← Chapters

အပိုင်း (၈၁-၉၀)

Vol. 1 Ch. 81-90

အပိုင်း (၈၁-၉၀)

Vol. 1 Ch. 81-90

အပိုင်း (၈၁)

“ဖမ်းဝရမ်း”

Translator: Sparrow Translations Editor: Sparrow Translations

…

ဖန်ကျန်းရှီကတော့ ဓားပြတွေနဲ့ ပတ်သတ်ပြီး ကောင်းကောင်းသိတယ်လို့ သူ့ကိုယ်သူ ယုံကြည်ထားတာဖြစ်တယ်။ ဆိုရိုးစကားအတိုင်း ပညာရှင်တွေက ပညာရှင် အလုပ်ကိုပဲလုပ်တယ်။ ဒါပေမယ့်လည်း တောင်ပေါ်က ဓားပြတွေနဲ့ သူ့ရှေ့မှကြုံရတာကတော့ စိတ်ထဲမှာ ခံရခက်တယ်။

အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ မှန်ကန်တဲ့အချိန် မှန်ကန်တဲ့ နေရာမှာ မှန်ကန်တဲ့ သူတစ်ယောက်ဖြစ်ရမယ်။

မှန်ကန်တဲ့ အချိန်ဆိုတာ အချက်အလက်တွေ အရဆိုရင် လက်တွေ့အသုံးချမှုလုပ်ဖို့က ပညာတွေ အများကြီး လိုသေးတယ်။ ဒီဓားပြတွေကတော့ စိတ်ဝင်စားစရာ ကောင်းပေမယ့်လည်း ဒီလို လုပ်တာကတော့ ….။ ပုံမှန်အားဖြင့်တော့ မှန်ကန်တိကျတဲ့ အချိန်တွင်းမှာ ရှုံးသွားမှာပဲ။

မှန်ကန်တဲ့နေရာကိုတော့ ပြောဖို့တောင် မလိုဘူး။ ထောင်ချောက်လေး နည်းနည်းတောင် တူးမထားပဲနဲ့ ဒီလိုမျိုး ဓားပြတိုက်တာကတော့ တကယ်ပဲ တုံးလွန်းတယ်။

တစ်ခုတည်းသော အားသာချက်ကတော့ လူတွေပဲဖြစ်တယ်။ လူပိုများနေတာလေးတစ်ခုပဲ ဖြစ်တယ်။ ။

သူ့ရှေ့က ဘဏ်ဓားပြတွေ အတွေ့အကြုံမရှိဘူးဆိုတာ ဖန်ကျန်းရှီ သေချာတယ်လေ။

အဲ့ဒီ့နောက် သူတွေးလိုက်မိတာကတော့ …

ရှောင်ထွက်သွားရမှာလား။ အကုန် အလဲထိုးပြစ်ရမှာလား။

အချိန်ကို တွက်ဖို့အတွက် ကောင်းကင်ကို မော့ကြည့်လိုက်တော့တယ်။ ဝမ်ဒေသကို ရောက်ဖို့ ငါးမိုင်ခရီးဆက်စရာလိုသေးတယ်။ နောက်ပြီး တည်းခိုခန်းလည်း ရှာရအုန်းမှာဖြစ်တယ်။ ဒီဓားပြတွေကို တိုက်ခိုက်ရင် အချိန်ကုန်မှာ အမှန်ပဲ။

“အကို ဓားပြကြီးတို့ ကျွန်တော် သခင်လေးက ခရီးတိုလေး ထွက်လာတာ ဖြစ်တဲ့အတွက် ငွေသားတစ်ရာနဲ့ ငွေတုံးအနည်းငယ်ပဲ ပါလာပါတယ်။ ဒါတွေ အကုန်လုံးကို ယူသွားလိုက်ပါ။” အရမ်းကို ကြောက်လန့်နေတဲ့ ပုံနဲ့ အိတ်ထဲကငွေကို ထုတ်လိုက်ပြီးတော့ ပေးလိုက်တော့တယ်။

“သခင်လေး ။ ဘယ်မိသားစုရဲ့သခင်လေးလဲ။ ” ဓားပြခေ်ါင်းဆောင်ကမေးလိုက်တော့တယ်။ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းမှု စည်းကမ်းက အမြစ်ကနေ တူးထုတ်ရမယ် ဆိုတာပဲ ဖြစ်တယ်။ ဒါကြောင့် ဖန်ကျန်းရှီရဲ့ စကားလုံးတွေကို အထအနကောက်ပြီး ပြောလိုက်တာဖြစ်တယ်။

“ ဟား ဟား အကို ဓားပြကြီးက ဓားပြတိုက်ရုံပဲ မဟုတ်ဘူးလား ဘာကြောင့် ကျွန်တော့် မိသားစုကို သိချင်နေတာလဲ။” ဖန်ကျန်းရှီက ခပ်ပြုံးပြုံးလေး မေးလိုက်တော့တယ်။ ထူးဆန်းတဲ့ အကြည့်တွေကတော့ သူ့မျက်နှာမှာ ထင်ရှားလွန်းနေတယ်။

ဒါက ဓားပြခေါင်းဆောင်ရဲ့ အတွေးကို ပိုပြီးသေချာစေတယ်။ ဒီကောင်လေးက ကြွယ်ဝတဲ့ မိသားစုတစ်ခုရဲ့ သခင်လေးပဲဖြစ်ရမယ်။ ဒီနေ့ ဓားပြတိုက်လိုက်တာကနေ လွတ်သွားရင် ပြသနာတက်လိမ့်မယ်။

ဒါကိုတွေးမိလိုက်တာနဲ့ တစ်ခါတည်း လက်စဖျောက်လိုက်ဖို့ကိုပါတွေးလိုက်တော့တယ်။

"ကြည့်ရတာ ဒီငွေလေးက အရမ်းကို နည်းနေတယ် ထင်ပါတယ်။ အကို ဓားပြကြီးတို့အတွက် မဖြစ်စလောက် ပမာဏလေး ဖြစ်နေမယ် ။ ကျွန်တော့် အိမ်က ငါးမိုင်ပဲ ဝေးတဲံ့ ဝမ်ဒေသမှာရှိတာ ကျွန်တော့် အဖေကလည်း အရမ်း ချမ်းသာတယ်။ အကို ကြီးတို့ အတွက် ငွေသား ငါးထောင် ယူလာပေးမယ်လေ။”

“ငွေသားငါးထောင်”

ဒီလောက်များပြားလှတဲ့ ငွေတွေနဲ့ဆို တစ်ဘဝလုံး ဓားပြတိုက်စရာမလိုတော့ဘူး ။ ကောင်းကောင်းမွန်မွန် စားသောက်နေထိုင်သွားလို့ ရပြီ ။

ဘေးပတ်လည်က ဓားပြတွေရဲ့ အတွေးထဲမှာ လည်း ဖန်ကျန်းရှီရဲ့ စကားလုံးတွေကြောင့် စိတ်နှလုံးတွေ လှုပ်ရှား နေကြပြီ ဖြစ်တယ်။

ငွေသားငါးထောင် ။

ဘယ်လို စိတ်မလှုပ်ရှားပဲ နေမှာလဲ။

“ငါက မင်းကို ဘာလို့ ယုံရမှာလဲ။” ဓားပြခေါ်င်းဆောင်က အတွေးပြောင်းသွားတာကြောင့် အော်လိုက်တော့တယ်။ “သူ့မေးစေ့မှာ နှစ်ထပ်ဖြစ်နေတဲ့ အဆီပြင်ကြီးတွေဟာ လှုပ်ရှားသွားတော့တယ်။

“ကျွန်တော့်စကားတွေကို မယုံရင် အကိုကြီးရဲ့ လူနှစ်ယောက်ကို လွှတ်ပြီး ကျွန်တော့်ကို စောင့်ကြည့်ခိုင်းလို့ရတယ်။ ” ဖန်ကျန်းရှီက အကြံပေးသလိုမျိုးပြောလိုက်တော့တယ်။

တစ်ခဏတာ စဉ်းစားပြီးနောက် ဓားပြခေါင်းဆောင်ဟာ လက်ခံလိုက်တော့တယ်။

“ကောင်းပြီ ။”

ညှိနှိုင်းမှုကတော့ ကောင်းကောင်းမွန်မွန်ပြီးဆုံးသွားခဲ့ပါပြီ။ ကောင်းကင်ကြီးကတော့ မှောင်စပြုလာပြီဖြစ်တယ်။

“အစ်ကို ဓားပြကြီးတို့ ကျွန်တော်သခင်လေး မိုင်တွေအများကြီး ခရီးဆက်ရအုန်းမှာ အားရှိအောင် တစ်ခုခုကျွေးပါလားဗျာ” ဖန်ကျန်းရှီက သာခွေယိုင်ပုံစံလေးနဲ့ ပြောလိုက်တော့တယ်။

“ငါတို့က မင်းကို ဓားပြတိုက်ပင်မယ့် လည်း အစားအသောက်တော့ ကျွေးနိုင်ပါသေးတယ်။” ဓားပြခေါင်းဆောင်က ပြောလိုက်ပင်မယ့် လည်း ဒီအဖြစ်က အတော်လေး မူမမှန်ဖြစ်နေတာကို သတိထားမိတယ်။ သူတို့က ဓားပြတိုက်နေတာလေ။

ဘယ်ဓားပြကများ သူတို့ သားကောင်ကို ကျွေးမွေးလို့လဲ။

“ကျွန်တော်သခင်လေးက တကယ်ပဲ အားနည်းပြီး ဖျားနာနေတာပါ။ အစာမစားရရင် ။ ငါးမိုင်ခရီးကို ဘယ်လိုသွားနိုင်မှာလဲဗျား။ ကျွန်တော့်ကို လည်း မြင်းစီးခွၤင့်ပေးမှာမဟုတ်ပဲနဲ့။” ဖန်ကျန်းရှီက တောလမ်းကို လှမ်းမျှော်ကြည့်ရင်းနဲ့ ပြောလိုက်တော့တယ်။

“ဒါ …” ဓားပြခေ်ါင်းဆောင်ကတော့ တိတ်ဆိတ်နေပါတယ်။ ။

ဒီကောင်လေးကို သူမြင်းမစီးခိုင်းတာတော့ သေချာတယ်လေ။ ထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲ။

“အကိုကြီး ။ ဘာတွေကြောက်နေတာလဲ။ ဒီကလေးကို ကြည့်ပါအုန်း ။ လေတိုက်ရင်တောင် လွင့်တော့မယ့် ရုပ်နဲ့ ။ ဝမ်ဒေသကို မရောက်ခင် သေသွားရင် ဘယ်လို လုပ်မလဲ။ ဒီတစ်ညတော့ ညစာကျွေးလိုက်ရအောင်။” နှုတ်ခမ်းမွှေးရေးရေးနဲ့ ဓားပြတစ်ယောက်က ပြောလိုက်တော့တယ်။

“အကိုကြီး နယ်မြေထဲကို ပြန်ရအောင်”

“မနက်ဖြန်ဆို ချမ်းသာတော့မှာ ဒီအလုပ်ကိုလည်း စွန့်လို့ရတော့်မှာအကိုကြီး ဘာတွေ တွေဝေနေတာလဲ။”

“ မှန်တာပဲလေ။” ဓားပြခေါင်းဆောင်ဟာ ငွေသား ငါးထောင်ကို တွေးလိုက်ပြီးတော့ ဒီတောင်ငယ်လေးမှာ ဓားပြတိုက်ပြီး မင်းမူ နေရတဲ့ အဖြစ်က သိမ်ငယ်မိသလို ခံစားရတော့တယ်။

သူတွေးမိတာနဲ့ တစ်ပြိုင်နက် တုံ့ပြန်တော့တယ်။

“ကောင်းပြီ။ ဒီကောင်လေးကို တောင်ပေါ်စခန်းကို ခေါ်လာခဲ့။”

“ကျေးဇူးတင်ပါတယ်။ အကို ဓားပြကြီး ” ဖန်ကျန်းရှီက အရိုအသေပြုလိုက်တော့တယ်။ ဒီလိုမျိုုး စိတ်သဘောရှိတဲ့သူတွေက တကယ် သဘောကျစရာပဲ။ အခုလို မှောင်လာချိန်မှာ တည်းခိုခန်းလည်း ရှာစရာမလိုတော့ဘူး။

ဘယ်လောက်သေးတဲ့ ခြင်ဖြစ်ပါစေ သွေးတော့ စုပ်နိုင်တယ်။ ဘယ်လို ဓားပြတွေပဲဖြစ်ပါစေ အတွေ့အကြုံနည်းကြလည်း စခန်းတော့ ရှိတယ်။

ဓားပြတွေကို ပိုက်ဆံနဲ့ မြှားပြီး စခန်းလိုက်လာချိန်မှာ ဓားပြဆီက ပြန်ခိုးဖို့တွေးနေတာကော မင်းတို့ ကြုံဖူးကြလား။

…

သူတို့နယ်မြေထဲကို ဝင်လာပြီး သိပ်မကြာခင်မှာပဲ စခန်းကို ရောက်လာတော့တယ်။

သစ်တော်တွေ အုပ်စိုင်းနေတဲ့ ဒီလိုနေရာမျိုးမှာ စခန်းကို အလွယ်တကူ ရှာမတွေ့နိုင်ဘူးဖြစ်တယ်။ ဝင်ဝင်ချင်းမှာပဲ ဧည့်ခန်းထဲကို ရောက်သွားပါတယ်။

အဲ့ဒီ့နောက် ဖန်ကျန်းရှီလည်းသူ့ကိုယ်သူ သက်တောင့်သက်သာဖြစ်အောင်နေရင်း ထမင်း ၉ ပန်းကန် အဝအပြဲ စားပါတော့တယ်။

“သခင်လေး ဖန် ကောင်းကောင်းစား ကောင်းကောင်းသောက်” ဓားပြခေါ်င်းဆောင်က အေးစက်စက်ပြုံးရင်းပြောလိုက်တော့တယ်။ ငွေသား ငါးထောင်ရတာနဲ့ ဒီကောင်လေးကို တစ်ခါတည်း သတ်ပစ်မယ်။

“ ဟာ း ဟား ကောင်းပြီလေ။ နောက်တစ်ခွက်လောက် ထပ်ပေးပါအုန်း။” ဖန်ကျန်းရှီလည်း ယဉ်ကျေးမနေတော့ပဲ သူ့အတွက်ပါ ဝိုင် ငှဲ့ပေးဖို့ ပြောလိုက်တော့တယ်။ တစ်ပြိုင်တည်းမှာပဲ။ စားပွဲပေါ်က ရှိသမျှ စားစရာတွေကို အကုန်ဗိုက်ထဲထည့်နေတော့တယ်။

စားသောက်ပြီးသွားတဲ့နောက်မှာတော့ ဖန်ကျန်းရှီကို ဖမ်းချုပ်ထားလိုက်တော့တယ်။

သေချာတာပေါ့ အကျဉ်းခန်းဘယ်ရှိပါမလဲ။ ဒီ စခန်းလေးမှာပဲ အခန်းတစ်ခန်းထဲ ထဲ့ပိတ်ထားတာ ဖြစ်တယ်။ အိပ်ယာတစ်ခုနဲ့ စောင်တစ်ထည်ပဲ ရှိနေတယ်။ အစေခံတွေ အမျိုးသမီးတွေ မရှိပဲ ရှင်းလင်းနေတယ။်

“အစေခံ ကောင်မလေး မရှိပဲနဲ့ ။ ဘယ်လိုလူက အိပ်နိုင်တာလဲ။” လူပေ့ါကြော့် သူဌေးသား သခင်လေး အရှိန်အဝါတွေကို ထုတ်ပြရင်း ဖန်ကျန်းရှီက မေးလိုက်တော့တယ်။

အဖြေကတော့ အေးစက်စက် အကြည့်တစ်ခုပဲဲဖြစ်တယ်။

“သခင်လေးဖန် ဒီစခန်းမှာ မိန်းမ တစ်ယောက်မှ မရှိဘူး ။ မင်းအိပ်ဖို့ အစေခံလိုရင် ငါမင်းအတွက် ပြုစုဖို့ ယောကျာ်းတစ်ယောက် ခေါ်ပေးမယ်။” ဓားပြခေါင်းဆောင်က အေးစက်စက်အသံနဲ့ ပြန်ဖြေလိုက်တယ်။

ဖန်ကျန်းရှီကတော့ ဆွံ့အသွားတော့တယ်။

ဇာတ်ကားတွေထဲကနဲ့လည်း မတူပါလား။

သူတို့ပြောတာက ရှေးဓားပြတွေက တိုက်ခိုက်ပြီးရင် အမျိုးသမီးတွေကို ဖမ်းဆီး ကျွန်ပြုတယ်ဆို။ အခုတော့ အမျိုးသမီးတစ်ဦးတောင် စခန်းမှာ မရှိဘူးတဲ့လား။

ဒီလို ဓားပြမျိုးနဲ့ တွေ့ရတာ ရှက်စရာကောင်းလိုက်တာ။။

ညတာဟာ တော့ တိတ်ဆိတ်စွာ ကုန်ဆုံးခဲ့ပါတယ်။

ဒုတိယနေ့မနက်မှာ ဓားပြတွေ ကျွေးမွေးတဲ့ မနက်စာကို စားသောက်ပြီးနောက်မှာတော့ ဖန်ကျန်းရှီဟာ ပုံကြမ်းတစ်ခုရေးခြစ်ပြီး ဓားပြခေါင်းဆောင်ကိုပေးလိုက်ပါတယ်။

“လုယက်မယ်”

...

လေထုကတော့ ပုံမှန်အတိုင်းအေးစက်နေပါတယ်။ ကြေးခွံပြာမြင်းကို စီးနင်းနေတဲ့ ဖန်ကျန်းရှီကတော့ အတော်လေးကို ပျော်ရွင်နေဟန်ပါပဲ။

အတော်လေးကို ပြည့်ဝနေဟန်ပါပဲ။ ငွေသားတစ်ရာ အယောင်ပြ ပေးလိုက်ရုံနဲ့ ကောင်းကောင်းစား ကောင်းကောင်းသောက်ပြီးနေခဲ့ရတယ်။

ဓားပြစခန်းမှာ ကယ်စရာ အမျိုးသမီးလည်း မရှိတော့ သူလည်း လူစွမ်းကောင်းကြီး လုပ်မရဘူးလေ။ ဒါပေမယ့်လည်း ညဘက်အိပ်ရတာတော့ အတော်ကောင်းတယ်။

ကံမကောင်းရှာတဲ့ ဓားပြခေါင်းဆောင်အတွက်တော့ ဖန်ကျန်းရှီနဲ့ တွေ့လိုက်ရတာ တကယ့်ကို အဖြစ်ဆိုးသွားခဲ့တယ။်

ဒါ့အပြင် မြွေပွေးကို ခါးပိုက်ပိုက်ထားမိတာ ဖြစ်ခဲ့တယ်။

“ငါ့ ပိုက်ဆံတွေ ငါ့ပိုက်ဆံတွေ” ဓာပြခေါင်းဆောင်ဟာတော့ ထွက်ခွာသွားတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ရင်နာနေတော့တယ်။

“အကိုကြီး ဆိုရိုးရှိတဲ့အတိုင်း လူမှာ အသက်ရှိနေသရွေ့ ။ မျှော်လင့်ချက်လည်း ရှိနေမယ်။ ဒီကလေးက တကယ့်ကို ကြင်နာတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကိုပဲ ယူသွားတာ တစ်ယောက်ကိုမှ ဒဏ်ရာရအောင် မလုပ်သွားခဲ့ဘူး။”

…

ငါးရက်ကြာပြီးနောက်…

ယုံကြည်မှု မြစ်မြို့တော်ရဲ့ တောင်ဘက်ဂိတ်ကို အပြာရောင် ဝတ်စုံဝတ်ထားတဲ့ လူငယ်တစ်ဦး ရောက်ရှိလာပါတော့တယ်။ ကြေးခွံတွေ ပါတဲ့ မြင်းကို ဆွဲလာသူဟာ “ယုံကြည်မှု မြစ်” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ငေးစိုက်ကြည့်နေပါတော့တယ်။

ရှေးဟောင်းမြို့တော်ကြီးရဲ့ အဝင်ဝမှာ မြင်လိုက်ရတဲ့ အရာတစ်ခုကြောင့် ကြက်သေသေသွားတော့တယ်။

ဘာကြောင့်လဲဆိုတော့ …

သူ့ရဲ့ ပုံတူ ပန်းချီကားကို မြို့တံတိုင်းမှာ ကပ်ထားတာကို တွေ့လိုက်ရတာကြောင့်ပဲ ဖြစ်တယ်။

မမျှော်လင့်ထားလိုက်အောင် လက်ရာကောင်းပြီး အသက်ဝင်နေတာကြောင့် အံ့သြသွားတာ မဟုတ်ခဲ့ရပါဘူး။ ပုံတူ ပန်းချီရဲ့ ထိပ်စည်းမှာ ရေးထားတဲ့ စာလုံး သုံးလုံး

“ဖန် ကျန်း ရှီ”

“ဘယ်တုန်းကများ ငါဒီလောက်တောင် ကျော်ကြားသွားတာလဲ။ ပုံတူပန်းချီတောင် မြို့တံတိုင်းမှာကပ်ထားသေးတယ်။” လူငယ်ရဲ့ စိတ်ရှုပ်နေတဲ့ အမူအယာဟာ ရုတ်တရက်ပြောင်းလဲသွားတော့တယ်။

ခဏနေပါအုန်း။

ဒါက ဖမ်းဝရမ်းထုတ်ထားတာ လို့ တော့ ငါ့ကို မြေပြာနဲ့။

အပိုင်း (၈၁)ပြီး၏ ။

အပိုင်း (၈၂)

"မွှေးပျံ့လှတဲ့ လက်ဖက်ရည်"

ယုံကြည်မှု မြစ် မြို့တော်က ဘယ်မိသားစုကိုမှ မထိပါး ဖူးပဲနဲ့ သူ့ရဲ့ ပုံတူပန်းချီကားကို မြို့တံတိုင်းမှာ ချိတ်ထားတဲ့ အကြောင်းကို နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ဒါ့ထက်ဆိုးတာကတော့ သူ့ နာမည်ကြီး သုံးလုံး ထင်ထင်ရှားရှား ပါနေတာပဲ ဖြစ်တယ်။

စိတ်ဝင်စား စရာပဲ?

မြို့တော်ဝင်ပေါက်မှာတည်းက ဒီလိုမျိုး ပုံတူ ချိတ်ခံရတာ ကောင်းတဲ့ ကိစ္စတော့ မဖြစ်နိုင်ဘူး။

ယုံကြည်မှု မြစ် မြို့တော် ဆိုင်းဘုတ်ကိုကြည့်ရင်းး မတရားစွပ်စွဲ ခံရပါတယ်လို့ အော်ဟစ်ပြစ်ချင်လာပါတယ်။ အနည်းဆုံးတော့ အကြောင်းပြချက် ရေးထားသင့်တယ်။ အခုလိုမျိုး ဖမ်းဝရမ်းပုံစံ ပန်းချီ ချိတ်ထားတော့ မြို့တော်ထဲ ဝင်ရမှာ ဟာ သူ့အတွက်တော့ ထောင်ချောက် တစ်ခုထဲကို တိုးဝင်ရသလို ဖြစ်နေပါတော့တယ်။

ဘာလုပ်ရမလဲ? ဖမ်းဝရမ်း ထုတ်ခံထားရမှတော့ မြို့တော်မှာ စာမေးပွဲဖြေဖို့ အေးအေးချမ်းချမ်း စာရင်းသွင်းနိုင်ပါအုန်းမလား?

"သခင်လေး ဖန်!!! နောက်ဆုံးတော့ စောင့်ရကျိုးနပ်ပြီလေ" ဖန်ကျန်းရှီ တွေဝေနေချိန်မှာပဲ စိတ်လှုပ်ရှား တက်ကြွလှတဲ့ အသံတစ်သံ ဟာ မြို့တံခါးဝင်ပေါက်ကနေ ထွက်ပေါ်လာတာကို ကြားလိုက်ရတော့တယ်။

အဲ့ဒီ့နောက် အနက်ရောက် ဝတ်စုံဝတ်လူငယ်လေး ဟာ ရွှင်ပြမြူးထူးစွာနဲ့ သူ့ဆီကို ပြေးလာပါတော့တယ်။

" ငါ့ကို ဖမ်းတော့မှာလား ။ မဖြစ်ဘူး မဖြစ်ဘူး။" သူ့ဆီပြေးလာတဲ့ အစေခံကောင်လေးကို ကန်ထုတ်ဖို့ ပြင်လိုက်ပေမယ့် ဒီမျက်နှာကို ရင်းနှီးနေသလိုရှိနေတယ်။ ပြန်စဉ်းစားကြည့်လိုက်တော့ ဟွေ့အန်းဒေသ မှာ လောင်းကြေး စာရင်းကိုင်တဲ့ လူငယ်လေး ဖြစ်နေတော့တယ်။

" သခင်လေးဖန်ရဲ့ ကျေးဇူးကြောင့် ကျွန်တော် အလုပ်ကို ယုံကြည်မှု မြစ် မြို့တော်ဆီကို ရွေ့လာခဲ့တာ။ ဒါလေးက ကျွန်တော်ပြင်ဆင်ထားတဲ့ အထူး လက်ဆောင်ပါ။" အနီရောင် အိတ်ကို ဖန်ကျန်းရှီ လက်ထဲ ကမ်းပေးလိုက်ရင်း ပြောတော့တယ်။

" ဟမ့် ? ငါ့ကို ငွေပေးပြန်ပြီလား?" ဖန်ကျန်းရှီက ထူးဆန်းနေတော့တယ်။ တခါတလေမှာ ကောင်းမွန်တဲ့ အရာတွေက ဖြစ်လာတာ မြန်လွန်းလို့ အလေ့အကျင့် ဖြစ်ဖို့တောင် ခက်လွန်းတယ်။

ဒါပေမယ့်လည်း တစ်ခုခံသာတာကတော့ ပေးတဲ့လူ မတူတာကြောင့်ပဲ ဖြစ်တယ်။

အဲ့ဒီ့နောက် သူ့လက်ထဲ ရောက်လာတဲ့ အိတ်နီလေးကို ချက်ချင်း ဖွင့်လိုက်တော့တယ်။ ငွေတုံး 50 တန် ချက်လတ်မှတ်တစ်ခု ။

ဒီ အစေခံလေးမှာ ငွေတုံး 50 တောင် တကယ်ရှိတယ်လား?ဒါက သာမာန် မိသားစု တစ်စု တစ်နှစ်စာ အသုံးစရိတ်နဲ့ညီတယ်။

သူ့ နှလုံးသားထဲမှာ အတော်လေး လှုပ်ရှားနေပင်မယ့် အမူအယာနဲ့တော့ မဖော်ပြပါဘူး။

ပြုံးတယ်ဆိုရုံလေး ပြုံးပြလိုက်တော့တယ်။ ပြုံးရွှင်စွာ လက်ခံခြင်း . မပြုံးပဲနဲ့ ဘယ်လို လက်ခံရမှာလိမ့်?

" ဒီလို ပေးမှတော့ ငါလည်း ယူရတာပေါ့။ ဒီ ဖိတ်ခေါ်စာကကော ဘာအတွက်လဲ?"

" သခင်လေးဖန် ဒေသတွင်း တာအိုစာမေးပွဲမှာ နှစ်ထပ်ကွမ်းချန်ပီယံ ဖြစ်လာတာကို ဂုဏ်ပြုစားသောက်ပွဲ ကျင်းပဖို့ ကျွန်တော့် သခင်က ဖိတ်ခေါ်တဲ့စာပါ။ " အစေခံ လူငယ်လေးက ရှင်းပြလိုက်ပါတယ်။

ဖန်ကျန်းရှီ တစ်ခုခုကို နားလည်သွားဟန်ပါပဲ။ ကြည့်ရတာ သူပြောလိုက်တဲ့စကားတွေက အစေခံလေးရဲ့ သခင်ကို ထိရှသွားစေတဲ့ပုံပါပဲ။ ဒါကြောင့် တောင်းပန်ခိုင်းတာ ဖြစ်မယ်။

ဒါပေမယ့် …

အခုသူက ဖမ်းဝရမ်း ထုတ်ခံထားရတဲ့သူ ဖြစ်နေပြီလား။ ယုံကြည်မှု မြစ် မြို့တော်ကို အခု ဝင်လို့ရအုန်းမှာလား။ ဒါ့အပြင် ဒီ ဂုဏ်ပြု စားသောက်ပွဲ ဆိုတာကကော သူ့ကို ဆုငွေအတွက် ထောင်ဖမ်းဖို့ သက်သက်လား ။

သို့လော သို့လောပေါင်းများစွာနဲ့ တွေးရခက်နေပါတယ်။ နောက်ဆုံးမှာတော့ ဖန်ကျန်းရှီဟာ စွန့်စားကြည့်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။

“မင်း …. ဒါက ဘာအတွက်လဲဆိုတာ သိလား။ ” ဖန်ကျန်းရှီက မြို့တံတိုင်းမှာ၇ှိနေတဲ့ သူ့ပုံတူ ပန်းချီကို ညွှန်ပြလိုက်ရင်းမေးလိုက်တော့တယ်။

“ ဒါကလား။ သခင်လေး ဖန် မသိသေးဘူးလား။” အစေခံကောင်လေးက မျက်စိလည်သွားတော့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ အမူအယာကို ကြည့်လိုက်ရင်း အစေခံလေးဟာ ယဉ်ကျေးတဲ့ အမူအယာကို ပြောင်းလဲသွားပြန်တယ်။ “သခင်လေး ဖန် အထင်လွဲနေတာဖြစ်မယ်။ ဒါက ဖမ်း ဝရမ်း မဟုတ်ပါဘူး။”

“ဖမ်းမိန့် မဟုတ်ဘူးလား။ ” ဖန်ကျန်းရှီက ပြောလိုက်တယ်။ ဒါကသာ ဖမ်းမိန့် မဟုတ်ရင် ဘာကိစ္စ မြို့ တံတိုင်းမှာ ကပ်ထားတာလဲ။ ငါ့ကို မဖမ်းပဲနဲ့ ဘာကိစ္စ ပုံတူတွေ လိုက်ကပ်ထားတာလဲ။

“ ဒါက ဖမ်းမိန့် မဟုတ်ပါဘူး သခင်လေးရဲ့ ။ ဒါပေမယ့် သူ့ရဲ့ အစွမ်းကတော့ ဖမ်းမိန့်ထက် ကြီးတယ်။ ကျွန်တော်က ဖြတ်သွား ဖြတ်လာတစ်ယောက်ပဲ။ ဒီအကြောင်းကို ကျွန်တော် အသေးစိတ် မသိပေမယ့် ကျွန်တော့် သခင်ကတော့ သိလောက်တယ်။” အစေခံကောင်လေးရဲ့ မျက်လုံးတွေဟာတော့ သူ့ ရည်ရွယ်ချက် အကွက်ထဲရောက်လာတဲ့အတွက် တလက်လက်တောက်ပလာတော့တယ်။

“ မင်းပြောချင်တာက မင်းသခင်နဲ့ လိုက်တွေ့၇င် ဒီ ပုံတူတွေ အကြောင်း သိရမယ်ပေါ့။” ဖန်ကျန်းရှီက အစေခံကောင်လေး ပြောတာကို ပိုသေချာအောင် ပြန်မေးလိုက်တော့တယ်။

“ဒါပေါ့ဗျ။” အစေခံကောင်လေးက ခေါင်းငြိမ့်တော့တယ်။

"

ဖန်ကျန်းရှီရဲ့ အမူအယာကတော့ အနည်းငယ် ပြောင်းလဲသွားတော့တယ်။ တစ်ခဏ စဉ်းစားပြီးတဲ့နောက် မြို့တံတိုင်းက သူ့ရဲ့ ပုံတူ ပန်းချီကားကို မော့ကြည့်လိုက်ပြီးနောက် ဆုတ်ဖြဲပြစ်လိုက်တော့တယ်။

ဒီအပြုအမူဟာ ဖြတ်သွားဖြတ်လာတွေကို စိတ်ဝင်စားစေတယ်။

“အာ ။ ဖန်ကျန်းရှီ ပဲ။”

“မြန်မြန်ကြည့် ဟိုမှာ ဖန်ကျန်းရှီ ပေါ်လာပြီ။”

“ဒီနှာဘူးကောင် နောက်ဆုံးတော့ ယုံကြည်မှု မြစ် မြို့တော်ကို ရောက်လာပြီပဲ။ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်။ ”

တစ်ချိန်တည်းမှာပဲ ဖြတ်သွားတဲ့ ကျောင်းတော်သားတွေဟာ ဖန်ကျန်းရှီကို မြင်တာနဲ့ အော်ဟစ်ကြတော့တယ်။ သူတို့ရဲ့ အမူအယာကတော့ အတော်လေးကို မခံမရပ်နိုင်ဖြစ်နေကြဟန်ပါပဲ။ သို့်ပေမယ့်လည်း ဘယ်သူကမှ ဖန်ကျန်းရှီကို မဖမ်းဝံ့ပါဘူး။

မြို့တော် ဂိတ်တံခါးမှာ တာဝန်ကျနေတဲ့ အစောင့်စစ်သည် တစ်ချို့ကလည်း ဒီအော်သံတွေကို ကြားလိုက်ကြတော့တယ်။

အဲ့ဒီ့နောက် အစောင့်တပ်က စစ်သည်တွေဟာတော့ သူတို့ဘေးကနေ ကျော်ဖြတ်သွားကြတော့တယ်။ သူတို့ရဲ့ မျက်ဝန်း အကြည့်တွေ ထဲမှာတော့ သနားနေတဲ့ အရိပ်အယောင်တွေကို အထင်းသားမြင်နေရပါတယ်။

“ကြည့်ရတာ တကယ်ပဲ ဖမ်းမိန့် မဟုတ်ဘူး….။” ဖန်ကျန်းရှီက စိတ်ချလက်ချ ဖြစ်သွားတော့တယ်။

တကယ်ပဲ ဖမ်းမိန့်ဆိုရင် အခုချိန်မှာ အသေအကြေ လိုက်ဖမ်းတာကို ခံနေရလောက်ပြီ။ ဒါမှ မဟုတ် တစ်ခါတည်း အသတ်ခံနေရလောက်ပြီ။

ကောင်းပြီလေ။

ဒါဆိုရင် ပြဿနာက ဘယ်က လာတာလဲ။

ဘယ်သူကများ မြို့တံတိုင်းမှာ ပုံလျှောက်ဆွဲပြီး ကပ်ရဲတာလဲ။ ဒါ့အပြင် ပိုပြီး အရေးကြီးတာက မြို့စောင့် စစ်သည်တွေ အကုန် သူ့ကို သိနေတယ်။ ဒါပေမယ့် လည်း တစ်ယောက်မှ ဘယ်သူကမှ မရပ်ကြဘူး။

ဒီနေရာက ကြေညာချက်တွေ ဖမ်းမိန့်တွေ ကပ်ချင်သလို ကပ်လို့ရတာလား။

တကယ် အဆန်းကြီး။

“သခင်လေး ဖန် ။ မြို့တော်ထဲကို ဝင်ကြတော့မလား။ ” အစေခံလေးက ဖန်ကျန်းရှီ ဘာလို့ ပုံတူကို ဖြဲလိုက်လဲ ဆိုတာ နားမလည်ပေမယ့်လည်း ဒီလိုမျိုး မြို့တံတိုင်းမှာ ပုံကပ်ခံရတာက အတော်လေး မကောင်းတာကို တော့ သူလည်း နားလည်ပါတယ်။

“မင်း သခင်ကို အရင် သတင်းပို့ဖို့ မလိုဘူးလား။” ဖန်ကျန်းရှီက သတိထားပြီးမေးလိုက်တယ်။

“သခင်လေး ဖန် စိတ်မပူပါနဲ့ ။ သခင်လေး ခေါင်းငြိမ့် လိုက်တဲ့ အချိန်တည်းက တစ်ယောက်ယောက်က သခင့်ဆီကို သတင်းပို့ပြီးသားပါ။ ” အစေခံကောင်လေးက အင်မတန်ကို ဂုဏ်ယူ ဝံ့ကြွားနေပုံနဲ့ ပြောလိုက်တော့တယ်။

“သွားကြစို့။” ဖန်ကျန်းရှီ တွေးလိုက်တာက စားဖို့ သောက်ဖို့ အချိန်လည်း ရောက်နေပြီ။ သူ့ကို တစ်ယောက်ယောက်က ပိုက်ဆံပေးလာရင် သူကလည်း တစ်နပ်တော့ ပြန်ကျွေးရမယ်လို့ တရားသေကို မှတ်ထားတာဖြစ်တယ်။

“သခင်လေး ဖန် ။ ဒီလမ်းကို ကြွပါ။ စကားမစပ် ကျွန့်တော် နာမည်က စူးကျိုးပါ။ အားကျိုးလို့်ခေါ်နိုင်ပါတယ်။ နောင်တစ်ချိန် သခင်လေး မီးရှို့ ချင်လို့ပဲ ဖြစ်ဖြစ် လူသတ်ချင်တာပဲ ဖြစ်ဖြစ် လုပ်ချင်တာရှိရင် တွေ့တဲ့သူကို အားကျိုး အကြောင်းမေးလိုက်ပါ။ ကျွန်တော် အရောက်လာပြီး ချောချောမွေ့မွေ့ဖြစ်အောင် လုပ်ပေးပါမယ်။

ပထမဆုံး အကြိမ် အနေနဲ့ ဖန်ကျန်းရှီ ဆွံ့အသွားတော့တယ်။ ဒီ စူးကျိုးက တကယ့်ကို ထူးဆန်းလွန်းတယ်။

“ဒါဆို ကောင်မလေးတွေကို ဖမ်းဖို့ကော လုပ်ပေးနိုင်လား။”

“သခင်လေး ဖန် ရာ ကျွန်တော်က ဘယ်သူမို့လဲ။ အခုချက်ချင်းတောင် သွားဖမ်းပေးလို့ရတယ်။ ” စူးကျိုး အလွန်တရာမှကို စိတ်ဓာတ် ပြင်းပျ ထက်သန်စွာနဲ့ ပြောနေတော့တယ်။

“ငါဖမ်း ချင်တဲ့ သူက နတ်ဆိုးကျောင်းတော်က ကောင်မလေး ။ ချီကူယန်လို့ခေါ်တယ်။ မင်း သူ့ကို သိလား။”

“……..”

……………………

ချီကူယန်ကို ဖမ်းဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ ဖန်ကျန်းရှီလည်း ထပ်ပြီးပြောမနေတော့ပါဘူး။ စူကျိုးနောက် လိုက်လာပြီးတော့သာ “လသာဆောင် စားသောက်ဆိုင်” ကိုသာ သွားပါတော့တယ်။

ခန်းမထဲကို ဝင်လာတာနဲ့ အမျိုးသမီး အစေခံတွေဟာ စူးကျိုးအစား သူ့ကို လိုက်ပို့တော့တယ်။

အလွန်လျင်မြန်စွာနဲ့ပဲ ငါးထပ်မြောက်ကို ရောက်လာချိန်မှာတော့ အဖိုးတန် ရတနာ်တွေ စီခြယ်ထားတဲ့ ခန်းမကြီးဆီကိုရောက်လာတော့တယ်။

အမျိုးသမီး အစေခံလေးတွေက ရေနွေးကြမ်းငှဲ့ပေးရင်း စားစရာတွေကိုပါ တည်ခင်း ဧည့်ခံနေကြတော့တယ်။

“သခင်လေး ဖန် ခဏစောင့်ပေးပါ။ သခင် မကြာခင် ရောက်လာတော့မှာ။”

အရာအားလုံးက ရှင်းလင်း တိကျနေတော့တယ်။ ဒီအခြေအနေမျိုးက ထူးဆန်းရှားပါးပေမယ့် လည်း က္ကန္ဒြေနဲ့တော့ နေရအုန်းမှာဖြစ်တယ်။ အစေခံ မိန်းမပျို ထည့်ပေးလိုက်တဲ့ ရေနွေးကို အ၇သာခံသောက်လိုက်တော့တယ်။“

လျှာပေါ်ကို ရောက်လာတာနဲ့ မွှေးပျံ့လွန်းလှတဲ့ ရနံ့ဟာ ဦးနှောက်ထဲထိ ရောက်ရှိသွားတော့တယ်။

“မဆိုးဘူးပဲ။” ဖန်ကျန်းရှီက တစ်ခွက်လုံးကို မော့သောက်လိုက်တော့တယ်။

“အရင်တစ်ကြိမ်မှာတုန်းက စကားကျွံမိတာအတွက် တောင်းပန်ပါတယ်။ ကျွန်မရဲ့ စိတ်ထဲမှာ အပြစ်တစ်ခုလို ခံစားနေခဲ့ရပါတယ်။ သခင်လေးဖန်။ နောက်ပြီးတော့ အားကျိုးပြောတာ သူ့သခင်က ယောကျာ်းဖြစ်ရင် တုတ်နဲ့ နာနာရိုက်ပြစ်မယ်။ မိန်းကလေး ဖြစ်ရင်တော့ ဘန် ဘန် ဘန် ပြစ်မယ်ဆိုတာ ။” “ဝန်ခံရမှာ ခက်ပေမယ် ဘန် ဘန် ဘန် ဆိုတာ ဘာကို ဆိုလိုမှန်း ပြောပြပေးနိုင်မလား သခင်လေး” သာယာချိုမြိန်လှတဲ့ အသံလေးဟာ တံခါးဝကနေ ထွက်ပေါ်လာတော့တယ်။

ပါးလွှာတဲ့ နွေရာသီ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သူမဟာ ရွှေရောင် ပျိုနီသစ်ပင်ပုံ ပန်းထိုးထားတဲ့ စကတ်ကို ဝတ်ဆင်ထားပါတယ်။ ပခုံးပေါ်မှာတော့ ပါးလွှာလှတဲ့ ပိတ်ပါးစကိုသာ လွှမ်းခြုံထားပါတယ်။ မျက်နှာသွင်ပြင်ဟာတော့ နှင်းလိုဖြူဖွေး နေတယ်။ မျက်ခုံး နှစ်ခုကြားမှာတော့ တောက်ပတဲ့ ပြဒါးနီစက်လေး၇ှိနေပုံဟာ နှင်းမှုန်ကြားက ပန်းနီလေး အလားပါပဲ။

တစ်ချက်ကြည့်လိုက်ရုံနဲ့ နှစ်လိုဖွယ် ကောင်းလှပုံဟာပေါ်လွင်နေပါတယ်။

“ဖွီးးး” မိန်းမလှလေးရဲ့ အသံကို ကြားလိုက်ချိန်မှာတော့ သောက်လက်စရေနွေးကိုထွေးထုတ်မိသွားတာက ဖန်ကျန်းရှီပဲဖြစ်တော့တယ်။ မိန်းမပျိုလေးရဲ့စကားကို ရုတ်တရက်ကြားလိုက်ရတဲ့အတွက် သူ့ တုံ့ပြန်မှုဖြစ်တဲ့ ရေနွေးကြမ်းတွေဟာ တော့ မိန်းမပျိုလေးရဲ့ မျက်နှာကို တည့်တည့်ကြီး မှန်သွားပါတော့တယ်။

အပိုင်း (၈၂) ပြီး၏။  

အပိုင်း (၈၃)

“ကောင်းကင်ဘုံမှ ကြောက်မက်ဖွယ် သတိပေးချက်”

အမျိုးကောင်းသား တစ်ယောက်အနေနဲ့ အမျိုးသမီးတွေကို လေးစားရမယ်။

ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ က္ကန္ဒြေမဲ့ အပြုအမူမျိုးကိုတော့ ဖန်ကျန်းရှီ အဖြစ်မခံနိုင်ဘူး။ သူ့ပါးစပ်ထဲက ရေနွေးကြမ်းတွေကတော့ လေထဲမှာ ကခုန်နေပြီ ဒါကြောင့် သူလှုပ်ရှားလိုက်တော့တယ်။ လောင်းချပြီးတဲ့ ရေကိုတော့ ခွက်ထဲပြန်ထည့်လို့မရတော့ဘူး။ ဒါပေမယ့် တားဆီးတာတော့ လုပ်နိုင်တယ်။

မျက်တောင် တစ်ခတ်အတွင်းမှာပဲ လျှပ်စီးလို အမြန်နှုန်းနဲ့ အမျိုးသမီးငယ်ရဲ့ မျက်နှာစီကို တည့်တည့် သွားနေတဲ့ ရေနွေးကြမ်းတွေကို ပိတ်ဆို့လိုက်တော့တယ်။ …

ဝူ ယွဲ့အာကတော့ အနည်းငယ် ထိတ်လန့်သွားးမိတယ်။ အနည်းငယ် တကယ့်ကို နည်းနည်းလေး လန့်တာပါ။

သူမက ဒီနှစ်မှာမှ အသက် ၁၈နှစ်ပဲရှိသေးတာ ဖြစ်ပေမယ့် ဒီမိန်းကလေးရဲ့ အရည်အချင်းက ဘယ်လောက်တောင် ကြောက်မက်ဖွယ် ကောင်းလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။

ဒါက ရေနွေးလေး တစ်ငုံပဲလေ။

ဝူယွဲ့အာကို တုန်လှုပ်စေနိုင်မလား။

သူမရဲ့ လက်ချောင်းလေးတွေကို ဝေ့ယမ်းလိုက်ပြီး ရေနွေးတွေ မျက်နှာဆီကိုရောက်မလာနိုင်အောင် တားဆီးလိုက်တယ်။ ဒီလို ရေနွေးလေးတစ်ငုံမပြောနဲ့ ရေနွေးကြမ်း တစ်အိုးလုံးနဲ့ ပက်ရင်တောင် သူမရဲ့ မျက်နှာကို ထိနိုင်မှာ မဟုတ်ဘူး ဖြစ်တယ်။

ဒါပေမယ့် သူမ တွက်တာ မှားသွားဟန်ပါပဲ။

ရေနွေးကြမ်းတွေကို အားသိပ်မသုံးပဲ ဖယ်လိုက်ချိန်မှာ သူမ တွက်ချက်မှု မှားသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားလက်တစ်ဖက်ဟာ သူ့ရှေ့မှာ ရောက်နေပြီး ရေနွေးတွေကို တားလိုက်တာကြောင့်ပါ။ အဲ့ဒီ့နောက် သူမ ဖယ်ရှားဖို့ ပြင်လိုက်ချိန်မှာပဲ ထိုလက်ဟာ သူမ မျက်နှာကို ထိတွေ့သွားတော့တယ်။

ဒီအဖြစ်တွေ အကုန် လုံးဟာ သုံးစက္ကန့်အတွင်းပဲ ကြာမြင့်တာဖြစ်တယ်။

…

ဖန်ကျန်းရှီကတော့ နူးညံ့လှတဲ့ အထိအတွေ့လေးတစ်ခုကို သူ့လက်ဖျားတွေမှာ ကြုံလိုက်တာကို သိလိုက်ရတယ်။ ပိုးသားလို ချောမွေ့လှတဲ့ အသားအရည်ကနေ လာတဲ့ နူးညံ့နွေးထွေးမှု ကို ခံစားလိုက်ရတော့ ဒီလောကမှာ သူ ထိန်းချုပ်လို့မရတဲ့ အရာတွေ ရှိနေသေးတယ်ဆိုတာ ရုတ်တရက်တွေးမိသွားတယ်။

ဥမာအားဖြင့် သူက ဒီ ရေနွေးတွေကိုပဲ ဖယ်ချင်တာလေ။

ဒါပေမယ့် ထူးဆန်းတဲ့ အင်အားလှိုင်းတစ်ခုက သူ့လက်ကို တွန်းတိုက်သွားတာကြောင့် မထင်မှတ်စွာပဲ မိန်းမပျိုရဲ့ မျက်နှာကို တိုက်မိသွားတဲ့ အဖြစ်မျိုးပေါ့။

ကောင်းပြီလေ။

သူ့လက်နဲ့ ထိလိုက်ရတဲ့ အထိတွေ့လေးက တော်တော်လေးကို ကောင်းတယ်ဆိုတာ ဝန်ခံရမယ်။

အဲ့ဒီ့နောက် ချောင်းတစ်ချက် ဟန့်လိုက်ရင်း သူ့ လက်ကို ပြန်ရုပ်လိုက်တော့တယ်။

သူ့ရဲ့ အမူအယာကတော့ သိပ်ကို ချောမွေ့လွန်းတယ်။ စကားတစ်ခွန်းမှ မဆိုပဲ သူ့ထိုင်ခုံသူ ပြန်ထိုင်နေလိုက်တယ်။ ဘာတစ်ခုမှ မဖြစ်ခဲ့သလိုမျိုး။ မိန်းမပျို အခန်းထဲ ဝင်လာချိန်ကို ပြန်လည် ရောက်၇ှိသွားတော့တယ်။

ဖြည်းဖြည်းချင်း သူ့အတွက် နောက် ရေနွေးကြမ်း တစ်ခွက်ကို ငှဲ့လိုက်တော့တယ်။ သူ့ရဲ့ ဖိအားတွေကို ထိန်းချုပ်ထားလိုက်တော့တယ်။

ဝူယွဲ့အာ မျက်စိလည်သွားတော့တယ်။ ဖန်ကျန်းရှီ သူ့ခုံသူ ပြန်ရောက်နေတာကို မယုံနိုင်ဘူးဖြစ်နေတာပါ။ ပိုပြီးအရေးကြီးတာက ဖန်ကျန်းရှီရဲ့ အမူအယာ လုံးဝကို မပျက်ယွင်းတာပဲ ဖြစ်တယ်။ က္ကန္ဒြေရှိရှိနဲ့ ရေနွေးတောင် ငှဲ့နေလိုက်သေးတယ်။

ထပ်ပြီးပြောရရင် သိပ်ကို ကျက်သရေရှိတဲ့ ပုံစံနဲ့ ရေနွေးကြမ်းကို အေးအေးဆေးဆေးသောက်နေတာ ဖြစ်တယ်။

ဘယ်လိုတောင် လား….

လူတစ်ယောက်က ဒီလို အချိန်အတောတွင်းမှာ ဘယ်လိုတောင် အရှက်မဲ့နိုင်ရတာလဲ။ ဒီလိုအချိန်မှာ အနည်းဆုံးတော့ ယဉ်ယဉ်ကျေးကျေးတောင်းပန်သင့်တယ်လေ။ ဒါမှမဟုတ် သူ့ရဲ့ လေးစားမှုကို ပြတဲ့အနေနဲ့ စကားလမ်းကြောင်းပြောင်းပြီး ပြောသင့်တယ်။

အခြေအနေ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်တော့တယ်။

နောက်ဆုံးမှာတော့ ဝူယွဲ့အာ စကားစ လိုက်တော့တယ်။

“ကြည့်ရတာတော့ ဘန် ဘန် ဘန်ရဲ့ အဓိပ္မာယ်က …”

…

ဝူယွဲ့အာ ခုံမှာ လာထိုင်တဲ့ အချိန်မှာတော့ ဖန်ကျန်းရှီရဲ့ မျက်နှာ အမူအယာကလည်း လုံးဝကို မပြောင်းလဲ ပါဘူး။ နှလုံးခုန်သံတွေ မြန်လာတာလဲ မရှိပါဘူး။ သူ့ကို ကြည့်ရတာ တရားထိုင်နေသလိုမျိုး အေးချမ်းလွန်းလှတယ်။

“ကျွန်မ ကြားတာက သခင်လေးဖန် မြို့တံတိုင်းမှာ မြင်ခဲ့တဲ့ ပုံတူ ပန်းချီကားကို စိတ်ဝင်စားနေတယ်တဲ့။” ဝူယွဲ့အာက တစ်ဖန် စကားစလိုက်တော့တယ်။

“ဟုတ်တယ်။” ဖန်ကျန်းရှီက ခေါင်းကို ဖြည်းဖြည်းချင်း ငြိမ့်လိုက်တော့တယ်။ ဒီၤအချိန်တိုအတွင်းမှာ ဘာတွေဖြစ်သွားလဲဆိုတာ ပြောလို့ မရပေမယ့် သူလည်း သိပ်ပြီးတော့ ပြောချင်တာ မဟုတ်ဘူးလေ။ ဒီအဖြစ်အပျက်ကို လေနဲ့အတူ လွင့်ပါ သွားပြီလို့သာ တွေးလိုက်တော့တယ်။

မိန်းမပျိုလေး တစ်ယောက်ရဲ့ ရှေ့မှာ ငါမင်းကိုအခုပဲ ထိလိုက်တယ် ။ မင်းငါ့ကို အပြစ်တင်မှာလား။ ဒီလိုစကားမျိုး ပြောရအောင် အရေမထူဘူးလေ။

“ကောင်းပြီလေ။ နဂါး အဆင့် သုံးမျိုးအကြောင်း သခင်လေး ကြားဖူးလား။” ဖန်ကျန်းရှီရဲ့ အေးချမ်းနေတဲ့ အမူအယာကို မြင်လိုက်တော့ ဝူ ယွဲ့အာကမေးလိုက်တယ်။ အခုချိန်မှာ ဖန်ကျန်းရှီ ဘာကို စဉ်းစားနေလဲဆိုတာ အနည်းနဲ့ အများတော့ ခန့်မှန်းမိတယ်လေ။ ကြည့်ရတာ သူမ နည်းနည်း လွန်သွားတဲ့ ပုံပဲ ။

သူမတွေးမိတဲ့ အတွေးက သူမကို ခေါင်းကိုက်စေတယ်။

သူ့ရှေ့က ဒီလူက သူမကို လေးစားမှု မ၇ှိတဲ့ သူလေ။ ဘာကြောင့် သူမက အပြစ်မကင်းသလို ခံစားနေရတာလဲ။ ဒါက ထူးဆန်းတယ်။

ဝူယွဲ့အာ စိတ်မဆိုးတာကို ဖန်ကျန်းရှီ တွေ့ရတဲ့ အပြင် သူ့ကို ပါ နဂါးအဆင့် သုံးမျိုးကြောင်းမေးနေတော့ ဒီကိစ္စက ထူးဆန်းနေတယ်။

ဒါပေမယ့် သူ နားမလည်တာက ဒီပုံတူကို ဘယ်သူက မြို့တံတိုင်းမှာ ကပ်တာလဲ။

သူက ဧည့်သည်ဖြစ်နေတော့လည်း စိတ်ထင်တိုင်း လုပ်မရဘူးဖြစ်နေတယ်။

“ပုန်းကွယ်နေသော နဂါး ။ နိုးထလာသော နဂါး ။ ရွှေနဂါး ။ နဂါးအဆင့် သုံးခုရှိတယ်။ ” ဝူယွဲ့အာ မေးခွန်းကို ဖန်ကျန်းရှီ ပြန်ဖြေလိုက်တော့တယ်။

“မှန်တယ်။ ဒါဆို ဒီ နဂါး အဆင့် သုံးမျိုးရဲ့ အဓိပ္မာယ်ကို သိမှာပေါ့။” ဝူယွဲ့အာ စိတ်လျှော့ပြီး ရေနွေးကြမ်းကို သူ့ဘာသူ ငှဲ့ရင်းပြောလိုက်တယ်။ အဓိက အကြောင်းရင်းကို ပြောချိန်တန်ပြီ။

ဖန်ကျန်းရှီကတော့ ခေါင်းခါလိုက်တယ်။ သူသိထားတာက ကြီးမြတ်သော “ရှ” မင်းဆက်မှာ နဂါး အဆင့် သုံးမျိုး ရှိတာကိုပဲ။ ဒါပေမယ့် ဒီအဆင့်တွေက ဘာ အဓိပ္မာယ်ဆိုတာ တကယ့်ကို မသိဘူး။ နောက်တစ်ခုက ဒီ နဂါးအဆင့်တွေကို လူတွေရဲ့ မတူညီတဲ့ အရည်အချင်းပေါ်မူတည်ပြီး သတ်မှတ်တယ်ဆိုတာကို သူသိတယ်။

“ပုန်းကွယ်နေသော နဂါးက အသက် ၁၈နှစ်အောက် လူငယ်တွေရဲ့ အရည်အချင်းပေါ်မူတည်ပြီး သတ်မှတ်ပေးတယ်။ နိုးထလာသော နဂါးကတော့ အသက် ၂၈နှစ်အောက် ကို သတ်မှတ်တယ်။ ရွှေရောင် နဂါးကတော့ အသက် ကန့်သတ်ချက် မရှိဘူး။ ” ဝူ ယွဲ့အာက ဖြည်းဖြည်းချင်း ရှင်းပြတယ်။

ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ ဒါကို သူသိပေမယ့် ဝူ ယွဲ့အာ အဓိက ပြောချင်တဲ့ အကြောင်းကို သူ မသိသေးဘူး။

“နဂါးအဆင့် သုံးမျိုးအကြောင်းကို သိပြီးပြီဆိုတော့ လွန်ခဲ့တဲ့ ရှစ်နှစ်က တဘောင်စာအကြောင်းကို လည်း သိမှာပေါ့။” ဝူယွဲ့အာက ဆက်ပြောတယ်။

“ဘာ တဘောင်စာလဲ။”

“လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက ဒီဒေသကြီးတစ်ခုလုံးက ဆရာတွေ ကောင်းကင်ဘုံက ကြောက်မက်ဖွယ် သတင်းစကားကို လက်ခံရရှိခဲ့တယ်။ ကောင်းကင်တာအို အမိန့်ပြားပေါ်မှာ စာသားတွေ ပေါ်လာခဲ့တာ။ ပြောကြတာက ။ နှစ်ထပ်ကွမ်း ချန်ပီယံဟာ လောကကို ထိတ်လန့်စေပြီး လောကအတွက် ငြိမ်းချမ်းမှုကို ဆောင်ယူလာခဲ့မယ်။”

“နှစ်ထပ်ကွမ်း ချန်ပီယံဟာ လောကကို ထိတ်လန့်စေပြီး လောကအတွက် ငြိမ်းချမ်းမှုကို ဆောင်ယူလာခဲ့မယ်။” ဒါကို ကြားလိုက်တော့ သူ့ရဲ့ စိတ်နှလုံးထဲမှာ တစ်ယောက်သောသူကို တွေးလိုက်မိတော့တယ်။ စိတ်ထဲမှာ နက်ရှိုင်းစွာ နေရာယူထားတဲ့ နာမည်တစ်ခု ။

နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ ချီကူယန်။

“ဒီ ကြောက်မက်ဖွယ် သတင်းစကားက ဘယ်သူ့ကို ရည်ညွှန်းလဲဆိုတာ သခင်လေး သိမယ်လို့ ယုံကြည်ပါတယ်။ ” သူမရဲ့ အကြည့်တွေက တနေရာကို လှမ်းမျှော်ကြည့်လိုက်ရင်း ပြောလိုက်တယ်။

သူမကြည့်နေတဲ့ အရပ်က ကောင်းကင်တာအို ခန်းမ တည်ရှိတဲ့ နေရာကိုဖြစ်တယ်။

“နှစ်ထပ်ကွမ်း နဂါးချန်ပီယံ နတ်ဆိုးကျောင်းတော် မင်းသမီး ချီကူယန်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တော့တယ်။

“မှန်တယ်။ နတ်ဆိုးမျိုးနွယ်နဲ့ လူသားမျိုးနွယ်ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ငြိမ်းအေးမယ့် အချိန် ကြောက်မက်ဖွယ် သတင်းစကားမှာ ရေးသားထားတဲ့ ငြိမ်းချမ်းမှုဆိုတာ ဘယ်နေရာမှာဖြစ်မလဲ မသိကြပေမယ့် ပေါ့်။ အခု ကြီးမြတ်သော “ရှ” မင်းဆက်ကို အုပ်ချုပ်နေတဲ့ ဧကရာဇ်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ကြေညာခဲ့တယ်။ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံဖြစ်လာတဲ့ မည်သူမဆို မိုးအောက်မြေပြင်တစ်ခွင်က လူသား စစ်တပ်တိုင်းကို ထိန်းချုပ်ခွင့်ရှိပြီး ကောင်းကင်ဘုံ စစ်သေနာပတိ ဘွဲ့ကို အပ်နှင်းခြင်းခံရမယ်။” ဝူယွဲ့အာက ရှင်းပြပြီးရင်း ရှင်းပြနေတယ်။

“ချီကူယန် မဟုတ်သေးဘူူးမလား။” ဖန်ကျန်းရှီက ခန့်မှန်းရင်းပြောလိုက်တယ်။ ချီကူယန်က နှစ်ထပ်ကွမ်း ချန်ပီယံဖြစ်ပေမယ့်လည်း ကောင်းကင်ဘုံ စစ်သေနာပတိ မြ့ဖစ်သေးဘူးလေ။

“တကယ်တမ်းတော့ ။ သူမ လုပ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ် ချီကူယန် နှစ်ထပ်ကွမ်း နဂါး ချန်ပီယံဖြစ်ခဲ့ချိန်တည်း ကျွန်မတို့ရဲ့ ဧကရာဇ်က ကောင်းကင်ဘုံ စစ်သေနာပတိ ဘွဲ့ကို ပေးအပ်ခဲ့တာ။ ဒါပေမယ့် ချီကူယန်က ငြင်းပယ်ခဲ့တယ်။ သူမ ဆုံးဖြတ်ထားတဲ့ ဆယ်နှစ်တာကာလကို သတ်မှတ်ထားခဲ့တယ်။ အဲ့ဒီ့နောက် သူမကို သူမ အချိန်သတ်မှတ်ပြီးတော့ နန်းတွင်းနဲ့ ဝေးကွာတဲ့ အမိန့်အာဏာ မသက်ရောက်နိုင်တဲ့ ကောင်းကင် တာအို ခန်းမမှာ သွားနေခဲ့တာ။” သူမရဲ့ ဆုံးဖြတ်ချက်က သိပ်ကို ပြတ်သားလွန်းတယ်။

“အတော် ထက်မြက်တာပဲ။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တော့တယ်။ ဝူယွဲ့အာ ပြောနေတာတွေ အကုန် အမှန်တွေ ဆိုတာ သူသိတယ်။

“လူတိုင်းက ချီကူယန်ရဲ့ အပြုအမူတွေ က မြင့်မြတ်ပြီး ကျက်သရေရှိတယ်လို့ သတ်မှတ်ကြတယ်။ သခင်လေးကတော့ ထက်မြက်တယ်လို့ မှတ်ယူုတယ်။ ကြည့်ရတာ သခင်လေးကော ချီကူယန်ပါ ထက်မြက်ကြတယ်။” ဝူယွဲ့အာရဲ့ မျက်နှာမှာ အနည်းငယ် ထိတ်လန့်ဟန်တော့ ပေါ်သွားတယ်။

“ငါ့ကို ချီးမွမ်းနေတာလား။” ဖန်ကျန်းရှီက ပြုံးပြီမေးလိုက်တယ်။

“ ဟား ဟား ကျွန်မ က သခင်လေးရဲ့ အမြင်ကို ထောက်ခံတာပါ။” ဝူယွဲ့အာ ဆက်ပြောပြန်တယ်။ “နောက် ၂နှစ်ဆိုရင် ချီကူယန် သတ်မှတ်ထားတဲ့ အချိန် ဆယ်နှစ်ပြည့်ပြီ။ သူလည်း ကောင်းကင်ဘုံ စစ်သေနာ ပတိ တာဝန်ကို ထမ်းဆောင်ဖို့အချိန်ကျပြီ။ နောက်ပြီးတော့ ဒဏ္လာရီလာ အလှတပါးဖြစ်လာတော့မှာ။”

“ဒါပေမယ့် ဒီပုံတူတွေ နဲ့ ချီကူယန် ဘာဆိုင်လို့လဲ။” ချီကူယန် ဘယ်လောက်ပဲ အင်အားကြီးကြီး လွန်ခဲ့တဲ့ ၈နှစ်က တစ်ချက်လေး ကန်ချမိတာ အတွက် ဒီလောက်တောင် လိုက်ပြီး ဆက်စပ်နေမယ်လို့ တွေးတောင် မတွေးဖူးဘူး။

အပိုင်း (၈၃)ပြီး၏။  

အပိုင်း(၈၄)

“အပြစ်သား အတွက် အမိန့်တော်”

Translator: Sparrow Translations Editor: Sparrow Translations

“အကယ်၍ ဒါသာ အပြစ်သားအတွက် ဖမ်းမိန့်တစ်ခု မဟုတ်ရင် တခြားသူတွေလဲ သခင်လေး တွေးသလိုမျိုး တွေးကြမယ်မှာ အမှန်ပဲ။” ဝူယွဲ့အာက အပြစ်သား အတွက် အမိန့်တော်အကြောင်းကို ပြောလိုက်ရင်း ဖန်ကျန်းရှီကို စိုက်ကြည့်လိုက်တော့တယ်။

“အပြစ်သားအတွက် အမိန့်တော်လား။” ဖန်ကျန်းရှီ စိတ်ထဲမှာနေလို့မကောင်းဖြစ်သွားတော့တယ်။

“သခင်လေးရဲ့ ပညာ ဉာဏ်နဲ့ဆိုရင် ဒီ အမိန့်တော်ကို ဘယ်သူ ထုတ်ပြန်လဲ ဆိုတာ သိနိုင်ပါတယ်။” ဖန်ကျန်းရှီရဲ့ အမူအယာကို ကြည့်လိုက်ရင်း ဝူယွဲ့အာက ပြုံးပြီး ပြောလိုက်တော့တယ်။

ဖန်ကျန်းရှီကတော့ တိတ်ဆိတ်နေတော့တယ်။

သူက ငတုံးမှ မဟုတ်တာ ဒီလိုမျိုး မြို့တော် တံတိုင်းမှာ ပုံတူ ကပ်နိုင်တဲ့ အစွမ်း ရှိတဲ့ သူ နောက်ပြီးတော့ ဝူယွဲ့အာကလည်း ချီကူယန် အကြောင်း ပြောနေတယ်။ ဒီ အမိန့်ကို ဘယ်သူ ကပ်လဲ မသိရအောင် သူက ငတုံးမှ မဟုတ်တာ ။

ဘာကြောင့် ချီကူုယန် အကြောင်းကို ဝူ ယွဲ့အာ ဒီလောက်တောင် ပြောပြနေလဲ သူ သိလိုက်တော့တယ်။

ချီကူယန်ရဲ့ ရာထူးနဲ့ ကြီးမြတ်လှသော “ရှ” မင်းဆက်မှာ သီးသန့် အမိန့်တော် ပေးနိုင်တယ် ဆိုတာ ရလဒ်ကတော့ အတော်လေးကို ခန့်မှန်း ရ ခက်လွန်းတယ်။

နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ။

သာမန်လူတွေ အတွက်တော့ ယုံကြည်ဖို့တောင် မဖြစ်နိုင် တာ ။ နောက်ပြီးတော့ ပျော်ကွယ်နေသော နဂါးနဲ့ နိုးထလာသော နဂါး အဆင့် တွေက တစ်ခုစီတောင် အောင်မြင်ဖို့ မလွယ်ကူဘူး။ တစ်ချိန်တည်း နှစ်ဆင့်လုံးကို အောင်မြင်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တဲ့ အထဲ ပါတယ်။

ဆယ့်ရှစ်နှစ်နဲ့ နှစ်ဆယ့် ရှစ် နှစ် အသက်တွေ ။ အသက် ကွာခြားချက်က ဆယ်နှစ်ဖြစ်ပေမယ့်လည်း မရိုးရှင်းနိုင်ဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်တုန်းကတော့ အသက် ၁၃နှစ်သာ ရှိသေးတဲ့ ချီကူယန်က ရုတ်တရက် ပေါ်ထွက်လာပြီး လောကကြီးကို လှုပ်ခတ်ခဲ့တယ်။ သူမရဲ့ ကြောက်မက်ဖွယ် အရည် အချင်းတွေကို အသုံးပြုပြီးတော့ ကမ္ဘာကြီးက ကျောင်းတော်သားတွေကို ဆွံ့အသွားအောင် လုပ်နိုင်ခဲ့တယ်။

ဒီလို လူမျိုး ။ ဒါ့ထက်ပိုတာက ကောင်မလေး ငယ်လေး တစ်ဦး။ ကျောင်းတော်သားတွေ မအံ့သြပဲ နေနိုင်မလား။

“ဘယ်လို ပြစ်မှု မျိုးလဲ။” ဖန်ကျန်းရှီက စိတ်ကို ထိန်းလိုက်ရင်း မေးလိုက်တော့တယ်။

“ယွင်ချင်းဝူ ရဲ့ မျက်နှာကာကို အတင်းအကျပ် ဖြုတ်ချတဲ့ အတွက်” ဝူယွဲ့အာက သူ့ရဲ့ အိတ်ထဲကနေ စာရွက်ဖြူတစ်ရွက်ကို ထုတ်လိုက်ပြီး ဖန်ကျန်းရှီကို ပြစ်ပေးလိုက်တော့တယ်။

စာရွက်ပေါ်မှာတော့ အပြစ်သား အတွက် အမိန့်တော်ကို လုံးဝတူညီစွာ ကူးထားတာ ဖြစ်တယ်။

“ ဒီ အမိန့်တော်က နိုင်ငံ အနှံ့အပြားက ကျော်းတော်သားတွေနဲ့ စာပေပညာရှင်တွေကို ဒီမြို့တော်မှာ စုဝေးသွားစေတာ ဖြစ်တယ်။ ဒါ့အပြင် ဒီ အမိန့်တော် အရ သူတို့ယှဉ်ပြိုင်ရမယ့် ရန်သူတော်ဟာ ဒီလူဖြစ်တယ်လို့ အမိန့်မှတ်လိုက်တာနဲ့ အတူတူပဲ ဖြစ်တယ်။ ကျွန်မတို့ရဲ့ ကြီးမြတ်သော “ရှ” မင်းဆက်တစ်ခုလုံး မှာ ကျော်ကြာ်းမှုကြီးရမှာကို တားဆီးရမယ် ဆိုတာပဲ ဖြစ်တယ်။

သူ့ကို တစ်ချက်ကြည့်လိုက်တာနဲ့ ဖန်ကျန်းရှီရဲ့ အမူအယာတွေ ပျက်ယွင်းနေတာကို လုံးဝကို သိနိုင်တယ်။ ဒီစကားတွေက အတော်လေးကို ထိခိုက်သွားစေတဲ့ ပုံပါပဲ။

"

“တကယ်တော့ သခင်လေး အများကြီး စိတ်ပူပန်ဖို့ မလိုပါဘူး။ ချီကူယန်က အပြစ်သား အမိန့်တော်ကို ထုတ်ပြန်လိုက်တယ်ဆိုပေမယ့် သူထုတ်လိုက်တာက အခြေခံ အမိန့်တော်ပဲလေ။ သခင်လေးမှာ အသက်ရှင်ဖို့ အခွင့်အရေး နည်းနည်းလေး နည်းနည်းလေး လောက်တော့ ရှိပါသေးတယ်။ ” ဝူယွဲ့အာရဲ့ သွယ်လျလှတဲ့ လက်ချောင်းလေးက နောက်ဆုံးစာပိုဒ်ကို ထောက်ပြရင်းနဲ့ ပြောလိုက်တော့တယ်။

ဖန်ကျန်းရှီကို ကြည့်လိုက်တော့ သူလည်း ဝူယွဲ့အာ ဆိုလိုတဲ့ အခွင့်အရေး သေးသေးလေး ဆိုတာကို နားလည်သွားပုံပဲ။

အသက်ရှင်ဖို့ အခွင့်အရေး နည်းနည်းလေ။ ။

တကယ့်ကို သေးငယ်လွန်းတဲ့ အခွင့်အရေးပဲ။

“ဒီ အမိန့်တော်က တကယ်တမ်းဆိုရင် တွေ့ရာ သချိုင်း ဓားမဆိုင်းပဲ သတ်ခိုင်းတာ။ ဒါပေမယ့် လည်း ကြီးမြတ်လှသော “ရှ” မင်းဆက်ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းနဲ့ဆိုရင် ဒီ တာအိုနိယာမ စာမေးပွဲမှာပဲ သတ်တဲ့ နည်းကို စွမ်းအား ဖိနှိပ်မှုတွေ သုံးပြီး လုပ်လိမ့်မယ်။ ”

ဒါကြီးက ငါ့ကို တာအိုနိယာမ စာမေးပွဲမှာ ကောင်းကောင်းမွန်မွန် မနေရအောင် လုပ်ချင်နေတာ အသိသာကြီးပဲ မလား။ ဖန်ကျန်းရှီက တော့ ကောင်းကင် တာအို ခန်းမဆီကို ချက်ချင်း ပြေးသွားပြီးတော့တောင် ကောင်းကင်တာအို ခန်းမရှိတဲ့ တောင်ထိပ်ကနေ ကန်ချချင်လာတယ်။

ဖိနှိပ်မှု ။ ပွင့်လင်းတဲ့ နည်းလမ်းနဲ့ ။ ဘာတွေလဲ ။ ဒီလောက က ကျောင်းတော်သားတွေအကုန်လုံးနဲ့ ပြိုင်ရတော့မှာလာ။

ဒါက တကယ့်ကို ရက်စက်လွန်းပါတယ်။

“သခင်လေး မြို့တော် တာအို စာမေးပွဲကို ဝင်ဖြေဖို့ ယုံကြည်မှုရှိရဲ့လား။” ဖန်ကျန်းရှီ တိတ်ဆိတ်သွားတာကိုကြည့်လိုက်ရင်း ဝူယွဲ့အာက မေးလိုက်တော့တယ်။

“ယုံကြည်မှု မြစ် မြို့တော်မှာ စာမေးပွဲဖြေရတာ ခက်ခဲလိမ့်မယ်လို့ တွေးမိသားပါ.” ဖန်ကျန်းရှီက တိုက်ရိုက် မပြောပြတော့ပဲ တခြားမေးခွန်းကို ပြောင်းမေးတော့တယ်။

“မြောက်ပိုင်း ဒေသက ကျောင်းတော် ငါးခုထဲမှာ မြို့တော် တာအိုစာမေးပွဲကို ဝင်ခွင့်ရတဲ့ သူ အကုန် ယုံကြည်မှု မြစ် မြို့တော်ကို ရောက်လာကြတာ ။ ဒါကြောင့် သခင်လေးကို ကူညီဖို့အတွက် သူတို့ရဲ့ သတင်းတွေ အကုန် စုဆောင်းထားပါတယ်။ ” ဝူယွဲ့အာက ခေါင်းငြိမ့်လိုက်ရင်း သူမအိတ်ထဲက စာအိတ်ကြီးတစ်အိတ်ကို ထုတ်လိုက်ပြီးး ဖန်ကျန်းရှီ လက်ထဲကို ထည့်ပေးလိုက်တယ်။

လက်ထဲကို ရောက်လာတဲ့ စာအိတ်ကြီးရဲ့ အထူကို ကြည့်လိုက်ရင်း ဖန်ကျန်းရှီတွေးလိုက်မိတာက လွန်လွန်းတယ်။

ချီကူယန်။

လွန်ခဲ့တဲ့ ၈နှစ်က တစ်ခါလေး ကန်လိုက်မိတာကို အခုထိ ခွင့်မလွှတ် နိုင်သေးဘူးလား။

ငါ့ကို သေတွင်းထဲ တွန်းပို့တယ်။

ဖန်ကျန်းရှီက မြို့တော် တာအို စာမေးပွဲကို လုံး၀ လက်မလျှော့နိုင်ဘူး။ ဒါမှမဟုတ သူ လက်လျှော့ လိုက်ရင်တောင် တခြားနည်းနဲ့ သူ့ကို ချောင်ပိတ်ဖမ်းအုန်းမှာ သေချာတယ်။

တစ်ခဏတာ မျှော်လင့်ချက် မဲ့သွားတော့တယ်။ လွန်ခဲ့တဲ့ ၈နှစ်တုံးက ကျွေးလိုက်တဲ့ ကြက်ကင်မှာ အဆိပ်ပ် တစ်ခါတည်း ထဲ့ကျွေးလိုက်သင့်တာ။

ဟူးးး။ ဒီလိုလုပ်လိုက်ရင်လည်း တောင်ဘက်တောင်ရွာ တစ်ခုလုံး အသတ်ခံနေရမယ်။ တစ်ခဏ တွေးပြီးတဲ့နောက် ဖန်ကျန်းရှီလည်း သူ့မှာ တခြား အခွင့်အရေးရှိနေတာကို စဉ်းစားမိလိုက်တော့တယ်။

“ငါသိချင်တာက ဒီပုံတူကို မြို့တံတိုင်းမှာ ကပ်တာ ဘယ်သူ့အကြံဉာဏ်လဲ။” ပြဿနာက ကိုယ့်ဆီ တန်းတန်းမတ်မတ် လာတော့လည်း ရင်ဆိုင်ရုံပဲ ၇ှိတာပေါ့။

“ကန်ရှင်းဖျင် ပုန်းကွယ်နေသော နဂါး အဆင့် ၈၀ နတ်ဆိုးစည်း အဆင့် ။ ကန်မိသားစုရဲ့ တိုက်ရိုက်ဆက်ခံသူ ကိုးယောက်မြောက်သား” အချိန် အတော်ကြာကြာထဲက လေ့လာထားတဲ့ ပုံနဲ့ တွေဝေခြင်း အလျဉ်း မရှိ အထစ်အငေါ့မရှိပဲ ဝုူယွဲ့အာက ရွတ်ပြလိုက်တော့တယ်။

“ ကန်ရှင်းဖျင် အခု ဘယ်မှာလဲ။”

“ငြိမ်သက်သော မှင်ကန်မှာ။ ”

“မင်းကကော ငါ့ကို ဘာလို့ ကူညီတာလဲ။ ”

“ဘာကြောင့်လဲ ဆိုတော့ ကျောင်းတော်သားတွေ အသေအကြေ ဖမ်းချင်နေကြတဲ့ နံပါတ်တစ် နှာဘူးကောင် က ပြိုင်ဘက်ကင်း ချီကူယန်ကို သီးသန့်အမိန့်တော် ထုတ်နိုင်အောင် လုပ်နိုင်တယ်ဆိုတော့ သူပြောသလိုမျိုး ဖြစ်မလားဆိုတာ သိချင်လို့ ။“ ဝူယွဲ့အာက ပြုံးပြီးပြောပြန်တယ်။

“ဒါဆို မင်း ဘယ်လိုထင်လဲ။”

“သူတို့ပြောတာ အကုန်မှန်တယ်။”

“အဟွတ် ဟွတ်။ ။။ မင်းငါ့ကို ထမင်းကျွေးမယ်လို့ပြောတယ်လေ။ ဘယ်အချိန် စားရမှာလဲ။” ဖန်းကျန်းရှီက ချက်ခြင်း စကား လမ်းကြောင်း လွှဲလိုက်တော့တယ်။

“ဟီး ဟီး ဟီး ”

မိန်းမလှလေးက ခေါင်းခါယမ်းပြီး ပြုံးလိုက်ချိန်မှာတော့ ပန်းပေါင်းရာချီ ဖူးပွင့်သွားသလိုပါပဲ။

ြငိမ်သက်လှသော မှင်ကန်းရှေ့မှာ ဖြူဖျော့လှတဲ့ အသားအရည်နဲ့ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲမှာ ကျောက်စိမ်းယပ်တောင်ကို ကိုင်ထားသူု လူငယ်လေးဟာ တောင်ကြားး ကျောက်တုံးတွေကနေ သဘာ၀ စိမ့်စမ်းရေတွေ စီးကျနေတာကို ကြည့်နေပါတယ်။

ဒီမြင်ကွင်းဟာ မှင်ကန်ကိုလာရောက်ကြသူတွေရဲ့ အာရုံကို အတော်လေးကို ဖမ်းစားနိုင်သွားတော့တယ်။ တစ်ယောက်ပြီးတစ်ယောက် လှပျိုဖြူလေးတွေဟာ ရေကန်ရှေ့က လုလင်ပျိုကို ရှက်သွေးဖြာတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ်။

“သခင်လေး ကန်က ပုန်းကွယ်နေသော နဂါး အဆင့် မှာ တကယ့်ကို အရည်အချင်း ပြည့်ဝတဲ့ သူပဲ။”

“စာပေ ပန်းချီ အနုပညာတွေ အကုန်တော်တဲ့ ကန်မိသားစုကသခင်လေးနဲ့သာ လက်ထပ်ရရင် တစ်ဘဝတာ ပျော်ရွှင်မှာ အမှန်ပဲ။”

“ဟေးး ။ ညီမလေး ဒီလို ရှက်စရာစကားတွေ မပြောပါနဲ့လေ။”

အသက် ၁၅ ၁၆ နှစ် အရွယ် မိန်းမပျိုလေးရဲ့ မျက်နှာကတော့ ရှက်သွေးဖြာမှုကြောင့် ရဲရဲနီနေပါတယ်။

“ဗွမ်း”

ဒီအချိန်မှာပဲ အသံကျယ်ကြီးတစ်သံပေါ်ထွက်လာတော့တယ်။ ရေကန်ထဲကို ခပ်ကြီးကြီး အရာတစ်ခု ကျသွားတဲ့ ပုံပါပဲ။

“ဟေးးး ။ ဘယ်သူ ရေကန်ထဲ ပြုတ်ကျတာလဲ။”

“သခင်လေး ကန် ပြုတ်ကျသွားတာ.။”

“မဖြစ်ဘူး။ ကန်းရှင်းဖျင်က ရေကန်ထဲကို ပြုတ်ကျသွားတယ်၊”

အမျိုးသမီးငယ်လေးတွေရဲ့ အမူအယာကတော့ ပြောင်းလဲသွားတော့တယ်။ အသံထွက်ပေါ်လာတဲ့ နေရာကို ပြေးကြည့်ကြတော့တယ်. ။ ကန်ရှင်းဖျင် ရပ်နေတဲ့ နေရာမှာ အပြာရောင် ဝတ်ရုံဝတ်ထားတဲ့ လူငယ်လေး တစ်ဦးရပ်နေတယ်။ အလွန်လျင်မြန်စွာနဲ့ ပဲ ဒီ လူငယ်ဟာ မြို့တော် တစ်ခုလုံးမှာ ပုံတူ ပန်းချီတွေ အနှံ့ ကပ်ထားခြင်းခံရတဲ့ ဖန်ကျန်းရှီ ဆိုတာကို သိလိုက်ကြတော့တယ်။ သူ့ကို မသိချင်ယောင်ဆောင်ဖို့တောင် ခက်ခဲလိမ့်မယ်။

“လွန်လွန်းပါတယ်။ ကန်ရှင်းဖျင်းကို ဒီလိုမျိုး မကြောက်မရွံ့ စော်ကားမော်ကားပြုဝံံ့တယ်။”

စော်ကားမော်ကားလုပ်တယ်။ ဖန်ကျန်းရှီက နှုတ်ခမ်းတွေကို တွန့်ချိုးလိုက်ရင်း ဒီစကားပြောလိုက်သူ့ကို စိုက်ကြည့်လိုက်တော့တယ်။ သူက အခု မြို့တော် တစ်ခုလုံးရဲ့ ရန်သူ ဖြစ်နေပြီလေ နောက်ပြီးတော့ လူတိုင်း နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရတော့မှာ ။ ဒီလိုမျိုး စော်ကားမော်ကား လုပ်တာလောက်တော့ မှုစရာလိုအုန်းမလား။

ဒါမှမဟုတ် ကလေးလိုမျိုး သူ့ကို သူများလာသတ်မှာ ကြောက်ပြီး လိပ်လို အခွံထဲ ဝင်ပုန်းနေရမှာလား။

“ငါ့လည်ပင်းပေါ် ဓားထောက်ခံရပါ်စေ။ ကောင်းကင်ကို ဟားတိုက်ရယ်မောပြစ်မယ်။ ငါ့သစ္စာနဲ့ တရားမျှတမှုကို ချန်ရစ်ခဲ့မယ်။”

အပိုင်း (၈၄)ပြီး၏။  

အပိုင်း (၈၅)

“သွေးထိုးလှုံ့ဆော်မှု”

Translator: Sparrow Translations Editor: Sparrow Translations

…

သိပ်ပြီး မဝေးကွာလှတဲ့ လေသာဆောင်တစ်ခုမှာ ဘရိုကိတ် ဝတ်ရုံဝတ်ထားတဲ့ ရန်ရွှယ်ထိုင်နေပါတယ်။ ငြိမ်သက်သော မှင်ကန် ရှေ့မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို မြင်နေရတယ်။

“သခင်လေးရဲ့ မိတ်ဆွေကတော့ အတော်လေးကို စိတ်လွတ်ကိုယ်လွတ်နေတတ်တယ်။ ဒါပေမယ့်လည်း တချို့လူတွေကိုတော့ စော်ကားမော်ကား မလုပ်သင့်ဘူး။” ရန်ရွှယ်ဘေးမှာ မတ်တပ်ရပ်နေတဲ့ မုတ်ဆိတ်မွှေးတွေနဲ့ လူကြီးဟာတော့ ဖန်ကျန်းရှီရဲ့ စကားတွေကို ကြားတဲ့အချိန်မှာ သက်ပြင်းချလိုက်တော့တယ်။

ရန်ရွှယ်ကတော့ စကားတစ်ခွန်းမှ မပြောပဲ လေသာဆောင်ကနေ ထွက်သွားတော့တယ်။

“သခင်လေး သူ့ကို ကူညီရမလား” မုတ်ဆိတ်မွှေးတွေနဲ့ လူကြီးက ရန်ရွှယ်ရဲ့ အမူအယာကို မြင်လိုက်တော့ အထိတ်တလန့် ဖြစ်သွားဟန် သူ့မျက်နှာမှာ အထင်းသား ပေါ်လာတော့တယ်။

“အဖိုးက မှာထားတယ်။ မိတ်ဆွေတွေကို လေးစား၇မယ်။” ရန်ရွှယ်ပြောတဲ့ စကား ကတော့ အဓိပ္မာယ် ရှင်းလင်းလွန်းနေပါပြီ။

“ဒါပေမယ့် သူ စော်ကားမော်ကားလုပ်တာက ချီကူယန်လေ။” မုတ်ဆိတ်မွှေးတွေနဲ့ လူကြီးက သတိပေးလိုက်တယ်။

ကြီးမြတ်သော “ရှ” ပြည်ထောင် တစ်ခုလုံးက ချီကူယန် ဘာကို ကိုယ်စားပြုလဲဆိုတာ သိကြတယ်။ သူမရဲ့ နှစ်ထပ်ကွမ်း ချန်ပီယံ အရည်အချင်းကြောင့် ဧကရာဇ်တောင်မှ သူမ ဆန္ဒမရှိတာကို တွန်းအားမပေးနိုင်ဘူး။

“အဲ့တော့ ဘာဖြစ်လဲ။” ရန်ရွှယ်က ပြန်မေးလိုက်တယ်။

မုတ်ဆိတ်မွှေးတွေနဲ့ လူကြီးကတော့ သတိပြန်ဝင်လာပြီးနောက် သူ့ရဲ့ မျက်နှာပေါ်မှာ အပြုံး တစ်ခု ပေါ်လာတော့တယ်။ မှန်တာပေါ့ မိတ်ဆွေကို ရိုင်းပင်း ကူညီရမယ်။ ကူညီဖို့ တခြားအရာတွေကို စဉ်းစားစရာလိုလို့လား။

ဒါကိုတွေးမိလိုက်တာနဲ့ သူ့ရဲ့ သခင်လေး တကယ်ပဲ အရွယ်ရောက်လာပြီလို့ စဉ်းစားမိတော့တယ်။ နောက်ဆုံးတော့ သူငယ်ချင်း မိတ်ဆွေတွေကြားက သစ္စာကို သူ့သခင်လေး နားလည်ခဲ့ပြီလေ။

…

ဖန်ကျန်းရှီကတော့ ထုံးစံအတိုင်း ထွက်သွားမှာ မဟုတ်ပါဘူး။ တကယ်တမ်းတော့ သူ ငြိမ်သက်သော မှင်ကန်ကို လာတည်းက ထွက်သွားဖို့ မတွေးထားဘူးဖြစ်တယ်။

ကန်ရှှုင်းဖျင်ရဲ့ ဆံပင်နဲ့ အဝတ်အစားတွေကတော့ ရွဲရွဲစိုကုန်တော့တယ်။ ယောကျာ်းပီသ ချောမော ခံ့ညားလွန်းတဲ့ ကန်ရှင်းဖျင်ကတော့ ပျောက်ကွယ်သွားပါပြီ။

ဘာကျန်နေလဲဆိုတော့ ။

ကြွက်စုတ်လေး တစ်ကောင် ရေကန်ထဲ ပြုတ်ကျပြီး အပေါ်ပြန်တက်လာသလိုပါပဲ။

“ငါ့လည်ပင်းပေါ် ဓားထောက်ခံရပါ်စေ။ ကောင်းကင်ကို ဟားတိုက်ရယ်မောပြစ်မယ်။ ငါ့သစ္စာနဲ့ တရားမျှတမှုကို ချန်ရစ်ခဲ့မယ်။ ဒီနေ့ မင်း ရယ်နေနိုင်အုန်းမလားဆိုတာ ကြည့်ရသေးတာပေါ့။” ကန်းရှင်းဖျင်က သူ့ဒေါသတွေကို မထိန်းချုပ်နိုင်တော့ပါဘူး။

တကယ်တမ်းတော့ ဘယ်သူမဆို ရေကန်ထဲ တွန်းချခံရရင် ဒေါသမထွက်ပဲတော့ မနေဘူး။

ဒါ့အပြင် သူက ကြီးမြတ်လှသော “ရှ” မင်းဆက်မှာ ပုန်းကွယ်နေသော နဂါးအဆင့်က အတော်ဆုံးသော ကျောင်းတော်သားတစ်ယောက် ဖြစ်တယ်။

“အကိုကန်” ကန်ရှင်းဖျင် ရဲ့ အနောက်ကနေ အသံတစ် ထွက်လာတော့တယ်။ အဲ့ဒီ့နောက်မှာတော့ ခရမ်းရောင် ဝတ်စုံကို ဝတ်ထားတဲံ့ အလွန်အမင်း မျက်ပေါက်ကျဉ်း မျက်လုံးနှေးတဲ့ ကျောင်းသားတစ်ယောက်ဟာ ကန်ရှင်းဖျင် နောက်ကနေ ပေါ်လာတော့တယ်။

“ခိုင်ယွင်ဖုန်း ပဲ။”

“ပုန်းကွယ်နေသော နဂါး အဆင့် ၅၆ က ခိုင်ယွင်ဖုန်း”

“ငါကြားတာတော့ သူက နတ်ဆိုးစည်း ထိပ်သီး အဆင့် နဲ့ နတ်ဆိုးစည်း ကို အောင်မြင်တော့မယ်ဆိုပဲ။”

ြငိမ်သက်သော မှင်ကန်ဘေးမှာ ရပ်နေတဲ့ ကျောင်းတော်သားတွေက ထွက်ပေါ်လာသူ အကြောင်းကို ပြောကြတော့တယ်။ ရှားပါးတဲ့ ပုန်းကွယ်နေသော နဂါးအဆင့်က လူငယ်နှစ်ယောက် မျက်စိရှေ့မှာ ရောက်နေတာ တကယ့်ကို ထူးဆန်းတယ။်”

ဒီနေ့မှာတော့ သူတို့ ဒီလို စုဝေးနေကြတဲ့ အကြောင်းရင်းက တော့ လူတိုင်းသိကြတယ်။

တာအိုနိယာမ စာမေးပွဲ ကြီး မတိုင်ခင် ပွဲကြီးပွဲကောင်း ကြည့်ရတော့မှာပဲ။

“အကယ်၍ အကို ခိုင် ပွဲကြည့်ဖို့လာတာ ဆိုရင်တော့ ကြိုဆိုပါတယ်။ လာကူညီတာဆိုရင်တော့ မလိုအပ်ဘူးဆိုတာ ပြောပါရစေ။” ကန်ရှင်းဖျင်ကတော့ ခိုင်ယွင်ဖုန်းကို မြင်လိုက်ရတာ အတော်လေးကို မျက်နှာပျက်သွားတော့တယ်။

အပြစ်သားအတွက် အမိန့်တော်က တစ်မိုးအောက် ကျောင်းတော်သားတွေကို ယုံကြည်မှု မြစ် မြို့တော်မှာ စုစည်းစေတာ ။

ဒါကြောင့် ဖန်ကျန်းရှီကို ပထမဆုံး ရှုံးနိမ့်အောင် လုပ်နိုင်တဲ့သူက လူတိုင်းရဲ့ အာရုံစိုက်မှုကို ရမှာဖြစ်တယ်။

ပိုပြီး အရေးကြီးတာကတော့ ချီကူယန် သတိထားမိတာကို ခံရမှာ အမှန်ပဲ။

ဒီလို အခွင့်အရေးကောင်းမျိုးကို ကန်ရှင်းဖျင် လက်ထဲကနေ အလွတ်မခံနိုင်ဘူး။ အထူးသဖြင့် ဖန်ကျန်းရှီ သူ့ကို ရေကန်ထဲ တွန်းချလိုက်တဲ့ အတွက် ပိုပြီးတော့တောင် ခွင့်မလွှတ်နိုင်ဘူး။

ဒီလို အဖြစ်က သူ့ကို ပိုပြီးကျော်ကြားစေမယ်။ တစ်ချိန်တည်းမှာပဲ မိန်းမလှလေးရဲ့ နှလုံးသားကိုပါ ရမှာ။

“ဟား ဟား ဟားး အကိုကန် မှားနေပြီ။ ကျွန်တော်က ရန်မဖြစ်အောင် တားဆီးဖို့ပါပဲ။ တာအို နိယာမ စာမေးပွဲကြီးကသာ တကယ့် တိုက်ပွဲ အစစ် အမှန်ပဲ။” ခိုင်ယွင်ဖုန်းက ညင်ညင်သာသာလေး ရယ်မောလိုက်တော့တယ်။

သူ့ရဲ့ အရည်အချင်းကတော့ ကန်ရှင်းဖျင်ထက် သာလွန်တယ်။ ဒါပေမယ့် အမျိုးသမီးတွေကြား စန်းပွင့်မှုမှာတော့ ကန်ရှင်းဖျင်ကို မယှဉ်နိုင်ဘူး။ အကယ်၍ ကန်ရှင်းဖျင် ကျော်ကြားမှာကို တားဆီးနိုင်ရင် ဒီ အခွင့်အရေးကို သုံးပြီး ကောင်းကောင်း ထိုးနှက်လို့ရမယ်။

သူတို့ရဲ့ ပစ်မှတ်က ဖန်ကျန်းရှီ ဆိုပေမယ့် ဖန်ကျန်းရှီက တစ်ယောက်တည်းပဲ ရှိတယ်။ ဒါကြောင့် သူတို့ တွေမှာ အတွေးကိုယ်စီ ၇ှိနေကြတယ်။

ရှေးဆိုရိုး တစ်ခု ရှိတဲ့ အတိုင်းပဲ ။ “ ကမ္ဘာပေါ်မှာ အရည်အချင်းအများကြီး ရှိတယ်။ ဒါမေယ့်လည်း သဲမှုန်တွေလိုပဲ ပူးပေါင်းခြင်း မရှိကြဘူး။”

ကန်ရှင်းဖျင်က ခိုင်ယွင်ဖုန်း သူ့ကို ဘာကြံနေလဲ ဆိုတာ သိတဲ့ အတွက် ဒေါသတွေ အလုံးအရင်းလိုက် ထွက်လာတော့တယ်။ ဒါပေမယ့် သူ့မှာ ရွေးစရာမရှိဘူး။ ဒီစော်ကားခံရမှုကို တိုက်ခိုက်ပြီး ခက်စား မချေရင် ကျေနပ်နိုင်မှာ မဟုတ်ဘူး။

“ကျွန်တော်သာ သခင်လေး ကန် ဖြစ်ရင် သူ့ကို ရေကန်ထဲ တွန်းချပြီး မှ တိုက်ခိုက်တာကို ရပ်ရမလား။ ဒါမှ မဟုတ် တိုက်ခိုက်တာကို ကူညီပေးရမလား။ မေးသင့်တယ်။” ဖန်ကျန်းရှီက ဒီလူနှစ်ယောက်ရဲ့ အရှေ့မှာ ရပ်ပြီး အကြံဉာဏ်ပေးလိုက်တော့တယ်။

ကန်ရှင်းဖျင်ရဲ့ မျက်လုံးတွေ ဘလင်းဘလင်းတောက်သွားတော့တယ.်။ ခိုင်ယွင်ဖုန်းကတော့ ဒီအချိန်မှာ အနည်းငယ် တုန်လှုပ်သွားတော့တယ်။ ဒီအခွင့်အရေးကို အသုံးချပြီး သူ့ရဲ့ စိတ်ထား ဘယ်လောက်မြင့်မြတ်လည်းဆိုတာ ပြရမှာလေ။

ဒါပေမယ့် သူသာ ရေကန်ထဲ ကို ပြုတ်ကျသွားရင်ကော။

ကန်ရှင်းဖျင်လည်း ဒီ အကြံကောင်းကို စဉ်းစားမိပေမယ့် ဒီ အကြံကို ပေးတဲ့ သူက ဖန်ကျန်းရှီ ဖြစ်နေတာ ထူးဆန်းလွန်ုးတယ်။

ခိုင်ယွင်ဖုန်းရဲ့ မျက်လုံးမှေးမှေးထဲမှာတော့ ကြောက်လန့်တဲ့ အရိပ်အယောင်တွေပေါ် လာတော့တယ်။ ဘာကိုမှ ထီမထင်တဲ့ အပြုံးနဲ့ ပြုံးနေတဲ့ ဖန်ကန်းရှီကို စိုက်ကြည့်လိုက်တယ်။

သူတို့ နှစ်ယောက်ကို ရန်တိုက်ပေးချင်တယ်။ ဒီလိုမျိုး လွယ်လွယ်နဲ့ ထောင်ချောက်ထဲ ကျမယ်ထင်နေတာလား ။ ဖန်ကျန်းရှီ လျှော့တွက်လွန်းတယ်။

“အကိုကန် သူ့ထောင်ချောက်ထဲ မဝင်စေနဲ့။ ဒီလူက အကို့ကို ရေကန်ထဲ တွန်းချတဲ့သူ ကျွန်တော်က လာကူညီတဲ့ သူ။ အကိုကန် မစဉ်းစား ပဲ မဆုံးဖြတ်ပါနဲ့ ” ခိုင်ယွင်ဖုန်းက သတိပေးလိုက်တော့တယ်။

ကန်ရှင်းဖျင်က မျက်စိလည်သွားတော့တယ်။ ဖန်ကျန်းရှီကို နောက်တေခေါက်ကြည့်လိုက်တော့ သူ့နောက်ကျောကနေ ချွေးတွေ စီးကျလာတော့တယ်။ ခိုင်ယွင်ဖုန်းသာ သတိမပေးရင် သူတကယ်ပဲ ထောင်ချောက်ထဲ ကျတော့မှာ။

ဖန်ကျန်းရှီကတော့ သူ့အရှေ့မှာ ရှိနေတဲ့ လူနှစ်ယောက်ကို ပြုံးပြီးကြည့်နေတော့တယ်။ သူ့စိတ်ထဲမှာတော့ သက်ပြင်းချနေမိတယ်။ ကြည့်ရတာ ပုန်းကွယ်နေသော နဂါးအဆင့်ကို ဝင်တဲ့သူတွေက တကယ်ပဲ ရှုပ်ထွေးလွန်းတယ်။ တောရွာမှာ နေထိုင်တဲ့ တောသူတောင်သားတွေထက်တော့ အများကြီး သန်မာလွန်းတယ်။

နောက်ပြီးတော့

ထောင်ချောက်ဆင်တာလည်း ရှုံးနိမ့်တယ်။

ဖန်ကျန်းရှီက ခေါင်းမော့လိုက်ရင်း အဇူရာကောင်းကင်ပြာကို မော့ကြည့်လိုက်တော့တယ်။

“သခင်လေးကန်က ငါ ပြောတာကို မယုံကြည်ဘူးဆိုတော့ အလောင်းအစားတစ်ခု လုပ်ရအောင်။ ဒီ လူပေါ်လာလာခြင်းပြောတာက ငါတို့ကို မတိုက်ခိုက်စေချင်ဘူး။ အခုတော့ သူက မင်းကို ကူညီချင်လှ ပါရဲ့ လို့ ေ ပြာနေပြန်ပြီ။ ဘယ်လောက်တောင် အဆီအငေါ် မတည့်လိုက်တာလဲ။ အခုချိန်မှာ ငါသာ အခုထွက်သွားမယ်ဆိုရင် မင်းကြည့်ကြည့် သူ မင်းကို ရပ်တန့်နိုင်မလား။ ဒီလို လုပ်ရအောင်။” ဖန်ကျန်းရှီက စကားကို အဆုံးထိ ပြောလိုက်ပြီးတော့ လှည့်လိုက်တော့တယ်။

ကန်ရှင်းဖျင်ကတော့ ပါးစပ် ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေတော့တယ်။ ဒီ အချိန်မှာသာ ဖန်ကျန်းရှီကို အလွတ်ပေးလိုက်ရင် သူကသိက္ခာတွေ အကုန် ရေထဲမျောတော့မှာ။

ဒါကြောင့် တိုက်ခိုက်ဖို့ ပြင်လိုက်တော့တယ်။

“အကိုကန်။ သူ့ကို တာအို စာမေးပွဲ ဆီ မသွားစေနဲ့။” ခိုင်ယွင်ဖုန်းက ကန်ရှင်းဖျင် တိုက်ခိုက်ဖို့ ပြင်လိုက်တာကို တွေ့လိုက်ရတော့ သူ့ကို ရပ်တန့်ဖို့ လာတော့တယ်။ သူ့အတွက်တော့ အရင်ဆုံး တားမြစ်ဖို့က လိုတယ်လေ။

ကန်ရှင်းဖျင်ကိုကော။

သူ့ရဲ့ အဆင့်က နောက်မှာပဲ ရှိတာ ကြောက်စရာမလိုဘူး။

နှစ်ယောက် တစ်ယောက်တိုက်ပွဲမှာ ဆက်သွယ်မှုက တကယ့်ကို မြန်ဆန်လွန်းတယ။် ကန်ရှင်းဖျင်ရဲ့ အရည်အချင်းက ခိုင်ယွင်ဖုန်းနောက်မှာပဲ ရှိတယ်။ သူမြန်မြန် လှုပ်ရှားရင်တောင် ခိုင်ယွင်ဖုန်းက သူ့ကို တားနိုင်မှာပဲ။

ဒါက သူ့ကို ဒေါသဖြစ်စေတယ်။

ဖန်ကျန်းရှီ ပြောထားတဲ့ စကားတွေကို စဥ်းစားမိတော့ သူ့ရဲ့ ဒေါသတွေက ခိုင်ယွင်ဖုန်းဆီကို တိုက်ရိုက်ရောက်သွားတော့တယ်။

ဒီ အချိန်မှာတော့

ဖန်ကျန်းရှီကတော့ သူ့ခေါင်းကို လှည့်လိုက်တော့တယ်။ သူ့ခြေထောက်တွေကို လှုပ်ရှားလိုက်ရင်း ကိုယ်ခန္ဒာ လှုပ်ရှားမှုကို ပြောင်းလိုက်တော့တယ်။ အမြောက်ဆံ တစ်ခုလိုပဲ သူ့ရဲ့ ဦးတည်ချက်က လူ နှစ်ယောက်ဆီကို ပြောင်းသွားတော့တယ်။

“အကိုကန်။ ငါ မင်းကို ကူညီမယ်။” ဖန်ကျန်းရှီအော်လိုက်ချိန်မှာတော့ သူ့ဟာ ထိုလူ နှစ်ယောက်ရှေ့ကို ရောက်ပြီးဖြစ်တယ်။

ဖန်ကျန်းရှီ သူ့နား နီးကပ်လာတာကို မြင်လိုက်တော့ ခိုင်ယွင်ဖုန်းရဲ့ စိတ်ထဲကနေ အော်ဟစ်မိလိုက်တော့တယ်။ - ဆိုးရွားလိုက်တယ်။ ဖန်ကျန်းရှီက တစ်ယောက်ရဲ့ အင်အားကို သုံးပြီး တစ်ယောက်ကို တိုက်ခိုက်မယ်။ တွေဝေခြင်း အလျဥ်း မရှိပဲ ပိတ်ကန်လိုက်တော့တယ်။

ကန်ရှင်းဖျင်ကတော့ ဖန်ကျန်းရှီရဲ့ စကားကို ကြားလိုက်တာနဲ့ အတော်လေးကို ထိတ်လန့်သွားတော့တယ်။ ဒါပေမယ့် ခိုင်ယွင်ဖုန်း လုပ်မယ့် အရာကို သူတွေးလိုက်မိတော့ တိုက်ခိုက်တာကို ဘေးကနေ ရပ်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်တော့တယ်။

ဖန်ကျန်းရှီ သာ ခိုင်ယွင်ဖုန်းနဲ့ တိုက်ခိုက်ရင် အထိမနာပဲ အကျိုးအမြတ်ရမှာ သူပဲလေ။

ဒါကိုတွေးလိုက်မိတော့ ကန်ရှင်းဖျင်ရဲ့ မျက်နှာမှာ အပြုံးတစ်ခုပေါ်လာတော့တယ်။

အလွန် လျှုင်မြန်စွာနဲ့ပဲ သူ့အပြုံး တောင့်ခဲသွားတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ ဗိုက်ကို အကန်ခံလိုက်ရတာကြောင့်ပဲ ဖြစ်တယ်။

“မင်းးး ..” ဖန်ကျန်းရှီ ဒီလိုမျိုး တိုက်ခိုက်လာလိမ့်မယ်လို့ သူ မထင်ထားမိခဲ့ဘူး။ ဒါ့အပြင် သူ့ကို ကူညီပြီးတော့ ခိုင်ယွင်ဖုန်းကို တိုက်ခိုက်ပေးတယ်လို့တောင် နာမည် တပ်လိုက်တေသးတယ်။

အရှက်မဲ့လိုက်တာ။

ပြိုင်ဘက်ကင်းကို အရှက်မဲ့တာပဲ။

ကန်ရှင်းဖျင် ဘယ်လောက်ပဲ မပျော်မရွှင်ဖြစ်နေပါစေ။ ဖန်ကျန်းရှီရဲ့ ကန်ချက်ကြောင့် သူ့မှာလေထဲ ပျံနေရတယ်။

“ဗွမ်း။”

ရေကန်ထဲကို နောက်တစ်ကြိမ် ထပ်ကျသွားပြန်ပြီးဖြစ်တယ်။

ဒီ ပြောင်းလဲ မှုတွေက မျက်တောင် တစ်ခတ်စာ အတွင်းမှာ ဖြစ်သွားတာကြောင့် ဘယ်သူကမှ သေချာ မမြင်လိုက်ဘူး။

ခိုင်ယွင်ဖုန်းကလည်း ဖန်ကျန်းရှီ ရုတ်တရက် တိုက်ခိုက်လာတာကို မရှောင်နိုင်ဘူး ဖြစ်သွားတော့တယ်။

ဖန်ကျန်းရှီ ငါ့ကို မှင်ကန်ထဲ ကန်ချတယ်လို့ မပြောနဲ့။

“အကို ခိုင်ရဲ့ ပူပေါင်းမှုကို ကျေးဇူးတင်ပါတယ်။ လသာဆောင် စားသောက်ဆိုင်မှာ ဒီညတွေ့မယ် ” ဖန်ကျန်းှရီရဲ့ လက်သီးကို ဆုပ်ရင်း ခိုင်ယွင်ဖုန်းကို အရိုအသေ ပြုပြီး ခေါင်းမော့ ရင်ကော့ကာ ထွက်လာတော့တယ်။

ရေကန်ထဲ နစ်နေတဲ့ ခိုင်ယွင်ဖုန်းကို ဒီ အတိုင်း ထားခဲ့ပြီးတော့ပေါ့။

အပိုင်း (၈၅) ပြီး၏။

အပိုင်း (၈၆)

“ မိုးသက်မုန်တိုင်း”

Translator: Sparrow Translations Editor: Sparrow Translations

“ကြင်နာစွာ ကူညီတယ်။ ပူးပေါင်းဆောင်ရွက်တယ်။ စားသောက်ဆိုင်မှာ တွေ့မယ်။”

ခိုင်ယွင်ဖုန်းရဲ့ ပါးစပ်ကနေ ဖန်ကျန်းရှီ ပြောသွားတာတွေကို ပြန်ရေရွတ်နေတော့တယ်။ အဲ့ဒီ့နောက် သူ့မျက်နှာကတော့ သေခါနီး လူတစ်ယောက်လို မျိုး ဖြူဖျော့သွားတော့တယ်။ သူ့ရဲ့ ခေါင်းကို အနည်းငယ် လှည့်ကြည့်လိုက်တော့ ရေထဲမှာ နစ်နေတဲ့ ကန်ရှင်းဖျင်ကို တွေ့လိုက်ရတော့တယ်။ အဲ့ဒီ့နောက်မှာတော့ သူတို့ကို ကျောင်းတော်သားတွေနဲ့ မိန်းမလှတွေ ဝိုင်းကြည့်နေတာကို တွေ့လိုက်ရတော့တယ်။ ”

သူတို့ရဲ့ မျက်လုံးတွေကို ကြည့်မိတော့ ခိုင်ယွင်ဖုန်း ထိတ်လန့်မှုနဲ့ ဒေါသတွေကို တွေ့လိုက်ရတယ်။

“ခိုင်ယွင်ဖုန်း။ မင်း မုန်းတီးစရာ မသတီစရာ ကောင်။ ငါ။ ကန်ရှင်းဖျင် မင်းနဲ့ အတူ ဆက်မနေနိုင်တော့ဘူး။ ” ရေကန်တွင်းမှာပဲ ကန်ရှင်းဖျင်က ကျိန်ဆို လိုက်တော့တယ်။

ကျောင်းတော်သားတွေနဲ့ မိန်းမလှတွေကလည်း ရေကန်ထဲက ခိုင်ယွင်ဖုန်းကို ကြည့်လိုက်ရင်း ခေါင်းတွေ ခါနေကြတယ်။

ခိုင်ယွင်ဖုန်းလို ပုန်းကွယ်နေသော နဂါး အဆင့်က လူတစ်ယောက်က ဖန်ကျန်းရှီနဲ့ ပေါင်းပြီး တိုက်ခိုက်မယ်လို့ သူတို့ရဲ့ အိမ်မက်ထဲမှာတောင် မမက်ဖူးဘူး။ ဖန်ကျန်းရှီမှာ ဘယ်လို အစွမ်းတွေများ ရှိနေပါလဲ။

သူတို့တွေ သံသယ အပြည့်နဲ့တွေးနေချိန်မှာပဲ နောက် လူတစ်ယောက်ဟာ ရေကန်ဘေးမှာ ပေါ်လာတော့တယ်။

ဒီအချိန်မှာတော့ တကယ့်ကို ထိတ်လန့်စရာ မြင်ကွင်းကို မြင်လိုက်ရတော့တယ်။ ဘရိုကိတ် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေအရိုးငွေချည် ယပ်တောင်ကို တဖျပ် ဖျပ် ခတ်နေတဲ့ ရေခဲ တမျှ အေးစက်လှလွန်းတဲ့ အမူအယာတွေနဲ့ လူငယ်လေး တစ်ယောက် ဟာ ဖန်ကျန်းရှီ ဘေးမှာ ပေါ်လာတာကြောင့်ပဲ ဖြစ်တယ်။

“ဆုံဖြတ်ပြီးပြီးလား။” ရန်ရွယ်က ရေကန်ဘေးမှာ ရပ်နေတဲ့ ခိုင်ယွင်ဖုန်းနဲ့ ရေကန်ထဲက ကန်ရှင်းဖျင်ကို ကြည့်ရင်း မေးလိုက်တော့တယ်။

“အင်းး” ဖန်ကျန်းရှီက ခေါင်းခါလိုက်တယ်။ ရန်ရွှယ့်ရှေ့မှာတော့ သူ မညာချင်ဘူး။ အကယ်၍ ရန်ရွှယ်သာ သူနဲ့ အတူ စွန့်စားချင်ရင် စကားတစ်ခွန်းလောက်တော့ ထပ်ပြောမှ ရမယ်။ “သခင်လေးခိုင်ရဲ့ အကူအညီကို ကျေးဇူးတင်ပါတယ်။” ဒီလိုစကားမျိုးကို ပြောသင့်တယ်။

“ငါမင်းကို ထမင်း လိုက်ကျွေးမယ်။” ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တယ်။

“ကောင်းပြီလေ။” ဖန်ကျန်းရှီလည်း မငြင်းပါဘူး။

ရန်ရွှယ်ကတော့ တစ်ဖက်ကို လှည့်လိုက်ပြီးတော့ ရေကန်ဘေးမှာ ရပ်နေတဲ့ ခိုင်ယွင်ဖုန်းဆီကို သွားတော့တယ်။ သူ့ရဲ့ လေသံကတော့ အေးစက်လွန်းလှတယ်။ “ကျေးဇူးတင်ပါတယ်။ သခင်လေးခိုင်။ မင်းရဲ့ ကူညီမှုကို”

လေပြေလေညင်းလေး တိုက်ခိုက်သွားသလိုမျိုး အချိန်တွေဟာ ခဏတာ ရပ်တန့်သွားသလိုပါပဲ။

ရေကန်ဘေးမှာ ရပ်နေရင်းတဲ့ ခိုင်ယွင်ဖုန်းကတော့ ရန်ရွှယ်ကို မယုံကြည်နိုင်တဲ့ အမူအယာနဲ့ ကြည့်နေတော့တယ်။

ဖန်ကျန်းရှီလည်း နည်းနည်းတော့ မျက်စိလည်သွားတယ်။ ရန်ရွှယ် ဒီ ပြဿနာကို မြင်မယ် ဆိုတာ သူယုံတယ်။ ဒါပေမယ့် ရန်ရွှယ်ပြောလိုက်တဲ့ ဒီစကားက ခိုင်ခိုင်မာမာ သက်သေထူလိုက်တယ်။

“သူတို့က တကယ့်ကို တစ်ဖွဲ့တည်းပဲ”

တွေဝေနေကြတဲ့သူတွေကတော့ သံသယတွေ ပျောက်ကုန်ကြပြီဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီ ရေခဲတုံးလို အေးစက်တဲ့ ရန်ရွှယ်က ဘယ်တော့မှ မလိမ်ဘူးလို့ လူတိုင်းကယုံကြည်လို့ပဲဖြစ်တယ်။

ခိုင်ယွင်ဖုန်း ရှင်းပြချင်ပေမယ့် ရေကန်ထဲ ရောက်နေတဲ့ ကန်ရှင်းဖျင်ကတော့ သူ့ကို စကားပြောခွင့်တောင် မပေးတော့ပါဘူး။

ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်ကတော့ စားသောက်ဆိုင်ကို အတူတူ သွားပါတော့တယ်။

ဒါပေမယ့် ရေကန်ဘေးက အခြေအနေကတော့ မငြိမ်သက်နိုင်တော့ပါဘူး။ ဒေါသထွက်နေတဲ့ ကန်ရှင်းဖျင်ကတော့ ခိုင်ယွင်ဖုန်းကို ကမှုူရှူးထိုး တိုက်ခိုက်ပါတော့တယ်။ သူတို့ရဲ့ လှုပ်ရှားမှု တစ်ခုချင်းစီဟာ သေစေနိုင်လောက်တဲ့ အထိ ပြင်းထန် ရက်စက်လွန်းတယ်။

ဒီလို တိုက်ခိုက်မှုမျိုးက ခိုင်ယွင်ဖုန်းကို တုန်လှုပ်စေတယ်။ အလျှော့ပေးလို့ မဖြစ်ဘူး ဆိုတဲ့ အသိကို ဝင်စေတယ်။

အဲ့ဒီ့နောက်

အသေအကျေ တိုက်ခိုက်ပွဲကြီးတစ်ခုဟာ ရေကန်ဘေးမှာ စတင်တော့တယ်။

အဆုံးသတ်မှာတော့ ကန်ရှင်းဖျင်ကော ခိုင်ယွင်ဖုန်းကော သူတို့ ဒီလို တိုက်ခိုက်နေကြတာ တစ်ခုခု လွဲနေမှန်း သတိထားလိုက်မိတယ်။

…

စားသောက်ဆိုင် ထဲမှာတော့ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ တို့က ဘေးကပ်လျက် ထိုင်နေကြတယ်။ စားသောက်ဆိုင် အပြင်ဘက်မှာတော့ မုတ်ဆိတ်မွှေးတွေနဲ့ လူကြီးဟာ ရပ်စောင့်နေတယ်။ စားပွဲထိုးလေး တစ်ယောက်က ရေနွေးကြမ်းလာငှဲ့ပေးတော့တယ်။

ရန်ရွှယ် ကတော့ မေးခွန်းမထုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖြစ်နေတဲ့ ကိစ္စတွေကို သူ အကုန် နားလည်တာကြောင့်ပါ။ ဖန်ကျန်းရှီကလည်း စကားမပြောပါဘူး။ ရန်ရွှယ်က သူ စိတ်ပါရင် စကားစပြောမယ် ဆိုတာ ဖန်ကျန်းရှီ သိတဲ့ အတွက် ဖြစ်တယ်။

ဒီလိုမျိုးပဲ စားသောက်ဆိုင်ထဲကနေ ရေကန်ဘေးမှာ တိုက်ခိုက်နေကြတာကို အေးအေးဆေးဆေး ထိုင်ကြည့်နေကြတော့တယ်။

ဒီ နှစ်ယောက်လုံး အားကုန်သွားပြီး နောက်ဆုံး ထပ် မတိုက်ခိုက်နိုင်တော့တဲ့ အထိ ဖြစ်လာကြတယ်။ လူတစ်ချို့ကတော့ ရပ်မကြည့်ရဲတော့တဲ့ အတွက် ထွက်သွားကြတော့တယ်။ တိတ်ဆိတ်မှုကတော့ နောက်ဆုံးမှာ ကျိုးပျက်သွားတော့တယ်။

“မြို့တော် စာမေးပွဲကတော့ ဆယ်ရက်အတွင်း စတော့မှာ” ရန်ရွှယ်က စပြောတော့တယ်။

“ဟုတ်ပြီ။” ဖန်ကျန်းရှီက ခေါငးငြိမ့်လိုက်တော့တယ်။

“ဒီတစ်ခေါက် စာမေးပွဲမှာတော့ မေးခွန်းပုံစံပြောင်းမယ်လို့ ကြားတယ်။ ” ရန်ရွယ်က ဆက်ပြောတော့တယ်။

“ငါကြောင့်လား” ဖန်ကျန်းရှီက ခန့်မှန်းလိုက်တယ်။

“ဟုတ်လည်း ဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူး။” ရန်ရွှယ်က ခေါင်းငြိမ့်ပြီး ခေါင်းခါလိုက်တယ်။

ဖန်ကျန်းရှီကတော့ စကားမဆက်ပဲနဲ့ ရေနွေးကိုသာ ဖြည်းဖြည်းချင်း သောက်နေတယ်။ ရန်ရွှယ် ဆက်ပြီးပြောပြမှာကို တိတ်တိတ်ဆိတ်ဆိတ်လေး စောင့်နေတယ်။

“ချီကူယန်ရဲ့ ရာထူက မြင့်ပေမယ့် ဒီ စာမေးပွဲ မေးခွန်းကိုတော့ တော်ဝင်ကျောင်းတော်ကပဲ ထုတ်တာ။ မေးခွန်းကိုတော့ လက်ဝဲရံ ဝန်ကြီးကနေ ကြီးကြပ်တာ”

“ဒီတစ်ကြိမ်မှာတော့ ယုံကြည်မှု မြစ် မြို့တော်မှာ စုဝေးလာတဲ့ ကျောင်းတော်သားတွေ အရမ်းများလွန်းတဲ့ အတွက် မေးခွန်း ပြင်ဆင်သူက မေးခွန်း ပုံစံ အသစ် ပြုလုပ်ဖို့ အကြံပေးလိုက်တာဖြစ်တယ်။ တော်ဝင်ကျောင်းတောက မေးခွန်းထုတ်ပြီးပြီ။ လက်ဝဲရံ ဝန်ကြီးချုပ် ဆုံးဖြတ်ဖို့ပဲ လိုတော့တာ။”

ရှင်းပြပြီးတဲ့ နောက် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်တော့တယ်။ သူ့ရဲ့ မျက်နှာကတော့ အနည်းငယ်ရဲနေတယ်။ ဒီလိုမျိုး စကားများများပြောတာက သူ့အတွက် တော့ ကျင့်သားမရနိုင်သေးဘူးဖြစ်နေတယ်။

“ငါနားလည်ပြီ။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တော့တယ်။

“မြို့တော် စာမေးပွဲမှာ ပြောင်းလဲမှုဖြစ်တာကို မင်း လက်ခံမှာလား။” ရန်ရွှယ်က ရေနွေး နောက်တစ်ငုံသောက်လိုက်ရင်း ဆက်ပြောတော့တယ်။

“ငါ့မှာ ရွေးစရာကော ရှိလို့လား“

“မရှိဘူး။”

“ဒါဆိုလည်း ဒီအတိုင်းပဲ ဖြေရတာပေါ့။”

…

ဖန်ကျန်းရှီ ြငိမ်သက်သော မှင်ကန်မှာ ပေါ် လာတဲ့ သတင်းဟာ ယုံကြည်မှု မြစ် မြို့တော် တစ်ခုလုံးကို လျင်လျင်မြန်မြန်နဲ့ ပျံ့နှံ့သွားတော့တယ်။ လူတိုင်းကတော့ ဖန်ကျန်းရှီ ဒီ ဆယ်ရက်တာကို သက်တောင့်သက်သာ ကျော်ဖြတ်နိုင်မယ်လို့ ခန့်မှန်းနေကြတယ်။

ဖန်ကျန်းရှီရဲ့ နေ့ရက်တွေကတော့ သာယာ အေးချမ်းနေပါတယ်။

ရန်ရွှယ်ကတော့ သူ့အတွက် လှပပြီး သပ်၇ပ်တဲ့ အခန်းတစ်ခုကို ငှားပေးထားတယ်။

ရန်ရွှယ်ကတော့ ဖန်ကျန်းရှီကို အတော်လေး ဧည့်ဝတ်ကျေလွန်းနေတယ်။ အကြောင်းရင်းကတော့ ဖန်ကျန်းရှီဒီ လို အကူအညီယူတာက ရန်ရွှယ်ကို အသုံးချဖို့ မဟုတ်ဘဲ သူ့ကိုယ်သူ ကာကွယ်ဖို့ သပ်သပ်ပဲ ဖြစ်တယ်။

ဆူညံ ဆူညံလုပ်နေတဲ့ ယင်ကောင်တွေကို ရှောင်ဖို့က ခက်ခဲတာတော့လည်း မဟုတ်ဘူးလေ။

မြို့တော် စာမေးပွဲကြီးကိုတော့ နီးကပ်လာတော့တယ်။ ဒီအချိန်မှာ အတော်လေး အေးချမ်းတဲ့မြို့တော်ကြီးကို ပေါက်ကွဲသွားစေတဲ့ သတင်းတစ်ခု ရောက်ရှိလာတော့တယ်။

ယွင်ချင်းဝူ ယုံကြည်မြစ် မြို့တော်ကို ရောက်လာတယ်။

ယုံကြည်မှုမြစ် မြို့တော် တစ်ခုလုံးကို မီးစအကြီးကြီး ကျလာသလိုမျိုး ဒီ အဖြစ်အပျက်ဟာ မြို့တော်ကို လှုပ်ရှားစေတယ်။ ဒီကို ယွင်ချင်းဝူ ရောက်လာတာ အပြစ်သားအတွက် အမိန့်တော်ကြောင့်ဖြစ်မယ်ဆိုတာ ကျောင်းတော်သားတွေ သိကြတယ်။

ဒီအဖြစ်မှာ သူမက ခံရတဲ့ သူလေ။

နောက်ပြီးတော့ မြို့တော်စာမေးပွဲ ကျင်းပဖို့ သုံးရက်ပဲ လိုတော့တယ်။ ရိုးရာ အရဆိုရင် ကျောင်းတော်သားတွေနဲ့ မိန်းမလှလေးတွေ စုဝေးဖို့ အချိန် ကျရောက်လာပြီဖြစ်တယ်။

ယုံကြည်မှု မြစ် မြို့တော်မှာ စုဝေးနေကြတဲ့ကျောင်းတော်သားတွေ အကုန်လုံးဟာတော့ ဒီ ယဉ်ကျေးမှု ပွဲတော်မှာ ဝင်ရောက် ဆင်နွှဲဖို့ အသင့် ဖြစ်နေကြတော့တယ်။

ဒါပေမယ့် ထူးဆန်းတာကတော့ ဖန်ကျန်းရှီလည်း ပွဲတော်ကို မလာသလို။ ယွင်ချင်းဝူလည်း ပွဲတော် မလာဘူးဖြစ်တယ်။

ကြီးကျယ် ခမ်းနာ်းတဲ့ ပွဲတော်ကြီး ကတော့ အထီးကျန်တဲ့ သက်ပြင်းချသံတွေနဲ့သာ အဆုံးသတ်သွားတော့တယ်။

ယုံကြည်မှု မြစ် မြို့တော် မှာ ရောက်နေကြတဲ့ ကျောင်းတော်သားတွေ ရင်ထဲမှာတော့ မေးခွန်းကြီးတစ်ခု ကျန်၇ှိနေတော့တယ်။

ယွင်ချင်းဝူ ဒီ မြို့တော်ကို ရောက်လာတာ ဘာကြောင့်လဲ။

ဖန်ကျန်းရှီကြောင့်သာ ဖြစ်မယ်ဆိုရင် ပွဲတော်ကြီးကို ဘာကြောင့်မလာတာလဲ။ ဒီလို အခွင့်ရေးကောင်း တစ်ခုကို ဘာကြော်င့် လက်လွှတ်ရတာလြ။

ဒါ့အပြင်။

ယွင်ချင်းဝူသာ ဖန်ကျန်းရှီကြောင့် ရောက်လာတာ မဟုတ်ခဲ့ရင်။ ဒီလို စာမေးပွဲ ကျင်းပ ချိန်နဲ့ အချိန်ကိုက်ပြီး မြို့တော်ကို ဘာကြောင့် ရောက်လာတာလဲ။

လူတွေကတော့ နားမလည်နိုင်တော့ပါဘူး။

သူတို့လည်း ဘာကို ယုံရမယ်မှန်း မသိတော့တာကြောင့် သံသယ အပြည့်နဲ့သာ ငြိမ်နေရတော့တယ်။ နောက်ထပ် လန့်စရာ တစ်ခုကတော့ မြို့တော် တာအို စာမေးပွဲ စတင်တာပဲ ဖြစ်တယ်။

စိတ်အေးအေး ထားလို့ ရပါမလား။

ဖန်ကျန်းရှီလည်း ယုံကြည်မှု မြစ်မြို့တော်ကို ရောက်နေတဲ့ အပြင် ငြိမ်သက်သော မှင်ကန်မှာတောင် ပေါ်လာသေးတယ်။ လှုပ်လှုပ်ရှားရှား ဖြစ်အောင် လုပ်သွားနိုင်ပေမယ့် တကယ့် မုန်တိုင်းကတော့ အခုမှ ပြင်ဆင်ရုံသာ ရှိသေးတယ်။

ဒါက အခုမှ

လေပြေဝှေ့ရုံလောက် ၇ှိသေးတယ်။

အခုချိန်က စပြီး တကယ့် မုန်တိုင်း အစစ် စတင်ပြီ။

အပိုင် (၈၆)ပြီး၏။

အပိုင်း (၈၇)

“သိုဝှက်ထားသော”

Translator: Sparrow Translations Editor: Sparrow Translations

…

ကောင်းကင်ဟာ အုံ့ဆိုင်းမှိုင်းပျနေတယ်။

ယုံကြည်မှု မြစ်မြို့တော်ကို နှင်းမြူမှုန် အလွှာပါးလေး က ဖုံးအုပ်ထားပြီး ပဝါခြုံထားသော အမျိုးသမီး တစ်ယောက်နှယ် လှပလွန်းနေ၏။

မြို့တော် တာအို စာမေးပွဲကတော့ ပုံမှန်လို အတွေးအခေါ် စာမေးပွဲနဲ့ တိုက်ခိုက်ရေး စာမေးပွဲ နှစ်ခုရှိတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ဒေသတွင်း တာအိုစာမေးပွဲနဲ့ မတူညီတာကတော့ မြို့တော် တာအို စာမေးပွဲမှာ ပြောင်းလဲမှု တစ်ချို့ လုပ်ထားတာကြောင့်ပဲ ဖြစ်တယ်။ အတွေးအခေါ်စာမေးပွဲ တစ်ချီတည်းပဲ ပြိုင်ရပြီးတော့ ဒီတစ်ချီမှာ ကျရှုံးရင် စာမေးပွဲကနေ ထွက်ခွာရမှာဖြစ်တယ်။

ဒါက တကယ့်ကို ရက်စက်လွန်းပါတယ်။

ဒါပေမယ့် ယုံကြည်မှုမြစ်မြို့တော်ကို ဝေးကွာလွန်းလှတဲ့နေရာဒေသတွေကနေ လာရောက်သူတွေ အဖို့တော့ ဒီ ရက်စက်တဲ့ အမှန်တရားက အတော်လေးကို ကြောက်စရာကောင်းတယ်။

သေချာတာကတော့ ဒီမှာ ချွင်းချက်တော့ ၇ှိနေတယ်။ ဥပမာအားဖြင့် အတော်လေး မပျော်မရွှင်ဖြစ်နေတဲ့ လီကျွမ်းစီ။ ယုံကြည်မှု မြစ်မြို့တော်မှာ စုဝေးနေကြတဲ့ကျောင်းတော်သားတွေကို ကြည့်လိုက်ရင်း ဟန်တောင် မဆောင်နိုင်တော့ပါဘူး။

တကယ်ပဲ လွန်လွန်းတယ်။

ဒါက မြို့တော် စာမေးပွဲလေး တစ်ခုပဲ လေ။ ဘာကိစ္စ လူ ဒီလောက် များရတာလဲ။

ကြီးမြတ်သော ရှ မင်းဆက်မှာ တာအို နိယာမ စာမေးပွဲအတွက် စည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတယ်။ မြို့တော် တာအိုစာမေးပွဲမှာ ပါဝင်ဖို့ လူအရေအတွက်က အမြဲတန်း ညီမျှနေရမယ်။ မြို့တော်စာမေးပွဲမှာ ဖြေဆိုသူ ဘယ်လောက်များပါစေ ။ အောင်စာရင်း မှာ ပါမယ့် နာမည်အရေအတွက်ကတော့ အတိအကျပဲ ဖြစ်တယ်။

ဒါကြောင့် ဒီကိစ္စက ရိုးရှင်းပါတယ်။ မြို့တော် တာအို စာမေးပွဲကို လူများများ ဝင်ဖြေလေ အောင်ဖို့ အခွင့်အရေးနည်းလေဖြစ်တယ်။

လီကျွမ်းစီကတော့ မိုးနတ်မင်းကြီးက သူ့ကို အရူးလုပ်နေသလို ခံစားနေရတယ်။ သူ ရှစ်နှစ်လုံးလုံးပြင်ဆင်ခဲ့တယ်။ ဒေသတွင်းတာအို စာမေးပွဲကိုအောင်မြင်ဖို့ နှစ်ခါကြိုးစားခဲ့ရတယ်။ ခက်ခက်ခဲခဲအောင်မြင်ပြီးပြန်တော့ မြို့တော် တာအို စာမေးပွဲမှာ နှစ်ကြိမ် ကျရှုံးခဲ့တယ်။

ပြန်တက်ဖို့ခက်တဲ့ လျှိုမြောင် နက်နက်ထဲ ကျနေတယ်လို့ ဆိုရမယ်။

ဒီနှစ်တွေမှာ ကုန်ဆုံးခဲ့တဲ့ ရှစ်နှစ်လုံးလုံး ကြိုးစားခဲ့သမျှ အချိန်တွေ ရဲ့ ရလဒ်ကောင်းကို ဒီနောက်ဆုံးနှစ်မှာ မျှော်လင့်ထားခဲ့တာ။

ဘာကြောင့် ဒီလိုမျိုးဖြစ်လာရတာလဲ။

သူမကျေနပ်ဘူး။ လုံး၀ မကျေနပ်ဘူး။ ကောင်းကင်ကနေ စီးကျလာတဲ့ မိုးရေစက်တွေကို ကြည့်ရင်း နဲ့ လီကျွမ်းစီ သူ့အိတ်ထဲက စာတစ်စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့တယ်။

အေးစက်လှတဲ့ အကြည့်တစ်ခု ။

“တောင်းပန်ပါတယ်။” ဒီအချိန်မှာတော့ လီကျွမ်းစီ တစ်စုံတစ်ခုကို ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်တဲ့ပုံပါပဲ။

…

" အချိန်တွေဟာ တဖြည်းဖြည်း ကုန်ဆုံးရင်း ယုံကြည်မှု မြစ် မြို့တော် ရုံး မှာ ကျောင်းတော်သားတွေ စုဝေးချိန်ကို ရောက်လာပါတော့တယ်။ သည်းသည်းထန်ထန် ရွာနေတဲ့ မိုးဟာ သူတို့ရဲ့ စိတ်အားထက်သန်မှုကို တားဆီးနိုင်ဟန် မရှိပါဘူး။ စိတ်အားထက်သန်မှုကို သာ ကျောင်းတော်သားတွေ စီမှာ တွေ့နေရပါတယ်။

လူတိုင်းကတော့ အတွေးအခေါ် စာမေးပွဲမှာ မေးခွန်းပုံစံပြောင်းထားတဲ့ အကြောင်း ဆွေးနွေးကြရင်းနဲ့ ဘယ်လို အဆင့် မျိုး ထွက်လာကြမလဲ ဆိုတာ ခန့်မှန်းနေကြပါတယ်။

“မြို့တော် တာအို စာမေးပွဲ မေးခွန်းတွေက အမြဲ ခက်ခဲတယ်။ ဒါအပြင် တာအို နိယာမကို လုံး၀ ပိုင်ပိုင်နိုင်နိုင် အာဂုံဆောင်နိုင်မှလဲ ရမှာ။ ဒီ အခန်း သုံးထောင် လုံးကို ဘယ်သူကများ အကုန် အလွတ်ရမှာလဲ။ ဒီစာမေးပွဲက ကံအပေါ် မူတည်တယ်။ ”

“ကံက လည်း အရေးပါပေမယ့် ။ ကိုယ်ပိုင် အရည်အချင်းက ပိုပြီး အရေးကြီးတယ်။ ဒါ့အပြင် တာအို နိယာမကို အာဂုံဆောင်နိုင်တာက မေးခွန်းကို ဖတ်တတ်ရုံပဲ ၇ှိမှာ အဓိက အချက်က တာအို နိယာမကို အသုံးပြုပုံအကြောင်း နားလည်ဖို့ပဲ ဖြစ်တယ်။ .

“ခန့်မှန်းစရာတောင် လိုလို့လား။ ဟွားခန်အန်းက အသန်မာဆုံးပဲ။ ပုန်းကွယ်နေသော နဂါးမှာတောင် အဆင့် ၂၀ ။ ကြယ်တာရာ စုဝေးမှု ထိပ်သီး အဆင့် နောက်ပြီး နိုးထလာသော နဂါးအဆင့်နဲ့ အတူတူပဲ။ ဒါပေမယ့် အတွေးအခေါ်စာမေးပွဲ အကြောင်း ပြောရရင်တော့ ကျန်းဟော်ထုံက အတော်ဆုံးဖြစ်မယ်လို့ ငါထင်တယ်။ ”

“ငါလည်းပဲ ကျန်းဟော်ထုံလို့ ထင်တယ်။ အစိုးရ မှာလဲ နေရာရတဲ့ အပြင် စာပေပညာမှာလဲ ကျန်းမိသားစုတွေက ထူးချွန်ကြတယ်။ ဒါ့အပြင်ကို မေးခွန်းစစ် ခေါင်းဆောင်ကြီးရဲ့ ချီးမွမ်းမှုတောင်မှ ရထားတယ်။ ဒေသတွင်းစာမေးပွဲတုန်းကလဲ အတော်ဆုံးဆိုပဲ။ ထူးချွန်တဲ့ စာပေပညာရှင်”

“ဒါဆိုဖန်ကျန်းရှီကကော။ ဟွေ့အန်းဒေသမှာ ထိပ်သီး အဆင့် ချန်ပီယံ ဖြစ်တဲ့ အပြင်ကို အမှတ်ပြည့်ပါရတာလေ။”

"

“ဖန်ကျန်းရှီ အမှတ်ပြည့်လား။ သူ့မေးခွန်းစာရွက် ဘယ်သူကမှ မမြင်ဖူးတာ ဘယ်လို ယုံရမှာလဲ။ နောက်ပြီး ဒေသတွင်း စာမေးပွဲတုန်းက မုန့်ယွိရှုဆိုတဲ့ကျောင်းတော်သားကိုတောင် သူ ချန်ပီယံ ဖြစ်ဖို့ အတွက် တိုင်လိုက်သေးတယ်ဆိုပဲ။ ဒီလိုလူက ရေတွင်းထဲက ဖား သာသာပဲရှိတာ။”

“ဟား ဟား ဟား အကိုချန်ပြောတာ မှန်တယ်။ ကျွန်တော် လုံးဝကို ထောက်ခံတယ်။ ”

…

ကျောင်းတော်သားတွေ ဆွေးနွေးနေကြချိန်မှာပဲ လူနှစ်ဦးဟာ တရွေ့ရွေ့နဲ့ နီးကပ်လာတော့တယ်။

တစ်ဦးကတော့ ဘရိုကိတ် ဝတ်ရုံကို ဝတ်ထားပြီး ရွေအရိုး ငွေချည် ယပ်တောင်ကို ကိုင်ဆောင်ထားတယ်။ သူ့အမူအယာကတော့ အေးစက်လွန်းတယ်။ တခြားတစ်ဦကတော့ ပြုံးချိုတဲ့ မျက်နှာသွင်ပြင်၇ှိပြီး သိပ်သည်းလှတဲ့ မိုးစက်မိုးပေါက်လေးတွေ ကျဆင်းနေဟန် မိုးပြာရောင် ဝတ်ရုံကို ဝတ်ထားပါတယ်။

ဒါကတော့ ရန်ရွယ်နဲ့ ဖန်ကျန်းရှီပါ။

“ဖန်ကျန်းရှီ ရောက်လာပြီ။”

“ရန်ရွှယ်က တကယ်ပဲ သူနဲ့ အတူ ၇ှိနေတယ်။ ရန်ရွှယ်လည်း မြို့တော် စာမေးပွဲ လာဖြေတယ်လို့တော့ မပြောနဲ့နော်၊”

“အာ ငါမေ့နေတာပဲ ။ ရန်ရွှယ်က ဒီနှစ်ဆို ၁၆ နှစ်ပြည့်ပြီ။ ရန် မိသားစုရဲ့ ထုံးစံအရဆိုရင် ၁၆ နှစ်ပြည့်တာနဲ့ သူ စာမေးပွဲ ဖြေခွင့်ရပြီပဲ။”

“ရန်ရွှယ်သာ မြို့တော် စာမေးပွဲကို ဝင်ဖြေရင် တကယ်ပဲ စိတ်လှုပ်ရှားစရာတွေ ဖြစ်လာတော့မှာပဲ။ ဒါပေမယ့် ရန်ရွှယ်က ဘယ် အဆင့်ကို ရောက်နေလဲ ဆိုတာ ငါမသိဘူး။ ”

“ရန်ရွှယ်က နာမည်ကျော်ပေမယ့် ။ ဘယ်သူကမှ သူတိုက်ခိုက်တာကို မမြင်ဖူးဘူး။ ပုန်းကွယ်နေသော နဂါး အဆင့်ထဲမှာတောင် ရောက်မနေဘူး။ သူ ဘယ်လောက် သန်မာလဲ ဘယ်သူကမှ မသိဘူး။ ငါထင်တာတော့ သူ ကြယ်တာရာ စုဝေးဆင့်လောက်ပဲ ရှိမယ်။”

ဖန်ကျန်းရှီ ပေါ်ထွက်လာမှုကတော့ လူတွေကို မတုန်လှုပ်စေဘူး။ ရန်ရွှယ်ရဲ့ ပေါ်ထွက်လာမှုကတော့ လူတွေကို စတင် ခန့်မှန်းစေတော့တယ်။ ရန်မိသားစုရဲ့ ကျော်ကြားတဲ့ ဂုဏ်သတင်းက ကြီးမြတ်သော “ရှ” မင်းဆက်ကို အတော်လေး လွှမ်းမိုးနိုင်တယ်။

သူတို့ရဲ့ ဆွေးနွေးသံတွေကို ကြားပြီးနောက်မှာတော့ ရန်ရွှယ်ရဲ့ အမူအယာ အနည်းငယ် ပျက်ယွင်းသွားတော့တယ်။ သိပ်မကြာခင်မှာပဲ မူလ အေးတိအေးစက်ပုံစံ ပြန်ဖြစ်သွားတော့တယ်။

“မင်းကြည့်ရတာ ရန်မိသားစုနဲ့ ပတ်သက်ရတာကို သဘောမကျတဲ့ ပုံပဲ။” ဖန်ကျန်းရှီက ပြောလိုက်တယ်။

“ဟုတ်တယ်။” ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တယ်။

“ဒါဆိုရင် မင်း အနောက်ဘက် လျန်ဒေသကို ခွာပြီး မြောက်ပိုင်း ဒေသမှာ တာအို စာမေးပွဲ လာဖြေတာ ဒီအကြောင်းရင်း ကြောင့်ပဲ ဖြစ်ရမယ်။” ဖန်ကျန်းရှီက ခန့်မှန်းလိုက်တယ်။

“ဟုတ်တယ်။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်ပြန်တယ။်

ဖန်ကျန်းရှီက ထပ်ပြီးမပြောတော့ပါဘူး။ ရန်ရွှယ်အကြောင်းကို သူပိုသိလာတယ်။ ရန်မိသားစုက မြောက်ပိုင်းဒေသ က မဟုတ်ဘူး။ သာမာန် အခြေအနေ မျိုးမှာ ဆိုရင် အရှုံးပေးပြီး ဒီလိုမျိုးဝေးလံတဲ့ ဒေသကို လာရောက်တာက အကြံကောင်း မဟုတ်ဘူး။

ဒါပေမယ့် ရန်ရွှယ် ဒီလို လက်လျှော့လိုက်တာက အကြောင်းရင်း ကြီးကြီးမားမာ း တစ်ခုတော့ ရှိလိမ့်မယ်။

“ဒုံ”

ဗုံသံ ဟာ စာမေးပွဲ စတင်တော့မှာ ဖြစ်ကြောင်း အချက်ပေးသံဖြစ်တယ်။

ယုံကြည်မှု မြစ် မြို့တော်ကို လာတဲ့ ကျောင်းတော်သားတွေ များပြားလွန်းလို့ ယုံကြည်မြစ် မြို့တော်ရဲ့ တာအို ကျောင်းတော်က နေရာ မဆံ့ဘူး။ ဒါကြောင့် မြို့တော်ရုံးမှာ ပြောင်းလဲပြီး ကျင်းပရတယ်။

တောရိုင်းကောင် ပုံတွေကို ထွင်းထုထားတဲ့ အနီရောင် သစ်သာ တံခါးကြီး နှစ်ချပ်ဟာတော့ ပွင့်သွားပြီဖြစ်တယ်။

သံချပ်ကာဝတ် တပ်သား ၄ တန်းဟာ အရှေ့အနောက် တောင် မြောက် လေး မျက်နှာလုံးမှာ နေရာတကျ စောင့်ကြပ်နေတယ်။

ဝတ်စုံနက် ကို ဝတ်ဆင်ထားတဲ့ တော်ဝင် စာမေးပွဲစောင့်တွေကတော့ မြို့တော်ရုံးတံခါးမှာ ရပ်နေကြတယ်။

မြို့တော် စာမေးပွဲဟာ ဒေသတွင်း တာအို စာမေးပွဲထက် များစွာ တင်းကြပ်လွန်းလှတယ်။

သေချာတာကတော့ မြို့တော် တာအို စာမေးပွဲကို ဖြေဆိုနိုင်ရင် နဂါးတံခါးကို ဖြတ်သန်းပြီးတာနဲ့တူတယ်။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ စာရင်းမှာ နာမည် တစ်ခု ရေးထိုးပြီးပြီ ဆိုတာနဲ့ ဥပဒေရဲ့ အကာအကွယ်ကို လည်း ရသွားပြီးဖြစ်တယ်။ ကြီးမားတဲ့ အမှုအခင်း မဖြစ်မချင်း အပြစ်ဒဏ်ကနေ လွတ်ကင်းနိုင်တယ်။

ဒါ့အပြင် အပြင်လောကမှာလဲ အခွင့်ထူးခံတစ်ယောက်ဖြစ်လာနိုင်ပြီး အကြံပေးသူ အရေးပါ အရာရောက်သူ တစ်ယောက်ဖြစ်လာနိုင်တယ်။

ကျောင်းတော်သား အုပ်စုကြီးကတော့ ညီညာစွာ စီတန်းလျှောက်လှမ်းနေရတယ်။

ဖန်ကျန်းရှီကတော့ ထုံးစံအတိုင်း ရန်ရွှယ်နဲ့ ပုခုံးချင်း ယှဉ်ပြီးလျှောက်တယ်။ မြို့တော်ရုံးကို ဦးတည်တဲ့ တံခါးကို သွားနေချိန်မှာ ဖန်ကျန်းရှီဟာ မျက်မှောင်ကြုတ်ရင်း တောင့်တောင့်ကြီးရပ်နေတဲ့ ဖန်ကျန်းရှီကို တွေ့သွားတော့တယ်။

လီကျွမ်းစီကလည်း သူ့ကို သတိပြုမိသွားဟန်ပဲ။

“ကျန်းရှီ။ ငါတို့ရဲ့ ကံတွေက တကယ်ပဲ မတူညီတဲ့ လမ်းကြောင်းမှာ လျှောက်နေကြရတာ။ မြို့တော် တာအို စာမေးပွဲကြီးမှာ ဒီ လို လာဆုံရတာ မိုးနတ်မင်းရဲ့ လှည့်စားမှုကြောင့်ပဲ ဖြစ်တယ်။ ” လီကျွမ်းစီက ပထမဆုံးအနေနဲ့ ဖန်ကျန်းရှီကို နှိမ့်ချပြီး မပြောတာဖြစ်တယ်.။ ဒါ့အပြင်သူ့ပုံစံက စိတ်မကောင်းဖြစ်နေပုံပဲ။

ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။

ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တာကို လီကျွမ်းစီ မြင်ချိန်မှာတော့ သူ့မျက်လုံးထဲမှာ အေးစက်တဲ့ အရိပ်အယောင်တစ်ခု ပေါ်ထွက်လာတော့တယ်။

“ ဟူူးး။ စိတ်မရှိပါနဲ့။ မင်းအဖေနဲ့ငါက ငယ်သူငယ်ချင်းတွေ။ ဒီနေ့ မှာ မင်း စာမေးပွဲကျတာကို မမြင်ချင်တဲ့အတွက် ငါမင်းကို ကူညီလိုက်မယ်။ လွန်ခဲ့တဲ့ ရက် အနည်းငယ်တုန်းက ဒီအဖြေစာရွက်ကို မိတ်ဆွေ တစ်ယောက်ဆီက ရခဲ့တယ်။ ငါ ကူးထားတဲ့ ထဲက တစ်ခု မင်းကို ပေးမယ်။” လီကျွမ်းစီက ပြောရင်းနဲ့ သူ့အိတ်ထဲက စာကို သတိထားပြီး ဖန်ကျန်းရှီ လက်ထဲ ထည့်ပေးလိုက်တော့တယ်။

“ဦးလေးလီ တကယ်ပဲ ဒီလို လုပ်ချင်တာလား။”

“မင်း ငါ့ကို နားလည်မယ် ထင်ပါတယ်။” လီကျွမ်းစီက ဖန်ကျန်းရှီကို လေးစားမှု အပြည့်နဲ့ ပြောလိုက်တော့တယ်။

“ကျေးဇူးတင်ပါတယ်။ ဦးလေးလီ” ဖန်ကျန်းရှီက ထပ်မပြောတော့ဘဲ စာအိတ်ကို အိတ်ထဲ ထည့်လိုက်ရင်း မြို့တော်ရုံးဆီကို လျှောက်လှမ်းသွားတော့တယ်။

အပိုင်း (၈၇) ပြီး၏။

အပိုင်း (၈၈)

“စောစီးစွာ လှုပ်ရှားခြင်း”

Translator: Sparrow Translations Editor: Sparrow Translations

" လီကျွမ်းစီကတော့ စာမေးပွဲခန်းထဲ ဝင်တဲ့ ဝင်ပေါက်မှာ ဖန်ကျန်းရှီ ရပ်စောင့်နေတာကို တွေ့လိုက်တော့တယ်။

“ငါ့ကို မိသွားပြီ လို့တော့ မပြောနဲ့” လီကျွမ်းစီကတော့ စိတ်ထဲမှာ မလုံမလဲ ဖြစ်နေတယ်။ ဒါပေမယ့် သူ့ကိုယ်သူ ထိန်းချုပ်လိုက်ရင်း “ကျန်းရှီ ဘာလို့ ထိုင်ခုံမှာ မထိုင်သေးတာလဲ။”

“ကျွန်တော်က ဦးလေးလီကို မေးခွန်း နည်းနည်းလောက် မေးချင်လို့ပါ။” ဖန်ကျန်းရှီ က လီကျွမ်းစီနားကို လျှောက်လာရင်း လေသံတိုးတိုးနဲ့ ပြောလိုက်တယ်.။

လီကျွမ်းစီကတော့ စိတ်ထဲ မလုံမလဲ ဖြစ်လွန်းလို့ နှလုံးပြုတ်ထွက်တော့မတတ် ဖြစ်နေတယ်။ အကယ်၍ ဖန်ကျန်းရှီသာ သူ့အကြောင်းကို သိသွားရင် ဒီမှာ တခါတည်း သေမှာပဲ။

“မေးပါ။” လီကျွမ်းစီက အသက်ပြင်းပြင်း ရှူရင်းပြောလိုက်တယ်။

“ဒီတစ်ကြိမ်မှာ ဦးလေးလီ စာမေးပွဲကျသွားရင် ဘယ်လိုလုပ်မလဲ။” ဖန်ကျန်းရှီရဲ့ အသံကတော့ သိပ်ကို တိုးညင်းလွန်းနေတယ်။

“စာမေးပွဲကျရင်” လီကျွမ်းစီ အသက်မရှူနိုင်ဖြစ်သွားတယ်။ “အကယ်၍ ငါ စာမေးပွဲကျရင် ။ နောက်တစ်ခါ စာမေးပွဲထပ်ဖြေမယ်။ တောင်ဘက်တောင်ရွှာက တာအို ခန်းမ ဖျက်သိမ်းခံရရင်တောင် ဟူအာကို တခြားရွာ ရွှေ့ပြီး ပညာသင်စေမယ်။”

… လီကျွမ်းစီ မလိမ်ညာတော့ပဲ စိတ်ထဲ ရှိတဲ့ အတိုင်းသာပြောတော့တယ်။ ရှစ်နှစ်ကြာ ကြိုးစားခဲ့ပြီးနောက် သူ ဘယ်လို လက်လျှော့နိုင်တော့မှာလဲ။

“ဒါဆို တာအို နိယာမ စာမေးပွဲ ကနေ ထုတ်ပယ်ခံရရင်ကော။” ဖန်ကျန်းရှီက မေးလိုက်တယ်။

“ဒါ ဒါက” လီကျွမ်းစီ သတိပြန်ဝင်လာတော့တယ်။ သူ ဒါကို လုံး၀ မတွေးမိဘူး။ အဲ့ဒီ့နောက် သူ ရုတ်တရက် ခေါင်းတွေ ချာချာလည်သွားတော့တယ်။ ဖန်ကျန်းရှီက ဒီလို မေးခွန်းမျိုး ဘာကြောင့်မေးတာလဲ။

သူ မေးဖို့ ပြင်လိုက်ချိန်မှာပဲ ဖန်ကျန်းရှီ ဟာတော့ ခေါင်းခါရင်း လမ်းလျှောက်သွားတာကို တွေ့လိုက်ရတော့တယ်။

“ဦးလေးလီ ကြည့်ရတာ ဒီကိစ္စကို မစဉ်းစားမိတဲ့ ပုံပဲ။” လေထုထဲမှာ ပျံ့လွင့်လာတဲ့ ခပ်တိုးတိုး အသံဟာတော့ လီကျွမ်းစီကို အရိုးထဲ ထိ တုန်လှုပ်စေတယ်။

“သူတစ်ကယ်ပဲ သိသွားတာလား။ မဖြစ်ဘူး ငါ ထပ်မစောင့်နိုင်တော့ဘူး။” လီကျွမ်းစီက အံကြိတ်ရင်း ခပ်မြန်မြန်ပဲ လိုက်သွားတော့တယ်။

မြို့တော် တာအို စာမေးပွဲကတော့ ဒေသတွင်း တာအို စာမေးပွဲနဲ့ အတော်လေး ကွာခြားပါတယ်။ ထိုင်ခုံတွေ ကြားမှာ သစ်သားပြားတွေကို ကာရံထားတာကြောင့် သူများဆီက ခိုးကြည့်လို့ မရပါဘူး။ လှည့်စားမှု လုပ်လို့လည်း မရနိုင်ပါဘူး။

အကယ်၍ ဒေသတွင်းတာအို စာမေးပွဲကသာ အပန်းပြေမှု တစ်ခုဆိုရင်။ မြို့တော် အတွေးအခေါ်စာမေးပွဲကတော့ နေရာလွတ် မရှိတဲ့ ဖိစီးမှု တစ်ခုလို့ ဆိုရမှာပါ။

ကြီးမြတ်သော “ရှ” မင်းဆက်မှာ ကလောင်ကို ဓားသွားအဖြစ် ပြောင်းလဲ ဖြစ်ဖို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ မြို့တော် စာမေးပွဲနဲ့ ဒေသတွင်းစာမေးပွဲရဲ့ ခေါင်းစဉ် ရည်ရွယ်ချက်တွေကတော့ လုံးဝကို ကွာခြားလွန်းတယ်။

ဒေသတွင်းတာအို စာမေးပွဲက လေ့ကျင့်မှုတစ်ခုဖြစ်တယ်။

တံခါးတစ်ချပ်ရဲ့ အဝင်နဲ့တူတယ်။

ကြီးမြတ်သော “ရှ” မင်းဆက်မှာ တံခါးလှေကားထစ်တွေကို တက်ဖို့ အတွက် လုံးဝကို ပိတ်ဆို့ထားတယ်။ ဒါပေမယ့် အတွေးအခေါ် စာမေးပွဲမှာ အခွင့်အရေးပေးတာက တကယ့်ကို ဖြေလျှော့ပေးထားတာ ဖြစ်တယ်။

ဒါပေမယ့် မြို့တော် တာအို စာမေးပွဲကတော့ ကွဲပြားတယ်။ စာမေးပွဲ ပြီးတဲ့နောက် အောင်မြင်သူရဲ့ နာမည်ဟာ မှတ်တမ်းတင်ခြင်း ခံရတယ်။ လစဉ်တိုင်း ထောက်ပံ့ငွေ ရရှိတယ်။ ပမာဏ အများကြီး မရပေမယ့် လူမှုရေး နယ်ပယ်မှာ ဂုဏ်ပုဒ်ကတော့ ကွာခြားတယ်။

ဒါကြောင့် လှည့်စားမှု ဖြစ်ဖို့ ရာခိုင်နှုန်းလည်း နည်းလွန်းတယ်။ ပြစ်ဒဏ်ကတော့ များပြားလွန်းတယ်။

သေးငယ်တဲ့ အမှုမှာဆို ဒီတစ်ကြိမ် စာမေးပွဲကနေ ထုတ်ခံရမယ်။ ပြင်းထန်တဲ့ အမှုဆို၇င် စာမေးပွဲကနေ သုံးကြိမ် ၆နှစ် ရပ်နားခံရမယ်။ ပိုပြီး ဆိုးရွာရင်တော့ တစ်သက်တာ ပတ်လုံး ဖြေဆိုခွင့် ပိတ်ခံရမှာ ဖြစ်တယ်။

ဒီတစ်ကြိမ်မှာတော့ ဖန်ကျန်းရှီက ကြိုတင်ပြင်ဆင်လာခဲ့တယ်။ ဒါ့အပြင် ရန်ရွှယ်သူ့ကို ရှင်းပြထားတာကြောင့် မြို့တော် စာမေးပွဲရဲ့ စည်းကမ်းချက်တွေကို အတော်လေး သိနေပြီ။

စာဖြေသူ အရေအတွက်ကတော့ များလွန်းတဲ့ အတွက် စာဖြေခန်းထဲကို ဝင်ရတော့ သိပ်ပြီး မလွယ်လှဘူး။

မြို့တော်ရုံးမှာ ရှိတဲ့ အခန်း အမျိုးမျိုးမှာတော့ စာဖြေသူတွေနဲ့ ပြည့်နှက်နေကြတယ.်။ အခန်းတစ်ခုချင်းစီကို စောင့်ကြပ်နေတဲ့ စာဖြေခန်းစောင့်သူတွေလဲ ရောက်နေပြီးဖြစ်တယ်။ ဖန်ကျန်းရှီကတော့ အလင်းရောင် ကောင်းကောင်း၇တဲ့ နေရာတစ်ခုကို ရွေးချယ်ပြီး ထိုင်လိုက်ပြီ ဖြစ်တယ်။

အဲ့ဒီ့နောက် စာမေးပွဲစတာကို သူ စောင့်နေလိုက်တော့တယ်။

အဲ့ဒီ့အချိန်မှာပဲ အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ထားတဲ့ စာဖြေခန်းစောင့်သူတစ်ဦးဟာ ဖန်ကျန်းရှီဆီကို တန်းတန်းမတ်မတ် လျှောက်လာတော့တယ်။ သူ့နောက်မှာတော့ လီကျွမ်းစီက လိုက်လာတယ်။

“သူရောက်လာတာ မြန်သားပဲ။” ဖန်ကျန်းရှီက သက်ပြင်းချလိုက်တယ်။ သူ့ရဲ့ အမူအယာကတော့ ရေပြင်ကျယ်တစ်ခုလို ငြိမ်သက်နေပါတယ်။

စာဖြေခန်းစောင့်သူနောက်ကနေ လိုက်လာတဲ့ လီကျွမ်းစီက တော့ ဖန်ကျန်းရှီကို သူစာထည့်ပေးထားတဲ့ နေရာကို ပဲ စိုက် ကြည့်နေပါတယ်။ တကယ်တမ်းတော့ သူ ဖန်ကျန်းရှီကို ကြောက်နေမိတယ်။ ဒီကလေးက ထက်မြက်လွန်းတယ်။

စာမေးပွဲစတဲ့ အချိန်ထိ သူ မစောင့်ဝံ့ဘူး။

သူကြာကြာစောင့်လေ ပြဿနာ ဖြစ်နိုင်ချေ ပိုများလေပဲမို့။

“မင်းက ဖန်ကျန်းရှီလား။” စာဖြေခန်းစောင့်သူက မေးလိုက်တယ်။

“ဟုတ်ပါတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။

“စာဖြေခန်းထဲက လူတစ်ယောက် မင်းကို အဖြေစာရွက် ယူလာတဲ့ အကြောင်း တိုင်ကြားထားတယ်။” စာဖြေခန်းစောင့်သူက ပြောလိုက်တယ်။

စာဖြေခန်းစောင့်သူရဲ့ စကားသံ ထွက်ပေါ်လာပြီးနောက် နေရာရှာပြီးထိုင်ဖို့ လုပ်နေကြတဲ့ကျောင်းတော်သားတွေ မျက်နှာမှာ အံ့သြ ရိပ်တွေ ပေါ်လာတော့တယ်။ အဖြေလွှာ ယူလာတယ်။

ဖန်ကျန်းရှီက အဖြေလွှာ ယူလာတယ်။”

“မဖြစ်နိုင်လိုက်တာ ဒေသတွင်းတာအို စာမေးပွဲမှာတောင် အတွေးအခေါ် ချန်ပီယံ ဖြစ်ထားတာ ဒီ မြို့တော် စာမေးပွဲလောက်တော့ အဆင့်ကောင်းကောင်း မရရင်တောင် ဒုတိယ အဆင့်လောက်တော့ ရမှာကို သူက ဘာလို့ အဖြေစာရွက်ယူလာရမှာလဲ။”

“ငါထင်တာတော့ အဆင့်ကောင်းကောင်းရဖို့ဖြစ်မယ်။ ”

“ဖြစ်နိုင်တယ်။”

တစ်ယောက်ပြီးတစ်ယောက် ခပ်တိုးတိုး ထင်ရာ ပြောနေကြတယ်။

“အတွေးအခေါ် စာ်မေးပွဲ အဖြေလွှာ ။ စာမေးပွဲက စတောင် မစသေးတာ အဖြေလွှာက ဘယ်လို ရှိမှာလဲ။ ” ဖန်န်ကျန်းရှီကတော့ စိတ်ရှုပ်ဟန် မရှိပဲ နေရာမှာသာ အေးအေးဆေးဆေး ထိုင်နေပါတယ်။

စာဖြေခန်းစောင့်သူကလည်း သတိဝင်လာတယ်။ ဖန်ကျန်းရှီရဲ့ သတိပေးချက်ကြောင့် တစ်ခုခု လွဲနေတာကို သတိထားမိတယ်

သူက လီကျွမ်းစီရဲ့ တိုင်ကြားမှုကြောင့် သိပ်မစဉ်းစားပဲ နဲ့ လိုက်လာခဲ့တာ။

အခုတော့ စာဖြေခန်းစောင့်သူရဲ့ အကြည့်တွေက လီကျွမ်းစီ ဆီကိုရောက်နေပြီ။ အဓိပ္မာယ်ကတော့ ရှင်းပါတယ်။ “မင်းလာတိုင်တဲ့ အကြောင်းကို ရှင်း”

“မြို့တော်တာအို စာမေးပွဲ ဖြေဆိုချိန်သုံးတာ စာရွက်ထဲမှာ တာအို နိယာမရဲ့ ခန့်မှန်းမေးခွန်းတွေ ပါတယ်။” လီကျွမ်းစီက သူ့ကို စိုက်ကြည့်နေတဲ့ စာဖြေခန်းစောင့်သူကို ပြောလိုက်တယ်။

ဒီအချိန်မှာသာ စာဖြေခန်းစောင့်သူ ထွက်သွားမယ်ဆိုရင် သူ ကြိုးစားထားသမျှ သဲထဲ ရေသွန်ဖြစ်တော့မှာ။”

“ဖန်ကျန်းရှီ မင်း ရှင်းပြ။” စာဖြေခန်းစောင့်သူက ပြောလိုက်တယ် ။

“ဟမ်။ ကျွန်တော်တို့ စာဖြေခန်းထဲ ဘာပစ္စည်းမှ ယူလာလို့ မရဘူးလား။” ဖန်ကျန်းရှီ အိမ်မက်က နိုးလာသူ ပမာမေးလိုက်တယ်။

ဘေးပတ်ဝန်းကျင်က ကျောင်းတော်သားတွေကတော့ စတင်ရယ်မောကြတော့တယ်။

ဘယ်လို အရူးမျိုးက ဒီလို ခပ်တုံးတုံး မေးခွန်းမေးတာလဲ။

ဒါက မြို့တော် တာအို စာမေးပွဲ တာအိုနိယာမရဲ့ သက်ဆိုင်တဲ့ ဘယ်အရာကို မှ ယူလာခွင့်မရှိဘူး။ အကယ်၍ ယူလာခွင့်သာ ရှိမယ်ဆိုရင် လူတိုင်းက စာအုပ်စင်တွေ မ လာ ကြမှာပဲ။

“လုံး၀ ယူလာလို့ မရဘူး။ ပစ္စည်း ယူလာတာက လှည့်စားမှု အဖြစ် သတ်မှတ်တယ်။ ” စာဖြေခန်းစောင့်သူက စည်းကမ်းချက်ကို ရွတ်ဆိုတော့တယ်။

“ဒါပေမယ့် စာမေးပွဲက စမှ မစသေးတာ ။ ဒါလည်း မရဘူးလား။” ဖန်ကျန်းရှီက ဆက်မေးလိုက်တယ်။

“မရဘူး။” စာဖြေခန်းစောင့်သူကတော့ သူ့ရှေ့က ဖန်ကျန်းရှီ တစ်ခုခု ယူလာတယ်ဆိုတာ သေချာ ပြီလို့တွေးနေပါတယ်။

“ကောင်းပြီလေ။ ဒါဆို စာမေးပွဲခန်းထဲကို ပစ္စည်း ယူလာရင် အပြစ်ဒဏ်က ဘယ်လိုဖြစ်မလဲ။” ဖန်ကျန်းရှီက ထပ်မေးလိုက်တယ်။ သူ့ကြည့်ရတာတော့ အတော်လေး အေးဆေးလွန်းလှတယ်။

ဒါပေမယ့် ဘေးပတ်ဝန်းကျင်က ကျောင်းတော်သားတွေကတော့ အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်နေကြပါပြီ။

စာမေးပွဲခန်းကို ပစ္စည်းယူုလာခြင်းကို မိရင် ချက်ချင်းထုတ်ပယ်ခံရမယ်။

စာရွက်ထဲမှာ ခန့်မှန်းမေးခွန်းပါရင် သုံးချီ စာမေးပွဲ ရပ်ဆိုင်း ခံရမယ်။

“ဖန်ကျန်းရှီကတော့ အထုတ်ခံရတော့မယ်”

“တကယ့်ကို သတင်းကြီးဖြစ်လာတော့မှာပဲ။”

“သေချာတာပေါ့”

ဖန်ကျန်းရှီ စာမေးပွဲကနေ ထုတ်ပယ်ခံရတော့မယ်လို့ ခန့်မှန်းနေကြတဲ့ ကျောင်းတော်သားတွေကတော့ အတော်လေး ထိတ်လန့်နေကြတယ်။

စာမေးပွဲခန်းထဲကို ပစ္စည်း ယူလာတယ်။

ဒီလို တိုင်ကြားခံရသူက ရှာဖွေတွေ့ရှိတာနဲ့ ထုတ်ပယ်ခံရမှာဖြစ်တယ်။

တကယ်ပဲ အဖြစ်အပျက်တွေက မြန်ဆန်လွန်းတယ်။

“စာဖြေခန်းထဲကို ပစ္စည်းတွေယူလာတာ စည်းကမ်းနဲ့ မကိုက်ညီဘူး။ အခုချက်ချင်းထုတ်ပယ်ခံရမယ်။ နောက်စာမေးပွဲတွေ အတွက်တော့ စာစစ်သူ အကြီးအကဲရဲ့ ဆုံဖြတ်ချက်ကို နာခံမယ်။” စာဖြေခန်းစောင့်သူရဲ့ လေသံကတော့ အေးစက်ပြီး အကြင်နာ မဲ့လွန်းလှတယ်။

အပိုင်း (၈၈) ပြီး၏။ 

အပိုင်း (၈၉)

“ကိုယ်ခန္ဒာကို ရှာဖွေခြင်း”

Translator: Sparrow Translations Editor: Sparrow Translations

စာဖြေခန်းစောင့်သူရဲ့ စကားတွေကို ကြားပြီးနောက်မှာတော့ ကျောင်းတော်သားတွေရဲ့ မျက်နှာမှာ ရွှင်မြူး ရိပ်တွေ ပြည့်နှက်နေတော့တယ်။ ဖန်ကျန်းရှီ စာမေးပွဲခန်းထဲက ထွက်သွားမှာကို စောင့်မျှော်နေကြတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ နေရာမှာ ထိုင်နေမြဲပါ။

“ဖန်ကျန်းရှီ ငါနဲ့လိုက်ခဲ့။” စာဖြေခန်းစောင့်သူက ဖန်ကျန်းရှီ မထတာကို တွေ့တော့ ပြောလိုက်တယ်။

“ဘာလို့လဲ။” ဖန်ကျန်းရှီရဲ့ မျက်နှာကတော့ ရိုးသားမှုတွေ ပြည့်နှက်နေတော့တယ်။

“မင်း စာမေးပွဲကို စာရွက်ယူလာပြီး လှည့်စားဖို့ လုပ်တာတောင် ဘာလို့လဲ မေးရဲသေးတယ်။” စာဖြေခန်းစောင့်သူကတော့ အတော်လေးကို စိတ်မရှည်ဖြစ်လာတော့တယ်။

“စာဖြေခန်းစောင့်ဆရာ ခင်ဗျာ။ အတွေးအခေါ် စာမေးပွဲမှာ စောင့်ကြပ်သူ တစ်ယောက်အနေနဲ့ ကိုယ်ပြောတဲ့ စကားကို ကိုယ် တာဝန်ယူရပါမယ်။” ဖန်ကျန်းရှီက သတိပေးလိုက်တယ်။

စာမေးပွဲခန်းစောင့်သူကတော့ စိတ်ထဲ ထင့်သွားတော့တယ်။ ဖန်ကျန်းရှီ ပစ္စည်း ယူလာလား မယူလာလား သူမမြင်ဘူး။ တိုင်ကြားမှုကြောင့်သာ သူလာရှာတာ။ ဖန်ကျန်းရှီကလည်း မငြင်းခဲ့ဘူး။

ခဏနေပါအုန်း။ ဖန်ကျန်းရှီက မငြင်းဘူး။

“ဘာလို့ ကျွန်တော့်ကို မရှာတာလဲ။” စာဖြေခန်းစောင့်သူ စကားမပြောတော့တာကို တွေ့လိုက်တော့ ဖန်ကျန်းရှီက အကြံပေးလိုက်တယ်။

“၇ှာရမယ်။” စာဖြေခန်းစောင့်သူ တွေေ၀ သွားတော့တယ်။ ကြီးမြတ်သော ရှ မင်းဆက်မှာ လူအခွင့်အရေးကို လေးစားတယ်။ အထူးသဖြင့် ကျောင်းတော်သားတွေကို လေးစားတယ်။ ခိုင်လုံတဲ့ သက်သေ မရှိပဲ သူတို့ရဲ့ ကိုယ်ခန္ဒာကို ရှာဖွေခွင့် မရှိဘူး။

“စာဖြေခန်းစောင့်ဆရာ။ ဒီကောင် စာမေးပွဲခန်းထဲကို ခန့်မှန်းမေးခွန်းစာရွက် ယူလာတာ ကျွန်တော့် မျက်လုံးနဲ့ ကိုယ်တိုင်တွေ့လိုက်တယ်။ ” လီကျွမ်းစီက ဝင်ပြောလိုက်တယ်။

“မင်းသေချာလို့လား။”

“သေချာတယ်။”

“ဒါဆို ရှာကြ။”

အခြားကျောင်းတော်သားတွေကတော့ မတ်ထပ်ထပြီးတော့ကို ကြည့်နေကြတော့တယ်။ ဒီလိုမျိုးရှာဖွေခံရတာက အထူးအဆန်းဖြစ်ရပ်တစ်ခု ဖြစ်တယ်။

သူတို့ထင်ထားတာနဲ့ မတူတာကတော့ ဖန်ကျန်းရှီက လိုလိုလားလားနဲ့ကို သူ့ကိုယ်ကို စစ်ဆေးခံနေတာပဲ ဖြစ်တယ်။

“လာလေ။ လာစစ်လေ။” ဖန်ကျန်းရှီရဲ့ ပုံစံကတော့ နားလည်ရ ခက်လွန်းလှတယ်။

သူ မတ်တပ် ထလိုက်ချိန်မှာတော့ ငွေသားတစ်ချို့နဲ့ ငွေလွှဲလတ်မှတ်တွေ ကျလာတော့တယ်။ စာဖြေခန်းစောင့်သူတွေကတော့ စေ့စေ့စပ်စပ် ရှာဖွေကြတယ်။

ဖန်ကျန်းရှီရဲ့ အေးဆေးလှတဲ့ အမူအယာကို ကြည့်ရင်း တစ်ခုခု မှားနေတာကို သတိထားမိသွားတယ်။ ဖန်ကျန်းရှီ အကြောင်းကို သူတော်တော်များများ ကြားဖူးတယ်။ အထူးသဖြင့် ငြိမ်သက်သော မှင်ကန်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကိုပေါ့။

ခိုင်ယွင်ဖုန်းလို လူမျိုးကို ဘယ်လို စည်းရုံးလိုက်ပြီး သူ့ဘက်သား ဖြစ်အောင် လုပ်လိုက်လဲ ဆိုတာ ပဟေဠိကြီးတစ်ရပ်လို ဖြစ်နေတော့တယ်။

ဒါဆို ဘာလွဲနေတာလဲ။

စာဖြေခန်းစောင့်သူကတော့ နားမလည်နိုင်သေးဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ သူ့ကိုယ်ကို ရှာခွင့်ပြုလိုက်ချိန်တည်းက သူ့မြားက ပစ်မှတ်ကို တည့်တည့်ထိသွားပြီဖြစ်တယ်။

ရွေးချယ်စရာမရှိတော့ပဲ ။ လီကျွမ်းစီကိုပဲ ယုံကြည်ရတော့တယ်။

လက်နှစ်ဖက်ကို ဆန့်တန်းရင်း မတ်တပ်ရပ်နေတဲ့ ဖန်ကျန်းရှီ ပုံစံကတော့ ကြိုက်သလောက်ရှာ ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။

ဖန်ကျန်းရှီရဲ့ အပြုအမူကို မြင်လိုက်တော့ တစ်ခုခု မှားနေတာကို လီကျွမ်းစီ သတိထားမိသွားတယ်။ ဖန်ကျန်းရှီက အရမ်း အေးဆေးလွန်းနေတယ်။ ဒါက မဖြစ်နိုင်တာပဲ။ သူ ခိုးကြည့်ဖို့ ပစ္စည်း ယူလာတယ် လေ။

ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ကိုယ်ပေါ်မှာတော့ ဘာ စာရွက်ကိုမှ မတွေ့ရပါဘူး။

“မရှိဘူးလား။” စာဖြေခန်းစောင့်သူကတော့ အေးစက်စွာ မေးလိုက်တော့တယ်။ အခုချိန်မှာတော့ ရှာခိုင်းလိုက်တဲ့ သူက အပြစ် သင့်တော့မှာ။

ဒါကြောင့် လီကျွမ်းစီကို ကြည့်လိုက်တော့တယ်။

“မဖြစ်နိုင်ဘူး။ ငါကိုယ်တိုင်မြင်ခဲ့တာ။ ငါကိုယ်တိုင်မြင်ခဲ့တာ။ငါရှာမယ်။” လီကျွမ်းစီ ကလုံးဝကို မယုံကြည်နိုင်တဲ့ အတွက် ဖန်ကျန်းရှီကို ခွင့်ပြုချက်မရှိပဲ ၇ှာဖွေတော့တယ်။

ဒါက တကယ်တမ်းတော့ စည်းကမ်းဖောက်တာ ဖြစ်ပေမယ့်လည်း ဖန်ကျန်းရှီ ကိုယ်တိုင်ကိုက လိုလိုလားလား အရှာခံနေတာဖြစ်တဲ့ အတွက် အံ့သြနေမိတယ်။

သူ့ဘေးပတ်လည်က ကျောင်းတော်သားတွေကတော့ ဖန်ကျန်းရှီရဲ့ စားပွဲပေါ်နဲ့ ခုံတွေကို လှမ်းကြည့််နေကြတယ်။

ဖန်ကျန်းရှီ စာရွက်ယူလာတယ်လို့ တစ်ထစ်ချ ယုံကြည်နေကြတာဖြစ်တယ်။

ဒါပေမယ့် ဘာကို မှ ရှာမတွေ့တာ ဘာကြောင့်လဲ။

“ကျွန်တော် အခု စာမေးပွဲ ဖြေလို့ရပြီလား။” သူ့ကိုယ်ရဲ့ နေရာ အနှံ့ကို ရှာဖွေပြီးတဲ့ နောက်မှာတော့ ဖန်ကျန်းရှီက စကားပြောတော့တယ်. ။

“အနှောက်အယှက်ဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်။” စာဖြေခန်းစောင့်သူကတော့ ထွက်ခွာသွားဖို့ ပြင်လိုက်တော့တယ်။

“ခနနေပါအုန်း။” ဖန်ကျန်းရှီက တားလိုက်တယ်။

“ဘာကိစ္စပါလဲ။” ဒီအချိန်မှာတော့ စာဖြေခန်းစောင့်သူ က အတော်လေးကို တုန်ယင်နေပြီဖြစ်တယ်။ ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းထောင့်စွန်းနှစ်ဖက် တွန့်ကွေးနေတဲ့ အထိ ပြုံးနေပုံမျိုးက ကြောက်စရာကောင်းလွန်းလှတယ်.။

ဒီအပြုံးက ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေတယ်။

“ကျွန်တော်တို့ရဲ့ ကြီးမြတ်တဲ့ ရှ မင်းဆက်ကြီးမှာ လူတိုင်းက ကျောင်းတော်သားတွေကို လေးစားကြတယ်။ ခုန တုန်းကပဲ ကျွန်တော့်ကို ပစ္စည်း ယူလာတယ်လို့ တိုင်ကြားခံ၇တာကြောင့် ကျွန်တော့် ကိုယ်ကို ရှာဖွေခွင့်ပြုခဲ့တယ်။ ဒါကို အားလုံး မြင်ကြလိမ့်မယ် ထင်ပါတယ်။ အခုတော့ စာဖြေခန်းစောင့် ဆရာရဲ့ ပစ္စည်း မယူရ စည်းကမ်းတွေကို ကြားပြီးသွားတော့ ကျွန်တော်လည်း တိုင်ကြားချင်ပါတယ်။ ” ဖန်ကျန်းရှီက ပြုံးပြီးပြောလိုက်တယ်။

“မင်းက တိုင်ကြားချင်တယ်။ ” စာဖြေခန်းစောင့်သူ စိတ်ထဲမှာ ရှုပ်ထွေးသွားတော့တယ်။

“ဟုတ်ပါတယ်။ စာမေးပွဲ လာဖြေသူ အကုန်လုံးကို စစ်ဆေးစေချင်ပါတယ်။” ဖန်ကျန်းရှီက ပြောလိုက်တယ်။

“ဘာ ။ တစ်ယောက်ချင်းစီ စစ်ဆေးရမှာလား။”

“ဒါ ဘာနည်းလမ်းလဲ။”

“သက်သေ မရှိပဲ ငါတို့ကို ဘာလို့ရှာမှာလဲ။”

ဘေးပတ်ဝန်းကျင်က ကျောင်းတော်သားတွေကတော့ ငိုတော့မတတ်ပဲဖြစ်နေတယ်။ ဒါပေမယ့် သိပ်မကြာခင် အချိန်တွင်းမှာပဲ တိတ်ဆိတ်သွားတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီကို စာဖြေခန်းစောင့်သူ စစ်ဆေးတုန်းက သူတို့တွေ အားပေးအားမြှောက် ပြုမိ ခဲ့တာကြောင့်ပဲဖြစ်တယ်။

“လူတိုင်းကို ရှာရမယ်။” စာဖြေခန်းစောင့်သူ ထိတ်လန့်သွားတော့တယ်။ ဖန်ကျန်းရှီရဲ့ ထူးဆန်းတဲ့ ရည်ရွှယ်ချက်ကို အခုချိန်မှာတော့ သူနားလည်သွားပြီဖြစ်တယ်။ သူ့အတွက်တော့ အတော်လေး အခက်တွေ့စရာတစ်ခုပဲ ဖြစ်တယ်။

လူတစ်ယောက်ချင်းစီကို ရှာဖို့က မဖြစ်နိုင်သလောက်ပဲ။ ဒီအချိန်မှာတော့ မြို့တော ် တာအို စာမေးပွဲကို ပါဝင်ဖြေဆိုသူ အရေအတွက် က ပုံမှန်ထက် ငါးဆပိုများတယ်။ ရှာဖွေချိန်မှာ နှောင့်နှေးတာက ကိစ္စ မရှိပေမယ့် ဒီလို ပြုမူတာကတော့ တကယ့်ကို သက်ရောက်မှု ပြင်းထန်လွန်းတယ်။

ဒီလို လုပ်တာက စာမေးပွဲ အကြီးအကဲကို သတိပြုမိစေနိုင်တယ်။

လူတိုင်းကတော့ ဖန်ကျန်းရှီလိုမျိုး ကြည်ကြည်ဖြူဖြူ ရှာဖွေခွင့်ပြုမှာ မဟုတ်ဘူး။ ပြန်လည် တိုင်ကြားမှုတွေ ရှိလာလိမ့််မယ်။

ဒီအချိန်မှာတော့ စာဖြေခန်းစောင့်သူဟာ ဘယ်သူက မီးစာကုန် ဆီခမ်း ဖြစ်တော့မလဲ ဆိုတာ ကောင်းကောင်းကြီး သိနေပြီဖြစ်တယ်။

“ဒါ ဒါက သက်သေမှ မရှိတာကို။” စာဖြေခန်းစောင့်သူကတော့ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေတော့တယ်။ ဒီလို စကားမျိုးပြောဖို့ ယုံကြည်ချက် မရှိဘူးဖြစ်နေတယ်။

သူ ဖန်ကျန်းရှီကို ရှာဖွေတုန်းက လည်း သက်သေ မရှိပဲနဲ့ တစ်ဖက်သတ် လုပ်ခဲ့တာ ဖြစ်တယ်။

“သက်သေ လိုလို့လား။ ကျွန်တော်ထင်တာတော့ ခုနတုန်းက အဲ့လို မပြောခဲ့သလိုပဲ။ နောက်ပြီး လီကျွမ်းစီနဲ့ တခြား ကျောင်းတော်သား တွေကလည်း စာဖြေခန်းစောင့် ဆရာကို ကူညီပေးကြမှာပဲ။” ဖန်ကျန်းရှီရဲ့ လေသံကတော့ ယုံကြည်ချက် အပြည့် ဖြစ်နေခဲ့တယ်။

အပိုင်း (၈၉) ပြီး၏။  

အပိုင်း ( ၉၀)

“သစ်သီးတွေ”

Translator: Sparrow Translations Editor: Sparrow Translations

စာဖြေခန်းစောင့်သူရဲ့ နဖူးမှာတော့ ချွေးတွေ စီးကျလာပါပြီ။ တကယ်တမ်း ပြဿနာမှာ တာဝန်အရှိဆုံးက သူဖြစ်နေတယ်။

ဖန်ကျန်းရှီ လိုလိုလားလား နဲ့ အစစ်ဆေးခံတဲ့ အပြင် အကြံဉာဏ်တွေပါ စွတ်ပေးနေတာ….

ဒီ အခွင့်အရေးကို စောင့်နေတာလား။

စာဖြေခန်းစောင့်သူကတော့ လီကျွမ်းစီကို ကြည့်ရင်း မျက်နှာ ရှစ်ခေါက်ချိုး ဖြစ်နေတော့တယ်။

“အကယ်၍ စာဖြေခန်းစောင့်ဆရာ ကျောင်းတော်သားတွေ အကုန်လုံးကို ရှာဖွေဖို့ ခက်ခဲရင် ဒီ အခန်းထဲက လူတွေကိုပဲ စစ်ဆေးမှု လုပ်ရင်ကော ။ ” ဖန်ကျန်းရှီက နှစ်လိုဖွယ် ပြုံးရင်းပြောလိုက်တယ်။

“ဒီ အခန်းက ကျောင်းတော်သားတွေကို ရှာဖွေစမ်း။” စာဖြေခန်းစောင့်သူ က နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက် ချလိုက်ပြီး ရှာဖွေ ခိုင်းတော့တယ်။

တခြားသော စာဖြေသူ ကျောင်းတော်သားတွေကတော့ စိတ်အချဉ်ပေါက်သွားတော့တယ်။ ကံကြမ္ဘာ လှည်းဘီးက ဝင်ရိုး ပြန်လည် လာပြီ။ ဖန်ကျန်းရှီ စစ်ဆေးခံရတာကို ပျော်ပျော်ရွှင်ရွှင်နဲ့ စောင့်ကြည့်နေခဲ့တာ အခုချိန်မှာတော့ သူတို့ အလှည့်ကို ကျရောက်လာပြီ။

စာဖြေခန်းစောင့်သူရဲ့ လုပ်ရှားမှုက တော့ သိပ်ကို အလျင်လိုလွန်းတယ်။ အချိန်ဆွဲလေလေ သူ့အတွက် ကောင်းတဲ့ ကိစ္စ ဖြစ်မလာနိုင်ဘူး ဆိုတာ သူသိတယ်။

၁၅ မိနစ် အတွင်းမှာပဲ စာဖြေခန်း တစ်ခုလုံးကို စစ်ဆေးပြီးသွားတော့တယ်။

ကျောာင်းတော်သားတွေရဲ့ စောဒကတက်သံတွေ ကြားမှာ စာဖြေခန်းစောင့်သူရဲ့ အမူအယာကတော့ မည်းမှောင်နေတော့တယ်။ “အဆင်ပြေပြီလား။” သက်ပြင်းချရင်း ဖန်ကျန်းရှီကို မေးလိုက်တော့တယ်။

“စာဖြေခန်းစောင့် ဆရာကြီး လူတစ်ယောက်ကို ရှာဖို့ ကျန်နေသေးတယ်။” ဖန်ကျန်းရှီက ဘေးမှာ ရပ်နေတဲ့ လူကျွမ်းစီကို ကြည့်ရင်းပြောလိုက်တယ်။

“သူက ဒီ စာဖြေခန်းက မဟုတ်ဘူး။ လီကျွမ်းစီကို ရှာကြ” စာဖြေခန်းစောင့်သူမှာ ဒုတိယ အတွေးတစ်ခု ဝင်လာတဲ့ အတွက် ရှာခိုင်းလိုက်တယ်။

သူ့လက်တွေ လီကျွမ်းစီဆီကို နည်းကပ်သွားတော့တယ်။ ဒီ ကိစ္စတွေဟာ လီကျွမ်းစီကြောင့် အခြေတည်တာ ဖြစ်လာတဲ့ အတွက် ရှာဖွေ မှုက ပိုမို အသေးစိတ်ပြီး ကြမ်းတမ်းလှတယ်။

“ ဆရာ ။ ကျွန်တော်က ဘာလို့ ပစ္စည်းယူလာရမှာလဲ။” လီကျွမ်းစီက သတိဝင်လာပြီး အော်ဟစ်ပြောဆိုတော့တယ်။ သို့ပေမယ့်လည်း စာဖြေခန်းစောင့်သူကတော့ စတင် ၇ှာဖွေ နေပြီဖြစ်တယ်။

ဒေါသကို မျိုသိပ်ရင်း စစ်ဆေးနေပုံက အတော်လေးကို ကြမ်းတမ်းလွန်းလှတယ်။ အကျီအဝတ်စ တစ်စတောင် ပြဲသွားတဲ့ အထိပဲ။

စာရွက်တစ်ခုဟာ ပြဲသွားတဲ့ အဝတ်စနေရာကနေ ထွက်လာတော့တယ်။

တချို့သော ကျောင်းတော်သားတွေကတော့ ဒီတစ်ခေါက် စစ်ဆေးမှုမှာ အားပေး လှောင်ရယ်ဖို့ မပြောနဲ့ ခေါင်းတောင် မထောင်ရဲ ကြတော့ဘူး။

လီကျွမ်းစီကတော့ အော်ငိုတော့ မတတ်ပါပဲ။

“မြန်မြန်ကြည့်စမ်း စာတစ်စောင် ထွက်လာတယ်။”

“ဒါက ”

“ဒီလူ စာဖြေခန်းထဲကို စာရွက် ယူလာတယ်။”

လီကျွမ်းစီကတော့ ကြမ်းပြင်ပေါ်ကို ကျသွားတဲ့ စာရွက်ကို မြင်လိုက်ချိန်မှာ သေခါနီး လူမမာ တစ်ယောက်လို ဖြူဖျော့သွားတော့တယ်။

ဒါ ဒီစာက ဘယ်လိုလုပ် သူ့ဆီရောက်နေတာလဲ။

မဖြစ်နိုင်တာ။

လီကျွမ်းစီရဲ့ မျက်လုံးတွေကတော့ ပုဇွန်မျက်လုံးလိုမျိုး ပြူးထွက်နေတော့တယ်။ မယုံကြည်နိုင်မှုကြောင့် အသားတွေပါ တဆတ်ဆတ် တုန်နေတော့တယ်။

ငါ့အိတ်ထဲက စာရွက်။

ဒီ အခိုက်တန့်လေးမှာပဲ သူ့ခေါင်းကို မိုးကြိုး ဆယ်စင်း ပြစ်ခွင်းလိုက်သလို မျက်လုံးတွေ ပြာသွားတော့တယ်။ ဖန်ကျန်းရှီ အခန်းထဲ မဝင်ခင်တုန်းက သူနဲ့ စကားပြောခဲ့တယ်။ သူ့အနားကို အတော်လေး ကပ်ပြီးတော့ စကားပြောတာ။

ဒီအချိန်မှာတုန်းက သူက သူ့အကြံအောင်မြင်ဖို့ စဉ်းစားနေတာကြောင့် ဖန်ကျန်းရှီရဲ့ လက်တွေကို သတိမထားမိခဲ့ဘူး။

“မင်း မင်းငါ့ကို ချောက်တွန်းတယ်။ ဒီ စာက ငါကိုယ်တိုင် မင်းကို ပေးထားတာ။” လီကျွမ်းစီက ဘယ်လိုမှကို မထိန်းချုပ်နိုင်ပဲ အော်ဟစ်လိုက်တော့တယ်။

ရုတ်တရက် သူ့ကို စိုက်ကြည့်နေတဲ့ စာဖြေခန်းစောင့်သူရဲ့ ကြောက်မက်ဖွယ် မျက်လုံးတစ်စုံကို သတိထားလိုက်မိတယ်။

“လတ်စသတ်တော့မင်းကို။”

လီကျွမ်းစီက ဖန်ကျန်းရှီကို ယုံကြည်ချက် ရှိရှိ လာတိုင်တာ မဆန်းပါဘူး။ ဖန်ကျန်းရှီကို ရိုက်ချချင်တာကြောင့်ပဲ ဖြစ်တယ်။

ဒါပေမယ့် ဒီကိစ္စက ထင်သလို မချောမွေ့တဲ့ ပုံပဲ။

ဒီလူကမှ တကယ့်ကို လှည့်စားမှု လုပ်တဲ့သူ။

“ဦးလေးလီ တာအို နိယာမ စာမေးပွဲကနေ ထုတ်ပယ်ခံရရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ ကြိုပြီးတွေးသင့်တယ်။” ဖန်ကျန်းရှီကတော့ ခေါင်းခါယမ်းရင်း ထိတ်လန့်ကြောက်ရွံ့နေတဲ့ လီကျွမ်းစီကို ပြောလိုက်တယ်။

“မဖြစ်နိုင်ဘူး လုံး၀ မဖြစ်နိုင်ဘူး။ ငါက စာမေးပွဲကနေ ထုတ်ပယ် ခံရမှာ မဟုတ်ဘူး။ ဒါက ငါ့ရဲ့ နောက်ဆုံး အခွင့်အရေးပဲ။ ခိုင် ခိုင် ယွင်ဖုန်း သခင်လေး ကယ်ပါ ။ ကယ်ပါအုန်း ” လီကျွမ်းစီက တံခါးပေါက်ကို ကြည့်ရင်း အော်ဟစ်တော့တယ်။

တံခါးဝမှာတော့ ဘရိုကိတ် ဝတ်ရုံဝတ်ထားတဲ့ ခိုင်ယွင်ဖုန်းဟာ ရပ်နေတော့တယ်။

“သခင်လေး ခိုင် ဖန်ကျန်းရှီကို ဒုက္ခရောက်အောင် လုပ်နိုင်ရင် စာမေးပွဲမှာ ကူညီမယ်လို့ ပြောထားတယ်လေ။” လီကျွမ်းစီက ပြေးလွှားပြီး ခိုင်ယွင်ဖုန်းရဲ့ အကျီ လက်ကို ဆွဲရင်း ပြောလိုက်တော့တယ်။

“မင်း လူမှားနေပြီထင်တယ်။ ” ခိုင်ယွင်ဖုန်းက လက်ကို ခါထုတ်လိုက်ပြီး နောက်ပြန် လှည့်မကြည့်ပဲ ထွက်သွားတော့တယ်။

လီကျွမ်းစီကတော့ သနားစဖွယ်ပုံနဲ့ ၇ပ်နေတော့တယ်။ ထွက်ခွာသွားတဲ့ ခိုင်ယွင်ဖုန်းနဲ့ စားပွဲမှာ အေးအေးလူလူ ထိုင်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာတော့တယ်။

သူက တာအို နိယာမ စာမေးပွဲ လေးကို ပဲ အောင်ချင်ရုံပါ။ သူ စာလည်း ကြိုးစားခဲ့တယ်။ သုံးကြိမ်တိုင်တိုင် တာအို နိယာမ စာမေးပွဲမှာ ကျရှုံးခဲ့တယ်။ အခု ဒီ နောက်ဆုံးနှစ်မှာတော့ ယုံကြည်မှု မြစ်မြို့တော်မှာ ကျောင်းတော်သားတွေ အများကြီး စုဝေးတဲ့ အတွက် အခက်အခဲ ကြီး တစ်ခု ဖြစ်လာခဲ့တယ်။“

ကူကယ်ရာမဲ့ အထီးကျန်ဆန်ခြင်းတွေက

သူ့ကို လက်လျှော့စေမတတ်ပဲ။

ဒီအချိန်မှာ ခိုင်ယွင်ဖုန်း ပေါ်လာပြီး ဖန်ကျန်းရှီကို ထုတ်ပယ်အောင် လုပ်ရင် စာမေးပွဲကို အောင်မြင်အောင် ကူညီပေးမယ်လို့ ကတိပေးခဲ့တယ်။

တစ်ချီတည်း ရှိတဲ့ အတွေးအခေါ်စာမေးပွဲမှာ ရိုက်ချပြစ်ဖို့။

လီကျွမ်းစီလည်း ဒီလို လုပ်ရတာ အတော်လေးကို မပျော်မရွှင်ဖြစ်ခဲ့ရတယ်။

အခု သူ့ရှေ့က အဖြစ်ပျက်တွေ ဟာ အတော်လေးကို ရင်းနှီးနေတယ်လို့ ခံစားရတယ်။

လွန်ခဲ့တဲ့ ၈နှစ် တုန်းက

ဖန်ကျန်းရှီကို ရိုက်ချပြစ်ဖို့ သူ ကြံစည်ခဲ့တယ်။ သူ့ဘဝတောင် ဆုံးရှုံးတော့မယ့် အထိ ပြစ်တင် ရှုတ်ချမှုတွေကို သာ ရရှိခဲ့တယ်။

ဒီတစ်ကြိမ်မှာလဲ လုံးဝကို ကံမကောင်း ပါဘူး

နှစ်ကြိမ်စလုံး သူများကို မကောင်းကြံမိတိုင်း သူ့ကို ကြီးကြီးမားမားထိခိုက်မှု သာ ပြန်ရတယ်။

...

လီကျွမ်းစီ တကယ်ပဲ ဆွဲထုတ်ခံလိုက်ရတော့တယ်။ ထပ်ပြီး စကား မဆိုနိုင်တော့ဘူး။ အစောင့်တွေနောက်ကို လိုက်ပါသွားခဲ့ရတဲ့ သူဟာ ဖန်ကျန်းရှီကို ကြည့်တဲ့ အကြည့်တွေ ထဲမှာတော့ မျက်ရည်တွေ ပြည့်နှက်နေခဲ့တယ်။

ဖန်ကျန်းရှီကလည်း လီကျွမ်းစီကို ပြန်ကြည့်နေတယ်။

တကယ်တမ်းတော့ သူ လီကျွမ်းစီကို အခွင့်အရေးတစ်ခါ ပေးခဲ့ပြီးပြီ။ ပထမဆုံးနဲ့ နောက်ဆုံး အခွင့်အရေး။

လီကျွမ်းစီ သူ့ကို ထောင်ချောက်ဆင်တာက မအောင်မြင်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူ ဖန်ကျန်း၇ှီကို တိုင်လိုက်တည်းက စာဖြေခန်းစောင့်သူကို လိုလိုလားလား အရှာခံတဲ့ အထိ ချောမွေ့နေလွန်းတာက တစ်ခုခု မှားနေတာကို သတိမထားမိခဲ့ဘူး။

ကြည့်ရတာ လီကျွမ်းစီ သူ့အပေါ် ကြံစည်ထားတာကို ကောင်းကောင်းကြီး သိမြင်နေခဲ့ပုံပါ။

... ဒါပေမယ့် ဒီလို ကြံစည်မှုရဲ့ နောက်ကွယ်မှာ ခိုင်ယွင်ဖုန်း ရှိနေတယ်ဆိုတော့ သူ သိခဲ့ရပြီ။ နံပါတ် ၅၆ ပုန်းကွယ်နေသော နဂါးအဆင့်က ခိုင်ယွင်ဖုန်း။

“နတ်ဆိုးစည်း တိုးတက်မှု အဆင့်၊” ဖန်ကျန်းရှီက ပြုံးလိုက်ပြီး မျက်လုံးမှိတ်လိုက်တော့တယ်။ အလွန်လျင်မြန်စွာနဲ့ပဲ အဖြူရောင် နှင်းမြူမှုန်တွေနဲ့ ပြည့်နေတဲ့ကမ္ဘာကြီး တစ်ခု ပေါ်ထွက်လာတော့တယ်။ မြေပြင်ပေါ်မှာ ထွင်းဖောက်မြင်ရအောင် ကြည်လင်နေတဲ့ ရေကန်ကြီးတစ်ကန်ရှိတာကြောင့် ရေငွေ့ရိုက်ခတ်နေတာဖြစ်တယ်။ ရေကန်လယ် မှာတော့ ကြီးမားလှတဲ့ သစ်ပင်ကြီးတစ်ပင်၇ှိတယ်။ ကျောက်စိမ်းရောင် ရွက်သစ် ရွက်နုတွေ ရေတွက်မရနိုင်အောင် များပြားလွန်းလှတဲ့ သစ်ပင်ကြီးဟာ ထူထဲ အုံ့မှိုင်းနေတယ်။

သစ်ပင်ကြီးရဲ့ ကိုင်းတွေမှာတော့ အရောင်သစ်သီးတွေ ရှိနေတယ်။ သစ်သီးတစ်လုံးချင်းစီကတော့ ညည့်ကောင်းကင် ကြယ်တွေလို တောက်ပနေတယ်။

အပိုင်း (၉၀)ပြီး၏။

All Chapters