← Chapters

အကွက်လှလှ! မတိုက်ဆိုင်လွန်းဘူးလား!

Vol. 40 Ch. 587

အကွက်လှလှ! မတိုက်ဆိုင်လွန်းဘူးလား!

Vol. 40 Ch. 587

ချင်းလင်အားဖြည့်လက်ဖက်ရည်အား တားမြစ်ချက်ကို နိုင်ငံတကာအိုလံပစ်ကော်မတီရုံးချုပ်မှအတည်ပြုပြီးကြေညာလိုက်သောအခါ အင်တာနက်တစ်ခုလုံး ပွက်လောရိုက်သွားသည်။

''သော*က်... ဒီလိုဖြစ်မယ်မှန်းသိသားပဲ... မခံနိုင်ဘူး!''

''မနိုင်လို့တားမြစ်တာ... ဒီအကွက်တွေရိုးနေပြီ''

''ချင်းလင်အားဖြည့်လက်ဖက်ရည်က အတော်လေးအံ့ဩစရာကောင်းတာပဲ... ဖျော်ရည်ထဲမှာ ဒီလိုတားမြစ်ခံရတာ ဒါပထမဆုံး''

''ဟား ဟား... ချင်းလင်အားဖြည့်လက်ဖက်ရည်က မိုက်တယ်... ချင်းလင်ကုမ္ပဏီရဲ့သက်ရောက်မှုရှိအောင်လို့ ရှေ့လျှောက်ဒီဖျော်ရည်ပဲဝယ်သောက်မယ်စိတ်ကူးထားတယ်''

''အပေါ်ထပ်က သတိဝင်ဦး... အခုချင်းလင်အားဖြည့်လက်ဖက်ရည်ဝယ်လို့မရဘူး''

''ဒီမှာလည်း ဝယ်မရဘူး... မနေ့ကပဲ အောက်ထပ်ကစူပါမားကတ်ကိုရောက်တဲ့တစ်သု​တ်က ငါရောက်သွားတော့ အကုန်ကုန်ပြီ''

''ဟား ဟား... အားလုံးပဲ... ချင်းလင်ကုမ္ပဏီတရားဝင်အကောင့်နဲ့ချင်းလင်စံအိမ်တရားဝင်အကောင့်ကကြေညာချက်ကို တစ်ချက်ကြည့်လိုက်ပါဦး... ချင်းလင်ကုမ္ပဏီက လက်တုံ့ပြန်ထားပြီ!''

ထိုမှတ်ချက်မှာ ရုတ်တရက်မြန်မြန်ဆန်ဆန် Like တက်ပြီး ထိပ်ဆုံးရောက်သွားသည်။ အတော်များများကမြင်ပြီး ချင်းလင်ကုမ္ပဏီတရားဝင်အကောင့် ဒါမှမဟုတ် ချင်းလင်စံအိမ်တရားဝင်အကောင့်ဆီရောက်သွားကြသည်:

''နိုင်ငံခြားကုမ္ပဏီအတော်များများက ချင်းလင်အားဖြည့်လက်ဖက်ရည်အတွက်ကိုယ်စားလှယ်ယူဖို့ ကျွန်မတို့ဆီရောက်လာကြပါတယ်... အဲဒီအတွက် ကျွန်မတို့ကုမ္ပဏီက ကျွန်မတို့နိုင်ငံကလွဲပြီး နိုင်ငံခြားကုမ္ပဏီတွေကိုကိုယ်စားလှယ်ယူခွင့်မပေးသေးတဲ့အကြောင်း... နောက်နောင်မှာ ရင်းနှီးတဲ့နိုင်ငံတွေဆိုရင် ကိုယ်စားလှယ်ပေးဖို့စဉ်းစားမည်ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်ရှင်''

ထိုကြေညာချက်ကလည်း လူထုအကြား ပွက်လောရိုက်သွားပြန်သည်။

အွန်လိုင်းဆွေးနွေးခန်းမှာ ပိုပြီးအသက်ဝင်လာသည်။

''ဟား ဟား... အနောက်နိုင်ငံကတစ်ယောက်ယောက် ကိုယ်စားလှယ်ပေးဖို့လာတောင်းတာဖြစ်ရမယ်''

''ဟာသပဲ... နိုင်ငံတကာအိုလံပစ်ကော်မတီက အခုပဲ ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုတားမြစ်ထားတယ်... သူတို့က အခုပဲကိုယ်စားလှယ်ပေးဖို့လာတောင်းတာတဲ့... ခွေးဖြစ်မသွားဘူးလား?''

''ချင်းလင်ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ကို အပြည့်အဝထောက်ခံပါတယ်... ကိုယ့်ဟာကိုယ်တောင်ဝယ်မရဘူး... သူတို့ကဘယ်ဝယ်လို့ရမှာလဲ?''

''ချင်းလင်ကုမ္ပဏီက ယုံကြည်မှုလွန်နေတယ်... ချင်းလင်လက်ဖက်ရည်အရမ်းကောင်းတာကို အပြစ်တင်ရမှာပဲလေ... နိုင်ငံခြားသားတွေမဝယ်နိုင်ရင် သူတို့အတွက်ဆုံးရှုံးတာပေါ့''

“……”

တစ်ဖက်တွင် Venod လည်း ချင်းလင်ကုမ္ပဏီ၏ကြေညာချက်ဗီဒီယိုကြောင့် အတော်စိတ်ရှုပ်သွားသည်။

ချင်းလင်ကုမ္ပဏီသူဌေးက ရူးနေတာသေချာတယ်။ ဘာလို့ငွေကိုမဖန်တီးတာလဲ?

…

ချင်းလင်စံအိမ်_

ချင်လင်က ချင်းလင်ဓာတ်ခွဲခန်းလုံခြုံရေးခေါင်းဆောင်ယွင်ဖေးနှင့် ချင်းလင်အစားအသောက်ကုမ္ပဏီဥက္ကဌတန့်ကွမ်းကို သူ့ရုံးခန်းထဲခေါ်လိုက်သည်။

သူတို့နှစ်ဦးရောက်လျှင် ချင်လင်ကလိုရင်းကိုတန်းပြောလိုက်သည်_

''ခင်ဗျားတို့ကိုခေါ်ရတာ ကိစ္စနှစ်ခုရှိတယ်... တစ်ခုက ချင်းလင်အားဖြည့်လက်ဖက်ရည်စက်ရုံရဲ့လုံခြုံရေးကိစ္စပဲ... ကျွန်တော် ဥက္ကဌတန့်ကို ချင်းလင်အားဖြည့်လက်ဖက်ရည်ရောင်းချင်တဲ့နိုင်ငံခြားကိုယ်စားလှယ်တွေကိုငြင်းဖို့မှာထားတယ်... နိုင်ငံခြားကိုလက်လီအရောင်းဖွင့်မပေးဘူးလို့လည်း ကြေညာထားတယ်''

''ဒီတော့ ရောင်းချင်တဲ့နိုင်ငံခြားကိုယ်စားလှယ်တွေက ဉာဏ်နီဉာဏ်နက်တွေထုတ်လာနိုင်တယ်... မန်နေဂျာယွင်... အရင်ဆုံး ခင်ဗျားနဲ့ဒါရိုက်တာတန့်က နင်းမြို့တော်သွားပြီး အဲဒီကလုံခြုံရေးစနစ်ကိုအားကောင်းအောင်လုပ်ပေးပါ... ပစ္စည်းကိရိယာ ဒါမှမဟုတ် ရံပုံငွေလိုအပ်ရင် ဒါရိုက်တာတန့်နဲ့တိုက်ရိုက်ပြောပါ''

ဒါကလည်း လောလောဆယ်သူအာရုံစိုက်ရမည့်ကိစ္စ။

အာဆီယံပွဲက ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုထင်ပေါ်စေသည့်အပြင် ပြဿနာလည်းသယ်လာသည်။

စက်ရုံလုံခြုံရေးက အရေးတကာ့ အရေးအကြီးဆုံး။

''ကောင်းပါပြီ ဥက္ကဌချင်''

ယွင်ဖေးက ချက်ချင်းခေါင်းညိမ့်လိုက်သည်။

သူက အာဆီယံပွဲကြည့်ထားပြီး ချင်းလင်ကုမ္ပဏီက နိုင်ငံခြားကိုယ်စားလှယ်ကိုငြင်းလိုက်တဲ့အကြောင်း၊ ချင်းလင်အားဖြည့်လက်ဖက်ရည်ကို နိုင်ငံခြားအရောင်းဖွင့်မည်မဟုတ်ဟုကြေညာထားကြောင်း သူသိသည်။

အရမ်းအားရစရာကောင်းသည်ဟု သူထင်သည်။

ထို့ကြောင့် ချင်းလင်အားဖြည့်လက်ဖက်ရည်စက်ရုံလုံခြုံရေးအတွက် အတတ်နိုင်ဆုံးသူလုပ်မည်။

''ဥက္ကဌချင်... ကျွန်တော်ပူးပေါင်းဆောင်ရွက်လိုက်ပါမယ်... နောက်ပြီး ကျွန်တော်တို့ကြေညာချက်အကြောင်း နင်မြို့တော်ကသိသွားတော့ သူတို့ကလည်း စက်ရုံပတ်ဝန်းကျင်ကိုပုံမှန်ပတ္တရောင်လှည့်ပေးဖို့ ရဲအရာရှိတချို့လွှတ်ပေးမယ်ပြောတယ်''

တန့်ကွမ်းက ဝင်ပြောသည်။

''ဟုတ်ပြီ!''

ချင်လင်ခေါင်းညိမ့်လိုက်သည်_

''ဒါဆို ခင်ဗျားတို့နှစ်ယောက်ပြန်ပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာဆွေးနွေးလိုက်ပါ''

တန့်ကွမ်းနှင့်ယွင်ဖေးကိုသွားခွင့်ပြုပြီးနောက် ချင်လင်ကသူ့စိတ်ထဲမှဖန်သားပြင်ကြည့်ပြီး ဂိမ်းဇာတ်ကောင်ကိုနေ့စဉ်တာဝန်များလုပ်စေလိုက်သည်။

မြစ်ငါး ၃၅ ကောင်ဖမ်းပြီးချိန်တွင် သူ့အစ်ကိုလီခိုင်က အလောတကြီးပြေးလာပြီး_

''ညီလေးချင်... သတင်းကောင်းပြောပြဦးမယ်... ငါနောက်ဆုံးတော့ အပူချိန်နိမ့်မျိုးစိတ်စမ်းသပ်မှုလုပ်နိုင်သွားပြီ... ဟား ဟား ဟား... အခုနောက်တစ်ဆင့်စမ်းသပ်ဖို့ ဓာတ်ခွဲခန်းဆောက်ပြီးတဲ့အထိစောင့်နေရုံပဲ''

''အစ်ကိုလီ... ဂုဏ်ယူပါတယ်''

ထိုသတင်းကြားပြီး ချင်လင်နည်းနည်းအံ့ဩသွားသည်။

လီရှင်းပြောပုံအရ အစ်ကိုလီက ဒီစမ်းသပ်မှုကိုအတော်ကြာကြာလုပ်ခဲ့ပေမဲ့ တိုးတက်မှုမရှိခဲ့ဘူးတဲ့။ အခုရုတ်တရက်ကြီး အောင်မြင်သွားမယ်လို့ သူမထင်မိ။

ပါမောက္ခဖြစ်ပြီးမှ ပွင့်ထွက်လာတာများလား?

ဒါမှမဟုတ် ခဏခဏနာမည်ခံရတာတွေ၊ဖိအားတွေကြောင့် စိတ်ထက်သန်သွားတာလား?

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒါဝမ်းသာရမယ့်ကိစ္စ။

လီခိုင်က ရုတ်တရက်_

''ညီလေးချင်... မင်းက ငါပထမဆုံးပြောပြတဲ့သူနော်... ငါတို့ဆက်ဆံရေးက ကောင်းတယ်မထင်ဘူးလား?''

ချင်လင်သဘောပေါက်သည်_

''အစ်ကိုလီ... ချင်းလင်ဝိုင်ယူထားတာ မကြာသေးဘူးလေ? ခင်ဗျားသောက်တာမြန်လွန်းတယ်မလား? ဝိုင်ကဘယ်လောက်ပဲကောင်းကောင်း... ခင်ဗျားကိုယ့်ကိုယ်ကိုယ်ထိန်းသင့်တယ်''

''ဘိုးတော်ကြောင့်ပေါ့ကွာ''

လီခိုင်က အသည်းနာနာနှင့်_

''အရင်တစ်ခါစံအိမ်ရောက်လာပြီး လီရှင်းနဲ့ငါ့ဆေးဖက်ဝင်ဝိုင်တွေယူသွားတာ''

ဒီအကြောင်းတွေးရင် စိတ်ဆင်းရဲသည်။

သူနဲ့ရှိုးဝမ်ဘဝသာယာဖို့ ညီလေးချင်ဆီကသုံးပုလင်းကို အောင့်အီးပြီးသိမ်းထားခဲ့သည်။

ဘိုးတော်ကရုတ်တရက်ကြီးပေါက်ချလာမယ်လို့ ဘယ်ထင်မလဲ?

ရှိုးဝမ်အတွက် ဘိုးတော်ကိုနှစ်ပုလင်းပေးလိုက်ရသည်။ လီရှင်းက သူနဲ့ရှိုးဝမ်အတွက်အကောင်းပြောပေး၍သာတော်တော့သည်။

''ခင်ဗျားအဖေ စံအိမ်လာတယ်?''

ချင်လင်ကြောင်သွားသည်။ ဒီအကြောင်း သူမသိသေး။ ပြီးမှ ရုတ်တရက်ထပြောသည်_

''မဟုတ်သေးဘူး... လီရှင်းပြန်တော့ ချင်းလင်ဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းယူသွားတာ ကျွန်တော်မှတ်မိတယ်... ခင်ဗျားရဲ့ဘိုးတော်က ဝိုင်တွေအကုန်ယူသွားတာဟုတ်လို့လား?''

''နှစ်ပုလင်း?''

လီခိုင်ချက်ချင်း ထရပ်လိုက်သည်။

သူသိမ်းထားတဲ့သုံးပုလင်းမှာ ဘိုးတော်ကိုနှစ်ပုလင်းပေးဖို့ လီရှင်းကိုမှာလိုက်တာမလား?

ဘာလို့တစ်ခုခုမဟုတ်သလိုဖြစ်နေတာလဲ?

ရုတ်တရက် လီခိုင်နည်းနည်းစိတ်ရှုပ်သွားသည်။ အရင်ဆုံး သူကဖုန်းထုတ်ပြီး လီခိုင်ကိုဆက်လိုက်သည်။

ဖုန်းဝင်ဝင်ချင်း သူကအလောတကြီးနှင့်_

''လီရှင်း... မင်းမှာချင်းလင်ဆေးဖက်ဝင်ဝိုင်တွေအများကြီးရှိတယ်လို့ ငါကြားတယ်!''

''ဘာ? ဦးလေး... ဘာပြောလိုက်တာလဲ? လိုင်းကမကောင်းဘူး... ဖုန်းချပြီနော်''

တစ်ဖက်မှလီရှင်းအသံကြားရပြီးနောက် ဖုန်းချသွားသည်။

သော*က်!

ဒီအခြေအနေကြောင့် ဘာဖြစ်နေလဲ လီခိုင်သဘောပေါက်သွားပြီ။

ဘိုးတော်က သူ့မှာဆေးဖက်ဝင်ဝိုင်ရှိမှန်းတောင်မသိလောက်။

ဟိုကောင်စုတ် လီရှင်း၊ သူ့ဝိုင်ခိုးသွားတာ။

သူကစဉ်းစားကြည့်ပြီး ချက်ချင်းနောက်ဖုန်းတစ်လုံးဆက်လိုက်သည်။

သူ့ဘိုးတော်ရဲ့နံပါတ်။

ဖုန်းဝင်ဝင်ချင်း တစ်ဖက်မှဘိုးတော်အသံထွက်လာသည်_

''ရုတ်တရက်ကြီး ဖုန်းတွေဘာတွေဆက်လို့ပါလား... ဒေါက်တာထန်နဲ့လက်ထပ်ချင်နေပြီလား?''

ထိုခေါင်းစဉ်က လီခိုင်လိုယောက်ျားကြီးကိုရှက်သွားစေသည်။ ဘာပဲဖြစ်ဖြစ် သူ့အရွယ်နှင့် လက်ထပ်ဖို့အကြောင်းပြောတာ ဒါပထမဆုံး။

ထို့နောက် ပြောမည့်ကိစ္စသတိရသွားပြီး_

''အဖေ... လီရှင်းနဲ့ပေးခိုင်းလိုက်တဲ့ချင်းလင်ဆေးဖက်ဝင်ဝိုင်က ဘယ်လိုလဲ? အာနိသင်က အရင်ဟာတွေထက်မညံ့ဘူးမလား?''

ဘိုးတော်က သံသယသံနှင့်မေးသည်_

''မင်းဘယ်တုန်းက လီရှင်းနဲ့ဝိုင်ပေးခိုင်းလို့လဲ? မင်းဝိုင်သိမ်းထားပါ... မင်းလည်းအရွယ်ရနေပြီ... ဒေါက်တာထန်ကိုလက်ထပ်ချင်ရင်တောင် အနည်းဆုံးတော့ ကလေးတစ်ယောက်ရမှဖြစ်မယ်... အဲဒီဝိုင်က မင်းအတွက်အသုံးတည့်လိမ့်မယ်''

လီခိုင်စိတ်လှုပ်ရှားသွားသည်။

ဘိုးတော်က သူ့ကိုဂရုစိုက်တုန်းပဲ။

ဒါပေမဲ့ ဒါ ဝိုင်နှစ်ပုလင်းကို လီရှင်းညာယူသွားတယ်ဆိုတဲ့သဘောမလား?

ဘိုးတော်က သူ့ကိုဝိုင်တောင်မတောင်းဘူး။

ပြီးတော့ လီရှင်းက သူ့ကိုခြိမ်းခြောက်ဖို့ ရှိုးဝမ်ကိုတောင်အသုံးချသေးတယ်။

ဒါ သူ့တူတဲ့။

ဘိုးတော်က လူမှန်၊ ဒီကောင်က လူလိမ်။

ထိုအကြောင်းတွေးရင်း သူကဘိုးတော်အား_

''အဖေ... လီရှင်းပြန်တော့ အဖေ့အတွက် ချင်းလင်ဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းပေးခိုင်းလိုက်တာ... သူ့ဆီကယူဖို့မမေ့နဲ့နော်... ဒါနဲ့ သူ့မှာတစ်ပုလင်းရှိသေးတယ်... သူက ကလေးနှစ်​ယောက်ရနေပြီ... သူ့အတွက်မလိုတော့ဘူး... အဖေကအရွယ်ရနေပြီဆိုတော့ များများအားဖြည့်သင့်တယ်''

''မင်းဆိုတဲ့ကလေးကတော့... အရင်ကဒီလောက်သိတတ်တာ မှားမှန်းမသိသေးဘူးလား? လီရှင်းပြန်လာတာပဲကြာနေပြီ... ဒါပေမဲ့ ဘာဝိုင်မှလာမပေးဘူး... အဲဒီကောင်စုတ်လေးက ငါ့ဝိုင်တွေအချောင်လိုချင်နေတာ''

ဘိုးတော်က လီခိုင်ကိုစကားပြောချိန်မပေးဘဲ ဆဲရေးပြီးဖုန်းချသွားသည်။

မင်မြို့တော်_

လီရှင်းကဖုန်းချပြီးနောက် သူ့အခန်းထဲအမြန်ပြေးပြီး အိပ်ရာအောက်မှဝိုင်ထည့်သောသေတ္တာတစ်လုံးထုတ်လိုက်သည်။

ဝိုင်သိုလှောင်ခန်းထဲကဝိုင်ပုလင်းတွေကို ဘိုးတော်သိမ်းသွားပြီးပြီ။ ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို ဝိုင်သိုလှောင်ခန်းထဲတောင်မထားရဲတော့။ ဉာဏ်များတဲ့ယုန်လေးနဲ့တွင်းသုံးတွင်းတဲ့။ ဒီအိပ်ရာအောက်ကဝိုင်သေတ္တာက တစ်တွင်းပေါ့။

ဒါပေမဲ့ တစ်ခုခုတော့မှားနေပြီ။ ဘာလို့ သူ့ဦးလေးဖုန်းဆက်တာက စကားနှိုက်နေသလိုခံစားရတာလဲ?

လီရှင်းတွေးတောနေစဉ် ဖုန်းမြည်လာပြန်သည်။

သူ့အဘိုးနံပါတ်ဖြစ်နေသောကြောင့် တုံ့ဆိုင်းမနေရဲ။ အမြန်ဖုန်းကိုင်လိုက်သည်။

ဖုန်းကိုင်ကိုင်ချင်း တစ်ဖက်မှသူ့အဘိုးအသံက ကျားဟိန်းသံလိုထွက်လာသည်_

''မင်းဆိုတဲ့ကောင်စုတ်က ငါ့ဝိုင်တွေကိုခိုးရဲတာလား? မင်းဦးလေးပေးလိုက်တဲ့ဝိုင်နှစ်ပုလင်းပေးစမ်း... မင်းအတွက်က တစ်ပုလင်းရှိတယ်မလား? မင်းအသက်နဲ့ ကလေးနှစ်ယောက်အဖေဖြစ်နေပြီ... ထိန်းထိန်းသိမ်းသိမ်းနေတော့... ငါလိုအဘိုးကြီးက ပိုပြီးအာဟာရဖြစ်ဖို့လိုတာကွ''

''ဟဲ ဟဲ!''

ထိုစကားကြားပြီး လီရှင်းကြောင်သွားသည်။

သော*က်!

…

ချင်းလင်စံအိမ်_

ချင်လင်ရုံးခန်းထဲတွင် လီခိုင်ကဒေါသတကြီးဖုန်းချပြီး_

''ညီလေးချင်... ငါ့အသက်အရွယ်နဲ့လွယ်တယ်ထင်လား? နဂိုကတည်းက ငါ့ကိုယ်ကိုယ်အားဖြည့်ဖို့ဝိုင်လိုနေတာ... ဒါပေမဲ့ ငါ့တူအစုတ်အပျက်က ငါ့ဝိုင်တွေသမသွားမယ်လို့ ဘယ်ထင်မလဲ... ငါ့အတွက်လွယ်တယ်ထင်လို့လား?''

နောက်ဆုံးတော့ လီခိုင်က သနားစရာပုံဖမ်းနေပြီ။

ချင်လင်က ချက်ချင်းပြောလိုက်သည်_

''အစ်ကိုလီ... စိတ်အေးအေးထားပါ... ကျွန်တော့်မှာ ဝိုင်ရှိပါတယ်... ခင်ဗျားက သုတေသနအောင်မြင်ထားတာပဲ... အောင်ပွဲခံတဲ့အနေနဲ့ ခင်ဗျားကိုတစ်ပုလင်းပေးမယ်''

လီခိုင်က သူ့စကားကြားကြားချင်း_

''ညီလေးချင်... မင်းက ငါ့ညီ... ငါတို့ကမှ မိသားစုအစစ်... မင်းနဲ့လီရှင်း ရေထဲအတူတူကျသွားလို့ တစ်ယောက်ပဲကယ်နိုင်မယ်ဆိုရင် သေချာပေါက် ငါမင်းကိုပဲကယ်မှာ''

''မလုပ်ပါနဲ့! ကျွန်တော်ရေကူးတတ်တယ်!''

ချင်လင်ခေါင်းခါလိုက်သည်။

ဒီတူဝရီးက အချင်းချင်းလှည့်နေကြတာပဲ။ ပထမဆုံးသူတို့ဆုံကတည်းက အချင်းချင်းလှည့်ချနေကြတာ သူသတိရမိသည်။

ချင်လင်စကားနားထောင်ပြီး လီခိုင်ကြောင်သွားသည်_

''ညီလေးချင်... ရင်ထဲထိသွားတဲ့ပုံလုပ်လေကွာ! လီရှင်းက ငါ့တူနော်... သူမင်းနဲ့ရေထဲအတူတူကျသွားရင်တောင် ငါကအရင်ဆုံး မင်းကိုကယ်မှာလေ''

''ဒါပေမဲ့ ကျွန်တော်တကယ်ရေကူးတတ်တယ်''

ချင်လင်ကရယ်ပြီး စလိုက်သည်။

ရုတ်တရက် လီခိုင်မှာစကားမဆက်တတ်တော့။ ဒီညီလေးချင်က သူ့ကိုရေမကူးတတ်ဘူးထင်နေတာလား?

သူတို့နှစ်ဦးစကားပြောနေစဉ် ချင်လင်၏ဖုန်းမြည်လာသည်။ ကောင်းယောင်ယောင်ပင်။

သူကဖုန်းကိုင်မည်ကိုနှိပ်လိုက်ရာ ကောင်းယောင်ယောင်အသံကြားရသည်_

''သူဌေး... လူတစ်ယောက် လာရှာနေပါတယ်... တရုတ်တိုင်းရင်းဆေးမိသားစုကလို့ပြောတယ်... ချင်းလင်ဆေးဖက်ဝင်ဝိုင်လုပ်နည်းကိုအလဲအလှယ်လုပ်ချင်လို့တဲ့''

''အခြေအနေက?''

ချင်လင်က ဇဝေဇဝါနှင့်မေးလိုက်သည်။

''ကျွန်မ မသိဘူး''

ကောင်းယောင်​ယောင်က စိတ်ပျက်ပျက်နှင့်_

''စားပွဲထိုးတစ်ယောက်ကို သူဌေးနဲ့တွေ့ချင်တယ်ချည်းပဲပြောနေလို့ ကျွန်မဖုန်းဆက်လိုက်ရတာ''

''ခေါ်လာခဲ့လိုက်ပါ!''

ချင်လင်ကမျက်မှောင်ကြုတ်ပြီး ဖုန်းချလိုက်သည်။

''ဘာဖြစ်လို့လဲ ညီလေးချင်?''

လီခိုင်က ဇဝေဇဝါနှင့်မေးသည်။

''တရုတ်တိုင်းရင်းဆေးမိသားစုကတဲ့''

ချင်လင်ကရှင်းပြလိုက်သည်_

''ချင်းလင်ဆေးဖက်ဝင်ဝိုင်လုပ်နည်းကိုအလဲအလှယ်လုပ်ချင်တာ''

''မင်းပြောဖူးတဲ့ ဟိုအဆက်အသွယ်ရှိတဲ့တစ်ယောက်လား?''

လီခိုင်က တအံ့တဩမေးလိုက်သည်။

ရှန်းရွှေကလူတစ်ယောက် ရှန်းရွှေလက်ဆောင်ဆန်နှင့်ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုလာလဲသည်ဟု ညီလေးချင်ပြောဖူးတာ သူမှတ်မိသည်။ အဲဒီအချိန် သူနှင့်လီရှင်းက ကုန်သွယ်ဖို့အထူးအဆက်အသွယ်ရှိမှန်းသိလိုက်သည်။

နောက်ပြီး ဒီအဆက်အသွယ်က လီမိသားစုအဆင့်အတန်းနှင့်တောင် အဆက်အစပ်မရှိချေ။

တစ်ယောက်ယောက်တော့ တံခါးဝရောက်လာပြန်ပြီဟု သူထင်သည်။

''ဟုတ်လိမ့်မယ်?''

လီခိုင်၏အတွေးကိုနားထောင်ပြီး ချင်လင်ခဏကြောင်သွားသည်။ ဒီအဆက်အသွယ်ဆိုတာကို ဖန်တီးခဲ့တာ သူပဲ။

ဒီလိုအဆက်အသွယ်မျိုး တကယ်ရှိတာလား?

ချင်လင်ကတွေးတောနေစဉ် ရုတ်တရက်အံ့ဩသွားသည်။ သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်ရာ ရုတ်တရက်ဇာတ်ကွက်တာဝန်ရောက်လာသောကြောင့် မယုံနိုင်အောင်ဖြစ်သွားသည်။

ကုတ်အင်္ကျီအဖြူနှင့်လူတစ်ယောက် စိုက်ပျိုးရေးခြံပေါက်တွင်ပေါ်လာသည်။

ဒါမွေးမြူရေးခြံက ဒေါက်တာ Dott မလား?

ဘာတွေဖြစ်နေတာလဲ?

ဒါမတိုက်ဆိုင်လွန်းဘူးလား?

အပြင်မှာ တရုတ်တိုင်းရင်းဆေးမိသားစုကဆိုသောတစ်ယောက်က လာရှာသည်။ ဂိမ်းထဲမှာလည်း ဒေါက်တာက သူ့ကိုလာရှာသတဲ့။



All Chapters