← Chapters

တရုတ်တိုင်းရင်းဆေးနည်း? ဒေါက်တာ Dott ၏ BUG?

Vol. 40 Ch. 596

တရုတ်တိုင်းရင်းဆေးနည်း? ဒေါက်တာ Dott ၏ BUG?

Vol. 40 Ch. 596

နိုင်ငံအသင်းအော်ဒါမှာ အထူးဝန်ဆောင်မှုပေးရန်လိုသော အထူးအော်ဒါဖြစ်သည်။ ပုံမှန်စက်ရုံစျေးထက် စျေးလျှော့ပေးရမည်။

ဒီလိုအော်ဒါမျိုးက ဝင်ငွေဖန်တီးခြင်းမဟုတ်။ အော်ဒါကိုက ထူးထူးခြားခြားအဓိပ္ပါယ်ရှိသည့်အတွက် အထူးကြော်ငြာနည်းတစ်မျိုးဖြစ်သည်။

ချင်လင်ကချက်ချင်း တန့်ကွမ်းကိုခေါ်ပြီး ဒါရိုက်တာရန်ယူလာသောအော်ဒါကို လွှဲပေးလိုက်သည်။

သို့ရာတွင် သူကချင်းလင်အားဖြည့်လက်ဖက်ရည်အော်ဒါကို အာရုံမရှိ။

တန့်ကွမ်းက စာဖိုင်များနှင့်ထွက်သွားပြီးနောက် သူကဒါရိုက်တာရန်အား_

"ဒါရိုက်တာရန်... ခင်ဗျားက အားကစားသမားစီမံရေးတာဝန်ခံဆိုတော့ ချင်းလင်ဓာတ်ခွဲခန်းအနေနဲ့ဆွေးနွေးချင်တာရှိပါတယ်''

ဒါရိုက်တာရန်က နည်းနည်းအံ့ဩသွားပြီး မေးလိုက်သည်_

"သူဌေးချင် ပြောပါ''

"ဒီလိုပါ ဒါရိုက်တာရန်''

ချင်လင်ကရှင်းပြသည်_

"အခုကျွန်တော်တို့မှာ အရမ်းထူးခြားတဲ့ဆေးရည်တစ်မျိုးရှိပါတယ်... ပါမောက္ခလီခိုင်ဘက်က ဒီဆေးရည်မှာ အထူးပစ္စည်းနှစ်မျိုးတွေ့ထားပါတယ်''

"ပစ္စည်းတစ်မျိုးက ၅ နာရီအပြင်းအထန်လေ့ကျင့်ခန်းလုပ်ပြီးရင် သူတို့ရဲ့ဆဲလ်တွေအပေါ်မှာ အာနိသင်ပြနိုင်ပါတယ်... လေ့ကျင့်ရေးက ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် အရမ်းအားကောင်းပါလိမ့်မယ်... ရေရှည်သောက်မယ်ဆိုရင် ဒီအခြေအနေမှာ ရုပ်ပိုင်းဆိုင်ရာကန့်သတ်ချက်ထက်တောင် ကျော်သွားနိုင်ပါတယ်''

“???”

ဒါရိုက်တာရန်က ချင်လင်စကားနားထောင်ပြီး ခဏကြောင်သွားသည်။ ထို့နောက် အံ့ဩသံနှင့်မေးလာသည်_

"သူဌေးချင်... တကယ်ပဲလား?''

သူလုံးဝမယုံနိုင်။

ဒီလိုဆေးမျိုးရှိလို့ နိုင်ငံ့အသင်းအားကစားသမားတွေက ရုပ်ပိုင်းဆိုင်ရာကန့်သတ်ချက်ထက်ကျော်ရင် ဘယ်လိုဖြစ်မလဲသူတွေးကြည့်သည်။

ဒီလိုဆေးရည်မျိုး တကယ်ရှိလား?

စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းဆန်နေသည်။

နိုင်ငံအသီးသီးက ဒီအပိုင်းမှာသုတေသနမလုပ်ဖူး၍မဟုတ်။ ဒီလိုအောင်မြင်မှုမျိုး ဘယ်နိုင်ငံမှမရသေးခြင်းဖြစ်သည်။ ကျန်းမာရေးချူချာမှုကိုပစ်မှတ်ထားသောဆေးမျိုးထုတ်ဖို့တောင် နိုင်ငံအသီးသီးအတွက်ခက်နေသည်။

ထို့ကြောင့် ခန္ဓာကိုယ်ကန့်သတ်ချက်ကိုကျော်လွန်နိုင်သောဆေးမျိုးဆို မပြောနှင့်တော့။

အခု သူဌေးချင်က ချင်းလင်ဓာတ်ခွဲခန်းမှာ ဒီလိုဆေးမျိုးရှိသည်ဟုပြောနေပြီ။

မအံ့ဩဘဲနေမလား?

ချင်လင်ကရှင်းပြသည်_

"ဒါရိုက်တာရန်... ကျွန်တော်မနောက်ပါဘူး... ဒါပါမောက္ခလီခိုင်စမ်းသပ်ပြီး ခန့်မှန်းထားတဲ့အချက်ပါ... လက်တွေ့တော့ မစမ်းသပ်ရသေးဘူး... ဘာပဲဖြစ်ဖြစ် သာမန်လူတွေအတွက်က အပြင်းအထန်လေ့ကျင့်ခန်း ၅ နာရီကျော်ကို ရေရှည်လုပ်ဖို့မဖြစ်နိုင်ဘူး''

ချင်လင်ပြောတဲ့အဓိပ္ပါယ်ကို ဒါရိုက်တာရန်ကချက်ချင်းသဘောပေါက်သည်။ ပါမောက္ခလီခိုင်ရဲ့ခန့်မှန်းချက်က မှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ၊ အတည်ပြုဖို့က နိုင်ငံ့အသင်းအားကစားသမားတွေအပေါ်မူတည်နေသည်။

အပြင်းအထန်လေ့ကျင့်ခန်းတစ်နေ့ ၅ နာရီကျော်ကို နိုင်ငံ့အသင်းအားကစားသမားများသာလုပ်နိုင်လိမ့်မည်။

သို့သော် ဒီကိစ္စကပေါ့သေးသေးမဟုတ်။ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်မဖြစ်သောကြောင့်_

"သူဌေးချင်... ကျုပ်ကို ပါမောက္ခလီခိုင်ရဲ့စမ်းသပ်ချက်မိတ္တူနဲ့ ခင်ဗျားပြောတဲ့ဆေးရည်ပေးလိုက်နိုင်မလား? ကျုပ် မိတ္တူယူသွားဖို့လိုတယ်''

"ရတာပေါ့''

ချင်လင်ကခေါင်းညိမ့်ပြီး လီခိုင်၏စမ်းသပ်ချက်မိတ္တူနှင့် သူဖော်ထားသောဆေးရည်ကို ဒါရိုက်တာရန်ဆီပေးလိုက်သည်။

ဒါရိုက်တာရန်က ပစ္စည်းရပြီးနောက် ချင်းလင်စံအိမ်မှအမြန်ဆုံးပြန်လာသည်။

သူအော်ဒါလာပေးတဲ့အချိန်မှာ သူဌေးချင်ဆီက ဒီလိုအံ့ဩစရာဆေးရည်အကြောင်းသိရမည်ဟုမထင်မိ။

…

မကြာမီ ဒါရိုက်တာရန်က ပေကျင်းပြန်ရောက်လာပြီး ဝန်ကြီးကိုရှာလိုက်သည်။

ဝန်ကြီးလည်း အစီရင်ခံချက်ရပြီး အံ့ဩသွားသည်။ သူကချက်ချင်း အမိန့်ပေးလိုက်၏_

"ဒါရိုက်တာရန်... တရုတ်သိပ္ပံအကယ်ဒမီကိုအမြန်သွားပြီး ဒီဆေးရည်ကိုစစ်ဆေးကြည့်ပါ... ငါသူတို့ဝန်ကြီးလုကို ဖုန်းဆက်ထားလိုက်မယ်''

…

တရုတ်သိပ္ပံအကယ်ဒမီ_

ဝန်ကြီးလုက ပါမောက္ခရန်၊သုတေသနသမားတချို့နှင့် အစည်းအဝေးလုပ်နေသည်။ ချင်းလင်ဓာတ်ခွဲခန်းမှပါမောက္ခလီခိုင်က ထျန်းမုထုံရှန်းကိုပျိုးထောင်ပေးပြီးနောက်ပိုင်း တရုတ်သိပ္ပံအကယ်ဒမီက ကျန်းမာရေးချူချာခြင်းအတွက် U31i ဆေးဝါးကိုထိုးဖောက်နိုင်ခဲ့သည်။

U31i စမ်းသပ်ရေးအစီအစဉ်အတွက် နောက်တစ်ဆင့်ကိုဆွေးနွေးရန် အစည်းအဝေးကျင်းပခြင်းဖြစ်သည်။

ရုတ်တရက် ဝန်ကြီးလုထံဖုန်းဝင်လာသည်။ သူကဖုန်းနံပါတ်ကိုကြည့်လိုက်ရာ ဝန်ကြီးတစ်ဦးဆီမှဖြစ်နေ၍ ချက်ချင်းဖုန်းကိုင်လိုက်သည်။

သတင်းကြားသောအခါ သူကအလန့်တကြား မတ်တပ်ထရပ်ပြီး_

"ဝန်ကြီးကျောက်... ခင်ဗျားပြောတာ အမှန်ပဲလား? ကောင်းပြီ ကောင်းပြီ... ခင်ဗျားလူတွေရောက်လာရင် ချက်ချင်းစစ်ခိုင်းလိုက်မယ်''

ဖုန်းချပြီးနောက် ဝန်ကြီးလုမှာ အစည်းအဝေးဆက်လုပ်ချင်စိတ်မရှိတော့။ သူကချက်ချင်း ပါမောက္ခရန်အား_

"ပါမောက္ခရန်... ခင်ဗျားအဖွဲ့ထဲက ခန္ဓာကိုယ်နဲ့ဆဲလ်ပိုင်းသုတေသနကောင်းတဲ့ သုတေသနသမားနှစ်ယောက်ကို ကျုပ်နဲ့ထည့်ပေးလိုက်ပါ... ကျန်တဲ့သူတွေ ဆက်ဆွေးနွေးလို့ရပါတယ်''

ပါမောက္ခရန်မှာ လူမှုဘဝကျန်းမာရေးသုတေသနတာဝန်ခံဖြစ်၍ သူ့အဖွဲ့ထဲတွင် ခန္ဓာကိုယ်နှင့်ဆဲလ်ပိုင်းသုတေသနကောင်းသူများရှိသည်။ လူမှုဘဝကျန်းမာရေးသုတေသနခေါင်းစဉ်နှင့်သူ့အဖွဲ့မှာ ဆဲလ်ရောဂါဗေဒပြောင်းလဲမှုနှင့်လည်း ကျယ်ကျယ်ပြန့်ပြန့်ဆက်နွယ်နေသည်။

အမြင်သာဆုံးဥပမာက ကင်ဆာဆဲလ်များအပေါ်သုတေသနလုပ်ခြင်းဖြစ်မည်။

ပါမောက္ခရန်က အဖွဲ့ဝင်နှစ်ယောက်ကိုခေါ်လိုက်သည်။ သူက ဝန်ကြီးလုစိတ်လောနေပုံကိုကြည့်ရင်း မေးသည်_

"ဝန်ကြီးလု... ဘာကိစ္စရှိလို့လဲ?''

"နိုင်ငံ့အသင်းက ချင်းလင်စံအိမ်ကိုသွားတယ်''

ဝန်ကြီးလုကရှင်းပြသည်_

"သူဌေးချင်ဆီက ပစ္စည်းကောင်းတစ်ခုခုရလာတဲ့ပုံပဲ''

"ဘာပစ္စည်းလဲ?''

ပါမောက္ခရန်က အလောတကြီးမေးလိုက်သည်။

ပါမောက္ခလီခိုင်က ပစ္စည်းကောင်းတစ်ခုထွင်လိုက်တာဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် ပါမောက္ခလီခိုင်ပစ္စည်းကောင်းထုတ်တာ ပထမအကြိမ်လည်းမဟုတ်။

ဝန်ကြီးလုကရှင်းပြသည်_

"အထူးဆေးရည်တစ်မျိုး... အပြင်းအထန်လေ့ကျင့်ခန်း ၅ နာရီလုပ်ပြီးရင် ဆဲလ်အပေါ်သက်ရောက်မှုရှိတဲ့အထူးပစ္စည်းနှစ်မျိုးပါတယ်ဆိုပဲ... တစ်မျိုးက ရေရှည်လေ့ကျင့်ရေးဆင်းရင် ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုတစ်ဆင့်မြင့်သွားစေတဲ့အထူးပစ္စည်းတဲ့... တစ်နည်းပြောရရင် ခန္ဓာကိုယ်ကန့်သတ်ချက်ထက်ကျော်လွန်နိုင်တာပေါ့''

"ဒါမျိုးတကယ်ရှိလား?''

ပါမောက္ခရန်မှာ မယုံနိုင်သောအကြည့်များနှင့်။

ခန္ဓာကိုယ်ကန့်သတ်ချက်ထက်ကျော်လွန်ဖို့ ဘယ်လောက်ခက်လဲ သူကောင်းကောင်းသိသည်။ လွယ်တယ်ဆိုရင် U31i ဆေးဝါးသုတေသနလုပ်ဖို့ ဒီလောက်ခက်မည်မဟုတ်ပေ။



All Chapters