← Chapters

အခန်း (၄၆၅)

Vol. 31 Ch. 465

အခန်း (၄၆၅)

Vol. 31 Ch. 465

ချန်းပေါင်ကျွင်းသည် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ဖုန်းယွီ၏အကြည့်ကို ရှောင်လွှဲရန်အတွက် ကြိုးစားနေသည်။ ဖုန်းယွီသည် လက်မှတ်ထိုးပြီးနောက် ဘောပင်ကို ပစ်ပေးလိုက်ကာ

“အရာရှိချုပ်ချန်း ဘယ်လိုဖြစ်တာတုန်း ကျွန်တော့်ကို ရှင်းပြချက်လေးမပေးသင့်ဘူးလား”

“ဘာကိုဆိုလိုချင်တာလဲ ဒီလေလံပွဲက မျှတပြီးတော့ပွင့်လင်းပါတယ် ဘာပြဿနာများရှိလို့ပါလဲ”

“တကယ်ကြီးလား အာ့ဆို ဘာပြဿနာမှမရှိဘူးဆိုရင် ဘာလို့ လေလံဖောင်တွေကိုယူပြီးတော့ တခြားသူတွေကိုပြလိုက်လေ မဟုတ်ဘူးဆိုရင်တော့ ကျွန်တော့်အနေနဲ့ အထက်အရာရှိတွေကို သွားပြီးတော့ သူတို့တွေဘယ်လိုပြောမလဲဆိုတာ မြင်ချင်တယ် တကယ်လို့ တခြားသူတွေသာ ဒီလေလံပွဲက လုပ်ကြံဖန်တီးထားတာဆိုရင် CCTVရဲ့ကြော်ငြာကဏ္ဍတွေ နောက်နှစ်မှာ‌ ရောင်းချရတော့မှာမဟုတ်ဘူး”

ဖုန်းယွီက ပြုံးလျက်သားပြောလိုက်သည်။

“ဟာဟားဟားဟား မန်နေဂျာဖုန်း ငါကဒီကြော်ငြာကဏ္ဍတွေက လေလံပွဲမှာ မရောင်းချသေးပါဘူး ဒီနေ့က အချို့အချိန်တွေကမဆိုးဘူး ပထမဦးဆုံးအနေနဲ့ မန်နေဂျာဖုန်းရွေးကြည့်လိုက်လေ ပြီးတော့မှ ကျွန်တော်တခြားသူတွေကို ပြလိုက်မယ်”

ချန်းပေါင်ကျွင်းက ငြိမ်လျက်သား ကြော်ငြာကဏ္ဍစာရင်းကို ဖုန်းယွီဆီသို့ပေးလိုက်သည်။ ထိုကြော်ငြာကဏ္ဍများ၏ဈေးနှုန်းသည် စာရင်းထဲတွင် ပါပြီးသားဖြစ်သည်။

ဖုန်းယွီက ခေါင်းညိမ့်လိုက်သည်။

ဒီချန်းပေါင်ကျွင်းက ငါ့ကိုဘယ်လိုကျေနပ်အောင်လုပ်ရမလဲဆိုတာကို သိသားပဲ

သို့သော် ဖုန်းယွီအနေဖြင့် စာရင်းထဲမှ ကြောငြာကဏ္ဍများ၏ဈေးနှုန်းကို သူကြည့်လိုက်သည့်အခါ သူစိတ်ရှင်းပေသည်။ CCTVက ဈေးနှုန်းကို ၃၀ရာခိုင်နှုန်းအထိကို တိုးလိုက်တာပဲ သူတို့တွေအနေနဲ့ ကြော်ငြာကို လူကြည့်အများဆုံးအချိန်နဲ့ ဈေးများများပေးတယ်လို့ တွေးနိုင်ပေမဲ့ သူတို့တွေကလည်း အခြားကြော်ငြာကဏ္ဍကဈေးနှုန်းတွေကို မြှင့်လိုက်တာလား

“ငါဒီကြော်ငြကဏ္ဍအကုန်လုံးကို လိုချင်တယ် ငါ့ကိုလျှော့ဈေးပေး”

ဖုန်းယွီက မှတ်ထားသည့်စာရင်းကို ချန်းပေါင်ကျွင်းကို ပြန်ပေးလိုက်၏။

ချန်းပေါင်ကျွင်းက စာရင်းကိုကြည့်လိုက်သည်။ ဖုန်းယွီက ကြော်ငြာကဏ္ဍ၁၆ခုယူခဲ့သည်။ သူ့အနေဖြင့် ဖုန်းယွီကို အချို့သောကြော်ငြာကဏ္ဍများအတွက် လျှော့ဈေးမပေးခဲ့ပေ။

“မန်နေဂျာဖုန်း ကြော်ငြာကဏ္ဍတွေကအများကြီးယူတာပဲ ခင်ဗျားရဲ့ကုမ္ပဏီက ဒီလောက်ကြော်ငြာတွေ အများကြီးလိုအပ်လို့လား ကျွန်ျတာ့်အနေနဲ့ဆိုရင် ဒီကြော်ငြာကဏ္ဍတွေရဲ့တစ်၀က်ဆိုရင် လုံလောက်ပြီထင်တယ် ကြော်ငြာကဏ္ဍတွေအများကြီး၀ယ်တာ ပိုက်ဆံဖြုန်းတီးတာပဲလေ ကျွန်တော်ခင်ဗျားကို ၂ရာခိုင်နှုန်းလျှော့ဈေးပေးနိုင်ပါတယ်”

“ကျွန်တော့်မှာကုမ္ပဏီတွေအများကြီးရှိတယ်လေ ဒီကြော်ငြာကဏ္ဍတွေနဲ့ လုံတောင်မလောက်သေးဘူး ပြီးတော့ ၂ရာခိုင်နှုန်းက လျှော့ဈေးလို့စဉ်းစားထားတာလား ၅ရာခိုင်နှုန်းပဲ ဒါအပြီးပဲ သွားပြီးတော့ စာချုပ်သွားပြင်‌ချေ ကျွန်တော့်ဆီမှာ နှစ်သစ်ကူးဆု‌ချီးမြှင့်ပွဲရဲ့ နောက်ဆုံး rehearsalကို သွားပြီး‌တော့ တက်ရောက်ရဦးမယ်”

ချန်းပေါင်ကျွင်းက စိတ်ထဲတွင်တွက်ချက်လိုက်သည်။ ၅ရာခိုင်နှုန်းလျှော့ဈေးသည် ယွမ်၁သန်းနီးပါးဖြစ်သည်။ သို့သော် အကုန်လုံးချုံကြည့်ပါက ထိုကြော်ငြာကဏ္ဍသည် ယမန်နှစ်ရောင်းရသည်ထက် သန်းအနည်းငယ်ပိုပေ၏။ ထို့ပြင် ဖုန်းယွီသည် သူ့အား လျှော့ဈေးမပေးပါက အထက်အရာရှိများဆီသို့ သွားမည်ဖြစ်သည်။ အထက်အရာရှိများသည် အကွက်ဆင်ထားသည့်လေလံပွဲအကြောင်းကို သိသော်လည်း ယင်းက ချန်း‌ပေါင်းကျုံးအတွက် မကောင်းပေ။ သူသည် ဖုန်းယွီ၏ ကျေနပ်မှုကိုရရန်အတွက် သူ့ကိုလျှော့ဈေးပေးရမည်ပင်။ ဖုန်းယွီသည် စာချုပ်ကိုလက်မှတ်ထိုးလိုက်ပြီး ချန်းပေါင်ကျွင်းက ဖုန်းယွီအတွက် တံခါးကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်ပေးသည်။

ဖုန်းယွီသည် စာချုပ်များကို လက်မှတ်ထိုးပြီးနောက် ယင်း၃၀ရာခိုင်းနှုန်းတိုးလိုက်သည့်ဈေးနှုန်းသည် ယခုလက်ရှိဈေးကွက်ပေါက်ဈေးအရ လက်ခံနိုင်သည်ဟု သက်သေပြနေပေသည်။

ချန်းပေါင်ကျွင်းသည်လည်း CCTV၏၀င်ငွေကို အောင်အောင်မြင်မြင်ဖြင့် တိုးမြင့်အောင်လုပ်ဆောင်နိုင်ခဲ့သည်ပင်။

ဖုန်းယွီသည် ယခုနှစ် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်မဟုတ်‌ချေ။ CCTVသည် အစည်းအရုံးကို ကုမ္ပဏီများ သူတို့၏ဘဏ္ဍာများကို ချဲ့လျှင်အဆင်ပြေသည်ဟု ပြောထားသည်။ သို့သော် ကြည့်ရှုသူများအနေဖြင့် ဆောင်ပုဒ်များကို အော်ရင်တော့ ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

ယခုနှစ် ဆုချီးမြှင့်ပွဲအခမ်းအနားကိုလည်း ကြိုတင်ရိုက်ကူးထားခြင်းဖြစ်သည်။ သို့သော် ‌နောက်နှစ်တွင်မူ ယင်းကြော်ငြာကဏ္ဍသည် မိနစ်ပိုင်းနောက်ကျသည့် ထုတ်လုပ်မှုဖြစ်လာသည်။ နောင်နှစ်များတွင် ထိုဆုချီးမြှင့်ပွဲအခမ်းအနားသည် တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်လာပေမည်။

တီဗွီကြည့်ရှုသူများသည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို နှစ်သက်ကြသည်။ ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုက ယင်းအစီအစဉ်၏ အောင်မြင်မှုနှုန်းကိုပြသရာလည်းရောက်ပေသည်။ ဖုန်းယွီအနေဖြင့် ထိုပွဲပြီးနောက် အစီအစဉ်၏ မူပိုင်ခွင့်ကိုရမည်ဖြစ်သည်။ သူသည် ကျောင်းဝါမန်ကို ဗွီစီဒီအဖြစ်ပြောင်းလဲခိုင်းပြီး ယင်းဗွီစီဒီကို ရောင်းချလိမ့်မည်မျိုး မဟုတ်ပေ။ ဗွီစီဒီစက်များတွင် လက်ဆောင်အဖြစ် တစ်ပါတည်းပါမည်ဖြစ်၏။

နှစ်သစ်ကူးပြီးနောက် ဖုန်းယွီအတွက် စာမေးပွဲဖြစ်သည်။ စာမေးပွဲပြီးသွာသည့်အခါ ပေကျင်းတွင်သာနေခဲ့ပြီး သူ၏သူငယ်ချင်းများအားလုံး တရုတ်နှစါသစ်ကူးအတွက် ပြန်သွားကြသည်။ ယခုနှစ်တွင် ဖုန်းယွီအနေဖြင့် ပေကျင်းတွင် နှစ်သစ်ကူးမည်ပင်။

ထိုဆုချီးမြှင့်ပွဲ၏ rehearsalတွင် ဖုန်းယွီက ယခုနှစ်ဆုချီးမြှင့်ပွဲ၏ ဆုချီးမြှင့်သည့်စင်မြင့်သည် နွေဦးရာသီပွဲတော်တွေထက် ပိုကောင်းမည်ဟု ပြောထားသည်။ မြို့နယ်အရာရှိချုပ်‌ကျားသည်လည်း ပြန်ပြောသည်မှာ သူတို့တွင် လုံလောက်သည့် ဘတ်ဂျက်မရှိသည့်အတွက်ကြောင့်ဟု ပြော၏။

ဖုန်းယွီအနေဖြင့် အရာရှိချုပ်အကြောင်း သိစေချင်သည်။ CCTVအနေဖြင့် ရန်ပုံငွေများစတင်ပြီး ယင်းက ဖုန်းယွီအတွက် ပိုပြီး ကောင်းမွန်တဲ့လမ်းဖြစ်သည်။ သူကချက်ချင်းပင် အရာရှိချုပ်ကားနှင့် ထိုကာလမျှတွင် စပွန်ဆာပေးမည့်အကြောင်းကိုဆွေးနွေး၏။

ဖုန်းယွီအနေဖြင့် ယခုကဲ့သို့ CCTVတွင် စပွန်ဆာပေးခြင်းမျိုးကို လုပ်မည်မဟုတ်‌ေပ။ သူသည် ထိုအစီအစဉ်အတွက် ဒါရိုက်တာဖြစ်ချင်၏။ သို့သော် CCTVအနေဖြင့် ယင်းတောင်းဆိုချက်ကို သဘောမတူနိုင်ပေ။ CCTVအနေဖြင့် ဖုန်းယွီကို စင်မြင့်၏ပြင်ဆင်မှုနှင့် performanceအတွက်သာ ပြောရန်ခွင့်ပြုပေသည်။

ယင်းက ဖုန်းယွီလိုချင်သည့် အပိုင်းဖြစ်သည်။ သူ့ကုမ္ပဏီ၏ထုတ်ကုန်များကို VIPစားပွဲများနှင့် ဖျော်ဖြေသူများထိုင်မည့် စားပွဲများပေါ်တွင် ထားလိုက်သည်။ သို့သော် သူ့အနေဖြင့် ထိုအပေါ်တွင် စူပါဖန်အဖြစ်လည်းထားနိုင်ပေ၏။

ဖုန်းယွီသည် သူ့ကြော်ငြာများကို ပါ၀င်စေရန်အတွကိ ဖျော်ဖြေမှုအချို့၏ ဇာတ်ညွှန်းများကို ပြောင်းရန်အတွကိ အကြံပြုခဲ့သည်။

ဒါက ဒီအထူးအစီအစဉ်ရဲ့ စပွန်ဆာလေ ဒါကြောင့်သူတို့ရဲ့ထုတ်ကုန်ကို ဒီပြသမှုမှာ ၃စက္ကန့်စာလောက် ပြရင်လည်း ကိစ္စ်မရှိဘူး ဒီကြော်ငြာရဲ့သက်ရောက်မှုက သတင်းမှာ အထူးအစီအစဉ်တွေကြော်ငြာတွေထက်ကိုပိုပြီးတော့တောင်မှ သက်ရောက်မှုရှိသေးတယ်

သို့သေည် ယခုနှစ်တွင်မူ ကျူးရှီမောက်နှင့် ချန်ကွမ်းတိုင်တို့ ဖျော်ဖြေလိမ့်မည် မဟုတ်ပေ။ ပြီးနောက် ဖုန်းယွီအနေဖြင့် ယင်းကို နှမြောနေ‌ပေသည်။ ထိုအတွဲသည် တရုတ်နိုင်ငံ၏ ဟာသလောကတွင် အကျော်ကြားဆုံးအတွဲဖြစ်၏။

ဒီကဏ္ဍမှာ ဘာလို့ကလေးတွေရဲ့ဖျော်ဖြေမှု မပါရတာလဲ။ ကလေးသီချင်း‌တွေထည့်လိုက်။ အနည်းဆုံး သီချငိး၂ပုဒ်။ သီချင်းတစ်ပုဒ်က.... နောက်ထပ်သီချင်းတစ်ပုဒ်ကလည်း .... ဒီသီချင်းတွေနဲ့အတူ ကာတွန်းရုပ်၂ရုပ်ကလည်း အတူတူလိုက်ကသင့်တယ်

ငါ့အထင်တော့ ဒီကာရိုက်တာက လဲ့ဟဟရဲ့ကာတွန်းကာရိုက်တာနဲ့ တူတယ်လို့ထင်တယ်

နှစ်သစ်ကူးည၏ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အအောင်မြင်ဆုံးဖျော်ဖြေ‌မှုသည် ကလေးသီချင်းဖြစ်သည်။ ဟောင်ကောင်မှ ဟာသများနှင့် ထိုင်၀မ်မှ အဆိုတော်များမဟုတ်ပေ။

“ငါ့နောက်ကျောမှာ ဦးချိုရယ်အမြှီးရယ်ရှိတယ် ငါ့မှာလျှို့ဝှက်ချက် ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သူမှမသိပါဘူး ငါက နဂါးကလေး၊ နဂါးကောင်လေး၊ င့ါမှာလျှို့ဝှက်ချက်တွေ အများကြီးရှိတယ် လျှို့ဝှက်ချက်တွေ ရှိတယ် မင်းတို့ကို မပြောဘူး မပြောဘူး မပြောနိုင်ဘူး..”

ဖုန်းယွီသည် အချိန်အတော်ကြာ တီဗွီမကြည့်သည်ဖြစ်သည်။ ပြီးနောက် ယင်းအစီအစဉ်ကိုလည်း လွှင့်ပြီး မလွှင့်ပြီးမသိပေ။ ယင်းကာတွန်းသည် ....ကာတွန်းထက်တောင် ပိုပြီးနာမည်ကျော်ကြားသည်။ လူကြီးများတောင်နှစ်သက်ကြသည်။

ထိုကလေးသီချင်းဖျော်ဖြေနေစဉ် အသက်၃၀ ၄၀အရွယ်ရှိ အမျိုးသားများသည် အတူလိုက်ဆိုကြသည်။ ဖုန်းယွီက အလွန်အံ့အားသင့်သွားသည်။

ဆုပေးပွဲပြီးသည့်နောက် ဖုန်းယွီက ကျုံးချင်းရှန်ကို ထိုကလေးကို သူတို့၏ ထုတ်ကုန်၏ တေးဆိုခွင့်ရှိရန် ခန့်အပ်ရန်အတွက်ပြောလိုက်သည်။

လဲ့ဟဟ၏ အေဒီနွားနို့ ကြော်ငြာသရုပ်ဆောင်များသည် ထိုကလေးဖြစ်မည်ပင်။

ယခုနှစ်တွင် ထိုကလေးသည် ကျန်းမင်ထက် ပိုပြီးကျော်ကြားလိမ့်မည်ပင်။ အကယ်၍ လဲ့ဟဟသာ သူ့ကိုအသုံးပြုပြီး လဲ့ဟဟ၏ ဒိန်ချဉ်အချိုရည်ကို ကြောငြာပါက ကလေးအများစုသည် လဲ့ဟဟ၏ အချိုရည်များကို ၀ယ်ယူကြလိမ့်မည်။

၁၉၉၂နှစ်၏ဒုတိယနှစ်တစ်၀က်တွင် လဲ့ဟဟအနေဖြင့် အေဒီနို့နှင့် လက်ဖက်စိမ်းအချိုရည်များကိုမိတ်ဆက်ခဲ့သည်။ သို့သော် ဈေးကွက်၏ တုံ့ပြန်မှုကမကောင်းပေ။ ထိုသို့ လဲ့ဟဟ၏ ကလေးဟာက အချိုရည်လောက် အောင်မြင်ကျော်ကြားခြင်းမရှိပေ။ ထိုနှစ်တွင် လဲ့ဟဟသည် လူကြည့်အများဆုံး ကြော်ငြာကဏ္ဍမှ ၀ဋ်ကျွတ်ခဲ့သည်။ ၁၉၃၃ခုနှစ်တွင် လဲ့ဟဟအနေဖြင့် ဒိန်ချဉ်ဈေးကွက်တွင် အနိုင်ရလိမ့်မည်မဟုတ်ပေ။

သို့သော် လဲ့ဟဟ၏ အချိုရည်သည် နံပါတ်၀မ်းဖြစ်နေမည်ပင်။ သူတို့အနေဖြင့် မည်သည့်ပြိုင်ဘက်မှမရှိပေ။ အကယ်၍ သူတို့သည် လက်ဖက်စိမ်းအချိုရည်အတွက် ကြော်ငြာအချို့ကိုထည့်သွင်းပါက ရောင်းအားအတူတူပင်ဖြစ်ပေမည်။ ယမန်နှစ်က လဲ့ဟဟအနေဖြင့် သူ၏ထုတ်ကုန်အတွက် မည်သည့်ကြေည်ငြာခြင်းမှမပြုလုပ်ခဲ့ချေ။ သို့သော် သူတို့အနေဖြင့် မည်သည့်ဆုံးရှုံးမှုမျှ မရှိခဲ့ပေ။ ယခုနှစ်တွင် ကြော်ငြာနှင့်ဆိုပါက ရလဒ်သည် ပိုကောင်းလာမည်ပင်။

....မျက်လှည့်ဖျော်ဖြေမှုသည် အလွန်ပျင်းစရာကောင်းလာသည်။ လိမ္မော်သီးနှင့် ပန်းသီးသည် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေ၏။ အကယ်၍ မှော်ဆရာသာ အိုက်၀၏ နားကြပ်ပေါ်လာအောင်လုပ်ပါက သူ့အနေဖြင့် ကြည့်ရှု့သူကို လက်ဆောင်အဖြစ်ပေးနိုင်သည်။

ထို့ပြင် ဖုန်းကုန်းနှင့်မားတီ၏ ခြေတံရှည်ဖျော်ဖြေမှုသည်လည်း သူတို့၏ ထုတ်ကုန်ကို ပြောင်းလဲလိုက်သည်။နားကြပ်၊ကတ်ဆက်၊စူပါပန်ကာ၊ဗွီစီဒီစက်နှင့် မော်တော်ဆိုင်ကယ်တောင်ပ်လိုက်သေး၏။ သူတို့၏ဖျော်ဖြေမှုသည် အလွန်ပင် သဘာ၀ကျလှသည်။

ကျုံးကော်လီ၏ဟာသပြကွက်တွင် သူသည် ငါတို့ရဲ့ထုတ်ကုန်တွေကို ရောင်းနေမယ် ပြီးတော့ သူ့ရဲ့ဖျော်ဖြေမှုပြီးတာနဲ့ ဒီထုတ်ကုန်တွေကို ဖျော်ဖြေသူတွေကိုပေးမယ် ပြီးတော့ CCTV၀န်ထမ်းတွေကိုပေးမယ်

အရာရှိချုပ်ကျားက ဖုန်းယွီကို စင်ပြင်ဆင်မှုကို ခွင့်ပြုလိုက်ပြီး ဖျော်ဖြေမှုများအတွက်လည်း စီစဉ်ပေးရန် သဘောတူညီလိုက်သည်။ သို့သော် ဖုန်းယွီအနေဖြင့် သူ့၏ထုတ်ကုန်များအားလုံးကို ဖျော်ဖြေမှုများအားလုံးတွင်တော့ အသုံးပြုရလိမ့်မည် မဟုတ်ချေ။

All Chapters