အပိုင်း (၁၁၁-၁၁၂)
Vol. 2 Ch. 111-120
အပိုင်း (၁၁၁)
“မင်း ဘဝကို အရှုံးမပေးပါနဲ့”
ဘာသာပြန်သူ-Enri Thaw
…ဒါက သံချပ်ကာလေး တစ်ခုပဲ။
ရန်ရွှယ်ရဲ့ သူ့အပေါ်မှာ ထားတဲ့ ယုံကြည်မှုကိုတော့ ဒါက ဘယ်လို ယှဉ်ပြိုင်မှာလဲ။ ဒီ တောင်နဲ့မြစ် မိုးမြေ ယပ်တောင်ကို သူ မသုံးပဲနဲ့ ဒီလူတွေကို နိုင်မယ်ဆိုတာ ယုံကြည်မှု အပြည့်ရှိတယ်။
တိုက်ခိုက်ရေး စာမေးပွဲမှာ ကျောင်းတော်သားတွေကို တိုက်ခိုက်တာ လက်လွန်သွားရင်တောင် ထုတ်ပယ်မှာ မဟုတ်ဘူး။
ဒါကြောင့် တိုက်ရိုက်ပြောရရင်။ အသန်မာဆုံးသူက အနိုင်ရမှာပဲ။
ဖန်ကျန်းရှီကတော့ ဒီမှာ လှည့်စားမှုတွေ သွယ်ဝိုက်တဲ့ ဆက်နွယ်မှုတွေ ရှိမယ်ဆိုတာ မယုံဘူး။ နောက်ပြီး ဟွားခန်အန်းနဲ့ တခြားသူတွေဒီ ယုံကြည်မှု မြို့တော်ကို လာတဲ့ အကြောင်းရင်းကို သူကောင်းကောင်းသိတယ်။ အနှေးနဲ့ အမြန်တော့ တိုက်ခိုက်ရမှာပဲ ။ ပထမဆုံး တိုက်ခိုက်တဲ့သူက အခွင့်အရေးကို အများဆုံးရမှာ ဖြစ်တယ်။
တခြားတစ်ဖက်မှာတော့ ဖန်ကျန်းရှီရဲ့ စကားကို ကြားပြီးတဲ့ နောက်မှာတော့ သူတို့ မျက်စိလည်သွားတော့တယ်။
“ငါတို့ မလောင်းရင်။ငါတို့ သုံးယောက်လုံး ဖြတ်သန်းနိုင်မှာမဟုတ်ဘူး။ ” ဟွားခန်အန်းကတော့ ထိတ်လန့်သွားပေမယ့် ၇ယ်မောလိုက်တော့တယ်။ သူ့ရှေ့မှာ ဒီ လို စကားမျိုး ပြောဝံ့တဲ့သူ ရှိမယ်လို့ သူ မထင်ထားဘူး။
ဟွားမိသားစုရဲ့ ဂုဏ်ရည်ကို ထဲ့မတွေးရင်တောင်။ ငါးနိုင်ငံက ကျောင်းတော်သားတွေထဲမှာ သူ့ရဲ့ နာမည် ဂုဏ်သတင်းက အကျော်ကြားဆုံးဖြစ်တယ်။ ပြောရမယ်ဆိုရင် ဒီ တစ်မျိုးအောက် မြောက်ပိုင်းဒေသမှာ ကောင်းကင် စစ်သေနာပတိ ချီကူယန်က လွဲပြီး တခြား ဘယ်သူ့ကို မှ မကြောက်ဘူး။
ဒါပေမယ့် ဒီနေ့မှာတော့ အခု သူကြုံနေရတာက ။ ရှင်းရှင်းလင်လင်းကို ဓားပြတိုက်တာပဲ။
ပုန်းကွယ်နေသော နဂါးအဆင့် ၂၀ ကြယ်တာရာ စုဝေးမှု အဆင့် ဉာဏ်ကြီးရှင် တစ်ယောက် ကို တာအိုနိယာမ စာမေးပွဲ မှာ အေး ဓားပြ တိုက်ခံရတယ်။ ဒါ့အပြင် တိုက်တဲ့ ဓားပြက နတ်ဆိုးစည်း အဆင့် တောသား။
ဟွားခန်အန်းက အူလှိုက် သည်းလှိုက် ရယ်မောရင်း တစ်ကိုယ်လုံး တုန်ခါနေတော့တယ်။ သူ့ရဲ့ မျက်နှာကတော့ အေးစက်သွားပြန်တော့တယ်။
“ ဖန်ကျန်းရှီ မင်းငါ့ကို ဓားပြတိုက်နေတာလား။” ဟွားခန်အန်းက ရယ်မောရင်း မေးလိုက်တယ်။
ဒီ အချိုန်မှာတော့ ပထမ အဆင့်မှာ အောင်မြင်လာတဲ့ ကျောင်းတော်သားတွေလည်း ရောက်လာကြတော့တယ်။ သူတို့ရှေ့က မြင်ကွင်းကို မြင်လိုက်ချိန်မှာတော့ သူတို့အကုန် ရပ်တန့်သွားကြတော့တယ်။
“ဘုရားရေ။ ငါ နားကြားများ လွဲသလား။ ဖန်ကျန်းရှီက ဟွားခန်အန်းကို ဓားပြတိုက်တယ်။”
“ဒီမှာတစ်ခုခု မှားနေတာ မလား။ ဟွားခန်အန်းက ဖန်ကျန်းရှီကို ဓားပြတိုက်တာပဲ ဖြစ်သင့်တာ။”
“ဒီ ဖန်ကျန်းရှီက တကယ့်ကို ကြောက်စရာကောင်းတာပဲ။ ဟွားခန်အန်းက ဘယ်သူဆိုတာလည်းတောင် မသိဘူးလား။ ကြယ်တာရာစုဝေးမှု အဆင့်နဲ့ နတ်ဆိုးစည်း ကွာခြားမှုကိုတောင် တကယ်ပဲ မသိဘူးလား။”
“ခိုင်ယွင်ဖုန်းကို နိုင်သွားတာနဲ့ ခေါင်းချောင် သွားတာလား။”
ဟွားခန်အန်းရဲ့ စကားက တကယ့်ကို အံ့အားသင့်စေတယ်။
“ကောင်းပြီလေ။ ဓားပြတိုက်တယ်ဆိုလည်း တိုက်တယ်ပေါ့။” ဖန်ကျန်းရှီက အင်တိုက်အားတိုက် ရယ်မောနေတဲ့ ဟွားခန်အန်းကို ကြည့်ရင်း ပြောလိုက်တယ်။ ဒါကို ကြားပြီးနောက်မှာတော့ ဖန်ကျန်းရှီက သံချပ်ကာတင် မကပဲ ရှိသမျှ အဝတ် အကုန် ချွတ်ပြီး ယူပြစ်ရင်ကောင်းမလားလို့ တွေးလိုက်မိတယ်။
“ ဖန်ကျန်းရှီ မင်းမှာ ငါ့ကို ဓားပြတိုက်ဖို့ အစွမ်းရှိရင် ငါ့ရဲ့ ပင်လယ်နက်ထဲက ကျောက်စိမ်း သံချပ်ကာတင် မက ဘူး။ င့ါတစ်ကိုယ်လုံးက ရှိသမျှ အကုန် ယူသွားလိုက်။ ငါ တစ်ခုမှ မငြင်းဘူး။ ” ဟွားခန်အန်းက ရယ်မောရင်း ပြောလိုက်တယ်။
“ ငါ ကျန်းထုံ။ မင်း ကို ငါ့ကိုယ်ပေါ်မှာ ရှိနေတာ အကုန်ပေးမယ်။ မင်းငါ့ကို ဓားပြတိုက်မယ် ဆိုရင်ပေါ့။” ကျန်းထုံကလည်း ရယ်မောရင်း ပြောလိုက်တယ်။
“အကိုဟွား။ အကို ကျန်း။ ဘာလို့သူနဲ့ပြိုင်နေကြတာလဲ။ ဖန်ကျန်းရှီ မင်း ခိုင်ယွင်ဖုန်းကို ကျော်တုံးနည်းမှာ အောင်မြင်လိုက်တာနဲ့ ကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးမနေနဲ့။ ဒီ တောင်ကုန်ေးကို အရင်ဆုံးကျော်လိုက်မယ်။ မင်း ငါ့ကို ဘယ်လို တားမလဲ ကြည့်ကျသေးတာပေါ့။”
တန်ယွီလုံက သူ့ရဲ့စကားကို ပြီးဆုံးအောင် ပြောလိုက်ပြီး ဖန်ကျန်းရှီကို ခပ်လှောင်လှောင် အကြည့်နဲ့ ကြည့်လိုက်တော့တယ်။ တကယ်တန်းမှာတော့ သူ့ခမျာ ဖန်ကျန်းရှီကို တည့်တည့်တောင် မကြည့်ရဲနိုင်ဘူးဖြစ်နေတယ်။
ကျန်းထုံက တန်ယွီလုံရဲ့ အမူအယာကို မြင်လိုက်ချိန်မှာ တားမြစ်ဖို့ ပြင်လိုက်ပြီးမှ ပြန်နောက်ဆုတ်လိုက်တောတ့ယ်။ ဖန်ကျန်းရှီသူတို့ကို ဘယ်လို နည်းနဲ့ တားမြစ်မလဲဆိုတာ တကယ့်ကို သိချင်လွန်းလှတယ်။
ဟွားခန်အန်းလည်းပဲ စကားစမပြောတော့ပါဘူး။ ဖန်ကျန်းရှီကို တတိယ အချီမှာ သတ်နိုင်ဖို့ ဒီ ဒုတိယ အချီမှာ လွတ်ပေးရမယ်။ ဒါကိုပဲ တွေး နေတာ ဖြစ်တယ်။
ရန်ရွှယ်က ဖန်ကျန်းရှီကို စိတ်အေးလက်အေး ကြည့်လိုက်ရင်း တစ်လှမ်းနောက်ဆုတ်ပြီးတော့ လမ်းဖယ်ပေးလိုက်တယ်။
တခြားတစ်ဖက်မှာတော့ ရန်ရွှယ်နဲ့ တချိန်တည်းမှာပဲ တန်ယွီလုံကလည်း ရွေ့လျားသွားတော့တယ်။
သူ့ရဲ့ ပြေးထွက်သွားပုံကတော့ ကျားသစ်နက် လိုမျိုး မြန်ဆန်လွန်းလှတယ်။ ဖန်ကျန်းရှီရဲ့ ရှေ့ကနေ အနက်ရောင် အခိုးအငွေ့တစ်ခု ဖြတ်သန်းသွားတဲ့ အတိုင်း တောင်ပူစာလေးပေါ်ကို ဦးတည်သွားတော့တယ်။
ဒုတိယ အချီမှာတော့ ပထမအချီနဲ့ လုံးဝကို ကွာခြားသွားပါပြီ။
အသိဉာဏ်ပညာနဲ့ နည်းဗျူတွေကို ပိုင်နိုင်ရင် ပထမ အချီကို ဖြတ်ကျော်နိုင်မှာဖြစ်တယ်။ ဒုတိယအချီမှာတော့ ဒီလို နည်းလမ်းတွေကို သုံးမရဘူး။ စစ်မှန်တဲ့စွမ်းအားကသာ အရေးပါတယ်။
မြေထုဆွဲအားမှာတော့ တောင်ကုန်းလေးပေါ်ကနေ ခုန်ချတာက တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလွန်းတယ်။
ခက်ခဲမှု အဆင့်က တကယ့်ကို စိတ်နဲ့တောင် မတွေးတောနိုင်ဘူး။
အကယ်၍ မိမိ ရဲ့ ကိုယ်ခန္ဒာကို အပြည့်အ၀ ထိန်းချုပ်နိုင်ဖို့ ဒီလို လောက မျိုးမှာ ယုံကြည်ချက် ပြည့်ဝဖို့ဆိုတာ တကယ့်ကို ခက်ခဲတယ်။ နောက်ပြီးတော့ ဒီလိုမျိုး ခုန်လွှားဖို့ဆိုတာ……..
တကယ့် တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းလွန်းတယ်။
ကျောင်းတော်သားတွေကတော့ တန်ယွီလုံ မတုံ့ဆိုင်းပဲခုန်ချသွားတဲ့ အတွက် ဒီ ဒုတိယအချီရဲ့ စစ်ဆေးမှု ဘယ်လောက်ခက်ခဲမှန်း မခန့်မှန်းမိကြပါဘူး။
ဒါပေမယ့်လည်း ဒါသာ တန်ယွီလုံ ဖြစ်ခဲ့မယ် ဆိုရင် ပြဿနာ ရှိနိုင်မယ် မထင်ကြဘူး။
နောက်ဆုံးမှာတော့ ပုန်းကွယ်နေသော နဂါးအဆင့် ၃၅ ရဲ့ စွမ်းအားနဲ့ဆိုရင် မြို့တော် တာအို စာမေးပွဲက ရိုးရိုးရှင်းရှင်းနဲ့ ပြဿနာ တစ်ခု မဟုတ်တော့ဘူး။
နောက်ဆုံးမှာတော့။ ကျောင်းတော်သားတွေလည်း သေချာ အာရုံစိုက်ပြီးတော့ ကြည့်နေကြတယ်။ တန်ယွီလုံ ဘယ်လို နည်းလမ်းကို အသုံးပြုပြီး ခုန်ချမလဲဆိုတာ တွေ့မြင် ချင်နေကြတယ်။
တန်ယွီလုံ ခုန်ချဖို့ပြင်လိုက်တယ်။ သို့ပေမယ့် လူအများစုရဲ့ အမြင်မှာတော့ အတော်လေးကို ကွာခြားနေတယ်။
“သခင်လေး တန်။ မခုန်နဲ့။ မခုန်နဲ့။ ခုန်ချရင် မင်းသေလိမ့်မယ်။” တန်ယွီလုံ နောက်က ဖန်ကျန်းရှီကတော့ လက်တွေကို ဝေ့ယမ်းပြီး စိတ်ပူပန်စွာ တားမြစ်နေတော့တယ်။
တန်ယွီလုံကတော့ ဖန်ကျ်န်းရှီကို ငကြောင် ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်တော့တယ်။ ဒီ တောင်ပူစာ သေးသေးလေးကို ငါ တန်ယွီလုံက မကျော်ဖြတ်နိုင်ပဲ နေမလား။ အဲ့ဒီ့နောက် အားယူပြီး ခုန်လိုက်တော့တယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကတော့ ကျက်သရေရှိလွန်းလှတယ်။
လေထဲမှာ ခုန်လွှားနေတဲ့ တန်ယွီလုံကို ကျောင်းတော်သားတွေတော့ အားကျမှု အပြည့်နဲ့ ကြည့်နေတော့တယ်။
“တကယ့်ကို အရည်အချင်း ရှိတာပဲ။ အဆင့် ၃၅ ပုန်းကွယ်နေသော နဂါး ပီသ ပါပေတယ်။ ”
“သူ့တစ်ဝက်လောက်သာ တော်ရင် ငါ သေပျော်ပါပြီ။” ကျောင်းတေ်ာသား တစ်ယောက်က ပြောလိုက်တယ်။
“တကယ့်ကို အနုပညာဆန်တာပဲ။” ပထမအချီကို ဖြတ်ကျော်လာတဲ့ အမျိုးသမီး ကျောင်းတေ်ာသူ တစ်ဦးက ပြောလိုက်တော့တယ်။
ဒီအချိန်လေးမှာ တကယ်ပဲ လှပလွန်းတဲ့ ပန်းချီကားတစ်ချပ်ပမာပါပဲ။
“သခင်လေးဖန် မြန်မြန်လာ”
ကျောင်းတော်သားတွေကတော့ တန်ယွီလုံ နောက်ကို လိုက်ပြီးတော့ ဖန်ကျန်းရှီလည်း ခုန်လွှားသွားတာကို တွေ့လိုက်ရတယ်။ ဒ်ီအချိန်မှာတော့ ကျောင်းတော်သားတွေ တကယ်ပဲ သတိလက်လွတ်ဖြစ်သွားတော့တယ်။ ဒါက ဘာလည်း။
တောင်ကို ခုန်တက်တာ အနှေးပြကွက် ပြနေတယ်လို့တော့မပြောသင့်ပါ။ ကျောင်းတော်သား စာဖြေသူတွေကတော့ သူတို့ မြင်နေရတဲ့ အရာကို မတုံ့ပြန်နိုင်ကြပါဘူး။
တန်ယွီလုံရဲ့ ခုန်လွှားဟန်ကတော့ ထည်ဝါမှုတွေ ပြည့်နှက်နေတယ်။ ဖန်ကျန်းရှီကတော့ သစ်ရွက်တစ်ရွက် ကြွေကျနေသလိုမျိုး လေထဲမှာ လွင့်မျောနေတောတ့ယ်။ သူ့လက်နဲ့ ခြေတွေကို လေထဲမှာ လွတ်လွတ်လပ်လပ် ဝေ့ယမ်းနေခဲ့တယ်။
“သခင်လေး တန် ။ ငါမင်းကို ကယ်မယ်။” ဖန်ကျန်းရှီက ထိတ်လန့်တကြားအော်ဟစ်လိုက်တယ်။ သို့ပေမယ့်လည်း ကယ်တင်ရှင်ကြီးရဲ့ လှုပ်ရှားမှုတွေကတော့ ကြည့်ပျော်ရှုပျော် မရှိပါဘူးု။ ုမြင့်မားလွန်းတဲ့ နေရာကို သာ ရောက်သွားတော့တယ်။
လေထုကို ထိန်းချုပ်နေတဲ့ တန်ယွီလုံကတော့ သူ့ခြေဖျားကနေ လေထုအင်အားကို ခံစားရင်း ကိုယ်ခန္ဒာကို ဖြန့်ကျက်ကာ တောင်ပံခတ် ပျံသန်းနေတယ်။
အဲ့ဒီ့နောက် ဖန်ကျန်းရှီရဲ့ “ငါမင်းကို ကယ်မယ်” ဆိုတဲ့ အသံကြီးကို ကြားလိုက်ရတော့တယ်။
အတော်လေးလန့်လွန်းလို့ တချက်တောင် တုန်သွာတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဖန်ကျန်းရှီရဲ့ အသံက သူ့နားကို အရမ်းကပ်လွန်းနေတာကြောင့် ဖြစ်တယ်။
“ဖန်ကျန်းရှီလည်း ခုန်လွှားလာတာလား။” တန်ယွီလုံက တွေးလိုက်မိတော့ ခေါင်းကို ပြန်လှည့်ကြည့်ချိန်မှာ ….
သူကနောက်မှာ ဘယ်သူမှ မရှိတာကို တွေ့လိုက်၇တယ်။ ဟုတ်ပါတယ်။ ဖန်ကျန်းရှီက တကယ်ပဲ ခုန်ုလွှားလာတာ မဖြစ်နိုင်ပါဘူး။
သို့ပေမယ့်လည်း။
အရမ်းကို ထူးဆန်းတဲ့ ခံစားချက်တစ်ခု သူနဲ့ မနီးမဝေးမှာ ဖြစ်ပေါ်လာတော့တယ်။ ဟွားခန်အန်း ကျန်းထုံနဲ့ တခြားကျောင်းတော်သားတွေလည်း သူ့ကို ထူးထူးဆန်းဆန်း အကြည့်တွေနဲ့ ကြည့်နေတာကို တွေ့လိုက်ရတယ်။
“တောင်ပူစာ သေးသေးလေး တစ်ခုက ဘယ်လောက် အင်အား လိုမှာမို့လဲ။” တန်ယွီလုံ က ကတယ့်ကို အံ့သြနေတယ်။ လူတွေက ဘယ်လိုများ ဒီလောက်တော်င အတွေးလွန်နိုင်တာလည်း။ သူ့အရည်အချင်းနဲ့ဆို ဒီလို တောင်သေးသေးလေးက မှုစရာမှ မဟုတ်တာ။
သူတွေးနေချိန်မှာပဲ။ ရုတ်တရက် ဘန်းဆိုတဲ့ အသံကို ခေါင်းပေါ်ကနေ ကြားလိုက်ရတယ်။ ဒါမှမဟုတ်။သူ့ခေါင်းပေါ်ကနေ တစ်ခုခု ဖြတ်သွားတာလား။
အရမ်းကို လေးလံလွန်းတယ်။
နောက်ဆုံးမှာတော့ တန်ယွီလုံက သူ့ရဲ့ ကျက်သရေရှိတဲ့ပုံရိပ်ကို ထပ်ပြီး မထိန်းသိမ်းထားနိုင်တော့ပါဘူး။
“အားးး။” တန်ယွီလုံက အော်ဟစ်လိုက်တယ်။ သူ့ရဲ့ ကိုယ်ကတော့ တောင်ခြေကို ဇောက်ထိုးကျနေတော့တယ် ။ အပြစ်ကင်းစင်လွန်းတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ သူ့ကို ကြည့်နေတဲ့ ဖန်ကျန်းရှီကို တွေ့လိုက်ရတော့တယ်။
“သခင်လေးတန်။ ငါ မင်းကို ပြောသားပဲ။ မင်းရဲ့ ဘဝကို အရှုံးမပေးပါနဲ့လို့။” ဖန်ကျန်းရှီက သူ့လက်တွေကို တန်ယွီလုံဆီ ဦးတည်ရင်း ပြောလိုက်တယ်။ ကြည့်ရတာတော့ သနားလွန်းလို့ မျက်ရည်တွေတောင် ဝဲနေတော့တယ်။
အပိုင်း (၁၁၁)ပြီး၏။
အပိုင်း (၁၁၂)
“ကြယ် ဘယ်နှစ်လုံးရှိလဲ။”
တန်ယွီလုံ ကတော့ မယုံဝံ့ပါဘူး။ ဒါပေမယ့် သူ ဒါကို ဘယ်လို ပဲ မယုံကြည်ပါစေ။ တကယ်ပဲ ပြုတ်ကျနေတာကိုတော့ လက်ခံလိုက်ရတယ်။
…
ဟွားခန်အန်းနဲ့ ကျန်းထုံတို့လည်း မယုံကြည်နိုင်တဲ့ မျက်နှာပေးတွေ ဖြစ်ကုန်တော့တယ်။ ကျောင်းတော်သားတွေကတော့ အရင်အတွေးတွေကို အကုန် သင်ပုန်းချေ ပြစ်လိုက်ကြတော့တယ်။
ဖန်ကျန်းရှီကတော့ တန်ယွီလုံရဲ့ ထိပ်မှာ ရောက်နေပြီးတော့ ကံမကောင်းစွာနဲ့ပဲ တန်ယွီလုံရဲ့ ခေါင်းကို တက်နင်းထားတော့တယ်။
“ဒါက အလုပ်ဖြစ်တယ်။”
လူတိုင်းကတော့ ဖန်ကျန်းရှီ ထူးထူးဆန်းဆန်း တွေ လုပ်နေပြန်ပြီလို့ထင်လိုက်တယ်။
“ဒါပေမယ့်.။ တစ်ခဏတာ ထိတ်လန့်ပြီးနောက်မှာတော့ ။ ဟွားခန်အန်းမျက်နှာမှာ အေးစက်စက်အပြုံးတစ်ခု ဖြစ်ပေါ်လာတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဖန်ကျန်းရှီက တောင်ကုန်းအလယ်ကို ခုန်လိုက်ပြီ။
ပြန်ဆင်းလာလို့ရမှာ မဟုတ်တော့ဘူး။
ဒါပေမယ့် တန်ယွီလုံ ထွက်သွားရင်တောင် အလောင်းအစားမှာ သူနိုင်မှာပဲ။ သူတွေးနေတဲ့ အချိန်မှာပဲ။ မထင်မှတ်ထားတဲ့ ပြောင်းလဲမှု မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့တယ်။
တန်ယွီလုံရဲ့ ခေါင်းပေါ်ကနေ ဖြတ်နင်းသွားပြီးတဲ့နောက် ဖန်ကျန်းရှီက ဆက်ပြီး ပျံသန်းတာမျိုးမလုပ်တော့ပဲ။ အလွန်လျင်မြန်စွာနဲ့ နောက်ပြန်လာတော့တယ်။ လှုပ်ရှားမှု တစ်ခုချင်းစီ က သူ စတင် ခုန်လွှားချိန်က အတိုင်း အတိအကျ တူညီနေတော့တယ်။
ကြည့်ရတာ သူ မခုန်ခင် အချိန်ကို ပြန်လည် နောက်ဆုတ်သွားသလိုမျိုးဖြစ်တယ်။ အရာရာတိုင်း အနှေးပြကွက်နဲ့ ပြထားတဲ့ အတိုင်းဖြစ်နေတော့တယ်။
“တာအို ကပြောင်းကပြန် ဖြစ်ခြင်း။” ကျန်းထုံက ပထမဆုံးအော်လိုက်တော့တယ်။
“ကြယ်တာရာ စုဝေးမှု အဆင့်။ ဒီ ကောင် တကယ် တကယ့်ကို ကြယ်တာရာ စုဝေးမှု အဆင့်ကို ရောက်နေပြီ။ ” ကျောင်းတော်သားတွေ ထိတ်လန့်တကြား အော်ဟစ်လိုက်တော့တယ်။
ဘာကြောင့်လည်း ဆိုတော့ ဒီ အချိန်မှာ ဖန်ကျန်းရှီ သုံးလိုက်တဲ့ တာအို ကပြောင်း ကပြန် ဖြစ်မှု လှုပ်ရှားခြင်းကို ကြယ်တာရာ စုဝေးမှု အဆင့် က လွဲပြီး တခြားသော အဆင့်ငယ်တွေ လုပ်နိုင်မှာ
မဟုတ်ဘူး။
ကြယ်တာရာ စုဝေးမှု အဆင့်ကို ရောက်နေတဲ့သူကတော့ စိတ်အာရုံနယ်မြေထဲမှာ အရာအားလုံး ဖြစ်တည်မှု တာအို ကို ထိန်းချုပ်နိုင်တယ်။ အရာတွေကို ဖန်တီးနိုင်တယ်။ ဆရာသခင်တွေ လိုမျိုး စိတ်ဆန္ဒရှိသမျှတွေကို လုပ်နိုင်တယ်။
လက်တစ်ချက် ဝေ့ယမ်း လိုက်တာနဲ့ ကျောက်စိုင် တောင်ကြီးကို ပျောက်ကွယ်စေနိုင်တယ်။ လက်တစ်ချက် ထပ်ဝေ့ယမ်းတာနဲ့ ကျောက်တုံးတောင်ကြီး ပြန်ဖြစ်ပေါ်လာစေနိုင်တယ်။
တန်ယွီလုံက ကျောက်သား တောင်ပူစာလေးကို ခုန်လွှားဖို့ အရာအားလုံး ဖြစ်တည်မှု က လေထု အင်အားကို ငှားရမ်းခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ခုန်လွှားချိန်မှာတော့ သူက လေထုကို ကိုယ်ပိုင် ဖန်တီးလိုက်တာ ဖြစ်တယ်။ လေထုကို ကိုယ်တိုင် ပိုင်ဆိုင်တယ်။ သူ့ရဲ့ ကိုယ်ပိုင် စိတ်အာရုံနယ်မြေထဲက လေထုကို အသုံးချနေတာ ဖြစ်တယ်။
လေထုကို ပြန်လည်ပေးပို့ချိန်မှာတော့ အသုံးမပြုခင်က အခြေအနေကို ပြန်လည် ရောက်ရှိသွားတာ ဖြစ်တယ်။
ဒါက ကြယ် တာရာစုဝေးမှု အဆင့်ရဲက တာအို ကပြောင်း ကပြန် ပဲ ဖြစ်တယ်။
………
စိတ်အာရုံနယ်မြေရဲ့ အပြင်ဘက်က ဟန်ချန်ဖုန်းတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတောတ့ယ်။
“တကယ့်ကို ကြယ်တာရာ စုဝေးမှု အဆင့်ပဲ။”
ဟန်ချန်းဖုန်းကတော့ တခြားသော စာစစ်သူတွေလောက် မအံ့သြသွားပါဘူး။ ကျောက်တုံးမိုးကို ဖြေရှင်းချိန်တည်းက ဖန်ကျန်းရှီရဲ့ ဒီ အဆင့်ကို သူ ခန့်မှန်းပြီး နေပြီ ဖြစ်တယ်။
ဒီ အကြောင်းရင်းကို သက်သေပြဖို့ တစ်ခုပဲ လိုနေတာ ဖြစ်တယ်။
“သူ ကျောက်တုံးမိုးကို အေးအေးဆေးဆေး ဖြေရှင်းနိုင်တာ အံ့သြစရာ မရှိတော့ပါဘူး။ ဒီ ကြယ်တာရာ စုဝေးမှု အဆင့်နဲ့ ဆိုရင် ဖြေရှင်းဖို့ နည်းတွေ အများကြီးရှိနေတာပဲ။” စာစစ်သူ တစ်ဦးက ပြောလိုက်တယ်။
“ဒီ တိုက်ခိုက်ရေး စာမေးပွဲမှာ ဒီလို ဖြစ်မယ် လို့ မတွေးဖူးဘူး။ ဒီမှာ တကယ့်ကို ကြယ်တာရာ စုဝေးမှု အဆင့် ကျောင်းတော်သား ၂ယောက်တောင် ရှိနေပြီ။”
“ ဒီမှာ နောက်ထပ် ထပ်ရှိနေသေးတယ်။” ဟန်ချန်ဖုန်းက ပြောလိုက်တယ်။ ရန်ရွှယ်ရဲ့ တည်ငြိမ်နေတဲ့ အမူအယာကို ကြည့်လိုက်တော့။ တည်ငြိမ်နေတယ်။ တကယ့်ကို အရမ်းကို တည်ငြိမ်လွန်းနေတယ်။ ဘာတွေ တွေးနေလဲ ဆိုတာတောင် မသိနိုင်ဘူး ဖြစ်တယ်။
“အကြီးအကဲ ဟန်။ ရန်ရွှယ်လည်း ကြယ်တာရာ စုဝေးမှု အဆင့်ကို ရောက်နေပြီလား။”
“တောင်နဲ့ မြစ် ။ မိုးမြေ ယပ်တောင်က ရန်မိသားစုရဲ့ ရတနာတွေထဲက တစ်ခုပဲ။ ရန်ရွှယ်သာ ကြယ်တာရာစုဝေးမှု အဆင့်ကို မရောက်သေးရင် သူ့မိသားစုက ဒီ ရတနာကို ပေးလိုက်မှာလား။ ” အကြီးအကဲ ဟန်က အနောက်ဘက် အရပ်ဒေသကို လှမ်းမျှော်ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲမှာတော့ လေးစားမှုတွေ ပြည့်နှက်နေခဲ့တယ်။
“အကြီးအကဲဟန်။ ရန်ရွှယ်က တကယ်ပဲ ကြယ်တာရာ စုဝေးမှု အဆင့်ကိုသာ ရောက်နေမယ်ဆိုရင် ။ ဒါက အတော်လေးကို ထူးခြားရှားပါးတဲ့ အခြေအနေ ဖြစ်သွားတော့မှာ။”
……..
စိတ်အာရုံနယ်မြေထဲမှာ ပထမဆုံး အနေနဲ့ ဟွားခန်အန်းရဲ့ အမူအယာတွေက အတော်လေးကို မည်းမှောင်သွားတော့တယ်။ ဆင်းရဲတဲ့ ရွာက ရွာသားလေး သူနဲ့ သက်တူရွယ်တူ အဆင့်တူ ဖြစ်နေတာက တကယ့်ကို ရှက်ဖို့ ကောင်းလွန်းတယ်။
“ကြယ်တာရာ စုဝေးမှု အဆင့်။ ဒီနေ့ ငါမင်းကို အနိုင်ယူပြမယ်။” ဟွားခန်အန်းက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ခါးနားကို ကပ်လိုက်တယ်။ ကျောက်စိမ်းဖြူနဲ့ သွန်းလုပ်ထားတဲ့ ဓားအိမ် မပါတဲ့ ဓားတစ်လက် သူ့ ခါးပတ်ကနေ ထွက်လာတော့တယ်။
တောက်ပ တဲ့ အလင်းတန်းတစ်ခုနဲ့ အတူ အေးစက်လှတဲ့ လေထု အဖြစ်ကို ပြောင်းလဲသွားတော့တယ်။ ကြောက်မက်ဖွယ်အေးစက်မှုကို ခံစားလိုက်ရတဲ့ အတွက် ကျောင်းတော်သားတွေ နောက်ကို ဆုတ်ခွာလိုက်ကြတော့တယ်။ ကြယ်တာရာ စုဝေးမှု အဆင့် ရှင် နှစ်ယောက်ကြားက တိုက်ခိုက်မှု ။
တကယ့်ကို ရှားပါးလွန်းတယ်။
တခြားတစ်ဖက်မှာတော့။ ဖန်ကျန်းရှီရဲ့ အမူအယာကတော့ သိပ်ကို လွတ်လပ်ပေါ့ပါးနေပါတယ်။ ဒါပေမယ့် ဟွားခန်အန်းရဲ့ လက်ထဲက ဓားကို မြင်လိုက်ချိန်မှာတော့ သူ့စိတ်ထဲမှာ အနည်းငယ်
လှုပ်ရှားသွားတော့တယ်။ ကောင်းလိုက်တဲ့ ခါးပတ်လေး။
ငါကြားဖူးတာ ဓားပြတိုက်ပြီ ဆိုရင် အပြည့်အစုံတိုက်ရတယ်တဲ့။ မိုးကောင်းကင်ရဲ့ ဒီ စည်းမျဉ်းက အရမ်းအရမ်းကို ကောင်းလွန်းတာပဲ။
“သေ။ ” ဟွားခန်အန်းကတော့ လှုပ်ရှားပါတော့တယ်။ သူ့ရဲ့ ကိုယ်ခန္ဒာကတော့ အဖြူရောင် အလင်းတန်း တစ်ခု လိုမျိုး ဖန်ကျန်းရှီ ဆီကို တိုးဝင်သွားပါတော့တယ်။ သေသေချာချာသာ ကြည့်မယ်ဆိုရင် အဖြူရောင် အလင်းတန်း ရေခဲ မြူ တွေကြောင့် ဖြစ်ပေါ်လာတာကို သတိထားမိမှာ ဖြစ်တယ်။
ဟွားခန်အန်းရဲ့ လျင်မြန်မှုကတော့ ဘယ်လိုမှကို နောက်ပြန်ဆုတ်လို့ မရတော့ပါဘူး။
လျှပ်တပြက် အချိန်တွင်းမှာပဲ။ ဖန်ကျန်းရှီရဲ့ ရှေ့ကို ရောက်သွားတော့တယ်။
ပညာရှင်တွေ တိုက်ခိုက်ချိန်မှာတော့ တစ်ချက်တည်းနဲ့ အပြတ်ရှင်းဖို့ကို ပဲ ရည်ရွယ်ကျတယ်။
ဖန်ကျန်းရှီကတော့ ဟွားခန်အန်းရဲ့ နည်းပညာနဲ့ သူ့ရဲ့ လည်ချောင်းတည့်တည့်ကို ထိုးဖောက်လာတဲ့ ဓားသွားကို ကြည့်လိုက်ရင်း နှုတ်ခမ်းတွေကို တွန့်ချိုးလိုက်တော့တယ်။ ဒီ လို မျိုး တိုက်ရိုက် အနီးကပ်တိုက်ခိုက်တာမျိုးကို အတွေ့အကြုံ မရှိတဲ့ အတွက် ဖန်ကျန်းရှီ မတိုက်ခိုက်ချင်ဘူး။
နောက်ဆုံးမှာတော့ သူလည်း တိုက်ပွဲ အတွေ့အကြုံများများစားစားမရှိတဲ့ သာမာန်လူတစ်ယောက်ဖြစ်တယ်။
ဒီ ဘဝမှာ သူများများစားစား မလေ့ကျင့်ခဲ့ရပေမယ့်။ တောထဲမှာ ကြီးပျင်းခဲ့တဲ့ သူတစ်ယောက်အနေနဲ့ ဘ၀ ရှင်သန်ရေး နည်းဗျူတွေကို တော့ ကိုယ်တိုင် သင်ကြားနားလည် ခဲ့ရတယ်။
နဂါးလက်သည်းကို သုံးရမလား။
ဒါက သိပ်ပြီးတော့ မသင့်တော် သလိုပဲ။
ဖန်ကျန်းရှီကတော့ အကူ အညီ မဲ့နေဟန်ပါပဲ။ သူ့မှာ အင်အားတွေ စစ်မှန်တဲ့ စွမ်းအားတွေ ရှိနေပင်မယ့် ။ လှုပ်ရှားတိုက်ခိုက်မှုတွေကတော့ တကယ့်ကို လိုအပ်နေသေးတယ်။
.“ပထမဆုံးခုန်လိုက်။ ပြီးရင် သူ့မျက်နှာ တည့်တည့်ကို ကန်မယ်။” ဖန်ကျန်းရှီက သူ့ပါးစပ်ကနေ ပြောလိုက်တဲ့ အတိုင်း လှုပ်ရှားတော့တယ်။ အဲ့ဒီ့နောက် သူ ခုန်လိုက်တော့တယ်။
အဲ့ဒီ့နောက်မှာတော့ ဟွားခန်အန်းတစ်ယောက သူ့မျက်နှာပေါ်မှာ နာကျင်ပူလောင်တဲ့ ခံစားမှု တစ်ခုကို ခံစားလိုက်ရတယ်။
“ဘုန်းးး” အသံကျယ်ကြီးတစ်သံ သစ်ရွက်တွေကို ကြွေကျစေတဲ့ လေဆင်နှာမောင်း တိုက်ခတ်လာသလိုမျိုး ထွက်ပေါ်လာတော့တယ်။
ဟွားခန်အန်းကတော့ အခုဘာဖြစ်သွားလဲ ကောင်းကောင်း မသိလိုက်ပါဘူး။ သူ့ရှေ့မှာ လျှပ်တပြက်ပေါ်လာတဲ့ ပုံရိပ်တစ်ခုကို မြင်လိုက်ရပြီးနောက် မြေပြင်ပေါ်ကို ပြုတ်ကျလာတာကိုပဲ သိတော့တယ်။
“ပလွတ်။” ကောင်းကင်ကို မျက်နှာမူရင်း မြေကြီးကို ကျလာတော့တယ်။
သူတကယ့်ကို မကျေနပ်နိုင်ဘူး။ ဖန်ကျန်းရှီနဲ့ သူ နှစ်ယောက်လုံး ကြယ်တာရာစုဝေးမှု အဆင့်မှာ ရှိနေတာကိုတောင်မှ မယှဉ်ပြိုင်နိုင်ဘူး။ ဘာကိုမှ မလုပ်ရသေးခင်မှာတောင် မသိလိုက်ပဲ ပြုတ်ကျလာတယ်။
“မင်း က နှေးလွန်းတယ်။ ” ဖန်ကျန်းရှီက ဟွားခန်အန်းရဲ့ အမူအယာကို ကြည့်ရင်း အနည်းငယ် စိတ်ပျက်နေဟန်ရှိတယ်။ ဒီလိုမျိုး တိုက်ရိုက်တိုက်တာက သူကအတွက်တော့ တကယ့်ကို အဓိပ္မာယ်မဲ့လွန်းတယ်။ ဒါကြောင့် မြန်မြန် အဆုံးသတ်လိုက်တာ ကောင်းတယ်။
ပတ်ဝန်းကျင်ကကျောင်းတော်သားတွေကတော့ ဒိလို မြန်မြန် အဆုံးသတ်သွားတာကို အတော်လေး အံ့သြနေတော့တယ်။
ဖန်ကျန်းရှီရဲ့ ခြေဖဝါး အောက်မှာ ရောက်နေတဲ့ ဟွားခန်အန်းကိုကြည့်ရင်း ဒီ အဖြစ်အပျက် ဘယ်လိုကြောင့် ဖြစ်လာလဲ ဆိုတာကို သူတို့ မမြင်လိုက်ဘူး ဖြစ်နေတယ။်
အရှိန်။ ဟွားခန်အန်းရဲ့ မျက်လုံးထဲမှာ ပေါ်လာခဲ့တဲ့ အရိပ်ကို သူ သတိထားမိသွားတယ်။ သူ့ကိုယ်သူ အလျင်မြန်ဆုံးသူ တစ်ယောက်လို့ ထင်ထားခဲ့တာ ဖြစ်တယ်။ ဒါမေယ့် ဖန်ကျန်းရှီရဲ့ ဝိဉာဉ်တစ်ကောင်လို မျိုး လျင်မြန်မှုကို တော့ မယှဉ်နိုင်ဘူး။
သူ့ကိုယ်သူ လမ်းလျှောက်တတ်စ ကလေး တစ်ယောက်လိုမျိုး ခံစားနေရတော့တယ်။
ဒါတွေ အကုန်လုံးက အရှိန် လျင်မြန်မှုပေးကို မူတည်နေတာလား။
ဟွားခန်အန်းရဲ့ ခံစားမှုတွေကတော့ ခါးသက်သွားတော့တယ်။ သူ ငယ်ငယ်လေးတည်းကနေ သူများကိုပဲ လှည့်စားဖူးတယ်။ ဖန်ကျန်းရှီကတော့ တစ်ချက် လှုပ်လိုက်ရုံနဲက သူ့ကို မြေကြီးပေါ် မှာ နင်းခြေပစ်နိုင်တယ်။
ဒီလို ရှုံးနိမ့်တဲ့ အခြေအနေမျိုးက တကယ့်ကို ခါးသက်လွန်းတယ်။
“ငါ ရှုံးပြီ။ ခိုင်ယွင်ဖုန်းလိုမျိုးတော့ မဟုတ်ဘူး။ ငါ ဘယ်လို ရှုံးသွားလဲတောင် မသိလိုက်ဘူး။ ငါမင်းကို မေးခွန်းတစ်ခုတည်းကိုပဲ မေးချင်တယ်။ မင်း မင်းရဲ့ အဆင့်က ဘာလဲ။” ဟွားခန်အန်းက လူတစ်ယောက် ဘယ်လောက် အဆင့်ထိ မြန်မြန်တက်နိုင်လဲ ဆိုတာ သူ တကယ်သိချင်တယ်။ အံကို တင်းတင်း ကြိတ်ရင်း သူ့ဘဝမှာ ဝန်မခံချင်ဆုံး မမေးချင်ဆုံး မေးခွန်းကို မေးလိုက်တယ်။
“ ငါ တကယ့်ကို မသိဘူး။” ဖန်ကျန်းရှီက အမှန်တရားကို ပြောနေတာဖြစ်တယ်။ သူအခု ဘယ်လိုမျိုး အဆင့်ကို ရောက်နေလဲ ဆိုတာ သူ တကယ့်ကို မသိဘူး။
“မင်း မသိဘူးလား။ ဒါဆို နောက်တမျိုးမေးမယ်။ ငါ့ရဲ့ စိတ်အာရုံနယ်မြေထဲမှာ ကြယ် သုံးလုံး ရှိတယ်။ ငါ တာအိုမုခ်ကို အောင်မြင်တဲ့ အချိန်တုန်းက ရေထု အင်အားကို ဖြတ်သန်းပြီး ရေထု ကြယ်။ မြူနှင်းကြယ်။ ရေခဲကြယ်။ သုံးပွင့် တိတိ စုထားနိုင်တယ်။ မင်းမှာကော ကြယ် ဘယ်နှစ်လုံးရှိလဲ။”
“ကြယ်ဘယ်နှစ်လုံးရှိလဲ။” ဖန်ကျန်းရှီက သူ့စိတ်ထဲမှာ ရှိနေတဲ့ သစ်ပင်ကြီးက ကြယ်တာရာတွေလို တလက်လက် တောက်နေတဲ့ မရေမတွက်နိုင်တဲ့ သစ်သီးတွေကို သတိရသွားတယ်။ ဟွားခန်အန်းပြောတဲ့ ကြယ်တွေက ဒါတွေပဲ ဖြစ်မယ်။
“ငါ အထူးတလည် လုပ်ပြီးတော့ မရေထားမိဘူး။ တစ်ထောင်ကျော် နှစ်ထောင်လောက်တော့ ရှိတယ်။”
“တစ်ထောင်ကျော်။ နှစ်ထောင်။” ဟွားခန်အန်းရဲ့ မျက်လုံးတွေပြူးကျယ်သွားပြီးတော့ စိတ်လှုပ်ရှားလွန်းလို့ သွေးတောင် အန်တော့မတတ် ဖြစ်သွားခဲ့တယ်။ သူ တကယ်ပဲ ပြောချင်နေတယ်။
မင်း ငါ့ကို လိမ်နေတာ ။
….
အပိုင်း (၁၁၂) ပြီး၏။
အပိုင်း ( ၁၁၃)
“ဗိုလ် လုပွဲသို့ ရောက်ရှိခြင်း။”
ဘာသာပြန်သူ-Enri Thaw
…
ဟွားခန်အန်းကတော့ စကားတစ်လုံးမှကို မပြောတော့ပဲ သူ့ရဲ့ ပင်လယ်နက်ထဲက ကျောက်စိမ်း သံချပ်ကာကို ဖယ်ရှားပြီး ဖန်ကျန်းရှီကို ပေးလိုက်တော့တယ်။ အလောင်းအစားအရဆို သူ
ရှုံးသွားတာကို လက်ခံလိုက်တာပဲ ဖြစ်တယ်။ ဒီ စကားတွေကို ကျောင်းတော်သားတွေ အများကြီး ရှေ့မှာ ပြောခဲ့မိတာကြောင့် စောဒက တက်ချင်ရင်တောင် စကားလုံးတွေကို မျိုချထားရတော့တယ်။
“ခနနေအုန်း။” ဖန်ကျန်းရှီက ထွက်သွားဖို့ ပြင်နေတဲ့ ဟွားခန်အန်းကို တားမြစ်လိုက်တယ်။
“ဒီနေ့ ငါရှုံးတာ ငါဝန်ခံတယ်။ ဒီနေ့ ငါ တစ်ခုတည်း ဆန္ဒရှိတာက တာအို နိယာမ စာမေးပွဲကို ေိအာင်ဖို့ပဲ။ မင်း ငါ့အတွက် အခွင့်အရေးပေးမယ်ဆိုလည်း ရပါတယ။် မင်း စိတ်မကောင်း မဖြစ်အောင် တောင်ကုန်းကို ငါ ခုန်လိုက်ပါ့မယ်၊” ဟွားခန်အန်းကတော့ သူထင်မြင်ရာကိုသာ အသက်မရှူစတမ်းပြောလိုက်တော့တယ်။
“မင်း မှားနေပြီ။ ငါ ပြောချင်တာ ဒါမဟုတ်ဘူး။ တာအို စာမေးပွဲမှာ မင်း လုပ်ချင်တာလုပ်။ ဒါပေမယ့် မင်းရဲ့ ဓားလေး မဆိုးဘူးပဲ။ ” ဖန်ကျန်းရှီက ပြောလိုက်တော့တယ်။ ဖန်ကျန်းရှီက ရှက်ရွံ့အားနာ နေတဲ့ ပုံနဲ့ ပြောလိုက်တယ်။
“….” ဟွာခန်အန်းကတော့ သူ့လက်ထဲက ကျောက်စိမ်းဓားကိုသာ လျော့တိလျော့ရဲ့ ဆုပ်ကိုင်ထားတော့တယ်။ သူ့ရဲ့ လှုပ်ရှားမှု တိုင်းတော့ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေတော့တယ်။
အခုတော့ သူ့ရဲ့ ကိုယ်ပိုင်ဓားတောင် သူများ လက်ထဲကို ရောက်သွားတော့မယ်။ ဖန်ကျန်းရှီ လက်ထဲကို ဓားရောက်သွားပြီးနောက်မှာတော့ သူ ကျန်းထုံကို ကြည့်လိုက်တော့တယ်။ကျန်းထုံကတော့ သူ့ရဲ့ ခေါင်းကနေ ခြေဖျားအထိ ကြက်သီးမွှေးညင်း တွေထပြီး ကြောက်ရွံ့ဖွယ်အေးစက်မှုတွေ လွှမ်းမိုးထားသလို ခံစားနေရတော့တယ်။ သူ့ရဲ့ လက်ထဲက စာအုပ်ကို
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိတော့တယ်။
“ ဒီ ဒီစာအုပ်က ငါ့ အဖေရဲ့ တသက်တာ နိုင်ငံရေး အတွေ့အကြုံစာအုပ်ပဲ။ ငါ ငါ။” ကျန်းထုံက ဆက်မပြောနိုင်တော့ဘူး။
“ တသက်တာ နိုင်ငံရေး အတွေ့အကြုံ ။ ပုံတွေ ဘာတွေကော ပါလား။” ဖန်ကျန်းရှီကတော့ ကျန်းထုံလက်ထဲက စာအုပ်ကို ဆွဲယူလိုက်ပြီးတော့ ကြည့်တော့တယ်။
သူ့မျက်လုံးတွေ အကြည့် မလွှဲနိုင် ဖြစ်သွားတော့တယ်။
ဒီ ဒီဟာ က…။
“ တကယ့်ကို နိုင်ငံရေး အတွေ့အကြုံစာအုပ်ပဲ။ ဒါတွေကို နည်းနည်းလောက် လေ့လာထားသင့်တယ်။ အခုချိန်က စပြီး ငါ ထိန်းသိမ်းပေးထားပါမယ်။” ဖန်ကျန်းရှီက စာအုပ်ကို သူ့အိတ်ထဲ ကောက်ထဲ့ လိုက်တော့တယ်။
ကျန်းထုံကတော့ ဖန်ကျန်းရှီ အိတ်ထဲ ရောက်သွားတဲ့ စာအုပ်ကို ကြည့်လိုက်ရင်း မျက်နှာ အမူအယာ ပြောင်းလဲသွားတော့တယ်။ သူ့ကြည့်ရတာ အတော်လေးကို ခံပြင်းနေတဲ့ပုံထက်။
နာကျင်နေတဲ့ပုံ ပိုပေါ်တယ်။
“သခင်လေး ဖန်။ ဒါ က ကူးယူထားတဲ့လက်ရေးမူ တစ်ခုပါပဲ။ ဒါကိုတော့ မဖျက်ပြစ်ပါနဲ့။”ကျန်းထုံကတော့ သူ့မျက်လုံးက မျက်ရည်တွေကို သုတ်ရင်း နီရဲနေတဲ့ မျက်လုံးတွေနဲ့ ပြောလိုက်တော့တယ်။
“စိတ်မပူပါနဲ့။ ငါတို့ အကုန်လုံးက ကျောင်းသားတွေပဲ ဘယ်သူကမှ စာအုပ်တွေကို ဖျက်စီး မပြစ်ပါဘူး။” ဖန်ကျန်းရှီက သူ့လက်တွေကို ဝေ့ယမ်းရင်း ပြောလိုက်တော့တယ်။ ကြိုးစားခဲ့ရတာတွေ ဒီလောက်တော့ ပြန်ရသင့်တယ်။ ဒီလောကမှာ နှစ်တွေ အများကြီး နေထိုင်ခဲ့ပြီးပြီ။ သူ့ရဲ့ အပြင်က ရှိရင်းစွဲ အသက်ထက် စိတ်ပိုင်းဆိုင်ရာနဲ့ အတွေ့ကြုံ သက်တမ်းတွေက ပိုကြီးနေတဲ့သူ ။တစ်ယောက်အနေနဲ့ ဒီနေ့ရလိုက်တာကတော့ တကယ့်ကို အံံသြစရာပဲ။
နောက်ဆုံးမှာတော့ ဖန်ကျန်းရှီက ရန်ရွှယ်ရဲ့ ဘေးကို ပြန်ရောက်သွားပြန်တော့တယ်။ တစ်ဖက်က ရန်ရွှယ်ကတော့ တောင်ကုန်းပေါ်မှာ စောင့်နေတာ ဖြစ်တယ်။ တခြားတစ်ဖက်ကို
ဖြတ်ကျော်ဖို့ တောင်ထိပ်မှာ စောင့်နေတာပဲ ဖြစ်တယ်။ အဲ့ဒီ့နောက် နှစ်ယောက်လုံး တစ်ချက် ခုန်လိုက်ပြီးတဲ့ နောက်မှာတော့ လွယ်လွယ် ကူကူနဲ့ အခြား တောင်ကုန်း တစ်ခုဆီကို ရောက်သွားတော့တယ်။
အဲ့ဒီ့နောက် ဖန်ကျန်းရှီ သူ့လက်ကို ဝေ့ယမ်းပြရင်း မင်းတို့လည်း ခုန်တော့ ဆိုတဲ့ ပုံမျိုး လုပ်ပြနေတော့တယ်။
ဒီ မြင်ကွင်းကတော့ စာဖြေသူ ကျောင်းတော်သားတွေတင်မက စိတ်အာရုံနယ်မြေ အပြင်ဘက်က စာစစ်သူတွေကိုပဲ အံ့သြစေခဲ့တယ်။
“ကြယ်တာရာ စုဝေးမှု အဆင့် ရောက်နေတဲ့ ဟွားခန်အန်းကို တစ်ချက်တည်းနဲ့ အနိုင်ယူသွားတယ်။ ”
“မင်းတို့ တွေးမိကြလား။ အကယ်၍ သူသာ ကြယ်တာရာ စုဝေးမှု အဆင့် မဟုတ်ခဲ့ရင် ။ ဒါ ဖြစ်နိုင်မလား။“
“ ကြောက် ကြောက်စရာကောင်းတယ်။ ဒီ ကလေးက ၁၅ နှစ်ပဲ ရှိသေးတာလေ။ ဒီ သတင်းသာ ပျံ့သွားရင် မြင့်မြတ်သော ရှမင်းဆက် တစ်ခုလုံး လှုပ်ခတ်သွားတော့မှာ။ ”
စာစစ်သူတွေကတော့ ထိတ်လန့်နေတဲ့ မျက်နှာပေးတွေနဲ့ ကြည့်နေကြတော့တယ်။ အကြောင်းရင်းကတော့ ဒီ အကြောင်းရာကို သူတို့ မစဉ်းစားဝံ့ကြဘူး။ အဆုံးသတ်လိုက်ရင် ကြီးမြတ်သော
ရှမင်းဆက်ကြီး တစ်ခုလုံးမှာ အသက် ၁၅ နှစ်အောက် ကလေးတွေထဲ။ “ကောင်းကင် ရောင်ပြန် အဆင့်” ကို ရောက်နေတာ…
တစ်ဦး တစ်ယောက်တည်းပဲ ရှိတယ်။၏
“မဖြစ် နိုင်ဘူး။ နှစ်ထပ်ကွမ်း ချန်ပီယံက တစ်ယောက်ပဲ ရှိရမှာ။ ချီကူယန် တစ်ယောက်တည်းနဲ့တောင် လုံလောက်နေပြီ။ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ကြောက်မက်ဖွယ်ရာ နောက်တစ်ခု ပေါ်လာရတာလဲ။” ဟန်ချန်ဖုန်းက ဒီ စကားကို ပြောနေချိန်မှာတော့ သူ့မျက်နှာပေါ်မှာ ထိတ်လန့်တုန်လှုပ်မှုတွေ အထင်းသားပေါ်လွင်နေတော့တယ်။
တော်ဝင် မိန့်မှာတမ်းတွေ အကြောင်းကို သူကောင်းကောင်း နားလည်တယ်။ အပြင်ပန်းမှာတော့ သိပ်ကို လွယ်ကူတဲ့ ပုံစံမျိုး ဖြစ်နေပင်မယ့် ။ အတွင်းပိုင်း မျက်နှာကတော့ တကယ့်ကို အင်အားကြီးမားလွန်းတယ်။ ဒီလို ဒုတိယမြောက် နှစ်ထပ်ကွမ်း နဂါး ချန်ပီယံသာ ထပ်ပြီး ပေါ်ထွက်လာခဲ့ရင် ညီမျှမှုတွေ အကုန် ပျောက်ဆုံးကုန်မှာ ဖြစ်တယ်။
ချီကူယန်ကတော့ အရမ်းကို ထက်မြက်တယ်။ သူမကိုယ် သူမ အချိန်သတ်မှတ်ပြီးတော့ ကောင်းကင်တာအို ခန်းမမှာ အကျယ်ချုပ်ချထားခဲ့တာ ။ အရာအားလုံးနဲ့ အဆက်အသွယ် ဖြတ်ထားပြီးတော့။ အခု လက်ရှိ ဘုရင်မင်းမြတ်ရဲ့ အရေးပေးမှု အပြင် ယုံကြည်ကိုးစားမှုကိုပါ ရထားတဲ့ ဒီ ကလေးမကိုတော့ နတ်ဆိုးကျောင်းတော်က မင်းသမီးတစ်ပါးလည်း ဖြစ်နေတဲ့ အတွက်
တကယ့်ကို ယှဉ်ပြိုင်သူ မဲ့တဲ့ တမိုးအောက် တစ်ယောက်ထွန်းလို့ သတ်မှတ်ရမှာ ဖြစ်တယ်။ အခုတော့ နောက်တစ်ယောက် ပေါ်လာခဲ့ပြီ။ ဒီသူကို ချီကူယန်လို ထက်မြက်မယ်လို့ ဘယ်သူကများ အာမခံရဲမှာလဲ။ နောက်ပြီး အခု လက်ရှိ ဧကရာဇ်ကကော ဒုတိယ ချန်ပီယံကို လက်ခံမှာလား။ ဧကရာဇ် သွမ့်က နတ်ဆိုးကျောင်းတော်ကနေ အထောက်အပံ့ အများကြီးကို ယူထားတာ ဖြစ်တယ်။ ဒါကြောင့်
ဒုတိယ ချန်ပီယံ ဆိုတာ ထွက်ပေါ်လာနိုင်မှာလား။ အရှေ့ နန်းတော်ကို ထိန်းချုပ်ထားတဲ့ အိမ်ရှေ့စံကလည်း မျက်တော်ငတစ်ခတ်အတွင်းမှာ နှစ်ထပ်ကွမ်း ချန်ပီယံဆီကို ပြေးလာနိုင်တယ်။ ဒါ့အပြင်။ အမှောင်ထဲမှာ ပုန်းကွယ်နေတဲ့ နတ်ဆိုး ယှဉ်ပြိုင်မှု တွေကလည်း မလှုပ်ရှားပဲ နေမှာ မဟုတ်ဘူး။တစ်ချက်လှုပ်လိုက်တာနဲ့ အရာအားလုံး မထင်မှတ်ထားလောက်အောင် ပြောင်းလဲ သွားမှာ ဖြစ်တယ်။
…
ဖန်ကျန်းရှီကတော့ သူ့ရဲ့ လှုပ်ရှားမှုတွေကို သက်တောင့် သက်သာ ရှိစွာ ဖြတ်သန်းနေတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ နေရာမှာ သူ့ကို မျက်ကန်းတစ္ဆေ မကြောက် စိန်ခေါ်မယ့် သူတွေ မရှိတာကို ကောင်းကောင်းသိတာကြောင့်ပဲ ။
နောက်ဆုံးမှာတော့ ဟွားခန်အန်းလို ကြယ်တာရာ စုဝေးမှု အဆင့်ကိုတောင် နိုင်သေးတာပဲ။
ကျောင်းတော်သားတွေကတော့ ဖန်ကျန်းရှီကို ကြည့်ရင်း ခြေလှမ်း နည်းနည်းဆီနောက်ဆုတ်သွားကြတော့တယ်။ အဲ့ဒီ့နောက်မှာတော့ သူတို့ရဲ့ လက်နက်တွေကို အသင့်ပြင်ထားကြတော့တယ်။
ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ဓားပြတိုက်လိုစိတ်တွေ တဖွားဖွား ပေါ်နေတယ်ဆိုတာ မိုးနတ်မင်းသာ သိလိမ့်မယ်။ တတိယ အချီကို ဖြတ်ကျော်ပြီးနောက် စတုတ္ထ အချီထိ ချောချော မွေ့မွေ့ ပြီး ဆုံးသွားခဲ့တာ ဖြစ်တယ်။ အကြို ဗိုလ်လုပွဲမှာတောင် သံချပ်ကာဖြူ ဝတ်ထားတဲ့ ကျောင်းတော်သား တစ်ဦး သူ့ခန္ဒာကိုယ်က ဒဏ်ရာဒဏ်ချက်တွေကို မြင်သာအောင် ဖန်ကျန်းရှီဆီကို လျွှောက်လာခဲ့တယ်။
“သခင် လေး ဖန်။ သနား ညှာတာပေးပါ။” လူငယ်က ခြေလှမ်းကို နောက် နှစ်လှမ်း ပြန်ဆုတ်လိုက်ရင်း အသက် ပြင်းပြင်း ရှူလိုက်တယ်။
ဖန်ကျန်းရှီကတော့ ခပ်ဖျော့ဖျော့လေး ပြုံးရင်း တစ်လှမ်းချင်းစီ နီးကပ်သွားတော့တယ်။
တဖက်ကတော့ လူငယ်တော့ နောက်ကို ကြောက်လန့်ဆုတ်လာတော့တယ်။ သူတို့ နှစ်ဦးကြားက အကွာအဝေးတော့ တဖြည်းဖြည်း နီးကပ်လာတော့တယ်။
ဖန်ကျန်းရှီကတော့ မီးတောက် အမွှေးဖွာ ကြက်တစ်ကောင်ကို မိထားသလိုမျိုး ပျော်ရွှင်နေတော့တယ်။
လူငယ်ကတော့ ကြောက်လွန်းလို့ ချွေးတွေ တောင် ရွှဲနစ်နေတော့တယ်။ သူ့ရဲ့ လက်တွေကတော့ တဆတ်ဆတ် တုန်နေခဲ့တယ်။
နောက်ဆုံးမှာတော့ ဖန်ကျန်းရှီနဲ့ သူ့ကြားက အကွာအဝေး မီတာ အနည်းငယ်သာ ကွာတော့တာ ဖြစ်တယ်။ ဒီ အချိန်မှာတော့ လူငယ် ရုတ်တရက် စိတ်အေးသွားတဲ့ အမူအယာကို
ပြောင်းလဲသွားတော့တယ်။
“ဝူးးး” လေတိုးသံတစ်ချက်နဲ့အတူ လူငယ် ရွေ့လျားတော့တယ်။ သူ့ရဲ့ ဓားပညာက အနီးကပ် တိုက်ကွက်မှာ ပိုပြီး အခွင့်အရေးနိုင်ချေ များတာကြောင့် လူငယ် စောင့်ဆိုင်းနေတာ ။ ဖန်ကျန်းရှီ ကတော့ သူ့ပြိုင်ဘက်ကို လျော့တွက်မိသွားပုံပါပဲ။
လူငယ်ကတော့ သူ့ရဲ့ စီစဉ်မှု အောင်မြင်သွားပြီဖြစ်တယ်။
ဖန်ကျန်းရှီကတော့ သူ့ရဲ့ ကိုယ်ကို ရုတ်တရက် ကိုင်းညွှတ်လိုက်ပြီး သူ့ ဖိနပ်တွေကို ထိတွေ့လိုက်တော့တယ်
“အာ ငါ့ဖိနပ်တွေ ချောင်ကုန်ပြီ။” ဖန်ကျန်းရှီက သူ့ခေါင်းကို မမော့ပဲ ပြောလိုက်တယ်၊။
တခြားတစ်ဖက်က လူငယ်တော့ သူ့လက်ထဲက ဓားကို ထုတ်ရင်း ခေါင်းငုံ့နေတဲ့ ဖန်ကျန်းရှီကို ခုတ်ပိုင်းဖို့ ပြင်လိုက်တော့တယ်။ ဖန်ကျန်းရှီကတော့ သူ့ခေါင်းကို မော့လိုက်ပြီး စိတ်ရှုပ်မှုတွေနဲ့ ပြည့်နေတဲ့ မျက်နှာနဲ့ကြည့်လိုက်တော့တယ်။
“မင်းက ငါ့ကို အလစ်တိုက်ချင်တာလား။”
လူငယ်ကတော့ စကားတစ်ခွန်းမှ ဆိုနိုင်ခြင်း မရှိတော့ပါဘူး။
“အား….” ထွက်ပေါ်လာတဲ့ အသံနက်ကြီး တစ်ခုနဲ့ အတူ။ လေထုထဲမှာ လိပ်ပြာတစ်ကောင်လိုမျိုး လူတစ်ယောက် လွှင့်စင်ထွက်သွားတယ်။ ။ ဖန်ကျန်းရှီနဲ့ အဝေးကို လုံး၀ လွှင့်ထွက်သွားတာ ။
“မင်း ဘာဖြစ်သွားလဲ တွေ့လိုက်လား။” လူငယ် တစ်ဦးက ပြောလိုက်တယ်။
“တိုက်ခိုက်ရေး စာမေးပွဲမှာ ဒီ အဆင့်ထိ ရောက်လာဖို့ ဒီလောက် အားမနည်းသင့်ဘူး။ ဟွားခန်အန်း ရှုံးသွားတာတောင် နောက်ဆုံးအခွင့်အရေး ပေးသင့်သေးတယ်။ ” ဖန်ကျန်းရှီက ပြောလိုက်တော့တယ်။
“…..” လူငယ်တော့ မျက်နှာ တစ်ခုလုံး မည်းမှောင်သွားတော့တယ်။
“ငါရှုံးပြီ။ ဂုဏ်ယူပါတယ် သခင်လေး ဖန်။ မင်း ဗိုလ်လုပွဲကို ရောက်သွားပြီ။”
…
ဒီ လူငယ်ကို အောင်မြင်ဖို့ အတွက် ဖန်ကျန်းရှီက ၁၅ မိနစ်ကျော် အချိန်ယူခဲ့ရတယ်။ တခြားတစ်ဖက်က ရန်ရွှယ်တော့ ပိုပြီး လျင်မြန်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ပြိုင်ဘက်ကို စကားတောင် မပြောနိုင် ခင် အချိန်မှာပ ဲ အနိုင်ရအောင် တိုက်ခိုက်တာ ဖြစ်တယ်။
“ကောင်းပြီလေ။ ဒီမှာ မင်းနဲ့ ငါပဲ ကျန်တော့တယ်။ ” ဖန်ကျန်းရှီကတော့ သူနဲ့ မနီးမဝေးမှာ ရပ်နေတဲ့ ရန်ရွှယ်ကို ကြည့်ရင်း ပြောလိုက်တော့တယ။်
“ဟုတ်တယ်။” ဒီ အချိန်မှာတော့ ရန်ရွှယ်ရဲ့ မျက်နှာမှာ လေးနက်မှုတွေ ပထမဆုံး အနေနဲ့ မြင်ရတော့တယ်။
အပိုင်း (၁၁၃) ပြီး၏။
အပိုင်း (၁၁၄)
“ သစ်တော်သီးများ တစ်ဟုန်ထိုးသီးပွင့်ခြင်း။”
ဘာသာပြန်သူ-Enri Thaw
ဖန်ကျန်းရှီကတော့ သူ့မျက်နှာပေါ်က အပြုံးကို ဖယ်ရှားလိုက်တော့တယ်။ ရန်ရွှယ်ကို ယှဉ်ပြိုင်ဖို့ မရေမတွက်နိုင်တဲ့နည်းတွေကို သူ စဉ်းစားခဲ့တယ်။ ညီအကိုတွေကိုတောင် ကွဲကွာစေနိုင်တဲ့ ခြေ ခုနှစ်လှမ်း နည်းကိုတောင် သူတွေးခဲ့တယ်။
ဒါပေမယ့် သူကတော့ ရန်မျိုးရိုးမဟုတ်ဘူး။ ရန်ရွှယ်နဲ့လည်း သွေးသား မတော်စပ်ဘူး။
ဒါ့အပြင် အတူတူ စကားပြော အတူတူ သွားလာလှုပ်ရှားခဲ့ကြတယ်။ အလောင်းအစားတစ်ခုလုပ်ခဲ့တယ်။ သူတို့ နှစ်ဦးလုံး ဒီ တိုက်ခိုက်ရေးပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်လာနိုင်တယ်။
ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ခံစားချက်တစ်ခု အမြဲရှိနေခဲ့တယ်။ မလေးစားမှု။
ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်သူပဲ ရှုံးရှုံး ဒါက မလေးစားရာကျတာပဲ။ ဒါ့အပြင် ရန်ရွှယ်ရဲ့ အခုလို လေးနက်တဲ့ အမူအယာ ပုံစံက ဒီ ပြိုင်ပွဲမှာ ဖန်ကျန်းရှီနဲ့ အစွမ်းကုန် တိုက်ခိုက်ဖို့ ပြင်ဆင်ထားတယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ ပြောလို့ရတယ်။
“စတိုက်ကြရအောင်။”
“တိုက်ကြရအောင်” ဖန်ကျန်းရှီကတော့ သူတို့ရှေ့မှာ ပေါ်လာတဲ့ ကျောက်တုံး တံခါးကို ကြည့်ပြီးပြောလိုက်တယ်။
“ကောင်းပြီ။” ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တယ်။
သူတို့နှစ်ဦး ပုခုံးခြင်း ယှဉ်လျက် သက်ဆိုင်ရာ ကျောက်တုံးတံခါးတွေ ဆီကို သွားကြတော့တယ်။
မြင်ကွင်း ပြောင်းလဲသွားပြန်တယ်။ သူတို့ နှစ်ဦး ရှေ့မှာတော့ ကျယ်ပြန့်လှတဲ့ ကျောက်ဖြူသား ပလ္လင်ကြီးတစ်ခု ရှိနေတယ်။ ဖန်ကျန်းရှီနဲ့ ရန်ရွှယ် ကတော့ ပလ္လင်ကြီးရဲ့ ဘယ်ညာကို ကြည့်လိုက်ကြတယ်။ ပလ္လင်ကြီးရဲ့ ဘေး ပတ်ပတ်လည်မှာတော့ ကျောင်းတော်သားတွေ ကျောက်တုံးထိုင်ခုံတွေမှာ အသီးသီး ထိုင်နေကြတော့တယ်။
ရောက်ရှိနေကြတဲ့ ကျောင်းတော်သားတွေကတော့ တာအို နိယာမ စာမေးပွဲကို မလွဲမသွေ ဖြတ်ကျော်နိုင်မယ့် ကျောင်းတော်သားတွေ ပဲ ဖြစ်ပါတယ်။ ဟွားခန်အန်း၊ ကျန်းထုံ တို့လည်း ဒီၤကျောင်းတော်သားတွေ ထဲမှာ ရှိနေခဲ့တယ်။ ပလ္လင်ထက်မှာတော့ ဒိုင်လူကြီးတွေ ရှိနေတော့တယ်။
အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားတဲ့ ဟန်ချန်ဖုန်းကတော့ အလယ်တည့်တည့် ထိပ်ဆုံး ထိုင်ခုံကြီးမှာ ထိုင်နေပြီးတော့ ဘေးမှာ တော်ဝင်သတင်းပို့သူ ချင်ရှိနေပါတယ်။ စာစစ်သူ အချို့ကလည်း ရှိနေတော့တယ်။
ဖန်ကျန်းရှီနဲ့ ရန်ရွှယ် ပေါ်ထွက်လာချိန် မှာတော့ ကျောင်းတော်သားတွေ အော်ဟစ် ဂုဏ်ပြုကြတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ နောက်ဆုံးတိုက်ပွဲမှာ ချန်ပီယံ ဖြစ်မယ့်သူ ပေါ်ထွက်လာတော့မှာ ပဲ ဖြစ်တယ်။
“မင်း တို့ အနားယူအုန်းမလား။” ဟန်ချန်ဖုန်းက မတ်တပ်ထရပ်ရင်း မေးလိုက်တယ်။
“မလိုဘူး။“
ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ တစ်ပြိုင်နက်တည်း ဖြေလိုက်ကြတယ်။
“ကောင်းပြီ။ ဒါဆို စကြမယ်။” ဟန်ချန်ဖုန်းက ပြောပြီးတာနဲ့ ပြန်ထိုင်လိုက်တော့တယ်။
အေးမြတဲ့ လေထု ကျောချမ်းဖွယ် အေးစက်မှုကို ဖန်တီးပေးတယ်။ ကြည့်ရှုနေသူ ကျောင်းတော်သားတွေကတော့ ဒီအခိုက်အတန့်မှာ အသက်အောင့်ထားကြပြီး နောက်ဆုံးသော ပြိုင်ပွဲကြီးကို စောင့်မျှော်နေကြတော့တယ်။
ရန်ရွှယ် ကတော့ အနောက်ဘက် လျန်ဒေသ ရန်မိသားစုကြီးက အသက် ၁၆နှစ်မှာ ထွက်ခွာရသူက ပို သန်မာ မလား။ ဒါမှမဟုတ် ။ ခန့်မှန်းလို့ မရတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲက ပြည့်နှက်နေတဲ့ အနှစ်ပြည့် ဂဏန်းကြီး ဖန်ကျန်းရှီပဲ အနိုင်ရမှာလား။
ဒါကတော့ ကျောင်းတော်သားတွေရဲ့ စိတ်ထဲမှာ ဒွိဟ ဖြစ်စေတဲ့ ရင်ထဲက မေးခွန်းတစ်ခုပဲ ဖြစ်တယ်။ ဒါပေမယ့် ဘယ်သူကမှ သူတို့မျက်စိရှေ့မှောက်က လူ နှစ်ဦးရဲ့ အဆင့်ကို မသိရှိကြပါဘူး။
ရန်ရွှယ်ကတော့ သူ့ရဲ့ ပုံမှန်ဝတ်နေကျသံချပ်ကာကို ဆင်မြန်းထားပြီး လက်ထဲမှာတော့ တောင်နဲ့မြစ် မိုးမြေယပ်တောင်ကို ကိုင်ဆွဲထားပါတယ်။
တခြားတစ်ဖက်ကတော့ ဖန်ကျန်းရှီ ပင်လယ်နက်ထဲက ကျောက်စိမ်း သံချပ်ကာကို ဝတ်ဆင်ထားပြီး ခါးပတ်မှာတော့ ဖြူဖွေးတောက်ပတဲ့ ဓားတစ်လက်ကို ချိတ်ဆွဲထားတယ်။ ဒီ အရာ နှစ်ခုလုံးကို ဓားပြတိုက်လာတာ ဖြစ်ပေမယ့် ။ အခုတော့ သူ့လက်ထဲ ရောက်နေပြီ ဖြစ်တဲ့အတွက် မျိုးရိုးနာမည်တွေတောင် “ဖန်” ဖြစ်ကုန်ကြပါပြီ။ ဟွားမိသားစု မျိုးရိုးစဉ်ဆက် ရတနာတွေတော့ “ဖန်” မိသားစု အပိုင်ဖြစ်သွားခဲ့ပါပြီ။
ရန်ရွှယ်နဲ့ ဖန်ကျန်းရှီတို့ကတော့ အရင် တိုက်ပွဲ အချီတွေ တိုင်းမှာ ဘယ်သူ့ကိုမှ လေးစားမှု မပြခဲ့ကြပါဘူး။ ဒါပေမယ့် အခု တစ်ကြိမ်မှာတော့ နှစ်ဦးစလုံး နည်းစနစ်ကျကျ အရိုအသေပေးမှုတွေကို ပြုနေကြတော့တယ်။
အဲ့ဒီနောက်။ “ကျေးဇူးပြု၍ မင်း အရင် စတိုက်ပါ။” ဆိုတဲ့ စကားကို လည်း တလေးတစားပြောကြတော့တယ်။
အဲ့ဒီ့နောက်မှာတော့ ရန်ရွှယ်လည်း ရွေ့လျားတော့တယ်။ သူ့ရဲ့ တောင်နဲ့မြစ် မိုးမြေ ယပ်တောင်ကို ဝေ့ယမ်းလိုက်တော့တယ်။ ရေစက် ရေမှုန်လေးတွေရဲ့ အမှုန်မွှားတွေ ယပ်တောင်ထဲကနေ ပေါ်ထွက်လာတော့တယ်။
“အရာအားလုံးဖြစ်တည်မှု တာအိုက ပုံစံကနေ လာတယ်။ အကြီးအကဲ ဟန်ကတော့ မျက်မှောင်ကြုတ်လိုက်တော့တယ်။ ရန်ရွှယ်က တကယ့်ကို ကြယ်တာရာ စုဝေးမှု အဆင့် ရောက်နေပြီ။” စာစစ်သူတွေကတော့ သူတို့ မျက်စိရှေ့က မြင်ကွင်းကို ရည်ညွှန်းပြောဆိုနေကြတယ်။
ရန်ရွှယ်ကတော့ အသက် ၁၆ နှစ်မှာ အိမ်က ထွက်ခွာရတာဖြစ်တယ်။ နောက်ပြီး ဒီ လို အသက်ငယ်ငယ်လေးနဲ့တင် ကြယ်တာရာစုဝေးမှု အဆင့်ကို ရောက်ရှိနေပြီ။ ကြီးမြတ်သော ရှမင်းဆက်ကြီး မှာတောင် လူ နှစ်ဆယ်ကနေ သုံးဆယ် အတွင်းပဲ ဒီလို အခြေအနေ ရှိနိုင်တယ်။
ဘေးပတ်လည်က ကျောင်းတော်သားတွေကတော့ သူတို့ကိုယ်တိုင်ကို အတော်လေး စိတ်လှုပ်ရှားနေကြတယ်။ လူတိုင်းကတော့ ရန်ရွှယ် ရဲ့ ကြယ်တာရာ စုဝေးမှု အဆင့် ကို ခန့်မှန်းမိပြီးနောက်မှာတော့ သူတို့ကြားက ကွာခြားမှု အခြေအနေကိုပါ ကောင်းကောင်းကြီး သဘောပေါက်ကြတယ်။
“ငါ့ရဲ့ ဒီ ဓားပညာကို (သစ်တော်သီးများ တစ်ဟုန်ထိုးသီးပွင့်ခြင်း) လို့ ခေါ်တယ်။ ရေ ၊ ရေခဲ၊ ပန်း၊ အရာအားလုံးဖြစ်တည်မှု တာအိုက ဒီ ပုံစံ သုံးမျိုးကို အသုံးပြုထားတယ်။” ရန်ရွှယ်က သူ့ယပ်တောင်က ရေစက်ရေပေါက်တွေကို ဖန်ကျန်းရှီဆီကို ပြစ်လွှတ်ရင်းနဲ့ ပြောလိုက်တယ်။
သစ်တော်သီးများ သီးပွင့်ခြင်း။ ဖန်ကျန်းရှီက နည်းနည်းတော့ စိတ်ရှုပ်သွားတော့တယ်။ တကယ်တမ်းတော့ ရန်ရွှယ် ဘာကို ပြောချင်လဲ သူ ကောင်းကောင်း နားမလည်ဘူး ဖြစ်နေတယ်။ သေချာတာကတော့ အရာအားလုံး ဖြစ်တည်မှု တာအိုကို ပေါင်းစပ်ပြီး အသုံးပြုရမှာဖြစ်တယ်။
နောက်ထပ် အချက်တစ်ချက်မှာကတော့ ရန်ရွှယ်က ဒါကို ဓားပညာလို့ ပြောသွားတယ်။
ရန်ရွှယ်ပြောနေတာတွေကို နားမလည်ပေမယ့် ရေ ၊ ရေခဲ၊ ပန်း၊ အရာအားလုံးဖြစ်တည်မှု တာအိုက ဒီ ပုံစံ သုံးမျိုးကို သုံးရမယ်ဆိုတာကိုတော့ နားလည်တယ်။
အဲ့ဒီ့နောက် ရန်ရွှယ်ပြောတာကို ဘယ်လိုနည်းနဲ့ အသုံးပြုရမလဲ ဆိုတာကို စဉ်းစားနေမိတယ်။
ကံမကောင်းစွာနဲ့ပဲ။
ဘယ်လိုလုပ်ရမလဲ လုံးဝကို မသိပါဘူး။
“ဒါဆို စရအောင်။” ဖန်ကျန်းရှီက သူ့ရဲ့ ခေါငးထဲက အတွေးကို ဖယ်ထုတ်ပြီးတော့ ခေါင်းငြိမ့်လိုက်တော့တယ်။
ရန်ရွှယ်ရဲ့ မျက်နှာမှာတော့ ထိတ်လန့်သွားဟန် တချက် ဖြတ်ခနဲ ပေါ်လာတော့တယ်။ ဖန်ကျန်းရှီက သူ့ရဲ့ ဓားပညာကို ဒီလောက်မြန်မြန်တုပ နိုင်မယ်လို့ မထင်ထားဘူး။ တကယ့်ကိုပဲ ဖန်ကျန်းရှီက တုပဖို့ မပြောပါနဲ့ နားကိုမလည်တာပါ။
တကယ့်ကို လန့်စရာကောင်းပင်မယ့်လည်း သူမြန်မြန်ဆန်ဆန်ပဲနားလည်သွားတော့တယ်။
ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ မျိုးနွယ်စုကို နည်းပညာကို ဒီလောကကြီးမှာ တုပနိုင်တဲ့သူ မရှိတာကို ကောင်းကောင်းယုံကြည်တာကြောင့်ဖြစ်တယ်။
ဖန်ကျန်းရှီက သူတို့ထဲက တစ်ဦးပဲလား။ သူမသေချာဘူး။ ဒါပေမယ့် သူဒါကို တွေးတောမိပြီးတဲ့နောက် ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး ဖြစ်သွားတော့တယ်။
နောက်ဆုံးမှာတော့ ရန်ရွှယ်က ရွေ့လျားလာတော့တယ်။ သူ့ရဲ့ ယပ်တောင်ကို လှိမ့်လိုက်တာနဲ့ ရေထု ကောင်းကင်က နဂါးကြီးတစ်ကောင်လိုမျိုး ပေါ်ထွက်လာတော့တယ်။ တစ်ခဏတာ ကြာပြီးနောက်မှာတော့ ဖြူလွတဲ့ သစ်တော်သီးတွေ မြောက်များစွာပေါ်ထွက်လာတော့တယ်။
ပန်းပွင့်လေးတွေ နှင်းပွင့်လေးတွေ ပမာ ပေါ်ထွက်လာတော့တယ်။ ဒါပေမယ့် ပွင့်ဖတ်တွေ ပေါ်ကနေ အေးစက်လှတဲ့ အငွေ့အသက်တွေ ပေါ်ထွက်လာတော့တယ်။
ဖန်ကျန်းရှီကတော့ ရန်ရွှယ်ပြောတဲ့ သစ်တော်သီးတွေ သီးပွင့်ခြင်း ဓားပညာကို အနည်းနဲ့ အများကို နားလည်လာပြီ။
ဘာကြောင့်လဲဆိုတော့။
အတော်ကို ချွန်ထက်တယ်။
“ ဇုန်း ဇုန်း ဇုန်း။”
သစ်တော်သီးပွင့်တွေ ကောင်းကင်မှာ ပေါက်ကွဲသွားပြီးတော့ မြောက်များလှစွာသော ပွင့်ဖတ်လေးတွေ အဖြစ် ရွာကျလာတော့တယ်။ ဖန်ကျန်းရှီကို ဦးတည်လာတဲ့ ပွင့်ဖတ်တွေ
ဓားသွားတွေလို ထက်ရှလာတော့တယ်။
ဖန်ကျန်းရှီကတော့ ဒီ ပွင့်ဖတ်တွေကို ရှောင်ရှားဖို့ နည်းလမ်းတွေ ရှာမတွေ့ပါဘူး။ ဒါပေမယ့် ဒီ ပွင့်ဖတ်တွေ ကလည်း ပလ္လင်အတွက်တောင် များပြားလွန်းလှတယ်။ နောက်ဆုံးမှာတော့ ပွင့်ဖတ် မကျရောက်တဲ့ နေရာ တစ်ခုမှကို မရှိတော့ပါဘူး။
“ ဘာလို့ ပထမဆုံးအကွက်ကတောင် ဒီလောက်ပြင်းထန် ရတာလဲ။” ဖန်ကျန်းရှီလည်း ပွင့်ဖတ်တွေရဲ့ အေးစက်တဲ့ စွမ်းအားကို မကျော်လွှားနိုင်ပါဘူး။
နောက်ဆုံးမှာတော့ ကြယ်တာရာ စုဝေးမှု အဆင့်ရှင် နှစ်ယောက်ရဲ့တိုက်ပွဲကတော့ မညီမမျှ ဖြစ်တော့မယ်။ အရင် ဟွားခန်အန်းနဲ့ တိုက်ခိုက်ချိန်တုန်းက အရှိန် လျင်မြန်မှုကို အသုံးချခဲ့တယ်။
အခုတော့ ဘာလုပ်ရမလဲ။
စကားပုံတွေ ပြောတဲ့အတိုင်း အန္တရာယ် အများဆုံးနေရာက အလုံခြုံဆုံး။
ဥပမာအားဖြင့်- ပွင့်ဖတ်တွေ ရန်ရွှယ်ကို မထိခိုက်သလိုပေါ့။ မှန်တယ်။
ဖန်ကျန်းရှီကတော့ ဒီလို တွေးလိုက်တာ ဖြစ်တယ်။ ပန်းပွင့်ဖတ်တွေ မြေပြင်ပေါ်မကျခင်မှာပဲ ရန်ရွှယ်ဆီကို ဦးတည်ပြီးပြေးတော့တယ်။
လက်သီးတစ်ချက်။
ဒီ တစ်ချက်မှာ ရန်ရွှယ်ရဲ့ ရင်အုပ်ကို ထိတွေ့မယ့် အစား ရန်ရွှယ်ကတော့ ဖန်ကျန်းရှီုရဲ့ လှုပ်ရှားမှုကို ခန့်မှန်းထားတဲ့ပုံပါပဲ။ ဖန်ကျန်းရှီမရောက်ခင်မှာပဲ နောက်ကို ဆုတ်ပြီးသားဖြစ်နေတယ်။ ခြေတစ်လှမ်း လှန်းလိုက် ချိန်တိုင်းမှာ ရေခဲလွှာကို နင်းမိနေတော့တယ်.။
ခြေတစ်လှမ်း။ တစ်ခါချော်။ သူ့ရဲ့ အရှိန်က ဖန်ကျန်းရှီလောက် မမြန်ဆန်တဲ့ အတွက် ရှောင်ရှားခြင်း ပွတ်ကာ သီကာ လွဲသွားတာမျိုးကို ဖြစ်စေတယ်။
“အရှိန်က ငါ့ကို နိုင်စေမှာမဟုတ်ဘူး။“ ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ဘယ်လိုမှကို မထိတဲ့အတွက် ပထမဆုံး အနေနဲ့ ထိတ်လန့်လာတော့တယ်။ ပိုပြီး ထူးခြားမှုတွေ ဖြစ်ပေါ်လာတော့တယ်။
ရန်ရွှယ်က ရွှေ့လျားလိုက်တိုင်းမှာ ကောင်းကင်က ကျဆင်းလာတဲ့ ပွင့်ဖတ်တွေလည်း သူတို့ရဲ့ တိုက်ခိုက်မှု အတိုင်း လိုက်ပြီး ပြောင်းလဲတော့တယ်။.
ဒီ အချိန်မှာတော့ ဖန်ကျန်းရှီရဲ့ ခေါင်းပေါ်ကို တည့်တည့် ပွင့်ဖတ်တွေ ကျဆင်းလာတော့တယ်။ အေးစိမ့်တဲ့ လေထု သူ့ကို ခေါင်းကနေ ဖိချနေတော့တယ်။
အပိုင်း (၁၁၄) ပြီး၏။
အပိုင်း (၁၁၅)
“ ဂန္တဝင် စကားလုံးများ ”
ဒါက ခုန်ရှောင်လို့ ဖြစ်နိုင်တာ မဟုတ်ဘူး။
နောက်ပြီး အခုက သူ သားရိုင်းကောင် အင်အားကို ပဲ သုံးနေတာ။ ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီးတော့ သူ့ခါးက ဓားဖြူကို ဆွဲထုတ်လိုက်ချိန်မှာတော့ ဓားစည်း တစ်ခု ဖြစ်ပေါ်လာပြီးတော့ ။ သူ့ကိုယ်ပေါ်ကို တည့်တည့် ကျရောက်လာမယ့် ပွင့်ဖတ်တွေကို ခုတ်ချပြစ်လိုက်တော့တယ်။
ဒါပေမယ့်လည်း ပွင့်ဖတ်လေး တစ်ချို့တော့ ဖန်ကျန်းရှီရဲ့ ကိုယ်ပေါ်ကို ကျရောက်လာခဲ့တယ်။
ပင်လယ်နက်ထဲက ကျောက်စိမ်း သံချပ်ကာကနေ အပြာရောင် အလင်းဖျော့ဖျော့လေးတွေ ပေါ်လာတော့တယ်။ ရေထု အလွှာပါးလေး တစ်ခု ဖုံးအုပ်လိုက်သည့် အလား ပွင့်ဖတ်တွေကို ကာစီး ခုခံလိုက်တော့တယ်။
“ငါ့ ငါ့ရဲ့ ပင်လယ်နက် ကျောက်စိမ်။ ” ဟွားခန်အန်း က ဒီ မြင်ကွင်းကြောင့် နှလုံးသားထဲမှာ နာကျင်လာတော့တယ်။
“အကိုဟွား။ အတိတ်က အတိတ်ပဲလေ။” သူ့ဘေးမှာ ထိုင်နေတဲ့ ကျန်းထုံက ဟွားခန်အန်းရဲ့ စကားတွေကို ကြားတော့ သူ့ခေါင်းကို ခါယမ်းလိုက်တယ်။
အကဲဖြတ် ဒိုင် နေရာမှာတော့။
ဟန်ချန်ဖုန်းနဲ့ စာစစ်သူတွေ ဖန်ကျန်းရှီ ရဲ့ ခုခံနေတဲ့ ပုံကို မြင်ပြီးတော့ အနည်းငယ် တုံ့ဆိုင်းသွားကြတယ်။ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်နေကြတော့တယ်။
“သူ ဘာလို့ မတိုက်ခိုက်တာလဲ။”
“ကြည့်ရတာ သူ ဘယ်လို တိုက်ရမလဲ မသိဘူး ထင်တယ်။”
“ငါတို့ သူ့ကို အထင်ကြီးလွန်း မိသွားပြီလား။”
“တာအို ခန်းမကိုတောင် မဝင်ဖူးတဲ့ တောသားလေးနဲ့……. ကြည့်ရတာ ဒီ တိုက်ပွဲက အဖြေထွက်ပြီးသားထင်ပါတယ်။” ပလ္လင်ပေါ်က လူ နှစ်ဦးကို ကြည့်ရင်း စာစစ်သူ တစ်ဦးက ယုံကြည်မှု ရှိရှိ ပြောလိုက်တော့တယ်။
တကယ့် လက်တွေ့မှာတော့ ဖန်ကျန်းရှီကို စာစစ်သူတွေ မြင်တဲ့ အမြင်ကလည်း အပြစ်တင်လို့ မရပါဘူး။
ပင်လယ်နက်ထဲက ကျောက်စိမ်းရဲ့ အကူအညီရှိနေတာတောင် ဖန်ကျန်းရှီရဲ့ ပုံစံက ပြန်တိုက်ခိုက်ဖို့ ခက်ခဲနေပုံပါပဲ။ ဒီအချိန်မှာတော့ ဖန်ကျန်းရှီ သူ့ရဲ့ အားနည်းချက်ကို သတိပြုမိသွားပုံပါပဲ။
ဖန်ကျန်းရှီက ခုန်ရှောင်ပြီး နောက်ဆုတ်ပြီး ရင်း ဆုတ်နေပင်မယ့် ဒီလို များပြားလွန်းလှတဲ့ ပွင့်ဖတ်တွေကို တော့ အကုန်လုံး မရှောင်နိုင်ပါဘူး။
ဒါက ဖန်ကျန်းရှီကို သက်ပြင်းရှည်ကြီး ချရတဲ့ အထိ ဖြစ်စေတယ်။ အခုချိန်မှာတော့ သူ့ကို ရတနာတွေနဲ့ ဝန်းရံထားတာ ဖြစ်တယ်။ ဒါပေမယ့် ဒီ ရတနာတွေကို ဘယ်လို သုံးရမှာလဲ။ သူ လုံးဝကို မသိဘူး။
အရာအားလုံးကို သူ့ဘာသူပဲ သင်ကြားခဲ့ရတာ။
ဒီလို အခု အခြေအနေမျိုးမှာတော့ အရင်က အားနည်းတဲ့ ပြိုင်ဘက်တွေကို တိုက်ခိုက်ရသလိုမျိုး မလွယ်ကူနိုင်ဘူး။ သူနဲ့ ဘက်ညီ တဲ့ ပြိုင်ဘက်ကို တွေ့ချိန်မှာတော့ အရင်နည်းလမ်းတွေက အသုံးမဝင်တော့ဘူး။ သူ့ရဲ့ အားနည်းချက်တွေက ပေါ်လွင်နေပြီ။
ကောင်းပြီ…..
ငါ စိတ်အေးအေး ထားဖို့ လိုတယ်။
ဒီ ရတနာတွေကို အသုံးမပြုနိုင်ရင် အခု ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ။
ဖန်ကျန်းရှီက သူ့အရင် ဘဝတုန်းက သင်ခဲ့တဲ့ အကြောင်းရာတွေကို ပြန်စဉ်းစားနေတယ်။ သူ့ဆရာတွေ သင်ပေးခဲ့တဲ့ အကုန်လုံးကို ပြန်လည် မှတ်မိစေတယ်။ ဒါက သူ့ကို တက္ကသိုလ်။ အထက်တန်း။ အလယ်တန်း။ နောက်ဆုံး မူလတန်းမှာ သင်ခဲ့တဲ့ စာတွေ အထိ ခရီးပေါက်သွားစေတယ်။ ဒါ့အပြင် မူလတန်း အတန်းသုံးကနေ အတန်း ခြောက်ထိ သင်ခဲ့တာတွေထဲမှာ အတွေးတွေ လှုပ်ရှားနေတော့တယ်။
ခဏလေးး။
သုံးတန်းမှာ သင်တာ။်
စာစရေးဖို့ သင်တဲ့အချိန်ပဲ။ သူ့ရဲ့ အခု အခြေအနေနဲ့ ဒီ သင်ကြားချိန်က တထပ်တည်းကို တူညီနေတယ်။ သူ စာတွေကို ဘယ်လို စနစ်ကျကျ ရေးရမလဲ မသိဘူး။ မိတ်ဆက်ကို ဘယ်လို ရေးရမလဲ။ နိဂုံးချုပ်ကို ဘယ်လို ရေးရမလဲ။ နာမ် နာမ်စား နာမဝိသေသန ကြိယာ ကြိယာဝိသေသန ဝိဘတ် တွေကို ဘယ်လို ခွဲခြား သုံးရမလဲ မသိဘူး။
ဆရာတွေ သင်ကြားတဲ့ သင်ကြားမှုထဲမှာ အကျော်ကြားဆုံး စကားကတော့ “မင်း ဘယ်လို ရေးရမလဲ မသိရင် ပုံတူ ကူးပါ။” သုံးတန်းမှာ ဆရာတွေ အမြဲ ပြောခဲ့တယ်။
ပုံတူကူးရမယ်။ ကူးရမယ်။
အဟွတ် ဟွတ်။ ဒီ စကားကို ကိုးကားလိုက်ရင် အဆင်ပြေပြီ။ အကျယ်ဖြန့်ပြီး ပြန်သုံးရမယ်။ ဆရာတွေ အကုန်လုံးက တကယ့်ကို ဉာဏ်ကြီးတယ်။ အကုန်လုံးကို အရမ်းချစ်တယ်။
ကောင်းပြီလေ။ ရန်ရွှယ်က သူ့ရဲ့ သစ်တော်သီးများ တစ်ဟုန်ထိုးသီးပွင့်ခြင်းကို ရှင်းပြထားတယ်။ ရေ ရေခဲ။ သစ်တော်ပန်းပွင့်တွေ ။ ဒီ တာအို ဖြစ်တည်မှု သုံးမျိုးကို အသုံပြုထားတယ်။
ရေနဲ့ ရေခဲ ငါ ဒီ နှစ်ခုကို ကောင်းကောင်းသိတယ်။
ဒါပေမယ့် ပန်းပွင့်တွေကို ကြည့်ရတာတော့ ငါနားမလည်သေးဘူး။
သစ်တော်သီးပွင့်တွေ မရှိရင် ဘယ်လို လုပ်ရမလဲ။
စိတ်ထဲမှာ ပျိုနီပန်းတွေ။ တရုတ်နှင်းဆီနဲ့ နှင်းဆီတွေ…
ဆူးတွေနဲ့နှင်းဆီ။
ဖန်ကျန်းရှီရဲ့ မျက်လုံးတွေကတော့ တစ်စုံတစ်ခုကို နားလည်မှုကြောင့် ပျော်ရွှင်သွားပုံပါပဲ။ မြူဆိုင်းနေတဲ့ လမ်းကတော့ ရှင်းသွားပြီ။ နောက်ပြီး သူ့ရဲ့ အတွေးတွေက တစ်နေရာတည်းကို
အာရုံစိုက်နိုင်သွားပြီ။
အဲ့ဒီ့နောက် ဖန်ကျန်းရှီက ရွေ့လျားတော့တယ။်
သူ့ရဲ့ လှုပ်ရှားမှုတွေက ရန်ရွှယ်နဲ့ ဆင်တူတယ်။ ခါးက ဓားဖြူကို လက်ထဲမှာ ဝေ့ယမ်းလိုက်တယ်။ ရေစက်ရေပေါက်လေးတွေ သူ့ရဲ့ ကိုယ်နဲ့ ဓားသွားတစ်လျှောက်မှာ ပေါ်လာတော့တယ်။
အဲ့ဒီ့နောက် ကျောက်ဖြူဓားကို ဝေ့ယမ်းလှုပ်ရှားရင်းနဲ့ ကောင်းကင်ဆီကို ရေစက်ရေပေါက်လေးတွေ ပြစ်လွှတ်လိုက်တယ်။ တစ်ခဏ ကြာပြီးနောက်မှာတော့ ထွင်းဖောက်မြင်ရတဲ့ နှင်းဆီတွေ ကောင်းကင်မှာ ပေါ်လာတော့တယ်။ နှင်းဆီတွေရဲ့ အောက်ခြေရိုးတံမှာတော့ ဆူးတွေ များစွာ ပါနေတော့တယ်။
နေရောင်အောက်မှာ တောက်ပနေတဲ့ နှင်းဆီတွေတော့ ရေခဲလွှာတွေလို တောက်ပနေတော့တယ်။
“လာလေ။ ဒါက နှင်းဆီပန်းများ ပွင့်ဖူးခြင်းပဲ။” ဖန်ကျန်းရှီက ပြောလိုက်ရင်း လှုပ်ရှား လိုက်ချိန်မှာတော့ ပွင့်ဖတ်တွေ ရန်ရွှယ်ဆီကို တဟုန်ထိုး ပြေးသွားတော့တယ်။
ဒီ ရုတ်တရက် ပြောင်းလဲမှု ကျောင်းတော်သားနဲ့ စာစစ်သူတွေကို မှင်သက် စေတယ်။
“သူ ပြန်တိုက်တယ်။”
“နှင်းဆီပန်းတွေ ပွင့်ဖူးခြင်း။ ဒါက ဘာလဲ။”
“တစ်ခုခုလွဲနေသလိုပဲ။”
ရန်ရွှယ်နဲ့ တစ်ထပ်ထဲ တူညီတဲ့ လှုပ်ရှားမှုတွေ က သူတို့ကို စိတ်ရှုပ်စေတယ်။
တစ်ခြားတစ်ဖက်မှာတော့ ဒိုင်လူကြီး တစ်ဦးဖြစ်တဲ့ ဟန်ချန်ဖုန်းက အေးခဲသွားပါတော့တယ်။
“နှင်းဆီပန်းများ တစ်ဟုန်ထိုး ပွင့်ဖူးခြင်း။” ရန်ရွှယ်ရဲ့ အမူအယာက အနည်းလေး ပြောင်းလဲသွားတော့တယ်။ သစ်တော်သီးများ သီးပွင့်ခြင်းကလိုပဲ နှင်းဆီပန်းတွေရဲ့ လှုပ်ရှားမှု သူ့ဆီကို တည့်တည့် ပြေးလာနေတယ်။
သူ့ဆီက တစ်ခုခု အခိုးခံလိုက်ရသလိုမျိုး ထူးခြားတဲ့ ခံစားမှုတွေက စိတ်ထဲမှာဖြစ်ပေါ်လာတယ်။
ရန်ရွှယ်လည်း ခုန်လွှားနေတော့တယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကတော့ ဖန်ကျန်းရှီရဲ့ သားရိုင်းကောင် လှုပ်ရှားမှုလိုမျိုး မဟုတ်ပဲ လေထဲမှာ လွင့်မျော နေသလိုမျိုး ပေါ့ပါးလှတယ်။
သူ့ရဲ့ လှုပ်ရှားမှုက လေပြေတွေလို ဖြစ်ပေမယ့် သူ့ရဲ့ အမူအယာကတော့ တည်ငြိမ်လွန်းလှတယ်။ ခြေလှမ်းတိုင်း ရေခဲ ပြားပေါ်မှာ လျှောက်လှမ်းနေသလိုမျိုး ဖြည်းဖြည်းချင်း လှုပ်ရှားနေကြတယ်။
နှင်းဆီတွေရဲ့ ရိုးတံကတော့ သူ့ဆီကို တိုက်ရိုက်ရောက်မလာတော့ဘူး ဖြစ်တယ်။
ဖန်ကျန်းရှီလည် းမျက်လုံးပြူးသွားတော့တယ်။ ရန်ရွှယ် ဘာန်ညးလမ်းကို သုံးထားတာလဲ။ သူ့ရဲ့ နှင်းဆီတွေကို ဒီလိုမျိုး သိပ်သိပ်သည်း သည်း လုပ်ထားတာတောင် သူက ဘယ်လို ရှောင်နိုင်တာလဲ။
သူဒါကို တွေးလိုက်မိပြီးနောက်မှာတော့ ရန်ရွှယ်ရဲ့ ခြေထောက် လှုပ်ရှားမှုတွေကို သတိထားမိသွားတယ်။
သူဘယ်လိုပဲ လုပ်လုပ် ပွင့်ဖတ်တွေကို သူ့ခန္ဒာကိုယ်က မရှောင်နိုင်ဘူး။ အသက် အန္တရာယ် မရှိပေနယ့် အတော်တေလးတော့ နာတယ်။
သူ ခနစောင့်ဆိုင်းပြီးနောက်မှာတော့
ဖန်ကျန်းရှီက ရန်ရွှယ်ရဲ့ စတင် အတုခိုးတော့တယ်။
အဲ့ဒီနောက် သူ ပြုတ်ကျတော့တယ်။
မြေပြင်ပေါ်ကို ပြုတ်ကျတယ်။
သူတို့ နှစ်ဦးကြားက တိုက်ခိုက်မှု။ သူတို့ထဲက တစ်ယောက် ပြုတ်ကျမှာပဲ။ ဒါက တကယ့်ကို ကြီးမားတဲ့ အကြောင်းရင်းပဲ ။ ရန်ရွယ်က ဘယ်လို လုပ်မှ အရှုံးပေးမှာလဲ။ သူ့ရဲ့ ကိုယ်ကို လေထဲမှာ ရွေ့လျားနေရင်းနဲ့ သစ်တော်ပန်းပွင့်ဖတ်တွေ ကြီးမားလွန်းတဲ့ ပွင့်ဖတ်ကြီးတွေ အဖြစ် ပြောင်းခဲသွားတော့တယ်။
“ပွင့်ဖတ် ငါးလွှာ” ရန်ရွှယ်က စိတ်ထဲမှာ အော်လိုက်တယ်။ ဖန်ကျန်းရှီကို နောက်တစ်ကြိမ် မသက်ညှာတော့ပါဘူး။ ဒီ တိုက်ပွဲမှာ အကုန်လုံးကို ပေးဆပ်ထားပြီးပြီ။
ရန်ရွှယ်လှုပ်ရှားလိုက်တိုင်းမှာ အလင်းလုံးတွေ ပေါ်ပေါက်လာတော့တယ်။ ပွင့်ဖတ် မိုးတွေ အဖြစ် ပြောင်းလဲသွားတော့တယ်။
ပွင့်ဖတ်မိုးတွေထဲမျာ ငါးလွှာပန်းပွင့်တွေ ဖန်ကျန်းရှီနောက်ကို တည့်တည့် မတ်မတ် ရောက်လာတော့တယ်။
ဖန်ကျန်းရှီကတော့ ဒီ ပွင့်ဖတ်မိုးတွေ သူ့ကိုယ်ပေါ်ကို ကျရောက်လာတာကြောင့် သူ့စိတ်ထဲမှာတော့ ရွံ့နွံတွေထဲ နစ်နေသလိုမျိုုး ခံစားနေရတော့တယ်။
တခြားတစ်ဖက်က ကြည့်ရင်တော့ ပန်းပွင့်ဖတ်တွေက လှပလွန်းတယ်။
“ဒါက ငါ့ကို ဖျားနေတဲ့ အချိန် သေခိုင်းနေတာနဲ့ အတူတူပဲ။” ဖန်ကျန်းရှီ သူ ခုနက မြင်ထားတဲ့ ရန်ရွှယ်ရဲ့ နည်းလမ်းတွေကို ပြန်ပြီး အတုခိုးလိုက်တယ်။
စက်ဝိုင်းလို ရွေ့လျားရင်းနဲ့ ရန်ရွှယ်ရဲ့ ခြေလှမ်းတွေ အတိုင်း ခုန်လွှားတော့တယ်။
“ဘုန်း”
ငါးလွှာပွင့်ဖတ်တွေက တစ်ချိန်တည်းမှာပဲ ပေါ်ထွက်လာတော့တယ်။
သိပ်မဝေးတဲ့ နေရာမှာတော့ ဖန်ကျန်းရှီက ရေခဲပြားပေါ်လျှောက်လှမ်းနေသလိုမျိုး ပျံဝဲနေတော့တယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေက သိပ်ပြီး မလှပပေမယ့် လည်း။ ရန်ရွှယ်ရဲ့ တိုက်ခိုက်မှုကိုတော့ ရှောင်ရှားနိုင်တယ်။
“လေအရိပ် ပညာ။ မင်း မင်း ငါတို့ ရန်မိသားစုရဲ့ လေအရိပ်ပညာကို ဘယ်လို သိတာလဲ။” ဒီ အချိန်မှာတော့ ရန်ရွှယ်က အတော်လေး ထိတ်လန့်သွားတော့တယ်။ ဖန်ကျန်းရှီကသူ့ရဲ့ သစ်တော်သီးပန်းများ တစ်ဟုတ်ထိုး သီးပွင့်ခြင်းကို ပုံတူ ကူးနိုင်တယ် ဆိုရင် တောင် ဒီ လေအရိပ်ကကော တိုက်ဆိုင်မှုလား။
အပိုင်း (၁၁၅) ပြီး၏။
အပိုင်း (၁၁၆)
“ကြောက်ခမန်းလိလိ”
ဖန်ကျန်းရှီ လေအရိပ်နည်းလမ်းကို အတော်လေး လေ့ကျင့်ထားတဲ့ သူလိုမျိုး ကျွမ်းကျင်လှတယ်။ အနည်းငယ်တော့ ကွာခြားပင်မယ့် ဒါက လေအရိပ်နည်းဆိုတာ လုံးဝကို လက်ခံလိုက်ရတော့တယ်။ ရန်ရွှယ်ကတော့ မယုံရဲဘူး။ ဒါ့အပြင် ဟန်ချန်ဖုန်းနဲ့ တခြားသောသူတွေကလည်း မယုံကြည်နိုင်တော့ဘူး။ သူတို့ အခု မြင်နေရတာ ဘာလဲ။ ဖန်ကျန်းရှီက ရန်ရွှယ်လိုမျိုး လှုပ်ရှားနေတာ။
“လေအရိပ် နည်း လို့ ခေါ်တာလား။” ဖန်ကျန်းရှီက စိတ်ထဲမှာ မှတ်ထားလိုက်တော့တယ်။
သူ့မှတ်ဉာဏ်တွေ ထဲမှာ ကြီးမားတဲ့ ရုပ်ပုံကားချပ်ကြီးပေါ်လာတော့တယ်။ စတုရန်းပုံ နန်းတော် ၉ခုနဲ့ ပြုထားတဲ့ ပုံတွေ ကိုယ်ပျောက်နည်းလမ်းထဲက တစ်ခုပဲ ဖြစ်တယ်။
ရန်ရွှယ် လှုပ်ရှားတဲ့ ခြေလှမ်းနည်းတွေက ဒီ ပညာရပ်ထဲက အခွဲတစ်ခုပဲ ဖြစ်တယ်။
ဒါပေမယ့် ဒီနည်းလမ်းရဲ့ နောက်မှာ ထူးခြားဆန်းကြယ်မှု ရှိနေတယ်လို့ သူ ကောင်းကောင်းသိတယ်။
နန်းတော် ကိုးခု နေရာချမှုနဲ့ တကယ့်ကို တူညီနေတယ်။ နှစ်တွေ အကြာကြီး လေ့လာထားသူ သာ မဟုတ်ရင် ဒါကို နားလည်ဖို့ ခက်ခဲတယ်။ ဖန်ကျန်းရှီအတွက်ကတော့ သူ့ အရင် အနာဂတ်
ကမ္ဘာက နည်းလမ်းတွေကြောင့် ဒီ ထူးခြားမှုကို မြင်တွေ့တာ ဖြစ်တယ်။
သချာၤနဲ့ မှော်ပညာကို ရောထားတဲ့ လှည့်ကွက်တွေကို နားလည်ထားသူ ဆိုရင် ဖြေရှင်းနိုင်မယ်။
ဒါပေမယ့် ဒီနည်းတွေကို အတိအကျ သုံးထားတာ မျိုးလည်း မဟုတ်ဘူး။
နောက်ပြီး ..
လေအရိပ် နည်းလမ်းနောက်ကွယ်က နက်နဲ မှုကို နားလည်ခဲ့ရင်တောင် ဒါက နားလည်မှု သပ်သပ်ပဲ။ ကြားထဲက နေရာလွတ်တွေကို မဖြည့်နိုင်ဘူး ဖြစ်တယ်။ နားလည်မှုပဲ ရှိပြီး လှုပ်ရှားမှု ကို
အတိအကျ လိုက်နာအသုံးချဖို့က ခက်ခဲတယ်။
ဖန်ကျန်းရှီကတော့ ဒီ နားလည်မှုကြောင့် ပျော်နေတော့တယ်။
“ဒီနေ့က စပြီး ငါက ကိုယ်ခန္ဒာ နည်းလမ်းတွေကို နားလည်သူပဲ။” ဖန်ကျန်းရှီကတော့ ပြုံးနေတော့တယ်။
“မင်း ရန်မိသားစုရဲ့ လေအရိပ်နည်းကို ဘယ်လို သိတာလဲ။” ရန်ရွှယ်က ဖန်ကျန်းရှီ ပြုံးနေတာကို မြင်တော့ မေးချင်သွားတယ်။
ဒါပေမယ့် သူ့စကားတွေက ပါးစပ်ဖျားမှာတင် ပျောက်ဆုံးသွားပြီး ပြန် မျိုချလိုက်ရတော့တယ်။ ရန်ရွှယ်ကတော့ ဒီ ဖန်ကျန်းရှီနဲ့ ပတ်သက်တာကို မတွေးတော နိုင်တော့ဘူး ဖြစ်နေတော့တယ်။
“ အကယ်၍ ငါက မင်း လှုပ်ရှားတာကို ကြည့်ပြီး ပုံတူ ကူးတယ်ဆိုရင် …. မင်း ယုံမှာလား။” ဖန်ကျန်းရှီက ရန်ရွှယ်ကို လေးလေးနက်နက်ကြည့်ရင်း ပြောလိုက်တော့တယ်။
“သူ ပုံတူ ကူး လိုက်တယ်။”
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ တိုက်ခိုက်ပွဲမှာမှ သူများ နည်းကို သင်ယူတယ်။”
“နောက်ပြီး ရန်မိသားစုရဲ့ လေအရိပ်နည်းလမ်း၊ ဒါက ဖြစ်နိုင်လို့လား။”
ဖန်ကျန်းရှီရဲ့ စကားတွေ ပြီးဆုံးသွားတဲ့ နောက်မှာတော့ ရန်ရွှယ်တောင် မတုံ့ပြန် ရသေးခင်မှာပဲ ကျောင်းတော်သားတွေရဲ့ အော်သံတွေက ထွက်ပေါ်လာတော့တယ်။ ဘယ်သူကမှ ဖန်ကျန်းရှီ
ပြောတာကို မယုံဘူး ဖြစ်နေတယ်။
“ငါ.. ယုံတယ်။” မမျှော်လင့်စရာပဲ ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တော့တယ်။
အဲ့ဒီ့နောက်မှာတော့ ဘေးပတ်လည်က ကျောင်းတော်သားတွေ ပြောစရာ စကားမဲ့သွားကြတော့တယ်။ ဒါကို ယုံတဲ့သူက ရှိနေသေးတာလား။
“မင်း တကယ်ပဲ ယုံတာလား။” ဖန်ကျန်းရှီက တကယ့်ကို မယုံနိုင်တော့ပါဘူး။
“ဟုတ်တယ်။ ဒီ လို စကားတွေကိုတော့ ငါ မယုံဘူး။ ဒါပေမယ့် မင်းပြောတာကိုတော့ ယုံတယ်။ ဘာပဲ ဖြစ်ဖြစ်။ မင်း ဘယ်လို လှုပ်ရှားတာလဲ ငါ့ကို ပြောနိုင်မလား။” ရန်ရွှယ်က မေးလိုက်တယ်။
“မင်းရဲ့ နည်းလမ်းက လေ။ ရေခဲ။ နဲ့ အရာအားလုံး ဖြစ်တည်မှု တာအို က နန်းတော် ကိုးခု နည်းလမ်းတွေကို ပေါင်းစပ်ထားတာ။ ဒါကြောင့် နန်းတော်ကိုးခု နည်းလမ်းကို အသုံးပြုပြီးတော့
ပုံတူကူးလိုက်တယ်။ ဒါပေမယ့် အများကြီးတော့ မတူဘူး။” ဖန်ကျန်းရှီက ပြန်ဖြေလိုက်တယ်။
“ငါနားလည်ပြီ။ သေချာကြည့်။” ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တယ်။
အဲ့ဒီ့နောက် ရန်ရွှယ်က ထပ်ပြီး လှုပ်ရှားပြန်တယ်။ သူ့ရဲ့ကိုယ်တော့ ပလ္လင်ပေါ်မှာ အရိပ်တစ်ခု အဖြစ် ရွေ့လျားနေတော့တယ်။
အရမ်းကို လျင်မြန်လွန်းတဲ့ အပြင် ရေခဲလွှာ တစ်ခုရဲ့ အကူအညီကြောင့် ကြည့်ရှုသူတွေ အရိပ်လေး တစ်ခုကိုပဲ မြင်ရတာ ဖြစ်တယ်။
ဒါပေမယ့် ဖန်ကျန်းရှီကတော့ သေသေချာချာကို ကြည့်နေခဲ့တယ်။ ရန်ရွှယ်ရဲ့ ခြေထောက် လှုပ်ရှားမှုတွေကို တစ်ချက်လေးတောင်အလွတ်မပေးပဲ မျက်တောင် တစ်ချက်မခတ် ကြည့်နေတာ
ဖြစ်တယ်။ ဒါပေမယ့် ရန်ရွှယ် ဒါကို ဘာကြောင့် လုပ်နေလဲ ဆိုတာ တော့ သူ နားမလည်ပါဘူး။
အရိပ် ပျောက်ကွယ်သွားချိန်မှာတော့ ရန်ရွယ်က သူ့ရဲ့ နေရာကို ပြန်ရောက်လာတော့တယ်။
“မင်း ကောင်းကောင်း မြင်လိုက်လား။” ဖန်ကျန်းရှီက ယုံကြည်ချက်ရှိရှိပြောလိုက်တယ်။
ဖန်ကျန်းရှီကတော့ ရန်ရွှယ်ရဲ့ လှုပ်ရှားမှုတွေကို ပြန်စဉ်းစားနေတော့တယ်။ အဲ့ဒီ့နောက် နန်းတော် ကိုးခု နည်းလမ်းနဲ့ စပ်ဆက်လိုက်ပြီး ကြိုးစားပုံဖော်လိုက်တော့တယ်။ သူ့ရဲ့
မျက်လုံးတွေကတော့ တောက်ပသည်ထက် တောက်ပလာတော့တယ်။
“ငါတစ်ဝက်လောက်တော့ လုပ်နိုင်တယ်။” ဖန်ကျန်းရှီက ယုံကြည်ချက် ရှိရှိနဲ့ ပြောလိုက်တော့တယ်။
“တစ်ဝက်လား။”
“သူက တစ်ခါလေး ကြည့်လိုက်ရုံနဲ့ တစ်ဝက်တောင် လုပ်နိုင်တယ်။”
“လိမ်နေတာပဲ ဖြစ်ရမယ်။ သူ့ကိုယ်သူ များ အနှိုင်းမဲ့ ရွှေဉာဏ်ရှင်ထင်နေတာလား။ း း း”
ဖန်ကျန်းရှီရဲ့ ပြန်ဖြေတဲ့ စကားကို ကြားချိန်မှာတော့ သူတို့ အေးစက်စွာ ရယ်မော လှောင်ပြောင်နေကြတော့တယ်။ သူတို့ ကောင်းကောင်းတောင် မမြင်လိုက်ရတဲ့လှုပ်ရှားမှုကို ဖန်ကျန်းရှီက
တစ်ဝက်တောင် လုပ်ပြအုန်းမယ်တဲ့လား။
သို့ပေမယ့်။
ဒိုင်နေရာက ဟန်ချန်းဖုန်းနဲ့ ကတော့ တောင့်တင်းသွားတော့တယ်။ တစ်ချက်ကြည့်ရုံနဲ့ တစ်ဝက်ကို လုပ်နိုင်တယ်။ သူ့စိတ်ထဲမှာ ထူးဆန်းလှတဲ့ စကားတစ်ခွန်း ပေါ်လာတော့တယ်။
နှစ်ထပ်ကွမ်း နဂါး ချန်ပီယံက လောကကို ထိတ်လန့်စေပြီး ကမ္ဘာကြီးရဲ့ အေးချမ်းမှုကို ယူဆောင်လာပေးမယ်။
လောကကို ထိတ်လန့်စေတယ်။
မဟုတ်ဘူး။ ဒါက မဖြစ်နိုင်ဘူး။ ဒီမျိုးက မဖြစ်နိုင်ဘူး။ ရန်မိသားစုရဲ့ လေအရိပ်နည်းလမ်းက ထူးခြားလှတဲ့ နက်နဲအတွေးအဓိပ္မာယ်တွေကို ရောနှောထားတာ။ ၇ နှစ်တိုင်တိုင် သင်ကြားထားသူ
ဖြစ်ရင်တောင် ဆရာအဖြစ် တတ်မြောက်နိုင်ဖို့ ခက်ခဲ လိမ့်မယ်။
ဟန်ချန်ဖုန်းတွေးနေချိန်မှာပဲ။ ရန်ရွှယ်က ပြောလိုက်တယ်။
“ကြိုးစားကြည့်”
“ကောင်းပြီ။“ ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တော့တယ်။
သူရဲ့ ကိုယ် ခန္ဒာ အရိပ် အသွင် ပြောင်းလဲသွားတော့တယ်။ စတင်လိုက်တာနဲ့ သူ့ရဲ့ အပေါ် ခန္ဒာ အတော်လေးကို မတည်မမြဲ ဖြစ်သွားတယ်။ ဖန်ကျန်းရှီ ကို မြင်ရသူတွေကတော့
အရိပ်အသွင် လှုပ်ရှားနေတဲ့ ခန္ဒာကိုသာ မြင်ရတော့တယ်။
သူ့ကိုယ်ကတော့ လေထုထဲမှာ လွင့်မျောနေသလိုပါပဲ။
“သူ တကယ်ပဲ တတ်သွားတယ်။”
“ဒါက လွန်လွန်းပါတယ်။”
ပတ်ဝန်းကျင်က ကျောင်းတော်သားတွေကတော့ ဖန်ကျန်းရှီရဲ့ လှုပ်ရှားမှုကြောင့် ကျောက်ရုပ်တွေလို မလှုပ် မရှားနိုင် ဖြစ်သွားပြန်တယ်။ သူတို့ မြင်နေ၇တဲ့ ဒီပြိုင်ပွဲက ဘယ်လိုများ ပညာ ဖလှယ်တဲ့ပွဲ ဖြစ်သွားတာလဲ။
ရန်ရွှယ်က ဖန်ကျန်းရှီရဲ့ လှုပ်ရှားမှုကို မြင်တော့ သူ့မျက်လုံးထဲမှာ ထိတ်လန့်မှုတွေ ပေါ်လာတော့တယ်။ ဒါပေမယ့် ထိတ်လန့်မှုကနေ ထူးဆန်းစွာနဲ့ ပျော်ရွှင်မှုကို ပြောင်းလဲသွားပြန်တယ်။
ဖန်ကျန်းရှီက သူ့ကို တကယ်ပဲ မညာဘူး ဆိုတာ အတည်ပြုနိုင်သွားတာကြောင့်ဖြစ်တယ်။.
“လေအရိပ်နည်းကို တောင် ပုံတူ ကူးနိုင်တယ်ဆိုရင် နှင်းဆီပန်းတွေ ပွင့်ဖူးခြင်းက တိုက်ဆိုင်မှု မဖြစ်နိုင်ဘူး။” ဒါကို တွေးပြီးတဲ့ နောက်မှာတော့ ရန်ရွှယ် သူ့လက်ထဲက တောင်နဲ့ မြစ် မိုးမြေ
ယပ်တောင်ကို ပိုပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် ထားမိတော့တယ်။
သူ့ရဲ့ အမူအယာကတော့ အနည်းငယ် တွေဝေနေဟန်ပဲ။
“ဖန်ကျန်းရှီ။ ဒါက ” ဟန်ချန်ဖုန်းရဲ့ အမူအယာလည်း လုံးဝကို ပြောင်းလဲသွားပါတော့တယ်။ သူ့ရှေ့က ဒီ လူငယ်လေးက ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်နေပြီမှန်း သူ
သေချာကိုသိတယ်။ ဒါ့အပြင် လေအရိပ် နည်းပညာကိုလည်း တစ်ချက်ကြည့်ရုံနဲ့ နားလည်နိုင်တယ်။ တကယ့်ကို ကြောက်ခမန်း လိလိပဲ ။
၂ နှစ်..
ကောင်းကင်ဘုံက ထိတ်လန့်ဖွယ် အမိန့် ၂နှစ် အချိန်၊။
၂နှစ်ကြာပြီးနောက် ဒီလို အခြေအနေ ဖြစ်လာတယ်။
ဟန်ချန်းဖုန် ထပ်မတွေးချင်တော့ဘူး။ ဒီ နှစ်တွေ အတွင်းမှာ တော်ဝင် စာမေးပွဲရဲ့ အကြီးအကဲ အနေနဲ့ ထူးချွန်ကျောင်းတော်သားတွေ အများကြီးကို သူ ကြုံခဲ့ဖူးတယ်။
အခုကတော့ သူ့ကို အထိတ်တလန့် အဖြစ်စေဆုံးပဲ။
ဟန်ချန်ဖုန်းရဲ့ စိတ်နှလုံးထဲမှာတော့ ထိတ်လန့်မှု တွေ ဖိစီးနေပါတော့တယ။်
“အကြီးအကဲ ဟန်။ ဒီ မြို့တော် စာမေးပွဲ အတွက် နတ်ဆိုးကျောင်းတော်က အထူးဆု ချီးမြှင့်မယ်လို့ ပြောတယ်။ ဒါကို နောက်မှ ကြေညာ ရမလား။ အကြီးအကဲ ဟန်ပဲ ကြေညာမှာလား။”
“ဒီ အချိန်မှာတော့ ဟန်ချန်ဖုန်း ဘေးမှာ ထိုင်နေတဲ့ တော်ဝင်သတင်းပို့သူ ချင်က ပြောလိုက်တယ်။
ဟန်ချန်ဖုန်းရဲ့ ကိုယ်ခန္ဒာကတော့ ပြန်လည် တည်ငြိမ်သွားတော့တယ်။ ဒါပေမယ့် သူ့ရဲ့ နဖူးမှာတော့ ချွေးသီးချွေးပေါက်တွေ ပေါ်လာတော့တယ်။
“ယွီမိုင် ရဲ့ အတွေးတွေက အသေးစိတ်တယ်။ ဒါက တကယ့်ကို တော်ဝင် အစိုးရတဲ့ ကောင်းချီးပဲ။ ဒီ အခြေအနေမှာတော့ ယွီမိုင် ကြေညာပေးသင့်တယ်။” ဟန်ချန်ဖုန်းက ခေါင်းငြိမ့်ရင်း
တော်ဝင်သတင်းပို့သူ ချင်ကို ပြုံးပြီး ကြည့်လိုက်တယ်။
“သင့်မြတ်ပါပေတယ်။” တော်ဝင် သတင်းပို့သူ ချင်က ခေါင်းငြိမ့်လိုက်တော့တယ်။
အပိုင်း (၁၁၆) ပြီး၏။
အပိုင်း (၁၁၇)
“ကြောက်ရွံ့မှုကို လုံလုံလောက်လောက် ကြီးထွားစေခြင်း”
….. စင်မြင့်ပေါ်မှာတော့ အရိပ်တွေ လှုပ်ရှား ရိုက်ခတ်နေတော့တယ်။
တစ်ခဏ ကြာပြီးနောက်မှာတော့ အရိပ်တွေ ပျောက်ကွယ်သွားတော့တယ်။ ဖန်ကျန်းရှီကတော့ ရန်တန့်လိုက်ပြီး ရန်ရွှယ်ကို တိတ်ဆိတ်စွာပဲ ကြည့်နေတော့တယ်။ ကျောင်းသားကောင်း တစ်ယောက် လိုပဲ နာခံနေတော့တယ်။
“အနည်းဆုံး ၆၀ ရာခိုင်နှုန်း ” ရန်ရွှယ်က ပြောလိုက်တယ်။
“ကျေးဇူးတင်ပါတယ်။ ” ဖန်ကျန်းရှီက ရန်ရွှယ်ကို လေးလေးစားစား ဦးညွှတ်လိုက်တယ်။
“ငါမင်းကို ဘာမှ မသင်ပါဘူး။”
“ဒါဆို ဆက်ပြီး သွားရအောင်၊”
“ကောင်းပြီလေ။”
နောက်ဆုံးမှာတော့ လူနှစ်ဦး မျက်လုံးချင်း ဆုံမိကြတော့တယ်။ ပလ္လင်ပေါ်က အခြေအနေကတော့ မူလ အစ အခြေအနေကို ပြန်ရောက်သွားတော့တယ်။ ဘာကမှ
မဖြစ်ခဲ့သလိုမျိုး အရိပ်တွေလည်း မလှုပ်ရှားခဲ့သလိုမျိုး ရပ်တန့်သွားတော့တယ်။
“ငါ နောက်ထပ် သုံးမယ့် ဓားပညာက ပထမတစ်ခုနဲ့ မတူဘူး။ သင်ယူဖို့ ခက်လိမ့်မယ်။” ရန်ရွှယ်က ပြောလိုက်တယ်။
“ကြည့်ရတာ ဒီ ဓားပညာက အတော်လေး အင်အားပြင်းထန်မယ့် ပုံပဲ။” ဖန်ကျန်းရှီက ခန့်မှန်းလိုက်တယ်။
“အရမ်းကို အင်အားပြင်းလွန်းတယ်။ ငါ ဒါကို မကြိုက်ဘူး။” ရန်ရွှယ်က ဆက်ပြောလိုက်တယ်။
“မကြိုက်ဘူး။” ဖန်ကျန်းရှီက ရန်ရွှယ်ပြောချင်တာကို နားမလည်ပါဘူး။ ဒါကို မကြိုက်တာတောင် ဆရာတစ်ဆူ ဖြစ်အောင် ထိ ကျွမ်းကျင်တယ်။ ဒါဆို ဒီ ဓားပညာက ရန်မိသားစုတွေ အတွက် သီးသန့်သင်ကြားထားတာ ဖြစ်မယ်။
“ဒီ ဓားနည်းပညာက နေမင်းလို တောက်ပတယ်။ မီး အလင်း လေ နဲ့ တခြာ း တာအို နည်းလမ်းသုံးမျိုး ကို အသုံးချထားတယ်။ နောက်ပြီး ဒီ ပညာရပ်မှာ သတ်ဖြတ်ခြင်း နည်းလမ်း။ တာအို အဇူရာတွေကို အသုံးချထားတယ်။ ” ရန်ရွှယ်ကပြောပြီးတဲ့ နောက်မှာတော့ ရွေ့လျားတော့တယ်။
တောင်နဲ့ မြစ် မိုးမြေ ယပ်တောင် ကို ဝေ့ယမ်းရင်းနဲ့ လှုပ်ရှားမှုတွေ တစ်ဆင့်ချင်းဆီ လှုပ်ရှားနေတော့တယ်။ ပလ္လင်ပေါ်က လေထုကတော့ အတော်လေးကို အပူချိန်မြင့်လာတော့တယ်။ လေထုထဲမှာတော့ နီရဲတဲ့ အနီရောင် အလင်းလုံးလေး ထွက်ပေါ်လာတော့တယ်။ အစက်အပြောက်လေး ကြီးမားသည်ထက် ကြီးမားလာပြီး တောက်ပလာတော့တယ်။
နီရဲတဲ့ နေလုံးကြီးလိုမျိုး။
“ကောင်းကင်က နေမင်း။” ရန်ရွှယ်က အော်လိုက်တယ်။ သူ့ရဲ့ မျက်နှာအမူအယာကတော့ ကြောက်စရာကောင်းလာတော့တယ်။ မျက်လုံးတွေမှာတော့ အနီရောင်
အလင်းတန်း တစ်ချို့ တစ်လက်လက် တောက်ပနေတော့တယ်။
ဒီ အချိန် အတောတွင်းမှာ တစ်လျှောက်လုံး ရန်ရွှယ်ကို ရေခဲတုံးလို အေးစက်တဲ့ သူအဖြစ် ဖန်ကျန်းရှီ မြင်ခဲ့တာ ဖြစ်တယ်။ အခုချိန်မှာတော့ ဒီ ဓားပညာရဲ့
သက်ရောက်မှုက ကြောက်စရာ ပြင်းထန်မှုကို ဖြစ်စေတယ်။ ရက်စက်သူ တစ်ယောက် အသွင် ပြောင်းလဲ သွားစေတော့တယ်။ ကြည့်ရတာ ဒီ အကြောင်းရင်းကြောင့် ဒီ
ဓားပညာကို သူ မကြိုက်တာ ဖြစ်လိမ့်မယ်။
ဒါက အဇူရာ တာအိုရဲ့ သတ်ဖြတ်မှု ဖြစ်ရမယ်။
ကောင်းပြီ။
ကြည့်ရတာ ဒါက အတော်လေး ပူပြင်းပုံပဲ။
ရန်ရွှယ်ရဲ့ အရင် လှုပ်ရှားမှု ဖြစ်တဲ့ သစ်တော်သီးများ ပွင့်ဖူးခြင်း ကသာ အေးစက်မှုကို ဖော်ပြမယ်ဆိုရင် ဒီ နေမင်း ကို ကိုယ်စားပြုတဲ့ ဓာားပညာက သူတို့ တွေ့မြင်
ဖူးသမျှ ထဲမှာ အပူပြင်းဆုံး သဲကန္တာရကို ဝင်ရောက်နေ ရသလိုမျိုး ခက်ခဲ လှတယ်။
“ဒါက ဒဏ္လာရီလာ ကောင်းကင်ဘုံ မီးနဲ့ ရေခဲ ဖြစ်နိုင်မလား။”
ဖန်ကျန်းရှီ ဒါကို တွေးလိုက်ချိန်မှာပဲ ရန်ရွှယ်က ခုန်လွှားလိုက်တယ်။
“သေ”
“သေ ?????” ဖန်ကျန်းရှီက ရန်ရွှယ်ရဲ့ လှုပ်ရှားမှုတွေကို အသေအချာကို စောင့်ကြည့်နေတော့တယ်။ ရန်ရွှယ်ရဲ့ ယပ်တောင် ကနေ ပေါ်ထွက်လာတဲ့ တောက်ပလှတဲ့
အနီရောင် အလင်းတန်းတွေ ပေါ်ထွက်လာတာကို သေသေချာချာ မြင်လိုက်ရတော့တယ်။
အဲ့ဒီ့နောက် အနီရောင် အလင်းတန်းတွေ လှပတဲ့ စက်ဝန်း တစ်ခု အသွင် ပြောင်းလဲ သွားတော့တယ်။
ကြီးမားသည်ထက် ကြီးမား လာတယ်။
လျှပ်တပြက် အတွင်းမှာပဲ ရန်ရွှယ်ရဲ့ ကိုယ်ကနေ သတ်ဖြတ်လိုစိတ်ပြင်းပြတဲ့ အငွေ့အသက်တွေ ပေါ်ထွက်လာတော့တယ်။ ယပ်တောင်က အနီရောင် မီးတောက်
အလင်းတန်းတွေတော့ သွေးနီရောင် လခြမ်းကွေး တစ်ခု အသွင် ပြောင်းလဲသွားပြီး ဖန်ကျန်းရှီ ဆီကို ဦးတည်လာတော့တယ်။
“အ…” ဖန်ကျန်းရှီကတော့ သေသေချာချာကို ကြည့်နေတော့တယ်။ ဘဝဆိုတာ အနိမ့်အမြင့် ပြင်းထန်တယ်။
လေအရိပ်ပညာကို အချိန်မှီ သင်ယူထားတာကြောင့် ကံကောင်းတယ်။
သူ့ရဲ့ ကိုယ်ကို ခုန်လွှားလိုက်ချိန်မှာတော့ ပေါက်ကွဲသံကြီး ပလ္လင်ပေါ်မှာ ပေါ်လာတော့တယ်။
ဓားချက် လျှပ်ထိသွားတော့တယ်။
ဖန်ကျန်းရှီက သူ့ရဲ့ ပုခုံးကို ကြည့်လိုက်ချိန်မှာတော့ သူ့ရဲ့ အမူအယာ ထိတ်လန့်သွားတဲ့ ပုံပေါ်လာတော့တယ်။ နောက်ဆုံးတော့ ဘယ်လောက်ထိ စွမ်းအား ပြင်းထန်လဲ ဆိုတာကို သူနားလည်သွားတော့တယ်။ “အရမ်းကို အင်အားပြင်းထန်လွန်းတယ်။” ရန်ရွှယ် ရည်ညွှန်းချင်တဲ့ စကားကို ကောင်းကောင်း နားလည် သွားပြီ ။
မြင်ရရုံနဲ့တင် ဘယ်လောက်ထိ ပြင်းထန်လဲ ဆိုတာ သိနိုင်တယ်။
ပလ္လင်ပေါ်မှာတော့ ရန်ရွှယ်ရဲ့ လက်ကနေ ပေါ်ထွက်လာတဲ့ နက်ရှိုင်းတဲ့ ဓားချက်တွေ ကျောက်ဖြူသားကို မည်းနက်သွားစေခဲ့တယ်။
ကြောက်မက်ဖွယ် စွမ်းအားတွေက စာဖြေသူတွေကို ကြောက်လန့်စေတယ်။
“တကယ့်ကို မြို့တော် တာအို စာမေးပွဲရဲ့ အဆင့်အတန်းပဲ ဖြစ်တယ်။
“ဒါက တော်ဝင် စာမေးပွဲမှာတောင် ရှားရှားပါးပါး မြင်ရတဲ့ မြင်ကွင်းဖြစ်မယ်။ ”
“ရန်မိသားစုတွေက တကယ့်ကို နာမည် တစ်လုံးနဲ့ နေတဲ့သူတွေပဲ။”
ကျောင်းတော်သားတွေက အထိတ်တလန့်နဲ့ ဆွေးနွေးနေချိန်မှာပဲ ဒိုင်လူကြီးနေရာမှာ ထိုင်နေတဲ့ ဟန်ချန်းဖုန်းကတော့ အမျိုးအမည်မသိတဲ့ အကြောင်းရင်းတွေကြောင့် တစ်ကယ့်ကို စိတ်ရှုပ်နေတော့တယ်။ “အဇူရာ ဓားပညာ” က တိုက်ပွဲကနေ ထွက်ပေါ်လာတဲ့ အဇူရာ သတ်ဖြတ်မှု ကနေ မြစ်ဖျားခံတယ်။ ဖန်ကျန်းရှီက ဒါကို သင်ကြားနိုင်မှာလား။
ဟန်ချန်ဖုန်း တွေးတဲ့ အတိုင်းပါပဲ။
ဖန်ကျန်းရှီက ရန်ရွှယ်ရဲ့ အဇူရာ ဓားပညာကို မသင်နိုင်ပါဘူး။
ဒါပေမယ့် ပြောင်းလဲ မှုတွေကိုတော့ သူ လုပ်နိုင်တယ်။
မင်းက နေကို အသုံးပြုမယ်ဆိုရင် ငါက လကို သုံးမယ်။ မင်းက မီးကို သုံးရင် ငါက ရေခဲကို သုံးမယ်။ နေရဲ့ တောက်ပတဲ့ အလင်းရောင်ကို မယှဉ်ပြိုင် နိုင်ပေမယ့်
လကတော့ နေရဲ့ အလင်းရောင်ကို ငှားရမ်းနိုင်တယ်။
ဒါက ယင်နဲ့ ယန် ကြားက တာအို စပ်ဆက်မှုပဲ။
ငါက အဇူရာကို မသုံးနိုင်ဘူး။ ဒါပေမယ့် ငှားနိုင်တယ်။
နောက်ဆုံးတော့ ဖန်ကျန်းရှီလည်း ရွေ့လျားတော့တယ်။ သူ့ရဲ့ ခါးက ကျောက်ဖြူဓားကို ဝေ့ယမ်း လိုက်ချိန်မှာတော့ တောက်ပ ဖြူဖွေးတဲ့ လမင်းကြီး အနီရောင် နေမင်းရဲ့ အလင်းကို ငှားရမ်းပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် အလင်းရောင်ကို ထုတ်လွှတ်နေတာ့တယ်။
“သတ်။”
ရန်ရွှယ်နဲ့ မတူ မတူညီစွာပဲ။ ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုတွေ တောက်ပပြီး လင်းလက်တယ်။ ဖြူဖွေးတဲ့ လမင်းရဲ့ ပေါ်ထွက်မှုကတော့ ကြမ်းတမ်းမှု တစ်ခုမှ မပါဝင်ပဲ တည်ငြိမ်အေးချမ်းမှုနဲ့ အေးစက်မှုတွေ ပါဝင်နေတော့တယ်၊။
“သတ်။”
ပလ္လင်ပေါ်မှာတော့ နက်ရှိုင်းတဲ့ ဓားချက် တစ်ဖန်ပေါ်လာပြန်တယ်။ ဒီ အချိန်မှာတော့ ရေခဲလွှာနဲ့ ဖုံးအုပ်ထားတဲ့ ဓားချက် ဖြစ်နေတော့တယ်။
ဟန်ချန်ဖုန်းကတော့ စိတ်ထဲမှာ နာကျင်လာပြီး ထိုင်ခုံကနေ ခုန်ထမိတော့တယ်။ ပလ္လင်ပေါ်မှာ ပေါ်လာတဲ့ ဓားချက်နဲ့ အတူ အေးစက်လှတဲ့ လေထုကို ကြည့်လိုက်ပြီးတော့ သူ့ရဲ့ မျက်နှာပေါ်မှာ ထိတ်လန့်ဟန်တွေ ထပ်ပေါ်လာပြန်တယ်။
ကျောင်းတော်သားတွေကတော့ မျက်လုံးပြူးနေကြတော့တယ်။ ဒါက ဖြစ်နိုင်လို့လား။ ဘယ်လို အဆင့်ကများ ဒီလိုမျိုး သင်ကြား တတ်မြောက်မှုကို ဆောင်ရွက်နိုင်တာလဲ။ ဒီ ကောင်မှာ ဘယ်လို ထူးခြားမှုတွေ ရှိနေတာလဲ။
နည်းပညာတွေကို လျင်လျင်မြန်မြန် သင်ယူ နိုင်ဖို့ထက် အကျယ်ဖြန့်ပြီး အသုံးချ သင်ကြားနိုင်ဖို့က ပိုပြီးတော့ အရေးပါတယ်။
ဖန်ကျန်းရှှီကတော့ သူ့ဘေးက လူတွေ ဘယ်လို တုံ့ပြန်လည်း ဂရုမစိုက်ပါဘူး။
အဲ့ဒီ့အစား ရန်ရွှယ်ကိုသာ ကြည့်နေကြတော့တယ်။
ဒီ အချိန်မှာတော့ ရန်ရွှယ်က အတော်လေးကို ထိတ်လန့်နေတော့တယ်။ အရာအားလုံး ဖြစ်တည်မှု တာအို အကြောင်းကို ပြောပြတဲ့ အချိန်မှာတုန်းက အဇူရာ ဓားနည်းပညာ ပါဝင်တယ်။ နောက်ပြီး ဒါကို ဖန်ကျန်းရှီ သင်ယူနိုင်မယ်လို့ သူတွေးထားခဲ့တာ။
ဒါပေမယ့်….
တွေးတာက တွေးတာပဲ။ ဖန်ကျန်းရှီက ဒါကို သင်ဖို့ ဆိုတာ အတော်လေးကို ခက်ခဲလိမ့်မယ်လို့ ထင်ခဲ့တယ်။
အဇူရာကို သူသင်ကြားတုန်းက ဆိုရင် နားလည်ဖို့ အတော်လေးကို အားစိုက်ထုတ်ခဲ့ရတယ်။
“မင်းငါ့ရဲ့ အလင်းရောင်ကို ငှားသုံးတာလား။ သတ်ဖြတ်ခြင်း အဇူရာကို မင်း ဘယ်လို လုပ်လိုက်တာလဲ။” ရန်ရွှယ်တော့ ပလ္လင်ပေါက ဓား ချက်ကို ကြည့်ပြီးနောက် ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတော့တယ်။
“အလင်းရောင်ကို ငှားလို့ ရတယ်။ ဒါပေမယ့် အဇူရာရဲ့ တိုက်ခိုက်မှုကိုတော့ ငှားလို့ မရဘူး….. ဒါ့အပြင် အဇူရာရဲ့ အကြောင်းရာက ကြင်နာမှုကို အသုံးချရတယ်။ နောက်ပြီးတော့ အရာအားလုံး ဖြစ်တည်မှု တာအိုရဲ့ ကြင်နာမှုက နည်းလမ်းတွေ အများကြီးထဲက တစ်ခုပဲ။ မုန်းတီးမှုနဲ့ တိုက်ခိုက်တာကတော့ ခက်ခဲတယ်။ ဒီ ကမ္ဘာရဲ့ အစိတ်အပိုင်း တွေကို နားလည်မှုကလည်း ကွာခြားသွားပြီ။ ငါ ဒါကို နားလည်ပြီးတဲ့နောက်မှာတော့ သတ်ဖြတ်မှု အဇူရာကို အခြား နည်းတစ်မျိုးနဲ့ သုံးလိုက်တယ်။ ”
“တခြားနည်းလမ်း ကိုသုံးတယ်။” ရန်ရွှယ်လည်း နည်းနည်း စိတ်ရှုပ်သွားတယ်။”
“ဟုတ်တယ်။ သတ်ဖြတ်မှုကို လုပ်မယ်ဆိုရင် နှလုံးသားထဲမှာ သတ်ဖြတ်လိုစိတ်တွေရှိရမှာဖြစ်သလိုပဲ။ နှလုံးသားထဲမှာ ငြိမ်းချမ်းမှုကိုလည်း ရှိစေနိုင်တယ်။ ” ဖန်ကျန်းရှီက ဒါကို ပြောနေတဲ့ အချိန်မှာတော့ အတော်လေးကို အင်အားပြည့်ဝနေခဲ့တယ်။
“ငြိမ်းချမ်းမှု လား။” ရန်ရွှယ် နည်းနည်း နားမလည်နိုင် ဖြစ်သွားတယ်။
“ဟုတ်တယ်။ ပိုပြီး နားထောင်ကောင်းအောင် ပြောဖို့ နည်းတစ်ခု ရှိတယ်။ တကယ်တမ်းတော့ လူတစ်ယောက်ရဲ့ စိတ်ထဲက ကြောက်ရွံ့မှုကို ကြီးမားအောင် လုပ်တာပဲ။ ဒါမှမဟုတ် စိတ်ထဲမှာ ဒီလို ကြောက်ရွံ့မှုကို လုံလုံလောက်လောက် ကြီးမားစေလိုက်ပြီး ကိုယ့်ကိုကိုယ် ကာကွယ်လိုစိတ် စိတ်အားထက်သန်မှုကို ဦးတည်ဖြစ်ပေါ်စေတယ်။” ဖန်ကျန်းရှီက သဘောကောင်းကောင်းနဲ့ ရှင်းပြနေတယ်။
နောက်ပြီး ကြောက်ရွံ့မှုကို ကြီးထွားအောင် လုပ်တဲ့ အကြောင်းရင်းတွေကိုပါ။
“ကြောက်ရွံ့မှုကို ကြီးထွားအောင် ဖန်တီးတယ်။” ရန်ရွှယ် အနည်းငယ် တုံ့ဆိုင်းသွားတယ်။ တစ်ခုခုကို နားလည်သွားဟန်ပါပဲ။ “ဒါကို သင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။”
“ဟ ဟ ကျေးဇူးတင်ဖို့ မလိုပါဘူး။ မင်း လည်း ဒါကို သင်ယူနိုင်မှာမဟုတ်ဘူး။ ငါ့လောက် ကြောက်တတ် တဲ့သူ မဟုတ်ရင် ဘယ်လိုမှ ဒီ အဆင့်ကို အသုံးချနိုင်မှာ မဟုတ်ဘူး။ ” ဖန်ကျန်းရှီက ပြုံးပြလိုက်တော့တယ်။
သူတို့ နှစ်ဦး ပညာချင်း ဖလှယ်နေတာကို မြင်နေရတဲ့ကျောင်းတော်သားတွေနဲ့ ဒိုင်လူကြီး ထိုင်ခုံက ဟန်ချန်ဖုန်းတို့ကတော့ ဖန်ကျန်းရှီရဲ့ စကားတွေကို နားထောင်ပြီး မလှုပ်ရှားနိုင်ဖြစ်နေကြတယ်။
ကြည့်ရတာ….
အလွန်အမင်း ကြောက်ရွံ့တာကလည်း သတ်ဖြတ်မှုကို ဖြစ်စေတာပဲ။
အပိုင်း (၁၁၇) ပြီး၏။
အပိုင်း (၁၁၈)
“တောင်နဲ့ မြစ် ရုပ်ပုံလွှာ”
…
တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒီ အကြောင်းရာက ကြွားဝါနေတာ လို့ သိသာတယ်။ ဒါပေမယ့်လည်း သေသေချာချာ လေ့လာပြီးတဲ့ နောက်မှာတော့ ဒီ စကားတွေ ဘယ်လောက်တောင် ပညာ ဉာဏ်ပြည့်ဝလဲ ဆိုတာ သိနိုင်တယ်။
ဥပမာ အားဖြင့် လူ တစ်ယောက်က ပျော်ရွှင်မှုတွေနဲ့ ပြည့်နေချိန်မှာ သူ့ရဲ့ အင်အား ပိုပြီး ကြီးမားတယ်။ ဒါပေမယ့် ဝမ်းနည်းနာကျင်မှုတွေနဲ့ အပြင်းအထန် ခံစားနေရချိန်မှာတော့ အင်အားက ထိန်းချုပ်မရနိုင်တော့ဘူး ဖြစ်လာတော့တယ်။
လူတစ်ယောက်ကို ကာကွယ်ဖို့။
အချစ် ၊ မိသားစု ၊ ခင်မင်ရင်းနှီးမှုတွေပေါ်ကို မူတည်ပြီး ဖြစ်ပေါ်လာတဲ့ တစ်စုံတစ်ဦးကို ကာကွယ်ပေးလိုစိတ် တစ်မျိုးဖြစ်တယ်။ ခြုံငုံပြောရမယ် ဆိုရင်တော့ ကိုယ်ကျိုးမငဲ့ ဘူး။ ကာကွယ်ပေးလိုစိတ်တစ်ခုတည်းကိုပဲ ရည်ရွှယ်ပြီးတော့ အရာအားလုံး ပေးဆပ်ရရင်တောင် ကြံ့ကြံ့ခံနိုင်တယ်။ ဖန်ကျန်းရှီ အသုံးချလိုက်တာကတော့ သေခြင်းကနေ လွတ်မြောက်လိုစိတ်။ ပြင်းပြတဲ့ စိတ်ဆန္ဒ ပဲ ဖြစ်တယ်။
အလားလာ ရှိတဲ့ လူတစ်ယောက် က တကယ့်ကို ခန့်မှန်းရခက်တယ်။
……
ရန်ရွှယ်ကတော့ ထပ်ပြီး မပြောတော့ပါဘူး။ ဖန်ကျန်းရှီက ဒီနေ့ သူ့ကို ထိတ်လန့်စေတာ တော်တော်များနေပြီ။ သူ့ဘ၀ တစ်သက်တာလုံး ကြုံတွေ့ခဲ့ရသမျှ အတွေ့အကြုံတွေက ဒီနေ့ အတွေ့အကြုံကို မယှဉ်နိုင်ဘူး။
“သတ်။” ရန်ရွှယ်က သူ့ရဲ့ တောင်နဲ့ မြစ် မိုးမြေယပ်တောင်ကို ဝေ့ယမ်းလိုက်ပြန်တယ်။ အရင်အချိန်နဲ့ ယှဉ်လိုက်ရင် ဒီ တစ်ခါမှာတော့ သူ နှစ်ချက် ဝေ့ယမ်းလိုက်တယ်။
အဲ့ဒီ့နောက်….
သွေးနီရောင် လခြမ်းကွေးတွေ ဖန်ကျန်းရှီဆီကို ကြက်ခြေခတ်အသွင်နဲ့ ဦးတည်လာတော့တယ်။
“သတ်” ဖန်ကျန်းရှီကလည်း လှုပ်ရှားတော့တယ်။ သူရဲ့ ကျောက်ဖြူဓားကို ရန်ရွယ်ဆီ ဉ်ီးတည်ပြီး နှစ်ကြိမ် ခပ်မြန်မြန် လှုပ်ရှားလိုက်တော့တယ်။
အဖြူရောင် လခြမ်းကွေး နှစ်ခြမ်းလည်း ကြက်ခြေခတ်အသွင် ပြေးထွက်သွာတော့တယ်။
“ဘုန်း။”
သူတို့ရဲ့ အင်အားတွေက ညီမျှနေခဲ့တယ်.။ လက်ရည် တူနေခဲ့တယ်။
ဒီ အချိန်မှာတော့ ရန်ရွယ်က ထပ်ပြီး မမေးတော့ ပါဘူး။ သူ့ရဲ့ နည်းပညာ လှုပ်ရှားမှုတွေကိုသာ ပြောင်းလဲလိုက်တော့တယ်။ ဒီ အချိန်မှာတော့ သူ့ရဲ့ နည်းအသစ်ကို ပြသရင်း ခန တာရပ်ပြီးတော့ ပါဝင်တဲ့ အရာအားလုံ း ဖြစ်တည်မှု တာအို ထဲက ပါဝင်မှုကို ပြောပြတော့တယ်။
တခြားတစ်ဖက်မှာတော့ ဖန်ကျန်းရှီကလည်း သူနဲ့ တူညီတဲ့ နည်းလမ်းကို အသုံးချပြီးတော့ ပုံတူကူးလိုက်တယ်။ ရန်ရွှယ်ဘယ်လိုပဲ တိုက်ခိုက်မှု ပုံစံပြောင်းပြောင်း ဖန်ကျန်းရှီကတော့ သူနဲ့ အနီးစပ်ဆုံး တိုက်ကွက်ကို ဖန်တီးပြီးတော့ ခုခံခဲ့တယ်။
ဖန်ကျန်းရှီက တိုက်ခိုက်နည်းတွေကို ပိုပိုပြီး သိလာလေလေ သူတို့ နှစ်ဦးကြားက တိုက်ခိုက်မှုလည်း ပိုပြီး ရင်သပ် ရှုမောဖွယ် ကောင်းလာတော့တယ်။
ရပ်တန့်မှုတွေ မရှိတော့ဘူး။
တိုက်ခိုက်မှု သီးသန့်သာ ရှိနေတော့တယ်။
ဘယ်လိုပဲ ကြည့်ကြည့် သူတို့ နှစ်ဦးက တိုက်ခိုက်နေတာထက် ပညာချင်း ဖလှယ်နေတဲ့ ပညာရှင်ကြီးတွေနဲ့ သာ တူနေတော့တယ်။
ပလ္လင်ပေါ်မှာတော့ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ နှစ်ဦး လုံး လေအရိပ်နည်းပညာကို အသုံးပြုပြီးတော့ တိုက်ခိုက်မှု အမျိုးမျိုးကို ပြသနေတော့တယ်။ ကောင်းကင်မှာတော့ အနီရောင် နေမင်းကြီး ပေါ်ထွက်လာပြန်တယ်။ အဲ့ဒီ့နောက် သစ်တော်ပန်းမိုးနဲ့ နှင်းဆီမိုးတွေ ကောင်းကင် တစ်ခုလုံး ပြည့်နှက်တဲ့ အထိ အေးစက်စွာ ပေါ်ထွက်ပြန်တယ်။
တကယ့်ကို လှပပြီး ကြည့်ရတာ တန်တဲ့ တိုက်ပွဲစစ်စစ်ပဲ။
ဖန်ကျန်းရှီကတော့ စိတ်မပူပါဘူး ။ ဘာကြေင့်လဲ ဆိုတော့ သူ အကြောင်းရင်း တစ်ခုကို ယုံကြည်တယ်။
တိုက်ပွဲက တိုက်ပွဲပဲ။ အရင် လက်ပန်းကျတဲ့ သူက ရှုံးမှာ ဖြစ်တယ်။
ဘာပဲ ဖြစ်ဖြစ် သူ့ရဲ့ စိတ်အာရုံနယ်မြေထဲမှာတော့ အဖြူရောင် မြူနှင်းတွေ ပိုပြီးသိပ်သည်း လာခဲ့တယ်။ နောက်ပြီးတော့ ပမာဏ အနည်းငယ်ကိုပဲ အသုံးချလို့ မရတော့ဘူး ဖြစ်နေတယ်။ သူတို့ နှစ်ဦးကြားက တိုက်ပွဲ တော့ စိတ်စွမ်းအားကို အခြေခံပြီးတော့ တိုက်ခိုက်တာ ဖြစ်တယ်။ ကိုယ့်ရဲ့ ပြိုင်ဘက်က ဘယ်လိုပဲ ရွေ့လျားပါစေ လိုက်ပြီး ပြောင်း လဲမှာပဲ ဖြစ်တယ်။
ဒါက ကြယ်တာရာ ဆင့်ပွားခြင်းပဲ။
ဖန်ကျန်းရှီကတော့ ပျော်ပျော်ရွှင်ရွှင် တိုက်ခိုက်နေခဲ့တယ်။ သူ့ရဲ့ တိုက်ပွဲက ပြင်းထန်လာလေလေ ဖန်ကျန်းရှီက ပိုပြီး ပျော်လာလေလေ ဖြစ်တယ်။
ဒါပေမယ့် ဒီ အချိန်မှာတော့ ရန်ရွှယ်က ရပ်တန့်လိုက်တော့တယ်။
ကြယ်တာရာ ဆင့်ပွားခြင်း အဆင့်ရဲ့ အနှစ်ချုပ်မှာတော့ မိမိပြိုင်ဘက်က ဘယ်လို နည်းလမ်းကို အသုံးပြုသည် ဖြစ်စေ ။ ပြိုင်ဘက် မတိုက်ခိုက် သရွေ့ သူလည်း မလှုပ်ရှားဘူး ဖြစ်တယ်။ ပြိုင်ဘက်ရဲ့တိုက်ခိုက်နည်းကို သိမှသာ လှုပ်ရှားတယ်။
ဖန်ကျန်းရှီလည်း ရပ်တန့်လိုက်တော့တယ်။
“ငါ… ” ရန်ရွှယ်ရဲ့ နှုတ်ခမ်းတွေက တစ်စုံတစ်ခုကို ပြောချင်နေပင်မယ့် တွေဝေနေပြန်တယ်။
“မင်း ငါ့ကို အနိုင်တိုက်နိုင်ရင် ဆက်လုပ်ပါ ငါဒီလိုပဲ ပြောတော့မယ်။” ဖန်ကျန်းရှီက ရန်ရွှယ် ပင်ပန်းနေတာကို ခံစားမိတယ်။ နောက်ပြီး ရန်ရွှယ် လွယ်လွယ် မပြောနိုင်တာကို လည်း သူနားလည်တယ်။
“ငါမင်းကို တရားနည်းလမ်းကျကျ အနိုင်မယူနိုင်ဘူး။” ရန်ရွှယ်က အနည်းငယ် ထိတ်လန့်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ပြောလိုက်တော့တယ်။
သိပ်ကို နားလည်ကြတဲ့ သူငယ်ချင်းတွေ ပင်မယ့်လည်း အခုချိန်ကတော့ ပြိုင်ဘက်တွေပဲ။
“ဒါဆို မင်းမှာ တရားနည်းလမ်း မကျတာတွေ ရှိသေးတယ်ပေ့ါ.” ဖန်ကျန်းရှီက ပြုံးရင်း ပြောလိုက်တယ်။
“တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို ရန်သူတွေကို တိုက်ခိုက်ဖို့ အတွက်ပဲ သုံးတာ ။ သူငယ်ချင်းတွေ အတွက် မသုံးဘူး။” ရန်ရွှယ်က သူ့လက်ထဲက ယပ်တောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့တယ်။
“တိုက်ပွဲမှာတော့ ငါတို့က ပြိုင်ဘက်တွေပဲ။ ” ဖန်ကျန်းရှီက ရန်ရွှယ်ကို ကြည့်လိုက်တယ်။
“ဒါပေမယ့် တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်က ပြင်ပ အင်အားတွေကို အသုံးချတာ။ ငါ ထိန်းချုပ်လို့ မရဘူး။” ရန်ရွှယ်က ပြောရင်းနဲ့ အနည်းငယ် တွေဝေနေတော့တယ်။
“ပြင်ပ စွမ်းအားတွေကို အသုံးပြု တာ။ ငါမင်းဆီက အင်အားတွေကို ငှားရမ်းတာမျိုးလိုလား။”
“ဒါက ပြိုင်ပွဲ ပလ္လင်လေ။ အကယ်၍ ဒါသာ တိုက်ပွဲ မြေပြင် မဟုတ်ခဲ့ရင် ငါထင်တယ်။ မင်းမှာလဲ တိုက်ခိုက်ဖို့ မင်းရဲ့ ကိုယ်ပိုင်နည်းလမ်း ရှိမယ်။ နောက်ပြီးတော့ ငါ့ရဲ့ နည်းကို ငှားရမ်းပြီး တိုက်ခိုက်မှ မဟုတ်ဘူး။”
“မင်းပြောခဲ့သလိုပဲ။ ဒါက တိုက်ပွဲ ပလ္လင် မင်းတို့ရဲ့ အရာအားလုံးကို နှစ်မြှုပ်ထားရမယ်။ ငါ့ကို မပြောနဲ့ ဒါက အမှန်ပဲ။” ဖန်ကျန်းရှီက ဒီ အချိန်မှာ များများစားစား မတွေးတော့ပါဘူး။ ဒီ နေရာမှာ အခြားသော ဂုဏ်ပုဒ်နဲ့ အကြောင်းရာတွေကို လေးစားစရာ မလိုတော့ဘူး။ သူငယ်ချင်းနဲ့ တိုက်ပွဲကြားက အရေးကြီးမှုနဲ့ နည်းဗျူကိုသာ စည်းစားရမှာ ဖြစ်တယ်။ ရန်ရွှယ်ကို ဖိအားပေးဖိုကလည်း သူ မရည်ရွယ်ထားဘူး။
သူတို့ နှစ်ဦးကြားက စစ်မှန်တဲ့ သူငယ်ချင်း ဆက်ဆံရေးအကြောင်းကို ပြောစရာ မလိုအောင် စိတ်ထဲမှာ ရှိပြီးသားဖြစ်တယ်။
ရန်ရွှယ်ကလည်း ထပ်မပြောတော့ပဲ ဖန်ကျန်းရှီကိုသာ ကြည့်နေခဲ့တယ်။ သူ့ရဲ့ အမူအယာကတော့ အနည်းငယ် ထူးဆန်းနေတော့တယ်။ အဲ့ဒီ့နောက် ထူးဆန်းမှုက ပျောက်ကွယ်သွားပြီးတော့ အပြုံးလေး တစ်ခု ပေါ်လာတော့တယ်။
ရန်ရွှယ် တစ်ခါမှ မရယ်ပြုံးဖူးတဲ့ သူက ဒီ အချိန်မှာ တကယ့်ကို ပြုံးနေတာ ဖြစ်တယ်။ ဒါက စစ်မှန်တဲ့ စိတ်ရင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးတာ ဖြစ်တယ်။ သက်တောင့် သက်သာ ရှိပြီး စိတ်ပူပန် စိတ်ဖိစီးမှုတွေ မရှိတဲ့သူ တစ်ယောက် လိုပါပဲ။
အဲ့ဒီ့နောက် ရန်ရွှယ်က သူ့လက်ထဲက တောင်နဲ့မြစ် မိုးမြေ ယပ်တောင်ကို မြှောက်လိုက်တော့တယ်။
“တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်က ရန်မိသားစုရဲ့ ရတနာ ငါးခုထဲက တစ်ခုပဲ ၊ သူ့ရဲ့ အကြီးဆုံး လျှို့ဝှက်ချက်ကတော့ ယပ်တောင်ပေါ်က တောင်နဲ့ မြစ် ပန်းချီပဲ ။ ငါတို့ ရန်မိသားစုကို စတင် အခြေတည်ခဲ့တဲ့ ဘိုးဘေး ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီပဲ။”
“တစ်ချိန်တုန်းက ဘိုးဘေး ကြီ း လူ့ဘောင ် လောကထဲကို ဝင်ရောက်တဲ့ အချိန်မှာ သူ့ အမျိုးသမီးတစ်ယောက်ကို ချစ်မြတ်နိုးခဲ့တယ်။”
“အဲ့ဒီ့ အမျိုးသမီးကတော့ ကျောထောက်နောက်ခံ ကောင်းတဲ့ မိသားစုကြီးတစ်ခုက စာပေပညာရှင် အမျိုးသမီး တစ်ဦး။ ဂီတ၊ စစ်တုရင် ၊ ပန်းချီ၊ စာချိုးစပ်၊ အက ၊အလှတွေမှာ ကျွမ်းကျင်တယ်။ သူမရဲ့ မျိုးရိုးထဲမှာ အထူးချွန်ဆုံး သူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူ ။ဒါပေမယ့် အဲ့ဒီ့ အချိန်တုန်းက ငါ့ရဲ့ ဘိုးဘေး သာမာန် ကျောင်းတော်သား လေး တစ်ဦးသက်သက်ပဲ။ ”
“ဒီ အမျိုးသမီးကို ဂုဏ်သရေရှိရှိ ထားနိုင်ဖို့ အတွက် ငါ့ရဲ့ ဘိုးဘေးက ကြိုးစားခဲ့တယ်။ နောက်ပြီး သူမအတွက် ကဗျာစာလွှာလေးတွေကို အမြဲ ပို့ပေးခဲ့တယ်။”
“အဲ့ဒီ့အချိန်တုန်းက ကမ္ဘာကြီး ရဲ့ စည်းမျဉ်းတွေ တင်းကြပ်လွန်းတယ်။ အမျိုးသမီးကတော့ ငါ့ရဲ့ ဘိုးဘေးကို မေတ္တာရှိခဲ့တယ်။ သူတို့တွေက တိုင်းပြည်မှာ စစ်ပွဲတွေ မစတင်ခင် အထိ အတူတူ ပျော်ရွှင်ခဲ့ကြတယ်။ ဒါပေမယ့် ဘိုးဘေးကတော့ စစ်မှုထမ်းဖို့ ထွက်သွားခဲ့ရတော့တယ်။”
“အဲ့ဒီ့နောက် စစ်တပ်ထဲကို ဝင်ရောက် ပြီးတဲ့နောက်မှာတော့ တပ်သားငယ်လေး အဖြစ် စတင်ခဲ့ရတယ်။ သွေးချွေးနဲ့ ပူပြင်းမှုတွေကြားမှာ တိုက်ပွဲတွေကို အနိုင်ရခဲ့တယ်။ နောက်ဆုံးမှာတော့ ဘိုးဘေးလည်း ကြီးမြတ်သော ရှ မင်းဆက်မှာ ချီးမြှောက်ခံခဲ့ရတယ်။ ”
“အဆုံးသတ်မှာတော့ ငါ့ရဲ့ ဘိုးဘေးက အမျိုးသမီးကို ရှာဖွေဖို့ သွားခဲ့တယ်။ ဒါပေမယ့် သူမကတော့ လွန်ခဲ့တဲ့ နှစ် အနည်းငယ်တည်းက ဖျားနာပြီး လောကကို စွန့်ခွာသွားခဲ့ပြီ။ အဆုံးသတ် လက်ဆောင်လေး တစ်ခုကိုပဲ ချန်ထားခဲ့တယ်။ ဖြူလွတဲ့ ယပ်တောင်လေး တစ်ချောင်းနဲ့ အတူ နောက်ဆုံးစကားကို ချန်ထားခဲ့တယ်။
“ကေသာနက်တွေ ငွေမှင်ရောင် ပြောင်းခဲ့ပြီ။ မင်းရဲ့ ခြယ်သ မှုကို သာ င့ါ နှလုံးသားနဲ့ ရင်းပြီး စောင့်ဆိုင်း ခဲ့လေပြီ။”
“ငါ့ဘိုးဘေးက နောင်တရမှု အပြည့်နဲ့ စုတ်တံကို ကောက်ကိုင်ပြီးတော့ နာကျင်မှုတွေနဲ့ အတူ ဒီ တောင်နဲ့မြစ် မိုးမြေ ပန်းချီကားကို ဆွဲခဲ့တာ ”
ရန်ရွှယ်က ဒါကို ပြောနေချိန်မှာတော့ သူ့ရဲ့ မျက်လုံးတွေ ကောင်းကင်ကို မော့ကြည့်နေခဲ့တယ်။ သူ့ရဲ့ မျက်နှာပေါ်မှာ ပေါ်လွင်နေတဲ့ ခပ်ဖျော့ဖျော့ အပြုံးတော့ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ပေါ်လွင်နေတော့တယ်။ ကြည့်ရတာ သူ့ရဲ့ ဘိုးဘေး အတွက် ဝမ်းနည်းနေပုံပါပဲ။
ဒီ အချိန် ဒီ အခိုက်အတန့်မှာတော့ သူ့လက်ထဲမှာ ကိုင်ထားတဲ့ တောင်နဲ့ မြစ် မိုးမြေယပ်တောင် ရုတ်တရက်ဆိုသလို ထည်ဝါ ခမ်းနားတဲ့ အငွေ့အသက်တွေ ထုတ်လွှတ်လာတော့တယ်။
ရန်ရွှယ်ရဲ့ စကားကို ကြားလိုက်ချိန်မှာ သူလည်း ဝမ်းနည်းလာတဲ့ အတိုင်းပါပဲ။
စွမ်းအား ပြည့်ဝစွာ …
တစ်ချိန်တည်းမှာပဲ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင် ဝမ်းနည်းမှုတွေ ပြည့်နှက်နေတဲ့ လေထုကို ဖြစ်ပေါ်စေတော့တယ်။ ပျံ့နှံ့လာတဲ့ ဝမ်းနည်း ကြေကွဲမှု လေထု တစ်ခုလုံး စိတ်အာရုံနယ်မြေက လေထု တစ်ခုလုံး တကယ့် တကယ့်ကို ကြေကွဲဖွယ် အတိ ဖြစ်လာတော့တယ်။
ပလ္လင်ရဲ့ အနီးတစ်ဝိုက်မှာ ထိုင်နေကြတဲ့ ကျောင်းတော်သားတွေလည်း လေးလံလှတဲ့ လေထု ဖိအားကို ခံစားလာရတော့တယ်။ သူတို့ရဲ့ ကိုယ်တွေ တစ်ယောက်ချင်းစီရဲ့ ခန္ဒာကိုယ်တွေ တုန်ခါလာကြတော့တယ်။ သမိုင်းကြောင်းထဲက ဝမ်းနည်းဖွယ် ရဲ့ ဖိအားကို ခံစားနေရသလို နာကျင် လေးလံမှု….
“ မလွယ်ကူ လောက်ဘူး လို့ ငါထင်တယ်။”
“ငါလည်းပဲ။”
“အားပြင်းထန်လိုက်တဲ့ လေထုပဲ။ စိတ်စွမ်းအားကလည်း ကြောက်မက်ဖွယ်ပဲ။ တောင်နဲ့မြစ် မိုးမြေ ယပ်တောင် ။ ရန်မိသားစုရဲ့ ရတနာငါးမျိုးက တကယ့်ကို အလကား နာမည်ကြီးနေတာ မဟုတ်ဘူးပဲ။” ဟန်ချန်ဖုန်း ။ ချင် ယွီမိုင် နဲ့ အခြားသော စာစစ်သူတွေကလည်း အင်အား ပြင်းထန်တဲ့ လေထုဖိအားကို ခံစားမိတဲ့နောက်မှာတော့ မတ်တပ်ရပ်လိုက်ကြတော့တယ်။
ဒီအချိန်မှာတော့ ရန်ရွှယ် လက်ထဲမှာ ရှိနေတဲ့ တောင်နဲ့ မြစ် မိုးမြေယပ်တောင်ကို လူတိုင်းရဲ့ အကြည့်တွေ ကျရောက်နေကြတော့တယ်။
ဖန်ကျန်းရှီ အပါအဝင်ပါပဲ။
အပိုင်း (၁၁၈)ပြီး၏။
အပိုင်း (၁၁၉)
“တောင်တစ်မျှ လေးလံခြင်း”
ဘာသာပြန်သူ-Enri Thaw
ရန်ရွှယ် ရဲ့ အနီး ဆုံးနေရာမှာ ရှိနေတဲ့ ဖန်ကျန်းရှီကတော့ ယပ်တောင်ရဲ့ ဖိအားကို အခံစားရဆုံးသူ ။။ ဒီ ခံစားမှု သူကိုယ်တိုင် ဝမ်းနည်း ကြေကွဲစရာကြီး တစ်ခုကို ကြုံလိုက်ရသလိုမျိုး လေးလံလှတယ်။
တပ်မကြီး တစ်ခုရဲ့ စစ်သေနာပတိ တစ်ဦး အောင်မြင်မှု သရဖူ တွေနဲ့ အတူ ချစ်ရတဲ့ အမျိုးသမီးဆီကို ပျော်ရွှင်မှု မျှော်လင့်ချက်တွေ အပြည့်နဲ့ သွားရောက်ခဲ့တယ်။
နောက်ဆုံးမှာတော့ သူတွေ့မြင်ခဲ့ရတာက ယပ်တောင်ဖြူလေးနဲ့ ခွဲခွာစကားပဲ ဖြစ်တယ်။
“ကေသာနက်တွေ ငွေမှင်ရောင် ပြောင်းခဲ့ပြီ။ မင်းရဲ့ ခြယ်သ မှုကို သာ င့ါ နှလုံးသားနဲ့ ရင်းပြီး စောင့်ဆိုင်း ခဲ့လေပြီ။”
အမျိုးသမီးရဲ့ ချစ်ခြင်း မေတ္တာ၊ သူမရဲ့ တိတ်ဆိတ်မှု နဲ့ အတူ ထွက်ခွာသွားတဲ့ အချိန် အထိ ၊ ဒီ လောကရဲ့ အလွှာကွားခြားမှု အဆင့်အတန်းကို ကောင်းကောင်းနားလည်ခဲ့တယ်။ ဒါပေမယ့် လည်း တိုက်ပွဲမြေပြင်မှာ စွန့်စားနေရတဲ့ ချစ်ရသူကို သူမရဲ့ လွမ်းဆွတ်မှုအကြောင်း တစ်စွန်းတစ်စမှ ထုတ်ဖော် မပြောခဲ့ဘူး။
“တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်က တကယ့်ကိုပဲ။” ဖန်ကျန်းရှီရဲ့ အမြင်တွေက ပြောင်းလဲသွားတော့တယ်။
ဘာကြောင့်လဲ ဆိုတော့ ရန်ရွှယ် စတင် လှုပ်ရှားလာတာကြောင့်ဖြစ်တယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေက ယပ်တောင်ရဲ့ လွှမ်းမိုးမှု ကို ခံစားနေရတဲ့ အတိုင်းပါပဲ။ သူ့ရဲ့ လက်ထဲက တောင်နဲ့ မြစ် ပန်းချီတော့ ရုတ်တရက် စီးဆင်းလာသလိုမျိုး လှုပ်ရှားလာတော့တယ်။
ရေတွေ လှုပ်ရှား ရိုက်ခတ်နေသလိုမျိုး ဖြစ်နေတယ်။
တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်က နေ တလက်လက် တောက်နေတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာတော့တယ်။ ယပ်တောင် ကနေ အလင်းတစ်ချက် ထွက်ပေါ်လာပြီးနောက် အဆက် မပြတ်စွာ ဆက်တိုက် ဖြစ်ပေါ်လာတော့တယ်။
အဲ့ဒီ့နောက် ထူးခြားတဲ့ မြင်ကွင်းတစ်ခု ဆက်လက်ပေါ်ထွက်လာတော့တယ်။
ရန်ရွှယ်ရဲ့ စိတ်နှလုံးထဲမှာတော့ ထွက်ပေါ်လာတဲ့ အလင်းတန်းတွေ တောင်တန်းကြီး တစ်ခုအသွင် ဖြစ်ပေါ် လာတော့တယ်။
ကျောက်ဆိုင် ကျောက်သားတွေနဲ့ ကြမ်းတမ်း လှတဲ့ မြင့်မား တောင်တန်းကြီး တစ်ခုဖြစ်တယ်။ တောင်ထိပ်ပေါ် မှာတော့ မြင်ကွင်းက အတော်လေးကို လှပ လွန်း တယ်။ မရေမတွက်နိုင်တဲ့ သစ်ပင် တွေ ကျောက်ဆိုင်ကျောက်သား တောင်တန်းတွေ ပေါ်မှာ ယိမ်းနွဲ့ နေတယ်။ တောင်ရဲ့ အလယ်မှာတော့ စီးဆင်းနေတဲ့ ရေတံခွန်လေး အရှိန်ပြင်းထန်လှတယ်။ ငွေသား ရောင်ခြည်တစ်ခု ကမ္ဘာပေါ်ကို ဖြန့်ကျက်ထားသည့် အလား။
ရေတွေ စီးဆင်းနေတဲ့ အသံ ၊ လေပြည် လေညှင်းလေး တိုက်ခတ်နေသံနဲ့ အတူ သစ်ပင်က သစ်ကိုင်းတွေရဲ့ လှုပ်ရှားသံကိုပါ ရှင်းရှင်းလင်းလင်း ကြားနေ၇တော့တယ်။
ဒါကတော့ မရေမတွက်နိုင်တဲ့ အလင်းတန်းတွေက ဖြစ်ပေါ်လာတဲ့ ပန်းချီကားချပ်တစ်ခုပဲ ဖြစ်တယ်။ ဒီ ပန်းချီကတော့ အစစ်အမှန် နဲ့ ခွဲခြားမရအော်င တူညီတယ်။ လက်တွေ့နဲ့ စိတ်ကူးယဉ် ပန်းချီကား မတူညီပေမယ့် ရန်ရွှယ်စိတ်ထဲက ပုံရိပ်တော့ သိပ်ကို သက်ဝင် လှုပ်ရှားလွန်းနေတယ်။ တောင်နဲ့ မြစ် မိုးမြေယပ်တောင် ရဲ့ လွှမ်းမိုးမှု ပုံရိပ်ပဲ ဖြစ်တယ်။
ဖန်ကျန်းရှီကတော့ သူ့စိတ်နှလုံးထဲမှာ တင်းကျပ်မှုတွေ ပြည့်နှက်သည်ထက် ပြည့်လာတော့တယ်။ ဒါက တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ရဲ့ စိတ်ကို လွှမ်းမိုးမှု တစ်ခု ဆိုတာ ကောင်းကောင်းသိပေမယ့်လည်း ။ ဒီ အတွေး ပုံရိပ်ကနေ ရုန်းမထွက် နိုင်ဘူး ဖြစ်နေတော့တယ်။
ဒါပေမယ့် အတွေးကအတွေးပဲ။ ဒီ အတွေးကို အောင်မြင်အောင် ကျော်လွှားဖို့က ခက်ခဲလွန်းတယ်။
“မိုးမြေ ကပြောင်းကပြန် ဖြစ်မှု” ဒီ အချိန်မှာတော့ ရန်ရွှယ်ရဲ့ နှုတ်ကနေ ထွက်လာတဲ့ အသံတွေ တကယ့်ကို တိုးညှင်းလွန်းပြီး လျှိုမြောင် ချောက်ထဲကို ပြုတ်ကျသွားသလိုမျိုး ကြောက်မက်ဖွယ်ကောင်းလွန်းလှတယ်။
ဖန်ကျန်းရှီရဲ့ စိတ်နှလုံးလည်း ချောက်နက်ကြီး တစ်ခုထဲကို ရောက်ရှိသွားသလိုမျိုး တလှပ်လှပ် ဖြစ်နေတော့တယ်။
တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ရဲ့ ပုံရိပ်ကို မြင်လိုက်ချိန်မှာပဲ ပေါ့ပါးတဲ့ ခံစားချက်တွေကို မခံစားရတော့ဘူး ဖြစ်လာတယ်။
ဒါပေမယ့် ရန်ရွှယ်ရဲ့ မိုးမြေ ကပြောင်းကပြန် ဖြစ်မှုကို ကြားယောင်ပြီးတဲ့ နောက်မှာတော့…..
သူ့ရဲ့ လောက တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားသလိုမျိုး တောင်ထိပ်ကနေ လျှိုမြောင်ထဲကို ပြုတ်ကျနေသလို ခံစားလိုက်ရတော့တယ်။
သူ့ရဲ့ နှလုံးတွေ ကွဲထွက်တော့မယ့် အတိုင်းး။
သေချာတာပေါ့။ ဒါက အဓိက အချက်မဟုတ်ဘူး။ အဓိက အချက်ကတော့ သူ့ရဲ့ ကိုယ်ကို ဖိနှိပ်နေတဲ့ ခံစားမှုတွေ သိပ်ကို လေးလံလွန်းတယ်။ ဒီ လေးလံတဲ့ခံစားမှုကတော့ နှလုံးသားထဲက လာတာ မဟုတ်ဘူး။ နောက်ကျောကနေ ဖြစ်ပေါ်လာတာဖြစ်တယ်။
ကြီးမားတဲ့ တောင်တန်းကြီး တစ်ခု သူ့ကိုယ်ပေါ်မှာ ဖိစီးထားသလိုမျိုး တူညီတယ်.။
….
“တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်မှာ သူ့ရဲ့ ကိုယ်ပိုင်စိတ်စွမ်းအားရှိတယ်။ ဒီ စွမ်းအားတွေက တောင်နဲ့ မြစ် ပန်းချီကားက နေ လာရောက်တယ်။ ဖန်ကျန်းရှီ လှုပ်ရှားနိုင်မှာ မဟုတ်ဘူး။”
အကဲဖြတ် ဒိုင်နေရာမှာတော့ ကျောင်းတော်သားတွေ ပလ္လင်ပေါ်က ယပ်တောင်ကို ကြည့်ရင်း လေးလံမှုတွေ ဖြစ်ပေါ်လာတော့တယ်။
“ သူမလှုပ်နိုင်ပေမယ့် သူရဲ့ လှုပ်ရှားမှုတွေက တကယ့်ကို သန်မာနေတုန်းပဲ။ ရန်ရွှယ်နဲ့ ဒီ လို ရင်ဆိုင် တိုက်ခိုက် ရတာက တောင်နဲ့ မြစ် ဒေသ ပန်းချီကား ရှိနေသရွေ့ ဘယ်လိုမှ နိုင်မှာ မဟုတ်တော့ဘူး။ ”
“တောင်နဲ့ မြစ် မိုးမြေ ယပ်တောင် ထွက်လာပြီ။ ရလဒ်ကတော့ သတ်မှတ်ပြီးသား ဖြစ်သွားပြီ။ ” ဟန်ချန်ဖုန်းကတော့ သူ့ရဲ့ ထိုင်ခုံမှာ ပြန်ထိုင်လိုက်တော့တယ်။ သူယုံကြည့်တာ တစ်ခုရှိတယ်။ ဘယ်လို ကြောက်မက်ဖွယ် ကောင်းတဲ့ အရည်အချင်း ရှိသူ ဖြစ်ပါစေ ပြင်ပ သက်ရောက်မှု အင်အားကို ခုခံ ကာကွယ်နိုင်ဖို့ ခက်ခဲတယ်။ တောင်နဲ့မြစ် မိုးမြေ ယပ်တောင်က တကယ့်ကို အင်အားကြီး လွန်းတယ်။
“ဘယ်လိုတောင် အင်အား ကြီးတာလဲ။”
“ရန်ရွယ်က တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်လဲ ရှိတယ်။ ကြယ်တာရာ စုဝေးမှု အဆင့် လည်း ရောက်နေတယ်။ ငါ ကြောက်တာက သူ လုံးဝကို မယှဉ်နိုင်မှာကိုပဲ။”
သူတို့ရှေ့မှာ ရုတ်တရက်ပေါ်ထွက်လာခဲ့တဲ့ မြင်ကွင်းကတော့ ကျောင်းတော်သားတွေကို ထိတ်လန့်စေတော့တယ်။ စင်မြင့် ဘေးမှာ ထိုင်နေကြတဲ့ ကျောင်းတော်သားတွေကတော့ ဒီ ဖိအားကို ကောင်းကောင်းကြီး ခံစားနေရတယ်။ ပလ္လင်ပေါ်မှာ ရောက်နေတဲ့ ဖန်ကျန်းရှီ ဆိုရင် ဘယ်လို တောင့်ခံနေနိုင်တာလဲ။
ဒီ အချိန်မှာတော့ ရန်ရွှယ်လည်း ထပ်ပြီး ရွေ့လျားပြန်တယ်။ သူ့ရဲ့ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို ခတ်လိုက်ပြန်တယ်။
“သတ်။”
နောက်မှာတော့ သွေးနီရောင် လခြမ်းကွေး တစ်ဖန်ပေါ်ထွက် လာပြန်တယ်။ ကောင်းကင်အောက်က နေမင်းကြီး ထွက်ပေါ်လာပြန်တယ်။ ရန်ရွှယ် သူ အရင်သုံးခဲ့တဲ့ တာအို အဇူရာကို အသုံးပြုတာပဲ ဖြစ်တယ်။
ဖန်ကျန်းရှီကတော့ သူ ခုန်သင့်တယ်လို့ တွေးမိခဲ့တာ ။
လေ အရိပ် နည်းလမ်းကို အသုံးပြုမယ် ဆိုရင်တောင် သူ ခုန်တာက လွှတ်မှာ မဟုတ်တော့ဘူး။
ဘာကြောင့်လဲ ဆိုတော့ ဒီ ဖိအားက အရမ်းကို အင်အားကြီးလွန်းတယ်။ အင်အားပြင်းထန်လွန်းလို့ မလှုပ်ရှားနိုင်တော့တဲ့ အထိပဲ။
“ဒါကို တားရမယ်။” ဖန်ကျန်းရှီမှာတော့ ရွေးချယ် စရာမရှိတော့ပါဘူး။
အံကြိတ်ရင်းနဲ့ အဆုံးသတ်မှာတော့ သူ့ရဲ့ ကျောက်ဖြူဓားကို ဝေ့ယမ်းလိုက်တော့တယ်။ ဖြူဖွေးတောက်ပတဲ့ လမင်း ကောင်းကင်ပေါ်မှာ တစ်ဖန် ပြန်လည်ပေါ်ထွက်လာပြီးတော့ သွေးနီရောင် လမင်းဆီကို တည့်တည့်သွားတော့တယ်။
“ဘုန်း။”
လခြမ်းကွေး တွေ တခုနဲ့ တစ်ခု တိုက်မိသွားတော့တယ်။
အရင် တကြိမ်နဲ့ မတူညီတဲ့ ကွာခြားမှုကတော့ ဒီ တစ်ခေါက် အဖြူရောင် အလင်းတန်းက နှင်းမြူမှုန်တွေလိုမျိုး တောက်ပလာတော့တယ်။ သွေးနီရောင် လခြမ်းကွေးနဲ့ တိုက်မိသွားပြီးတော့ မြူနှင်းမှုန်လေးတွေ အဖြစ်ကို ပြောင်းလဲ သွားတော့တယ်။
အင်အားကြီးမားတဲ့ မီးပွားတွေ ပွင့်ထွက်လာတော့တယ်။ ဖန်ကျန်းရှီကတော့ သူ့ရဲ့ ရင်ဘတ်ထဲမှာ လေးလံလှတဲ့ အင်အားကြီး ပိုပြီး ဆိုးရွားလာဲ့တယ်။ နောက်ပြီးတော့ သူ့ရဲ့ ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ ပင်လယ်နက် ကျောက်စိမ်း သံချပ်ကာကနေ အပြာရောင် အလင်းတန်းဖျော့ဖျော့တွေ တောက်ပလာတော့တယ်။
သူ့ရဲ့ ခြေထောက်အောက်မှာတော့ အက်ကွဲသံ တစ်ခု နဲ့ အတူ အက်ကွဲရာကြီး တစ်ခု ပေါ်လာတော့တယ်။ တခြားတစ်ဖက်က ဖန်ကျန်းရှီကတော့ မြေပြင်နဲ့ ခြေထောက်မထိပဲ လွတ်နေပြီး လေပေါ်မှာ လွင့်နေတော့တယ်။
အသံတစ်ခုနဲ့ အတူ မြေပြင်ပေါ်ကို ပြုတ်ကျလာတော့တယ်။
တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရန်ရွှယ်က ရန်ရွှယ် ဖြစ်နေတုန်းပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ဖန်ကျန်းရှီ မဟုတ်တော့ဘူး ဖြစ်တယ်။ သူ့ရဲ့ စွမ်းအင် အရည် အချင်းတွေက ရန်ရွှယ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ပြင်းထန်စွာ ဖိနှိပ်ခံနေရတယ်။
“တောင်နဲ့မြစ် မိုးမြေ ယပ်တောင်က တကယ့်ကို အင်အားပြင်းထန်လွန်းတယ်။” ဖန်ကျန်းရှီကတော့ နက်မှောင်နေတဲ့ အလင်းတန်းတွေကို ကြည့်လိုက်ရင်း လက်ခံလိုက်ရတော့တယ်။ သူ့ရဲ့ ပင်လယ်နက်ထဲက ကျောက်စိမ်း သံချပ်ကာတောင်မှ မခုခံနိုင်ဘူး။ နောက်တစ်ခေါက်သာ တိုက်ခိုက်ခံရမယ် ဆိုရင် သူ လုံးဝကို ဒဏ်ရာရသွားမှာ သေချာတယ်။
“မင်း နောက်တစ်ခေါက် ခုခံနိုင်မှာလား။” ရန်ရွှယ်က ဖန်ကျန်းရှီကို ပြောလိုက်တယ်။
“အကယ်၍ မင်းရှေ့မှာ ရပ်နေတာသာ ရန်သူ ဖြစ်ခဲ့မယ် ဆိုရင် မင်း ဒီလို မေးမှာ မဟုတ်ဘူး လို့ ငါထင်တယ်။ ” ဖန်ကျန်းရှီက ရန်ရွှယ်ရဲ့ အမေးကို တိုက်ရိုက် မဖြေပဲ ပြန်မေးလိုက်တယ်။
“ဒါပေါ့။ ငါ မမေးဘူး။” ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် သွေးနီရောင် လခြမ်းကွေးတွေ ဖန်ကျန်းရှီ ဆီကို ပြေးဝင်လာတော့တယ်။
ဖန်ကျန်းရှီကတော့ သူ့ဆီကို ပြေးဝင်လာတဲ့ သွေးနီရောင် လခြမ်းတွေကို ကြည့်ရင်း တကယ့် အကျဉ်းအကြပ်ထဲ ရောက်နေပြီလို့တွေးလိုက်မိတယ်။ ဒါပေမယ့်လည်း ဒီ အချိန်မှာ ရှုံးမယ်လို့ ဝန်မခံနိုင်ဘူး။
အကယ်၍ သူသာ အရည်အချင်းပေါ်မူတည်ပြီး အနိုင်မရဘူး ဆိုရင် တိုက်ခိုက်မှုက တကယ့်ကို ခက်ခဲ လိမ့်မယ်။
ကျောက်ဖြူဓားကို မရပ်မနားပဲ သုံးကြိမ်တိတိ ဝေ့ယမ်းလိုက်တော့တယ်။ အဖြူရောင် လခြမ်းကွေး သုံးခု ရန်ရွှယ်ဆီကို တည့်တည့် ရောက်လာတော့တယ်။
“ ဘုန်း … ဘုန်း… ဘုန်း…”
ပြင်းထန်တဲ့ လေထု ပလ္လင်ပေါ်မှာ ပေါ်ထွက်လာတော့တယ်။
တခြားတစ်ဖက်မှာတော့ ဖန်ကျန်းရှီ နောက်ကို ပိုပြီး ရောက်သွားတော့တယ်။
“ကြည့်ရတာ လခြမ်းသုံးခုကတောင် တစ်ခုကို မယှဉ်နိုင်ဘူး ထင်တယ်။” ဖန်ကျန်းရှီရဲ့ မျက်နှာမှာတော့ ခါးသက်တဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာတော့တယ်။ အခုချိန်မှာတော့ သူဆက်ပြီး တောင့်ခံဖို့ ခက်ခဲလာပြီ။
တောင်နဲ့ မြစ် ရှိနေသေးသရွေ့ သူ့ရဲ့ အင်အားတွေကလည်း နည်းပါးလာတော့တယ်။
အနိုင် အရှုံးကတော့ ဆုံးဖြတ်ပြီးပြီ။
“ငါ ရှုံးတော့မှာလား။” ဖန်ကျန်းရှီက အလင်းတန်းတွေကြောင့် ဖြစ်ပေါ်နေတဲ့ တောင်နဲ့ မြစ် ပန်းချီကို ကြည့်ရင်း တွေးလိုက်တော့တယ်။ ဒါပေမယ့် အရှုံးကို လက်ခံလိုက်ရင် သူက သူ မဟုတ်တော့ဘူး။
ရန်ရွှယ်ကို အရာအားလုံးရင်းပြီး တိုက်ခိုက်ဖို့ ပြောခဲ့သလိုပဲ သူလည်း အရာအားလုံးကို ရင်းပြီး တိုက်ရမယ်။
စကားကို မတည်နိုင်ရင် ဒါက အရှက်ရဖွယ်ပဲ။
“ငါ ငါးမိနစ်လောက်တော့ တောင့်ခံနိုင်မယ် ထင်တယ်။” ဖန်ကျန်းရှီက တစ်ခဏ တာ စဉ်းစားပြီးနောက်မှာတော့ သူ အနည်းဆုံးတောင့်ခံနိုင်မယ့် အချိန်ကို ပြောလိုက်တော့တယ်။
နောက်ဆုံးတော့ ဖန်ကျန်းရှီလည်း တကယ်ပဲ တိုက်ခိုက်လာပြီ။
လခြမ်းကွေး သုံးခုကတော့ တစ်ခုကို မရှုံးနိုင်ဘူး။
ဖန်ကျန်းရှီ ဒီလို လှုပ်ရှား တိုက်ခိုက်နေချိန်မှာ တော့ သူ့ရဲ့ စိတ်အာရုံနယ်မြေထဲမှာ မြူတွေ ပိုမို သိပ်သည်း လာခဲ့တော့တယ်။
ကောင်းကင်မှာတော့ ပြည့်ဝတဲ့ လမင်းကြီး သူ့ရဲ့ နှလုံးသားထဲက ကြောက်ရွံ့မှုတွေကို ဖယ်ရှားပြစ်လိုက်တော့တယ်။ အဖြူရောင် အလင်းတန်းတွေတော့ ရန်ရွှယ်ဆီကို ပြေးဝင်သွားတော့တယ်။
… ရန်ရွှယ်ရဲ့ မျက်နှာမှာတော့ ထိတ်လန့်မှု အရိပ်အယောင်တွေ ပေါ်လာတော့တယ်။
ဖန်ကျန်းရှီကို သူ နားလည် သလောက် အခြေခံပြီး တွေးရမယ် ဆိုရင် ဒီမှာ အဓိပ္မာယ် မရှိတဲ့ အရာတွေ များနေတော့တယ်။ သို့ပေမယ့်လည်း ဒီ အချိန်မှာတော့ ဖန်ကျန်းရှီက ထူးထူးခြားခြား လှုပ်ရှားတော့တယ်။
ပိုပြီး အရေးကြီးတာက ဒီ တိုက်ပွဲမှာ သူ မရှုံးနိုင်ဘူး။
….
ပတ်ဝန်းကျင်က ကျောင်းတော်သားတွေတော့ မျက်စိလည်နေတော့တယ်။
တိုက်ခိုက်ရေး ပလ္လင်ပေါ်မှာ ဒီ အခြေအနေက ဖန်ကျန်းရှီ ရဲ့ တိုက်ခိုက်မှုကြောင့် တစ်ပတ်လည်သွားပြန်တယ်။
ကောင်းကင်က လမင်းဖြူတော့သူ့ရဲ့ နောက်ဆုံး အလင်းတန်းကို ထုတ်လွှတ်နေသလိုမျိုုး တောက်ပလှတယ်။
ချင်ယွီမိုင်ကတော့ ဖန်ကျန်းရှီကိုသာ တိတ်တိတ်လေး ကြည့်နေတော့တယ်။ သူ့ရဲ့ အမူအယာကတော့ တကယ့်ကို လေးစားမှုတွေနဲ့ ပြည့်နှက်နေတော့တယ်။ ဖြစ်နိုင်တာက ဒီ လို အချိန်အခိုက်အတန့်တစ်ခုမှာ လူတစ်ယောက်ရဲ့ စိတ်နှလုံးက အရိုးသားဆုံး ထင်ဟပ်တယ်။
ဥပမာအားဖြင့်။ တိုက်ပွဲ တစ်ခုကို ရှုံးနိမ့်တော့မယ် ဆိုရင် သူ့ရဲ့ အရာအားလုံးကို ပေးဆပ်ပြီး တိုက်ခိုက်တော့တယ်။
ဒါက ပြိုင်ဘက်တစ်ယောက်ကို လေးစားသမှု ပြတာပဲ ဖြစ်တယ်။
ဟန်ချန်ဖုန်းရဲ့ အမူအယာကတော့ တကယ့်ကို ရှုပ်ထွေးလွန်းသွားတယ်။ ကြည့်ရတာ လေးစားမှုတွေနဲ့ ပြည့်နေသလိုမျိုး။ သို့ပေမယ့်လည်း လေးစားမှု ထဲမှာ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ပါဝင်နေပြန်တယ်။ ကြောက်လန့်မှု ။
ဖြစ်နိုင်တာကတော့ ဖန်ကျန်းရှီ အရှုံးပေးလိုက်တာကို မြင်ချင်စိတ် ပိုများနေတာ ဖြစ်တယ်။ သူ့ ဆန့်ကျင် တိုက်ခိုက်တာကို မမြင်ချင် ဘူး ဖြစ်နေတယ်။
……
ရန်ရွှယ်ကတော့ ဖန်ကျန်းရှီ အရှုံးပေးတာကို မမြင်ချင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီက သူ့ရဲ့ တိုက်ခိုက်မှုနဲ့ အတူ မိတ်ဆွေ ကြားက လေးစားမှုကိုပါ ပြသထားတာ ဖြစ်တယ်။
ဒါကြောင့် ရန်ရွှယ်ရဲ့ အင်အားလည်း ပြင်းထန်လာတော့တယ်။
ကြက်သွေးနီရောင် လခြမ်းကွေးတွေက တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်က နေ ပေါ်ထွက်လာတော့တယ်။ ကောင်းကင်က အနီရောင် နေမင်းကြီးက တောက်ပ သည်ထက် တောက်ပလာတော့တယ်။ လုံးဝကို မီးထဲမှာ လောင်ကျွမ်းနေသလိုပါပဲ။
တောက်ပနေတဲ့ ပူပြင်းမှုနဲ့ အေးစက်တဲ့ ဆောင်းဥတု ပလ္လင်ပေါ်မှာ တိုက်ခိုက်မှု ဖြစ်ပေါ်နေတော့တယ်။
ဒါပေမယ့် ရေခဲ တမျှ အေးစက်လှတဲ့ အငွေ့အသက်တွေ ပြည့်ဝနေတဲ့ ဖန်ကျန်းရှီနဲ့ အတော် ဝေးဝေးမှာ ရှိနေတဲ့ မီးတောက်ကြားက ရန်ရွှယ်ရဲ့ တစ်ကိုယ်လုံးတော့ ချွေးတွေနဲ့ ရွှဲနစ်နေတော့တယ်။
ဒီ အချိန်မှာတော့ ဖန်ကျန်းရှီရဲ့ နဖူးနဲ့ ကျောပြင်လည်း တဖြည်းဖြည်း ချွေးတွေ ရွှဲစိုလာတော့တယ်။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ကျောက်ဖြူဓားလည်း တဖြည်းဖြည်း တုန်ယင်လာတော့တယ်။
သူ့ရဲ့ စိတ်အာရုံနယ်မြေထဲက မြူနှင်းတွေတော့ တဖြည်းဖြည်း ပါးလာတော့တယ်။
ဒါကသာ ဆက်ဖြစ်မယ်ဆိုရင် သူ ထပ်ပြီး တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး။
“ကြည့်ရတာ ငါ ရှုံးတော့မှာပဲ။” ထူးဆန်းစွာနဲ့ပဲ။ ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ဝမ်းနည်းမှုတွေ ပေါ်လာတော့တယ်။ ဒါက ဒဏ္လာရီထဲမှာဆိုရင် “ဘယ်တော့မှ မသေဘူး။” လို့” ပြောရမှာ မလား။
မြောက်ဘက်ရွာဝင်ပေါက်မှာ မထွက်ခွာ ခင်တုန်းက သူပြောခဲ့တဲ့ စကားကို ပြန်ပြီး မှတ်မိလာတော့တယ်။
ငါ မြို့တော် စာမေးပွဲကို အောင်မြင်ရမယ်။
နောက်ထပ် နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ တစ်ယောက် ဖြစ်လာစေရမယ်။
ငါ့ရဲ့ မျှော်လင့်တာတွေက အရမ်း မြင့်သွားပြီလား။ အခုတော့ မြို့တော် တာအိုစာမေးပွဲကို ဖြတ်ကျော်နိုင်သွားရင်တောင် တိုက်ခိုက်ရေးစာမေးပွဲမှာ ရလဒ်က အကုန်လုံး ခြုံငုံလိုက်ရင် ရန်ရွှယ်က အမှတ်နည်းနည်းသာသွားပြီး ချန်ပီယံ ဖြစ်သွားမှာပဲ။
ဒါပေမယ့်လည်း သူကတော့ ဒုတိယ နေရာကို ရောက်သွားမှာ။
“ဒီ အချိန်မှာတော့ ငါ ဒုတိယ ကလေး ဖြစ်သွားတော့မှာပဲ။” ဖန်ကျန်းရှီက ဒီ နေရာကို တော်တော်လေး သဘောမကျဘူး။ တကယ်တော့ တတိယ လည်း ဖြစ်သွားနိုင်တာပဲ။ စတုတ္ထ နဲ့ ပဉ္စမလည်း မဆိုးပါဘူး။
သူတွေးလိုက်ချိန်မှာပဲ သူ့ရဲ့ မြဲမြံစွာ ရပ်နေတဲ့ ခြေလှမ်းတွေ အနည်းငယ် ချော်ထွက်သွားတော့တယ်။ အံ့သြစရာကောင်းလောက်အောင် ရုတ်တရက် ခြေတလှမ်း ကျော်သွားခဲ့တယ်။
ဟမ်၊
ဖန်ကျန်းရှီ နည်းနည်း ထိတ်လန့်သွားတော့တယ်။ ဒါက ဘာ ဖြစ်တာလဲ။
အပိုင်း (၁၁၉) ပြီး၏။
အပိုင်း (၁၂၀)
“ တောင်နဲ့ မြစ် ပန်းချီရဲ့ လျှို့ဝှက်ချက်။”
ဘာသာပြန်သူ-Enri Thaw
ဒီ အချိန်ရဲ့ ခံစားမှု က သိပ်ပြီးတော့ ထူးဆန်းလှတယ်။ သူ့ရဲ့ ကိုယ် ခန္ဒာ တစ်ခုလုံး ပျောက်ကွယ် သွားသလိုမျိုုး ဒါမှ မဟုတ် ပြောနိုင်တယ် သူ့ရဲ့ တစ်ကိုယ်လုံး ပျောက်ကွယ် မသွားတာတောင် တစ်စိတ်တပိုင်း ကတော့ ပျောက်ကွယ်သွားပြီ။
တောင်နဲ့ မြစ်ရဲ့ ဖိအားက လည်း လျော့ကျ လာတာလား။
သူ့ရဲ့ နှလုံးသားထဲမှာ ပျော်ရွှင်မှုနဲ့ ပြည့်နှက်လာတော့တယ်။ ဖန်ကျန်းရှီ ကတော့ သူ့ကိုယ်ပေါ်မှာ ဖိနှိပ်ထားတဲ့ တောင်တစ်တောင်ရဲ့ ဖိအားကို ခံစားနေရတယ်။
ဒါ့အပြင် အခု ပိုပြီးတော့ ပြင်းထန်လာသလိုပါပဲ။
အားတွေ လျော့ကျသွားတာလည်း မဖြစ်နိုင်ဘူး။
ဒီ ပုံရိပ်လွှာ မဖြစ်နိုင်ဘူး။ ငါ အခုပဲ ရှေ့ကို တလှမ်းတိုးလိုက်တာ။
ဖန်ကျန်းရှီမှာတော့ နောက်တစ်လှမ်း တိုးဖို့ စိတ်ကူးနေတဲ့ အချိန်မှာပဲ သွေးနီရောင် လခြမ်းကွေးတွေက သူ့ကို ရိုက်ခတ်လာပြန်တယ်။ ဒီ အချိန်မှာတော့ ရန်ရွှယ်ရဲ့ တိုက်ခိုက်မှု သူ့ကို အတော်လေး ကို ထိတ်လန့်စေတယ်။ ဒါကြောင့် ကျောက်ဖြူဓားကို လေးချက်တိတိ အဆက်မပြတ် လှုပ်ရှားလိုက်တော့တယ်။
“ဘုန်း … ဘုန်း… ဘုန်း….”
အလင်းတန်း စီးကြောင်းတွေ ပေါ်ထွက်လာချိန်မှာတော့ ဖန်ကျန်းရှီ နောက်တစ်ကြိမ် ခြေလှမ်းပေါင်း များစွာ နောက်ဆုတ်သွားပြန်တော့တယ်။
သူ့နှလုံးသားထဲက ဝမ်းနည်းမှု တစ်ဖန် စီးဆင်းလာပြန်တယ်။
နောက်ပြီးတော့ သူ့ရဲ့ တစ်ကိုယ်လုံး အလိုလို နောက်ဆုတ်သွားတာ ဖြစ်တယ်။ ဒီ အံ့သြစရာ ခံစားချက် သူ့တစ်ကိုယ်လုံးကို စိတ်ဝင် ပျံ့နှံ့ နေတယ်။ တောင်တန်းကြီးရဲ့ ဖိအားကြောင့် ထုံထိုင်းသွားတာ ထက်ကို ပိုပြီးတော့ ရှင်းလင်းနေတဲ့ နာကျင် ဝမ်းနည်းဖွယ် ခံစားချက်။
တစ်နေရာရာမှာတော့ ပြဿနာ ရှိနေပြီ။
ဖန်ကျန်းးရှီ ကတော့ သူ့ကိုယ်ပေါ်က ဖိအား နောက်တစ်ခါ ပြန်နည်းပါးသွားတာကို သတိထားမိပြန်တယ်။ အများကြီး လျော့သွားတာ မဟုတ်ပေမယ့် အနည်းငယ်တော့ ပေါ့ပါးသွားတယ်။
သူဆီမှာ ပျော်ရွှင်မှု ဖြစ်လာတော့ ဖိအားက ပြန်လည် ကြီးမားလာပြန်တယ်။
ဖန်ကျန်းရှီ သူ့နှလုံးသားကွဲအက် တော့မလို ထင်နေမိတယ်။
သူတို့ ပျော်ပျော် ရွှင်ရွှင်တိုက်ခိုက်လို့ မရဘူးလား။
ခနနေပါအုန်း။ တစ်ခုခု လွဲနေပြီ။ ဒီ ခံစားချက်တွေက တကယ်ပဲ အစစ်အမှန်တွေ။ ဒါဆို ပြဿနာက ဘယ်က လာတာလဲ။ ဒါကတော့ ရန်ရွှယ်နဲ့ မဆိုင်တာ သေချာတယ်။ ဒါက စိတ်အင်အားနဲ့များ ဆိုင်နေမလား။
ဝမ်းနည်းမှုက ဖိအားကို လျော့စေတယ်။
ပျော်ရွှင်မှုက ဖိအားကို တိုးစေတယ်။
ဖန်ကျန်းရှီရဲ့ မျက်လုံးတွေက ပွင့်လာတော့တယ်။ မှန်တယ်။ ဒါ မှန်တယ်။
ဒါပေမယ့် ဘာကြောင့် ဒီလို ဖြစ်ရမှာလဲ။ ဝမ်းနည်းမှုကို ဘယ်လို ရှာရမှာလည်း။
ဖန်ကျန်းရှီလည်း စိတ်ထဲ ရှုပ်လာတော့တယ်။ သူ ဒီ နည်းကို ရှာတွေ့တယ် ဆိုရင် ဒီ နည်းရဲ့ နောက်မှာ အကြောင်းပြချက် ရှိရအုန်းမယ်။ ဒါက ဘာကြောင့် ဖြစ်တာလဲ။
ဒါက တောင်နဲ့မြစ် ပန်းချီကားရဲ့ လျှို့ဝှက်ချက် များလား။
တောင်နဲ့ မြစ် ပန်းချီ………
ပုံမှန်အတိုင်း ဆိုရင်တော့ ဒီလို တိုက်ပွဲကြီးမှာ ဘယ်သူကများ ဒီ ပန်းချီကားကို အဓိက ထားပြီး စဉ်းစားနိုင်မှာလဲ။ ဒါပေမယ့် ဒီ အချိန်မှာတော့ ဖန်ကျန်းရှီက ပန်းချီကို အဓိက ထားပြီး စဉ်းစားထားတာ ဖြစ်တယ်။
တောင် ရေ မြစ် သစ်ပင် စတဲ့ ပန်းချီ ပုံရိပ်တွေကို တစ်ခုချင်းဆီ စဉ်းစားကြည့်လိုက်ချိန်မှာတော့ …
အဲ့ဒီ့နောက် ပြဿနာတစ်ကို နားလည် သွားတော့တယ်။
ဒါက မှင်နက်နဲ့ ပန်းချီကား ဖြစ်တယ်။ တောင်တန်းတွေရဲ့ အရောင်ကလည်း အနက်ရောင် ဖြစ်နေတယ်။ အစိမ်းရောင် မဟုတ်ပဲနဲ့။ ဒါကတော့ တရုတ် ပန်းချီကားတွေ ဆွဲနေကြ ပုံစံတစ်မျိုး ဖြစ်တယ်။
ဒါက အံ့သြစရာ မဟုတ်ဘူး။
ဒါပေမယ့် ဖန်ကျန်းရှီ အံ့သြနေတာ တစ်ခု ရှိတယ်။
အကယ်၍ လူတစ်ယောက်ကသာ အမှန်တကယ် သက်ဝင် လှုပ်ရှားတဲ့ ပန်းချီတစ်ချပ်ကို ဖန်တီး ချင်တယ် ဆိုရင် ဘာကြောင့် မှင်နက်နဲ့ ရေးဆွဲမှာလဲ ။ တောက်ပတဲ့ အစိမ်းရောင်နဲ့ ပတ်ဝန်းကျင်ကို ပိုပြီး သင့်လျော်အောင် ဆွဲမှာပေါ့။
သူတွေးမိသွားတဲ့ အချိန်မှာပဲ။
ဖန်ကျန်းရှီရဲ့ မျက်လုံးတွေက ကလယ် ကလယ် ဖြစ်သွားပြီး ထိတ်လန့်သွားဟန် ပေါ်လာတော့တယ်။
“ဒါက တောင်နဲ့ မြစ် ပန်းချီမှ မဟုတ်တာပဲ။”
တောင်တန်းအသွင် ရေးဆွဲထားတဲ့ အနက်ရောင် မှင်တွေက အမျိုးသမီးရဲ့ အနက်ရောင် ဆံနွယ်တွေပဲ ဖြစ်တယ်။ အဖြူရောင် မြစ်ကတော့ အမျိုးသမီးရဲ့ ဆံနွယ်ဖြူတွေ ဖြစ်တယ်။ ကေသာ နက်တို့ အဖြူရောင် ပြောင်းသည့်တိုင် သူ့ကို စောင့်ဆိုင်းခဲ့၏။ မင်းခြယ်သမှုကို နှလုံးသားထဲမှာ တိတ်ဆိတ်စွာ စောင့်မျှော်နေ။
ဒီ ပုံရိပ်က ရန်မိသားစုကို တည်ထောင်သူ ဘိုးဘေးရဲ့ အမျိုးသမီး အပေါ်မှာ ထားရှိတဲ့ နက်ရှိုင်းလှတဲ့ မေတ္တာကို မှတ်တမ်းတင်ထားတာပဲ။
ရှေးခေတ်တုန်းကတော့ သူရဲကောင်းတွေက ဆန့်ကျင်ဘက်လိင် ကို သူတို့ရဲ့ မေတ္တာကို ဖော်ပြဖို့ ခက်ခဲခဲ့တယ်။ ရန်မိသားစုရဲ့ တည်ထောင်သူ ဘိုးဘေးကတော့ လှပျိုဖြူရဲ့ အချစ်ကို ရခဲ့တယ်။ နောက်ပြီးတော့ အချစ်ရူး တစ်ယောက် ဖြစ်လာခဲ့တယ် ။ သူမကို မမေ့ပျောက်စေဖို့ အတွက် ယပ်တောင်ပေါ်မှာ ပန်းချီ တစ်ခု အဖြစ် ရေးဆွဲ ထားခဲ့တယ်။ ငါ သိတယ်။ ငါသိတယ်။
ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ တောက်ပသည်ထက် တောက်ပ လာတော့တယ။်
ရန်ရွှယ် တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို အသုံးပြုတဲ့ အချိန်မှာ ထည့်သွင်းထားတဲ့ ခံစားချက်တွေကို သူ ပြန်စဉ်းစားကြည့်တယ်။ ဒီ အင်အားက ယုံကြည်မှုက နေ လာတာပဲ။
ဒါက သာ အကြောင်းရင်း ဖြစ်နေရင်။
သူပိုပြီး ခုခံလေလေ သူ့ကိုယ်ပေါ်မှာ ရှိတဲ့ ဖိအားက ပိုကြီးလာလေလေပဲ။
မဟုတ်ဘူး။ အစထဲက ဒါက မှားနေတာပဲ ။ ဒါက ခုခံအားမဟုတ်ဘူး။ စုပ်ယူတာပဲ။ သူ့ရဲ့ နှလုံးသားထဲမှာ ဒီ နာကျင်မှုကို ပို စုပ်ယူလာနိုင်ပြီး ဒဏ်ရာအမာရွတ်တစ်ခုလို စွဲထင်လာတော့တယ်။
သူတွေးသလိုမျိုး ဖြစ်လာခဲ့တာ ဆိုရင် ဖန်ကျန်းရှီက ဒါကို ခုခံနိုင်ဖို့ ခက်ခဲတော့မယ်။
ဒါပေမယ့် ဖန်ကျန်းရှီကတော့ အချို့သော အင်အားတွေကို ငှားရမ်းပြီးတော့ အသုံးချဖို့ တွေးလိုက်တော့တယ်။
“အချစ်ဆိုတာ ဘာလဲ။ ဘာကြောင့် လူတွေကို ရူးသွပ်စေနိုင်တာလဲ။”
“ဆောင်းဥတုမှာ ဆောင်းခိုဖို့ က အတောင်ဟောင်းတွေကို စွန့်ပယ်ရမယ်။ ”
“ပျော်ရွှင်မှုမှာ ခါးသက်မှုတွေ ပါဝင်နေတယ်။ ဒါ့အပြင် နှလုံးသားရဲ့ နာကျင်မှုတွေ။”
ဖန်ကျန်းရှီရဲ့ အသံ ပလ္လင်ထက်မှာ ဟိန်းထွက်လာတော့တယ်။
ဒါက ကျောင်းတော်သားတွေကို စိတ်ရှုပ်ထွေးစေတယ်။
“ဖန်ကျန်းရှီ ဘာလုပ်ဖို့ စဉ်းစားနေတာလဲ။ ဒီ အချိန်မှာ ကဗျာစပ်ဖို့တွေးနိုင်သေးတာလား ”
“သူ ရှုံးတာကို ဝန်မခံချင်တာလား။ ”
ဒီ အချိန်မှာတော့ ဖန်ကျန်းရှှီရဲ့ နှလုံးသား ပူဆွေးမှုတွေပြည့်နှက်နေတဲ့ အတွက် တောင်နဲ့ မြစ် ပန်းချီကားရဲ့ ဖိအားက နေ လုံးဝကို လွတ်မြောက်နေပြီ ဖြစ်တယ်။
ရန်ရွှယ် သူ့ကို ကြည့်နေတာကို သတိမပြုမိဘူး ဖြစ်နေတော့တယ်။ သူ့ခေါင်းကိုသာ တွင်တွင် ခါယမ်း နေတော့တယ်။ သိပ်မကြာခင်မှာပဲ။ သူ့ရဲ့ မျက်လုံးကနေ မျက်ရည်တွေ စီးကျလာတော့တယ်။ သူ့ရဲ့ အသွင် တော့ သိပ်ကို ဝမ်းနည်းနေတဲ့ သူတစ်ယောက် အသွင် ပေါက်နေတော့တယ်။
သူမျှော်လင့်ထားသလိုပဲ။
ဝမ်းနည်းလှတဲ့ ခံစားမှုကို ပိုပြီး ဖန်တီးနိုင်လေ သူ့ကိုယ်ပေါ်က ဖိအား နည်းလာ လေဖြစ်တယ်။ ဒီ တောင်နဲ့ မြစ် ပန်းချီက သူတွေးသလိုမျိုး ဖြစ်လိမ့်မယ်။
စိတ်စွမ်းအားက လူတစ်ယောက် မခန့်မှန်းနိုင်အောင် သိပ်ပြီးတော့ကို မြင့်မားလွန်းတယ်။
သူ့ကိုယ်ပေါ်က ဖိအားပျောက်ဆုံးသွားတဲ့ အတွက် ပျော်လွန်းလို့ အော်ဟစ် ပြစ်ချင်တော့တယ်။ ဒါပေမယ့် လည်း သူ မအော်နိုင်ဘူး။ ပျော်တဲ့ ခံစားချက် ကို ထုတ်လွှတ်လို့ မဖြစ်ဘူး။
ဘာကြောင့်လဲ ဆိုတော့ …
သူသာ ပျော်ရွှင်မှု ဖြစ်လာရင် စတင်ခဲ့တဲ့ နေရာကို ရောက်သွားမှာ ဖြစ်တယ်။
ဒါက တကယ့်ကို သက်တောင့်သက်သာ မရှိဘူး။ အနိုင်ရဖို့ အတွက် ဖန်ကျန်းရှီက တောင့်ခံဖို့ လိုတယ်။
တစ်ခဏ ကြာပြီးနောက်မှာတော့ ဖန်ကျန်းရှီက စိတ်မှောင်မိုက်မှုတွေ ပြည့်နေတဲ့ ရန်ရွှယ်ကို ကြည့်လိုက်တော့တယ်။
ဒီ အချိန်မှာတော့ သူ့ရဲ့ လှုပ်ရှားမှုတွေကို လုံး၀ ရပ်တန့်ထားတော့တယ။်
ရန်ရွှယ်ကတော့ အေးဆေးစွာ ရပ်နေနိုင်တဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း မယုံကြည်နိုင် ဖြစ်နေတော့တယ်။
“ငါ လာပြီ။” ဖန်ကျန်းရှီက ငိုသံနှယ် အက်ကွဲသော အသံတစ်ခုနဲ့ အော်လိုက်တယ်။ သူ့ရဲ့ အရင် ဘဝက အသိဉာဏ်တွေကို အသုံးပြုပြီးတော့ ဒီ အချိန်မှာတာ မှောင်မိုက်တဲ့ တိုက်ခိုက်မှု တစ်ခုကို ဖန်တီးဖို့ တွေးလိုက်တော့တယ်။
ဒီနေ့မှာတော့ မင်းရဲ့ ဝမ်းနည်းမှုကို ပြန်ငှားပြီးတော့ တိုက်ကွက်ကောင်းတစ်ခု ဖန်တီးပြမယ်။
ဒီ အတွေးနဲ့ သူ လှုပ်ရှားတော့တယ်။
သူ့ရဲ့ ကိုယ်ကတော့ လျှပ်စီး လက်သလိုမျိုး မြန်ဆန်နေပြီးတော့ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတော့တယ်။
“ သူ က ဘယ်လို ဖြစ်ပြီးတော့ ဒီ လောက် မြန်နိုင်တာလဲ။ ”
“တောင်နဲ့မြစ် ရုပ်ပုံလွှာရဲ့ အင်အားတွေ ဘယ်ကို ပျောက်ကုန်ပြီလဲ။ ”
ကျောင်းတော်သားတွေနဲ့ စာစစ်သူတွေကတော့ ထိတ်လန့်ကုန်ကြတော့တယ်။
ဒီ အချိန်မှာပဲ ဖန်ကျန်းရှီကတော့ ရန်ရွှယ်ရဲ့ ဘေးကို ရောက်နေပြီ ဖြစ်တယ်။ ဒိုင်ခုံက စာစစ်သူ တွေကတော့ ဘယ်လို ပြော၇မလဲကို မသိတော့ဘူး ဖြစ်နေတော့တယ်။
ရန်ရွှယ်လည်း မျက်စိလည်သွားတော့တယ်။ ဒါပေမယ့် အချိန်မှီတော့ ပြန် တုံ့ပြန်နိုင်သေးတယ်။
လေအရိပ် ပညာကို အသုံးပြုပြီးတော့ အရိပ်အသွင် ပြောင်းလဲသွားတော့တယ်။
သို့ပေမယ့် ဖန်ကျန်းရှီကတော့ ရန်ရွှယ်ကို ပြေးသွားခွင့် မပေးတော့ ပါဘူး။ သူ့ရဲ့ ဝမ်းနည်းမှုကို ထိန်းသိမ်းထားရင်းနဲ့ သူ့ရဲ့ သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုကို စတင်လိုက်တော့တယ်။
ဒီ တိုက်ပွဲကို ဝမ်းနည်းမှု အပြည့်နဲ့ ဖြတ်ကျော်နိုင်မှ ရမယ်။
နည်းလမ်းကို အများကြီး မတွေးတော့ပါဘူး။
သားရိုင်းကောင် အင်အားကို အသုံးပြုပြီးတော့ တိုက်ခိုက်တော့တယ်။
အပြင်ဘက် ကနေ ကြည့်လိုက်ရင်တော့ ဖန်ကျန်းရှီအသုံးပြု တိုက်ခိုက်နေတာ သေစေနိုင်တဲ့ ဓားပညာနဲ့ မတူပဲ ရူးသွပ်နေတဲ့ နတ်ဆိုး ဓားပညာကို အသုံးပြုနေတာနဲ့ တူတယ်။
“ငါ သတ်မယ် သတ်မယ်။ ” ဖန်ကျန်းရှီက သူ့ရဲ့ ဓားကို ရူးသွပ်စွာ ဝေ့ယမ်းရင်းနဲ့ လိုက်တော့တယ်။
ကောင်းကင်ပေါ်က လမင်းကြီးတော့ တောက်ပသည်ထက် တောက်ပလာတော့တယ်။ ပလ္လင် တစ်ခုလုံးကို အဖြူရောင် အလင်းတန်းတွေနဲ့သာ ဖုံးလွှမ်းနေတော့တယ်။
အနီရောင် နေမင်းကြီးတော့…
တောက်ပလှတဲ့ အဖြူရောင် လမင်းကြီးရဲ့ အလင်းရောင် အောက်မှာ နက်မှောင်တဲ့ ဘက်ကိုတောင် ပြောင်းလဲနေတော့တယ်။
“ဘုန်း။”
နောက်ဆုံးမှာတော့ ဖန်ကျန်းရှီရဲ့ ဓားချက် ရန်ရွှယ်ရဲ့ ရင်ဘတ်ကို ဖြတ်၇ှသွားတော့တယ်။ သူ့ရဲ့ ကိုယ် ပလ္လင်ပေါ်ကို လဲကျသွားတော့တယ်။ ဒါပေမယ့် ရန်ရွှယ် ချက်ချင်းပြန်ထလာတော့တယ်။
သူ့ရဲ့ အမူအယာတော့ ထိတ်လန့်ပြီး ရှုပ်ထွေးနေတော့တယ်။
သူ တစ်ခုခုကို ပြောချင်နေပင်မယ့်လည်း အဆုံးသတ်မှာတော့ ရပ်တန့်သွားတော့တယ်။
ဒါပေမယ့် သူ ဆုတ်ခွာဖို့ မစဉ်းစားေတော့ပဲနဲ့ ဖန်ကျန်းရှီကို မျက်နှာချင်းဆိုင် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။
အနီရောင် နေမင်းတော့ သူ့ရဲ့ နောက်ဆုံး အလင်းတန်းကို တောက်ပနေတော့တယ်။
အနီနဲ့ အဖြူ မရေမတွက် နိုင်တဲ့ အလင်းတန်းတွေ လမင်းနဲ့ ကြယ်တွေလို တောက်ပနေတော့တယ်။ ဒီ အခြေအနေကတော့ မျက်စိ ကျိန်းစပ်နေတဲ့ အပြင် ကျောင်းတော်သားတွေနဲ့ စာစစ်သူတွေ အကုန်လုံး ထိတ်လန့်မှုကြောင့်တုန်ယင်နေကြတယ်။ ၏
“မြို့တော် စာမေးပွဲက တကယ့်ကို မြို့တော် စာမေးပွဲပဲ။”
ဘယ်သူကမှ ဒီ တိုက်ပွဲကို မြို့တော် စာမေးပွဲလို့ မမြင်နိုင်တော့ပါဘူး။ တော်ဝင် စာမေးပွဲတောင်မှ ဒီ လို မြင်ကွင်းကို တွေ့ရဖို့ ခက်ခဲတယ်။
ပလ္လင်ပေါ်မှာတော့ မတူညီတဲ့ အရိပ်တွေ ရောယှက်နေတော့တယ်။
တစ်ခုနဲ့ တစ်ခု တိုက်မိနေကြတယ်။
အရိပ်တွေ ပျောက်ကွယ်သွားချိန်မှာတော့ ပလ္လင်ပေါ်မှာ လူနှစ်ယောက် ရပ်နေတော့တယ်။
ဒီ အချိန်မှာတော့ ရန်ရွှယ်ရဲ့ သံချပ်ကာ ပြဲစုတ်နေပြီး သွေးတွေ စီး ကျနေတော့တယ်။ သူ့ရဲ့ ဆံပင်တွေတော့ အရူးတစ်ယောက်လို ရှုပ်ပွနေပြီး နဖူးမှာတော့ ချွေးတွေ စီးးကျနေတော့တယ်။ သူ့ရင်ဘတ်တော့ ဖားဖို တစ်ခုလို ပြင်းထန်စွာ နိမ့်ချီ မြင့်ချီ ဖြစ်နေတော့တယ်။ အသက်ကို ပြင်းထန်စွာ ရှူနေရတော့တယ်။
ရန်မိသားစုရဲ့ မိသားစုဝင် တစ်ယောက်အနေနဲ့ သူ့ရဲ့ အသက်ရှူ ဟန် ကန့်သတ် နိုင်စွမ်းကို ကျော်လွန်နေပြီ ဆိုတာ သိသာတယ်။
တခြားတစ်ဖက်မှာတော့ ဖန်ကျန်းရှီလည်း သိပ်ပြီးတော့ အဆင်ပြေဟန် မတူဘူး။ သူ့ရဲ့ ပင်လယ်နက်ထဲက ကျောက်စိမ်း သံချပ်ကာမှာလဲ နက်မှောင်တဲ့ ဓားချက်တွေ ပြည့်နှက်နေပြီးတော့ လက်မောင်းမှာလည်း သွေးတွေ ယိုစီး နေတော့တယ်။ သူ့ရဲ့ ဆံပင်တွေလည်း ပုခုံးပေါ်ကို ပြေလျော့ ကျနေပြီးတော့ နဖူးမှာ ချွေးတွေ စီးကျနေတော့တယ်။
ဒါ ချွေးတွေလား မျက်ရည်တွေလား ဘယ်သူမှ ခွဲခြား မသိနိုင်ဘူး ဖြစ်နေတော့တယ်။
ပလ္လင်ထက်က တိုက်ပွဲမှာတော့ ….. တကယ့် တိုက်ပွဲ သက်လုံ မကောင်းတဲ့သူ ရှုံးမှာ ဖြစ်တယ်။
ဖန်ကျန်းရှီကတော့ ဒါကို ကောင်းကောင်းနားလည်တယ်။ အကယ်၍ ဒီ လိုသာ ဆက်ဖြစ်နေမယ်ဆိုရင် သူတို့ နှစ်ယောက်လုံး ဒဏ်ရာ ရမှာ မလွဲမသွေပဲ။
“ ငါ … ငါ့ရဲ့ အင်အားတွေကို အကုန်…. သုံးပြီးပြီ။ ” ရန်ရွှယ်ရဲ့ အသံကတော့ အနည်းငယ် ပြတ်တောင် း ပြတ်တောင် းဖြစ်နေတော့တယ်။ သူ့ရဲ့ အမူအယာမှာတော့ စစ်မှန်တဲ့ သူငယ်ချင်းကို လေးစားမှုတွေ ပြည့်နေတော့တယ်။ အကယ်၍ ဖန်ကျန်းရှီကိုသာ ပြောလိုက်မယ် ဆိုရင် သူ တောင့်ခံ နိုင်မှာ မဟုတ် တော့ဘူး။
“ငါ……. နည်းနည်း ကျန်သေးတယ်။ တိုက်ခိုက်ဖို့ နည်းတစ်ခု ငါ မသုံးရသေးဘူး။ ” ဖန်ကျန်းရှီက လည်း အနည်းငယ် တုံ့ဆိုင်း ရင်း ပြောလိုက်တော့တယ်။ သူ့ရဲ့ မျက်နှာပေါ်မှာတော့ အလေးအနက် စဉ်းစားတွေဝေနေဟန်တွေ ရှိနေတယ်။
“ သူငယ်ချင်းတွေ ကြားမှာ ငါတို့ လေး .. လေးစားမှု ရှိရနယ်။ မင်းမှာ နောက်ထပ် တိုက်ခိုက်စရာ ပညာရပ်ရှိသေးရင် .. တိုက်ခိုက်ပါ။” ရန်ရွှယ်က သူကလက်ထဲက တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ပြောလိုက်တော့တယ်။ သူ့မျက်လုံးထဲမှာတော့ ထိတ်လန့်ဟန်တွေ တစ်ချက် ပေါ်ထွက် လာ ပြီးနောက် လျင်လျင်မြန်မြန် ပဲ ပျောက်ဆုံးသွားပြန်တယ်။
သူ ဖန်ကျန်းရှီကို ယုံကြည်တယ်။ ဖန်ကျန်းရှီ ဆက်တိုက်ခိုက်နိုင်တယ်လို့ ပြောတာ သူ တကယ်ပဲ တိုက်ခိုက်နိုင်သေးလို့။
“ငါ ထင်တယ်။ ဒါက… မင်းကို ထိခိုက်စေနိုင်တယ်။ ” ဖန်ကျန်းရှီက သူ့ခေါင်းကို ငြင်ငြင် သာသာလေး ခါယမ်းလိုက်ရင်း ပြောလိုက်တယ်။
“မင်းတောင်မှ ဒဏ်ရာရမှကို မကြောက်ရင် ငါ့လို ရန်မိသားစုက သားတစ်ယောက်ကလည်း သွေးထွက်သံယို ဖြစ်မှာကို ကြောက်မှာလား။” ဒီ အချိန်မှာတော့ ရန်ရွှယ်ရဲ့ အမူအယာ တည်ငြိမ် လေးနက်နေတော့တယ်။
“ဒါဆို သေချာ ကြည့်ပါ။” ဖန်ကျန်းရှီရဲ့ စကားသံ ထွက်ပေါ် လာတာနဲ့ တပြိုင်နက်တည်းမှာပဲ မျက်စိကို အမှောင်ဖုံးသွားစေနိုင်တဲ့ အဖြူရောင် အလင်းတန်းတွေ တိုက်ပွဲ ပလ္လင် တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့တယ်။ တောက်ပနေတဲ့ ကြယ် စုတန်း ကြီး တစ်ခုထဲကို ရောက်သွားသလိုမျိုး အမြင်အာရုံ တစ်ခုလုံးမှာ အဖြူရောင်တွေသာ။
အပိုင်း (၁၂၀ ) ပြီး၏။