အခန်း (၅၉၂)
Vol. 40 Ch. 592
သို့ရာတွင် တစ်ရက်ကုန်ပြီး သူ့ခန္ဓာကိုယ်က ထူးထူးထူးခြားခြားတိုးတက်လာသည်ဟုမခံစားရ။
လေ့ကျင့်ရေးက တစ်ရက်နှင့်လုပ်နိုင်သောအရာမဟုတ်။
ထို့ကြောင့် တစ်စတစ်စနှင့် ဒုတိယနေ့၊ တတိယနေ့၊ နောက်ရက်များတွင် ဆေးရည်သောက်ပြီး အပြင်းအထန်လေ့ကျင့်ခန်းဆက်လုပ်သည်။
ဖြစ်ချင်တော့ တစ်ရက်ပြီးတစ်ရက်သာကုန်သွားသည်။ အာနိသင်ကိုလုံးဝမခံစားရ။
တစ်နည်းဆိုရသော် ဒီဆေးရည်က သူ့ခန္ဓာကိုယ်အပေါ်မှာ အာနိသင်မရှိချေ။
ထို့ကြောင့် နောက်ရက်များတွင် ချန်တပေကိုလုံခြုံရေးအစောင့်ခန့်ခိုင်းပြီး သူတို့ကိုနေ့တိုင်းဆေးရည်တိုက်ကာ အပြင်းအထန်လေ့ကျင့်ရေးဆင်းခိုင်းသည်။
လုံခြုံရေးအစောင့်တိုင်းကို ခြေကုန်လက်ပမ်းကျသည်အထိ နှစ်နာရီလောက်လေ့ကျင့်ခိုင်းသည်။
ဒါဆို အချိန်လောက်ပြီမလား?
သို့သော် နောက်တစ်ပတ်အကြာတွင် လုံခြုံရေးအစောင့်များမှာ အာနိသင်မပြသေး။ ဆေးမသောက်ဘဲ ပုံမှန်လေ့ကျင့်ရေးဆင်းသည်နှင့်မခြားဖြစ်နေသည်။
လေ့ကျင့်တဲ့အချိန်မလုံလောက်လို့လား? ရလဒ်က လဝက်ကနေ တစ်လလောက်ကြာမှာလား?
တစ်ခုခုမှားနေပြီထင်သည်။ မှတ်ချက်ကို သူရှင်းရှင်းလင်းလင်းနားမလည်သောကြောင့် လီခိုင်ကိုလှမ်းခေါ်လိုက်သည်။
"ညီလေးချင်... ဒါအရင်တစ်ခါ ကျင်းတမင်လာလဲတဲ့ လျှို့ဝှက်ဆေးနည်းထဲကဆေးရည်လား?''
လီခိုင်က ချင်လင်ထုတ်ပြသောဆေးရည်ကိုမြင်ပြီး အမှတ်တမဲ့ခန့်မှန်းလိုက်သည်။
ချင်လင်က အစ်ကိုလီအပေါ်ပုံမချချင်သောကြောင့် ရှင်းပြမနေဘဲ_
"အစ်ကိုလီ... ဒီဆေးရည်အချက်အလက်ကိုစစ်ဆေးပေးပါဦး... ထူးခြားတာများရှိမလားလို့''
သိပ္ပံနည်းကျစမ်းသပ်ခြင်းက ဒီဆေးရည်၏မှတ်ချက်အပေါ် ကောင်းကောင်းနားလည်စေလိမ့်မည်။
လီခိုင်က ချင်လင်တောင်းဆိုရင် မငြင်း။ ချက်ချင်း ဆေးရည်နှင့်ထွက်လာပြီး စစ်ဆေးကြည့်သည်။
သူက အားဖြည့်ဆေးရည်အမျိုးအစား ၀၃ ၏အချက်အလက်ကို အချိန်တိုအတွင်း အမြန်ဆုံးစစ်ဆေးပြီး မယုံနိုင်ပုံနှင့် ချင်လင်ဆီယူသွားကာ_
"ညီလေးချင်... ကျင်းတမင်က လူလိမ်မဟုတ်လောက်ဘူး... မင်းဖော်ထားတဲ့ဆေးရည်ထဲမှာ အထူးပစ္စည်းနှစ်ခုပါတယ်''
"ဒီပစ္စည်းနှစ်ခုကို လူတွေရဲ့ဆဲလ်ထဲမှာ အသုံးချနိုင်တယ်... တစ်မျိုးက လေ့ကျင့်ရေးအတွက်အကျိုးရှိတယ်... နောက်တစ်မျိုးက ဆဲလ်တွေကိုသန်မာစေပြီးတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုပိုကောင်းလာစေတယ်''
"ဒီတိုးတက်မှုက အကန့်အသတ်ရှိတယ်ဆိုပေမဲ့ အပြည့်အဝအာနိသင်ပြရင် ခန္ဓာကိုယ်က အရင်ထက်ပိုပြီးကြံ့ခိုင်လာလိမ့်မယ်''
ထိုစကားကြားပြီး ချင်လင်ခေါင်းညိမ့်လိုက်သည်။
ဒါ မှတ်ချက်ထဲကအချက်အလက်အတိုင်းပင်။
သို့ရာတွင် လုံခြုံရေးအစောင့်များ၏လေ့ကျင့်ရေးကအာနိသင်မပြသောကြောင့် သူကထပ်မေးလိုက်သည်_
"ဒါပေမဲ့ ဒီဆေးရည်မှာ ကန့်သတ်ချက်ရှိတယ်မလား?''
လီခိုင်ကခေါင်းညိမ့်ပြီး ရှင်းပြသည်_
"ကန့်သတ်ချက်ရှိတာပေါ့... တကယ်တော့ ကန့်သတ်ချက်က အရမ်းများတယ်... ဒီပစ္စည်းနှစ်ခုက ဆဲလ်တွေအရမ်းအလုပ်လုပ်ပြီး အားကုန်တဲ့အခြေအနေမှ အလုပ်ဖြစ်လိမ့်မယ်''
"ဒီကန့်သတ်ချက်က အရမ်းထူးဆန်းတယ်... ငါလည်း နားမလည်ဘူး... ငါမှန်းထားတဲ့အတိုင်းဆိုရင် ဒီပစ္စည်းနှစ်ခုအာနိသင်ပြဖို့ အနားယူတာအပြင် အနည်းဆုံး ၅ နာရီလောက် အပြင်းအထန်လေ့ကျင့်ခန်းလုပ်ဖို့လိုတယ်... ပြီးတော့ ကြားထဲမှာအကြာကြီးနားလို့မရဘူး''
နောက်ဆုံးတော့ လုံခြုံရေးအစောင့်တွေ ၂ နာရီလောက်အပြင်းအထန်လေ့ကျင့်ပြီး ဘာလို့အာနိသင်မရှိလဲ ချင်လင်သဘောပေါက်သွားပြီ။
စနစ်ရဲ့ကန့်သတ်ချက်က ဘာလို့ဒီလောက်များရတာလဲ? ၅ နာရီလောက် အပြင်းအထန်လေ့ကျင့်ပြီးမှ အာနိသင်ပြမှာတဲ့။
တစ်နည်းပြောရရင် ၅ နာရီလောက် အပြင်းအထန်လေ့ကျင့်တာက အခြေခံလိုအပ်ချက်။ ဒီ ၅ နာရီနောက်ပိုင်း ဆက်လေ့ကျင့်မှ အားဖြည့်ဆေးရည်အမျိုးအစား ၀၃ ရဲ့ ဖွဲ့စည်းပုံ +၁၊ ဖွဲ့စည်းပုံအဆင့်မြှင့်အတိုင်းအတာ +၁ အရည်အသွေးကို အာနိသင်ပြလိမ့်မည်။
သို့သော် သာမန်လူတွေအတွက်တော့ အာနိသင်မရှိဖြစ်လိမ့်မည်။
ဘယ်သာမန်လူမှ တစ်နေ့ ၅ နာရီအပြင်းအထန်လေ့ကျင့်ခန်းမလုပ်သောကြောင့်ပင်။
ဒီဆေးရည်ရဲ့အာနိသင်ကိုသိရင်တောင် ၉၉.၉၉% သော သာမန်လူများက လုပ်နိုင်စွမ်းရှိမည်မဟုတ်။
ဒီတော့ ဆေးရည်အမျိုးအစား ၀၃ က အမျိုးသားဘောလုံးအသင်းမှလွဲ၍ နိုင်ငံ့ကစားသမားနှင့်စစ်သားများအတွက်သာ ထိရောက်လိမ့်မည်။
နိုင်ငံ့ကစားသမားနှင့်စစ်သားများသာလျှင် တစ်နေ့ ၅ နာရီကျော် အပြင်းအထန်လေ့ကျင့်ခန်းလုပ်လိမ့်မည်။
ဒီပစ္စည်းစျေးကွက်က အတော်သေးသော်လည်း အတိုင်းထက်အလွန်အံ့ဩကောင်းလေသည်!