← Chapters

နောက်ထပ်တရုတ်တိုင်းရင်းဆေးနည်း? အာနိသင်က တကယ်ထက်?

Vol. 40 Ch. 599

နောက်ထပ်တရုတ်တိုင်းရင်းဆေးနည်း? အာနိသင်က တကယ်ထက်?

Vol. 40 Ch. 599

ဝမ်းအတွက်သီးသန့်လုပ်ထားသောဆေးဖျော်ရည်ဖြစ်သော်လည်း အလွန်အံ့ဩဖို့ကောင်းပုံရသည်။

ဘာပဲဖြစ်ဖြစ် ဝမ်းလျှောနေသူထက် လိပ်ခေါင်းကပိုဆိုးသည်။

အမျိုးသား ၁၀ ယောက်မှာ ၉ ယောက်၊ အမျိုးသမီး ၁၀ ယောက်မှာ ၁၀ ယောက် လိပ်ခေါင်းရှိသည်ဆိုသော်လည်း နည်းနည်းချဲ့ကားထားသည်ဟုထင်ရသည်။ သို့သော် ဝမ်းကိစ္စနှင့်ပတ်သက်လျှင် လုံးဝအပိုပြောခြင်းမဟုတ်။

နောက်ပြီး ဝမ်းနှုတ်ဆေးအာနိသင်က လူတိုင်းအနည်းနှင့်အများကြုံရမည့်ပြဿနာဖြစ်သည်။

တစ်နည်းပြောရရင် နောက်ထပ်နာမည်ကြီးဆေးဖျော်ရည်ဖြစ်လာလိမ့်မည်။

ချင်းလင်အားဖြည့်လက်ဖက်ရည်လောက်မဟုတ်ရင်တောင် ချင်းလင်အစားအသောက်ကုမ္ပဏီ၏ နောက်ထပ်အဓိကဖျော်ရည်တစ်မျိုးဟုလည်း ယူဆနိုင်သည်။

အဓိကအချက်မှာ ဆေးရည်တွင် ဝမ်းချုပ်သက်သာစေခြင်း +၁ အာနိသင်လည်းရှိသည်။

ဝမ်းချုပ်သက်သာစေခြင်းမှာ အရည်အသွေး ၂ သဘာဝပျားရည်လောက်မထိရောက်သော်လည်း ဝမ်းသက်စေသောဆေးနှင့်ချင်းလင်အားဖြည့်လက်ဖက်ရည်ပေါင်းလိုက်လျှင် ဝမ်းချုပ်သက်သာပြီး အားပြန်ပြည့်စေလိမ့်မည်။ အရည်အသွေး ၂ သဘာဝပျားရည်ကို အစားထိုးနိုင်မည့်ပုံရှိသည်။

ချင်းလင်ဓာတ်ခွဲခန်းအထူးမြေကြီးတွင်စိုက်သောမျိုးစေ့များက မျိုးစိတ်ပြောင်းလဲမှုပိုဖြစ်ပြီး အရည်အသွေး ၁ သီးနှံပိုများသည်။

နောက်ပိုင်း ထိုသီးနှံများကိုအရောင်းမမြှင့်တင်တော့ဘဲ အပန်းဖြေစံအိမ်အတွက်အထူးဖြည့်ဆည်းပေးမည်။ ပစ္စည်းသယ်သူအဖြစ်ကလည်း အနားယူနိုင်ပြီ။ ရှေ့လျှောက် အရည်အသွေး ၂ ပစ္စည်းတချို့ကိုသာ အပန်းဖြေစံအိမ်ကို သူ့အချိန်နှင့်သူပို့ပေးရတော့မည်။

ချင်လင်က ဝမ်းနှုတ်ဆေးဖျော်ရည်အကြောင်း အချက်အလက်အားလုံးရပြီးနောက် ဂိမ်းထဲချက်ချင်းဝင်ပြီး ဝမ်းနှုတ်ဆေးဖျော်ရည်လျှို့ဝှက်နည်းအားအသုံးပြုမည်ကိုရွေးလိုက်သည်။

ဝမ်းနှုတ်ဆေးဖျော်ရည်ဆေးနည်းက ဆေးပင်များများမလို၊ ဆယ်မျိုးလောက်သာရှိသော်လည်း ရုံချန်းဆေးဆိုင်တွင်မရနိုင်သော ဆေးပင်တချို့ပါသည်။

ဆေးပင်ရှားခြင်း၊အပင်ဖြစ်ဖို့ခက်ခြင်းကြောင့်မဟုတ်၊ ခေတ်ပေါ်သုံးဆေးပင်များမဟုတ်သောကြောင့်ပင်။ ဘာပဲဖြစ်ဖြစ် ဝမ်းအတွက်တရုတ်တိုင်းရင်းဆေးဝယ်နေကျလူကသိပ်မရှိ။

လူတိုင်းမှာ ဒီပြဿနာရှိသော်လည်း အများစုကအနောက်တိုင်းဆေးသောက်ကြသည်။ တရုတ်တိုင်းရင်းဆေးကို တသီးတသန့်မရွေးချယ်ခြင်းမှာ အချိန်ကုန်ခြင်းကြောင့်ပင်။

တချို့ကဒီပြဿနာရှိသော်လည်း ခန္ဓာကိုယ်ပုံမှန်ပြန်ဖြစ်တဲ့အချိန်အထိ ပေနေကြသည်။ ရက်ပိုင်းလောက်ကြာရင် အဆင်ပြေသွားလိမ့်မည်။

အကင်စားပြီးအပူဝမ်းသွားရင် ဆေးရုံသွားလိုက်ရုံပဲမဟုတ်လား?

ဒီနည်းကအချိန်ကုန်ငွေကုန်ရင် ရေပိုသောက်ပြီး အရသာပေါ့ပေါ့စားလိုက်ပါက ခန္ဓာကိုယ်ကထိန်းညှိပြီးသားဖြစ်၍ သူ့ဘာသာပြန်ကောင်းသွားလိမ့်မည်။

ဒါကလည်း ဝမ်းနှုတ်ဆေးစျေးကွက်ပင်။

ဆေးရုံသွားရမှာပျင်းရင် အောက်ထပ်ဆင်းပြီးဖျော်ရည်ဝယ်လိုက်ရုံသာ။

ပုံမှန်ပြန်ဖြစ်ဖို့ ကိုယ့်ခန္ဓာကိုယ်အပေါ်အားထားနေရင် နည်းနည်းမသက်မသာဖြစ်ပြီး အစားအစာလည်းရှောင်ရလိမ့်မည်။

ချင်လင်မှာဆေးပင်အလုံအလောက်မရှိ၍ ဆေးဆိုင်ကမှာရသည်။

ဆေးဆိုင်က အတွေ့များသောဆေးပင်ဖြစ်၍ သုံးရက်အတွင်းရနိုင်သည်ဟုဆိုသည်။

ဆေးဆိုင်မှဆေးပင်တချို့မှာပြီး စံအိမ်ရုံးခန်းထဲချက်ချင်းပြန်လာခဲ့သည်။ ထို့နောက် ကွန်ပျုတာဖွင့်၍ ဖိုရမ်ထဲဝင်လိုက်၏။

ဖိုရမ်ထဲတွင် 'လက်ကျန်ရွှေ'အမည်ရှိသော ID ကိုရှာလိုက်သည်။

စတွေ့တွေ့ချင်းက ထိုနာမည်ပြောင်မှာထူးဆန်းနေသည်။ 'ရွှေ'စာလုံးကို တမင်များမှားရိုက်ထားသလားဟုတောင် သံသယဝင်ခဲ့သည်။

မပြည့်စုံသောဆေးနည်း ၉ ခုကို သူ့ဆီကဝယ်ခဲ့ခြင်းပင်။

သူကလူရိုးဖြစ်သည်။ ဆေးနည်း ၉ ခုထဲမှတစ်နည်းက ဝမ်းနှုတ်ဆေးဖျော်ရည်ကောင်းဖြစ်နေသည်။

သူ့မှာ ဒီလိုဆေးနည်းမျိုးရှိသေးလား မေးကြည့်ချင်သည်။

သူက 'စာပို့မည်'ကိုနှိပ်ပြီး တစ်ဖက်လူအားစာပို့လိုက်သည်:

"မင်္ဂလာပါ... လိုင်းပေါ်ရှိလား? အရင်ဆေးနည်း ၉ ခုက အရမ်းအသုံးဝင်တာပဲ... နောက်ထပ်ဆေးနည်းရှိသေးလား?''

တစ်ဖက်၌_

ခပ်ကျဉ်းကျဉ်းအငှားတိုက်ခန်းတစ်ခုတွင် ဝဝဖိုင့်ဖိုင့်နှင့်မျက်မှန်တပ်ထားသောလူတစ်ယောက်က ဂိမ်းဆော့နေသည်။ ထိုဝဝဖိုင့်ဖိုင့်လူက အမြင်တော်တော်အားနည်းမှန်းသိသာသည်။ မျက်မှန်တပ်ထားသော်လည်း ကွန်ပျူတာနှင့်အရမ်းကပ်ပြီးကြည့်နေသည်။

နောက်ပြီး သူ့ခန္ဓာကိုယ်ပုံစံအရ အိမ်မှာအနေများသောဂိမ်းစွဲနေသူဖြစ်လိမ့်မည်။ သူကစိတ်ခံစားချက်ကောင်းနေသည်။ စောစောကဂိမ်းထဲ ယွမ် ၁၈၀၀ သွင်းပြီးနောက် သူ့ဂိမ်းဇာတ်ကောင်၏တိုက်ရည်ခိုက်ရည်က အတော်လေးတိုးတက်လာသည်။

ဖိုရမ်ထဲမှာ အချဉ်နဲ့တိုးပြီး အလကားနေပိုက်ဆံအများကြီးရတာ ပျော်စရာကောင်းနေသေး။

ကြည့်ရတာ ဒီလောကမှာ အရူးတွေအများကြီးရှိသေးတဲ့ပုံပဲ။

ဂိမ်းကစားနေရင်း ဖိုရမ်မှစာဝင်လာသည်။

သူကချက်ချင်းဖွင့်ကြည့်လိုက်ရာ သူ့ဆီကဆေးနည်းဝယ်ချင်သောအရူးဆီမှစာဖြစ်နေသည်။

စာဖတ်ပြီး မရယ်ဘဲမနေနိုင်တော့။

သူ့ဆေးနည်း ၉ ခုကထိရောက်တယ်၊ ထပ်ဝယ်ချင်တယ်တဲ့လား?

သူ့ဆေးနည်းက တခြားစီမလား?

သူ့ကိုအရူးလိုသဘောထားနေတာပဲ။

သူ့ကို ယွမ် ၁၈၀၀ လိမ်သွားမှန်းသိလို့၊ အလျှော့မပေးချင်လို့ မျှားခေါ်နေတာဖြစ်မည်။

ဆေးနည်း ၉ ခု ယွမ် ၁၈၀၀ အတွက် အမှုမတင်နိုင်။ ဒါပေမဲ့ နောက်တစ်ခုတိုးပြီး ယွမ် ၂၀၀၀ ဆို တိုင်လို့ရသွားပြီ။ သူက ငတုံးမဟုတ်။

"အားနာပါတယ်... မရှိတော့ပါဘူး''

သူကချက်ချင်းစာပြန်လိုက်သည်။

သဘောက ယွမ် ၁၈၀၀ အလိမ်ခံရတာနဲ့ သူ့ကိုအချဉ်မမှတ်အောင် ရှင်းရှင်းလင်းလင်းပြောလိုက်ခြင်းပင်။

စာပြန်ပြီးနောက် သူကဂိမ်းပြန်ဆော့နေလိုက်သည်။

'လက်ကျန်ရွှေ'ဆီမှပြန်စာရပြီး ချင်လင်ကသက်ပြင်းအသာချလိုက်သည်။

အသုံးဝင်တဲ့ဆေးနည်းတွေက အမြဲတမ်းရနိုင်ပုံမပေါ်။ သူလက်ခံသည်။

ထို့ကြောင့် အင်တာနက်ပေါ်မှာရှာဖို့ဆုံးဖြတ်လိုက်သည်။ အင်တာနက်ပေါ်တင်ထားသောဖိုရမ်အမျိုးမျိုးတွင် မပြည့်စုံသောဆေးနည်းများရှိသည်။

မထင်မှတ်ဘဲ ရချင်ရနိုင်သည်။

ထို့ကြောင့် နောက်သုံးရက်လုံးလုံး အင်တာနက်ပေါ်တွင်အချိန်ဖြုန်းလိုက်သည်။ ဆေးဆိုင်က သူမှာထားသောဆေးရောက်ပြီဟူ၍ ဖုန်းမဆက်ခင်အထိပင်။

ဖုန်းရပြီးနောက် ချက်ချင်းဆေးဆိုင်သွားပြီး သူမှာထားသောဆေးကို ချင်းလင်စံအိမ်ဆီပြန်ယူလာသည်။

ဝမ်းနှုတ်ဆေးဖျော်ရည်က ဆေးပင်အများကြီးမလိုသော်လည်း ပါဝင်ပစ္စည်းအချိုးအစားက နည်းနည်းရှုပ်သည်။

သို့သော် ကိစ္စမရှိ။

စနစ်၏အချက်အလက်နှင့်ကြွက်သားမှတ်ဉာဏ်က သူ့စိတ်ထဲစွဲထင်နေသဖြင့် အချိုးအစားဘယ်လောက်ရှုပ်ရှုပ် အလွယ်တကူဖော်နိုင်သည်။

အရင်ကသူဝယ်ထားသောဆေးပင်များကိုလည်းထုတ်လိုက်သည်။ ဝမ်းနှုတ်ဆေးဖျော်ရည်တစ်ပုလင်းလုပ်ဖို့ အချိန်သိပ်မကြာလိုက်။

ထို့နောက် သူကချန်တပေကိုဖုန်းဆက်လိုက်သည်။

"သူဌေး... ဘာခိုင်းစရာရှိလို့လဲ?''

ချန်တပေကရောက်ရောက်ချင်းမေးသည်။



All Chapters