာက ဒီလူငယ်က လောကကြီးကို လုံး၀ ဂရုမစိုက်တဲ့ ပုံပဲ။ တကယ့်ကို မထီမဲ့မြင်ပုံစံပဲ။

မုန့်ယွိရှုကတော့ မျက်နှာကြီးတစ်ခုလုံးမည်းမှောင်နေပါပြီ။ အပြာရောင် ချည်ထည်ကိုဝတ်ဆင်ထားပြီး ဦးထုပ်ပြာကိုဆောင်းထားတဲ့ ထိုလူငယ်ရဲ့ ဖိနပ်ဟာတော့ အတော်လေးကို အတော်လေးကို ပြောင်လက်တောက်ပနေပါတယ်။ အလင်းရောင်တွေ တလက်လက်ထွက်နေသလိုမျိုး တောက်ပတဲ့ အထိ ဖိနပ်ကို ပြောင်လက်နေအောင် တိုက်ထားတဲ့ ပုံစံကြောင့် ဒီလူငယ်က ဆောင့်ကြွားကြွားတောသားတစ်ယောက်ဆိုတာ သေချာသလောက်ပါပဲ။

ဒီတောသားငကြွားကတော့ ဒီလောက်လူတွေ ဝိုင်းကြည့်နေတဲ့ ကြားမှာ အေးအေးလူလူ ထိုင်နေပါတယ်။ တကယ်ပဲ လက်မခံနိုင်စရာပဲ. ။ မုန့်ယွိရှု ပေါက်ကွဲတော့မယ် လို့ ဆုံးဖြတ်လိုက်ချိန်မှာပဲ သူ့နားထဲမှာ ခပ်တိုးတိုး အသံတစ်ခုကြားလိုက်ရတယ်။

“ဆန္ဒကို သိက္ခာဖြင့်ထိန်းပါ။ ယဉ်ကျေးစွာပြုမူပါ။”

ဒီအသံဟာ တောသားလူငယ်ရဲ့ဘေးမှာထိုင်နေတဲ့ ရန်ရွှယ်ဆီက လာတယ်ဆိုတာ မုန့်ယွိရှု သတိထားမိသွားတယ်။ ဒီအချိန်မှာတော့ ရန်ရွှယ်ရဲ့ အမူအယာဟာ ရေခဲတမျှအေးစက်နေဆဲပါ။ ဒါပေမယ့် သူ့ရဲ့နှုတ်ခမ်းအစုံဟာ တရွရွနဲ့ လှုပ်ရှားနေပါတယ်။

" ရန်ရွှယ်ကတော့ စာပိုဒ်တစ်ခုကိုသာ ထပ်ခါတလဲလဲ ရွတ်ဆိုနေပါတယ်။ “

“ဆန္ဒကို သိက္ခာဖြင့်ထိန်းပါ။ ယဉ်ကျေးစွာပြုမူပါ။”

မုန့်ယွိရှု အတော်လေး အံ့သြသွားတယ်။ ဓားပေါ်ကို တင်ထားတဲ့ သူ့လက်ဟာလည်း အဖြူရောင် ဘက်တောင် သန်းနေပြီ။ ရန်ရွှယ်ဘာကို ဆိုလိုချင်တာလည်း။

“ဆန္ဒကို သိက္ခာဖြင့်ထိန်းပါ။ ယဉ်ကျေးစွာပြုမူပါ။”

ဒီတောသားက သူ့ခေါင်းပေါ်ကို တက်နင်းသလို လုပ်နေတာတောင် သည်းခံရအုန်းမှာလား။ တွေးနေချိန်မှာပဲ။ ဒီပန်းရာချီစုဝေးပွဲရဲ့ အဓိက အကြောင်းရင်းကို သူသတိရသွားတယ်။

ဒါဆို ရန်ရွှယ်ဆိုလိုချင်တာက ….. သူတွေးမိလိုက်ချိန်မှာပဲ။

ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး ပေနေတဲ့ ဖုန်တွေကို ခါလိုက်တယ်။ အဲ့ဒီ့နောက် ရန်ရွှယ်ဘက်ကို လှည့်ရင်း

“ကျွန်တော်က မုန့်ယွိရှုပါ သခင်လေးရဲ့ အမည်ကို သိပါရစေ”

စကားတွေကတော့ တောသားလူငယ်ကို ရည်ရွယ်ချင်တာ ဖြစ်ပေမယ့် သူ့ရဲ့ အမူအယာကတော့ ရန်ရွှယ်ဘက်ကို သာ ဦးတည်နေပါတယ်။

ဒါကိုမြင်တဲ့ ဘေးပတ်ဝန်းကျင်က ကျောင်းတော်သားတွေကတော့ အထူးအဆန်းတစ်ခုကို မြင်ရသလိုမျိုး မျက်တောင်မခတ်စတမ်း ကြည့်နေကြတော့တယ်။ သူတို့တကယ့်ကို တော်တော်လေး အံ့သြနေကြတာဖြစ်တယ်။

မုန့်ယွိရှုက တကယ်ပဲ ဓားထုတ်ပြီး စိန်ခေါ်တာမျိုးမလုပ်ဘူးလား။

ဘယ်လိုတောင် သည်းခံနိုင်ရတာလဲ။

ယုံတောင် မယုံနိုင်စရာပါပဲ။

ဒီအချိန်မှာတော့ တောသားလူငယ်ဟာ သစ်သီးကို တမြုံ့မြုံ့ဝါးနေပါတယ်။

မုန့်ယွိရှုမေးတာကို ကြားချိန်မှာတော့ လက်ကို ဝေ့ယမ်းလိုက်ပြီး မထီလေးစားအကြည့်နဲ့ စောင်းငဲ့ကြည့်ရင်း ပြန်ဖြေလိုက်တယ်။

“ထပ်ပြီးပြောစရာမရှိရင်သွားတော့ ငါဒီမှာ ရှုခင်းလေး ဘာလေး အေးဆေး ကြည့်ပါရစေအုန်း”

"..."

အနားဝန်းကျင်က ကျောင်းတော်သားတွေကတော့ ပါးစပ်ထဲမှာ ယင်ကောင်ဝင်ဥလို့ရတဲ့အထိ တအံ့တသြနဲ့ ပါးစပ်တွေ ဟပြီး ကြည့်နေကြပါတယ်။ ဘာပြောရမယ်မှန်းတောင် စဉ်းစား မရကြတော့ဘူး။

ဒီတောသားက ဘယ်သူလည်း မုန့်ယွိရှုကိုတောင် အရေးမလုပ်ပဲ ထွက်သွားဖို့ ပြောဝံ့တယ်။ ဒီ အပြုအမူက လုံးဝကို ပြောစရာစကားမဲ့စေတယ်။

မုန့်ယွိရှုကိုယ်တိုင်လည်း တော်တော်လေး စိတ်ပျက်သွားတယ်။ ဒီအပြာရောင်အကျီဝတ်ထားတဲ့ တောသားက တကယ့်ကို နားမလည်နိုင်စရာပဲ။

ဟွေးအန်းဒေသမှာ သူတို့ မုန့်အိမ်တော်ကို မထီမဲ့မြင် ပြုဝံ့တဲ့သူဆိုတာ မရှိသလောက်ပဲ။ ၁၅မိနစ်တိတိ သူ့ဒေါသကို ထိန်းချုပ်ရင်း မျိုသိပ်ရင်း ပြန်စဉ်းစားလိုက်ချိန်မှာတော့ စိတ်ငြိမ်သွားတော့တယ်။

“သခင်လေးက ပန်းရာချီစုဝေးပွဲကို လာတယ်ဆိုတော့ စုဝေးပွဲရဲ့ အဓိက အကြောင်းရင်းကို သိမှာပဲ။ ကျွန်တော်တို့ ဒီနေ့အလောင်းအစားလေးတစ်ခုလုပ်ရအောင်။ ” မုန့်ယွိရှုက စိတ်ထိန်းထားတာတောင်မှ အံကြိတ်ပြီးပြောနေသံဟာ အထင်းသားပေါ်လွင်နေပါတယ်။

“အလောင်းအစား ။။ ကောင်းပြီလေ။ ပြောပါအုန်း” တောသားလူငယ်ဟာတော့ အနည်းငယ် စိတ်ဝင်စားလာဟန်ပါပဲ။

“ မိန်းမလှရဲ့ မျက်နှာကာကို လှစ်အောင် ဘယ်သူလုပ်နိုင်မလဲဆိုတာ ယှဉ်ပြိုင်ရအောင်။” မုန့်ယွိရှုက သူ့နောက်ဘက်က စင်မြင့်ကို ပြုံးကာလှမ်းကြည့်ရင်း စိန်ခေါ်လိုက်ပါတော့တယ်။

မုန့်ယွိရှုကတော့ စိတ်ထဲမှာ ကြိတ်ရယ်နေတော့တယ်။ ဒီကောင်က တကယ့်ကို တောသားစစ်စစ်ပဲ။ ပန်းရာချီစုဝေးပွဲရဲ့ အဓိက ရည်ရွယ်ချက်ကိုတောင် မသိဘူး။

“မိန်းမလှလေးများအတွက် ယှဉ်ပြိုင်ခြင်း။” ဒီလိုကောင်နဲ့ လောင်းရတာတော့ သူ့မှာ အရှုံးရှိမှာ မဟုတ်ဘူး။ ုဒါပေမယ့် ရန်ရွှယ်က ယဉ်ယဉ်ကျေးကျေး ပြုမူဖို့ သတိပေးလိုက်တည်းက ပန်းရာချီစုဝေးပွဲရဲ့ စည်းကမ်းချက်တွေကို သတိရသွားတာဖြစ်တယ်။ ရန်ရွှယ်မှာ ဒါနဲ့ ပတ်သတ်ပြီး တခြား အမြင်တစ်ခုရှိနေမယ်လို့ သူမျှော်လင့်နေတယ်။

“သခင်လေး ပြိုင်ရဲရဲ့လား။”

“မိန်းမလှရဲ့ မျက်နှာကာကို အရင်လှစ်နိုင်တဲ့သူက နိုင်မှာဟုတ်။” တောသားလူငယ်က ဆက်ပြောတော့တယ်။

“ဟုတ်ပါတယ်။ ” မုန့်ယွိရှုက ခေါင်းငြိမ့်လိုက်တယ်။

ပန်းရာချီစုဝေးပွဲရဲ့ အဓိက ရည်ရွယ်ချက်က မိန်းမလှလေးတွေအတွက်ဖြစ်ပြီးတော့ ပညာရပ်အမျိုးမျိုးကို စင်မြင့်ပေါ်မှာ ယှဉ်ပြိုင်ရပါတယ်။

ဒီတစ်ညတာမှာ မိန်းမလှရဲ့ မျက်နှာကာကို လူအုပ်ကြီးရှေ့မှာ လှစ်ပြအောင်ပြုနိုင်ဖို့ကတော့ အရည်အချင်း ပြည့်ဝရမှာသာ မကပါဘူး။ သူမရဲ့ နှလုံးသားကိုပါ အနိုင်ရမှ ဖြစ်မှာပါ။

မုန့်ယွိရှုကတော့ သူ့ရှေ့ကတောသား ဒီလောက် အရည်အချင်း ရှိမှာ မဟုတ်တာ ယုံကြည်တဲ့ အတွက် အလောင်းအစားလုပ်လိုက်တာပါ။ ဒါ့အပြင် အရည်အချင်းရှိခဲ့တယ် ဆိုရင်တောင် မိန်းမလှတစ်ဦး ရဲ့ စိတ်နှလုံးကို ရရှိဖို့ဆိုတာ အရည်အချင်းရှိရုံတစ်ခုတည်းနဲ့ဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအလောင်းအစားမှာ သူနိုင်မှာ သေချာသလောက်ရှိနေပြီ။

အထက်မှာဆိုခဲ့သလို အလောင်းအစားရဲ့ စည်းကမ်းချက်ကို သတ်မှတ်ပြီးနောက်မှာတော့ ရလဒ်ကလည်း ခန့်မှန်းလို့ရနေပြီ။

“ကောင်းပြီ။”

တောသားလူငယ်က တုန့်ဆိုင်းတွေဝေခြင်းမရှိပဲ သဘောတူလိုက်တော့တယ်။

“အလောင်းအစားလုပ်ပြီဆိုတော့လည်း လောင်းကြေးကတော့ လိုအပ်ပြီပေ့ါ။ လောင်းကြေးတစ်ခု သတ်မှတ်ရအောင်” မုန့်ယွိရှုက စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြနေပါတယ်။

“မင်းပြောတာမှန်တယ်။” တောသားလူငယ်ကလည်း ခေါင်းငြိမ့်လိုက်ပြန်တယ်။”

အစစအရာအရာ အဆင်ပြေတာ သေချာတဲ့ အတွက် မုန့်ယွိရှုကအတော်လေးကို စိတ်ချမ်းသာနေတယ်။ သူ့ရှေ့က တောသားကို ကြည့်လိုက်ရင်း အိတ်ထဲကနေ ငွေတချို့ထုတ်လိုက်တယ်။ အများကြီး လောင်းကြေးထပ်လိုက်ရင် သူ့ရှေ့က ဒီကောင် ယူပြေးသွားခဲ့ရင် ဘယ်လို လုပ်မလဲ။

“ငွေစတစ်ရာနဲ့ သတ်မှတ်ရအောင် ” မုန့်ယွိရှုက အကြံပေးလိုက်တယ်။

“ကောင်းပြီ” တောသားလူငယ်က ပြုံးပြီးဖြေလိုက်တယ်။

“ကောင်းပါပြီ။ ဒါဆို သခင်လေး ရန်ရွှယ်ကို ကျွန်တော်တို့ရဲ့ ပွဲအတွက် ဒိုင်အဖြစ် ဖိတ်ပါတယ်။ ဒီငွေသားတစ်ရာကိုတော့ မိန်းမလှရဲ့ မျက်နှာကာကို အရင်လှစ်နိုင်တဲ့ သူက ရမှာဖြစ်ပါတယ်။ ” မုန့်ယွိရှုက သူ့စကားကို အဆုံးသတ်လိုက်ရင်း ငွေသားတွေကို ရန်ရွှယ်ရဲ့ စားပွဲပေါ်တင်လိုက်တော့တယ်။

ရန်ရွှယ်ကတော့ ငွေစတွေကို တချက်ကြည့်လိုက်ရင်း ဆောင်ပုဒ်ကို ပြန်လည် ရေရွတ်နေပြန်တယ်။ “

“ဆန္ဒကို သိက္ခာဖြင့်ထိန်းပါ။ ယဉ်ကျေးစွာပြုမူပါ။” တခြားတစ်ဖက်မှာတော့ တောသားလူငယ်က ငွေသားတွေကို တလက်လက်တောက်နေတဲ့ မျက်လုံးတွေနဲ့ ပီတိဖြာစွာကြည့်နေပါတယ်။

“သခင်လေး ခင်ဗျာ ငွေသားထုတ်ဖို့ ပြောပါရစေ” တောသားလူငယ်ရဲ့ ဘလင်းဘလင်း တောက်နေတဲ့ အကြည့်တွေကို မြင်လိုက်တော့ မုန့်ယွိရှုက သတိပေးလိုက်တယ်။

“ငွေသားလောင်းကြေးလား။ အာ… ကိစ္စမရှိပါဘူး။ ငါက ရှုံးမှာမှမဟုတ်တာ” တောသားလူငယ်က မုန့်ယွိရှုကို လက်တွေ ဝေ့ယမ်းရင်း ပြောလိုက်တော့တယ်။ သူ့မျက်နှာမှာတော့ ဂရုမစိုက်ဟန်က အထင်းသားပေါ်လွင်နေတယ်။

မုန့်ယွိရှု အမူအယာကတော့ ပြန်မည်းမှောင်သွားပြန်တယ်။ တပြားမှမပါလာပဲ လောင်းချင်သေးတယ်. ။ လာလှည့်စားချင်နေတာလား။ အလောင်းအစားကို ချက်ချင်းတောင်ဖျက်ပြစ်ချင်သွားတယ်။

ဒါပေမယ့် ရန်ရွှယ်ကို မြင်လိုက်တော့ ဘယ်သူကမှ ဒီရေခဲတုံးကြီး ၇န်ရွှယ်ကို လှည့်စားရဲမှာ မဟုတ်ဘူးဆိုတာ တွေးလိုက်မိပြန်တယ်။ ဒါ့အပြင် ဒီဟွေ့အန်း ဒေသ မှာလည်း မုန့်ယွိရှုကို ပြိုင်ရဲတဲ့သူဆိုတာ မရှိသလောက်ပဲလေ။

“ဟွန့်” မုန့်ယွိရှုက နှာခေါင်းတစ်ချက် ရှုတ်လိုက်တယ်။ လောင်းကြေးတောင် အတည်ပြပြီးမှတော့ အခုချိန်မှာ ပြန်မပြင်နိုင်တော့ဘူးလေ။ နောက်ပြီး သူ ကိုယ်တိုင်ကလည်း ဖိတ်ခေါ်ထားတာဆိုတော့ နောက်ထပ် ပူညံပူညံမလုပ်တော့ဘဲနဲ့ ခပ်ဝေးဝေးမှာသာ တစ်ယောက်တည်း ထိုင်နေတော့တယ်။

“မုန့်ယွိရှုက အမည်မသိလူငယ်နဲ့ မျက်နှာကာလှစ်ဖို့ လောင်းကြေးထပ်လိုက်တယ်။”

“ကြည့်ရတာ စိတ်ဝင်စားစရာပဲ။ မုန့်ယွိရှုကတော့ ဒီနေ့ မိန်းမလှရဲ့ နာမည်ကို မသိသေးဘူးလို့တော့ ငါ့ကို မပြောနဲ့နော်။ နာမည်စာရင်း မကြည့်ရသေးတာတွေ ဘာတွေ လာမပြောနဲ့။ ”

ကျောင်းတော်သားတွေက မုန့်ယွိရှုနဲ့ တောသားလူငယ်တို့ ပြောတဲ့စကားတွေကို ကြားပြီတော့ တိုးတိုး တိုးတိုးနဲ့ ဆွေးနွေးကြပြန်တယ်။

ဒီအချိန်မှာပဲ လှပစွာ စီစဉ်ထားတဲ့ ရွှေရောင်တွေတောက်ပနေတဲ့ သုံးထပ်လှေတစ်စီးဟာ ယုံကြည်မှုမြစ်ကမ်းဘေးကို ဆိုက်ကပ်လာတော့တယ်။

ထိုလှေရဲ့ အရောင်အဝါတွေတွေကြောင့် မြစ်ကမ်းဘေးက အခြားလှေတွေ ဟာတော့ အလိုလို သိမ်ငယ်သွားသလိုပါပဲ။ ဘယ်လှေကမှ ခမ်းနားထည်ဝါမှုကို မယှဉ်နိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုရင် လှေပေါ်မှာ စီးနင်းလိုက်ပါ လာသူဟာလည်း တောင်ထိပ်ပေါ်က ပန်းကလေးတစ်ပွင့်လို အများ မလှမ်းဝံ့တဲ့ ထိပ်ခေါင်တင် ပန်းတစ်ပွင့် ဖြစ်နေတာကြောင့်ပါပဲ။

“သူက ဘာလို့ ဟွေ့အန်းဒေသကို လာတာလဲ” မုန့်ယွိရှုရဲ့ ယုံကြည်ချက်တွေပြည့်နှက်နေတဲ့ မျက်နှာကတော့ အခုဆိုရင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေလောက်အောင် မူပျက်နေပါပြီ။

ဒီလှေက ဘယ်သူ့ကို ကိုယ်စားပြုလဲဆိုတာ သူသိတယ်လေ။

ဒီလှေပေါ်က မိန်းမလှကတော့ မြင့်မြတ်လှတဲ့ “ရှ” မင်းဆက်ကြီးမှာ ကျော်ကြားလှတဲ့ နန်းထိုက်တဲ့ ပန်းတစ်ပွင့် ဖြစ်တယ်။ ဗျပ်စောင်း၊ စစ်တုရင်၊ စာပေ၊ လက်ရေးလှ၊ ပန်းချီ၊ ကဗျာ၊ စာချိုးစပ်၊ ဂီတ၊ အရေးအသား မကျွမ်းကျင်တာ မရှိသူ ။ ပိုပြီး အရေးကြီးတာက ယွင် ချင်းဝူရဲ့ မျက်နှာကာ ။ ပိုပြီးပိုပြီး ထပ်ပြီးပြောရရင် သူမရဲ့ လှေပေါ်ကို ခြေချဖူးတဲ့သူမရှိ။ သူ ဆိုတာ ယောကျာ်းသားကိုပြောတာပေါ့။”

အပိုင်း (၅၂) ပြီး၏။ 

အပိုင်း (၅၃)

“စိတ်သဘော”

မုန့်ယွိရှုကတော့ ဒီအလောင်းအစားကို ရုပ်သိမ်းပြစ်ဖို့တောင် တွေးနေမိပါပြီ။ ဘာကြောင့်လဲဆိုရင် ယွင်ချင်းဝူကို မျက်နှာကာ လှစ်ခိုင်းဖို့ဆိုတာ အတော်လေးကို ခက်ခဲတယ်လေ။

ဒါပေမယ့် သူ့ဒေါသနဲ့သူ မတွေးမတောပဲ အလောင်းအစားလုပ်မိတာကိုတွေးပြီး မကျေနိုင် မချမ်းနိုင်တွေဖြစ်နေတော့တယ်။ ဘာပဲဖြစ်ဖြစ်အခုတော့ သူ ရှေ့ဆက်ဖို့လိုသွားပြီ။ တကယ်ပဲ မဖြစ်နိုင်ရင်တောင်မှ တခြားနည်းလမ်းတစ်ခုကိုတွေးတော ကြည့်ဖို့ လိုနေပြီ။

ဘယ်သူကများ ဒီဟွေ့အန်းဒေသမှာ ကျင်းပတဲ့ ပန်းရာချီစုဝေးပွဲကို ယွင်ချင်းဝူ လာအောင် ပြောလိုက်သလဲ။ တကယ်ကို မတွေးတတ်တော့ဘူး။ ဘာကြောင့်လဲဆိုတာ။

…

ရန်ရွှယ်ရဲ့ အကြည့်တွေကတော့ လှေကြီးပေါ်ကို တချက်ကြည့်လိုက်ပြီး အမူအယာ စိုးစဉ်းမျှ ပြောင်းလဲသွားခြင်းမရှိ ပါဘူး။ သူ့ရဲ့ အကြည့်တွေကတော့ မြင်ရတာနဲ့ မမြင်ရတာ ကွာခြားခြင်း အလျှင်းမရှိပါဘူး။

ဒါပေမယ့် လှေကြီးမြစ်ကမ်းကို ကပ်ပြီး ရပ်တန့်ချိန်မှာတော့ သူဟာ ထိုင်နေတဲ့ ပုံစံကို အနည်းငယ်ပြောင်းလဲလိုက်ပြီးတော့ တစ်စုံတစ်ရာကို တွေးတောနေဟန် ပြောင်းလဲသွားပါတယ်။ တခြားတစ်ဖက်မှာတော့ သူဘေးမှာထိုင်နေတဲ့ လူငယ်ဟာ အနည်းငယ်နောက်ကို ယိမ်းလိုက်ပြီး မျက်လုံးတွေကို မှိတ်ထားကာ တဖြူးဖြူးတိုက်နေတဲ့ မြစ်လေအေးနဲ့ ဘေးပတ်ဝန်းကျင်က ပန်းပင်တွေရဲ့ အလှတရားကို ခံစားနေဟန်ပါပဲ။

ရန်ရွှယ်ကတော့ စကားတစ်လုံးမှ မဟတော့ပါဘူး။ တောသားလူငယ်ဟာလည်း ဆိတ်ဆိတ်သာ ငြိမ်သက်နေပါတော့တယ်။ ရန်ရွှယ်ရဲ့ အမူအယာကလည်း သက်တောင့်သက်သာ မရှိသလို လူငယ်ရဲ့ အမူအယာကလည်း ပျင်းရိခြောက်သွေ့ဟန် အထင်းသားပေါ်နေပါတယ်။

မတူညီတဲ့ ပုံစံမျိုးနဲ့ ထိုင်နေကြသော်ငြား နှစ်ယောက်လုံး အာရုံတွေ လွှင့်ပျံ့နေတာ သိသာလွန်းလှပါတယ်။ ကျောင်းတော်သားတွေကတော့ ဒီလူသားနှစ်ဦးကို စောင့်ကြည့်နေကြပေမယ့် အတော်လေး ငြိမ်းချမ်းနေကြဟန်ရှိတာကတော့ တကယ့်ကို ထူးဆန်းလွန်းလှတယ်။

…

ပန်းရာချီစုဝေးပွဲကို လာတဲ့ကျောင်းတော်သားတွေရဲ့ ရည်ရွှယ်ချက်က ပန်းအလှတွေနဲ့ မိန်းမလှတွေကို ရှုစားဖို့လေ။ ဒီ လူထူးလူဆန်းနှစ်ယောက်က သူတို့ရဲ့ အာရုံကို ဖမ်းစားနိုင်တာ တစ်ခဏတာပဲပေါ့။

ကမ်းကို ကပ်လာပြီဖြစ်တဲ့ ရွှေရောင်လှေကတော့ မည်သူတစ်ဦးတစ်ယောက်မှ မထွက်လာသေးပင်မယ့် ပန်းရာချီပွဲတော်ကတော့ အတော်လေး အသက်ဝင်လာပါတယ်။ ကျောင်းတော်သားတွေကတော့ ယွင်ချင်းဝူရဲ့ နာမည်ကို အော်ဟစ်ရင်း ကြိုဆိုနေကြတယ်။ တချို့ကျောင်းတော်သားတွေဆိုရင် စုတ်တံတွေနဲ့ ခုံပေါ်မှာ ရေးဆွဲကြတော့တယ်။ ပန်းချီကားချပ်တွေ ရေးဆွဲကြ၊ ကဗျာတွေ စပ်ကြ၊ စာချိုးတွေ စပ်ကြနဲ့ အတော်လေးကို သက်ဝင် လှုပ်ရှားနေကြတယ်။

ပန်းရာချီ စုဝေးပွဲဟာ တာအိုနိယာမ စာမေးပွဲမစတင်ခင် ကျောင်းတော်သားတွေ အချင်းချင်း ရင်းနှီးမှုရအောင်ပြုလုပ်ပေးတာဖြစ်တယ်။ ဒါကြောင့် တင်းကျပ်တဲ့ စည်းကမ်းဥပဒေတွေတော့ မရှိဘူး။

စည်းကမ်းချက်ဟာတော့ အတော်လေး ရိုးရှင်းတယ်။ မိန်းမလှလေးတွေဟာ သူတို့ရဲ့ အရည်အချင်းတွေ ကျွမ်းကျင်မှုတွေကို ထုတ်ဖော်ပြသကြပြီး ကျောင်းတော်သားတွေကတော့ မိန်းမလှတွေ ရှေ့က ခြင်းတောင်းထဲမှာ ပန်းပွင့်တွေကို ထည့်ပြီး ရေတွက်ခြင်းနဲ့ တစ်ညတာရဲ့ အလှဆုံး မိန်းမပျိုကို ရွေးချယ်ကြတယ်။

ရိုးရှင်းပေမယ့် မျှတတယ်။

“ဒုန်” မောင်းသံတစ်သံဟာ ထွက်ပေါ်လာတော့တယ်။ ပန်းရာချီ စုဝေးပွဲဟာတော့ တရားဝင်စတင်လိုက်ပါပြီ။

စင်မြင့်ပေါ်မှာတော့ မိန်းမလှလေးတွေဟာ စွမ်းရည်တွေကို ပြသနေကြပါတယ်။ တစ်ဦးချင်းစီဟာ အရောင်အသွေးစုံလင်ပြီး တောက်ပသစ်လွင်တဲ့ ဝတ်စုံတွေကို ဆင်ယင်ထားကြပါတယ်။ တချို့မိန်းမလှတွေကတော့ တူရိယာတွေကို တီးခတ်နေကြပြီး တချို့ဟာတော့ အက အလှတွေနဲ့ ဖျော်ဖြေနေကြပါတယ်။ အချို့ကတော့ ကဗျာတွေ ဖွဲ့သီထားကြပြီး ဖတ်ရှုပေးကြဖို့ ဖိတ်ခေါ်နေပါတယ်။

ရန်ရွှယ်ရဲ့ ပုံစံကတော့ ရေပြင်လို တည်ငြိမ်နေဆဲပါ။

တခြားတစ်ဖက်မှာတော့ တောသားလူငယ်ဟာ အင်မတန်ကို စိတ်ဝင်တစားနဲ့ လှည့်ပတ်ကြည့်ရှုရင်း ။ “လက်ရာကောင်းတယ်။” “လှတယ်၊” စသည်ဖြင့် တစ်ယောက်တစ်မျိုး မရိုးနိုင်ရအောင် ချီးမွမ်းနေပါတယ်။

ဘေးပတ်ဝန်းကျင်က ကျောင်းတော်သားတွေ တိတ်ဆိတ်နေချိန်မှာတော့ ဒီလို အပြုအမူက အနည်းငယ် ထူးခြားနေတယ်။

“တောသား”

“သဘောထား”

“ဒီလိုလူမျိုးကို နဲ့ ကြုံရတာ ရှက်စရာကောင်းလိုက်တာ။”

အမှန်အတိုင်းပြောရရင်တော့ ကျောင်းတော်သားတွေကလည်း တိတ်ဆိတ်နေကြတာ မဟုတ်ပါဘူး။ သူတို့ဆွေးနွေးနေကြတဲ့ အသံတွေက တောသား လူငယ်ထက်တောင် ပိုပြီး ကျယ်လောင်နေပါသေးတယ်။

ဒါပေမယ့် ပန်းထိုးချည် ပိုးထည်တွေကို ဝတ်ဆင်ထားတဲ့ ကျောင်းတော်သားတွေ အလယ်က ချည်ထည်ကြမ်းနဲ့ လူငယ်ဟာ တမူတော့ ထူးခြားနေပါတယ်။

သူ့ဝတ်စုံပေါ်မှာ ကပ်တင်နေတဲ့ ဖုန် အနည်းငယ်ကို ခါနေတဲ့ လူငယ်ဟာတော့ ကျောင်းတော်သားတွေရဲ့ စကားသံတွေကို ကြားဟန် မတူပါဘူး။ ကြားခဲ့ရင်တောင် အရေးစိုက်မယ့် ပုံလည်း မပေါ်ပါဘူး။

သူ့စိတ်ထဲမှာတော့ ဒီကျောင်းတော်သားတွေလိုသာ နေ့တိုင်း ဝတ်နေရရင် အချိန်တွေအလဟသတ် ဖြုန်းပြစ်နေသလို ဖြစ်နေမှာပဲလို့ တွေးနေမိတယ်။ သိပ်ကို သွက်လက် ပေါ့ပါးပြီး လန်းဆန်းတက်ကြွနေတဲ့ အမူအယာနဲ့ နှလုံးသား အာဟာရကို ဖြည့်တင်းနေဟန် ပါပဲ။

နောက်တစ်နည်းဆိုရရင်တော့ ဘယ်သူတွေ ဘယ်လို ဝတ်ဝတ်စားစား ဘယ်လို ပုံစံဖြစ်နေပစေ ဂရုစိုက်မယ့် ပုံမပေါ်ပါဘူး။ နောက်ဆုံးမှာတော့ ကမ်းကပ်နေတဲ့ ရွှေရောင် လှေကြီးကနေ အမျိုးသမီးတွေ ဆင်းသက်လာခဲ့ပါပြီ။ ကျောက်စိမ်းရောင် ဝတ်စုံရှည်တွေကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ်တွေဟာ နှစ်တန်းခွဲပြီး ညီညာစွာ လျှောက်လှမ်းလာကြပါတယ်။ သူတို့ရဲ့နောက်မှာတော့ ရွှေရောင်ဂါဝန်ရှည်ဝတ် အမျိုးသမီးနှစ်ဦးဆင်းသက်လာပါတယ်။

လှေပေါ်က ဆင်းသက်လာတဲ့ အမျိုးသမီးတွေဟာ ညီညာစွာ နေရာယူပြီးနောက်မှာတော့ ကျက်သရေအဖြာဖြာနဲ့ ပြည့်ဝတဲ့ ပုံရိပ်လေးတစ်ခုဟာ ဆင်းသက်လာပါတော့တယ်။ ပင်ပျိုပန်းပုံ ပန်းထိုးထားတဲ့ မိုးပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မှန်သလင်းလို ကြည်လင်နေတဲ့ ပုလဲသွယ် ပန်းတစ်ပွင့်ကို ခေါင်းမှာ ပန်ဆင်ထားပါတယ်။

နက်မှောင်ရှည်လျားလှတဲ့ ပိတုန်းရောင်ကေသာ တွေဟာတော့ သိမ်နွဲ့တဲ့ ခါးထက်မှာ ဝဲဝိုက်ကာ ဖြာကျနေပါတယ်။ ခါးထက်က ခ၇မ်းရောင် ခါးစည်းစလေးနဲ့ သူမရဲ့ကေသာလေးတွေဟာ လေအလွင့်မှာ ဝေ့၀ဲနေပုံဟာတော့ လက်ရာမြောက် ပန်းချီဆရာရဲ့ ကားချပ်အလားပါပဲ။

တကယ့်ကို မိန်းမောဖွယ်ကောင်းလွန်းလှတဲ့ လှပျိုဖြူလေးတစ်ဦးပါပဲ။ ကံမကောင်းစွာနဲ့ပဲ အနက်ရောင်မျက်နှာကာဟာ မိန်းမပျိုလေးရဲ့ မျက်နှာသွင်ပြင်ကို ဖုံးကွယ်ထားတာကတော့ တကယ့်ကို နှမြောစရာကောင်းလှပါတယ်။ သို့ပေမယ့်လည်း နှင်းလို ဆွတ်ဆွတ်ဖြူဖွေးးပြီး ပန်းပွင့်ဖတ်လေးတွေလို နုဖတ်နေတဲ့ အသားအရေဟာ တစ်စွန်းတစ်စလေးပေါ်ထွက်နေပါတယ်။

မီးအိမ်ငယ်တွေကနေ ထွန်းလင်းနေတဲ့ အလင်းရောင်လေးတွေ ရောင်ပြန်ဟပ်မှုကြောင့် သူမရဲ့ခြေအစုံမှာ စီးနင်းထားတဲ့ ရွှေချည်ထိုး ပန်းဖိနပ်လေးဟာ ရွေ့လျားလိုက်တဲ့ ခြေလှမ်းတိုင်းမှာ ပန်းပွင့်လေးတွေ ကြွေကျမည့်သယောင်ပါပဲ။ သူမဟာ စင်မြင့်ပေါ်ကို တန်းတန်းမတ်မတ်တက်သွားပါတယ်။

ကြည့်ရှုနေကြတဲ့ ကျောင်းတော်သားတွေကတော့ လုံးဝကို တိတ်ဆိတ်နေကြတယ်။ သူတို့ရဲ့ မျက်လုံးတွေကတော့ ပုဇွန်မျက်လုံးတွေကနေ မီးတောက်မတတ်အကြည့်တွေအဖြစ် ပြောင်းလဲကုန်ကြတော့တယ်။ ဒါပေါ့ မပြောင်းမလဲတဲ့ ချွင်းချက်တွေတော့ ရှိသေးတာပဲ။

ဥပမာအားဖြင့် ရန်ရွှယ်ကတော့ ရေခဲတုံးလို မျက်နှုာသေကြီးကနေ မပြောင်းမလဲရှိနေတုန်းပါပဲ။ တောသားလူငယ်ကတော့ ပါးစပ်အပြည့်နဲ့ သစ်သီးတွေကို ဝါးရင်း ရန်ရွှယ်ဘေးမှာ အင်မတန် ပျင်းရိခြောက်သွေ့နေဟန် ပါပဲ။

“ကျွန်မ ယွင်ချင်းဝူရဲ့ ဖျော်ဖြေမှုကို ရှုစားပေးကြပါ လူကြီးမင်းများရှင်” ယွင်ချင်းဝူဟာ သာယာနာပျော်ဖွယ်လေသံလေးနဲ့ခေါင်းကို ညွှတ်လိုက်ရင်းပြောလိုက်ပါတယ်။ သူမရဲ့ သွင်ပြင်ဟာတော့ အင်မတန့်အင်မတန်ကို ယဉ်ကျေးသိမ်မွေ့ပြီး ကျက်သရေ ရှိလှတဲ့ အရှိန်အဝါတွေဟာ ဖြာထွက်လာပါတယ်။

“ကောင်းပြီ” တောသားလူငယ်ဟာ အော်ဟစ်လိုက်ရင်း လက်ခုပ်လက်ဝါးတီးကာ အားပေးလိုက်တယ်။ ကိစ္စကောင်းကို အမြဲဖျက်စီးတာ လူတွေပဲ။

သူတို့စိတ်သာကူးရဲပြီး တကယ်တမ်း မလုပ်ဝံ့တဲ့ ကိစ္စကို လုပ်လိုက်တဲ့ သူတွေက အမြင်မကြည်တာကို ခံရတာ အမှန်ပဲလေ။

ကျောင်းတော်သားတွေ အကုန်လုံးကတော့ တောသားလူငယ်ကို ဒေါသတွေနဲ့ ကြည့်နေကြပါတယ်။ တချို့သူတွေကတော့ လက်သီးကိုတောင် ကျစ်ကျစ်ပါအောင် ဆုပ်ထားကြတယ်။

ရန်ရွှယ်သာ တောသားရဲ့ဘေးမှာထိုင်မနေရင် ကျောင်းတော်သားတွေ ချက်ချင်းခုန်အုပ်ပြီးကိုက်ဖြဲပြစ်ကြမှာပဲ။

ယွင်ချင်းဝူက်တော့ လူငယ်လေးဘက်ကို လှည့်လိုက်ပြီး တစ်ချက် ဦးညွှတ်လိုက်ကာ

“ကျွန်မ ယွင်ချင်းဝူ သခင်လေးကို ကျေးဇူးတင်ပါတယ်။”

သူမရဲ့ အမူအယာကတော့ အတော်လေးကို က္ကန္ဒြေသိက္ခာနဲ့ ပြည့်စုံလွန်းလှတယ်။

“ညီမလေး ချင်းဝူ ဘယ်ဂီတ ကို ပြသမလဲဆိုတာ သိခွင့်ရှိနိုင်မလား။”

လူငယ်ရဲ့ တောက်ပလွန်းတဲ့ မျက်လုံးနက်နက်လေးတွေက ယွင်ချင်းဝူကို စိုက်ကြည့်ရင်း ပြုံးနေပါတော့တယ်။

လူတွေ မနာလိုကြတာကို သူနားလည်ပေမယ့်လည်း ခွဲခြား ဆက်ဆံတာကို တော့ သဘောမကျဘူးလေ။ တခြားမိန်းမလှတွေကိုတော့ ချီးကျုးဂုဏ်ပြုကြပြီးတော့ ယွင်ချင်းဝူကြမှ တိတ်ဆိတ်နေကြတာ မဖြစ်သင့်ဘူးလေ။ ဒီလို မိန်းမပျိုလေးကိုလည်း ဂရုစိုက်ကြရအုန်းမှပေါ့။ ယွင်ချင်းဝူ အလှည့်ကျမှ တစ်ယောက်မှ မတ်တပ်မရပ်ကြတာ မဖြစ်သင့် မဖြစ်သင့် ။

“ဒီနေ့ ကျွန်မ တီးခတ်ဖျော်ဖြေမှာကတော့ “ကျူပင်နှင့်သက်ငယ်ပင်အလားတူပါတကား” ပဲဖြစ်ပါတယ်။” တလေးတစားနဲ့ ပြန်ဖြေလိုက်တယ်။

“ကျူပင်နှင့်သက်ငယ်ပင်အလားတူပါတကား” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်၇င်း ထပ်မပြောတော့ဘူး။ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ကျောင်းတော်သားတွေကတော့ ယွင်ချင်းဝူနဲ့ စကားပြောနေတဲ့ တောသားကို ဝါးစားချင်နေတဲ့ ပုံစံတွေနဲ့ ကြည့်နေကြတယ်။ နောက်ပြီးတော့ ချီးမွမ်းတာလေး ဘာလေးတောင် မလုပ်တာတော့ အံံ့သြစရာပဲ ။ ခေါင်းတစ်ချက်ပဲ ငြိမ့်တယ်တဲ့လား။

ကျောင်းတော်သားတွေက သူတို့သာ မမေးရဲကြတာ ယွင်ချင်းဝူတီးခတ်မယ့် သီချင်းနာမည်ကို ကြားပြီးတဲ့နောက် အတော်လေး စိတ်လှုပ်ရှားနေကြတယ်။

ဒီသီချင်းက လူတစ်ယောက်ရဲ့ အချစ်ကို အကြိမ်ကြိမ်ကျရှုံးတာတောင် မျှော်လင့်နေဆဲ မိန်းမပျိုလေးတစ်ဦးအကြောင်း ရေးစပ်သီကုံးထားတာ ဖြစ်တယ်။ ဒီလို ပြိုင်ဘက်ကင်းတဲ့ မိန်းမလှလေးက ဘယ်လိုမျိုး မေတ္တာကို ငတ်မွတ်နေတာလဲ။ သူတို့ရဲ့ နှလုံးသားထဲမှာ အနည်းငယ်တော့ ထိရှသွားကြတယ်။

ဒါကြောင့် ကျောင်းတော်သားတွေဟာတော့ သူတို့ရဲ့ ပန်းတွေကို လိုချင်းဝူရဲ့ ခြင်းတောင်းထဲမှာ သူ့ထက်ငါ အလုအယက် ထည့်နေကြတာ မြင်လို့တောင် မကောင်းပါဘူး။ ဝရုန်းသုန်းကားဖြစ်နေပုံဟာတော့ ကြည့်မကောင်း ရှုမကောင်းပါပဲ။

…

“မင်းတို့မှာ ယဉ်ကျေးမှု မရှိကြဘူးလား။ မိန်းကလေးက စွမ်းရည်တောင် မပြရသေးဘူး။ ဘာလို့ဒီလောက်တောင် သိက္ခာမရှိဖြစ်နေကြတာလဲ။ အမျိုးသမီးတစ်ယောက်ရဲ့ အရေးပေးတာကို ရဖို့ ဒီလောက် ဝရုန်းသုန်းကား ဖြစ်နေရင် မင်းတို့ရဲ့ ဘောတွေကို ပစ်ထုတ်ပြီးသာ ထားလိုက်တော့” တောသားလူငယ်ဟာ ထိုင်ကြည့်နေရာကနေ အတော်လေး မျက်စိနောက်ပြီး စိတ်ကုန်လာတာကြောင့် ထ အော်လိုက်တယ်။

အပိုင်း (၅၃)ပြီး၏။ 

အပိုင်း (၅၄)

“ရိုးရိုးရှင်းရှင်း တိုက်ရိုက်”

လူငယ်ရဲ့ အသံက မကျယ်ပေမယ့် ဝရုန်းသုန်းကားဖြစ်နေတဲ့ကျောင်းတော်သားတွေကတော့ သတိပြန်ဝင်လာကြပါတယ်။ ဒီစကားကို ကြားလိုက်ရတော့ သောက်နေတဲ့ရေတောင် ပြန်ထွေးထုတ်မိမတတ်ပါပဲ။ သူတို့ရဲ့ စိတ်ထဲမှာတော့ ဒေါသမီး အလျှံတညီးညီး တောက်နေပြီး ပြောချင်ဆိုချင်စိတ်တွေ ထိန်းမရအောင်ဖြစ်နေကြပါပြီ။

“ယဉ်ကျေးမှု”

“မိန်းကလေးတစ်ယောက်ရဲ့အရေးပေးမှုရဖို့” တကယ်တမ်းက ဒီလို မိန်းမလှလေးမျိုးက တစ်နိုင်ငံလုံးရှာရင်တောင်တွေ့နိုင်ဖို့လွယ်တာမဟုတ်ဘူး။ ဒါပေမယ့် ကျောင်းတော်သားတွေရဲ့ ခြေလှမ်းတွေကတော့ သူတို့ အမြီးကို တက်နင်းခံလိုက်ရသလိုမျိုးရပ်တန့်သွားကြပါတယ်။

လူငယ်လေးရဲ့ အပြုအမူကတော့ သူတို့ကို တိုက်ရိုက်ထိရှသွားစေခဲ့တယ်။ ပိုပြီး အရေးကြီးတာကတော့ ပြောလိုက်တဲ့ စကားက ”မင်းတို့ ဘောတွေကို ပြစ်ထုတ်ထားလိုက်တော့တဲ့လား။” ဘယ်လိုတောင် ရိုင်းစိုင်းတဲ့ စကားလဲ။ လူအုပ်ရှေ့မှာ အာဏာပြချင်တာလား။

ကျောင်းတော်သားတစ်ယောက် အနေနဲ့ဆိုရင် ဒီလို ဒီလို စကားလုံးမျိုးကို ဘယ်လိုတောင် ပြောနိုင်ရတာလဲ။ နောက်ပြီး မိန်းမပျိုလေးရှေ့မှာ။ ပညာမတတ်တဲ့တောသားလား။ ဒီနေ့ ပန်းရာချီပွဲတော်က ရင်းနှီးမှုကို တိုးမြှင့်ပေးတဲ့ ပွဲပဲ။ တိုက်ခိုက်ဖို့ပြင်ဆင်ပေးတဲ့ ပွဲမဟုတ်ဘူး။ ဒါ့အပြင် သူတို့သာ တစ်ကယ်တိုက်ခိုက်ကြရင် တောသားလူငယ်ရဲ့ စကားကို အတည်ပြုလိုက်သလိုမျိုးဖြစ်သွားမှာ အမှန်ပဲ။

“ဟွန့်” ကျောင်းတော်သားတစ်ချို့ကတော့ သူတို့လက်ထဲက ပန်းတွေကို ပြန်ယူပြီးတော့ သူတို့နေရာမှာ ပြန်ထိုင်နေကြတော့တယ်။

တောသားလူငယ်ရှေ့ကနေ ဖြတ်သွားတဲ့ သူတိုင်း နှာခေါင်း ရှုတ်သွားကြတာ တစ်ခုကလွဲပြီးပေါ့။

“သခင်လေးကို ကျေးဇူးတင်ပါတယ်။”

ယွင်ချင်းဝူရဲ့ စကားသံကို ကြားတော့ ကျောင်းတော်သားတွေ တိတ်ဆိတ်သွားကြတော့တယ်။ အဲ့ဒီ့တောက်စတင်ပြီး တီးခတ်တော့တယ်။ တောသားလူငယ်ရဲ့ မျက်နှာပေါ်မှာတော့ အပြုံးလှလှတစ်ခုပေါ်လာတော့တယ်.။

ယွင်ချင်းဝူရဲ့ အကြည့်နဲ့ ဟန်ပန်ကတော့ နွေဦးရာသီက စမ်းချောင်းလေး အလားပါပဲ။

တခြားတစ်ဖက်က ရန်ရွှယ်ရဲ့ အမူအယာက တော့ အေးစက်နေစမြဲပါပဲ။ သို့ပေမယ့် သူ့လက်ထဲက ရွှေအရိုး ငွေချည် ယပ်တောင်လေးကတော့ ခါတိုင်းထက်ပိုပြီး မြန်မြန်လှုပ်ခတ်နေတာ တစ်ခုတော့ ထူးခြားနေပါတယ်။ ရွှေရောင်ဝတ်ရုံရှည်တွေကို ဝတ်ဆင်ထားတဲ့ အမျိုးသမီး နှစ်ဦးသယ်ဆောင်လာပေးတဲ့ ဗျပ်စောင်းလေးပေါ်ကို ယွင်ချင်းဝူရဲ့ ဖော့ဖယောင်းလို သွယ်လျလျ လက်ကလေးတွေ ခပ်ဖွဖွလေး တင်လိုက်ချိန်မှာတော့ သာယာလှတဲ့ ဂီတသံဟာ ပေါ်ထွက်လာတော့တယ်။

သူမရဲ့ သွယ်လျလျ လက်ချောင်းလေးတွေဟာ ဗျပ်စောင်းကြိုးတွေပေါ် ပြေးလွှားနေသလိုမျိုး ဂီတကို ခံစားတီးခတ်နေတဲ့ သူမရဲ့ အမူအယာဟာလည်း ပန်းငုံလေးတွေ ပွင့်ဖူးလာသလို ပါပဲ။ “မြစ်ကမ်းဘေးမှာ သူ့ကို ဖွေရှာ ။ ခရီးလမ်းဟာ ခက်ခဲကြမ်းသော်ငြား။ …………….” သာယာလှတဲ့ သီဆိုသံလေးဟာ နားထောင်နေသူတွေကို မိန်းမောသွားစေတော့တယ်။

"..."

ဗျပ်စောင်းသံဟာ သဘာ၀ ရေစီးသံအလား သာယာငြိမ့်ညောင်း လွန်းလှတယ်။ ဂီတသံနဲ့ သီချင်းဆိုသံ ဟာ လိုက်ဖက်လွန်းပြီး ပဏာရလွန်းပါတယ်။ ဒီနိုင်ငံမှာ ဒီလောက်လှပပြီး အရည်အချင်း ပြည့်ဝတဲ့ နတ်မိမယ်လို မိန်းမပျိုလေး ရှိနေတယ်ဆိုတာ မယုံနိုင်စရာပါပဲ။

ယွင်ချင်းဝူ ရဲ့ ဗျပ်စောင်းသံနဲ့အတူ ကျောက်စိမ်းရောင် အမျိုးသမီးငယ်လေးတွေဟာ ယိမ်းနွဲ့ ကခုန်နေကြပါတယ်။ ကျောင်းတော်သားတွေရဲ့ မျက်လုံးတွေထဲမှာတော့ သူတို့ရှေ့မှောက်က မြင်ကွင်းရဲ့ ညှို့ယူဖမ်းစား တာကို ခံနေရတဲ့အတွက် မျက်တောင်တစ်ချက်တောင် မခတ်နိုင်ဖြစ်နေကြပါတယ်.။

ရန်ရွှယ်ရဲ့ ဟန်ပန်ကတော့ သိပ်ကို တည်ြငိမ်အေးချမ်းနေပါတယ်။ နားထောင်နေသလား နားမထောင်နေဘူးလားဆိုတာ ခန့်မှန်းလို့မရနိုင်ပါဘူး။ ကျောင်းတော်သားတွေကတော့ သီချင်းဆိုသံရပ်တန့်သွားပြီး ဗျပ်စောင်းသံလည်း ရပ်တန့်သွားတာ အချိန် ဘယ်လောက်ကြာသွားပြီလဲ မသိတော့တဲ့အထိ ဆက်လက် စီးမျောနေကြပါတယ်။ ကျောင်းတော်သားတစ်ယောက်ရဲ့ “ဘယ်လောက်တောင်လှပလိုက်တဲ့ သံစဉ်လဲ” ဆိုတဲ့ ချီးမွမ်းသံသာ မကြားလိုက်ရရင် ဘယ်အချိန်မှ သတိပြန်ဝင်လာမလဲ မသိနိုင်ပါဘူး။

“ ယွင်ချင်းဝူရဲ့ ဗျပ်စောင်းသံကို နားထောင်ရဖို့ ငါ့အသက် ဆယ်နှစ်နဲ့တောင် လဲနိုင်တယ် ” ကျောင်းတော်သားအုပ်စုကြီးဟာ တစ်ယောက်တစ်မျိုး ချီးမွမ်းမဆုံးဖြစ်နေကြပါတော့တယ်။ တချို့ဆိုရင် ကဗျာတောင် ဖွဲ့သီနေကြသေးတယ်။

“ဟွေ့အန်းဒေသ မုန့်အိမ်တော်မှ ကျွန်တော် မုန့်ယွိရှု ။ ဒီလို နတ်တေးသံသာကို နားဆင်ခွင့် ရလိုက်တာ အင်မတန် ဂုဏ်ယူမိပါတယ်။ အခွင့်အရေးရှိမယ်ဆိုရင် သခင်မလေး ချင်းဝူနဲ့ အတူ တွဲဖက် တီးခတ်ခွင့်များ ရှိနိုင်မလား ဗျာ။” မုန့်ယွိရှုက လူအုပ်ထဲကနေ ထရပ်ရင်း လှမ်းပြောလိုက်တယ်။

စင်အောက်မှာ စောင့်နေကြတဲ့ ကိုယ်ရံတော်တွေကတော့ ဒီစကားကို ကြားတဲ့ အချိန်မှာ အတော်လေး ရယ်ချင်နေကြတယ်။ ဒီကိစ္စက အသိသာကြီးပဲလေ ယွင်ချင်းဝူရဲ့ စိတ်ကို ရဖို့ ကျောက်စိမ်းလည်း မပေး ။ ကဗျာလည်း မပေးပဲနဲ့ မောင်နှံတီးခတ်မှုလုပ်ပြီး ဆွဲဆောင်ချင်တာလား။ တော်တော်လေးကို မပါးနပ်တဲ့ ချဉ်းကပ်မှုပဲ။

လူအများကြီး ရှေ့မှာမို့ ယွင်ချင်းဝူလို သဘောကောင်းတဲ့ မိန်းကလေးက ငြင်းပယ်မှာ မဟုတ်ဘူးဆိုတာ သူတို့လည်း သိတယ်လေ။ ဒီနည်းလမ်း နဲ့ အခွင့်ကောင်းယူတာကတော့ တကယ်ပဲ။ ယွင်ချင်းဝူကတော့ မတ်တပ်ထရပ်ရင်း ဦးညွှတ်လိုက်တယ်။

“သခင်လေး ဖိတ်ခေါ်မှုကို ချင်းဝူ မငြင်း ပါဘူး။ ဒါပေမယ့် ကျူပင်နှင့်သက်ငယ်ပင် အလားတူပေသည်” သီချင်းကို ထပ်ပြီး တီးခတ်မယ်ဆိုရင် ဒီက လူကြီးမင်းတွေ စိတ်ဝင်စားမှုလျော့နည်းသွားမှာ စိုးရိမ်မိတယ်။ ဒါကြောင့် သခင်လေးက ချင်းဝူရဲ့ အစေခံနှစ်ယောက်နဲ့ အရင်ဆုံး မတူညီတဲ့ ရှေးသီချင်းတစ်ပုဒ်ကို တီးခတ်ပြီးမှ ချင်းဝူနဲ့ မောင်နှံတွဲဖက် တီးခတ်စေလိုပါတယ်။”

ယွင်ချင်းဝူရဲ့ အသံဟာ အင်မတန်ကို တည်ငြိမ်လွန်းလှတယ်။ သူတစ်ပါးကို ထိခိုက်စေလိုခြင်း နှိမ့်ချလိုခြင်းအရိပ်အယောင် မပါဝင်သလို စိန်ခေါ်နေသံလည်း မရှိဘူး။ သူမပြောစကားကို ကြားပြီးတဲ့နောက်မှာတော့ မုန့်ယွိရှုရဲ့ အမူအယာ ပြောင်းလဲသွားတော့တယ်။

သူကဒီအခွင့်အရေးကို အသုံးချပြီး ယွင်ချင်းဝူ အနားရောက်အောင် လုပ်ချင်တာလေ။ အကယ်၍ စင်မြင့်ပေါ်မှာသာ အတည်ကြီး တီးခတ်ရမယ်ဆိုရင် သူက အပျော်တမ်း အဆင့်ပဲရှိတာ။ နောက်ပြီး ရှေးဟောင်းတေးကို သူနားထောင်ဖူးတာ တောင် မဟုတ်။ သို့ပေမယ့် သူ့အကြောင်းကို သိတဲ့ ကျောင်းတော်သားတွေကတော့ နှာခေါင်းရှုံ့ပြီး ကဲ့ရဲ့စပြုလာကြပြီ။

“သခင်လေးမုန့်က ဗျပ်စောင်းတီးမယ်တဲ့”

“တကယ်ပဲ သခင်လေး မုန့်က ဗျပ်စောင်းတီးမှာလား။”

“သခင်လေးရဲ့ စွမ်းရည်တွေကို ကျွန်တော်မျိုးတို့ အမြင်ကျယ်အောင် ပြသပေးပါအုန်း”

မိန်းမချောလေးရဲ့ ရှေ့မှာဆို သတ္တိတွေထွက်လာပြီး ရဲဝံ့လာကြတယ် ဆိုတဲ့အတိုင်း ကျောင်းတော်သားတစ်ချို့ဟာ ယွင်ချင်းဝူ သတိပြုမိတာကို ခံရဖို့အတွက် ခါတိုင်း မပြောဝံ့တဲ့စကားတွေတောင် ဟောင်ဖွာဟောင်ဖွာနဲ့ လုပ်လာကြတယ်။ တစ်ချို့ဆို စောင်းမြောင်းပြောဆိုတာတွေတောင်ရှိတယ်။

နောက်ဆုံးမှာတော့ မုန့်ယွိရှုတစ်ယောက် ယွင်ချင်းဝူကို လက်ဝေ့ယမ်းပြရင်း

“သခင်မလေး ချင်းဝူရဲ့ အစေခံတွေကတော့ သခင်မလေးရဲ့ နတ်တေးသံကို ဘယ့်နှယ် မှီနိုင်မလဲ။ သူတို့ရဲ့ အဆင့်နဲ့ ပြိုင်ဆိုင်ရမယ်ဆိုရင် ကောင်းမှာ မဟုတ်ဘူး။ ” သူပြောချင်တာကို ပြောလိုက်ပြီးမှ ယွင်ချင်းဝူ တုံ့ပြန်မှာကို စောင့်နေတော့တယ်။

လေပြည်လေး သွဲ့သွားသလိုမျိုး “သခင်လေး မုန့်ရဲ့ ငြင်းပယ်မှုကို ကျေးဇူးတင်ပါ်တယ်။ ကျွန်မ ယွင်ချင်းဝူရဲ့ အစေခံတွေက ကျေးဇူးတင်မှုကို ဖော်ပြပါလိမ့်မယ်။” သူမမျှော်လင့်ထားတဲ့ အတိုင်းဖြစ်လာဟန်နဲ့ ယွင်ချင်းဝူက သူမရဲ့ဘေးက အမျိုးသမီးနှစ်ဦးကို လက်ဟန်ပြလိုက်တော့ မုန့်ယွိရှု ဘက်ကို လှည့်ပြီး ဦးညွှတ်လိုက်ကြတယ်။

ဒီလိုမျိုး အငြင်းခံလိုက်ရတဲ့အတွက် အတော်လေးစိတ်ပျက်သွားမိပေမယ့် တခြားကျောင်းတော်သားတွေကတော့ ပညာကောင်းကောင်းရသွားပါတယ်။ မုန့်ယွိရှုတောင် ယွင်ချင်းဝူရဲ့ မျက်နှာဖုံးကို မဖယ်နိုင်ရင် တခြားဘယ်သူက တတ်နိုင်မှာလဲ။ အကုန်လုံးကတော့ တွေဝေနေကြတော့တယ်။

“လှပျိုဖြူလေး ချင်းဝူ” ဒီအချိန်မှာတော့ အသံတစ်သံဟာ တွေဝေမှိုင်ငေးနေကြတဲ့ ကျောင်းတော်သားတွေရဲ့ နားထဲကို သံရည်ပူတွေ လောင်းချလိုက်သလို စီးဆင်းလာပါတယ်။ ဒီအသံကတော့ ရန်ရွှယ်ဘေးနားမှာ ထိုင်နေတဲ့ တောသားလူငယ်ဆီကထွက်ပေါ်လာတာပဲဖြစ်တယ်.။ ဒီကောင်တကယ်ပဲ မိန်းမလှ ရဲ့ မျက်နှာကာကို ဖယ်နိုင်မှာလား။

ဒီအချိန်မှာတော့ ရန်ရွှယ်ရဲ့ အမူအယာဟာ မဆိုစလောက်လေး မျက်တောင်တစ်ခတ်စာလောက်လေး ပြောင်းလဲသွားပါတယ်။

အဲ့ဒီ့နောက်မှာတော့ ပုံမှန် ရေခဲတုံးပုံစံ ပြန်ဖြစ်သွားတော့တယ်။ တောသားလူငယ်ကတော့ ခပ်ရိုးရိုးရှင်းရှင်းပဲ စင်မြင့်နားကို လျှောက်လှမ်းသွားပါတယ်။ ခြေလှမ်းတိုင်းမှာ အပြာရောင်ချည်ထည်ဝတ်ရုံဟာ လေအလွှင့်မှာ တဖျတ်ဖျတ် လှုပ်ခတ်နေပါတော့တယ်။

“သခင်လေးကို ချင်းဝူ နှုတ်ခွန်းဆက်ပါတယ်။” ယွင်ချင်းဝူရဲ့ အမူအယာကတော့ သိပ်ပြီးပြောင်းလဲခြင်းမရှိပါဘူး။

“ဒီနေ့ ကျွန်တော်က ခုနက မုန့်ယွိရှုလို့ခေါ်တဲ့ သူနဲ့ အလောင်းအစားလေးတစ်ခုလုပ်ခဲ့တယ်။” ယွင်ချင်းဝူရဲ့ ရှေ့တည့်တည်ဆီကို လျှောက်လှမ်းသွားရင်း သူ့ရဲ့ မျက်လုံးတောက်တောက်တွေက အတော်လေးကို တောက်ပနေခဲ့တယ်။

“ဒီအလောင်းအစားက ချင်းဝူနဲ့များ ပတ်သတ်နေလို့လား” မအံ့သြတဲ့ဟန်တဲ့ပြန်ဖြေလိုက်တော့တယ်။

“အတိအကျပဲ”

“ချင်းဝူ ခန့်မှန်းရမယ်ဆိုရင် သခင်လေးတို့ရဲ့ အလောင်းအစားက ချင်းဝူရဲ့ မျက်နှာကို လှစ်အောင်ပြုနိုင်သူက အနိုင်ရမှာ ဖြစ်တယ်။ မှန်ပါသလား။”

“မင်းက သိပ်ကို ထက်မြက်တာပဲ” တောသားလူငယ်က ခေါင်းငြိမ့်ရင်းပြောလိုက်တော့တယ်။

“ဒီကိစ္စမှာ သခင်လေးက အောင်မြင်ဖို့ဆိုရင် ချင်းဝူနဲ့ အရင်ဆုံး ဗျပ်စောင်းတီးတာ ယှဉ်ပြိုင်ဖို့ ချင်းဝူ ဖိတ်ခေါ်ပါတယ်။” နူးညံ့လှတဲ့ အငွေ့အသက်တွေ ခပ်ဖျော့ဖျော့ မွှေးရနံ့လေးနဲ့ အတူ ပျံ့လွင့်နေတာကို တောသားလူငယ် သတိထားမိလိုက်တယ်။

“ကောင်းပြီလေ။ တကယ်တမ်းတော့ ကျွန်တော်က ပိုပြီး ရိုးရိုးရှင်းရှင်းနဲ့ တိုက်ရိုက် လုပ်စေချင်တယ်။ တောသားလူငယ်ဟာ သူ့လက်ထဲရောက်နေတဲ့ နွေးထွေးတဲ့ အဝတ်စလေးကို ကြည့်ပြီးတဲ့နောက် ယွင်ချင်းဝူကို ပြုံးပြလိုက်ရင်း ပြောလိုက်တော့တယ်။ ယွင်ချင်းဝူကတော့ လုံးဝကို ချာချာလည်သွားသလို ပါပဲ။

အပိုင်း (၅၄)ပြီး၏။

အပိုင်း(၅၅)

“လူမှုပေါင်းသင်းဆက်ဆံရေးညံ့တယ်။”

ကမ္ဘာလောကကြီးတစ်ခုလုံး ခေတ္တ ရပ်တန့်သွားသလိုပါပဲ။ ယုံကြည်မှုမြစ်က မြစ်ရေတွေသာ ဖြည်းညင်းစွာ စီးဆင်းနေသည့်အလား။ တချိန်တည်းမှာပဲ ငယ်ရွယ်နုနယ်လှတဲ့ လှပျိုဖြူလေးရဲ့ မျက်နှာတော်လေးကို မြင်လိုက်ရတော့တယ်။

ရှေးအချိန်မှာတုန်းက လမင်းရဲ့တောက်ပမှုကိုတောင် ဖုံးလွှမ်းနိုင်ပြီး ပန်းပေါင်းများစွာထက် လှပတဲ့ မိန်းမလှလေးတွေ ရှိတယ်ဆိုတာ အမှန်တကယ်ပဲဆိုတာ မျက်ဝါးထင်ထင် မြင်လိုက်ရပါပြီ။ ယွင်ချင်းဝူမှာတော့ အံ့အားသင့်လွန်းနေတဲ့အတွက် သူမရဲ့ မျက်နှာအလှကို ပြန်ဖုံးကွယ်ဖို့တောင် သတိဝင်မလာနိုင်သေးပါဘူး။ ရှည်လျားကော့ညွတ်တဲ့မျက်တောင်လေးတွေ တောက်ပဝိုင်းစက်တဲ့ မျက်ဝန်းအစုံ ။ နှင်းနှယ်ဖွေးရွဖြူစွတ်တဲ့ အသားအရည် ။ဆေးမကူပဲ နီစွေးနေတဲ့ နှုတ်ခမ်းလေးတွေ။ အသက်ရှူမှားနိုင်စရာကောင်းလောက်အောင် နှင်းပွင့်ထဲက မွေးဖွားလာတဲ့ နတ်မိမယ်တစ်ပါးအလား လှသွေးကြွယ်လွန်းလှတယ်။

ယွင်ချင်းဝူတင် အံ့သြမှင်သက်မိနေတာ မဟုတ်ပါဘူး သူမရဲ့ဘေးက အစေခံအမျိုးသမီးတွေဟာလည်း တွေဟာလည်း အံ့သြလွန်းလို့ မလှုပ်ရှားနိုင်တော့တဲ့ အထိဖြစ်နေကြတယ်။ သူတို့ရှေ့က လူငယ်ကိုသာ ပါးစပ်အဟောင်းသားနဲ့ ငေးစိုက်ကြည့်နေကြတယ်။ သိပ်ကို လျင်မြန်လွန်းတယ်။ လျှပ်စီးလက်သလို မျိုး ယွင်ချင်းဝူရဲ့ မျက်နှာကာပဝါစဟာ လူငယ်ရဲ့ လက်ထဲကို ရောက်ရှိနေတော့တယ်။ တည်ငြိမ်လှတဲ့ ရန်ရွှယ်တောင် နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်တဲ့ အထိ အံ့သြနေတယ်။ မူအပျက်ဆုံးကတော့ မုန့်ယွိရှုပဲပေါ့။ ဒီကောင် တကယ်ပဲ ဒီလိုလုပ်လိုက်တယ်ဆိုတာ သူ့မှာ မယုံကြည်နိုင်သေးဘူး။

ကျောင်းတော်သားတွေကတော့ ရေခဲရိုက်ခံထားရတဲ့ အသားတွေလိုမျိုးတောင့်တင်းနေကြတော့တယ်။ တိတ်ဆိတ်ငြိမ်သက်မှု။ အပ်ကျသံလေးတောင် မကြားရဘူး။ ဘယ်သူမှလည်း အသံမထွက်ကြတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဘာတွေ ဖြစ်ပျက်သွားလဲဆိုတာ သူတို့မျက်စိရှေ့မှာ ကြုံလိုက်ရပေမယ့် သိပ်ကို မယုံနိုင်စရာ ကောင်းလွန်းလှတာကို ဘယ်လို လုပ်ရပါမလိမ့်။

“ဟမ်။ သိပ်မဆိုးဘူးပဲ။ ကျူပင်နှင့် သက်ငယ်ပင်အလားတူပေသည်….. ဘာကြောင့် လူတစ်ယောက်ကို အကြာကြီး စောင့်မျှော်နေရ မှာလဲ။ ကြည့်ရတာ ချစ်သူက စွန့်ပစ်တာကို ခံလိုက်ရတဲ့ အမျိုးသမီးငယ် ပုံစံပဲ။” ယွင်ချင်းဝူကို ကြည့်ရင်းနဲ့ လူငယ်က သက်ပြင်းပြီး ငြီးငြီးငြူငြူပြောလိုက်တော့တယ်။

အဲ့ဒီ့နောက်မှာတော့ စင်အောက်ကို ပြန်ဆင်းပြီး လျှောက်လှမ်းသွားတော့တယ်။ ရန်ရွှယ်ရဲ့ စားပွဲပေါ်မှာ တင်ထားတဲ့ ငွေစ တစ်ရာကို ယူလိုက်ချိန်မှာတော့ သူ့မျက်နှာပေါ်မှာ အပြုံးပန်းတွေ ဝေနေခဲ့တယ်။ “လူတိုင်းမြင်တယ်နော် မိန်းမလှရဲ့ မျက်နှာကာကို ကျွန်တော် အရင်ဆုံး လှစ်နိုင်ခဲ့ပြီ။ ဒီငွေသားတွေက ကျွန်တော်ပိုင်တာ ဖြစ်သွားပြီ။ ” သူ့ရဲ့ စကားကို အဆုံးထိ ပြောပြီးတဲ့ နောက်မှာတော့ လေပွေတစ်ခုလိုမျိုး ရွေ့လျား ပျောက်ကွယ်သွားတော့တယ်။

“ ယွင်ချင်းဝူရဲ့ မျက်နှာကာ လှစ်လိုက်ပြီ။”

“ဒီလိုမျိုးးး”

“သူမကတကယ်ပဲ လှရက်နိုင်လွန်းတယ်။ နိုင်ငံတစ်ခုလုံးကိုတောင် ဦးညွှတ်စေနိုင်တဲ့ အလှတရားပိုင်ရှင်ပဲ။”

“ခဏနေပါအုန်း… ဟိုတောသား ငွေသားတွေကို အကုန်မသွားပြီ။” ကျောင်းတော်သားတွေရဲ့ စိတ်နှလုံးထဲမှာ မေးခွန်းပေါင်း အဖြာဖြာနဲ့ ပြည့်နှက်နေပြီးတော့ ယွင်ချင်းဝူရဲ့ အလှကြောင့် လောကကြီးနဲ့ ခဏတာ အဆက်အသွယ်ပြတ်သွားခဲ့တာဖြစ်တယ်။ အတော်လေး အချိန်ကြာတော့မှ လှုပ်ရှားဖို့ သတိဝင်လာကြတော့တယ်။

“အဲ့ဒီ့ကောင်ကို ဖမ်းကြ” နတ်သက်ကြွေတဲ့ နတ်မိမယ်တစ်ပါးကို မြင်တွေ့လိုက်ရသလို သူတို့ရင်ထဲမှာ အချစ်မီးတွေတောက်လောင်လာကြတယ်။ ဘယ်သူကမှ ပန်းရာချီပွဲတော်ရဲ့ စည်းမျဉ်းတွေကို သတိမရကြတော့ဘူး။

နေ့ခင်းကြောင်တောင် ။ မိုးအောက်မြေပြင်မှာ တကယ်ပဲ ဒီလို အတင့်ရဲတဲ့ ကိစ္စမျိုးကို လုပ်ဝံ့တယ်။ ဒါ့အပြင် အသန့်စင်ဆုံး အလှနတ်မိမယ်ရဲ့ ဂုဏ်ကိုလည်း စော်ကားမော်ကားလုပ်ခဲ့သေးတယ်။ ဘယ်လိုတောင်ရဲတင်းရတာလဲ။

“ ဒီကောင် ဘယ်မှာလဲ။”

“ကောင်စုတ် ဘယ်ကို ပြေးလဲ” ကျောင်းတော်သားတွေက နေရာအနှံ့ ရှာဖွေကြပေမယ့် ခြေရာလေးတစ်စတောင် မကျန်ပဲ လူငယ်ကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။ ပန်းရာချီစုဝေးပွဲမှာ အရိပ်ကလေး တစ်စတောင် မတွေ့မမြင်ရတော့ပါဘူး။

“ဒီလို လူမျိုးကို ဘာကြောင့် မစောင့်မျှော်ရမှာလဲ။” ယွင်ချင်းဝူရဲ့ အမူအယာက ရေပြင်ကျယ်လို တည်ငြိမ်နေဆဲပါ။

လူငယ်ပြေးထွက်သွားခဲ့တဲ့ အရပ်ကို မျက်နှာမူရင်း ခပ်ယဲ့ယဲ့လေး ပြုံးနေတဲ့ သူမမျက်နှာက ဒေါသအရိပ်အယောင် စိုးစဉ်းမျှ ရှိမနေပါဘူး။ ဒီမြင်ကွင်းက ဒေါသထွက်ပြီးပေါက်ကွဲနေကြတဲ့ကျောင်းတော်သားတွေကို ရူးသွပ်မတတ်ဖြစ်စေတယ်.။။

“သိမ်းဆည်းကြတော့ ။ ငါတို့ပြန်သင့်ပြီ။” ယွင်ချင်းဝူရဲ့ အပြုံးမျက်နှာလေးကတော့ အခုချိန်မှာ ပျောက်ကွယ်သွားပါပြီ။ မျက်နှာကာ ပဝါ နဲ့ ဖုံးကွယ်မထားတော့တဲ့ မျက်နှာလေးဟာ အလွန်တရာမှကို အေးချမ်းတည်ြငိမ်ပြီး သိမ်မွေ့လွန်းလှတယ်။

“အမိန့်အတိုင်းပါ မမလေး၊” ယွင်ချင်းဝူထွက်ခွာသွားတာနဲ့ ပန်းရာချီပွဲတော်ရဲ့ တစ်နေ့တာဟာတော့ ပိတ်သိမ်းတော့တယ်။ ကျောင်းတော်သားအုပ်ကြီးကတော့ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ရင်း ယွင်ချင်းဝူအတွက် လက်စားချေပေးဖို့ ကျိန်ဆိုနေကြတယ်။

“ဘယ်လိုတွေတောင်လား။ ငါ ၊ မုန့်ယွိရှု မင်းကို လုံး၀ အလွှတ်မပေးဘူး။” မုန့်ယွိရှု သူ့တစ်ကိုယ်လုံး ကိုင်ရိုက်ထားခံရသလို နာကျင်မှုကို ခံစားနေရတော့တယ်။ သူ့လက်ထဲက ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ရေရွတ်နေတော့တယ်။ တခြားတစ်ဖက်မှာတော့ ရန်ရွှယ်ကိုလည်း ဘယ်မှာမှ မတွေ့ရတော့ပါဘူး။

…

သုံးထပ်လှေကြီးပေါ်မှာ ယွင်ချင်းဝူဟာ အနီရောင်သစ်သားခုံတစ်လုံးပေါ်မှာထိုင်နေပါတယ်။ သူမရဲ့ ရှေ့မှာတော့ စားပွဲပေါ်မှာတင်ထားတဲ့ ဗျပ်စောင်းတစ်ခုရှိနေတယ်။ ဒါ့အပြင် ကတိုးကောင် အမွှေးအိုးတစ်လုံးလည်း ခုံပေါ်မှာရှိနေခဲ့တယ်။

“မမလေး ဒီအစေခံ တစ်ခုလောက်မေးခွင့်ရှိနိုင်မလား။” ယွင်ချင်းဝူဘေးမှာ ရပ်နေတဲ့ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးက ချိုသာပျော့ပျောင်းစွာမေးလိုက်တယ်။

“မင်းမေးချင်တာက ငါမရှောင်လိုက်ဘူးလား ဆိုတာကိုလား။”

“ဟုတ်ပါတယ်။ မမလေး စင်မြင့်ပေါ်မှာ ရှိနေတုန်းက မမလေး မရှောင်လိုက်တာလား။”

“ငါက ရှောင်ခဲ့တယ်ဆိုရင်ကော။” “ဒါပေမယ့် ဒီကောင်လေး ကြည့်ရတာ ၁၅ နှစ် ၁၆ နှစ်လောက်ပဲ ရှိအုန်းမှာကို။”

“ဟုတ်တယ်။ ၁၅နှစ် ၁၆ နှစ်လောက်ပဲ ရှိအုန်းမှာ။ ” အစေခံအမျိုးသမီးကတော့ ဆက်ပြီးမပြောတော့ပါဘူး။ သို့ပေမယ့် သူမရဲ့ အမူအယာကတော့ အတော်လေးကို ကြောက်လန့်သွားဟန် အထင်းသားပေါ်နေတော့တယ်။

ယွင်ချင်းဝူဟာလည်းပဲ ဆိတ်ဆိတ်ငြိမ်သက်နေပါတယ်။ သူမရဲ့ မျက်ဝန်းအစုံဟာတော့ မြစ်ထဲက လှိုင်းကြက်ခွပ်လေးတွေကိုသာ ငေးမောကြည့်ရှုနေတော့တယ်။

…….

ဟွေ့အန်းနိုင်ငံတော်ရဲ့ အနောက်ဘက် မြို့တော်ဂိတ်တံခါး မီတာ တစ်ရာလောက် အကွာက နောက်ဖေးလမ်းကြားတစ်ခုမှာ အပြာရောင် ချည်ထည်ကြမ်းကို ဝတ်ဆင်ထားတဲ့ လူငယ်လေးဟာ တောက်ပသစ်လွင်တဲ့ ဝတ်ကောင်းစားလှတွေကို ဝတ်ဆင်ထားတဲ့ လူငယ်လေးရဲ့ လမ်းပိတ်ခြင်းကို ခံလိုက်ရတော့တယ်။

ဝတ်ကောင်းစားလှဝတ် လူငယ်လေးရဲ့နောက်မှာတော့ မျက်လုံးသုံးလုံး မီးတောက်ကြားကို စီးနင်းထားတဲ့ မုတ်ဆိတ်မွှေးတွေနဲ့ လူကြီးဟာ လိုက်ပါလာပါတယ်။

“လုယက်မလို့လား” ထိုလူနှစ်ယောက်ကို ကြည့်ရင်းနဲ့ အပြာရောင် ချည်ထည်ကို ဝတ်ထားတဲ့ လူငယ်ကမေးလိုက်တယ်။ နှုတ်ခမ်းအစွန်းနှစ်ဖက် ကွေးတက်သွားတဲ့ အထိ ပြုံးသယောင်ယောင်လေး ဖြစ်နေပေမယ့် သူ့ရဲ့ အမူအယာကတော့ တည်ငြိမ်လွန်းလှတယ်။

“မဟုတ်ဘူး” ဝတ်ကောင်းစားလှဝတ် လူရွယ်က ခေါင်းခါရင်း ပြန်ဖြေလိုက်ပါတယ်။

“ဒါဆို ငါ့ကို ဖြတ်သွားခွင့်လေးပေးပါလား။” ချည်ထည်ဝတ် လူငယ်က စိတ်ရှည်လက်ရှည်နဲ့မေးလိုက်တယ်။

“မသွားခိုင်းဘူး” ဝတ်ကောင်းစားလှဝတ် လူရွယ်ကလည်း စိတ်ရှည်ရှည်နဲ့ ပြန်ပြောတယ်။

ချည်ထည်ဝတ်လူငယ်က ဆက်မပြောတော့ပဲ သူ့ရှေ့က လူနှစ်ယောက်ကို ခပ်ပြုံးပြုံးကြီး ကြည့်ရင်းနဲ့သာ ရပ်နေတော့တယ်။ “ရန်ရွှယ်” ဝတ်ကောင်းစားလှဝတ် လူရွယ်က ခနစောင့်ပြီးပြောလိုက်တယ်။

“ဖန်ကျန်းရှီ” ရန်ရွှယ်ပြောတာကို ကြားလိုက်တော့ သူ့မျက်နှာပေါ်က အပြုံးကို ဖျောက်လိုက်ပြီး တည်ကြည်လေးနက်စွာနဲ့ ပြန်ပြောလိုက်တယ်။

“ငါက လူမှုပေါင်းသင်းဆက်ဆံရေးမှာ ညံ့တယ်။ ဒါပေမယ့် မင်းကိုတော့ အတော်လေး သိချင်တယ်။”

ရန်ရွှယ်ရဲ့ စကားတွေကသူကိုယ်တိုင်အတွက်တော့ စိန်ခေါ်မှုတစ်ခုပဲ ။ အသက်မရှူစတမ်း ဒီလောက်စကားအများကြီးပြောဖူးတာ သူ့ဘဝမှာ ပထမဆုံးအကြိမ်ပဲ ဖြစ်တယ်။

“စိတ်မကောင်းစွာနဲ့ပဲ…. ငါက ယောကျာ်းအချင်းချင်း စိတ်ဝင်စားတဲ့သူ မဟုတ်ဘူး။” ဖန်ကျန်းရှီက ပြုံးပြီးပြောလိုက်ပြန်တယ်။

ဒီအခြေအနေကြီးက ပုံမှန်ဖြစ်နေကျမျိုးနဲ့ တစ်စက်မှ မတူဘူး။ သူစိမ်းလူငယ်တစ်ယောက်ရဲ့ လမ်းပိတ်တာကို ခံရပြီး သူ့ကိုယ်သူ လူမှုဆက်ဆံရေးမကောင်းဘူးလို့ ပြောတယ်။ ရန်ရွှယ်ရဲ့ အမူအယာကတော့ ဖန်ကျန်းရှီရဲ့ စကားလုံးတွေကို စိတ်ပျက်သွားဟန်ပါပဲ။ ဒါက သူ့ဘဝမှာ ပထမဆုံး သူစိမ်းတစ်ယောက်နဲ့ ခင်မင်ဖို့ ကြိုးစားပြောဆိုဖူးတာပဲ။ ဒါကို အငြင်းခံလိုက်ရတယ်။ လက်လျှော့ရမလား။ မဖြစ်ဘူး ရန်ရွှယ့် သမိုင်းမှာ လက်လျှော့တယ် ဆိုတဲ့ စကားလုံးမရှိဘူး။ သူ ခရီးမထွက်ခင် သူ့အဖို့မှာလိုက်တဲ့ အကြံဉာဏ်တွေကို ပြန်စဉ်းစား လိုက်တယ်။

လူတစ်ယောက်နဲ့ ပထမဆုံးတွေ့ချိန်မှာ အတတ်နိုင်ဆုံး ယဉ်ကျေး ပျုငှာရမယ်။

“ငါ့မှာ ပိုက်ဆံပါတယ်။” ရန်ရွှယ်ရဲ့အတွေးထဲမှာတော့ ငွေသားတွေကို မြင်လိုက်ချိန်တုန်းက အတော်လေးပျော်သွားတဲ့ ဖန်ကျန်းရှီရဲ့ အမူအယာကို မြင်ဖူးတယ်။ ဒါကြောင့် သူ့ရဲ့ ပျုငှာမှုကို ပိုပြီးဖော်ပြသင့်တယ် လို့် တွေးထင်သွားတာဖြစ်တယ်။

ရန်ရွှယ်နောက်က မုတ်ဆိတ်မွှေးတွေနဲ့ လူကြီးကတော့ အထူးအဆန်းကို မြင်ရပုံမျိုးနဲ့ မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေတယ်။ ရန်ရွှယ်ရဲ့ အမူအယာကို မြင်လိုက်တော့ သူ့သခင်လေးက ဒီနေ့တကယ်ပဲ နံရံကြီးကို ဖြိုဖို့ကြံနေပြီလို့တွေးလိုက်မိတယ်။ ဒီလို အဖက်မတန်တဲ့ ဆင်းရဲသား ကျောင်းတော်သားတစ်ယောက်ကို ဒီလောက် အလေးထားနေတာက နည်းနည်းတော့ စိတ်ရှုပ်စရာကောင်းနေတယ်။

“ကောင်းပြီလေ။ မင်းငါ့ကို ထမင်းတစ်နပ်လောက်ကျွေးမလား။” န်ကျန်းရှီက ပိုက်ဆံပါတယ်လို့ကြားလိုက်တာနဲ့ မတုံ့မဆိုင်းပဲမေးလိုက်တော့တယ်။

“ကျွေးမယ်” ရန်ရွှယ်က ချက်ချင်းဆိုသလို ခေါင်းငြိမ့်လိုက်တယ်။

“ဒါဆို သွားရအောင်” သူ့ကို ထမင်းကျွေးမယ့်သူကို ဖန်ကျန်းရှီ ငြင်းစရာအကြောင်းရှိမလား။ ဒါကြောင့် ရန်ရွှယ်ဆီကို တန်းတန်းမတ်မတ် လျှောက်သွားလိုက်တော့တယ်။

ပုခုံးချင်းယှဉ်ပြီး လျှောက်သွားတဲ့ လူငယ်နှစ်ယောက်ကို ကြည့်လိုက်ပြီး မုတ်ဆိတ်မွှေးတွေနဲ့ လူကြီးမျက်လုံးပြူးနေတော့တယ်။ နောက်ဆုံးမှာတော့ သက်ပြင်းချလိုက်ပြီး “ကြည့်ရတာ ငါတို့သခင်လေးက အတော်လေးကို ပေါင်းသင်းဆက်ဆံရေးတိုးတက်လာပြီ။ မိတ်ဆွေတောင် ဖွဲ့တတ်နေပြီပဲ။”

အပိုင်း (၅၅)ပြီး၏။

(Note ; သိစေချင်တာလေးပါ။ အနောက်နိုင်ငံတွေမှာ ယောကျာ်းအချင်းချင်း ပခုံးဖက်ပြီး သွားလာတာက Gay တွေလို့ သတ်မှတ်ပါတယ်။ တရုတ်မှာလည်း တချို့က သတ်မှတ်ပါတယ်။ တရုတ်ပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်ကျော်ထဲက လိင်တူချစ်သူတွေကော အမျိုးသားကိုယ်လုပ်တော်တွေတွေကော ပေါများခဲ့တာကြောင့် ဘာသာပြန်တဲ့ အခါမှာ ပခုံးဖက်တာကို မသုံးပါဘူး။ ပခုံးချင်း ယှဉ်ပြီး လျှောက်လှမ်းသွားတယ်လို့ပဲ သုံးနှုန်းပါမယ်။)

အပိုင်း (၅၆)

“နှစ်ထပ်ကွမ်း နဂါး အနိုင်ရရှိသူ ”

… “ယစ်မူးရီေ၀ စားသောက်ဆိုင်ကြီး” ဟာတော့ ဟွေ့အန်းဒေသမှာ အကောင်းဆုံး စားသောက်ဆိုင်တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ကတော့ ခါတိုင်းနေ့တွေထက်ပိုပြီးတော့ကို စည်းကားနေတယ်။ ခြေချစရာနေရာမရှိလောက်အောင် ကြိတ်ကြိတ်တိုးပြီး ဆူညံနေတာတစ်ခုကလွဲပြီးတော့ပေါ့။

“နှာဘူးကောင်ကို ဖမ်းကြ။ ဒီကောင် ဆိုင်ထဲဝင်သွားတာ ငါတွေ့တယ်။”

“ဟုတ်တယ် ။ ဒီနှာဘူးကောင်ကို ဒီနေ့အမိဖမ်းမယ်လို့ ငါ့ဘဝနဲ့ရင်းပြီးကျိန်ဆိုတယ်။”

“ဒီကောင့်ကို မသတ်နိုင်ရင် ငါ လူမဟုတ်တော့ဘူး။”

ကျောင်းတော်သားအုပ်လိုက်ကြီးဟာ ယစ်မူးရီေ၀ စားသောက်ဆိုင် ဝင်ပေါက်ရှေ့မှာ အော်ဟစ်သောင်းကျန်းနေကြတော့တယ်။

ဒါပေမယ့် ဘယ်သူကမှ ဆိုင်ထဲကို မဝင်ရဲကြဘူး။

ဘာကြောင့်လဲဆိုတော့ အပေါက်ဝမှာ မျက်စိသုံးလုံးမီးတောက်ကျားကို စီးထားတဲ့ လူကြီးတစ်ယောက် ထိုင်နေတာကြောင့်ပဲဖြစ်တယ်။

သေမှာမကြောက်ကြတဲ့ ကျောင်းတော်သားတစ်ချို့ကတော့ ဝင်ဖို့ကြိုးစားကြည့်ြ့ပီး ပြီလေ။ နောက်ပြီး အခုချိန်မှာတော့ ဝင်ဖို့ကြိုးစားတဲ့ ကျောင်းသားတိုင်းက မြေပြင်ပေါ်မှာ လဲနေကြရှာပြီလေ။ ဒီပုံစံက အပြင်က အော်ဟစ်နေသူတွေကို သတိပေးသလိုဖြစ်နေတော့တယ်။

ဖန်ကျန်းရှီကတော့ အတော်လေး အခြေအနေကောင်းနေပုံပဲ။ ဒုတိယထပ် စားသောက်ဆိုင် အထူးခန်းမှာ ရှိနေတဲ့ သူဟာ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ရင် ဖြစ်ပျက်နေသမျှကို ရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။ မုတ်ဆိတ်မွှေးတွေနဲ့ တုတ်တုတ်ခိုင်ခိုင်လူကြီးရဲ့ အပြုအမူတွေကို လဲ မြင်ရတာပေါ့။

စားပွဲပေါ်မှာ ခင်းကျင်းထားတဲ့ ဟင်းပန်းကန်တွေကတော့ အတော်များများ ပြောင်စင်တဲ့အထိ ကုန်နေကြပါပြီ။ သို့ပေမယ့် သူတို့သောက်ထားတဲ့ ဝိုင် ပမာဏကတော့ အတော်လေးကို နည်းလှတယ်။ ဖန်ကျန်းရှီကော ရန်ရွှယ်ကော ပြည့်အင့်သွားကြဟန် တူတယ်။ ထပ်ပြီး မစားမသောက်ကြတော့ပါဘူး။ ဒါ့အပြင် ပိုပြီးထူးခြားတာကတော့ စားသောက်ပြီးတာတောင် စကားတစ်ခွန်းမှ မပြောကြတာပါပဲဖြစ်တယ်။

ကြည့်ရတာတော့ အတော်လေးကို ရင်းနှီးတဲ့ သူငယ်ချင်းတွေ ပုံစံမျိုးပါပဲ။ စားသောက်ပြီးတဲ့အချိန်မှာ ပိုက်ဆံရှင်းတဲ့ သူကတော့ ရန်ရွှယ်ပေါ့။ အကုန်လုံးက အစီအစဉ်တကျ ဖြစ်ပျက်နေတယ်။ အဲ့ဒီ့နောက်မှာတော့ ရန်ရွှယ်က သူ့အိတ်ထဲကနေ ငွေသားတချို့ထပ်ထုတ်ပြီး ဖန်ကျန်းရှီဆီကို ပြစ်ပေးလိုက်တယ်။

“ဒီမှာ” ဖန်ကျန်းရှီက သူ့လက်ထဲရောက်လာတဲ့ ငွေသားကို ကြည့်လိုက်တော့ တစ်ထောင်တန် ငွေတုံးကြီးဖြစ်နေတယ်။

သူက ပြုံးလိုက်ပြီး ငွေတုံးကြီးကို ရန်ရွှယ်ဆီပြန်ပစ်ပေးလိုက်ပြန်တယ်။

ရန်ရွှယ်ကတော့ အံ့သြသွားပေမယ့် ဘာစကားတစ်ခွန်းမှ ထပ်မပြောတော့ပါဘူး။

“မင်းနဲ့ ငါ သူငယ်ချင်းဖြစ်ပြီ။” ဖန်ကျန်းရှီက ပြုံးစစနဲ့ပြောလိုက်တော့တယ်။

ရန်ရွှယ်ရဲ့ အမူအယာကတော့ ရေခဲတုံးကြီးတစ်တုံးလို အေးစက်နေပင်မယ့် အတွင်းစိတ်သဘောကတော့ စာရွက်ဖြူတစ်ရွက်လိုပါပဲ။

“အဘိုးက ပြောဖူးတယ်။ သူငယ်ချင်းမိတ်ဆွေတွေကို ယဉ်ကျေးပျူငှာရမယ်လို့” ရန်ရွှယ်က စိတ်ရှုပ်ထွေးနေတယ်။

“မင်းအဘိုးပြောတာမှန်တယ်။ သူငယ်ချင်း မိတ်ဆွေတွေက တစ်ဦးကို တစ်ဦး လေးစားရမယ်။ မင်းကငါ့ကို ထမင်းတစ်နပ်ကျွေးထားတယ်ဆိုတော့ အပေးအယူအနေနဲ့ မင်းမေးတဲ့ မေးခွန်းတွေကို ငါဖြေပေးမယ်။ ” ဖန်ကျန်းရှီက ပြုံးပြီးပြောလိုက်ပြန်တယ်။

“ဟမ် ငါသိချင်တာက ယွင်ချင်းဝူရဲ့ မျက်နှာကာကို လှစ်လိုက်တဲ့အချိန် သုံးတဲ့နည်းလမ်း သိချင်တယ်။ ” သူ့စိတ်ထဲမှာ တစ်ချိန်လုံးတွေးနေတဲ့ အကြောင်းအရာကို ချက်ချင်းမေးလိုက်တော့တယ်။

“ဘာကြောင့်လဲဆိုတော့ ငါက တစ်ခုခုကို ပိုပြီး ရိုးရိုးရှင်းရှင်းနဲ့ တိုက်ရိုက်လုပ်လိုက်တာလေ။” ဖန်ကျန်းရှီက မဆိုင်းမတွပြန်ဖြေလိုက်တယ်။

“နှာဘူးကောင်အဖြစ် အထင်လွဲခံရမှာ မကြောက်ဘူးလား” ရန်ရွှယ်က ထပ်မေးတယ်။

“မင်းပြောလိုက်သလိုပဲ အထင်လွဲတယ်ဆိုတည်းက ကြောက်စရာ လိုသေးလို့လား။ ” ဖန်ကျန်းရှီက မေးခွန်းကို နောက်မေးခွန်းတစ်ခုနဲ့ပြန်ဖြေလိုက်တယ်။

“အမှန်ပဲ” ရန်ရွှယ်က ချက်ချင်းခေါင်းငြိမ့်ပြီး ထောက်ခံလိုက်တယ်။

“သွားကြရအောင်”

“ကောင်းပြီ” ဘေးချင်းယှဉ်လျက် ပုခုံးချင်းတိုက်ပြီး ယစ်မူးရီေ၀ စားသောက်ဆိုင်ဝကို လျှောက်လာကြတယ်။

ဖန်ကျန်းရှီကို ခုန်အုပ် ကိုက်ဖြဲဖို့စောင့်နေကြတဲ့ ကျောင်းတော်သားတွေကတော့ တုတ်တုတ်မျှမလှုပ်ရဲကြတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ရန်ရွှယ်တစ်ယောက်လုံးဘေးမှာ ပါနေတယ်လေ။ ဘယ်သူကမှ သူတို့အသက်နဲ့လဲပြီး ရန်ရွှယ်ကို အပြစ်ပြုဖို့ စိတ်တောင် မကူးရဲကြဘူး။

ပါးစပ်တွေအကုန်ပိတ်နေကြတဲ့ကျောင်းတော်သားတွေကတော့ ယင်ကောင်ကို မျိုချမိသလိုမျိုး မျက်လုံးတွေ ပြူးနေကြတယ်။ ရန်ရွှယ်က တကယ်ပဲ ဒီနှာဘူးကောင်နဲ့ အတူ လမ်းလျှောက်လာတယ်။

နှာဘူးကောင်က တောသားတစ်ယောက်ပဲလေ။ ရန်ရွှယ်လို ဂုဏ်သရေကြီးမြတ်သူနဲ့ ဘယ်လို ပတ်သတ်နေတာလဲ။ မတူညီတဲ့ အလွှာနှစ်ခုက လူတွေကို ။ ကျောင်းတော်သားတွေက သူတို့မြင်နေတာကို ယုံလည်း မယုံနိုင်သလို လက်လည်း မခံနိုင်ကြဘူး။

ဒါပေသိ ဘယ်လိုကြည့်ကြည့် ရန်ရွှယ်နဲ့ ဒီတောသားနှာဘူးကောင်တို့က သူငယ်ချင်းကောင်းတွေနဲ့ တူနေတယ်။ ပုခုံးချင်းယှဉ်ပြီးတော့တောင် လျှောက်လာနေကြတာ။

မြင်ဖူးသမျှမြင်ကွင်းထဲ ရူးချင်စရာအကောင်းဆုံးမြင်ကွင်းပဲ။ နောက်ပြီး ဒီ နှာဘူးကောင်က ရန်ရွှယ်ကို ယစ်မူးရီေ၀ စားသောက်ဆိုင် အပေါက်ဝကနေ လူယဉ်ကျေးတွေ နှုတ်ဆက်သလိုမျိုးပုံစံနဲ့တောင် နှုတ်ဆက်နေသေးတယ်။

“သူတို့တကယ်ပဲ တစ်ယောက်နဲ့တစ်ယောက်သိကြတာလား”

“မဖြစ်နိုင်လိုက်တာ ပန်းရာချီစုဝေးပွဲမှာတောင် စကားတစ်လုံးမှ မပြောကြဘဲနဲ့”

“အခုတော့ စကားတွေပြောနေတဲ့ အပြင်စားသောက်ဆိုင်ထဲကကို ယှဉ်ြ့ပီးထွက်လာကြတယ်လေ။”

ဘယ်သူကမှ နားမလည်နိုင်ပေမယ့် သူတို့ရဲ့ ဂုဏ်သရေ ကြီးမားလှတဲ့ သခင်လေး ရန်ရွှယ်ကတော့ နာရီပိုင်းလောက် တွေ့ဖူးတဲ့ လူနဲ့ ထမင်း အတူတူစားပြီး ထမင်းဖိုး ရှင်းပေးမှာ မဟုတ်ဘူးလေ။

အဲ့ဒီ့နောက် ပန်းရာချီ စုဝေးပွဲမှာဖြစ်ခဲ့တာကို တွေးမိပြန်တော့လည်း မုန့်ယွိရှုက သူ့ကို စော်ကားမော်ကားလုပ်သွားတဲ့ ဒီတောသားကောင်ကို လေးလေးစားစား ဆက်ဆံတာ သတိရသွားတယ်။

ရုတ်တရက် ….

တစ်ခုခုကို သဘောပေါက်သွားကြတဲ့ ပုံပဲ။ ဖန်ကျန်းရှီထွက်သွားတာတောင် သူ့နောက်ကို ဘယ်သူမှ လိုက်မသွားဝံ့တော့ဘူး။ ဖန်ကျန်းရှီဆိုတဲ့ကောင်က တကယ်ပဲ နှာဘူးကောင် ဖြစ်ခဲ့ရင်တောင် သူတို့ရဲ့ ရန်သူ အဖြစ် မသတ်မှတ်ဝံ့ဘူး။

ဟွေ့အန်းဒေသရဲ့ အနောက်ဘက် တံခါးကနေ ထွက်သွားပြီးနောက်မှာတော့ ကြေးခွံပြာ မြင်းတစ်ကောင်ဟာ ဖန်ကျန်းရှီအနားမှာ ပေါ်လာတော့တယ်။ ဒီကောင်ရဲ့ နာမည်က အတော်လေးကို လွှမ်းမိုးနိုင်ပေမယ့် နှင်းမဟူရာ မြင်းပျံနဲ့ ယှဉ်လိုက်ရင်တော့ အမြင့် အလေးချိန် စွမ်းရည်တွေက တစ်ခုမှ မတူဘူး။ ကြေးခွံပြာလို့ခေါ်၇တာကလည်း နဖူးမှာ တြိဂံပုံ အကြေးခွံလေး ပါနေတာ တစ်ခုကြောင့်ပဲ။ ဒါပေမယ့်လည်း ဒီအကြေးခွံလေးက အလှသက်သက်ပဲလေ။

“ကျာ့” မြင်းနှင်သံတစ်သံဟာ ခပ်တိုးတိုး ထွက်ပေါ်လာတော့တယ်။ ကြေးခွံပြာ မြင်းဟာ အနောက်ဘက် တံခါးကနေ ကဆုန်ပေါက်ပြီး ထွက်ခွာသွားတော့တယ်။ ခွာရာပေါက်လိုက်တဲ့ လမ်းတစ်လျှောက်မှာတော့ ဖုန်တွေ အလုံးအ၇င်းနဲ့ ထနေတော့တယ်။

ခပ်ကျဉ်းကျဉ်း တောလမ်းလေးကနေ အားအင်အပြည့်နဲ့ ပြေးလွှားရင်း သုံးနာရီကျော် ကုန်ဆုံးသွားပါတယ်။ နေဝင်ဖျိုးဖြအချိန်ကိုတောင်ရောက်ရှိသွားပါပြီ။ မြူခိုးတွေ အုပ်ဆိုင်းနေတဲ့ ရွာငယ်လေးတစ်ရွာဟာ ဖန်ကျန်းရှီရဲ့ မြင်ကွင်းမှာ ပေါ်လာတော့တယ်။ ဒီရွာလေးရဲ့ နာမည်ကတော့ မြောက်ဘက်ရွာပဲဖြစ်ပါတယ်။

“ကျန်းရှီပြန်လာပြီ။” “ဟွေ့အန်းဒေသကို ခိုးသွားပြန်ပြီလား။ ရွာသူကြီးက နင့်ကို ရှာနေတယ်။” ဖန်ကျန်းရှီ ရွာထဲကို ရောက်တာနဲ့ ရွာသားတွေက လှမ်းအော်ကြတော့တယ်။

ဖန်ကျန်းရှီကတော့ ဒီနှစ်တွေအတွင်း မြောက်ရွာမှာ အတော်လေးကို အရေးပါတဲ့ သူတစ်ယောက်ဖြစ်လာခဲ့တယ်။ သူ့ရဲ့မြင်းကို ရွာလယ်မှာ ရှိတဲ့ နှစ်ထပ် ကျောက်တုံးအိမ်လေးရှေ့မှာ ရပ်လိုက်ပြီး မြင်းကို ခြံဝန်းထဲ ဆွဲသွင်းသွားတော့တယ်။ ဒီအိမ်လေးက သူကိုယ်တိုင်ပုံစံဆွဲပြီး မြောက်ရွာသားတွေရဲ့ အကူအညီနဲ့ဆောက်ထားတာလေ။

“အမေရေ” ခြံထဲကို ဝင်တာနဲ့ အော်ခေါ်လိုက်တော့ ဝတ်ရုံစိမ်းကို ဝတ်ထားတဲ့ ဆံပင်ရှည်ကြီးတွေနဲ့ မိန်းမလှတစ်ဦးထွက်ပေါ်လာတော့တယ်.။ သူမဟာ အသက် နှစ်ဆယ်ကျော်လို့ ထင်ရပေမယ့် အမှန်တကယ်တော့ သုံးဆယ်စွန်းစွန်းကို ကျော်နေပါပြီ။ ဒီမိန်းမလှကတော့ ချီရှင်းလိန်ပဲ ဖြစ်ပါတယ်။

“မေမေ သား စားပြီးပြီ” အိမ်ပြန်ရောက်ရောက်ခြင်း ပြောလိုက်တယ်။ သူ့မိခင်ရဲ့ အကြီးမားဆုံးသော ဝါသနာ်က သူ့သားရတနာလေးကို လမ်းလျှောက်တတ်စ ကလေးလေးလို အထူးဂရုစိုက်ပြီး ကျွေးမွေးတာပဲ။

“နည်းနည်းတော့ထပ်စားပါအုန်း သားလုပ်ထားတဲ့ သိုလှောင်ခန်းမှာ သားဦးလေး ယန်ဖိန် လာပေးထားတဲ့ သားကောင်တွေနဲ့ ပြည့်နေပြီ။” ချီရှင်းလိန်က သူ့သားကို ဆူနေတော့တယ်။

“ဒါဆို စားရမှာပေါ့ မေမေရဲ့ ဒါနဲ့ ဖေဖေကော ” သူ့အဖေ ဖန်ဟို့ဒဲကို အိမ်မှာ မတွေ့တဲ့ အတွက်မေးလိုက်ပါတယ်။

“သားအဖေက ယန်ဖိန်ခေါ်လို့ သွားတယ်။ သားကိုလည်း စောင့်နေမယ်တဲ့။ ဒါပေမယ့်သား ဖြည်းဖြည်းစားပြီးမှသွား” ချီရှင်းလိန်က အသားစွပ်ြ့ပုတ်တစ်ခွက်ကို ယူလာရင်းနဲ့ပြောလိုက်တယ်။ ဒီနှစ်ပိုင်း အတွင်း မြောက်ရွာမှာဖန်ကျန်းရှီ အတော်လေး ကောင်းကောင်းမွန်မွန်နေခဲ့ရတယ်။ အမဲလိုက်ခေါင်းဆောင် ဦးလေးယန်ဖိန်က အခုတော့ ရွာသူကြီး ဖြစ်သွားတာက လွဲပြီးပေါ့။ ဒီနေ့တော့ ဘာကိစ္စရှိလို့ခေါ်တာ ဖြစ်နိုင်မလဲ။

“တာအိုနိယာမ စာမေးပွဲက စတော့မယ်။ ရှစ်နှစ်လုံးလုံး စောင့်ခဲ့ရတာ အချိန်ကျပြီ။” စွပ်ပြုတ်ကို ပန်းကန်လိုက်မော့သောက်ရင်း ပြတင်းပေါက် ဖြာကျလာတဲ့ လရောင်ကို မြင်လိုက်တော့ နာမည်လေး တစ်ခုက သူ့အတွေးထဲ ဝင်လာတော့တယ်။

“ချီကူယန်။ ပျောက်ကွယ်နေသော နဂါး။ နိုးထလာသော နဂါး။ နှစ်ထပ်ကွမ်း နဂါးအောင်နိုင်သူ ။ ကြီးမြတ်တဲ့ “ရှ” မင်းဆက်မှာ အငယ်ဆုံးသော ကျောင်းတော်သူ ပညာရပ်ဆာလောင်မွတ်သိပ်မှုပြင်းပြတဲ့ အံ့ဖွယ်ကောင်မလေးပဲ၊”

အပိုင်း (၅၆)ပြီး၏။

အပိုင်း (၅၇)

“ကောင်းကင် တာအို”

…

အိပ်တန်းတက်တဲ့ ငှက်တွေကတော့ ပုစွန်ဆီရောင် ကောင်းကင်ကို ဖြတ်သန်းပျံသန်းကာ အိပ်တန်းတက်သွားကြပါပြီ။ ကြီးမားလှတဲ့ ကျောက်ဆောင်ကျောက်သားတွေကို ဖြတ်သန်းပြီး ခြေလှမ်းပေါင်းထောင်သောင်းချီ နင်းတက်သွားရအောင် မြင့်မားတဲ့ တောင်တန်းကြီးတစ်ခုပေါ်မှာ ရွှေအိုရောင် ခန်းမကြီးဟာ တည်ရှိနေပါတယ်။

အပြင်ဘက်မှာတော့ ကျောက်စိမ်းပြားတွေနဲ့ အလှဆင်ထားတဲ့အတွက် သစ်ပင်စိမ်းရောင်တောက်ပမှုက စိတ်ကို အေးချမ်းစေပါတယ်။

မရေမတွက်နိုင်လောက်အောင် များပြားလှတဲ့ ကျောင်းတော်သားတွေနဲ့ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ လှပျိုဖြူလေးတွေဟာ ပျားပန်းခတ်မျှ သွားလာ လှုပ်ရှားနေကြပါတယ်။

ရွှေရောင် ခန်းမကြီးရဲ့ ရှေ့မှာတော့ တောင်တန်းပုံစံငယ်လေးပေါ်မှာ “ကောင်းကင်တာအို” လို့ရေးထွင်းထားတဲ့ ကျောက်သင်ပုန်းနက်ကြီးတစ်ခုဟာ ခံ့ခံ့ထည်ထည်တည်ရှိနေပါတယ်။

“သခင်မလေး ကျောင်းတော်ဆီကနေ သတင်းစကား ပါလာပါတယ်။” ခန်းမကြီးရဲ့ နောက် အပြင်ဘက် မှာတော့ မြစိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းဆံထိုးကို ထိုးထားတဲ့ အမျိုးသမီးတစ်ဦးဟာ လှေကားထစ်တွေပေါ်မှာစောင့်ဆိုင်းနေပါတယ်။

“ပြော” သာယာချိုမြိန်တဲ့ အသံတစ်သံဟာ ထွက်ပေါ်လာတော့တယ်။ စကားတစ်လုံးတည်းကို တစ်ခါတည်း ပြောလိုက်ပေမယ့် ကြားလိုက်ရသူရဲ့ နားထဲမှာတော့ ငှက်အကောင်ရာချီရဲ့ အော်သံလိုမျိုး စူးစူးရှရှ ကြားလိုက်ရတယ်။

“ဆယ်ရက်အကြာမှာ အသက် ၂၀ အရွယ် လူငယ်တွေအတွက် ပြိုင်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ သခင်မလေး ပွဲတော်ကို တက်ရောက်ဖို့ သခင်ကြီးက မျှော်လင့်နေပါတယ်။” အမျိုးသမီးက ပြန်ဖြေလိုက်တယ်။

“ငြင်းလိုက်” ခန်းမထဲကနေ အသံတစ်သံဟာ ပဲ့တင့်သံထပ်လာတော့တယ်။

“အမိန့်တော်အတိုင်းပါ သခင်မလေး” အမျိုးသမီးက နောက်ထပ် ထပ်မမေးဝံ့တော့ပါဘူး။ အမျိုးသမီး ပြန်သွားချိန်မှာတော့ ခန်းမထဲကနေ သက်ပြင်းချသံတစ်ခုကို ခပ်တိုးတိုးလေးကြားလိုက်ရတယ်။

“ဟူးး … ခမည်းတော် သခင်ကြီးရဲ့ နည်းလမ်းတွေက အတော်လေးကို ပြင်းထန်တယ်။ ငါ့ကို အပြင်လောကနဲ့ ဆက်နွယ်ခိုင်းစေချင်နေတာ အတော်လေးကို ဆိုးပါတယ်။ နှစ်ထပ်ကွမ်း နဂါးအောင်မြင်သူ ဖြစ်တာ ခမည်းတော်ကို ဆန့်ကျင်ဖို့ဆိုပြီး ကောလဟာလတွေ အတော်လေး များနေတယ်။ ဘယ်သူသိနိုင်မလဲ ခမည်းတော်ကို ကာကွယ်ဖို့ ငါဒီလို ကြိုးစားခဲ့ရတာကို ”

…

မြောက်ရွာမှာတော့ ကျောက်တုံးတွေနဲ့ ကာရံထားတဲ့ခြံဝန်းတစ်ခုထဲမှာ ကြီးမားတဲ့ သားကောင်တွေကို ချိတ်ဆွဲထားတဲ့ သစ်သားစင်ကြီးတစ်စင်ရှိနေပါတယ်။ သားကောင်တွေရဲ့အောက်ခြေမှာတော့ မီးပုံကြီးတစ်ပုံဟာ အရှိန်ကောင်းကောင်းနဲ့တောက်လောင်နေပြီးတော့ သင်းပျံ့မွှေးကြိုင်လှတဲ့ အသားကင် ရနံ့တွေစာ လေထဲမှာ ပျံ့နှံ့နေပါတယ်။

“ဟို့ဒဲ ဒီပါဝင်ပစ္စည်းတွေ ကုန်ခါနီးနေပြီ။ ကျန်းရှီလေးကို င့ါအတွက်များများ ချန်ခိုင်းထားအုန်း မဟုတ်ရင် မင်းကော ငါကော နောက်တစ်ခါ စားစရာမရှိဖြစ်နေအုန်းမယ်။” မီးပုံကြီးဘေးမှာ ဆံပင်တွေဖွေးဖွေးဖြူနေတဲ့ လူတစ်ဦးဟာ ဝိုင်တွေကို တစ်ငုံခြင်း အရသာခံသောက်နေပါတယ်။

“ ဟား ဟား မင်းဘာမင်းပြောကွ။ ငါက ဆုံးဖြတ်တဲ့သူ မဟုတ်ဘူး။” ထိုလူကြီးဘေးမှာထိုင်နေတဲ့ ဖန်ဟို့ဒဲဟာလည်း ဝိုင်ခွက်ကိုင်ထားပါတယ်။ သူ့ရဲ့ လက်မောင်းတစ်ဖက်ကတော့ ဖွေးဆွတ်နေတဲ့ သတ္တုတစ်မျိုးနဲ့ ပြုလုပ်ထားတာပါတယ်။

“ ဖေဖေ။ ဦးလေး ယန်ဖိန်” ဒီအချိန်မှာပဲ ခေါ်သံတစ်ခုဟာ ထွက်ပေါ်လာတော့တယ်။ “အ့ ကျန်းရှီ ရောက်လာပြီ။ လာ ထိုင်။ တစ်ခွက်လောက် သောက်ပါအုန်း။” ဆံပင်တွေဖြူနေတဲ့ လူကြီးဟာ ချက်ချင်းကို ဖန်ကျန်းရှီဆီ လျှောက်လှမ်းလာပါတယ်။ ဒါကတော့ အရင်က မြောက်ရွာအမဲလိုက်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး အခုချိန်မှာတော့ မြောက်ရွာ သူကြီးဖြစ်နေတဲ့ ကျန်းယန်ဖိန်ပါပဲ။

“ကျွန်တော် မသောက်တော့်ဘူး။ စိတ်မပါဘူး…. ဒီမှာ ပါဝင်ပစ္စည်း ဟင်းခတ်အမွှေးအကြိုင်တွေ” အပြာရောင် ချည်ထည်ကို ဝတ်ဆင်ထားတဲ့ ဖန်ကျန်းရှီကတော့ ချက်ချင်းငြင်းလိုက်ပြီး သူ့အိတ်ထဲကနေ အမွှေးအကြိုင်ထုပ်တွေ ထည့်ထားတဲ့ အထုပ်ကြီးကို ပစ်ပေးလိုက်တယ်။

ကျန်းယန်ဖိန်ကတော့ လက်နှစ်ဖက်လုံးနဲ့ တရိုတသေ လှမ်းယူလိုက်ပါတယ်။ သူ့မျက်လုံးထဲမှာတော့ အဖိုးတန် ရတနာတွေကို တွေ့လိုက်သလို ပျော်ရွှင်မှုတွေပြည့်နှက်နေခဲ့တယ်။ “ ဟား ဟား ကျန်းရှီက တကယ်ပဲ အကြောင်းသိလွန်းတယ်။”

ကျန်းယန်ဖိန်က ဖန်ကျန်းရှီကို အသားကင် မီးဖိုနားမှာ အတင်း ထိုင်ခိုင်းလိုက်တယ်။ “ကျန်းရှီ ငါ မင်းအဖေနဲ့ ဆွေးနွေးပြီးပြီ ။နောက်ပြီး တစ်ရွာလုံးကလည်း သဘောတူတယ်။ ဒီနေ့က စပြီး မင်းကို မြောက်ရွာရဲ့ အမဲလိုက်ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပြီ။”

“ခေါင်းဆောင်။ လက်ထောက်ခေါင်းဆောင်လား။” ဖန်ကျန်းရှီက သိလိုဇောနဲ့ မေးလိုက်တော့တယ်။

“ဟို့ဒဲ မင်းသားကို ကြည့်စမ်းပါအုန်းဟ။ ဘယ်လိုလုပ် လက်ထောက် ခေါင်းဆောင် ဖြစ်ရမလဲ။ ခေါင်းဆောင်ကြီးပေါ့။ အကြီးဆုံး ခေါင်းဆောင်ကြီးပေါ့။ နောက်ထပ်ပြောချင်တာက တချိန်လုံး ရွာပြင် ခိုးထွက်ပြီး မြို့ချည်း တက်မနေနဲ့ ငါလည်း အတော်အိုနေပြီ။ ရွာထဲက ကိစ္စတွေက အကုန် မင်းလက် မင်းခြေနဲ့ ဖြေရှင်းရမှာတွေ အနှေးနဲ့ အမြန်ဖြစ်လာတော့မှာ။ ” ကျန်းယန်ဖိန်က ရယ်မောရင်း ပြောနေပင်မယ့် ဖန်ကျန်းရှီ မြို့ခနခန တက်နေတာကိုတော့ အပြစ်တင်လိုဟန် ပါနေတော့တယ်။

ဖန်ကျန်းရှီရဲ့ အမူအယာပြောင်းလဲသွားမှုကို ကျန်းယန်ဖိန် သေသေချာချာ စောင်ကြည့်နေတယ်။ “ဦးလေး ယန်ဖိန် အကိုလီအတွက် မစဉ်းစားပေးတော့ဘူးလား” ဖန်ကျန်းရှီရဲ့ အမူအယာက သိပ်ပြီးမပြောင်းလဲသွားပေမယ့် ခပ်ယဲ့ယဲ့အပြုံးတစ်ခုတော့ သူ့မျက်နှာ ပေါ်မှာပေါ်လာတော့တယ်။

“ဒီကလေးက ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။” ကျန်းယန်ဖိန်က လက်ကို ဝေ့ယမ်းရင်းပြောလိုက်တော့တယ်။

“ကျန်းရှီကို မယှဉ်နိုင်ဘူးဆိုတာ ကျွန်တော် လက်မခံနိုင်ဘူး။ ဒါပေမယ့် ကျွန်တော် အသေအချာ နိုင်မှာ” ခပ်မာမာအသံတစ်ခုဟာ ကျောက်တုံးအိမ်လေးထဲကနေ ထွက်ပေါ်လာတော့တယ်။ သန်မာဟန်ရှိတဲ့ လူငယ်လေးတစ်ယောက်ဟာ လက်ထဲမှာ ဝိုင်အိုး နှစ်အိုးကို ကိုင်ရင်း ပေါ်ထွက်လာတော့တယ်။

“ကောင်စုတ်လေး။ ကိုယ့်အဖေရှေ့မှာတောင် ဒီလို ရိုင်းရိုင်းပြောစရာလား။ လာလေ တပွဲလောက်နွှဲမလား။” ကျန်းယန်ဖိန်က ချက်ချင်းထရပ်ပြီး အော်လိုက်တော့တယ်။

“ဦးလေး ယန်ဖိန်တော်သင့်ပြီ။ ဒီနေ့ကျွန်တော့်ကို ခေါ်ရတဲ့ အကြောင်းအရင်းကို သိပြီ။” သူ့ရှေ့က လူငယ်ကို မချိပြုံးနဲ့ ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်ရင်း ဖန်ကျန်းရှီက အော်လိုက်တော့တယ်။

“ဟား ဟား ”

“တာအိုနိယာမ စာမေးပွဲက ခက်လွန်းပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ကိုယ်တိုင်သင်ကြားခဲ့တာမှန်ပေမယ့်လည်း တောင်ရွာက သူတွေလို ဆရာနဲ့ကောင်းကောင်း နှစ်တွေအများကြီး သင်ထားရတဲ့ လူတွေတောင် မြို့တော်ရဲ့ တာအိုနိယာမစာမေးပွဲကို မကျော်ဖြတ်နိုင်ကြဘူး”

“ဟုတ်တယ် ။ ကျန်းရှီ မင်းဘယ်လောက်ပဲသန်မာပါစေ တာအိုနိယာမရဲ့ တွေးခေါ်မှု စာမေးပွဲမှာ အင်အားက အသုံးဝင်မှာမဟုတ်ဘူး” သန်မာဟန်ရှိတဲ့ လူငယ်က လည်း ထောက်ခံငြင်းဆိုလိုက်တယ်။

“နောက် ၂နှစ်ထပ်စောင့်ရင်ကော ဘယ်လိုလဲ” ကျန်းယန်ဖိန်က ဖြည့်စွက်ပြီးပြောပြန်တယ်။

“ကျွန်တော် မှတ်မိတာ မမှားရင်း လွန်ခဲ့တဲ့ ၂ နှစ်ကလည်း ဦးလေး ဒီအတိုင်း ပြောခဲ့တာပဲ။” ဖန်ကျန်းရှီက မီးပုံနားကို ကပ်ပြီး သားကောင်ရဲ့ ပေါင်တစ်ချောင်ကို ဆွဲဖြုတ်ရင်းနဲ့ပြောလိုက်တယ်။ သူ့လက်ထဲက အသားကို အနံ့ရှူလိုက်ပြီးတော့ ခပ်ကြီးကြီး တစ်ချက် ကိုက်ချလိုက်တယ်။

“မင်းပြောတာလည်း မှန်ပေမယ့် အခုဆို ကန်လင်းတောင်မှာ သားကောင်တွေလည်း ရှားလာပြီ နောက်ပြီး ရွာလူဦးရေကလည်း အတော်လေး တိုးလာပြီလေ။”

ဒါကြောင့်ပြောတာပေါ့ ကျွန်တော်သာ တာအိုနိယာမ စာမေးပွဲအောင်ရင် အခွန် ကင်းလွတ်ခွင့်လည်းရမှာ” ဖန်ကျန်းရှီက ကျန်းယန်ဖိန်ရဲ့ စကားကို ဖြတ်ပြောလိုက်တယ်။

“ ဒါပေမယ့် အောင်နိုင်ချေအကြောင်းလုံးဝမှ မရှိတာ ဒေသတွင်းစာမေးပွဲကနေ နိုင်ငံတော် စာမေးပွဲအထိ ဆို လနဲ့ချီကြာမှာ မင်းသာ ရွာက ထွက်သွားရင် ရွာကလူတွေငတ်ကုန်ကြမှာ ”

“ဦးလေး ယန်ဖိန် မစိုးရိမ်ပါနဲ့ ဒီငွေသားနဲ့ဆို ရွာကို ထောက်ပံ့နိုင်ပါတယ်။ ” ဖန်ကျန်းရှီက ပြောရင်းနဲ့ ငွေသားတွေကို ထုတ်လိုက်တော့တယ်။

“ဒါ ဒါက ငွေသား တစ်ရာ” သူ့ရှေ့မှာပေါ်လာတဲ့ ငွေသားတွေကို မယုံနိုင်စွာ ကြည့်ရင်းပြောလိုက်တယ်။

“ ဟ ဟ … အကို ယန်ဖိန် အခုတော့ စိုးရိမ်စရာ မလိုတော့ဘူးပေါ့။ ကျွန်တော်အိမ်မှာ လုပ်စရာလေးရှိလို့ ပြန်လိုက်ပါအုန်းမယ်။” ဖန်ဟို့ဒဲကတော့ သူ့သားကို ပြုံးပြုံးကြီးကြည့်နေတော့တယ်။

“အင်းးး” ကျန်းယန်ဖိန်က သက်ပြင်းချပြီး ခေါင်းငြိမ့်လိုက်တော့တယ်။

ဖန်ကျန်းရှီကတော့ ဒီနေ့က စပြီး သူ တာအို နိယာမ စာမေးပွဲအတွက် ခရီးစပြီဆိုတာ နားလည်လိုက်တော့တယ်။

ဒီ၈နှစ်လုံးလုံးရွာကသူတွေ သူ တာအိုစာမေးပွဲ ဝင်ဖြေမှာကို တားမြစ်ခဲ့ကြတယ်။ သူလည်း လွယ်လွယ်ကူကူ ဆုံးဖြတ်ပြီး ရွာကနေ အတိုက်အခံလုပ် ထွက်သွားဖို့ မကြိုးစားခဲ့ဘူး။ သူ့ကြောင့် သူ့မိဘတွေ တောင်ဘက်တောင်ရွာကနေ တစ်ခါ နှင်ထုတ်ခံခဲ့ရပြီးပြီ။ သူ့မိဘတွေ စိတ်ထိခိုက်မယ့် ကိစ္စမျိုးကို တစ်ရက်တစ်လေလေးတောင် အဖြစ်မခံနိုင်ဘူူး။ ဒါကြောင့် ကျန်းယန်ဖိန် လိုလိုလားလား ခွင့်ပြုချိန်ကို သူစောင့်ခဲ့တယ်။

သူ့မိဘတွေကို ရွာသားတွေ စောင့်ရှောက်မှာ သေချာချိန်မှ ဖန်ကျန်းရှီစာ မြို့ကို တက်ခဲ့တော့တယ်။ တာအိုနိယာမ စာမေးပွဲအတွက်ပြင်ဆင်ဖို့ လိုအပ်တာတွေကို သူတစ်ခုမှ မစုံစမ်းရသေးဘူး။ ဒါပေမယ့် တာအိုနိယာမစာမေးပွဲလောက်ကတော့ အေးဆေး အောင်ပါတယ်။ စည်းမျည်းစည်းကမ်းတွေက။ စာမေးပွဲအောင်ဖို့ ဒါတွေက ကူညီမှာမလို့လား။ …

ဖန်ကျန်းရှီ ထွက်ခွာသွားတဲ့ ဒုတိယ မနက်ခင်းမှာတော့ တာအိုနိယာမ စာမေးပွဲကို သူ ဝင်ဖြေမယ့် အကြောင်းဟာ မြောက်ရွာတင်မက တောင်ဘက်တောင်ရွာအထိကို ပျံ့နှံ့သွားခဲ့တယ်။

“ဖန်ကျန်းရှီက တာအိုနိယာမ စာမေးပွဲကို ဝင်ဖြေမယ်တဲ့ မင်းသိရဲ့လား။”

“မသိစရာရှိမလား သူ့ရွာကိုတောင် ငွေသားတစ်ရာနဲ့ထောက်ပံ့ခဲ့တာ ဟိုးလေးတကျော် ဖြစ်နေတာကို။”

“ ငွေသားတစ်ရာ တစ်ကယ့်ကို မယုံနိုင်စရာပဲ။ ”

“ဒါပေမယ့် တာအိုနိယာမစာမေးပွဲကတော့ အဆင့်မြင့်လွန်းပါတယ်။ ”

“သူ့လို ကိုယ်တိုင်သင်ကြားတဲ့ သူသာအောင်မယ်ဆိုရင် ငါ့ ဖရုံခင်းထဲက ဖရုံသီးတွေအကုန် စားပြစ်နိုင်တယ်။ ”

“နင့်အိမ်က အခင်းမှာ ဖရုံသီးထောင်ချီရှိတာကို ကုန်အောင်စားနိုင်လို့လား” “တစ်ရက်တည်းနဲ့တောင် စားနိုင်တာပေါ့… ဟ ဟ”

အပိုုင်း (၅၇)ပြီး၏။

အပိုင်း (၅၈)

“တရားဝင် စာရင်းသွင်းခြင်း”

မြောက်ရွာက ဖန်ကျန်းရှီ တာအိုနိယာမစာမေးပွဲကို ပါဝင်ယှဉ်ပြိုင်မယ့် သတင်းက တောင်ဘက်တောင်ရွာမှာ အရေးပေါ် အစည်းအဝေးလုပ်ဖြစ်စေတဲ့အထိ ဂယက်ရိုက်သွား စေခဲ့တယ်။ တင်းချင်းရှန်းရဲ့ အမူအယာကတော့ အတော်လေးကို စိတ်ပျက်နေတဲ့ ပုံပါပဲ။ တကယ်တမ်းတော့ ဖန်ကျန်းရှီ မြောက်ရွာကို ပြောင်းရွှေ့သွားတည်းက သူ့ဆီမှာ ပျော်ရွှင်တဲ့ အရိပ်အယောင်တွေ မတွေ့ရတော့တာ အတော်ကြာခဲ့ပါပြီ။

ဘာကြောင့်လဲဆိုတော့ ဖန်ကျန်းရှီမြောက်ရွာကို ရောက်သွားတဲ့ တစ်လတာ အတောတွင်းမှာပဲ ကန်လင်းတောင်ခြေတစ်ခုလုံးက မြောက်ရွာလက်ထဲရောက်သွားခဲ့တယ်။ တင်းချင်းရှန်းက အကြံအမျိုးမျိုးကို စဉ်းစားခဲ့ပေမယ့် အသုံးမဝင်ခဲ့ဘူး။

ဖန်ကျန်းရှီအကြောင်းကို ကြားပြီး နတ်ဆိုးကျောင်းတော်က လာခေါ်သွားစေဖို့ ရည်ရွယ်ပြီး သတင်းပို့ခဲ့သေးတယ်။ ဒါပေမယ့်လည်း ဒီ ၈နှစ်လုံးလုံး နတ်ဆိုးကျောင်းတော်က တောင်ဘက်တောင်ရွာကို ခြေတစ်လှမ်းတောင် မချခဲ့ဘူး။

တောင်ရွာ တာအို ခန်းမက ဆရာဝမ်အန်ဟွကို မေးတော့လည်း ပြုံးပြုံးကြီးသာ လုပ်နေခဲ့တာ ။ တကယ်တော့ နတ်ဆိုးကျောင်းတော်ကို ဝမ်အန်ဟွက အရင်တည်းက သတင်းပို့ခဲ့တာ ဖြစ်တယ်။ သူ့ဆီကိုလည်း အကြောင်းကြားစာ ပြန်မလာခဲ့ဘူးဖြစ်တယ်။

“ဒီနေ့က ၈နှစ်ပြည့်သွားပြီ။ ငါတို့ ရွာကသာ အာမခံထားတဲ့ အတိုင်းဖြစ်မလာနိုင်ရင်……..” လွန်ခဲ့တဲ့ ၈နှစ်က ကတိကို ကောင်းကောင်းကြီး မှတ်မိနေသေးတယ်လေ။

“အကို ချင်းရှန်း စိတ်မပူပါနဲ့။ ဒီအချိန်မှာတော့ ကျွန်တော်တို့ ဟူအာလည်း အဆင်သင့်ဖြစ်ပြီမို့ ဒေသစာမေးပွဲကို ကျော်ဖြတ်နိုင်ဖို့ သေချာနေပါပြီ။” လီကျွမ်းစီရဲ့ ယုံကြည်မှု အပြည့်နဲ့ အသံဟာ ထွက်ပေါ်လာတော့တယ်။ အရင်ရွာသူကြီးမုန့်ပိုင်တွေးခဲ့သလိုမျိုးပဲ လီကျွမ်းစီက သူတို့ရွာရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။

ဒီ၈နှစ်တာ အတောတွင်းမှာ လီကျွမ်းစီတစ်ယောက်ပဲ ဒေသတွင်း တာအိုနိယာမ စာမေးပွဲကို အောင်မြင်အောင်ကျော်ဖြတ်နိုင်သေးတာ။ မြို့တော် စာမေးပွဲကို ပထမတန်းနဲ့ အောင်မြင်ဖို့ကိုပဲ လိုတော့တာကို။

“ဖန်ကျန်းရှီသာ တာအိုနိယာမစာမေးပွဲကို အောင်မြင်သွားရင် ဘယ်လိုဖြစ်သွားမလဲ။” တင်းချင်းရှန်းက စိတ်ပူပန်မှုအပြည့်နဲ့ မေးလိုက်တော့တယ်။

“မဖြစ်နိုင်ဘူး” လီကျွမ်းးစီက အခိုင်အမာပြောလိုက်တယ်။

“ညီလေး လီက ဘယ်လိုများ အသေအချာ ပြောနိုင်ရတာလဲ” လီကျွမ်းစီနဲ့ ဖန်ကျန်းရှီကြားက မကျေနပ်မှုကို သူကောင်းကောင်းသိတယ်လေ။ လီကျွမ်းစီရဲ့ စကားတွေကိုတော့ အပြည့်အ၀ မယုံကြည်နိုင်ဘူး။

“အကယ်၍ တိုက်ပွဲတစ်ခုတည်းနဲ့ ဆုံးဖြတ်မယ်ဆိုရင်တော့ ဖန်ကျန်းရှီက နိုင်မှာ အသေအချာပဲ။ ဒါပေမယ့် အတွေးအခေါ်အယူဝါဒ စာမေးပွဲကိုတော့ လုံးဝကို အောင်မှာ မဟုတ်ဘူး။ ကိုယ့်ဘာကိုယ် သင်တဲ့ ကလေးတစ်ယောက်က ဘယ်လိုမျိုး ဒီ ပြိုင်ပွဲနှစ်ခုလုံးကို သူအောင်မြင်မှာလဲ။ နောက်ပြီး တာအိုခန်းမမှာ စာမသင်ကြားပဲနဲ့ စာမေးပွဲကို ဝင်ဖြေခွင့်တောင် ရှိမှာ မဟုတ်ဘူး။” လီကျွမ်းစီက ချက်ကျ လက်ကျ ရှင်းပြတော့တယ်။

“အကယ်၍ဖြေနိုင်ခဲ့ရင်ကော ” တင်းချင်းရှန်းက မယုံမရဲနဲ့ ပြောလိုက်ပြန်တယ်။

“အကယ်၍ဆိုတာ မရှိစေရဘူး။ ခြေလှမ်းပေါင်း သန်းချီလျှောက်လှမ်းရင်တောင် မဖြစ်နိုင်ဘူး။ ” လီကျွမ်းစီက အခိုင်အမာကို ပြောနေတယ်။

“ဘာကြောင့်လဲ” တင်းချင်းရှန်းက မေးလိုက်တော့။ “တာအိုခန်းမမှာ မသင်ကြားရပဲနဲ့ စာမေးပွဲ ဖြေဖို့မပြောနဲ့ ။ စာမေးပွဲခန်းထဲကို ဝင်ခွင့်တောင်ရမှာ မဟုတ်ဘူး။ စာမေးပွဲဖြေဖို့ တာအိုခန်းမကပေးတဲ့ အရည်အချင်းထောက်ခံစာလိုအပ်တယ်။” လီကျွမ်းစီက အေးစက်စွာ ရယ်ရင်းနဲ့ပြောလိုက်တော့တယ်။

ဖန်ကျန်းရှီ မနက်စာစားပြီးနောက်မှာတော့ ကောင်းကင်မှာ နေအလင်းရောင်တောင် အတော်လေး တောက်ပနေပြီဖြစ်တယ်။

သူ့အိမ်ရှေ့ကိုအဝတ်ထုပ်ဆွဲပြီးထွက်ချိန်မှာတော့ အိမ်ရှေ့ ကွင်းပြင်မှာတော့ လူအုပ်ကြီးတစ်အုပ်ရောက်နေပါတယ်။

“ကျန်းရှီ သား စာမေးပွဲသွားဖြေမယ်ဆို အခုထိမသွားသေးဘူးလား။ နောက်ကျမယ်နော်။”

“ဟုတ်တယ် နေတောင်အတော်မြင့်နေပြီ။ ” “တောင်ရွာက လူတွေတောင် စောစောထွက်သွားတာ မြင်လိုက်တယ်။” ရွာသားတွေက ဖန်ကျန်းရှီအနားကို ကပ်ရင်း ပြုံးစိစိနဲ့ ပြောနေကြတယ်။

“ကျွန်တော် အကုန်ပြင်ပြီးပါပြီ။” ဖန်ကျန်းရှီက သူ့ရဲ့ကြေးခွံပြာမြင်းပေါ်ကို တက်လိုက်ရင်း ပြောလိုက်တော့တယ်။

အိမ်ထဲကပြေးထွက်လာတဲ့ ချီရှင်းလိန်ကတော့ လက်ထဲမှာ အသားကင်တွေထုပ်ထားတဲ့ အဝါရောင် စက္ကူအိတ် နှစ်ခုကို ယူလာတော့တယ်။

“ကျန်းရှီ အသားကင်တွေ ယူသွားအုန်း ဗိုက်တော့အဆာမခံနဲ့ မေမေ့သားလေး။”

“ဟုတ်ကဲ့မေမေ” ပြောပြောပြီးချင်း မြင်းဇက်ကြိုးကို ဆွဲလိုက်ပြီး ဖန်ကျန်းရှီက ပြေးထွက်သွားတော့တယ်။

ကြေးခွံပြာမြင်းကတော့ ပျော်ရွှင်မှုအပြည့်နဲ့ ကဆုန်ပေါက်ပြီးတော့ ထွက်လာတော့တယ်။ မြောက်ရွာကတော့ ဖုန်လုံးတွေနောက်မှာ ကျန်ခဲ့တော့တယ်။

“အစ်မရှင်းလိန် စိတ်မပူပါနဲ့ ကျန်းရှီက ရက်နည်းနည်းလောက်ကြာရင်ပြန်လာမှာပါ။ အချိန်တော့ ကြာမှာမဟုတ်ဘူ။”

“မှန်တာပေါ့။ ငါကြားဖူးတာဆိုရင် တာအိုနိယာမ စာမေးပွဲက အတော်ခက်တယ်။”

“မှန်တာပေါ့။ တာအိုနိယာမ စာမေးပွဲရဲ့ သဘောတရား စာမေးပွဲက အတော်ခက်တယ်တဲ့” “မဖြေနိုင်တာနဲ့ ကျန်းရှီ ချက်ချင်းပြန်လာမှာပါ။ ”

“မှန်တာပေါ့ ” “ကောင်းတာပေါ့ ။ နောက်ရက်တွေရောက်ရင် အကို ကျန်းရှီနဲ့ တောင်ပေါ်တက်ပြီး အမဲပြန်လိုက်ရတော့မယ်။” ရွာသားတွေက တစ်ယောက်တစ်ပေါက် ပြောချင်တာပြောနေကြတဲ့ အပြင် သူ့အမေ ချီရှင်းလိန်ကပါ စိတ်မဆိုးပဲနဲ့ ဝင်ထောက်ခံနေသေးတယ်။

“သူကံကောင်းရင်တော့ စာမေးပွဲတွေကို ပါးပါးနပ်နပ်နဲ့ ကျော်ဖြတ်နိုင်မှာပါ။”

“ဟား ဟား ဟားးး ” ရွာသားတွေက အော်ဟစ်ရယ်မော နေကြတော့တယ်။ သိပ်ပြီး ခပ်ဝေးဝေးကို မရောက်သေးတဲ့ ဖန်ကျန်းရှီကတော့ သူတို့ပြောတာတွေကို အကုန်ကြားနေရတယ်။

သူ့အမေ ချီရှင်းလိန်ပြောတာကို ကြားပြီးနောက်မှာတော့ ဖန်ကျန်းရှီခမျာ မြင်းပေါ်က ပြုတ်ကျတော့ မလိုတောင်ဖြစ်သွားသေးတယ်။ “အမေရေ့ တကယ်ပဲ ကိုယ့်သားကို အဲ့လောက်ယုံရလား။” ….

“ကျာ့” ရွာပြင်ရောက်တာနဲ့ မြင်းကို ဒုန်းစိုင်းပြီးနှင်လိုက်တော့တယ်။ ကြေးခွံပြာက အရမ်းကောင်းတဲ့ မြင်းမဟုတ်ပေမယ့်လည်း ဒီမြင်းကို ရဖို့ ငွေသား နှစ်ဆယ်တောင် ပေးထားရတာ။

မြောက်ရွာတစ်ခုလုံးမှာ တစ်ကောင်တည်း ရှိတဲ့ မြင်း။ ဒီကြေးခွံပြာသာ မရှိရင် မိုးလင်းတည်းက ထွက်သွားတဲ့ တောင်ဘက်တောင်ရွာသားတွေကို ဒုက္ခသုက္ခခံပြီး အပြေးလိုက်နေရအုန်းမှာ ။ ဒါကိုတွေးမိတော့ အတော်လေးကို ပျော်လာခဲ့တယ်။

ဟွေ့အန်း ဒေသနဲ့ ၂ ကီလိုမီတာလောက် အကွာမှာ တာအို စာမေးပွဲအတွက် သွားနေတဲ့ တောင်ဘက်တောင်ရွာက လူအုပ်ကြီးနဲ့ တွေ့တော့တယ်။

ဖန်ကျန်းရှီနဲ့ အသက်အတူတူရှိပြီဖြစ်တဲ့ လီဟူအာကတော့ ဒီလူအုပ်ထဲမှာ ပါလာတယ်။ အကျီလက်တိုကို ဝတ်ထားပြီး မျက်ခုံးထူထူ အသားညိုညိုနဲ့ ပုံစံကတော့ လီကျွမ်းစီနဲ့ ချွတ်စွတ်ပါပဲ။

“အာ ဖန်ကျန်းရှီက တကယ်ပဲ တာအိုစာမေးပွဲကို ဖြေမလို့တဲ့လား” လီဟူအာက ခွာသံတွေ ကြားလို့ ခေါင်းလှည့်ကြည့်လိုက်ချိန်မှာ ဖန်ကျန်းရှီကို တွေ့လိုက်တော့တယ်။

“ဒါပေါ့။” ဖန်ကျန်းရှီက မြင်းကို အရှိန်သပ်လိုက်ရင်းပြန်ဖြေလိုက်တော့တယ်။

“ကျန်းရှီ ။ ငါတို့မိသားစုတွေကြားမှာ အထင်လွဲတာလေးတွေ ရှိနေပင်မယ့်လည်း တစ်ရွာတည်းသားတွေပဲလေ။ မင်းကလည်း ငါ့မျက်စိရှေ့မှာ ကြီးပြင်းလာတဲ့ ကလေးပဲ။ တာအိုနိယာမ စာမေးပွဲက တောထဲမှာ အမဲလိုက်သလိုမျိုး လွယ်ကူတာ မဟုတ်ဘူး။ အရမ်းကို ခက်ခဲလွန်းတယ်။ ကံမကောင်းစွာနဲ့ပဲ ငါလည်း မြို့တော် တာအိုနိယာမ စာမေးပွဲအတွက် ပြင်ဆင်စရာတွေရှိနေသေးတာကြောင့် မင်းကို ကူညီပြီး လေ့ကျင့်ပေးလို့ရတယ်။” လီကျွမ်းစီက လှမ်းပြီး ပြောလိုက်တော့တယ်။

သူ့စိတ်ထဲမှာတော့ သူသာ နတ်ဆိုးကျောင်းတော်ကို ဝင်ခွင့်ရရင် အကျိုးကျေးဇူးနဲ့ မြင့်မားလှတဲ့ အနာဂတ်ကတော့ လက်တစ်ကမ်းမှာပဲဆိုတာ တွေးနေတာဖြစ်တယ်။ “ဦးလေးလီ မြို့တော် တာအိုနိယာမ စာမေးပွဲမှာ နောက်တစ်ခါ မကျရှုံးဖို့မျှော်လင့်ပါတယ်။” ဖန်ကျန်းရှီက ပြုံးစစနဲ့ ပြောလိုက်ရင်း မြင်းဇက်ကြိုးကို ခပ်တင်းတင်းဆွဲပြီး အသော့ နှင်လိုက်တော့တယ်။

ကဆုန်ပေါက်စိုင်းနှင်သွားတာကြောင့် ဖုန်တွေဟာ လည်း လှိုင်းလုံးတွေလို ဖြစ်ပေါ်လာတော့တယ်။ လီကျွမ်းစီတောင်ချောင်းအတော်ဆိုးသွားလိုက်သေးတယ်။

“အဖေ ဘာလို့ စာရင်းသွင်းတာအကြောင်းမပြောပြလိုက်တာလဲ အခုချိန်က အချိန်ကောင်းကို” လီကျွမ်းစီကို လီဟူအာက နားမလည်နိုင်ဖြစ်နေတယ်။

“မင်းဘာသိလို့လဲ။ ဖန်ကျန်းရှီက သူ့လက်ထဲမှာ ဝှက်ဖဲတွေ အများကြီးကိုင်ထားတာ။ အခုချိန်မှာသာပြောလိုက်ရင် မရရတဲ့ နည်းနဲ့ တရားဝင်စာရင်းသွင်းခွင့်ကို ရှာလာမှာ အမှန်ပဲ။ အခုချိန်မှာ မပြောလိုက်ရင် စာမေးပွဲစတာနဲ့ ဝင်ခွင့်မပါလို့ ရွာပြန်ရမှာ…. ဟားး…ဟားးး..” လီကျွမ်းစီက အော်ဟစ်ရယ်မောရင်း ပြောလိုက်တောတ့ယ်။

“အဖေက တကယ့်ကို ထက်မြက်လွန်းတယ်။ အဖေသာ နတ်ဆိုးကျောင်းတော်ကို ဝင်ခွင့်ရရင် ဖန်ကျန်းရှီက ပမွှားကောင်လေးသာသာ ဖြစ်သွားမှာ။” လီဟူအာက ဂုဏ်ယူဝံ့ကြွားစွာနဲ့ပြောလိုက်တော့တယ်။

“အဓိပ္မာယ် မရှိလိုက်တာ။ မင်းမှတ်ထားရမှာက ဖန်ကျန်းရှီက ငါတို့ရန်သူမဟုတ်ဘူး။” လီဟူအာရဲ့ စကားကို ကြားတော့ လီကျွမ်းစီက ပြန်အော်လိုက်တယ်။

“ဘာကြောင့် ဖန်ကျန်းရှီက ရန်သူ မဟုတ်ရမှာလဲ။ ကျွန်တော် နားမလည်ဘူး။” လီဟူအာက ချက်ခြင်းပြန်ပြောတယ်။

“ သူ့အဖေနဲ့ မင်းအဖေ ငါက အတူတူ ကြီးပြင်းလာကြတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေ။ အမဲလိုက်အဖွဲ့မှာလဲ အတူတူ အလုပ်လုပ်ခဲ့တာ ။ ဟူးးး… အမှန်ကတော့ လွန်ခဲ့တဲ့ ၈နှစ်ကသာ ဖန်ကျန်းရှီက မင်းရဲ့ တာအို ခန်းမက နေရာကို လုယူမှာ စိုးလို့သာ မဟုတ်ရင် လီမိသားစုနဲ့ ဖန်မိသားစုလည်း အခင်မင်ပျက် မှာ မဟုတ်ဘူး။ မင်းအခုလည်း သူများကို ထိခိုက်အောင်လုပ်ဖို့ မစဉ်းစားနဲ့ ငါလည်း သူအများကြီး သန်မာလာဖို့ မမျှော်လင့်ဘူး။”

လီကျွမ်းစီက စိတ်ရှုပ်ထွေးနေဟန်ရှိတဲ့ လီဟူအာကို ကြည့်လိုက်တယ်။ သူ့သားကတော့ သူတွေးသလို မတွေးတာ အတော်လေးဆိုးတာပဲ။ “ဒီနှစ်တွေအတွင်းမှာ ကျန်းရှီက ကန်လင်းတောင်ခြေတစ်ခုလုံးကို အုပ်ချုပ်တဲ့သူဖြစ်ခဲ့တယ်။ သူသာ ငါတို့တောင်ရွာကို ချေမှုန်းချင်ရင် အလွယ်လေးပဲ။ ငါတို့ရွာ အခုထိတောင် ရှိတော့မှာ မဟုတ်ဘူး။”

“သား နားလည်ပါပြီ။” လီဟူအာက ခေါင်းငြိမ့်လိုက်တော့တယ်။”

“ဦးလေးလီပြောတာ တရားနည်းလမ်းကျတယ်။ ကျွန်တော့် အဖိုး ရွာသူကြီးရာထူးက ပြုတ်ရတာလည်း ဖန်ကျန်းရှီကြောင့် ဆိုပေမယ့် ကျွန်တော်သူ့ကို မုန်းတော့ မမုန်းပါဘူး။” လူအုပ်ထဲက လီဟူအာထက် အသက်ကြီးဟန်ရှိတဲ့ လူငယ်လေး တစ်ယောက်ကနေ ပြောလိုက်တော့တယ်။ ဒါကတော့ ရွာသူကြီးမုန့်ရဲ့ ချစ်မြေးလေး မုန့်ကျန်းရှန်းပဲ ဖြစ်ပါတယ်.။

တာအိုနိယာမ စာမေးပွဲ စာရင်းသွင်းခြင်းက လွန်ခဲ့တဲ့ တစ်လကျော်တည်းက စတင်ခဲ့တာ။ အခုချိန်မှာ စာရင်းသွင်းမှုတွေဟာ ပိတ်သိမ်းသွားပြီဖြစ်တယ်။ တရားဝင်စာရင်းသွင်းမှုကိုတော့ ဖန်ကျန်းရှီ ကြားတောင်မကြားဖူးဘူး။

“တရားဝင် စာရင်းသွင်းတာ”

“တာအိုခန်းမ ဝင်ခွင့်နဲ့ ထောက်ခံစာ” ဒီအချိန်မှာတော့ စာရင်းကောက်တဲ့ခန်းမကနေ အော်နေတာကို ဖန်ကျန်းရှီ ကြားနေရတယ်။

“ ဒါတွေက ဘာတွေလည်း ဘယ်လို လုပ်ရမှာလဲ။” အပြာရောင်ချည်ထည်ကို ဝတ်ထားတဲ့ လူတစ်စုကို ကြည့်လိုက်ရင်း ဖန်ကျန်းရှီ ငြီးငြီးငြူငြူနဲ့ပြောလိုက်တော့တယ်။ သူ့စိတ်ထဲမှာတော့ ပဟေဠိတွေ ပြည့်နေခဲ့တယ်။

အပိုင်း (၅၈)ပြီး၏။ 

အပိုင်း (၅၉)

“သံလက်သီးနည်းလမ်း”

စိတ်ရှုပ်ထွေးနေတဲ့ ဖန်ကျန်းရှီကတော့ ခပ်မြန်မြန်ပဲ လှုပ်ရှားလိုက်ပါတယ်။

“တံခါးကောင်းတွေက အတားအဆီးများတယ်။” ဒီစကားကို သူ အတော်လေး ရင်းနှီးတယ်။

မျက်တောင် တစ်ခတ်စာ အချိန်တွင်းမှာပဲ။ “သံလက်သီး နည်းလမ်း”ကို သူ သတိရသွားတော့တယ်။ သူ့ရဲ့ ကိုယ်ကို နေရာအနှံ့ ပွတ်သပ်ရှာဖွေရင်း အလုပ်များနေဟန်ပဲ။

“သခင်ကြီးဗျာ ကျွန်တော် စာရင်းဝင်ခွင့်ကို မေ့လာခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ခွင့်လွှတ်ပေးပါဗျာ ။ ”

“တာအို ခန်းမကထောက်ခံချက် မပါရင် စာရင်းမမှတ်ဘူး။” စာရင်းပေးတဲ့ ခန်းမမှာ စောင့်ကြပ်သူက ခေါင်းခါလိုက်တော့တယ်။

“ကျွန်တော့် ရွာက ပြန်ယူဖို့အတွက် ဝေးလွန်းတယ်။ အချိန်မှီ ပြန်ရောက်နိုင်မှာ မဟုတ်ဘူး။” ဖန်ကျန်းရှီက မျက်လုံးလေး ကလယ် ကလယ်လုပ်ရင်း အသနား ခံလိုက်ပါတယ်။ နောက်ပြီး သူ့အကျီ လက်ထဲကနေ ငွေသားတစ်ချို့ကို ထုတ်လိုက်ပြီးတော့ စာရင်းမှတ်သူကို ပေးလိုက်တယ်။

“တာအိုခန်းမရဲ့ ထောက်ခံစာမပါရင် စာရင်းမသွင်းပေးပါဘူး။ ပြန်သွားလိုက်ပါ။ ” စာရင်းမှတ်သူကနေ ငွေသားတွေကို သူ့လက်ထဲ ပြန်ထဲ့ပေးလိုက်တော့တယ်။ လက်ထဲကို ပြန်ရောက်လာတဲ့ ငွေသားတွေကို ကြည့်ရင်း ဖန်ကျန်းရှီရင်ထဲ အလိုလို လေးလံလာတော့တယ်။

ဒီ သံလက်သီး နည်းလမ်းက ဘာများ မှားနေလို့လဲ။ ဒီနေရာမှာ အသုံး မဝင်ရတာလဲ။ ဒီငွေနဲ့တောင် မလှုပ်ရှားနိုင်ဘူးဆိုရင် သူ ဘယ်လို စာရင်းသွင်းရတော့မှာလဲ။

၈နှစ်လုံးလုံးစောင့်ပြီးမှ ဒီလိုမျိုး စာရင်းမသွင်းလိုက်ရပဲနဲ့ လက်လျှော့ရတော့မှာလား။ တကယ့်ကို မဖြစ်နိုင်တာပဲ။

…

ငါသာ စာရင်းမသွင်းနိုင်ရင် ဘယ်လိုလုပ်ရမလဲ။ ဒီလို မထင်မှတ်ထားတဲ့အဖြစ်အပျက်ကို ကြုံလိုက်ရတဲ့ အတွက် ဖန်ကျန်းရှီဟာ ဟွေ့အန်းဒေသက လမ်းကြိုလမ်းကြားတွေမှာ ကြံရာမရ လျှောက်သွားနေရင်းနေမိတော့တယ်။

အကြံထုတ်ရမယ် … အကြံထုတ်ရမယ်။ တာအိုခန်းမရဲ့ လက်မှတ် ထောက်ခံစာ ရကို ရရမယ်။

ဒါက သိပ်ခက်တာမှ မဟုတ်တာပဲလေ။

နောက်ပြီး ကိုယ့်ဘာကိုယ် သင်ကြားတဲ့ သူတွေအတွက်တော်င ချွင်းချက်လေးဘာလေး ပေးမထားဘူး။ တကယ်ပဲ တာအို ခန်းမကို တက်ရမှ ဖြစ်မှာလား။ ဖန်ကျန်းရှီက ဒီ စည်းမျဉ်းအကြောင်းကို တွေးတောရင်းနဲ့ ဒေါသထွက်လာတော့တယ်။

လွန်ခဲ့တဲ့ ၈နှစ်တုန်းက ရွာသူကြီးမုန့် ဒီလို ဆုံးဖြတ်ချက်မျိုးကို ဘာကြောင့် ချလိုက်လဲဆိုတာ အနည်းနဲ့ အများတော့ သူနားလည် လာတော့တယ်။ တာအိုခန်းမကို ဝင်ခွင့် မရရင် တာအိုစာမေးပွဲကိုဖြေခွင့် မရှိဘူး။ ဒါပေမယ့် ရွာက ထွက်လာတုန်းက ဘယ်သူကမှ ဘာတစ်ခွန်းမှကို မပြောကြဘူး။

သူ့ရဲ့မြောက်ဘက်ရွာရှိမယ့် အရပ်မျက်နှာဆီကို ဦးတည် ကြည့်ရင်း ခေါင်းခါလိုက်တော့တယ်။ သူ့ရွာက လူတွေလည်း တစ်ယောက်မှ တာအိုစာမေးပွဲကို ဝင်မဖြေဖူးကြတာ ဘယ်သူကများ ဒီ စာရင်းသွင်းရတာကို သိနိုင်မှာလဲလေ။

ငါအခု ဘာလုပ်သင့်လဲ။

တကယ်ပဲ စာရင်း မသွင်း နိုင်တော့ရင်း ရွာကို ပဲ ပြန်ရတော့မှာလား ။

”မဖြစ်နိုင်ဘူး ငါ ဒီလိုတော့ မလုပ်နိုင်ဘူး” ဖန်ကျန်းရှီ သူ့ကိုယ်သူ အော်ဟစ်လိုက်တော့တယ်။

ဦးလေး ကျန်းယန်ဖိန်လို လူမျိုးကို နောက်တစ်ခါ ထပ်ပြီး စည်းရုံးရမှာ လွယ်တော့မှာ မဟုတ်ဘူး။ တကယ် လို့ ဘယ်နည်းလမ်းနဲ့မှ ဝင်ခွင့်ရဖို့ မဖြစ်နိုင်တော့ဘူးဆိုရင်တော့ အတုလုပ်ရတော့မယ်။ စာရင်းပိတ်ချိန် မတိုင်ခင်တော့ အချိန်မှီ လုပ်နိုင်မှာပါ။

ခနနေပါအုန်း တာအိုခန်းမ ထောက်ခံစာကိုတောင် အတူလုပ်လို့ ရနိုင်ရင် စာမေးပွဲ ဖြေခွင့်ကိုလည်း အတုလုပ်လို့ရမှာ အသေအချာပဲပေါ့။ မျှော်လင့်ချက် အရိပ်အယောင်ကို တွေ့သွားဟန်နဲ့ ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ အရောင်တောက်ပသွားတော့တယ်။

ကောင်းပြီ။ အခုချိန်က စာမေးပွဲဖြေခွင့် ကတ် အစစ်ကို ရှာဖို့အချိန်ပဲ။ ပစ်မှတ်တစ်ခုကို ရှာဖွေဖို့ ဆိုတာ ဖန်ကျန်းရှီ အတွက် အခက်အခဲလို့ကို မဆိုသာဘူး။

ကျောင်းတော်သားတွေ ပြည့်နှက်နေတဲ့ ဟွေ့အန်း ဒေသကြီးတစ်ခုလုံးမှာ နေရာတိုင်းက စာမေးပွဲ ဖြေဆိုသူတွေနဲ့ ပြည့်နှက်နေတာလေ။ လူထူထပ်တဲ့ စားသောက်ဆိုင်တစ်ခုကို သူရွေးချယ်လိုက်တော့တယ်။ စားသောက်ဆိုင်ထဲမှာ လေပွေလေးလို လှုပ်ရှားလိုက်တော့ စာမေးပွဲကတ်က ရဖို့ မခက်ခဲတော့ဘူး။ လူအုပ်ကြီးကြားမှာ ဟိုဒ်ီ ပြေးလွှားရင်း အလုပ်ရှုပ်ရတာမျိုး ဒီနှစ်တွေ အတောတွင်းမှာ ဖန်ကျန်းရှီ မလုပ်ရတာ ကြာပြီပဲဖြစ်တယ်။

အိတ်တချို့ကို မွှေနှောက်ရင်း စာမေးပွဲကတ် ၃ ၄ ခုလောက်ကို ရလာတော့ အတော်လေးကို ကျေနပ်သွားတော့တယ်။ အဲ့ဒီ့နောက်မှာတော့ ရလာတဲ့ စာမေးပွဲဖြေဆိုခွင့် ကတ်တွေကို သေချာ လေ့လာကြည့်နေတယ်။

“ဒီလောက က စာမေးပွဲ ကတ်တွေက အတော်လေးကို ရိုးရှင်းတာပဲ။” သေးငယ်တဲ့ ဖြေဆိုခွင့် ကတ်ပြားလေးကို စိုက်ကြည့်ရင်းပြောလိုက်တော့တယ်။ ဒီတရားဝင် ကတ်ကို ထုတ်ပေးတဲ့ လူတွေ အတော်လေးကို ကပ်စေးနည်းတဲ့ ပုံပဲ။

ဓာတ်ပုံရိုက်တာတွေလည်း ဒီလောကမှာ မရှိတော့ နာမည်တွေကို ပဲ တိုက်ရိုက်ရေးထားကြတယ်။ ခက်တာတစ်ခုကတော့ ရုံးရဲ့ တရားဝင် တံဆိပ်ခေါင်းနဲ့ စာမေးပွဲ နံပါတ်ပဲ။ ရုံးတံဆိပ်ကတော့ ရိုးရှင်းတော့ အတုလုပ်ရလွယ်ပါတယ်။ လက်ရာမြောက်တဲ့ ပန်းကနုတ်လေးတွေကို အပြင်မှာ ရံလိုက်ပြီး အလယ်မှာ စာလုံးနည်းနည်း ထည့်လိုက်ရုံပဲ။ ဒါပေမယ့် စာမေးပွဲ နံပါတ်ကတော့ မရှင်းဘူး။ ဒါကြောင့် ဖန်ကျန်းရှီက နံပါတ်ထပ်မှာ စိုးတဲ့ အတွက် ခပ်ကြီးကြီး ဂဏန်းတွေကိုပဲ ရွေးပြီးရေးလိုက်တော့တယ်။

နာရီဝက်အတွင်းမှာပဲ အတုလုပ်တဲ့ လုပ်ငန်းစဉ်ကြီးက ပြီးဆုံးသွားတော့တယ ။ ဖန်ကျန်းရှီကတော့ အပို လေး ၃ ၄ ခုလောက်တောင် လုပ်ထားသေးတယ်။ စာမေးပွဲဖြေဖို့ ကတ် အတုတွေကို သေချာပြင်ဆင်ပြီးတဲ့နောက်မှာတော့ သူတွေးလိုက်မိတာက ဒီလိုလုပ်ရတာက မခက်ခဲပေမယ့်လည်း တာအိုစာမေးပွဲကို ဖြေခွင့်ရဖို့က အတုအရင်လုပ်ရပါလား။

ဒုတိယမြောက်နေ့မှာတော့ လေပြေလေညင်းလေးက ချိုအေးစွာနဲ့ ကမ္ဘာမြေပြင်ပေါ်ကို ပက်ဖြန်းနေပြီးတော့ နေရောင်နွေးနွေးဖြာနေတဲ့ လောကကြီးဟာ အတော်လေးကို သာယာနေခဲ့တယ်။ ရာသီဥတုကတော့ တော်တော်ကောင်းတယ်။

မနက်စောစော “ချင်းဖုန်း ကျောင်းတော်”ရဲ့ရှေ့မှာ တာအို နိယာမ စာမေးပွဲကိုဖြေဆိုမယ့် ကျောင်းတော်သားတွေ စုဝေးနေကြတယ်။ ဟွေ့အန်းဒေသမှာ အကြီးမားဆုံးသော ကျောင်းတော်ကြီးဖြစ်တဲ့ ချင်းဖုန်းကျောင်းတော်ကတော့ တောရွာက တာအိုခန်းမတွေနဲ့ အဆပေါင်းများစွာ ကွာခြားလှတယ်။ တာအိုနိယာမကို သင်ကြားသူတွေနဲ့ အရာအားလုံးဖြစ်တည်မှုတာအိုကို လေ့လာနေသူတွေ အဓိက ပါဝင်တယ်။

အနီရောင်အုတ်တွေနဲ့ ကာရံထားပြီး အရောင်တောက်တောက် အုတ်ကြွပ်တွေနဲ့ အမိုးမိုးထားတာ ဖြစ်တဲ့ အတွက် နေရောင်အောက်မှာ တလက်လက် တောက်ပနေခဲ့တယ်။ သံချပ်ကာ စစ်သား တွေဟာတော့ ၂တန်းခွဲစီရင်း ကျောင်းတော်တံခါးရှေ့မှာ ပေါ်ထွက်လာတော့တယ်။ လူအုပ်ထဲမှာတော့ လီဟူအာက ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်တဲ့ အတွက် ရှာဖွေနေတော့တယ်။ တစ်ပတ်ပတ်ပြီးရှာတာတောင် သူမတွေ့တော့ပြန်ဘူး။

“ဟ ဟ ဟ တကယ်ပဲ မလာဘူးဖြစ်မယ်။” လီဟူအာက ပျော်ရွှင်စွာ ရယ်မော ပြောဆိုလိုက်တော့တယ်။ ဒါပေမယ့် သိပ်မကြာပါဘူး။ တစ်ကိုယ်လုံးတောင့်တင်းအေးခဲသွားသလိုမျိုး ဖြစ်ပြီး ရယ်သံလည်း ရပ်သွားတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူနဲ့ သိပ်မဝေးတဲ့ နေရာကနေ လူငယ်တစ်ယောက်ဟာ လေလေးတချွန်ချွန်နဲ့ သူ့စီကို ဦးတည်လာနေတာကို တွေ့လိုက်ရတာကြောင့်ဖြစ်တယ်။

“ဖန်ကျန်းရှီ မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ” လီဟူအာက မယုံကြည်စွာနဲ့မေးလိုက်တော့တယ်။ စာရင်းသွင်းတဲ့ နေရာက တာအိုခန်းမထောက်ခံစာနဲ့ စာမေးပွဲကတ် မပါရင် လာလို့မရတာကို မပြောလိုက်ဘူးလားလို့တွေးလိုက်မိ့တယ်။

လီကျွမ်းစီကော မုန့်ကျန်းရှန်းပါ ဖန်ကျန်းရှီကို တွေ့လိုက်တဲ့ အတွက် အံ့သြနေကြတော့တယ်။

“ငါလား။ စာမေးပွဲဖြေဖို့ လာတာလေ” ဖန်ကျန်းရှီက ခပ်အေးအေးပဲပြန်ပြောလိုက်တယ်။

“စာမေးပွဲ။ မင်းက စာမေးပွဲခန်းထဲတောင် ဝင်နိုင်လို့လား” လီဟူအာရဲ့ အမူအယာက မယုံကြည်ဟန်ကို ပြောင်းလဲသွားတော့တယ်။ ဖန်ကျန်းရှီ စာရင်းသွင်းပြီးပြီ ဆိုတာကို သူ့မှာအခုထိ မယုံနိုင်သေးဘူးဖြစ်နေတယ်။

ဖန်ကျန်းရှီကတော့ သူ စာရင်းမသွင်းရသေးတာ တခြားသူတွေလည်း သိမှာပဲဆိုတာ သေချာပေမယ့် အခုတော့ သူ့လက်ထဲမှာ စာမေးပွဲဖြေဆိုခွင့်ကတ် ရှိနေတယ်လေ။

“ဝင်နိုင်မယ် ထင်တာပဲလေ။” ဖန်ကျန်းရှီက ရယ်ကျဲကျဲနဲ့ ပြန်ဖြေလိုက်ပြန်တယ်။

အပိုင်း (၅၉)ပြီး၏။

အပိုင်း (၆၀)

“မောင်းသံ”

“ မင်းက ဝင်နိုင်မယ်ပေါ့။ ဟ ဟ ဖြစ်နိုင်လို့လား။ ” လီဟူအာကတော့ အဆက်မပြတ် ရယ်နေရင်း သတိပြန်ဝင်လာချိန်မှာတော့ အရယ်ရပ်သွားတော့တယ်။

လီကျွမ်းစီကော မုန့်ကျန်းရှန်းကော နှစ်ယောက်စလုံးကတော့ ခေါင်းတခါခါ လုပ်ရင်း ပြုံးနေကြတော့တယ်။

တာအိုခန်းမကနေ ထောက်ခံချက်တောင် မရှိဘဲနဲ့စာမေးပွဲခန်းထဲ ဘယ်လိုဝင်မှာလဲ။ တာအိုနိယာမ စာမေးပွဲက ဘာလိုမှန်းတောင် မသိဘူးဆိုတာ ရဲရဲကြီး ပြောဝံ့တယ်။ ရွာမှာပဲ အနေများပြီး လောကကြီး အကြောင်းကို မသိတဲ့ သူဆိုတော့လည်း အမြင်ကျဉ်းက မဆန်းပါဘူးလေ….။

“သွားကြရအောင် ဒီမှာ လုပ်စရာမရှိသေးဘူး။ ငွေနည်းနည်းလောက် သွား ရင်းကြရအောင်” လီကျွမ်းစီကလည်း ဖန်ကျန်းရှီကို ထပ်ပြီး အရေးမစိုက်တော့ဘဲ လူတွေ စုဝေးနေကြတဲ့ နေရာတစ်ခုစီကို ဦးတည်ပြီးထွက်သွားတော့တယ်.။

ပိုက်ဆံသွားရင်းမယ်။ ဖန်ကျန်းရှီကလည်း သူတို့နောက်ကနေ ကပ်လိုက်သွားတော့တယ်။

သိပ်မကြာခင်မှာပဲ သစ်ပင်ကြီးတစ်ပင်အောက်မှာ ပန်းထိုး အကျီဝတ် သခင်လေးတွေ စုဝေးနေကြတာကို သူတွေ့လိုက်ရတော့တယ်။ လူအုပ်ကြီးက ၃ ဝိုင်းတောင်ရှိနေတာ။

“အဆင့်တွေကို ခန့်မှန်းကြမယ်။ အဆင့်တွေကို ခန့်မှန်းကြမယ်။ တာအိုနိယာမ စာမေးပွဲရဲ့ အတွေးအခေါ်အယူအဆ စာမေးပွဲမှာ ထိပ်တန်းဖြစ်မယ့် ကျောင်းတော်သား၃ယောက်ကို ခန့်မှန်းကြမယ်။ မှန်အောင် ခန့်မှန်းနိုင်တဲ့သူက ငွေတွေ အကုန်ရမယ်။ ” ကျယ်လောင်စွာအော်နေတဲ့ အသံတစ်ခုဟာ လူအုပ်ကို ဖြတ်ပြီး ပျံ့လွင့်နေတယ်။

“ထိပ်တန်းဖြစ်မယ့် ကျောင်းတော်သား၃ယောက်။ ဒါဆိုငါပါတာပဲပေါ့။” ဖန်ကျန်းရှီက ချမ်းသာတော့မယ့် အရေးကို တွေးလိုက်ပြီး အတိအကျကို တွက်လိုက်တော့တယ်။ ဒီ အခွင့်အရေးကို လွဲသွားရင် နောက် ၂နှစ် ထပ်စောင့်ရမှာလေ.။ တခြားတစ်ဖက်မှာတော့ လူအုပ်ထဲကို တိုးဝင်သွားတဲ့ လီကျွမ်းစီနဲ့ တခြားသူတွေကတော့ သိပ်မကြာခင်မှာပဲ ပြန်ထွက်လာကြတယ်။

“ဟူး… ဒီ မုန့်ယွိရှုရဲ့ လောင်းကြေးက ဒါ နည်းလွန်းနေတာ မဟုတ်ဘူးလား။” လီကျွမ်းစီက အတော်လေးကို မပျော်မရွှင်ဖြစ်နေတော့တယ်။ ဦးလေး လီ ကျွန်တော်ကြားတာတော့ မုန့်ယွိရှု က တာအို မုခ်ကို အောင်ထားတယ်တဲ့။ တကယ်တမ်းဆို မြို့တော် တာအို စာမေးပွဲကို တိုက်ရိုက်ပါဝင်ခွင့် ရရမှာ။ အခု ဒေသတွင်း စာမေးပွဲကို လာဖြေတာက နှစ်ထပ်ကွမ်း အောင်နိုင်သူ ဘွဲ့ကို ရချင်လို့ပဲ။ ဒါကြောင့် သူ့ကို လောင်းရင် လောင်းကြေးရမှာ နည်းလိမ့်မယ်။ ”

မုန့်ကျန်းရှန်းက သေချာ တွေးပြီး ပြောလိုက်တော့တယ်။ “မှန်တယ်။ အနည်းဆုံးတော့ လောင်းကြေးကို အရင်း အတိုင်းပြန်ရမှာပဲ။ ” လီကျွမ်းစီက သက်ပြင်းချရင်း ပြောလိုက်တော့တယ်။

“ မင်းတို့ မုန့်ယွိရှုကို လောင်းရင် ရှုံးလိမ့်မယ်။” ဖန်ကျန်းရှီက ဒီလူတွေကို သတိပေးလိုက်ပါတယ်။ မျက်တောင်မွှေး တစ်ဆုံးလောက်ထိပဲ ကြည့်တဲ့ သူတွေ တကယ့် နှစ်ထပ်ကွမ်းအောင်နိုင်သူ ဖြစ်မယ့် ဒီလူ သူတို့ရှေ့မှာ လာရပ်နေတာတောင် မသိကြဘူး။

“မုန့်ယွိရှုကို မလောင်းရင် ငါတို့က မင်းကို လောင်းရမှာလား။” ဖန်ကျန်းရှီရဲ့ တားမြစ်သံကို ကြားလိုက်တော့ လီကျွမ်းစီက ရယ်မောရင်းမေးလိုက်တော့တယ်။

“ဟုတ်တာပေါ့။ ကျွန်တော့်ကို လောင်းရင် ဦးလေးတို့ နိုင်မှာ အမှန်ပဲ။” ဖန်ကျန်းရှီက ယုံကြည်ချက် အပြည့်နဲ့ ပြောလိုက်တော့တယ်။

“ဟဟ မင်းက စာမေးပွဲခန်းထဲကိုတောင် ဝင်ခွင့်ရမှာမလို့လား။” လီကျွမ်းစီကအော်ဟစ်ရယ်မောလိုက်ရင်း အကျီလက်ကို ပင့်မကာ လူအုပ်ထဲကို တိုးဝင်သွားတော့တယ်။ ဖန်ကျန်းရှီကလည်း လူအုပ်ထဲကို တိုးပင်မယ့် သုံးတဲ့ နည်းလမ်းချင်းကတော့ မတူညီပါဘူး။

လီကျွမ်းစီကတော့ အားသုံးပြီး လူတွေကို တွန်းဖယ်ပေမယ့် ဖန်ကျန်းရှီကတော့ ပိုလွယ်ကူတဲ့ နည်းကို သုံးပါတယ်။ မသိမသားလေး ခြေထောက်တွေပေါ်တက်နင်းလိုက်တာပါပဲ။ “ ဘယ်ကောင် ငါခြေထောက်ကို တက်နင်းတာလဲ။” ကလိမ်ဉာဏ်သုံးတဲ့ နည်းလမ်းကြောင့် လီကျွမ်းစီထက် ခြေလှမ်းအသာနဲ့ လောင်းကြေးထပ်တဲ့ နေရာကို ရောက်သွားပါတော့တယ်။

လီကျွမ်းစီကတော့ ချွေးပြိုက်ပြိုက်ကျအောင် လူအုပ်ကြီးထဲမှာ တိုးဝှေ့နေတုန်း၇ှိပါသေးတယ်။ ဒါပေမယ့် သူလောင်းကြေးထပ်တဲ့ စားပွဲရှေ့ကို ရောက်ချိန်မှာတော့ ဖန်ကျန်းရှီက စားပွဲရှေ့ကို သူ့ထက်အရင်ရောက်နေတာ တွေ့လိုက်ရတော့ မျက်လုံးပြူးသွားပါတော့တယ်။

“ဒီကလေး ဘယ်လိုနည်းသုံးပြီး ရောက်လာတာလဲ။ ” “ဖန်ကျန်းရှီကို လောင်းမယ်။” စားပွဲကို ရောက်ရောက်ခြင်း ငွေသား ဆယ်ဆကို ထုတ်ပြီးတော့ လောင်းကြေးထပ်တော့တယ်။

“သူ တစ်ကယ်ပဲ သူ့ကိုယ်သူ ပြန်လောင်းတယ်။” လူအုပ်ထဲက လီကျွမ်းစီကတော့ ဖန်ကျန်းရှီရဲ့ စကားကို ကြားလိုက်တော့ အံ့သြမှု အပြည့်နဲ့ ပြောလိုက်တော့တယ်။ တကယ့်ကို အ လွန်းတာပဲ။ စာမေးပွဲကိုတောင် ဝင်ခွင့်မရနိုင်တာတောင် သူ့ကိုယ်သူ လောင်းရဲသေးတယ်။ လီဟူအာနဲ့ တခြား တောင်ရွာသားတွေကတော့ ဖန်ကျန်းရှီရဲ့ အသံကျယ်ကြီးကို ကြားတော့ လန့်သွားကြတယ်။

လောင်းကြေးထပ်တဲ့ နေရာမှာ စာရင်းရေးတဲ့ ကောင်လေးကတောင် လူတိုင်းက မုန့်ယွိရှုကို လောင်းနေကြချိန်မှာ ဒီလူက ဖန်ကျန်းရှီကို လာလောင်းတော့ လန့်တောင် လန့်သွားတယ်။ စားပွဲပေါ်က လောင်းကြေးစာရွက်တွေမှာလဲ မုန့်ယွိရှု နာမည်ပဲ ရေးထားတာ ။ အခုတော့ တခြားသူကို လာလောင်းတော့ လောင်းကြေးအသစ်နဲ့ စာရွက်ပြန်ရေးရတော့မယ်။ ဒါနဲ့ ဖန်ကျန်းရှီဆိုတာ ဘယ်သူကြီးလဲ။”

အစတုန်းကတော့ လောင်းတဲ့နေရာက စာရင်းမှတ်တဲ့ကောင်လေးက အရေးမလုပ်ဘူး။ ဒါပေမယ့် စားပွဲပေါ်ရောက်လာတဲ့ ငွေသားတွေကို တွေ့တာနဲ့ သူ့လက်ထဲက စာရွက်တွေကို ပြစ်ချလိုက်ပြီးတော့ ချက်ချင်းနာမည်ရေးတော့တယ်။ ဒီလိုလူမျိုးရှိမယ်လို့တောင် မတွေးထားမိဘူး။

“ဖန်ကျန်းရှီက စာမေးပွဲဖြေမယ့် သူထဲမှာ စာရင်းသွင်းပြီးပြီဆိုတာ သေချာလား။” စာရင်းမှတ်နေတဲ့ လူငယ်လေးက စိတ်ရှုပ်ဟန်နဲ့ မေးလိုက်တယ်။ ဖန်ကျန်းရှီက သေချာတွေးလိုက်တော့ သူက တရားဝင် စာရင်းသွင်းတာမှ မလုပ်ရသေးတာ။

“ကြည့်ရတာ ငါလောင်းလို့မရဘူးနဲ့တူတယ်။ “ “ခင်ဗျားကြောင်နေတာလား ။ ဒီငွေသား ဆယ်စကို မသိတဲ့ သူဆီလောင်းမယ်ဆိုတာ တကယ်ပဲ မိုက်တာ မဟုတ်ဘူးလား။ ပြန်ယူသွားလိုက်တော့။” စာရင်းမှတ်တဲ့ လူငယ်လေးက ဒေါသထွက်လာဟန်ပါပဲ။ သူအလုပ်များနေတာကို လာပြီး အရှုပ်လုပ်နေကြတယ်။

ဖန်ကျန်းရှီက သေချာ ချင့်ချိန် စဉ်းစားတတ်တယ်လေ။ ပိုပြီး အရေးကြီးတာက သူက စွန့်စားတတ်သူလည်းဖြစ်တယ်။ ဒီနည်းနဲ့ မရရင် နောက်တစ်နည်း ပြောင်းကြံမယ့်သူပဲ။ “ကောင်းပြီလေ။ မုန့်ယွိရှု ထိပ်တန်းကျောင်းသား ၃ယောက်ထဲ မပါနိုင်ဘူးလို့ ငါလောင်းမယ်။ ရတယ်မလား” သူ့အသံက အရမ်းမကျယ်ပေမယ့် တိုးဝှေ့နေတဲ့ လူအုပ်ကြီးကို ခေတ္တ တိတ်ဆိတ်သွားစေတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ တိတ်ဆိတ်မှုနေရာကို ရယ်သံတွေက အစားထိုးသွားတော့တယ်။

“ဟ ဟ တကယ်ပဲ မုန့်ယွိရှု ထိပ်တန်း ၃ ယောက်ထဲ မဝင်ဘူးလို့ တကယ် လောင်းလိုက်တယ်။ ”

“ငါ ကြားလိုက်ရတာ မှန်ပါရဲ့လား။ တာအို မုခ်ဝကို အောင်မြင်ထားတဲ့ လူက အတွေးအခေါ် အယူအဆ စာမေးပွဲမှာ ထိပ်တန်း ၃ ယောက်ထဲကို မဝင်နိုင်ဘူးတဲ့လား။ ဒါဖြစ်နိုင်လို့လား”

“အတိအကျပဲပေါ့။ ဒီမှာ သူရှိနေရတာလည်း ပိုက်ဆံသုံးဖို့ပဲလေ။ ” လူအုပ်ကြီးထဲမှာရောက်နေတဲ့ ဖန်ကျန်းရှီကိုတော့ လူတိုင်းက အရူးတစ်ယောက်ကို မြင်နေရတဲ့ ပုံနဲ့ ကြည့်နေကြတော့တယ်။

လီကျွမ်းစီနဲ့ လီဟူအာတို့ကတော့ ငွေသား တစ်ဆယ်ကို ကြည့်လိုက်ရင်း ခေါင်းခါမိလိုက်ကြတော့တယ်။ သူတို့တောင်ရွာနဲ့ မြောက်ရွာမှာ နာမည်ကြီးဖြစ်တဲ့ ဖန်ကျန်းရှီကတော့ ဒေသ မြို့တော်ကို ရောက်တာနဲ့ အရူးလိုလို ဖြစ်သွားတာပါလား။ ဖန်ကျန်းရှီကတော့ အလောင်းအစားလုပ်တဲ့ နေရာက ပေးတဲ့ စာရွက်လေးကို ကိုင်ရင်း လူအုပ်ကြီးထဲကနေ အေးအေးဆေးဆေးပဲ လမ်းလျှောက်ထွက်လာတော့တယ်။

တခြားသူတွေ ပြောနေသမျှကို ဂရုမစိုက်ပဲနဲ့ပေါ့။ အရူးတဲ့လား။ မင်းတို့ပဲ ရူးနေကြတာ။ ဖန်ကျန်းရှီကတော့ သူ့ပိုက်ဆံတွေ တပြားမှ မဆုံးနိုင်ဘူးဆိုတာ ကောင်းကောင်းသိနေတယ်။

ဒီဒေသကို အကြိမ်ကြိမ်ရောက်ပြီး လေ့လာခဲ့တဲ့အတွက် မုန့်ယွိရှုက ရန်ရွှယ်ကို အတော်လေး လေးစားတယ်ဆိုတာ သူသိတယ်။ ဒါက ရန်ရွှယ်ရဲ့ စွမ်းရည်တွေက မုန့်ယွိရှုထက် သာတယ်ဆိုတဲ့ သဘောပဲ။ ထပ်ပြီး ပြောရရင် ရန်ရွှယ်နဲ့ သူ့အသက်က အတူတူလောက်ပဲဖြစ်တယ်။ ဒါကြောင့် ဒီနှစ်တာအိုစာမေးပွဲကို ရန်ရွှယ်ဝင်ဖြေမှာ အသေအချာပဲ။

သေသေချာချာ တွက်ချက်ပြီးတဲ့နောက် ရန်ရွှယ်က ထိပ်တန်းကျောင်းသား ၃ယောက်ထဲက တစ်နေရာကို ရမယ်။ သူလည်း ထိပ်တန်းကျောင်းသား တစ်နေရာကို ရမယ်။

တတိယမြောက်နေရာကတော့ ရိုးရှင်းပါတယ်။ သူ့အဖြေလွှာကို နောက်တစ်ရွက်ကူးပြီး လက်ရေးလေးနဲ့ တခြား နည်းနည်းပါးပါး ပြင်တာလေးတွေလုပ်ပြီး သူ့ဘေးက စာဖြေသူတစ်ယောက်ရဲ့ အဖြေလွှာနဲ့ လဲပေးလိုက်မယ်။ ဒါဆို အတွေးအခေါ်အယူအဆ စာမေးပွဲမှာ ထိပ်တန်း ၃ယောက်ထဲ အလိုလို ပါသွားမှာပဲ။

ငွေသား တစ်ဆယ်ကတော့ ပွားတော့မယ်။ မျက်တောင်တစ်ခတ်အတွင်း ငွေတစ်ဆယ်ကနေ ငွေတစ်ရာဖြစ်လာတော့တယ်။ ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်သလဲ။

“ဒုံ” ချင်းဖုန်းကျောင်းတော်က နေ မောင်းသံဟာ ထွက်ပေါ်လာတော့တယ်။ ပထမဆုံး မောင်းသံကြားရင် ကျောင်းတော်ထဲကို ဝင်ရမှာဖြစ်တယ်။

“ဟ ဟ ဖန်ကျန်းရှီ ။ ဗုံသံတောင် ထွက်လာပြီ။ ကျောင်းတော်ထဲကို မင်းဘယ်လိုဝင်မလဲ ကြည့်ရသေးတာပေါ့။” ဗုံသံကို ကြားလိုက်တာနဲ့ လီဟူအာက ဖန်ကျန်းရှီ ဘက်ကို လှည့်လိုက်ပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်တော့တယ်။

နောက်ကနေ လိုက်လာတဲ့ လီကျွမ်းစီနဲ့ မုန့်ကျန်းရှန်းတို့ရဲ့ အကြည့်တွေမှာလည်း အဓိပ္မာယ် တစ်မျိုးတည်းကို တွေ့နိုင်တယ်။ မင်းဘယ်လိုဝင်မလဲ ကြည့်ကျသေးတာပေါ့။

“ဒါဆို သေချာ ကြည့်ထားကျ” ဖန်ကျန်း၇ှီက ပြုံးပြုံးကြီးနဲ့ ချင်းဖုန်းကျောင်းတော်ဆီကို ခေါင်းမော့ ရင်ကော့ပြီး လျှောက်လှမ်းသွားတော့တယ်။ လီဟူအာနဲ့ကျန်တောင်ရွာသားတွေကတော့ မျက်တောင်မခတ်စတမ်းကို စိုက်ကြည့်နေကြပါတယ်။

သိပ်မကြာခင်မှာပဲ ဝင်ခွင့်ကတ် စစ်ဆေးတဲ့ နေရာကို ဖန်ကျန်းရှီ ရောက်ရှိသွားပါတော့တယ်။

“စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြပါ” တံခါးပေါက်မှာ စောင့်ဆိုင်းနေသူကတော့ ဖန်ကျန်းရှီကို တစ်ချက်လေးတောင် မကြည့်ဘဲ သူပြောနေကျ စကားကို အော်ဟစ်လိုက်ပါတော့တယ်။ လီဟူအာနဲ့ ကြည့်နေသူတွေကတော့ လှောင်ပြုံးပြုံးနေကြတော့တယ်။

ဝင်ခွင့်ကတ် မရှိဘဲနဲ့ မင်း ဘယ်လို ဝင်မှာလဲ။ မကြာခင်ပဲ သူတို့မျက်နှာတွေ မဲ့ရွဲ့ ကုန်ကြတော့တယ်။ “စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား” ကို ဖန်ကျန်းရှီက ထုတ်ပြလိုက်ပြီး ခပ်မြန်မြန်ပဲ ကျောင်းတော်ထဲကို ဝင်သွားတာကြောင့်ပဲဖြစ်တယ။် တံခါးစောင့်က ကတ်ကို အနီးကပ်သေချာယူကြည့်လိုက်ပြီး

“ဝင်လို့ရပြီ”လို့အော်ဟစ်လိုက်တာကို သူတို့ သေချာ မြင်တွေ့လိုက်ရတယ်လေ။ လီဟူအာ လီကျွမ်းစီတို့ကတော့ သူတို့ မျက်စိရှေ့မှာ ဖြစ်သွားတာကို ကြည့်ရင်း မျက်လုံးပြူးကြီးတွေနဲ့ ခပ်တိုးတိုးရေရွတ်လိုက်ကြတော့တယ်။ “သူ ဝင် သွား တယ်။”

အပိုင်း (၆၀)ပြီး၏။

All Chapters