← Chapters

Dott ရဲ့အထူးစွမ်းရည်၊ ဂိမ်းအသစ်လား?

Vol. 40 Ch. 588

Dott ရဲ့အထူးစွမ်းရည်၊ ဂိမ်းအသစ်လား?

Vol. 40 Ch. 588

ချင်လင်ကချက်ချင်း သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ပြီး သူ့ဂိမ်းဇာတ်ကောင်ကို ဒေါက်တာ Dott ဆီသွားစေလိုက်သည်။

ဂိမ်းဖွဲ့စည်းပုံအရ ဒေါက်တာ Dott မှာ သတ္တုမြို့တော်တွင် ကြည့်အကောင်းဆုံးအမျိုးသားတစ်ဦးဖြစ်သည်။ ထက်မြက်သောဆေးပညာနှင့် အလွန်ငယ်ရွယ်ပြီးအလားအလာရှိသူဖြစ်သည်။

စိုက်ပျိုးမွေးမြူရေးခြံပုံပြင်အမျိုးသမီးပုံစံထဲတွင် ဒေါက်တာ Dott အကြိမ်ကြိမ်လက်ထပ်ရသည်ထင်သည်။

မေထုန်မှုတွင်သာယာသော ဒေါက်တာတစ်ဦးပင်။

(မင်္ဂလာပါ... မြို့တော်ဝန်သောမတ်ဆီကသတင်းကြားထားတယ်... သင်ကအမြဲကူညီတတ်ပြီး နတ်ဘုရားမတောင်မှာပစ္စည်းစုဆောင်းလေ့ရှိသူတဲ့... အခု သတ္တုမြို့တော်မှာ တုပ်ကွေးတစ်မျိုးဖြစ်နေတယ်... သာမန်ဆေးဝါးနဲ့ကုသလို့မရနိုင်ဘူး!

နတ်ဘုရားမတောင်တောနက်ထဲက ဆေးပင်တချို့ကိုလိုနေတယ်... ဒါပေမဲ့ ဒီလူနာတွေရဲ့လည်ချောင်းကို ဂွမ်းနဲ့စစ်ဆေးရဦးမှာဆိုတော့ ဆေးပင်ခူးပေးမယ့်သူလိုတယ်)

(ကျေးဇူးတင်တဲ့အနေနဲ့ အထူးလက်ဆောင်ရပါမယ်!)

စကားပြောကိုမြင်ပြီး ချင်လင်ခဏကြောင်နေသည်။

ဂိမ်းထဲမှာ စစ်ဆေးဖို့ လည်ချောင်းကိုဂွမ်းနဲ့တို့လား?

ဒါပေမဲ့ ဇာတ်ကွက်တာဝန်ပေါ်လာပြီဆိုမှတော့ သေချာပေါက် ဆုကရမည်။

တာဝန်ကိုလက်ခံပြီးနောက် ဒေါက်တာ Dott ထွက်သွားပြီး သူ့ဇာတ်ကောင်ခေါင်းပေါ်တွင် အထူးတာဝန်အမှတ်အသားပေါ်လာသည်။

ဒီလိုအထူးတာဝန်ဖော်ပြထားရင် သတ်မှတ်ထားသောနေရာရောက်သောအခါ စုဆောင်းရမည့်ပစ္စည်းများကိုမြင်နိုင်သည်။ ပုံမှန်အခြေအနေအတိုင်းဆို ဒီအထူးပစ္စည်းများပေါ်လာမည်မဟုတ်ပေ။

ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်ကို ဇာတ်ကွက်တာဝန်လတ်စသတ်ရန် နတ်ဘုရားမတောင်သွားစေမည်အပြုတွင် တံခါးခေါက်သံကြားလိုက်ရသည်။ ကောင်းယောင်ယောင်က မသတီစရာပုံပေါက်နေသောသက်လတ်ပိုင်းအမျိုးသားတစ်ဦးနှင့်အတူလျှောက်ဝင်လာသည်။

သက်လတ်ပိုင်းအမျိုးသား၏မျက်လုံးများက အိန္ဒြေမရ။ တရုတ်တိုင်းရင်းဆေးမိသားစုကလူနှင့်လုံးဝမတူဘဲ လမ်းသရဲပုံပေါက်နေသည်။

ကောင်းယောင်ယောင်က ရုံးခန်းထဲဝင်လာပြီး ချင်လင်အား_

''သူဌေး... ဒါချင်းလင်ဆေးဖက်ဝင်ဝိုင်နဲ့အလဲအလှယ်လုပ်ချင်တယ်တဲ့ဆိုတဲ့လူကြီးမင်းပါ''

သက်လတ်ပိုင်းအမျိုးသားက ချင်လင်ကိုတအံ့တဩကြည့်လိုက်သည်။

ချင်းလင်စံအိမ်ပိုင်ရှင်က ငယ်လိုက်တာ။

ထို့နောက် လီခိုင်ကိုကြည့်ပြီး နာမည်ကျော်ပါမောက္ခလီခိုင်မှန်း မှတ်မိသည်။

သက်လတ်ပိုင်းအမျိုးသားကတုံ့ဆိုင်းမနေဘဲ သူ့ကိုယ်သူမိတ်ဆက်လိုက်သည်_

''မင်္ဂလာပါ လူကြီးမင်း... ကျုပ်က ကျင်းတမင်ပါ... တော်ဝင်သမားတော်မျိုးရိုးရှိပါတယ်... ကျုပ်အဘိုးက နာမည်ကြီးတရုတ်တိုင်းရင်းဆေးသမားတော်ပါ... သူက ကျုပ်အတွက် တရုတ်တိုင်းရင်းဆေးနည်းတစ်ခုထားခဲ့ပါတယ်... အဲဒီဆေးနည်းနဲ့ ခင်ဗျားဆီကချင်းလင်ဆေးဖက်ဝင်ဝိုင် ၅ ပုလင်းနဲ့လဲချင်တာပါ''

ချင်လင်ကနားထောင်ရင်း ကျင်းတမင်ကိုထူးထူးဆန်းဆန်းကြည့်လိုက်သည်။

လမ်းသရဲပုံပေါက်နေတဲ့လူက ရုတ်တရက်လာပြီး တရုတ်တိုင်းရင်းဆေးနည်းနဲ့ ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုလဲချင်တယ်ဆိုပဲ။ ထူးတော့ ထူးဆန်းနေပြီ။

လီခိုင်က သူ့ခန့်မှန်းချက်လွဲပြီဟုထင်လိုက်သည်။

သူ့ကိုလာရှာတာ အထူးအဆက်အသွယ်ရှိတဲ့သူမဟုတ်ဘဲ လူလိမ်တစ်ယောက်ပဲ။

ကျင်းတမင်က ဘာမှန်းမသိသောပစ္စည်းနှင့်လုပ်ထားသော ခပ်နွမ်းနွမ်းစာရွက်အထူကိုအမြန်ထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်_

''ဒါကျုပ်အဘိုးထားခဲ့တဲ့တရုတ်တိုင်းရင်းဆေးနည်း... တခြားတရုတ်တိုင်းရင်းဆေးမိသားစုတွေကိုရောင်းခဲ့ပြီးပြီ... သူတို့အကုန် ဒီနည်းကိုအသုံးတည့်တယ်လို့ထင်ကြတယ်... လူကြီးမင်း... ခင်ဗျားက ချင်းလင်ဆေးဖက်ဝင်ဝိုင်လုပ်နိုင်တယ်ဆိုမှတော့ တရုတ်တိုင်းရင်းဆေးကိုသုတေသနအများကြီးလုပ်ထားမှာပါ... ကျုပ်က ဒီဆေးနည်းကို ချင်းလင်ဆေးဖက်ဝင်ဝိုင် ၅ ပုလင်းနဲ့လဲမယ်''

ကျင်းတမင်ကပြောပြီးနောက် မျှော်လင့်သောအကြည့်နှင့်ကြည့်လိုက်သည်။

သူ့စကားတွေက အမှန်တဝက် မုသားတဝက်။

သူ့အဘိုးက တကယ်နာမည်ကျော်တရုတ်တိုင်းရင်းဆေးသမားတော်ဖြစ်ပြီး ဒီဆေးနည်းကိုအမှန်ပင်ချန်ထားခဲ့သည်။ တရုတ်တိုင်းရင်းဆေးမိသားစုတစ်စုကိုအမှန်တကယ်ရောင်းခဲ့သည်ဆိုသော်လည်း တကယ်တော့ ထိုမိသားစုတွင် ဆေးခန်းဖွင့်ထားသောတရုတ်တိုင်းရင်းဆေးဆရာတစ်ယောက်သာရှိသည်။ မိသားစုကကြည့်တောင်မကြည့်ဘဲ ယွမ် ၁၀၀၀ ပေးလိုက်သည်။

သူပိုက်ဆံပြတ်နေ၍ တရုတ်တိုင်းရင်းဆေးနည်းကို ယွမ် ၁၀၀၀ တည်းနှင့်ရောင်းစားခဲ့သည်။ မရှိတာထက်စာရင် တော်သေးသည်။

ဒီတစ်ခါ သူ့မှာတကယ်ရွေးချယ်စရာမရှိ။ ငွေတိုးချေးသမားထံတွင် ယွမ် ၁၅၀၀၀၀ အကြွေးတင်နေသည်။ ပြန်မပေးနိုင်ရင် လုံးဝဒုက္ခရောက်လိမ့်မည်။ တစ်ဖက်လူ သူ့ကိုဖမ်းမိစဉ်က အလွန်ချမ်းသာသောတစ်ဖက်လူ၏ယောက်ဖက ချင်းလင်ဆေးဖက်ဝင်ဝိုင်အကြောင်းပြောတာ အမှတ်တမဲ့ကြားလိုက်သည်။

ဒီလိုဝိုင်တစ်ပုလင်းကို မင်မြို့တော်မှာ ယွမ် ၁၅၀၀၀၀ ကျော်နှင့်ရောင်းခဲ့သည်တဲ့။ ချင်းလင်စံအိမ်သွားပြီး ဆေးဖက်ဝင်ဝိုင်တောင်းသော မင်မြို့တော်မှလူချမ်းသာများလည်းရှိသည်။ သို့သော် အများစုက ချင်းလင်စံအိမ်တွင် ခေါက်ဆွဲခြောက်တောင်မတွေ့ခဲ့။

အထူးသဖြင့် ဒီဆေးဖက်ဝင်ဝိုင်ရှိတဲ့လူရှေ့မှာ သူဌေးတွေတောင် အဆောတလျင်မလုပ်ရဲ။ ကိုယ့်ကိုမတွေ့ချင်ဘူး ဒါမှမဟုတ် ဝိုင်မရောင်းချင်ဘူးဆိုမှဖြင့် စိတ်ပျက်လက်ပျက်ပြန်လာရလိမ့်မည်။

မဟုတ်ရင် လီမိသားစုနှင့်ဝေ့မိသားစုက ဘယ်လိုပြုမူရမလဲ သင်ပေးလိမ့်မည်။

မင်မြို့တော်တွင် လီမိသားစုနှင့်ချင်းလင်စံအိမ်ပိုင်ရှင်က ဆက်ဆံရေးကောင်းမှန်း လူတိုင်းသိကြသည်။ သူနှင့်ပါမောက္ခလီခိုင်က နှစ်ကိုယ့်တစ်စိတ်လိုရင်းနှီးနေကြသည်။

ထို့အပြင် မင်မြို့တော်ဝေ့မိသားစုက ချင်းလင်စံအိမ်ကိုကျေးဇူးကြွေးတင်နေသည်ဟုလည်း ကောလာဟလထွက်နေသည်။

ချင်းလင်စံအိမ်နဲ့ဘယ်သူရှုပ်ရဲမှာလဲ?

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်နှစ်ယောက်မရှိရင်တောင် အတော်များများကို ဒုက္ခပေးနိုင်သေးသည်။ လတ်တလော ဥက္ကဌလျိုက လူချမ်းသာအသိုင်းအဝိုင်းထဲမှာ ချင်းလင်စံအိမ်ပိုင်ရှင်အပေါ်ကျေးဇူးကြွေးတင်နေသလိုလို တဖွဖွပြောတတ်တာဆိုမပြောနှင့်တော့။

နောက်ပြီး ချင်းလင်စံအိမ်ပိုင်ရှင်က သူ့ကိုယ်ပိုင်လုပ်ငန်းအပြင် ချင်းလင်ဓာတ်ခွဲခန်းနှင့်ချင်းလင်အစားအသောက်ကုမ္ပဏီကလည်း သေးသေးမဟုတ်။

သူ့ကိုရန်စရဲတဲ့သူက စိတ်လွတ်နေတာဖြစ်မည်။

ကျင်းတမင်မှာ ရွေးချယ်စရာမရှိသောကြောင့် ချင်းလင်ဆေးဖက်ဝိုင်တစ်ပုလင်းယူလာပြီး အကြွေးချေပေးပါမည်ဟု အကြွေးရှင်ကိုကတိပေးထား၍ ချင်းလင်စံအိမ်ရောက်လာရသည်။

၅ ပုလင်းတောင်းပြီး ကျန် ၄ ပုလင်းနှင့်ဝင်ငွေရှာမည်။ အဲဒါရောင်းလိုက်ရင် အပို ၆၀၀၀၀၀ ရပြီ။

ချင်လင်နှင့်လီခိုင်က အချင်းချင်းကြည့်လိုက်ကြသည်။ သူပြောလေလေ လူလိမ်ပုံပိုပေါက်လေလေပင်။

လီခိုင်က ကျင်းတမင်ကိုတအံ့တဩကြည့်လိုက်သည်။

ချင်းလင်ဆေးဖက်ဝင်ဝိုင် ၅ ပုလင်းတောင်းတာတဲ့။ တွေးလည်းတွေးရဲတယ်။

သို့ရာတွင် ထိုဘာမှန်းမသိသောပစ္စည်းနှင့်လုပ်ထားသောခပ်နွမ်းနွမ်းစာရွက်အထူကိုကောက်ကြည့်လိုက်သေးသည်_

''အားလုံးကဆေးပင်နာမည်တွေ... တချို့ဟာတွေက နည်းနည်းထူးဆန်းတယ်... ငါနားမလည်ဘူး... ဒီစာရွက်က ထူးထူးခြားခြားပစ္စည်းနဲ့လုပ်ထားတာ... အတော်ဟောင်းနေပြီ''

''ဟောင်းတာပေါ့... နှစ်ပေါင်းများစွာလက်ဆင့်ကမ်းလာတဲ့တရုတ်တိုင်းရင်းဆေးမိသားစုကလေ''

ကျင်းတမင်က ချက်ချင်းပြောလိုက်သည်။

ကျင်းတမင်ကိုလူလိမ်ဟုထင်သော်လည်း ချင်လင်က စာရွက်ထူထူကိုယူကြည့်လိုက်သေးသည်။ ထို့နောက် ကျင်းတမင်အား_

''ခင်ဗျားရဲ့လျှို့ဝှက်ဆေးနည်းကိုတစ်ချက်ကြည့်မယ်... ကျွန်တော်ပြန်လာရင် ခင်ဗျားနဲ့စကားပြောမယ်... အစ်ကိုလီ ကျွန်တော့်အစား သူ့ကိုဧည့်ခံပေးထားပါဦး''



All Chapters