အပိုင်း (၁၂၁-၁၃၀)
Vol. 2 Ch. 121-130
အပိုင်း (၁၂၁)
“ တိုက်ပွဲ အတွက် အထောက်အကူပြု လက်နက်။”
ဘာသာပြန်သူ-Enri Thaw
အလင်းက ဘယ်လောက်တောင် မြန်လဲ။ ပလ္လင် တစ်ခုလုံးနဲ့ စိတ်အာရုံနယ်မြေ တစ်ခုလုံးကိုပါ အဖြူရောင် အလင်းတန်းတွေ ဖုံးလွှမ်းသွားတော့တယ်။
ကျောင်းတော်သားတွေနဲ့ စာစစ်သူတွေ သတိပြန်ဝင်လာချိန်မှာတော့။
လွန်ခဲ့တဲ့ အချိန် အနည်းငယ် တုန်းကတော့ ဖန်ကျန်းရှီကို သူတို့ စိုက်ကြည့်နေခဲ့ကြတာ ဖြစ်တယ်။ ဒါပေမယ့် မျက်တောင်တစ်ခတ် အတွင်းမှာပဲ သူတို့ အမြင် အာရုံမှာ အရောင် တစ်ခုတည်းကိုပဲ မြင်ရတော့တယ်။ ဒါက သိပ်ပြီးတော့ကို ဖြူစင်လွန်းတယ်။
နွားနို့လိုပဲ။
ဒါပေမယ့် နို့လို့ ပြောရင်လည်း မမှန်ရာကျမယ်။ ဖြူဖွေးတောက်ပတဲ့ ဓားမြှောင်တစ်ခု ကိုယ့်ရဲ့မျက်လုံးထဲကို တိုက်ရိုက် နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သွားသလိုမျိုး စူးနင့်စွာ ဝင်ရောက်သွားတယ်။
ဒါပေမယ့်လည်း နာကျင်မှုကတော့ နှလုံးကနေ တစ်ကိုယ်လုံးကို ပျံ့နှံ့တယ်။
“အား..”
“ အား အား”
“ငါ့မျက်လုံး ငါ့မျက်လုံးတွေ”
စိတ်အာရုံနယ်မြေ တစ်ခုလုံးမှာ အော်ဟစ်သံတွေ ဖုံးလွှမ်းသွားတော့တယ် ။
ဘာကြောင့်လဲုဆိုတော့ ဘယ်သူကမှ မမြင်နိုင်တော့တာကြောင့်ဖြစ်တယ်။ သူတို့ရဲ့ အမြင် အာရုံတွေက လုံးဝကို အဖြူရောင်တွေနဲ့ပဲ ပြည့်နေတယ်။ သူတို့ရဲ့ အမြင် အာရုံတစ်ခဏ ပျောက်ကွယ်သွားတာ ဖြစ်တယ်။
“အားး။ ငါ ဘာမှ မမြင်ရဘူး ။ ငါ ကန်းသွားပြီလား။ ငါဘာလို့ မမြင်ရတော့တာလဲ။”
“ ဒါက ဘာဖြစ်တာလဲ။”
“ဘယ်သူ ငါ့ မျက်နှာကို ကန်တာလဲ။”
“ဘယ်ကောင် ငါ့ခေါင်းပေါ်ကနေ ဖြတ်သွားတာလဲ။”
လူတစ်ယောက်ရဲ့ အကြောက်ဆုံးသော အရာက ဘာဖြစ်မယ် ထင်သလဲ။ အနာဂတ်ကို ဘယ်သူမှ ကြိုမမြင်နိုင်ဘူး။ မမြင်နိုင်တော့တဲ့ နောက်မှာတော့ အော်ဟစ်သံတွေ အဆက်မပြတ် ထွက်ပေါ်လာတော့တယ်။ သူတို့ စတင်ပြေးလွှားကြပြီး ဝရုန်းသုန်းကားဖြစ်နေကြတော့တယ်။
“နာကျင်မှု”
သူတို့ရဲ့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းလာတဲ့ နာကျင်မှု ၊ မူးေ၀ နောက်ကျိပြီး မြေကြီးပေါ်ကို လဲကျမှု၊ မြေပြင်ပေါ်က ပဲ့တင် သံတွေ ၊ လောက ကြီး အထိန်းအကွပ် မဲ့ ပရမ်းပတာ ဖြစ်နေတော့တယ်။
ဒါပေမယ့် သူတို့ ဘာတွေပဲ လုပ်လုပ် မမြင်ရတာကတော့ မမြင်ရတာပါပဲ။
အချိန်ကိုသာ စောင့်ဆိုင်းပြီး မျှော်လင့်နေရတောတ့ယ်။
သူတို့ရဲ့အမြင် အာရုံ တဖြည်း ဖြည်း ပြန်လည် ကောင်းမွန်လာတာကိုသာ စောင့်နေရတော့တယ်။
ဘယ်လောက် ကြားတဲ့ အထိ သူတို့ရဲ့ အမြင် အာရုံ ပျောက်ကွဝ်နေလဲ ဆိုတာ မသိကြပါဘူး ။ အစိမ်းရောင် ရောင်စဉ်တန်းတွေ ပေါ်ထွက်လာပြီး အဖြူရောင်ကို အစားထိုးသွားတာကိုသာ မြင်ရ တော့တယ်။ အစိမ်းရောင်ကနေ ပတ်ဝန်းကျင် မြင်ကွင်းတွေ အနည်းငယ် မှုန်ရီေ၀ဝါးစွာ ပေါ်ထွက်လာတော့တယ်။ အဲ့ဒီ့နောက် တဖြည်းဖြည်းနဲ့ ကြည်လင်လာပြီးတော့
နောက်ဆုံးမှာတော့ သူတို့ရဲ့ ကမ္ဘာကြိးကို ပြန်မြင်ရတော့တယ်။
ဒါပေမယ့်လည်း
လူတိုင်းရဲ့ အမြင်အာရုံပြန်လည် ရရှိပြီး နောက်မှာတော့…
မြင်လိုက်ရတဲ့ မြင်ကွင်း သူတို့ကို မျက်လုံးပြူးစေပြန်တယ်။ မယုံကြည်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အကြည့်တွေနဲ့ အတူ ဖန်ကျန်းရှီ တစ်ဦးတည်း ရပ်နေတဲ့ တိုက်ပွဲ ပလ္လင်ပေါ်ကို ကြည့်လိုက်တော့တယ်။
“ရန်ရွှယ် ဘယ်ရောက်သွားပြီလဲ။ ရန်ရွှယ် ဘယ်ရောက်သွားပြီပဲ။”
ဖန်ကျန်းရှီ ကတော့ တိုက်ပွဲ ပလ္လင်ထက်မှာ စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေတာ ဖြစ်တယ်။ သူတို့ရဲ့ စကားသံတွေကို ကြားပြီးတဲ့ နောက်မှာတော့ ပလ္လင်အောက်က မြေပြင်ပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေတဲ့ ရန်ရွှယ်ကို လက်ညှိုး ထိုးပြလိုက်တယ်။ သူ့ရဲ့ ညာလက်နဲ့ ရန်ရွှယ်ကို ညွှန်ပြ ပြီးတဲ့ နောက် ဘယ်ဘက် လက်နဲ့ အိတ်ထဲက မှင်နဲ့ ခြယ်သ ထားတဲ့ အရာတစ်ခုကို ချက်ခြင်း သူ့အိတ်ထဲ ထည့်လိုက်တယ်။
“ရန်ရွှယ်က စင်ပေါ်ကနေ ပြုတ်ကျသွားတယ်။”
“ဒါက ဘာတွေလဲ။ မျက်လုံးကန်းစေတဲ့ အလင်းရောင်။”
“ဒီ လိုမျိုုး အင်အားပြင်းတဲ့ အလင်းရောင် နေမင်းထက်တောင် စူးရှတယ်။”
ပလ္လင်အောက်မှာ ထိုင်နေတဲ့ ရန်ရွှယ်ကို တွေ့လိုက်တဲ့ အချိန်မှာတော့ ကျောင်းတော်သားတွေ ပိုပြီးတော့ ထိတ်လန့်လာကြတော့တယ်။ ဘယ်သူက သူတို့ရဲ့ မျက်နှာနဲ့ ခေါင်းပေါ်ကို ဖြတ်နင်းသွားလဲ ဆိုတာ ထက် အခု ဘာတွေ ဖြစ်နေလဲ ဆိုတာကို ပိုပြီးတော့ အာရုံစိုက်နေကြတော့တယ်။
ဒီ အချိန်မှာတော့ ဟန်ချန်ဖုန်းရဲ့ အမြင် လည်း ပြန်လည် ရရှိပြီ ဖြစ်တယ်။ တော်ဝင် ကျောင်းတော်က စာစစ်သူ အကြီးအကဲ တစ်ယောက် အနေနဲ့ သူရဲ့ ကျင့်ကြံ ဆင့် တခြားသော သူတွေထက် ပိုပြီး မြင့်မားတယ်။
ဥပမာအားဖြင့် သူ့ အမြင်အာရုံပျောက်သွားတာနဲ့ တပြိုင်နက် သူလည်း မလှုပ်ရှားတော့ဘူး ဖြစ်တယ်။
ဒါက ဘယ်လို ကိစ္စ မျိုးလဲ။
သူ မမြင်ရတာတောင်မှ သူ့ကောင်းကောင်း ကြားနိုင်တယ်။ အကယ်၍ သူ့အနားကို အန္တရာယ် ရောက်လာခဲ့မယ် ဆိုရင် သူ့ရဲ့ အရည်အချင်းနဲ့ ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် ခုခံနိုင်တယ်။ ဒါ့အပြင် ဒါက စိတ်အာရုံနယ်မြေ တစ်ခု ဖြစ်တယ်။
ဒါပေမယ့် သူ့ရှေ့က မြင်ကွင်းကတော့ သူ့ကို ထိတ်လန့်စေတယ်။
“ တကယ်တမ်းတော့ ငါ့မှာ သုံးစရာ နည်းတစ်ခုရှိသေးတယ်။”
ဖန်ကျန်းရှီရဲ့ ရန်ရွှယ်ကို ပြောခဲ့တဲ့ စကားကို သူ ပြန် ကြားယောင်လာတော့တယ်။
နည်းလမ်း တစ်ခု။
ဖန်ကျန်းရှီ သုံးလိုက်တာ ဒါ နည်းလမ်းလဲ။
ထူးခြား ဆန်းကြယ်မှု ။ သူ့ရဲ့ နှလုံးသားထဲမှာ တကယ့်ကို ရှုပ်ထွေးသွားတော့တယ်။ ဖန်ကျန်းရှီသာ ဒီ အလင်းတန်းတွေကို ထုတ်လွှတ်တဲ့သူ ဖြစ်ခဲ့မယ် ဆိုရင် သူ ဒါကို ဘယ်လို အောင်မြင်နိုင်မှာလဲ။
စွမ်းရည်။…
ဒါက မဖြစ်နိုင်တာပဲ ဖန်ကျန်းရှီက ကြယ်တာရာ စုဝေးမှု အဆင့်မှာပဲ ရှိသေးတာ ။ ဒါကို ကောင်းကင်ရောင်ပြန် အဆင့် သူတွေတောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါဆို ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။ ဒါကတော့ ရတနာပဲ။ ဖန်ကျန်းရှီ သူ့ရဲ့ ကိုယ်ထဲမှာ ကြောက်စရာ ရတနာ တစ်ခု ရှိနေတာပဲ ဖြစ်မယ်။
ဒါက ဘာဖြစ်နိုင်မလဲ။
“ငါပြောသားပဲ မင်းတို့ သေချာ ကြည့်ကြပါ ဆိုတာကို။ ငါ ထင်တယ်။ တစ်ယောက်မှ မြင်လိုက်မှာ မဟုတ်ဘူး။” ဖန်ကျန်းရှီကတော့ သူ့ဆီကို ဦးတည်နေတဲ့ ထိတ်လန့်နေသူတွေရဲ့အကြည့်ကို ရင်ဆိုင်ရင်း အပြစ်ကင်းစင်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
တကယ်တမ်းတော့ သူသုံးလိုက်တာ ဓာတု ဗေဒ နည်းလမ်းတစ်ခပဲ။
ဆွန်ဇု နည်းဗျု ထဲမှာ ပါတဲ့ အလင်းတန်းနဲ့ ပြိုင်ဘက် အမြင်ကို ဖုံးကွယ်ခြင်း ဖြစ်တယ်။ တိုက်ပွဲအတွက် အထောက် အကူ ပစ္စည်းတော့ လိုအပ်တယ်။
ဒါပေမယ့်လည်း ဖန်ကျန်းရှီက စစ်တပ်မှာ သုံးသလိုမျိုး အထူးပစ္စည်းတွေ ရှာဖွေ ချိန် မရတဲ့ အတွက် ရှိတာနဲ့သာ အသုံးချပြီး အလင်းရောင် ထုတ်လွှတ်လိုက်တာ ဖြစ်တယ။် ဒါပေမယ့်လည်း အင်အားပြင်းထန်တဲ့ အလင်းတန်းကတော့ လူတွေကို နှစ်မိနစ်လောက် မျက်စိ အမြင်ကွယ်သွားစေနိုင်မယ်။
အနည်းဆုံး နှစ်မိနစ်ပဲ ကြာရင်တောင် သူ့အတွက် တိုက်ခိုက်ဖို့ အဆင်ပြေတယ်။ ဒီ ကမ္ဘာမှာတော့ ဒီ အချိန်က တိုက်ခိုက်ဖို့ အဆင်ပြေတယ်။
ရန်ရွှယ်ကတော့ ဖန်ကျန်းရှီကို စိတ်ရှုပ်ထွေးစွာနဲ့ သာ ကြည့်နေတော့တယ်။
သူ့ရဲ့ မှတ်ဉာဏ်ထဲမှာ ဒီလို အင်အားပြင်းထန်တဲ့ အလင်းတန်းမျိုးကို ထုတ်လွှတ်နိုင်တာ တစ်ယောက်ပဲ ရှိတယ်။ ဒါက သူ့အဖိုးပဲ။
ဖန်ကျန်းရှီ ။ သူက ဒါကို ဘယ်လိုများ လုပ်နိုင်တာလဲ။
တကယ်တမ်းတော့ ရန်ရွှယ်အခု ခံစားနေရတာ သူ့ရဲ့ တစ်စိတ်တပိုင်းပျောက်ဆုံးသွားသလိုပဲ။ အဖြူရောင် အလင်းတန်းတွေပေါ်ထွက်လာတာနဲ့ လေအရိပ်ပညာကိုအသုံးပြုပြီး သူ ခုန်လွှားလိုက်တယ်။ ကံမကောင်းစွာနဲ့ပဲ သူ့ခြေထောက် က တစ်ချို့သော အရာတွေနဲ့ ထိခိုက်မိပြီးတော့ ပလ္လင်ရဲ့ အောက်ခြေကို ကျသွားတော့တယ်။
“မင်းး။” တကယ်တမ်းတော့ ရန်ရွှယ်က ဖန်ကျန်းရှီကို ဒါ ဘာဖြစ်တာလဲ လို့ မေးလိုက်ချင်တယ်။ဒါပေမယ့်လည်း စကားတွေကို ပြန်မျိုချလိုက်တော့တယ်။
ဒီ နည်းလမ်းကို သူကောင်းကောင်းသိတယ်။ အထူးသဖြင့် ဒီ တိုက်ခိုက်မှုရဲ့ အစွမ်းကို လည်း အသိဆုံးက သူပဲ။
ဖန်ကျန်းရှီကတော့ ရန်ရွှယ်ရဲ့ နှုတ်ခမ်းတွေ လှုပ်စိ လှုပ်စိ ဖြစ်နေတာကို တွေ့တဲ့ အတွက် ရန်ရွှယ် ဘာကိုမေးချင်နေလဲ သူကောင်းကောင်းသိတယ်။
ဒါပေမယ့်လည်း…
ဒါပေမယ့်လည်း အလင်းပြန်မှု အတွက်က သူ့မှာ လောလောဆယ် ဖြေရှင်းစရာ စကားရှာမရသေးဘူး။ ရန်ရွှယ်ကို ဓာတု နည်းတွေ သင်ပေးရမှာလား။ သူဘယ်လိုပဲ ကြည့်ကြည့် ဒါကတော့ မသင့်လျော်ဘူး။ ဒါပေမယ့်လည်း ဓာတုဗေဒ အကြောင်းကို မပြောပဲနဲ့ သူအခုသုံးလိုက်တဲ့ အလင်းပေါက်ကွဲတာကို သူ မရှင်းပြတတ်ဘူး။
“ ငါမင်းကို ပြောပြမယ်။ ဒါပေမယ့် အခုတော့ မဟုတ်ဘူး။” ဖန်ကျန်းရှီက ဘေးပတ်ဝန်းကျင်က ကျောင်းတော်သားတွေကို ကြည့်ရင်း ပြောလိုက်တယ်။
ရန်ရွှယ်ရဲ့ အမူအယာကတော့ ပြောင်းလဲသွားပြန်တယ်။ အဲ့ဒီ့နောက် သူ့ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ဖြစ်ပေါ်လာတော့တယ်။ သူရှုံးခဲ့တယ်။ ဒါပေမယ့်လည်း တန်ရာတန်ကြေး အတွက် သူငယ်ချင်းကောင်းတစ်ယောက်တော့ ရခဲ့တယ။်
“ကောင်းပြီ။” ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တော့တယ်။ သူ့ရဲ့ မျက်နှာ ပေါ်က အပြုံးတော့ ပြန်လည် ပျောက်ကွယ်သွားပြီး စကားထပ်မပြောတော့ပါဘူး။
ပတ်ဝန်းကျင်က ကျောင်းတော်သားတွေမှာတော့ သနားစရာပါပဲ။ အကုန်လုံး သူတို့ ဘာဖြစ်သွားလဲ ဆိုတဲ့ အဖြေကို သိချင်ပေမယ့် ဖန်ကျန်းရှီကတော့ မပြောပြခဲ့ပါဘူး။
စိတ်အာရုံ နယ်မြေကြီးတော့ တိတ်ဆိတ်သွားပြန်တယ်။
ဒီ အချိန်မှာပဲ ချင်ယွီမိုင် သူ့ဘေးက ဟန်ချန်ဖုန်းကို ကြည့်လိုက်တယ်။
“အကြီးအကဲ ဟန်။ ကြေညာချိန်ရောက်ပြီ။ ”
ချင်ယွီမိုင်ရဲ့ အသံက မကျယ်ပေမယ့် ဟန်ချန်ဖုန်းကတော့ ကောင်းကောင်းကြားပါတယ်။ သူ အတွေးနယ်လွန်နေတာကနေ လွတ်သွားပြီး ကြေညာချိန် ရောက်တာကို သတိထားမိသွားတော့ ရုတ်တရက် လန့်သွားတော့တယ်။
ဖန်ကျန်းရှီ…
ကြည့်ရတာ တကယ့်ကို နှစ်ထပ်ကွမ်း ချန်ပီယံ စစ်စစ် ဖြစ်လာပြီ။ အတွေးအခေါ် စာမေးပွဲ တိုက်ခိုက်ရေးစာမေးပွဲ။
ဒါက ..
ဟန်ချန်ဖုန်း မမျှော်လင့် ခဲ့တဲ့ အချက်တွေထဲက တစ်ခုပဲ။
တကယ်တမ်းမှာတော့ မြို့တော်တာအို စာမေးပွဲ မစတင်ခင် အချိန်မှာ ဖန်ကျန်းရှီကို ချန်ပီယံ တစ်ယောက်ဖြစ်လာမယ်လို့ ဘယ်သူကမှ မတွေးခဲ့မိဘူး။
ဒီ လို မြောက်ပိုင်းဒေသမြို့တော်ငါးခု စုဝေးချိန်မှာ
ဖန်ကျန်းရှီရဲ့ နာမည်ကို အဖြေလွှာ စာရွက်ပေါ်မှာ မြင်တွေ့လိုက်ရတုန်းက သူ ဖြစ်နိုင်ချေ အမျိုုးမျိုးကို စဉ်းစားခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ အတွေးအခေါ်တွေက သိပ်ကို ထူးချွန်ထက်မြက်လွန်းတယ်။ အပြစ်ရှာမတွေ့နိုင်တဲ့ ထူးခြားမှု တစ်ခုပဲ။
မေးခွန်းတစ်ခု ခြင်းစီတိုင်းအတွက် အပိုအလိုမရှိတဲ့ လှပတဲ့ ဖြေရှင်းချက်တွေ ရှိတယ်။ နောက်ပြီးတော့ မှတ်ဉာဏ်ထဲကနေ ကူးယူ ရေးသားထားတဲ့ စာလည်း တစ်လုံးမှကို လွှဲချော်ခြင်းမရှိဘူး။
ဒီ လို အခြေ အနေမျိုုးမှာ။
သူတကယ်ပဲ ချန်ပီယံ ကို တခြား ကျောင်းတော်သားဆီ ပေးဖို့ အကြောင်းရှာမရဘူး။
ဒါပေမယ့် တိုက်ခိုက်ရေးစာမေးပွဲမှာတော့ ပြောင်းလဲ နိုင်ချေတွေ များတယ်။ ဟွားခန်အန်းလိုမျိုး ကြယ်တာရာ စုဝေးမှု အဆင့်တစ်ယောက်တောင် ပါနေတာမို့ သူကြောက်လန့်တဲ့ ဒီ အခြေအနေကို ကာကွယ်နိုင်ပြီးလို့တွေးထင်ခဲ့တယ်။
ပြောင်းလဲမှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ အတွက် စိတ်အာရုံနယ်မြေမှာ စာမေးပွဲကို ကျင်းပခဲ့တယ်။ ကျောင်းတော်သားအနည်းငယ်ပဲ အောင်မြင်မယ် ဆိုတာ ကို သိရဲ့ သားနဲ့ ဒီ အခြေအနေကို ဖန်တီးခဲ့တယ်။
ဒါပေမယ့် အဆုံးသတ်မှာလား။
မတော်တဆမှုတွေက ဒီ အချိန်မှာ အချိန်ကိုက် ဆိုသလို ပေါ်လာပြီး နောက်ဆုံး တော့ တိုက်ပွဲစင်မြင့်ပေါ်ကို ရောက်လာတော့တယ်။
“ဒါဆို ယွီမိုင်ကိုပဲ အလုပ်ရှုပ်ရတော့မယ်။” ဟန်ချန်ဖုန်းကတော့ နာကျင်နေဟန် တူတယ်။ သူအကောင်းဆုံး ကြိုးစားပေမယ့်လည်း သူ စာမေးပွဲ အကြီးအကဲ တစ်ဦး ဖြစ်ပေမယ့်လည်း အောက်ခြေက်နေ သူ့ကို လှောင်ပြောင်နေသူတွေ ရှိနေတယ်။
သူသိတယ် ။ အခုကနေ စတင်လိုက်ရင် ဖန်ကျန်ရှီရဲ့ တောက်ပတဲ့ အနာဂတ်ကို ဘယ်လို မှ ဖုံးကွယ်လို့ ရတော့မှာမဟုတ်ဘူး။
နောက်ဆုံးမှာတော့ ဒီ ယုံကြည်မှု မြစ် မြို့တော်က ကျောင်းတော်သားတွေ ကောင်းကင်ကိုသာ မော့ကြည့်နေရသူတွေ ဖြစ်လာတော့မှာ။
အလွန်လျင်မြန်စွာနဲ့ပဲ ဖန်ကျန်းရှီ နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်သွားတဲ့ သတင်း မြောက်ပိုင်းဒေသ တစ်ခုလုံးကို ပျံ့နှံ့သွားတော့တယ်။
“မြောက်ပိုင်းဒေသ နတ်ဆိုးကျောင်းတော်က နောက်တစ်ကြိမ် ထပ်ပြီးတော့ …. ဟူးးးးး” ဟန်ချန်ဖုန်းရဲ့ နှလုံးသားထဲမှာတော့ သက်ပြင်းရှည်ကြီးကို ချနေမိတော့တယ်။
နောက်ပြီးတော့ ဒီ အချိန်မှာ ချင်ယွီမိုင် ထ ရပ်လိုက်ြ့ပီးတော့ သူ့ရဲ့ ဝတ်ရုံရှည် လက်ကို မြှောက်လိုက်တော့တယ်။ အဲ့ဒီ့နောက် ချောင်းဟန့်လိုက်ရင်း
ကျောင်းတော်သားတွေနဲ့ရန်ရွှယ်ကို ကြည့်လိုက်တယ်။
နောက်ဆုံးမှာတော့ ပလ္လင်ပေါ်မှာ ရှိနေတဲ့ ဖန်ကျန်းရှီကို ကြည့်လိုက်တော့တယ်။
“ အခုချိန်မှာ တော်ဝင် ကျောင်းတော်က သတင်းပို့သူ စာစစ် ဆရာ တစ်ဦးအနေနဲ့ အကြီးအကဲ ဟန် အစား ယုံကြည်မှု မြစ် မြို့တော်ရဲ့ အောင်စာရင်းကို ကြေညာပါမယ်။ ” ချင်ယွီမိုင်ရဲ့ အသံတော့ တည်ငြိမ်မှုတွေ ပြည့်နှက်နေခဲ့တယ်။
“ တိုက်ခိုက်ရေးစာမေးပွဲ ချန်ပီယံ ဖန်ကျန်းရှီ။”
“တစ်ချိန်တည်းမှာပဲ ဖန်ကျန်းရှီ မြို့တော် တာအို အတွေးအခေါ် စာမေးပွဲရဲ့ ချန်ပီယံ ဖြစ်တဲ့ အတွက် သူ နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်တယ်။
ဒီ စကားတစ်ခွန်း ကျောင်းတော်သားတွေကို လဲပြိုစေတယ်။ ပလ္လင်ပေါ်မှာ ရပ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း သူတို့ရဲ့ မျက်လုံးတွေမှာ စိတ်ခံစားမှု အမြောက်အများ ပါဝင်နေခဲ့တယ်။
“နှစ်ထပ်ကွမ်း ချန်ပီယံ ။”
ဒီ စကား နှစ်လုံးက ကျောင်းတော်သားတွေရဲ့ နားထဲကို ထပ်ခါ ထပ်ခါ ပဲ့တင့် ထပ်နေတော့တယ်။ သူတို့ရဲ့ မျက်လုံးတွေထဲမှာတော့ မနာလိုမှု တွေနဲ့ ပြည့်နှက်နေတော့တယ်။ ဘာကြောင့် လဲ ဆိုတော့ သူတို့ တကယ့်ကို မနာလို မရှုဆိတ် ဖြစ်နေကြောင့်ပဲ ဖြစ်တယ်။
မြို့တော် တာအို စာမေးပွဲက နှစ်ထပ်ကွမ်း ချန်ပီယံ ဒ့ါအပြင်
ဒီ နှစ် ယုံကြည်မှု မြစ် မြို့တော်မှာ မြို့တော်ကြီး ငါးခုက အတော်ဆုံးသော ကျောင်းတော်သားတွေ လာရောက် စုဝေးခဲ့တာ။
ဒါကို တောင် အကုန်လုံးကို ကျော်ဖြတ်နိုင်သွားတယ်။
ဘယ်လောက်တောင် မနာလို စရာကောင်းလိုက်လဲ။ ဒီ အချက်က လောကမှာ ကျော်ကြားဖို့ ချက်ကောင်းဖြစ်သွားမယ်။ ဒါ့အပြင် ဒီ တစ်ချက်လေးက နဂါးတံခါးကို ခုန်သွားတဲ့ ငါးကြင်းလို ဖြစ်သွားလိမ့်မယ်။ ဒီ အချိန်မှာတော့ သူတို့ရဲ့ အခွင့်အရေးကို တောသား တစ်ယောက်က ယူသွားခဲ့ပြီ။
“ဒါ့ အပြင် ငါ နောက်ထပ် ကြေညာစရာ ရှိတယ်။ မြောက်ပိုင်း နတ်ဆိုးကျောင်းတော်ကနေ မြို့တော် တာအိုစာမေးပွဲကို ဆုချီးမြှင့်မယ့် အကြောင်း ကြားမယ် ထင်ပါတယ်။ ” ချင်ယွီမိုင်ရဲ့ အသံ ထွက်ပေါ်လာတော့တယ်။ ဆုလဒ်အကြောင်းကို ကြေညာချိန်မှာတော့ သူ့အသံထဲမှာ ထူးဆန်းတဲ့ ပျော်ရွှင်မှုတွေ ပါဝင်နေခဲ့တယ်။
အပိုင်း (၁၂၁) ပြီး၏။
အပိုင်း (၁၁၂)
“ စစ်မှန်တဲ့ အဖြေ ၊”
ဘာသာပြန်သူ-Enri Thaw
လူတိုင်းရဲ့ အကြည့်တွေကတော့ လင်းလက် လာတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေ ထဲမှာမှ အများစုက ဒီ လိုမျိုုး နတ်ဆိုးကျောင်းတော်ရဲ့ ဆုလဒ်ကို ရချင်တဲ့ အတွက် ယုံကြည်မှု မြစ် မြို့တော်ကို ရောက်လာခဲ့တာ ဖြစ်တယ်။
ဒါပေမယ့် ဆုလဒ်ရဲ့ စည်းမျဉ်း သတ်မှတ်ချက်နဲ့ ရလဒ်ကို တော့ မသိဘူး ဖြစ်တယ်။
“ ပထမ တန်းစား ကျောင်းတော်သား အဖြစ် သတ်မှတ် ခံရသူတိုင်း နောက် သုံးလ အကြာ နတ်ဆိုးကျောင်းတော်မှာ ကျင်းပမယ့် အခမ်းနားဆုံးသော စားသောက်ပွဲကြီး ကို ဖိတ်ကြားခြင်း ခံရမယ်။ ” ချင်ယွီမိုင်က သူ့ရဲ့ စကားကို ခေတ္တ ရပ်တန့်လိုက်တယ်။
စင်မြင့် အောက်က ကျောင်းတော် သားတွေကတော့ ဒါကို ကြားတဲ့ အချိန်မှာ ပျော်ရွှင် လာကြတော့တယ်။ ကျောင်းတောရဲ့ စားသောက်ပွဲက တကယ့်ကို ကြီးကျယ် ခမ်းနားလွန်းတဲ့ ပွဲတော် ဖြစ်တယ်။ မြောက်ပိုင်း ဒေသ မြို့တော် ကြီး ငါးခုက ရုံးတော အကြီးအကဲ တွေပါ တက်ရောက်မှာ ဖြစ်တယ်။
ကျောင်းတော်သားတွေကတော့ ဒီ အကြောင်းကို အကျယ်တဝင့် ပြောဆိုကုန်ကြတော့တယ်။ မြို့တော်ကြီးက တော်ဝင် ရုံးတော်သားတွေတောင် တက်ရောက်မှာ ဖြစ်တယ်။
“နတ်ဆိုးကျောင်းတော် စားသောက်ပွဲ တက်ရောက်ခွင့်က တကယ့်ကို ရှားပါး အခွင့်အရေးကောင်းတစ်ခု ပဲ။ ဒါပေမယ့်လည်း မြို့တော် တာအို စာမေးပွဲက ထိပ်တန်း သုံးဦးကသာ “ကောင်းကင်ရတနာ ခန်းမ” ကို ဝင်ခွင့်ရမှာ ဖြစ်တယ်။ နတ်ဆိုးကျောင်းတော် စားပွဲကို တက်ရောက်ခွင့် ရတဲ့ ကျောင်းတော်သားတွေလည်း ထူးချွန်ကြပါတယ်။ သူတို့မှာလည်း တူညီတဲ့ အခွင့်အရေးရကြမယ်။ ”
“ ကောင်းကင်ရတနာ ခန်းမမှာ ဘာတွေ ရှိမလဲ ဆိုတာ ငါ ပြောပြဖို့ မလိုတော့ဘူးလို့ ယုံတယ်။ ဒီ လိုမျိုး အခွင့်အရေးကို ထပ်ပြီး မေးခွန်း ထုတ်စရာ မရှိတော့ဘူး လို့ ထင်တယ်။ ”
ချင်ယွီမိုင်ကတော့ သူ့ရဲ့ ဘေးပတ်လည်က ကျောင်းတော်သားတွေကို ကြည့်လိုက်တော့တယ်။ သူ့ရဲ့ မျက်နှာပေါ်က အပြုံးမှာတော့ လေးစားမှု အရိပ်အယောင်တွေ ပါဝင်နေခဲ့တယ်။
ကျောင်းတော်သားတွေက ဒါကို ကြားတဲ့ အချိန်မှာတော့ အတော်လေးကို ပျော်ရွှင် စိတ်လှုပ်ရှားနေကြတယ်။ ဒီလို မျိုး ရုံးတော် လူကြီးတွေရှေ့မှာ သူတို့ရဲ့ စွမ်းရည်ကို ပြသရမှာ ဖြစ်တယ်။ ယေဘူယျ အားဖြင့်တော့ ဒါက အတော်လေးကို ပျော်ရွှင်ရမှာ ဖြစ်တယ်။
ဒါပေမယ့်လည်း ကောင်းကင်ရတနာ ခန်းမကြီးကတော့ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့ နေရာတစ်ခု ဖြစ်နေတယ်။
“မယုံကြည်နိုင်စရာပဲ။ ထိပ်တန်းသုံးဦးပဲ ကောင်းကင်တာအို ခန်းမကို ဝင်ခွင့်ရမယ်လို့ ငါ တွေးခဲ့မိတာ ။ ပထမတန်းကနေ အောင်တဲ့ ကျောင်းတော်သားတွေပါ ဒီလို အခွင့်အရေးမျိုုးရှိမယ်လို့ မထင်ခဲ့မိဘူး။”
“ ဂုဏ်ယူပါတယ်။ အကိုလီ ရဲ့ ရလဒ်နဲ့ ဆိုရင် ပထမ တန်း ကျောင်းတော်သား ဖြစ်မှာ မလွဲမသွေပဲ။”
“ အကိုဝမ်လည်း ပထမ တန်းစာ ကျောင်းတော်သားဖြစ်မှာပဲ။ အမှန်တိုင်းပြောရရင် ကောင်းကင်ရတနာ ခန်းမကိုသာ ဝင်ခွင့်ရ ရင် တစ်ဘဝလုံးစာ ပျော်နေ တော့မှာပဲ။”
“မှန်တာပေါ့။”
ကျောင်းတော်သားတွေကတော့ ပထမတန်း အဆင့်နဲ့ အခွင့်အရေး အကြောင်းကို ပြောနေကြတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ ကောင်းကင်ရတနာ ခန်းမရဲ့ တန်ဖိုး အကြောင်းကို ကောင်းကောင်း သိတာကြောင့်ပဲ ဖြစ်တယ်။
ဖန်ကျန်းရှီကတော့ အထူးအဆန်း ဖြစ်နေတော့တယ်။
ချင်ယွီမိုင်ကို ခပ်ပြင်းပြင်းလေး တစ်ချက်လောက် သွားရိုက်ပြစ်ချင်တော့တယ်။ ဘာလို့ နည်းနည်းပါးပါးတောင် မပြောပြတာလဲ။ ကောင်းကင်ရတနာ ခန်းမ ဆိုတာ ဘာကြီးလဲ ငါမှ မသိတာကို။
နောက်ပြီးတော့ …
နတ်ဆိုးကျောင်းတော်က ဘာကိစ္စ ဆုပေးရတာလဲ။
ဖန်ကျန်းရှှီရဲ့ စိတ်ထဲမှာတော့ ပုံရိပ်ငယ်လေး တစ်ခုက ထင်ရှားစွာ ပေါ်လာခဲ့တယ်။ သူ့ရဲ့ စိတ်ထဲမှာ ဒီ ပုံရိပ်လေး နက်ရှိုင်းစွာ လွှမ်းမိုးထားတော့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကောင်းကင်တာအို ခန်းမမှာ အချိန်သတ်မှတ်ပြီး နေခဲ့တဲ့ လို့ သူ ကြားထား တာ အခုပွဲ အတွက်တော့ တောင်ပေါ်ကနေ ချက်ချင်း ဆင်းမလာလောက်ပါဘူး။
သူ ဒါကို တွေးလိုက်ပြီးတဲ့ နောက်မှာတော့ စိတ်သက်သာရာရသွားတော့တယ်။
ချီကူယန်နဲ့သာ ထိပ်တိုက် ရင်ဆိုင်ရမယ် ဆိုရင် ဘ၀ ဆုံးသွားနိုင်တယ်။
…
နောက်ပြီးတော့ ချင်ယွီမိုင်က မြို့တော် တာအို စာမေးပွဲရဲ့ ထိပ်တန်း သုံးယောက်ကို ကြေညာပြီးတဲ့ နောက်မှာတော့ လူတိုင်း တော်ဝင် ကျောင်းတော်တံဆိပ် ထွင်းထုထားတဲ့ မိမိ နာမည် ပါရှိတဲ့ သတ္တုပြား တံဆိပ်လေးတွေ ရရှိကြတယ်။
“မင်းမှာ ဒီ တံဆိပ်ရှိနေသရွေ့ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ အသိအမှတ်ပြုမှုကို ရရှိမှာ ဖြစ်တယ်။ ဒီလိုပဲ နတ်ဆိုးမျိုးနွယ်တွေနဲ့ တိုက်ခိုက်ဖို့ အတွက် မင်းတို့ မှာ တာဝန်ရှိတယ်။ နားလည်ကြလား။” ချင်ယွီမိုင် က မြို့တော် တာအို စာမေးပွဲကို အောင်မြင်သွားကြတဲ့ စင်မြင့်အောက်က ကျောင်းတော်သားတွေကို ကြည့်ပြီး ပြောလိုက်တော့တယ်။
“နားလည် ပါတယ်။” ကျောင်းတော်သားတွေက တပြိုင်နက်တည်း ပြန်ဖြေလိုက်တယ်။
ဖန်ကျန်းရှီကတော့ ဒီလိုမျိုး ကျင်းပတဲ့ ပွဲတော်မျိုးကို သိပ်ပြီးတော့ သဘော မကျဘူး ဖြစ်တယ်။ ဒီ သတ္တုပြားလတ်မှတ်ကနေ တစ်လ ကို ဘယ်လောက် ထောက်ပံ့ကြေးရမလဲ ပိုက်ဆံ ဘယ်လောက် ရမလဲ တွေးနေမိတယ်။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ ပဲ ဘယ်သူကမှ သူ့ကို မရှင်းပြကြပါဘူး။
ရန်ရွှယ်ကို ကြည့်ပြန်တော့လည်း သိပ်ပြီးတော့ စိတ်ဝင်စားဟန် မရှိပါဘူး။
ဒါကြောင့် ဖန်ကျန်းရှီကတော့ သူ့ရဲ့ နှလုံးသားထဲက သိလိုစိတ်ကို မထိန်းချုပ်နိုင်တဲ့ အတွက်…..
“မင်း ကောင်းကင် ရတနာ ခန်းမကို သွားမှာလား။”
“ဒါပေါ့။ သွားရမှာပေါ့။” ရန်ရွှယ်ကတော့ ဖန်ကျန်းရှီ ဒါကို ဘာကြောင့် မေးနေလဲ နားမလည်ဘူး ဖြစ်နေတော့တယ်။
“ကောင်းကင်ရတနာ ခန်းမမှာ ရတနာ ရှိလား။” ဖန်ကျန်းရှီက ဆက်ပြီးတော့ မေးလိုက်တော့တယ်။
“ရတနာ ။” ရန်ရွှယ်ကတော့ ဖန်ကျန်းရှီကို မျက်လုံးပြူးပြီး ကြည့်လိုက်တယ်။ “မင်းမေးချင်တာက ကောင်းကင်ရတနာ ခန်းမက ဘာကြီးလဲ။ ဟုတ်တယ်ဟုတ်။”
“ ဒီ လောကကို တာအို နိယာမ ရောက်ရှိလာပြီး နောက်မှာတော့ ကောင်းကင် ရဲ့ စိတ်ဖြာမှုကြောင့် တာအို နိယာမ အခန်းပေါင်း သုံးထောင် ခွဲခြားထားတယ်။ ဒီ သုံးထောင်သော အခန်းခွဲတွေ သုံးထောင်သော မတူညီ စွာ အပြိုင် ဖြစ်ပေါ်နေတဲ့ အာရုံနယ်မြေတွေကို ကိုယ်စားပြုတယ်။ တာအို မုခ်ကို အောင်မြင် ပြီးချိန်တည်းက စိတ်အာရုံနယ်မြေတွေမှာ လေ့ကျင့်ပြီး တိုးတက်မှုကို ရှာရတယ်။
ရန်ရွှယ်က ဒါကို ပြောပြီးတဲ့ နောက်မှာတော့ တစ်ခဏ ရပ်တန့်လိုက်ပြီး ဆက်ပြောပြန်တယ်။
“ကောင်းကင်ရတနာ ခန်းမကတော့ သုံးထောင်သော အာရုံနယ်မြေ တွေထဲက တစ်ခု ဖြစ်တယ်။ အရေးကြီးဆုံးသော အချက်ကတော့ မရေမတွက်နိုင်လောက်တဲ့ နှစ်တွေ ကြာအောင် နတ်ဆိုးကျောင်းတော်က ပြင်ဆင် ခဲ့ပြီးနောက်မှာတော့ ကောင်းကင် ရတနာ ခန်းမက စိတ်အာရုံနယ်မြေတွေ ထဲမှာ ထိပ်တန်း အဆင့် ခန်းမ တစ်ခု ဖြစ်လာတော့တယ်။
“စိတ်အာရုံနယ်မြေ အပြိုင်။” ဖန်ကျန်းရှီကတော့ ခေါင်းရှုပ်လာတော့တယ်။ တာအို နိယာမ ထဲက အတော်များများကို သူနားလည်ထားခဲ့ပြီးပြီ။ အခုတော့။
လူသားတွေ သူတို့ရဲ့ ကိုယ် ခန္ဒာ ထဲမှာ ဖွဲ့စည်းထားတဲ့ အပြိုင် နယ်မြေ တစ်ခု နဲ့ စိတ်အာရုံနယ်အကြောင်းကို သူမသိသေးဘူး ဖြစ်နေတယ်။ ဒီ လောက ကြီးက ဘယ်လို တည်ဆောက်ထားတာလဲ။ ဘယ်လို နည်းလမ်းတွေနဲ့ ဖွဲ့စည်းထားတာလဲ။ လူတစ်ဦးရဲ့ မိမိကိုယ်တိုင် လေ့ကျင့်ထားတဲ့ နည်းနိယာမ တွေပေါ် မူတည်ပြီးတော့ ပြောင်းလဲ ဖြစ်ပေါ်တယ်။
ဒါဆိုရင်
စိတ်အာရုံနယ်မြေ အပြိုင်။ ဒါက ဘာကြီးလဲ။
“အင်းး” ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တယ်။ သူက ဖန်ကျန်းရှီကို စိတ်အာရုံနယ်မြေ ဆိုတာ ဘာလဲ မရှင်းပြတော့ပါဘူး။ ဘာကြောင့် လဲဆိုတော့ စိတ်အာရုံနယ်မြေ ကို ရှင်းပြဖို့က တကယ့်ကို ခက်ခဲတယ်။
ဖန်ကျန်းရှီလည်း ထပ်မမေးတော့ဘူး။ သူ ဘယ်လိုပဲ မေးမေး သူကိုယ်တိုင် နားလည်တာလောက်တော့ မရှင်းလင်း နိုင်ဘူး
…
ယုံကြည်မှု မြစ် မြို့တော် စာမေးပွဲတော့ လူတိုင်းရဲ့ ထိတ်လန့်မှု အောက်မှာ အဆုံးသတ်သွားခဲ့တော့တယ်။
ဟန်ချန်ဖုန်း ထင်တဲ့ အတိုင်းပါပဲ ဖန်ကျန်းရှီ နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်သွားတဲ့ သတင်း ကြီးမြတ်သော ရှ မင်းဆက် တစ်ခုလုံးကို ပျံ့နှံ့သွားတော့တယ်။
ဒီ လေလှိုင်းက ဘယ်လောက်ထိ သက်ရောက်မှု ပြင်းထန်လဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။
ဒါပေမယ့် အနည်းဆုံး ဟွေ့အန်းဒေသ အကြီးအကဲက ဒီသတင်းကို ကြားချိန်မှာတော့ မြောက်ရွာကို ညတွင်းချင်း အပြေးသွားပြီး ဂုဏ်ပြုတော့တယ်။
နောက်ပြီးတော့ တစ်ချိန်တည်းမှာပဲ ကောင်းကင်တာအို ခန်းမရဲ့ ဥယျာဉ်ထဲမှာတော့ ယွဲ့အာ နီမြန်းနေတဲ့ မျက်နှာ ပြင်းထန်တဲ့ အသက်ရှူ နှုန်းတွေနဲ့ အတူ အပြေးရောက်လာတော့တယ်။
“သခင်မလေး။ သခင်လေး ဖန် နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်လာပြီ။”
ယွဲ့အာ အတော်လေးကို ထိတ်လန့်နေခဲ့တယ်။ ဒါပေမယ့်လည်း ပန်းနုရောင် ဝတ်စုံကို ဆင်မြန်းထားတဲ့ အမျိုးသမီးလေးတော့ သိပ်ပြီးတော့ မပြောင်းလဲ သွားပါဘူး။ သူမရဲ့ မျက်စိရှေ့က ဥယျာဉ် ကျယ်ကြီးကိုသာ ကြည့်လိုက်တော့တယ်။
အမျိုးသမီးငယ်လေးရဲ့ မျက်လုံးတွေတော့ ည အချိန် ကောင်းကင်ယံက ကြယ်တွေလို တောက်ပနေခဲ့တယ်။ ကောင်းကင်ကနေ ခန်းမကြီး။ အဲ့ဒီ့နောက် သစ်ပင်တွေနဲ့ မြက်ခင်းစိမ်းတွေကို ကြည့်လိုက်တော့တယ်။
သူမကြည့်နေတဲ့ ပုံ သာမာန်ကာလျှံကာမျှ မဟုတ်ဘဲ ချစ်မြတ်နိုးရတဲ့ အရာတွေနဲ့ နှလုံးသားချင်း စကားပြောသလိုမျိုး ဂရုတစိုက် ကြည့်နေတာ ဖြစ်တယ်။
“ယွဲ့အာ ထုပ်ပိုး ပြင်ဆင်လိုက်တော့။” သူမ ကြည့်ရှုပြီးနောက်မှာတော့ စကားပြောလိုက်တော့တယ်။ သူမရဲ့ အသံ ဆိတ်ငြိမ်တဲ့ တောင်တန်းကနေ စီးကျလာသံ လိုမျိုး ထင်ရှားလှတယ်။
“အမိန့်တော် အတိုင်းပါ။ သခင်မလေးက ကောင်းကင် ကျောင်းတော်ကို အလည် အပတ် ပြန်မှာလား။” ယွဲ့အာက ခေါင်းငြိမ့်ရင်းနဲ့ ပြောလိုက်တော့တယ်။
“မဟုတ်ဘူး ငါ တောင်အောက်ကို ဆင်းမယ်။” အမျိုးသမီးငယ်လေး ခေါင်းကို ခါယမ်းရင်းနဲ့ ပြောလိုက်တယ်။
“အမိန့်တော် အတိုင်းပါ။ ယွဲ့အာ အခုပဲ သွားပြီး ပြင်ဆင်လိုက် လိုက်။ ဟမ်။ သခင် သခင်မလေးက တောင်အောက်ကို ဆင်းမယ်။ ” ယွဲ့အာ ဒီ အချိန်မှာတော့ သခင်မလေးရဲ့ အမိန့်ကို ကြားချိန်မှာ ထိတ်လန့်သွားတော့တယ်။
“ကောင်းပြီ။” အမျိုးသမီး ငယ်လေး ခေါင်းငြိမ့်လိုက်တော့တယ်။
“သခင်မလေး။ ကောင်းကင်တာအို ခန်းမကနေ သုံးနှစ် မထွက်ခွာဘူးလို့ ပြောခဲ့တာလေ။ အခု ကျွန်မတို့ နေဖို့ တစ်နှစ်ကျန်သေးတယ်။ ဘာလို့တောင်အောက်ကို ဆင်းမှာလဲ။” ယွဲ့အာ နားမလည် နိုင်တော့တဲ့ အတွက်မေးလိုက်တယ်။ ကောင်းကင်တာအိုကို မဝင်ရောက်ခင် အချိန်တုန်းက သူမ ပြောခဲ့တာကို ပြန်ပြီးတော့ စဉ်းစားနေခဲ့တယ်။
သုံးနှစ်တိုင်တိုင် အချိန်သတ်မှတ်ပြီးနေမယ်။
အခုတော့ တောင်အောက် ဆင်းတော့မယ်တဲ့လား။
“ဘာကြောင့်လဲ ဆိုတော့ သူက ငါ့ကို စစ်မှန်တဲ့ အဖြေ ပေးလိုက်ပြီ.” အမျိုးသမီးငယ်လေး မြောက်ဘက်ဒေသ ဆီကို လှမ်းမျှော်ကြည့်ရင်း နက်ရှိုင်းတဲ့ အိမ်လွမ်းဝေဒနာ သူမ မျက်နှာပေါ်မှာ ပေါ်လွင်နေတော့တယ်။
“ သခင်မလေး ။ အဖြေက ဘာ ပါလဲ။” ယွဲ့အာက ချက်ခြင်း မေးလိုက်တယ်။
“နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ က လောကကြီးကို ထိတ်လန့်စေပြီး ကမ္ဘာအတွက် ငြိမ်းချမ်းရေးကို ယူဆောင်လာလိမ့်မယ်။” အမျိုးသမီးငယ် ယွဲ့အာကို ကြည့်လိုက်တော့တယ်။
“ဘာ ဘာ အဖြေမျိုးလဲ။ အဲ့ဒီ့ နှစ်ထပ်ကွမ်းချန်ပီယံက သခင်မလေး ကိုယ်တိုင် မဟုတ်ဘူးလား။ ” ယွဲ့အာကတော့ နားမလည်နိုင်ဖြစ်သွားတော့တယ်။
“ဟဟ” အမျိုးသမီးငယ်လေးက ရယ်မောလိုက်တော့တယ်။း တစ်ချိန်တည်းမှာပဲ နွေဦးရာသီက ပန်းပေါင်းရာချီ ဖူးပွင့်သွားသည့်နှယ် ဥယျာဉ်ထဲက ပန်းမာန်တွေတောင် ရှက်သွေးဖြာပြီး ငုံ့ကိုင်း ကုန်ကြတော့တယ်။”
ယွဲ့အာရဲ့ မေးခွန်းကို မဖြေတော့ပဲ ကောင်းကင်ကိုသာ ကြည့်နေတော့တယ်။
ကောင်းကင်ပေါ်မှာတော့ အဖြူရောင် တိမ်စိုင်တွေ အမျိုးမျိုးသော ပုံစံတွေ ပြောင်းလဲ နေတော့တယ်။ ပျံလွှားငှက်လေး ကနေ လေပြင်း တိုက်ခတ်မှုကြောင့် ချွန်ထက်တဲ့ ဓားသွားတစ်ခု အသွင် ပြောင်းသွားတော့တယ်။
“နန်ကုန်း ဟောင်” အမျိုးသမီးငယ်ရဲ့ နှုတ်ဖျားကနေ နာမည် တစ်ခု ပွင့်ဟ လာပြီးနောက် သက်ပြင်းရှည်ကြီးကို ချလိုက်တော့တယ်။
ယွဲ့အာ ။ ကတော့ ဒီ အသက်ရှူမှားလောက်တဲ့ မြင်ကွင်းကို မနှောက်ယှက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူမရဲ့ မမလေး လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ရင်ဆိုင် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲ အကြောင်းကို သူ ပြန်လည် မြင်ယောင်လာတာကြောင့်ဖြစ်တယ်။
အချိန် ဘယ်လောက် ကြာသွားလဲ မသိတော့တဲ့ အထိ တိတ်ဆိတ်နေပြီးနောက် အမျိုးသမီးငယ် သူ့ရဲ့ ခေါင်းကို ခါယမ်းလိုက်တော့တယ်။ သူမရဲ့ အမူအယာကတော့ အတော်လေးကို အထီးကျန် ဆန်လှတယ်။
“ဒီ ဓားက …. ငါ တကယ်ပဲ မရှောင်လွှဲနိုင်ဘူး။”
အပိုင်း (၁၂၂) ပြီး၏။
အပိုင်း (၁၂၃ )
“မိုးသက်မုန်တိုင်း”
ဘာသာပြန်သူ-Enri Thaw
…
ခန်းမကြီး တစ်ခု။ လေးဦးသော ပညာရှိ။ ဆယ့်သုံးခုသော ကျောင်းတော်များ။ အကုန်လုံး တော်ဝင်ကျောင်းတော် နဲ့ ကြီးမြတ်သော ရှမင်းဆက်ရဲ့ အင်အားကို ထောက်ပံ့ပေးတယ်။
ကောင်းကင်တာအိုကတော့ စွမ်းအင်တွေကို ထုတ်ဖော်ပေးတဲ့ နေရာဖြစ်တယ်။ ဆယ့်သုံးခုသော ကျောင်းတော်က ကျောင်းတော်သားးတွေလည်း စုဝေးနေတဲ့ နေရာ ဖြစ်တဲ့ အတွက် ချီကူယန်တောင်အောက် ဆင်းမယ့် သတင်း ဖုံးကွယ်ဖို့ ခက်ခဲ လိမ့်မယ့် ။
ဒါ့ထက် ချီကူယန်ကတော့ ဒီ အကြောင်းကို ဖုန်းကွယ်မှာ မဟုတ်ပါဘူး။ ကောင်းကင် တာအိုခန်းမရဲ့ စည်းကမ်းချက် အရ ကောင်းကင်တာအို ကျောက်ဖျာပေါ်မှာ ဒူးမထောက်ခင် မှာ ကောင်းကင်တာအို ခန်းမ အကြီးအကဲရဲ့ ” မုချင်ဖုန်း” ရဲ့ စည်းကမ်းချက်တွေကို လိုက်နာ ဆောင်ရွက်ခဲ့တယ်။ ကောင်းကင် ကျောင်းတော် ယဇ်ပလ္လင် ။ နတ်ဆိုးမိုး စတာတွေကို ဖြတ်သန်းခဲ့ရတယ်။
……
ဘယ်သူကမှ ဒီ အချိန်မျိုးမှာ ချီကူယန် ကောင်းကင် တာအို ခန်းမကနေ ဆင်းမယ်လို့ မထင်ထားဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီ နှစ်တွေမှာ ကောင်းကင်ဘုံက ကြောက်မက်ဖွယ် အမိန့် ရဲ့ လွှမ်းမိုးမှုက ကြီးမားနေဆဲ ဖြစ်တယ်။
တောင်အောက်ကို ဆင်းမှာလာ်း။
ကောင်းကင် တာအို ခန်းမက တခြားသော ကျောင်းတော်သားတွေ အတွက်တော့ ဒါက တောင်အောက် ဆင်းတာလေး တစ်ခုပဲ လေ။ ဒါပေမယ့် ချီကူယန် အတွက်ကတော့ ဒါက မရိုးရှင်းဘူး ဖြစ်တယ်။
တောင်အောက်ကို သူမ ဆင်းတာ မတည်ငြိမ်တဲ့ လေဖိအားနည်း ရပ်ဝန်း လေမုန်တိုင်း တစ်ခု စတင်တော့မယ့် အဓိပ္မာယ် ဖြစ်နေတယ်။
မုန်တိုင်းက စောစော လာတာလား။
ဘယ်သူပဲ ကြည့်ကြည့် ဒီ လှုပ်ရှားမှုက ထူးခြားနေတယ်။
ချီကူယန်ရဲ့ ဂုဏ်ပုဒ်နဲ့ ဆိုရင်တော့ ဒီလို အရာမျိုးကို ရိုးရိုးရှင်းရှင်းလုပ်မှာ မဟုတ်ဘူး။ ကောင်းကင်တာအိုမှာ နေထိုင်ဖို့ အချိန် သတ်မှတ်ပြီးချိန်တည်းက သူမ ကြီးမြတ်သော ရှ မင်းဆက်မှာ အာဏာ အကြီးဆုံးသော ဂုဏ်ကြီးရှင် တစ်ဦး ဖြစ်နေခဲ့ပြီ။ လူတိုင်း လေးစားရသူ တစ်ဦးအနေနဲ့ ဘယ်လို အခြေအနေမျိုးမှာ မဆို သူမရဲ့ ဆုံးဖြတ်ချက်တွေက သက်ရောက်မှု ကြီးမားတယ်။
…
တောင်အောက် ဆင်းမယ့် ပုဂ`ဂိုလ် ကသာ ချီကူယန် မဟုတ်ခဲ့ဘူး ဆိုရင် အဲ့ဒီ့လူက ဒီ လောက မှာ အတုံးအဆုံး သူပဲ ငတုံး ကောင် ။ ငအကောင်ပဲ။
ဒါပေမယ့် ချီကူယန်ကတော့ ဒီ စကားလုံးတွေနဲ့ လုံးဝကို ဆက်စပ် မရပါဘူး။
နှစ်ထပ်ကွမ်းနဂါး ချန်ပီယံနဲ့ ကောင်းကင်ကနေ ဂုဏ်မြင့်ခံထားရတဲ့သူ ။ အသက် ၁၄နှစ်နဲ့ ကောင်းကင် ရောင်ပြန် အဆင့်ကို အောင်မြင်ထားတဲ့ တစ်ဦးတည်းသော ပညာရှင်ဖြစ်တယ်။
ဒီ တစ်ခေါက် တောင်အောက် ဆင်းတာ ဘာကိစ္စ ဖြစ်နိုင်မလဲ။
….
ကြီးမြတ်သော ရှမင်းဆက်ရဲ့ ယန်မြို့တော်မှာ…..
တိုက်ပွဲနဲ့ စစ်မက် အငွေ့အသက် တွေ မြို့တော် နံရံတွေမှာ ပျံ့လွင့်နေခဲ့တယ်။
တောင်ဝင်မြို့တော်ကြီး ဒီ နှစ်ပိုင်း အတွင်း ပြဿနာ တွေ ကြားမှာ ရုန်းကန်နေဟန် ရှိတယ်။
နန်းတော်ကြီးရဲ့ နေရာ အနှံ့အပြားကိုတော့ မတူညီတဲ့ သတင်း အချက်အလက်တွေ လေဝှေ့သလို ပျံ့နှံ့နေတော့တယ်။
“ဘာ ပြောတယ်။ ချီကူယန်က တောင်အောက်ကို ဆင်းမယ်။ ကောင်းကင် တာအို ခန်းမကနေ ထွက်ခွာတော့မယ်။”
“သူမ ဘာလုပ်ချင်နေတာလဲ။”
တော်ဝင် မြို့တော်မှာတော့ တူညီတဲ့ အသံတွေ တစ်ချိန်တည်းမှာ ထွက်လာကြတော့တယ်။ ဒါပေမယ့် သူတို့ရဲ့ အမူအယာတွေကတော့ ကွာခြားနေတော့တယ်။ ပျော်ရွှင်မှု ။ စိုးရိမ်မှု နဲ့ ကြောက်လန့်မှုတွေပါ ရှိနေခဲ့တယ်။
…
တော်ဝင် မြို့တော် လေ့ကျင့်ရေး ကွင်းပြင်မှာတော့ ကြီးမားတဲ့ စစ် သုံး တဲကြီးထဲမှာ အသက် ၂၂ - ၂၃ အရွယ် လူငယ်လေး အဓိက ထိုင်ခုံမှာ ထိုင်နေခဲ့တယ်။ သူရဲ့ အဖြူရောင် ဘရိုကိတ် ဝတ်ရုံမှာတော့ သားရဲကောင် ပန်းချီကို ရွှေချည်ထိုး ထားတာ သူ့ရဲ့ အဆင့်အတန်းကို ဖော်ပြနေခဲ့တယ်။
ကြီးမြတ်သော ရှမင်းဆက်ရဲ့ တော်ဝင် မိသားစု မျိုးနွယ် နာမည်ကတော့ “လင်း” ပဲ ဖြစ်တယ်။
သူ ဧကရာဇ်ရဲ့ ဆဌမမြောက်မင်းသား တော်ဝင် မျိုးရိုး ။ သွမ့် ပြည်ထောင် ဘုရင်။ လင်း ရှင်းကြွယ်ပဲ ဖြစ်တယ်။
ဒီ လို အင်အား ကြီးမားတဲ့ မျိုးရိုးသွေးဆက်ုတော့ နန်းတော်ထဲမှာ ပျော်ပျော်နေနိုင်တာ ဖြစ်တယ်။ သွမ့် ဘုရင် လင်းရှင်းကြွယ် ကတော့ သူ့ရဲ့ အပန်းဖြေစရာ နေရာကို စစ်ကွင်းပြင်ရဲ့ စစ်မက်လေ့ကျင့်ရေး နေရာကို ရွေ့ပြောင်းခဲ့တာ ဖြစ်တယ်။
ဒါပေမယ့်လည်း ဒီ အချိန်မှာတော့ သွမ့်ဘုရင် လင်းရှင်းကြွယ် အချိန် အတော်ကြာ ငေးငိုင်နေခဲ့တယ်။ တစ်ခုခုမှာ အတွေး နယ်ကျွံနေသလိုပါပဲ။
စစ်တပ်သုံးစားပွဲမှာတော့ ကြောက်မက်ဖွယ် အငွေ့အသက်တွေ ပျံ့နှံ့ နေခဲ့တယ်။ စားပွဲရဲ့ ဘယ် ညာ နှစ်ဖက်မှာတော့ လူ နှစ်ဦးရှိနေတယ်။ တစ်ဦးကတော့ အဖြူ အမည်း တာအို ဝတ်ရုံကို ဆင်မြန်းထားသူ ဖြစ်ပြီးတော့ အခြားတစ်ဖက်မှာတော့ သက်လတ်ပိုင်း အရွယ် ကျောင်းတော်သား တစ်ဦး ဖြစ်တယ်။
သူတို့တွေ ကလွဲပြီး တော့ တခြားသူ မရှိတော့ပါဘူး။
“ အကြီးအကဲ ဝမ်တောင် ချီကူယန်ရဲ့ အတွေးတွေကို မခန့်မှန်းနိုင် ဘူးလား။” လင်းရှင်းကြွယ် အမူအယာကတော့ အနည်းငယ် ပြဿနာ ဖြစ်နေ ဟန်ပါပဲ။
“ သွမ့် အရှင်ကို ပြန်ဖြေရမယ် ဆိုရင် ချီကူယန်ရဲ့ လှုပ်ရှားမှု တွေက တကယ့်ကို ရုတ်တရက် ဆန်လွန်းတယ်။ ကျွန်တော် တကယ့်ကို မတွေးနိုင်တော့ဘူး။ ဒါပေမယ့် ချီကူယန်ရဲ့ ဒီ လှုပ်ရှားမှုက ယုံကြည်မှု မြစ် မြို့တော် စာမေးပွဲနဲ့ သက်ဆိုင် နေမယ် ဆိုတာ သေချာတယ်။”
“ ဒါက မြို့ငယ်လေးက စာမေးပွဲ လေ။ အကြီးအကဲ ဝမ်က ချီကူယန်ရဲ့ အပြစ်သားအတွက် အမိန့်တော် တိုးကလည်း တစ်ခါ ပြောပြီးပြီ။ ဘာက ဒါကို ထင်ဟပ်စေပြန်တာလဲ။” သက်လတ်ပိုင်း အရွယ် ကျောင်းတော်သားကနေ ပြောလိုက်တယ်။
“ငါပြောပြီးပြီ။ သူဘာလုပ်နေလဲ ငါ မတွေးတတ်ဘူး။ ယုံကြည်မှု ြမို့တော် စာမေးပွဲနဲ့ ဆက်စပ် မှု လုံး၀ ရှိနေမှာ ငါ ကောင်းကောင်းသိတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ ဖြစ်ပျက်မှု တွေက အရမ်း တိုက်ဆိုင်မှု ရှိနေလွန်းတယ်။” အကြီးအကဲ ဝမ်က သက်လတ်ပိုင်း အမျိုးသားကို စိတ်အေးအေးနဲ့ ပြောလိုက်တယ်။
သတ်လတ်ပိုင်း အရွယ် ကျောင်းတော်သားကတော့ ဆက်မပြောတော့ပါဘူး။ လင်းရှင်းကြွယ် ကတော့ သူ့ရဲ့ ထိုင်ခုံ ပေါ်မှာ စဉ်းစားခန်း ဝင်ပြန်တယ်။
“ အကြီးအကဲ ဝမ်ရဲ့ အရင်အကြံ ပြုချက်ကို လိုက်ပြီးတော့ ဖန်ကျန်းရှီကို စစ်တပ်ထဲ မြန်မြန်သွင်းလိုက်ရမလား။” လင်းရှင်းကြွယ်က ပြောလိုက်တော့တယ်။
“အကယ်၍ ငါတို့သာ သူ့ကို စစ်တပ်ထဲ သွင်းလိုက်မယ် ဆိုရင် တကယ်တမ်းတော့ ပိုကောင်းလိမ့်မယ်။ ဒါပေမယ့်လည်း ဒီ သူက ရန်မိသားစုက ရန်ရွှယ်ကိုတောင် အနိုင်တိုက်ပြီး ယုံကြည်မှု မြစ် မြို့တော် က နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်လာခဲ့တယ်။ ဒါအပြင် ထပ်ကြား ထားတာက ကြယ်တာရာ စုဝေးမှု အဆင့်တောင် ရောက် နေပြီ ဆိုပဲ ။ ဒီ လို သူ့ရဲ့ အတောက်ပဆုံး အချိန်မှာ သူ့ အတွေးနဲ့သူ ရှိနေမယ် ထင်တယ်။ သူ့ရဲ့ စွမ်း အားကို လည်း ယုံကြည်မှု ရှိနေလောက်တယ်။ အကယ်၍ မင်းသားသာ စစ်တပ်ကို ဝင်စေချင်တယ် ဆိုရင်လည်း ရပါမယ်.” အကြီးအကဲ ဝမ်က တော့ စိုးရိမ်နေခဲ့တယ်။
“ငါ နားလည်ပြီ။ စစ်တပ် မှာ အဆင့် အတန်း က သူတို့ရဲ့ တိုက်ပွဲ အောင်နိုင်မှု နဲ့ ဆုံးဖြတ်ထား ဖြစ်တယ်။ အကယ်၍ ငါတို့ အများကြီး ကတိ ပေးလိုက်ရင် စစ်တပ်ရဲ့ နှလုံးသားကို ရိုက်ခတ်မှု ဖြစ်သွား လိမ့်မယ်။ ဒါပေမယ့်လည်း အခွင့်အရေး နည်းနည်းပဲ ပေးပြီး တွန်းအားပေးမယ် ဆိုရင်တော့ အနာဂတ်မှာ ပုန်ကန်မှု ဖြစ်လာလိမ့်မယ်။”
“သွမ့် အရှင်က ထက်မြက် ပါပေတယ်။”
“သွမ့်အရှင် အခု အခြေ အနေကို မူတည်ပြီး ဆုံးဖြတ်ရမယ် ဆိုရင် အကယ်၍ စစ်တပ်အင်အားကို ပြောင်းလဲ ချင်ရင် စွန့်စားမှု လုပ်ပြီးတော့ ပထမဆုံး လှုပ်ရှားရမယ်။” ကျွန်တော့်မှာ အတွေး တစ်ခု ရှိတယ်။ အရှင် စမ်းသပ်ကြည့်မလား။” သက်လတ်ပိုင်း ကျောင်းတော်သား ကပြောလိုက်တယ်။
“ ဟမ်။ ဆရာ ဟွား ပြောပါ။” လင်းရှင်းကြွယ်ကတော့ သက်လတ်ပိုင်း အရွယ် ဆရာဟွားကို ပြောလိုက်တယ်။
“ချီကူယန် တောင်ပေါ် ကဆင်းလာပြီ ဆိုတော့ နတ်ဆိုးကျောင်းတော်ကို ပြန်လာမှာပဲ။ သုံးလ အကြာမှာတော့ နတ်ဆိုးကျောင်းတော် စားသောက်ပွဲမှာ မြောက်ပိုင်း ဒေသ ပထမ တန်းစား ကျောင်းတော်သားတွေကို စုဝေးမှာ ဖြစ်တယ်။ ယုံကြည်မှု မြစ် မြို့တော် ကကျောင်းတော်သားတွေကို လည်း ဖိတ်ခေါ်ထားတယ်။ အကယ်၍ အရှင် သွမ့်သာ တက်ရောက်မယ် ဆိုရင် အခွင့်အရေးကောင်း သုံးခု ရနိုင်မယ်။” ဆရာဟွားက လင်းရှင်းကြွယ်ကို ပြန်ဖြေလိုက်တယ်။
“ပထမဆုံး အကျိုးကတော့ ချီဟို့က အရှင့်ကို သစ္စာ ခံထားသည့်တိုင် သူက ဝေးကွာလှတဲ့ မြောက်ပိုင်းဒေသ မှာ ရှိနေခဲ့မှာ။ အရှင်သာ ဒီ စားသောက်ပွဲကို မတက်ရောက် ရုံးတော်သားတွေက ချီဟွားကိုပဲ ခေါင်းဆောင် အဖြစ် မြင်မှာ။ အကယ်၍ အရှင်သာ တက်ရောက်ရင် အရှင့်ကို သူတို့ သခင် အဖြစ် စိတ်ထဲမှာ ပိုမို စွဲမြဲ စွာ မှတ်ယူ ကြမယ်။”
“ဟုတ်ပြီလေ။ မဆိုးပါဘူး။”
“ဒုတိယ အကျိုးကတော့။ ချီကူယန် နတ်ဆိုးကျောင်းတော်ကို ပြန်လာချိန်မှာ သွားရောက်တာကတော့ အရှင်ရဲ့ လေးစားမှုကို ပြတာဖြစ်တယ်။ အရှင် သူမရဲ့ စိတ်ကို မရရင်တောင် ကိစ္စကြီးတွေ လုပ်ချိန် အနာဂတ်မှာ အထောက်အကူ ဖြစ်လာနိုင်တယ်။ အရှင့်အတွက် ခိုင်မာတဲ့ အထောက်အကူ ဖြစ်လာနိုင်တယ်။ ”
“ကောင်းတဲ့ အချက် ပါပဲ။ ”
“တတိယမြောက် အကျိုးကျေးဇူးကတော့ ယုံကြည်မှု မြစ် မြို့တော် စာမေးပွဲက သေးငယ်ပေမယ့် မြောက်ပိုင်း ဒေသ တစ်ခုလုံးက ကျောင်းတော်သားတွေ အကုန်လုံးကို စုဆောင်းထားတာ ဖြစ်တယ်။ သူတို့ကလည်း အခုချိန်မှာ အသုံးမဝင်နိုင်ပေမယ့် တစ်ချိန်မှာတော့ အကျိုးရှိလာနိုင်တယ်။ ဒါ့အပြင် အရှင်သွမ့် အတွက် အသုံးဝင်နိုင်တဲ့ အရည်အချင်း ရှိတဲ့ ကျောင်းတော်သားတွေကို စုဆောင်းနိုင်မယ်။ ဧကရာဇ် အတွက် အကျိုး ရှိလာနိုင်တယ်။”
“ပြောတာ ကောင်းတယ်။ နှလုံးသားကိုအနိုင်ရတာ။ အထောက်အပံ့ကောင်း။ ဧကရာဇ် အတွက် အကျိုး” လင်းရှင်းကြွယ်က ဒီစကားတွေကို နားထောင်ပြီးချိန်မှာတော့ သူ မတ်တပ်ရပ်လိုက်ပြီး ဦးညွှတ်လိုက်တော့တယ်။”
“အရှင်သွမ့် သာ ဆရာ ဟွားရဲ့ အကူအညီကို ရမယ်ဆိုရင် လုံးဝကို အောင်မြင်မှာပဲ။ ဆရာဟွား ပြောတဲ့ အကျိုးကျေးဇူး သုံးမျိုးလုံးကလည်း တကယ့်ကို မှန်ကန်နိုင်တယ်။ တစ်ခုကပဲ အပြစ် ဖြစ်လာနိုင်တယ်။ ဒီ အချိန်မှာတော့ ဒီ အပြစ်အနာအဆာကို ရှောင်ရှားနိုင်ဖို့ ပြောပြချင်ပါတယ်။ ”
“အပြစ်အနာအဆာကို ရှောင်ရှားပြီး အကျိုးရှိအောင် လုပ်နိုင်မယ်။” လင်းရှင်းကြွယ်က နည်းနည်း စိတ်ရှုပ်သွားတော့တယ်။
“ မှန်ပါတယ် အရှင်။ သေချာ တွေးကြည့်ပါ။ ချီဟို့ ကျင်းပတဲ့ စားသောက်ပွဲရဲ့ ရည်ရွယ်ချက်က ဘာ ဖြစ်နိုင်မလဲ။ သူ့ကိုယ်သူ တော်ဝင် ရုံးတော်သားတွေရဲ့ အကြီးအကဲ အဖြစ် ကြေညာချင်တာမျိုးပဲ ဖြစ်မှာ။ အရှင်သာ ကိုယ်တိုင်သွားခဲ့ရင် ချီဟို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးတာမျိုး ဖြစ်သွားလိမ့်မယ်။”
“သူက ချီဟို့ သပ်သပ်ပဲလေ။ ကျောင်းတော် ဆယ့်သုံးခု ထဲက တစ်ယောက်ပဲ။ အရှင်သွမ့်ရဲ့ ဂုဏ်ကို သူက ယှဉ်ပြိုင်နိုင်မှာလား။ မြောက်ပိုင်းဒေသရဲ့ ဘုရင် ဖြစ်ချင်နေတာလား သူက။” ဆရာဟွားက စိတ်မရှည်စွာနဲ့ ပြောလိုက်တယ်။
“မဟုတ်ဘူး။ အကြီးအကဲ ဝမ်က အချိန်မှီ သတိပေးလိုက်တာပဲ။ ဒီ အပြစ်အနာအဆာက ငါ ရှောင်ရမှာပဲ။ အကြီးအကဲ ဝမ် ပြောတာကို နားလည်ပြီ။ ဒီ ကိစ္စနဲ့ ချီဟို့ရဲ့ အတွေးကို သေချာ ဂရုစိုက်ပြီး လှုပ်ရှားရမယ်။” အကြီးအကဲ ဝမ်ကတော့ လင်းရှင်းကြွယ်ရဲ့ လက်ကို ဝေ့ယမ်းလိုက်တာ မြင်တော့် ဦးညွှတ်လိုက်တော့တယ်။
“အရှင် သွမ့်က အမြင် ကျယ်ပါပေတယ်။” အကြီးအကဲ ဝမ်က ပြန်ထိုင်လိုက်တယ်။
…
တော်ဝင်မြို့တော် ယန်မြို့တော်မှာတော့ မိုးသက်မုန်တိုင်း စတင်နေပြီ ဖြစ်တယ်။ သွမ့်ပြည်ထောင် ဘုရင် ဆွေးနွေးနေသလိုမျိုး အခြား သောနေရာပေါင်းများစွာ မှာလဲ ဆွေးနွေးနေခဲ့ကြတယ်။ မြို့ထဲမှာတော့ မရေမတွက်နိုင်လောက်တဲ့ မြင်းရထားတွေ ရောက်ရှိလာတော့တယ်။
ဒါတွေကတော့ နန်းတော်ကနေ ထွက်သွားသူတွေ ပြန်လာတာပဲ ဖြစ်တယ်။
ဒီ ထဲမှာတော့ အိမ်ရှေ့စံမင်းသား ရဲ့ မြင်းလှည်းတွေက အများဆုံး ဖြစ်တယ်။ “အရှေ့ဘက် နန်းတော်” ဆိုတဲ့ စာသားကို ချိတ်ဆွဲထားတဲ့ မြင်းလှည်းတွေကတော့ ထင်ရှားလှတယ်။
…
ဒါပေ့ါ့ ဘယ်လို အခြေအနေတွေ ပြောင်းလဲ သွားပါစေ. ဖန်ကျန်းရှီအတွက်တော့ အရေးမကြီးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ချီကူယန် တောင်အောက် ဆင်းလာတဲ့ သတင်းကို သူ မကြားသေးတာကြောင့်ပဲ ဖြစ်တယ်။
ယုံကြည်မှု မြစ် မြို့တော်မှာ မြောက်ပိုင်း ဒေသရဲ့ မြို့တော်ကြီး တော့ တော်ဝင် မြို့ကြီး နဲ့တော့ ဝေးကွာ လှပါတယ်။
အခုချိန်မှာတော့ ယုံကြည်မှု မြစ် မြို့တော်က ကျောင်းတော်သားတွေ အထူး စိတ်ဝင်စားနေကြတဲ့ အကြောင်းရင်း တစ်ခု ရှိနေတယ်။ ဘာကြောင့် ယွင်ချင်းဝူက ဖန်ကျန်းရှီကို သူမနဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ်လိုက်တာလဲ။ သူမရဲ့ မျက်နှာကာကိုတောင် ဆွဲဖြဲခဲ့တဲ့ နှာဘူးကောင်ကို။
မြို့တော် တာအို စာမေးပွဲမှာ နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်သွားတာ ကြောင့်များလား။
ကျောင်းတော်သားတွေကတော့ မကျေမနပ် ဖြစ်နေကြပါတယ်။
နောက်ဆုံးတော့ ဒီ အချိန်မှာ။ ယုံကြည်မှု မြစ်ကမ်းဘေးမှာတော့ ကျောင်းတော်သားတွေ စုဝေးနေကြတော့တယ်။ သူတို့အားလုံး လောက နံပါတ် တစ် နှာဘူး ကောင် က ယွင်ချင်းဝူနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံမှာလား စပ်စု ချင်တာကြောင့် စုဝေးနေကြတာ ဖြစ်တယ်။
လေကတော့ အေးစက်လှတယ်။ မိုးမခပင်ရဲ့ သစ်ကိုင်းတွေ လေအဝှေ့မှာ ယိမ်းနွဲ့နေကြတယ်။
ဒါပေမယ့် ကျောင်းတော်သားတွေက တော့ သိပ်ပြီး နာကျင် နေကြတယ်။ နှလုံးသားထဲမှာ မချိမဆံ့ ….
ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ သိသိသာသာကို လုံး၀ ဂရုမစိုက်ပါဘူး။ အလင်းရောင်ထဲမှာ မကောင်းတဲ့ အရာကို ပြုလို့ မရနိုင်ဘူး။ သူက ယွင်ချင်းဝူရဲ့ မျက်နှာကာကို နည်းနည်း တိုက်ရိုက်လေး ဖြုတ်ခဲ့တာပဲ ရှိတာ။
နောက်ဆုံးမှာတော့
ဖန်ကျန်းရှီက ယုံကြည်မှု မြစ်ရဲ့ မြစ်ကမ်းဘေးကို ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်။
ရန်ရွှယ်ကတော့ သူ့ဘေးမှာ ပါ မလာခဲ့ပါဘူး။ ဖန်ကျန်းရှီ တစ်ယောက်တည်းသာ ။ ဒါပေမယ့် သူ တစ်ယောက်တည်း ပေါ်လာတာကလည်း ကျောင်းတော်သားတွေရဲ့ အကြည့်တွေနဲ့ အာရုံကို ဖမ်းစားနိုင်ဆဲ ဖြစ်တယ်။
သူ အပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားဆဲ ဖြစ်တယ်။ လေပြေသွဲ့နေတာကြောင့် ဖန်ကျန်းရှီရဲ့ ခြေလှမ်းတွေ ပိုပြီးတော့ ပေါ့ပါးနေ ဟန် ပါပဲ။
“သူ တကယ်ပဲ လာတယ်။ မျက်နှာ အရေထူချက်…..”
“ဒီ ကောင်က တော့ သူ့ ဗီဇကို ဖျောက်နိုင်မှာ မဟုတ်ဘူး။ ငါကတော့ ယွင်ချင်းဝူ အတွက် သူ ဘာလက်ဆောင် ယူလာမလဲ ဆိုတာကိုပဲ သိချင်တယ်။”
ဖန်ကျန်းရှီကို မြင်တဲ့ ကျောင်းတော်သာတွေကတော့ မနာလိုမှုနဲ့ အတူ ဒေါ သတွေ ထွက်နေကြပါတယ်။ ဘယ်သူကမှလဲ သွားမတားဝံ့ကြဘူး။ ဘာကြောင့် လဲ ဆိုတော့ သူတို့ အရမ်းကို သိချင်နေကြတယ်။ ဘာကြောင့် ယွင်ချင်းဝူက ဖန်ကျန်းရှီကို ဖိတ်တာလဲ။
ဖန်ကျန်းရှီမှာ သူတို့ မသိတဲ့ အရာ တစ်ခုခု များရှိနေတာလား။
အပျော်စီး လှေကြီးတော့ မြစ်ကမ်းဘေးမှာ ရှိနေပါတယ်။ ကျောက်စိမ်းရောင် ဝတ်ရုံကို ဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးတော့ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့တယ်။ သူမ ဖန်ကျန်းရှီကို မြင်ချိန်မှာတော့ ကျက်သရေ ရှိစွာ လျှောက်လှမ်းလာပြီး ကြိုဆိုလိုက်တော့တယ်။
အပိုင်း (၁၂၃ ) ပြီး၏။
အပိုင်း (၁၂၄)
“ ကျေးဇူးပြုပြီး မျက်နှာကာ ချွတ်ထားပါ။”
ဘာသာပြန်သူ-Enri Thaw
သူ့ကို တကူးတက လာကြိုတဲ့ သူ ရှိတယ် ဆိုတည်းက ဖန်ကျန်းရှီ ရပ်တန့်လိုက်တော့တယ်။ ဒီ မိန်းကလေးကတော့ ကျောက်စိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီးတဲ့ လှပသူ တစ်ယောက်လို့ သတ်မှတ်နိုင်တယ်။
ဖန်ကျန်းရှီထင်တာကတော့ သူ့ရဲ့ က္ကန္ဒြေ ရှိမှုကို သေသေချာချာ လေးလေးစားစားဖော်ပြသင့်တယ်လို့ ထင်တယ်။
ဥပမာ အားဖြင့် ။ ဒီ အမျိုးသမီးရဲ့ လူမှုရေးကို တာဝန်ကျေပွန်မှုကို ဂုဏ်ပြုရမလား။ ယဉ်ကျေးတဲ့ အပြုအမူကို ချီးမွမ်း သင့်လား။
သူတွေးနေချိန်မှာပဲ။
ဖန်ကျန်းရှီက သူ့ရဲ့ မြောက်ပိုင်းရွာမှာ နေခဲ့တာ အချိန် အတော်များခဲ့တဲ့အတွက် ရွာသားတွေ ပြောနေကြ စကား သူ့စိတ်ထဲမှာ ထွက်ပေါ်လာတော့တယ်။
“ ကျန်း… ဒီ ကောင်မလေး သောက်ကျိုးနဲ ခန့်တာပဲ။ ”
ဒီ စကား သူ့နှုတ်ကနေ ထွက်လာတော့တယ်။
သူ့ရဲ့ ပြောလိုက်တဲ့ အသံတော့ မြစ်ကမ်းဘေးမှာ ရှိတဲ့ လူတွေ အကုန်လုံး ကို တိတ်ဆိတ်သွားစေတော့တယ်။ ကျောင်းတော်သားတိုင်းတော့ ဖန်ကျန်းရှီကို အလွန်အမင်း ထိတ်လန့်ဟန်နဲ့ ကြည့်နေတော့တယ်။ ဒီလူက မြို့တော် ကြီး ငါးခုက ကျောင်းတော်သားတွေကို အနိုင်ယူလိုက်တဲ့ နှစ်ထပ်ကွမ်း ချန်ပီယံ တစ်ယောက်ဆိုတာ မယုံနိုင်ကြဘူး။
ကျောက်စိမ်းရောင် ဝတ် အမျိုးသမီးလည်း ထိတ်လန့်သွားခဲ့တယ်။
ယွင်ချင်းဝူ နဲ့ အတူ နိုင်ငံပေါင်း များစွာကို ခရီးဆက်ပြီး တော့ လိုက်ပါခဲ့ရတဲ့ အတွက် သူမမှာ အတွေ့အကြုံတွေ အများကြီး ရှိတယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ ပြောလိုက်တဲ့ စကားကိုတော့ နားမလည် ဘူး ဖြစ်တယ်။
ဒီ လူ သူ့ကို လာနောက်နေတာလား။
ဒါမှမဟုတ် …သူမကို နှစ်သက်တဲ့ ယောကျာ်းလေးတွေကို ကြိုက်လို့များ ဒီ လို ပြောနေတာလား။
ဖန်ကျန်းရှီကတော့ မျက်စိလည်နေတဲ့ ကျောက်စိမ်းရောင် အမျိုးသမီးလေးကို ကြည့်လိုက်တယ။် အခု လေထု အခြေအနေက သိပ်ပြီးမကောင်းလှဘူး။ ဒါပေမယ့် ဒီ အခြေအနေက သ ဖြစ်နေသလိုမျိုးလည်း မဟုတ်။
“ငါပြောချင်တာက ယုံကြည်မှု မြစ်ကမ်းဘေးက ယိမ်းနွဲ့နေတဲ့ မိုးမခပင်အောက် ကျောက်စိမ်းရောင် အမျိုးသမီးငယ်လေး လေစိမ်းနဲ့ အတူ ရပ်တန့်နေခဲ့တယ်။ ဒီ ပုံစံ ဆောင်းဟေမာန်က နှင်းစက်တွေယှဉ်နိုင်လောက်အောင် ခံ့ညားလွန်းတယ်။” ဖန်ကျန်းရှီက အကူညီမဲ့စွာနဲ့ မျက်နှာမပျက်အောင် သူ့စကားကို အဆုံးသတ်လိုက်တယ်။
“သခင်လေး ဖန်ကို ကျေးဇူးတင်ပါတယ်။ မြစ်ဘေးက လေက အတော်လေး အေးမြတယ်။ လှေပေါ်ကို တက်ဖို့ ဖိတ်ခေါ်ပါတယ်။” သူမရဲ့ ပြောဆိုသံကတော့ ပြောင်းလဲသွားတော့တယ်။ အစိမ်းရောင် ဝတ် အမျိုးသမီးကတော့ ချက် ခြင်း တုံ့ပြန်လိုက်တယ်။
ဖန်ကျန်းရှီကတော့ မလှုပ်ရှားနိုင်သေးပါဘူး။ ဒီ လှေပေါ်က အတက်သာ လွယ်တာ အဆင်းခက်တယ် ဆိုတဲ့ စည်းမျဉ်းကို နားလည် ထားတာ ကြောင့်ပဲ ဖြစ်တယ်။
ရန်ရွှယ်နဲ့ အတူ လသာဆောင် စားသောက်ဆိုင်မှာ စားခဲ့တုန်းကလိုပဲ။ စားသောက်ပြီးတဲ့ နောက်မှ ရှင်းစရာ ပိုက်ဆံ မရှိတော့သလိုမျိုးး ထပ်အဖြစ် မခံနိုင်ဘူး။ စူးကျိုးနဲ့သာ မတွေ့ရင် စားသောက်ဆိုင်မှာ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိ ဖြစ်နေတော့မှာ။
အကယ်၍ သူမှန်းတာသာ မှားသွားရင် ယွင်ချင်းဝူရဲ့ ဂုဏ်ပုဒ်ကလည်း စားသောက်ဆိုင် ပိုင်ရှင် အမျိုးသမီးနဲ့ သိပ်မကွာလောက်ဘူး။
ယွင်ချင်းဝူက သာ အကောင်းဆုံး စားသောက်ဆိုင်တွေထဲက တစ်ခု ဖြစ်တော့မယ် ဆိုရင် သူမက သာမာန်သူတွေလိုမျိုး သိပ်ပြီး ဂရုစိုက်နေစရာ လိုမှာ မဟုတ် ဘူး။ သူမ မတွေ့ချင်တဲ့သူဆိုရင် သူမကို တွေ့ဆုံဖို့က ကောင်းကင်ကို လှေကားထောင်ပြီး တက်ရသလိုမျိုး ခက်ခဲလိမ့်မယ်။
ဒါပေမယ့် သူမကလဲ သူ့အခက်အခဲနဲ့သူ ရှိမှာပဲ။ သူမကိုယ်တိုင် သူ့ကို ဖိတ်ခေါ်တယ် ဆိုတာကြောင့် ငွေသား သို့မဟုတ် ရတနာတွေက မရှောင်လွှဲနိုင်စရာပဲ။
ဒီ ကျောက်စိမ်းရောင် အမျိုးသမီးကတော့ ဖန်ကျန်းရှီကို လှေပေါ်တက်ဖို့ ထပ်မပြောတော့ပါဘူး။ သူမကြည့်ရတာ စိတ်ရှုပ်နေဟန်ပါပဲ။
“ငါ ပထမဆုံး ရှင်းရှင်းလင်းလင်း လုပ်ဖို့ လိုတယ်။ ငါက ဒီကိုလာတာ သီချင်းနားထောင်ပြီး ကောင်းကောင်းစားဖို့ပဲ။ ပေးစရာ ပိုက်ဆံလည်း တပြားမှ မရှိဘူး။ လက်ဆောင်လည်း တစ်ရွေးသားမှ မယူလာဘူး။” ဖန်ကျန်းရှီက အတော်လေး ကြာအောင် စဉ်းစားပြီးတဲ့ နောက် သူ့စိတ်ထဲမှာ ဆုံးဖြတ်ပြီး ပြောလိုက်တော့တယ်။
ယွင်ချင်းဝူက ဖန်ကျန်းရှီကို ဖိတ်လိုက်တဲ့ သတင်းကို ရန်ရွှယ် ကြားပြီးတဲ့ နောက်။ ရန်ရွှယ်က လက်ဆောင် အဖြစ် ယူသွားဖို့ ကြက်ဥ အရွယ်လောက်ရှိတဲ့ ပုလဲ ကြီး တစ်လုံး လက်ဆောင် ပေးခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက မယူဘူး။
အမျိုးသမီးတစ်ယောက် အတွက် သူငယ်ချင်းရဲ့ ပစ္စည်းကို ယူပြီး မျက်နှာလို မျက်နှာရ မလုပ်သင့် ဘူး။
ဒီ လို ကိစ္မမျိုး လုပ်ဖို့လဲ သူ စိတ်မပါဘူး။
“ သူတကယ်ပဲ ဘာ လက်ဆောင်မှ မယူလာခဲ့ဘူး။ ”
“ ဒီလူက တကယ့်ကို အရေထူ လွန်းပါတယ်။ သူ့ကိုယ်သူ နံပါတ် နှစ်လို့ ပြောရင် တောင် တခြား ဘယ်သူမှ နံပါတ်တစ်ကို ယူရဲမှာ မဟုတ်ဘူး။ ဒီ ကောင်က တကယ့်ကို အရှက်မဲ့လွန်းတယ်။”
“ ယွင်ချင်းဝူနဲ့ တွေ့ဖို့တောင် ဘာလက်ဆောင်မှ မယူလာဘူး။ မြန်မြန် မောင်းထုတ် လိုက်စမ်းပါ။”
ကျောင်းတော်သားတွေကတော့ ဖန်ကျန်းရှီရဲ့ ပြောစကားကို ကြားပြီးနောက် သူ့တို့ရဲ့ စိတ်ထဲက ဒေါသကို မထိန်းချုပ်နိုင်တော့တဲ့ အတွက် အော်ဟစ်ကြတော့တယ်။ ဘယ်လို လူကများ ယွင်ချင်းဝူနဲ့တွေ့ဆုံ ဖို့ အတွက် ရတနာလေး တစ်ခုတောင် မယူလာတာလဲ။
“သခင်လေး ဖန်။ စိတ်မပူပါနဲ။ ဒီ တစ်ကြိမ်မှာ သခင်မလေး က ဖိတ်ခေါ်တာ ဖြစ်တဲ့ အတွက် လက်ဆောင် ယူလာဖို့ တကယ် မလိုပါဘူး။ ” ကျောက်စိမ်းရောင် အမျိုးသမိးလေးက ရယ်မောရင်း ပြောလိုက်တော့တယ်။
ဒါကို ကြားတဲ့ ဘေးပတ်ဝန်းကျင်က ကျောင်းတော်သားတွေကတော့ နွေခေါင်ခေါင်မှာ မိုးကြိုး ပစ်ခံလိုက်ရသလိုမျိုုး ခံစားလိုက်ရတယ်။
ယွင်ချင်းဝူ ဖိတ်ခေါ်တာကို ခံရတယ် ။ ဒါက ကောင်းကင်က လက်ဆောင် တစ်ခုလိုပဲ။ ဒါတောင် သူ က လက်ဆောင်လေး တစ်ခု တစ်လေတောင် မယူခဲ့ဘူး။ ကြီးမြတ်သော ရှမင်းဆက်မှာ ဒီ လိုမျိုုး အရှက်မရှိတဲ့ သူ ရှိသေးတာလား။
“ဒါဆိုလည်း ငါ့ကို လှေပေါ်ခေါ်ပြီး တေးသီချင်း လေး ဘာလေး နားထောင်ခိုင်းလေ။” ဖန်ကျန်းရှီက ခေါင်းငြိမ့်ရင်း ပြောလိုက်တယ်။
…
လှေပေါ်တက်သွားတဲ့ ဖန်ကျန်းရှီကို မြင်လိုက်ချိန်မှာတော့ ကျောင်းတော်သားတွေ အံကြိတ်လိုက်ကြတယ်။ ဖန်ကျန်းရှီကတော့ ဘာကို မှ ဂရုမိစုက်တော့ပဲ လှေပေါ်မှာ ချိတ်ဆွဲထားတဲ့ မှင် ပန်းချီတွေကိုသာ ပတ်ကြည့်နေလိုက်တယ်။
ယွင်ချင်းဝူရဲ့ သုံးထပ်လှေကတော့ တကယ့်ကို ပြိုင်ဘက်ကင်းလွန်းတယ်။
လှပတဲ့ဘယ်လို ရတနာ ဖြစ်ပါစေ။ ဒီ လှေထဲက ပစ္စည်းတစ်ခု ချင်းစီရဲ့ တန်ဖိုးကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ လှေပေါ်က ပန်းချီနဲ့ ကဗျာတွေက တကယ့်ကို အံံသြဖွယ် ကောင်းလွန်းတယ်။
ကြည့်ရတာ ဒီ လှေကြီး ကိုယ်တိုင်ကိုက အဖိုး မဖြတ်နိုင်တဲ့ ရတနာ တစ်ခု ဖြစ်နေပုံပဲ။
“ဒီ လှေကြီးက အနုပညာ လက်ရာပဲ ဒါပေမယ့်။”
ဖန်ကျန်းရှီက ဒီ အခြေအနေကို ကြည့်ပြီး ပြောမယ့် စကားကို မပြောတော့ပါဘူး။ ယွင်ချင်းဝူက ကဗျာ ဂီတ စစ်တုရင် ပန်းချီတွေကို ကျွမ်းကျင်ရုံတင်မကဘူး ကိုယ်ပျောက် ပညာရပ်ကိုပါ ကျွမ်းကျင်နေမှန်း သိသာ တာကြောင့် ဖြစ်တယ်။
ယွင်ချင်းဝူ
တကယ်ပဲ မမြင်နိုင်တဲ့ နောက်ကွယ် မျက်နှာဖုံးက ဘာဖြစ်နိုင်မလဲ။
“သခင်လေး ဖန် ထိုင်ပါအုန်း။ အမျိုးသမီးငယ် မကြာခင် ရောက်လာမှာပါ။” ကျောက်စိမ်းရောင် အမျိုးသမီးလေး ဖန်ကျန်းရှီကို ပြောလိုက်တော့တယ်။
သူထိုင်လိုက်ပြီး ။ တိတ်ဆိတ်စွာ စောင့်နေခဲ့တယ်။
အဲ့ဒီ့နောက် အစိမ်းဖျော့ရောင် ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ်တွေ မုန့်အချိုကို ယူလာပြီးတော့ ဖန်ကျန်းရှီရှေ့ကို ယူလာခဲ့တယ်။
တောက်ပ သစ်လွင် မှုတွေနဲ့ ပြည့်ဝနေတဲ့ လှပ သွယ်လှတဲ့ အမျိုးသမီးလေး ပုလဲ လိုက်ကာ နောက်ကနေ ထွက်လာတော့တယ်။
ရိုးှရှင်းတဲ့ အဖြူရောင် ဝတ်စုံကို ဝတ်ထားပြီးတော့ မှင်နဲ့ ရေးဆွဲ ထားတဲ့ ကြာပန်းပွင့်တွေကို သူမရဲ့ ဝတ်ရုံအောက်မှာ တွေ့မြင် နေရတယ်။ သူမရဲ့ ဆံကေသာတွေတော့ ရေလှိုင်းတွေလိုမျိုး သူမရဲ့ ခါးတစ်ဝိုက်မှာ ရွေ့လျားနေခဲ့တယ်။ သူမ လက်ဝတ်ရတနာ တစ်ခုမှ ဝတ်ဆင်ထားခြင်းမရှိပါဘူး။ သို့ပေမယ့်လည်း သန့်ရှင်းအေးမြတဲ့ လေထုကို ဖန်တီးပေးနေတယ်။
ဒါပေမယ့်လည်း ပုံမှန်လို သူမရဲ့ မျက်နှာပေးမှာ မျက်နှာကာ အနက်ကို ဝတ်ဆင်ထားပါတယ်။ သူမရဲ့ ခြေထောက်မှာတော့ နှင်းလုံးလေးတွေလို ဖိနပ်ဖြူကို စီးထားခဲ့တယ်။ ဖန်ကျန်းရှီကို အနည်းငယ် ဦးညွှတ်လိုက်ပြီးတဲ့နောက် ဖန်ကျန်းရှီနဲ့ မျက်နှာချင်းဆိုင်မှာရှိနေတဲ့ ဗျပ်စောင်းတင်ထားတဲ့ စားပွဲမှာ ထိုင်လိုက်တော့တယ်။
ယွင်ချင်းဝူတော့ ကြီးမြတ်သော ရှ မင်းဆက်မှာ ရှိတဲ့ ကျောင်းတော်သားတွေ သူမကို စွဲလမ်း လာအောင် ပြုလုပ်နိုင်သူု တစ်ဦးပါပဲ။
“သခင်လေး ဖန် စောင့် ပေးတာကို ကျေးဇူးတင်ပါတယ်။” ယွင်ချင်းဝူရဲ့ အသံတော့ ငှက်ပေါက်လေး တစ်ကောင်ရဲ့ အသံလို ရှင်းလင်း ပြတ်သားလှတယ်။
ဒါက တကယ့်ကို တစ်ဦးတစ်ယောက်ချင်း ဒိတ်တာပဲ။ ဘယ်ကျောင်းတော်သားကများ ဒီ လို အခွင့်အရေးမျိုးကို ရနိုင်မှာလဲ။ ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ သိပ်ပြီး စိတ်မလှုပ်ရှားပါဘူး။
ယွင်ချင်းဝူကို သူတွေ့ချင်တာ စပ်စုစရာ အကြောင်းတစ်ခု ရှိနေလို့ပဲ ဖြစ်တယ်။
ဘယ်လိုကြောင့်များ မြို့တော် တာအို စာမေးပွဲမှာ ချန်ပီယံ ဖြစ်မယ်လို့ အသေအချာ ယုံကြည်ပြီး လောင်းကြေးထပ်နိုင်လဲ ဆိုတာ သိချင်တာကြောင့်ဖြစ်တယ်။ နောက်ပြီး ဒီ ယုံကြည်မှု မြစ် မြို့တော်ကို ဘာကြောင့်လာတာလဲ သူသိချင်တယ်။
အဲ့ဒီ့နောက် ဖန်ကျန်းရှီလည်း ပြုံးလိုက်ပြီး ယွင်ချင်းဝူကို ပြန် ဦးညွှတ်လိုက်တယ်။
“အမျိုးသမီးငယ်ရဲ့ ဖိတ်ကြားမှုကို ကျေးဇူးတင်ပမယ်။ ”
“ သခင်လေး ဖန် ဘယ်တေးသွားကို နားဆင် ချင်ပါလဲ။ ယွင်ချင်ဝူးက သူ့ရှေ့က ဗျပ်စောင်းကို ညွှန်ပြရင်းမေးလိုက်တယ်။
“ ကွမ်းလင်ရဲ့ ရှေးဟောင်းတေး ဆိုရင်ကော” ဖန်ကျန်းရှီက ယွင်ချင်းဝူ မေးလိုက်တာနဲ့ သူတွေးနေတာကို ပြောလိုကတယ်။ သူသိချင်တာက ဒီ ရာဇဝင်ထဲက ရှေးငေ်းတေးကို သူသိပါ မလားလို့ တွေးနေတာ ဖြစ်တယ်။ ဒါက သမိုင်းထဲမှာ ပျောက်ဆုံးသွားပြီ ဖြစ်တဲ့ တေးသွားတစ်ခု ။
“ ဟ ဟ ” ယွင်ချင်းဝူ က ရယ်မောလိုက်တယ်။
ကံမကောင်းစွာနဲ့ပဲ သူမရဲ့ လှပတဲ့ အပြုံးကို အနက်ရောင် မျက်နှာကာက ဖုံးကွယ်ထားတယ်။
“ကြည့်ရတာ သခင်လေး ဖန်က တခြား ကမ္ဘာက လွင့်လာပုံပဲ။ ကွမ်းလင်ရဲ့ ရှေးဟောင်း တေးသွားက ကျင်းလီ။ ကူဟန်။ ဝမ်ရှန်း။ ဟန်ရှစ်။ လိန်ဖု။ ချန်းမင် ။ ထုံကျင့်။ ဝေရှင်း ။ အပိုင်း အမျိုးမျိုး ခွဲခြားထားတယ်။ သခင်လေးက ဘယ် တစ်ခုကိုများ နားဆင်ချင်ပါသလဲ။ ” ယွင်ချင်းဝူက ပြုံးလိုက်ပြီး ပြောလိုက်တယ်။
ဖန်ကျန်းရှီကတော့နည်းနည်း စိတ်လေသွားတော့တယ်.။ ယွင်ချင်းဝူက ဒါကို သိမယ်လို့ မထင်ထားမိဘူး။ ယွင်ချင်းဝူက ဒါကို သိတယ်ဆိုတော့ လည်း နားထောင်ရတာပေါ့။ နည်းနည်းတော့ ရှက်စရာကောင်းတယ်။
“စောပါသေးတယ်။ ကျင်းလီနဲ့ စတာပေါ့။” ဖန်ကျန်းရှီကတော့ အေးအေးဆေးဆေးပဲ ပြောလိုက်တော့တယ်။
…
“ကောင်းပြီလေ။ “ယွင်ချင်းဝူက ခေါင်းငြိမ့်လိုက်တော့တယ်။
….
ယုံကြည်မှု မြစ်ရဲ့ မြစ်ကမ်းပါးမှာတော့ မရေမတွက်နိုင် တဲ့ ကျောင်းတော်သားတွေ သိပ်ပြီးတော့ ရှေးဆန်စွာ သာယာလှတဲ့ ဗျပ်စောင်း တေး တစ်ပုဒ်ကို ကြားယောင်လိုက်ရတော့တယ်။ ဗျပ်စောင်း သံ အိမ်လွမ်းဝေဒနာ အကြောင်းကို တီးတိုးပြောနေသည့်ဟန်ပါပဲ။
ကျောင်းတော်သားတွေရဲ့ နှလုံးသားထဲမှာတော့ ဝမ်းနည်းမှုတွေ ဖြစ်ပေါ်လာတော့တယ်။
တကယ်တမ်းမှာတော့..
သူတို့ ယုံကြည်မှု မြစ် မြို့တော် မြစ်ကမ်းဘေးမှာ စုဝေးရတဲ့ ရည်ရွယ်ချက်ကတော့ ဒါပဲ ဖြစ်တယ်။
ကျင်းလီ တီးခတ်မှု ပြီးဆုံးသွားြုပီးနောက်မှာတော့ ချူဟန် တေးသွား ပေါ်လာပြန်တယ်။
ဖန်ကျန်းရှီကတော့ အပျော်စီး လှေကြီးကနေ ထွက်ပေါ် လာတဲ့ တေးသံတွေကို နားဆင်ရင်း အဆာပြေ မုန့်တွေ စားနေခဲ့တယ်။ တခြား တစ်ဖက်က ကျောင်းတော်သားတွေတော့ အေးမြတဲ့ လေထုထဲမှာ ရပ်နေကြရင်း ဗျပ်စောင်း တေးသွားတွေကို နားဆင်နေကြတော့တယ်။
…
သီချင်းသံ ရပ်တန့်သွားပြီးနောက်မှာတော့ ဗျပ်စောင်း ကို သိမ်းဆည်း လိုက်တော့တယ်။
ယွင်ချင်းဝူကတော့ သူ့နေရာမှာပဲ တိတ်တဆိတ် ထိုင်နေတောတ့ယ်။ သူမရဲ့ မဟူုရာရောင် မျက်လုံးတောက်တောက် တွေကတော့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။
ဖန်ကျန်းရှီကလည်း ယွင်ချင်းဝူကို ပြန်ကြည့်နေခဲ့တယ်။ သူတို့ ကြားမှာတော့ အနက်ရောင် ဇာပဝါ တစ်ခုက ကာထားခဲ့တယ်။
အဲ့ဒီ့နောက် ယွင်ချင်းဝူက စကားစပြောတော့တယ်။
“သခင်လေးဖန်။ ဒီ ဘာကြောင့် ဖိတ်ခေါ်ခံရလဲ ခန့်မှန်းနိုင်လား။”
“ငါ မခန့်မှန်း ခင်။ မျက်နှာကာကို အရင် ချွတ်နိုင်မလား။” ဖန်ကျန်းရှီကတော့ ယွင်ချင်းဝူရဲ့ အမေးကို တိုက်ရိုက်မဖြေပဲ ပြန်မေးလိုက်တယ်။
“ဟ ဟ ကြည့်ရတာ သခင်လေး ဖန်မှာ အစီအစဉ် ရှိတယ်နဲ့ တူပါတယ်။ ဒါဆိုရင်လည်း အရင်တစ်ခေါက်ကလို ဘာလို့ မလုပ်တာလဲ.” ယွင်ချင်းဝူက ပြန်မေးလိုက်တယ်။
ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းထောင့်တွေ တော့ ကွေးတက်သွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာတော့တယ်။ သူ့ရဲ့ ထိုင်ခုံကနေ ထ လိုက်ပြီးတော့ ယွင်ချင်းဝူ ဆီကို လျှောက်လှမ်းသွားတော့တယ်။
“ သခင်လေး ဖန်က ကျွန်မရဲ့ မျက်နှာကာကို နောက်တစ်ခေါက် ထပ် ဖြုတ်ပြစ်ဝံ့လို့လား။” ဖန်ကျန်းရှီရဲ့ လှုပ်ရှားမှုကို ယွင်ချင်းဝူက ရှောင်မယ့်ပုံမပေါ်ပါဘူး။ အဲ့ဒီ့အစား သူမက မေးမြန်းနေသေးတယ်။
“ဘာလို့ မလုပ်ရဲရမှာလဲ။”
“အရင်တစ်ကြိမ် ပန်းရာချီ စုဝေးပွဲမှာ တုန်းက သခင်လေး ဖန်က ကျွန်မ မျက်နှာကာကို လှစ်ပြီး ထွက်ပြေးသွားတယ်။ ဒီ တစ်ကြိမ်က ကျွန်မရဲ့ ပိုင်နက်ထဲမှာ။ သခင်လေး လက်လွှတ်စပယ် မလုပ်ရဲပါဘူး။” ယွင်ချင်းဝူက ဘေးပတ်လည်ကို ကြည့်ရင်း ခပ်တိုးတိုးလေး ပြောလိုက်တယ်။
“ငါ သာ ဒီ လှေပေါ်က နေ ဒီ နေ့ ပြန် မဆင်းနိုင်ဘူး ဆိုရင် မင်းကို မျက်နှာ လှစ်မလှစ် ဘာကွာလည်း။” ဖန်ကျန်းရှီက တော့ ယွင်ချင်ဝူးပြောချင်တဲ့ စကားရဲ့ အဓိပ္မာယ်ကို ကောင်းကောင်း မသိတဲ့ အတွက်မေးလိုက်တယ်။ ဒီ လှေပေါ်ကို ခြေချလာတည်းက ပြန်ဆင်းဖို့ ခက်တယ် ဆိုတာ သူ ကောင်းကောင်းသိတယ်။
“ သခင်လေး ဖန် ပြောတာ မှန်တယ်။ လာ လေ။ မျက်နှာဖုံးကို လာချွတ်။” ယွင်ချင်းဝူက ခေါင်းငြိမ့် လိုက်တယ်။. အဲ့ဒီ့နောက် ဖန်ကျန်းရှီကို မျက်နှာ ကာ လှစ်ဖို့ အချက်ပြလိုက်တယ်။
ယွင်ချင်းဝူရဲ့ အမူအယာကတော့ သိပ်ကို အေးအေးဆေးဆေး ရှိနေပါတယ်။ ဖန်ကျန်းရှီကတော့ ရယ်မောလိုက်ရင်း သူ့လက်ကို ခါယမ်းပြီး လျှောက်လာတော့တယ်။ တစ်လှမ်းချင်းစီ လျှောက်လာပြီးတော့ ယွင်ချင်းဝူဆီကို ရောက်လာခဲ့တယ်။
ယွင်ချင်းဝူကတော့ သူ့ရဲ့ နေရာမှာပဲ ရပ်တန့်နေပြီးတော့ စောင့်နေတော့တယ်။
အခန်းကတော့ သိပ်ပြီး မကျယ်ဝန်းပါဘူး။
ဖန်ကျန်းရှီကတော့ ခပ်မြန်မြန် မလျှောက်ပါဘူး။ ဒါပေမယ့် ယွင်ချင်းဝူ နားကို သိပ်ပြီး မြန်မြန်နဲ့ ရောက်သွားခဲ့တယ်။
သူတို့ရဲ့ ကြားက အကွာအဝေးကတော့ လက်မ တဝက် လောက်ပဲ ကွာဝေးတာ ဖြစ်တယ်။ ဖန်ကျန်းရှီကတော့ ယွင်ချင်းဝူရဲ့ ကိုယ်ကနေ မွှေးပျံ့တဲ့ အနံ့ကို ရှူရှိုက်နေရတယ်။
“ငါ လာပြီ ။”
“သခင်လေး ဆန္ဒ ရှိရင် ဆက်ပြီး လုပ်ပါ။”
ဖန်ကျန်းရှီကတော့ ခေါင်းငြိမ့် လိုက်တော့တယ်။ သူ့လက် တော့ လျှပ်စီး တစ်ခုလို လေပြေတိုက်ခတ်သွားသလိုမျိုး ယွင်ချင်းဝူရဲ့ မျက်နှာကာကို ဆွဲဖြုတ်သွားခဲ့တယ်။ အရမ်းကို လျင်မြန်လွန်းလို့ လေထုကို ထိုးဖောက်သွားသလို ထင်မြင်ရတယ်။
အဲ့ဒီ့အချိန်မှာတော့ ဖန်ကျန ်းရှီရဲ့ ညာလက် ရွေ့လျားသလို ယွင်ချင်းဝူလည်း ရွေ့လျားသွားတယ်။ သူမရဲ့ ဖော့ဖယောင်းလို သွယ်ပျောင်းလှတဲ့ ကိုယ် ခန္ဒာလေးတော့ ကွေးညွှတ်သွားတော့တယ်။
ခြေတစ်လှမ်း မြေပြင်ပေါ် ချလိုက်တာနဲ့ နှင်းဆီပန်းပေါင်း ရာချီ ဖူးပွင့်သွားသလိုမျိုး လွမ်းမောဖွယ် ကောင်းလှတယ်။ ဒါပေမယ့်လည်း သူမ ခြေဖျားထောက်ခါ ခုန်လွားလိုက်ပြီးနောက်မှာတော့ တစ်ပတ်လည်ပြီး ပြန်လှည့်လိုက်တယ်။
သူမရဲ့ နှင်းလို ဖြူဖွေးတဲ့ ပုံစံလေး ကြာဖြူ ပန်းလေး တစ်ပွင့် ရုတ်တရက် ပွင့်ဖူး လာသည့်နှယ် …..
အပိုင်း (၁၂၄) ပြီး၏။
အပိုင်း ( ၁၂၅)
“ လက် နှစ်ဖက် စလုံး သန်မှာဖို့ လိုတယ်။”
ဘာသာပြန်သူ-Enri Thaw
ကြာပန်းဖြူ နှင်းဆီရဲ့ အလှကို မယှဉ် နိုင်သလို ပျိုနီပန်းလိုလည်း ကျက်သရေ မရှိ ဘူး.။ ဒါပေမယ့် အားလုံးထဲ မှာ ကြောက်စရာ အကောင်းဆုံးဖြစ်နိုင်တယ်။
အခုအချိန် သူ့ရှေ့မှာ ရှိနေတဲ့ ယွင်ချင်းဝူလိုပဲ.။
မထည်ဝါတဲ့ အရောင်မဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားပေမယ့်လည်း သူမ ဆီက ပျံ့လွင့်လာတဲ့ လေထုတော့ အတော်လေး ပြင်းထန်လှတဲ့ အရှိန်အဝါ အငွေ့ အသက် ဖြစ်တယ်။
ဒါ့ အပြင် ယွင်ချင်းဝူရဲ့ အရှိန်နှုန်းကတော့ မြန်လွန်းလှတယ်။ အနည်းဆုံးတော့ ဖန်ကျန်းရှီရဲ့ ညာဘက်လက်ထက်ကို မြန်ဆန်တယ်။ လူတစ်ယောက် ဘယ်လိုပဲ ခုန်ခုန် သူမကတော့ ကျွမ်းကျွမ်းကျင်ကျင်ကို ရှောင်ရှားနိုင်ပါတယ်။
သိသာ ထင်ရှားစွာနဲ့ပဲ။
သူမက ဒီ့အတွက် အတော်ကြာကြာထဲက ပြင်ဆင်ထားပြီးသားဖြစ်တယ်။ ဒီ အရာကို ကြုံတွေ့လာတဲ့ အချိန်မှာ ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာ ကြိုတင် လေ့ကျင့်ပြီးသား ဖြစ်တယ်။
သူမရဲ့ လှပတဲ့ ကိုယ် ခန္ဒာတော့ နှင်းပွင့်လေးလို လွင့်မျောနေခဲ့တယ်။
ဒါပေမယ့် စိတ်မကောင်းစရာကတော့ သူမကိုယ်ကို လှည့်လိုက်ချိန်မှာပဲ လက်တစ်ဖက် သူမရဲ့ မျက်နှာ ရှေ့မှာ ပေါ် လာခဲ့တယ်။ ကြည့်ရတာ ဒီ အခွင့်အရေးကို စောင့် နေတာ ကြာတဲ့ ပုံပဲ။
လက်တစ်ဖက်။
ဒီ လက်က ဘယ်ကနေ ရောက်လာတာလဲ။
ယွင်ချင်းဝူကတော့ နားမလည် ပါဘူး။ ဖန်ကျန်းရှီ သူမဆီကို ခုန်တာလည်း မမြင်လိုက်ပေမယ့် ဘယ်လိုလုပ်များ ဖန်ကျန်းရှီရဲ့ လက်က သူမရဲ့ မျက်နှာရှေ့ကို ရောက်နေတာလဲ။
ဒါပေမယ့် ဘာလို့ နောက် လက်တစ်ဖက် ရှိနေပြန်တာလဲ။
အရေးကြီးတာက သူမ တစ်ပတ်လည်လိုက်တဲ့ အချိန်မှာ ဒီ လက်ရဲ့ လက်မောင်းနဲ့ တိုပ်မိသွားတာပဲ ဖြစ်တယ်။
ဒါပေမယ့် သူမရဲ့ မျက်နှာပေါ်မှာ တော့ အေးသည်ထက် အေးလာတော့တယ်။ သူမရဲ့ မျက်နှာကာ နက်တော့ ကွာကျသွားပြီဖြစ်တယ်။
“မင်း…” ယွင်ချင်းဝူက ဖန်ကျန်းရှီ လက်ထဲက သူ့ရဲ့ မျက်နှာကာကို မြင်လိုက်ချိန်မှာတော့ မျက်စိလည်သွားတော့တယ်။
လှပတဲ့ မျက်နှာလေး တော့ နောက် တစ်ကြိမ် ထွက်ပေါ် လာပြန်တယ်။ သူမရဲ့ သွင်ပြင် တကယ့်ကို အနုစိတ် ဖန်တီးထားတဲ့ ပန်းချီကား တစ်ချပ်နဲ့ တူလွန်းလှတယ်။ နှင်းလွှာတွေလို ဖြူဖွေး လှတဲ့ အသားအရေနဲ့ နူးညံ့နီထွေးတဲ့ နှုတ်ခမ်းလေးတွေ အနည်းငယ် ပွင့်ဟ နေတဲ့ အတွက် ဖြူဖွေး ညီတန်းတဲ့ သွားလေး တွေ ကို မြင်နေရတယ်။
ဖန်ကျန်းရှီ ပထမဆုံးအကြိမ် သူမရဲ့ မျက်နှာကာကို ဆွဲဖြုတ် လိုက်ချိန်နဲ့ အရာအားလုံး တစ်ထပ်တည်း တူနေခဲ့တယ်။ ကြာပန်းဖြူလေးရဲ့ ထိတ်လန့်သွားဟန် မှာ စော်ကားခံ၇ ပြန်ပြီ ဆိုတဲ့ အရိပ်အယောင်တွေ ပါဝင်နေပြန်တယ်။
အချိန်ကိုက် ပြောဖို့ အစီ အစဉ် ချထားတဲ့ စကားလုံး တွေ လည်း မဖွင့်ဟ နိုင်တော့ ဘူးဖြစ်သွားတော့တယ်။
လူတစ်ယောက်ရဲ့ တွက်ချက်မှုနဲ့ အစီအစဉ်က ဘယ်လောက်ထိ တိကျပါစေ။ မထင်မှတ်ထားတာတွေ တကယ့်ကို လာရောက်နိုင်တယ်။
ဖန်ကျန်းရှီကတော့ သူ့ရဲ့ ဘယ်ဘက် လက်ထဲက ပဝါ နက်လေးကို ခါယမ်းရင်း သူ့ရဲ့ ရင်ခွင်ထဲကို ကိုယ်တိုင် လာတိုက်သလို ဖြစ်နေတဲ့ ယွင်ချင်းဝူကို ပြုံးပြလိုက်တယ်။
ယွင်ချင်းဝူက သူမ တွက်ထားခဲ့သလိုပဲ ရှောင်လိုက်တယ်။ ဖန်ကျန်းရှီရဲ့ ညာလက်ကို ရှောင်လိုက်တယ်။ ဒါပေမယ့် သူမရဲ့ မျက်နှာကာ ကတော့ ဖန်ကျန်းရှီရဲ့ ဘယ်ဘက်လက်ထဲမှာ အဆုံးသတ်သွားတော့ တယ်။
အရေး ကြီး ဆုံး အချက်ကတော့ လူ နှစ်ဦးရဲ့ တပြိုင်နက် တည်း လှုပ်ရှားမှုပဲ ဖြစ်တယ်။
ဖန်ကျန်းရှီက သူ့ လက်နှစ်ဖက်လုံးကို ဆန့်တန်းထားတာ ယွင်ချင်းဝူ ဘယ်ဘက်ကို လှည့်လိုက်တာနဲ့ ဖန်ကျန်းရှီရဲ့ လက်က အဆင်သင့်ကို စောင့်နေခဲ့တယ်။ဘယ်လိုပဲ ကြည့်ကြည့် ယွင်ချင်းဝူက တစ်ပတ်လည် လိုက်ပြီးတော့ ဖန်ကျန်းရှီရဲ့ ရင်ခွင်ထဲကို တိုးဝင်သလို ဖြစ်နေတော့တယ်.။
ဒီ မြင်ကွင်းကတော့ မြစ်ကမ်းပါးမှာ စောင့်မျှော်နေတဲ့ ကျောင်းတော်သားတွေကို ရူးသွပ်သွားစေနိုင်တယ်။
ချက်ခြင်းကို သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက် လာတာ သတိထားမိလိုက်တော့တယ်။ ထိပါးလိုက်တာ။ ဒီ လောက ရဲ့ အလှပဆုံး ကြာဖြူပန်လေးကို ။ ခွင့်မလွှတ် နိုင်စရာ အပြုအမူပဲ။
“ ယောကျာ်း တစ်ယောက် အနေနဲ့ လက် တစ်ဖက် တည်းကိုပဲ အားကိုးနေလို့ မဖြစ်ဘူး။ လက်နှစ်ဖက် လုံးကို တစ်ပြိုင်တည်း သုံးဖို့ လိုတယ်။ လက် နှစ်ဖက်လုံးလည်း သန်မာဖို့ လိုတယ်။ ” ဖန်ကျန်းရှီက ဒီ လှပတဲ့ ရုတ်တရက် အဖြစ် အပျက်ကို အဆုံးသတ်ပေးလိုက်တော့တယ်။
ယွင်ချင်းဝူရဲ့ မျက်နှာပေါ်က ထိတ်လန့်မှု တော့ ပျောက်ကွယ်သွားပြီး စိတ်ငြိမ် မှုက အစားထိုး ဝင်ရောက်လာတော့တယ်။
သူမနဲ့ နီးကပ် စွာ ရပ်နေတဲ့ လူငယ်ကို တိတ်ဆိတ် စွာ ကြည့်လိုက်တော့တယ်။ သူမက အော်ဟစ်ပြီး မရှောင်ရှားပါဘူး။ အဲ့ဒီ့ အစား ြငိမ်သက်စွာနဲ့သာ ဖန်ကျန်းရှီ လက်ထဲက နေ နောက်ဆုတ်လိုက်ပြီးတော့ သူမရဲ့ ထိုင်ခုံဆီကို ပြန်ထိုင်လိုက်ပါတယ်၊ ။
“ ငါ အခု ပြန်လို့ ရပြီလား။ ” ဖန်ကျန်းရှီကတော့ သူ့ထိုင်ခုံကို ပြန်ထိုင်မယ့် ဟန် မရှိပါဘူး။
“ နင် ပြန်လို့ ရမယ် ထင်နေတာလား။”
“မင်းရဲ့ မျက်နှာကာလဲ ကွာကျသွားပြီလေ။ ငါ သွားရတော့မှာပေါ့။”
“ကြည့်ရတာ ဒီ ကို ဖိတ်ခေါ်တဲ့ အကြောင်းရင်းကို နင် တကယ် မသိဘူးပဲ။” ယွင်ချင်းဝူရဲ့ မျက်လုံးထဲမှာ တော့ ထိတ်လန့်သွားတဲ့ အရိပ် အယောင်တွေ ပေါ်လာတော့တယ်။
“ယွင်ချင်းဝူ ယုံကြည်မှု မြစ် မြို့တော်ကို လာတာ ငါ့အတွက် လာပြီး တီးခတ်ပေးတာ တစ်ခု တည်းတော့ မဖြစ်နိုင်လောက်ပါဘူး။ ငါတွေးနေတာက ။ အကယ်၍ ငါသာ အတွေးအခေါ် စာမေးပွဲမှာ ချန်ပီယံ မဖြစ် ခဲ့ရင် အခု ချိန်မှာ ပြဿနာ တက်နေလောက်ပြီ။ တိုက်ခိုက်ရေး စာမေးပွဲမှာတော့ ရန်ရွှယ် ရှိနေတဲ့ အတွက် ငါ့ကို လောင်းကြေး မထပ်ခဲ့ဘူး။ အခုတော့ ငါက နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်တဲ့ အတွက် ငါ့အတွက် ပြဿနာ ဖြစ်မှာ မဟုတ် ဘူး။ မင်း အတွက်ပဲ ပြဿနာ ဖြစ်မှာ။ ”
“ မင်းက ငါ့မျက်နှာကာကို မလှစ်နိုင်မှာ စိုးရိမ် နေတာလား။ ” ယွင်ချင်းဝူက ဖန်ကျန်းရှီရဲ့ စကားတွေကို ကြားချိန်မှာ မေးလိုက်တယ်။
“ ငါ တစ်ကြိမ် လုပ်နိုင်မယ် ဆိုရင် ဒုတိယ တစ်ခါ လုပ်ဖို့ မစောင့် နိုင်စရာ ရှိမလား။”
“ဒီ တစ်ကြိမ်မှာတော့ မှာတော့ နတ်ဆိုးကျောင်းတော် စားသောက်ပွဲမှာ မုန်တိုင်းကြီး တစ်ခု ဖြစ်လာ နိုင်တယ်။ သခင်လေး ဖန်ကော တက်ရောက်မှာလား။”
“မုန်တိုင်းလာရင် ပြေးရုံပေ့ါ။”
“ ဟ ဟ ” ယွင်ချင်းဝူရဲ့ မျက်နှာမှာ အပြုံး တစ်ခု ဖြစ်ပေါ်လာတော့တယ်။
“တခြားသူတွေက မုန်တိုင်းကို ကြုံလာတဲ့ အချိန်မှာ စိတ်အေ်းအေး ထားပြီး ရင်ဆိုင်ဖို့ ပြောကြတယ်။ ဒါပေမယ့် သခင်လေး ဖန်ကတော့ ပြေးဖို့ ပြောတယ်။ တကယ့်ကို အံ့ဖွယ်ပဲ။”
“ဒါဆို မင်းကိုကော မုန်တိုင်း တစ်ခု အဖြစ် သတ်မှတ်ရမလား။” ဖန်ကျန်းရှီက ယွင်ချင်းဝူကို ပြောလိုက်တယ်။
ယွင်ချင်းဝူရဲ့ မျက်နှာပေါ် မှာတော့ အပြုံး ပျောက်ကွယ်သွားပြီတော့ ပထမဆ့ုး အကြိမ် အနေနဲ့ တွေ ဝေဟန်တွေ ပေါ်လာခဲ့တယ်။ သူမက ဖန်ကျန်းရှီကို မကြည့်တော့ပဲနဲ့ မြစ် ကမ်းပါး ဘေးက ယိမ်းနွဲ့နေတဲ့ မိုးမခ ပင်ကို သာ ကြည့်နေတော့တယ်။
“ ငါ့ ရဲ့ မျိုးရိုး နာမည်က ယွင် (၁) ”
“နားလည် ပြီ။”
…
လှေပေါ်က ဆင်းလာပြီးတဲ့ နောက်မှာတော့ မြစ်ကမ်းဘေးက လေထု ပိုပြီးတော့ အေးစက် လာဟန် ပါပဲ။ ကျောင်းတော်သားတွေ ဖန်ကျန်းရှီကို ကြည့်နေပြန်တယ်။ ဖန်ကျန်းရှီကလည်း သူတို့ ကို ကြည့်နေ ခဲ့တယ်။ သူတို့ တွေကို ကြည့်ရင်း ဖန်ကျန်းရှီက ပြောလိုက်တယ်။
“ မင်းတို့ အားလုံး မအေး ဘူး လား။”
“ အေးတယ်။” ကျောင်းတော်သားတွေ တော့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတော့တယ်။ ဖန်ကျန်းရှီရဲ့ စကားလုံး နောက်က အဓိပ္မာယ်ကို နားမလည် နိုင် ဘူး ဖြစ်နေကြတယ်။
သူတို့ ပြန်ဖြေဖို့ ပြင်လိုက် ချိန်မှာပဲ ဖန်ကျန်းရှီက ထွက်ခွာသွားတော့တယ်။
…….
ဒုတိယ မြောက် နေ့မှာတော့ ယုံကြည်မှု မြစ် မြို့တော် ရဲ့ တံခါးမှာ။
စူးကျိုး မြို့ဂိတ် တံခါးမှာ အစေခံ အဝတ်အစားနဲ့ ရပ်နေခဲ့တယ်။ ငွေအကြေး မြင်းရဲ့ ဇက်ကြိုးကို ကိုင် လာရင်း အေးအေး ဆေးဆေး လျှောက်လာနေတဲ့ ဖန်ကျန်းရှီကို သူ မြင်တဲ့ အချိန်မှာတော့ သူ ချက်ခြင်း ပြေးလာခဲ့တယ်။
“ သခင်လေး သွားတော့မှာလား။”
“မင်းရဲ့ အချက်အလက်တွေက တကယ့်ကို အင်အား ပြင်းထန် လွန်းတယ်။ ” ဖန်ကျန်းရှီက စူးကျိုးကို မြင်လိုက်ချိန်မှာ သူ့ကို အချိန် အတော် ကြာ ရပ်စောင့် နေ မှန်း သိလိုက်တယ်။
“သခင်လေး ဖန်ရဲ့ ချီးမွမ်း မှုကို ကျေးဇူး တင်ပါတယ်။ သခင်က သခင်လေး ဖန် ထွက် ခွာ သွားမှာကို သိတဲ့ အတွက် လာခိုင်းတာ ဖြစ်တယ်။ ဒါပေမယ့် သူ နားမလည်တဲ့ အရာ တစ်ခု ရှိတဲ့ အတွက် တစ်ခု မေးခိုင်းဖို့ လွှတ်လိုက်တာ ဖြစ်တယ်။ ” စူးကျိုးက ဖန်ကျန်းရှီရဲ့ ငွေ အကြေးခွံ မြင်း ဇက်ကြိုးကို ကိုင်ပေးရင်း ပြောလိုက်တယ။် ဖန်ကျန်းရှီနဲ့ အတူ မြို့တော် တံခါးကို ဖြတ်သွားပြီးနောက်
“မေးပါ။”
“ သခင် မေးချင်တာက သုံးထပ်လှေ ပေါ်မှာ သခင်လေး ဖန်က ကြည်နူးဖွယ် ဘာကြောင့် အခိုက်အတန့် မလုပ် ခဲ့တာလဲ။ ဒါပေမယ့် လသာဆောင် စားသောက် ဆိုင်က ကတိကို မေ့ခဲ့ပြီ လား။”
“ဘာကြောင့် လဲ ဆိုတော့ မင်းတို့ သခင်က အရမ်းကို မည်းမှောင် လွန်းတယ်။” ဖန်ကျန်းရှီက ပြုံးရင်း ပြောလိုက်တယ်။
နောက်တစ်ခေါက် လဆောင်စားသောက် ဆောင်ကို သွားရမှာလား။. ဘာလဲ။ သိုးတစ်ကောင်လို သွားပြီး လည်စင်းခံရမှာလား။
“မှောင်မည်းလွန်းတယ်။” စူးကျိုးက စိတ် ရှုပ်၇ှုပ်နဲ့ ရေရွှတ် လိုက်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို လိုက်ပါ ပို့ ဆောင် လိုက်တယ်။ ကောင်းပြီ။ ဖန်ကျန်းရှီကို လာပို့တည်းက စူးကျိုး ပိုက်ဆံနဲ့ လက်ဆောင်တွေ အကြောင်းကို မေ့လိုက်တာ ဖြစ်လိမ့်မယ်။
…
… ယုံကြည်မှု မြစ် မြို့တော်က နေ ထွက်ခွာပြီး နောက်မှာတော့ ဖန်ကျန်းရှီ ငွေ အကြေး ခွံ မြင်းကို ဖုန် လုံးတွေ ဖြစ် ပေါ်တဲ့ အထိ ဒုန်းစိုင်း စီး နင်း သွားတော့တယ်။ လသာဆောင် စားသောက် ဆိုင်မှာတော့ ဝူယွဲ့အာ မှန်ရှေ့မှာ ဘယ်ညာ လှည့်ရင်း သူ့ မျက်နှာကို အပြန်ပြန် အလှန် လှန် ကြည့်နေခဲ့တယ်။
“ မည်းမှောင် လွန်းတယ်။ ဒါက မဖြစ် နိုင် ဘူး။ …. ဒီ လောက် ဖွေး ရွ နေတာကို များ။ တစ်ယောက် ယောက် လာ စမ်း ။”
“ သခင် မိန့်ကြားပါ။” အစေခံ တစ်ဦး ကိုယ်ကို ကိုင်း ညွှတ်ရင်းနဲ့ ဝင်လာ တော့တယ်။
“ငါ့ရဲ့ အသားအရည်ကို မင်း ဘယ်လို ထင်လဲ။”
“ သခင့် အသားအရည်က နှင်းလို ဖြူဖွေး ချောမွေ့ပြီး ပြိုင်ဘက် ကင်း ရှားပါး လှ ပါတယ်။ ကောင်းကင်က လမင်းလို တောက်ပ လွန်းလှပါတယ်။ ”
“ ကောင်းပြီ။ မင်း ထွက်ခွာ နိုင် ပြီ။ ” ဝူ ယွဲ့အာက ခေါင်းြငိမ့်လိုက်တယ်။ မှန်ကို နောက် တစ်ကြိမ် ပြန်ကြည့်ပြီး နောက်မှာ တော့ “ ဒီ နှာဘူး ကောင်က မျက်လုံး ကန်းနေတာလား”
ဆယ့်ငါးရက် ကြာပြီးနောက် ။ မြောက်ပိုင်း ဒေသ မြို့တော်ရဲ့ မြို့တော်ကြီး ငါးခုမှာ မြောက်ပိုင်း ဒေသ မြို့တော်ကြီး ဖြစ်တဲ့ ရွှေရောင် မြို့တော်မှာတော့
ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အရေး ကြီးဆုံးသော စစ်တပ် အင်အား မြို့တော် ဖြစ်တယ်။ ရွှေရောင် မြို့တော်ကြီးရဲ့ ခမ်းနားမှုနဲ့ စရိုက် ကတော့ တကယ့်ကို အံ့သြဖွယ် ကောင်းလွန်းလှတယ်။ များပြားလှစွာသော သယ်ယူ ပို့ဆောင်မှုတွေနဲ့ မရေ မတွက် နိုင်တဲ့ စီးပွားရေး သမားတွေ မြို့တော် တခွင်မှာ ပျားပန်းခတ်မှ လှုပ်ရှား သွားလာနေကြတယ်။
ဘယ်လိုပင် ကြီးမားတဲ့ စီးပွားရေး လုပ်ငန်း ဖြစ်ပါစေ။ ထို စီးပွားရေး လည်ပတ်ဖို့ အပြစ် မပြု ရှောင်ရှားသင့်တဲ့ နေရာတော့ ရှိနေတယ်။ ဘာကြောင့်လဲ ဆိုတော့ မြောက်ပိုင်း ဒေသ နယ်မြေ နတ်ဆိုးကျောင်းတော်ရဲ့ အခြေစိုက် ခန်းမ ကြီး လည်း ဒီ မြို့တော်မှာ တည် ရှိနေကြကြောင့် ဖြစ်တယ်။ ခန်းမကြီး တစ်ခု။ ပညာရှိ ကြီး လေးဦး။ ဆယ့်သုံးခုသော ကျောင်းတော် ထဲက တစ်ခု ။
နတ်ဆိုးကျောင်းတော်ကြီးရဲ့ ဝင်ပေါက်မှာတော့ တောက်ပတဲ့ သံချပ်ကာ ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ စစ်သည်တော်တွေ စောင့်ကြပ်နေကြပါတယ်။ စစ်သည်တော် တွေရဲ့ သံချပ်ကာ နေရာမှာတော့ သွေးနီရောင် တြိဂံ တံဆိပ် ရှိနေပါတယ်။
“နတ်ဆိုးကျောင်းတော်ရဲ့ သွေးနီရောင် စစ်တပ် ( တပ်နီတော်) ”
ထူးချွန်လှတဲ့ ကျွမ်းကျင် စစ်သည်တော်တွေ များစွာ ရှိတဲ့ မြောက်ပိုင်း ဒေသ နတ်ဆိုးကျောင်းတော်ရဲ့ အင်အား ပြယုဂ် တစ်ခု ဖြစ်တယ်။
သတ်ဖြတ်လိုစိတ် ပြည့်နေတဲ့ အငွေ့အသက်တွေ တပ်နီတော်ကြီးရဲ့ စစ်သည် တစ်ဦးချင်းစီ ကိုယ်ကနေ ထွက် ပေါ်နေပါတယ်။ ဒါ့အပြင် တိုက်ပွဲ ခေါ်သံတွေကိုပါ ကြားယောင် လာတော့တယ်။
ဘယ်သူကမှ သူတို့ အနားကို မကပ်ထဲ ကြပါဘူး။
ဒါပေမယ့် ဒီ အချိန်မှာပဲ အစိမ်းရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ငွေဆံထိုးထိုးထားတဲ့ အမျိုးသမီးတော့ တပ်နီတော်ကြီး ဆီကို လျှောက်လာခဲ့တယ်။ သူမရဲ့ အမူအယာကတော့ ထိတ်လန့်မှု စိုးစဉ်းမှ မရှိပဲ ထည်ဝါ ခံ့ညားမှုတွေသာ ပြည့်နေခဲ့တယ်။
နတ်ဆိုးကျောင်းတော်ရဲ့ ကြီးမားတဲ့ ဝင်ပေါက် ကြီးကို ကြည့်လိုက်ပြီးတော့ ခေါင်းမော့ရင်း ရွှေရောင် စာလုံးတွေနဲ့ ထွင်းထု ထားတဲ့ စာလုံးတွေကို ကြည့်လိုက်တော့တယ်။ “ နတ်ဆိုးကျောင်းတော်။” သူမရဲ့ မျက်လုံးထဲမှာတော့ နက်ရှိုင်း တဲ့ အရိပ်အယောင်တွေ ပါဝင်နေခဲ့တယ်။
“ တစ်နှစ်ကြာခဲ့ပြီ ။ နောက်ဆုံးတော့ ငါ ပြန်ရောက်ပြီ။”
ဒီ အချိန်မှာပဲ အနည်းငယ် ပြည့်ဖြိုးတဲ့ ကိုယ်ဟန် သက်လတ်ပိုင်း လူရွယ် သူမကို ကြိုဆိုဖို့ အတွက် နတ်ဆိုးကျောင်းတော်ကနေ ပြေးထွက်လာတယ်။ သူ့ရဲ့ နောက်မှာတော့ တပ်နီတော်ကြီး လိုက်ပါ လာခဲ့တယ်။
အမျိုးသမီးကို မြင်လိုက်တာနဲ့။
လူရွှယ်ရဲ့ မျက်လုံးတွေ တောက်ပသွားတော့တယ်။
“ယွဲ့အာ သခင်မလေး ဘယ်မှာလဲ။ ” လူရွှယ် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီးနောက် သူ့ရဲ့ မျက်လုံးတွေကတော့ အမျိုးသမီးရဲ့ နောက်မှာ တစ်စုံတစ်ခုကို ရှာဖွေ နေခဲ့တယ်။
“ သခင်မလေး ဘယ်မှာလဲ ငါ က ဘယ်လို ပြောရမှာလဲ။” အမျိုးသမီး ယွဲ့အာက ခပ်ထည်ထည် အမူအယာနဲ့ ပြန်ဖြေလိုက်တယ်။
“ အာ… ယွဲ့အာ မင်း ငါ့ကို ပြဿနာ မရှာပဲ မနေနိုင်ဘူး လား။ သခင်ကြီးက သာ သခင်မလေး ကောင်းကင် တာအို ခန်းမကနေ ထွက်ခွာလာတာ သိသွားရင် ဘယ်လိုနေမလဲ။ သမီးလေးကို နေ့နေ့ ည ည လွမ်းနေတာ ။” သက်လတ်ပိုင်း လူရွှယ်ရဲ့ မျက်နှာကတော့ အတော်လေးကို စိတ်ညစ်နေဟန်ပဲ။ ”
ကံမကောင်းစွာနဲ့ပဲ သူ့ရှေ့က အမျိုးသမီးကိုတော့ သူ ပြဿနာ မရှာရဲ ဘူး ဖြစ်တယ်။
ဒီ အမျိုးသမီးက နတ်ဆိုးကျောင်းတော်က အစေခံ တစ်ဦးသာ ဖြစ်ပေမယ့် သူမ ခစားရတဲ့ သူက ချီကူယန် ဖြစ်နေတယ်။ နတ်ဆိုးကျောင်းတော်မှာ သခင်ကြီးထက်တောင် ဂုဏ်ပုဒ် ကြီးမားတဲ့သူ။
ချီကူယန်ရဲ့ အစေခံ တစ်ဦးအနေနဲ့ သူမ ဂုဏ်ကြီးသူ တစ်ဦး ဖြစ်နေတယ်။
ဒါကို ဘယ်သူမှ ငြင်းလို့ မရဘူး။
“ ငါ နင့်ကို ပြောပြနိုင်တာက သခင်မလေး ငါနဲ့ အတူ ပြန်လာတာ မဟုတ်ဘူး။ ” ယွဲ့အာက သူမရဲ့ ခေါင်းကို နည်းနည်း မော့လိုက်ရင်းနဲ့ သက်လတ်ပိုင်း လူရွယ်ကို ဖြတ်ကျော် သွားပြီးတော့ ဥယျာဉ်ထဲကို ဝင်သွားတော့တယ်။
“အတူ မပြန်ဘူး။ ဘယ်လို ဘယ်လို သခင်မလေးက မင်းနဲ့ အတူ ပြန်မလာဘူး။ မင်း ကောင်း ကင်တာအို ခန်းမမှာ လွန်ခဲ့တဲ့ တစ်နှစ်တည်းက သခင်မလေးကို ခစားနေတာ မဟုတ် ဘူးလား။ နောက်ပြီး တောင်ပေါ်က အတူ ဆင်းတာ မဟုတ်ဘူးလား။ ” သက်လတ်ပိုင်း လူရွယ်က တော့ စိတ်ရှုပ်ပြီး ထိတ်လန့်နေတော့တယ်။ သခင်မလေး တစ်ယောက်တည်း အပြင်ဘက်မှာ ရှိနေတာကို တွေးလိုက်ရင် အန္တရာယ် တွေကို တွေးလိုက်မိပြီး နောက်မှာတော့ သူ မေးဖို့ စဉ်းစားမိလိုက်တယ်။ ဒါပေမယ့် နောက် တစ်ခေါက် ပြန်တွေးလိုက်ရင်တော့ သခင်မလေးရဲ့ စွမ်းရည် တွေနဲ့ ဆိုရင် အန္တရာယ် ဆိုတာ မကြုံနိုင်တာပဲ။
“ နင်တကယ့်ကို စကားများတာပဲ ။ သခင်မလေးရဲ့ အတွေးတွေကို ငါ ဘယ်လို သိနိုင်မှာလဲ။ ” ယွဲ့အာကတော့ စိတ်မရှည်တော့ပါဘူး။
“ ဒါဆို…..”
“သခင်မလေးက မှာလိုက်တယ်။ စားသောက်ပွဲနေ့ မတိုင်ခင် သူမ လုံး၀ ပြန်လာခဲ့မယ်။” ယွဲ့အာ သူမလက်တွေကို ခါယမ်းရင်း သေးငယ်ပြီး တိတ်ဆိတ်တဲ့ ဥယျာဉ်ထဲကို လျှောက်လှမ်း သွားတော့တယ်။
“ သခင်မလေး ကူညီပြီး ထုပ်ပိုးပေးထားရမယ်။ နင်တို့လို လူတွေကလေ… ပွစိ ပွစိ နိုင်လွန်းတယ်။”
သက်လတ် ပိုင်း လူရွယ်ကတော့ ဆက်ပြီး မပြောတော့ပါဘူး။ ထွက်ခွာသွားတဲ့ ယွဲ့အာကိုသာ စိတ်ရှုပ်ရှုပ်နဲက ကြည့်နေပါတော့တယ်။
“ စားသောက်ပွဲကြီး ကျင်းပဖို့ နှစ်လလောက် လိုသေးတယ်။ သခင်မလေး က ဘာတွေ တွေးနေတာလဲ။ ” သက်လတ် ပိုင်း အမျိုးသား လမ်းလျှောက်ရင်းနဲ့ ပြောဆိုနေခဲ့တယ်။ ရုတ်တရက် သူ ထိတ်လန့်သွားတော့တယ်။
“ အခုချိန်မှာ သခင်မလေး တောင်အောက် ဆင်းလာမယ့် သတင်းက ကြီးမြတ်သော ရှ မင်းဆက် တစ်ခုလုံးကို ပျံ့ နေလောက်ပြီ။ ဒါပေမယ့်လည်း သခင်မလေးက ပြန်မလာဘူး။ ငါတို့ ဘယ်လို လုပ်ရမှာလဲ။ သခင်ကြီးကို မြန်မြန် သတင်းပို့ရမယ်။”
အပိုင်း (၁၂၅) ပြီး ၏။
(၁) ယွင် တရုတ် လို “တိမ် ” ဆိုတဲ့ အဓိပ္မာယ် ဖြစ်ပြီးတော့ ဖုန်းယွင်ကတော့ “လေ မုန်တိုင်း” ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယွင်ချင်းဝူရဲ့ မျိုးရိုးနာမည် အထက်ဖော်ပြပါ “ မုန်တိုင်းနဲ့ ဆက်စပ်နေပါတယ်။
( သိုင်း လောက မုန်တိုင်းထဲက ဖုန်း နဲ့ သိအော့မုံ့ နောက်ပြီး ပုကျင်းယွင် အဲ့ဒီ့ အဓိပ္မာယ် တွေပဲ။ )
အပိုင်း ( ၁၂၆)
“ ကောင်းကင်ကို ခုန်လွှားနေသော ငါး”
…
လမ်းတစ်လျှောက်မှာတော့ သွားလာခဲ့တဲ့ နေရာ မှန်သမျှကို ပျော်ရွှင်စွာနဲ့ပဲ ဖြတ်သန်းခဲ့တယ်။
မြောက်ပိုင်း ဒေသ မြို့တော်ကြီး ငါးခုမှာ တစ်ပြိုင်နက်တည်း ကျင်းပတဲ့ မြို့တော် စာမေးပွဲ တယ် ဒါကြောင့် တစ်ချိန်တည်းမှာပဲ ဂုဏ်ပြု အသင်းတွေက ဒေသ နဲ့ ရွာတွေကို ဖြတ်သန်းပြီးတော့ သတင်းကောင်းကို ကြေညာဖို့ သွားပြီ ။
ဘယ်လို ကြီးမားတဲ့ ဒေသမှာ ဖြစ်စေ။ အနည်းဆုံး တော့ ကျောင်းတော်သား တစ်ယောက် မြို့တော် စာမေးပွဲကို ဖြတ်ကျော် နိုင်ကြတယ်။
နောက်ပြီးတော့ ။ ဒေသမြို့တော်ကြီးတွေရဲ့ မြို့တံတိုင်းမှာ ပြန်လာတဲ့ ကျောင်းတော်သားတွေကို စောင့်ကြိုနေတဲ့ အဖွဲ့ တစ်ဖွဲ့ အမြဲ ရှိတယ်။ ဒါ့အပြင် အထူးပွဲတွေကို ဂုဏ်ပြုကျင်းပ ပေးသူ တစ်ချို့ လည်း ရှိတယ်။
ဥပမာ အားဖြင့် အကျော်ကြားဆုံး သော ကစားနည်းတွေ ဖြစ်တဲ့ မီးအိမ် စကားထာ။ ဒါမှ မဟုတ် လှပျိုဖြူလေးတွေကို ပလ္လင်ပေါ်မှာ ထင်ထားပြီးတော့ လက်ထပ်နိုင်ဖို့ အတွက် ယှဉ်ပြိုင်ရတာတွေ ။ တိုက်ခိုက်ရေး ပြိုင်ပွဲတွေပါ ရှိတယ်။
လမ်းတစ်လျှောက် လုံးမှာ့ ဖန်ကျန်းရှီက ရပ်နားလိုက် ပွဲတော်တွေ ဝင် ဆင်နွှဲလိုက်။ ပွဲတော် တွေ မှာ စားသောက်လိုက် လုပ်ရင်းနဲ့ သိပ်ကို ပျော်ရွှင် အေးဆေးနေခဲ့တယ။် ထုံးစံ အတိုင်း မီးအိမ် စကားထာတော်တော်များများကို ခန့်မှန်းနိုင်တယ်။ ပြီးတော့ မနာလိုတဲ့ အကြည့်တွေအောက်မှာ ကြင်နာနေတဲ့ အတွဲတွေကိုလည်း ဖျက်လို ဖျက်ဆီး လုပ်ခဲ့သေးတယ်။
မီးအိမ် စကားထာနဲ့ ချစ်ကြည်နူးနေကြတဲ့ စုံတွဲတွေက ကော ဆက်စပ်မှု ရှိလို့ လား။
တကယ်တမ်းတော့ မှန်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီရဲ့ စိတ်ကြိုက် စကားထာကတော့ ဘယ်လို ကောင်လေးနဲ့ ကောင်မလေးက မီးအိမ် ကို ရွေးချယ်မှာလဲ ဆိုတာပဲ ။ နောက်ပြီးတော့ ကောင်မလေးက ဒီ မီးအိမ်ကို “ လိုချင်တယ်။လိုချင်တယ်။…” လို့ အော်လိုက်ရင်
ကောင်လေးက ဘယ်လို ခေါင်း ချောင်အောင် စဉ်းစား ပါစေ ကောင်မလေး လိုချင်တဲ့ မီးအိမ် ရဲ့ စကားထာ အဖြေကို မဖြေနိုင်ဘူး။
ဒီ အချိန်မှာတော့ ဖန်ကျန်းရှီ သူတို့ ရှေ့မှာ ပေါ်လာတော့တယ်။
သူ့ရဲ့ ကြီးမြတ်တဲ့ အလုပ်ကို လုပ်ပြီးနောက်မှာတော့ လမ်းလျှောက်ပြီး ထွက်သွားတော့မယ်။ နာမည်နဲ့ သူ့ရဲ့ စွမ်းရည်တွေကို ဖော်ပြခြင်း အလျဉ်း မရှိပဲနဲ့။
…
မနက်ခင်း တောင်တန်းရဲ့ သစ်တောထဲမှာတော့ မြူလွှာ ပါးပါးလေး ရှိနေတယ်။ ငှက်လေးတွေ ရဲ့ အသံ ကို ရှင်းရှင်းလင်း လင်း ကြားရတယ်။ မနက်ခင်း ရေချိုးပြီးခါစ မိန်းမပျိုလေး တစ်ဦး လိုမျိုး သူမရဲ့ ကိုယ် ကနေ ရေစက် ရေပေါက် လေးတွေစီးကျ သံ ကို ကြားနေရတယ်။ ရီေ၀ ယစ်မူးဖွယ် ဘဘာ၀ အလှတရားတစ်ခုပဲ။
နီမြန်းတဲ့ ပိုးသား ဝတ်စုံကို ဝတ်ထားတဲ့ ရုံးတော်သားတွေ စီတန်းရင်း တောင်ပေါ် လမ်းကနေ ဆင်းလာတော့တယ်။
သူတို့ရဲ့ မောင်းတွေကို တီးမှုတ်သံ က ငှက်တွေကို ကြောက်လန့်စေတယ်။ သစ်ပင်တွေ ပေါ်မှာ အစာရှာနေတဲ့ ငှက်တွေ လန့်ပြီး ပျံပြေးသွားကြတော့တယ်။ အဲ့ဒီ့နောက် တောင်ဘက် တောင်ရွာကို ဖြတ်သန်းပြီး တော့ မြောက်ဘက်ရွာ ဆီကို ခရီးဆက် ပျံသန်းသွားတော့တယ်။
တောင်ဘက်တောင်ရွာရဲ့ အရင် သူကြီးငေ်းကတော့ ရွာဝင်ပေါက်မှာ တိတ်တဆိတ် ရပ်ရင်းနဲ့သာ ဖြတ်သန်းသွားတဲ့ ဂုဏ်ပြု အဖွဲ့ကို ကြည့်နေတော့တယ်။ သူ့ နှလုံးထဲက စိတ်ကူးတွေက တကယ့်ကို ဖြစ်လာခဲ့တယ်။ ဒီ ဂုဏ်ပြု အသင်းကို ဒုတိယ အကြိမ် မြင်ရတာ ဖြစ်ပေမယ့် ….. သူ့ရဲ့ နှလုံးခုန်သံ တစ်ချက်ချင်းစီတိုင်းမှာ နာကျင်မှုက တဖြည်းဖြည်း တိုးလာခဲ့တယ်။
“ ရွာသူကြီး မုန့် ။ ငါတို့ သွားရတော့ မယ်။” ဆရာဝတ်စုံကို ဝတ်ထားသူ တစ်ဦး ပြောလိုက်တယ်။ ပန်းကန်းံလုံး တစ်လုံးလို မျက်နှာဝိုင်းဝိုင်းနဲ့ သူတော့ ဝမ်အန်ဟွ ပဲ ။
သူ့ရဲ့ နောက်မှာတော့ ဆရာ ဝတ်စုံ ဝတ်ထားသူ တစ်ဦး နဲ့ အတူ စာအုပ်တွေ အပြည့်တင်ထားတဲ့ လှည်းနှစ်စီး ရှိတယ်။
“မင်းတို့ သွားတော့မှာလား။” ရွာသူကြီးမုန့်က ဆေးတံ ကြီးကို ကိုက်ရင်း မေးလိုက်တယ်။ သူ့ရဲ့ အသက်ရှူ သံတွေ တော့ လေးလံ နေခဲ့တယ်။
“ အမိန့်တော်က ရောက်ရှိလာပြီ။ တာအို ခန်းမကို မြောက်ရွာဆီ ပြောင်းရွေ့ ရမယ်။ ရွာချင်းက တောင် တစ်လုံးပဲ ကွာတာလေ။ အကယ်၍ ရွာသူကြီးသာ တစ်ခုခု လိုအပ်တာ ရှိရင် ကျွန်တော့် ဆီကို လူလွှတ်လိုက်ပါ။ ” ဝမ်အန်ဟွ က မုန့်ပိုင်ကို အနည်းငယ် ဦးညွှတ်ရင်း ပြောလိုက်တော့တယ်။
“ ဟူးးး …”
မုန့်ပိုင်က သက်ပြင်းချလိုက်ရင်းနဲ့ လမ်းလျှောက်ပြီး ရွာထဲကို လျှောက်သွားတော့တယ်။ သူ့ရဲ့ ပုံရိပ်တော့ ပြောမပြနိုင်အောင် ကို အထီးကျန် ဆန်လွန်းလှတယ်။
…
တောင် ဘက် ရွာမှာတော့ အထီးကျန် မှုတွေနဲ့ ပြည့်နေပင်မယ့်လည်း မြောက်ရွာမှာတော့ ပျော်ရွှင်မှုတွေ လှုပ်ရှားမှု တွေနဲ့ ပြည့်နေခဲ့တယ်။
ဝတ်ရုံနက်နဲ့ ဟွေ့အန်း ဒေသ မှူး ကတော့ ကျန်းယန်ဖိန်ကို ဦးဆောင်ပြီးတော့ ။ သူကိုယ်တိုင် ဖန်ဟို့ဒဲနဲ့ အတူ မြောက်ရွာ ဝင်ပေါက် က သစ်ပင်ကြီး မှာ စောင့်ဆိုင်းနေခဲ့တယ်။ ဂုဏ်ပြုအဖွဲ့ရဲ့ ရောက်လာတာကိုပေါ့။
ကျန်းယန်ဖိန်နဲ့ ရွာသားတွေကတော့ ဒီ အချိန်မှာ မယုံကြည်မှု တွေနဲ့ ပြည့်နေခဲ့တယ်။
“ ဖန်ကျန်းရှီက မြို့တော် စာမေးပွဲကို အောင်တယ်။”
“ နောက်ပြီးတော့ နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်လာတယ်။”
“ တောင်ရွာက တာအို ခန်းမကလည်း မြောက်ရွာကို ရွှေ့လာတယ်။”
“မြောက်ပိုင်း ဒေသ ရဲ့ တာအို ခန်းမကလည်း တောင်ရွာကို ပြောင်းရွေ့လာတော့မယ်။ ဒေသမှူး ကိုယ်တိုင်လည်း မြောက်ရွာကို လာပြီး ကြိုဆိုတယ်။ တာအို ခန်းမ ကို တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေလည်း ယူလာသေးတယ်။”
အဖြစ်အပျက် အကုန်လုံး ရွာသားတွေရဲ့ စိတ်ကို လှုပ်ရှားစေတယ်။
ဒီလိုမျိုး ရွာသေးသေးလေးမှာ ဒီ လို ကိစ္စ မျိုးတွေ ဖြစ်ပျက် လာမယ်လို့ မတွေးခဲ့ ဖူးဘူး။ ဒါမှ မဟုတ်။ အပေါ် မှာ ပြောခဲ့တဲ့ အရာတွေ အကုန်လုံးက အရင်တုန်းကလည်း တစ်ခါမှ မဖြစ်ခဲ့ ဘူးတာတွေ။ အခု တော့ တကယ် ဖြစ်လာနေတယ်။
“ဒေသ မှူးဝမ်။ … ခင်ဗျား မှားပြီး လာတာတော့ မဟုတ်ပါ ဘူးနော်။” ကျန်းယန်ဖိန်က ရွှေရောင် အလင်းတန်းတွေ ပြည့်နေတဲ့ ကောင်းကင်ကို စိတ်လှုပ်ရှားစွာ မော့ကြည့်ရင်း ပြောနေတော့တယ်။
“ ရွာသူကြီး ကျန်း ။ မင်း ဘာတွေ ပြောနေတာလဲ။ ဒီ တစ်ကြိမ် ယုံကြည်မှု မြို့တော် စာမေးပွဲက မြောက်ပိုင်း ဒေသ မြို့တော်ကြီးရဲ့ ငါးခုရဲ့ ကျောင်းတော်သားတွေ စုဝေးမှုက တကယ့်ကို အာရုံစိုက်မှု ပြင်းထန်လှတယ်။ သခင်လေး ဖန်ရဲ့ နှစ်ထပ်ကွမ်း ချန်ပီယံ ရတဲ့ သတင်းက ဒီ လောက်တောင် ကြီးမားနေတာ။ ငါက ဘယ်လိုလုပ် မှားနိုင်မှာလဲ။”
ဒေသမှူးဝမ်ကတော့ စိတ်မရှည်ဟန် မရှိပါဘူး။ ဒါ့အပြင် ချိုချိုသာသာ ရှင်းပြ နေခဲ့တယ်။
ဟွေ့အန်း ဒေသ မှာတော့ မြောက်ရွာရဲ့ သတင်းကောင်းတော့ ပျံ့နှံ့ နေတော့တယ်။ ဒေသတွင်းမှာတော့ မြို့တော် တာအို စာမေးပွဲရဲ့ ချန်ပီယံ ဖြစ်တဲ့ ပျော်ရွှင်ဖွယ် သတင်း တကယ့်ကို ကျော်ကြား လွန်းလှတယ်။ ဒါ့အပြင် နှစ်ထပ်ကွမ်း ချန်ပီယံ။
ပိုပြီးတော့ အရေးကြီးတာက ယုံကြည်မှု မြစ် မြို့တော် စာမေးပွဲ သာမာန် မဟုတ်တာကို လူတိုင်း သိကြတယ်။
နောက်ပြီးတော့ သူ့ရဲ့ ဂုဏ်ပုဒ်နဲ့ ဆိုရင် မြောက်ရွာကို ညတွင်းချင်း ပြေးလာစရာ အကြောင်းမှ မရှိတာ။
ဖန်ဟို့ဒဲရဲ့ အမူအယာကတော့ ဒီ အချိန်မှာ သိပ်ပြီးတော့ ခံစား လွယ်နေသလို စိုးရိမ်နေခဲ့တယ်။ အရင်တကြိမ် မှာတုန်းကတော့ ဖန်ကျန်းရှီ ဒေသတွင်း တာအို စာမေးပွဲ နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်လာခဲ့ချိန်မှာတော့ အများကြီး မျှော်လင့်ချက် မထားတော့ ဘူး။
အခုကတော့ ကွာခြားတယ်။
ဒါက မြို့တော် စာမေးပွဲ ။
ဒီ စာမေးပွဲကတော့ သမိုင်းထဲမှာ မှတ်တမ်း တင်ခံ ရတာ ။
“ ဒုန်။” မောင်းသံ အဝေး တစ်နေရာ ကနေ ခပ်သဲ့သဲ့ ပျံ့လွင့် လာတော့တယ်။
အဲ့ဒီ့နောက် ။ မြူ မှုန်ကြားကနေ အနီရောင် ဝတ်ထားတဲ့ ရုံးတော်သားတွေ ပေါ် ထွက်လာတယ်။
“သူတို့ ဒီ မှာ ။ သူတို့ ဒီ မှာပဲ”
“ ဂုဏ် ပြု အသင်းက ရုံးတော်သားတွေ ရောက်လာပြီ။ ”
“ဘာလို့ အခုထိ အိပ်မက် မက်နေတယ်လို့ ထင်နေသေးတာလဲ။”
ရွာသားတွေ အတော်လေးကို စိတ်လှုပ်ရှားနေကြတယ်။ ဂုဏ်ပြု အသင်းက ရုံးတော်သားတွေကို မြင်တာတောင် မှ သူတို့ စိတ်ထဲမှာ မယုံနိုင်ဘူး ဖြစ်နေကြတယ်။
ဒါပေမယ့်လည်း လက်တွေ့က တော့ လက်တွေ့ပဲ ။
အထူးသဖြင့် ဂုဏ်ပြုပွဲက ရုံးတော်သားတွေ သူတို့ အနားကို ရောက်လာပြီး နောက်။့ ဒေသမှူး ဝမ်ကို ကျော်ဖြတ်သွားပြီး့ ဖန်ဟို့ဒဲ ဆီကို ရောက်လာတော့တယ်။
ရွာသားတွေ အကုန်လုံးကတော့ နားလည်ကြပါတယ်။
ဖန်ကျန်းရှီက တကယ်ပဲ မြို့တော် စာမေးပွဲကို အောင်မြင်ခဲ့တယ်။ ဒါ့အပြင် နှစ်ထပ်ကွမ်း ချန်ပီယံ လည်း ရသေး။
ကျန်းယန်ဖိန်ကတော့ ကောင်းကင်ပြာကြီးကို မော့ကြည့်ရင်း အော်ဟစ်လိုက်တယ်။
“မိုးနတ်မင်းကြီးက တကယ့်ကို အမြင်ရှိတာပဲ။”
တခြားတစ်ဖက်မှာတော့ ရွာသားတွေရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်နေခဲ့တယ်။ မြောက်ရွာမှာ တကယ်ပဲ ကျောင်းတော်သား တစ်ယောက် ပေါ်ထွက် လာခဲ့ပြီ။ ဒါအပြင် အင်အားကြီးမားတဲ့ ကျောင်းတော်သား နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်တဲ့သူ။
လွန်ခဲ့တဲ့ ၈ နှစ်တုန်းက ။ ဖန်ကျန်းရှီတို့ မိသားစုကို ကျန်းယန်ဖိန်က မြောက်ရွာဆီ ဖိတ်ခေါ် လာခဲ့တာ ။
တစ်နေ့မှာ ဒါတွေ ဖြစ်လာမယ်လို့ ဘယ်သူတွေးမိမှာလဲ။
တောင်ကြားရွာလေးကနေ နဂါးတစ်ကောင် ရုတ်တရက် ပေါ်လာခဲ့ပြီ။ စိတ်မလှုပ်ရှားပဲ ဘယ်လို နေနိုင်မှာလဲ။ ဘယ်သူက မျက်ရည် မကျပဲ နေမှာလဲ။
ဖန်ဟို့ဒဲ ရဲ့ လက်တွေကတော့ တုန်ယင်နေခဲ့တယ်။ အသက် ၄၀ ရှိပြီ ဖြစ်တဲ့ လူတစ်ယောက် ဖြစ်ပေမယ့်လည်း သူ့မျက်လုံးကနေ ကျဆင်းလာတဲ့ မျက်ရည်တွေကိုတော့ မရပ်တန့်နိုင်ပါဘူး။ သူ့ရဲ့ မျက်နှာကတော့ လေပြင်းဒဏ်ကို ကြံ့ကြံ့ခံနေတဲ့ တောင်ကြီး တစ်ခုလိုမျိုး ဖော်ပြ ချင်းငှာ မစွမ်းသာတဲ့ ကျေနပ်မှုတွေ ပြည့်နှက်နေခဲ့တယ်။
ဒီ လိုမျိုး သား တစ်ယောက် မွေးထားမှတော့ သူ က ဘာ ထပ်ပြီး တောင်းဆိုရမှာလဲ။
“သားလေး…. အမေ စောင့်နေတယ်။ ငါ … ငါ သူ့ကို သတင်းကောင်း သွားပြီး အကြောင်းကြားရမယ်။ ” ဖန်ဟို့ဒဲ တော့ အနီရောင် စာအိတ် နဲ့ ရွှေရောင် စာလုံးတွေကို ကြည့်လိုက်တော့တယ်။ သူ့ရဲ့ အသံကတော့ တုန်ယင်နေခဲ့တယ်။
“ အရင် တစ်ကြိမ်မှာတော့ ဒေသတွင်း စာမေးပွဲ ဖြစ်လို့ ဖန်ကျန်းရှီ ခဏ ပြန်လာခဲ့တယ်။ မြို့တော် စာမေးပွဲ ပြီးတဲ့ နောက်မှာတောင် ပြန်လာနိုင်မလား။ ” တခြား သော ရွာသားတွေ တောင်ကြားလမ်းကို ကြည့်ရင်း ပြောလိုက်တော့တယ်။
“ ဟ ဟ သခင်လေး ဖန်က နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ ရပင်မယ့် နတ်ဆိုးကျောင်းတော်က ကျင်းပတဲ့ စားသောက်ပွဲကို တက်ရောက်ဖို့ လိုသေးတယ်။ ဒါ့အပြင် သူ့မှာ ကောင်းကင်ရတနာ ခန်းမကြီးကို ဝင်ရမယ့် အခွင့်အရေးရှိနေတယ်။ ကျွန်တော် ခန့်မှန်းရမယ် ဆိုရင်တော့ အခုချိန်မှာ ဖန်ကျန်းရှီက ရွှေရောင် မြို့တော်ကို သွားမယ့် လမ်းမှာ ရှိနေမှာ ။” ဒေသမှူးကတော့ ရွာသားတွေရဲ့ မေးခွန်းကို ပြုံးပြုံးကြီး ပြန်ဖြေနေခဲ့တယ်။
“ နတ်ဆိုးကျောင်းတော်က စားသောက်ပွဲကို ကျင်းပမယ်။”
“တကယ့်ကို အံံသြစရာပဲ။ နတ်ဆိုးကျောင်းတော် ..”
“ဒါဆို ကောင်းကင် ရတနာ ခန်းမဆိုတာ ဘာကြီးလဲ။”
“ မင်း မသိရင် မမေးနဲ့တော့ ။ သေချာတာကတော့ ရတနာတွေ အများကြီးရှိနေတာပဲ။ နတ်ဆိုးကျောင်းတော်ဆိုမှတော့ ..”
“ ဒါဆို ကျန်းရှီက ဘယ်အချိန်မှ ပြန်လာမှာလဲ”
“ဘာလို့ ပြန်လာရမှာလဲ။ ငါတို့ရွာက ဒီလောက် သေးတာ။ ဒီ ကလေး ဖန်ကျန်းရှီမှာ အလားအလာ ကောင်းတွေ အများကြီး ရှိနေပြီ။ လောကကြီးမှာ ကြီးမားတဲ့ ကိစ္စတွေ အများကြီး လုပ်ရအုန်းမှာ။”
ရွာသားတွေကတော့ ဒေသမှူးရဲ့ စကားတွေကို ကြားပြီးနောက် ။ ထပ်ပြီး ဆွေးနွေးကြပြန်တယ်။ ဖန်ကျန်းရှီ ရွာကို ခဏ ပြန်လာဖို့ မျှော်လင့်နေပင်မယ်လည်း။ မြို့တော် တာအို စာမေးပွဲမှာ ငါးကြင်းကနေ ရွှေ နဂါး ဖြစ်သွားခဲ့ပြီ။ ဒါကို သူတို့ အကုန် နားလည်ကြတယ်။
“ ဟုတ်တယ်။ ဒီ လိုမျိုး အချိန်ဖြုန်းပြီး ပြန်လာဖို့ တကယ့်ကို ခက်လိမ့်မယ်။ နတ်ဆိုးကျောင်းတော်မှာ ကျင်းပတဲ့ စားသောက်ပွဲကြီးကို ဆင်နွှဲ ပြီးရင်လည်း လာနိုင်မှာ မဟုတ်လောက်ဘူး။ တော်ဝင် ယန် မြို့တော်ကို သွားရအုန်းမှာ။” ဒေသမှူး ဝမ်က အနာဂတ်ကို ကြိုမြင်နေသလိုမျိုး ပြောလိုက်တယ်။
“ တော် … တော်ဝင် စာမေးပွဲ ကို ဖြေရမှာလား။” ရွာသားတစ်ယောက်တော့ မျက်လုံး ပြူးသွားတော့တယ်။
“ ဖန်ကျန်းရှီ သုံးဖို့ ပိုက်ဆံကော လောက်ရဲ့လား။ ” ကျန်းယန်ဖိန်ကတော့ ဖန်ကျန်းရှီ ပိုက်ဆံ အလုံ အလောက် မရှိတာကို တွေးမိပြီးတဲ့ နောက်။ မြို့တော် စာမေးပွဲ ပြီးတာနဲ့ ပြန်မလာရင် အသုံးစရိတ် ပျက်သွားမှာကို စိုးရိမ်နေတော့တယ်။
ဖန်ကျန်းရှီ ရွှေရောင် မြို့တော်နဲ့ တော်ဝင် ယန်မြို့တော်တွေကို သွားရမယ်လို့ တခါမှ မတွေးခဲ့ဖူးဘူး။ ဒီ ခရီး တစ်လျှောက် လိုတဲ့ ငွေလည်း နည်းမှာ မဟုတ်ဘူး။
သူတွေးလိုက်တာနဲ့ အတော်လေးကို အပြစ်မကင်းသလို ခံစားနေရတယ်။
သူတို့ စကားပြောနေချိန်မှာပဲ မြင်းနှင်သံ တောင်ကြားလမ်းလေးကနေ ထွက်ပေါ်လာတော့တယ်။
“ကြည့်ရတာ တောင်ဘက် တောင်ရွာက တာအို ခန်းမ က ဆရာတွေ ပြောင်းရွှေ့လာတာ ရောက်ပြီ ထင်တယ်။ ဒီ လောက်မြန်မယ်လို့ မထင်ထားဘူး။ ” ရွာသားတွေက ရယ်ရယ် မောမော ပြောနေကြတော့တယ်။
တောင်ဘက်တောင်ရွာ တာအို ခန်းမက မြောက်ရွာကို တကယ်ပဲ ပြောင်းရွေ့ လာတော့တယ်။
မြောက်ရွာက ရွာသားတွေ အကုန်လုံးတော့ ပျော်ရွှင်နေကြတယ်။
အရင် တစ်ချိန်တုန်းကတော့ တောင်ရွာမှာ ရှိတဲ့ တာအို ခန်းမကြောင့် မြောက်ရွာသားတွေ အတော်လေး မနာလို ဖြစ်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဒီရေ အလှည့်အပြောင်း ရှိလာပြီ။ ဒီ နှစ်မှာ တော့ သူတို့ရဲ့ အလှည့် ဖြစ်သွားပြီ။
အပိုင်း (၁၂၆ ) ပြီး၏။
အပိုင်း (၁၂၇)
“ ကောင်းကင် တာအို ကျောင်းတော် သား ”
ဒေသမှူးရဲ့ စိတ်ထဲမှာတော့ စိတ် မှာတော့ စိတ် လှုပ်ရှားမှုတွေ ပြည့်နေခဲ့တယ်။ ဒီ တာအို ခန်းမ ဆိုတဲ့ အဓိပ္မာယ်က သာမာန် မဟုတ်မှန်း သူကောင်းကောင်း သိတယ်။ ဘာကြောင့် လဲ ဆိုတော့ နတ်ဆိုးကျောင်း တော်ရဲ့ မင်းသီး ကိုယ်တိုင် စီစဉ် ပေးထားတာ ကြောင့်ပဲ။
မြူနှင်းတွေ ကြားမှာ ထွက်ပေါ် နေတဲ့ မြင်းခွာ သံတွေက နီးသထက် နီးလာတော့တယ်။
မြင်းတစ်ကောင်ကို စီးနင်းလာတဲ့ပုံရိပ် ပေါ်လာတော့တယ်။ မိုးပြာရောင် ဝတ်စုံ လေထဲမှာ တလွင့် လွင့် ဖြစ်နေတော့တယ်။ သူ့ရဲ့ နှုတ်ခမ်းစွန်းတွေ တွန့်ကွေးရင်း အပြုံး တစ်ခု ဖြစ်ပေါ်နေတယ်။
“ ဖန်ကျန်းရှီလား။” ဒေသမှူး ပါးစပ်အဟောင်းသား နဲ့ ငေးကြည့်နေတယ်။
ဒေသတွင်း တာအို စာမေးပွဲ ဒေသမှူး စီစဉ်တာ ဖြစ်တဲ့ အတွက်။ သူက ဖန်ကျန်းရှီကို ကောင်းကောင်းသိတယ်။ ဒါပေမယ့် သူ တော့ မယုံနိုင်သေးဘူး။
“ ဖန်ကျန်းရှီ ပြန်လာတယ်။”
“သူက ဘာလို့ ပြန်လာတာလဲ။ နတ်ဆိုးကျောင်းတော်မှာ ကျင်းပတဲ့ စားသောက်ပွဲကို တက်ရမှာ မဟုတ် ဘူးလား။”
ရွာသားတွေ တော့ မြူနှင်း ကြားက ပေါ် ထွက်လာတဲ့ ပုံရိပ်ကို ကြည့်နေတယ်။ အနည်းငယ်တော့ စိတ်ရှုပ်နေခဲ့ကြတယ်။
ဒေသမှူးလည်း ပဲ စိတ်ရှုပ်နေခဲ့တယ်။ နတ်ဆိုးကျောင်းတော်ရဲ့ ဖိတ်ခေါ် မှုက တကယ့်ကို အရေးကြီး လွန်းတယ်။ ဒီ လို အခွင့်အရေးကောင်းမျိုး အတွက်လူတွေ ရွှေရောင် မြို့တော်ကြီး ဆီကို အပြေးအလွှား သွားကြပြီ။ သူတို့ နီးစပ်ရာ အသိုင်းအဝိုင်း တွေရဲ့ အကူအညီနဲ့ နတ်ဆိုးကျောင်းတော်မှာ ပြုမူရမယ့် အလေ့အကျင့်တွေကို သင်ကြားနေကြပြီ။
ဒါပေမယ့် ဖန်ကျန်းရှီကတော့ ရွာကို ပြန်လာဖို့ ရွေးခဲ့တယ်။
တစ်ခဏ ထိတ်လန့်ပြီးနောက်မှာတော့ ဒေသမှူးလည်း ရုတ်တရက် နားမလည်နိုင် ဖြစ်လာတော့တယ်။ အဲ့ဒီ့နောက် သူ့ရဲ့ အကြည့်တွေမှာ ထူးဆန်းတဲ့ လေးစားမှုတွေ ပေါ်လာတော့တယ်။
ကောင်းကင်ဆီကို တဟုန်ထိုး တက်နေတဲ့ နဂါးတစ်ကောင်က တက်မြဲတိုင်းတက်တယ်။ ကောင်းကင်ကိုလည်း မော့ မကြည့် ဘူး။ အဲ့ဒီ့အစား မြေပြင်ပေါ်ကို ပြန်လှည့်ကြည့်နေတယ်။
ဒီလို လူမျိုးက …
တကယ့်ကို တန်ဖိုး မဖြတ်နိုင်အောင် အဖိုးတန်လွန်းတယ်။
ဖန်ဟို့ဒဲလည်း ဖန်ကျန်းရှီကို မြင်တယ်. ။ ဒါပေမယ့် အံ့သြမှု သူရဲ့ မျက်လုံးထဲမှာတော့ သိပ်ပြီးတော့ အံ့သြဟန် မရှိပါဘူး။ သူ့သားရဲ့ စိတ်ကို ကောင်းကောင်းသိတာကြောင့်ပဲ ။
“ ဦးလေး ယန်ဖိန်။ အဖေ။ ဒေသမှူး။ ..” ဒီ အချိန်မှာတော့ ဖန်ကျန်းရှီ မြင်းပေါ်ကနေ ဆင်းပြီးတော့ ဇက်ကြိုးကို ကိုင်လာခဲ့တယ်။
ဒီ အချိန်မှာတော့ ။ ရွာဝင်ပေါက်မှာ သူ့ကို လာကြိုတဲ့သူ တကယ့်ကို များလွန်းတယ်။ ဒါက သူ့ကို နည်းနည်းတော့ အံ့အားသင့်စေတယ်။ အရင် ဒေသတွင်းတာအို စာမေးပွဲ တုန်းက ရွာထဲကို ဝင်လာတာနဲ့ အမှောင်ထုကိုပဲ တွေ့ရတယ်။
“ သား… မင်းမှာ အချိန် လုံလုံလောက်လောက်ရှိလို့လား။” ဖန်ဟို့ဒဲက စကား များများ မပြောပါ ဘူး။ အလွန်ကို သမာရိုးကျ ဖြစ်တဲ့ မေးခွန်းကိုပဲ မေးလိုက်တော့တယ်။ ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ လက်တွေ အလွန်အမင်း တုန်နေတာကို တော့ မဖုံးကွယ် နိုင် လိုက်ပါဘူး။
“ စောပါသေးတယ် ။ ဒီ မှာ အချိန် နည်းနည်း လောက်တော့ နေလို့ ရသေးတယ်။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။
“ကျန်းရှီ … မယုံနိုင်စရာပဲ။ မင်းရဲ့ ဦးလေး ယန်ဖိန် က မင်းကို အတွက် မမှား ဘူးပဲ။ ကောင်းပြီ။ မင်းရဲ့ အမေဆီကို မြန်မြန်သွားတော့ ငါတို့ ဒီမှာ နည်းနည်း ထပ်စောင့်ဖို့ လိုသေးတယ်။” ကျန်းယန်ဖိန်ရဲ့ လေသံ တော့ အကြီးအကဲ တစ်ဦးရဲ့ လေသံ ပီပြင် လွန်းလှတယ်။
“ ဦးလေး တို့ က ကျွန်တော့်ကို စောင့် နေတာ မ ဟုတ် ဘူးလား။”
“မင်းကို စောင့်တယ်။ ငါတို့ ဒီကို ရောက်နေတာ တကယ်ပဲ မင်းကို စောင့်နေတာ မဟုတ် ဘူး။”
“ တောင်ရွာက တာအို ခန်းမ မြောက်ရွာဆီကို ရွေ့လာတော့မှာ။ ဒါ့ကြောင့်ပဲ ဒေသမှူးကြီးနဲ့ ငါတို့ တွေ ဒီမှာ လာစောင့်နေကြတာ ” ဖန်ဟို့ဒဲက ရှင်းပြလိုက်တယ်။
“ အော်။ တောင်ရွာရဲ့ တာအို ခန်းမက မြောက်ရွာကို ရွေ့လာတော့မယ်။ ” ဖန်ကျန်းရှီက သတိပြန်ဝင်လာတယ်။
ဒါက သတင်းကောင်းပဲ ။ တစ်ချိန်တည်းမှာပဲလန့်စရာ ကောင်းလှတယ်။ နောက်ဆုံးမှာတော့ တောင်ရွာက တာအို ခန်းမက မြောက်ရွာဆီကို ချီကူယန်ရဲ့ အမိန့်ကြောင့် ရွေ့ပြောင်းလာရပြီ။ ချီကူယန်ရဲ့ အမိန့်ကို ဘယ်သူကများ မလွန်ဆန်နိုင်ပဲ နေမှာလဲ။
ချီကူယန်….
အဲ့ဒီ့ လိုလီတာ ကောင်းကင် တာအို ကနေ မဆင်းလာသေးဘူး မလား။ ဟုတ်တယ် ဟုတ်။
ကောင်းကင်တာအို နေ ဒီ အမိန့်ကို ထုတ်တာ မလား။
ဒါပေမယ့် ဘာလို့ ဒီ လို အစီ အစဉ် လှုပ်ရှားမှုမျိုး ကို လုပ်တာလဲ။ ဒီ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က ဘာ ဖြစ်နိုင်မလဲ။
သူ့ကို အခွင့်အရေး ပေးတာလား။ ဖန်ကျန်းရှီကတော့ ဆက်ပြီး မတွေး ရဲ တော့ဘူး။ သူ မြို့တော် စာမေးပွဲမှာ နှစ်ထပ်ကွမ်း ချန်ပီယံ ရခဲ့တဲ့ သတင်းက ချီကူယန်ဆီကို ရောက်သွားရင် သူ့မှာ နောက်ထပ် ပြဿနာ တက်မှာပဲ။
ဒါ့အပြင် ။ အပြစ် သား အတွက် အမိန့်တော်လည်း ရှိနေတယ်။
ငါ့ကို မပြောနဲ့။
ဒါက ဒဏ္ဍာရီလာ သူရဲကောင်း တစ်ဦးရဲ့ အချိုပွဲ လား။
ဒါမှ မ ဟုတ်။ မြောက်ရွာမှာ ကျားကွက်ရွေ့ချင်နေတာလား။ သူ့ကို သေခြင်းတရားဆီ အကွက်ကျကျ တွန်းပို့ ဖို့ အတွက် ။
…
ဖန်ကျန်းရှီကတော့ ဒီ အကြောင်းကို မတွေးနေတော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ လက်ရှိ အခြေအနေနဲ့ က။ ချီကူယန်သာ သူ့ကို သေတွင်းထဲ ပို့ချင်ရင်တောင် ခုခံနိုင်မှာ မဟုတ်လောက်ဘူး ။
သူ အိမ် ပြန်ရောက်တဲ့ အချိန်မှာ ချီရှင်းလိန် က ။ သားရေ ဖိနပ်တွေ ချုပ်နေခဲ့တယ်။
သူတို့ သားအမိ မျက်လုံး ချင်း ဆုံသွားချိန်မှာတော့ ဖန်ကျန်းရှီ ရဲ့ မျက်လုံးထဲမှာ တော့ ပျော်ရွှင်မှု အငွေ့အသက်တွေ ပြည့်နှက်သွားတော့တယ်။
ဒါပေမယ့် ချီရှင်းလိန်ရဲ့ မျက်လုံးကတော့ ပြူးကျယ်သွားတော့တယ်။ သူမ မျက်လုံးတွေကို ပွတ်လိုက်ပြီးတော့ သူမကိုယ် သူမ ပြောလိုက်တော့တယ်။
“ ငါ မျက်စိတွေ ညောင်းပြီး မျက်လုံးတွေတောင် အမြင်မှားနေပြီ။ ကျန်းရှီက ရွာကို ပြန်လာမှာမှ မဟုတ်တာ။ ငါ့သားက ရွာအပြင်မှာ ကိစ္စကြီးတွေကို လုပ်နေမှာလေ။ ဘာလို့ ရွာကို ပြန်လာမှာလဲ။ ”
“ အမေ။ သား ပြန်လာပြီ။”
“ ဒါပေါ့ … သား ပြန်လာတာ ကောင်းတယ်။ ။ အမ်။ ကျန်းရှီ … ကျန်းရှီ … သားးး ” ချီရှှုင်းလိန်လက်ထဲက ဖိနပ် တော့ ပြုတ်ကျသွားတော့တယ်။ သူမရဲ့ မျက်လုံးကနေ မျက်ရည် တွေ စီးကျ လာတော့တယ်။
အဲ့ဒီ့နောက် သူ့သားလေးကို ပြေးဖက်တော့တယ်။
နွေးထွေးမှု ..
ဒါက တကယ့်ကို ရိုးရှင်းတယ်။
…
ညမှာတော့ မြောက်ရွာရဲ့ ပျော်ပွဲရွှင်ပွဲကို ကျင်းပကြတော့တယ်။ အနီးနား ပတ်ဝန်းကျင်က ရွာသူကြီး ကတော့ သူတို့တွေရဲ့ ဂုဏ်ပြုမှုကို ဖော်ပြဖို့ အတွက် လာရောက်ကြတယ်။
ဒေသမှူးရဲ့ မျက်နှာကတော့ နီရဲနေခဲ့တယ်။ ရွာပေါင်းစုံက ရွာသူကြီးတွေရဲ့ စုဝေးမှုကို ကြည့်နေခဲ့တယ်။ ဝမ်အန်ဟွ ကတော့ ဖန်ကျန်းရှီကို ပျော်ရွှင် ဝမ်းမြောက်မှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။
“ မင်းကို ရှစ်နှစ်လောက် မတွေ့ရတာ မင်း လည်း အရွယ်ရောက်လာခဲ့ပြီ။”
“ ဆရာ ဝမ်လည်း ကြည့်ကောင်းနေဆဲပါပဲ။”
“ ဟ ဟ ဟ ဒီ လောက် နှစ်တွေ အများကြီး ကြာတာတောင် မင်းက နှုတ်ချိုနေတုန်းပဲ။”
ရွာကွင်းပြင် တစ်ခုလုံးမှာတော့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ ဝမ်အန်ဟွရဲ့ ရည် ရွယ် ချက်ကို မမေးတော့ ပါဘူး။ မေးလည်း ပြောမှာ မဟုတ် မှန်း ကောင်းကောင်း သိတာ ကြောင့်ပဲ တယ်
…
ဒုတိယနေ့ မနက်မှာတော့ ဒေသမှူး တာအို စာမေးပွဲကို အောင်မြင်စွာ ဖြတ်သန်းနိုင်မှု အခမ်းအနားကို ကျင်းပပေးခဲ့တယ်။ ဖန်ကျန်းရှီကိုတော့ စာမေးပွဲ အတွေ့အကြုံတွေ အကြောင်း မေးမြန်းပြီးနောက်မှာတော့ ဟွေ့အန်းမြို့တော်ကို ပြန်သွားခဲ့တယ်။
ရွာသူကြီးကတော့ ဘေး နား ပတ်ဝန်းကျင် ရွာ အသီးသီးက လက်ဆောင် အမျိုးမျိုးကို ရတဲ့ အတွက် ပျော်နေတယ်။
အရင်တုန်းးကတော့ မြောက်ရွာနဲ့ နေ့စဉ် ဘ၀ ရိုးရှင်းလှပါတယ။်
အရာအားလုံးက အေးဆေးတည်ငြိမ်နေတယ်။
တည်ငြိမ်လွန်းတာမှ ရေခဲနေတဲ့ ကန်က ရေမျက်နှာပြင်လိုပဲ။ လေ ဘယ်လောက်တိုက်တိုက် တုတ်တုတ်မှ မလှုပ်တဲ့ ရေမျက်နှာပြင်။
ဒါပေါ့။ ချွင်းချက်တွေ ရှိတယ်။ ဥပမာ အားဖြင့် ရေမျက်နှာပြင်ပေါ်ကို ငှက်တစ်ကောင် ပြုတ်ကျ လာတာမျိုးပေါ့။ အနည်းဆုံးတော့ အက်ကွဲရာကို ဖြစ်စေနိုင်တယ်။
ဒီ အချိန်မှာတော့ တောင်ကြားလမ်းလေးက နေ ကျောင်းတော်သား တစ်ဦး ပေါ်လာတော့တယ်။ သူ့ရဲ့ ဝတ်ဆင်ပုံ အတော်လေးကို ကျက်သရေ ရှိလှတယ်။ သူ့ရဲ့ ဝတ် ရုံ ဖြူ တော့ လေထဲမှာ တလူလူ လွှင့်နေခဲ့တယ်။ တိမ် စိုင် တစ်ခု လွင့်လာသလိုမျိုးပါပဲ။ သူ့ရဲ့ အဝတ်အစားတွေကတော့ အညစ်အကြေး တစ်စုံ တစ်ရာမှကပ်ငြိ နေခြင်း မရှိပါ ဘူး။
ကျောင်းတော်သားရဲ့ မျက်လုံးတွေ တော့ ည အချိန်က ကြယ်တာရာ တွေလို တလက်လက် တောက်ပ နေခဲ့တယ်။
ဟွေ့အန်း ဒေသနဲ့ မြောက်ရွာ တော့ သိပ်ပြီး မဝေးလှပါ ဘူး။ အဓိက ပင်မ လမ်းကြောင်းကြီး တစ်ခုပဲ ရှိတာ တယ် ဒါကြောင့် ဒေသမှူးတော့ ဟွေ့အန်းဒေသကို ပြန်လာ ချိန်မှာ ကျောင်းတော်သားနဲ့ ဆုံခဲ့တယ်။
ဒေသမှူးရဲ့ နောက်မှာတော့ ကိုယ်ရံတော် ခြောက်ဦး လိုက်ပါ လာခဲ့တယ်။
ကျောင်းတော် သားတော့ ဒေသမှူးကို မြင်ပါတယ်။ အခြေ အနေအရ ဒေသတွင်းမှာ ကျောင်းတော်သား တစ်ဦး စာမေးပွဲ အောင်ပြီ ဆိုရင် နှုတ်ဆက်ရတာ ထုံးစံ တယ်
ဒါပေမယ့် ကျောင်းတော်သားတွေကတော့ သိပ်ပြီး အာရုံ စိုက်ဟန် မတူပါ ဘူး။
ဒေသမှူးက ရပ်တန့်လိုက်တယ်။ ဒါပေမယ့် ကျောင်းတော်သားကတော့ မရပ်ပါ ဘူး။ ဒါက ဒေသမှူး နောက်မှာ လိုက်ပါ လာတဲ့ ကိုယ်ရံတော်တွေကို အံံ့သြစေတယ်။
ဒေသမှူးရဲ့ မျက်လုံးထဲမှာတော့ ဒေါသတွေ စိုးစဉ်းမျှ မရှိပါဘူး။ ဒါပေမယ့် သူ့မျက်လုံးထဲက ထိတ်လန့်မှုတွေကိုတော့ မဖုံးကွယ် နိုင်ပါ ဘူး။
ကျောင်းတော်သား တော့ ဒေသမှူးနဲ့ အုပ်စုကြီးကို ဖြတ်သွားခဲ့တယ်။
ဘာမှတော့ ဖြစ်မလာခဲ့ပါ ဘူး။ ဒါပေမယ့် ဒေသမှူး နဲ့ အုပ်စုကြီးကတော့ တပြိုင်နက်တည်း သက်ပြင်း ချလိုက်မိတော့တယ်။ အဲ့ဒီ့နောက် နဖူးပေါ်ကနေ စီးကျနေတဲ့ ချွေးတွေကို သုတ်လိုက်တော့တယ်။ သူတို့ရဲ့ မျက်နှာပေါ်မှာတော့ စိတ်လှုပ်ရှားမှု အထင်းသား ပေါ်နေခဲ့တယ်။
“ ဒေသမှူး ကြည့်ရတာ ဒီ သူ က မြောက်ရွာကို သွားမယ့် ပုံပဲ။” ကိုယ်ရံတော် တစ်ဦးက သတိထားပြီး ပြောလိုက်တယ်။
“ ဘယ်လိုပဲ ဖြစ်ဖြစ်။ ငါတို့ သွားမေးလို့ ရတာလည်း ရှိမှာ မဟုတ် ဘူး။” ဒေသမှူးကတော့ သူ့ခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်တယ်။ သူ့ရဲ့ မျက်နှာကတော့ လုံးဝကို စိတ်အေး လက်အေး ဖြစ်နေခဲ့တယ်။
“အမိန့်အတိုင်းပါ။” ကိုယ်ရံတော် ကတော့ ပြန်ဖြေလိုက်တယ်။
“သွားကြရအောင်။” ဒေသမှူး ပြောလိုက်တော့တယ်။
ဖုန်လုံးတွေ တထောင်းထောင်း ထလာတော့တယ်။ ဒီ ကျောင်းတော်သားရဲ့ အရည် အချင်းကိုလည်း မသိပါ ဘူး။ ကျောင်းတော်သားရဲ့ နာမည်ကိုတောင် မသိ ဘူး တယ် ဒါပေမယ့် ကျောင်းတော်သားမှာ သေခြင်း ရှင်ခြင်းကို စကား တစ်ခွန်းတည်းနဲ့ ဆုံးဖြတ် ပေးနိုင်တဲ့ အမိန့်အာဏာ ရှိနေတယ်ဆိုတာကိုတော့ သံသယ ဖြစ်စရာ မလိုအောင် သူတို့ သိကြတယ်။
အကြောင်း ရင်း ကတော့ တကယ့်ကို ရိုးရှင်းလှပါတယ်။
ကျောင်းတော်သားရဲ့ အကျီ လက်အိုးတွေမှာ “ ကောင်းကင် တာအို” ဆိုတဲ့ စကားလုံးတွေကို ရွှေချည် ထိုးထားတာ ကြောင့်ပဲ တယ်
…
ဖန်ကျန်းရှီကတော့ ဘဝကို ပျော်ပျော်နေဖို့ နည်းလမ်းကို ကောင်းကောင်း သိတဲ့ သူပါ။ အထူးသဖြင့် တောင်တန်းတွေရဲ့ အေးမြတဲ့ လေကို အထူး နှစ်သက်တယ်။ မနက်ခင်းပိုင်း စိမ်းစို လန်းဆန်းနေတဲ့ အလှ တရားနဲ့ အနီရောင် နေမင်းကြီး စတင် ထွန်းလင်း လာတာ နွေးထွေးလှတဲ့ ခံစားချက်က တကယ့်ကို နူးညံ့လွန်းတယ်။
ခပ်ကြီးကြီး ကျောက်တုံး တစ်ခုကို ရှာပြီး တော့ မြစိမ်းရောင် ကတ္တီပါ မြက်ခင်းပြင်မှာ လှဲလျောင်းရင်းနဲ့ အရသာ ရှိတဲ့ နှစ်ချို့ဝိုင်လေးကို သောက်ရင်း အစာပြေ စာလေးတွေ ဘေးမှာချ။ ယုန်ကင်မွှေးမွှေးလေးနဲ့ တကယ့်ကို ကောင်းကင်ဘုံပဲ။
စာအုပ်ဖတ်နေရင်း စားရတာ
တကယ့်ကို ကောင်းချီ း မင်္ဂလာ တစ်ခုပဲ။
စကား ပုံ တစ်ခုအတိုင်း စာအုပ် ထဲမှာ ရွှေအိမ်လေး ရှိတယ်။ စာအုပ်ထဲမှာ မိန်းမ လှလေး ရှိတယ်။
ဖန်ကျန်းရှီ တော့ စာအုပ်ထဲက စာရွက်တွေကို လှန်နေခဲ့တယ်။ မွှေးပျံ့လှတဲ့ အသားကင် ရနံ့ သူ့ရှေ့မှာ ရောက်နေပင်မယ့်လည်း သူ ခေါင်းမော့ မကြည့်ပါ ဘူး။ သူ့ရှေ့မှာသာ လှပတဲ့ အမျိုးသမီး တစ်ဦး ရှိနေရင်ကော။
ဒါပေမယ့် ဖန်ကျန်းရှီကတော့ မော့ကြည့်မှာ မဟုတ် ပါဘူး။
အနည်းဆုံးတော့ သူ့လက်ထဲက စာအုပ်က စာအုပ်ကောင်း တစ်အုပ်ပဲ။
တခြားသူတွေ ဘယ်လို မြင်မြင် ဘယ်လို တွေးတွေး ဖန်ကျန်းရှီကတော့ ဒီ စာအုပ်ကောင်းက နေ မျက်နှာ မခွာ နိုင် ပါဘူး။
ဒါ့အပြင် ။ ဒါက အတော်လေးကို တန်ဖိုး ရှိလွန်းတယ်။ ဒီ စာအုပ်ရဲ့ တန်ဖိုးကတော့ သူ့ရဲ့ အိမ်မှာ ဝယ်ထားတဲ့ တာအို နိယာမရဲ့ ဒုတိယ နည်းထက်ကို ပိုပြီးတော့ တန်ဖိုးမြင့်မယ်ဆိုတာ ကောင်းကောင်းသိတယ်။
နောက်ဆုံးမှာတော့ ဒါက လုံးဝကို ပထမတန်းစား စာအုပ်ပဲ။
ဒါကို ရလာခဲ့တာ အတော်လေးကို ကံကောင်းတာပဲ တယ် ဒါပေမယ့် ဒီ စာအုပ်ထဲမှာက ရုပ်ပြပုံတွေ သပ်သပ်ပဲ ပါတယ်။
ဖန်ကျန်းရှီကတော့ အလွန့်ကို စိတ်နှစ်ပြီးတော့ သက်တောင့် သက်သွာ ရှိစွာ ဖတ်နေခဲ့တယ်။ သူ စာဖတ်နေတဲ့ အချိန်မှာပဲ အကျော်ကြားဆုံးသော တေးသွားကို လေချွန်နေခဲ့တယ်။ သူ့ရဲ့ မျက်ခုံးတွေ တော့ ကွေးချည် ဆန့်ချည် လှုပ်ရှားနေခဲ့တယ်။
“ ဗုံကို မြန်မြန်တီးလိုက်တယ်။ ဗုံသံကတော့ တိုးတိုးကွယ်။ ဗုံသံကို ရပ်ချိန်တော့ မောင်းသံလေးကို နားဆင်ပေါ့။ ”
“ ညီမလေး ဆံပင်ကို ထိလိုက်တယ်။ တိမ်တွေ ကောင်းကင်ကို ပိုင်းထားတယ်။ ……..”
“……”
တောင်တန်းတွေမှာ သီချင်းဆိုတာက တကယ့်ကို ပျော်စရာ ကောင်းတယ်။ တခါတလေမှာတော့ နေရာတစ်ခု ကို ဝင်ရောက်ချိန်မှာ သူ့ရဲ့ အပြု အမူကို ဖော်ပြဖို့ အတွက် ပျော်ပျော်ရွှင်ရွှင်နဲ့ သီဆိုတာ အကောင်းဆုံး တယ်
ဒီ အချိန်မှာတော့ ဖန်ကျန်းရှီ အတော်လေးကို လွတ်လပ်ပေါ့ပါးနေတဲ့ အခြေအနေမှာ ရှိနေတော့တယ်။
သူပိုပြီး ပျော်ပျော် ရွှင် ရွှင် သီဆိုလေ။ သူ့ရဲ့ အသံကို မထိန်းချုပ်နိုင်လေပဲ တယ် နောက်ဆုံးမှာတော့ သူ သစ်တောတွေကို ဖြတ်ကျော်ရင်း တောင်တစ်လုံးကို ကျော်ဖြတ် ခရီးဆက်ခဲ့ပြီးပြီ တယ်
သူ့ရဲ့ အသံ ဘယ်လောက် ဝေးဝေးမှာ ကျန်ခဲ့လဲ ဆိုတာ ဘယ်သူမှ မသိပါဘူး။
ဘာပဲ ဖြစ်ဖြစ် သေချာတာကတော့ တစ်ခု ရှိတယ်။ အကယ်၍ လူတစ်ယောက်သာ သူ့ကို ဖြတ်ကျော်သွားမယ် ဆိုရင် သူဆိုနေတဲ့ သီချင်းရဲ့ စကားလုံးတွေကို ရှင်းရှင်းလင်းလင်း ကြားရမှာ အမှန်ပဲ။
အပိုင်း (၁၂ရ) ပြီး၏။
အပိုင်း (၁၂၈)
“ ပြန်လည် တွေးတော အမှတ်ရမိခြင်း ”
…
တောင်ကြားထဲမှာ သီချင်း ဆိုနေသူ တစ်ဦး ရှိရင်တော့ ထိုသူနောက်ကို လိုက်မယ့် သူလည်း ရှိနေစမြဲပါ။
ဥပမာ။ နှင်းတိမ် မြင်းပျံ ကို စီး လာတဲ့ ဝတ်ရုံဖြူဝတ် ကျောင်းတော်သား လို လူမျိုးကို ဆိုပါတယ်။
နှင်းတိမ်မြင်းပျံကတော့ ဖန်ကျန်းရှီ ရဲ့ ငွေအကြေးမြင်း နဲ့ အတော်လေးကို ကွာခြားလှတယ်။ မြင်းပျံ ဆိုတည်း က အခြား သာမာန် မြင်းတွေနဲ့ မတူညီတာကို သတိ ပြုနိုင်တယ်။
နောက်ပြီးတော့ ဝတ်စုံ ဖြူဝတ် ကျောင်းတော်သား စီးနင်း လာတဲ့ နှင်းတိမ် မြင်းပျံ မြင်း မျိုးနွယ် ထဲမှာ အကျော်ကြားဆုံး တယ် “မီးတောက် နီ နှင်းတိမ် ”
တစ်ကိုယ် လုံး ဆွတ်ဆွတ် ဖြူနေပြီး နဖူးမှာတော့ မီးတောက် အသွင် အမှတ်အသားလေး တစ်ခု ရှိနေတယ်။
နှင်းတိမ် မြင်းပျံ တွေ သစ္စာ ရှိမှုမှာ ကျော်ကြားလှတယ်။ နဂါးသွေး ပါတဲ့ သားရဲအမျိုး အစား တစ်ခု တယ် ဒီ မီးတောက်နီ နှင်းတိမ် တော့ မီးနဂါး မျိုးနွယ် ကနေ ဆင်းသက်လာတဲ့ မြင့်မြတ် နဂါး သားရဲ တွေ တယ်
ဆိုရိုး စကား တော့ မီးတောက်နီ ခွာသံ စီးချက်ညီ မှုနဲ့ တစ်ပြိုင်တည်း ပေါ်လာတယ်။
ဒါကတော့ မီးတောက် နီ နဂါးရဲ့ ဇစ်မြစ် တယ်
ကျောင်းတော်သားရဲ့ အလျင်ကတော့ သိပ်ပြီးတော့ မမြန်ဆန်ပါ ဘူး။ ဒါပေမယ့် သီချင်းဆိုသံ အနားကို ရောက်လာချိန်မှာတော့ ကျောင်းတော်သားရဲ့ မျက်နှာ အမူ အယာ ပြောင်းလဲသ ွားတော့တယ်။ သူ့ မူလတုန်းက စိတ်ဝင်စားနေဟန် ကနေ ထူးထူး ဆန်းဆန်း ပြောင်းလဲ သွားတာ တယ်
ကျောက်တုံး ကြီးပေါ်မှာ အမွှေးပွ အခင်း တစ်ခုကို ခင်းထားပြီးတော့ နေပူဆာ လှုံနေတဲ့ အပြာရောင် ပုံရိပ် သူ့ရှေ့မှာ ပေါ်လာတော့တယ်။
ကျောင်းတော်သားကတော့ နောက်ဆုံးမှာ ရပ်တန့်လိုက်တော့တယ်။
“အရှက်မဲ့လိုက်တာ။”
………
ဖန်ကျန်းရှီကတော့ အသားကင်နေရင်းနဲ့ သီချင်းဆိုနေပါတယ်။ အေးစက် လှတဲ့ အသံ တစ်ခုက သူ့ကို ဆူပူသံ ကြားလိုက် ချိန်မှာတော့ သူစိတ်ထဲမှာ သိပ်ပြီးတော့ နေထိုင်မကောင်း ဖြစ်သွားတော့တယ်။
ဒါက သပ်သပ်မဲ့ အရှက်ခွဲနေတာပဲ။
အရှက် မရှိဘူ း ဟုတ် လား။
လူတစ်ယောက်ကို အကြောင်း မရှိပဲနဲ့ ဒီ လို မပြော သင့်ဘူး။ အနည်းဆုံးတော့ မျက်နှာချင်းတောင် မဆိုင်ရ သေးပဲနဲ့။
မင်း ငါ့ကို မဆူ ခင် အကြောင်း ပြချက်လေး တစ်ခု လောက် ပေးသင့်တယ်။
ငါ ခိုးလည်း မခိုး ဘူး။ ဓားပြလည်း မတိုက် ဘူး။ မင်းအိမ် ရဲ့ ပြတင်းပေါက်တွေကိုလည်း လာပြီး မခွဲမိ ပါ ဘူး။ အိမ်မှာပဲ ယုန်လေး တွေ မွေးပြီး တော့ အကင် မှုန့်တွေ ကို အိမ်မှာကိုယ့် ဘာကိုယ် လုပ်နေရုံလေးပါ။ မီးမွှေးဖို့ ထင်းလေးတွေ ကောက်နေတဲ့ ရိုးသား သူလေးပါ။
ဒီ လို ဘဝကို အေး အေး ချမ်းချမ်း ဖြတ်သန်းနေသူကို ဒီ လိုမျိုး မပြော သင့် ပါ ဘူး။
အခု ချိန်မှာတော့ ကိုယ်ပိုင် စာအုပ်လေးကို ဖတ်ရင်း သီချင်းဆိုတယ်။ ဗိုက်ဆာရင် စားဖို့ ယုန်လေး လည်း ကင်နေတယ်။ ဘယ်သူ့ကိုမှ လည်း မျက်နှာမပြောင် မိပါဘူး။
သူ့မျက်လုံးကို ဖွင့်လိုက်ပြီး တစ်ချက် ကြည့်လိုက်ချိန်မှာတော့ အဖြူရောင် ဝတ်ရုံ ဝတ်ထားတဲ့ ကျောင်းတော်သား တစ်ဦး မြင့်မား ပြီး ထူးဆန်းတဲ့ အသွင် ရှိတဲ့ မြင်း တစ်ကောင် ပေါ်ကနေ သူ့ကို အေး စက် စွာ စိုက်ကြည့်နေခဲ့တယ်။
မြင်းဖြူကို ကြယ်တာရာ လို တောက်ပတဲ့ မျက်လုံးတွေ ပိုင်ဆိုင်ထားတဲ့ နှင်းလို ဆွတ်ဆွတ်ဖြူနေတဲ့ ကျောင်းတော်သားက စီးနင်းထားတယ်။ တစ်ချက်ကြည့်လိုက် ရုံနဲ့ အတော်လေးကို ချောမော တဲ့ လုလင်ပျို တစ်ဦး ။ အကြည့်တစ်ချက် ဝေ့လိုက်ရုံနဲ့ အမျိုးသမီးပေါင်း မြောက်များစွာကို ကြွေဆင်းသွားစေနိုင်တယ်။
ဖန်ကျန်းရှီကတော့ သူ့ကိုယ်သူ အတော်လေး ချောလှပြီလို့ ခံယူထားခဲ့တာ။ အခု ဝတ်ရုံဖြူဝတ် ကျောင်းတော်သားကို တွေ့ချိန်မှာတော့ သူ့ကိုယ်သူ အနည်းငယ် စိတ်ပျက်သွားမိတယ်။
“အစားသောက် မက်တာနဲ့ ပျင်းတာက သဘာဝကျပါတယ်။” ဖန်ကျန်းရှီက ချက်ချင်း ပြန်ဖြေလိုက်တယ်။ ဒီနေ့ သူအတော်လေး စိတ်ပျော်ရွင်နေတယ်။ ရွာကို လည်း ပြန်ရောက်လာပြီ။ ဒါကြောင့် မရင်းနှီးတဲ့ သူတစ်ယောက်နဲ့ စကားကြမ်းကြမ်းတွေ ပြောပြီး ငြင်းခုံ ရန်ဖြစ်တာမျိုး မလုပ်ချင် ဘူး။
ဒါက အတော်လေး ကြမ်းတမ်းတယ်။
အဲ့ဒီ့နောက်။ စကားပြောပြီးနောက်မှာ။ သူ့လက်ထဲက စာအုပ်ကို ဆက်ဖတ်နေတော့တယ်။ ဝတ်ရုံဖြူကျောင်းတော်သား ကို အာရုံ မစိုက်တော့ ပါဘူး။
အံ့အားသင့်သွား ဟန် ဝတ်ရုံဖြူဝတ် ကျောင်းတော်သားရဲ့ မျက်လုံး ထဲမှာ တစ်ချက် လက် ခနဲ ဖြစ်သွားတော့တယ်။
သူစကားပြောဖို့ ပြင်လိုက်ချိန်မှာပဲ မွှွှေးပျံ့လွန်းလှတဲ့ ရနံ့ သူ့နှာခေါင်းထဲ တိုးဝင်လာတော့တယ်။
အဲ့ဒီ့နောက် သူ့အကြည့် တွေ တော့ ဖန်ကျန်းရှီ ရှေ့မှာ ကင်ထားတဲ့ ယုန်ကင်ဆီကိုရောက်သွားတော့တယ်။ သူက ဖန်ကျန်းရှီကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီးတော့ ယုန်ကင်ကိုသာ အကြည့်မခွာတမ်း ကြည့်နေတော့တယ်။
သူ့ရဲ့ နှုတ်ခမ်းတွေကတော့ ယုန်ကင်ကို ကြည့်ရင်း ပြုံးနေတော့တယ်။ တစ်စုံ တစ်ခုကို တွေးတောနေဟန်ပါပဲ။
“စာဖတ်နေတာလား။” ဝတ်ရုံဖြူဝတ် ကျောင်းတော်သားက စာလုံးတစ်လုံးမှ မပါတဲ့ စာအုပ်ကို ကြည့်ရင်းမေးလိုက်တယ်။
“သေချာတာပေါ့.” ဖန်ကျန်းရှိရဲ့ လေသံ တော့ သိပ်ပြီးတော့ စိတ်ရှည်ဟန် မရှိပါဘူး။
“ မင်း စိတ်မရှိရင် ငါတို့ အမြင်ချင်း ဖလှယ်လို့ ရတယ်။”
“ မင်း အရင်က ဒီ စာအုပ်ကို ဖတ် ဖူးလို့လား။”
“ဒါပေါ့။” ဝတ်ရုံဖြူ ဝတ် ကျောင်းတော်သားက အတော်လေး ယုံ ကြည်ချက်ရှိရှိ ပြောလိုက်တော့တယ်။
“ ဒီ ကျန်းေ်ထုံက ငလိမ်ကောင်ပဲ။ ပြောတော့ တစ်အုပ်တည်းပဲ ရှိတဲ့ ရှားပါး စာအုပ်ဆို။ ဟူးးး… ငါလေ သူများတွေကို အယုံလွယ်လွန်းတယ်။ ” ဖန်ကျန်းရှီကတော့ စိတ်ထဲမှာ တိတ်တိတ်လေး ပြောနေတော့တယ။် အဲ့ဒီ့နောက် သူ့ဘေးက နေရာလွတ်ကို ညွှန်ပြရင်း “ လာလေ အတူတူ ဖတ်မယ်။”
ဝတ်စုံဖြူဝတ် ကျောင်းတော်သားကတော့ သူ့ကိုယ် တစ်ခြမ်းစာပဲ ရှိတဲ့ ဖန်ကျန်းရှီ ဘေးက နေရာ လွတ်ကို ကြည့်ရင်း အနည်းငယ် တွေေ၀ သွားတော့တယ်။ ဒါပေမယ့် နောက်ဆ ုံးမှာတော့ လျှောက်လာခဲ့တယ်။
နေရာ လွတ်လေးမှာ သူ့ကိုယ်ကို လှဲ ချဖို့ ပြင်နေတဲ့ အချိန်မှာပဲ ဖန်ကျန်းရှီလက်ထဲက စာအုပ်ကို အကြည့်ရောက်သွားတော့တယ်။ အဲ့ဒီ့နောက် ဝတ်ရုံဖြူဝတ် ကျောင်းတော်သား ရဲ့ မျက်လုံးတောက်တောက် လေး တွေ မျက်စိလည်သွားတော့တယ်။
“အာ ”
ဝတ်ရုံဖြူဝတ် ကျောင်းတော်သား ချက်ခြင်း ပြန် မတ်သွားတော့တယ်။
“ မင်း မင်း… အရှက်မရှိတဲ့ နှာဘူးကောင် … ဘယ် .. ဘယ် … လို စာအုပ်မျိုးကို ဖတ်နေတာလဲ။” ဝတ်ရုံဖြူဝတ် ကျောင်းတော်သားရဲ့ မျက်နှာကတော့ နှင်းဆီနီလို ရဲရဲ နီနေပြီး တော့ အလွန်အမင်း ရှက်နေဟန် ပေါ်နေတော့တယ်။
ဒီ အချိန်မှာတော့ ဖန်ကျန်းရှိ တကယ့်ကို စိတ်ဆိုးတော့တယ်။
လူတစ်ယောက်က အရှက်မရှိတာကိုတော့ သူ လက်ခံ နိုင်ပါသေးတယ်။ဒါပေမယ့် အကန့် အသတ်တော့ ရှိသင့်တယ်။
သူတို့ နှစ်ယောက်လုံးက အမျိုးသားတွေပဲ လေ။ ဒီမှာ အမျိုးသမီးမှ မရှိတာ။ သူတို့ ဘာတွေ တွေးနေရမှာလဲ။ နောက်ပြီးတော့ ဒါကို ဖတ်ဖူးတယ်လည်း ပြောသေးတယ်။ ငါက စိတ်ကောင်း နှလုံးကောင်းနဲ့ မျှဝေပေးတာ လေ။ ဒါကိုတောင် မင်းက ကျေးဇူး မတင်ရုံတင်မကပဲ ပါးစပ်ဖွင့်လိုက်တာနဲ့ ငါ့ကို လာ ကျိန်ဆဲနေတယ်။
သည်းမခံ နိုင်စရာပဲ ။
“မင့် ဘိုးအေ လိပ်မျိုး။” ဝတ်ရုံဖြူဝတ် ကျောင်းတော်သား တော့ သူ့လက်တစ်ဖက်ကို မြှောက်လိုက် မှ ပြန်ချလိုက်တယ်။ အဲ့ဒီ့နောက် ထိုင်လိုက်တော့တယ်။ သူ့ရဲ့ နှလုံး ခုန်တော့ အတော်လေးကို မြန်ဆန်နေခဲ့တယ်။
ဖန်ကျန်းရှိကတော့ ဝတ်ရုံဖြူဝတ် ကျောင်းတော်သားကို ကြည့်ရတာ သက်တောင့်သက်သာ မရှိပါ ဘူး။
ဒီ ကောင်စုတ်လေးက စာအုပ်ကို လုံး၀ မဖတ်ပဲ ငါ့ကိုပဲ စိုက်ကြည့်နေတယ်။
ငါမှာများ အထူး စိတ်ဝင် စား စရာတွေ ရှိနေလို့လား။
မေ့ထား လိုက်စမ်းပါ။ ဒါက ဖြတ်သွား ဖြတ်လာ ကျောင်းတော်သားပဲ။ သူ လုပ်တာ အကုန်လုံးက ငါ့ကို နည်းနည်းပါးပါး ဆူတာ လေး တစ်ခုပဲ။ ဒါက တောင်လိုလည်း မလေးလံ သလို ဓားပြလာတိုက်တာနဲ့လည်း မတူ ဘူး။
ဒါပေမယ့် …
ဒီ သူ့မြင်းကို ကြည့်ရတာ မဆိုး ဘူး။
“ မင်းရဲ့ ယုန်ကင် ကို ရောင်းမှာလား။” ဝတ်ရုံဖြူဝတ် ကျောင်းတော်သားက မေးလိုက်တယ်။
“မရောင်း ဘူး။” ဖန်ကျန်းရှီက နှစ်ခါ မစဉ်းစားပဲ ဖြေလိုက်တယ်။
“ ဒါဆို ငါ ဘာနဲ့ လဲပေးရမလဲ။”
“ မလဲ နိုင် ပါ ဘူး။ အမ်။ … ခန နေပါ အုန်း … မင်း ကလဲ ချင်လို့လား။”
“ ငါ့ရဲ့ မီးတောက်နီ နှင်းတိမ်နဲ့လဲ မယ် ဆိုရင်ကော” ဝတ်ရုံဖြူ ဝတ် ကျောင်းတော်သားက သူ့ရဲ့ နှင်းတိမ် မြင်းပျံကို ကြည့်ရင်း ပြောလိုက်တော့တယ်။
မီးတောက်နီ နှင်းတိမ် ။
ယုန်ကင်နဲ့ လဲမယ်။
ဖန်ကျန်းရှီကတော့ မယုံနိုင် ဖြစ်နေတော့တယ်။ ဒါက အသေ အချာကို သူ လိုချင်နေတာပဲ။ သူ လို ချင်တာ ထက်ကို ပိုနေသေးတယ်။ သူ တစ်ခု ခုကို ပိုပြီး လိုချင် လေလေ ။ ပိုပြီး စိတ် အေး အေး ထားဖို့ လိုအပ် တယ်။ သူ့ရဲ့ ဘဝမှာ အလို ချင်ဆုံး အရာကို အိမ် တံခါး လာခေါက်ပြီး ကိုယ်တိုင်ပေးနေတဲ့ ငတုံး တစ်ကောင်နဲ့ တွေ့နေတာပဲ။
“ ငါ စဉ်းစားဖိုက အချိန် နည်းနည်း လိုတယ်။ ” ဖန်ကျန်းရှီက အတွင်းစိတ်ထဲမှာ အတော်လေး လှုပ်ရှားနေပင်မယ့် သူ့ရဲ့ မျက်နှာကတော့ အတော်လေးကို ငြိမ်သက်နေခဲ့တယ်။
“ဒါဆိုလည်း မေ့လိုက်တော့” ဝတ်ရုံဖြူဝတ် ကျောင်းတော် သား ကတော့ အနည်းငယ် စိတ်ပျက် သွားဟန်ပါပဲ။ အဲ့ဒီ့နောက် တစ်ဖက်ကို လှည့်သွား ခဲ့တယ်။
“ ခန နေပါ အုန်း ။ မင်းရဲ့ ဖော် ရွှေ မှုကို တွေး ပြီးတော့ လဲ ပေးလိုက် ပါမယ်။” ဝတ်ရုံဖြူဝတ် ကျောင်းတော်သားကို ကြည့်လိုက်ပြီးတော့ ဖန်ကျန်းရှီက ပြောလိုက်တော့တယ်။
ဝတ်စုံဖြူ ဝတ် ကျောင်းတော်သားကတော့ ပြုံးနေတော့တယ်။
“ ဒါပေမယ့် ငါတို့ရဲ့ အလဲ အလှယ် ပြီးရင် ငါ့မှာ စီး စရာ မရှိဖြစ်သွားတော့မှာ။ အဲ့ဒီ့အတွက် ဘယ်လို လုပ်မလဲ။” ကျောင်းတော်သားက တစ်ဖက်ကို ပြန်လှည့်လာချိန်မှာတော့ သူ့မျက်နှာပေါ်က အပြုံး ပျောက်ကွယ်နေတော့တယ်။ တွေဝေနေတဲ့ အမူအယာကသာ သူ့မျက်နှာမှာ ပေါ်လွင်နေခဲ့တယ်။
“ ကိစ္စမရှိပါ ဘူး။ ငါ့မှာ ငွေအကြေး မြင်းတစ်ကောင် ရှိတယ်။ မင်းကို ရောင်းပေးမယ်။”ဖန်ကျန်းရှီက ပြန်ဖြေလိုက်တယ။်
“ဒါ… ကောင်းပြီလေ။” ကျောင်းတော်သားက အလွန်အမင်းကို ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ရဟန် ပါပဲ ။ ကျောင်းတော်သား သဘောတူလိုက်တာကို ဖန်ကျန်းရှီ အံ့သြနေတော့တယ်။ ဒီ ကောင် အ နေတာလား။
ဘယ်လိုပဲ ကြည့်ကြည့်
ဒီ လောက် ထက်ထက်မြက်မြက် ပုံ ပေါ်နေတာကို
“ဒါဆို ခန ထိုင်စောင့် အုန်း ငါကင်နေတာ ပြီးတော့မယ်။ ” ဖန်ကျန်းရှီက ပြောလိုက်တော့တယ်။
ဝတ်စုံ ဖြူ ကျောင်းတော်သားက ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် လျှောက်လာပြီး ထိုင်ချလိုက်တယ်။
ဖန်ကျန်းရှီကတော့ အေးဆေး ဖြစ်နေခဲ့တယ်။ အနည်းဆုံးတော့ ဝတ်စုံဖြူ ဝတ် ကျောင်းတော်သားက သူ့ကို လှည့်စားဖို့ စိတ်ကူးမရှိတဲ့ အတွက် တယ် သူ့နဲ့ နီးနီးကပ်ကပ်နေသင့်တယ်။
သူ့ကို ဓားပြ တိုက်ဖို့ အတွက် တော့ လာတာ မဟုတ် လောက် ပါ ဘူး။
ဒါမှ မဟုတ်။ ယုန်ကင် တစ်ကင် အတွက်နဲ့ နှင်းတိမ် မြင်းပျံကို လဲမှာလား။
ဒီ လောက် လွယ်နိုင်မလား။
မဖြစ်နိုင် မဖြစ်နိုင်။
ဒါက ထောင်ချောက် တစ်ခုပဲ ။ မခုန်ချ သင့်ဘူး။
ဒါပေမယ့် ပြဿနာက ဘယ်မှာ ရှိနေတာလဲ။ ဒီလို အကောင်းဆုံး အလဲ အလှယ်က ဘယ်မှာ ပြီးမှာပဲ။
ယုန်ကင် တစ်ကောင်ကို ဘယ်လို လုပ်မှာလဲ။ စားပြီးနောက် ထွက်ပြေးမှာလား။
ဒါသာ ဖြစ်ခဲ့ရင် အကြောင်းရင်း နှစ်မျိုးရှိနိုင်တယ်။ ပထမ တစ်ခု က ဒီ ကောင်ကို ကောင်းကောင်း ဆုံးမရမယ်။ ဒုတိယက သူ့ကို မနိုင်ရင်တောင် ထွက်မပြေးနိုင်အောင် လုပ်ရမယ်။
ဒုတိယ တစ်ခုကတော့ ပြောစရာ မလိုလောက်ဘူး။ အကယ်၍ ဒီ ကောင်က သာ အစွမ်းထက်နေ မယ်ဆိုရင် သူ့ကို ဓားပြတိုက်ရင်တောင် ဘာမှ ပြန်လုပ်နိုင် လိုက်မှာ မဟုတ် ဘူး။
ပထမ တစ်ခုလိုသာ ဆိုရင်တော့ နာနာ ရိုက်ပြစ်ရမယ်။
“ ကောင်းပြီလေ။ ယုန်ကင်ကို ပေးမယ်။” ဖန်ကျန်းရှီက အများဆုံး ကုန်မှ ယုန်ကင် တစ်ကောင်ပဲမို့ ဆုံးရှုံးစရာ မရှိ ဘူး လို့ တွေးလိုက်တော့တယ်။
…
အဲ့ဒီ့်နောက် မမျှော်လင့် တာပဲ ဖြစ်လာတယ်။
ဖန်ကျန်းရှီ ယုန်ကင်ကို ကင်နေတဲ့ အချိန်မှာ ဝတ်ရုံ ဖြူ ဝတ် ကျောင်းတော်သား ကျောက်တုံး နားမှာ ထိုင်စောင့်နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ လုပ်ပုံ ကိုင်ပုံတွေကို မျက်လုံးလေး ကလယ် ကလယ်နဲ့ စိုက်ကြည့်နေခဲ့တယ်။ သူ့ ပုံစံ ကြည့်ရတာ စာအုပ် ကြောင့် စိတ်ညစ်ခဲ့ရတာကို လုံးလုံးမေ့ပြီး ဖန်ကျန်းရှီ ယုန်ကင်နေတာကိုပဲ အလွန်အမင်း စိတ်ဝင်စားနေဟန်ပါပဲ။
အဖြူရောင် ဝတ် ကျောင်းတော်သားရဲ့ မျက်ခုံးတွေက တော့ အတော်လေးကို ရှည်လျား လွန်းတယ်။ နေ အလင်း ဟပ် နေတာ ကြောင့် မယုံ ကြည် နိုင်စရာ ကောင်း လောက်အောင်ကို လှပ လွန်းတယ်။ သူ့ မျက်လုံး ထဲက ပျော်ရွှင်မှု အလင်းရောင် ဖျော့ဖျော့လေး ကောင်းကင်မှာ တလက်လက် တောက်နေတဲ့ ကြယ်တာရာတွေလို တောက်ပ လွန်းလှတယ်။
ဖန်ကျန်းရှိကတော့ ဒီ အချိန်မှာ အဖြူရောင် ဝတ် ကျောင်းတော်သားကို ကြည့်ရင်းနဲ့ သူ့ရဲ့ နှလုံးသားတွေ တဒိတ်ဒိတ် ခုန်လာတော့တယ်။
“လှလိုက်တဲ့ ကောင်လေး။” ဖန်ကျန်းရှီကတော့ သူ့ ကိုယ်သူ ကျိန်ဆဲ မိချင်သွားတယ်။ လောကကြီးက ဒီလို မယုံနိုင် စရာ ကောင်းလောက်အောင် ချောမော လှတဲ့ ကောင်လေးကို ဖန်ဆင်းထားတယ်။ တကယ့်ကို မတရားတာပဲ။
ဖန်ကျန်းရှိရဲ့ လက်တွေကတော့ ယုန်ကင်ကို လက်လှမ်းလာတော့တယ်။မွှေးပျံ့လွန်းလှတဲ့ ရနံ့တော့ ပတ်ဝန်းကျင်ကို ပျံ့လွှင့်နေခဲ့တယ်။
နောက်ဆုံးမှာတော့ ဖန်ကျန်းရှိက သစ်သား သေတ္တာ ငယ်လေးကို ဖွင့်လိုက်တော့တယ်။ အမျိုးအမည် မသိတဲ့ ရောင် စုံ ဟင်းခတ် အမွှေ းအကြိုင်တွေ တော့ သေတ္တာလေး တစ်ခုထဲမှာ ပြည့်နှက်နေခဲ့တယ်။ ဒါကတော့ သူ့ရဲ့ လျှို့ဝှက် ဟင်းခတ်တွေ တယ် သီးသန့် ချက်ပြုတ်နည်းတွေပေါ့။ လွယ်လွယ် ကူကူ ထုတ် လို့ မရ ဘူး။
အရင်တုန်းက စက္ကူနဲ့ ထုပ်ထားတဲ့ ဟင်းခတ် အမွှေးကြိုင် ထုပ်နဲ့ ယှဉ်လိုက်ရင်တော့ ဒီ အခု ပစ္စည်းက ပိုပြီး အဆင်ပြေတယ်။
ဟင်းခတ် အမွှေးအကြိုင်တွေ ဖြူးပြီးတဲ့ နောက်မှာတော့ မယုံကြည်နိုင်လောက်အောင် မွှေးပျံ့တဲ့ ရနံ့ ပေါ်ထွက် လာတော့တယ်။
“ ဂလု” အဖြူရောင် ဝတ် ကျောင်းတော်သားရဲ့ ပါးစပ်ကနေ တံတွေး မျိုချသံ ထွက်လာတော့တယ်။
“ ငါ တခြား မပြောချင်တော့ ဘူး။ ဒါပေမယ့် ဒီ အသားကင်ရဲ့ ရနံ့ကတော့ ဆယ်မိုင် အဝေးကနေ ရနိုင်တယ်။ ” ဖန်ကျန်းရှီက သွားရည် ကျနေတဲ့ ကျောင်းတော်သားကိုကြည့်ရင်း ပြောလိုက်တော့တယ်။ အဲ့ဒီ့နောက် သူ့ရဲ့ ညာလက်ကို လှုပ်ရှားလိုက်ချိန်မှာတော့ ယုန်ကင်ရဲ့ ပေါင် တစ်ဖက် သူ့ဘယ် လက် ထဲက ကိုင်ထားတဲ့ ပန်းကန်ပြားဆီကို ရောက်လာတော့တယ်။
“ ဒါပေါ့။” ကျောင်းတော်သားက ပြန်ဖြေရင်း ပန်းကန် ထဲ က ယုန်ကင်ကို ကိုင် လိုက်ပြီးတော့ ခပ်ကြီး ကြီး ကိုက်လိုက်တော့တယ်။
သိပ်ကို နူးညံ့ လွန်းလှတဲ့ အရသာ လျှာထဲကို စိမ့် သွားတော့တယ်။ အဆီ ပြည့်ပြည့် အသား များများ နဲ့ ယုန်ကင်က တကယ့်ကို ဆွေမျိုး မေ့သွား စေတယ်။
အပိုင်း (၁၂၈) ပြီး ၏။
အပိုင်း (၁၂၉)
“ ဗြုတ်စ ဗျင်းတောင်း”
အလွန်လျင်မြန် စွာနဲ့ပဲ ယုန် ခြေထောက် တစ်ခုလုံး ကျောင်းတော်သားရဲ့ ဗိုက်ထဲကို ရောက်သွားတော့တယ်။
ဝတ်ရုံဖြူဝတ် ကျောင်းတော်သားကတော့ ဖန်ကျန်းရှီကို ကြည့်နေပြန်တယ်။ အဲ့ဒီ့နောက် သူ့ရဲ့ လက် ဖြူဖြူလေးတွေက ရောက်လာပြန်တယ်။
ကောင်းပြီလေ။
ဒီ ယုန်ကင်ကို အဆုံးခံဖို့ ဆုံးဖြတ်ထားမှတော့ မထူးတော့ ပါဘူးလေ။ ဖန်ကျန်းရှီက သူ့ အတွက် ကျန်မကျန်ကို မတွေးတော့ပဲ ယုန်ကင်ရဲ့ အပိုင်းတွေ အကုန်လုံးကို ကျောင်းတော်သားဆိကို ပေးလိုက်တော့တယ်။
အဲ့ဒီ့နောက် သူ့နားမှာ ရှိတဲ့ အခြား အဆာပြေ စားစရာ တွေကိုသာ စားနေတော့တယ်။
ဒီ အဆာပြေစာတွေက ဒီတောင်က ထွက်တဲ့ ပစ္စည်းတွေပဲ။ နေရောင်နဲ့ အခြောက်လှန်းထားတာတွေ ဒါ့အပြင် သစ်သီး လတ်လတ် ဆတ်ဆတ်တွေတောင် ပါသေးတယ်။ နောက်ပြီးတော့ အပြင်က ပစ္စည်းတွေက သူ့အိမ်မှ သူ ကိုယ်တိုင် လုပ်ထားတဲ့ အိမ်လုပ် ယိုတွေနဲ့ ယှဉ်ရင်တော့ လုံးဝကို အရည် အသွေး မမှီ ဘူး။
ကျောင်းတော်သားရဲ့ လက်ကတော့ ယဉ်ကျေးမှု မရှိ စွာနဲ့ ဖန်ကျန်းရှီ ဆီကို ဖြန့်လာ ပြန်တယ်။
ဖန်ကျန်းရှိကတော့ သောက်နေတဲ့ ဝိုင်ပုလင်းကို ကျောင်းတော်သားဆိကို ထိုးပေးလိုက်တော့တယ်။
ကျောင်းတော်သားကတော့ သူ့လက်ထဲ ရောက်လာတဲ့ ဝိုင် ပုလင်းကို ကြည့်လိုက် ဖန်ကျန်းရှီကို ကြည့်လိုက် ဖြစ်နေတော့တယ်။ ဆယ့် ငါးမိနစ် တိတိ တွေေ၀ နေပြီး
နောက် နောက်ဆုံးမှာ နည်းနည်း လေး နည်းနည်းလေး သတိထားပြီးတော့ တစ်ချက် စုပ်သောက် လိုက်တယ်။ အဲ့ဒီ့နောက် သူ့ မျက်လုံးတွေ အရောင် တောက်ပ
သွားတော့တယ်။
ဝိုင် ပုလင်း ကတော့ ဖန်ကျန်းရှီ ဆီကို ပြန် မလာနိုင်တော့ ပါ ဘူး။
“ကောင်စုတ်။ ဓားပြ” ဖန်ကျန်းရှီကတော့ စိတ်ထဲမှာ ကျိန်ဆဲနေတော့တယ်။ ဒါပေမယ့် လည်း တခြား သူက ဧည့်သည် ဖြစ်နေတယ်။ ဧည့်သည် က နတ်ဘုရားပဲ ။
ကောင်းပြီလေ။ အရင်ဆုံး အရင်းအနှီး စိုက်တယ် ပဲ ထားလိုက်တော့မယ်။
…….
ဖန်ကျန်းရှီနဲ့ ကျောင်းတော်သားတို့ စားသောက်ပြီးတဲ့ နောက်မှာတော့ ရွာကို ပြန်လာခဲ့ကြတယ်။ အလဲအလှယ် လုပ်ဖို့ အတွက် နဲ့ ကျောင်းတော်သား နောက်ကို
လိုက်ဖို့ ဖန်ကျန်းရှီက ပြင်ဆင်ထားခဲ့တယ်။
စိတ်မကောင်း စွာနဲ့ပဲ ။ မတော်တဆမှု တစ်ခု ဖြစ်လာတော့တယ်။
ရွာသားတွေ သူတို့ရဲ့ ဧည့်သည်တွေကို တန်ဖိုးထားတယ်။ နောက်ပြီးတော့ ချီရှင်းလိန်ကလည်း ချွင်းချက်ထားတဲ့သူမျိုး မဟုတ် ဘူး။ ဖန်ကျန်းရှီနဲ့ အတူ
ပြန်လာတဲ့ ကျောင်းတော်သားကို တွေ့ချိန်မှာတော့ စာမေးပွဲမှာ ခင်ခဲ့တဲ့ သူငယ် ချင်း တစ် ဦးလို့ ထင်တဲ့အတွက် ဖော်ရွေ စွာ ကြိုဆိုခဲ့တယ်။ ကျောင်းတေ်ာသားကို
အိမ်ထဲ ဝင်ထိုင်ပြီး ရေနွေးသောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။
တခြား တစ်ဖက်မှာတော့ ဖန်ကျန်းရှီ မီးတောက်နီ နှင်းတိမ် မြင်းပျံကို ရရေးသာ စိတ်ထဲ တွေးနေခဲ့တယ်။
ဖန်ကျန်းရှီ က အကုန်လုံး အဆင်ပြေသွားပြီလို့ ထင်ချိန်မှာတော့ အိမ်ထဲက အဖြစ်အပျက်တွေ ထိန်းချုပ်မရတော့တဲ့ပုံပဲ။
“ကျန်းရှီ။ မင်း ဘယ်လို လုပ်ရက်တာလဲ။” ချီရှင်းလိန်ကတော့ ဒေါသ ထွက်နေ ဟန်ပါပဲ။
“ အမ်။” ဖန်ကျန်းရှီက သူ့ အမေ အတော်လေး ရိုးသားမှန်း သူသိတယ်။
“ ငါတို့ ရွာကို လာတဲ့ ဧည့်သည်တွေကို ဧည့်ဝတ်ကျေရမယ် ။ မင်း က သူ့မြင်းကို ဘယ်လို ယူနိုင်တာလဲ။ ဒီ လောက် တန်ဖိုးရှိတဲ့ မြင်းကို။ မင်း ဒီလို မလုပ်သင့် ဘူး။ ”
“…”
“ ဟုတ်တယ်။ ကျန်းရှီ။ မင်းအမေ ပြောတာ မှန်တယ်။” ဖန်ဟို့ ဒဲက ပြောလိုက်တယ်။
“…”
ဖန်ကျန်းရှီကတော့ ဝတ်ရုံဖြူ ကျောင်းတော်သားကို ကြည့်နေခဲ့တယ်။ သူ့ရှေ့က ထိုင်ခံမှာ ထိုင်နေပြီး သိပ်ကို အပြစ်ကင်းစင်တဲ့ အမူအယာနဲ့ ထိုင်နေဟန် သူ့ကို
မင်း ဘာမင်းရှင်းတော့ လို့ ပြောနေ ဟန် ပါပဲ။
“ အကွက်ရွေ့တာ မှားပြီ။” ဖန်ကျန်းရှီကတော့ ကူကယ်ရာမဲ့နေတော့တယ်။ သူ့မိဘတွေရဲ့ စိတ်သဘောကို ထည့်တွက်ဖို့ သူမေ့သွားတာဖတယ်
ဒီ ကျောင်းတော်သာ ဘယ်လိုများ ကြံစည်လိုက်တာလဲ။
ဖန်ကျန်းရှီကတော့ မကျေမနပ် ဖြစ်နေပင်မယ့် သူ့ မိဘတွေကို မလွန်ဆန်နိုင်ပါ ဘူး။
“ မင်သွားတော့။ ငါတို့ ဘာမှ မ လဲ ဘူး။”
ကျောင်းတော်သားက ဒါကို ကြားချိန်မှာတော့ သူ့မျက်နှာမှာ အပြုံးတစ်ခု ဖြစ်ပေါ်လာတော့တယ်။ အဲ့ဒီ့နောက် ထူးဆန်းတဲ့ အကြည့်နဲ့ ဖန်ကျန်းရှီကို ကြည့် လိုက်တော့တယ်။
“ အခုပဲ မင်း အမေ ဆီကနေ ကြားလာတယ်။ နတ်ဆိုးကျောင်းတော်မှာ ကျင်းပမယ့် စားသောက်ပွဲကို နောက် ရက် အနည်းငယ် ကြာရင် သွားမယ်ဆို။ ငါလည်း
အလျင် မလိုတော့ မင်းကို စောင့်ပြီးမှပဲ သွားတော့မယ်။ ငါတို့ လဲတာကိုတော့ မဖျက်ရအောင်”
“ ကြားရတာတော့ သိပ်မကောင်းဘူး။” ဖန်ကျန်းရှီက တွေးလိုက်မိတယ်။
“ လူကြီး လူကောင်း တစ်ယောက်ရဲ့ စကား ရွှေထက် အဖိုးတန်တယ်။ ငါ ဘယ်လို ငြင်းနိုင်မှာလဲ။”
ဖန်ကျန်းရှီကတော့ ကျောင်းတော်သားကို စိတ်ရှုပ်ရှုပ်နဲ့သာ ကြည့်နေရတော့တယ်။ အခု ဖြစ်နေတာတွေ သိပ်မကောင်းမှန်းသိပေမယ့်လည်း ခက်တာက တခြားသူရဲ့
အစီစဉ် တကျ လုပ်ထားတဲ့ ထောင်ချောက်ထဲ သူ ရောက်သွားပြီလေ။
ပြဿနာတော့ ရှိနေတယ်။
ဒါပေမယ့် ပြဿနာက ဘယ်နားမှာလဲ။
ဒီကောင်ရဲ့ ရည်ရွယ် ချက်က ဘာလဲ ။ ပြဿနာ အများကြီး မရှိပဲနဲ့။ ငွေတွေ အများကြီး သယ်လာပြီး ရွာလေးမှာ လာပြီးတော့ နေတယ်။
“ကောင်းြ့ပီလေ။ ” ဖန်ကျန်းရှီက လက်ခံလိုက်တော့တယ်။ ကျောင်းတော်သားလုပ်ချင်တဲ့ အစီ စဉ် အတိုင်း လိုက်လုပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။
ကျောင်းတော်သားက ဒါကို ကြားချိန်မှာတော့ ပြန်ပြုံးပြတော့တယ်။ သူ့ရဲ့ မျက်လုံးတွေ တော့ ကောင်းကင်က ကြယ်တွေလို တောက်ပနေခဲ့တယ်။
…
နောက်ရက်တွေ တော့ ချောချော မွေ့မွေ့ ဖြတ်ကျော်လာခဲ့တယ်။ ဖန်ကျန်းရှီရဲ့ မိ ဘတွေ ကတော့ အတော်လေးကို ဧည့်ဝတ်ကျေပွန်ကြတယ်။
ဖန်ကျန်းရှီ လည်း ကလန် ကဆန် လုပ်ချင်ပေမယ့် သူ လည်း ရေလိုက် ငါးလိုက်နေဖို့ သာ ဆုံးဖြတ် ခဲ့တယ်။
……
ဒုတိယမြောက်နေ့မှာလဲ ။ အခက်အခဲ မရှိ အေးဆေးစွာ ကုန်ဆုံးသွာပြန်တယ်။
မနက်စောစောမှာတော့ ဖန်ကျန်းရှီက စာဖတ်နေခဲ့တယ်။ ကျောင်းတော်သားလည်း စာဖတ်နေခဲ့တယ်။ ညနေမှာတော့ စားပွဲ တစ်ခုတည်းမှာ အတူတူ စားကြတယ်။ နေ့လယ်မှာတော့ ကျောင်းတော်သား ရွာထဲကို လမ်းလျှောက်ထွက်တယ်။ ညမှာတော့ အတူ စားပြီးနောက် စာဖတ် ကြပြန်တယ်။
သူတို့ တွေ မိသားစုလိုပါပဲ။
…
တတိယမြောက်နေ့မှာတော့ ထူးဆန်းနေတာ တစ်ခုကို ဖန်ကျန်းရှီ သတိထားမိသွားတော့တယ်။ နေ့တိုင်း မှာ နေ့လယ်ပိုင် း လမ်းလျှောက်မထွက်ခင် ကျောင်းတော်သား သူ ဖတ်နေတဲ့ စာအုပ်ကို စားပွဲပေါ်မှာ သတိ လက်လွှတ် ထားပြစ်ခဲ့တယ်။
…
စတုတ္ထမြောက် နေ့မှာလည်း အတူတူပဲ
…
ပဉ္စမမြောက်နေ့မှာလဲ အတူတူပါပဲ ။
…
ခြောက်ရက်မြောက်နေ့မှာတော့ ဖန်ကျန်းရှီလည်း မနေနိုင်တော့ပါဘူး။ ကျောင်းတော်သားထွက်သွားတာနဲ့ စာအုပ်ကို ယူဖတ်တော့တယ်။
“ငါ့အိမ်မှာ ဒီ လောက် အကြာကြီး နေနေတာ ။ အနည်းဆုံးတော့ တည်းခိုခ အဖြစ် ငါဖတ်မယ်။” ဖန်ကျန်းရှီကတော့ ပြဿနာ များများစားစားရှိမယ် မထင်ပါဘူး။
ကြည့်လိုက်တော့ ။ တိုက်ခိုက်ရေး နည်းပညာတွေကို ရေးသားထားတဲ့ စာအုပ် ဖြစ်နေတော့တယ်။
ဖန်ကျန်းရှီလည်း မျက်လုံး ပြူးသွားတော့တယ်။ ဒါ အခုချိန်မှာ သူ အလိုအပ်ဆုံး အရာပဲ။ စနစ်တကျ တိုက်ခိုက်နည်းတွေ တစ်ခုမှ မသိတဲ့ သူ့အတွက် ။
ဒါပေမယ့်….
အခုက ခိုးသလိုများ ဖြစ်နေမလား။
ကိစ္စ မရှိပါ ဘူး။ စာဖတ်တာလေးပဲ ကို။
ဖန်ကျန်းရှီက ခေါင်းထဲက အတွေးကို လျစ်လျူရှုလိုက်ပြီး ဂရုတစိုက် ဖတ်တော့တယ်။ အဲ့ဒီ့နောက် ဒီ စာအုပ်ရဲ့ သဘော တရားကို နားလည်သွားတယ်။
ဒါကို သာ စာနဲ့ ရေးရမယ် ဆိုရင် ဗရမ်းဗတာတွေ ဖြစ်ကုန်မှာပဲ။
ဓား ပညာ။ ပုဆိန်။ ဓားမ။
အကုန်လုံးကို စာအုပ်ထဲမှာ စုထားတာ တကယ့်ကို အံ့ဖွယ်ပဲ။ ဒါ့အပြင် လက်နက် တစ်ခု ချင်းစီရဲ့ အားသာချက် အားနည်းချက်တွေကို အသေးစိတ် ဖော်ပြထားတာ က
တကယ့်ကို ရှားပါး စာအုပ်ကောင်းတစ်အုပ် ဆို တာ သိသာ စေတယ်။
ဥပမာ အားဖြင့်။ ဘယ်လို တာအို ဖြစ်တည်မှုကို အသုံးချရမယ်။ အခက်ခဲဆုံး အပိုင်းတွေနဲ့ ဘယ်လောက် အစွမ်းထက်တယ် ဆိုတာပါ ဖော်ပြထားတယ်။
အဲ့ဒီ့နောက်
တခြား မရှိတော့ဘူး။
နည်းလမ်းပေါင်းစုံ ရောနှောထားတာပဲ။
“ဒါက ဘယ်လို စာအုပ်မျိုးလဲ။ ဟိုကောင်ကကော ဒီလောက် ရှုပ်ယှက်ခတ်နေတဲ့ စာအုပ်ကို ဘယ်လိုများ ဖတ်နေတာလဲ။ “ ဖန်ကျန်းရှီကတော့အံ့သြနေခဲ့တယ်။
ဒီ စာအုပ်မှာ နာမည်တောင် မပါ ဘူး။ အနည်းဆုံးတော့ ပုံလေး ဘာလေး ပါ သင့်တယ် ။
အရမ်းရိုးလွန်းတဲ့ စာအုပ်ကောင်း ဖြစ်နေတော့လည်း ။
အခုချိန်မှာ တစ်ခု မှ မတတ်သေးတာကြောင့် ။
ဒါတွေ အကုန် ဖတ်ရမှာပဲ လေ။
…
ခြောက်ရက် ကြာပြီးနောက်မှာတော့ စားပွဲပေါ်မှာစာအုပ် တစ်အုပ် ရောက်နေပြန်တယ်။
ပုံစံ တူ အဖုံးနဲ့ နောက်ပြီးတော့ အတော်လေးကို ဗရမ်းဗတာ ။ ဒါပေမယ့် စာအုပ်ထဲမှာ ပါတာတွေကတော့ မတူညီ ပြန်ပါ ဘူး ။ ဒီထဲမှာတော့ နည်းလမ်း အသစ်တွေနဲ့
လက်နက် တစ်ခု ခြင်းဆီကို အသုံးပြုနည်းတွေ ပါနေတယ်။
ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာတော့ မပျော်ရွှင်တော့ပါ ဘူး။ ရက်အတော် ကြာ အခြောက်ခံထားတဲ့ ရေညှိကို ကိုသင်နေသလိုပဲ မို့ စိတ်ထဲမှာ ညစ်လာခဲ့တယ်။
…
ရ ရက်မြောက် နေ့မှာတော့ နောက်စာအုပ် တစ်အုပ် ရောက်နေပြန်တယ်။ …
၈ရက်မြောက်နေ့မှာလဲ အတူတူပဲ။
၉ ရက်မြောက် နေ့မှာလဲ ….
…
ရက် နှစ်ဆယ်ကြာပြီးနောက် ကောင်းကင်မှာ ရောင်နီ မလာခင် မြင်းဇောင်းထဲက အသံ တစ်ခုကြောင့် ဖန်ကျန်းရှီ လန့်နိုးလာခဲ့တယ်။
“ဆိုးလိုက်တာ” ဖန်ကျန်းရှီက အကြောင်းရင်း တစ်ခုကို တွေးမိပြီးတော့ ဥယျာဉ်ထဲကို ခုန်ဆင်းလာရတဲ့ အတွက် ဘောင်းဘီတောင် မပါ ရှာပါ ဘူး။
သူကြည့်လိုက် ချိန်မှာတော့ ထင်တဲ့ အတိုင်း မီးတောက်နီ နှင်းတိမ် မြင်းဇောင်းထဲမှာ မရှိတော့ ဘူးဖြစ်တယ။် သိပ်မဝေးတဲ့ အကွာအဝေးမှာတော့ နှင်းတိမ်မြင်းပျံကို အပြင်းနှင်သွားတဲ့ ကျောင်းတော်သားတွေကို တွေ့လိုက်ရတော့တယ်။
ကျောင်းတော်သားတော့ နောက်ပြန်လှည့်ကြည့်နေခဲ့တယ်။
သူ့ရဲ့ နှုတ်ခမ်းတော့ လှောင်ပြုံး ပြုံးနေခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီရဲ့ ဘောင်းဘီ မပါတဲ့ ခြေထောက်တွေကို မြင်လိုက်ချိန်မှာတော့ သူ့မျက်နှာပေါ်က
အပြုံး ပျောက်ကွယ်သွားတော့တယ်။
“ အရှက်မဲ့လွန်းတယ်။ အရှက်မဲ့လွန်းတယ်။”
ဖန်ကျန်းရှီကတော့ လေထဲက ပျံ့လွှင့်လာတဲ့ စကားသံကို ကြားလိုက်ချိန်မှာတော့ စိတ်ဆိုးမာန်ဆိုးနဲ့ လက်ခလယ် ထောင်ပြလိုက်တော့တယ်။
“ ငါက ကျောင်းတော်သားလား။ စားသောက်ပြီး ထွက်ပြေးသွားတဲ့ သူက ပိုပြီး အရှက်မဲ့တာ မဟုတ်ဘူးလား။ လူတွေ ကြားက ယုံကြည်မှုက ဘယ်မလဲ။”
ဖန်ကျန်းရှီက အလွန်အမင်းကို မပျော် မရွှင် ဖြစ်နေပင်မယ့် ရွာထဲကို ဘောင်းဘီမပါပဲ လျှောက်ပတ်ပြေးဖို့ ဒီလို ကြီးမားတဲ့ အရှက်မဲ့မှုကို မလုပ်ဝံ့ပါ ဘူး။
နောက်ဆုံးမှာတော့ ချီရှှုင်းလိန်ရဲ့ အသံက အခန်းထဲက ထွက်လာတော့တယ်။ နောက်ထပ် အသံ မထွက် ရဲ တော့ပဲ ဖန်ကျန်းရှီက သူ့ အခန်းထဲကို ပြန်ဝင်သွားတော့တယ်။
“ကျန်းရှီ။ ဘာဖြစ်တာလဲ။”
“ ဘာမှ မဟုတ်ပါ ဘူး။ ကျွန်တော့်ရဲ့ မီးတောက်နီ နှင်းတိမ်လေး အိမ်လည် ထွက်သွားလို့ပါ။”
…
နှစ်ရက်ကြာပြီးနောက် မှာတော့ ဖန်မိသားစုရဲ့ ဥယျာဉ်ထဲမှာ နေသာ နေခဲ့တယ်။
ချီရှင်းလိန်က ဖန်ကျန်းရှီ ကို လေးလေးနက်နက် ကြည့်နေခဲ့တယ်။
ဖန်ကျန်းရှီကတော့ သူ့အမေရဲ့ အကြည့်တွေ ကနေ သက်တောင့် သက်သာ မရှိ မှုကို ခံစား နေရတယ်။
“ အမေ။ နေ မကောင်း ဘူးလား။”
“ နောက် တစ်ခါ မင်း ပြန် လာရင် ( ၁) ကူ ယန် ကို အပါ ခေါ်ခဲ့” ချီရှင်းလိန်က ဖန်ကျန်းရှီကို တစ်ချက်လွှတ် အမိန့်ပေးလိုက်တယ်။
“ ကူယန် ကို ခေါ်ရမယ်။ ” ဖန်ကျန်းရှီကတော့ သူ့ အမေ ပြောပြထားတာ ကြောင့် ဝတ်ရုံဖြူ ကျောင်းတော်သားရဲ့ နာမည်က ကူယန် ဆိုတာ သိတယ်။ ဒါပေမယ့် သူ့ကို အပါ ခေါ်လာခဲ့ဆိုတာ ဘာကို ပြောချင်တာလဲ။
အာ ။ ဟုတ်တာပေါ့။ ဒီ ကောင်စုတ်က အိမ်မှာ ရက် နှစ်ဆယ် တိတိ တပြားမှ မပေးပဲ နေသွား တာ။
“ အမေ။ စိတ်မပူပါနဲ့ ။ လုံးဝကို အပါ ခေါ်ခဲ့မယ်။” ဖန်ကျန်းရှီကတော့ သူ့ရင်ဘတ်ကို ကပ်ရင်း လက် မ ထောင် ပြလိုက်တော့တယ်။ အမဲ လိုက်တဲ့အချိန် အတောတွင်း မှာတောင် သူ့ကို လှည့်စားရဲတဲ့သူ မရှိ ခဲ့တာ။ ဒီ ကောင်စုတ်ကို ဘယ်လိုလုပ် လွယ်လွယ် ကူကူ လွှတ်ပေးရမှာလဲ။
…
သူ့ရဲ့ ပထမ တစ်ကြိမ် ရွာကနေ အထီးကျန်ကျန် ထွက်ခွာ ခဲ့ရပုံနဲ့ ယှဉ်ရင်တော့
ဒီ တစ်ကြိမ် ဖန်ကျန်းရှီ ရွာကထွက် ခွာ တာ အတော်လေးကို ခံ့ညားလွန်းတယ်။ ရွာက ရှိသမျှ ရွာ သားတွေ အကုန်လုံး သူ့ကို ရွာ ဝင်ပေါက်ထိ လိုက်ပို့ ကြတယ်။ ငွေ အကြေးမြင်းပေါ်က ဖန်ကျန်းရှီကို ကြည့်ရင်း ချီရှင်းလိန်ရဲ့ ပါးပေါ်မှာတော့ မျက်ရည်တွေ စီးကျနေခဲ့တယ်။
တခြားတစ်ဖက်မှာတော့ ဖန်ဟို့ဒဲ သူမဘေးမှာ ရပ်ရင်း ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။
ထုံးစံ အတိုင်း ကျန်းယန်ဖိန်ကတော့ အိတ် အပြည့် ထည့်ထားတဲ့ ပိုက်ဆံအိတ် တစ်ခုကို ပေးတော့တယ်။ ဒီ အချိန်မှာတော့ ပိုက်ဆံအိတ်ထဲမှာ ငွေစတွေ မဟုတ်တော့ပဲ။ ငွေတုံးလေးတွေ ဖြစ်နေတယ်။
“လမ်းခရီးမှာ ဂရုစိုက်ပါ။ ”
“ကောင်းပြီ။”
ဖန်ကျန်းရှီကတော့ ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် ရွာသားတွေကို နှုတ်ဆက်ပြီးတော့ ထွက်ခွာလာခဲ့တော့တယ်။
….
…
တစ်လ ကြာပြီးနောက် ။ မြောက်ပိုင်း ဒေသမြို့တော်ကြီး ဖြစ်တဲ့ ရွှေရောင်မြို့တော်မှာတော့ မရေမတွက်နိုင်တဲ့ လူတွေနဲ့ မြင်းလှည်းတွေ မြို့တံခါးကနေ တဖွဲဖွဲ ဝင်ရောက်နေခဲ့တယ်။
မြောက်ပိုင်း ဒေသရဲ့ အဓိက မြို့တော် အနေနဲက ရွှေမြို့တော်မှာ ပြိုင်ဘက်ကင်း အရာတွေ ရှိတယ်။ ပိုပြီး အရေးကြီးတာကတော့ မြို့တော်ထဲမှာ တောက်ပတဲ့ သံချပ်ကာ ဝတ် စစ်သည်တော်တွေ အမြဲ ကင်းလှည့်နေတာပဲ တယ်
ယုံကြည်မှု မြစ်မြို့တော်ရဲ့ တိတ်ဆိတ် ငြိမ်သက်မှုနဲ့ ယှဉ်ရင်တော့။
ဒီ ရွှေမြို့တော်ကြီးရဲ့ လုံခြုံရေး အဆ ပေါင်း များစွာ တင်းကြပ်လှတယ်။
အပိုင်း (၁၂၉) ပြီး၏။
(၁) ကျောင်းတော်သားရဲ့ နာမည် ဖြစ်တဲ့ “ကူယန်” ချီကူယန် နာမည် အဓိပ္မာယ်နဲ့တော့ ကွာပါတယ်။ ဒီ ကျောင်းတော်သားရဲ့ နာမည်ကတော့ ရှေးငေ်း ဘဲငန်း ဆိုတဲ့ အဓိပ္မာယ် တယ်
အပိုင်း ( ၁၃၀)
“ နတ်ဆိုးကျောင်းတော် စားသောက်ပွဲကြီး ”
နတ်ဆိုးကျောင်းတော် မြောက်ပိုင်း ဒေသ မှာ မြို့တော်ကြီး ငါးခုနဲ့ ဝန်းရံထားပြီးတော့ ယနေ့ရဲ့ လုံခြုံ မှု အခြေအနေကတော့ သံမဏိ သံချပ်ကာလိုပဲ ဖြစ်ပါတယ်။
ဒီ အချိန်မှာတော့ နတ်ဆိုးကျောင်းတော်ရဲ့ တံခါးမကြီး တစ်ဖက် တစ်ချက်စီမှာ ကြီးမားလှတဲ့ ကျောက်စိမ်း ရုပ်တုကြီးတွေ ရှိနေတော့တယ်။ ခမ်းနား ထည်ဝါတယ်။ ဒါ့အပြင် ရုပ်တုကြီးတွေရဲ့ ဘေးဘက်မှာတော့
တပ်နီတော်ကြီးရဲ့ စစ်သည်တော်တွေ တောက်ပလှတဲ့ သံချပ်ကာတွေကို ဝတ်ဆင်ထားပြီးတော့ စောင့်ကြပ ်နေကြတယ်။ သူတို့ရဲ့ အမူအယာတွေကတော့ ရေခဲ တမျှ အေးစက်လွန်းလှပြီး အနီးနားမှာ ဖြစ်ပျက်နေသမျှကို သတိကြီးကြီးနဲ့ စောင့် ကြပ်နေ ဟန်ပါပဲ။
နတ်ဆိုးကျောင်းတော်ကြီး ရဲ့ ဒီနေ့ စားသောက်ပွဲကြီး လွန်စွာ မှ အရေးကြီး လှတယ် ဆိုတာ သူတို့ကောင်းကောင်း သိတာကြောင့် ဖြစ်တယ်.။
မြောက်ပိုင်းဒေသရဲ့ မြို့တော်ကြီး ငါး ခုထဲမှာတော့ တရားဝင် အဆင့်ငါး နဲ့ အထက်ကို ရရှိသူ အကုန်လုံး ရောက် ရှိနေကြပြီ တယ် ဒါတင်မကပါ ဘူး။ အနောက် ပိုင်း လျန် ဒေသ ။ တောင်ပိုင်း နယ်မြေ။ အရှေ့ပိုင်း ဒေသ က ထူးချွန်ကျောင်းတော်သားတွေ စားသောက်ပွဲ အတွက် စုဝေးလာကြပြီ တယ်
အကြောင်းရင်းကတော့ သိပ်ကို ရိုးရှင်းလှပါတယ်။
ကြီးမြတ်သောရှ မင်းဆက်က အတော်ဆုံး မိန်းမပျိုလေး ချီကူယန် ကြောင့်ပဲ တယ်
တရားဝင် ရုံးတော်သားတွေ အတွက် ဒီလို အနာဂတ် နံပါတ် တစ် အုပ်ချုပ်သူ တစ်ယောက် ဖြစ်လာဖို့ ရှားပါး အခွင့် အရေး တစ်ခု တယ် ကျောင်းတော်သားတွေ နဲ့ လူငယ်တွေ ရဲ့ စိတ်ထဲမှာ တော့ နက်ရှိုင်းတဲ့ အဓိပ္မာယ် အသီးသီး ရှိနေကြတယ်။
လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ချီကူယန် တော်ဝင် ယန် မြို့တော်ကြီးမှာ လူတိုင်းရဲ့ နှစ်ထပ်ကွမ်း နဂါးချန်ပီယံ တစ်ဦး ဖြစ်လာခဲ့တယ်။ ဒီလို ထူးခြားလှတဲ့ စွမ်းရည်တွေ ကျောင်းတော်သားတွေကို ဒူးထောက်စေနိုင်တယ်.။
နောက်ပြီးတော့ ချီကူယန်က မစေ့စပ်ရသေးတဲ့ မိန်းမပျိုလေး တစ်ဦး ။
ဒါက ဒီ လောက မှာ ရှိတဲ့ လူတိုင်း သိကြတဲ့ လျှို့ဝှက်တဲ့ အကြောင်းရင်း တစ်ခု တယ် ချီကူယန်ရဲ့ စေ့စပ်မှုကတော့ လက်ရှိ ဧကရာဇ်ရဲ့ ဆုံးဖြတ်မှု အောက်မှာ ရှိနေတာ တယ် ဒါပေမယ့်လည်း ဧကရာဇ် ချီကူယန်ရဲ့ စိတ်ဆန္ဒ မပါ ဝင်ပဲ မဆုံးဖြတ်နိုင်တာ သူတို့အကုန် နားလည် ကြတယ်။
နောက်ဆုံးမှာတော့ ချီကူယန်ရဲ့ စေ့စပ်မှုက သူမ ကိုယ်တိုင် ဆုံးဖြတ်မှုအောက်မှာပဲ တည်ရှိတာ တယ်
…
နတ်ဆိုးကျောင်းတော်တွင်းမှာတော့ သိပ်ကို ကြီးမားကျယ်ပြန့်လှတဲ့ ကွင်းပြင်ကျယ်ကြီး ရှိနေခဲ့တယ်။
ခန်းမကြီးတော့ ကြည်လင်နေတဲ့ ရေ ပြင်ကျယ်နဲ့ အတူ လေထုထဲ ပျံ့လွင့်နေတဲ့ ပန်းပေါင်းစုံ ရနံ့တွေ နဲ့ ပြည့်နှက်နေတယ်။
အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ ယွဲ့အာ တော့ ခန်းမ ကြီးရဲ့ အပြင်မှာ ရပ်နေခဲ့တယ်။ ခန်းမကြီးရဲ့ အပြင်ဘက်မှာ ထိုင်နေခဲ့တဲ့ စာအုပ်ဖတ်နေသူ ပန်းနုရောင် ဝတ်ထားတဲ့ အမျိုးသမီး ငယ်လေး ကို စောင့်ကြည့်နေခဲ့တယ်။
ဒါကတော့ ချီကူယန်ပဲ ဖြစ်ပါတယ်။
“ သခင်မှာလေး။ ဒီ အချိန်မှာတော့။ သွမ့် ပြည်ထောင် အရှင်က ကိုယ်တိုင် လာရောက်ပါမယ်။ ဒီကို စားသောက်ပွဲ အတွက် လာတာ မဟုတ်ပဲ သခင်မလေးကို တွေ့ဆုံ ချင်တဲ့ အတွက် လာရောက်ခြင်းဖြစ်ပါတယ်။” ယွဲ့အာ ခပ်တိုးတိုးပြောလိုက်တယ်။
“နောက်တစ်ကြိမ်မှာတော့ အဖေက မင်းကို သတင်းစကား ပါးခိုင်းရင် မင်း လာပြောဖို့ မလိုတော့ ဘူး။”
“ အမိန့်တော် အတိုင်းပါ သခင်မလေး”
“ အချိန်ရောက်တော့မယ်။ အဆင်သင့် ပြင်ထား တော့။”
“ အမိန့်အတိုင်းပါ။ ” ယွဲ့အာက ခေါင်းငြိမ့်လိုက်ပြီးတော့ ဘေးဘီကို ဝေ့၀ဲ လိုက်တော့တယ်။
အလွန်လျင်မြန်စွာနဲ့ပဲ အစေခံ အမျိုးသမီး အယောက် နှစ်ဆယ် ရောက်ရှိလာတော့တယ်။ သူတို့ တော့ မနီးမဝေး နေရာကနေ စောင့်ဆိုင်းနေ ဟန်ပါပဲ။
…
ဒါက ဖန်ကျန်းရှီရဲ့ ပထမဆုံး အကြိမ် ရွှေရောင် မြို့တော်ကို လာရောက် တာတယ် ထုံးစံ အတိုင်း သူ အတော်လေးကို စပ်စု ချင်နေတယ်။
ရန်ရွှယ်ကတော့ ဒီ မြို့တော်ကို ခနခန ရောက်ပင်မယ့်လည်း လမ်းညွှန်သူကောင်း တစ်ယောက်တော့ မဟုတ်ပါ ဘူး။ ဒီနေ့မှာတော့ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီးတော့ ဝတ်ရုံပေါ်မှာတော့ ဝါးပင် မှင် ပန်းချီ ရှိနေခဲ့တယ်။ ရန်ရွှယ်ရဲ့ အသွင်ပြင်တော့ ပိုပြီးတော့ အေးစက်စွာ ထည်ဝါ နေခဲ့တယ်။
လမ်းတစ်လျှောက်လုံးမှာတော့ ရန်ရွှယ်က စကားတစ်ခွန်းမှ မပြောပဲ အလွန်ကို စိတ်အေး သက်သာ စွာနဲ့သာ ဖန်ကျန်းရှီနဲ့ ပုခုံးချင်း ယှဉ်ပြီး လျှောက်နေခဲ့တယ်။
အနည်းဆုံးတော့ သူ့ဘေးမှာ ရန်ရွှယ်ရှိနေတဲ့ အတွက် အနည်းဆုံးတော့ နတ်ဆိုးကျောင်းတော်ကို ရှာဖို့ မခက်ခဲတော့ ဘူး။
ရှစ် နှစ်တောင် ကြာခဲ့ပြီ ။ နောက်ဆုံးတော့ ရင်းနှီးတဲ့ သံချပ်ကာကို မြင်ရခဲ့ပြီ။ သွေးနီရောင် တြိဂံတံဆိပ် ကိုပဲ။ ဖန်ကျန်းရှီက ရုတ်တရက် အချိန်တွေ မြန်မြန် ကုန်သွားသလို ခံစားလိုက်ရတယ်။
ဒီနေ့မှာတော့ နတ်ဆိုးကျောင်းတော် ရဲ့ တံခါး ကျယ်ပြန့်စွာ ပွင့်နေခဲ့တယ်။ တပ်နီတော် ကြီးကတော့ တံခါးဘေးမှာ ရပ်နေခဲ့တယ်။ ဧည့်သည်တွေကို ကြိုဆိုဖို့ အတွက် အစေခံတွေ ရှိနေခဲ့တယ်။
“ သခင်လေး နှစ်ဦး လုံးကို နှုတ်ခွန်းဆက်သ ပါတယ်။ ” ဖန်ကျန်းးရှီနဲ့ ရန်ရွှယ်တို့ကို အစေခံတွေက နှုတ်ခွန်းဆက်လိုက်တယ်။
“ ဒါက သခင်ကြီး အတွက် လက်ဆောင်ပါ။” ရန်ရွှယ်က စာရင်း မှတ်နေတဲ့ အစေခံ တစ်ဦးကို ပြောလိုက်တယ်။
“ သခင်လေး ရန်ရွှယ်ကို သင် ကြီး အစား ကျေးဇူးတင်ပါတယ်။” နာမည်စာရင်းမှတ်နေတဲ့ အစေခံက ပြောလိုက်တယ်။ အဲ့ဒီ့နောက် စာအုပ်ထဲက စာရင်းကို ကြည့်ရင်း သူ့ရဲ့ အမူအယာကတော့ အတော်လေးကို လေးစား နေဟန် ပါပဲ။
အဲ့ဒီ့နောက် ဖန်ကျန်းရှီကို ကြည့်လိုက်တော့တယ်။
ကောင်းပြီ။
သူ တကယ့်ကို လက်ဆောင် ကောင်းကောင်း တစ်ခု ယူလာခဲ့ပါတယ်။
သူ့အိတ်ထဲကနေ အထုပ် တစ်ခုကို ထုတ်လိုက်ပြီးနောက် အစေခံရဲ့ လက်ထဲကို ထဲ့လိုက်တော့တယ်။
အစေခံကတော့ လက်ဆောင်ကို ယူလိုက်ပြီး စာရင်းမှတ်နေတော့တယ်။ သူ့ရဲ့ မျက်နှာကတော့ အတော်လေးကို မချိုမချဉ် ဖြစ်နေတော့တယ်။
“ ကန်းစွန်းဥခြောက် တစ်ပေါင် ။ မြေပဲ အိတ် တဝက်။ မှိုင်းတိုက် အသားကင် နှစ်တုံး …”
“သခင်လေး ဖန် ။ လက်ဆောင်ထုပ် မှားယူ လာတာတော့ မဟုတ်ပါ ဘူးနော်။ ” စာရင်းမှတ်နေတဲ့ အစေခံက ပြောလိုက်တယ်။
“ဒီ ပစ္စည်းတွေ အကုန်လုံးက ငါ့ ဇာတိထွက် ရှားပါး အိမ် ဖြစ် ပစ္စည်းကောင်း ပစ္စည်းသန့်တွေပဲ။ သခင်ကြီး နှစ်သက်မယ်လို့ မျှော်လင့် ပါတယ်။” ဖန်ကျန်းရှီက သူ့ရဲ့ ခေါင်းကို အသေအချာ ငြိမ့်ရင်းပြောလိုက်တော့တယ်။ ဒါက သူတို့တောင်ပေါ်ထွက် ပစ္စည်းကောင်းတွေ တခြား ဘယ်မှာမှ မရနိုင် ဘူး။
သူ့ရဲ့ အရင်လောကမှာ ဆိုရင် ပိုက်ဆံ ရှိရင်တောင် ဒါမျိုးတွေက ဝယ်လို့ ရတာ မဟုတ် ဘူး။
“ ဟ ဟဟ ဖန်ကျန်းရှီ မင်းလက်ဆောင်တွေကတော့ တကယ့်ကို အံ့ဖွယ်ပဲ။” ရယ်သံ ဖန်ကျန်းရှီ နောက်ကနေ ထွက်လာတော့တယ်။
အဲ့ဒီ့နောက် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ နှင်းပွင့်လို ဆွတ်ဆွတ်ဖြူတဲ့ မျက်နှာ ပိုင်ရှင် တစ်ဦ ဖန်ကျန်းရှီရှေ့မှာ ပေါ်လာခဲ့တယ်။
“ သခင်လေး လုကို နှုတ်ခွန်းဆက်ပါတယ်။ ” အစေခံတွေက လူသစ်ကို မြင်ချိန်မှာတော့ စတင်ပြီး ပြုံးတော့တယ်။
“ ဟမ်။ ဒါက ရန်ရွှယ် မဟုတ် ဘူး လား။ ဒီ တောသားကောင်နဲ့ မိတ်ဆွေဖွဲ့နေတယ်လို့ အရင်တည်းက ကြားမိသား ။ မင်းတို့ နှစ်ယောက် ဒီလောက်တောင် တပူးပူး တတွဲတွဲ ဖြစ်နေမယ်လို့ မထင်ထား မိ ဘူး။ ” အပြာရောင် ဝတ်စုံနဲ့ လူငယ်တော့ အစေခံတွေကို ဂရုမစိုက်ပဲ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီကိုသာ ကြည့်ပြီး ပြောနေတော့တယ်။
ရန်ရွှယ်ကတော့ တစ်ခွန်းမှ မပြောပါပြီး မျက်စောင်းတစ်ချက်တောင် လှည့်မထိုးပါ ဘူး။
လူငယ်ရဲ့ မျက်လုံးမှာတော့ ထိတ်လန့်ဟန်တစ်ခု ဖြစ်ပေါ်လာတော့တယ်။ သို့ပေမယ့် လျင်မြန်စွာ ပြန်လည် ပျောက်ကွယ်သွားခဲ့တယ်။ ရန်ရွှယ်နဲ့ ဆက်ပြီးတော့ မငြင်းခုံ တော့ပဲ ဘေးမှာ ရှိတဲ့ ဖန်ကျန်းရှီကို သာ လှည့်ပြီး ပြောတော့တယ်။
“ ဖန်ကျန်းရှီ မင်း ဒီ စားသောက်ပွဲကို လာဝံ့တယ်လို့ ငါ တကယ် မထင်ခဲ့မိ ဘူး။ မင်း ငါ့ရဲ့ ဝမ်းကွဲ ပြန်လာတာကို မသိ ဘူး လား။ း း ….. ငါ့ရဲ့ ဝမ်းကွဲက မင်းကို အတော်လေး မုန်းနေတာ။” အပြာရောင် ဝတ်စုံနဲ့ လူငယ် ဖန်ကျန်းရှီကို လှောင်ပြုံးပြုံးရင်း ကြည့်နေခဲ့တယ်။
ဖန်ကျန်းရှီကလည်း အပြာရောင် ဝတ်ရုံဝတ် လူငယ်ကို လှည့်တောင် မကြည့်ပါ ဘူး။ အဲ့ဒီ့ အစား အစေခံတွေကိုသာ ကြည့်လိုက်တော့တယ်။
“ဒါက မြင့်မြတ်လှတဲ့ နတ်ဆိုးကျောင်းတော်ကြီးရဲ့ ဧည့်သည်တွေကို ကြိုဆိုပုံလား။”
“ ဒါက ” အစေခံတွေလဲ သတိ ဝင်လာတော့တယ်။ ဖန်ကျန်းရှီကို ကြည့်လိုက်ပြီးနောက် အပြာရောင် ဝတ်ရုံဝတ် လူငယ်နဲ့ ရန်ရွှယ်ကို ကြည့်လိုက်တယ်။ သူတို့ရဲ့ အမူအယာကတော့ ပြောင်းလဲသွားတော့တယ်။ “ သခင်လေး လု။ သခင်လေး ရန်ရွှယ်။ သခင်လေး ဖန်။ ကြွပါ။”
ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် ရန်ရွှယ် နတ်ဆိုးကျောင်းတော်ထဲကို ဝင်သွားတော့တယ်။
နတ်ဆိုးကျောင်းတော်ရဲ့ တံခါးကို ရောက်သွားချိန်မှာတော့ ဖန်ကျန်းရှီ နောက်ကို ပြန်လှည့်ကြည့်လိုက်တယ်။ အပြင်မှာ ရပ်နေတဲ့ အပြာရောင်ဝတ် ကျောင်းတော်သားကို မြင်ချိန်မှာတော့ လက်ခလယ် တစ်ချောင်း ထောင်ပြလိုက်တယ်။
“ငတုံးကောင်”
သူ့ရဲ့ အသံကတော့ ကြည်လင် ကျယ်လောင် လှတယ်။ ဒါတင် မက ပါ ဘူး။ သူ့ရဲ့ အသံ ရှင်းလင်းလွန်းလို့ အစေခံတွေတောင် ကောင်းကောင်း ကြာရတယ်။ နတ်ဆိုးကျောင်းတော်ရဲ့ အပြင်ဘက်မှာ စောင့်ဆိုင်းနေတဲ့ တပ်နီတော်ကြီး တောင်မှ ဖန်ကျန်းရှီ ပြောလိုက်တာကို ကောင်းကောင်း ကြားနိုင်တယ်။
အပြာရောင် ဝတ်စုံဝတ် လူငယ်ရဲ့ အမူအယာ တော့ မည်းမှောင်သွားတော့တယ်။
“ အာ ဟုတ် သားပဲ။ သူပြောနေတဲ့ ဝမ်းကွဲက ဘယ်သူလဲ။” နတ်ဆိုးကျောင်းတော်ရဲ့ တံခါးကို ဝင်သွားချိန်မှာတော့ ဖန်ကျန်းရှီက သူ့ဘေးမှာ ရပ်နေတဲ့ ရန်ရွှယ်ကို မေးလိုက်တယ်။
“ စစ်နတ်ကျောင်းတော်က တောင်ပိုင်းဒေသကို စောင့်ကြပ်တယ်။ နတ်ဆိုးကျောင်းတော်ကတော့ မြောက်ပိုင်းဒေသကို စောင့်ကြပ်တယ်။ တောင်နဲ့ မြောက် ကွာခြားပေမယ့် သူတို့ သွေးသား တော်စပ် ကြတယ်။ ဒီ လူက စစ်နတ်ကျောင်းတော်က ကိုးယောက်မြောက်သား ဖြစ်တယ် ။ ဒါကြောင့် သူ့ရဲ့ ဝမ်းကွဲက ဖြစ်နိုင်တာ….” ရန်ရွှယ်က လမ်းလျှောက်ရင်းနဲ့ ရှင်းပြနေတယ်။
“…. သူ့ရဲ့ ဝမ်းကွဲက ချီကူယန် လို့ တော့ မပြောတာ ကောင်းလိမ့်မယ်။ ” ဖန်ကျန်းရှီက ပြုံးရင်း ပြောလိုက်တယ်။
“ အတိအကျပဲ။” ရန်ရွှယ်က ဖန်ကျန်းရှီကို လည်ပြန်ကြည့်ရင်း အသေအချာကို ခေါင်းငြိမ့် နေတော့တယ်။
“…” ဖန်ကျန်းရှီရဲ့ မျက်နှာပေါ်က အပြုံးတော့ အေးခဲ သွားတော့တယ်။
အပိုင်း (၁၃၀ ) ပြီး ၏။ ( ဖန်ကျန်းရှီ ပေးတဲ့ လက်ဆောင် အမိုက်စားတွေကို သခင်ကြီး ချီဟို့ ကြိုက်မကြိုက်တော့ မသိ။ သူ့ သမီးကတော့ အ၀ ကြိတ်လောက်တယ်။ အိမ်မှာ ရက် ၂၀ တောင် နေသွားတာ)