အခန်း (၅၉၃)
Vol. 40 Ch. 593
အားဖြည့်ဆေးရည်ရဲ့ကန့်သတ်ချက်က ကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာ၍မရသောသဘောလည်းဖြစ်သည်။
ထို့ကြောင့် ချင်လင်က အားဖြည့်ဆေးရည်ကို ခဏဘေးပို့ထားလိုက်သည်။ လီခိုင်ထွက်သွားပြီးနောက် ကျင်းတမင် ချင်းလင်ဆေးဖက်ဝင်ဝိုင်နှင့်လဲခဲ့သော မပြည့်မစုံလျှို့ဝှက်ဆေးနည်းကိုထုတ်ကြည့်လိုက်သည်။
ဒီလျှို့ဝှက်ဆေးနည်းအပေါ် စနစ်၏မှတ်ချက်က အထူးသက်ရောက်မှုရှိပုံရသည်။
ဒေါက်တာ Dott ကိုရှာပြီး ပြင်ဆင်ကြည့်နိုင်သည်။
အရင်ကမစမ်းကြည့်ဖူးသော်လည်း အခုဒေါက်တာ Dott ၏လုပ်နိုင်စွမ်းကိုကြည့်ရတော့မည်။
ချင်လင်ကရုံခန်းတံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ မပြည့်စုံသောလျှို့ဝှက်ဆေးနည်းကို သူ့ကျောပိုးအိတ်ထဲထည့်၍ ဂိမ်းထဲမှပြန်ထွက်လာခဲ့သည်။ သူ့ဂိမ်းဇာတ်ကောင်အား ထိုမပြည့်စုံသောလျှို့ဝှက်ဆေးနည်းနှင့် ဒေါက်တာ Dott ကိုသွားရှာစေသည်။
ဒေါက်တာ Dottပေါ်နှိပ်လိုက်ရာ ဒီတစ်ကြိမ်တွင် အထူးရွေးချယ်ချက်ပေါ်လာသည်။
(မပြည့်စုံသောဆေးနည်းကို ဆန်းစစ်ပြုပြင်ခြင်း!)
ချင်လင်ကချက်ချင်း ထိုရွေးချယ်ချက်အပေါ်နှိပ်လိုက်ရာ ဂိမ်းထဲတွင် သေတ္တာတစ်လုံးနှင့်စာပေါ်လာသည်:
(ဆန်းစစ်ပြုပြင်လိုသောလျှို့ဝှက်ဆေးနည်းကိုထည့်ပါ!)
ချင်လင်က ကျင်းတမင်လဲခဲ့သောမပြည့်မစုံဆေးနည်းကိုသေတ္တာထဲထည့်ပြီး အတည်ပြုမည်ကိုတန်းရွေးလိုက်သည်။
(ဒေါက်တာ Dott က လျှို့ဝှက်ဆေးနည်းကိုဆန်းစစ်ပြီး ပြုပြင်နေပါသည်။ စိတ်ရှည်ရှည်စောင့်ပါ။)
ခဏအကြာ ဒေါက်တာ Dott ၏စာပေါ်လာပြန်သည်။
(ဆေးနည်းပြုပြင်ပြီးပါပြီ။ ဆေးဖော်ရန်နည်းကောင်းဖြစ်သည်။ ဆေးနည်းက အလွန်ဆန်းကြယ်ပြီး နားလည်ရန်ခက်ခဲသောကြောင့် လွယ်ကူရိုးရှင်းပြီး နားလည်ရလွယ်အောင်ရေးပေးလိုက်သည်!)
(ဒေါက်တာ Dott ကိုယ်တိုင်ရေးပေးသော လျှို့ဝှက်ဆေးဖော်နည်းကို လက်ခံရရှိပါသည်!)
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကျောပိုးအိတ်ထဲကြည့်လိုက်သည်။ စာရွက်ထူမဟုတ်တော့ဘဲ ဆေးစာအသစ်ဖြစ်နေပြီ။
ကျင်းတမင်လဲခဲ့သောမပြည့်မစုံဆေးနည်းက လျှို့ဝှက်ဆေးဖော်နည်းအစစ်ဖြစ်နေမည်ဟုမထင်မိ...
ဒီလျှို့ဝှက်ဆေးဖော်နည်းက ဘယ်လိုအာနိသင်ရှိမလဲ သူမသိပေ။
ချင်လင်ကချက်ချင်း ဂိမ်းထဲဝင်ပြီး လျှို့ဝှက်ဆေးဖော်နည်းမှတ်ချက်ကိုကြည့်လိုက်သည်:
(အထူးလျှို့ဝှက်ဆေးဖော်နည်း: အရည်အသွေး ၁)
(အထူးလျှို့ဝှက်ဆေးဖော်နည်းဖြစ်သည်။ အသုံးပြုပြီးလျှင် ဆေးပြုတ်နည်းစွမ်းရည်ရနိုင်သည်။ ထို့နောက် တခြားပါဝင်ပစ္စည်းများနှင့်ရောပြီး အထူးဆေးပြုတ်ရည်လုပ်နိုင်သည်။
အထူးအရသာ +၁၊ အထူးဆေးနံ့ +၁၊ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်း +၁၊ အားအင်ပြန်ပြည့်ခြင်း +၁၊ သွေးနှင့်ချီဓာတ်ပြန်ပြည့်ခြင်း +၁၊ ကိုယ်ခံအား +၁!)
"ကောင်းလိုက်တာ!''
လျှို့ဝှက်ဆေးဖော်နည်းမှတ်ချက်ကိုကြည့်ပြီး ချင်းလင်ဆေးဖက်ဝင်ဝိုင်နှစ်လုံးကအရမ်းတန်သည်ဟု ချင်လင်ခံစားလိုက်ရသည်။
ဆေးပြုတ်ရည်လုပ်သော လျှို့ဝှက်နည်းပင်။ ထို့အပြင် ထူးထူးခြားခြားအရည်အသွေးများစွာပါသည်။
နောက်ဆုံးတော့ တရုတ်တိုင်းရင်းဆေးမိသားစုကလုပ်တဲ့ဆေးပြုတ်ရည်တွေ ဘာလို့အရမ်းတန်ဖိုးကြီးလဲသိပြီ။
ဒီတရုတ်တိုင်းရင်းဆေးကိုဆက်ခံသောမိသားစုများမှာ တကယ်ချမ်းသာကြသည်။
သို့သော် အကျိုးအမြတ်ရသူရှိသလို ဆုတ်ယုတ်သူလည်းရှိသည်။ မပြည့်စုံသောဆေးနည်းနှင့်ဝိုင်လာလဲသော ကျင်းတမင်လိုလူကိုကြည့်ရင် ထူးဆန်းမည်မထင်။
ကျင်းတမင်ရဲ့မိသားစုက အမှန်တကယ်တရုတ်တိုင်းရင်းဆေးအမွေကိုဆက်ခံခဲ့ပုံရသည်။
အထူးသဖြင့် ဒီဆေးဖော်နည်းက သူမျှော်လင့်ထားသည်ထက် တမူထူးခြားသည်။ အထူးအရသာ +၁ နှင့် အထူးဆေးနံ့ +၁ တောင်ရှိသည်။
အာရုံခံစားသောအရည်အသွေးတွင် ငါးချက်နည်းနှင့်ဘဲဥထမင်းကြော်နည်းထက် အရသာနှင့်အတွေ့အထိ +၁ အထူးအရည်အသွေးတစ်မျိုးပိုပါသည်။
ထို့ကြောင့် ဆေးပြုတ်ရည်ကအရသာရှိသည်ဟူသောဆိုရိုးမှာ မုသားဟုတ်ပုံမရ။ အမှန်ဖြစ်နေသည်။ ပြုတ်နည်းမှားရင် ဆေးပင်၏စူးစူးဝါးဝါးအနံ့ကြောင့် ဆေးပြုတ်ရည်အရသာရှိဖို့ခက်သည်။
အဓိကအချက်မှာ ဆေးပြုတ်ရည်တွင် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်း၊ အားအင်ပြန်ပြည့်ခြင်း၊ သွေးနှင့်ချီဓာတ်ပြန်ပြည့်ခြင်း၊ ကိုယ်ခံအားကောင်းခြင်းဆိုသော အရည်အသွေးများလည်းရှိနေသည်။
ခန္ဓာကိုယ်အားနည်းသူ၊ သွေးနှင့်ချီဓာတ်မလုံလောက်သူ၊ စိတ်မကျန်းမာသူများအတွက် သေချာပေါက်အသုံးတည့်လိမ့်မည်။
နောက်ပြီး အပန်းဖြေစံအိမ်အသင့်ဖြစ်ရင် အရည်အသွေး ၂ ပစ္စည်းများကကောင်းသော်လည်း အကြီးအကဲစားပွဲတစ်ပွဲကို အနည်းဆုံး ယွမ် ၆၀၀၀၀ ကျလိမ့်မည်။ အကြီးအကဲစားပွဲကို ဘယ်သူမှတစ်နေ့သုံးနပ်မစားနိုင်။
ဒီလိုဆိုရင် တစ်လယွမ် ၅ သန်းကျော်ကျမည်မဟုတ်လား?
ဒါက လက်တွေ့တော့မကျ။ ကမ္ဘာ့စျေးအကြီးဆုံးကျန်းမာရေးစင်တာက ပေါင် ၃၇၀၀၀၀၊ ယွမ် ၃ သန်းကျော်သာရှိသည်။
သို့ရာတွင် ကျန်းမာရေးစင်တာမှာ ယွမ်ဘီလီယံဆယ်ချီနှင့်ဆောက်ထားသော ထိပ်တန်းပြုစုကုသမှုပေးသောနေရာဖြစ်သည်။
အဓိကအချက်မှာ သူကအံ့ဩစရာကောင်းသောအကြီးအကဲစားဖွယ်ကိုဖန်တီးထားပြီဖြစ်၍ တန်ဖိုးမချနိုင်သလို ထမင်းအနပ်တိုင်းကို အကြီးအကဲစားပွဲမဖြည့်ဆည်းပေးနိုင်။ ဒီလိုဆိုရင် အရင်သူဖန်တီးထားသော အံ့ဩစရာက ပျောက်ဆုံးသွားလိမ့်မည်။
ထို့ကြောင့် နောက်နောင် အပန်းဖြေစံအိမ်မှာ အရည်အသွေး ၂ ပစ္စည်းဖြည့်ဆည်းပေးရင်တောင် ကန့်သတ်ချက်ရှိရမည်။ ပုံမှန်ပစ္စည်းများနှင့်အစားထိုးဖို့လိုသည်။
အခု ဒီလျှို့ဝှက်ဆေးပြုတ်နည်းက အကောင်းဆုံးရွေးချယ်မှုဖြစ်လိမ့်မည်။ အပန်းဖြေစံအိမ်၏နေ့စဉ်ဖြည့်စွက်ချက်အဖြစ်သုံးနိုင်သည်။
အဓိကအချက်မှာ ဤသည်ကဆေးပြုတ်နည်းအစွမ်းသာရှိသေးသည်။ ပါဝင်ပစ္စည်းနှင့်ပေါင်းလိုက်လျှင် အာနိသင်ထပ်တိုးဦးမည်။
ထို့ကြောင့် သူတစ်ခုတွေးမိသည်။ ဆေးပြုတ်ရည် + ဂိမ်းပါဝင်ပစ္စည်းများ။
ဥပမာ - ဂိမ်းထုတ်ကုန်အရည်အသွေး ၂ ငါးတွင် အရည်အသွေးများစွာရှိသည်။ ငါးချက်နည်း + ဆေးပြုတ်နည်းဆိုရင် ထပ်တိုးအရည်အသွေးများက ပိုပြီးအံ့ဩစရာကောင်းလိမ့်မည်။
ထို့အပြင် အရည်အသွေး ၂ ငါး + ငါးချက်နည်းက စားကောင်းခြင်း +၃ နှင့် အသား +၃ ဖြစ်နေပြီ။
အထူးအရသာ +၁ နှင့် အထူးဆေးနံ့ +၁ ပေါင်းလိုက်ရင် အာရုံခံစားနိုင်စွမ်းပိုကောင်းမည်။
(လျှို့ဝှက်ဆေးပြုတ်နည်းကို အသုံးပြုလိုပါသလား?)
ဒေါက်တာ Dott က ကျင်းတမင်လဲခဲ့သောဆေးနည်းကိုကူးရေးပြီး ဆေးနည်းက စနစ်ထဲရောက်သွားသည်။
နည်းနည်းတော့ အံ့ဩစရာကောင်းသည်။
လက်တွေ့လောကမှာ မပြည့်စုံသေးတဲ့တရုတ်တိုင်းရင်းဆေးနည်းတွေ အများကြီးရှိနိုင်တယ်မလား?
ထို့နောက် ချင်လင်က အသုံးပြုမည်ကိုတန်းရွေးလိုက်သည်။
ခဏအကြာ ဆေးပြုတ်ရည်လုပ်နည်းအချက်အလက်များအားလုံး သူ့စိတ်ထဲစွဲထင်လာသည်။ အထူးသဖြင့် တရုတ်တိုင်းရင်းဆေးအချက်အလက်နှင့်အာနိသင်များ:
ကျယ်အာ၊ ဖူလင်း၊ တန်ရှန်း၊ ဟွမ်ချီ...
ဆေးပြုတ်ရည်လုပ်ပြီး ပါဝင်ပစ္စည်းအမျိုးမျိုးကိုပြင်ဆင်နိုင်သည်။ တစ်နည်းဆိုရသော် ပါဝင်ပစ္စည်းကန့်သတ်ချက်အလွန်နည်း၍ ပြုတ်ရည်အဖြစ်သောက်နိုင်သည်မှန်သမျှ အဆင်ပြေသည်။