← Chapters

တရုတ်တိုင်းရင်းဆေးနည်း? ဒေါက်တာ Dott ၏ BUG? ၃

Vol. 40 Ch. 598

တရုတ်တိုင်းရင်းဆေးနည်း? ဒေါက်တာ Dott ၏ BUG? ၃

Vol. 40 Ch. 598

အခုတော့ တစ်ဖက်လူက ဒီဆေးရည်ကို ချင်းလင်ဆေးဖက်ဝင်ဝိုင်နဲ့လဲသွားတဲ့ တရုတ်တိုင်းရင်းဆေးမိသားစုဆီကအချောင်ရတဲ့နည်းလို့ပြောနေပြီ။ သူနဲ့သူဌေးချင်က ဒီဆေးရည်ကိုအာနိသင်မရှိဘူးလို့တောင် ထင်ခဲ့တာတဲ့။

စမ်းသပ်ပြီးမှ ပါမောက္ခလီခိုင်က ထူးခြားမှန်းသိခဲ့သည်။ စမ်းသပ်ပြီးအတည်မပြုခဲ့ရင် ဒီကိစ္စဖြစ်လာမည်မဟုတ်ပေ။

မယုံနိုင်စရာ။

"ပါမောက္ခလီခိုင်... ခင်ဗျားပြောတာ အမှန်ပဲလား?''

ဝန်ကြီးလုကထပ်မေးပြီး အတည်ပြုသည်။

"အမှန်ပါပဲ''

လီခိုင်ခေါင်းညိမ့်လိုက်သည်_

"ကျွန်တော်တို့ တရုတ်တိုင်းရင်းဆေးကိုလျှော့တွက်မိတယ်ထင်တယ်''

အတည်ပြုပြီးမှ ဝန်ကြီးလုမှာ ရုတ်တရက်အလှောင်ခံရသလိုခံစားရပြန်သည်။

ဒါဆို ဒီဆေးရည်က ဟိုးရှေးရှေးကတရုတ်တိုင်းရင်းဆေးနည်းကို တကယ်ဖော်ထားတာပေါ့?

သုတေသနရံပုံငွေတွေတစ်ပုံတခေါင်းကြီးသုံးပြီး ဖြေရှင်းဖို့ခက်နေတဲ့ ခန္ဓာကိုယ်သုတေသနကို တရုတ်တိုင်းရင်းဆေးနည်းနဲ့ဖြေရှင်းလိုက်နိုင်ပြီတဲ့လား?

သို့ရာတွင် သူတို့တရုတ်တိုင်းရင်းဆေးကိုပစ်ပယ်ထားမိသည်ထင်သည်။

ဝန်ကြီးလုနှင့်ပါမောက္ခရန်က အချင်းချင်းကြည့်လိုက်ပြီး တစ်ယောက်ပြောချင်တာတစ်ယောက်နားလည်သွားပုံရသည်။

တစ်နည်းပြောရရင် သူတို့က ရတနာကိုပစ်ပယ်ထားခဲ့မိသည်။

ဘာပဲဖြစ်ဖြစ် တရုတ်တိုင်းရင်းဆေးနည်းမှာ ဒီလိုအာနိသင်မျိုးရှိမယ်လို့ ဘယ်သူထင်မလဲ?

အိမ်မှာရှိနေရဲ့သားနဲ့ ရှိမှန်းမသိတော့ အလကားပိုက်ဆံကုန်ရသလိုပင်။

ဝန်ကြီးလုက ဒီကိစ္စကို သူပြန်ရောက်ရောက်ချင်းအစီရင်ခံမည်ဟုဆုံးဖြတ်လိုက်သည်။

တရုတ်တိုင်းရင်းဆေးနည်းမှာ ဒီလိုထူးခြားတဲ့အာနိသင်မျိုးရှိရင် တခြားဆေးနည်းတွေရော?

ချင်လင်နှင့်လီခိုင်က ဝန်ကြီးလုတို့အဖွဲ့ကိုလက်ခံတွေ့ဆုံသည်။ ဒီတစ်ကြိမ်တွင် အားဖြည့်ဆေးရည်၏အာနိသင်ကိုစမ်းသပ်ရန် အားကစားသမားများခေါ်လာသည်။

ထို့ကြောင့် ချင်လင်က ဝန်ကြီးလုကိုလက်ခံတွေ့ဆုံပြီးနောက် ကိစ္စအားလုံးကို လီခိုင်ဆီလွှဲပေးလိုက်သည်။ စမ်းသပ်မှုအကြောင်း သူသိပ်မသိသောကြောင့် အစ်ကိုလီနှင့်သူ့လူများကို ချင်းလင်ဓာတ်ခွဲခန်းထဲတွင်လုပ်စေသည်။

မှတ်ချက်အရ ခန္ဓာကိုယ်ကန့်သတ်ချက်လွန်အောင် နိုင်ငံ့အသင်းက အချိန်အတော်ယူရလိမ့်မည်။

ဝန်ကြီးလုတို့ချင်းလင်ဓာတ်ခွဲခန်းသွားသောအခါ ချင်လင်က ချင်းလင်စံအိမ်ပြန်လာပြီး သူ့ရုံးခန်းထဲတန်းဝင်လိုက်သည်။ ထို့နောက် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။

သူလုပ်စရာတွေကျန်သေးသည်။

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးရေးခြံမှထွက်စေသည်။ ဒေါက်တာ Dott ဆီပြန်သွားပြီး ခလုတ်နှိပ်ကာ (မပြည့်စုံသောလျှို့ဝှက်ဆေးနည်းကို ဆန်းစစ်ပြုပြင်ခြင်း)ကိုရွေးလိုက်သည်။

ထို့နောက် သေတ္တာတစ်လုံးနှင့်စာပေါ်လာသည်:

(သင်ဆန်းစစ်ပြုပြင်လိုသော လျှို့ဝှက်ဆေးနည်းကိုထည့်ပါ!)

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား မပြည့်စုံသောဆေးနည်းကို သေတ္တာထဲထည့်စေသည်။ ထို့နောက် 'အတည်ပြုသည်' ကိုနှိပ်လိုက်၏။

သူ့ဂိမ်းဇာတ်ကောင်ကျောပိုးအိတ်ထဲတွင် နောက်ထပ်ဆေးနည်း ၉ ခု အမှန်ပင်ရှိနေသည်။

ဒါစောစောက သူဂိမ်းထဲထည့်ထားခြင်းပင်။

(ဒေါက်တာ Dott က လျှို့ဝှက်ဆေးနည်းကို ဆန်းစစ်ပြုပြင်နေပါသည်။ စိတ်ရှည်ရှည်နှင့်စောင့်ပါ။)

ခဏအကြာ ဒေါက်တာ Dott ၏စာပေါ်လာပြန်သည်။

(စိတ်မကောင်းပေမဲ့ သင့်ရဲ့မပြည့်စုံတဲ့ဆေးနည်းက သိပ်တန်ဖိုးမရှိပါ... စျေးထဲကသာမန်အအေးမိပျောက်ဆေးပါ!)

စျေးထဲရတတ်သော ဒါမှမဟုတ် လူသိများသောဆေးနည်းကို ဆေးပင်သုံးလေးမျိုးတမင်ဖျောက်ထားရင်တောင် ဒေါက်တာ Dott ကဆန်းစစ်ပြုပြင်ပြီး မူရင်းဆေးနည်းရအောင်လုပ်နိုင်သေးသည်။

ဒါတော့ အဓိပ္ပါယ်မရှိ။

"ဒီဒေါက်တာ Dott က တကယ်တစ်ခုခုပဲ''

ချင်လင်ကမှတ်ချက်ကိုကြည့်ရင်း ပြုံးလိုက်သည်။

ဒီမပြည့်စုံသောဆေးနည်းများမှာ သူတမင်သက်သက်လုပ်ကြံထားခြင်းဖြစ်သည်။ ဆေးနည်းကိုမပြည့်စုံအောင် ဆေးပင်များတမင်လျှော့ထားသည်။

ဒေါက်တာ Dott ရဲ့ဆေးနည်းဆန်းစစ်ပြုပြင်နိုင်စွမ်းကို နည်းနည်းဖြုန်းမိသလိုခံစားရသည်။

အအေးမိပျောက်ဆေးက လုပ်ကြံထားခြင်းပင်။

တခြားတရုတ်တိုင်းရင်းဆေးနည်း ၉ ခုက အင်တာနက်ပေါ်မှရှာထားခြင်းဖြစ်သည်။

ချင်လင်က ဂိမ်းဇာတ်ကောင်ကို ဒုတိယဆေးနည်းထည့်စေသည်။

(စိတ်မကောင်းပေမဲ့ သင့်ရဲ့မပြည့်စုံတဲ့ဆေးနည်းက တန်ဖိုးမရှိပါ)

"ကျွတ်.. ကျွတ်"

ချင်လင်မျက်မှောင်ကြုတ်လိုက်သည်။

ဒုတိယဆေးနည်းက ဟန်ပြမဟုတ်။ လိုင်းပေါ်မှရှာထားသောတရုတ်တိုင်းရင်းဆေးနည်းဖြစ်သည်။ နောက်ပြီး ဆေးနည်းတစ်ခုကို ယွမ် ၂၀၀ ပေးရသည်။

သို့သော် ဒေါက်တာ Dott က ယုံကြည်ပုံမပေါ်။

သူကမယုံနိုင်ဘဲ တတိယဆေးနည်းကိုချက်ချင်းနှိပ်လိုက်သည်!

(စိတ်မကောင်းပေမဲ့ သင့်ရဲ့မပြည့်စုံတဲ့ဆေးနည်းက တန်ဖိုးမရှိပါ)

စတုတ္ထမြောက်!

(စိတ်မကောင်းပေမဲ့ သင့်ရဲ့မပြည့်စုံတဲ့ဆေးနည်းက တန်ဖိုးမရှိပါ)

တဆက်တည်း ၈ ခုမြောက်အထိ_

(စိတ်မကောင်းပေမဲ့ သင့်ရဲ့မပြည့်စုံတဲ့ဆေးနည်းက တန်ဖိုးမရှိပါ)

“艹!*$#”

ချင်လင်မဆဲဘဲမနေနိုင်တော့။

ဘာလဲဟ!

ဒီလောကမှာ ရိုးသားမှုဆိုတာရှိသေးရဲ့လား?

အားလုံးအတုတွေ။ ဆေးနည်း ၈ ခုဆိုတော့ ယွမ် ၁၆၀၀ အလိမ်ခံလိုက်ရပြီပေါ့။

အခြေခံလူ့ကျင့်ဝတ်နည်းနည်းမှမရှိဘူးလား?

အဓိကအချက်မှာ ၉ ခုလုံးအတုဖြစ်ရင်တောင် ယွမ် ၁၈၀၀ ပဲဟု ရုတ်တရက်သူသဘောပေါက်လိုက်သည်။

ယွမ် ၂၀၀၀ မကျော်ရင် အမှုတင်လို့ရမည်မထင်။

နောက်ဆုံးတော့ တစ်ဖက်လူက ဆေးနည်း ၉ ခုပဲရှိတယ်လို့ဘာကြောင့်ပြောလဲ သူသဘောပေါက်ပြီ။

အတော်စေ့စေ့စပ်စပ်ရှိပြီး လုံးဝလောဘမကြီးပါလား!

"ဟင်း ဟင်း''

ချင်လင်မှာ စောဒကတက်ချင်စိတ်တောင်မရှိတော့။ နောက်ဆုံးဆေးနည်းကိုသေတ္တာထဲထည့်ပြီး 'အတည်ပြုမည်'ကိုနှိပ်လိုက်တော့သည်။

အစက ဆေးနည်း ၉ ခုလုံးအတုထင်သော်လည်း ဒီတစ်ကြိမ် ဒေါက်တာ Dott တွင်ပေါ်လာသောစကားပြောက မတူ။

(ဆေးနည်းပြင်ပြီးပါပြီ။ အလွန်အဖိုးတန်သောဆေးနည်းဖြစ်သည်။ အာနိသင်ကိုဆန်းစစ်ပြီး သင့်အတွက်အသစ်တစ်စောင်ရေးပေးထားသည်!)

(ဂုဏ်ယူပါတယ်။ တရုတ်တိုင်းရင်းဆေးနည်းလက်ရေးစာနှင့်အတူ ဒေါက်တာ Dott ဆန်းစစ်ပြုပြင်ပေးသောမိတ္တူကိုရလိုက်ပါပြီ။)

ရုတ်တရက်အသိပေးစာကြောင့် ချင်လင်ခဏကြောင်သွားပြီးမှ သူ့မျက်နှာပြုံးရွှင်သွားသည်။

တစ်ဖက်လူကို သူအထင်လွဲမိပြီထင်သည်။

ဒီကမ္ဘာမှာ အချစ်စစ်ရှိသည်။

ဘာလို့များ သူများကိုလူလိမ်လို့အထင်လွဲမိပါလိမ့်?

ချင်လင်က တုံ့ဆိုင်းမနေ။ ရုံးခန်းတံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ ထို့နောက် ဆေးနည်းအသစ်ပေါ်မှ မှတ်ချက်ကိုကြည့်လိုက်သည်။

သို့ရာတွင် မှတ်ချက်ဖတ်ပြီးနောက် ထူးထူးဆန်းဆန်းမျက်နှာထားဖြစ်သွားလေသည်။

ဝမ်းနှုတ်ဆေး: အရည်အသွေး ၁

(အထူးဖျော်ရည်လုပ်နိုင်သော အထူးဆေးနည်းဖြစ်သည်:

ဝမ်းချုပ်သက်သာခြင်း +၁၊ သွေးဝမ်းသက်သာခြင်း +၁၊ ဝမ်းသွားအားမရခြင်းကိုသက်သာစေခြင်း +၁၊ ဝမ်းကိုက်သက်သာခြင်း +၁၊ စမြင်းခံခြင်းကိုသက်သာစေခြင်း +၁!)

ဒီဆေးနည်းက_

တကယ်ဖျော်ရည်အမျိုးအစားဆေး။ ဒါပေမဲ့ ဒေါက်တာ Dott ဆီမှာ BUG ကိုသုံးပြီး ဝမ်းနဲ့ပတ်သက်တဲ့ဆေးမျိုးရလာမည်ဟု ချင်လင်လုံးဝမတွေးမိပေ။



All Chapters