← Chapters

ချင်းလင်အားဖြည့်လက်ဖက်ရည် ဒဏ်ခံနေရပြီ! ရူးသွားပြီလား? ၃

Vol. 40 Ch. 586

ချင်းလင်အားဖြည့်လက်ဖက်ရည် ဒဏ်ခံနေရပြီ! ရူးသွားပြီလား? ၃

Vol. 40 Ch. 586

ထိုအချိန် သူ့ဘေးမှလူတစ်ယောက်က_

''အင်တာနက်ပေါ်မှာ ဒီဖျော်ရည်အကြောင်းစုံစမ်းပြီးပြီ... ဒီဖျော်ရည်က အားကစားမှာတင်မဟုတ်ဘူး... လင်မယားတွေလည်း အသုံးတည့်တယ်တဲ့... တစ်ခါပြီးတိုင်း အားပြန်ပြည့်အောင်သောက်ကြတယ်... အဓိကက ဆောက်လုပ်ရေးတွေ စက်ရုံတွေအားလုံးမှာ သုံးနိုင်တာပဲ... အလုပ်သမားတွေကို မြန်မြန်အားပြန်ပြည့်စေတယ်''

သူ့စကားနားထောင်ရင်း Venod ကအံ့ဩပြီးမျက်လုံးများကျယ်လာသည်။

အနောက်တိုင်းကုမ္ပဏီပိုင်ရှင်အတော်များများနှင့် သူရင်းနှီးသည်။ ဒီလိုဖျော်ရည်မျိုးရှိရင် အဲဒီအရင်းရှင်သူဌေးတွေ သေချာပေါက်သဘောကျကုန်လိမ့်မည်။

''ဒီဖျော်ရည်ကို ဘယ်လိုလုပ်သင့်လဲ?''

ကော်မတီအဖွဲ့ဝင်တစ်ဦးကမေးသည်။

''ဒဏ်ခတ်မယ်! ဒီဖျော်ရည်မှာပါတဲ့ပါဝင်ပစ္စည်းအားလုံးကို အတိအလင်းမပြောနိုင်ဘူးလို့ လူထုကိုကြေညာမယ်''

Venod က တန်းပြောလိုက်သည်_

''ဘယ်အားကစားပွဲကိုမှ ဒီဖျော်ရည်စပွန်ဆာမပေးရဘူးလို့တားမြစ်မယ်... ဒီဖျော်ရည်ကိုစမ်းသပ်ထားတဲ့အချက်တွေအကုန် အအောင်မပေးဘူး''

တည်ဆဲဥပဒေအတိုင်း ဖျော်ရည်ကိုမဖြေရှင်းနိုင်သောကြောင့် တတ်နိုင်သမျှနည်းနှင့်အပြစ်ပေးဖို့ပြင်ဆင်ထားမှန်း ပေါ်လွင်နေသည်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်အားသာချက်ကိုကန့်သတ်နိုင်ဖို့အရေး ပြိုင်ပွဲစည်းမျဉ်းကိုပါပြောင်းလဲပစ်သည်။

ဖျော်ရည်ကိုကန့်သတ်နိုင်သရွေ့ အရာအားလုံးပုံမှန်အတိုင်းပြန်ဖြစ်သွားလိမ့်မည်။

''ဒါဆို ဒီလိုလုပ်ကြတာပေါ့... ငါတို့အစည်းအဝေးထိုင်ပြီး ပိတ်ဆို့အရေးယူဖို့လုပ်မယ်''

ကော်မတီဝင်က ခေါင်းညိမ့်လိုက်သည်။

Venod က တခြားသူများထွက်သွားသည်အထိစောင့်ပြီးမှ သူ့သားကိုဖုန်းဆက်လိုက်သည်။

သူ့သားက ရှင်းကျန့်တယ်မှအားဖြည့်အချိုရည်တစ်မျိုး၏ကိုယ်စားလှယ်ငယ်လေးဖြစ်သည်။ ရှင်းကျန့်တယ်ကဘယ်သူမှ ဒီဖျော်ရည်ကိုမသိသေး။ ထို့ကြောင့် သူ့သားကို ဒီချင်းလင်အားဖြည့်လက်ဖက်ရည်၏ကိုယ်စားလှယ်ဖြစ်စေချင်သည်။ ရှင်းကျန့်တယ်မှာရောင်းရင် ဝင်ငွေအများကြီးဖန်တီးနိုင်မှာသေချာသည်။

သဘောက 'မင်းကိုအပြစ်ပေးမယ်၊ မင်းပိုက်ဆံကိုတော့လိုချင်တယ်'ပေါ့။

ဝင်ငွေဖန်တီးနိုင်သရွေ့ တစ်ဖက်ကသူ့ကိုကိုယ်စားလှယ်ပေးလိမ့်မည်ဟု သူယုံကြည်ထားသည်။ ဘာပဲဖြစ်ဖြစ် ရှင်းကျန့်တယ်မှာ သူ့စျေးကွက်အကျယ်ကြီးရှိသည်။

ပြီးတော့ ဒီနိုင်ငံကလူတွေက နိုင်ငံခြားစျေးကွက်ဖွင့်ပေးဖို့ ပူညံပူညံလုပ်နေကျမလား? သူကနိုင်ငံခြားစျေးကွက်ပွင့်အောင် အခွင့်အရေးပေးနေတာ။

နောက်ဆုံး...

ဒီနှစ်အာဆီယံပွဲက အဆုံးသတ်ပြီ။ အိမ်မှာဝမ်းသာကြသည်ထက် အာရှတလွှားမှအားကစားသမားများမှာ ချင်းလင်အားဖြည့်လက်ဖက်ရည်ကြောင့် အံ့အားသင့်နေကြသည်။ အထူးသဖြင့် အိပ်မက်မက်နေသလိုခံစားရသော ရှေ့တန်းချန်ပီယံဆုရှင်များပင်။

နိုင်ငံခြားလောင်းကစားကုမ္ပဏီများတောင် နည်းနည်းကြောင်နေသည်။ အားလုံးက ပွဲမစခင် သူတို့ခန့်မှန်းထားသည်နှင့်တခြားစီပင်။ ပိုက်ဆံတွေအကုန် ဆုံးရှုံးမသွား၍သာတော်တော့သည်။

သို့သော် အာဆီယံပွဲအဆုံး၌ အာဆီယံပွဲ​ကော်မတီက အစည်းအဝေးအပြီး ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုတားမြစ်သည်ဟု ကြေညာလိုက်သည်:

''ချင်းလင်အားဖြည့်လက်ဖက်ရည်မှာ တားမြစ်ဆေးမတွေ့ဘူးဆိုပေမဲ့ အမည်မသိပစ္စည်းတွေပါမပါမပြောနိုင်ဘူး... အဲဒါကြောင့် ချင်းလင်အားဖြည့်လက်ဖက်ရည်ကို နောက်အားကစားပြိုင်ပွဲတွေမှာ ထည့်စဉ်းစားမှာမဟုတ်ဘူး... ဒီဖျော်ရည်ကို ပြိုင်ပွဲအတွင်းမသုံးရဘူး''

အမည်မသိပစ္စည်းဆိုသည်က ဆင်ခြေသက်သက်ပင်။ ဒါက အရေးမကြီး။

အာဆီယံပွဲကျင်းပရာနေရာတွင်_

ရှန်လုံနှင့်အားကစားသမားများမှာ ကြေညာချက်ကိုနားထောင်ပြီး သက်ပြင်းချလိုက်ကြသည်။

ဒါကိုမျှော်လင့်ထားပြီးသား။ ဒီအတိုင်းဆိုရင် နောက်နှစ် အနားယူဖို့နောက်တစ်နှစ်အချိန်ဆွဲထားမည်ဆိုသောစိတ်ကူးကို စွန့်လွှတ်ရတော့မည်။

တစ်ဖက်တွင် နည်းပြများကလည်း တရုတ်မှအာဆီယံပွဲတာဝန်ခံဒါရိုက်တာရန်နှင့် ထိုမြင်ကွင်းကိုကြည့်နေကြသည်။

''ဒါရိုက်တာကွမ်း... ကျုပ်တို့တကယ် ဒီလူတွေကိုမနိုင်ဘူး''

နည်းပြတစ်ယောက်က မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။

''ထင်တဲ့အတိုင်းပဲ''

သို့ရာတွင် ဒါရိုက်တာရန်က_

''ကွင်းထဲမှာ သူတို့တားမြစ်လို့ရတယ်... ဒါပေမဲ့ ကွင်းအပြင်မှာမရဘူးမလား? ကွင်းထဲမှာမသုံးရဘူးဆိုရင်တောင် ဒီလက်ဖက်ရည်က နေ့စဉ်လေ့ကျင့်ရေးကွင်းထဲမှာ အများကြီးအထောက်အကူဖြစ်လိမ့်မယ်... ကစားသမားတွေပိုမြန်လာမယ်... ရွှေစံချိန်တွေရလာမယ်... ဒါလည်း အများကြီးအထောက်အကူဖြစ်တယ်... ငါတို့ကအမြဲသန်မာနေမှာ... ပြီးရင် နိုင်ငံ့အသင်းအတွက် ချင်းလင်အားဖြည့်လက်ဖက်ရည်ကို ငါအော်ဒါတင်လိုက်မယ်''

သူ့ဘေးမှနည်းပြက ခေါင်းညိမ့်လိုက်သည်။ သူလည်းထောက်ခံသည်။

တစ်ဖက်တွင်_

Venod လည်း ထိုမြင်ကွင်းကိုအလွန်ကျေနပ်နေသည်။ အခုချင်းလင်အားဖြည့်လက်ဖက်ရည်ကိုတားမြစ်ပြီးပြီ။ သူ့သား ချင်းလင်အားဖြည့်လက်ဖက်ရည်ရဲ့ကိုယ်စားလှယ်ဖြစ်လာတာ ထိုင်စောင့်ဖို့သာရှိတော့သည်။ အဲဒီကျရင် ဒီဖျော်ရည်အားကိုးနဲ့ ရှင်းကျန့်တယ်အရင်းရှင်တွေရဲ့လက်ထဲကပိုက်ဆံကို ထိုင်သိမ်းနေရုံပင်။

သူ့ဖုန်းမြည်လာသည်။

သူ့သားဖုန်းနံပါတ်ကိုတွေ့လိုက်ရသောအခါ သူလည်းအလွန်စိတ်လှုပ်ရှားသွားသည်။ သူ့သားက ချင်းလင်အားဖြည့်လက်ဖက်ရည်ကုမ္ပဏီကိုဆက်သွယ်ပြီး ကိုယ်စားလှယ်ရခဲ့တာဖြစ်မည်။ ဖုန်းဝင်ဝင်ချင်း သူက_

''Hudson... ဘယ်လိုလဲ? ဒီဖျော်ရည်ကိုလက်လီရောင်းဖို့အခွင့်အရေးရခဲ့လား?''

''အဖေ... ကျွန်တော် အဲဒီကုမ္ပဏီကိုဆက်သွယ်ပြီးပြီ... ဒါပေမဲ့ ငြင်းလိုက်တယ်... ပြီးတော့ ပြောသေးတယ်... ချင်းလင်အားဖြည့်လက်ဖက်ရည်ကို ဟိုရှီနိုမှာရောင်းဖို့စိတ်ကူးမရှိဘူးတဲ့''

“ဘာ?”

Venod ကြောင်သွားသည်။

ဒါမျိုးဖြစ်လာစရာအကြောင်းမရှိဘူး။

ဟိုသူဌေးကရူးသွားပြီလား? သူနိုင်ငံခြားစျေးကွက်ကိုမလိုချင်ဘူးလား?



All Chapters