← Chapters

အခန်း (၅၉၀)

Vol. 40 Ch. 590

အခန်း (၅၉၀)

Vol. 40 Ch. 590

''အားဆေး?''

ချင်လင်က မှတ်ချက်မြင်ပြီး တစ်ပတ်အတွင်း ၅ စင်တီမီတာအရပ်ရှည်စေသည်ဟူသောဟာသကို အမှတ်တမဲ့တွေးမိသည်။

အင်တာနက်ပေါ်မှာ ဒီလိုလှည့်စားတတ်သောကြော်ငြာတွေအများကြီး။

စနစ်ဆေးနည်းက တစ်ပတ်အတွင်း ၅ စင်တီမီတာတော့ မရှည်လောက်ပါဘူးနော်?

ဒါမှမဟုတ် ဟိုနေရာမှာ ၅ စင်တီမီတာရှည်တာများလား?

အမှောင်တွေမြင်ယောင်မိကုန်လိမ့်မည်။

စိတ်ကူးကြည့်ရုံပါ။

ဆေးနည်းရပြီးနောက် အတွေးနှင့်ဂိမ်းထဲဝင်ကာ ဆေးရည်အမျိုးအစား ၀၃ ၏တိတိကျကျမှတ်ချက်ကိုကြည့်လိုက်သည်:

(အားဆေးရည်အမျိုးအစား ၀၃ : ဆန်းကြယ်!)

(အလွန်ဆန်းကြယ်သောဆေးရည်ဖြစ်သည်။ ဤဆေးရည်ကိုသုံးခြင်းဖြင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ထူးထူးခြားခြားအားကောင်းစေသည်။ အသုံးပြုလျှင် တိတိကျကျဆေးနည်းနှင့်ဆေးရည်အာနိသင်ရမည်။ အသုံးပြုလိုပါသလား?)

တစ်ပတ်အတွင်း ၅ စင်တီမီတာအရပ်ရှည်စေသောဆေးရည်မဟုတ်သော်လည်း ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုတက်စေသည်။

ဘယ်လောက်တက်မလဲ သူမသိ။ ထို့အပြင် အထူးနည်းလမ်းလိုအပ်ပြီး ဒီအထူးနည်းလမ်းကဘယ်လောက်ထူးမလဲ သူမသိပေ။

တိတိကျကျလျှို့ဝှက်ဆေးနည်းနှင့်ဆေးရည်ရမှသာ အားလုံးသိရမည်။

နောက်ပြီး ဒီဆေးရည်အမျိုးအစား ၀၃ က အရင်ချင်းလင်အားဖြည့်လက်ဖက်ရည်နှင့်တူသလိုလိုရှိသည်။

ချင်းလင်အားဖြည့်လက်ဖက်ရည်က လျှို့ဝှက်နည်း ၀၄။





သဘောက ဒီဆေးရည်အတွက် တခြားနည်းတွေရှိသေးသည်။

ချင်လင်က လျှို့ဝှက်နည်းသုံးမည်ကိုချက်ချင်းရွေးလိုက်သည်။

တခဏချင်း အရင်ခရမ်းချဉ်သီးဆော့လိုပင် အချက်အလက်တသီကြီး ဘယ်ကမှန်းမသိရောက်လာသည်။ အားဖြည့်ဆေးရည်အမျိုးအစား ၀၃ ဖော်စပ်ရန် နည်းလမ်းအဆင့်ဆင့်ဖြစ်ပြီး ဆေးနည်းထဲမှဆေးပစ္စည်းတစ်ခုချင်းစီ၏သက်ဆိုင်ရာအချက်အလက်များလည်းပါသည်။

ထိုဆေးပင်များ၏အချက်အလက်နှင့်ဆေးနည်းမှာ သူ့စိတ်ထဲစွဲထင်နေပြီး တခဏချင်း ထိုဆေးပင်များအကြောင်းကို အကြမ်းဖျင်းသဘောပေါက်သွားသည်။

ထို့နောက် ဒီဆေးရည်ကိုအကြိမ်ကြိမ်ဖော်စပ်ဖူးသလို သူ့ကြွက်သားများကမှတ်မိနေသော အံ့ဩစရာခံစားချက်မျိုးရသည်။

အားဖြည့်ဆေးအမျိုးအစား ၀၃ ဆေးနည်းကိုရပြီးနောက် ချင်လင်လည်း ကျင်းတမင်ရောင်းခဲ့သောမပြည့်မစုံဆေးနည်းကိုသိမ်းထားလိုက်သည်။ ဒါကိုနောက်မှလေ့လာရမည်။

အခုကစပြီး အားဖြည့်ဆေးရည်အမျိုးအစား ၀၃ ကိုအရင်ပုံဖော်ကြည့်ရမည်။

သို့ရာတွင် ဒီကျင်းတမင်က ချင်းလင်ဆေးဖက်ဝင်ဝိုင်နှင့်လျှို့ဝှက်ဆေးနည်းလဲဖို့ ရုတ်တရက်ရောက်လာခြင်းဖြစ်သည်။ အစ်ကိုလီရော စီနီယာအစ်ကိုချူပါသိကြသည်။ ဒါကတာဝန်ရှောင်ဖို့ နောက်တစ်နည်းဖြစ်လိမ့်မည်။

ထိုအတွေးနှင့် ချင်လင်ကရုံးခန်းထဲမှထွက်ပြီး တရုတ်တိုင်းရင်းဆေးဆိုင်ဆီ တန်းသွားလိုက်သည်။

အားဖြည့်ဆေးရည်အမျိုးအစား ၀၃ ဆေးနည်းတွင် ဆေးပစ္စည်းအများကြီးပါသည်။ ဆေးပစ္စည်းအမျိုးအစား ၂၀ ကျော်ပါပြီး ဆေးတစ်မယ်ချင်း၏အချိုးအစားကမတူချေ။

ချင်လင်ကဆေးပင်များဝယ်ပြီး ဆေးတစ်ပင်စီကို နှာခေါင်း၊ပါးစပ်နှင့် အနံ့အရသာပါခံကြည့်သည်။ ဆေးပစ္စည်းစစ်မှန်မှုကိုအတည်ပြုပြီးမှ အားဖြည့်ဆေးရည်အမျိုးအစား ၀၃ ကိုဖော်လျှင် အရည်အသွေးတက်မည်။

ပါးစပ်နှင့်အရသာခံပြီး ဆေးပစ္စည်းအရည်အသွေးခွဲခြားနိုင်ခြင်းက စိတ်ကူးယဉ်ဆန်နေသည်။ သို့ရာတွင် စနစ်အချက်အလက်နှင့်ကြွက်သားမှတ်ဉာဏ်ရပြီးနောက် အံ့ဩစရာကောင်းအောင်လုပ်တတ်နေသည်။

ဒီဆေးနည်းနှင့်ဆက်စပ်သော ဆေးပင်များကိုသာလုပ်နိုင်သည်။ တခြားအပင်များမရချေ။

ထို့ကြောင့် အရသာသက်သက်နှင့် ဆေးအာနိသင်သိသော ရှေးတရုတ်တိုင်းရင်းဆေးနည်းက မမှားနိုင်။ တရုတ်တိုင်းရင်းဆေးက အမှန်တကယ်လုပ်နိုင်သည်။ အရင်က ဘယ်သူမှမမြင်ဖူးခြင်းမှာ တရုတ်တိုင်းရင်းဆေးကျဆင်းလာခြင်းကိုသာပုံချရမည်။

ချင်လင်၏ဆေးအာနိသင်အရသာခံနည်းအရ ဆေးပစ္စည်းအာနိသင်တစ်ခုက သိပ်မစစ်သလိုခံစားရပြီး_

"ဆရာ... ဒီတုကျုံးက သိပ်မဟုတ်သလိုပဲ? သက်တမ်းမလုံလောက်လို့လား? ကျွန်တော်လိုချင်တာ သက်တမ်းရင့်ရင့်ထဲက''

တုကျုံးမှာ ခန္ဓာကိုယ်အားရှိစေသောအထူးတရုတ်တိုင်းရင်းဆေးတစ်မျိုးဖြစ်သည်။ သူ့အမြစ်က တစ်နှစ် ရက် ၆၀၊ ၇၀ လောက်ခံမည်။ အသုံးပြုမည့်ဆေးသက်တမ်းမှာ အသုံးပြုရမည့်ဆေးသက်တမ်းတစ်ဝက်ဖြစ်လိမ့်မည်။

ဤသည်က ကုန်ကျစရိတ်အများကြီးသက်သာသလို ဆေးအာနိသင်လည်း အများကြီးလျော့သွားမည်။ အတော်များများက ဆေးပစ္စည်းလိုအပ်ချက်နှင့်တောင်မပြည့်စုံကြ။

ထိုထိုတရုတ်တိုင်းရင်းဆေးကုန်သည်များ၊ဆေးဆိုင်များက ဆေးပစ္စည်းအာနိသင်မလုံလောက်မှန်းသိသောကြောင့် စျေးနှိမ်ဝယ်ကြသည်။ ထို့နောက် ဆေးဝယ်သွားသူကမသိသည့်အလျောက် စျေးကောင်းနှင့်ရောင်းပစ်နိုင်သည်။

ရှင်းရှင်းပြောရရင် မစစ်တစစ်ဟုဆိုနိုင်သည်။

ဒါက ညှာတာမှုရှိသေးသည်ဟုယူဆရမည်။ စီးပွားရေးသောင်းကျန်းသူနှင့်တိုးလျှင် လုံးဝအတုဖြစ်နိုင်သည်။

သို့ရာတွင် မစစ်တစစ်ရောင်းခြင်းကလည်း ကောင်းသည်တော့မဟုတ်။ ဘာပဲဖြစ်ဖြစ် သူတို့ဝင်ငွေအများကြီးရသော်လည်း လူနာကလိုအပ်သောဆေးအာနိသင်မရဘဲရှိတတ်သည်။ ဆေးသောက်ပြီး လူနာအတွက်ဥပဒ်မဖြစ်။ သို့သော် အလဟဿသောက်ရသလို အချိန်ကုန်၍ လူနာအခြေအနေကြန့်ကြာတတ်သည်။

ဤသည်က တရုတ်တိုင်းရင်းဆေးကျဆင်းရခြင်း၏အကြောင်းရင်းတစ်ရပ်ဖြစ်ပေမည်။

တရုတ်တိုင်းရင်းဆေးကျဆင်းရခြင်းမှာ အနောက်တိုင်းဆေး၏ဖိနှိပ်ခြင်းကြောင့်ဖြစ်သည်။ ဒါကလည်း ဒီနယ်ပယ်အတွင်းမှာ ကလိမ်ကကျစ်တွေအများကြီးရှိနေသောကြောင့်ပင်။

ချင်လင်၏စကားကြားပြီး ဆေးဆိုင်ထဲမှဆရာလန့်သွားသည်။ တုကျုံးအကြောင်းအသေးစိတ်ကိုသူသိသော်လည်း ဒီလူငယ်လေးက တုကျုံးကိုအရသာခံကြည့်ရုံနှင့် ဆေးအာနိသင်ခွဲခြားနိုင်မည်ဟု သူမထင်မိ။

ဘယ်လိုဟာသလဲ?

သို့ရာတွင် သူအပြစ်ရှိသလိုခံစားရသောကြောင့် ချက်ချင်းကိုးရိုးကားရားနှင့်_

"လူကြီးမင်း အားနာလိုက်တာ... ဆရာမက ဆေးစီရင်းနဲ့ တုကျုံးအဖျင်းကိုစားပွဲပေါ်တင်မိတာဖြစ်မယ်... ကျွန်တော်လဲပေးပါ့မယ်''

ဆေးအားလုံးက အတုမဟုတ်။ အစစ်ကိုလည်း ပြင်ထားရသည်။ စစ်ဆေးသူရောက်လာလျှင် အစစ်ကိုထုတ်ပေးရသည်။ ပစ္စည်းကောင်းသိသူနှင့်ကြုံလျှင် တကယ့်အစစ်ကိုထုတ်ပြရသည်။

တုကျုံးနောက်တစ်သုတ်ယူလာသောအခါ ချင်လင်ကအရသာခံကြည့်ပြန်သည်။ ဒီတစ်ခါတော့ အစစ်။ သူလိုအပ်သောဆေးပင်များအားလုံးဝယ်ပြီးနောက် ဆေးဆိုင်မှထွက်လာခဲ့သည်။

ချင်လင်ထွက်သွားတော့မှ ဆရာကသက်ပြင်းချလိုက်သည်။

ဒီလူငယ်လေးက ရုံချန်းကလို့ဘယ်ထင်မလဲ? ပါးစပ်နဲ့အရသာခံပြီးတော့ တုကျုံးပုံမှန်ဟုတ်မဟုတ် ပြောနိုင်သားပဲ။

တခြားဘာမှဝယ်မသွား၍သာ တော်တော့သည်။ မဟုတ်ရင် တကယ်အရှက်ရလိမ့်မည်။

ဒီဆေးဆိုင်ထဲမှာ တရုတ်တိုင်းရင်းဆေးအမျိုးပေါင်း ၁၀၀ ကျော်ရှိသည်။ ပြဿနာက တုကျုံးတစ်ခုတည်း လုံးဝမဟုတ်။ တရုတ်တိုင်းရင်းဆေးအမျိုး ၂၀ ကျော်ထဲမှ ကျုံးတုတစ်ခုတည်းနှင့်သာ ငြိသွားခြင်းဖြစ်လေသည်။



All Chapters