← Chapters

Dott ရဲ့အထူးစွမ်းရည်၊ ဂိမ်းအသစ်လား? ၂

Vol. 40 Ch. 589

Dott ရဲ့အထူးစွမ်းရည်၊ ဂိမ်းအသစ်လား? ၂

Vol. 40 Ch. 589

ထိုစကားကြောင့် ကျင်းတမင်တုံ့ဆိုင်းဆိုင်းဖြစ်သွားပြီး_

''ဒါ ဒါ...''

လီခိုင်ကသိပြီး ငေါ့လိုက်သည်_

''အဲဒီပုံစံကဘာလဲ? ငါ့ညီလေးချင်က မင်းရဲ့လျှို့ဝှက်နည်းကိုငမ်းငမ်းတက်ဖြစ်နေမယ်ထင်လို့လား?''

''မလုပ်ရဲပါဘူး... မလုပ်ရဲပါဘူး!''

ကျင်းတမင်ကချက်ချင်းခေါင်းခါလိုက်သည်။ ပါမောက္ခလီက မင်မြို့တော်လီမိသားစုရဲ့သခင်လေးမှန်း သူသိသည်။

သို့သော် ချင်းလင်စံအိမ်ပိုင်ရှင်က လျှို့ဝှက်နည်းစစ်မစစ်အတည်ပြုပြီးမှ သူ့ကိုဝိုင်မပေးမှာစိုးသည်။

သူယွမ် ၁၀၀၀ နှင့်ရောင်းလိုက်သော တရုတ်တိုင်းရင်းဆေးဆရာက သူ့ဆေးနည်းကိုတန်ဖိုးမရှိဟုပြောလိုက်သည်။

ချင်လင်က ရုံးခန်းအပြင်ထွက်လာသည်။

ဒီလျှို့ဝှက်ဆေးနည်းက အတုလား၊အစစ်လားမသိသော်လည်း အတုဖြစ်ဖို့များသည်။ ဒီကျင်းတမင်ပုံကြည့်ရတာ လူလိမ်နှင့်အတော်တူသည်။

သို့သော် အတုအစစ်ကို သူမခွဲခြားနိုင်။ ထို့ကြောင့် တစ်နည်းသာရှိသည်။ ဂိမ်းထဲယူသွားပြီး မှတ်ချက်ကြည့်ဖို့ပင်။

ချင်လင်က စာရွက်ထူကိုင်ပြီး ရုံးခန်းတဝိုက် လွတ်နေသောအခန်းထဲဝင်ကာ အထဲမှသော့ခတ်လိုက်သည်။ ထို့နောက် အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။

ဂိမ်းစိုက်ပျိုးမွေးမြူရေးခြံရောက်သောအခါ ချင်လင်က စာရွက်ထူမှတ်ချက်ကိုကြည့်လိုက်သည်:

(အမည်မသိတရုတ်တိုင်းရင်းဆေးနည်း: မပြည့်စုံ!)

(အမည်မသိမပြည့်စုံသောတရုတ်တိုင်းရင်းဆေးနည်းဖြစ်သည်။ ဆေးနည်းက အတော်အသုံးတည့်ပုံရသော်လည်း မပြည့်စုံတာနှမြောစရာကောင်းသည်။ မြို့တော်ဒေါက်တာ Dott မှာ ဆေးပညာအရည်အချင်းရှိသည်။ သူ့ကိုရှာပြီး ဆေးနည်းပြန်ပြင်ကြည့်နိုင်သည်။ သို့သော် အရင်ဆုံး သူပေးသောတာဝန်ကိုအပြီးသတ်ရမည်!)

မှတ်ချက်ကြည့်ပြီး ချင်လင်အံ့ဩသွားသည်။

မှတ်ချက်က ဒီလျှို့ဝှက်ဆေးနည်းမှာ အာနိသင်ကောင်းရှိပုံရသည်ဆိုတော့ အသုံးဝင်တယ်ဆိုတဲ့သဘောပေါ့။ ဒါပေမဲ့ ဆေးနည်းကမပြည့်စုံသေး၊ ဒီဆေးပစ္စည်းတွေနဲ့ကျိုတဲ့ဆေးရည်က အသုံးမတည့်ဖြစ်နေဦးမည်။

သို့ရာတွင် ဒီအတွက် နည်းအသစ်ရှာရမည်ထင်သည်။

ဒီမပြည့်စုံသေးတဲ့ဆေးနည်းကို ဒေါက်တာ Dott ကပြင်ပေးနိုင်လိမ့်မည်။

တကယ်လို့ အောင်မြင်ရင် ပြီးပြည့်စုံတဲ့ဆေးနည်းကိုရပြီမလား? ဒါဆိုရင်တော့ အံ့ဩစရာကောင်းပြီ။

တစ်နည်းပြောရရင် ဒီကျင်းတမင်က လူလိမ်လုံးလုံးတော့မဟုတ်။ အနည်းဆုံးတော့ ဒီဆေးနည်းက တစ်နည်းတဖုံအသုံးတည့်သေးသည်။

ထိုအတွေးနှင့် ချင်လင်ကဂိမ်းထဲမှထွက်ပြီး စာရွက်ထူနှင့်ရုံးခန်းထဲပြန်လာသည်။

လီခိုင်က ကျင်းတမင်အတွက် လက်ဖက်ရည်နှပ်နေသည်။ သို့ရာတွင် ကျင်းတမင်က လီခိုင်ကြောင့် နည်းနည်းအနေကြပ်ပြီး စိတ်လှုပ်ရှားနေ၏။

သူကရိုးရိုးလက်ဖက်ခြောက်ပဲနှပ်သည်။

ကျင်းတမင်လိုလူကို အရည်အသွေး ၂ သဘာဝအူလုံနဲ့ဧည့်ခံရင် ဖြုန်းတီးရာမကျဘူးလား?

''ညီလေးချင်... ဒီလောက်မြန်မြန်နဲ့အတည်ပြုပြီးပြီလား?''

ချင်လင်အမြန်ပြန်ရောက်လာသောကြောင့် လီခိုင်ကအံ့ဩပြီးမေးလိုက်သည်။

''အခုပဲ လေ့လာပြီးပြီ... အဲလောက်မခက်ပါဘူး''

ချင်လင်က အလိုက်သင့်ပြောလိုက်သည်။

လီခိုင်က လုံးဝသံသယမရှိ။ ဘာပဲဖြစ်ဖြစ် ညီလေးချင်က ဒီလိုအာနိသင်ရှိတဲ့ဆေးဖက်ဝင်ဝိုင်တွေကိုရောစပ်ဖော်နေမှတော့ တရုတ်တိုင်းရင်းဆေးနဲ့ပတ်သက်ပြီး ဗဟုသုတရှိရမည်။ ဆေးနည်းကိုအကြမ်းဖျင်းခွဲခြားဖို့ သူ့အတွက်ပြဿနာမရှိလောက်။

ဒါပေမဲ့ အပြင်ထွက်သွားတယ်ဆိုတော့ သူများမသိအောင်ဖုံးကွယ်ထားသော အထူးနည်းလမ်းဖြစ်မည်။ ထို့ကြောင့် သူမစပ်စုတော့။

ကျင်းတမင်ကမအောင့်နိုင်တော့ဘဲ ချင်လင်အား_

''ဆရာ... ဘယ်လိုလဲ... ဒီဆေးနည်းနဲ့လဲမှာလား?''

ချင်လင်က ကျင်းတမင်ကိုကြည့်ပြီး ဟိတ်ဟန်နှင့်ပြောလိုက်သည်_

''လူကြီးမင်းကျင်း... ဆေးနည်းကဘယ်လိုလဲဆိုတာ ခင်ဗျားက ကျွန်တော့်ထက်ပိုသိမှာပါ... ချင်းလင်ဆေးဖက်ဝင်ဝိုင် ၅ ပုလင်းက နည်းနည်းများတယ်''

သူကဆေးနည်းယူပြီး ဒေါက်တာ Dott ပြင်ပေးနိုင်မလားသိချင်သည်။ သို့သော် လက်တွေ့ဘဝမှာ ဆေးနည်းက မပြည့်စုံ၊အသုံးမဝင်သေး။

ချက်ချင်းကြီးသဘောတူပြီး ဆေးနည်းကအရမ်းကောင်းတယ်လို့လည်း တစ်ဖက်လူကိုမထင်စေချင်။ ပြီးရင် သူကအခွင့်အရေးယူပြီး တန်ဖိုးမြှင့်လာလိမ့်မည်။

မယုံမရှိနှင့်။ ဒီလိုလူတွေ သေချာပေါက်ရှိသည်။

ကျင်းတမင်မှာ ဆေးနည်းကဘယ်လိုလဲသိထားသောကြောင့် ချင်လင်စကားကြားပြီး နည်းနည်းစိတ်ပူသွားသည်။ အရင်တရုတ်တိုင်းရင်းဆေးဆရာက ယွမ် ၁၀၀၀ တည်းပေးသည်။

ချင်လင်စိတ်မပြောင်းရင် သူ့အကြွေးမကျေမှာလည်းစိုးသည်။ ဒါဆိုရင် သူ့ဘဝတော့ အဆုံးသတ်ပြီ။ ထို့ကြောင့် သူကအလောတကြီးနှင့်_

''လူကြီးမင်း... ချင်းလင်ဆေးဖက်ဝင်ဝိုင် ၅ ပုလင်းက နည်းနည်းများမှန်းသိပါတယ်... သုံးပုလင်းဆိုရင်ရော? သုံးပုလင်းဆိုဖြစ်တယ်''

သို့သော် ချင်လင်၏ပြုံးတုံ့တုံ့မျက်နှာကိုကြည့်ရင်း အမြန်ပြောင်းပြောလိုက်သည်_

''နှစ်ပုလင်း... နှစ်ပုလင်းဆိုဖြစ်တယ်''

ဒါနောက်ဆုံးအားထုတ်ခြင်းပဲ။

နှစ်လုံးရတယ်ဆိုရင် တစ်လုံးကိုအကြွေးဆပ်ပြီး နောက်တစ်လုံးကို ယွမ် ၁၅၀၀၀၀ နှင့်ရောင်းမည်။ ယွမ် ၁၅၀၀၀၀ ကိုသုံးပြီး ခွေးဘဝမှသူဌေးဖြစ်နိုင်သေးသည်။

လုံးဝအလုပ်မဖြစ်ရင်တော့ တစ်ပုလင်းပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အကြွေးကျေရမည်။

ချင်လင်က ချင်းလင်ဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းလောက်ကိုဂရုမစိုက်သဖြင့်_

''ကောင်းပြီလေ... ဒါဆိုရင် ချင်းလင်ဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းပေါ့... ဒါပေမဲ့ ချင်းလင်ဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းရဲ့တန်ဖိုးက မနည်းဘူး... ကျွန်တော်တို့စာချုပ်ချုပ်ဖို့လိုတယ်''

''ကောင်းပါပြီ... ကောင်းပါပြီ... စာချုပ်ချုပ်ကြတာပေါ့''

ကျင်းတမင်က သိပ်တွေးတောမနေ။ ဝိုင်နဲ့လဲမပေးမှာဘဲစိုးသည်။

ချင်လင်လည်း ချူဖုန်းကိုဖုန်းဆက်လိုက်သည်။

စီနီယာအစ်ကိုချူမှာ အပန်းဖြေလာရာမှပြန်ရတော့မည်ဖြစ်သော်လည်း ဟွမ်ရှင်းကုမ္ပဏီဥပဒေကိစ္စကိုဖြေရှင်းရန် ယာယီနေရစ်သည်။

ပုံမှန်အတိုင်းဆို ဥပဒေကုမ္ပဏီကိုပြန်ပြီး ဒီလိုကိစ္စမျိုးကို Email မှတဆင့်လုပ်ဆောင်သည်။ သို့ရာတွင် ချင်လင်နှင့်ဆက်ဆံရေးကြောင့်တစ်ကြောင်း၊ ဟွမ်ရှင်းနှင့်ဦးနှောက်မရှိသောလောင်းကစားနိုင်ထားသောကြောင့်တစ်ကြောင်း၊ ဒီကိစ္စကို မိတ်ဖြစ်ဆွေဖြစ်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသည်။

ချူဖုန်းက ချင်လင်ရုံးခန်းရောက်လာသည်။ အကြောင်းရင်းကိုသိပြီးနောက် လက်တော့ပ်ထုတ်ပြီး အလုပ်စသည်။ ဒီလိုသီးသန့်အဝယ်စာချုပ်မျိုးက ပုံစံရှိပြီးဖြစ်၍မခက်။

သို့ရာတွင် ချင်လင်၏ရှေ့နေအနေနှင့် ချင်လင်အတွက်အကျိုးရှိသော သတိထားစရာတချို့ကို ထပ်ရေးထည့်ရသည်။

ချင်လင်က ဒီဆေးနည်းကိုဝယ်မှတော့ အသုံးတည့်၍ဖြစ်မည်။ ရှေ့လျှောက် တစ်ဖက်ကမလှည့်စားဘူးဆိုတာ ဘယ်သူသိမလဲ? နောက်နောင်မှာ ကျင်းတမင်မနာလိုမဖြစ်အောင် သူကာကွယ်ရမည်။

ဒါရှေ့နေတစ်ဦးအနေနှင့် သူအာရုံစိုက်ရမည့်ကိစ္စ။

ကျင်းတမင်က ဒီအကြောင်းလုံးဝမတွေး။ ချင်းလင်ဆေးဖက်ဝင်ဝိုင်နှစ်ပုလင်း အမြန်ဆုံးရရင်တော်ပြီ။

စာချုပ်ကိုခက်ခက်ခဲခဲထိုးပြီးနောက် ကျင်းတမင်က ချင်လင်ကို ချင်းလင်ဆေးဖက်ဝင်ဝိုင်အကြောင်းမေးသည်။ ချင်လင်က ချင်းလင်ဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းပေးပေးချင်း ချင်လင်စိတ်ပြောင်းမှာစိုး၍ အလောတကြီးထွက်သွားတော့သည်။

ချင်လင်အတွက် ချင်းလင်ဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းက ဘာမှမဟုတ်သော်လည်း ကျင်းတမင်အဖို့ ယွမ် ၃၀၀၀၀၀ နှင့်ညီမျှသည်။

ကျင်းတမင်ထွက်သွားသောအခါ လီခိုင်ကမေးသည်_

''ညီလေးချင်... ချင်းလင်ဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းနော်... ဒီတရုတ်တိုင်းရင်းဆေးနည်းက တကယ်ဒီလောက်တန်လား?''

ချင်လင်ကရှင်းပြသည်_

''မသိသေးဘူး... နည်းနည်းလေ့လာပြီးမှသိမှာ... လောလောဆယ် ဒီအကြောင်းမပြောသေးနဲ့ဦး... အစ်ကိုလီ အစ်ကိုချူ... လက်ဖက်ရည်သောက်ရအောင်''

သည်လိုနှင့် လက်ဖက်ရည်စားပွဲထိုင်ပြီး လီခိုင်နှပ်ထားသောရိုးရိုးလက်ဖက်ရည်ကိုသွန်ချလိုက်သည်။ ထို့နောက် အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ခြောက်နှင့် ပြန်နှပ်သည်။

လီခိုင်နှင့်ချူဖုန်းက လျှို့ဝှက်နည်းအကြောင်းသိချင်နေသော်လည်း သိချင်ရုံသက်သက်သာ။ မိတ်ဆွေများအနေနှင့် ချင်လင်ဒီလိုပြောထားရင် စကားဆက်မနှိုက်တော့။

ချင်လင်ကပြောပြချင်ရင် ပြောလိမ့်မည်။ မပြောချင်ရင် ထပ်မေးလည်းကြားမည်မဟုတ်။

ချင်လင်က အစ်ကိုလီနှင့်အစ်ကိုချူထွက်သွားသည်အထိစောင့်ပြီးမှ သူ့စိတ်ထဲကဖန်သားပြင်ကိုကြည့်လိုက်သည်။ ထို့နောက် သူ့ဂိမ်းဇာတ်ကောင်ကို နတ်ဘုရားမတောင်သွားပြီး ဒေါက်တာ Dott စုဆောင်းခိုင်းသောတာဝန်ကို လတ်စသတ်ရန်ပြင်လိုက်သည်။

ဒီတစ်ခါ အထူးတာဝန်ဖြစ်သောကြောင့် အထူးတာဝန်အတောအတွင်းသာစုဆောင်းနိုင်သောဆေးပင်များ နတ်ဘုရားမတောင်တွင်အများကြီးတွေ့ရသည်။

သို့သော် ဒီဆေးပင်များကို တစ်ကြိမ်သာစုဆောင်းနိုင်ပြီး 'တာဝန်'ဟူသောစာများ အမှတ်အသားပြုထားသည်။ တစ်နည်းဆိုရသော် ဒီပစ္စည်းများကို ဒေါက်တာ Dott ၏တာဝန်အတွက်သာ အသုံးပြုနိုင်သည်။

ဒေါက်တာ Dott တောင်းထားသော ဆေးပင်များအားလုံးစုဆောင်းပြီးနောက် ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်ဆေးရုံကိုသွားစေလိုက်သည်။

မြို့တော်ဆေးရုံလေးမှာ ပုံမှန်အတိုင်းမဟုတ်။

လူနာတွေအများကြီးရှိနေသည်။ ဒေါက်တာ Dott ပြောသောတုပ်ကွေးကြောင့် လူနာတွေများနေပုံရသည်။

ဂိမ်းဇာတ်ကောင်ရောက်သောအခါ ဒေါက်တာ Dott က ဂွမ်းနှင့် လူနာလည်ချောင်းထဲထိုးပြီး စစ်ဆေးနေသည်။

သူ့ဂိမ်းဇာတ်ကောင်ကိုရှေ့တိုးစေပြီး ဒေါက်တာ Dott ပေါ်နှိပ်လိုက်သည်။ တာဝန်ပြီးမြောက်ပြီဖြစ်ကြောင်းအသိပေးစာလည်းပေါ်လာသည်။

(ဝိုး! ကျွန်ုပ်လိုတဲ့ဆေးပင်တွေစုဆောင်းလာခဲ့ပြီလား? သင်က မြို့တော်ဝန်ပြောတဲ့အတိုင်း တကယ်လုပ်နိုင်တယ်... အံ့ဩစရာပဲ... ဒီတုပ်ကွေးက မြန်မြန်ပျောက်တော့မယ်... ကျေးဇူးတင်တဲ့အနေနဲ့ ဒီလက်ဆောင်အိတ်ကသင့်အတွက်ပါ!)

(ဂုဏ်ယူပါတယ်... ဒေါက်တာ Dott ဆီမှလက်ဆောင်အိတ်ရလိုက်ပါပြီ!)

သူ့ကျောပိုးအိတ်ထဲတွင် တိုးလာသောလက်ဆောင်အိတ်၏မှတ်ချက်မှာ:

(ဒေါက်တာ Dott ၏ကျေးဇူးတင်လက်ဆောင်ဖြစ်သည်။ ဖွင့်ကြည့်လျှင် ဒေါက်တာ Dott နဲ့ဆက်စပ်သော ကျပန်းလက်ဆောင်တစ်ခုရမည်!)

ထို့နောက် ဖွင့်ကြည့်လိုပါသလားဟူသောစာကို ချင်လင်တွေ့ရသည်။ သူကချက်ချင်း ဖွင့်မည်ကိုရွေးလိုက်သည်။

ပြီးလျှင် စနစ်စာပေါ်လာပြန်သည်။

(ဒေါက်တာ Dott ၏ကျေးဇူးတင်လက်ဆောင်အိတ်ကိုဖွင့်သည့်အတွက်ဂုဏ်ယူပါတယ်... အား​ဖြည့်ဆေးရည်အမျိုးအစား ၀၃ ဆေးနည်းကို ကျပန်းရရှိပါသည်!)



All Chapters