အခန်း (၅၉၁)
Vol. 40 Ch. 591
သို့သော် ဆရာကသက်ပြင်းချနေသော်လည်း ချင်လင်ကကားထဲဝင်ပြီး ချန်လီကိုဖုန်းဆက်နေပြီ။
"ဥက္ကဌချင်... ဘာကိစ္စရှိလို့လဲ?''
ဖုန်းတစ်ဖက်မှ ချန်လီ၏အသံထွက်လာသည်။
ချင်လင်က လိုရင်းပြောလိုက်သည်_
"လက်ထောက်ချန်... ၇၅ လမ်း ဆိုင်နံပါတ် ၆၅ ဆေးဆိုင်က ဆေးအတုတွေရောင်းနေတယ်... လက်ရှိ နေ့တိုင်းရုံချန်းကိုလာနေတဲ့ခရီးသည်တွေက အများကြီးပဲ... ဆေးပင်ဝယ်တဲ့ခရီးသည်တွေရှိတတ်တယ်... ဆေးအတုရောင်းတယ်လို့သာ အင်တာနက်မှာပြန့်သွားရင် ကျွန်တော်တို့ရုံချန်းနာမည်ပျက်လိမ့်မယ်''
အမှန်ပဲ။ သူတိုင်နေတာ။
သူက စီရင်စုလက်ထောက်ချန်လီကိုတိုက်ရိုက်ဖုန်းဆက်ပစ်သည်။ တစ်ဖက်မှာ ဒီအတွက်ဖြေရှင်းနည်းရှိလိမ့်မည်။
ဆေးဆိုင်အတွက်တော့ အပြစ်မဆိုနှင့်။ သူမြင်ပြီးမှ မမြင်ချင်ယောင်မဆောင်နိုင်။
အရင် သူ့အဘိုးနှင့်သူ့အဖေကြောင့် ကျန်းမာရေးမကောင်းသောမိသားစုဝင်အဖို့ ဘယ်လောက်ခံစားရ၊စိုးရိမ်ရမှန်း သူသေချာသိသည်။
သူတို့ချစ်ခင်ရသူနေမကောင်းတဲ့အခါ ဆေးပင်အတုဝယ်မိပြီး ကုသမှုကြန့်ကြာနေရင် ဘယ်လောက်စိတ်ပျက်စရာကောင်းလိုက်မလဲ?
ဘာပဲဖြစ်ဖြစ် ဝမ်းသာစရာမဟုတ်။
တစ်ဖက်တွင် ချန်လီမှာ ဖုန်းလက်ခံရပြီး ကြောင်နေသည်။
သူဌေးချင်ကရုတ်တရက်ကြီး ဆေးဆိုင်ကိုတိုင်မည်ဟုမထင်မိ။
သူ့အနေအထားကြောင့် သူပိုအတွေးများရသည်။
သူဌေးချင်ရဲ့အနေအထားနဲ့ ဆေးဆိုင်မှာ စကားများတာမဖြစ်နိုင်။ ဆေးဆိုင်ကနေ ဆေးအတုဝယ်မိတဲ့ခရီးသည်များရှိလို့လား?
သူဌေးချင်က ခရီးသည်တွေ အင်တာနက်မှာဖြန့်လိုက်ရင်ဟုဆိုသောကြောင့် အရှုပ်တော်ပုံကြီးဖြစ်မည်။ ဒီတော့ ခရီးသည်ကသတင်းဖြန့်ချင်တာကို သူဌေးချင်ကတားလိုက်တာလား? ဒါကြောင့် သူဌေးချင်က ဒီလိုဖုန်းဆက်တာလား?
ခရီးသွားလုပ်ငန်းက ရုံချန်းရဲ့သွေးသားထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီမှန်း သူကောင်းကောင်းသိသည်။ ဒီလိုဆေးအတုဖြစ်ရပ်က ရုံချန်းအပေါ်မှာ ကြီးကြီးမားမားပုံရိပ်ထင်နိုင်သည်။
အဲဒီအချိန်ကျရင် ချင်းလင်စံအိမ်က ကိစ္စမရှိသော်လည်း သူတို့ရုံချန်းက ချင်းလင်စံအိမ်အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်သည်ဟု သေချာပေါက်အပြစ်တင်ခံရလိမ့်မည်။
ချန်လီက အချိန်မဆိုင်းရဲသဖြင့် ချင်လင်၏တိုင်ချက်ကို ချက်ချင်းစွန်းရှန်ဆီ အစီရင်ခံလိုက်သည်။
စွန်းရှန်ဒေါသထွက်သွားသည်။ သူကချက်ချင်းလူခေါ်ပြီး အစီအစဉ်ဆွဲသည်။
စီရင်စုဥက္ကဌနှင့်စီရင်စုလက်ထောက်က ဆေးဆိုင်ကိုပြန်လည်ဖွဲ့စည်းမည်ဆိုသောကြောင့် ရလဒ်က သံသယဖြစ်ဖွယ်မရှိ။
ချင်လင်က ချန်လီကိုဖုန်းဆက်ပြီး ဒီကိစ္စစိတ်ထဲမထားတော့။ ဆေးကြိတ်ရန်၊ဆေးဖော်ရန် ကိရိယာတချို့ဝယ်ရမည်။
စံအိမ်ပြန်ရောက်ပြီးနောက် ချင်လင်ကချက်ချင်းကိရိယာများယူကာ အားဖြည့်ဆေးရည်အမျိုးအစား ၀၃ ဖော်ရန်နေရာရှာလိုက်သည်။
ဒီလုပ်ငန်းစဉ်က အလွန်ကရိကထများသည်။ အထူးသဖြင့် ဆေးအချိုးအစားပြင်ဆင်ရခြင်းက အလွန်လက်ဝင်သည်။
ရှေ့လျှောက် စက်နှင့်ထုတ်လျှင် လုပ်ငန်းစဉ်ပြောင်းလဲဖို့က ပိုတောင်ခက်ဦးမည်။
အချိန်အတော်ယူပြီးနောက် ချင်လင်က အားဖြည့်ဆေးအမျိုးအစား ၀၃ ပထမအသုတ်ကိုထုတ်လိုက်နိုင်သည်။
တရုတ်တိုင်းရင်းဆေးကခါးပြီး အဝင်ဆိုးတတ်သော်လည်း ဆေးရည်အနံ့က သူထင်ထားသလောက်မဆိုးဘဲ ထူးထူးခြားခြားဆေးနံ့ရသည်။
အနံ့ဆိုးသည်မဟုတ်သော်လည်း ကောင်းသည်လည်းမဟုတ်။
ချင်လင်ကဆေးရည်ဖော်ပြီး သူ့ရုံးခန်းထဲယူသွားကာ တံခါးလော့ချလိုက်သည်။ ထို့နောက် ဆေးရည်ကိုဂိမ်းထဲယူသွားသည်။
ခဏအကြာ အားဖြည့်ဆေးရည်အမျိုးအစား ၀၃ တွင် 'ယုံကြည်မှု' ဟူသောမှတ်ချက်ကို တွေ့လိုက်ရသည်။
(အားဖြည့်ဆေးအမျိုးအစား ၀၃ : အရည်အသွေး ၁ - ဆန်းကြယ်)
(ခန္ဓာကိုယ်ဖွံ့ဖြိုးစေသော အထူးဆေးရည်ဖြစ်သည်။ နေ့စဉ် အတိုင်းအတာတစ်ခုလေ့ကျင့်ပြီး အချိန်တစ်ခုအထိဆက်လေ့ကျင့်သွားပါက အထူးအာနိသင်ရလိမ့်မည်:
ဖွဲ့စည်းပုံ +၁၊ ဖွဲ့စည်းပုံအတိုင်းအတာ +၁!
ခန္ဓာကိုယ်ဖွဲ့စည်းပုံအဆင့်တစ်ခုရောက်လျှင် အာနိသင်သက်ရောက်မှုမရှိတော့။)
အရည်အသွေး ၁ ဆေးရည်ဖြစ်သည်။ အလွန်ရိုးရှင်းသောမှတ်ချက်ဖြစ်ပြီး အရည်အသွေးနှစ်ခုသာပါသည်။
သို့သော် ဒီအရည်အသွေးနှစ်ခုက ချင်လင်ကိုအံ့ဩစေသည်။
လေ့ကျင့်ပေးရင် ကိုယ်လုံးကိုယ်ပေါက်ကောင်းလာမည်။ နောက်ပြီး ရေရှည်လေ့ကျင့်ပေးခြင်းကလည်း ကိုယ်လုံးကိုယ်ပေါက်ကိုကောင်းစေသည်။ ခန္ဓာကိုယ်သန်မာပြီး စိတ်အခြေအနေပိုကောင်းလာလိမ့်မည်။
ထို့ကြောင့် ပုံမှန်လေ့ကျင့်ပေးသော အားကစားသမားများ၊စစ်သားများက သာမန်လူများထက် ပိုသန်မာခြင်းဖြစ်သည်။
ဖွဲ့စည်းပုံ +၁ အရည်အသွေးက လေ့ကျင့်ပေးရင် ပိုကောင်းလာမည်ဆိုတာ ပြောစရာမလိုတော့။
ဤအချက်က လေ့ကျင့်ရေးတွင် ကြီးကြီးမားမားအထောက်အကူပေးလိမ့်မည်။
နောက်တစ်ခုက ဖွဲ့စည်းပုံအတိုင်းအတာ +၁ မြှင့်ပေးခြင်းဖြစ်သည်။
ဒီအရည်အသွေးက စိတ်ဝင်စားစရာကောင်းသည်။
လေ့ကျင့်ရေးအာနိသင်ကို ကန့်သတ်ထားသောကြောင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံတိုးတက်မှုလည်း ဒီအတိုင်းဖြစ်မည်။
ဥပမာဆိုရသော် ပြေးခြင်း။
လူအများစုက ဘယ်လောက်ပြေးပြေး အပြေးသမားမဖြစ်နိုင်။ အားကစားသမားတွေကိုတောင် အဆင့်ဆင့်ခွဲထားသည်။
တချို့က ဘယ်လောက်ကြိုးစားကြိုးစား ပြည်နယ်အားကစားအဆင့်သာရောက်နိုင်သည်။
တချို့က နိုင်ငံ့အားကစားအဆင့်ရောက်နိုင်သည်။
သို့ရာတွင် အများစုက ဘယ်လောက်ပဲလေ့ကျင့်လေ့ကျင့် အိုလံပစ်အားကစားပွဲထဲမဝင်နိုင်။
ဒါက ခန္ဓာကိုယ်ဖွဲ့စည်းပုံကန့်သတ်ချက်ဖြစ်သည်။
ကိုယ်လုံးကိုယ်ပေါက်အဆင့်မြှင့်အတိုင်းအတာကမတူ။
ကျွန်ုပ်တို့နိုင်ငံတွင် စုပင်းထျန်းမှာ မီတာ ၁၀၀ တာတိုပြေးပွဲတွင်အတော်ဆုံးကစားသမားဖြစ်သော်လည်း မီတာ ၁၀၀ တွင် တစ်ခါမှဆုတံဆိပ်မရဖူးချေ။
ဤသည်က သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ၏အမြင့်ဆုံးအတိုင်းအတာဖြစ်သည်။
သူဘယ်လောက်လေ့ကျင့်လေ့ကျင့် အဆင့်မြင့်အတိုင်းအတာက ဒီလောက်ပဲရှိသည်။
ဖွဲ့စည်းပုံအတိုင်းအတာ +၁ က ဘယ်လောက်စွမ်းလဲ ချင်လင်မသိသော်လည်း စုပင်းထျန်းမှာသာရှိရင် သူ့ထက်တောင်ပိုသန်မာသွားလိမ့်မည်။ လူမဲအားကစားသမားတွေကြားမှာ ဆုတံဆိပ် ဒါမှမဟုတ် ရွှေတံဆိပ်ဆုတောင်ရနိုင်သည်။
ချင်လင်ကတွေးတောရင်း နည်းနည်းစမ်းကြည့်ချင်လာသည်။ စွမ်းအားပင်အသီးနှစ်လုံးစားထား၍ အာနိသင်ရှိပါမလား သူမသိ။
ဘာပဲဖြစ်ဖြစ် မှတ်ချက်မှာ ခန္ဓာကိုယ်ဖွဲ့စည်းပုံအဆင့်တစ်ခုရောက်လျှင် အာနိသင်သက်ရောက်မှုမရှိဟုဆိုထားသည်။
သူက အားဖြည့်ဆေးအမျိုးအစား ၀၃ ကို တန်းမော့ချလိုက်သည်။
ဒီဆေးရည်က အတိုင်းအတာတစ်ခုအထိ အချိန်ယူလေ့ကျင့်ပြီးမှ အာနိသင်ပြမည်ဖြစ်သောကြောင့် ဆေးရည်သောက်ပြီးနောက် စလေ့ကျင့်တော့သည်။
သူက အလွန်မြန်သောအရှိန်နှင့်ဒိုက်ထိုးသည်။
ဒီအတိုင်းအတာ ဟုတ်လား?
ခြေကုန်လက်ပမ်းကျခါနီးမှ သူရပ်လိုက်သည်။ အချိန်လုံလုံလောက်လောက်မရောက်မှာစိုး၍ ခဏနားပြီး ဆက်လေ့ကျင့်ပြန်သည်။ နောက်ထပ်နည်းနည်းဒိုက်ထိုးပြီးမှသာ ရပ်လိုက်သည်။