အပိုင်း (၉၁-၁၀၀)
Vol. 1 Ch. 91-100
အပိုင်း (၉၁)
“ခက်ခဲသော မေးခွန်း တစ်ခု”
Translator: Sparrow Translations Editor: Sparrow Translations
…
“ဒုန်” မောင်းသံဟာ ထွက်ပေါ် လာတော့တယ်။ တော်ဝင် စာမေးပွဲကြီး စတင်ပြီ ဖြစ်တယ်။
အဖြေလွှာတွေ ဝေပေးတော့တယ်။ ကျောင်းတော်သားတွေကတော့ မေးခွန်းကို အကြမ်းဖျင်း ဖတ်၇ှုနေကြတယ်။ ဖတ်ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ မျက်နှာပေါ်မှာ မချိတင်ကဲ အပြုံးတွေ ပေါ်လာတော့တယ်။
ခက်လွန်းတယ်။
အရမ်းခက်လွန်းတယ်။
ဒီမေးခွန်းကို ဘယ်ကောင် ထုတ်တာလဲ။ စစ် ဗျုဟာနည်းလမ်းတွေနဲ့ အိုင်ချင်း နည်းတွေတောင် ပါသေးတယ်။
တာအို နိယာမ ရဲ့ အခက်ခဲ ဆုံးသော ပညာရပ်တွေကို မေးထားတာပဲ။
သုံးထားတဲ့ စကားလုံးတွေက အစ တကယ့်ကို ထူးဆန်းလွန်းတယ်။ ကျောင်းတော်သားတွေ အများစုကတော့ ဒီ သင်ခန်းစာကို ကျော်ပြီးတော့ သင်ယူခဲ့ကြတာ အတော်များတယ.်။ ဒါကြောင့် စာမေးပွဲမှာ ပါတဲ့ မေးခွန်းတွေကို မဖတ်နိုင်တဲ့ သူတွေတောင် ရှိနေတယ်။
ဒီအချိန်မှာတော့ ဖန်ကျန်းရှီလည်း အိုင်ချင်း အခန်းရဲ့ ကို မြင်လိုက်တော့ မျက်လုံးပြူးသွားတော့တယ်။ မရေမတွက်နိုင်အောင် များပြားလှတဲ့ မျိုးရိုးစဉ်ဆက်တွေနဲ့ ဆက်စပ်မှုတွေ ပါနေတဲ့ အခန်း က တကယ့်ကို မှတ်မိဖို့ ခက်လွန်းတယ်။
ဒီမေးခွန်းကို ပြောရရင်တော့ - စစ်ဗျူဟာ ပေါင်းစုံ။ ရှုပ်ထွေးလှတဲ့အရာတွေ များပြားစွာပါဝင်တယ်။
ဒါပေမယ့် ဒီ စာတွေက ဖန်ကျန်းရှီကို ခေါင်းမူးအောင် မလုပ်နိုင်ပါဘူး။ မျိူးရိုး တွေကို သူမှတ်ထားတဲ့ ရိုးရှင်းတဲ့ နည်းတွေကို အသုံးပြုပြီးတော့ ဖော်ပြလိုက်ရင် အကျဉ်းချုပ်မှာ အရမ်းကို လှပတဲ့ စာပေ ဖြစ်သွားတော့မှာ။
တခြား အရာတွေထက် အိုင်ချင်း သုံးဆယ့်ခြောက်မျိုးသော နည်းတွေနဲ့ မတူညီလှတဲ့ ဗျုဟာ မျိုးစုံ ပေါင်းစည်းမှုကတကယ့်ကို ခေါင်းမူးစေတယ်။
မြို့တော် တာအို စာမေးပွဲနဲ့ ဒေသတွင်း တာအို စာမေးပွဲတို့ရဲ့ အဆင့်ကွာခြားချက်က မြင့်မားလွန်းတယ်။ ဒီစာမေးပွဲမှာ လှည့်စား ခိုးကြည့်တာတွေ လုပ်ဖို့တောင် ခက်ခဲ လွန်းလှတယ်။
" ဖန်ကျန်းရှီလည်း မတတ်နိုင်ဘဲ သက်ပြင်းသာ ချလိုက်တော့တယ်။ လီကျွမ်းစီက သူ့ကို စာမေးပွဲက ထုတ်ပယ် ခံရအောင် လုပ်နိုင်ခဲ့ရင်တောင် ခိုင်ယွင်ဖုန်းက စာမေးပွဲအောင် အောင် ကူညီနိုင်မှာ မဟုတ်လောက်ဘူး။
ပြော၇ရင် အဖြေလွှ်ာကို လည်း တစ်ထပ်တည်း တူအောင် ဖြေဖို့က မဖြစ်နိုင်ဘူး။
ဖန်ကျန်းရှီလည်း ထပ်မတွေးတော့ပဲ စဖြေတော့တယ်။ သုံးဆယ့်ခြောက်မျိုးသော နည်းလမ်းက အမျိုးအစားပေါင်းများစွာ ပိုင်းခြားထားတယ်။ အောင်မြင် ၊ ဆုတ်ခွာ၊ ရန်သူနဲ့ညှိ၊ တိုက်ခိုက်၊ စသည်ဖြင့် နက်နဲ သိမ်မွေ့တဲ့ နည်းလမ်းတွေကို အသုံးချဖို့ သင်ကြားထားတယ်။ ဖန်ကျန်းရှီရဲ့ နှလုံးသားထဲမှာတော့ ဒီ နည်းလမ်းတွေဟာ အလွတ်မှတ်မိနေတယ်။
ဘေးပတ်လည်က ကျောင်းတော်သားတွေကတော့ စဖြေနေပြီဖြစ်တဲ့ ဖန်ကျန်းရှီကို အားကျတဲ့ အကြည့်နဲ့ ကြည့်နေကြတယ်။ စာဖြေလွှာကို ပြုံးပြီး ဖြေနေသူဟာတော့ သူ့ရှေ့မှာ ချပေးထားတဲ့ တာအို နိယာမစာအုပ်ထဲကနေ ကူးရေးနေသလိုမျိုုး သက်တော်င့်သက်သာ ရှိလွန်းလှတယ်။
“တကယ်ပဲ တော်လွန်းတယ်။”
“ဒီလောက်ခက်တဲ့ မေးခွန်းကိုတောင် တစ်ခါဖတ်ပြီးဖြေနေပြီ။”
“လွန်လွန်း အားကြီးးပါတယ်။”
ဘေးပတ်လည်က ကျောင်းတော်သားတွေကတော့ အတော်လေးကိုအံ့သြနေကြပုံပဲ။ ဟွေ့အန်း ဒေသတွင်း တာအို စာမေးပွဲ ချန်ပီယံကတော့ ဘယ်နည်းနဲ့ မဆို မြို့တော် တာအို စာမေးပွဲကို အောင်မှာပဲ။
သူတို့ ယုံကြတာ ၇ှိပေမယ့် ဖန်ကျန်းရှီ စာမေးပွဲကို အကုန်ဖြေနိုင်တယ် ဆိုတာကိုတော့ ဘယ်သူမှ မယုံကြည်ကြပါဘူး။
နောက်ဆုံးမှာတော့
ဘေးပတ်ဝန်းကျင်က ကျောင်းတော်သားတွေ ပိုပြီးတော့ စိတ်ဖိစီးလာကြတော့တယ်။ သူတို့ စဉ်းစားနေချိန်မှာပဲ ဖန်ကျန်းရှီရဲ့ စုတ်တံကတော့ အရှိန်ဟုန် ပြင်းပြင်းနဲ့ ပြေးလွှားနေခဲ့တယ်။
ကျောင်းတော်သားတွေကတော့ နဖူးကနေ ချွေးတောက်တောက် ကျနေပါပြီ။
“ငါအောင်ရမယ်။”
“မြို့တော် စာမေးပွဲကို အောင်ကို အောင်ရမယ်။”
တချို့သော ကျောင်းတော်သားတွေကတော့ စိတ်အေးအေးထားပြီး စရေးကြတော့တယ်။
မြို့တော် စာမေးပွဲက တကယ့်ကို ခက်ခဲလွန်းတယ်။
ဖန်းကျန်းရှီက တော့ အလွန်လျင်မြန်စွာ ရေးနေဆဲဖြစ်တယ်။ မေးခွန်းကို တစ်ခေါက်ဖတ်လိုက်တာနဲ့ သူ့ခေါ်င်းထဲမှာအဖြေတွေ ဆက်တိုက်ပေါ်လာတယ်။ စာပေပညာကို အထူးလေ့လာထားတဲ့ တက္ကသိုလ်ကျောင်းတော်သားတစ်ယောက်နဲ့ အထက်တန်းကျောင်းသားတွေ စာစီစာကုံးပြိုင်သလို ဖြစ်နေတော့တယ်။
တကယ်တမ်းတော့ မမျှတရာကျတယ်။
ဒါပေမယ့်လည်း ကိစ္စ မရှိပါဘူး။
သူရေးနေရင်းနဲ့ ဖန်ကျန်းရှီ အခန်း ၂၇ ခြောက်မျိုုးသော လျှိုု့ဝှက်သင်ကြားမှု နည်းလမ်း အကြောင်း မေးထားတဲ့ မေးခွန်းဆန်းတစ်ခုတွေ့လိုက်တယ်။ မေးခွန်းက သိပ်ပြီး မခက်ဘူး။
မြို့တော် တာအို စာမေးပွဲ ဖြစ်တဲ့ အတွက် စစ်ဗျူဟာနဲ့ တွဲဖက်ပြီးမေးတာ သဘာဝကျတယ်။
ဒီ အခန်းကို သူ အပိုင်း ခြောက်မျိုး ခွဲပြီး မှတ်သားခဲ့တယ်။ ဥပမာ မြို့ပြ ဗျုဟာ နဂါးဗျူဟာ ကျားဗျုဟာ စသည်ဖြင့်..။
ဒါပေမယ့် ပြဿနာ တက်နေတာက ။
ဒီမေးခွန်းက ဘယ် အပိုင်းကလဲ။
ဖန်ကျန်းရှီ ရေးတာ ရပ်ပြီး စစဉ်းစားတော့တယ်။ ၁၅ မိနစ် တိတိ တွေးတောပြီးနောက် သူ့ခေါ်င်းထဲမှာ အခန်း ၂၇ တစ်ခုလုံး မှတ်မိလာတော့တယ်။
ဒါပေမယ့် အလယ်တည့်တည့်က စာကြောင်းကို သူလုံး၀ စဥ်းစားမရဘူး။
သူ အမှတ်လျော့တော့မှာလား။
ဖန်ကျန်းရှီ အမျိုးမျိုးစဉ်းစားကြည့်တယ်။ နောက်မှာလည်း မေးခွန်းတစ်ချို့ကျန်နေသေးတယ်။ ဒါပေမယ့် သူ့ကို ခေါင်းကိုက်စေနိုင်တာမျိုး မပါဘူး။
စာသင်နေတဲ့ အချိန်မှာ ဆရာတွေ မှာလေ့ရှိတယ်။
မဖြေနိုင်တဲ့ မေးခွန်းရှိရင် ချန်ထားခဲ့။
ဖန်းကျန်းရှီလည်း ဒီ မေးခွန်းကို ချန်ထားဖို့ ဆုံးဖြတ်လိုက်တော့တယ်။
နောက်မေးခွန်းတွေကတော့ သိပ်မကြာခင် ပြီးသွားတော့တယ်။
“အဖြေလွှာမှာ မေးခွန်းတစ်ခု ကွက်လပ်ကြီးဖြစ်နေတယ်။ ငါတော့ သိက္ခာကျတော့မှာပဲ။”
ဒီ မေးခွန်းကို ဗလာ လုံးဝမထားနိုင်ဘူး ။ အမှတ်ဘယ်လောက်ပဲ တန်တန် မကြိုးစားပဲ ထားခဲ့တာကတော့ လုံးဝကို ဖန်ကျန်းရှီ အကျင့်မဟုတ်ဘူး။
ဒါဆိုရင်
အခန်း ၂၇ က ခြောက်မျိုး သင်ကြားနည်း အကုန် ရေးပေးလိုက်ရမလား။
ဒါကို ဒီတိုင်းထားခဲ့ရင် အမှတ်ရမှာ မဟုတ်ဘူး။ အခန်း 27 က စာကြောင်းလေး တစ်ကြောင်းကို လုံး၀ စဉ်းစားမရတာ တကယ့်ကို ရင်နာစရာကောင်းလွန်းတယ်။
ဘာလုပ်ရမလဲ။
ဖန်ကျန်းရှီ စိတ်ထဲမှာ အချဉ်ပေါက်လာတော့တယ်.။။
ဘဝမှာ ဖြတ်သန်းခဲ့သမျှ စာမေးပွဲတွေထဲ ဒီလိုမျိုး မဖြေနိုင်တာ မရှိခဲ့ဘူး။ နောက်ပြီး အခန်း 27 က ဒီစာကြောင်းကို သိတဲ့ သူ အခန်းထဲမှာ ရှိမှာပါ။ တစ်ကြောင်းတည်း ရရုံနဲ့ အကုန်ရပြီ။
ဖန်ကျန်းရှီ တစ်ယောက် ခေါင်းမီးတောက် မတတ် စဉ်းစားနေတော့တယ်။
သူ့ရဲ့ မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ပြီး လည်ပင်းကို ရှည်နိုင်သလောက် ဆန့်ထုတ်ရင်း လှည့်ပတ်ကြည့်တောတ့ယ်။
ကံမကောင်းစွာနဲ့ပဲ သစ်သားပြားတွေရဲ့ အတားအဆီးကြောင့် လက်သီးဆုပ် တစ်ခုစာလောက် နေရာလွှတ်ဖြစ်နေတော့ ဘယ်လိုမှကို ကြည့်မရဖြစ်နေတော့တယ်။
သူ့ရှေ့က သူကို ကြည့်ဖို့က ပိုတောင် ခက်နေသေးတယ်။ အရှေ့ကသူ ရေးတာကို အနောက်ကလူ မြင်ဖို့က ခက်လွန်းတယ်။
ကောင်းပြီလေ။
အရှုံးပေးရတော့မှာလား။
ဖန်ကျန်းရှီက ခြောက်ပစ်ကင်း သဲလဲစင်တစ်ယောက် မဟုတ်ဘူး။ မျှော်လင့်ချက်လေး နည်းနည်းလောက်တော့ ထားလို့ရတယ်။ ဒါပေမယ့် ဒီလို လှပတဲ့ အဖြေလွှာ တစ်ခုကို ရုပ်ဆိုးတဲ့ ကွက်လပ်ကြီးတစ်ခု ချန်ခဲ့၇င် ရာဇဝင် ရိုင်းသွားမယ်။
ရုတ်တရက် သူနဲ့ အခြေအနေတူတဲ့ သူကို တွေ့လိုက်တော့တယ်။
ဘရိုကိတ်ဝတ်ရုံ ဝတ်ထားတဲ့ ဝတုတ်တစ်ယောက် လည်း သူ့လိုပဲ အတော်လေး စိတ်ရှုပ်နေတယ်။ နဖူးမှာတောင် ဗူးသီးလုံးလောက် ချွေးတွေ ရှိနေတယ်။
သူ့ရဲ့ ညာဘက်မှာတော့ ကျောင်းတော်သားတစ်ယောက်ဟာ စာရွက်ကို ထောင်ပြီး ဖက်တီးကို စာပြနေတယ်။
“ကူးချတယ်၊” ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းတွေ တွန့်ကွေးသွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာတော့တယ်။
ဒီ ဝတုတ်ကို သူတိုင်ကြားဖို့ မရည်ရွှယ်ခဲ့ဘူး။ ဆယ်နှစ်တာ လုံးလုံး သင်ကြားထားပြီးမှာတော့ ဒီလောက်လေး လုပ်တာ လုပ်သင့်ပါတယ်။
စိတ်ထဲမထားနဲ့ ။ သူ့ဘာသူ ကူးပါစေ။
သူတွေးလိုက်ပြီးတဲ့နောက် စာဖြေခန်းစောင့်သူကို ကြည့်လိုက်ချိန်မှာ ဝတုတ်ကို အာရုံစိုက်နေတာ တွေ့လိုက်ရတော့တယ်။
“ကြည့်ရတာ သူတို့မိတော့မယ်ထင်တယ်။” စာပြနေတဲ့ ကျောင်းတော်သားနဲ့ ဝတုတ်တို့ထုတ်ခံရတော့မှာကို တွေးလိုက်ရင်း ဖန်ကျန်းရှီ စိတ်ထဲ အတွေးတစ်ခု ဝင်လာတော့တယ်။
ခနနေပါအုန်း။
ဘယ်လို လုပ်ရမလဲ ငါသိပြီ။
အပိုင်း (၉၁)ပြီး၏။
အပိုင်း (၉၂)
“အပြစ်ကင်းမှုကို သက်သေပြခြင်း”
Translator: Sparrow Translations Editor: Sparrow Translations
ဒီအချိန်မှာတော့ စာဖြေခန်းစောင့်သူက ထွက်ခွာသွားတော့တယ်။ သူ့ရဲ့ ခြေသံဟာ အလွန့်ကိုပေါ့ပါးလွန်းလှတယ်။ ခြေလှမ်းတိုင်းက လေပေါ်မှာ လွင့်နေတဲ့အတိုင်း ပါပဲ။
မြို့တော်စာမေးပွဲမှာ စာဖြေခန်းစောင့်သူတစ်ယောက် အနေနဲ့ သူ့ရဲ့ အရည်အချင်းကလဲ မညံ့နိုင်ဘူး ဖြစ်တယ်။
ဖန်ကျန်းရှီ ၂ စက္ကန့်လောက် တွေးတော ပြီးတဲ့ နောက် ဒီ ဝတုတ် ဖမ်းမိတော့မှာကို သူ အတည်ပြုလိုက်တယ်။ နောက်ပြီး သူ့ကို စာပြနေတဲ့ လူငယ် လည်း ပြစ်ဒဏ် ထိမှာ အသေအချာပဲ။
“တိုင်ကြားပါမယ်။”
ရှင်းလင်း ပြတ်သားတဲ့ အသံထွက်ပေါ်လာတော့တယ်။ ဝတုတ်ကတော့ ဒီ အချိန်မှာ ခေါင်းထောင် လာတော့တယ်။
စာဖြေခန်းစောင့်သူကတော့ ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။ သူု့မျက်နှာမှာတော့ ဒေါသ အရိပ်အယောက် ပေါ်လာတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ တိုင်ကြားသူက ဖန်ကျန်းရှီ ဖြစ်နေတာ ကြောင့်ပဲ။
“ဒီကောင်ပဲ ဖြစ်ပြန်ပလား။”
“နောက်တစ်ယောက်က သူ့ကို တခြား တစ်ယောက်က ချောက်ချတယ်လို့ ပြောမလို့လား။”
ကျောင်းတော်သား အုပ်စုကြီးကတော့ ဟွေ့အန်းဒေသမှာ မုန့်ယွိရှုကို ဖန်ကျန်းရှီ တိုင်ကြားခဲ့တဲ့ အကြောင်း မှတ်မိနေကြတယ်။ ဒါကြောင့် ဖန်ကျန်းရှီရဲ့ စကားကို ကြားတဲ့ အချိန်မှာ ခန့်မှန်းမိလိုက်ကြတယ်။
“ဘာကို သတင်းပို့တာလဲ။” ဖန်ကျန်းရှီ အနားကို စာဖြေခန်းစောင့်သူက လျှောက်လာတော့တယ်။
စာဖြေခန်းစောင့်သူက ခုနက တစ်ယောက် မဟုတ်ပါဘူး။ သူ့ရဲ့ မျက်နှာကတော့ အတော်လေးကို ခက်ထန်နေခဲ့တယ်။
“ဒီကောင် သူများ ဆီက ကူးချနေတယ်။” ဖန်ကျန်းရှီက ဝတုတ်ကို လက်ညှိုး ထိုးလိုက်တော့တယ်။
ဝတုတ်ရဲ့ မျက်နှာကတော့ ဖြူဖျော့သွားတော့တယ်။
“မင်း မင်း အဓိပ္မာယ် မရှိတာတွေ ပြောနေတယ်။ ငါ ဘယ်မှာ ကူးလို့လဲ။” ဝတုတ်က ကြောက်ရွံ့ နေပင်မယ့်လည်း သဘာ၀ ကျကျ တော့ ငြင်းနိုင်ပါသေးတယ်။
တခြားသော ကျောင်းတော်သားတွေကတော့ ဘာဖြစ်နေလဲ နားလည်ကျတယ်။ ဒီ ဝတုတ်က အတော်လေးကို ထူးချွန်မယ် ဆိုတာ သူတို့ ထင်ကြတဲ့ အတွက် ဖန်ကျန်းရှီကို မကောင်းမြင်ကြတော့တယ်။
သူများ အနာဂတ်ကို ဖျက်ဆီးနေတယ်။
စာဖြေခန်း စောင့်သူကတော့ တိုင်ကြားခံရသူကို ကြည့်လိုက်ပြီးတော့ မှုန်ကုပ်သွားတော့တယ်။ သူ တွေးလိုက်တာက ဖန်ကျန်းရှီ တစ်စုံတစ်ယောက်ကို ရိုက်ချ ချင်တာကြောင့် တိုင်ကြားတယ်။ ဒါပေမယ့် ဝတုတ်ကို မြင်လိုက်ချိန်မှာတော့ တကယ်ပဲ ကူးချနေတဲ့ သူဆိုတာ သူ သိတယ်။
“ မင်း သူ ကူးချတာကို ကိုယ်တိုင်တွေ့တာလား။” စာဖြေခန်းစောင့်သူက သေချာအောင်မေးလိုက်တယ်။ ဒီ ဝတုတ်ရဲ့ အပြုအမူကို သူ ဖမ်းဖို့ စောင့်နေတာ ဖြစ်ပေမယ့် ။ ဒီလို မျိုး တစ်ယောက်က ထပြီး တိုင်လိုက်တဲ့ အတွက် ဖန်ကျန်းရှီကို ပျော်ပျော်ကြီး ကူညီပေးချင်လာတော့တယ်။
“ဒါ ဒါက သစ်သားပြားတွေ ကာထားတဲ့ အတွက် ရှင်းရှင်းလင်းလင်းတော့ မမြင်၇ပါဘူး။” ဖန်ကျန်းရှီက ပြုံးပြီး ဖြေလိုက်တယ်။
“မင်း မင်းက ငါ့်ကို မမြင်ပဲနဲ့ တိုင်တယ်။” ဒီစကားကို ကြားလိုက်တဲ့ ဝတုတ်ကတော့ တုန်ယင်နေတော့တယ်။
“သစ်သားပြားတွေ ကာထားပင်မယ့် မင်းသေချာ မြင်ရမှ တိုင်သင့်တယ်။” စာဖြေခန်းစောင့်သူက မသိမသာ ညွှန်ကြားလိုက်တယ်။ ဒီလိုမျိုး ကူးချတာက စာမေးပွဲမှာ မိရင် အပြစ်သင့်မှာအ မှန်ပဲ။
ဒါပေမယ့် ဖန်ကျန်းရှီ တိုင်ကြားမှု ကြောင့် သူရောက်လာတာ ဖမ်းဆီး ဖို့ အတွက်ကတော့ သက်သေခိုင်လုံမှ ဖြစ်မှာ။ မဟုတ်ရင် သူကိုယ်တိုင်လည်း
အပြစ်သင့်လိမ့်မှာဖြစ်တယ်။
“ကျွန်တော် ကောင်းကောင်း မမြင်လိုက်ပေမယ့် လ ည်း သူ့ရဲ့ လည်ပင်းကြီးကို လိမ်လိုက်ပြီး လှည့်ကြည့်နေတာ မြင်လိုက်ပါတယ်။ ဒါ့အပြင် သူကူးချနေတယ်ဆိုတာ သိသာစေတဲ့ နည်းလမ်းလည်း ရှိပါတယ်။” ဖန်ကျန်းရှီက စာဖြေခန်းစောင့်သူကို အဓိပ္မာယ် ပါပါ ကြည့်လိုက်ရင်း ပြောတော့တယ်။
စာဖြေခန်းစောင့်သူက တော့ ဒီ နည်းဗျုဟာကို နားလည်သွားတဲ့ ပုံပဲ။
ဒါပေမယ့် ကူးချတာကို သက်သေပြမယ့် နည်းလမ်းက ဘယ်လို ဖြစ်နိုင်မလဲ။
တကယ်ပဲ သူ မစဉ်းစားတတ်ဘူး။
ဖန်ကျန်းရှီရဲ့ စကားကို ကြားလိုက်ချိန်မှာတော့ သူ့ရဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးသွားသလို ခံစားလိုက်ရတယ် ။ ဖန်ကျန်းရှီ ပြောတဲ့ နည်းလမ်း ဆိုတာ ကြီးကို ကြောက်လန့်နေမိတယ်။
သက်သေပြဖို့ နည်းလမ်း ။
သေပြီ။ တကယ်ပဲ သေပြီ။
ဖန်ကျန်းရှီက ငါ့်ကို ကစားချင်နေတာပဲ။ ဝတုတ်ရဲက နှလုံးကတော့ ပြုတ်ထွက်မတတ် ခုန်နေတော့တယ်။
“ မင်း မင်းက ဘာနည်းလမ်းနဲ့ သက်သေပြမှာလဲ။” ုဝတုတ်ကတော့ အတော်လေးကို တုန်ယင်ပြီး မျက်နှာတွေ နီရဲနေပြီဖြစ်တယ်။
“ကူးချတာကို သက်သေပြဖို့ နည်းလမ်းရှိတယ်။” ကျောင်းတော်သားတွေလည်း အာရုံစိုက်ပြီး နားထောင်နေကြတယ်။
“ပြောပြစမ်း။ ဘယ်လို နည်းလမ်းလည်း။” စာဖြေခန်းစောင့်သူက ပြောလိုက်တယ်။
"
“အဖြေကို ရွတ်ပြရမ်ယ။ အကယ်၍ သူသာ မေးခွန်းတစ်ခုကို နှုတ်တိုက်ဖြေနိုင်ရင် သူ ကိုယ်တိုင် ဖြေတာပဲ။ အကယ်၍ မဖြေနိုင်ရင်တော့ ကူးချနေတာကို သက်သေ ပြပြီးသားပဲ ။”
ဒါကို ကြားတဲ့ စာဖြေခန်းစောင့်သူ မျက်နှာကတော့ မည်းမှောင်သွားတော့တယ်။
အဖြေကို ရွတ်ပြရမယ်။ ဒါက အတွေးအခေါ် စာမေးပွဲ ကြီးလေ။ ဝတုတ် က လုံး၀ သိမှာ မဟုတ်တဲ့ မေးခွန်းကို ဖြေခိုင်းလိုက်တာက ဝတုတ်ကို ု ဒုက္ခရောက်စေနိုင်တယ်။
နောက်ပြီး မေးခွန်းတစ်ခု မေးရုံနဲ့ ကူးချ မချ သက်သေ ပြနိုင်မယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီ နည်းလမ်း တကယ့်ကို အလုပ်မဟုတ်ဘူး။
ဝတုတ်က ဖြေနိုင်ရင်တောင် မှားသလား မှန်သလား ဆိုတာကို ဘယ်လို ဆုံးဖြတ်နိုင်မှာလဲ။
ကျောင်းတော်သားတွေကတော့ ဖန်ကျန်းရှီ ပြောတဲ့ နည်းလမ်း “အဖြေကို နှုတ်တိုက် ရွတ်ပြ ဆိုတာကို ” အံ့သြနေကြတယ်။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
“ ဟုတ်တယ်။ ကျွန်တော် ပြောချင်တာက တခြားကျောင်းတော်သားတွေပါ အကုန်သိနိုင်အောင် လွယ်တဲ့ မေးခွန်းကို နှုတ်တိုက်ဖြေပြတာမျိုးကို ပြောတာ။ ဥပမာအားဖြင့် တာအို နိယာမ အခန်း ၂၇ ခြောက်မျိုး သော လျှို့ဝှက် သင်ကြားမှု နည်းလမ်းမှာ ရှိတဲ့ အဖြေလိုပေါ့။ ဒီထဲက စာကြောင်းတစ်ကြောင်းကို သာ ဖြေနိုင်ရင် သူ ကူးမချတာကို လက်ခံနိုင်မယ်။ မဟုတ်ရင်တော့ ဒီ ကောင် တစ်လုံးမှ မသိပဲနဲ့ စာမေးပွဲ ဖြေနေတာပဲ။ ကူးချနေတာပဲ။”
ဖန်ကျန်းရှီက အလွန်အမင်း လေးနက်တဲ့ လေသံနဲ့ စာဖြေခန်းစောင့်သူကို ပြောလိုက်တော့တယ်။
စာဖြေခန်းစောင့်သူကတော့ တောင့်တင်းသွားတော့တယ်။ မှတ်မိသည် ဖြစ်စေ မမှတ်မိသည်ဖြစ်စေ အဖြေကို စာမေးပွဲခန်းထဲမှာ ရွတ်ပြတာမျိုးကတော့ ခွင့်မပြုနိုင်တဲ့ အရာပဲ။
သူ ပြောဖို့ ပြင်လိုက်ချိန်မှာပဲ ဖက်တီးရဲ့ အော်ဖြေသံက ထွက်လာတော့တယ်။
“ငါ သိတယ်။ ငါဖြေနိုင်တယ် ။ ငါဖြေနိုင်တယ်။”
ဖက်တီးကတော့ အရမ်းကို စိတ်လှုပ်ရှားနေတာ ဖြစ်တယ်။ သူ့ကို တိုင်ကြားတာကို ငြင်းပယ်လို့ မဖြစ်နိုင်ဘူး။ သူ က တကယ် ကူးချတာကို ဒါကြောင့် ဒီ အချိန်မှာ သက်သေပြဖို့ ဆုံးဖြတ်လိုက်တော့တယ်။
ဒါပေမယ့်လည်း ဖန်ကျန်းရှီက ဒီလို လွယ်တဲ့မေးခွန်းမျိုး မေးမယ်လို့ မထင်ထားခဲ့ဘူး။
ဒီ မေးခွန်းစာရွက်ကြီး တစ်ခုလုံးမှာ ၉၀ ရာခိုင်နှုန်း လောက်က သူ မသိတဲ့ မေးခွန်းတွေ ချည်းပဲ ။ ဒါပေမယ့် ဒီ ခြောက်မျိုးသော သင်ကြားမှု နည်းလမ်းက စာကြောင်း တစ်ကြောင်းကို ပဲရွတ်ပြရမှာ ဖြစ်တဲ့ အတွက် သူ အတော်လေး ပျော်သွားတာ ဖြစ်တယ်။
တစ်ကြောင်းထဲ ဆိုပြနိုင်ရင် သက်သေပြနိုင်ပြီ။
ဒီလို လွယ်လွန်းတဲ့ မေးခွန်းကို မေးတယ်။ စာမေးပွဲကနေ ထုတ်ပယ် မခံရဖို့ အတွက် ဝတုတ်ကတော့ သူ ဆယ်နှစ် လုံးလုံး သင်ကြားထားတဲ့ မှတ်ဉာဏ်တွေကို အသုံးချတော့တယ်။
“အခု ငါတို့ရဲ့ စစ်တပ် နှစ်တပ်ဟာ ဆန့်ကျင်ဘက် အခြေအနေမှာ ရှိနေတယ်။ သံချပ်ကာ တပ်သားတွေရဲ့ စိတ်အား ကို မြှင့်တင်ဖို့ နည်းလမ်း အသစ်တွေ ဖနတီးဖို့ လိုအပ်တယ်။ သိပ်သည်း ကျစ်လစ်စွာ ကြီးထွားမှု ဟာ လွတ်မြောက်ဖို့ လမ်းစပဲ ဖြစ်တယ်။” သူ့ရဲ့ အပြစ်ကင်းကြောင်း သက်သေပြဖို့ အတွက် ဝတုတ်ဟာ အလျင်အမြန် ရွတ်ဆိုတော့တယ်။
စာဖြေခန်းစောင့်သူရဲ့ သဘောတူချက်ကိုတောင် မစောင့်နိုင်ပဲ နဲ့ ဖန်ကျန်းရှီရဲ့ စကား ဆုံးဆုံးချင်း အော်ဆိုတာ ဖြစ်တယ်။
ဒီ စာကြောင်းက အစလည်း မဟုတ်။ အဆုံးလဲ မဟုတ်တဲ့ စာပိုဒ် အလယ်က စာကြောင့်းတစ်ကြောင်းသာ ဖြစ်တယ်။
ဒါပေမယ့် ဝတုတ်ရဲ့ စကား ဆုံးဆုံး ချင်မှာပဲ ဖန်ကျန်းရှီကို ဂုဏ်ယူ ဝံ့ကြွားတဲ့ အကြည့်နဲ့ သူ ကြည့်လိုက်တယ်။ “ဘာပြောချင်သေးလဲ။” ငါသိတာကို သိရဲ့ လား။ ဒီ လို စာကြောင်းတစ်ကြောင်း ဆိုတာ ပမွှားလေးပဲ လို့ ပြောနေသယောင် ယောင် ပါပဲ။
“ဟုတ်တယ်။ ဒါက အခန်း ၂၇ က စာကြောင်းပဲ ကျွန်တော် မှတ်မိတယ်။” ဝတုတ်ဘေးမှာ ထိုင်နေတဲ့ ကျောင်းတော်သားက မတ်တပ်ရပ်ရင်း ပြောလိုက်တယ်။
အခုချိန်မှာတော့ ဝတုတ် အပြစ်ကင်းတယ်ဆိုတာ သက်သေပြပေးဖို့ အချိန်ကျပြီလေ။
ဘေးက ကျောင်းတော်သားတွေကတော့ ဝတုတ် နဲ့ ဖန်ကျန်းရှီ အားပြိုင်မှုကို စောင့်ကြည့်နေကြတော့တယ်။
“ပါးစပ်ပိတ်ထားစမ်း။ စာမေးပွဲခန်းထဲမှာ နောက်တစ်ခါ အဖြေအော်ရဲ အော်ကြည့် ဆွဲထုတ်ပြစ်မယ်၊” စာဖြေခန်းစောင့်သူက အော်လိုက်တယ်။
“ကျွန်တော် မြင်တာ မှားသွားပုံပဲ။” ဖန်ကျန်းရှီက ပြောပြီး အပြစ် မကင်းတဲ့ ပုံစံနဲ့ ပြန်ထိုင်လိုက်တော့တယ်။
ကျောင်းတော်သားတွေကတော့် ပွဲကြီးပွဲကောင်းကို စောင့်မျှော်နေကြပေမယ့် ဖန်ကျန်းရှီက လွယ်လွယ်ကူကူ အရှုံးပေးလိုက်တာကြောင့် အံ့သြနေကြတယ်။
“ ဘာဖြစ်တာလဲ ဟ”
“ဒီကောင်တကယ်ပဲ လက်လျှော့လိုက်တာလား။”
စာဖြေခန်းစောင့်သူရဲ့ ဒေါသ ထွက်နေတဲ့ အမူအယာကြောင့် ကျောင်းတော်သားတွေလဲ အမြီး ပြန်ကုပ်သွားကြတော့တယ်။
စာဖြေခန်းစောင့်သူကတော့ ဖန်ကျန်းရှီရဲ့ စားပွဲပေါ်က အဖြေလွှာကို ကြည့်လိုက်ချိန်မှာ အခန်း ၂၇ ခြောက်မျိုးသော သင်ကြားမှု နည်းလမ်းက လွဲပြီး ကျန်တဲ့ မေးခွန်းတွေ အကုန် ဖြေထားတာကို တွေ့လိုက်ရတယ်။
“ဒါ ဒါက ”စာဖြေခန်းစောင့်သူ မျက်လုံးထဲမှာ သတ်ဖြတ်လိုတဲ့ အရိပ်အယောင်တွေ ပေါ်ထွက်လာတော့တယ်။
အပိုင်း (၉၂)ပြီး၏။
အပိုင်း (၉၃)
“သုံးရက်မြောက်နေ့”
Translator: Sparrow Translations Editor: Sparrow Translations
ဒါ ဒါ စာမေးပွဲကို လက်တစ်လုံးခြား လုပ်တာပဲ။ သက်သေ မလုံလောက်ပေမယ့် ဒီလို လုပ်တာကတော့ တော်ဝင်စာမေးပွဲကို မလေးမစား ရာကျလွန်းတယ်။ စည်းကမ်းဖောက်တာပဲ။
စာမေးပွဲခန်းစောင့်သူ ရဲ့ အမူအယာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်လာတော့တယ်။ သူ့ရဲ့ လက်ကို ဖန်ကျန်းရှီရဲ့ အဖြေလွှာဆီ လှမ်းလိုက်ချိန်မှာပဲ။ ဖန်ကျန်းရှီ စာရေးနေတာကို သူသတိပြုမိသွားတယ်။
ဘုရင် ဝူ က တိုင်ခွန်းကို မေးတယ်။ “ ယေဘူယျ အားဖြင့် ဘယ် အရာတွေက စစ်တပ်တစ်ခုကို ဖွံ့ဖြိုးစေဖို့ လိုအပ်လဲ။”
တိုင်ခွန်းက ပြန်ဖြေတယ်။ “ ရှေးလူတွေ ကောင်းကင်ဘုံနဲ့ မြေကမ္ဘာ မခွဲခြားခင် အချိန်တုန်းက တိုက်ခိုက်ခဲ့ကြတယ်။ သူတို့ရဲ့ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းဟာ နည်းဗျုဟာနဲ့ စိတ်အင်အား ပေါ် မူတည်တယ်။ ”
အခု ငါတို့ရဲ့ စစ်တပ် နှစ်တပ်ဟာ ဆန့်ကျင်ဘက် အခြေအနေမှာ ရှိနေတယ်။ သံချပ်ကာ တပ်သားတွေရဲ့ စိတ်အား ကို မြှင့်တင်ဖို့ နည်းလမ်း အသစ်တွေ ဖနတီးဖို့ လိုအပ်တယ်။ သိပ်သည်း ကျစ်လစ်စွာ ကြီးထွားမှု ဟာ လွတ်မြောက်ဖို့ လမ်းစပဲ ဖြစ်တယ်။”
ဖန်ကျန်းရှီ ရေးတာ သိပ်ကို မြန်လွန်းလှတယ်။ ဘယ်အရာကမှ သူ့ကို ရပ်တန့်နိုင်မှာ မဟုတ်သည့်အလား။ တာအို နိယာမ စာအုပ်ကြီးတစ်ခုလုံး သူ့ရှေ့မှာ ချထားသည့် အလား သိပ်ကို လျင်မြန်စွာ ရေးနေခဲ့တယ်။ သူ့ရဲ့ စုတ်တံ ချလိုက်တဲ့ နေရာတိုင်းမှာ စာလုံးတွေဟာ ချောမွေ့စွာ ဖြစ်ပေါ်လာတော့တယ်။ အခန်း ၂၇ ခြောက်မျိုးသော လျှို့ဝှက် သင်ကြားမှု နည်းလမ်း ။ “ မဖြိုခွင်း နိုင်သော တပ်မဟာ” တစ်ခုလုံးကို သူ့မှတ်ဉာဏ်ထဲကနေ ကူးယူပြီးသွားပြီ ဖြစ်တယ်။
ဖန်ကျန်းရှီရဲ့ အဖြေလွှာကို ကြည့်နေတဲ့ စာဖြေခန်းစောင့်သူ ဟာတော့ သူ လက်လှမ်းထားတဲ့နေရာမှာပဲ ရပ်တန့်နေတော့တယ်။ သူ့ရဲ့ နှုတ်ခမ်းတွေကတော့ ပွင့်ဟ သွားတာ ယင်ကောင်တောင် ဝင်လို့ ၇နေပြီ။
ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
ဖန်ကျန်းရှီရဲ့ ရည်ရွယ်ချက်ကို သူ ခုနကပဲ အတည်ပြုပြီးတာ ဖြစ်တယ်။ ဒါပေမယ့် ဒီကိစ္စက ဘာကြောင့် ဒီလို ဖြစ်ရတာလည်း။ ကျပန်း စာကြောင်းလေး တစ်ကြောင်းကို အခြေခံပြီးတော့ စာအုပ် က အခန်း တစ်ခုလုံးကို ချရေးနေတာလား။
သူဘယ်လိုပဲ တွေးတွေး ဒါက ဘယ်လိုမှ မဖြစ်နိုင်လူး။
“ဒါဆို အခု ဘာမှားနေတာလဲ။” စာမေးပွဲခန်းစောင့်သူက ဖန်ကျန်းရှီ ချရေးနေတဲ့ အခန်း ၂၇ ခြောက်မျိုးသော လျှိုု့ဝှက် သင်ကြားမှု နည်းလမ်းက စာလုံးလေး တစ်လုံးတောင် အမှား မပါတာကို သူကောင်းကောင်းသိတယ်။
စာဖြေခန်း စောင့်သူ နေရာမှာတင် ကြက်သေသေပြီး မလှုပ်ရှားနိုင် နားမလည်နိုင်ဖြစ်နေတော့တယ်။
“စာဖြေခန်းစောင့် ဆရာ ။ ကျွန်တော့်ကို မေးချင်တာများ ရှိလို့လား။”
ဖန်ကျန်းရှီက လုံးဝကို ရေးလို့ပြီးသွားပြီ ဖြစ်တယ်။ စာဖြေလွှာ တစ်ရွက်လုံး အပြည့်ဖြစ်သွားတာ တကယ့်ကို အားရစရာပဲ။ သူ့ခေါင်းကို မော့လိုက်ပြီး သူ့နားမှာ ရပ်နေတဲ့ ဆရာကို အပြုံး အကြီးကြီးတစ်ခု ပေးရင်း မေးလိုက်တော့တယ်။
“ မဟုတ ် မဟုတ်ပါဘူး။” စာဖြေခန်းစောင့် ဆရာလည်း တစ်ခုခု ပြောချင်နေပင်မယ့် အဆုံးသတ်မှာတော့ အကူအညီ မဲ့စွာ ခေါင်းကို ခါယမ်းလိုက်ရင် း ထွက်ခွာသွားတော့တယ်။
ဖန်ကျန်းရှီကတော့ ထွက်သွားတဲ့ ဆရာကို ကြည့်ရင်း ပြုံးလိုက်မိတော့တယ်။ လှည့်စားတယ်ဆိုတာ အနုပညာပဲ။
…
“ဒုန်” မောင်းသံ ဟာ ထွက်ပေါ်လာတော့တယ်။
မရေမတွက်နိုင်တဲ့ ကျောင်းတော်သားတွေကတော့ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေကြတော့တယ်။ ဒီ ယုံကြည်မှု မြစ် မြို့တော် မေးခွန်းက ခက်လွန်းတယ်။ စာဖြေသူ တစ်ဝက်လောက်ဟာ တစ်လုံးမှကို မရေးနိုင်ပဲ အဖြေလွှာ အလွတ်တိုင်းကို သာ ထားခဲ့ကြရတယ်။
ဒါကတော့ သူတို့ တကယ်ပဲ စာမေးပွဲ ကျတော့မှာ သေချာနေပြီ။
ဖန်ကျန်းရှီ စာဖြေခန်းထဲက ထွက်လာတာနဲ့ လီကျွမ်းစီကိုတော့ နောက်ထပ် မတွေ့တော့ဘူး။ ရန်ရွှယ်ကိုပဲ တံခါးဝမှာ တွေ့လိုက်ရတယ်။ ရေခဲ ရုပ်တုကြီးတစ်ခု တံခါ်းမှာ မတ်တပ်ရပ်နေသလိုပါပဲ။
ဖန်ကျန်းရှီကတော့ အပြစ်မမြင်ပါဘူး။ ရန်ရွှယ်ပုံစံက လူတိုင်းရဲ့ အကြည့်တွေကို ဖမ်းစားနိုင်နေတာဖြစ်တယ်။
ကျောင်းတော်သားတွေ ဟာ လူသား လှိုင်းလုံးကြီးလို စာဖြေခန်းတွေကနေ ထွက်လာတော့တယ်။ ဒါပေမယ့်လည်း ရန်ရွှယ်ရဲ့ ဘေး ပတ်လည် နှစ်မီတာလောက် ပတ်ပတ်လည်မှာတော့ အတော်လေးကို လူရှင်းနေတယ်။
လူအုပ်ထဲမှာ ရပ်နေတဲ့ ရန်ရွှယ်ကတော့ ငှက်တွေ ကြားထဲက ကြိုးကြာတစ်ကောင်လို ဖြစ်နေတယ်။
“အခြေအနေ ဘယ်လိုလဲ။” ရန်ရွှယ်က မေးလိုက်တယ်။
“မဆိုးဘူး။” ဖန်ကျန်းရှီ ဖြေလိုက်တယ်။
“ အိုင်ချင်း ကော ဘယ်လိုလဲ။” ရန်ရွှယ်က ဆက်မေးတယ်။
“ ြ့ပဿနာ မရှိပါဘူး။” ဖန်ကျန်းရှီက ယုံကြည်ချက်အပြည့်နဲ့ ပြန်ဖြေတယ်။
ရန်ရွှယ်ကတော့ တိတ်ဆိတ်နေတယ်။ ကောင်းကင်ကို မော့ကြည့်ရင်း တစ်စုံတစ်ရာစဉ်းစားနေဟန်ပဲ။ တစ်ခဏ ကြာပြီးနောက် ဖန်ကျန်းရှီကို ပြန်ကြည့်လိုက်တယ်။
“တိုက်ခိုက်ရေး စာမေးပွဲမှာတော့ ငါ ချန်ပီယံ ဖြစ်မှာ။” ရန်ရွှယ်ရဲ့ လေသံကတော့ ယုံကြည်မှု အပြည့် နဲ့ပါ။
“ငါကတော့ ငါ ချန်ပီယံ ဖြစ်မယ်ထင်တယ်။” ဖန်ကျန်းရှီကလည်း ယုံကြည်မှု အပြည့်နဲ့ပဲ ဖြစ်တယ်။
ရန်ရွှယ်ကတော့ နှုတ်ခမ်းတွေ လှုပ်စိလှုပ်စိ ဖြစ်နေတယ်။ အဆုံးမှာတော့ စကားတစ်ခွန်းမှ မပြောတော့ပါဘူး။ သူ့ရဲ့ ယပ်တောင်ကိုသာ တဖျပ်ဖျပ် ခတ်နေတော့တယ်။
တောင်တန်းတွေ မြစ်ချောင်းရှုခင်းပုံတွေကြောင့် ယပ်တောင် တစ်ချက် ခတ်လိုက်တိုင်း လျှပ်စီး လက်နေသလို ဖြစ်နေတယ်။ သိပ်ပြီး မရှင်းလင်းပေမယ့် နေရောင်ကြောင့် အလင်းပြန်နေတာလဲ ဖြစ်နိုင်တယ်။
ဖန်ကျန်းရှီလည်း ယပ်တောင်ပေါ်က ပုံကိုကြည့်လိုက်ရင်း စိတ်ထဲမှာ ထူးဆန်းတဲ့ ခံစားချက် တစ်ခုဖြစ်လာတော့တယ်။
“ဒီယပ်တောင်မှာ နာမည် ရှိလား။” ဖန်ကျန်းရှီကမေးလိုက်တယ်။
“ရှိတာပေါ့။ ဒီယပ်တောင်ကို တောင်နဲ့မြစ် ။ ကောင်းကင်မြေကြီး ယပ်တောင်လို့ခေါ်တယ်။ ” ယပ်တောင်ကို ခပ်ဖြည်းဖြည်း ခတ်ရင်း ရန်ရွှယ်က ပြန်ဖြေတယ်။
“တောင်နဲ့မြစ်။ ကောင်းကင်မြေကြီး။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။ ထပ်ပြီး စကားမပြောတော့ပါဘူး။
…
. ရန်ရွှယ်နဲ့ အတူ လမ်းလျှောက်ရတဲ့ ကောင်းကျိုးကတော့ ရန်ရွှယ်ကိုယ်မှာ အလိုလို တွန်းကန်အား ရှိနေတာပဲ။ ဘယ်သူကမှ သူတို့ကို ဝင်တိုက်သွားတာ လဲ မရှိသလို သူတို့ကြားထဲကလည်း ဖြတ်သွားတာမျိုး မရှိဘူး။
ဒါက ဖန်ကျန်းရှီကို အတော်လေး အထောက်အကူ ဖြစ်စေတယ်။
ဥပမာအားဖြင့် အတွေးအခေါ် စာမေးပွဲက ဝတုတ်ဆိုရင် ဖန်ကျန်းရှီနောက်က လိုက်လာပေမယ့် စကားလာမပြောရဲဘူး။
မှင်ကန်ကို ဖြတ်သွားတဲ့ ကျောင်းတော်သားတွေရဲ့ စူးစမ်းလိုတဲ့ အကြည့်တွေ အောက်မှာ သူတို့နှစ်ယောက် အေးအေးဆေးဆေး လမ်းလျှောက်နေကြတယ်။
စာဖြေသားအရေအတွက်ကတော့ အောင်စာရင်း မထွက်ခင် သုံးရက် အလိုတည်းက အတော်လေး နည်းသွားခဲ့ပြီ။
…
မြို့တေ်ာရုံးမှာတော့ ဆရာတွေဟာ စာစစ်နေကြတယ.်။
အဖြေလွှာမှာ နာမည်ကို ပိတ်ထားတယ်။ စာဖြေခန်းစောင့်သူတွေရဲ့ စစ်ဆေးမှုအောက်ကနေ စားပွဲရှည်ကြီးကို ဖြတ်ပြီးတော့ စာစစ်သူတွေ လက်ထဲကို ရောက်လာကြတယ်။
အနက်ရောင် ဝတ်ရုံရှည်တွေကို ဝတ်ထားတဲ့ တော်ဝင်သတင်းပို့သူ ချင်ကတော့ စားပွဲရှည်ကြီးရဲ့ အလယ်မှာ ထိုင်နေတယ်။ သူ့ရဲ့ ဘေးပတ်လည်းမှာတော့ တော်ဝင် ဆိုတဲ့ စာလုံးကို ရေးထားတဲ့ ဝတ်ရုံတွေနဲ့ သတင်းပို့သူတွေ ရှိနေကြတယ်။
စားပွဲရှည်ကြီးရဲ့ ထိပ်ဆုံးမှာတော့ စာမေးပွဲစစ် အကြီး အကဲ ရှိနေတယ်။
ငွေရောင် ဆံပင်ဖြူတွေ ပြည့်နေတဲ့ အသက် ၅၀ အရွယ် လူကြီး ဖြစ်တယ်။ သူ့ရဲ့ မျက်လုံးတောက်တောက်တွေကတော့ အတော်လေး ကျန်းမာဟန်ကို ဖော်ပြနေတယ်။ သူ့ရဲ့ ဝတ်ရုံ ပုံစံက တော်ဝင် သတင်းပို့သူတွေနဲ့ တူပေမယ့် အရောင်ကတော့ အဖြူရောင်ဖြစ်တယ်။
ဝတ်ရုံပေါ်မှာတော့ အသက်ဝင်လှတဲ့ ရွှေချည်ထိုး ငှက်တစ်ကောင်ရှိနေတယ်။
“လှပလိုက်တာ ။ လှပလိုက်တာ။” စာစစ်သူတစ်ဦးက သူ့လက်ထဲက အဖြေလွှာကို ကိုင်ကြည့်ရင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်တော့တယ်။
“အကြီးအကဲ ဟန် ကြည့်ပါအုန်း။ ဒီလောက် လှပသပ်ရပ်ရဲ့ လက်ရေးနဲ့ ဖြေထားတဲ့ လေးနက်လှတဲ့ အဖြေလွှာကို” စာစစ်သူက တရိုတသေ ကမ်းပေးရင်းပြောလိုက်တယ်။
အကြီးအကဲဟန်လည်း စာရွက်ကို ကြည့်လိုက်ရင်း မျက်လုံးတွေ အရောင် တလက်လက် တောက်လာတော့တယ်။
ဒါကို မြင်လိုက်တော့ အဖြေလွှာကို ယူလိုက်ပြီး ထပ်မစောင့်ဆိုင်းနေတော့ပဲ ။ “အဆင့်သတ်မှတ်ပြီးလို့ ရေးလိုက်တော့တယ်။
တခြား သတင်းပို့သူ တစ်ဦးကလည်း ခေါင်းငြိမ့်လိုက်ရင်း သုံးသပ်ချက်ကို ရေးပေးတော့တယ်။
သိပ်မကြာခင်မှာပဲ တော်ဝင်သတင်းပို့သူ ချင်က မတ်တပ်ရပ်လိုက်တယ်။
သူ့လက်ထဲက အဖြေလွှာ စာရွက်ကို ကိုင်ရင်း အကြီးအကဲဟန်ဆီ လျှောက်လှမ်းသွားတော့တယ.်။
“ဖတ်ကြည့်ပါအုန်း အကြီးအကဲ ဟန်”
တော်ဝင်သတင်းပို့သူ ချင် လက်ထဲက အဖြေလွှာကို သူ တစ်ချက်ကြည့်လိုက်ပြီးနောက်မှာတော့ မျက်လုံးတွေ ပြူးကျယ်လာတော့ တယ် ။ နှုတ်ခမ်းတွေက အလိုလို ပြုံးမိသွားရင်း အဖြေလွှာစာရွက်ကို လေးလေးစားယူလိုက်ပြီး ဖတ်ရှုတော့တယ်။
တစ်ဆယ့်ငါးမိနစ် တိတိ ကြာပြီနောက်မှာတော့ သူ့လက်ထဲက အဖြေလွှာစာရွက်ကို ညင်သာစွာ ချလိုက်တော့တယ်။
အဲ့ဒီ့နောက် အဖြေလွှာပေါ်မှာ ကပ်ထားတဲ့ စည်းတံဆိပ်ကို ခွာလိုက်ရင်း စာဖြေသူရဲ့ အမည်ကို ကြည့်လိုက်ချိန်မှာတော့ ။
သူ့ရဲ့ မျက်ခုံးတွေ တစ်ခုနဲ့ တစ်ခု ထိစပ်သွားတော့မတတ် မျက်မှောင်ကြုတ်လိုက်ပြီး လက်ကို တင်းတင်း ဆုပ်ထားတော့တယ.်။
အောင်စာရင်းထွက်ဖို့အတွက် သုံးရက်စောင့်ဆိုင်းရမှာဖြစ်တယ်။ ကျောင်းတော်သားတွေဟာတော့ ဒီအချိန်မှာ ယုံကြည်မှု မြစ်ကမ်းဘေးကို လမ်းလျှောက်ထွက်တတ်ကြတယ်။
ဘာကြောင့်လဲ ဆိုတော့ ဒီအချိန်မှာ သူတို့ရဲ့ အိမ်မက် နတ်သမီးကို တွေ့လို တွေ့ငြား ရှာဖွေကြတာဖြစ်တယ်။
ယုံကြည်မှု မြစ်ကမ်းဘေးက ငြင်သာစွာ စီးဆင်းနေတဲ့ ရေပြင်ကျယ်မှာ ယွင်ချင်းဝူရဲ့ သုံးထပ်လှေဟာ ၇ပ်နားထားတယ်။ ဒီတည်၇ှိမှု ဟာ ဘေးပတ်ဝန်းကျင် တစ်ခုလုံးကို ထူးခြားလှပစေတယ်။
မရေမတွက်နိုင်တဲ့ ကျောင်းတော်သားတွေဟာတော့ သူ့ရဲ့ လည်ပင်းတွေ ရှည်ထွက်မတတ် စောင့်ဆိုင်း ရင်း ယွင်ချင်းဝူရဲ့ ပုံရိပ်ကိုများ မြင်ရမလားလို့ လမ်းသလား ကြတာဖြစ်တယ်။ တစ်ချို့ ကျောင်းတော်သားတွေဆိုရင် ကဗျာတွေ စာတွေ ဖွဲ့ရင်းနဲ့တောင် တင်စားကြတယ်။
ဒါမေပယ့် ယွင်ချင်းဝူကတော့ ထွက်မလာခဲ့ပါဘူး။ လှေထဲမှာ မရှိတာလဲ ဖြစ်နိုင်တယ်။
ဒီ သုံးရက်တာ အတွင်းမှာ ဖန်ကျန်းရှီ လဲ ယွင်ချင်းဝူနဲ့ ထူးမခြားနားပါပဲ။ ယုံကြည်မှု မြစ်မြို့တော်ရဲ့ တစ်နေရာမှာ မှ ပေါ်မလာပါဘူး။ အခန်းအောင်းရင်းနဲ့သာ စာဖတ်လိုက် ရေနွေးသောက်လိုက် ရန်ရွှယ်နဲ့ အတူ မုန့်စားလိုက် လုပ်၇င်းသာ အပန်းဖြေနေပါတယ်။
သုံးရက်ကြာပြီးနောက်။
မြို့တော်ရုံးရှေ့မှာ ကျောင်းတော်သားပေါင်း များစွာဟာ စုရုံုးနေတော့တယ်။ အဆင့်ခွဲ ကျောက်တုံးကြီးရှေ့မှာ ၇ပ်၇င်း အောင်စာရင်းကို စောင့်ဆိုင်း နေကြတာပါ။ အတွေးအခေါ်စာမေးပွဲက တစ်ချီတည်းဖြစ်တာကြောင့် ။
ကျော်ဖြတ်နိုင်ရင် အသက်ရှင်မယ်။ ကျရှုံးရင် တစ်ခါတည်း ထွက်ရမယ်။
အပိုင်း (၉၃)ြ့ပီး၏။
အပိုင်း (၉၄)
“ အမျှော်အမြင် ရှိတဲ့သူ”
Translator: Sparrow Translations Editor: Sparrow Translations
ကျောင်းတော်သားတွေကတော့ သူတို့ရဲ့ နာမည်တွေ အဆင့်ခွဲ ကျောက်တုံးပေါ်မှာ ပေါ်လာဖို့ မျှော်လင့်နေချိန်မှာပဲ ထိပ်တန်းသုံးဦးကို ခန့်မှန်းချက်တွေလဲ ပေါ်ထွက်နေခဲ့တယ်။
ယုံကြည်မှု မြို့တော်ကို နေရာရွေ့လာတဲ့ စူးကျိုးကတော့ ဒီလို ပိုက်ဆံများများရမယ့် အခွင့်အရေးကောင်းမျိုးကို လက်မလွှတ်နိုင်ဘူး။ ဒါကြောင့် မနက်စောစောတည်းက သူ့ရဲ့ အစေခံကောင်လေးတွေကို ခေါ်ပြီးတော့ တော်ဝင် ရုံးတော်နဲ့ မဝေးတဲ့ နေရာမှာ စားပွဲချပြီး အလောင်းအစား လုပ်နေတော့တယ်။
“ထိပ်တန်း ချန်ပီယံနဲ့ ထိပ်ဆုံး ကျောင်းသား သုံးယောက်ကို ခန့်မှန်းနိုင်ရင် လောင်းကြေးကတော့ မြင့်မယ်နော။”
ကျောင်းတော်သား အုပ်စုကြီးကတော့ စားပွဲနားမှာ ဝန်းရံကြရင်း အပြိုင်အဆိုင် လောင်းကြေးထပ်နေကြတော့တယ်။
ဖန်ကျန်းရှီကတော့ စိတ်ရှည်တဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့်လည်း အဆင့်ခွဲကျောက်တုံးရှေ့မှာတော့ ရပ်စောင့်နေမယ့် သူထဲမပါပါဘူး။ ဒါကြောင့် သူလုပ်နေတာက တစ်ခုက ရန်ရွှယ်နဲ့ အတူ လမ်းပတ်လျှောက်နေတာပဲ ဖြစ်တယ်။
အတော်လေး လျှောက်ပြီးနောက်မှာတော့ စူးကျိုးရဲ့အော်သံကို ကြားလိုက်ရတော့တယ်။
သူသွားလိုက်ရင် စူကျိုးက သူ့ကို ကြိုမယ်ဆိုတာ သိတယ်။ နောက်ပြီးတော့ သူ့ကို ချန်ပီၤယံဖြစ်မယ်လို့ လောင်းထားတဲ့ သူ ရှိမလား ဆိုတာလည်း သိချင်တယ်။
“ငါ သွားကြည့်လိုက်အုန်းမယ်။” ဖန်ကျန်းရှီက ရန်ရွှယ်ကို ပြောလိုက်တယ်။
“ကောင်းပြီ။” ရန်ရွှယ်က ခေါင်းငြိမ့်လိုက်ပြီး ဖန်ကျန်းရှီနဲ့ အတူ လောင်းကြေးထပ်တဲ့ စားပွဲဆီကို သွားတော့တယ်။
ဖန်ကျန်းရှီကတော့ ဒါမျိုးကို ရန်ရွှယ် စိတ်ဝင်စားမယ်လို့ မထင်မိခဲ့ဘူး။ ဒါပေမယ့်လည်း လူချမ်းသာတွေ အလောင်းအစား ဝါသနာ ပါတာကို သူ သတိရသွားတယ်။
ရန်ရွှယ်လည်း ချမ်းသာတယ်လေ။
ဒါပေမယ့်လည်း ဘေးပတ်ဝန်းကျင်က ပြောနေတဲ့ စကားသံတွေ တိတ်ဆိတ်သွားတော့တယ်။
ရန်ရွှယ်ရဲ့ အမူအယာက ကျောင်းတော်သားတွေကို အတော်လေး လွှမ်းမိုးနိုင်တယ်.။။ ဖန်ကျန်းရှီကတော့ ဒီ သက်ရောက်မှုကို အတော်လေး သဘောကျတယ်။ ရေသေနတ် ပြင်းပြင်းနဲ့ ပြစ်လိုက်သလိုမျိုး ပြင်းထန်လှတယ်။
စူးကျိုးကတော့ ပိုက်ဆံတွေကို သိမ်းနေချိန်မှာပဲ စားပွဲရှေ့မှာ ကျောင်းတော်သာားတွေ မရှိတော့တာကို သူ သတိထားမိသွားတယ်။
ခေါင်းမော့ပြီး ကြည့်လိုက်တော့ ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကို တွေ့လိုက်ရတယ်။
“ သခင်လေး ဖန်” စူကျိုး က ၇ယ်ပြနေပေမယ့် သူ့လက်တွေကတော့ စားပွဲပေါ်မှာ ခပ်သွက်သွက် လှုပ်ရှားနေကြတယ်။
ဖန်ကျန်းရှီကလည်း ပြုံးနေတယ်။
ဘာကြောင့်လဲ ဆိုတော့ စားပွဲပေါ်က လောင်းကြေးစာရွက်မှာ ဖန်ကျန်းရှီ စာရေးထားတာကို တွေ့လိုက်ရတာကြောင့် ဖြစ်တယ်. .။ စူးကျိုး ထင်သလိုပဲ သူ့နာမည်ကိုပဲ ပြန်ရေးပြီး လောင်းပြန်ြ့ပီ။
တခြားထက် စားပွဲပေါ်မှာ နာမည် ဆယ်ခုလောက်ကို ခပ်ရှုပ်ရှုပ်ရေးထားတာ။
နာမည်တွေအောက်မှာလဲ လျော်ကြေးတွေကို ပါ ဖော်ပြထားတယ်၊
တခြားသူတွေထက် ကျန်းဟော်ထုံရဲ့ လျော်ကြေးက အနည်းဆုံးပဲ။ လူတွေ လောင်းတဲ့ ပမာဏကလည်း အများဆုံးဖြစ်တယ်။ နောက်မှာ ဟွားခန်အန်း။ တန်ယွီလုံ။ နောက်ပြီး ခိုင်ယွင်ဖုန်းတောင် ချန်ပီယံ ဖြစ်ဖို့ လောင်းကြေးထဲ ပါနေသေးတယ.်။
“ငါ့ကို ငါ ပြန်လောင်းလို့ ရတယ်မလား။” ဖန်ကျန်းရှီက မေးလိုက်တယ်။
“ဟား ဟား သခင်လေး ကျွန်တော်နဲ့ လိုက်ခဲ့ပေးနိုင်မလား။” စူကျိုးက ဖန်ကျန်းရှီကို ပြောလိုက်တယ်။
ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်ပြီးတော့ လိုက်လာတော့တယ်။
သိပ်မကြာခင်မှာပဲ လူရှင်းတဲ့ သစ်ပင်ကြီးတစ်ပင်အောက်ကို လူသုံးယောက် ရောက်လာတော့တယ်။
“သခင်လေး ဖန်။ ကျွန်တော့ သခင်က သခင်လေး ဘယ်လောက် လောင်းလောင်း နှစ်ဆ ပြန်လျော်ပေးဖို့ မှာထားပါတယ်။” စူကျိုး က ပြုံးပြီးပြောလိုက်တယ်။
“ငါသိချင်တာက င့ါနာမည် ဘာလို့ ဒုတိယ အဆင့် မှာပဲ ၇ှိပြီး လျော်ကြေးက အရမ်း နည်းနေတာလဲ။” ဖန်ကျန်းရှီက စူးကျိုုးကို မေးလို်က်တယ်။
“ကြည့်ရတာ သခင်လေး မြင်ပြီးပြီပဲ။ ကျွန်တော့်ကို အပြစ် မတင်ဖို့တော့ မျှော်လင့်ပါတယ်။ ကျွန်တော်က တခြား ကျောင်းတော်သားတွေ လောင်းတဲ့ အတိုင်း လောင်းကြေးလုပ်ရတာပါ။ စူကျိုးက ရှင်းပြတယ်။
“ဘယ်သူကမှ ငါ့ကို ပထမတန်း အဆင့်မှာ မလောင်းကြဘူးလား။”
“ဘယ်သူမှ မလောင်းပါဘူး သခင်လေးဖန်” “ဒါပေမယ့် လူတစ်ယောက်ကတော့ သခင်လေးကို ချန်ပီယံ ဖြစ်မယ်လို့လောင်းထားတယ်။ ကျွန်တော်ထင်တာက သခင်လေး တစ်ယောက်ယောက်ကို လွှတ်ပြီး လောင်းခိုင်းတယ် ထင်နေတာ ကြည့်ရတာတော့ မဟုတ်ဘူးပဲ။”
“လူတစ်ယောက်က ငါ့ကို ချန်ပီယံ ဖြစ်မယ်လို့လောင်းတယ်။” ဖန်ကျန်းရှီက သူ့ဘေးက ရန်ရွှယ်ကို ကြည့်လိုက်တယ်။
ရန်ရွှယ်က ခေါင်းခါပြတယ်။
ဒါ ရန်ရွှယ် မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်မလဲ။ ” ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းတွေမှာ အပြုံး တစ်ခု ဖြစ်ပေါ်လာတော့တယ်။
“ပြောပါအုန်း။ ငါ့ကို ငါ ပြန်လောင်း သင့်လား။”
“ကျွန်တော့် သခင် မှာထားတဲ့ အတိုင်း သခင်လေး ဘယ်လောက်ပဲ လောင်းလောင်း။ နှစ်ဆ ပြန်ပေးပါမယ်၊” စူးကျိုးက ပြောလိုက်တယ်။
“ တကယ့်ကို ဉာဏ်ကြီးတဲ့ သူပဲ ။ ငါ့ကို ချန်ပီယံ ဖြစ်မယ်လို့ လောင်းသွားတဲ့ သူရဲ့ နာမည်ကို ရှာထားပေးပါအုန်း။” ဖန်ကျန်းရှီပြောလိုက်တယ်။ ဒီနေ့ လောင်းကြေးအတွက်တော့ သူအများကြီး မလောင်းချင်တော့ဘူး။
“ကောင်းပါပြီ သခင်လေး။” စူးကျိုးက ပြောလိုက်တယ်။
ဖန်ကျန်းရှီလှည့်ထွက်သွားပြီး မကြာခင်မှာပဲ စူးကျိုးပြောတာကို သူ ကြားလိုက်ရတယ်။ “သခင်က တကယ့်ကို အမျှော်အမြင်ကြီးတာပဲ။ သခင်လေးဖန် တကယ် ကို မလောင်းတော့ဘူး။
“ခနနေအုန်းး။ ငါ ငွေသား တစ်ရာလောင်းမယ်။” စူးကျိုး ပြောမိတဲ့ ပါးစပ်ကို ပိတ်ရိုက်ချင်သွားတယ်။
သူ့မျက်နှာကတော့ အတော်လေးကို ရှုံ့မဲ့နေတယ်။
“သခင်လေး တကယ်ပဲ လောင်းမှာလား။”
…
လက်ထဲမှာ ငွေသား နှစ်ရာကို ကိုင်ရင်း ဖန်ကျန်းရှီကတော့ အဆင့်ခွဲ ကျောက်တုံးဆီကို ရန်ရွှယ်နဲ့ အတူ ပြန်လာတော့တယ်။
အဲ့ဒီ့နောက် ပုံမှန်အတိုင်းပဲ သူတို့ဘေးနားမှာ လူ ရှင်းနေတော့တယ်။
ဒါပေမယ့် အရင်အချိန်တွေနဲ့ ယှဉ်ရင်တော့ ဒီနေ့ စကားပြောနေကြတဲ့ အသံတွေက အတော်လေးကို ဆူညံလွန်းနေတယ်။
“မြန်မြန် ကြည့်။ ဖန်ကျန်းရှီ တောင် ရောက်နေပြီ။ ငါသူ့ကို ဒုတိယ အဆင့်နဲ့ အောင်မယ်လို့လောင်းထားတယ်။”
“ငါတော့ ဖန်ကျန်းရှီ ကျမယ်လို့ လောင်းတယ်။”
“ မင်း ခေါင်း ချောင်သွားပလား။ ဖန်ကျန်းရှီက ဒေသတွင်း တာအို စာမေးပွဲက အမှတ်ပြည့် ချန်ပီယံကွ။ မိုးပြိုသွားရင်တောင် စာမေးပွဲ မကျဘူး။”
“ဟုတ်တယ်။ ဖန်ကျန်းရှီ ကျမယ်လို့ လောင်းတာက မင်း ရူးနေလို့ပဲ။”
ကျောင်းတော်သာားတွေကတော့ ဖန်ကျန်းရှီ အကြောင်းကို ငြင်းခုံနေကြတော့တယ်။ နောက်ဆုံးတော့ စိတ်မထိန်း န ိုင်ကြတော့ပဲ လက်ပါလာကြတော့တယ်။ ဖန်ကျန်းရှီကို စာမေးပွဲ ကျမယ်လို့ လောင်းထားတဲ့ သူကတော့ ဆံပင်တွေ အထွေးလိုက် ကျွတ်တဲ့ထိ စောင့်ဆွဲခံလိုက်ရတယ်။
ဒီအချိန်မှာပဲ။ အောင်စာရင်း ကြေညာမယ့် ဝတ်ရုံနက် ရုံးတော်သားတွေ ပေါ်ထွက်လာတော့တယ်။
“လမ်းဖယ်ကြ” အော်သံ ပေါ်ထွက်လာချိန်မှာတော့ ကျောင်းတော်သားတွေ တိတ်ဆိတ်သွားပြီး လမ်းဖယ်ကြတော့တယ်။ ကျောင်းတော်သား အရေအတွက်က ငါးဆ များတဲ့ အတွက် ရုံးတော်သားတွေဟာ အတော်လေး ပင်ပန်း နေကြဟန်ပါပဲ။
မြန်မြန်ဆန်ပဲ လူရှုင်းသွားချိန်မှာတော့ အဆင့်ခွဲကျောက်တုံးထက်မှာ ဒုတိယ အဆင့် ကျောင်းတော်သား အောင်စာရင်း ပေါ်လာတော့တယ်။ ထုံးစံအတိုင်း အဆင့်ခွဲ ကျောက်တုံး ပေါ်မှာ ပုံဆောင်ခဲလေးကို ဖိချလိုက်ပြီးနောက်မှာ ပေါ်လာတာ ဖြစ်တယ်။
အောင်စာရင်းကတော့ ထွက်ပေါ်လာပြီပဲ ဖြစ်တယ်။ ဒုတိယ အဆင့်ကျောင်းတော်သားတွေရဲ့ နာမည်ဟာ သိပ်သည်းစွာ ပေါ်ထွက်လာတော့တယ်။ ယုံကြည်မှု မြစ်မြို့တော်မှာ လာရောက် ဖြေဆိုတဲ့ ကျောင်းတော်သား အရေအတွက်က ငါးဆ ပိုပေမယ့်လည်း အောင်မြင်သူ အရေအတွက်ကတော့ အတိအကျပဲ ဖြစ်တယ်။
ကျောင်းတော်သားတွေကတော့ မျက်စိဖွင့် နားစွင့်ရင်း သူတို့ရဲ့ နာမည်တွေကို အောင်စာရင်းမှာ ပါမပါ ကြည့်ကြတော့တယ်။
“ ဟား ဟား ဟား ငါ အောင်ပြီ။ ငါအောင်ပြီ။”
“ငါလည်း အောင်ပြီ။ ဒီတစ်ခါတော့ အောင်ပြီ။”
လူတစ်ချို့ကတော့ ပျော်လွန်းလို့ ဆွေ့ဆွေ့ခုန်နေကြတော့တယ်။ ဒီတစ်ခေါက် စာမေးပွဲ မေးခွန်းက ခက်လွန်းတဲ့ အတွက ် အောင်မြင်သူတွေကတော့ အတော်လေး ကံကောင်းတယ် ဆိုရမှာဖြစ်တယ်။ ဒုတိယ အဆင့်နဲ့ အောင်မြင် ရင်တောင်။
ဒီတစ်ကြိမ်မှာ ချီးမြှှုင့်မယ့် လက်ဆောင် ပဏာတွေကလည်း များပြားလွန်းတဲ့ အတွက် သူတို့ အတော်လေးကို ပျော်ရွှင်နေကြတယ်။
“ဒါက ဒုတိယ အဆင့်လေးပဲကို ဘာတွေ ဒီလောက် ပျော်နေကြတာလဲ။” ဒုတိယ အဆင့်ကိုတောင် ဝင်ခွင့်မရတဲ့ ကျောင်းတော်သားတွေက နှာခေါင်းရှုံ့နေကြတော့တယ်။
“ငါ နိုင်ပြီ။ ငါနိုင်ပြီ။” ဒီအချိန်မှာပဲ အော်သံတစ်ခုဟာ ပေါ်ထွက်လာတော့တယ်။
အပိုင်း (၉၄)ပြီး၏။
အပိုင်း (၉၅)
“ထိပ်တန်း သုံးဦး။”
Translator: Sparrow Translations Editor: Sparrow Translations
အောင်စာရင်းကို ကြေညာပြီးနောက်မှာတော့ လူတစ်ယောက်ဟာတော့ ဆံပင်တွေကို ဆွဲပြီးတော့ ရူးသွပ်သွားသည့်အလား ယိမ်းထိုးကခုန်နေပါတယ်။
ဖန်ကျန်းရှီရဲ့ နာမည်ဟာလည်း ဒုတိယန်း အဆင့်မှာ ရှိမနေတာကို ကျောင်းတော်သားတွေ သတိထားမိသွားတော့တယ်။
“ဖန်ကျန်းရှီ စာမေးပွဲ မအောင်တာတော့ မဖြစ်နိုင်ပါဘူးနော်”
“သူ ကျတာ ဖြစ်မှာပါ။ ဒေသတွင်းတာအို စာမေးပွဲက ချန်ပီယံတစ်ယောက်က မြို့တော် တာအို စာမေးပွဲမှာ အဆင့်တစ်ဆယ်တွင်း ဝင်ရင်ကို ကံကောင်းလွန်းနေပြီ။ နောက်ပြီး ပုန်းကွယ်နေသော နဂါး အဆင့်က သူတွေလဲ ရောက်နေတာ။ ပထမအဆင့်မှာ လည်း လူ နှစ်ဆယ်ရှိပေမယ့် ဒီထဲမှာတော့ ဖန်ကျန်းရှီ ပါမှာ မဟုတ်ဘူး”
“ဟူးး တကယ့်ကို ကံတရားပေါ် မူတည်တာပဲ။”
“ငါ့ ပိုက်ဆံတွေတော့ သွားပါပြီ။”
ပထမတန်းစား အဆင့်ကို ဝင်ဖို့က အတော်လေး ခက်တာကြောင့် ကျောင်းတော်သားတွေကတော့ ဖန်ကျန်းရှီ စာမေးပွဲ ကျပြီလို့သာ မှတ်ယူ ကြတော့တယ်။
တကယ်တမ်းတော့ သူတို့က အောင်စာရင်း လာကြည့်တာ မဟုတ်ကြဘူး။ ဖန်ကျန်းရှီကို လာကြည့်ကြတာဖြစ်တယ်။
သူတို့ တွေးတော နေချိန်မှာပဲ ပထမတန်းစားကျောင်းတော်သား နာမည် စာရင်းဟာ ထွက်ပေါ်လာတော့တယ်။
“ဟွားခန်အန်း”
“တန်ယွီလုံ။ ခိုင်ယွင်ဖုန်းနဲ့ ကန်ရှင်းဖျင်တို့လဲ ပါတယ်။”
“တကယ့်ကို တော်တဲ့ ကျောင်းတော်သားတွေပဲ။”
“ဖန်ကျန်းရှီက ထိပ်တန်း သုံးဦးထဲ ပါမယ်လို့ မင်း မထင်ဘူးလား။”
“ငါကြားတာတော့ သူက တာအို ခန်းမမှာတောင် မသင်ကြားဖူးပဲနဲ့ ဒေသတွင်း တာအို စာမေးပွဲမှာ ထူးထူးဆန်းဆန်း ချန်ပီယံ ဖြစ်လာတယ် ကြားတယ်။ မြို့တော် တာအို စာမေးပွဲမှာကော ဒီလို ထူးဆန်းတာ ထပ်ဖြစ်နိုင်မလား ဟ။ ဟား ဟား ဟား”
“ကျန်းဟော်ပင်း လည်း ပထမတန်းစားထဲ မရှိဘူး ထိပ်တန်းသုံးဦးထဲ ပါမှာ သေချာနေပြီ။ သူပဲ ချန်ပီယံဖြစ်မှာ။ ခဏနေပါအုန်း ရန်ရွှယ်လည်း ပထမတန်းစားထဲ မပါဘူး။ သူလည်း ..”
ကျောင်းတော်သားတွေကတော့ ဖန်ကျန်းရှီနဲ့ ရန်ရွှယ်တို့ရဲ့ နာမည်တွေ ပထမတန်းစားထဲ မပါတာကို ပြောနေကြတယ။်။
ဖန်ကျန်းရှီ လို ဒေသတွင်းတာအို အတွေးအခေါ် ချန်ပီယံတစ်ယောက်က စာမေးပွဲကျတာ အံ့သြစရာဖြစ်ပေမယ့်လည်း ရန်ရွှယ်နာမည်လည်း အောင်စာရင်းမှာ မပါသေးတာက တကယ့်ကို လက်မခံနိုင်စရာပဲ။
နောက်ဆုံးမှာတော့
ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတော့တယ်။
သူတို့တွေးတဲ့အတိုင်း ကျောင်းတော်သားတွေဟာ ရန်ရွှယ်ကို ငေးစိုက်ကြည့်နေကြတော့တယ်။ သူတို့ တွေးတာကတော့ အနောက်ပိုင်း လျန်ဒေသရဲ့ ဂုဏ်ကြီးရှင် ရေခဲမင်းသားက ယုံကြည်မှု မြစ်မြို့တော်မှာ အတွေးအခေါ်စာမေးပွဲ ချန်ပီယံဖြစ်ပြီ။
“ဒုန်” မောင်းသံဟာ ကျောင်းတော်သားတွေရဲ့ အာရုံကို ရယူလိုက်တော့တယ်။
“အတွေးအခေါ် စာမေးပွဲရဲ့ ထိပ်တန်း သုံးဦးကို စာမေးပွဲ အဓိက အကြီးအကဲ ကြီးကြပ်သူ တော်ဝင်ကျောင်းတော် ကျောင်းအုပ်ကြီး ဟန်ချန်ဖုန်း ကိုယ်တိုင် ကြေညာပေးမည်။”
ကြေညာချက်ပြီးဆုံးပြီးနောက်မှာတော့ ခန့်ညားလှတဲ့ ရွှေချည်ထိုး ဝတ်ရုံဖြူဝတ် လူကြီးတစ်ယောက်ဟာ ထွက်ပေါ်လာတော့တယ်။
တော်ဝင်ကျောင်းတော်ရဲ့ အကြီးအကဲ ဟန်ချန်ဖုန်း စစ်စစ်ပဲ။
ဟန်ချန်ဖုန်းရဲ့ နောက်မှာတော့ တော်ဝင် ဆိုတဲ့ စာလုံးရေးထိုးထားတဲ့ ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ ရုံးတော်သားတွေ လိုက်ပါလာတော့တယ်။
“အကြီးအကဲ ဟန်ကိုယ်တိုင် ဒီတစ်ခေါက် မေးခွန်းကို ကြီးကြပ်တယ်”
“မေးခွန်း ဒီလောက် ခက်နေတာ မဆန်းပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ စာမေးပွဲအောင်မြင်သူကတွေကတော့ အခြားသူတွေထက် ပို ဂုဏ်မြင့်လိမ့်မယ်။”
ကျောင်းတော်သားတွေကတော့ ဟန်ချန်ဖုန်းကို ကြည့်ရင်းတိုးတိတ်စွာ ဆွေးနွေးနေကြတော့တယ်။ ကြီးမြတ်သော “ရှ” မင်းဆက်မှာလဲ ကျောင်းသားနဲ့ဆရာကြား လေးစားမှုက အတော်လေး ကြီးမားတယ်။
ဥပမာ အားဖြင့် ဟန်ချန်ဖုန်း ကြီးကြပ်တဲ့ စာမေးပွဲကနေ အောင်မြင်သူ ဆိုရင် နာမည်ကျော်ကြားလာပြီးတော့ တော်ဝင်ကျောင်းတော်မှာ ဟန်ချန်းဖုန်းရဲ့ တပည့်ဖြစ်လာကြတယ်။
ဒါက မင်းဆက်ရဲ့ ဥပဒေပဲ ဖြစ်တယ်။
အဆင့်ခွဲကျောက်တုံးရှေ့ကို လျှောက်လှမ်းသွားလိုက်တော့ ကျောင်းတော်သားတွေရဲ့ ဆွေးနွေးမှုဟာ မီးကို ရေနဲ့ ငြှိမ်းသတ်သလို တိတ်ဆိတ်သွားတော့တယ်။
“ယုံကြည်မှု မြစ်မြို့တော် စာမေးပွဲမှာ မြောက်ပိုင်း ဒေသမြို့တော်ကြီး ငါးခုက ကျောင်းတော်သားတွေ လာရောက်စုဝေးကျတာ ကို လူအိုကြီး ကျွန်တော် တကယ်ပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။”
ဟန်ချန်ဖုန်းရဲ့ အသံကတော့ သိပ်ကို တည်ငြိမ်လွန်းလှပြီး ထည်ဝါတဲ့ အရှိန်အဝါတစ်ခု ပါဝင်နေတယ်။ သူ့ကို သူ လူအိုကြီးလို့ သုံးနှုန်းလိုက်ပုံက ကျောင်းတော်သားတွေကို လေးစားမှု ဖြစ်စေတယ်။
ဖန်ကျန်းရှီကတော့ ဟန်ချန်းဖုန်းကို လေးစားပုံ မပေါ်လှပါဘူး။ နောက်တော့ ရန်ရွှယ်ကို ကြည့်လိုက်ရင်း ဟန်ချန်းဖုန်းနဲ့ ရန်ရွှယ် သိပ်မကွာဘူးဆိုတာ တွေးနေမိတယ်။
ဒါပေမယ့်လည်း ရန်ရွှယ်က ပိုပြီး အေးစက်တယ်။
“ထိပ်တန်းသုံးဦးကတော့ စာဖြေခန်းစောင့်သူတွေနဲ့ စာစစ် ဆရာတွေကို အဆင့်ဆင့် ဖြတ်ကျော်လာပြီး နောက်ဆုံးမှ ကျွန်တော် ရွေးချယ်တာ ဖြစ်တယ်။ အကယ်၍ ကျောင်းတော်သားတွေမှာ ဆုံးဖြတ်ချက်ကို မကျေနပ်မှု ရှိရင်တော်ဝင် ကျောင်းတော်ကို ပြန်စစ်ဆေး ပေးဖို့တောင်းဆိုနိုင်ပါတယ်။
“အခု ထိပ်တန်း သုံးဦးကို ကြေညာပါမယ်။”
“လင်းကျန်းမြို့တော် ထျန်းဟော် ကျောင်းမှ ကျန်းဟော်ထုံ”
ဟန်ချန်ဖုန်း ကြေညာပြီးတဲ့နောက် ခဏတာ ရပ်တန့်လိုက်တယ်။ ကျန်းဟော်ထုံရဲ့ ရလဒ်ကတော့ ထိပ်တန်းသုံးဦးမှာ တတိယမြောက်ဖြစ်တယ်။
“ကျန်းဟော်ထုံက တတိယလား။”
“ရန်ရွှယ်က ကျန်းဟော်ထုံထက် ပိုသာလိမ့်မယ်လို့ ငါ မထင်ခဲ့ မိဘူးကွာ။”
“အသက် ၁၆ နှစ်ဆို အိမ်ကနေ ထွက်ခွာရတဲ့ ရန်မိသားစုတွေကတော့ လောက ကို တုန်လှုပ်စေတဲ့ စွမ်းရည်တွေ ပြတော့မယ် ထင်တယ်။”
ကျန်းဟော်ထုံ တတိယရတာကို ကြားပြီးနောက်မှာတော့ ကျောင်းတော်သားတွေက တီးတိုး ဆွေးနွေးကြတော့တယ်။ လူအုပ်ကြီး ထဲမှာတော့ ဘရိုကိတ် ဝတ်စုံဝတ် လူတစ်ယောက်ကို ဝိုင်းဝန် ဂုဏ်ပြုနေကြတော့တယ်။
“ဒုတိယ။ အနောက်ပိုင်း လျန်ဒေသ ရန်မိသားစုမှ ရန်ရွှယ်”
ကျန်းဟော်ထုံရဲ့ နာမည် ကျောက်တုံးပေါ်မှာ ပေါ်ထွက်လာပြီးတဲ့နောက် ဟန်ချန်ဖုန်းက ထပ် ကြေညာလိုက်တော့တယ်။
“ရန်ရွှယ်က ဒုတိယနေရာ”
“ဒါဆို အတွေးအခေါ် စာမေးပွဲမှာ ဘယ်သူ က ချန်ပီယံလဲ။”
ကျောင်းတော်သားတွေရဲ့ အကြည့်တွေကတော့ ဖန်ကျန်းရှီကို ကွင်းပြီးတော့ ရန်ရွှယ်ဆီကိုသာ ကျရောက်နေတော့တယ်။
တခြားတစ်ဖက်မှာတော့ ရန်ရွှယ်ရဲ့ အမူအယာဟာ ခန့်မှန်းထားတာ ဖြစ်လာတဲ့ အတိုင်း တည်ငြိမ်နေပါတယ်။ ဒါပေမယ့် သူ့ဘေးက ဖန်ကျန်းရှီကို စိုက်ကြည့်နေတဲ့အကြည့်တွေကတော့ ပဟေဠိဖြစ်နေဟန်ပါပဲ။
ဖန်းကျန်းရှီကလည်း ရန်ရွှယ်ကို စိုက်ကြည့်နေတယ်။ တကယ်တမ်းတော့ သူက ဂုဏ်ပြု စကားပြောချင်ပေမယ့် ရန်ရွှယ်ကြားချင်မှာ မဟုတ်ဘူးဆိုတာ သူသိတယ်။
အကြောင်းရင်းကတော့ ရှင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရန်ရွှယ်က အတွေးအခေါ် စာမေးပွဲမှာ ရှုံးသွားပြီ တဲ့ အတွက်ပဲ။
“မင်းငါ့ကို လိုက်ကျွေးမလား။” ရန်ရွှယ်က စပြောလိုက်တယ်။”
“လသာဆောင် စားသောက်ဆိုင်ကို သွားကြမလား။” ဖန်ကျန်းရှီက ပြန်မေးလိုက်တယ်။
“သွားမယ်” ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တယ် ။
ရန်ရွှယ်နဲ့ ဖန်ကျန်းရှီပြောနေတာကို ကြားတော့ ကျောင်းတော်သားတွေက စိတ်ရှုပ်နေကြတော့တယ်။ ရန်ရွှယ်က ဒုတိယ ရတာလေ ။ ဘာလို့ ဖန်ကျန်းရှီက လိုက်ကျွေးရမှာလဲ။
ရန်ရွှယ်က ဖန်ကျန်းရှီ ထိပ်တန်း ချန်ပီယံ ဖြစ်မယ်လို့ ယုံနေတာလား။
ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
တာအို ခန်းမမှာတောင် စာမသင်ဖူးတဲ့ သူက မြို့တော် တာအို စာမေးပွဲမှာ ဘယ်လို ချန်ပီယံဖြစ်နိုင်မှာလဲ။ ကမ္ဘာပေါ်က ကျောင်းတော်သား အကုန် ဒီအတိုင်းပဲပြောကြမှာ ဖြစ်တယ်။
ကျောင်းတော်သားတိုင်းကတော့ ကြီးမြတ်သော “ရှ” မင်းဆက်က တာအို ခန်းမတွေမှာ သင်ကြားခဲ့ကြတာလို့ မပြောနဲ့။
သူတို့အကုန် အောင်ကြလို့လား။
အပိုင်း(၉၅) ပြီး၏။
အပိုင်း (၉၆)
“တုန်လှုပ်ဖွယ် လျှို့ဝှက်ချက် တစ်ခု ပေါ်ထွက်လာခြင်း”
Translator: Sparrow Translations Editor: Sparrow Translations
ကျောင်းတော်သားတိုင်းကတော့ သူတို့ရဲ့ စိတ်ထဲမှာ တွေးတောနေကြတယ်။ အမုန်းတရားကြောင့် မဟုတ်ပဲ ဂုဏ်ရည်ကြောင့် ဖြစ်တဲ့ အကြောင်းအရာဖြစ်တယ်။ တာအို ခန်းမကိုတောင် မဝင်ဖူးတဲ့ ကိုယ်တိုင် သင်ကြားသူတစ်ယောက်ကို ကျောင်းတော်သားတိုင်း ရှုံးနိမ့်ကြတယ် ဆိုတာ တကယ့်ကို အံ့သြဖွယ်ကောင်းလွန်းတယ်။
သူတို့ရဲ့ အရည်အချင်းတွေ အပေါ်မှာ သံသယ ရှိလာကြတော့တယ်။
“ဒီ ယုံကြည် မှု မြစ်မြို့တော် တာအို စာမေးပွဲ အတွေးအခေါ် ချန်ပီယံကတော့ မြောက်ဘက်ရွာက ဖန်ကျန်းရှီပဲ ဖြစ်တယ်။” ဟန်ချန်ဖုန်ုး ကြေညာသံ ထွက်ပေါ် လာတာနဲ့ လေထုဟာ အတော်လေးကို အေးစက်သွားတော့တယ်။
တကယ်တမ်းမှာတော့ မြောက်ဘက်ရွာ ဆိုတဲ့ စကားလုံး သုံးလုံးကို ကြားပြီးနောက်မှာတော့ ပိုပြီး မျက်စိလည်လာတာ ဖြစ်တယ်။
“အတွေးအခေါ် စာမေးပွဲ ချန်ပီယံက တကယ့်ကို ဖန်ကျန်းရှီ လား။”
“ဖန်ကျန်းရှီ ဖြစ်နေပြန်တာလား။”
“တကယ့်ကိုပဲ။”
ကျောင်းတော်သားတွေရဲ့ ပါးစပ်တွေကတော့ မပိတ်နိုင်အောင် ဖြစ်နေကြတော့တယ်။ သူတို့ ဖြစ်နိုင်ချေတွေ အများကြီး စဉ်းစားခဲ့ကြပေမယ့် ဖန်ကျန်းရှီကိုတော့ မတွေးမိခဲ့ကြဘူးဖြစ်တယ်။
အပြစ်သား အမိန့်တော်နဲ့ သတ်မှတ်ခြင်းခံထားရတဲ့ လူတစ်ယောက်က ဘယ်လိုမျိုး ချန်ပီယံ ဖြစ်နိုင်တာလဲ။
မြောက်ပိုင်းဒေသတစ်ခုလုံး မြို့တော်ကြီး ငါးခုက အတော်ဆုံးကျောင်းတော်သားတွေ ယုံကြည်မှု မြစ် မြို့တော်ကို လာရောက် ဖြေဆိုကြတာ။
ဒါပေမယ့် ဖန်ကျန်းရှီလိုမျိုး လူတစ်ယောက်က ချန်ပီယံ ဖြစ်သွားခဲ့တယ်။
“ငါ မယုံဘူး။” ကျောင်းတော်သား တစ်ယောက်က ထအော်လိုက်တယ်။
“ငါလည်း မယုံဘူး။” နောက်ထပ် ကျောင်းတော်သားတွေကလည်း အော်ဟစ်ကြတော့တယ်။
ဘယ်သူကမှ မယုံနိုင်ဘူး။ ဖန်ကျန်းရှီ ဒေသတွင်း တာအို စာမေးပွဲ မှာ ချန်ပီယံဖြစ်တာ ကံတရားကြောင့်ဆိုတာ ယုံနိုင်သေးတယ်။
ဒါပေမယ့် မြို့တော်ကြီး ငါးခုက အတော်ဆုံးကျောင်းတော်သားတွေ တောင် သူ့ကို မယှဉ်နိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။
ဘယ်သူကမှလဲ မယုံနိုင်ကြဘူး။
"
“တကယ်တမ်းတော့ အဖြေလွှာ စာရွက်ပေါ်မှာ ရှိနေတဲ့ နာမည်ကြောင့် ငါတကယ်ပဲ အံ့သြ ထိတ်လန့်ခဲ့ရတယ်။ ဒီလို ကိစ္စမျိုး ဖြစ်နိုင်တာကို ငါ ယုံကြည်လိုက်ရတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလုံး ထိပ်တန်းကျောင်းတော်သား သုံးယောက်ထဲ ဝင်ဖို့ ငါ တော်တော် ကြိုးစားခဲ့ရတယ်။ ဒါက ငါ့်ကို ပိုပြီးတွေဝေစေတယ်။” ဟန်ချန်ဖုန်းကတော့ ကျောင်းတော်သားတွေရဲ့ အသံကို ဖုံးလွှမ်းသွားတဲ့ အထိ ကျယ်လောင်စွာ ပြောလိုက်တယ်။ သူ့ရဲ့ အမူအယာကတော့ အသံနဲ့ ဆန့်ကျင်စွာ တည်ငြိမ်နေပါတယ်။
ကျောင်းတော်သားတွေကတော့ ပြန်လည်တိတ်ဆိတ်သွားတော့တယ်။ သူတို့ကိုယ်တိုင်လည်း တာအိုခန်းမမှာ သင်ကြားနေတဲ့ နေ့ရက်တိုင်းမှာ ကြိုးစားခဲ့ရတာကို ပြန်လည် အမှတ်ရမိတာကြောင့်ဖြစ်တယ်။
တာအို ခန်းမကိုတောင် မဝင်ဖူးတဲ့ သူတစ်ယောက်က သူတို့ကို ကျော်တက်သွားတယ် ဆိုတာ ဘယ်လိုမှကို လက်ခံနိုင်ခြင်း မရှိကြဘူး။
“ဒါပေမယ့် မင်းတို့ကို အဖြစ်အပျက်တစ်ခု ပြောပြလိုက်ရင် မင်းတို့ အတွေးတွေ ပြောင်းလဲသွားမယ်လို့ ယုံကြည်တယ်။” ဟန်ချန်ဖုန်းက ကျောင်းတော်သားအုပ်စုကြီး တိတ်ဆိတ်သွားတာ မြင်တော့ ပြောလိုက်တယ်။
“အဖြစ်အပျက်တစ်ခု”
“ဖန်ကျန်းရှီမှာ အခုအဖြစ်ထက် ပိုပြီး လန့်စရာကောင်းတာမျိုး ၇ှိတယ်လို့တော့ မပြောနဲ့၊”
“ဒီကောင်က တောသားပဲကို”
ကျောင်းတော်သားတွေကတော့ စိတ်ထဲမှာရှုပ်ထွေးနေကြပေမယ့် ဟန်ချန်ဖုန်း ပြောတာကို နားထောာင်ဖို့ တိတ်တဆိတ်သာ စောင့်နေတော့တယ်။
“လွန်ခဲ့တဲ့ ၈နှစ်တုန်းက နတ်ဆိုးကျောင်းတော် တာအို ဖြန့်ချီရေး အဖွဲ့ဟာ ဟွေ့အန်း ဒေသ တောင်ဘက်တောင်ရွာကို ဖြတ်သန်းသွားခဲ့တယ်။ အရာအားလုံးဖြစ်တည် ပုံဖော်မှုကိုလည်း ယူဆောင်သွားခဲတယ်။”
“လွန်ခဲ့တဲ့ ရှစ်နှစ် ။ အရာအားလုံး ဖြစ်တည် ပုံဖော်မှု”
ဟန်ချန်းဖုန်းက ဒီအကြောင်းကို ဘာကြောင့် ပြောနေလဲ နားမလည်ကြဘူး။ ဒါပေမယ့် အရာအားလုံး ဖြစ်တည် ပုံဖော်မှု ဆိုတဲ့ စကားလုံးတွေက တော့ အတွေးလွန်စေတယ်။
ဖြစ်နိုင်ချေကတော့ အတော်လေးကို ထင်ရှားလာခဲ့တယ်။
လွန်ခဲ့တဲ့ ရှစ်နှစ်ကဆိုရင် ဖန်ကျန်းရှီ ၆နှစ် ၇ နှစ်လောက်ပဲ ၇ှိအုန်းမှာ။
ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
ကျောင်းတော်သားတွေကတော့ သံသယ အတွေးတွေနဲ့ ပြည့်နှက်နေတော့တယ်။ ဒီအချိန်မှာပဲ ဘယ်သူမှ သတိမထားခင် ထွက်ခွာဖို့ ပြင်နေတဲ့ လူတစ်ယောက်ကတော့ မလှုပ်မယှက် ရပ်တန့်သွားပြီဖြစ်တယ်။
ဒါကတော့ လီကျွမ်းစီပဲ ဖြစ်တယ်။
တစ်ရက်တိတိ စိတ်ရှည်လက်ရှည် ဒုက္ခခံ စောင့်ဆိုင်းခဲ့တယ်။ ဖန်ကျန်းရှီရဲ့ ရလဒ်ကို သိချင်တာကြောင့်ဖြစ်တယ်။
ဖန်ကျန်းရှီ ရဲ့ ချန်ပီယံ ဖြစ်တဲ့ သတင်းကို ကြားပြီးနောက်မှာတော့ တိတ်တဆိတ် ထွက်ခွာသွားဖို့ ပြင်လိုက်တယ်။
ဒါပေမယ့် ဟွားခန်အန်းရဲ့ စကားတွေက သူ့ကို ရပ်တန့်စေပြန်တယ်။
လွန်ခဲ့တဲ့ ၈နှစ်တုန်းက နတ်ဆိုးကျောင်းတော်ရဲ့ အရာအားလုံးဖြစ်တည်ပုံဖော်မှုနဲ့ ရောက်လာခဲ့တဲ့ ပုံရိပ်တွေဟာ သူ့မျက်စိထဲမှာ တရေးရေးနဲ့ မြင်ယောင်လာတော့တယ်။
ဘာကြောင့်လဲ ဆိုတော့….
အဲ့ဒီ့အချိန်မှာ ဖြစ်ခဲ့တာတွေ သူ ရှင်းရှင်း လင်းလင်း မှတ်မိတာကြောင့်ပဲ။
အရာအားလုံး ဖြစ်တည် ပုံဖော်မှုကို ဖြေရှင်းလိုက်တာ။ ဖြစ်နိုင်တာက ။ ဖန်ကျန်းရှီ။ ၆နှစ်သားလေး ဖန်ကျန်းရှီ။
ဒါပေမယ့် အဲ့ဒီ့အချိန်တုန်းက တာအို ခန်းမတောင် မဖွင့်ရသေးဘူး။
စာအုပ်တွေလည်း ဒီကလေးက ဖတ်ဖူးတာ မှ မဟုတ်တာ ။ အရာအားလုံး ဖြစ်တည် ပုံဖော်မှုကို ဘယ်လို ဖြေရှင်းနိုင်လိုက်တာလဲ။
လီကျွမ်းစီရဲ့ နှလုံးသားကို ဖမ်းယူ ဆုပ်ကိုင်ထားသလို ခံစားလိုက်ရတယ်။ သူလည်း ဟန်ချန်ဖုန်းရဲ့ အနားကို ရောက်အောင်သွားပြီးတော့ အဲ့ဒီ့ချိန်မှာ တာအို ခန်းမတောင် မဖွင့်ရသေးကြောင်း ပြောချင်တယ်။
ဖန်ကျန်းရှီလည်း ကိုယ်တိုင် သင်ကြားမှု မလုပ်ရသေးဘူး။
ဒါ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
“ငါထင်တယ် မင်းတို့ အကုန် ဒီ အကြောင်းကို ဘယ်သူမှ မယုံနိုင်လောက်ဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ၈နှစ်တုန်းက တောင်ဘက်တောင်ရွာမှာ အရာအားလုံးဖြစ်တည် ပုံဖော်မှုကို နေရာမှာပဲ ဖြေရှင်းခဲ့တယ်။ အဲ့ဒီ့အချိန်တုန်းက ဖန်ကျန်းရှီ မြောက်ရွာကို မရွေ့ပြောင်း ရသေးဘူး။ တောင်ဘက်တောင်ရွာမှာ နေထိုင်တာ ဖြစ်တယ်.။” ဟန်ချန်းဖုန်းရဲ့ ဒီစကားကို ပြောနေချိန်မှာတော့ သူ့ရဲ့ အမူအယာဟာ အနည်းငယ် ပြောင်းလဲသွားတော့တယ်။
၆နှစ်သားလေး တစ်ယောက်က အရာအားလုံးဖြစ်တည် ပုံဖော်မှုကို ဖြေရှင်းခဲ့တယ်။ မင်းဆက်ရဲ့ သက်တမ်း တစ်လျှောက်လုံးမှာ မိန်းမငယ်လေး တစ်ဦးကပဲ ဒီလို လုပ်နိုင်ခဲ့တယ်။
သူ ဒါကို စဉ်းစားရင်းနဲ့ ရွာက ကလေးငယ်တစ်ယောက်က ကျောင်းတော်သားတွေကို ဘယ်လို ကျော်တက်နိုင်လဲ ဆိုတာကို သူ ဖြေရှင်းပြဖို့ လိုလာတာကို ပြန် သတိ ရတဲ့ အတွက် စိတ်လျှော့ပြီး ပြောလိုက်တယ်။
၆ နှစ် ကလေး တစ်ယောက်က ဒီလို အရည်အချင်းရှိတယ်။
ကျောင်းတော်သားတွေရဲ့ ပါးစပ်တွေ ပြန် ပွင့်ဟ လာပြန်ပြီဖြစ်တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ထိတ်လန့်ဖွယ် ကိစ္စနဲ့ ယှဉ်လိုက်ရင် ဒီ အကြောင်း အရာက တော့ သူတို့ရဲ့ ဝိဉာဉ်တွေကို တောင် ထိတ်လန့်စေတယ်။
လီကျွမ်းစီရဲ့ မျက်နှာကတော့ အိုးကင်းပူတစ်ခုလို နီရဲနေတယ်။
သူကြုံခဲ့ရတဲ့ အဖြစ်အပျက်က နေရောင်ကြောင့် မဟုတ်ပဲ ၆နှစ်သား ဖန်ကျန်းရှီကြောင့် ဖြစ်တာတဲ့လား။
ကြည့်ရတာ
စတင်ချိန်တည်းက သူက ရှုံးနိမ့်ပြီးသူဖြစ်မယ်။
ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။ သူ ဘယ်လောက်တောင် အသိဉာဏ် မဲ့ပြီး ဖန်မိသားစုကို တိုက်ခိုက်ခဲ့တာလဲ။
ဘယ်လောက် ဟာသ ဆန်လိုက်လဲ။ ရူးလွန်းတယ်။ ရူးလွန်းတယ်။
ရန်ရွှယ်ကတော့ ဖန်ကျန်းရှီကို မျက်တောင် မခတ်စတမ်း ကြည့်နေတော့တယ်။ ဒီတစ်ကြိမ် ကြည့်နေတဲ့ သူ့အကြည့်တွေထဲမှာတော့ မိစ္ဆာ တစ်ကောင်ကို မြင်ရသလိုမျိုး ကြောက်ရွှံ့ ဟန်တွေ အထင်းသား ပေါ်နေတော့တယ်။
“ငါပြောတဲ့ အဓိပ္မာယ်ကို အကုန်လုံး နားလည် ကြမယ် ထင်တယ်။ အတွေးအခေါ် စာမေးပွဲမှာ ဖန်ကျန်းရှီ ချန်ပီယံဖြစ်တာ မေးခွန်း ထုတ်စရာ မရှိတော့ဘူးလို့ ယုံပါတယ်။” ပြောရင်းနဲ့ ဟန်ချန်ဖုန်းဟာ ဖန်ကျန်းရှီကို စိုက်ကြည့်နေတော့တယ်။
အရာအားလုံး ဖြစ်တည် ပုံဖော်မှုကို ခြောက်နှစ်သားတည်းက ဖြေရှင်းခဲ့တယ်။
ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။
လူအုပ်အလယ်မှာတော့ ဖန်ကျန်းရှီ ဟာ မလှုပ်မယှက် ၇ပ်နေခဲ့တယ်။ သူ့ကို စိုက်ကြည့်နေကြတဲ့ အကြည့်တွေဟာ လေးလံစေတယ်။
ဟန်ချန်ဖုန်းက လူလွှတ်ပြီး စုံစမ်းခိုင်းထားမယ်လို့ သူတစ်ခါမှ မတွေးမိခဲ့ဘူး။ ဒါ့အပြင် သူ ၈ နှစ်တာ လုံးလုံး ထိမ်းသိမ်းထားခဲ့တဲ့ လျှို့ဝှက်ချက်ကိုပဲ ဖော်ထုတ်လိုက်တယ်။
ဒါက သူ့ဘဝမှာ အကြီးဆုံး လျှို့ဝှက်ချက်ပဲ။
ဒီ သုံးရက်တာ အတွင်းမှာ ဟန်ချန်ဖုန်းက ဘယ်လိုများ ထောက်လှမ်းလိုက်ပါလဲ။ သူ ဘယ်လိုပဲ လုပ်လုပ် အခုလို ပြောလိုက်တာကတော့ အတော်လေးကို ကြီးမားတဲ့ ရိုက်ခတ်မှုမျိုး ကို ဖန်တီးလိုက်တာပဲ။ အခုချိန်က စပြီး သူ့ကို လေးလံစေတဲ့ ဝန်တွေကို ထမ်းရအောင် လုပ်လိုက်တာပဲ။ ဒီအတွေးက သူ့နှလုံးသားကို နာကျင်စေတယ်။
အရင် ဒေသတွင်း တာအို စာမေးပွဲတုန်းက နတ်ဆိုး တစ်ကောင်ကို လူသား စွမ်းအားနဲ့ အနိုင်ယူမိခဲ့တယ်။
ဒီအချက်က ဟန်ချန်းဖုန်းကို ထောက်ပြ စရာ တစ်ခု ဖြစ်စေတယ်။
စောင့်ကြည့်နေတဲ့ မျက်လုံးပေါင်းများစွာအောက်မှာ ဒီလို ချန်ပီယံဖြစ်တာကို ရှင်းပြဖို့က ဒီနည်းပဲ ၇ှိတာလား။ ဟန်ချန်ဖုန်းရဲ့ ဂုဏ်ပုဒ်နဲ့ ဆိုရင် အတွေးအခေါ် စာမေးပွဲ မှာတောင် မေးခွန်းကို ကြီးကြပ်နိုင်တာ မရှင်းပြတော့ကော ဘာဖြစ်မှာမို့လဲ။
ဒါကို တွေးလိုက်မိတော့ ဖန်ကျန်းရှီ ဟန်ချန်ဖုန်းကို မကြည်ကြည့်နဲ့ ကြည့်တော့တယ်။ ဒီ တော်ဝင် သတင်းပို့သူတွေရဲ့ အကြီးအကဲ ကျောင်းတော်သားတွေ ရှေ့မှာ လျှို့ဝှက်ချက် ဖော်လိုက်တဲ့ အကြောင်း သူ တကယ်ပဲ သိချင်မိတယ်။
ဒါက စိတ်အား တက်ကြွအောင် လုပ်ပေးတာလား။
အပိုင်း (၉၆) ပြီး၏။
အပိုင်း (၉၇)
“နှလုံးသားထဲက တင်းကြပ်မှု”
Translator: Sparrow Translations Editor: Sparrow Translations
ဖန်ကျန်းရှီ က ဟန်ချန်ဖုန်းကို ကြည့်နေချိန်မှာပဲ ဟန်ချန်ဖုနု်းက လည်း ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။
သူတို့ မျက်လုံးတွေ အကြည့်ချင်းဆုံသွားတော့တယ်။
ဟန်ချန်ဖုန်းရဲ့ စိတ်ထဲမှာ သူ့ကို ဓား ထက်ထက် တစ်ချောင်းနဲ့ ချိန်ရွယ်ခံထားရသလို ခံစားနေရတယ်။ သူ့မျက်လုံးတွေထဲက အမူအယာကတော့ ပြောင်းလဲ သွားတော့တယ်။ အဖြူရောင် ဝတ်ရုံရှည်ရဲ့ အထဲမှာ ကွယ်ဝှက် ထားတဲ့ လက် ဟာတော့ လှုပ်ခတ်နေတော့တယ်။
“ဒီ အရှိန်အဝါက ထက်မြက်လွန်းတယ် ။ ထက်လွန်းတာမှ လူကို ကြက်သီးထစေတယ်။”
“အကြီးအကဲ ဟန်။ ” ဒီ အချိန်မှာပဲ သူ့ဘေးနားမှာ ရပ်နေတဲ့ တော်ဝင် သတင်းပို့သူ ချင်က သတိပေးလိုက်တော့တယ်။
ဟန်ချန်ဖုန်းကတော့ တောင့်တင်းနေတော့တယ်။ သူ့ရဲ့ ကိုယ်တွင်းမှာ လည်ပတ်နေတဲ့ ဝါယောဓာတ်ဟာ ပြင်းထန်လာတော့တယ်။ တစ်ခဏ ကြာပြီးနောက်မှာတော့ ဟန်ချန်ဖုန်း ပုံမှန်အခြေအနေ ပြန်ရောက်သွားတော့တယ်။
“အင်း။”
“အတွေးအခေါ် စာမေးပွဲ ထိပ်တန်း သုံးဦး ကို ကြေညာပြီးပြီဆိုတော့ တော်ဝင်ကျောင်းတော်ကို နဲ့ ဝန်ကြီးချုပ်ကို သတင်းပို့လိုက်ရတော့မလား။” တော်ဝင် သတင်းပို့သူ ချင်က မေးလိုက်တယ်။
“ ဝန်ကြီးချုပ်က ဒီအချိန်မှာဆို အလုပ်များနေမှာ။ တိုက်ခိုက်ရေး စာမေးပွဲပြီးမှ ပေါင်းပြီး သတင်းပို့မယ်။” ဟန်ချန်ဖုန်းက ခေါင်းခါ ယမ်းရင်း ပြောလိုက်တော့တယ်။
“စစ်သည်တို့” တော်ဝင် သတင်းပို့သူ ချင်က ခေါင်းငြိမ့်လိုက်ရင်း အမိန့်ပေးလိုက်တယ်။
ဟန်ချန်ဖုန်းက တော့ ဖန်ကျန်းရှီ ကို နောက်တစ်ကြိမ် စူးစိုက် ကြည့်ပေမယ့် ခုဏကလို ခံစားမှုမျိုးကိုတော့ မခံစားရတော့ဘူး။ ဒီ ကောင်လေးရဲ့ မျက်နှာပေါ်မှာ တော့ တောက်ပတဲ့ အပြုံးတစ်ခုသာ ရှိနေတော့တယ်။
အဲ့ဒီ့နောက် ဖန်ကျန်းရှီဘေးမှာ ရေခဲတုံးကြီး တစ်တုံးလို ရပ်နေတဲ့ ရန်ရွှယ်ကို သတိထားလိုက်မိတယ်။
ခဏတာ စဉ်းစားပြီးတဲ့နောက် ဟန်ချန်းဖုန်း ဖန်ကျန်းရှီဆီကို လျှောက်လှမ်းသွားတော့တယ်။
“မင်းက ဖန်ကျန်းရှီလား။” ဟန်ချန်ဖုန်း မေးမြန်းနေတဲ့ လေသံကတော့ ဂုဏ်ရည်မြင့် အကြီးအကဲ တစ်ဦးလို ပါပဲ။
“ဟုတ်ပါတယ်။” ဖန်ကျန်းရှီက ပြန်ဖြေလိုက်တယ်။
“မဆိုးဘူး။ ၆နှစ်သားထဲက အရာအားလုံး ဖြစ်တည် ပုံဖော်မှုကို ဖြေရှင်းနိုင်တယ်ဆိုတော့ နှလုံးသား တာအို သစ်ပင်ကို လည်း စိုက်ပျိုးပြီးသားဖြစ်မယ်။ မင်းရဲ့ အနာဂတ်ကတော့ အဆုံးမဲ့အောင် တောက်ပနေပြီ။ ဒီ လက်ရုံးရည် စာမေးပွဲမှာလည်း ကောင်းကောင်းလုပ်ဆောင်နိုင်မယ် လို့ မျှော်လင့်ပါတယ်။” ဟန်ချန်ဖုန်းက ပြုံးလိုက်တော့တယ်။
“ကျေးဇူးတင်ပါတယ်။ တော်ဝင် အကြီးအကဲ။” ဖန်ကျန်းရှီက ပြုံးပြီး ပြန်ဖြေလိုက်တယ်။
“ ဟား ဟား ကောင်းတယ်။ အရမ်းကောင်းတယ်။” ဟန်ချန်ဖုန်းက ခေါင်းငြိမ့်လိုက်ပြီးနောက် ပြန်လည် ထွက်ခွာသွားတော့တယ်။ သူ့ရဲ့ မျက်နှာ အမူအယာကတော့ ပြုံးနေဆဲဖြစ်တယ်။ ဟန်ချန်ဖုန်းရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ မသိပေမယ့် သူ့ရဲ့ အပြုအမူကတော့ နှလုံသားကို လေးလံစေတယ်။ ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်။
“လသာဆောင် စားသောက်ဆိုင်ကို သွားရအောင်” ဖန်ကျန်းရှီက ရန်ရွှယ်ကို ပြန်လှည့်ပြောလိုက်တယ်။
“ကောင်းပြီ။” ရန်ရွှယ်လည်း ခေါင်းငြိမ့်လိုက်တယ်။
ဒီလိုနဲ့ နှစ်ဦးသား ပုခုံးချင်းယှဉ်ပြီး လသာဆောင် စားသောက်ဆိုင်ကို သွားတော့တယ်။
ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ထွက်ခွာသွားပုံကို ကြည့်နေကြတဲ့ ကျောင်းတော်သားတွေရဲ့ မျက်လုံးထဲမှာတော့ လေးစား အားကျ မှုတွေ ပြည့်နှက်နေခဲ့တယ်။ ဟန်ချန်ဖုန်းရဲ့ ချီမွမ်းမှုကို ရရှိဖို့ ဟာ သူတိုက နှစ်ပေါင်းများစွာ မက်ခဲ့တဲ့ အိမ်မက် တစ်ခုဖြစ်ခဲ့တယ်။
လေးစား အားကျမှု အပြင်။ မနာလို ဝန်တိုမှု တချို့နဲ့ အတူ နားလည်ရခက်ခဲတဲ့ အမုန်းတရား တချို့ပါ ပါဝင်နေခဲ့တယ်။
တော်ဝင်ရုံးတော်ရှေ့က လူအုပ်ကြီးကတော့ ပြန်လည် ရှင်းလင်း သွားခဲ့ပြန်ပြီ။ အဆင့်ခွဲကျောက်တုံးပေါ်မှာ ပေါ်ပေါက်နေတဲ့ ဖန်ကျန်းရှီ ဆိုတဲ့ ရွှေရောင် စာလုံးကြီးတွေသာ ၇ှိနေတော့တယ်။
ထိပ်တန်း အဆင့် အတွေးအခေါ် ချန်ပီယံ ၊ ယုံကြည်မှု မြစ် မြို့တော်။
…
လသာဆောင် စားသောက်ဆိုင်ထဲမှာတော့
သုံးထပ်ဆောင်က အဖိုးတန် ခန်းမကြီးမှာ ဝူယွဲ့အာ ဟာ ထိုင်ပြီး စာအုပ်ဖတ်နေပါတယ်။ အနက်ရောင် ဝတ်ရုံ ကို ဆင်မြန်းထားတဲ့ သူ့အပေါ်မှာ ပြတင်းပေါက် ကနေ ဝင်ရောက်လာတဲ့ နေရောင်ရဲ့ ရောင်ခြည် ဖြာမှုကြောင့် လှပသည်ဟု ဆိုရမှာထက် ပန်းချီကား တစ်ချပ်နှင့်ပင် တူနေသေးသည်။
“သခင်။ စူးကျိုးက အခစား ဝင်ပါတယ်။” အနီရောင် ဝတ်ရုံနဲ့ အမျိုးသမီးတစ်ဦးဟာ တံခါးဝကနေ လှမ်းပြောလိုက်ပါတယ်။
“ဝင်ခဲ့ခိုင်းလိုက်ပါ။” ဝူယွဲ့အာက ခေါင်းငြိမ့်လိုက်ပေမယ့် သူ့လက် ထဲက စာအုပ်ကိုတော့ မချပါဘူး။
သိပ်မကြာခင်မှာပဲ အစေခံ ဝတ်စုံ ဝတ်ထားတဲ့ စူးကျိုးဟာ ပေါ်ထွက်လာတော့တယ်။ အခန်းထဲကို နှစ်လှမ်းမျှ ဝင်လာပြီးတဲ့ နောက်မှာတော့ စူးကျိုးက ထပ် မကပ်ရဲတော့ပါဘူး။
“သခင်။ ဒါက ဒီ လအတွက် ငွေ စာရင်းပါ။” စူးကျိုးက သူ့အိတ်ထဲက စာအုပ်ကို ထုပ်လိုက်ရင်း ပြောလိုက်တယ်။
“ချထားလိုက်” ဝူ ယွဲအာက ခေါင်းငြိမ့်လိုက်တယ်။
“သခင် က တကယ့်ကို အမျှော်အမြင် ကြီးလှတယ်။ ဖန်ကျန်းရှီက တကယ်ပဲ အတွေးအခေါ် ချန်ပီယံ ဖြစ်လာတယ်။ ယုံကြည်မှု မြစ် မြို့တော်မှာလဲ အတော်လေး ဝင်ငွေ ကောင်းပါတယ်။ ဒါပေမယ့် မတော် တဆမှုလေး တစ်ခုတော့ ဖြစ်သွားပါတယ်။ အောင်စာရင်း မထွက်ခင် အချိန်မှာ သခင်လေး ဖန် တကယ်ပဲ လာလောင်းပါတယ်။ သခင်မှာကြားတဲ့ အတိုင်း ပြောလိုက်တော့ သခင်လေး ဖန်က ထွက်ခွာသွားတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ နှုတ်မစောင့် စည်း မှုကြောင့် သူ ပြန်လာပြီး ငွေသား တစ်ရာ လောင်းသွားပါတယ်။” အဆုံးသတ် စာကြောင်းကို ပြောလိုက်ချိန်မှာတော့ စူးကျိုးရဲ့ အသံဟာ အတော်လေးကို တိုးညှင်းသွားတော့တယ်။
“မင်း ငွေသား နှစ်ရာကို သွားပေးလိုက်။ ပြီးရင် စတုတ္ထမြောက် အစ်မရဲ့ ကို ရှာပြီး အပြစ်ပေးခံလိုက်။” ဝူယွဲ့အာရဲ့ အမူအယာကတော့ ပုံမှန်အတိုင်း ထူးမခြား နားပါပဲ။
“ သခင့်ကို ကျေးဇူးတင်ပါတယ်။” စူးကျိုးက ပြောလိုက်ပြီးနောက် ထွက်ခွာသွားတော့တယ်။
စူးကျိုးထွက်သွားပြီးနောက် ဝူယွဲ့အာက လက်ထဲက စာအုပ်ကို ချလိုက်ပြီး ပြတင်းပေါက်အပြင်က ကောင်းကင် ပြာကြီးကို ငေးကြည့်လိုက်တယ်။ ပြုံးလိုက်ပြီးနောက် “ ငွေသား တစ်ရာပဲ လောင်းတယ် ဆိုတော့ ကြည့်ရတာ စူးကျိုးအပေါ် သိပ်ပြီး မရက်စက် ဘူးပဲ။”
“သခင်၊ သခင်လေး ဖန် ရောက်နေပါတယ်။ တွေ့ဆုံပါမလား။” အစေခံ တစ်ဦးရဲ့ အသံ ဟာ အပြင်ကနေ ထွက်ပေါ် လာတော့တယ်။
…
“ တစ်ယောက်တည်းလား” ဝူယွဲ့အာ က ပြန်မေးလိုက်တယ်။
“ အနောက်ပိုင်း လျန် ပြည်နယ် ယန် မိသား စုက သခင်လေး ရန်ရွှယ်လည်း ပါလာပါတယ်။ ” အစေခံက ပြန်ဖြေလိုက်တယ်။
“ဘာကိစ္စနဲ့ သစ်သားတုံးကြီးကိုပါ ခေါ်လာရတာလဲ။ ငပိန်း လည်း မဟုတ်ပဲနဲ့ ။ သွားပြီး ပြင်ဆင်လိုက် ကောင်းကောင်း ဧည့်ခံ လိုက်” ဝူယွဲ့အာက နှုတ်ခမ်းတွေကို မပျော်ရွှင်စွာ တွန့်ကွေးလိုက်ရင်း အမိန့်ပေးလိုက်တယ်။
………
ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကတော့ လသာဆောင် စားသောက်ဆိုင်ရဲ့ သီးသန့်ခန်း တစ်ခုမှာ ထိုင်နေကြတယ်။ အစေခံတွေကတော့ တန်ဖိုးကြီး ရေနွေးကြမ်း တစ်ချို့နဲ့ တည်ခင်း ဧည့်ခံရင်း အစားအသောက် စာရင်းကို ယူလာပေးကြတယ်။
ဖန်ကျန်းရှီကတော့ လသာဆောင် စားသောက်ဆိုင်မှာ စားဖူးပေမယ့်လည်း အစားအသောက်စာရင်းကိုတော့ မမြင်ဖူးခဲ့ဘူး။ စားသမျှကိုလည်း ဝူယွဲ့အာ က ရှင်းပေးတာ ဖြစ်တာကြောင့် ဘယ်လောက် ပေးရလဲ ဆိုတာ မသိဘူး။
သူ သိတာ တစ်ခုတည်းသော အရာက လသာဆောင် စားသောက်ဆိုင်က အတော်လေးကို စားကောင်းတယ် ဆိုတာပဲ ဖြစ်တယ်။
အစားအသောက် စာရင်း ကို ပေးတဲ့ အချိန်မှာတော့ သူက လာဧည့်ခံတာ ဖြစ်တဲ့ အတွက် ရန်ရွှယ်ကို သာ ပေးလိုက်ပြီး မှာခိုင်းလိုက်တယ်။
တခြားတစ်ဖက်က ရန်ရွှယ်ကတော့ ဖန်ကျန်းရှီကို အနည်းငယ်တောင် မျက်နှာရိပ် မျက်နှာကဲ မကြည့်ပဲ သူ စားချင်တာ မှန်သမျှကို မှာပါတော့တယ်။ ဟင်းပွဲ နှစ်ဆယ်ထက်တော့ မနည်းစွာ မှာလိုက်တာ ဖြစ်တယ်။
ဖန်ကျန်းရှီကတော့ သူ့အိတ်ထဲက ပိုက်ဆံတွေ အကုန် ပျံထွက်သွားသလို ခံစားလိုက်ရတယ်။
တစ်ရာတန် ငွေလက်မှတ် သုံးခုနဲ့ ငွေသား တစ်ချို့ပဲ ပါလာတာကို။ ဒီ တစ်နပ်စာလောက်တော့ လုံလောက်မှာပါ။
ရန်ရွှယ် မှာပြီးချိန်မှာတော့ သစ်သီးတွေဟာ အချိုပွဲ အဖြစ် ရောက်လာတော့တယ်။ ဖန်ကျန်းရှီကတော့ သူ့အိတ်ထဲက ပိုက်ဆံတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ကျသင့်ငွေကို တစ်ချက် ကြည့်လိုက်တယ်။
တစ်ခါလေး ကြည့်လိုက် ရုံနဲ့ နှလုံး ခုန်တောင် ရပ်သွားပြီလို့ ထင်မိလိုက်တယ်။
“ ဒါ ဒါ ဓားပြတိုက်နေတာလား။” လသာဆောင်က အစားအသောက်တွေ ဈေးကြီးမှာ သိလို့ ကြိုတင် ပြင်ဆင်ထားတာတောင် အခုတော့ …
ထင်ထားတာ ထက်ကို ဈေးကြီးလွန်းနေတယ်။
ရန်ရွှယ် မှာထားတာတွေ အကုန်ပေါင်းလိုက်ရင် ငွေသား ၅ရာနဲ့ ၆ရာ ကြားမှာ ရှိနေတယ်။
ဘယ်လိုလုပ် မျက်နှာ မပျက်ပဲ နေမှာလဲ။
ဧည့်သည်ကို ဧည့်ခံဖို့ ပိုက်ဆံ လုံလုံလောက်လောက် မယူလာမိတဲ့ အတွက် ဘယ်လို လုပ်ရမလဲကို မသိတော့ဘူး ဖြစ်နေတော့တယ်။
အတော်လေးကို စိတ်ဖိစီးနေတဲ့ အချိန်မှာ တံခါး အပြင်ကနေ ဖြတ်သွားတဲ့ စူးကျိုးကို တွေ့လိုက်ရတယ်။
စူးကျိုးကတော့ မျက်နှာပျက်နေပင်မယ့် လည်း ယဉ်ယဉ်ကျေးကျေ်း နှုတ်ဆက်တော့တယ်။ သူရဲ့ ပုံစံကတော့ ဆွေမျိုး တစ်ယောက်ကို တွေ့လိုက်တဲ့ အလားပါပဲ။
ဖန်ကျန်းရှီကတော့ ပြုံးနေခဲ့တယ်။
စူးကျိုးကို တွေ့ရတာ သူလည်း ဆွေမျိုးတစ်ယောက်ကို တွေ့ရသလို ပါပဲ။”
“တာအို စာမေးပွဲမှာ ချန်ပီယံ ဖြစ်တဲ့ အတွက် ဂုဏ်ယူပါတယ် သခင်လေး ဖန်၊ အတွေးအခေါ် စာမေးပွဲမှာ ဒုတိယ ချန်ပီယံ ဖြစ်တဲ့ အတွက် ဂုဏ်ယူပါတယ် သခင်လေး ရန်ရွှယ်။” စူးကျိုးက ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကို ကြည့်လိုက်ရင်း ပြောလိုက်တော့တယ်။
“ဟား ဟား” ဖန်ကျန်းရှီရဲ့ မျက်နှာထက်က အပြုံးကတော့ အတော်လေးကို ကျယ်ပြန့်လာတော့တယ်။
အပိုင်း (၉၇) ပြီး၏။
အပိုင်း (၉၈)
“သူနိုင် ကိုယ်နိုင်”
Translator: Sparrow Translations Editor: Sparrow Translations
“သခင်လေး ဖန်နဲ့ သခင်လေး ရန် ဆက်ပြီး စား ကြပါ။ အားကျိုး ကို သွားခွင့်ပြု ပါအုန်း။” စူးကျိုးက ဂုဏ်ပြု ပြီးနောက် သူ့လို အစေခံ တစ်ဦးအနေနဲ့ ဒီနေရာမှာ ဆက် မနေသင့်တော့ဘူး ဆိုတာကို တွေးမိတာကြောင့် ထွက်ခွာဖို့ ပြင်လိုက်တော့တယ်။
အဲ့ဒီ့နောက် ထွက်ခွာဖို့ ခွင့်တောင်းလိုက်တယ်။
ဒါပေမယ့် ဖန်ကျန်းရှီက လွယ်လွယ်နဲ့ ထွက်သွားခွင့်ပြုမယ် ထင်သလား။ ထုံးစံ အတိုင်း မဖြစ်နိုင်ဘူးလေ။ ချက်ချင်းပဲ စူးကျိုးကို ဖိတ်ခေါ်လိုက်တယ်။
“မင်း လည်း ငါတို့ကို ဂုဏ်ပြုထားတာ ဆိုတော့ ငါတို့နဲ့ အတူ လာစား လေ။” ဖန်ကျန်းရှီက သူ့ဘေးက ထိုင်ခုံကို ညွှန်ပြရင်း ပြောလိုက်တယ်။
ရန်ရွှယ်ကတော့ ဖန်ကျန်းရှီကို ကြည့်ရုံသာ ကြည့်ပြီး စကားတော့ မပြောပါဘူး။ တကယ်တမ်းတော့ သူက လူတွေနဲ့ မိတ်ဆွေ ဖွဲ့တဲ့ နေရာမှာ ဂုဏ်ရှိန် အဆင့်အတန်းကို ဦးစားပေးတာ မဟုတ်ဘူးလေ။ မဟုတ်ရင် ဖန်ကျန်းရှီလို မျိုး လူဆင်းရဲ တောသားနဲ့ မိတ်ဆွေ ဖြစ်နေမလား။
ဒါ့အပြင် ဖန်ကျန်းရှီက ဒီနေ့မှာ ဒကာခံတဲ့ သူ ဖြစ်တယ်။ သူတို့ကို ဂုဏ်ပြုတဲ့ သူတွေကို လည်း ဖန်ကျန်းရှီ ခေါ်ကျွေးတာ အဆန်းမှ မဟုတ်တာ။
ဒါပေမယ့် စူးကျိုးကတော့ အတော်လေး လန့်သွားခဲ့တယ်။
ဝူယွဲ့အာ ရဲ့ ရှေ့မှာတောင် ဖန်ကျန်းရှီ ဂုဏ်ပုဒ်က အတော်လေး မြင့်မားတယ်။ နောက်ပြီး ဒီလူ နှစ်ယောက်လုံးကလည်း မြို့တော် အတွေးအခေါ် စာမေးပွဲက ထိပ်တန်းကျောင်းတော်သား နှစ်ဦးဖြစ်နေတယ်။
ဒီ အခြေအနေမျိုးမှာ သူက ဘယ်လိုလုပ် နေဝံ့ မလဲ။
အခုတော့။
ဖန်ကျန်းရှီက သူ့ကို ဖိတ်ခေါ်ပြီး လာ စားခိုင်းနေတယ်။ ဘယ်လောက်တောင် ဂုဏ်ရှိလိုက်သလဲ။ အရင်တုန်းကတော့ ဖန်ကျန်းရှီနဲ့ နီးစပ်ဖို့အတွက် ဟွေ့အန်းဒေသကနေ ယုံကြည်မှုမြစ် မြို့တော်ကို ဝူယွဲ့အာ အမိန့်နဲ့ ပြောင်း ရွှေ့ခဲ့ရတယ်။ အခုတော့ ဖန်ကျန်းရှီက ဂုဏ်ရည်မြင့်သွားတာတောင် သူ့ကို မခွဲခြားဘူး။
“သခင်လေး ရန်နဲ့ သခင်လေး ဖန်ကို ကျေးဇူးတင်ပါတယ်။” စူးကျိုးက ဝင်ထိုင်လိုက်ရင်း ပြောလိုက်တယ်။
စူးကျိုး ဝင်ထိုင်တာကို တွေ့လိုက်တာနဲ့ ဖန်ကျန်းရှီရဲ့ အပြုံးဟာ ပိုမို နက်၇ှိုင်းလာတော့တယ်။
အကယ်၍ စူးကျိုးသာ သတိမပြုမိရင် သူတို့ရဲ့အခြေအနေက သာမာန်အတိုင်းပဲ ရှိနေမှာဖြစ်တယ်။ စူးကျိုးက သာ ထွက်သွားခဲ့ရင် သူ့အကြံ အောင်မြင်မှာ မဟုတ်ဘူး။ အခုတော့ စူးကျိုးက လာထိုင်ပြီလေ ။ ဖန်ကျန်းရှီ အပြစ်တင်လို့ မရတော့ ဘူးး
ဖန်ကျန်းရှီကလည်း ပိုက်ဆံ လိုချင်တယ်။ စူးကျိုးကလည်း ပိုက်ဆံလိုချင်တယ်။ ဒီလို အခြေနေမျိုးက လိုက်ဖက်ညီပေမယ့် တကယ်တမ်းမှာတော့ ရန်သူဆန်တယ်။ နှစ်ယောက်လုံးက ပိုက်ဆံရှာတာ ဖြစ်ပေမယ့်လည်း သူတို့ရဲ့ ပိုက်ဆံ၇ှာနည်းကတော့ မတူညီဘူးဖြစ်တယ်။ တူညီတာတစ်ခုကတော့
သူနိုင် ကိုယ်နိုင် အပြိုင်ကျဲရမယ့် အခြေအနေ ဖြစ်တယ်။
သူတို့သုံးဦး အတူတူ ထိုင်ပြီးတာနဲ့ ဝိုင် ငှဲ့ပေးရမယ့် တာဝန်ကတော့ စူးကျိုးဆီကို ရောက်လာတော့တယ်။ အစေခံတွေကို ငှဲ့ခိုင်းလို့ ၇ပေမယ့်လည်း သူက အစေခံတွေကို ထွက်ခွာသွားခိုင်းလိုက်ပြီး အစားအသောက်ကို သူပဲ ဂရုစိုက်ပေးတော့တယ်။
စူးကျိုး ထင်တဲ့ အတိုင်းပဲ ဒီ သတင်းက ဝူယွဲ့အာဆီကို ချက်ချင်း ရောက်သွားတော့တယ်။ သီးသန့်ခန်းထဲမှာ စာအုပ်ဖတ်နေတဲ့ ဝူယွဲ့အာကတော့ အနည်းငယ် လန့်သွားတဲ့ အရိပ်အယောင်တွေ ပေါ် လာတော့တယ်။
…
“အတူတူ စားနေတယ်။ ဒီ စူးကျိုးက တကယ်ပဲ ပါးနပ်တာပဲ။”
ဒီစားသောက်ပွဲက ဂုဏ်ပြု စားသောက်ပွဲပဲ။ ရန်ရွှယ်က စကားပြောရတာ မကြိုက်ဘူး။ နောက်ပြီး ဒီ ယုံကြည်မှု မြစ်မြို့တော်မှာ ပျံ့နှံ့ နေတဲ့ ကောလ ဟာလတွေလည်း ရှိနေတယ်။ ဒါကြောင့် မြို့တော်က ပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်နေတာ။
စားသောက်ပွဲကတော့ တစ်နာရီကျော်ပဲ ကြာခဲ့တယ်။
သူတို့စားသောက်တာ အတော်လေး ကုန်သွားချိန်မှာတော့ ဖန်ကျန်းရှီက စကား စပြောတော့တယ်။
“ဒီနေ့ ရန်ရွှယ်နဲ့ ငါ ထိပ်တန်းကျောင်းတော်သားတွေ ဖြစ်လာတာ။ အားကျိုးနဲ့ အတူ တူ ဂုဏ်ပြု စားသောက်ပွဲ လုပ်တာ ဧည့်ခံ ပုံက တော်တော်လေးကို နွမ်းပါးနေတယ်။ ကံကောင်းတာက တော့ အားကျိုး လက်ဆောင် မယူလာတာပဲ။ နည်းနည်းတော့ အပြစ်မကင်းသလို ခံစားရတယ်။”
ဝိုင်ခွက်ကို ကိုင်ထားတဲ့ စူးကျိုးရဲ့ လက်တွေကတော့ အနည်းငယ် တင်းကျပ်သွားတော့တယ်။ တခဏတာ ထိတ်လန့်သွားပြီးနောက်မှာတော့ သူ့ရဲ့ အာရုံတွေကို ပြန်စုစည်းမိသွားတယ်။ မှန်တယ်။ သူက နှုတ်နဲ့ပဲ ဂုဏ်ပြုရသေးတာ လက်ဆောင်ဆောင် မပေးရသေးပဲ ဂုဏ်ပြုစားပွဲကို လာထိုင်နေမိတယ်။ အဆင်ပြေနေပင်မယ့်လည်း ဒီလိုမျိုး လက်ဆောင် မယူလာတာကတော့ ရိုင်းရာကျလွန်းတယ်။
ဒါပေမယ့် သူ က အခု စားသောက်ပြီးနေပြီ။
ဒါဆိုရင်
သူ ဘယ်လို လက်ဆောင် ပေးရမှာလဲ။
ဒါကို တွေးလိုက်မိပြီးတဲ့နောက် စူးကျိုးရဲ့ နဖူးမှာ ချွေးစို့လာတော့တယ်။ သူ ဘာ လက်ဆောင် ပြင်ရမလဲ။ လွယ်လွယ်ကူကူနဲ့ ပြင်ဆင်လို့ ၇တာမျိုး။
“ ဒီ အစားအသောက်တွေက တကယ့်ကို ကောင်းလွန်းတယ်။ ဒါတွေရဲ့ ဈေးနှှုန်းကို အားကျိုး သိတယ်မလား။” ဖန်ကျန်းရှီက စားသောက်ပြီးသွားတဲ့ ပန်းကန်တွေကို ကြည့်လိုက်ရင်း ပြောလိုက်တော့တယ်။
စူးကျိုးက ချက်ချင်း ပြန်ဖြေဖို့ ပြင်လိုက်တယ်။ ဒါပေမယ့် နှစ်အတော်ကြာ လူပေါင်းစုံနဲ့ ပြောဆို ဆက်ဆံခဲ့တဲ့ အတွေ့အကြုံအရ လူတွေရဲ့ အမူအယာကို ကောင်းကောင်း နားလည်တယ်။
ဒါကြောင့် စူးကျိုးက မတ်တပ်၇ပ်လိုက်ပြီး ဖန်ကျန်းရှီကို ပြောလိုက်တယ်။ ဖန်ကျန်းရှီ ဘာကို ဆိုလို ချင်လည်း ဆိုတာ သူနားလည်ခဲ့တယ်။
“အားကျိုး ဒီကိုလာဖြစ်ဖို့ မရည်ရွှယ်ထားတဲ့ အတွက် သခင်လေးတို့ အတွက် လက်ဆောင် မယူလာခဲ့မိဘူး။ ဒါကြောင့် ဒီ စားပွဲ အတွက် အားကျိုး ဒကာခံပါမယ်။ သခင်လေး ဖန်နဲ့ သခင်လေး ရန်တို့ စိတ်မရှိရင် ဒီ တစ်ပွဲကို တော့ အားကျိုး ကျွေးပါမယ်။” စူးကျိုးကပြောလိုက်တော့တယ်။
ဖန်ကျန်းရှီကတော့ ဒီ အချိန်မှာ ငြင်းပယ်ဟန်ဆောင်ဖို့ တွေးလိုက်မိတယ်။ ဒါပေမယ့် လည်း ဆိုရိုးစကားရှိတဲ့အတိုင်း စူးကျိုးကတော့ စိတ်ပြောင်းသွားရင် ဘယ်လို လုပ်မလဲ။ ဒီလို သာ ဆိုရင် သူ ဘယ်လို လုပ်ရမလဲ။
“ကောင်းပြီလေ။ ဒါဆိုရင် အားကျိုးကို ကျေးဇူးတင်ပါတယ်။” ဖန်ကျန်းရှီက တွေေ၀ မနေတော့ပဲ ပြန်ဖြေလိုက်တယ်။
စူးကျိုးကတော့ ပြုံးနေခဲ့တယ်။ ဒီအတိုင်းသာဆိုရင် သူ့ရဲ့ လက်ဆောင်က ဖြေရှင်းပြီးသားဖြစ်သွားပြီ။
“သခင်လေး ဖန်နဲ့ သခင်လေး ရန် အားကျိုးသွားလိုက်ပါအုန်းမယ်။” သူ့ရဲ့ စကားကို ဆုံးအောင် ပြောပြီးတဲ့နောက် စူးကျိုးက တံခါးကို ဖွင့်ပြီး ထွက်သွားတော့တယ်။
“ငါ့စာရင်းထဲ ထည့်လိုက်။” စူးကျိုးက ငွေရှင်းကောင်တာကို လှမ်းပြောလိုက်တယ်။
ဒါကို စာရင်းရေးတဲ့သူ ကြားတဲ့ အချိန်မှာတော့ မျက်လုံးတွေ ဝိုင်းစက်ပြူးကျယ်သွားတော့တယ်။ “အကို ကျိုး သေချာရဲ့လား။ ဒီ စားပွဲက နှယ်နှယ်ရရ မဟုတ်ဘူးနော်။”
“ဒါက စားသောက်ပွဲ တစ်ခုပဲ မဟုတ်ဘူးလား။” စူးကျိုးက လက်တွေကို ဝေ့ယမ်းရင်းပြောလိုက်တယ်။ အဲ့ဒီ့နောက် တစ်ခုခု မှားနေတာကို သူ သတိထားမိသွားတယ်. ။ “မင်းပြောချင်တာက ဒီစားပွဲမှာ ပြဿနာ ၇ှိတယ်။”
“သခင်ရဲ့ အမိန့်အရပါ။” စာရင်းမှတ်သူက ခေါင်းငြိမ့်လို်က်တယ်။”
“ဘယ် ဘယ် လောက်တောင်လဲ။” စူကျိုး အသံတွေပါ တုန်လာတော့တယ်။
“ စားပွဲ တစ်ခုလုံးပေါင်းလိုက်ရင် ငွေသား ၆၈၈ စ ကုန်ကျပါတယ်။” သနားနေတဲ့ အမူအယာနဲ့ စာရင်းမှတ်သူ က ပြန်ဖြေလိုက်တယ်။
“ဒါ ဒါက ဓားပြတိုက်၊” စူကျိုး သူ့ခေါင်းကို မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားတော့တယ်။ သူ့ရဲ့ မျက်နှာပေါ်မှာတော့ မယုံကြည်နိုင်ဟန်တွေ အထင်းသား ပေါ်နေတော့တယ်။
…
လသာဆောင် စားသောက်ဆိုင်မှာတော့ သီးသန့်ခန်းထဲမှာ။
ဝူယွဲ့အာဆီကို သတင်း ချက်ချင်း ရောက်သွားတော့တယ်။ သူမရဲ့ အတွေးကတော့ ချော်သွားခဲ့ပြီ။ ဒီ စားပွဲရဲ့ ကျသင့်ငွေတွေကို စူးကျိုးက အကုန် ရှင်းလိုက်ရပြီ။
“ ကြည့်ရတာ ဟာ း ဟား ဟား …. ငါတကယ်ပဲ ဖန်ကျန်းရှီရဲ့ မျက်နှာပြောင်တိုက်တတ်တာကို လျှော့တွက်မိခဲ့ပြီ။” ဝူယွဲ့အာရဲ့ နှုတ်ခမ်းတွေကတော့ ခပ်ယဲ့ယဲ့လေး ပြုံးနေခဲ့တယ်။ သူမရဲ့ မျက်နှာပေါ်က စိတ်ရှုပ်နေတဲ့ အမူအယာကတော့ ပိုမို ပေါ်လွင်လာခဲ့တယ်။
အဲ့ဒီ့နောက် သူမရှေ့မှာ ၇ှိတဲ့ စားပွဲပေါ်က စုတ်တံကို ကိုင်လိုက်ပြီး လှုပ်ရှားလိုက်တော့တယ်။ လှပတဲ့ ပန်းချီအသွင် စာလုံးတွေဟာ စာရွက်ဖြူ ပေါ်မှာ ပေါ်လာတော့တယ်။
“ဒါကို သခင်လေး ဖန်ဆီ ပို့ပေးလိုက်။”
“အမိန့်အတိုင်းပါ ။ ” အစေခံ ဟာ စာရွက်ကို မြန်မြန်ဆန်ဆန် ယူလိုက်ပြီးတော့ စာအိတ်ထဲ ထဲ့ကာ ထွက်သွားတော့တယ်။
…
အဝစားပြီးတဲ့နောက် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရင်း တစ်ရေး အိပ်ချင်လာတော့တယ်။ ဒါကြောင့် ရန်ရွှယ်ကို ဆွဲထုတ်ပြီးတော့ အခန်းထဲကနေ ထွက်လာတော့တယ်။ လှေကားထစ်တွေကို ရောက်ချိန်မှာတော့ အစေခံ တစ်ဦးဟာ စာတစ်စောင်နဲ့ အတူ ဖန်ကျန်းရှီ ရှေ့မှာ ပေါ်လာခဲ့တယ။်
ဒါက ဖန်ကျန်းရှီကို စိတ်ရှုပ်စေတယ်။ စူးကျိုးကတော့ သူ ဒီ စားသောက်ပွဲကို ရှင်းမယ်ပြောပြီးတော့ ပြန်ကို မလာတော့ဘူး။ ပိုက်ဆံမပေးနိုင်လို့များ ထွက်ပြေးသွားတာလား။
“သခင်လေး ဖန် ။ သခင်က ဒါလေး ပေးခိုင်းလိုက်ပါတယ်။” အစေခံက ဖန်ကျန်းရှီဆီကို စာ ကမ်းပေးရင်း ပြောလိုက်တယ်။
ဒါကို ကြားလိုက်တော့ ဖန်ကျန်းရှီ သက်ပြင်းချမိသွားတယ်။ အကယ်၍ ဝူယွဲ့အာသာ လသာဆောင်မှာ ရှိနေတယ် ဆိုရင် ဒီနေရာကနေ ထွက်ဖို့ ခက်ခဲတော့မှာ။ အစေခံလေး လာပေးတဲ့ စာကို ဖွင့်ဖတ်လိုက်ချိန်မှာတော့ သူ့မျက်လုံးတွေ ကျဉ်းမြောင်းသွားတော့တယ်။
“ယွင်ချင်းဝူ။ ”
အပိုင်း (၉၈)ပြီး၏။
အပိုင်း (၉၉)
“လက်ရုံးရည် စာမေးပွဲ”
Translator: Sparrow Translations Editor: Sparrow Translations
စာထဲမှာ ပါလာတဲ့အကြောင်းရာကတော့ မများလှပါဘူး။ နာမည်လေး သုံးလုံးကိုသာ ရေးထားခဲ့တယ်။ သို့ပေမယ့်လည်း ထိတ်လန့်စရာကောင်းလွန်းတယ်။
ရိုးရှင်းလွန်းတယ်။ ဖန်ကျန်းရှီကို အတွေးအခေါ် စာမေးပွဲ ချန်ပ်ီယံ ဖြစ်မယ်လို့ လောင်းကြေးထပ်ခဲ့သူကတော့ ယွင်ချင်းဝူပဲ ဖြစ်တယ်။
တကယ်ပဲ သူမ လောင်း ခဲ့တယ်။
ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ အံ့သြမှု တချို့ ကြီးစိုးလာတယ်။ ဟွေ့အန်းဒေသမှာ သူနဲ့ တခါတည်း တွေ့ဖူးတဲ့ မိန်းကလေး တစ်ဦးက ဘယ်လိုများ အသေအချာကို လောင်းနိုင်ရတာလဲ။ နောက်တစ်ခုက ယွင်ချင်းဝူရဲ့ ဉာဏ်ပညာက အံ့သြ စရာကောင်းတယ်။
လူတစ်ယောက်ကို လွှတ်ပြီး သူ့အစားလောင်းခိုင်းတာက သူမအကြောင်းကို တခြားသူတွေ မသိစေချင်တာကြောင့်ဖြစ်မယ်။ နောက်ပြီးတော့ ဝူယွဲ့အာ အနေနဲ့လည်း ဒီလိုမျိုး လူတစ်ယောက်ကို စုံစမ်းတာ အရမ်း မြန်လွန်းနေတယ်။
နောက်ပြီးတော့လည်း ဒီလိုမျိုး အဖြေပေးတာက မြန်လွန်းနေတယ.်။
ဖြစ်နိုင်ချေ ကတော့ တစ်ခုပဲ ၇ှိတယ်။ ဒါကတော့ ယုံကြည်မှု မြစ် မြို့တော်ရဲ့ သတင်းအရင်းအမြစ်ကို ချုပ်ကိုင်နေတာ ဝူယွဲ့အာပဲ။ ဖန်ကျန်းရှီ မရောက်လာခင်အချိန်တည်းက သူမရဲ့ စုံစမ်းမှုက အတော်လေး မြန်ဆန်တယ်
“ဝူယွဲ့အာ မင်း ဘယ်လိုလူလည်း။”
ဖန်ကျန်းရှီက စာကို အိတ်ထဲ ထိုးထဲ့လိုက်တော့တယ်။ လသာဆောင်ကို ကြည့်နေတဲ့ သူ့မျက်လုံးတွေကတော့ ပြုံးရွှင်နေခဲ့တယ်။
မိန်းမပျိုလေး။ ဒီလို ငယ်ရွယ်တဲ့ မိန်းမပျိုလေး။
နောက်ကွယ်ကနေ ထိန်းချုပ်သူတစ်ယောက်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ဒီမိန်းမပျိုရဲ့ နောက်ကွယ်မှာ သိုဝှက်ထားတဲ့ အင်အားတွေ မရှိဘူးလို့ ပြောရင် ဖန်ကျန်းရှီ လုံး၀ ယုံမှာ မဟုတ်တော့ဘူး။
“ယွဲ့အာကို ပြောပေးပါ။ ငါ သူ့ကို နောက်တစ်ခေါက် လာတွေ့မယ် လို့ ။ မွချိ”
ယွဲ့အာ။ ဝူယွဲ့အာကို ဖန်ကျန်းရှီ သုံးနှုန်းပြောဆိုလိုက်တဲ့ စကားဟာ အစေခံလေးကို ဆတ်ခနဲ တုန်သွားစေတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို ပြန်လည် တည်ငြိမ်သွားခဲ့တယ်။
“ဟုတ်ကဲ့ပါ။ သခင်လေး ဖန်”
………
ဖန်ကျန်းရှီနဲ့ ရန်ရွှယ်တို့ထွက်ခွာလာကြတယ်။
ဖန်ကျန်းရှီ မော့ကြည့်နေခဲ့တဲ့ ပြတင်းပေါက်မှာတော့ ပုံရိပ်လေး တစ်ခု ပေါ်လာခဲ့တယ်။
ဒီလှပသေးသွယ်တဲ့ ပုံရိပ်လေးဟာတော့ ထွက်ခွာသွားတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း မျက်နှာတွေ နီရဲနေတော့တယ်။
ဝူယွဲ့အာရဲ့ ကိုယ် ခန္ဒာကတော့ အနည်းငယ်လေး တုန်ယင်နေပါတယ်။
“မွချိ ။ တကယ့်ကို နံပါတ်တစ် နှာဘူးကောင် ပီသ ပါပေတယ်။ အရှက်မဲ့လိုက်တာ။”
…
သုံးရက်ကြာပြီးနောက် ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ယန်မြို့တော်ကြီးမှာ………
ကြီးမားခိုင်ခံ့လှတဲ့ သွေးနီရောင် ကျောက်တုံးကြီးတွေနဲ့ ကာရံထားတဲ့ ရှေးမြို့တော်ကြီးဟာ စစ်အင်အား အခြေတည်တဲ့ မြို့တော်ကြီးတစ်ခု မှန်း ပြောစရာမလိုအောင် သိသာလွန်းလှတယ်။
မြို့နံရံတွေမှာ တော့ တောက်ပတဲ့ သံချပ်ကာ ဝတ်စုံတွေနဲ့ စစ် သည်တွေဟာ လှံ၇ှည်ကြိးများကို ကိုင်ဆွဲပြီး ကင်းလှည့်နေကြတယ်။
စစ်ရေးလေ့ကျင့်ရာမှာ သုံးတဲ့ သစ်သားပြားတွေဟာတော့ မြေပြင်ပေါ်မှာ များစွာ ရှိနေကြတယ်။
စစ်တပ်သုံး တဲ တစ်ခု အတွင်းမှာတော့ အသက် 23 -24 အရွယ် လူငယ်လေး တစ်ဦးထိုင်နေပါတယ်။ တဲရဲ့ ထိပ်မှာတော့ ရွှေရောင် အလံတစ်ခုကို ၇ှိနေပါတယ်။ အလံထိပ်မှာတော့ “သွမ့်” ဆိုတဲ့ စာလုံးကြီးဟာ လွှေအလွင့်မှာ တဖျပ်ဖျပ် လွင့်လူးနေပါတယ်။
“ယုံကြည်မှု မြစ်မြို့တော် တာအို အတွေးအခေါ်စာမေးပွဲရဲ့ ချန်ပီယံ ပေါ်ထွက်လာခဲ့ပြီ။”
“အ၇ှင် ။ ဒီ လူက ကျောင်းတော်သားတွေ အများကြီးထဲမှာမှ ထူးခြားတဲ့ အရည်အချင်း တွေ ထင်ရှားနေတယ်။ ပိုပြီး တော့ ပြော၇ရင် အသက် 6 နှစ်တည်းက အရာအားလုံး ဖြစ်တည်ပုံဖော်မှုကို ဖြေရှင်းနိုင်ခဲ့တယ်။ တာအို ကို နှလုံးသားထဲမှာ ပျိုးပင် ပျိုးခဲ့တယ်။ ကျွန်တော်တို့”
“အကြီးအကဲ ဝမ်။ အပြစ်သားအတွက် အမိန့်တော်ကို မေ့နေတာလား။” အဖြူအမဲ တာအို ဝတ်စုံကို ဝတ်သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးဟာသူ့ရဲ့စကားကို နှောက်ယှက်လိုက်တယ်။
အကြီးအကဲ ဝမ်လို့ရည်ညွှန်းခံလိုက်ရတဲ့ လူကြီးဟာတော့ အနည်းငယ်မျှသော မပျော်မရွှင်မှုတွေ မျက်နှာမှာပေါ်လာတော့တယ်။
“ချီကူယန်ရဲ့ အပြစ်သားအတွက် အမိန့်တော် ပေါ်ထွက်လာပြီး လောကကို တုန်လှုပ်သွားစေတာ ငါ ဘယ်လို မေ့နိုင်မှာလဲ။ ဒါပေမယ့် ချီကူယန်က ကောင်းကင်တာအို ခန်းမမှာ နေနေတာ အပြင်ကို ခြေတစ်လှမ်းတောင် ချတာ မဟုတ်ဘူး။ နောက်ပြီးတော့ ဒီနှစ်တွေမှာ သူ့ကို တွေ့ဖူးတဲ့ သူတောင် မရှိသလောက်ဖြစ်နေပြီ။ အခုချိန်မှာတော့ လူငယ်တစ်ယောက်အတွက် အပြစ်သား အမိန့်တော် ထုတ်ပြန်လိုက်တယ်။ ဒါက ထူးဆန်းနေတယ်လို့ မထင်ဘူးလား။”
“မှန်တာပေါ့။ အကြီးအကဲ ဝမ် ပြောတဲ့အတိုင်း ကျွန်တော်လည်း ထူးဆန်းနေခဲ့တာ။ အကြီးအကဲ ဝမ် ထင်မြင်မိတာများ ရှိနေလား။” လူငယ်ဟာ အကြီးအကဲ ဝမ်ရဲ့ စကားကို ကြားချိန်မှာတော့ သူ့ရဲ့ လက်ကို ဝေ့ယမ်းလိုက်ရင်း စကားပြောဟန်ပြင်နေတဲ့ သက်လတ်ပိုင်း လူကို ဟန့်တားလိုက်တယ်။
သက်လတ်ပိုင်းအရွယ် လူကြီးကတော့ ပါးစပ်ကို တင်းတင်းးစေ့ထားတော့တယ်။
ငါထင်တယ်။ ချီကူယန်ရဲ့ အရည်အချင်းနဲ့ဆို ဒီလို အပြစ်သား အမိန့်တော်မျိုးကို တော်ရုံကိစ္စနဲ့ ထုတ်ပြန်မှာ မဟုတ်ဘူး။ ဒီအမိန့်တော်က ရေနယ်နမိတ်ကို စမ်းသပ်ဖို့ ဖြစ်နိုင်တယ်။” အကြီးအကဲ ဝမ်က လေးလေးစားစားနဲ့ ပြန်ဖြေလိုက်တော့တယ်။
“ရေနယ်နမိတ်ကို စမ်းသပ်တာက အကြီးအကဲ ဝမ်ရဲ့ အကြံ ဉာဏ် အတိုင်း ဒီလူကို စစ်တပ်ထဲ ဖိတ်ခေါ်လိုက်ရင် ချီကူယန်ကို ဆန့်ကျင်ရာ မရောက်သွားဘူးလား၊” လူငယ်ရဲ့ မျက်နှာပေါ်မှာ စိတ်ရှုပ်မှုဟာ အထင်းသား ပေါ်လာတော့တယ်။
“ငါစိုးရိမ်တာကတော့ ရေနယ်နိမိတ်ကို သူ စမ်းသပ် ချင်တဲ့ ပုံစံမျိုးက ငါတို့တွေးထင်သလိုမျိုး မဟုတ်မှာကို ပဲ ကြောက်မိတယ်။”
“အကြီးအကဲ ဝမ် ရှင်းပြပေးပါ။” “ဒီ အချိန်မှာတော့ ချီကူယန်ရဲ့ အတွေးကို မခန့်မှန်းနိုင်သေးဘူး။ ဒါပေမယ့် ဒီကောင်လေးသာ ငါတို့ စစ်တပ်ကို ရောက်လာရင် အာဏာကလည်း ငါတို့လက်ထဲမှာ ရှိနေမယ်။ အချိန်ကျလာရင်တော့ ချီကူယန်ရဲ့ အကြံက ဘာပဲ ဖြစ်ဖြစ် အကျိုးအမြတ်ကတော့ ငါတို့ အတွက်ပဲ ဖြစ်တယ်။”
“ဟမ်။” လူငယ်က ခေါင်းငြိမ့်လိုက်တယ်။ ဒါပေမယ့် သူ့ရဲ့ အမူအယာကတော့ ခန့်မှန်းလို့ မရနိုင်သေးဘူး ဖြစ်နေတယ်။ ကောင်းကင်တာအို ခန်းမ ရှိတဲ့ နေရာကို ကြည့်ရင်း တစုံတစ်ရာကို စဉ်းစားနေဟန်ပါပဲ။
…
ဒီအချိန်မှာတော့ ကောင်းကင်တာအို ခန်းမမှာ အမျိုးသမီးယွဲ့အာ ဟာ သူမရဲ့ လက်ထဲမှာ စာရွက်တစ်ရွက်ကို ကိုင်ရင်း အတော်ကို တုန်လှုပ်နေပါတယ်။
“သခင်မလေး သခင်မလေး….. ကောင်စုတ်လေးက အတွေးအခေါ်စာမေးပွဲမှာ ချန်ပီယံ ဖြစ်နေတယ်။”
“ရိုင်းလိုက်တာ” ဥယျာဉ် ထဲကနေ သာယာနားပျော်ဖွယ် အသံလေးဟာ ထွက်ပေါ်လာတော့တယ်။ “နောက်တစ်ခါ သခင်လေး ဖန်လို့ခေါ်”
အမျိုးသမီးငယ်လေးဟာ ယွဲ့အာကို ကြည့်ရင်း ပြောလိုက်တယ်။ သူမရဲ့အသံကတော့ မခွဲခြားနိုင်လောက်အောင် လေးနက်တဲ့ အရိပ်အယောင်တွေ ပါနေခဲ့တယ်။
“အမိန့်တော် အတိုင်းပါ။ သခင်မလေး။ ယွဲ့အာ ကိုယ့်အမှားကို ကိုယ်သိပါတယ်။” ဒီအချိန်မှာတော့ အမျိုးမီးယွဲ့အာရဲ့ အသံတွေဟာ ကြောက်လန့်ဟန် အထင်းသား ပေါ်နေတော့တယ်။
" “ဒီ ကောင်စုတ်လေး အတော်ကြိုးစား ထားပုံပဲ ။ ဟား ဟား ဟား အတွေးအခေါ် စာမေးပွဲ ချန်ပီယံ ဖြစ်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး။” ကောင်းကင်ကို ကြည့်ရင်း ရယ်မော ပြောဆိုနေတဲ့ သူမရဲ့ မျက်လုံးတွေကတော့ အရောင်တလက်လက် တောက်နေခဲ့တယ်။
အမျိုးသမီးယွဲ့အာကတော့ မျက်လုံးတွေ မူးမိုက်သွားသလို ခံစားလိုက်ရတယ်။ သခင်မလေးရဲ့ ရုပ်ရည် သွင်ပြင်က တကယ့်ကို ပြိုင်စံရှားလွန်းတယ်။ အထူးသဖြင့် ရယ်မောလိုက်ချိန်မှာ ။
အလှတရားက မူးမေ့သွားစေနိုင်လောက်တယ်။ အမျိုးသမီး အချင်းချင်းကိုတောင် ဖမ်းစားနိုင်လွန်းတယ်။
“ဟန်ချန်ဖုန်းကို ခိုင်းပြီးပြီလား။”
“သခင်မလေးရဲ့ အမိန့်တော်အတိုင်း တောင်ဘက်တောင်ရွာက ဝမ်အန်ဟွ ကနေ တစ်ဆင့် ညွှန်ကြားတာ ကို လုပ်ဆောင်ပေးပြီးပါပြီ။ ဟန်ချန်ဖုန်းလည်း ဒီ သတင်းကို ရတာနဲ့။ ကောင်စုတ … သခင်လေး ဖန် ရဲ့ အရာအားလုံးဖြစ်တည်မှုကို ဖြေရှင်းခဲ့တဲ့အကြောင့်းထုတ်ဖော် ကြေညာခဲ့ပြီးပါပြီ။ ဒီအချိန်မှာတော့ သတင်းက ယန် မြို့တော်ကို ရောက်သွားပါပြီ။”
“ဟုတ်တယ်။ ဟန်ချန်ဖုန်းမှာ ရွေးစရာ မရှိတာကြောင့် ဒီလို လုပ်ခဲ့ရတာ။ နောက်ပြီး ဟန်ချန်ဖုန်းလည်း သူ့အစီအစဉ်နဲ့ သူရှိမှာပါ။ ဒီလို အခြေအနေမျိုးမှာ ကောင်စုတ်လေး ဘယ်လို ဖြတ်ကျော်မလဲ တကယ် သိချင်တယ်။” “သခင်မလေး ယွဲ့အာ နည်းနည်းတော့ စိတ်ပူမိတယ်။ သခင်မလေးက အပြစ်သားအတွက် အမိန့်တော်ကို လည်း ပို့လိုက်တယ်။ တခြားတစ်ဖက်မှာလည်း သခင်လေးဖန် အရာအားလုံးဖြစ်တည် ပုံဖော်မှုကို ဖြေရှင်းခဲ့တဲ့ အကြောင်းကိုလည်း ကြေညာလိုက်တယ်။ သခင်မလေး ဘာကို စိတ်ကူးထားလည်း ယွဲ့အာ တကယ်ပဲ နားမလည်နိုင်ဘူး။”
“ဘာကြောင့်လဲဆိုတော့ အကြောင်းရင်းတစ်ခုကို အတည်ပြုလိုတာကြောင့်ဖြစ်တယ်။ ” အမျိုးသမီးငယ်က ပြောလိုက်ချိန်မှာတော့ သူမရဲ့ မျက်လုံးတွေ ထဲမှာ ထူးဆန်ုးတဲ့ အငွေ့အသက် တစ်ချို့ ဖြတ်ပြေးသွားခဲ့တယ်။
“ဘာဖြစ်နိုင်မလဲ။ ဒီလောကမှာ သခင်မလေးတောင် နားမလည်နိုင်တဲ့ အရာရှိနေတယ်လို့ မပြောပါနဲ့”
“တကယ်ပဲ ငါ နားမလည်နိုင်တဲ့ အရာတွေ ၇ှိနေသေးတယ်။ နားလည်ဖို့ တကယ့်ကို ခက်ခဲလွန်းတယ်။ တိုက်ခိုက်ရေးစာမေးပွဲကပဲ ဒီမေးခွန်းကို အဖြေထုတ်နိုင်မှာ ဖြစ်တယ်။ ”
“နားလည်ဖို့ ခက်ခဲတဲ့ အရာတွေ။” ယွဲ့အာ အမျိုးသမီးရဲ့ မျက်နှာမှာတော့ နားမလည်နိုင်မှုတွေဟာ ပိုပြီး နက်ရှိုင်းလာတော့တယ်။ သူမရဲ့ သခင်မလေး။ ကောင်းကင်တာအိုမှာ နေထိုင် သုံးသပ်နေခဲ့တာ ဒီလို ကိစ္စမျိုးက ဘယ်လောက်တောင်ကြီးမားနေမလဲ။
…
ရက် အနည်းငယ် ကြာပြီးနောက်မှာတော့ ယုံကြည်မှု မြစ်မြို့တော်မှာ ရောက်၇ှိနေကြတဲ့ စာဖြေသူ ကျောင်းတော်သားတွေဟာတော့ ပန်းထိုးချည် ဘရိုကိတ် ဝတ်ရုံတွေကို ဖယ်ခွာပြီးတော့ အမျိုးမျိုးသော သံချပ်ကာ ဝတ်စုံတွေကို ဝတ်ဆင်ထားကြတော့တယ်။
အကြောင်းရင်းကတော့
ဒီနေ့ဟာ လက်ရုံးရည် စာမေးပွဲ ဖြစ်တယ်။
အပိုင်း (၉၉) ပြီး၏။
အပိုင်း (၁၀၀)
“စိတ်အာရုံနယ်မြေ”
Translator: Sparrow Translations Editor: Sparrow Translations
မနက်ခင်း ဝေလီဝေလင်းအချိန်မှာတော့ ငြိမ်သက်သော မှင်ကန်တစ်ဝိုက်မှာ ဝေ့၀ဲတိုက်ခတ်နေတဲ့ လေထုဟာ အေးစက်လွန်းလှတယ်။
ဖန်ကျန်းရှီကတော့ ငြိမ်သက်သော မှင်ကန်ဘေးမှာ လေညှင်း ခံရတာကို အတော်လေး နှစ်ခြိုက်တယ်။ မြောက်ဘက်ရွာရဲ့ လေထုနဲ့ အတော်လေး ဆင်တူတဲ့ လေထုဟာ သူ့ကို နွေးထွေးစေတယ်။ ထုံးစံအတိုင်း မနက်စာ စား ပြီး အပြာရောင် ဝတ်ရုံ၇ှည်ကိုပဲ ဝတ်ကာ ထွက်ခွာလာခဲ့တော့တယ်။
သို့ပေမယ့်လည်း ဒီနေ့မှာတော့ ရန်ရွှယ်ဟာ သူ့ရဲ့ ခါတိုင်း ဝတ်စုံနဲ့ မဟုတ်တော့ပါဘူး။ သံချပ်ကာ ဝတ်ရုံကို ဝတ်ထားပြီးနောက် သူ့ရဲ့ လက်မောင်းမှာတော့ ပိုးသား ဝတ်ရုံကို ဝတ်ထားပါတယ်။ ရင်ဘတ် နေရာမှာတော့ ငွေထည် သံချပ်ကာကို ဆင်မြန်းထားခဲ့တယ်။
ဝတ်စုံပြည့် သံချပ်ကာ မဟုတ်ပေမယ့် လည်း အတော်လေးကို ထည်ဝါ ခံ့ညား လွန်းနေတယ်။
“မင်း ဒါကို ဝတ်ထားတယ်။” ရန်ရွှယ်က ဖန်ကျန်းရှီကို ကြည့်ရင်း ပြောလိုက်တော့တယ်။ သူ့ရဲ့ မျက်နှာမှာတော့ စိတ်ရှုပ်နေဟန် က အထင်းသား ပေါ်လွင်နေခဲ့တယ်။
“မင်းကကော ဘာလို့ ဒီလို ဝတ်ထားတာလဲ။ ” ဖန်ကျန်းရှီကလည်း စိတ်ရှုပ်သွားတော့တယ်။
အရင်တုန်းက ဒေသတွင်း တိုက်ခိုက်ရေးစာမေးပွဲမှာ သူနဲ့ တခြား ကျောင်းတော်သားတွေ အကုန် သာမာန် ဝတ်စုံတွေကိုပဲ ဝတ်ဆင်ခဲ့ကြတာ ဖြစ်တယ်။
“ဒီနေ့က တိုက်ခိုက်ရေးစာမေးပွဲ” ရန်ရွှယ်က သတိ ပေးလိုက်တယ်။
“သိတယ်လေ။” ဖန်ကျန်း၇ှီက ခေါင်းငြိမ့်လိုက်တယ်။
ဖန်ကျန်းရှီ ခေါင်းငြိမ့်တာကို မြင်ပြီးတဲ့နောက်မှာတော့ ရန်ရွှယ်လည်း ထပ်မပြောတော့ဘူး.။
သူတို့နှစ်ဥိး အတူတကွ လမ်းလျှောက်လာခဲ့တယ်။
…
တိုက်ခိုက်ရေးစာမေးပွဲ ခန်းမဟာလည်း ယုံကြည်မှု မြစ် မြို့ ရုံးတော်မှာပဲ ဖြစ်တယ်။
အတွေးအခေါ် စာမေးပွဲကို ကျင်းပတဲ့နေရာနဲကတော့ မတူညီဘူး ဖြစ်တယ်။
သို့ပေမယ့်လည်း အတွေးအခေါ်စာမေးပွဲမှာ လိုတော့ ရုံးတော်ရှေ့မှာ စောင့်စရာမလိုတော့ဘူး ဖြစ်တယ်။
တိုက်ရိုက် ဝင်ခွင့်ရကြတယ်။
ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ ရောက်သွားချိန်မှာတော့ သံချပ်ကာ အပြည့်ဝတ်ထားတဲ့ စစ်သည်တွေဟာ တန်းစီနေကြတော့တယ်။ ရုံးတော် အပြင်ဘက်မှာ ကင်းလှည့်နေတဲ့သူ သိပ်မများပေမယ့် ကင်းလှည့်နေတဲ့ စစ်သည်တွေကတော့ အတော်လေး များလှတယ်။
“စာရင်းသွင်း ရမယ်။” စစ်သည်တွေက ဖန်ကျန်းရှီနဲ့ ရန်ရွယ်ကို ပြောလိုက်တယ်။
အဲ့ဒီ့နောက် စာရင်းသွင်းပြီးချိန်မှာတော့ မဟူရာရောင် ကျောက်ပြားလေး တစ်ချို့ကို ရရှိခဲ့တယ်။ ကျောက်ပြားလေး ပေါ်မှာတော့ သူ့တို့ရဲ့ နာမည်တွေ ရေးထိုးထားခဲ့တယ်။
ဖန်ကျန်းရှီကတော့ ဒါကို ဘယ်နေရာမှာ သုံးလည်း ဆိုတာ သိချင်နေတယ်။
သူ မေးကြည့်ချင်ပေမယ့်လည်း ဘယ် အစောင့်ကမှ အာရုံမစိုက်တာကြောင့် ရန်ရွှယ်ရဲ့ မျက်နှာကို ကြည့်လိုက်တယ်။ သူ့ ပုံစံကတော့ အရင်ထဲက သိထားတဲ့ပုံပါပဲ။
ဖန်ကျန်းရှီကတော့ တစ်ခဏ စဉ်းစားပြီးတဲ့နောက် ရန်ရွှယ်ကို နောက်မှ မေးဖို့ ဆုံးဖြတ်လိုက်တယ်။
သူတို့ ရုံးတော်ထဲ ဝင်သွားပြီး သိပ်မကြာခင်မှာပဲ တိုက်ခိုက်ရေး ခန်းမကို ရောက်ရှိသွားတော့တယ်။
ခန်းမကြီးထဲမှာတော့ ရှင်းလင်းနေတဲ့ ခန်းမကြီးနဲ့ အတူ ပန်းမန် သစ်ပင်တွေ ရှိနေတော့တယ်။ တခြားအရာထက် ကျောင်းတော်သားတွေ အကုန်လုံးဟာ သံချပ်ကာ အမျိုးမျိုးကို ဝတ်ဆင်ထားကြတယ်။
'
သိပ်မကြာခင်မှာပဲ ဝတ်ရုံဖြူ ဝတ် ဟန်ချန်ဖုန်းဟာ ရောက်ရှိလာတော့တယ်။
“ဒုန်။” မောင်းသံထွက်ပေါ်လာချိန်မှာပဲ တိုက်ခိုက်ရေး စာမေးပွဲစတင်တော့တယ်။
ဟန်ချန်ဖုန်းကတော့ စင်ပေါ်က ခုံကနေ မတ်တပ်ရပ်လိုက်ရင်း နှစ်လှမ်းမျှ လျှောက်လာခဲ့တယ်။ စင်မြင့်အောက်က သံချပ်ကာ ဝတ်စုံနဲ့ကျောင်းတော်သားတွေကို ကြည့်ရင်း ကျေနပ် အားရမှုကြောင့် ခေါင်းငြိမ့်လိုက်တော့တယ်။
နောက်ဆုံးတော့ ဖန်ကျန်းရှီကို သူတွေ့သွားတယ်။
မျက်တောင် တစ်ချက် ခတ်လိုက်တဲ့ အချိန်မှာပဲ သူ့မျက်လုံးထဲမှာ ထိတ်လန့်ဟန်တွေ အထင်းသား ပေါ်လာတော့တယ်။ ဒါပေမယ့် ခပ်မြန်မြန် လျစ်လျူရှုလိုက်ရင်း ချောင်းဟန့်လိုက်တော့တယ်။
“ဒီ တိုက်ခိုက်ရေး စာမေးပွဲက မြောက်ပိုင်း ဒေသ မြို့တော်ကြီး ငါးခု အပြင် အခြားသော နယ်ပယ်ကလည်း ကျောင်းတော်သားတွေ ရောက်၇ှိနေတာ ဖြစ်တယ်။ နေရာ ဒေသ အမျိုးမျိုးနဲ့ ကိုက်ညီတဲ့ တိုက်ခိုက်ရေး စာမေးပွဲ ဖြစ်ဖို့ အတွက် စိတ်အာရုံ နယ်မြေ တိုက်ခိုက်ပွဲကို ပြုလုပ်ထားတယ်။
“ အခုချိန် လူတိုင်း လက်ထဲမှာ မဟူရာကျောက်ပြားတွေ ရောက်၇ှိနေပြီ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ စည်းကမ်းချက်တွေကတော့ ရိုးရှင်းတယ်။ စိတ်အာရုံနယ်မြေ စမ်းသပ်မှုမှာ မင်းတို့ လက်ထဲက မဟူရာ ကျောက်ပြားတွေကို မဆုံးရှုံးဖို့ပဲ လိုတယ်။ အလယ် ဗဟို နယ်မြေကို ရောက်၇ှိရမယ်။ အောင်မြင်ကြပါစေ။ တောင်ဝင် သတင်းပို့သူတွေနဲ့ ငါတို့ စောင့်နေမယ်။”
“စိတ်အာရုံ နယ်မြေထဲမှာ အန္တရာယ် တစ်ခုခု ကြုံလာရရင် မင်းတို့လက်ထဲက မဟူရာကျောက်ပြားကို ချက်ချင်း ခွဲပြစ်လိုက်ပါ။ မူလ လောကကို ချက်ချင်း ပြန်ရောက် လာနိုင်တယ်။ ဒါပေမယ့် ဒီလို ခွဲလိုက်တာကလည်း မင်းတို့ကို ထုတ်ပယ်ပြီးသား ဖြစ်သွားမယ်။
“နားလည် ကြလား။” ဟန်ချန်ဖုန်းက ရှင်းလင်းပြောဆို ပြီးတဲ့နောက် သူ့ရဲ့ အကြည့်တွေကို ကျောင်းတော်သားတွေ ဆီကို စူးစိုက်ကြည့်ရင်း ပြောလိုက်တယ်။
“နားလည် ပါပြီ။” ကျောင်းတော်သားတွေက တည်ီတစ်ညာတည်း ခေါင်းငြိမ့်လိုက်ကြတော့တယ်။
ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ ဆွံ့အနေတော့တယ်။ စိတ်အာရုံနယ်မြေ။ အဲ့တာ ဘာကြီးလဲ။ မဟူရာ ကျောက်ပြားကို ခွဲလိုက်ရင် စာမေးပွဲ ကျမယ်။ ဒီ တိုက်ခိုက်ရေး စာမေးပွဲက သူထင်ထားတာနဲ့ တကယ်ယ့်ကို ကွာလွန်းတယ်။
ဖန်ကျန်းရှီက သူ့ဘေးပတ်လည်က သူတွေကို ကြည့်လိုက်ချိန်မှာတော့ ပြင်ဆင်မှုတွေ လုပ်နေကြတာကို တွေ့လိုက်တော့တယ်။ တိုက်ပွဲ မစခင် အဆုံးသတ် ပြင်ဆင်မှု ။
“ စိတ်အာရုံနယ်မြေဆိုတာ ဘာကြီးလဲ” ရန်ရွှယ်ကို မေးလိုက်တော့တယ်။
သူ့ရဲ့ သံချပ်ကာကို နေရာကျအောင် လုပ်နေတဲ့ ရန်ရွှယ်ကတော့ ဖန်ကျန်းရှီရဲ့ မေးခွန်းကြောင့် မျက်လုံးပြူးသွားတော့တယ်။
“မင်း မသိဘူးလား။”
“ အဟမ်း …. ငါမှ တာအို ခန်းမကို မဝင်ဖူးတာ ။” ဖန်ကျန်းရှီက ပြောလိုက်တယ်။
“အာ” ရန်ရွှယ်က သူ့မေးခွန်းမှားသွားတာကို သိလိုက်တဲ့ အတွက် နည်းနည်းတော့ ရှက်သွားတော့တယ်။ “တာအို နိယာမရဲ့ အခန်း သုံးထောင်မှာ မတူညီနဲ့ နယ်မြေတွေ အကြောင်း ပါတယ်လေ။ မင်း တာအို မုခ်ကို လက်ခံ ပြီးတဲ့ အချိန်တည်းက မင်းရဲ့ နှလုံးသားထဲမှာ စိတ်အာရုံနယ်မြေဖြစ်ပေါ်လာမယ်.” “နှလုံးသားထဲက စိတ်အာရုံနယ်မြေ။ ” ဖန်ကျန်းှရီ နားလည် သွားတော့တယ်။ သူအမြဲ မြင်နေရတဲ့ တခြား ကမ္ဘာတစ်ခုက သူ့ရဲ့ စိတ်အာရုံနယ်မြေ ဖြစ်နေတယ်။
“ဟုတ်တယ်။ မင်းရဲ့ စိတ်အာရုံနယ်မြေကတော့ ဘယ်လို ပုံ ဖြစ်မလဲ ငါမသိဘူး။ တစ်ယောက်နဲ့ တစ်ယောက် နယ်မြေပုံစံခြင်း ကွာခြားတယ်။ တာအို မုခ်ကို အောင်မြင်တဲ့ ပုံစံပေါ် မူတည်ပြီးတော့ ဖြစ်ပေါ်တာ။ ဒါပေမယ့် အခြေခံ ပစ္စည်းတွေကတော့ မပြောင်းလဲ ဘူး ဖြစ်တယ်။ လေ ရေ သစ်ပင် မြေကြီးတွေကတော့ တူညီကြတယ်။
ဖန်ကျန်းရှီလည်း နားလည်သွားတယ်။ အစတည်းက သူ့ရဲ့ စိတ်အာရုံနယ်မြေက မြေကြီးနဲ့ လေကို အခြေခံထားတယ်။ သစ်ပင်လေး ပေါ်ထွက်လာတာ။ လေထုထဲ ရေငွေ့တွေကို စုတ်ယူပြီး ရေစက်လေးကနေ ရေကန်ကြီးတစ်ကန်ဖြစ်အောင် ပြောင်းလဲ ခဲ့တယ်။
အဆုံးမှာတော့ ကောင်းကင်ထိစပ်မတတ် ကြီးမားလွန်းတဲ့ သစ်ပင်ကြီးဟာ ရေကန်လယ်မှာ တည်ရှိနေတော့တယ်။
ဖန်ကျန်းရှီ ဒါကို တွေးမိသွားချိန်မှာတော့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာတော့တယ်။ သူ အရင်တုန်းက နားမလည် နိုင်တဲ့ အဆင့်တစ်ခုကို ရုတ်တရက် နားလည် သွားသလိုမျိုး။ လူတိုင်းမှာ မတူညီတဲ့ စိတ်အာရုံနယ်မြေတွေ ပိုင်ဆိုင်ထားတယ်။
ဒါဆို လေ့ကျင့်တဲ့ ရည်ရွယ်ချက်က ဘာ ဖြစ်မလဲ။
ဒီ စိတ်အာရုံနယ်မြေရဲ့ တည်မြဲ မှုကကော။
“ ဒါဆို ဒီနေ့ ငါတို့ ဘယ်နေရာကို ဝင်ရမှာလဲ။” ဖန်ကျန်းရှီက ဒီ စိတ်အာရုံနယ်မြေ အကြောင်း ကောင်းကောင်း သိပေမယ့် တိုက်လိုက်ရေး စာမေးပွဲကို ဘယ်လို လုပ်မလဲ ဆိုတာကိုတော့ သူ နားမလည်သေးဘူး။
“စာစစ်သူတွေဆီမှာ ထုတ်လွင့်ပေးလို့ရတဲ့ စိတ်အာရုံနယ်မြေတွေ ရှိတယ်။ ဒီလိုမျိုး စိတ်အာရုံနယ်မြေတွေကို ဝင်ရောက် ရတာက ငါတို့ကို လေ့ကျင့်ပေးတဲ့ လေ့ကျင့်မှု တစ်ခုပဲ ဖြစ်တယ်။” ရန်ရွှယ်က ရှင်းပြလိုက်တယ်။
နောက်ဆုံးမှာတော့ ဖန်ကျန်းရှီလည်း နားလည်သွားတော့တယ်။
လူတိုင်းရဲ့ စိတ်အာရုံနယ်မြေက ကွာခြားတယ်။ သူတို့ရဲ့ စိတ်အာရုံတွေကို တာအို အာရုံကို လေ့ကျင့်ပေးဖို့ အဓိက သုံးတယ်ဆိုတော့လည်း
ကြည့်ရတာ သူ နားမလည် နိုင်သေးတဲ့ အရာတွေ အများကြိးရှိနေသေးတယ်။
စိတ်အာရုံနယ်မြေ
ရိုးရိုးလေး လုပ်ပါအုန်း။ မဟူရာကျောက်ပြားကို ခွဲပြစ်ရင် အထုတ်ခံရမယ်။
မတည်ငြိမ်တဲ့ နယ်မြေတွေ။
ဒီ စာစစ်သူတွေ ဘယ်လိုနယ်မြေကို လုပ်မလဲ ဆိုတာတော့ သူ တကယ်ပဲ သိချင်တယ်။
သူကတော့ စိတ်လှုပ်ရှားနေတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ စိတ်အာရုံနယ်မြေကို အသုံးချ လေ့ကျင့်ဖို့ဆိုတာ သူ့အတွက် အတွေ့အကြုံ သစ် တစ်ခု ဖြစ်တဲ့ အတွက်ပဲ။
အဲ့ဒီ့နောက် ရန်ရွယ်ကို ကြည့်လိုက်တော့ တစ်ခုခု လွဲနေတာကို သူ ခံစားမိလိုက်တယ်။
“မင်းတို့အကုန် စိတ်အာရုံနယ်မြေထဲ ဝင်ရမှာကို သိလို့ ဝတ်စုံတွေ လဲထားကြတာလား။” ဖန်ကျန်းရှီက မေးလိုက်တယ်။
“ဟုတ်တယ်လေ။ ငါက မင်းသိတယ် မှတ်တာ” ရန်ရွယ်က ခေါင်းငြိမ့်လိုက်တယ်။
“…” ဖန်ကျန်းရှီကတော့ လျှောက်ပတ်ကြည့်နေရင်းနဲ့ သူ့အကြည့်တွေဟာ တစ်နေရာမှာ ရပ်တန့်သွားတော့တယ်။ ဒီ လူငယ်လေးရဲ့ ပုံရိပ်က သူနဲ့ တထေရာတည်း တူနေတယ်။
ပိုပြီး ထူးခြားတာကတော့ လူငယ်လေးရဲ့ သံချပ်ကာ ဟာ အတော်လေးကို ကြည့်လို့ကောင်းတယ်။
အပိုင်း (၁၀၀)ပြီး၏။