အပိုင်း (၆၁-၇၀)
Vol. 1 Ch. 61-70
အပိုင်း (၆၁)
“ဒီလိုမျိုးဟာသ ”
လီဟူအာကတော့ ဖြစ်နိုင်ချေတွေ အများကြီးတွေးထားခဲ့တာ ဖန်ကျန်းရှီက အစောင့်တွေ အလစ်မှာ ခိုးဝင်မယ် ဒါမှ မဟုတ်ရင် တစ်ယောက်ယောက်နောက်မှာ ကပ်လိုက်မယ်။ ဒီလိုတွေ လုပ်မယ်ထင်တာကြောင့် ဖန်ကျန်းရှီ်ကို သေသေချာချာကို စောင့်ကြည့််နေကြတာဖြစ်တယ်။
ဒါပေမယ့် ဖန်ကျန်းရှီက တံခါးစီကို တည့်တည့်မတ်မတ်လျှောက်သွားပြီး စာမေးပွဲကတ်ကို ပြလိုက်တယ်။ ဘာလှည့်စားမှုမှ မလုပ်ပဲ အေးအေးဆေးဆေးနဲ့ပဲ သွားလိုက်တာ။ ဒီကောင့်မှာ ဘယ်လိုလုပ် စာမေးပွဲဖြေခွင့်ကတ် ရှိနေရတာလဲ။
“အစောင့်တို့ ဆရာအစောင့်တို့ ကျွန်တော်သတင်းပေးချင်ပါတယ်။ ဒီကောင်ရဲ့ နာမည်က ဖန်ကျန်း၇ှီပါ ။ စာမေးပွဲကတ်က တခြားတစ်ယောက်ရဲ့ စာမေးပွဲကတ်ပါ။ ”
လီဟူအာတွေးလိုက်တာက ဖန်ကျန်းရှီက သူများရဲ့ စာမေးပွဲကတ်ကို ခိုးလာတယ်လို့ပဲဖြစ်တယ်။ သတင်းပို့မယ်။ စိတ်ဝင်စားစရာပဲ။
သူများ စာမေးပွဲကတ်ကို ယူပြီး စာမေးပွဲဖြေတာက ကိုယ်ကြိုးစားတာကို သူများကို အလကားပေးလိုက်တာနဲ့ အတူတူပဲလေ။ ဘယ်သူက အဲ့လို အရူးအလုပ်လုပ်မှာလဲ။ လီဟူအာရဲ့ အသံကို ကြားလိုက်တဲ့ကျောင်းတော်သားတွေက မယုံကြည်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြတော့တယ်။
အဲ့ဒီ့နောက် တံခါးဝမှာ ရပ်နေတဲ့ ဖန်ကျန်းရှီကိုတွေ့လိုက်ရတော့တယ်။
“ ဟွန့် ဒါက မုန့်ယွိရှုကို ထိပ်တန်းကျောင်းတော်သား ၃ယောက်ထဲ မပါနိုင်ဘူးလို့လောင်းကြေးထပ်သွားတဲ့ အရူးကောင်မလား။”
“ခနနေပါအုန်း။ ဒီမျက်နှာ ။ ဒီရုပ်ကို အတော်လေး ရင်းနှီးနေတယ်။ ”
“တနေရာရာမှာ မြင်ဖူးတာ အသေအချာပဲ။ အိုက်ယား ဒီကောင်က ပန်းရာချီ စုဝေးပွဲက နှာဘူးကောင်မလား။”
ကျောင်းတော်သားတစ်ချို့ကတော့ ဖန်ကျန်းရှီရဲ့ “တကယ့် ပုံစံအစစ်အမှန်ကို ဆွေးနွေးနေကြတော့တယ်။
“ကြည့်ရတာ ဒီနှာဘူးကောင်ရဲ့ နာမည်က ဖန်ကျန်းရှီ ဖြစ်လိမ့်မယ်။ ”
“မုန့်ယွိရှုကိုတောင် ထိပ်တန်းကျောင်းတော်သား ၃ယောက်ထဲမပါနိုင်ဘူးလို့လောင်းသွားရဲသေးတယ်။ သူ့ရဲ့ ဉာဏ်လေး လက်တစ်ဆစ်လောက်နဲ့များ တာအိုနိယာမ စာမေးပွဲကို ဝင်ဖြေအုန်းမယ် တဲ့လား။ ခွေးကျကျတာကို ပဲ စောင့်ကြည့်ရတာပေါ့။ ဟား ဟား ဟား။။။” သူတို့ရဲ့ ဆွေးနွေးမှုက အသံကျယ်လာလေလေ။ တံခါးဝမှာ စောင့်ကြပ်နေကြတဲ့ အစောင့်တွေရဲ့ လီဟူအာကို ကြည့်တဲ့ အမူအယာက ပိုပြီး အေးစက်လာလေပဲဖြစ်တယ်။
“မင်းရူးနေတာလား။ ပြဿနာမရှိ ပြဿနာရှာနေတာလား။ ” အစောင့်ဟာ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အော်ဟစ်လိုက်လိုက်တော့တယ်။
“ဆရာ သူကနာမည်က ဖန်ကျန်းရှီ။ သူပေးလိုက်တဲ့ စာမေးပွဲကတ်က အတုကြီး။” လီဟူအာက သူများတွေ ပြောနေကြတဲ့ နှာဘူးကောင် ဆိုတာကိုတော့ သူမသိပေမယ့် ဖန်ကျန်းရှီ လက်ထဲက စာမေးပွဲကတ်ကတော့ အတုကြီးဆိုတာ သူသေချာတယ်လေ။
“ဒီမှာ မင်းမျက်လုံးကို သေသေချာချာ ဖွင့်ပြီး ကြည့်” အစောင့်ဟာတော့ နောက်ထပ် စိတ်မရှည်နိုင်တော့တာကြောင့် သစ်သား သေတ္တာတစ်ခုကို လီဟူအာဆီ ပြစ်ပေးလိုက်တော့တယ်။
“ ဖန် ဖန်ကျန်းရှီ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ” စာမေးပွဲကတ်ပေါ်က စာလုံးကြီးနှစ်လုံးကို ကြည့်ရင်း အတော်လေးကို အံံ့သြနေတော့တယ်။ တခြားတစ်ဖက်မှာတော့ တံခါးနားမှာ ရပ်နေဆဲဖြစ်တဲ့ ဖန်ကျန်းရှီကတော့ အတော်လေးကို ပျော်မြူးနေခဲ့တယ်။
“အကို ဟူအာ အကိုက အတော် သတ္တိရှိတာပဲ။ တော်ဝင် စောင့်ကြပ်သူတွေကိုတောင် တကယ်ပဲ ဟာသ လုပ်ဝံ့တယ်နော်။ ကောင်းပါပြီ။ ကောင်းပါပြီ။ အကို နိုင်ပါတယ်။ လောင်းကြေးထပ်ထားတာ ကျွန်တော်အရှုံးပေးလိုက်ပါပြီ်။” ဖန်ကျန်းရှီက ပြောရင်းနဲ့ သူ့အိတ်ထဲက ကြေးဒဂါးပြားလေး သုံးပြားကို ထုတ်လိုက်ပြီး လီဟူအာဆီကို ပြစ်ပေးလိုက်တော့တယ်။
လီဟူအာရဲ့မျက်နှာကတော့ အတော်လေးကို မည်းမှောင်နေတော့တယ်။ ဒါက ဘာကို ဆိုလိုတာလဲ။ သူဘယ်တုန်းက အလောင်းအစားလုပ်မိလို့လဲ။ အထင်လွဲနေတာ မလား။
တကယ်ပဲ ကြေးပြားလေး သုံးပြားတော့ရလိုက်ပြီ သူ စဉ်းစားနေချိန်မှာပဲ တစ်ခုခုလွဲနေသလို ခံစားလိုက်ရတော့်တယ်။ တော်ဝင် တံခါးစောင့်တွေရဲ့ အမူအယာက သူ့ထက်ကို ပိုပြီး မှောင်မည်း နေကြတော့တယ်။ မိုးရွာချတော့မယ့် ကောင်းကင်တွေ အတိုင်းပဲ။
“ချွင်” အစောင့်ဟာ အတော်လေးကို ဒေါသထွက်သွားတဲ့ ပုံစံနဲ့ ဓားကို ဆွဲထုတ်လိုက်တော့တယ်.။။ ဒီ အဆင့်နိမ့် တောသားလိုကောင်က သူ့ကို အရူးလုပ်ရဲတယ်။ နောက်ပြီး လောင်းကြေးကလည်း းကြေးပြား သုံးပြား။ ဒီ့ထက် ပိုပြီး ဈေးနည်းတာ ဘာရှိသေးလို့လဲ။
“မင်းသေရင် ဒါမှမဟုတ် ထွက်သွား ရမယ်။” တော်ဝင်အစောင့်ရဲ့ စကားသံတွေဟာ ရေခဲကျောက်ဆောင်တစ်ခုလို အေးခဲလေးလံစွာထွက်ပေါ်လာတော့တယ်။
“တံခါးစောင့် ဆရာကြီး ခင်ဗျား ။ ဒါ ဒါက အထင်လွဲတာပါ။ ကျွန်တော် ဝင်ခွင့်ကတ်တောင် မပေးရသေးဘူးလေ။ ဒီလို ထွက်သွားလို့ မဖြစ်ဘူး။. ” လီဟူအာက ကြောက်လန့်တကြားနဲ့ ပြောတော့တယ်။ ဖန်ကျန်းရှီရဲ့ လှည့်ကွက်က သူ့ အနာဂတ်ကို ပျက်ဆီးစေလောက်တဲ့ အထိ ဆိုးရွားလွန်းတယ်။
“ မင်းရဲ့ သောက်သုံးမကျတဲ့ စာမေးပွဲကတ်နဲ့ ငရဲပြည်ကိုသာ သွားတော့ ။ တခြားသူတွေ နောက်ကျတော့မယ်။ မင်းကို တော့် ဝင်ခွင့် မပြုနိုင်ဘူး။ ” အကုန်လုံးပြောပြီးတဲ့နောက်မှာတော့ အစောင့်ဟာ လီဟူအာရဲ့ စာမေးပွဲကတ်ကိုတော့ ဖြဲမပြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ဒေါသကိုလည်း မထိန်းချုပ်နိုင်ဘူးဖြစ်နေတယ်။
“အကို ဟူအာရေ ကျွန်တော်လည်း မတတ်နိုင်တော့ဘူး ။ တခြားနေရာမှာ သွားထိုင်စောင့်နေတာ ပိုကောင်းမယ်။” ဖန်ကျန်းရှီက ရယ်မောရင်းနဲ့ ဒင်္ဂါးပြားတွေကို ပြန်ယူသွားပြီး ကျောင်းတော်ထဲကို ဝင်သွားတော့တယ်။ လီဟူအာကတော့ အခြားအစောင့်တစ်ယောက်လဲမယ့် အချိန်ထိသာ စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းနေရတော့တယ်.။
မုန်ကျန်းရှန်းနဲ့တခြားသူတွေကတော့ မကူညီနိုင်ကြပေမယ့် လီဟူအာနဲ့ အတူ ထိုင်စောင့်ပေးနေကြတယ်။ စာမေးပွဲကို တစ်ခါဖြေပြီးတဲ့ လီကျွမ်းစီကတော့ ခွင့်ပြုချက်တောင်း စရာ မလိုတော့တဲ့ အတွက် လမ်းလျှောက်ပြီးအ ရင်ဝင်သွားတော့တယ်။ အထဲကိုရောက်သွားတဲ့ ဖန်ကျန်းရှီကတော့ အတော်လေး အလုပ်များနေခဲ့တယ်.။
ရန်ရွှယ်ကို ရှာပြီးတော့ ထိပ်တန်းကျောင်းတော်သား ၃ယောက် အကြောင်းကို ပြောရင်း သူ့ငွေ ဆယ်စကို ငွေသား တစ်ရာ ပွားအောင်လုပ်မယ်လို့တွေးရင်း ကျောင်းတော်တစ်ပတ်ပတ်ရှာတော့တယ်။ ကံမကောင်းစွာနဲ့ပဲ ရန်ရွယ်ကို ရှာမတွေ့ခဲ့ပါဘူး။ ဖန်ကျန်း၇ှီစိတ်တွေ ပူလာပြီး ချွေးစေးတွေတောင် နဖူးကနေ စီးလာတော့တယ်။ သူ ကျောင်းထဲမရောက်သေးတာပဲ ဖြစ်မှာပါ။ စာမေးပွဲ ဝင်မဖြေတာတော့ မဖြစ်နိုင်ဘူးမလား။
သူတွေးရင်တွေးရင်းနဲ့ စိတ်ပူတာ ပိုဆိုးလာတော့တယ်။
“နှာဘူးကောင်။ ဟ ဟ မင်းကို တကယ်ပဲ ဒီမှာတွေ့ရတယ်။ သေဖို့သာပြင်ထားတော့။” အဝါရောင် ဝတ်စုံဝတ်ထားတဲ့ မုန့်ယွိရှုဟာတော့ ဖန်ကျန်းရှီနောက်နားမှာ ပေါ်လာတော့တယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ လေထုဟာ ပေါက်ကွဲတော့မယ့် အရိပ်အယောင်တွေ ပျံ့နှံ့လာတော့တယ်။
စာမေးပွဲဖြေဖို့စောင့်ဆိုင်းနေကြတဲ့ ကျောင်းတော်သားတွေကတော့ လန့်ဖြန့်သွားကြတော့တယ်။ သူတို့တိုက်ခိုက်ကြတော့မယ်လို့ငါ့ကို မပြောနဲ့နော်။ ဒါက ချင်းဖုန်းကျောင်းတော်ရဲ့ တာအိုနိယာမ အတွေးအခေါ်စာမေးပွဲအတွက် စစ်ဆေးချက်နော်။ ဒီနေရာမှာ ဘယ်သူကမှ ဆူဆူညံညံလုပ်ရဲတာမဟုတ်ဘူး။
သူလက်ထဲက ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ရင်း ရေခဲတမျှ အေးစက်နေတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တော့တယ်။ ကြည့်နေကြတဲ့ လူအုပ်ကြီးကတော့ အတော်လေးကိုအထိတ်တလန့်ဖြစ်နေကြတော့တယ ်။ ဒီကောင်တွေ စာမေးပွဲဖြေခွင့်ကနေ ထုတ်ခံရမှာ မကြောက်ကြဘူးလား။
သူတို့ရဲ့ ပါးစပ်တွေကို တင်းတင်းစေ့ရင်း ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေကြတော့တယ်။ အကယ်ရဲ့ ဒါက မုန့်ယွိရှုသာ ဖြစ်ခဲ့မယ်ဆိုရင်ရလဒ်ကပြောင်းလဲသွားလိမ့်မယ်။ ပထမဆုံးပြောရရင် မုန့်ယွိရှုက ချင်းဖုန်းကျောင်းတော်က ကျောင်းတော်သားတစ်ယောက် ဒါကြောင့် သူ့ကျောင်းတော်ဆိုတာ သူ့အတွက် ဒုတိယအိမ်ပဲ။ ဒုတိယအနေနဲ့ မုန့်ယွိရှုက မြို့တော် စာမေးပွဲကို တိုက်ရိုက်ဖြေဖို့အတွက် ခွင့်ပြုချက်ရပြီးသားဖြစ်တယ်။
“မုန့်ယွိရှု” ဖန်ကျန်းရှီက သူ့ မြင်ကွင်းထဲမှာ ပေါ်လာတဲ့ လူကို အသိစိတ်ရ ချက်ချင်း အတည်ပြုမိသွားတော့တယ်။ မုန့်ယွိရှုရဲ့ ဓားကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း မချိပြုံးနဲ့ ပြုံးနေတဲ့ ပုံစံက ဖန်ကျန်းရှီကို အတော်လေး မထီမဲ့မြင်အသွင်ပေါက်နေ တော့်တယ်။
“ငါ ရန်ရွှယ်ကို ရှာလိုက်အုန်းမယ်။” ဖန်ကျန်းရှီအတွက်တော့ ငွေတွေက အရေးကြီးတယ်။ အဓိပ္မာယ် မရှိပဲ တိုက်ခိုက်တာမျိုးတော့ သူမလိုချင်ဘူးလေ။ “ရန်ရွှယ်” မုန့်ယွိရှုက ပန်းရာချီစုဝေးပွဲမှာ ဖြစ်ခဲ့တာကို သတိရသွားတော့တယ်။ ဒီကောင်လေးနဲ့ ရန်ရွှယ်က ဘယ်လို ပတ်သတ်တာလဲ။ နေုာက်ပြီး ယစ်မူးရီေ၀ စားသောက်ဆိုင်မှာ ပေါ်လာခဲ့တာကကော တိုက်ဆိုင်မှု တစ်ခုပဲလား။ ဒါမှ မဟုတ် ဒီကောင်က ရန်ရွှယ်နဲ့ တစ်ကယ်ပဲ ပတ်သတ်မှု ရှိနေတာလား။
တကယ်ပဲ သူတို့က မိတ်ဆွေတွေဖြစ်နေကြရင်ကော …. ဘာလုပ်ရမှာလဲ။ အရှုံးပေးလိုက်ရမှာလား။ မုန့်ယွိရှု အတော်လေးကို မကျေမနပ်နိုင်ဖြစ်နေတော့တယ်။ လူအများကြီးရှေ့မှာ အရှက်ကွဲ လိုက်ရတာအပြင် ငွေသားတစ်ရာပါ ဆုံးရှုံးခဲ့ရတယ်။ ဒီအခြေအနေမှာ သူပုံစံက ဘယ်လိုပဲ ဖြစ်နေနေ တခြားသူကို ဒီလို လုပ်တာကတော့ ဖြစ်နိုင်ချေမရှိဘူး။
တခြားသူက ဒီနေရာမှာ ပေါ်လာတယ် ဆိုရင်တောင် ဖြစ်နိုင်ချေက တစ်ခုပဲရှိတယ်။ တာအိုနိယာမ စာမေးပွဲကို လာဖြေတာပဲ။ ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် တခြားသူကို သူ အတွေးအခေါ် စာမေးပွဲမှာ နိုင်မှာ မဟုတ်ဘူး ။ ဒါပေမယ့် တိုက်ခိုက်ရေးစာမေးပွဲမှာတော့ ပြောမရဘူး။ အချိန်ရောက်လာရင် အခွင့်အရေးကို ကောင်းကောင်းအသုံးချပြီး … ဒုက္ခိတ ဖြစ်သွားအောင် လုပ်ရမလား။ တခါတည်း အသေသတ်လိုက်ရမလား။
သူ့ရဲ့ ဂုဏ်ရည်နဲ့ တာအိုမုခ်ကို အောင်ထားတဲ့ အကြောင်းရင်းနဲ့ဆိုရင် အများဆုံးမှ သတိပေးခံရရုံပဲရှိမှာ။ တာအိုနိယာမှ စာမေးပွဲမှာ တခြားသူတွေလည်း ထိခိုက်နေကြပဲလေ။ ဒီလိုဆို ရန်ရွှယ်လဲသူ့ကို ဖိအားပေးတော့မှာ မဟုတ်ဘူး။ ဒီအထိတွေးပြီးတဲ့နောက် မုန့်ယွိရှုရဲ့မျက်နှာပေါ်မှာ ကောက်ကျစ်တဲ့ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာတော့တယ်။
ဖန်ကျန်းရှီကို ကြည့်နေတဲ့ သူ့အကြည့်တွေကတော့ လက်ထဲကသားကောင်ကို ကြည့်သလိုမျိုး ပိုက်ကွန်ထဲက ငါးကို ကြည့်တဲ့အကြည့်မျိုးနဲ့ သိပ်ကို ပိုင်နိုင်လွန်းနေတယ်။ ရေခဲဓားသွားလို ထက်မြက်လွန်းတဲ့ အကြည့်တွေ တစ်ဖန်ပြန်ရောက်လာချိန်မှာတော့ ။
“မင်းက ရန်ရွှယ်ကို ရှာနေတာလား။ ငါကြားတာ ဟုတ်မှ ဟုတ်ရဲ့လား။ ရန်ရွှယ်က အတွေးအခေါ် စာမေးပွဲကို ဝင်မဖြေဘူးလေ။” မုန့်ယွိရှုက သိပ်ကို ကြီးမြတ်လှတဲ့ သခင်လေး အသွင်နဲ့ ပြောလိုက်တော့တယ်။
အပိုင်း (၆၁)ပြီး၏။
အပိုင်း (၆၂)
“ဘေးချင်းယှဉ်လျက်ထိုင်ရခြင်း”
“ရန်ရွှယ်က အတွေးအခေါ်စာမေးပွဲကို မပါဝင်ဘူးပေါ့။ ” ဖန်ကျန်းရှီက အနည်းငယ် သတိလွတ်သွားသလို ဖြစ်ပြီး အိမ်မက်ကမ္ဘာထဲရောက်နေသလို ခံစားလိုက်ရတော့တယ်။ မိုးထိအောင် ထောင်ထားတဲ့ လှေကားက အခုတော့ ပြိုကျပြီလေ။
လောင်းထားသမျှ ငွေစတွေ အကုန် လေထဲပျံသွားပြီလား။ မဟုတ်ဘူး မဟုတ်ဘူး။ သွေးချွေးနဲ့ရင်းပြီး ရလာတဲ့ငွေလေးတွေ အကုန်တော့ မခံနိုင်ဘူး။
ဖန်ကျန်းရှီ ဒေါသတွေ မီးတောက်လာတော့တယ်။ ရန်ရွှယ် မရှိဘဲနဲ့ တခြားနေရာနှစ်ခုကို ရအောင် ဘယ်လို ယူရမလဲ။ ဒီဖိအားက တကယ့်ကို ကြီးလွန်းပါတယ်။ တခြားသူ နှစ်ယောက်ကို အဖြေလွှာပေးလိုက်ပြီး နည်းနည်းပဲပြင်လိုက်ရင် ဒီအဖြေလွှာ ပုံစံတူကို ပဲဖြေတဲ့ သုံးယောက်ဖြစ်နေခဲ့ရင် သူ အတော်လေး ဒုက္ခများလိမ့်မယ်။
တကယ်ပဲပြီးဆုံးပြီ။
မုန့်ယွိရှုကတော့ အစကတော့ စကားနဲ့ကျောပြီးထွက်သွားဖို့ ပြင်လိုက်ပေမယ့် ဖန်ကျန်းရှီရဲ့ ပြောင်းလဲသွားတဲ့ အမူအယာကို ကြည့်ရင်း သူ့စိတ်အလျဉ်ကတော့ မီးအိမ်တစ်ခုကို လင်းလက်သွားတော့တယ်။
“ဒီကောင်စုတ်လေးက ရန်ရွှယ်ကို ရှာပြီးတော့ ငါ့ကို လှည့်စားချင်တာလား.” မုန့်ယွိရှုဟာ ဖန်ကျန်းရှီက တာအို နိယာမ စာမေးပွဲကို သူ့အရည်အချင်း နဲ့သူ ကျော်ဖြတ်နိုင်မယ်လို့ မတွေးထားဘူး။ ဒါကြောင့် ရန်ရွှယ်ကို တွေ့ရင် သူ့ဘေးမှာ ထိုင်ခိုင်းပြီး ကူးချမှာပဲ ဖြစ်ရမယ်လို့တွေးလိုက်တယ်။
“ညီငယ်လေး ငါတို့တွေ့ကြပြန်ပြီဆိုတော့ အတူတူထိုင်ရင်ကောင်းမလား။” မုန့်ယွိရှုက ရယ်မောရင်းနဲ့ ပြောလိုက်ပြီးတော့ ယဉ်ယဉ်ကျေးကျေး ပြောလိုက်တော့တယ်။
“အတူတူထိုင်မယ်” ဒါကို ကြားလိုက်ရတော့ စိတ်ရှုပ်နေရတဲ့ ဖန်ကျန်းရှီရဲ့ မျက်နှာ ပြန်ပြီ ဝင်းပလာတော့တယ်။ အိမ်မက်ထဲရောက်နေသလိုမျိုးဖြစ်နေတဲ့ ဖန်ကျန်းရှီလည်း အခုမှပဲ စိတ်နဲ့လူ ပြန်ကပ်တော့တယ်။ ဒီခံစားချက်ကြီးကတော့ ငွေတုံးတွေ ကိုယ့် မျက်စိရှေ့မှာ ပျံသွားလိုက် ပြန်လာလိုက် လုပ်နေတာကို ဘာမှ မလုပ်ပဲ ထိုုင်ကြည့်နေရသလိုမျိုးပဲ။
သိပ်ပြီး ရှုပ်ရှုပ်ထွေးထွေး မစဉ်းစားတော့ပဲနဲ့ “ ကောင်းပြီလေ။ အတူတူ ထိုင်ကြတာပေါ့။” ဖန်ကျန်းရှီက ရယ်မောလိုက်ရင်းနဲ့ ပျော်ပျော်ရွှင်ရွှင် သဘောတူလိုက်တော့တယ်။ မုန့်ယွိရှု မျက်ဝန်းတွေထဲမှာတော့ ပျော်ရွှင်နေတဲ့ အရိပ်အယောင်တွေ ပိုပြီးတော့ တောက်ပလာတော့တယ်။ သူမှန်တာသာ မမှားခဲ့ရင်။ ဒါက သူ့သားကောင်လေး လက်ထဲကို ရောက်နေပြီပဲ။
“ဒါဆို ငါတို့….”
“အကို မုန့်ပြောချင်တာက ကျွန်တော်တို့ အတူတူ ထိုင်ရင် အဖြေလွှာတွေကို လဲပြီး စစ်သင့်တယ် လို့်ပြောမလို့လား” မုန့်ယွိရှုရဲ့ စကား မဆုံးခင်မှာပဲ ဖန်ကျန်းရှီက စကားစ ဖြတ်ပြောလိုက်တော့တယ်။
“ဟ ဟ ဟ … မှန်တာပေါ့ အဖြေလွှာတွေ လဲစစ်ချင်တာ ဟ ဟ ဟ ” မုန့်ယွိရှုက စကားတောင် ထပ်မပြောနိုင်တော့ဘဲ ရယ်သာ ရယ်နေတော့တယ်။
ဖန်ကျန်းရှီဟာ လည်း လည်ချောင်းတွေ နာလောက်တဲ့ အထိကို ရယ်မောနေပါတယ်။ သူရဲ့ မျက်နှာကတော့ မတ်လရဲ့ နေမင်းကြီးထက်တောင် တောက်ပနေသယောင်ပါပဲ။ အဲ့ဒီ့နောက်မှာတော့
ဖန်ကျန်းရှီနဲ့ မုန့်ယွိရှုတို့က ရယ်မောရင်း ပုခုံးချင်းယှဉ်လျက် လျှောက်သွားကြပြီး ဘေးကပ်လျက် ထိုင်လိုက်ပါတော့တယ်။ အခြားသော ကျောင်းတော်သားတွေကတော့ မယုံကြည်နိုင်တဲ့ အမူအယာတွေနဲ့ ကြည့်နေကြပါတော့တယ်။
“ဘာတွေဖြစ်ကုန်တာလဲ“ တစ်ယောက်ကို တစ်ယောက် အခုပဲ ထသတ်တော့မယ့် ပုံစံမျိုးနဲ့ အခုတော့ ရယ်မောရင်း ဘေးကပ်လျက်တောင် ထိုင်နေကြတာလား။
“အပြောင်းအလဲက မြန်လွန်းလိုက်တာ ။” ကျောင်းတော်သားတွေလည်း မျက်စိလည် ကုန်ကြတော့တယ်။
“မိတ်ဆက်ပါရစေ ငါက မုန့်ယွိရှု”
“ ဖန်ကျန်းရှီ”
“ဟ ဟ ဟ” သိပ်မကြာခင်မှာပဲ အတွေးအခေါ် စာမေးပွဲစစ်သူတွေဟာ ခန်းမထဲကို ဝင်ရောက်လာတော့တယ်။
ဝတ်ရုံနက်တွေကို ဆင်မြန်းထားသူတစ်ချို့ကတော့ လျှောက်လှမ်းလာကြပြီး အတွေးအခေါ် စာမေးပွဲရဲ့ စည်းကမ်းချက်တွေၤကို ဖတ်ကြားကြတောတ့ယ်။
စည်းကမ်းချက်တွေကတော့ ရိုးရှင်းပါတယ်.။ ဥပမာ အားဖြင့် - တီးတိုးတိုင်ပင်ခြင်း မပြုရ ခွင့်ပြုချက် မပါပဲ အပြင်မထွက်ရ အကယ်၍ ခိုးချတာကိုသာ မိမယ်ဆိုရင် စာဖြေခန်းထဲက ထွက်သွားရမယ်။ အဆင့်တွေကိုလည်း ထုတ်ပြန်ပေးမှာ မဟုတ်တော့ဘူးဖြစ်တယ်။ စသည်ဖြင့်ပေါ့။
မုန့်ယွိရှုနဲ့ဖန်ကျန်းရှီတို့ကတော့ အဖြေလွှာလဲဖို့ကိစ္စကို တရားဝင် တိုင်ပင်ထားတဲ့အတွက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတောတ့ယ်။ အကြည့်တွေနဲ့ စကားပြောနေကြတာ ဖြစ်တဲ့အတွက် ဘာသာပြန်ရရင်တော့ ။
“မစိုးရိမ်ပါနဲက ငါ့အဖြေလွှာ မင်းကို ပေးမှာပါ။ ” ပထမဆုံး စာမေးပွဲဟာတော့ ဖြေဆိုချိန် နှစ်နာရီတိတိဖြစ်တယ်။ စာမေးပွဲ စည်းမျဉ်းတွေကို ဖတ်ကြပြီးနောက်မှာတော့ စာစစ်သူတွေ စာမေးပွဲစောင့် တွေ ဟာ မေးခွန်းစာရွက်တွေကို ဝေပေးတော့တယ်။
တစ်ယောက်ကို တစ်ယောက် လက်ဆင့်ကမ်းရင်း မေးခွန်းစာရွက် ရောက်လာချိန်မှာဖတ်ကြည့်လိုက်တော့ ဒါက တာအိုနိယာမရဲ့ အဓိပ္မာယ်ကို ရှင်းပြခိုင်းတဲ့ အခြေခံ မေးခွန်းတွေပဲဖြစ်နေတယ်။ အကုန်လုံးက ကျော်ကြားလှတဲ့ မူလ စာအုပ်ထဲက စာတွေပဲ။
ဒီလို မေးခွန်းအများကြီးကို နှစ်နာရီအတွင်း ပြီးအောင်ဖြေရမယ်။ သာမာန်လူအတွက်ဆိုရင်တော့ အတော်လေးကို မလွယ်ကူနိုင်တာပဲ။
ဥပမာအားဖြင့် မေးခွန်းထဲမှာ စွမ်းရည်မြင့်မားလွန်းသော သတ္တဝါကြီးလေးမျိုးက ဘာတွေလဲ။ ဒါက ဓလေ့ထုံးတမ်း စာအုပ်ရဲ့ “ပွဲတော်များ၏ ကျင်းပပုံ ” အခန်းက ပဲဖြစ်တယ်။ ဒီမေးခွန်းကိုကြည့်လိုက်နဲ့ ဒီတာအို အတွေးအခေါ် စာမေးပွဲရဲ့ ခက်ခဲတဲ့ အဆင့်ကို ခန့်မှန်းနိုင်တယ်။ တကယ်တမ်းတော့ မေးခွန်းက ဖြေဖို့မခက်ခဲပါဘူး။ တာအိုနိယာမတွေနဲ့ ရင်းနှီးနေဖို့ပဲလိုအပ်တာဖြစ်တယ်။ ဒီမေးခွန်းကို အသေအချာ ရှင်းပြဖို့ပေါ့။ ဒီလိုရှင်းပြဖို့ကလည်း မူလရင်းမြစ်တွေကို မသိထားရင် လွယ်မှာ မဟုတ်ပြန်ဘူး။
မှန်မှန်ကန်ကန် မစဉ်းစားမိရင်လည်း အခက်တွေ့အုန်းမှာ ဒါကို သေချာ စဉ်းစားဖို့ အချိန်လိုတယ်။ နောက်ပြီး ချရေးဖို့ အတွက်လည်း အချိန်က လိုသေးတယ်။
“ ချီလင်။ ဖီးနစ် ။ လိပ်မြွေ။ နဂါး မူလသတ္တဝါ ဘုရင် လေးမျိုးတည်ရှိခဲ့သည် ။ နဂါးသည် တိရစ္ဆာန်အားလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။ (တခြားသော) ငါး နဲ့ စတာဂျင်ကဲ့သို့သော ငါးကြီးမျိုးအပြင် ရွှံ့မြေမှ ဖန်တီးထားသော လူသားများ အပေါ်တွင်တော့ အာဏာ မတည်ပေ။ ဖီးနစ်ငှက်ပေါ်ထွက်လာချိန်မှာတော့ ငှက်တွေဟာ ကြောက်ရွှံ့ခြင်း ကင်းစင်ကြကုန်သည်။ ချီလင်ဟာတော့ သားရဲတိရစ္ဆာန်များအတွက် ထိတ်လန့်ကြောက်ရွှံ့နေရခြင်း ကင်းစေရန် ဆောင်ရွက်ပေးခဲ့သည်။ လိမ်မြွေပေါ်ထွက်လာချိန်မှာတော့ လူသားများဟာလည်း အမှားအယွင်း ကင်းစွာ ရှင်သန်နိုင်ကြပြီဖြစ်သည်။” ဖန်ကျန်းရှီကတွေးတောရင်းနဲ့ အဆက်မပြတ် ချရေးလိုက်တော့တယ်။ သူ့ဘေးမှာ ထိုင်နေတဲ့ မုန့်ယွိရှုကတော့ ဖန်ကျန်းရှီ စတင်ရေးသားနေတာကိုတွေ့လိုက်တော့တယ်။
သူများကို ကြည့်နေရင်း သတိဝင်လာချိန်မှာတော့ သူ့ရဲ့ စိတ်နှလုံးထဲမှာ အနည်းငယ်တော့ အေးခဲသွားတော့တယ်။ ဒီကောင်လေး ကိုယ့်ဘာကိုယ ် ဖြေတယ်ဆိုရင်တောင် မေးခွန်းကို သေချာဖတ်ပြီးမှ စာစစ်သူက ဒီစာမေးပွဲမှာ ဘာကို အလေးထားပြီး လုပ်စေချင်တာလဲဆိုတာကို စဉ်းစားပြီမှ ဖြေသင့်တယ်။
အဲ့ဒီ့နောက် တာအို နိယာမရဲ့ ဘယ်အမျိုးအစားကို အဓိက ဖြေစေချင်တာလဲ ဆုံးဖြတ်သင့်တယ်။ ဖန်ကျန်း၇ှီကတော့စုတ်တံကို ကိုင်လိုက်တာနဲ့ ဈာန်ဝင်သွားပြီး မနားတမ်း စဉ်းစားရေးနေတော့တယ်။ အဓိက အချက်ကို စဥ်းစားမိသွားတဲ့ မုန့်ယွိရှုကတော့ စိတ်ငြိမ်ငြိမ်ထားပြီး စရေးတော့တယ်။ တခြားသော ကျောင်းတော်သားတွေကလည်း စရေးနေကြတော့တယ်။
တာအို ခန်းမကြီးတစ်ခုလုံးကတော့ အပ်ကျသံ မကြားရလောက်တဲ့ အထိကို တိတ်ဆိတ်နေတော့တယ်။ စာဖြေသူတွေက မေးခွန်းလက်ထဲရောက်လာတာနဲ့ ပထမဆုံးလုပ်တာက မေးခွန်းကိ ု ခွဲခြားစိတ်ဖြာတာပဲ။ ဖန်ကျန်းရှီလို အတွေ့အကြုံမရှိသေးသူတွေကတော့ မေးခွန်းတွေ့တာနဲ့ဖြေတာပဲ ဖြစ်တဲ့ အင်္တွက် သူတို့ကို လည်း လျှော့တွက်လို့ မရပြန်ဘူး။
ဒီလောက က လူတွေသိတာက စာအုပ်တစ်အုပ်ပဲရှိတယ်။ တာအိုနိယာမ။ ဒီစာအုပ်က သေချာတော့ ခွဲခြားထားတာမဟုတ်ဘူး။ စာအုပ်လေးအုပ် ဂန္တဝင် ငါးမျိုးတို့လို။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ အတွေးအမြင်ကတော့ ကွဲပြားတယ်။ တာအိုနိယာမ စာအုပ်ကို ဖတ်တည်းမှာ ဒီစာအုပ်ထဲက အကြောင်းအရာတွေကို ခေါင်းစဉ်အလိုက် ခွဲခြားမှတ်သားထားတာဖြစ်တယ်။
ဥပမာအားဖြင့် အဓိက ခေါင်းစဉ်ကြီးလေးခု ကွန်ဖြူးရှပ်စ်ရဲ့ ဂန္တဝင်။ လူသားအရင်းအမြစ် ။ ဘာသာတရားးများ ။ ယုံကြည်ချက်များ နှင့် လုပ်ငန်းစဉ်များ ဖြစ်တယ်။ ခေါင်းစဉ်ခွဲ အသေးလေးတွေ ထပ်ခွဲရရင်တော့ ပြောင်းလဲမှုများ။ ကဗျာများ။ ဓလေ့ထုံးတမ်းများ ။သမိုင်း ။ နွေဉီးနှင့် ဆောင်းဦး။ မင်းဆက်အလိုက်လဲ ခေါင်းစဉ်တွေ ပြန်ခွဲထားသေးတယ်။
တခြားသော စာဖြေသူတွေကတော့ စာစစ်သူရည်ရွယ်ထားတဲ့ မေးခွန်းပုံစံက မင်းဆက်တွေ အလိုက် စီစဉ်ထားတာ ဖြစ်မယ်လို့ တွေ့ရှိပြီးနောက်မှာမှ စတင်ဖြေဆိုကြတာဖြစ်တယ်။
တနာရီ ကြာပြီးနောက်မှာတော့ ဖန်ကျန်းရှီက အကုန်ဖြေဆိုပြီး ဖြစ်တဲ့ အတွက် စုတ်တံကို လက်ထဲကနေချလိုက်တော့တယ်။ အရာအားလုံးက မျောလွင့်နေတဲ့တိမ် စီးဆင်းနေတဲ့ ရေအလျဉ်လိုမျိုး ချောချော မွေ့မွေ့နဲ့ ပြီးဆုံးသွားတော့တယ်။ သပ်ရပ်ရှင်းလင်းနေတဲ့ သူ့အဖြေလွှာကို ကြည့်လိုုက်ရင်း ဖန်ကျန်းရှီကတော့ သူ့ကိုယ်သူ အမှတ်ပြည့်ပေးလိုက်တော့တယ်။ ဒါပေမယ့် အတွေးအခေါ် စာမေးပွဲက စောစောပေးထွက်လေ့ မရှိတာကြောင့် သူ့နေရာမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေလိုက်တော့တယ်။ အဲ့ဒီ့နောက် မုန့်ယွိရှု ဘက်ကို လှည့်ကြည့်လိုက်တော့တယ်။ သူ့ပုံစံကတော့ “ငါဖြေပြီးပြီ။ စာရွက်လဲကြရအောင်” ဆိုတဲ့ သဘောမျိုးဆောင်နေပါတယ်။
အပိုင်း (၆၂)ပြီး၏။
အပိုင်း (၆၃)
“ တိုင်ကြားခြင်း”
မုန့်ယွိရှုကတော့ မေးခွန်းတွေကို ဖတ်ရှုရင်း နဲ့ အတွေးနွံထဲနစ်မြုပ်နေတော့တယ်။ သူ့ကို တစ်စုံတစ်ယောက် ကြည့်နေတာကို ခံစားရပြီးနောက်မှာတော့ ဖန်ကျန်းရှီက သူ့ကို မျက်တောင်မခတ်စတမ်းကြည့်နေတာကို တွေ့လိုက်ရတော့တယ်။
“ဒီကောင်ပြီးသွားပြီ။ မဖြစ်နိုင်လိုက်တာ ။ ဟန်ဆောင် နေတာလား။ ဒီအချိန်မှာ ကူးချဖို့များ တွေးနေတာလား။ ” ဒါကို တွေးမိသွားတော့ မုန့်ယွိရှုရဲ့ နှလုံးထဲမှာ အေးခဲသွားတော့တယ်။ သူဖြေထားတဲ့ အဖြေလွှာကို ကြည့်လိုက်တော့ ရေးနေတာ မပြီးသေးဘူး။
ဒါပေမယ့် ဒီအတွေးအခေါ်စာမေးပွဲမေးခွန်းက လည်း ခက်တာ မဟုတ်ဘူးလေ ။ ဒါကြောင့် သူက သူ့ရဲ့ ပထမဆုံး တွေးထားတဲ့ အစီအစဉ်ကို ဆက်လုပ်ဖို့ စီစဉ်လိုက်တော့တယ်။ ဖန်ကျန်းရှီကို အတွေးအခေါ်စာမေးပွဲမှာ အောင်မြင်အောင် ကူညီပေးပြီးတဲ့နောက် တိုက်ခိုက်ရေး စာမေးပွဲမှာ …
“ ဟီး ဟီးး ” မုန့်ယွိရှုက သူ့အကြောင်းကို တွေးလိုက်ပြီးတဲ့နောက် စိတ်ထဲမှာ လှောင်ရယ်နေတော့တယ်။
ဒီ အစီအစဉ်က အရမ်းကို ကောင်းလွန်းတယ်။ ဖန်ကျန်းရှီကို ကူညီဟန်ပြလိုက်ရင် တခြားသူလည်း သူ့အပေါ် အမြင်ကြည်လင်သွားမှာပဲ။ ဒီအချိန်ရောက်ရင်တော့ ဒီကောင်စုတ်လေးကို စိတ်ကြိုက်နင်းချေလို့ ရပြီ။ ဒါက လုံးဝကို ရိုးရှင်းတဲ့ စိတ်ပိုင်းဆိုင်ရာကော အမူအယာပိုင်း ဆိုင်ရာပါ ဖိနှိပ်နိုင်မှာပဲဖြစ်တယ်။
ဒါကြောင့် မုန့်ယွိရှုဟာ သူ့အဖြေလွှာကို နောက်တစ်ကြိမ် ပြန်ကူးရင်း ဖန်ကျန်းရှီအတွက် အဖြေလွှာကို ပြင်ဆင်နေတော့တယ်။ သူ့ဘေးနားမှာ ထိုင်နေတဲ့ ဖန်ကျန်းရှီရဲ့ မျက်နှာကတော့ ပြုံးနေတော့တယ်။ ဒါပေမယ့် အဖြေလွှာကို ပြန်ကူးနေတာက တကယ့်ကို အချိန်များများလိုတယ်လေ။
ဖန်ကျန်းရှီကတော့ စိတ်ရှည်လက်ရှည်နဲ့ ငြိမ်ငြိမ်သက်သက်လေး ထိုင်စောင့် နေတော့တယ်။ အခြားသော စာဖြေသူတွေကတော့ သူတို့ခေါင်းတွေကို ဟိုလှည့် သည်လှည့် လုပ်ချိန်မှာ ဖန်ကျန်း၇ှီ အေးအေးဆေးဆေးနားနေတာကို သူတို့တွေ့လိုက်တော့
“ဒီကောင်က ဖြေပြီးပြီလား။”
“ဒါက ဘယ်လို ဖြစ်နိုင်တာလဲ။”
“ငါ့ဘဝမှာ ဒီလောက်မြန်မြန်စာဖြေပြီးတဲ့သူ မြန်တဲ့သူ မတွေ့ဖူးဘူး။”
စပ်စုခြင်းတစ်ချို့ပြီးတဲ့နောက်မှာတော့ စာဖြေသူတွေက စတင်ပြီးတော့ နားလည်လာတော့တယ်။ ဖန်ကျန်းရှီရဲ့ ပုံစံကို ကြည့်ပြီးတော့ အတော်လေးကို ပျော်လာတဲ့ ပုံပဲ။
တာအို နိယာမစာမေးပွဲကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ရင်းနဲ့ပေါ့။ ဒါက အတော်လေးကို ရိုးရှင်းတဲ့ ဟာသ တစ်ခုပဲ။
“နှာဘူးကောင်” “တောသားငနုံ” ။ စာဖြေတာ မပြီးသေးတဲ့ ကျောင်းတော်သားတွေရဲ့ မျက်နှာတွေမှာတော့ မကျေမနပ်ဖြစ်နေတဲ့ အမူအယာ တွေပေါ်လာတော့တယ်။
သူတို့ရဲ့ ဒေါသတွေကို ထိန်းရင်းနဲ့ ဒီကောင်စုတ် အောင်စာရင်း ထွက်လာချိန်မှာ ဘယ်လို ဖြစ်မလဲဆိုတာ စောင့်ကြည့်ဖို့ကိုပဲ တွေးနေကြတော့တယ်။ အချိန်ကျလာရင်တော့ ဒီကောင်စုတ်ရဲ့ ရလဒ်ကို သိရမှာပါ။
မုန့်ယွိရှုက အကုန်လုံး နီးပါး ကူးပြီးတော့မှာ ဖြစ်တယ်။ သူကူးထားတဲ့ အဖြေလွှာကို ကြည့်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ အဖြေလွှာက အနည်းဆုံး တော့ ငွေသားတစ်ရာတန်တယ်ဆိုတာ သူ့ကိုယ်သူ ယုံကြည်တယ်။
ပထမတန်းစားကို မရနိုင်ရင်တောင် ဒုတိယတန်းတော့ ရမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီကောင်စုတ် စာမေးပွဲကို ဘယ်လိုဖြေဖြေအောင်မြင်ရမယ်။ ပထမတန်းနဲ့ ဒုတိယတန်းစား ကျောင်းသားတွေက အများကြီး ကွာခြားချက် မရှိဘူးလေ။ မုန့်ယွိရှုက သူ့ရဲ့စာရွက်ကို ကိုင်ရင်းနဲ့ ဖန်ကျန်းရှီကို အဓိပ္မာယ် ပါပါ ကြည့်လိုက်တော့တယ်။
ဒီအချိန်မှာတော့ ဖန်ကျန်းရှီက လုံးဝကို အိပ်ပျော်တော့မှာဖြစ်တယ်။ သူ့ရဲ့မျက်လုံးတွေက ပိတ်နေပြီးခေါင်းဟာလည်း ခုံပေါ်ကို ကျနေတော့တယ်။ မုန့်ယွိရှု ဘယ်လိုပဲကြည့်ကြည့် သူကတော့ သတိပြုမိမှာမဟုတ်ဘူး။ မုန့်ယွိရှုက အတော်လေးကို စိုးရိမ်လာတော့တယ်။
ဒီကောင်က ဘာလို့ အခုချိန်ထိ အိပ်ပျော်နေတာလဲ။ စာမေးပွဲမအောင်ချင်တော့ဘူးလား။
“အဟွတ် ဟွတ်” မုန့်ယွိရှုက သူ့ကို သတိပြုမိအောင် ချောင်းဆိုးပြလိုက်တော့တယ်။ ဖန်ကျန်းရှီဟာတော့ ဒီအသံကို ကြားလိုက်တာကြောင့် သူ့မျက်လုံးတွေ တဖြည်းဖြည်းချင်းပွင့်လာတော့တယ်။
အဲ့ဒီ့နောက် သူ့ရဲ့ ဘေးပတ်လည်ကို ကြည့်လိုက်တော့ သူ့ကို စိုက်ကြည့်နေတဲ့ မုန့်ယွိရှုကို တွေ့လိုက်ရတော့တယ်။
ဖန်ကျန်းရှီက သူ့မျက်လုံးကို ဖွင့်လိုက်ရင်း လက်ဖဝါး နှစ်ဖက်ကို စားပွဲပေါ် လှန်ပြလိုက်တော့တယ်။ သူဘာမှ လုပ်စရာမရှိဘူးဆိုတဲ့ ပုံစံကိုပြောလိုက်တော့တယ်။ မုန့်ယွိရှု ကတော့ သူ့လက်ထဲက အဖြေလွှာကို ကြည့်ရင်း တစ်ခုခုမှားနေတာကို သိသွားတဲ့ ပုံစံပါပဲ။
သူတို့ အဖြေလွှာကို လဲဖို့ ဆုံးဖြတ်ခဲ့တာကို အခုတော့ ဟိုကောင်က စာရွက်မရှိဘူးလို့ပြောနေတာလား။ ငါ့ကို လှည့်စားချင်နေတာလား။ တွေးရင်း တွေးရင်းနဲ့ မုန့်ယွိရှုရဲ့ မျက်နှာက စူပုတ်နေတော့တယ်။ ဒီကောင်စုတ်က ဒီလောက်အများကြီးရေးပြီးတော့မှ ငါ့ကို ဘာမှ မရှိဘူးဆိုပြီး ပြနေတယ်။
ကိုယ့်ဘာကိုယ် တကယ်ပဲ အတွေးအခေါ်စာမေးပွဲကို အောင်မြင်အောင်ဖြေမလို့လား။ ဒီလိုသာ ဖြစ်မယ်ဆိုရင်တော့ ဒါကပြသနာ မဟုတ်ပါဘူးလေ။
ဒါပေမယ့်လည်း ငါက သူ့ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်အောင် လုပ်ပေးဖို့ ဆုံးဖြတ်ထားတာ ဒီကိစ္စလုပ်ကို လုပ်ရမယ်။ ဒါကြောင့် သူ့ရဲ့ အဖြေစာရွက်ကို လိပ်ပြီးတော့ ဖန်ကျန်းရှီရဲ့ စားပွဲပေါ်ကို ပြစ်ချလိုက်တော့တယ်။
သူ့ရဲ့ အရှိန်နဲ့ အမြန်နှုန်းတွေကို သေချာ သတိထားပြီးတော့ လုပ်လိုက်မယ်ဆိုရင် လွဲစရာ အကြောင့်းကို မရှိနိုင်ဘူး။ ဒါပေမယ့်လည်း မုန့်ယွိရှုကို ကံတရားက လှည့်စားနေတဲ့ပုံပဲ။
ဖန်ကျန်းရှီကြောင့် သူ့ရဲ့ အမြဲတမ်း မှန်တဲ့ လက်ဆကတောင် အခုဆိုရင် လွဲသွားပြီ။ သူတို့နှစ်ယောက်ရဲ့ ကြားထဲကို ကျသွားတော့တယ်။
ဖန်ကျန်းရှီကြောင့် စာမေးပွဲခန်းက ဆရာတွေ သိကုန်တော့မှာပဲ။ အမုန်းတွေနဲ့ ပြည့်နေတဲ့ အကြည့်သူ့မျက်နှာပေါ်မှာ ပေါ်လာတော့တယ်။ ဒါကြောင့် စာလိပ်ကို မြန်မြန်ပြန်သိမ်းဖို့အတွက်လုပ်လိုက်တော့တယ်။ အဲ့ဒီ့နောက် လက်ကို အောက်ချလိုက်ပြီး ပါးစပ်ကို ဖွင့်ရင်း မပီမသ မသဲမကွဲ အသံတစ်ခုကို ဖြစ်ပေါ်စေတော့တယ်။
“အိုက်ယား” အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေတဲ့ စာဖြေခန်းမှာတော့ ဒီခပ်တိုးတိုးအသံဟာ အတော်လေးကို ထင်ထင်ရှားရှားကြားလိုက်ရတော့တယ်။ စာမေးပွဲ အခန်းစောင့်တွေကလဲ ချက်ချင်းကို လှည့်လာပြီး အသံကြားရာနေရာကို ရောက်ချလာတော့တယ်။
“ဘာဖြစ်တာလဲ”
“ဘယ်သူမှ မလှုပ်ရှားကြနဲ့”
“လှုပ်လှုပ်ရှားရှား လုပ်တဲ့သူအကုန် စာမေးပွဲကနေ ထုတ်ပယ်ခံရမယ်။” မုန့်ယွိရှုကတော့ ထိတ်လန့်သွားတော့တယ်။ သူ ဒီလိုမျိုး စာရွက်ကို ပြစ်ပေးတာက မသမာမှုမြောက်တယ်။ သူအားသုံးတာ များသွားတယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။
ငါ့အင်အားကို လုံး၀ ထိန်းချုပ်နိုင်ပါတယ်။ ဒီကိစ္စက ဘယ်လိုဖြစ်တာလဲ။ သူ့စိတ်ထဲမှာ စိုးရိမ် ထိတ်လန့်မှုက ကြီးစိုးလာတော့တယ်။
ဒီကြမ်းပြင်ပေါ် ကျနေတဲ့ သူ့လက်ရေးနဲ့ စာရွက်ကြောင့် အတော်လေးကို ဒုက္ခတွေ့နေရတယ်။ စာမေးပွဲ အခန်းစောင့် ဆရာ တစ်ယောက် သာ ဒီစာရွက်ကို ကောက်တွေ့သွားပြီး စစ်ဆေးမယ်ဆိုရင် သူတော့ ချက်ချင်း အထုတ်ခံရတော့မှာပဲ။
ဒီအချိန်မှာတော့ ဖန်ကျန်းရှီက လှုပ်ရှားတော့တယ်။ သတင်းပို့ပါတယ်။ သတင်းပို့ပါတယ်။ ဖန်ကျန်းရှီက သူ့လက်ထဲမှာ စာရွက်တစ်ရွက်ကို ကိုင်ပြီး လက်မြှောက်ထားရင်း စာဖြေခန်းစောင့် ဆရာတွေကို လှမ်းခေါ်တော့တယ်။
တခြားသော စာဖြေသူတွေကတော့ ဒီကောင် ဘယ်သူ့ကို တိုင်တာလဲလို့ စိတ်ဝင်တစားကြည့်နေကြပါတယ်။
မုန့်ယွိရှုကတော့ ဒီစာမေးပွဲကို ဖြတ်ကျော်နိုင်ဖို့အတွက် သူကူညီပေးတောင် သူ့ကို တိုင်တဲ့ ဒီကောင်လိုလူမျိုးရှိနေတယ်ဆိုတာ မယုံနိုင်ဘူး ဖြစ်နေတယ ။ငါ့ကို တိုင်တယ်။ ကိုယ့်ဘာကိုယ်တောင် စာမေးပွဲအောင်အောင် မဖြေနိုင်ဘဲနဲ့ ။
အပိုင်း (၆၃)ပြီး၏။
အပိုင်း (၆၄)
” အောင်စာရင်း ထုတ်ပြန်ခြင်း”
" “တိုင်ကြားတယ်” စာဖြေခန်းစောင့်သူတွေကလည်း ထိတ်လန့်သွားတဲ့ အမူအယာတွေ အထင်းသားပေါ်လာတော့တယ်။
ဒီ ဒေသတွင်း တာအို စာမေးပွဲမှာ ဒီလို အဖြစ်မျိုးက မထူးဆန်းဘူး။ ထပ်ပြောရရင်တော့ ဒီနေရာမှာ အင်အားကို ပဲ အဓိကထားတာ ။ စာမေးပွဲ လာဖြေတဲ့ သူတိုင်းက အချိန်အတော်ကြာ လေ့ကျင့်ထားတဲ့ သူတွေပဲ ဖြစ်တယ်။ ဒါပေမယ့် တာအိုနိယာမကို အပေါ်ယံသဘောလောက်ပဲ နားလည်ထားကြသူတွေများတယ်။
ဒါကြောင့် ဒေသတွင်း တာအိုနိယာမ စာမေးပွဲမှာ အနည်းငယ် သော လှည့်စားမှုတွေကို ခွင့်ပြုထားတယ်။
ဥပမာအားဖြင့် ထိုင်ဖို့နေရာတွေကို အတိအကျ သတ်မှတ်ထားတာမျိုး မဟုတ်ပဲ မိမိအတွက် အသင့်လျော်ဆုံးဖြစ်မယ့် နေရာကို ရွေးပြီးထိုင်လို့ရတာမျိုးပေါ့။
ဒါပေမယ့် ခိုးချတာ်ကို မိသွားရင်တော့ အတော်လေး ပြောင်းလဲသွားတော့မှာဖြစ်တယ်။ ချက်ချင်း စာဖြေခန်းက အထုတ်ခံရမှာဖြစ်တယ်။
ဖန်ကျန်းရှီတိုင်ကြားလိုက်တဲ့ အတွက် စာဖြေခန်းစောင့်သူတွေက ရောက်လာတော့တယ်။
“ဖန်ကျန်းရှီ မင်းစောင့်နေစမ်း။ အတွေးအခေါ်စာမေးပွဲကို ငါမကူဘဲ မင်းဘယ်လို အောင်အောင်လုပ်မလဲ ကြည့်ကျသေးတာပေါ့။” မုန့်ယွိရှုက စာဖြေခန်းစောင့်သူတွေကို မငြင်းဆိုတော့ပဲ ဖန်ကျန်းရှီကိုသာ ကြိမ်းတော့တယ်။
ဘာကြောင့်လဲဆိုတော့ စာရွက်ပေါ်က လက်ရေးက သူ့လက်ရေးနဲ့ တစ်ထပ်တည်းပဲလေ။
ဒီအချက်ကို ဘယ်လိုမှ ငြင်းလို့မရဘူး။ အတွေးအခေါ် စာမေးပွဲရဲ့ ရလဒ်က သူ့အတွက် အရေးကြီးပင်မယ့်လည်း တစ်ချိန်တည်းမှာပဲ အရေးမကြီးပြန်ဘူး။ ဘာကြောင့်လည်းဆိုတော့ တာအိုမုခ်ကို အောင်မြင်ထားတဲ့ သူ့အတွက်က ဒီ ဒေသတွင်း အတွေးအခေါ်စာမေးပွဲမှာ ပါဝင်စရာ မလိုဘူးလေ။ တခါတည်း တိုက်ခိုက်ရေးပြိုင်ပွဲမှာ တိုက်ရိုက်ပြိုင်ရုံပဲဖြစ်တယ်။ ဒါ့အပြင် သူသာ ဆန္ဒရှိရင် ဒီဒေသတွင်း စာမေးပွဲကို ဖြေစရာမလိုပဲ မြို့တော စာမေးပွဲကို တစ်ခါတည်း ဝင်ဖြေရုံပဲ။
ဒါက ဒီလောကရဲ့ စည်းမျဉ်းတွေပဲဖြစ်တယ်။
စွမ်းအားက အရာအာလုံးကို ဆုံးဖြတ်ပေးတယ်။ ဒါပေမယ့် …..
ဒီနေ့မှာတော့ လုံးဝကို အရှက်ကွဲရပြီ။ ဒီနေရာမှာ နောက်ထပ်ဆက်နေဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် သူထပြီးထွက်လာခဲ့တော့တယ်။
ဒါပေမယ့် မုန့်ယွိရှု ထွက်သွားတာဟာတော့ ဖန်ကျန်းရှီအတွက် ကောင်းတာ တစ်ခုမှ မဖြစ်လာစေပါဘူး။
စာဖြေသူတွေကတော့ ဖန်ကျန်းရှီကို အရူးတစ်ယောက်လိုမျိုး ကြည့်နေကြတော့တယ်။
“ သူက တကယ်ပဲ မုန့်ယွိရှုကို တိုင်လိုက်တယ်။ ”
“ဒီကောင်က တကယ့်ကို ရူးမိုက်လွန်းပါတယ်။ ဒီကောင်က သူ့ဘာသာသူ ဘယ်လိုများ အတွေးအခေါ်စာမေးပွဲကို ဖြတ်သန်းနိုင်မှာလဲ။ ”
“သူ့ကိုယ်သူ ထိခိုက်အောင် လုပ်နေတာပဲ။ ဘယ်လိုများ လုပ်နိုင်ရတာလဲ။” ခပ်ဝေးဝေးမှာ ထိုင်နေတဲ့ မုန့်ယွိရှုကတော့ ဒီလိုမျိုး ဖြစ်သွားတာကို စိတ်ထဲမှာ ကြိတ်ပျော်နေတော့တယ်။
ဒီငတုံးကောင် ဖန်ကျန်းရှီ မစဉ်းမစားပဲ လုပ်လိုက်တာ အရမ်းကောင်းတယ်။ မုန့်ယွိရှုရဲ့ အကူအညီအပါပဲနဲ့ ဒီကောင် အတွေးအခေါ်စာမေးပွဲအောင်မယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ လုံးဝကို ကျမှာ အသေအချာပဲ။
လူတိုင်းက စိုးရိမ်နေကြတော့တယ်။ တချို့သော စာမေးပွဲအခန်းစောင့်တွေဆိုရင် ဒီကလေး မိုက်လိုက်တာလို့တွေးပြီးတော့ ခေါင်းတွေတောင် ခါနေကြတော့တယ်။
အခွင့်အရေးကောင်းကို လက်လွှတ်ရအောင် လုပ်တယ်။
ဖန်ကျန်းရှီကတော့ ဒီလောကက တာအို စာမေးပွဲမှာ ဒီလို မမြင်ရတဲ့ စည်းမျဉ်းတွေ ရှိနေမယ်ဆိုတာ သိမှ မသိတာ။ သူ့ရဲ့ မှတ်ဉာဏ်တွေအရဆိုရင် ဒီတာအို နိယာမ စာမေးပွဲက တော်ဝင်စာမေးပွဲတွေလိုမျိုးဖြစ်နေရမယ်လို့တွေးထင်ထားမိတာ။
ခိုးကူးတာ ။ တစ်ကြိမ်မိသွားတာနဲ့ တစ်ဘဝစာလုံး တာအို နိယာမ စာမေးပွဲဖြေခွင့် မရှိတော့မှာ ဖြစ်တယ်။
မုန့်ယွိရှုကို ဖယ်ရှားပြီးနောက်မှာတော့ ဖန်ကျန်းရှီက အတော်လေးကို ပျော်သွားတော့တယ်။ အဲ့ဒီ့နောက် အေးအေးဆေးဆေးထိုင်နေရင်းနဲ့ တစ်ရေးပြန်အိပ်နေတော့တယ်။
တခြားသော စာဖြေသူတွေကတော့ “ဒီကောင် အတွေးအခေါ် စာမေးပွဲလာဖြေတာလား တစ်ရေးလာအိပ်တာလားလို့ တွေးနေကြတော့တယ်။ ”
“ဒီလောက်နှစ်တွေ အကြာကြီး စာသင်လာပြီးတော့မှ အခုတော့ စာဖြေခန်းမှာ လာအိပ်နေတယ်။ တကယ်ပဲ အသုံးမကျလိုက်တာ။”
“ဒုန်” မောင်းသံဟာ ထွက်ပေါ်လာတော့တယ်။ တာအိုနိယာမ စာမေးပွဲရဲ့ ပထမဆုံးအသုတ်က ပြီးဆုံးသွားပါပြီ။
ဖန်ကျန်းရှီကတော့ ချင်းဖုန်းကျောင်းတော်ကနေ အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာတော့တယ်။
ခြေလှမ်း အနည်းငယ်လျှောက်ပြီးတဲ့နောက်မှာတော့ လီဟူအာ လီကျွမ်းစီတို့ရဲ့ ပိတ်ဆို့ခြင်းကို ခံလိုက်ရတော့တယ်။
“ကျန်းရှီ မင်း မုန့်ယွိရှုကို တိုင်လိုက်တယ်ဆို” လီကျွမ်းစီက ပထမဆုံး စကားစ လိုက်တယ်။
ဒီအခြေအနေကို ကြည့်လိုက်တော့ လီကျွမ်းစီတို့က မုန့်ယွိရှုကို ထိပ်တန်းကျောင်းတော်သား ၃ယောက်ထဲ ပါမယ်လို့လောင်းထားတဲ့ ပုံပဲ။ အခုတော့ သူက ငါဆီ ငွေလာတောင်း ချင်တာလား။
“ပိုက်ဆံလိုချင်ရင်တော့ ကျွန်တော့်မှာမရှိဘူး။ အသက်ကို လိုချင်ရင်လည်း ယူသွားလိုက်” ဖန်ကျန်းရှီက မတ်မတ်ရပ်ရင်း ပြောလိုက်တော့တယ်။
လီကျွမ်းစီကတော့ ဖန်ကျန်းရှီ ဘာတွေပြောနေတာလို့ အစကကြောင်တောင်တောင်ဖြစ်သွားခဲ့တာ သူသတိပြန်ဝင်လာချိန်မှာတော့ ရယ်တော့တယ် ။
“ ဟ ဟ ဟ ငွေသားလေး နည်းနည်းလောက်ကို စကားထဲ ထည့်ပြောနေသေးတယ်။ မင်းရဲ့ အနာဂတ်က ပိုအရေးကြီးတာ မဟုတ်ဘူးလား။ မင်းကိုယ်မင်းကြည့်စမ်းပါအုန်း အခွင့်ရေးကောင်းကြီးကို လက်လွှတ်လိုက်တယ် ။ တောက်ပနေတဲ့ အနာဂတ်က လက်တစ်ကမ်းမှာပဲ ရှိနေတာကို ဘာလို့ လက်လျှော့လိုက်တာလဲ။” လီကျွမ်းစီက သိပ်ကို ရင့်ကျက် တည်ငြိမ်နေတဲ့ ပညာရှိကြီးလေသံနဲ့ပြောနေပါတယ်။
အဲ့ဒီ့နောက် ဖန်ကျန်းရှီကို အရှုံးသမားတစ်ယောက်ကို မြင်တဲ့ အကြည့်မျိုးနဲ့ကြည့်သွားတော့တယ်။
“ဟမ်း။ မင်းလုပ်တာလဲ မှန်ပါတယ်။ နောက်ဆုံးတော့ လူတွေက မင်းဘယ်လောက်ရိုးသားလဲ ဆိုတာကို သိသွားပြီလေ။ မင်းသာ အနာဂတ်မှာ ကျောင်းတော်သား တစ်ယောက်ဖြစ်လာရင်တော့ ဖြောင့်မတ် မှန်ကန်ဖို့က လိုအပ်ပြီလေ။ ”
“မှန်တာပေါ့။ ငါတို့ မင်းကို ထောက်ခံမယ်” လီဟူအာက ဒီအချိန်မှာ ဝင်ပြောတော့တယ်။
“မင်းက အတွေးအခေါ်စာမေးပွဲမှာ အတွေ့အကြုံမရှိသေးလို့ စာမေးပွဲ ကျရင်တောင် အဆင်ပြေပါတယ်။ မင်းက ငယ်သေးတာပဲကို ထပ်ကြိုးစားဖို့ အချိန်ရှိပါသေးတယ်။ လီကျွမ်းစီက အားပေးနေသလို လေသံနဲ့ပြောနေတော့တယ်။
“ကျွန်တော်က စာမေးပွဲ အောင်မှာ” ဖန်ကျန်းရှီက သူဖြေထားတဲ့ စာကို သူယုံကြည်တယ်လေ။ အမှတ်ပြည့် ရနိုင်မယ်လို့တောင် တွေးထားတာ။
“ ဟူး…. လူက ကိုယ့်အဆင့်ကိုယ် သိသင့်တယ်။” လီကျွမ်းစီကထပ်မပြောတော့ပဲ လီဟူအာနဲ့ တခြားသော သူတွေကို ဦးဆောင်ရင်းထွက်သွားတော့တယ်။
“ပြန်ကြရအောင် ။ ငါတို့ တစ်ခုခု စားသင့်ပြီ။ အောင်စာရင်းက မနက်ဖြန်မှ ထွက်မှာ”
“အောင်စာရင်း ထွက်ပြီးချိန်ရောက်မှ မင်းဘာပြောနိုင်မလဲ ကြည့်အုန်းမယ်။ စာမေးပွဲ ခန်းထဲမှာ တစ်နာရီကျော်လောက်မင်းအိပ်နေတာကို တွေ့တယ်။ ဒီလိုလုပ်ပြီးမှ စာမေးပွဲ အောင်မယ် တွေးနေသေးတာလား။ မင်းသာ အောင်ရင် ငါကတော့ ထိပ်တန်းကျောင်းသားထဲ ဝင်ပြီပဲ။” လီဟူအာ က စပြီး လှောင်ပြောင်တော့တယ်။
ချင်းဖုန်းကျောင်းတော်ရဲ့ စာဖြေခန်းထဲမှာ ဖန်ကျန်းးရှီ အိပ်ပျော်နေတာကို လူတိုင်းတွေ့တယ်လေ။ သူတို့ရဲ့ ခေါင်းတွေကို ခါရင်း သက်ပြင်းတွေသာ ချနေတော့တယ်။
ဖန်ကျန်းရှီဟာလည်း ခေါင်းခါယမ်းရင်း သက်ပြင်းချနေပါတယ်။ ဒီလိုမျိုး ကျဥ်းမြောင်းတဲ့ အမြင် ရည်မှန်းချက်လေးတွေနဲ့ လူတွေက အနာဂတ်ကို ဘယ်လိုများ ခန့်မှန်းနိုင်မှာလဲ။ ။။
……
ချင်းဖုန်းကျောင်းတော် စာစစ်ခန်းမှာတော့ ဖန်ကျန်းရှီရဲ့ အဖြေလွှာ ဟာ သတ်လတ်ပိုင်း ဆရာတစ်ယောက်ရဲ့ လက်ထဲကို ရောက်နေတော့တယ်။
သူ့လက်ထဲရောက်လာတဲ့ စာရွက်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ပြီး။
“မင်းရှာမတွေ့ဘူးလား”
“ဒီနာမည်နဲ့ စာရင်းသွင်းထားတာလည်း မရှိဘူး။ စာရင်း ဂဏန်းကလည်း မရှိတဲ့ နံပါတ်စဉ် ဖြစ်နေတယ်။ ” စစ်ဆေးသူက ပြန်ဖြေလိုက်တယ်။
“အတော်လေး ထူးဆန်းတာပဲ။ နေရပ်ဒေသကကော ဘယ်ကလည်း။ ”
“မြောက်ဘက်ရွာ” “မြောက်ဘက်ရွာမှာ တာအိုခန်းမ ရှိလို့လား”
“မြောက်ဘက်ရွာမှာတော့ မရှိပါဘူး။ သို့ပေမယ့် ရွာနီးချင်းဖြစ်တဲ့ တောင်ဘက်ရွာမှာတော့ တာအိုခန်းမရှိပါတယ်။ ထပ်ပြီးပြောရရင် လွန်ခဲ့တဲ့ ၈နှစ်တုန်းက နတ်ဆိုးကျောင်းတော်ကနေ ဆောက်လုပ်ပေးခဲ့တာပါ။ ဒါပေမယ့် ဒီ ၈နှစ်တာ အတွင်းမှာ ဒေသတွင်း တာအို စာမေးပွဲကို ကျော်ဖြတ်နိုင်တဲ့ သူ တစ်ဦးပဲပေါ်ထွက်ခဲ့ပြီးတော့ မြို့တော် တာအို စာမေးပွဲကို လည်း မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်လည်း သိပ်ပြီး ဂရုမစိုက်မိတော့တာပါ။”
“မင်းပြောတာ လွန်ခဲ့တဲ့ ၈နှစ်က နတ်ဆိုးကျောင်းတော်က တာအိုခန်းမ ဆောက်လုပ်ပေးခဲ့တယ်” ထိတ်လန့်သွားတဲ့ အမူအယာဟာ စာစစ်ဆရာရဲ့ မျက်နှာပေါ်မှာ အထင်းသား ပေါ်လာတော့တယ်။
“ဟုတ်ပါတယ်။ ဒါ့အပြင် ဒီလို ဆောက်လုပ်တာက နတ်ဆိုးကျောင်းတော်ရဲ့ မင်းသမီး အထူး အမိန့်တော်ကြောင့်ပါ။”
“နတ်ဆိုကျောင်းတော် မင်းသမီး။ ချီကူယန်။????”
……
ဒုတိယနေ့ မနက် ချင်းဖုန်းကျောင်းတော်ရဲ့ရှေ့မှာတော့ ကျောင်းတော်သားတွေဟာ အောင်စာရင်း ထုတ်ပြန်မယ့် ကျောက်တုံးကြီးတွေနားမှာ ဝန်းရံစောင့်ဆိုင်းနေကြတော့တယ်။
ကျောက်တုံးကြီးနှစ်တုံးမှာ တစ်ခုက ပထမတန်းကျောင်းတော်သားတွေကို ကြေညာပေးမှာဖြစ်ပြီး နောက်တစ်ခုကတော့ ဒုတိယတန်းစား ကျောင်းတော်သားတွေကို ကြေညာမှာပဲဖြစ်တယ်။ ဖန်ကျန်းရှီကတော့ အေးအေးဆေးဆေးနဲ့ တစ်လှမ်းချင်းရွေ့လျားနေပါတယ်။
လီကျွမ်းစီနဲ့ လီဟူအာတို့ကတော့ ဒီနေရာကို ရောက်နေတာ ကြာပြီဖြစ်တယ်။ ဖန်ကျန်းရှီကို မြင်ချိန်မှာတော့ အော်ကြီး ဟစ်ကျယ်နဲ့ လှမ်းအော်ခေါ်တော့်တယ်။ သူတို့အတွေးထဲမှာတော့ ဒီကောင် အောင်စာရင်း လာကြည့်တာကို တောင် နောက်ကျလိုက်တာ လို့ တွေးနေကြပါတယ်။
ဖန်ကျန်းရှီကို သတိပြုမိသွားတာနဲ့ ကျောင်းတော်သားတွေဟာ အလိုလို ရှောင်ရှားသွားကြတာကြောင့် သူဟာ အေးဆေးသက်သာစွာ လူမတိုးပဲ လျှောက်လှမ်းရတော့တယ်။
“လမ်းရှင်းကြ” အောင်စာရင်း တရားဝင်ထုတ်ပြန်သူဟာ အော်လိုက်ပြီးတော့ ကျောက်တုံးကြီးတွေဆီကို တန်းတန်းမတ်မတ် လျှောက်လှမ်းသွားတော့တယ်။ စတုရန်းပုံ ကျောက်တုံးငယ်လေးကို ထုတ်လိုက်ပြီး ကျောက်တုံးကြီးပေါ်ကို ဖိချလိုက်ချိန်မှာတော့ ရွှေရောင် အလင်းတန်းတွေ ပေါ်ထွက်လာတော့တယ်။
အပိုင်း (၆၄) ပြီး၏။
အပိုင်း (၆၅)
“ အမည်နာမ နှစ်ဆယ်”
မြန်မြန်ဆန်ဆန်နဲ့ပဲ နာမည်တွေဟာ ကျော်ကတုံးပေါ်မှာ ပေါ်လာတော့တယ်။ နာမည်တွေဘေးမှာတော့ စာရင်းသွင်းတဲ့ နံပါတ်တွေဟာ ဘေးမှာ ကပ်လျက်ပေါ်လာတော့တယ်။ အတော်လေးကို ထူးဆန်း အံ့သြဖွယ်ပဲ။ ဖန်ကန်းရှီရဲ့ နှုတ်ခမ်းတွေက တွန့်ကွေးသွားတော့တယ်။ ဒီလို အခြေအနေမျိုးကို သူ ကျင့်သားရနေပြီဖြစ်တဲ့ အတွက် ထိတ်လန့်တာမျိုးတော့ မဖြစ်တော့ဘူး။
အရာအားလုံးဖြစ်တည်မှု တာအိုက လူသားတွေကနေ အခြေခံပြီး ထိန်းချုပ်တယ်။ နာမည်တွေ ကျောက်တုံးပေါ်မှာ ပေါ်လာတာကတော့ အနည်းငယ် ထူးဆန်းပေမယ့်လည်း လုပ်ရတာ ခက်ခဲတဲ့ အထဲတော့ မပါပါဘူး။ အရာအားလုံးဖြစ်တည်မှုတာအိုကို အသုံးချပြီးတော့ ကျောက်တုံးအမှုန်လေးတွေကို ထိန်းချုပ်နိုင်ရင်အောင်မြင်မှာဖြစ်တယ်။
အဆင့်ကြေညာတဲ့ ကျောက်တုံးကြီးတွေကလည်း အထူးပြုလုပ်ထားတာဖြစ်ပြီးတော့ ဖိနှိပ်ထည့်တဲ့ စတုရန်းပုံကျောက်တုံးလေးဟာလည်း အထူးပြုလုပ်ထားတာပဲဖြစ်တယ်။
ကျောက်တုံး နှစ်ခုကို ပေါင်းစည်းချိန်မှာတော့ အပိုင်းအစတွေဟာ တစ်ခုနဲ့ တစ်ခု တိုက်မိကြရင်း ကျောက်သားမှုန်တွေ လွင့်စင်ထွက်လာပြီး အောင်အောင်မြင်မြင်နဲ့ နာမည်တွေပေါ်လာတော့တယ်။
“အောင်တယ်။ အောင်တယ်။” ကျောက်တုံးပေါ်မှာ နာမည်တွေ ပေါ်လာချိန်မှာတေ့ ကျောင်းတော်သားတွေဟာ စိတ်လှုပ်ရှားမှု အပြည့်နဲ့ အော်ဟစ်လိုက်ကြတော့တယ်။ တစ်ယောက်ချင်းစီတိုင်းက သူတို့ရဲ့ နာမည် ကျောက်တုံးပေါ်မှာ ပေါ်လာမလားလို့ မျှော်လင့်တကြီးနဲ့ စောင့်ကြည့်နေတာဖြစ်တယ်။
“ အောင်ပြီ။ အောင်ပြီ။ ” “ ဟ ဟ ဟ ငါလည်း အဆင့်ဝင်ပြီ“ တစ်ယောက်ပြီးတစ်ယောက်ရဲ့ အသံတွေဟာ ပျော်ရွှင်မှု အပြည့်နဲ့ ပေါ်ထွက်လာတော့တယ်။ နာမည်မပါသူတွေကတော့ သက်ပြင်းကိုသာ တွေတွေချနေကြတော့တယ်။
“မင်း ညီအစ်ကိုကတော့ ဒီတစ်ခါ ကံကောင်းသွားပြီ။ မင်း လည်း လက်မလျှော့နဲ့ နောက်တစ်ခါ ပြန်ဖြေလို့ ရသေးတာပဲ။ နောက် နှစ်နှစ်ကြာရင် ငါတို့ ထပ်ဖြေကြတာပေါ့”
“အကို စိတ်ဓာတ်မကျပါနဲ့ ။ အကို့ အရည်အချင်းနဲ့ဆိုရင် ပိုပြီး ကြိုးစားတာနဲ့ အောင်မြင်မှာ အမှန်ပဲ။” ဖန်ကျန်း၇ှီ နာမည်စာရင်းတွေ ဖတ်နေချိန်မှာပဲ ရယ်သံကြီးတစ်ခုကို ကြားလိုက်ရတော့တယ်.။
“ ဟ ဟ ဟ ငါ လီဟူအာ လုပ်နိုင်ခဲ့ပြီ။ အောင်မြင်ပြီ။ ငါ အောင်ပြီ။”
“ ငါ့နာမည် ငါ့နာမည်။ မုန့်ကျန်းရှန်းလည်း ပါတယ်။ အောင်ပြီ။ ငါလည်း အောင်ပြီ။” လီဟူအာနဲ့ မုန့်ကျန်းရှန်းတို့ရဲ့ ပျော်ရွှင်စွာအော်ဟစ်နေသံတွေဟာ ထွက်ပေါ်လာတော့တယ်။ သူတို့နှစ်ယောက်လုံးအောင်မြင်ကြတဲ့ အတွက် တောင်ဘက်တောင်ရွာအတွကတော့ ဂုဏ်တက်စရာပဲ။
“ မဆိုးဘူး။ ဟူအာ။ ကျန်း၇ှန်းလည်း တော်တယ်။ မင်းအဖိုးရဲ့ အိမ်မက်တွေကို ဖြစ်အောင် လုပ်ပေးနိုင်ပြီ။” လီဟူအာကတော့် တခြား သော မအောင်မြင်တဲ့ တောင်ဘက်တောင်ရွာ ကျောင်းတော်သားတွေကို အားပေးနှစ်သိမ့်နေတယ်။
အဲ့ဒီ့နောက် ဖန်ကျန်းရှီဘက်ကို လှည့်လိုက်ပြီး
“ကျန်း၇ှီ စိတ်ဓာတ်မကျပါနဲ့။ ဒီလို ဖြစ်လာမှာ သိပြီးသားပဲကို ။ စာမေးပွဲကို မအောင်မြင်ရင်တောင် မင်းက အမဲလိုက်တာမှာ တော်တာပဲလေ။ မြောက်ဘက်ရွာကလည်း မင်းကို လိုအပ်နေတာ။ တာအို နိယာမ စာမေးပွဲက မင်းအတွက် မသင့်လျော်ပါဘူး။” လီၤဟူအာက တရားချနေတော့တယ်။
တခြားတစ်ဖက်က မုန့်ကျန်းရှန်းကတော့ စကားတစ်ခွန်းမှ မပြောပဲ ဖန်ကျန်းရှီရဲ့ ပုခုံးကိုသာ ဖျစ်ညစ်ဆုပ်ကိုင်ရင်း အကိုကြီးတစ်ယောက်လို နှစ်သိမ့်ပေးနေတော့တယ်။ ဖန်ကျန်းရှီကတော့ စိုးရိမ်နေဟန် စိုးစဥ်းမျှ မရှိပါဘူး။
ဒါက ဒုတိယတန်းစားအောင်စာရင်းလေ။ ဒီစာရင်းမှာ သူ့နာမည် ပါနေမှ အံ့သြစရာဖြစ်မှာ။
သူ့ရဲ့ အရည်အချင်းနဲ့ဆိုရင် ဒုတိယတန်းစားအောင်စာရင်းမှာ နာမည် ပါစရာအကြောင်းကို မရှိဘူး။
“ကျန်းရှီ မင်း လက်တွေ့ကို လက်ခံရမယ်လေ။ သိပ်ပြီး စိတ်ထဲမထားပါနဲ့။ မင်းရဲ့ ဦးလေးလီက ဒုတိယတန်းနဲ့အောင်ခဲ့ပြီးပြီ။ ငါတို့က တောရွာက ကြမ်းတမ်းသန်မာတဲ့ သူတွေပဲ။ ပထမတန်း အောင်စာရင်းတွေက ချမ်းသာ ကြွယ်ဝတဲ့ မိသားစုတွေနဲ့ သိုင်းပညာရှင် မိသားစုတွေကပဲ ရကြတာ။ ငါတို့လို လူရိုးတွေက ဒီလို အခွင့်အရေးမရှိနိုင်ပါဘူးဘေ။ “ လီကျွမ်းစီက အလွန့် အလွန့်ကို အတွေ့အကြုံ ပြည့်ဝရင့်ကျက်နေပုံမျိုးနဲ့ပြောနေပါတယ်။
လီကျွမ်းစီနဲ့ လီဟူအာ ပြောနေသံတွေကြောင့် အခြားသော စာဖြေသူတွေဟာလည်း သတိပြုမိလာတော့တယ်။
ဖန်ကျန်းရှီ မုန့်ယွိရှုကို တိုင်လိုက်တာက သူတို့စိတ်ထဲမှာ စွဲမြဲနေတယ်လေ။ ထပ်ပြီပြောရရင် ယွင်ချင်းဝူရဲ့ မျက်နှာကာကို လှစ်လိုက်တာကလည်း ဒီကောင်ပဲ။ ရန်ရွှယ်နဲ့ ယစ်မူးရီေ၀ စားသောက်ဆိုင်မှာ ပုခုံးချင်း ယှဉ်ပြီးထွက်လာတာလဲ ဒီကောင်ပဲ။ ဒီအကြောင်းတွေဟာတော့ လူအတော်များများရဲ့ အာရုံကို ဖမ်းစားနိုင်နေတာဖြစ်တယ်။
အခုချိန် မှာတော့ ပြောနိုင်တာတစ်ခုက ဖန်ကျန်းရှီရဲ့ ဂုဏ်သတင်းဟာ ဟွေ့အန်းဒေသတစ်ခုလုံးမှာ ပျံ့နှံ့နေပြီးတော့ တာအိုနိယာမ စာမေးပွဲမှာ အကျော်ကြားဆုံးနဲ့ လူစိတ်ဝင်စား ခံရဆုံးလူတစ်ယောက်ဖြစ်နေတယ်။ ပန်းရာချီ စုဝေးပွဲနဲ့ ယစ်မူးရီေ၀ စားသာက်ဆိုင်မှာ တုန်းကတော့ ဖန်းကျန်း၇ှီရဲ့ နာမည်ကို မသိကြတဲ့ အတွက် ဂယက်ဟာလည်း မကြီးမားဘူး။
သို့ပေမယ့် အခုကတော့ ဖန်ကျန်းရှီ ဆိုတဲ့ နာမည် သုံးလုံးက ……
“ဟ ဟ ဟ ကြည့်စမ်းပါအုန်း ဒီကောင်လေးက ဘယ်အဆင့်မှ မဝင်ဘူးပဲ။ ”
“မှန်တာပေါ့။ စာမေးပွဲအခန်းထဲမှာ အိပ်ပျော်နေတာကို ။ ဘယ်လိုလုပ် အောင်မှာလဲ။”
“တကယ်ပဲ သူ့သိက္ခာသူ ချတေနတာပဲ“ အောင်မြင်တဲ့ စာဖြေသူတွေကော မအောင်မြင်တဲ့ စာဖြေသူတွေကပါ ဖန်ကျန်းရှီကို ကဲ့ရဲ့ရင်း အာကျယ်အာကျယ် လုပ်နေကြတော့တယ်။
သူတို့ပြောဆိုနေကြချိန်မှာပဲ။ လူတစ်စုဟာ ခပ်ဝေးဝေး တစ်နေရာကနေ လျှောက်လာတာကို တွေ့လိုက်ရတော့တယ်။ ခေါင်းဆောင်လာသူကတော့ အဝါရောင် ဝတ်စုံကို ဝတ်ထားတဲ့ မုန့်ယွိရှုပဲဖြစ်တယ်။ သူ့ရဲ့နောက်မှာတော့ သံချပ်ကာ အကျီဝတ် ကိုယ်ရံတော်တွေ လိုက်ပါလာပါတယ်။
“အတွေးအခေါ်စာမေးပွဲမှာ ်မုန့်ယွိရှု အထုတ်ခံလိုက်ရတာမလား။ သူက ဒီကို ဘာလာလုပ်တာလဲ။”
“သူ ဘာလုပ်လုပ်ပေါ့။ အေးဆေးထိုင်ပြီး ပွဲကြည့်ရအောင်” မကြာမီ အချိန်တွင်းမှာပဲ မုန့်ယွိရှုဟာ ဖန်ကျန်း၇ှီ အနားကို ရောက်လာတော့တယ်။
“သခင်လေးဖန် ကျန်းမာပါစ။ စာမေးပွဲ အဆင့်မှာ ပါရဲ့လား။” မုန့်ယွိရှုက ခပ်ပြုံးပြုံးမေးလိုက်တော့တယ်။
“သူမအောင်ဘူး”
“ဒုတိယတန်းအောင်စာရင်းမှာတောင် နာမည် မပါဘူး။” မုန့်ယွိရှုရဲ့ မျက်နှာသာပေးတာကို ခံချင်နေကြတဲ့ကျောင်းတော်သားတွေဟာတော့ အော်ဟစ်နေကြတော့တယ်။
“သခင်လေးဖန် စိတ်မပူပါနဲ့။ ဒါက အခုမှ ဒုတိယတန်းစား အောင်စာရင်းပဲရှိသေးတာ ။ သခင်လေးရဲ့ အရည်အချင်းနဲ့ဆို ပထမတန်း အောင်စာရင်းမှာ ရှိမှာပါ။” ဘေးဘီဝဲယာက ပြောစကားတွေကို ကြားတော့ မုန့်ယွိရှုက အလွန်ကို အလေးအနက်ဖြစ်ဟန်နဲ့ ဖန်ကျန်းရှီကို အားပေးနေတော့တယ်။
“ပထမတန်းစားကျောင်းတော်သားတွေကို ကြေညာပါတော့မယ်။” ဒီအချိန်မှာပဲ တရားဝင်အောင်စာရင်း ထုတ်ပြန်သူဟာ အော်ဟစ်လိုက်ပြန်ပါတော့တယ်။ သူ့ရဲ့ အိတ်ထဲက ဒုတိယမြောက်ကျောက်တုံးကို ထုတ်လိုက်ပြီးတော့ ဖိချလိုက်ပြန်တယ်။ မြန်မြန်ဆန်ဆန်နဲ့ပဲ ရွှေရောင်အလင်းတန်းတွေနဲ့ အတူ နာမည်စာရင်းတွေပေါ်ထွက်လာပြန်တယ်။
ထောင်ချီတဲ့ ဖြေဆိုသူ ထဲမှာမှ အယောက် နှစ်ဆယ်သော စာဖြေသူတွေကသာ ပထမတန်းကို ရရှိတာဖြစ်တယ်။ အထူးချွန်ဆုံးကျောင်းတော်သားတွေပေါ့။
ဒါက ဒေသတွင်းစာမေးပွဲလေးတစ်ခုသာ ဖြစ်ပေမယ့်လည်း အတွေးအခေါ်စာမေးပွဲမှာ ပထမတန်း အဆင့်ရတယ်ဆိုတည်းက အတော်လေးကို တော်တယ်လို့ဆိုရမှာပဲ။
ဒုတိယတန်းစားကျောင်းတော်သားအောင်စာရင်းနဲ့ မတူတာကတော့ ပထမတန်းစား ကျောင်းတော်သားတွေရဲ့ နာမည် စာလုံးတွေဟာ ပိုမို ကြီးမားထင်ရှားတာပဲဖြစ်တယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒုတိယတန်းစားတွေထက် သာလွန်မှုကို မြင်တွေ့နိုင်တယ်။
အပိုင်း (၆၅) ပြီး၏။
အပိုင်း (၆၆)
“အဆင့် သတ်မှတ်ချက်သုံးခုလုံးထဲတွင် မပါဝင်”
ဒုတိယ အဆင့်မှာတော့ လူအယောက် နှစ်ဆယ်ရဲ့ နာမည်က ထင်ရှား ရှင်းလင်းစွာ ရေးထိုးထားပါတယ်။ နာမည်တွေ ပေါ်ထွက်လာတာ ဟာ အတော်လေး လျင်မြန်တာကြောင့် သူတို့ ဖတ်ရှု ပြီးပြီးချင်းမှာပဲ နာမည် စာရင်းတွေဟာ ပြန်လည် ပျောက်ကွယ်သွားပါတော့တယ်။
“ဟ ဟ ဒီအဆင့် မှာလဲ ဖန်ကျန်းရှီမပါပြန်ဘူး။”
“ပထမတန်းမှာလဲ မပါ ဒုတိယတန်းမှာလဲ မပါဘူး။ ဘယ်အဆင့်မှာမှ မပါပဲနဲ့ ”
“ဟ ဟ သိချင် တတ်ချင်ယောင် ဆောင်နေတာပဲ။ မိုးနတ်မင်းကြီးက တကယ်ပဲ ငါ့ကို မျက်ကွယ်ပြု မထားဘူး” ကဲ့ရဲ့ သံတွေဟာတော့ လူအုပ်ကြားထဲကနေ ထွက်ပေါ်လာတော့တယ်။
” ဒီပြောဆိုနေကြသူတွေကတော့ သူတို့သာ ပထမတန်းမှာ နာမည် ပါတဲ့ ပုံစံမျိုးနဲ့ ဖန်ကျန်းရှီကိုတော့ ငတုံးငအ တစ်ယောက်ကို တွေ့ရသလိုမျိုးကြည့်နေတော့တယ်။
“ကျန်းရှီ ငါပြောခဲ့သားပဲ ။ မင်းကြိုးစားပြီး အမှန်တရားကို ရင်ဆိုင်ရမယ်ဆိုတာ ” ဒီအချိန်မှာတော့ လီကျွမ်းစီက သက်ပြင်းချရင်းနဲ့ သံဝေဂရတဲ့ ပုံစံမျိုးနဲ့ ကြည့်ရင်းပြောလိုက်တော့တယ်။ သို့ပေမယ့် သူ့မျက်နှာမှာပေါ်နေတဲ့ ပျော်ရွှင်နေတဲ့ အရိပ်အယောင် တစ်စွန်းတစ်စကတော့ ဖုံးကွယ်လို့ မရနိုင်ပါဘူး။
“ဖန်ကျန်းရှီ မင်း လက်လျှော့သင့်ပြီ” လီဟူအာကလည်း သံယောင် လိုက်ပြီးပြောတော့တယ်။
မုန့်ကျန်းရှန်းကတော့ ခေါင်းခါရင်းနဲ့သာ သက်ပြင်း အတွေတွေ ချနေတော့တယ်။
ဒီလောက မှာ စကားလုံးတစ်လုံးတည်းကိုပဲ အဓိကထားတယ်။ “ စွမ်းအား။” –
“အိုက်ယား သခင်လေး ဖန်က အဆင့် မဝင်ဘူး တဲ့လား။ ဟုတ်တာပေါ့ ။ သခင်လေး ဖန်ရဲ့ အရည်အချင်းနဲ့ဆို ဘယ်လိုလုပ် အဆင့် မဝင်ပဲနေမှာလဲ။ စာစစ်သူတွေ အမှားအယွင်းရှိလားဆိုတာ ပြန်စစ်ဆေးဖို့ တောင်းဆိုသင့်တယ် ။ ဟ ဟ ဟ”
ဒီအချိန်မှာတော့ မုန့်ယွိရှုက မပါဝင်တော့ပါဘူး။ သူ့ရဲ့ အစီအစဉ်အတိုင်းဆက်သွားဖို့ တိုက်ခိုက်ရေးစာမေးပွဲမှာ ဖန်ကျန်းရှီကို ထိခိုက်အောင် လုပ်ဖို့ကိုပဲ ဆက်စီစဉ်တော့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ အဆင့် တစ်ဆင့်မှ မဝင်တာကို ကြည့်ရတာကလည်း အတော်လေး ပျော်စရာကောင်းတဲ့ ကိစ္စပဲလေ။
“ဒီမှာ သခင်လေး ဖန်ကျန်း၇ှီ ရှိပါသလား” ဒီအချိန်မှာပဲ အောင်စာရင်း တရားဝင် ထုတ်ပြန်သူက မေးလိုက်တော့တယ်။
စောင့်ကြည့်နေကြတဲ့ ကျောင်းတော်သားတွေကတော့ ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားတဲ့ပုံပါပဲ။ အာ။ ဒီကောင်စုတ်က လူတွေကို လှည့်စားတဲ့ အပြင် တာအို စာမေးပွဲကို ပါ လှည့်စားရဲတယ်။ တကယ်ပဲ ကျောင်းတော်ကတောင် သတိပြုမိသွားပြီ။
“ ဒီကောင်က ဖန်ကျန်းရှီပဲ။” “မှန်တယ်။ ဒီကောင်ကို ဖမ်းကြ ” စိတ်ဆတ်တဲ့ စာဖြေသူတွေက လူအုပ်ထဲက ဖန်ကျန်းရှီကို ညွှန်ပြလိုက်ကြတော့တယ်။
“သခင်လေးက ဖန်ကျန်းရှီလား” အောင်စာရင်း တရားဝင် ထုတ်ပြန်သူက သူ့ရှေ့မှာ ရောက်နေတဲ့ အပြာရောင် ချည်ထည်ကို ဝတ်ဆင်ထားတဲ့ ဆယ့်ငါး ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးကို မေးလိုက်တော့တယ်။ သူ့မျက်နှာပေါ်မှာတော့ ထိတ်လန့်ဟန် အထင်းသား ပေါ်နေတော့တယ်။
“မှန်ပါတယ်။ ကျွန်တော်ပါပဲ။” ဘာပြဿနာပဲဖြစ်ဖြစ် သူကတော့ ပြေးရမှာပဲ။
“သခင်လေး ဖန်ရဲ့ စာရင်းသွင်းမှုမှာ ပြဿနာ အနည်းငယ်ရှိနေလို့ပါ။ စည်းကမ်းချ်က် တစ်ချို့ကြောင့် သခင်လေးကို မေးခွန်းအနည်းငယ်မေးရပါမယ်” ဖန်ကျန်း၇ှီကို ဦးတည်ပြီးပြောလိုက်တော့တယ်။ “ ဟ ဟ ဟ ဒီကောင်က တကယ့်ကို ပြဿနာကောင်ပဲ”
“ဖမ်းကြ။ ဖမ်းကြ။ ” စာဖြေသားတွေဟာ အောင်စာရင်း တရားဝင် ထုတ်ပြန်သူပြောလိုက်တဲ့စကားကို ကြားတဲ့ အခါမှာတော့ အတော်လေးကို လှုပ်ရှားတက်ကြွလာကြတော့တယ်။ ဖန်ကျန်းရှီကလည်း အတော်လေးကို စိတ်လှုပ်ရှားနေတော့တယ်။ သူ စာဖြေကတ် အတုလုပ်တာများမိသွားတာလား။ ဒါဆိုရင်ကော ဘယ်လိုလုပ်ရမလဲ။ သေတဲ့ အထိ အရိုက်ခံရတော့မှာလား။
“ကျေးဇူးပြုပြီး မေးပါ။” ပတ်ဝန်းကျင်ကို လျစ်လျူရှုလိုက်ပြီးတော့ဖန်ကျန်းရှီက ပြောလိုက်တော့တယ်။
“ကျွန်တော်က အမိန့်အတိုင်း ဆောင်ရွက်ရတာပါ။ သခင်လေး အတွက် မေးခွန်းနှစ်ခုပါလာပါတယ်။ ပထမမေးခွန်းကတော့ သခင်လေးက ဘယ်တာအို ခန်းမကပါလဲ။ ဒုတိယ မေးခွန်းကတော့ သခင်လေးကို ထောက်ခံပေးတဲ့ ဆရာက ဘယ်သူပါလဲ။” အောင်စာရင်း တရားဝင် ထုတ်ပြန်သူက မေးလိုက်ပြီးတော့ အဖြေကို စောင့်နေတော့တယ်။
ဒီအချိန်မှာတော့ ဖန်ကျန်းရှီက အတော်လေး ငြိမ်သက်နေတော့တယ်။ ဒီမေးခွန်းနှစ်ခုက ရိုးရှင်းလွန်းပါတယ်။ ဘယ်လောက်တောင် ရိုးရှင်းလည်းဆိုရင် ဒီမေးခွန်းတွေကို သူမှာဖြေစရာတောင်မရှိဘူး။
အကယ်၍ မဖြေပဲ ငြင်းလိုက်မယ်ဆိုရင် သူ့ကို တာအိုနိယာမ စာမေးပွဲမှာ လှည့်စားတဲ့ အမှုအဖြစ် ချက်ကျ လက်ကျ ဖြစ်သွားတော့မယ်။
ဖန်ကျန်းရှီ တိတ်ဆိတ်နေတဲ့ အတွက် လီဟူအာက ဆက်ပြီးစောင့်ကြည့် မနေနိုင်တော့ဘူး။
“ငါသိတယ် ငါသိတယ်။ ဒီကောင်က တာအို ခန်းမမှာ စာမသင်ဖူးသလို ထောက်ခံပေးတဲ့ ဆရာလည်း မရှိဘူး။” ဖန်ကျန်းရှီကို ဦးတည်ပြီးတော့ လီဟူအာ လှမ်းပြောလိုက်တော့တယ်။
“ ဟ ဟ တာအို ခန်းမကို မဝင်ဘူး။”
“ဟ ဟ ဟ ထောက်ခံပေးတဲ့ ဆရာလည်း မရှိဘူး။”
“ဒီကောင်က တကယ်ပဲ တာအို နိယာမ စာမေးပွဲကို ပေါ့သေးသေးနဲ့ လှည့်စားလို့ ရမယ်လို့တွေးနေတာပဲ။”
“တကယ့်ကို အတုအယောင်ကောင်ပဲ။” လီဟူအာရဲ့ ပြောစကားကို ကြားသွားတဲ့ တခြားသော စာဖြေသူတွေကတော့ ဖန်ကျန်းရှီကို တောသားငနုံ။ လူလိမ်။ အယောင်ဆောင် စသည်ဖြင့် မျိုးစုံ အော်ဟစ်နေကြတော့တယ်။
သေချာတာပေါ့ “နှာဘူးကောင်” ဆိုတဲ့ ဂုဏ်ပုဒ်က အလကားရထားတာမှ မဟုတ်တာ။
“တာအိုခန်းမကိုလည်း မဝင်ဘူး။ ထောက်ခံတဲ့ ဆရာလည်း မရှိဘူး။” လီဟူအာကို ကြည့်ရင်းနဲ့ အောင်စာရင်း တရားဝင် ထုတ်ပြန်သူက အတော်လေး တောင့်တင်းသွားတော့တယ်။
ဖန်ကျန်းရှီကိုကြည့်လိုက်ရင်း သူ့မေးခွန်းကို ဖြေတာကို စောင့်နေတော့တယ်။ “ဟုတ်တယ်။ ကျွန်တော် ကိုယ်တိုင်ပဲ လေ့ကျင့်ခဲ့တာ။” ဖန်ကျန်း၇ှီရဲ့ အဖြေထွက်ပေါ်လာချိန်မှာတော့ ကျောင်းတော်သားတွေရဲ့လှောင်ရယ်သံတွေက ပြန်လည် ထွက်ပေါ်လာပြန်တော့တယ်။
“ ဟ ဟ ဟ ကိုယ်တိုင်သင်ယူ လေ့လာတယ် ဟုတ်လား။ ကိုယ့်ဘာကိုယ် သင်ပြီး တာအို အတွေးအခေါ်စာမေးပွဲကို လာဖြေတယ်တဲ့ ဘယ်လို ဟာသလဲ။”
“ဟုတ်တယ်။ ကိုယ်တိုင်သင်ကြားတာနဲ့ အတွေးအခေါ်စာမေးပွဲကို ဖြေနိုင်ရင် ယုံကြည်မှု မြစ်ရေတွေ အကုန်သောက်ပြစ်မယ် ။ ဟ ဟ ဟ ”
“ယုံကြည်မှု မြစ်ရေပဲလား။ ငါတော့ အိမ်သာထဲက ရေတောင် အကုန်သောက်နိုင်တယ်။ ဟ ဟ ဟ” စာဖြေသူ ကျောင်းတော်သားတစ်ချို့က စတင်ပြီး ရယ်မောကြတော့တယ်။ ” အဆင့် သတ်မှတ်ချက်ထဲ မဝင်ကြတဲ့ ကျောင်းတော်သားတွေကတောင် အတော်လေး သတ္တိ ရှိနေကြဟန်ပဲ။
“သခင်လေး ဖန်ကျန်းရှီ ကိုယ်တိုင်သင်ယူမှု အောင်မြင်တာ တကယ်ပဲ လေးစားဖွယ်ကောင်းလှတယ်။ ကျွန်တော့်ရဲ့ မေးခွန်းတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်စေသလို ဖြစ်သွားတဲ့ အတွက် တကယ်ပဲ တောင်းပန်ပါတယ်။ နောက်ဆုံးမှာတော့ သခင်လေး ဖန်ကျန်းရှီ ပထမတန်း ထိပ်တန်းကျောင်းသားဖြစ်သွားတဲ့ အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ” စာမေးပွဲအောင်စာရင်း ထုတ်ပြန်သူက ဦးညွှတ်ပြီးပြောလိုက်တော့တယ်။
“ထိပ်တန်းကျောင်းသား” “ထိပ်တန်းကျောင်းသား” ဒီစကားသံဟာ ပဲ့တင့်ထပ်နေတော့တယ်။
“ပထမတန်း ထိပ်တန်းကျောင်းသားဖြစ်သွားတဲ့ အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ” ပထမတန်း ထိပ်တန်းကျောင်းသားဖြစ်သွားတဲ့ အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ” “ဒါ က ဘယ်လိုဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး။ ကိုယ်တိုင်သင်ယူတဲ့သူက ထိပ်တန်းကျောင်းသားဖြစ်လာတယ်။”
လှောင်ပြောင် ကဲ့ရဲ့နေကြတဲ့ ကျောင်းတော်သားတွေဟာတော့ သူတို့ရဲ့ ပါးစပ်ပေါက်တွေကို ငှက်မွှေးတွေနဲ့ ထိုးသိပ်ပြီး အပိတ်ခံလိုက်ရသလိုမျိုး စကားသံတွေပါ ဝူးဝါး ဝူးဝါး ဖြစ်ကုန်ကြတော့တယ်။ မျက်လုံးပြူးကြီးတွေနဲ့ တအံ့တသြကြည့်ရင်း အံ့သြနေကြတော့တယ်။
ယုံကြည်မှုမြစ်ရေကို ကုန်အောင်သောက်မယ်ဆိုတဲ့လူကော အိမ်သာရေတွေ ကုန်အောင် သောက်မယ်လို့ပြောထားတဲ့ လူနှစ်ယောက်က တော့ မျက်နှာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်နေပါတော့တယ်။
အောင်စာရင်း တရားဝင် ထုတ်ပြန်သူက တော့ ဘယ်ကျောင်းတော်သားကို မှ အရေးမလုပ်ပါဘူး။ အောင်စာရင်း ထုတ်ပြန်တဲ့ နေရာကို သာ တန်းတန်းမတ်မတ်လျှောက်လှမ်းသွားရင်း လက်ထဲက ကျောက်တုံးကို ဖိချလိုက်တော့တယ်။
ဒီအချိန်မှာတော့ ပထမတန်း ကျောင်းတော်သား စာရင်းမှာ ဖန်ကျန်းရှီရဲ့ နာမည်ဟာ ပေါ်ထွက်လာတော့တယ်။
“ဖန်ကျန်းရှီ ။ တာအိုခန်းမ - မရှိ။ ထောက်ခံပေးသည့် ဆရာ - မရှိ” ဘေးမှာတော့ သူ အတုလုပ်ထားတဲ့ ဂဏန်းကြီးတွေက ကပ်လျက်ရှိနေတော့တယ်။
ယုံကြည်မှုမြစ်ကမ်းဘေးမှာတော့ လေချိုအေးလေးက ညှင်းသွဲ့သွဲ့လေး အေးမြစွာ တိုက်ခတ်နေပါတယ်။
ဒါပေမယ့် ဒီအချိန်မှာတော့ ဘယ်သူကမှ အေးချမ်းမှုကို သူတို့စိတ်ထဲမှာ မခံစားရပါဘူး။ မုန့်ကျန်း၇ှန်းရဲ့ ပြူးကျယ်နေတဲ့ မျက်လုံးကြီးနဲ့ ကြည့်နေတဲ့ ကြောက်မက်ဖွယ် အကြည့် ။ မုန့်ယွိရှုရဲ့ သရဲတစ်ကောင်ကို မြင်နေသလိုမျိုး ကြည့်နေတဲ့ ဖြူဖတ်ဖြူရော ် အေးစက်စက် သွေးပျက်နေတဲ့ ဟန်ပန်ပုံစံတွေဟာ အတော်လေးကို စိတ်မသက်သာစရာကောင်းလှတော့တယ်။
စိတ်ထဲမှာ ပူလောင်နေကြတဲ့ အတွက် အပြင်ဘက် ကိုယ်ခန္ဒာမှာတောင် ချွေးတောက်တောက်စီးကျနေတော့တယ်။
ပါးစပ်ကြီးတွေဟပြီး ကြက်နာကြီးတွေ လည်လိမ်ခံရသလို ကြည့်နေကြတဲ့ ကျောင်းတော်သားတွေဟာ လည်း သူတို့ မြင်နေရတဲ့ အဖြစ်အပျက်ကို မယုံနိုင်ကြဘူးဖြစ်နေပြန်တယ်။
“ဒါ ဒါ က ဘယ်လိုဖြစ်နိုင်မှာလဲ။”
“ဖန်ကျန်းရှီက ဘယ်လိုလုပ် ပထမတန်းကို ဝင်နိုင်တာလဲ။“
“ပထမတန်းစား ထိပ်တန်းကျောင်းသား” လက်တွေ့အဖြစ်အပျက်ကို လက်ခံနိုင်ဖို့ ခက်ခဲနေကြပုံပဲ။
ကံမကောင်းစွာနဲ့ပဲ ဖန်ကျန်းရှီရဲ့ နာမည် ဟာတော့ ပထမတန်း ထိပ်တန်းကျောင်းသား စာရင်းထဲမှာ ထည်ဝါစွာတည်ရှိနေတာဖြစ်တယ်။ ရွှေရောင် အလင်းတန်းတွေ ကွန့်မြူးနေပြီး တောင်တန်းတွေပမာ ထင်ရှားစွာ တောက်ပနေတဲ့ အောင်စာရင်းတစ်ခု။
ကျောင်းတော်သားတွေကတော့ သူတို့ရဲ့ကိုယ်ပေါ်မှာ မမြင်ရတဲ့ အလေးချိန်တစ်ခုဖိစီးထားသလိုမျိုးခံစားနေရတော့တယ်။
အပိုင်း(၆၆)ပြီး၏။
အပိုင်း (၆၇)
“ပြုံးရွှင်စွာ လက်ခံခြင်း ”
“ဖန်ကျန်းရှီ” မုန့်ယွိရှုက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိတော့တယ်။
“သခင်လေး မုန့်က ဒီလိုပဲ ထွက်သွားတော့မှာလား။ ဟေးး သခင်လေး မုန့် သတိထား။” ဖန်ကျန်းရှီက မုန့်ယွိရှု ထွက်သွားတာကို တွေ့လိုက်တော့ လှမ်းအော်ခေါ်လိုက်တော့တယ်။ မုန့်ယွိရှုကတော့ လုံးဝကို လှည့်မကြည့်ပါဘူး။ သူ့စိတ်ထဲမှာတော့ မင်းကိုယ်တိုင်သာ သတိထားစမ်းပါလို့ တွေးနေတာဖြစ်တယ်။
သူတွေးနေချိန်မှာပဲ။ ရုတ်တရက် လုံးဝကို ရုတ်တရက်ကြီးချော်လဲသွားတော့တယ်။
“အိုက်ယိုးးး”
ထိတ်လန့်စွာနဲ့ အော်ဟစ်လိုက်ရင်း သူ့ရဲ့ ခန္ဒာကိုယ်ကတော့ ရှေ့ကို ငိုက်စိုက်ကျသွားတော့တယ်။ မျက်နှာကတော့ မြေကြီးနဲ့ မိတ်ဆက်ပြီးသွားဖြစ်သွားတာပါ။
“ငါပြောသားပဲ သတိထားပါဆို။ ဟူးးး ”
ဖန်ကျန်းရှီက သက်ပြင်းရှည်ကြီးကို ချလိုက်ရင်း သူ့လက်ထဲက သစ်သီးကို တစ်ကိုက်ကိုက်လိုက်တော့တယ်။
ပါးစပ်ထဲမှာ အရည်ပျော်သွားတဲ့ သစ်သီးလေးရဲ့ ချိုမြိန်လှတဲ့ အရသာလေးး။ ချိုမြိန်မှုကတော့ တကယ့်ကို အနှိုင်းမဲ့ပဲ။
အချိန် ခဏတာကြာပြီးနောက်မှာတော့ အခြားသော စာဖြေသူ ကျောင်းတော်သားတွေဟာ အံ့သြမှုကို ထိန်းနိုင်သွားတော့တယ်။
“အကိုလီ ကျွန်တော်ကြားတာတော့ အကိုက ယုံကြည်မှု မြစ်ရေတွေကို အကုန်သောက်ပြစ်မယ်ဆို”
“ကျွန်တော်ထင်တာကတော့ အကို ကျန်းရဲ့ အိမ်သာရေက ပိုပြီး အဆင်ပြေမယ် ထင်မိတာပဲ” ကျောင်းတော်သားတွေကတော့ ဒီ လေကြီးလေကျယ်ပြောထားတဲ့သူတွေကို ရှောင်ဖယ်သွားကြတော့တယ်။
“မဖြစ်နိုင်လိုက်တာ ” “တစ်ခုခု လွဲနေတာတော့ ရှိမှာ အမှန်ပဲ”
“ စာမေးပွဲ အဖြေလွှာတွေ မှားနေတာဖြစ်မယ်။ လုံးဝကို မဖြစ်နိုင်ဘူး”
ကျောင်းတော်သားအုပ်စုကြီးရဲ့ သံသယ ဝင်နေတဲ့ အကြည့်တွေကို ဖြေရှင်းဖို့အတွက် လူနှစ်ဦးဟာ သင့်လျော်တဲ့ အကြောင်းပြချက်ကို အလျင်အမြန် စဉ်းစားနေကြရတယ်။
ဘာကြောင့် ဖန်ကျန်းရှီက အတွေးအခေါ်စာမေးပွဲ ပထမအကျော့မှာ ပထမတန်းစား ကျောင်းတော်သားအဖြစ်ဝင်ခွင့်ရသလဲဆိုတာကိုပေါ့။
“တာအိုခန်းမမှာ စာတောင် မသင်ဖူးတဲ့ လူကဘယ်လိုများ တာအိုအတွေးအခေါ်ပြိုင်ပွဲမှာ ပထမတန်းကနေ အောင်ရတာလဲ။ သေတောင် မယုံဘူး။”
“အကို လီ မှန်တယ်။ အတွေးအခေါ်စာမေးပွဲရဲ့ ဒုတိယအကျော့ ပြိုင်ပွဲကို စောင့်ကြည့်ရအောင်။ ဖန်ကျန်းရှီ လုံးဝကို ကျမှာပဲ။”
“အကိုကျန်းကို ထောက်ခံတယ်။ မထင်မှတ်ထားတဲ့ ကံကောင်းမှုက ဘယ်လောက်ကြာရှည်ခံမှာမို့လဲ။ တကယ့် စွမ်းအား အစစ်အမှန်ကသာ အောင်မြင်မှာပဲ။” အသံတွေဟာ လူအုပ်ကြားကနေ အော်ကျယ်အော်ကျယ်နဲ့ ပေါ်လာပြန်တယ်။
ဒေါသထွက်နေကြတဲ့ ကျောင်းတော်သား အချို့ဟာတော့ ဆူညံပူညံတွေ လုပ်စပြုလာပါပြီ။ သို့ပေမယ့်လည်း ဘယ်သူကမှ လူပုံအလယ်မှာ အရှက်တကွဲဖြစ်အောင်တော့ မလုပ်ရဲ့ကြပါဘူး။
ဒီအချိန်မှာတော့ အဆင့်ခွဲကျောက်တုံးကို ကြည့်နေတဲ့ လီကျွမ်းစီဟာလည်း အတော်လေးကို ထိတ်လန့်နေဟန် အထင်းသား ပေါ်လွင်နေတော့တယ်။ သူ ၈နှစ်တာလုံးလုံး သင်ယူခဲ့တာတောင် ဒုတိယအဆင့်နဲ့ပဲအောင်မြင်ခဲ့တယ်။
တာအိုခန်းမကိုတောင် မဝင်တဲ့ ဖန်ကျန်းရှီက အခုတော့ ပထမ အဆင့်နဲ့ အောင်မြင်တယ်။ ကံကောင်းတာလား ကြက်ကန်းဆန်အိုးတိုးတာလား။ မိုးနတ်မင်းကြီးက တကယ့်ကို မတရားဘူးပဲ။ ဖန်ကန်းရှီက ဘယ်လောက်ပဲ ကံကောင်ပါစေအုန်း ပထမ အဆင့်နဲ့တော့ ဝင်ရတာမျိုး မဖြစ်သင့်ဘူး။
ဖန်ကျန်းရှီကတော့ တခြားသူတွေကို လုံးဝကို ဂရုမစိုက်ပါဘူး။ လေလေး တချွန်ချွန်နဲ့သာ ထွက်သွားပါတော့တယ်။
စွမ်းအား။ ငါက စွမ်းအားရှိတယ်။ အတုကနေ အစစ် ဖြစ်တယ်. ။
ရှေးခေတ်လူတွေက တကယ့်ကို ဖော်ရွေတာပဲ.။
အတုကနေ အစစ်.။ အစစ် အတု နှစ်ခုတူ ။ အတုနဲ့ အစစ်ကို ဘယ်သူ ခွဲနိုင်လိမ့်။
တာအိုနိယာမ စာမေးပွဲရဲ့ ဒုတိယ အကျော့ကတော့ မနက်ဖြန်ပဲဖြစ်တယ်။
ဖန်ကျန်းရှီ စာမေးပွဲ အခန်းထဲ ဝင်ချိန်မှာတော့ သူ မုန့်ယွိရှုကို မတွေ့တာကြောင့် ခန့်မှန်းမိလိုက်တယ်။
ဒီကောင်က တကယ်ပဲ စာမေးပွဲကနေ အထုတ်ခံလိုက်ရပြီ။ သူ တွေးလိုက်မိတော့ ပျော်တာလေး တိုးလာတော့တယ်။ အတွေးအခေါ်စာမေးပွဲ ဒုတိယ အကျော့ကတော့ ပထမအကျော့ထက် ပိုပြီးတော့ကို ခက်ခဲခဲ့တယ်။
ပထမအကျော့ကို တာအိုနိယာမ နောက်ကွယ်က ဖော်ပြမှုလို့ သတ်မှတ်လိုက်ရင် ဒုတိယ အကျော့ကိုတော့ တာအိုနိယာမ အသုံးချမှုကို ခွဲခြမ်း စိတ်ဖြာခြင်းလို့ ပြောရမှာ အမှန်ပဲ။
ထပ်ပြီးပြောရရင်တော့ မေးခွန်းတွေရဲ့ ဦးတည်ချက်က ပိုပြီးတော့ ရိုးရှင်းလာတယ်။ ပထမအကျော့တုန်းကလိုမျိုး အကျဉ်းချုပ်ပြီးရေးရတာထက်စာရင် ဒီစာမေးပွဲက ပိုထူးခြားတယ်.။ စစ်တပ်ရေးရာ နည်းဗျုဟာတွေတောင် ထပ်ပေါင်းထည့်ထားသေးတယ်။
ဥပမာအားဖြင့်ဆိုရင် တိုက်ပွဲ အတွင်းမှာ တောင်တစ်တောင်နဲ့ ကြုံရရင်ဘယ်လို လုပ်မလဲ။ ဒါမှမဟုတ် မြစ်တစ်စင်းနဲ့ကြုံရရင် ဘယ်လိုလုပ်မလဲ။ ဒါ့အပြင် နောက်ဆုံးမှာ တိုက်ပွဲအသေးစားလေးတစ်ခုရဲ့ ပုံတောင် ပါလိုက်သေးတယ်။ အချိန်ကတော့ နှစ်နာရီပဲပေးထားတယ်။
သို့ပေမယ့် ခက်ခဲတဲ့ အဆင့်ကတော့ အများကြီးပိုတယ်။
ဒါပေမယ့် ဖန်ကျန်းရှီ အတွက်ကျတော့ ဒါက လုံးဝကို ကွဲပြားနေတယ်. ။ ပထမအကျော့ စာမေးပွဲက စာရေးရတာ အရမ်းများလွန်းတယ်။ ရှင်းရှင်းလင်းလင်း တွေးဖို့ ခက်တယ်။
တခြားတစ်ဖက်က ဒီဒုတိယ အကျော့ စာမေးပွဲကတော့ တစ်ခုတည်းကိုပဲ အဓိက ထားပြီး စဥ်းစားရမှာဖြစ်တယ်။
ဒါကြောင့် အထူးသဖြင့် နောက်ဆုံးမှာပါတဲ့ တိုက်ပွဲပုံစံ အသေးလေးကဆိုရင် ရိုးရှင်းတဲ့မြွေလိမ်မြွေကောက် ပုံစံတစ်မျိုးနဲ့ ဆင်တူတယ်။
တိုက်ခိုက်နည်း သုံးမျိုးရှိရာမှာ ခေါင်းကို တိုက်ရင် ကိုယ်က ရွေ့မယ် ။ အမြီးကို တိုက်ရင် ခေါင်းက ကိုက်မှာ။ ကိုယ်အလယ်ကို ခုတ်ပိုင်းလိုက်မှ အမြီးကော ခေါင်းပါ မလှုပ်ရှားနိုင်တော့မှာဖြစ်တယ်။ ဖန်ကျန်းရှီက ဒီလိုမျိုး အကျဉ်းချုပ်စဉ်းစားလိုက်ပြီးနောက်မှာတော့ အရိုး၇ှင်းဆုံးနဲ့ အရှင်းလင်းဆုံးနည်းလမ်းကို သုံပြီး ဒီအရှုပ်ထွေးကို ဖြည်ပြစ်ဖို့ဆုံးဖြတ်လိုက်တော့တယ်. ။
ဥပမာပြောရရင်တော့ မြွေလိမ်မြွေကောက် နည်းရဲ့ အဆုံးသတ်မှာ စာကြောင်းလေးတစ်ကြောင်းတည်းကိုသာ ရေးသားပြီးတော့ ဖြေရှင်းထားတယ်။ “ခေါင်းကို ချုပ် ။ အမြီးကို ရစ် ။ ကိုယ်ကို ခုတ်” အကောင်းမွန်ဆုံး ဟာကွက် မရှိတဲ့ အဖြေကို ဖြေပြီးတဲ့နောက်မှာတော့ သူဟာ စာမေးပွဲ အဖြေလွှာကို ကြည်နူးပီတိဖြစ်စွာကြည့်လိုက်တော့တယ်။
ဒုတိယအကျော့ စာမေးပွဲကို ဖြေဖို့ သူကုန်ခဲ့တဲ့ အချိန်ဟာတော့ နာရီဝက် မပြည့်ပါဘူး။ ပထမအကျော့ကထက်တောင် ရေးတာပိုမြန်သေးတယ်. ။ သူ့ရဲ့အမူအယာကတော့ တခြားသော စာဖြေသူတွေကို ဆွဲဆောင်လွန်းနေပါတယ်။ တချို့ဆိုရင် ဖြေဖို့ စတောင်မရေးကြရသေးဘူး စဉ်းစားနေကြတုန်းပဲရှိသေးတယ်။
ဒါပေမယ့် ဖန်ကျန်းရှီကတော့ စာဖြေ စားပွဲပေါ်မှာ ဆန့်ဆန့်ကြီး ခေါင်းတင်ရင်း အိပ်ပျော်နေပါတယ်။ ကျောင်းတော်သားတွေဟာတော့ သူတို့ရဲ့ မနာလို ဒေါသတွေကို မနည်း မျိုချထိန်းသိမ်းထားရတယ်။
“လူလိမ်ကောင်က အိပ်နေပြန်ပြီ။ ဒုတိယ အကျော့ စာမေးပွဲက ဒီလောက်ခက်တာကို နာရီဝက်တောင် မပြည့်သေးဘူး အိပ်နေပြန်ပြီ။”
“ကျတော့မယ် ။ စာမေးပွဲတော့ ကျတော့မယ်။”
ကျောင်းတော်သား အုပ်ကြီးကေတော့ အတော်လေးကို အံ့သြနေကြတော့တယ်။
ဒါပေမယ့်လည်း သူတို့က ဘာမှ မလုပ်နိုင်တော့ပါဘူး။ အကယ်၍ လူတစ်ယောက် စာမေးပွဲခန်းထဲ အိပ်ပျော်နေရင်တောင် သူတို့ ပြောလို့မရဘူးလေ။
စာမေးပွဲ ခန်းထဲမှာ ဆူညံခွင့်မှ မရှိတာကို ။ ဒုတိယနေ့မနက်မှာတော့ အတွေးအခေါ် စာမေးပွဲ ဒုတိယ အကျော့ရဲ့ ရလဒ်တွေ ထွက်ပေါ်လာတော့တယ်။
ပထမအကျော့က အောင်မြင်သူတွေထက်စာရင် ဒုတိယ အသုတ်မှာတေ့ သိသိသာသာကြီးကို လူနည်းနေတော့တယ်။
ပထမအသုတ်မှာတည်းက မအောင်မြင်တဲ့သူ အတော်များများက အိမ်ပြန်ကုန်ကြပြီဖြစ်ပေမယ့် အချို့သော သူတွေကတော့ မပြန်သေးပဲ အောင်စာရင်း ထုတ်ပြန်မယ့် နေရာကို ရောက်နေကြတဲ့အပြင် သူတို့ရဲ့ မိတ်ဆွေတွေကို ပါ ဖိတ်ခေါ်ထားရင်း ဖန်ကျန်းရှီ စာမေးပွဲကျမှာကို လာပြီး ကြည့်ကျဖို့ ဖိတ်ခေါ်ထားသေးတယ်။
“ ထိပ်တန်းကျောင်းတော်သား ၃ယောက်ကို ခန့်မှန်းကြတယ်။” အောင်စာရင်းထုတ်မယ့် ကျောက်တုံးကြီးတွေနားမှာ ဖန်ကျန်းရှီ လမ်းသလားနေချိန်မှာပဲ အော်သံတစ်ခုကို ကြားလိုက်ရတဲ့အတွက် မျက်လုံးအရောင်တွေ လင်းလက်သွားတော့တယ်။
အလောင်းအစားလုပ်တဲ့ သစ်ပင်ကြီးနားကို သူသွားလိုက်တော့တယ်။ အောင်စာရင်းက တရားဝင်မထွက်သေးတာကြောင့် ဒီတစ်ခါမှာတော့ ငွေရဖို့ အခွင့်အရေးပဲလေ။ ဘာမှတောင် သိပ်မလုပ်လိုက်ရပဲနဲ့ လောင်းကြေးထပ်တဲ့ စားပွဲရှေ့ကို ရောက်သွားတော့တယ်။ ဟိုတစ်ရက်က စာရင်းမှတ်တဲ့ကောင်လေးပဲဖြစ်နေတယ်။
“ဟေးး ငါ ပထမတစ်ခေါက်တုန်းက မုန့်ယွိရှု ထိပ်တန်းသုံးယောက်ထဲ မဝင်ဘူးလို့ ဒီမှာလောင်းခဲ့တာ” ဖန်ကျန်းရှီက ကောင်လေးကို ပြောလိုက်တော့တယ်။ အော်ဟစ်ရင်းနဲ့ အလုပ်များနေတဲ့ကောင်လေးကတော့ ဖန်ကျန်းရှီကို့မြင်လိုက်တော့ အတော်လေးကို မချိုမချဉ်ရုပ်ဖြစ်သွားတော့တယ်။
“သခင်လေးက တကယ့်ကို အမြင်ကျယ်တာပဲ။ လောင်းကြေးတွေအကုန်နိုင်ပြီပေါ့။ သခင်လေးရဲ့ နာမည်ကို သိခွင့်ရှိနိုင်မလား။ ” ကောင်လေးက သူ့အိတ်ထဲကို လက်နှိုက်ရင်းနဲ့မေးလိုက်တော့တယ်။ သူ့ရဲ့ အမူအယာကတော့ မျက်နှာတစ်ခုလုံးဖြတ်ရိုက်ခံထားရသလိုမျိုးမှောင်မဲ စူပုတ်နေခဲ့တယ်။
“ဖန်ကျန်းရှီ” ဖန်ကျန်းရှီကတော့ မကွယ်မဝှက်ပဲ သူ့နာမည်ကို ပြောလိုက်တော့တယ်။ အခုတော့ သူကကျော်ကြားနေပြီလေ။
“သခင် သခင်လေးက ဖန်ကျန်းရှီ” ဖန်ကျန်းရှီရဲ့ စကားသံကို ကြားလိုက်တော့ ကောင်လေးက အလွန့်ကို အံ့သြသွားတဲ့ ပုံပါပဲ။ သူ့ပုံစံကတော့ ဖန်ကျန်းရှီကို တွေ့ရတာ ဝေးကွာနေတဲ့ ဆွေမျိုးရင်းချာ တစ်ယောက်ကို တွေ့လိုက်ရသလိုမျိုးပြောင်းလဲသွားတော့တယ်။ ဖန်ကျန်းရှီကတော့ ကောင်လေးရဲ့ ပုံစံကို ကြည့်ပြီးတော့ သူက ဒီလောက်တောင် ကျော်ကြားနေပြီလားလို့ သူ့ကိုယ်သူတွေးလိုက်မိတော့တယ်။
“သခင်လေး ဖန် ကျွန်တော်နဲ့အတူ ခဏလောက် လိုက်လာနိုင်မလား” ကောင်လေးက ငွေသားတွေကို ဖန်ကျန်းရှီလက်ထဲကို ထည့်ပေးရင်းနဲ့ ပြောလိုက်တော့တယ်။ အဲ့ဒီ့နောက်တော့ စားပွဲကို သိမ်းလိုက်ပြီးထွက်သွားတော့တယ်။ လက်ထဲမှာ ပိုက်ဆံရှိနေချိန်မှာဆို ဖန်ကျန်းရှီက ဘာကိုမှ မကြောက်တော့ဘူး။
ဒါပေမယ့်လည်း အောင်စာရင်းထွက်ဖို့က အချိန်လိုသေးတာကြောင့် ဒီကောင်လေးနောက်ကို လိုက်သွားဖို့ဆုံးဖြတ်လိုက်တော့တယ်။
“သခင်လေးဖန်က မုန့်ယွိရှုကို တိုင်ကြားလိုက်တာ။ ကျွန်တော်တို့အတွက် အကောင်းဆုံး အခွင့်အရေးဖြစ်သွားတယ်။ မုန့်ယွိရှုကို လောင်းထားတဲ့ ပိုက်ဆံမှန်သမျှ ကျွန်တော်တို့ရဲ့ အိတ်ထဲကို အကုန်ရောက်လာတာ။ သခင်လေးဖန်ရဲ့ ကြီးမားတဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ အကျိုးအမြတ် ဒီလောက်ရမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ သခင်က နောက်တစ်ခါ သခင်လေး ဖန်နဲ့ ဆုံဖြစ်ခဲ့ရင် ကျေးဇူးဆပ်ဖို့ပြောထားတယ်။ “ ပြောပြီးတဲ့နောက်မှာတော့ ငွေသား တစ်ရာပါတဲ့ အိတ်နှစ်အိတ်ကို ဖန်ကျန်းရှီလက်ထဲကို လေးလေးစားစားနဲ့ ကမ်းပေးလိုက်တော့်တယ်။
ဆုလဒ်က ငွေသား နှစ်ရာကြီးများတောင်။ ဖန်ကျန်းရှီကတော့ ဝမ်းသာပီတိ ဂွမ်းဆီထိပြီး ပြုံးရွှင်နေတော့တယ်။ ပြုံးပြီး လက်မခံရင် သူများပေးတာက ဘယ် အရာရောက်ပါမလဲ။ “ကျေးဇူးအများကြီးတင်ပါတယ်။” ဖန်ကျန်းရှီက ပြောလိုက်တော့တယ်။
မနက်စောစောမှာ ဒီလို ကိစ္စကောင်းနဲ့ ကြုံရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။
ဒီကောင်လေးရဲ့ သခင်က အတော့် ကို သဘောကောင်းတဲ့ ပုံပဲ။ သူ့လက်အောက်က လူကိုတောင် ဒီလိုမျိုး ကျေးဇူးသိဖို့ သင်ထားတယ်။
“ကျွန်တော့်သခင်က မြို့တော်မှာနေတာ ။ ဒီနှစ်ရက်မှာတော့ ဟွေ့အန်းဒေသကို ဖြတ်သွားရင်း နဲ့ သခင်လေးဖန် အကြောင်းကို ကြားလိုက်ရတယ်။ နောက်ပြီး သခင်လေး ဖန် ဆီကလည်း အကူအညီကြီးတစ်ခုရလိုက်တယ်။ ဒါကြောင့် သခင်လေးဖန် စိတ်မရှိရင် အကြံဉာဏ်လေး တစ်ခုလောက်တော့ ပေးချင်တယ်။ ကျွန်တော်တို့ရဲ့ သခင်လေးက သခင်လေး စာမေးပွဲ ကျတာကို နှစ်သိမ့် လို ပြီးတော့ သခင်လေးနဲ့ မိတ်ဆွေဖွဲ့ချင်ပါတယ်။ ဒါကြောင့် သခင်လေးဖန်ကို မြို့တော်ကို ဖိတ်ခေါ်ချင်ပါတယ်။ လမ်းခရီးတစ်လျှောက်မှာလဲ ဘေးမသီ ရန်မခအောင် ကူညီပေးပါမယ်။ ” ကောင်လေးကတော့ သူ့သခင်ရဲ့ အမှာစကားတွေကို ဂုဏ်ယူ မှု အပြည့်နဲ့ ပြောကြားနေတော့တယ်။
တစ်ဖက်က ဖန်ကျန်းရှီကတော့ အေးစက်စက်နဲ့ နှာမှုတ်နေတော့်တယ်။ သူခုနက တွေးနေတာက ကိစ္စကောင်းတစ်ခုကြုံရတယ်လို့ပေါ့။
အခုတော့် စာမေးပွဲကျတာကို နှစ်သိမ့်မယ်တဲ့လား။ နင့်ခေါင်းသာကျ ။
“ငါသွားတော့မယ် မင်းရဲ့သခင်လေးကို ပြောလိုက် တောင်တန်းတွေဟာ မပြောင်းလဲသလို မြစ်တွေဟာလည်း ဆက်လက်စီးဆင်းတယ်။” သူ့နှုတ်ခမ်းတွေကို တွန့်ကွေးရင်းနဲ့ ဖန်ကျန်းရှီက ထွက်ခွာသွားတော့တယ်။
လမ်းလျှောက်ရင်းနဲ့ သူ့ပါးစပ်ကနေ စကားသံ ခပ်တိုးတိုးလေး ထွက်နေတာကတော့ “ မနက်စောစော ဒီလို ကြုံရတယ်။ ငါထင်တာက အမြင်ကျယ်တဲ့ သခင်တစ်ယောက်လို့ ။ ဘယ်သူသိမှာလဲ ဒီစကားမျိုးထွက်လာလိမ့်မယ်လို့။ ဒီကောင်နဲ့တွေ့ရင်တော့ ယော်ကျာ်းလေးဖြစ်ခဲ့ရင် တုတ်နဲ့ နာနာရိုက်ပြစ်မယ်။ မိန်းကလေးဖြစ်ရင်တော့ ဘန်း ဘန်း ဘန်း လုပ်ပြစ်မယ်။”
“မိန်းကလေးဖြစ်ရင် ဘန်း ဘန်း ဘန်း လုပ်ပြစ်မယ်တဲ့လား။” ထွက်ခွာသွားတဲ့ ဖန်ကျန်းရှီရဲ့ ပုံရိပ်ကို စိုက်ကြည့်ရင်းနဲ့ ကောင်လေးက ပြောလိုက်တယ်။
“ဘန်း ဘန်း ဘန်း ဆိုတာ ဘာပါလိမ့်”
အပိုင်း (၆၇)ပြီး၏။
အပိုင်း (၆၈)
“ဒဏ္ဍာရီတစ်ခုကိုနောက်ချန်ထားနိုင်ခြင်း”
အောင်စာရင်း တွေထုတ်ဖို့နီးလာတာနဲ့အမျှ ချင်းဖုန်းကျောင်းတော်ရဲ့ဝင်ပေါက်မှာ လူအုပ်ကြီးကစတင်စုဝေးလာတယ် ဖန်ကျန်းရှီ ချင်းဖုန်းကျောင်းတော်အဝကိုပြန်လာတဲ့အချိန်မှာပဲ လီဟူအာရဲ့အော်သံက သူ့နားထဲတစ်ဖန်ဝင်ရောက်လာပြန်တယ်
"ဖန်ကျန်းရှီ..မြန်မြန်..ဒီကိုလာခဲ့ ငါမင်းအတွက်နေရာဦးပေးထားတယ်!"
ဖန်ကျန်းရှီက တစ်ချက်ကြည့်လိုက်ပြီးတော့ သတိမထားမိတဲ့ပုံနဲ့ ဘေးကိုဆက်လျှောက်သွားတယ်
"ဟမ်...သူဘာလို့အဲကိုသွားတာလဲ..သူ အဆင့်ထဲမပါရင် ဖြစ်ပျက်သွားမဲ့ရုပ်ကိုငါတို့မြင်မှာကြောက်နေတာပဲဖြစ်မယ် ဟား ဟား ဟား...ဒီနေရာကိုငါ့အတွက်ဖယ်ပေးထား ငါသူ့ကိုဒီနေရာကိုခေါ်လာခဲ့မယ်!"
လီဟူအာက ဒီအချိန်ကိုစောင့်နေတယ်ဆိုတာ အထင်အရှားပဲ ဖန်ကျန်းရှီ စိတ်ပါတာမပါတာကိုဂရုမစိုက်ပဲ အတင်းအကြပ်ကြီး သူဖယ်ပေးထားတဲ့နေရာကို အတင်းဆွဲခေါ်လာခဲ့တယ်
ဖန်ကျန်းရှီက သက်ပြင်းရှည်ကြီးချလိုက်တယ်...ငါမင်းကိုကောင်းကောင်းဆက်ဆံရဲ့သားနဲ့ မင်းကတော့
ဥပေက္ခာပြုပြီး အသိအမှတ်မပြုဘူး..ဘာလို့လူတွေထဲမှာ သူတို့ရဲ့မျက်နှာကိုဖြတ်ရိုက်ခံရအောင် ကြိုးစားနေတဲ့ လူတွေရှိနေရတာလဲ။
"ကျန်းရှီ...အဆင့်ထဲမပါမှာမစိုးရိမ်နေနဲ့ မင်းက ပထမအဆင့်ထဲတစ်ခါပါပြီးသားပဲကို..ရွာကိုစိတ်အေးလက်အေးပြန်လို့ရတယ်!"
လီကျွမ်းစီက ဖန်ကျန်းရှီလျှောက်လာတာကိုမြင်တော့ လှမ်းပြောလိုက်တယ်။
တခြားစာမေးပွဲဝင်ဖြေသူတွေပါဖန်ကျန်းရှီကိုမြင်သွားချိန်မှာတော့ သူတို့တွေအပူတပြင်း စဆွေးနွေးကြတော့တာပဲ ပထမတစ်ကြိမ်တုန်းကလို အရမ်းအသံမကျယ်တော့ပေမဲ့ ဒါက နှိုင်းယှဉ်တာသက်သက်ပါပဲလေ။
လူလိမ် နှာဘူးကောင် သူသေချာပေါက် အဆင့်ထဲပါမှာမဟုတ်ဘူး! ဒီလိုမျိုးကျိန်ဆဲတာတွေကို ခုထိရှောင်ဖို့မဖြစ်နိုင်သေးဘူး
ချန်ဖုန်းကျောင်းတော်ရဲ့မျက်နှာချင်းဆိုင်စားသောက်ဆိုင်မှာ အဝါရောင်ဘရိုကိတ်အထည်ဝတ်ထားတဲ့မုန့်ယွီရှုက လူအုပ်ထဲကဖန်ကျန်းရှီကိုမှောင်မည်းနေတဲ့အမူအရာနဲ့ကြည့်နေတယ်..အရင်ကနဲ့မတူပဲ ဖန်ကျန်းရှီကိုတိုက်ရိုက်ကြီး မလှောင်ပြောင်ပဲ အဝေးကနေကြည့်ဖို့ပဲနေရာကောင်းကိုရွေးထားတယ်
ဒါပေမဲ့ ဒီလိုလုပ်တာကပဲ သူ့ကိုပိုပြီး စိတ်မပျော်မရွှင်ဖြစ်စေတယ။်
မုန့်မိသားစုရဲ့ ကြီးမြတ်တဲ့သခင်လေးမပီသအောင် တောရွာက ငရိုးငအက အဆင့်ထဲပြန်ပါလာမှာကိုကြောက်နေတာလား...ဒါလုံးဝကိုရှက်စရာပဲ!
...
အောင်စာရင်းထွက်တာကအမြဲအချိန်အတိအကျပဲ မစောသလိုနောက်လည်းမကျဘူး အရာရာကိုကြိုတင်တွက်ချက်ထားသလိုပဲ
စာမေးပွဲဖြေဆိုသူတွေအားလုံးစပြီးစိတ်လှုပ်ရှားလာကြတယ် ဘာကြောင့်လဲဆိုတော့ အတွေးအခေါ်စာမေးပွဲက သူတို့ထဲကဘယ်သူတွေက တိုက်ခိုက်ရေးပြိုင်ပွဲအတွက်အဆင့်မှီလည်းဆုံးဖြတ်မှာမို့ပဲ
နောက်ဆုံးမှာတော့ စာမေးပွဲရလဒ်ထုတ်ပြန်သူက လေးထောင့်သဏ္ဍာန်ကျောက်တုံးကို ကျောက်တုံးကြီးထဲဖိထည့်လိုက်တဲ့အခါ ရွှေရောင်အလင်းတန်းဖျော့ဖျော့က ထွက်ပေါ်လာတယ်။
ဒုတိယအဆင့်ကနာမည်တွေကဘာထူးခြားသွားလဲဆိုတော့ အရင်ကထက် တစ်ဝက်လျော့သွားပြီး နာမည်စာလုံးတွေကပိုကြီးလာတာပဲ..ဒါပေမဲစာမေးပွဲဖြေဆိုသူတွေအကုန် ရင်ထဲမှာတော့အေးစက်နေကျတယ်။
တာအိုနိယာမ အတွေးအခါ်စာမေးပွဲပြိုင်ဆိုင်မှုကအရမ်းကြီးမားလွန်းတယ်!
လီဟူအာနဲ့ မုန့်ကျန်းရှန် က အပြိုင်အဆိုင် သူတို့ရဲ့နာမည်ကို အပြိုင်အဆိုင်ရှာဖွေနေကြတယ် တစ်ွမှာတော့ ဖန်ကျန်းရှီက နဂိုသူ့ရဲ့ပျော်ပျော်နေတတ်တဲ့ ပုံကိုပဲ ဆက်ထိန်းထားတယ်။
ဒုတိယအဆင့်...?
ဒါသူများတွေအတွက်...သူစိတ်မဝင်စားဘူး
"ဟား ဟား ဟား...ငါလုပ်နိုင်ခဲ့ပြီကွ ငါနောက်ထပ်လုပ်နိုင်ခဲ့ပြီ!"
လီဟူအာက အဆင့်တွေထဲသူ့နာမည်ကိုရှာတွေ့သွားပြီး ထင်ထားတာထက်ပိုပျော်သွားတယ်။
"ငါလည်းပါပြီကွ!" မုန့်ကျန်းရှန်ရဲ့နာမည်ကလည်းလီဟူအာနဲ့ကပ်ကပ်လေးပဲ သူကေတာင် လီဟူအာထက် နှစ်ဆင့်အပေါ်ရောက်သေးတယ်။
ဒီ့နောက်မှာတော့ သူတို့ရဲ့ အကြည့်တွေကဖန်ကျန်းရှီဆီရောက်သွားတယ်...သူတို့တွေစပြီးစကားပြောမလို့တင်ရှိသေး သူတို့ဘေးနားက စာမေးပွဲဖြေသူတွေကစပြီး အော်ဟစ်ကြတော့တယ်
"ဖန်ကျန်းရှီ အဆင့်ထဲမပါတော့ဘူး!"
"ဟား ဟား ဟား ဖန်ကျန်းရှီနာမည်မပါလာဘူး! "
"အလျင်မလိုကြနဲ့ အလျင်မလိုကြနဲ့ ပထမအဆင့်ကျန်သေးတယ်!"
တစ်ယောက်က ပထမအဆင့်ရှိသေးကြောင်းစာဖြေသူတွေ တစ်ချို့က အော်နေကြတုန်းပဲ ဒါပေမဲ့ အသံနဲ့ မျက်နှာအမူအရာကတော့ ပထမအဆင့်လား..ဒီလူလိမ်ကောင်ပထမအဆင့်ကိုနောက်တစ်ကြိမ်ထပ်ဝင်လာနိုင်တယ်လားဆိုပြီး ပြောနေသလိုပဲ။
အိပ်မက်သာမက်နေ!
"ကျန်းရှီ..မစိုးရိမ်ပါနဲ့ ပထမအဆင့်ကျန်သေးတာပဲ! မင်းကံကောင်းပြီးထပ်ပါလာချင်ပါဦးမှာ! "
လီကျွမ်းစီကဘေးနားကနေဖန်ကျန်းရှီကို အားပေးလိုက်တယ် သူ့ရဲ့ အမူအရာက ဖြူဖြူစင်စင်ပျော်ရွင်နေတဲ့ ဟန်ပန်မျိုးပါပဲ။
ဆွေးနွေးတာတွေပြီးဆုံးသွားချိန်မှာတော့ ပထမအဆင့်ကို ထုတ်ပေးကြတယ်။
ခြင်းတွေလောက်ကြီးတယ် သတိမထားမိဘူးဆိုတာမဖြစ်နိုင်ဘူး ။
"ပထမအဆင့်ထဲမရှိဘူး!"
"ဖန်ကျန်းရှီနာမည်မပါဘူး ဟားဟား..ဒီတစ်ခေါက်တော့ သူတကယ်အဆင့်ထဲမပါတော့ဘူးပဲ!"
"သူ့ရဲ့ကံကောင်းမှုတွေနောက်ဆုံးတော့အဆုံးသတ်ခဲ့ပြီပဲ!"
"လူလိမ်တစ်ယောက်ကအဆင့်ထဲမပါသင့်ဘူး!"
ဒီ့နောက်မှာတော့ လူအုပ်ကြီးက အားတက်သရောရှိလာပြီး နှစ်သစ်ကိုကြိုဆိုကျတဲ့ပုံနဲ့ တစ်ယောက်ချင်းစီတိုင်းက အပျော်လွန်ပြီးမျက်ရည်ကျမတတ်ပဲ။
စာဖြေသူတစ်ယောက်ဆိုရင် စာမေးပွဲရလဒ်ထုတ်ပြန်သူဆီလျှောက်သွားရဲတဲ့သတ္တိတောင်ရှိတယ်။
"မေးလို့ရမလားခဗျာ..ပထမအဆင့်မှာတစ်ယောက်ယောက်များကျန်နေခဲ့သေးလား"
"ပုံမှန်ဆိုရင်တော့မရှိပါဘူး! " ရလဒ်ထုတ်ပြန်သူက ခေါင်းခါပြီးထပ်ပြောတယ်
"ပထမအဆင့်မှာလူ၁၅ယောက်ရှိတယ် ၁၂ယောက်နာမည်က ထုတ်ပြန်ပြီးပြီ ထိပ်ဆုံး၃ယောက်ကတော့ တော်ဝင်သတင်းပို့သူကပဲကိုယ်တိုင်ကြော်ညာမှာ!"
ရလဒ်ထုတ်ပြန်တဲ့အမတ်ကစကားလည်းဆုံးရော လူအုပ်ကြီးက စပြီးရီမောကြတော့တာပဲ။
အတွေးအခေါ်စာမေးပွဲထိပ်ဆုံး၃ယောက်က ဖန်ကျန်းရှီဖြစ်နိုင်ပါ့မလား ပုံမှန်ဆိုရင်သူနဲ့လုံးဝမသက်ဆိုင်တဲ့အရာပဲ ထိပ်ဆုံးသုံးယောက်က ပထမတစ်ပွဲရလဒ်တင်မဟုတ်ဘူး အတွေးအခေါ်ပြိုင်ပွဲ၂ပွဲလုံးရဲ့ရလဒ်တွေပေါင်းထားတာပဲ
လွန်ခဲ့ဲတဲ့ ပွဲမှာ ဖန်ကျန်းရှီက ကံကောင်းပြီး ပထမအဆင့်ကနေရာလွတ်ထဲဝင်လာနိုင်ခဲ့တာ
တကယ်လို့ဒီပွဲမှာသူထိပ်ဆုံးရောက်ခဲ့ရင်တောင် အရင်ပွဲကရလဒ်တွေနဲ့ထည့်ပေါင်းရင် သူ ထိပ်ဆုံး၃ယောက်ထဲပါနိုင်မှာမဟုတ်ဘူး။
အမှန်တော့ မုန့်ကျန်းရှန် အတွေးအခေါ်ပြိုင်ပွဲရဲ့ဒုတိယပွဲစဉ်ကို သူဝင်မပါရတာအကြောင်းရှိတယ် ဘာကြောင့်လဲဆိုတော့ ပထမပွဲစဉ်မှာသူ့အမှတ်တွေက ပယ်ချခံရတဲ့အတွက်ဒုတိယပွဲစဉ်မှာဝင်ပြိုင်လို့လည်းအကျိုးမရှိတော့ဘူး။
"ဟား ဟား ဟား...အတွေးအခေါ်ပြိုင်ပွဲထိပ်ဆုံးသုံးယောက် တကယ်လို့ဖန်ကျန်းရှီသာ ထိပ်ဆုံး၃ယောက်ထဲပါခဲ့ရင် ငါ အဝတ်ဗလာနဲ့ ဟွေ့အန်းဒေသကိုတစ်ပတ်ပြေးပြမယ်! "
ယုံကြည်မှုမြစ်တစ်ခုလုံးရေကိုကုန်အောင်သောက်ဖို့ အရင်က ကတိပေးထားတဲ့စာဖြေသူက ဒီတစ်ခါတော့ အသစ်တစ်ခုကိုကတိပေးလိုက်ပြန်တယ်။
"တစ်ပတ်တည်းလား..ဆယ်ပတ်ပတ်ပြေးရရင်တောင်ကျုပ်အတွက်ပြဿနာမရှိဘူး!" တခြားတစ်ယောက်ကလည်း ပြုံးရင်းနဲ့ဆိုပြန်တယ်။
"တကယ်လား"
လူအုပ်ထဲကနေ အသံခပ်တိုးတိုးထွက်ပေါ်လာတယ်။
စာဖြေသူတွေကြည့်လိုက်တော့ ဖန်ကျန်းရှီဖြစ်နေတယ်။
"တကယ်ပေါ့! ကျုပ်ကအမြဲစကားတည်တယ်!"
"လူတွေအားလုံးမျက်မြင်သက်သေရှိတယ် စကားကိုပြန်မရုတ်သိမ်းဘူး! "
နှစ်ယောက်စလုံး ဖန်ကျန်းရှီကိုတစ်ချက်ကြည့်ပြီး စရီမောကြတော့တယ် တကယ်လို့ဖန်ကျန်းရှီသာကံကောင်းခဲ့ရင်ဆိုပြီး အစကစိုးရိမ်နေခဲ့ရင်တောင် သူတို့တွေ အခုစိုးရိမ်မှုတွေမရှိတော့ဘူး။
"လောင်းရဲလား။ "
ဖန်ကျန်းရှီရဲနှုတ်ခမ်းဖျားထောင့်စွန်းတွေက ကော့တက်သွားတယ်။
"လောင်းရဲတာပေါ့..ဘာလို့မလောင်းရဲရမှာလဲ မင်း ထိပ်ဆုံးသူံးယောက်မဝင်ရင်ဘာရမှာလဲ"
တစ်ယောက်က ဖန်ကျန်းရှီရဲ့စကားကိုကြားတော့ ချက်ချင်း ပြန်ဖြေတယ။်
" ဒီ ငွေသားနှစ်ရာ ...မင်းတို့ယူလို့ရမယ်! "
ဖန်ကျန်းရှီ က သူ့အင်္ကျီအိတ်ထဲကနေ ငွေသားနှစ်ရာထုတ်ယူလိုက်တယ်။
"ကောင်းပြီ! အားလုံးမြင်ကြတဲ့အတိုင်းပဲ ကျုပ်ဒီနေ့ ဖန်ကျန်းရှီနဲ့ အလောင်းအစားလုပ်မယ်..တကယ်လို့သူ ထပ်ဆုံး၃ယောက်ထဲပါခဲ့ရင် ကျုပ်အဝတ်အစားတွေချွတ်ပြီး ဟွေ့အန်းမြို့ကိုတစ်ပတ်ပြေးပြမယ်"
"ကျုပ်ကဆယ်ပတ်!"
နှစ်ယောက်စလုံးကကြောက်ရွံ့မှုတစ်စက်မှမရှိ သူတို့တွေ ယုံကြည်ပြီးသား ပထမပြိုင်ပွဲမှာ ဖန်ကျန်းရှီ ပထမအဆင့်နေရာလွတ်ကိုအစားထိုးရုံပဲ ဘယ်လိုပဲဖြစ်နေဖြစ်နေ အားလုံးပေါင်းရလဒ်ဆိုရင် ထိပ်ဆုံး၃ယောက်ထဲပါဖို့နည်းမရှိဘူး!
ဖန်ကျန်းရှီကလည်းလုံးဝယုံကြည်မှုအပြည့်နဲ့ ဘာကြောင့်လဲဆိုတော့ သူ ပထမပြိုင်ပွဲမှာ ပထမအဆင့့်ဘာလို့ ဝင်ခဲ့လဲကောင်းကောင်းသိလို့ပဲ စာရွက်တွေကိုအမှတ်ခြစ်တဲ့ တော်ဝင်သတင်းပို့သူက သူ့ရဲ့လက်မှတ်အတုကိုအစစ်ဖြစ်အောင်ပြောင်းနိုင်လို့ပဲ။
'တကယ့်ကိုဉာဏ်ကြီးရှင်'ပဲ။
သူ အတွေးအခေါ်စာမေးပွဲဒုတိယပြိုင်ပွဲမှာဖြေခဲ့တဲ့ စာမေးပွဲအဖြေလွှာကိုအခြေခံပြောရင် အဆင့်ထဲမပါဘူးဆိုတာကမဖြစ်နိုင်ဘူး ဒါပေမဲ့ သူ ဒုတိယအဆင့်ရောပထမအဆင့်ရောမရခဲ့ဘူး!့ဒါဆိုရလဒ်ကထင်ရှားပါတယ်။
သူသေချာပေါက်ထပ်ဆုံး၃ယောက် ထဲပဲ။
"ကျန်းရှီ စိတ်လိုက်မာန်ပါမလုပ်နဲ့ ဒါကငွေသား၂ရာတောင် မင်း အဆင့်ထဲမပါတဲ့ဖြစ်ရပ်ကရှင်းလင်းနေပြီလေ မင်းအမှန်တရားကိုရင်ဆိုင်ရမယ်!"
လီကျွမ်းစီက ဖန်ကျန်းရှီငွေသား၂ရာကိုလောင်းတာမြင်တော့ သူ့အမူအရာကချက်ချင်းပြောင်းသွားတယ်။
ငွေသား၂ရာတောင်! ဒါဒေါသဖြေဖို့ဆိုရင်တောင် အဲလောက်ကြီးသုံးဖို့မတန်ဘူး။
"ထိခိုက်မှုမရှိဘူး!" ဖန်ကျန်းရှီကငွေသား၂ရာကိုလွှဲပြလိုက်တယ်။
တစ်ဖက်မှာလည်း စာဖြေသူ၂ယောက်က ဖန်ကျန်းရှီ စိတ်ပြန်ပြောင်းသွားမှာဆိုးလို့ စာရွက်တွေအမြန်ထုတ်ပြီးမင်နဲ့သူတို့နာမည်တွေကိုချရေးလိုက်ကြတယ် ဒီနောက် မှာတော့ သူတို့တွေလက်ဗွေတွေနှိပ်လိုက်ကြတယ်။
"ရှေးဒဏ္ဍာရီအသစ်တစ်ခုက ဟွေ့အန်းဒေသကနေထွက်ပေါ်လာတော့မယ်.."
ယုံကြည်မှုမြစ်ထဲမှာ လှိုင်းထနေတဲ့မြစ်ရေတွေကိုကြည့်ရင်း သူ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်တယ်
ဒီရှေးဟောင်းမြို့တော်ထဲက ဒဏ္ဍာရီတစ်ခုကိုနောက်ချန်ထားနိုင်ခဲ့လို့ သူ့ကိုယ်သူလက်မထောင်ပြလိုက်မိတော့တယ်။
အပိုင်း (၆၈)ပြီး၏။
အပိုင်း (၆၉)
“စကားလုံးတစ်လုံးချင်းစီဟာ ရတနာတစ်မျှအဖိုးတန်”
ဖန်ကျန်းရှီကိုယ်တိုင်လည်း သက်ပြင်းချနေသလိုပဲ ဘေးက…စာဖြေသူတွေပါ… ဖန်ကျန်းရှီကို သက်ပြင်းဝိုင်းချနေကြသည်။ နှစ်ရာကျော်တဲ့ငွေအပိုင်းအစလေးတွေလည်း အခြားသူတွေလက်ထဲမှာ အဲ့လိုအဆုံးသတ်သွားတာပဲ…။ အဲ့ဒီလိုအရာမျိုးက… " တုံးတယ် " ဆိုတဲ့စကားလုံးနဲ့တောင် ဖော်ပြလို့မရနိုင်တာမျိုး…။
" လူလိမ်ကများ ထိပ်တန်း၃ယောက်ထဲဝင်ဖို့တွေးရဲသေးတယ်!သူ အိမ်မက် မက်နေတာပဲဖြစ်ရမယ် "
" ပြောမရဘူး…သူ အဲ့အိမ်မက်ထဲမှာ တစ်လျှောက်လုံးတောင် နေရင်နေလာခဲ့မှာ "
" ဟ ဟ ဟ… ဟုတ်တာပေါ့! တာအို ခန်းမကိုတောင် မဝင်တဲ့လူကများ ထိပ်တန်းသုံးယောက်ထဲဝင်ဦးမယ်တဲ့လား?… ဒီထက်ရယ်စရာကောင်းတဲ့ ဟာသ ရှိမှာတောင် မဟုတ်ဘူး "
စာဖြေသူတွေက တစ်ယောက်ပြီးတစ်ယောက်ကို ဆွေးနွေးလို့မပြီးနိုင်ကြဘူး…။ သူတို့ အသံတွေက ကျယ်လွန်းလို့ ချင်းဖုန်းကျောင်းတော်နဲ့ မျက်နှာချင်းဆိုင် စားသောက်ဆိုင်မှာ ထိုင်နေတဲ့ မုန့်ယွိရှု တောင် သူတို့ပြောတာတွေကို ရှင်းရှင်းလင်းလင်းကြီးကြားရတယ်။
" အတွေးအခေါ်ပိုင်းဆိုင်ရာစာမေးပွဲမှာ ထိပ်တန်းသုံးယောက်တဲ့? ဟားးဟားးဟားး…ဒီမြို့က ရိုးရိုးအအတွေကတော့ အိမ်မက်ပဲပေါ့ " မုန့်ယွိရှု ရယ်လွန်းလို့ သူ့မျက်နှာတောင် ရှုံသွားမတတ်ပဲ…။ ပုံမှန်အားဖြင့်တော့… အဲ့ဒီစာမေးပွဲမှာ ထိပ်တန်းသုံးယောက်ဖြစ်လာဖို့ တာအိုမုခ်ကို အောင်မြင်ထားတဲ့ သူတောင်မှ… ထိပ်တန်းသုံးယောက်ထဲဝင်နိုင်ဖို့ ကံကောင်းမယ်လို့ တစ်ရာရာခိုင်နှုန်း ယုံကြည်မှုမရှိဘူးလေ။
တာအိုမုခ်ကို အောင်မြင်ဖို့ … စစ်မှန်တဲ့အင်အားရှိဖို့ပဲလိုပေမယ့်…အတွေးအခေါ်ပိုင်းဆိုင်ရာစာမေးပွဲက… လူတစ်ယောက် တာအိုရဲ့ ဥပဒေကို ဘယ်လောက်ထိနားလည်မှုရှိလည်းဆိုတဲ့အပေါ်မှာ မူတည်တယ်။ အဲ့လိုဟာမျိုးတွေက… သူရဲ့ မွေးရာပါ အရည်အချင်းတွေနဲ့လည်းဆိုင်သလို… မှန်ကန်တဲ့မေးခွန်းမျိုး တိုးနိုင်လောက်သည်အထိ ကံကောင်းဖို့လည်း လိုသေးတယ်။
ဘယ်သူမှ အဲ့ဒီစာမေးပွဲမှာ ထိပ်တန်းသုံးယောက်ထဲဝင်စေရမယ်လို့ အတိအကျကြီးမပြောရဲကြဘူး…။
ဒါ့အပြင်… အဲ့ဒီပြည်နယ်စာမေးပွဲမှာ မုန့်ယွိရှု က ထိပ်တန်းသုံးယောက်ထဲက တစ်ယောက်ဖြစ်ဖို့အပြင် ထိပ်ဆုံးအဆင့်ဖြစ်ဖို့ ဘာလို့ အဲ့လောက်အားထုတ်စရာလိုမှာလဲ? ဘာကြောင့်လဲဆိုတော့… ထိပ်တန်းသုံးယောက်နဲ့… အဲ့ဒီထိပ်ဆုံးချန်ပီယံက…တကယ့်ဂုဏ်အရည်အချင်းအစစ်အမှန်ကို ကိုယ်စားပြုလို့ပဲ။
မင်းဆက်အဆက်ဆက်ကို ထောက်ပံကူညီခဲ့တဲ့ ကြီးမြတ်လှစွာသောလူတွေကြားမှာတောင်မှပဲ…လူတိုင်းက… အဲ့ဒီ တာအို ဥပဒေစာမေးပွဲမှာ ထိပ်တန်းသုံးယောက်ရတဲ့ဂုဏ်မျိုး မပိုင်ဆိုင်ကြဘူးလေ။.
အဲ့ဒီဥပဒေစာမေးပွဲဆိုတာက မင်းဆက်က အနာဂတ်ခေါင်းဆောင်တွေကို ရွေးချယ်တဲ့နေရာ…ဒါကြောင့် အဲ့တာက လုံးဝကို အရေးကြီးတယ်။ အဲ့တာ ပြည်နယ်စာမေးပွဲလေးပဲဖြစ်နေတယ်ဆိုရင်တောင်မှ… ကြီးမတ်လှတဲ့ “ရှ” မင်းဆက်က သူတို့ တော်ဝင်သတင်းပို့သူကို စာမေးပွဲကြီးကျပ်သူဖြစ်စေဖို့ ပို့လွှတ်နေတုန်းပဲ။
ချင်းဖုန်းကျောင်းတော်ရဲ့ တံခါးမကြီးတွေ ထပ်ပွင့်လာခဲ့ပြီ။
" တော်ဝင်" ဆိုတဲ့စကားလုံးကို ရေးချထားတဲ့ အရာရှိဝတ်စုံနဲ့ အသက်အလတ်ပိုင်းယောကျာ်းတစ်ယောက်က အနီရောင်စာလိပ်တစ်ခုကို ကိုင်ဆောင်လို့ စာမေးပွဲစောင့်အနည်းငယ်ဝန်းရံလျက်…ဖြေးဖြေးချင်းလျှောက်လှမ်းလာတယ်။
အစောက လှုပ်ရှားထကြွနေကြတဲ့ လူအုပ်ကြီးလည်း ချက်ချင်းလိုလိုငြိမ်သက်သွားကြသည်။
တော်ဝင်သတင်းပို့သူ ရောက်ရှိလာခြင်းက ဘုရင်ရဲ့ ဂုဏ်ကျက်သရေကို ကိုယ်စားပြုတယ်။ ဒါ့အပြင် သူ့လက်ထဲမှာ ကိုင်ထားတာက… တာအိုဥပဒေအတွေးအခေါ်ဆိုင်ရာစာမေးပွဲရဲ့ ထိပ်တန်းသုံးဦးနာမည်တွေလေ။
" ကြိုဆိုပါတယ်! တော်ဝင်သတင်းပို့သူ… အရာရှိ ချင် " ရလဒ်ကြေညာပေးမယ့်အရာရှိက ချက်ချင်းပဲ အရှေ့ကို လျှောက်လှမ်းလာပြီး သက်လတ်ပိုင်းအမျိုးသားကို လေးစားစွာကြိုဆိုတယ်။
.
တော်ဝင်သတင်းပို့သူ ချင် က ခေါင်းညိမ့်လိုက်ပြီး… လူအုပ်ကိုဖြတ်ကျော်၍ ကြည့်ရှုလိုက်ပြီး ပထမတန်းက နေရာတွေကိုတွေ့တာနဲ့ နောက်ထပ်စကားမဆိုတော့ပဲ သူ့လက်ထဲက အနီရောင်စာလိပ်ကို ဖွင့်ချလိုက်တယ်။
" စာမေးပွဲအရာရှိတွေအားလုံးနဲ့ ဆွေးနွေးခဲ့ပြီး… ဒီစာမေးပွဲရဲ့ ထိပ်တန်းသုံးယောက်ကို ငါရွေးချယ်လိုက်ပြီ "
" တတိယအနေနဲ့… ဟွေ့အန်း ပြည်နယ်…ချင်းဖုန်း အဖွဲ့က… လီပေါ်ဝေး… မှတ်ချက်တွေကတော့… အခြေအနေအတွင်းမှာ ဂရုစိုက်တတ်ပြီး အချက်အလက်အားလုံးကို ခြုံငုံသုံးသပ်ခဲ့နိုင်တယ် "
တော်ဝင်သတင်းပို့သူက ပြောပြီးတာနဲ့ ရပ်သွားပြီး…အရာရှိတစ်ယောက်က အရှေ့ကိုချက်ချင်းထွက်လာပြီး… အဆင့်ခွဲ ကျောက်တုံးလေးကို သူ့လက်နဲ့ပေါ့ပေါ့လေးဖိချလိုက်တယ်။
လီပေါ်ဝေး ဆိုတဲ့ စကားလုံးနှစ်လုံးနဲ့အတူ တိုတောင်းတဲ့အတ္ထုပတ္တိရယ် မှတ်ချက်တွေရယ် ပေါ်လာခဲ့တယ်။
" ဒီဥပဒေစာမေးပွဲမှာ တတိယနေရာရရှိခြင်းအတွက် ဂုဏ်ယူပါတယ်! သခင်လေးလီ"
" သခင်လေးလီ က အမှန်တော့ သူ့အရည်အချင်းတွေကြောင့် လူသိများတယ်…ပြီးတော့ သူက ငါတို့မျိုးဆက်ရဲ့ ဂုဏ်တစ်ခုပဲ "
လူအုပ်အတွင်းက လူတွေလည်း ချက်ချင်းဆိုသလို အဖြူရောင်ပိုးထည်ဝတ်ဆင်ထားတဲ့ တတိယနေရာရရှိသူကျောင်းသားကို ဝိုင်းဂုဏ်ပြုကြတော့တယ်။
ဒါပေမယ့် ခဏလေးအတွင်းမှာပဲ တိတ်ဆိတ်သွားကြပြန်တယ်။ ဘာကြောင့်လဲဆိုတော့ တော်ဝင် သတင်းပို့သူ ချင်က ထပ်ပြီး ကြေညာလိုက်တာကြောင့်ပဲဖြစ်တယ်။
" ဒုတိယ : ဟွေ့အန်း ပြည်နယ် ချင်းဖုန်းကျောင်းတော်က ကျန်းရှင်းကျောက် မှတ်ချက်: အတွေးတွေကို နက်နဲစွာတွေးခေါ်တတ်ပြီး…ဉာဏ်ထက်မြက်တယ်"
" ကျန်းရှင်းကျောက် က ဒုတိယဟုတ်လား? ဒါဆို ချန်ပီယံတစ်ယောက်ပဲကျန်တော့တာပေါ့ "
" ဖန်ကျန်းရှီ က ထိပ်ဆုံးချန်ပီယံ လို့မင်းထင်လား? "
" မင်း ဒီလိုဟာသမျိုးမပြောပဲနေလို့မရဘူးလား? ထိပ်ဆုံးချန်ပီယံ? တာအို ခန်းမကိုတောင် မဝင်ဖူးတဲ့ လူကများ ထိပ်ဆုံးချန်ပီယံ ဖြစ်ဦးမယ်တဲ့လား?ဟ ဟ ဟ "
" ဟ ဟ ဟ … ငါကဒီအတိုင်း လေထုက နည်းနည်းပြင်းနေလို့ ဟာသလုပ်ဖို့ကြံလိုက်တာပါ"
ဒါပေမယ့် တော်ဝင်သတင်းပို့သူရဲ့စကားဆုံးတာနဲ့… အောက်ကပေါက်ကွဲမတတ်ဆွေးနွေးမှုတွေရယ် … လောကကိုတောင် ဂရုမစိုက်တော့ပဲ ရယ်မောနေတဲ့စာဖြေသူတစ်ချို့ရဲ့ ရယ်သံတွေပါ ထွက်ပေါ်လာတော့တယ်။
" ပထမနေရာ… ဒီသီအိုရီစာမေးပွဲရဲ့ ထိပ်ဆုံးချန်ပီယံ… ဖန်ကျန်းရှီ "
တော်ဝင်သတင်းပို့သူလည်း သူ့အသံနဲ့ အောင်မြင်စွာပဲ ထိုနေရာကရယ်သံတွေကို ဖုံးအုပ်နိုင်လိုက်တယ်။
ထိုခဏလေးအတွင်းမှာပဲ မကြောက်မရွံကိုလှောင်ရယ်နေကြတဲ့ စာဖြေသူတွေလည်း… သူတို့ယင်ကောင်မြိုချမိလိုက်တဲ့အတိုင်းကို ခံစားလိုက်ရပြီး သူတို့လည်ချောင်းတွေ နီလာသည်အထိကို အသက်ရှုကျပ်ကုန်ကြတော့တယ်။
" အဲ့တာ ဖြစ်နိုင်လို့လား? "
တချို့စာဖြေသူတွေ သူတို့နားကိုတောင် မယုံနိုင်ကြဘူး…ပထမအဆင့်သင်တန်းမှာ လူလွတ်လို့ဖြည့်လိုက်ရတဲ့ နေရာက ထိုသူက… ပထမတစ်ခါသီအိုရီစာမေးပွဲမှာ…အများဆုံးရမှတ်နဲ့ ထိပ်ဆုံးချန်ပီယံ နေရာကို ရသွားတယ်တဲ့လား…။
" လူတိုင်းလိုလို မယုံကြည်နိုင်ကြသလိုပဲ! တကယ်တော့…ပုဂ္ဂိလ်ရေးအရဆိုရင် ငါလည်း တကယ်ကို အဲ့တာကို မယုံပါဘူး!ဒါပေမယ့်… ငါ လူတိုင်းကို ပြောနိုင်တာက… ဒီသီအိုရီစာမေးပွဲရဲ့ ပထမတခါစစ်ဆေးမှုက အဆင်အတန်းရှိတယ်လို့သတ်မှတ်လိုက်တာနဲ့ ဖန်ကျန်းရှီ ကလည်း ထိပ်ဆုံးချန်ပီယံ ဖြစ်လာမှာပဲ "
" ဘာကြောင့်လည်းဆိုတော့ ငါ ဒီနှစ်တွေအတွင်း စာမေးပွဲတွေကို စီမံလာခဲ့တဲ့တစ်လျှောက်လုံးမှာ…ဒီစာမေးပွဲမှာ အမှတ်ပြည့်ဆိုတာကို ပထမဆုံးမြင်ဖူးခြင်းပဲ "
"အမှတ်ပြည့်!"
"အမှတ်ပြည့် "
တော်ဝင်သတင်းပို့သူရဲ့ စကားလုံးတွေက… ပွက်ပွက်ဆူနေတဲ့ ဆီအိုးထဲကို ရေအေးတစ်ခွက်လောင်းချလိုက်တဲ့အတိုင်းပဲ… ချက်ချင်းကို လူအုပ်ကြီးကို ဆူပွက်သွားစေတယ်။ အမှတ်ပြည့်? ပထမဆုံးသီအိုရီစာမေးပွဲမှာ အမှတ်ပြည့်?
ဘယ်သူက ယုံမှာလဲ ပြီးတော့ ဘယ်သူကကော ယုံချင်မှာလဲ?
အံ့သြမှုက ထိုကျင်းပရာရောက လူတွေအားလုံးရဲ့ မျက်ဝန်းတွေမှာပြည့်ရှုံသွားတယ်။
ဒါပေမယ့် တကယ်လို့…တော်ဝင်သတင်းပို့သူချင် က လိမ်ညာရင်ကော? ပုံမှန်အားဖြင့်တော့အဲ့တာ ဘယ်လိုမှမဖြစ်နိုင်ဘူး?
တကယ်ကြီးပေါ့?
တကယ်ကြီးပေါ့လေ?
အခုအချိန်ကြမှပဲ လူတွေ စတင်နားလည်လာကြတော့တယ်။
သို့ပေမယ့် ဒါဆို ဘာလို့ ဖန်ကျန်းရှီက မုန့်ယွိရှုကို တိုင် တာလဲ? အမှတ်ပြည့်ရနိုင်တဲ့လူတစ်ယောက်အနေနဲ့ သူကဘာလို့ မုန့်ယွိရှု ရဲ့ စာမေးပွဲစာရွက်ကို ယူရတာလဲ။?
ဒါက သူ့အတွက်အောက်ကျတယ်လေ…။
အပြည့်အစုံနဲ့ လုံးဝကြီးကို အောက်ကျတာ။
တစ်ဖက်က ဆိုင်မှာထိုင်နေတဲ့ မုန့်ယွိရှု လည်း ထိုအချိန်မှာတော့ လုံးဝကို ငေးငိုင်သွားတယ်။
" ပထမဆုံးအမှတ်ပြည့်? ဒီစာမေးပွဲမှာ?… သူ…… သူက ဒီအပတ်မှာ အမှတ်ပြည့်ရတယ်? " မုန့်ယွိရှု ရဲ့နှလုံးသားလေးလည်း သူ့အပေါ်ကျောက်တုံးကြီးကျလာသလိုခံစားလိုက်ရတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီစာမေးပွဲရဲ့ပထမဆုံးအကျော့မှာတောင် သူ အပြည့်အစုံမရေးနိုင်ခဲ့လို့ပဲ။
ပြီးတော့…သူဖြေခဲ့တဲ့ မေးခွန်းတွေအတွက်…မေးခွန်းရဲ့ ၈၀ရာခိုင်နှုန်းကိုပဲဖြေနိုင်လိမ့်မယ်လို့ သူသေချာတယ် "
ထိုမယုံကြည်နိုင်မှုက… မုန့်ယွိရှု လီဟူအာ လီကျွမ်းစီ နဲ့ သူတို့အဖွဲ့သားအားလုံးဆီပါ ရောက်ရှိလာတော့တယ်။
" အမှတ်ပြည့်…?! ”လီကျွမ်းစီ နဲ့ကျန်အဖွဲ့သားတွေ တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်မိကြတယ်။ သူတို့မျက်နှာတွေကလည်းလုံးဝအံ့သြနေကြတယ်။ ဘာကြောင့်ဆို … သူတို့လုံးဝရှင်းရှင်းလင်းလင်းသိနေတာက… ဖန်ကျန်းရှီ က တာအို ခန်းမထဲကို သူ့ဘဝမှာ တစ်ရက်တောင် မဝင်ခဲ့ဖူးလို့ပဲ "
" အဲ့တာက ဘယ်လိုဖြစ်နိုင်မှာလဲ? "
တော်ဝင်သတင်းပို့သူ ချင် လည်း စင်အောက်က အံ့သြသွားတဲ့မျက်နှာတွေကို တစ်ချက်ကြည့်လိုက်ပြီးမှ သူလည်း သူတို့နဲ့အနည်းငယ်ဆင်တူတယ်လို့ပြောရမယ်။ ဘာကြောင့်ဆို သူ ဖန်ကျန်းရှီ ရဲ့ စာမေးပွဲစာရွက်ကို ပထမအကျော့မှာ တွေ့လိုက်တုန်းကလည်း သူ့အမူအရာက သူတို့နဲ့အတူတူပဲလေ။
ဒုတိယအကျော့အတွက်ကတော့…
လုံးဝကြောက်မက်ဖွယ်ရာတစ်ခုလို့ပဲ သတ်မှတ်ရတော့မယ်။
" ဖန်ကျန်းရှီ ရဲ့ ဒုတိယအပတ်အဖြေလွှာမှတ်ချက်…ရိုးရှင်းတဲ့စကားလုံးတွေပေမယ့်… အံ့သြသင့်ဖွယ်ကောင်းလောက်အောင် အဓိပ္ပာယ်ရှိတယ်… စကားလုံးတိုင်းက ရတနာတွေပဲ " တော်ဝင်သတင်းပို့သူ ထိုအရာကိုကြေညာနေချိန်မှာ သူ့အသံက ခံစားချက်တချို့ကိုတောင် မဖုံးကွယ်နိုင်လုလုအထိဖြစ်သွားသေးတယ်။
တကယ်တော့…သူ့ကြေညာနိုင်တာထက်ပိုပြီး အံ့သြစရာနောက်တစ်ခုတောင်ရှိသေးတယ်။
အဲ့ဒီညတုန်းက…သူ ဖန်ကျန်းရှီ ရဲ့ ဒုတိယအဖြေလွှာကို တော်ဝင်တက္ကသိုလ်ဆီ ဖန်ကျန်းရှီ ရဲ့အဖြေတွေကို … တာအို ရဲ့ဥပဒေအဓိပ္ပာယ်တွေကို အသုံးပြုပြီး ထောက်ခံချက်ပေးဖို့ တောင်းဆိုတဲ့စာတစ်စောင်နဲ့ သူပေးပို့ခဲ့တယ်!
ဒါပေမယ့် သူအဲ့တာကို မပြောရဲခဲ့ဘူး…။.
တာအို ဥပဒေဆိုင်ရာပြသာနာတွေဆိုရင်…သူ့ရဲ့အဆင့်အတန်းနဲ့တောင်မှ…သူ အကြံပြုချက်ပဲပေးလို့ရတယ်။
ဒါပေမယ့် အဲ့တာက ဖန်ကျန်းရှီ ရဲ့စာမေးပွဲအဖြေလွှာကို မြင်တဲ့အခါမှာ သူ့ရဲ့ အမူအရာတွေမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်သွားတော့တယ်။
အပိုင်း (၆၉)ပြီး၏။
အပိုင်း (၇၀)
“သာနေတဲ့လ”
“ရိုးရှင်းတဲ့ စကားလုံးတစ်လုံးချင်းစီက ရတနာတစ်မျှ အဖိုးတန်တယ်။ ”
"ထူးချွန်အဆင့်.. ဖန်ကျန်းရှီက တကယ့်ကို အတွေးအခေါ်စာမေးပွဲမှာ ထူးချွန်အဆင့်ပဲ!"
ဒီအချိန်မှာတော့.. အရင်က ဖန်ကျန်းရှီနဲ့ အလောင်းအစားပြုလုပ်ထားတဲ့ စာမေးပွဲဖြေဆိုသူနှစ်ဦးရဲ့မျက်နှာတွေက သေဆုံးခါနီးလို ဖြူဖပ်ဖြူရော်သို့ ပြောင်းလဲကုန်ကြတော့တယ်။ ..။
နောက်ထပ်တစ်ကြိမ် ဟွေ့အန်းဒေသမှာ သူတို့ မျက်နှာမပြဝံတော့ဘူးဆိုတာ ဒီနေ့ကစပြီး ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားတော့တယ်..။
ပထမတန်းအဆင့်ရဲ့ မြင်သာတဲ့နေရာမှာ ဖန်ကျန်းရှီရဲ့နာမည်က အလျင်အမြန်ပဲ ပေါ်ထွက်လာခဲ့တယ်..။
ဒီအဆင့်သတ်မှတ်ချက်က စစ်မှန်တဲ့စွမ်းအားကို ကိုယ်စားပြုဖော်ပြနေတာပဲ!
လီဟူအာနဲ့ လီကျွမ်းစီကတော့ တစ်ဦးနဲ့တစ်ဦး အကြည့်ချင်းဆုံလိုက်ကြတယ်..။
သူတို့နှစ်ယောက်က ဖန်ကျန်းစီ ဒီအတွေးအခေါ်စာမေးပွဲကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်လိုက်ကတည်းက သိလိုက်တယ်.. ဒါက တဖြည်းဖြည်းနဲ့ လူတွေ တစ်ဦးပြီးတစ်ဦး သိလာမယ့် အခြေအနေကို သူတို့မရပ်တန့်နိုင်တော့ဘူးဆိုတာပဲ..။
လွန်ခဲ့တဲ့ ရှစ်နှစ်ကို ပြန်ကြည့်မယ်ဆိုရင်...
ဘယ်သူတစ်ဦးတစ်ယောက်မှ ပြန်ကြည့်ဖို့ မစွမ်းသာသော်လည်း.. အတွေးထဲမှာတော့ အတိတ်ရဲ့မြင်ကွင်းတွေက တစ်ကွက်ပြီးတစ်ကွက် ပေါ်ပေါက်လာခဲ့တယ်..!
ဘာ့ကြောင့်လဲဆိုတော့.. ဖန်ကျန်းစီရဲ့ တိုက်ခိုက်မှုစွမ်းရည်က စကားတစ်ခွန်းတည်းနဲ့ဖော်ပြရမယ်ဆိုရင်..
ဒါက...
"မကောင်းဆိုးဝါးဆန်တယ်!"
ကန်လင်းတောင်မှာ သူဘယ်လိုလုပ်ခဲ့တယ်ဆိုတာတော့ ဘယ်သူမှမသိကြဘူး.. ဒါပင်မယ့် လွန်ခဲ့တဲ့ရှစ်နှစ်တုန်းကဆိုရင်တော့ အဲဒါက အဖြစ်မှန်ပဲ။
"မင်းက ဖန်ကျန်းရှီလား?" တော်ဝင်သတင်းပို့သူ ချင်က , လူအုပ်ကြားထဲက ဖန်ကျန်းစီကို သတိပြုမိသွားခဲ့တယ်။ ထိတ်လန့်တဲ့အရိပ်အယောင်တစ်စွန်းတစ်စကလည်း သူ့မျက်လုံးထဲမှာ ပေါ်ပေါက်လာခဲ့တယ်..။
"ငါ မင်းငယ်ငယ်တုန်းကအကြောင်းကို ကြားဖူးပင်မယ့်.. မင်း ဒီလောက်ငယ်ရွယ်မယ်ဆိုတာတော့ ငါမသိခဲ့ဘူး!"
"ချီးမွှမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်.. တော်ဝင်သတင်းပို့သူချင်!" ဖန်ကျန်းစီက ဦးညွှတ်အရိုအသေပြုလိုက်တယ်..။
တော်ဝင်သတင်းပို့သူချင်က ခေါင်းညိတ်ပြီး ဘာမှထပ်မပြောတော့ပဲ နောက်လှည့်ကာ ထွက်သွားခဲ့တယ်..။
စာမေးပွဲများကို နှစ်ပေါင်းများစွာ ဦးစီးလာခဲ့ပြီးနောက် .. ပင်ကိုစွမ်းရည်ရှိတဲ့သူ အမြောက်အများကိုလည်း သူတွေ့ခဲ့ဖူးပြီးပြီ။ ဖန်ကျန်းရှီက သူတို့ထဲမှာ အတောက်ပဆုံး အထင်ရှားဆုံးဖြစ်သော်လည်းပဲ.. ဒါက အခြေခံအားဖြင့်တော့ ဒေသတွင်းအတွေးအခေါ်စာမေးပွဲလေးပဲလေ။
တိုက်ခိုက်မှုစွမ်းရည်စာမေးပွဲနဲ့ ယှဉ်ရင် အတွေးအခေါ်စာမေးပွဲ ထူးချွန်အဆင့်က အမြဲတမ်းမတူညီတဲ့ အဆင့်ဖြစ်ရှိတယ်..။ သူ ခုထိ ဖန်ကျန်းရှီရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ စွမ်းရည်ကို လေ့လာစောင့်ကြည့်ဖို့ အများကြီးရှိသေးတယ်..။
...
မျက်နှာချင်းဆိုင်က စားသောက်ဆိုင်မှာထိုင်နေချိန်.. မုန့်ယွိရှူရဲ့ မျက်နှာအမူအရာက ဒီအချိန်မှာ ကြောက်လန့်စရာကောင်းလောက်အောင် မည်းမှောင်နေခဲ့တယ်..။ လူအုပ်ထဲမှာရှိနေတဲ့ ဖန်ကျန်းရှီကို စိုက်ကြည့်နေရင်း..နောက်ဆုံးမှာ သူလုံး၀ တောင့်မခံနိုင်တော့ဘူး..။ ခုန်ထလိုက်ပြီး.. စားသောက်ဆိုင်ဒုတိယထပ်ကနေ အောက်ကို တိုက်ရိုက်ခုန်ချလိုက်တော့တယ်။
"ဟန့်! မင်းက အတွေးအခေါ်စာမေးပွဲထူးချွန်သူဆိုတော့ရော ဘယ်ဖြစ်လဲ?
အေးစက်စက်အော်ဟစ်သံနဲ့အတူ.. အစိမ်းရောင်ခပ်မှိန်မှိန်မျဉ်းလေးတစ်ခုက သူ့ခန္ဓာကိုယ်တလျှောက် ဖြတ်သန်းသွားခဲ့တယ်..။
လေထဲမှာတင် အရိပ်ကလေးက ပျောက်ကွယ်သွားတဲ့အချိန် .. မုန့်ယွိရှူရဲ့ ခန္ဓာကိုယ်ကလည်း ထိုအရိပ်ကလေးလမ်းကြောင်းအတိုင်း လိုက်ကာ မတူညီတဲ့လှုပ်ရှားမှု ပုံသဏ္ဍာန်အမျိုးမျိုးကို အလျင်အမြန် ပြောင်းလဲသွားခဲ့တယ်။
နောက်တော့.. ဆန်းကြယ်တဲ့အရာတွေ ဖြစ်ပေါ်လာခဲ့တော့တယ်..။ မုန့်ယွိရှူရဲ့ခန္ဓာကိုယ်က လေထဲမှာ ရုတ်တရက် နှေးကွေးသွားပြီး.. သူ့ရဲ့ပြုတ်ကျတဲ့အရှိန်ကလည်းရုတ်ခြည်းလျော့ချသွားခဲ့တယ်။ ထိုပုံစံက သစ်ရွက်ကလေးတစ်ရွက် လေထဲမှာ မြောနေပြီး မြေပြင်ပေါ်ကို ဖြေးဖြေးချင်း ကျလာတဲ့ပုံစံနဲ့တူတယ်..။
.
"အဲဒါ မုန့်ယွိရှူပဲ!"
"ခုတော့ တာအိုစည်းကို သုံးနိုင်ပြီလား?"
"တစ်နှစ်လောက် တာအို ကျင့်(accessed)ရုံနဲ့ .. မုန့်ယွိရှူက တာအိုစည်းလို အသွင်ယူ ပုံဖော်နိုင်လိမ့်မယ်လို့ ငါတစ်ခါမှ မစဉ်းစားဖူးဘူး။ သူက 'နတ်ဆိုးစည်းအဆင့်'ကိုရောက်နှင့်နေပြီလားတောင် မသိနိုင်ဘူး?"
"အတွေးအခေါ်စာမေးပွဲထူးချွန်သူက ဖန်ကျန်းရှီဆိုရင်.. ဒီတစ်ကြိမ်ရဲ့ တိုက်ခိုက်မှုစွမ်းရည်စာမေးပွဲရဲ့ ထူးချွန်သူက မုန့်ယွိရှူဖြစ်မယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး..!" လူအုပ်ကြီးက ဒီမြင်ကွင်းကို မျက်မြင်ကြုံတွေ့လိုက်ရတဲ့အခါ...တစ်ယောက်ပြီးတစ်ယောက် စတင်ချီးကျူးလာကြတော့တယ်..။
စစ်တပ်မတော်က နိုင်ငံကို အခြေကျအောင်တည်ထောင်နိုင်တယ်ဆိုရင်.. ယဉ်ကျေးမှုက နိုင်ငံတစ်နိုင်ငံအတွက် ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုကို ယူဆောင်လာပေးနိုင်တယ်..။
အတွေးအခေါ်စာမေးပွဲထူးခွျှန်သူနဲ့ယှဉ်မယ်ဆိုရင် တိုက်ခိုက်မှုစွမ်းရည်စာမေးပွဲထူးချွန်သူက ပိုပြီး အဖိုးတန်တယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ရတယ်..!
"ဖန်ကျန်းစီ.. တိုက်ခိုက်မှုစွမ်းရည်စာမေးပွဲမှာ.. တကယ့်စွမ်းအားအစစ်အမှန်က ဘာလဲဆိုတာ ငါပြသပေးမယ်!" မုန့်ယွိရှူက ဖန်ကျန်းစီကို တစ်ချက်ကြည့်လိုက်ကာ နောက်လှည့်ပြီး ထွက်သွားခဲ့တယ်..။
သူ့အသံအနေအထားထဲက ဒေါသကို ဖုံးကွယ်ထားဖို့ အရေးစိုက်မနေတော့ဘူး..။ မုန့်အိမ်တော်က ကြီးကျယ်မြင့်မြတ်တဲ့ သခင်လေးတစ်ယောက်အနေနဲ့.. ဖုံးကွယ်ထားဖို့လည်း တကယ်မလိုအပ်ဘူးလေ..။
"သူက စစ်ကြေငြာလိုက်တာပဲ!"
"အဲဒါက ကြည့်လို့ကောင်းမယ့် ပွဲတစ်ပွဲတော့ ဖြစ်တော့မယ်။ ဖန်ကျန်းစီက ပထမအဆင့်ကိုတောင် အောင်မှာမဟုတ်ဘူးဆိုတာ ငါယုံတယ်!"
ငါမစောင့်နိုင်တော့ဘူး!"
စာမေးပွဲဖြေဆိုသူအုပ်စုတစ်စုက မုန့်ယွိရှူရဲ့စကားတွေကို ကြားတဲ့အခါမှာ.. သူတို့ချက်ချင်းပဲ စိတ်လှုပ်ရှားမှုတွေ ကြီးထွားလာခဲ့တော့တယ်။
ထင်ရှားစွာပဲ.. ဖန်ကျန်းစီက အတွေးအခေါ်စာမေးပွဲကို အောင်မြင်ခဲ့သော်လည်း ..သူတို့ကတော့ စိတ်နှလုံးထဲကကို မပျော်ရွှင်ကြဘူး။
တိုက်ပွဲ!
ဒါက နိုင်ငံတစ်နိုင်ငံတည်ထောင်ရာမှာ အခြေခံကျတဲ့ အုတ်မြစ်ပဲ!
"ဟေး.. ဟိုးက နှစ်ယောက်.. မင်းတို့ ဘာစောင့်နေကြတာလဲ? မင်းတို့အခု ခပ်ဝေးဝေး ခွာနေသင့်တယ်မဟုတ်ဘူးလား?" ဖန်ကျန်းရှီက မုန့်ယွိရှူကို လုံး၀ စိတ်မဝင်စားသလို.. သူ့အနားမှာ ဆွေးနွေးနေကြတဲ့အကြောင်းအရာတွေကိုလည်း လုံးဝအာရုံမစိုက်ခဲ့ဘူး။
ထိုအစား.. သိပ်မဝေးတဲ့နေရာက လွတ်မြောက်ဖို့ရာ ပြင်ဆင်နေတဲ့ စာမေးပွဲဖြေဆိုသူနှစ်ယောက်ကိုပဲ စူးစိုက်ကြည့်လိုက်တယ်...
"ဝါးး!"
တစ်ချိန်တည်းမှာပဲ.. ဖန်ကျန်းရှီက
အတွေးအခေါ်စာမေးပွဲထူးချွန်သူ? အရင်က တာအိုခန်းမထဲတောင် မဝင်ခဲ့တဲ့ လူတစ်ယောက်က?
လူတွေက ဘယ်လိုပဲ ပြောဆိုနေကြပါစေ ကိစ္စမရှိဘူး.. ဖန်ကျန်းရှီကအောင်မြင်ခဲ့တဲ့ထူးချွန်သူပဲဆိုတာက လက်ရှိအမှန်တရားပဲလေ။ ဒါက နောက်ဆက်ပြီး ငြင်းခုံစရာမရှိတော့တဲ့ အကြောင်းပဲလေ။
စကားပုံတစ်ခုရှိတယ်.. သေဖို့မတောင်းဆိုဘူးဆိုရင် သေမှာမဟုတ်ဘူးတဲ့!
စာမေးပွဲဖြေဆိုသူနှစ်ယောက်ရဲ့မျက်နှာတွေက အနီရောင်နဲ့အဖြူရောင်ကြားမှာ တစ်လှည့်စီပြောင်းလဲနေခဲ့တယ်။ ဒါပင်မယ့်.. သူတို့ ဘာကအဖြူအမဲရေးထားတယ်ဆိုတာ ဆက်ပြီး ဆန့်ကျင်မငြင်းခုံနိုင်ကြတော့ဘူး။
လူအုပ်ကြီးကတော့ သူတို့ရဲ့ နေမြဲနေရာမှာပဲ ဆက်လက် ရပ်နေကြတယ်။
ဟွေ့အန်းဒေသရဲ့ လမ်းမကြီးနဲ့ လမ်းကြားလေးတွေမှာတော့ လှပတဲ့ မြင်ကွင်းတချို့ပေါ်လာတော့တယ်။
ညဘက်မှာတော့ တည်းခိုခန်းတစ်ခုမှာ တည်းနေတဲ့ ဖန်ကျန်းရှီဟာ ပြတင်းပေါက်နားမှာ ထိုင်နေရင်းနဲ့ သူ့ ကိုယ်ခန္ဒာပြောင်းလဲမှုကို သုံးသပ်နေတယ်။
ဒီ ၈နှစ်တာအတွင်းမှာ သူလုပ်ခဲ့တာတွေက တံခါးတစ်ချပ်စီကို လျှောက်လှမ်းသွားနေတာနဲ့ တူခဲ့တယ်။ အပြင်လောကကို ဖွင့်တဲ့ တံခါးတစ်ခု။
ဒီတံခါးမှာ အရာအားလုံးဖြစ်တည်မှုတွေဟာ ကြယ်တွေလိုမျိုးလင်းလက်တောက်ပနေကြတယ်။ ကောင်းကင် တစ်ခုလုံး ဖုံးလွှမ်းသည် အထိပေါ့။
တံခါးရဲ့ အပြင်မှာတော့ ဟင်းလင်းပြင်ကြီးတစ်ခုရှိနေတော့တယ်။ လောကနှစ်ခုရဲ့ မတူညီတဲ့ ဖြစ်တည်မှု။ အရာအားလုံးဖြစ်တည်မှု တာအိုကတော့ လူသားတွေကနေ စပြီး အရာအားလုံးဖြစ်တည်မှုကို ထိန်းချုပ်ခြင်းပဲ ဖြစ်တယ်။
ဒီ၈နှစ်တာ အတောတွင်းမှာ ဖန်ကျန်းရှီက စကားလုံးတွေကို အမြဲလိုက်နာခဲ့တယ်။ အခုတော့ ဒီစကားလုံးတွေကို ပိုပြီးတော့ လေ့လာဖို့ လိုအပ်နေပြီပဲဖြစ်တယ်။ ဒါပေမယ့် ဘယ်လိုမျိုး လေ့လာရမလဲ။ နောက်ပြီး ဘယ်လိုဖြစ်လာအောင် ကြိုးစားရမလဲ။
စိတ်ရှုပ်ထွေးနေမှုကို ရင်ထဲမှာ ခံစားနေရတယ်။ “ခ ရက်” အလွန့်အလွန်ကို တိုးညင်းတဲ့ အသံလေးတစ်ခုကို ကြားလိုက်ရတယ်။
သူ့ခေါင်းပေါ်ကနေ ကြားလိုက်ရတဲ့ အသံဟာ အင်မတန်ကို တိုးညင်းလွန်းလှတယ်။ အခန်းအပြင်ဘက်မှာ ကြားနေ၇တဲ့ ခြေလှမ်းတွေထက်တောင် တိုးသေးတယ်။
ဒါပေသိ ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းပေါ်မှာတော့ အပြုံးတစ်ခုဖြစ်ပေါ်လာတော့တယ်။
ခေါင်မိုးပေါ်က ခြေသံတွေကတော့ အတော်လေးကို ပေါ့ပါးလွန်းပြီး ကျည်ဆံလို လျင်မြန်လွန်းလှတယ်။ ဒီလိုလျင်မြန်မှုမျိုးကိုတော့ မုန့်ယွိရှု မလုပ်နိုင်တာ သူသေချာသိတယ်။ နောက်ပြီးတော့ မုန့်ယွိရှုရဲ့ ကိုယ်ပေါ်မှာလည်း အလင်းရောင်တစ်စတောင် ထွက်နေတာမဟုတ်ဘူး။
ဒီခေါင်မိုးပေါ်က သူကတော့ အတော်လေးကို လျင်မြန်လွန်းလှတယ်။
ခေါင်မိုးပေါ်ကနေ မြေပြင်ပေါ်ကို ခုန်ဆင်းသွားပုံကတော့ ကြောင်လေးတစ်ကောင်အလားပဲ။
အဲ့ဒီ့နောက် ခေါင်မိုးပေါ်ကို တက်လိုက်ဆင်းလိုက်လုပ်နေတဲ့ အနက်ရောင် ပုံရိပ်ဟာတော့ ရုတ်တရက်ပေါ်လာတဲ့ ဖန်ကျန်းရှီကို မြင်လိုက်ချိန်မှာ သုံး စက္ကန့်လောက် အံ့သြပြီး ငြိမ်သက်နေတော့တယ်။
အတော်လေး ဝေးကွာနေကြပေမယ့်လည်း တစ်ယောက်ကို တစ်ယောက်ကောင်းကောင်းမြင်နိုင်ကြပါတယ်။
ဖန်ကျန်းရှီကတော့ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီး ထည်ဝါစွာ တောက်ပနေတဲ့ ငွေလမင်းကို ငေးကြည့်ရင်း
“သာနေတဲ့ လမင်းကို ငေးကြည့်ရတာ ဘယ်လောက်တောင် လှပလွန်းတဲ့ မြင်ကွင်းပါလဲ။
အဲ့ဒီ့နောက် ခေါင်မိုးပေါ်က အုတ်ကြွပ်ပြားတွေပေါ်မှာ လှဲလှောင်းလိုက်တော့တယ်.။ လရောင်ဟာတော့ သူ့ကိုယ်ပေါ်ကို ဖြာကျနေတော့တယ်။
ဒုတိယမြောက်နေ့မှာတော့ ထူးဆန်းစွာပျောက်ဆုံးနေတဲ့ လီပေါ်ဝေး အကြောင်းဟာ ပျံ့နှံ့လာတော့တယ်။
တတိယမြောက်နေ့မှာတော့ လီပေါ်ဝေးကို မြို့တော်က လမ်းကြားလေးတစ်ခုမှာ ပြန်ရှာတွေ့ခဲ့တယ်။
သူနိုးလာတဲ့အချိန်ပြောတာကတော့ ဂုဏ်ပြုပွဲမှာ သောက်တာများလွန်းပြီး လမ်းကြားထဲမှာ နှစ်ရက်လောက်ကို အိပ်ပျော်သွားတယ်ဆိုပဲ။ အသေးစိတ်ကိုတော့ သူ မရှင်းပြတော့ဘူး။
ငါးရက်မြောက်နေ့မှာတော့ တာအိုနိယာမ စာမေးပွဲဟာ တရားဝင်ပြန်လည် စတင်တောတ့ယ်။
အပိုင်း (၇၀)ပြီး၏။