အကြံအဖန်လေလံပွဲ
Vol. 31 Ch. 464
“အော ဒါက ရှစ်ယွင်ကျူးမလား သူကလည်း CCTVမှာ ကြော်ငြာချင်နေတာလား”
ဖုန်းယွီသည် သူ့ဟာသူ ရေရွတ်လိုက်သည်။ ထိုသူသည် တရုတ်နိုင်ငံ၏ ပု၊ရုပ်ဆိုး၊ချမ်းသာသည့် တစ်ယောက်ဟု အနာဂတ်တွင် နာမည်ကြီးပေသည်။
ဖုန်းယွီမှတ်မိသည်က ထိုရှစ်ယွင်ကျူးသည် စီးပွားရေးလောကထဲကို ၀င်လာခါစဖြစ်ပြီး သူ့အနေဖြင့် နည်းပညာကုမ္ပဏီနှင့်စတင်သည်။ အလွန်ကြီးမားသည့်အုပ်စုကြီးတစ်ခုအနေဖြင့် သူတို့၏ ကျန်းမာရေးထုတ်ကုန်များကို အခုထိ မိတ်မဆက်ရသေးပေ။ သူသည် တရုတ်ဘာသာ စကားကတ်များကိုသာ ရောင်းချနေသေးဆဲဖြစ်သည်။ ဘာလို့သူက ကြော်ငြာကဏ္ဍကို လာပြီးတော့ လေလံလာဆွဲတာလဲ သူ့ရဲ့ကုမ္ပဏီမှာ ရောင်းဖို့အတွက်ထုတ်ကုန်တွေ ရှိနေလို့ လာတာများလား
ခဏနေပါဦး ဒါက နည်းပြမာ မဟုတ်ဘူးလား သူကတာဝေးပြေးနည်းပြလေ ဘာလို့သူက CCTVရိုက်နေတာလဲ ချီး သူကလည်း လက်ထောက်အရာရှိချုပ် ချန်ေဘာင်ကျွင်းပဲလား သူကဘာကိုကြေညာမှာလဲ ဒီငါ့မိသားစုရဲ့စစ်တပ်က တစ်သက်တာစုဆောင်းမှုတွေလုပ်မလို့လား
တရုတ်နိုင်ငံတွင် မည်သည့်နည်းပြသည် နည်းစနစ်ပိုင်းအကျွမ်းကျင်ဆုံးဖြစ်ပြီး တာလတ်မှတာရှည် အပြေးပြိုင်ပွဲအတွက် လေ့ကျင့်မှုမျိုးလုပ်ပေးနိုင်သူနည်း။ နည်းပြမာပင်။
ဖုန်းယွီက နည်းပြမာသည် တစ်စုံတစ်ယောက်ကို လက်ထောက်အရာရှိချုပ်နှင့် မိတ်ဆက်ပေးနေသည်ကို တွေ့လိုက်ရသည်။ သူတို့၏နောက်ခံကိုအသုံးပြုပြီး နောက်တံခါးမှလာသည်မှာ ထင်ရှားပေသည်။
ဖုန်းယွီက ကျုံးရှင်းချန်ကို လက်ယက်ပြလိုက်သည်။ သူသည် အဝေးတစ်နေရာတွင် ငြိမ်ငြိမ်သာထိုင်နေ၏။ ကျုံးရှင်းချန်က သူ့ကိုလူတစ်ယောက်စိုက်ကြည့်နေတာကို သတိပြုမိလိုက်သည်။
“သူကဘယ်သူလဲ ဘာလို့ မင်းကသူ့ကိုကြည့်နေရတာလဲ”
ဖုန်းယွီကမေးလိုက်သည်။
“လှယ့်ပိုင်ရှေရဲ့ သူဌေးလေ”
တူညီမည့်အရောင်းအ၀ယ်ပြုလုပ်သူများသည်ပြိုင်တူမင်းဖြစ်ကြသည်။ ကျုံးရှင်းချန်အနေဖြင့် သူ့ကိုစိုက်ကြည့်နေသည်မှာ အံ့အားသင့်ဖွယ်မရှိပေ။ ဖုန်းယွီအတိတ်ဘ၀တွင် ယခုလှယ့်ပိုင်ရှေသည် ပထမဦးဆုံး CCTVတွင် ကြော်ငြာထည့်သွင်းခဲ့သည်။ပြီးနောက် လှယ့်ပိုင်ရှေဒိန်ချဉ်သည် ကျော်ကြားလာပြီး သူတို့၏ရောင်းအားသည် နောင်၁၀နှစ်တွင် အဆပေါင်းများစွာ တိုးတက်နေလိမ့်မည်။ ယင်းကို အံ့ဖွယ်တစ်ခုကဲ့သို့ စဉ်းစားနိုင်ပေသည်။
အိုး ဟုတ်သားပဲ နည်းပြမာက ဒီနှစ်အိုလံပစ်အားကစားပြိုင်ပွဲမှာ ကျော်ကြားလာမှာပဲ။ ၀မ်ကျူးရှနှင့် တခြားတရုတ်နိုင်ငံရဲ့ တာဝေးအပြေးကစားသမားများကို နည်းပြမာကပဲ လေ့ကျင့်ပေးတာ အိုလံပစ်ပြိုင်ပွဲမှာ သူ့ရဲ့အားကစားသမားတွေရဲ့ ပြောင်မြောက်လှတဲ့ စွမ်းဆောင်ချက်တွေကြောင့် CCTVမှာ အရာရှိချုပ်မာက အကြိမ်များစွာပေါ်လာတယ်။ သူ့ကိုတစ်နိုင်ငံလုံးက သိကြတယ်။
ကြော်ငြာလေလံပွဲမှတစ်ဆင့် ဖုန်းယွီသည် သူ၏အရင်ဘ၀တွင် ဒီတီဗွီမြင်ခဲ့သည့် အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်များကို လေလံပွဲမှတစ်ဆင့် သိခဲ့သည်။သို့သော် ဖုန်းယွီသည် သူတို့အများစုကိုမကြည့်ခဲ့ပေ။ သူတို့အများစုသည် နှစ်အနည်းငယ်အတွင်း ဒေဝါလီခံရလိမ့်မည်ဖြစ်သည်။သူတို့ထဲမှတစ်ယောက်သည် ရှစ်ယွင်ကျူးဖြစ်သည်။
ဖုန်းယွီက သူတို့၏ အလွန်ခက်ခဲသည့် အချိန်တွင် သူတို့ရှေ့မှောက်ပေါ်လာကာ နတ်သားရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်ရန်အတွက် ဆုံးဖြတ်ချက်ချလိုက်သည်။
ဟားဟားဟားဟား
“လူတိုင်း ကျေးဇူးပြုပြီး ငြိမ်သက်ပေးပါ ၁၉၃၃ခုနှစ် CCTVရဲ့ ကြော်ငြာကဏ္ဍ ရွေးချယ်မှုအစီအစဉ်မကြာခင် စတင်ပါတော့မယ် ဒီတစ်ချိန်မှာ တချို့ကြော်ငြာကဏ္ဍတွေကို အိတ်ပိတ်လေလံစနစ်ကိုရွေးချယ်မှာပါ လေလံဆွဲတဲ့သူအနေနဲ့လည်း စာရွက်တစ်ရွက်ပေါ်မှာ ကိုယ်လေလံဆွဲမဲ့ပမာဏကိုရေးပေးရမှာပါ ပြီးတော့ တစ်ယောက်ချင်းစီအနေနဲ့ အပင်တစ်ကြိမ်စီ ရပါလိမ့်မယ် သူတို့အနေနဲ့ လေလံတွေကိုတွက်ချက်ပြီးတော့ အနိုင်ရရှိသူက ဘယ်သူဆိုတာကို....”
အိတ်ပိတ်လေလံကို CCTV၏ထိပ်ပိုင်းအရာရှိများက အကြံပေးခဲ့ခြင်းဖြစ်သည်။ သူတို့အနေဖြင့် ယင်းလေလံပွဲအမျိုးအစားသည် စီးပွားရေးသမားများ၏စိတ်ထဲတွင်ရှိသည့် အမြန်ဆုံးကို သိနိုင်လိမ့်မည်ဟု ခံစားမိသည့်အတွက်ဖြစ်သည်။ သူတို့အနေဖြင့် ထိုင်းဟွာ့ ကုန်သွယ်ရေး၏ဈေးနှုန်းကို အမြင့်ဆုံးဟု အသုံးပြုနိုင်မည်။ ဖုန်းယွီထက် ပိုပြီးရက်ရောတဲ့သူ ရှိကောင်းရှိနိုင်ပေ၏။
သတင်းမကြေညာခင် ၁၅စက္ကန့်အတွက် ပထမဦးဆုံး ကြော်ငြာကဏ္ဍဖြစ်သည်။ ဖုန်းယွီက ပတ်၀န်းကျင်ကိုကြည့်လိုက်ပြီးနောက် လူတိုင်းက စာရွက်တစ်ရွက်ပေါ်တွင် ရေးနေကြသည်။ သူတို့အကုန်လုံးသည် တခြားသူများမမြင်စေရန်အတွက် လက်နဲ့ကိုယ်များဖြင့် ကြိုးစားပြီး ဖုံးကွယ်နေကြသည်။
ဖုန်းယွီ၏အရင်ဘ၀တွင် ကြော်ငြာကဏ္ဍလေလံပွဲကို ၁၉၉၅ခုနှစ်မှစတင်ခဲ့သည်။ ပထမဦးဆုံး ကြော်ငြာပွဲတွင် ခုန်ဖူးယွမ်အရက်ချက်လုပ်ငန်းကို ယွမ်၃၁သန်းဖြင့် ရောင်းချခဲ့သည်။ ပြီးနောက် သူတို့၏ ဘိုင်ကျူ၏ရောင်းအားသည် ၁၀ဆထက်ပိုလာခဲ့သည်။
ဖုန်းယွီက တစ်ခဏကြာ တွေးလိုက်ပြီးနောက် ၁၂.၀၂သန်းယွမ်ဟုရေးလိုက်သည်။ သူ့အနေဖြင့် သူသည်ယခုလေလံပွဲတွင် အနိုင်ရရှိမည်ဟုယုံကြည်ချက်ရှိသည်။သူရှုံးရန်အတွက်စိတ်ကူးထဲတောင်မရှိေပ။ အကယ်၍ ဈေးသည်ယခုထက်များပါက ယင်းက မတန်တော့ပေ။
ခုန်ဖူးယွမ်၏သူဌေးသည်လည်း စာရွက်တစ်ရွက်ပေါ်တွင် သူ့၏လေလံဈေးကိုရေးနေသည်။သူသည် ၁၀သန်းရေးချင်သည်။ သို့သော် သူ့အနေဖြင့် အခြားသူများသည်လည်း ယခုပမာဏကို လေလံဈေးရေးမည်ဟု ခံစားမိသည်။ထို့ကြောင့် သူသည် ယွမ်၁၁သန်းဟု ပြောင်းလိုက်သည်။ အကယ်၍ သူ့အနေဖြင့် CCTVတွင်ကြော်ငြာမည်ပင်။
လှယ့်ပိုင်ေရှ၏သူဌေးသည်လည်း သူ့၏လေလံဈေးနှုန်းကိုရေးနေသည်။ သူသည် ၁၂.၀၁သန်းဖြစ်၏။
ပန်းနင်သည် ၁၂.၀၂သန်းရေးလိုက်သည်။ သူ့၏ကုမ္ပဏီသည် ရုံရှမ်းရေခဲသေတ္တာပင်ဖြစ်ကာ တရုတ်နိုင်ငံ၏ ပထမဦးဆုံး တံခါး၂ခု ရေခဲသေတ္တာကို စတင်တီထွင်သူလည်းဖြစ်သည်။ ဖုန်းယွီသည် သူ့၏ အတိတ်က ရေခဲသေတ္တာကို ခက်ခက်ခဲခဲရောင်းနေခဲ့ရသည်။ အကြောင်းမှာ ရုံရှမ်း၏ ထုတ်ကုန်များသည် တရုတ်နိုင်ငံ၏ဈေးကွက်ထဲသို့ ရောက်ရှိပြီးသားဖြစ်သည့်အတွက်ပင်။ သူတို့၏ရေခဲသေတ္တာများသည် အရည်အသွေးကောင်းမွန်ပြီး ဈေးချိုပေ၏။
ကျန်းရွေ့မင်း၊ လီသုံးနှင့် အခြားသော စီးပွားရေးသမားများသည်လည်း လေလံကြေးပမာဏမြင့်သည့် ယွမ်၇သန်းဟု ထည့်လိုက်သည်။ သူတို့အနေဖြင့် ယင်းကြော်ငြာကဏ္ဍကို အနိုင်ရမည့်ပုံမပေါ်ချေ။
ဖုန်းယွီက ယင်းလေလံပွဲသည် အကြံအဖန်လုပ်သည်ဟု သံသယရှိသည်။ မဟုတ်ပါက CCTVအနေဖြင့် လူတိုင်း၏ရှေ့တွင် လေလံစည်းမျဉ်းကိုမဖော်ပြဘဲ လေလံများကို တွက်ချက်ဖို့အတွက် တခြားတစ်ခန်းကိုသွားရောက်ရန်လိုအပ်မည်ပင်။
ထိုအချိန်တွင် သူများစာကလည်း သူတို့၏သတိပေးချက်ကိုကြည့်လိုက်ရသည်။ သူတို့ထဲမှ အချို့သည် သူတို့၏ခေါင်းကိုမော့ထားကြကာ ယုံကြည်ချက်ရှိရှိဖြင့်ပြုံးနေကြသည်။ တချို့မှာစိတ်ပျက်နေကြသည်။
သူတို့ထဲက တစ်စုံတစ်ယောက်ကို ပထမဦးဆုံးရွေးမလို့လား ဒါကမဖြစ်နိုင်တာ ဒီလူတွေမှာက ဟန်းဖုန်းတောင်မရှိသေးဘူး ဘာလို့သူတို့တွေရဲ့ လေလံကြေးကိုေပြာမှာလဲ။
တစ်ခဏကြာပြီးနောက် ချန်ဘောင်ကျွင်းက ပြုံးလျက်သား လေလံဈေးနှုန်းဖောင်ကို ပြောလိုက်သည်။
“ဒီလေလံပွဲရဲ့အနိုင်ရရှိသူကတော့ လှယ့်ပိုင်ရှေပါ အနိုင်ရရှိတဲ့ဈေးနှုန်းက ၁၂.၁သန်းဖြစ်ပါတယ်”
လှယ့်ပိုင်ရှင်သည် မတ်တပ်ရပ်လိုက်ပြီး လူတိုင်းကို ဂုဏ်ယူစွာဖြင့် လက်ဝေ့လိုက်သည်။
ဖုန်းယွီက မျက်မှောင်ကြုံ့လိုက်သည်။ တိုက်ဆိုင်တာလား သူက ဖုန်းယွီထက် ယွမ် ၁၀၀ထက်တောင်နည်းပြီးတော့ လေလံပွဲကို အနိုင်ရရှိသွားတာလား
ဖုန်းယွီက ချန်ဘောင်ကျွင်းကိုကြည့်လိုက်ကာ သူသည် ဖုန်းယွီကို မျက်ကွယ်ပြုနေသည်ကို သတိပြုမိလိုက်သည်။ တစ်ခုခုတော့မှားနေပြီ ဒါက အကောင်းဆုံးကြော်ငြာကဏ္ဍလေ တစ်စုံတစ်ယောက်က သူ့ဆီကနေပြီးတော့ လုယူသွားပြီလော။
”နောက်တစ်ခုက သတင်းပြီးတော့ ကြော်ငြာကဏ္ဍပါ ဒီကြော်ငြာကဏ္ဍကလည်း ၁၅စက္ကန့်ရှိပါတယ် အကုန်လုံး လေလံဈေးရေးလို့ရပါပြီ”
ဖုန်းယွီက ယင်းကြော်ငြာ၏သက်ရောက်မှုကို ပြန်တွေးကြည့်လိုက်ပြီး သူသည် ၅.၁၁သန်းဟုရေးလိုက်သည်။
ပန်းနင်က ၅.၀၂သန်းဟုရေးပြီး ခုန်ဖူးယွမ်၏သူဌေးသည် ၅.၀၄သန်းဟုရေးလိုကါသည်။ ယခုအချိန်တွင် လှယ့်ပိုင်ေရှ၏ ရွေးချယ်မှုသည် လွတ်ထွက်သွားပြီဖြစ်သည်။
ရုံရှမ်းရေခဲသေတ္တာက ၅.၂၁သန်းနှင့် အနိုင်ရရှိပါတယ်။ ဖုန်းယွီကစိတ်တိုသွားပါပြီ။
“အရာရှိချုပ်ချန်း ဘာကြောင့် ဒီလေလံဆွဲတဲ့ဖောင်တွေကို ကျွန်တော်တို့ကို မပြရတာလဲ”
ဖုန်းယွီကအော်လိုက်သည်။
ချန်ဘောင်ကျွင်း၏မျက်နှာက ပြုံးလိုက်၏။
“ဘာပြဿနာများဖြစ်လို့ပါလိမ့် ဟိုဟာ မင်းရဲ့လေလံဆွဲတဲ့ဖောင်မှာ မင်းဘယ်လောက်ရေးလိုက်လဲဆိုတာကို မသိဘူးလို့တော့ ငါ့ကိုမပြောနဲ့နော် ဘယ်သူက ရုန်ဆမ်းထက်ကိုပိုပြီးတော့ လေလံကြေးများများပေးနိုင်မယ်လို့ပြောနေတာလဲ”
ပန်းနင်၏မျက်နှာတွင် ဂုဏ်ယူဖွယ်ရာ အကြည့်တစ်ချက်ပေါ်လာသည်။ ကံကောင်းချင်တော့ သူသည်တစ်စုံတစ်ယောက်ကို ပေးခဲ့သည်။ အကယ်၍ သူသည် အမြင့်ဆုံး လေလံဆွဲသူထက် အနည်းငယ်နည်းပါက သူ့အနေဖြင့် ယွမ်၁သိန်းပိုထည့်ကာ ယင်းကြော်ငြာကဏ္ဍကို၀ယ်ယူမည်ဖြစ်သည်။
ဖုန်းယွီက ချန်ဘောင်ကျွင်း၏မျက်နှာတွင် မဲ့ပြုံးတစ်ချက်ကိုတွေ့လိုက်ရသည်။ CCTVက ဒီလေလံပွဲကို ထိုင်စားဖို့အတွက် တကယ်ကိုအရှက်မရှိတာပဲ။ သို့သော် ဖုန်းယွီက CCTVအနေဖြင့် သတင်းမကြော်ငြာခင်နှင့် သတင်းကြော်ငြာပြီးချိန်တွင် ကြော်ငြာကဏ္ဍတစ်ခုစီပေးမည်ဟု ကတိပေးထားပြီးဖြစ်သည်။
အမှန်ပင် ယခုအချိန်တွင် ဖုန်းယွီသည် ကြော်ငြာကဏ္ဍတစ်ခုကို ရေးချလိုက်ပြီး သူရေးလိုက်သည့်ပမာဏနှင့် ကွဲပြားနေသော်ငြား သူသည် အနိုင်ရရှိခဲ့သည်။ ချီး တကယ်လို့ မင်းအဲ့လိုပြောမယ်ဆိုရင် ငါ့အနေနဲ့ အရင်က ကြော်ငြာကဏ္ဍတစ်ခုကို ၁သန်းသာဆိုရင် ငါ၁၀သန်းတောင် ထည့်ခဲ့မှာပေါ့ ငါမင်းတို့တွေ ဘယ်လိုလိမ်နေတယ်ဆိုတာ ကြည့်လိုက်ဦးမယ်
ထိုလေလံပွဲသည် အလွန်မြန်ဆန်၏။CCTV၏ ၀န်ထမ်းအများစုသည် ကူညီရန်အတွက် ရောက်ရှိနေကြသည်။ ထို့အပြင် စီးပွားရေးသမားတိုင်းအနေဖြင့် ကြော်ငြာကဏ္ဍတိုင်းကို လေလံဆွဲလိမ့်မည် မဟုတ်ပေ။ ထိုကြော်ငြာကဏ္ဍအားလုံးကို လေလံဆွဲသည့်သူသည် ဖုန်းယွီတစ်ယောက်တည်းသာဖြစ်သည်။
ရပ်လာရှင်ရုန်ဆမ်းနှင့်လစ်တဲစွမ်းလေးနှင့် အခြားကုမ္ပဏီများသည်လည်း ထိုလေလံပွဲတွင် လူကြည့်အများဆုံးအချိန်များရဲ့ ကြော်ငြာကဏ္ဍများကိုရရှိခဲ့သည်။ ဖုန်းယွီသည် လူကြည့်အများဆုံးကြော်ငြာကဏ္ဍ၄ခုကို အနိုင်ရရှိခဲ့သည်။ယင်းက ယမန်နှစ်နှင့်ယှဉ်ပါက အလွန်ခြားနားသည့်ပမာဏဖြစ်သည်။ထိုစဉ်က သူသည် အဓိကလူကြည့်အများဆုံး အချိန်ကို အနိုင်ရရှိခဲ့သည်။
ဖုန်းယွီသည်လည်း သူကြော်ငြာသည့်ပုံစံကို ပြောင်းလဲရမည်ဖြစ်သည်။ အင်တာနက်သည်လည်းစတင်ပြီဖြစ်သည်။ တရုတ်နိုင်ငံရှိ လူအနည်းငယ်သည် PCနှင့် ကွန်ပျူတာ ပိုင်ဆိုင်လာခဲ့ပြီဖြစ်သည်။ အင်တာနက်မှကြော်ငြာခြင်းမရှိသေးပေ။ ယခုလက်ရှိတွင် တီဗွီမှကြော်ငြာခြင်းသည် အဓိကဖြစ်သည်။
ဖုန်းယွီသည် လေလံပွဲအပြီးတွင် မပျော်မရွှင်ဖြစ်နေ၏။သူ့အနေဖြင့် ချန်ဘောင်ကျွင်းကို စကားပြောမည်ဖြစ်သည်။ အကယ်၍ ချန်ဘောင်ကျွင်းသည် သူ့ကိုကူညီရန်ငြင်းဆိုပါက သူ့အနေဖြင့် အဆင့်မြင့်အရာရှိများကိုသွားရှာပေမည်။ သူ့အနေဖြင့် နွေဦးကာလပွဲ၏ စပွန်ဆာပွဲကို ရပ်ဆိုင်းမည်ဖြစ်ကာ တခြားသော ရုပ်သံဌာနများနှင့် နောက်နှစ်နှစ်သစ်ကူး ဆုပေးပွဲ ညစာစားပွဲများကို ပေါင်းလုပ်မည်ဖြစ်ကြောင်းသတိပေးမည် ဖြစ်သည်။