← Chapters

(ပေကျင်းကို လာပြီး တရုတ်နှစ်သစ်ကူးပွဲ ကြည့်ရှု့ခြင်း)

Vol. 32 Ch. 466

(ပေကျင်းကို လာပြီး တရုတ်နှစ်သစ်ကူးပွဲ ကြည့်ရှု့ခြင်း)

Vol. 32 Ch. 466

“လူကြီးဖုန်း ခင်ဗျား ဘာလို့ အိတ်တွေကို ထည့်နေတာလဲ ခင်ဗျား ဘယ်သွားမလို့လဲ”

“ပေကျင်းကို သွားပြီးတော့ CCTVရဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို ကြည့်မလို့လေ”

ဖုန်းရှင်ထိုက်က သူ့ခေါင်းကို မော့လျက်သာ ပြန်ဖြေလိုက်၏။

“ပေကျင်းကို သွားပြီး‌တော့ ပွဲကြည့်မှာလား တိုက်ရိုက်ကြည့်ရှုသူ အနေနဲ့လား”

ဖုန်းရှင်ထိုက်က တခြားသူ၏ မယုံကြည်နိုင်သည့် မျက်နှာကို မြင်သည့်အခါ ပိုပြီးတော့တောင် ပိုပြီးတော့တောင် ခွီလာသည်။

“သေချာတာပေါ့ ဘာလို့TVမှာ ကြည့်မှာလဲ ငါသားက အဲ့အစီအစဉ်အတွက် ထုတ်လုပ်သူတွေနဲ့ အလုပ်လုပ်နေတာ သူပြောတာက မောင်အားမင်ရဲ့ မျက်နှာကို ကိုယ်‌တိုင်ကိုယ်ကျတောင် တွေ့ရမယ်တဲ့”

“အိုး ရှောင်ယွီက တကယ်တော်တာပဲ လူကြီးဖုန်း ခင်ဗျားအရမ်းကံကောင်းတယ် ခင်ဗျားအရမ်းချမ်းသာတယ် ခင်ဗျားသားကလည်း အရမ်းတော်တယ် xxဒေသက ၀မ်းဘိုင်း၀မ်ကို ကြည့်လိုက်ဦး သူ့ရဲ့သားက ရန်ဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ၂ရက်ကပဲ အဖေမ်းခံရတယ် မင်းရဲ့သားက သူ့ထက် အဆပေါင်းများစွာကိုသာတယ် ပေကျင်းတက္ကသိုလ်ရဲ့ ကျောင်းသား ရှောင်ဖုန်းက နောင်ကျ CCTVမှာ အလုပ်လုပ်မှာလို့ ဆိုလိုတာလား”

“ဘယ်သူသိမှာတုန်း အဲ့ဒီကလေးက သူ့အစီအစဉ်နဲ့ သူရှိပြီးသား ဟာ ဟုတ်သား ငါသွားရတော့မယ်”

ဖုန်းရှင်းထိုက်သည် နှိမ့်ချချင်ယောင် ကြိုးစားသော်ငြား သူ့၏မျက်နှာထက်တွင်တော့ ဂုဏ်ယူသည့်ပုံရိပ်က ပေါ်နေလေ၏။

“ မြန်မြန်လုပ် ကားမောင်းတော့ တခြားသူတွေနဲ့ အရည်မရ မဖတ်မရတွေ ပြောမနေတော့နဲ့ တခြားသူတွေနဲ့ ပြောနေတာနဲ့ ရှင် နာရီ၀က်လောက်တောင် အချိန်ဖြုန်းမိပြီ”

ကျန်းမူဟွက ဆူလိုက်၏။

“ငါက နောက်ကျစေတာတဲ့လား အစ်မကြီးလီနဲ့ လှေကားမှာ ဘယ်သူက စကားပြောနေတာလဲ”

ဖုန်းရှင်းထိုက်က ရေရွတ်ရင်း ဘင်းမြို့တော်ကို ဦးတည်ကာ မောင်းသွားလေတော့သည်။

“မင်္ဂလာပါ ချီချီ ဘိုးဘိုးလို့ခေါ်”

“ဘာအဘိုးလဲ ဘွားဘွားလို့ခေါ် ဘွားဘွား မုန့်တွေ၀ယ်ကျွေးမယ်”

“အဖေနဲ့အမေ အရင်ဆုံးသွားပြီး အနားယူလိုက်ပါဦး”

လီရှစ်ချင်က သူ့ယောက္ခမ၏ ခရီးဆောင်အိတ်များကို ယူလာပေးသည်။

ဖုန်းရှင်းထိုက်က လီရှစ်ချင်ကို လျစ်လျုရှုကာ လီချီရှင်းကို သူ့ခေါင်းထက်တွင် ထားပြီး သူ့အား ရယ်အောင်လုပ်နေလေသည်။

“ချီရှင်းက လိမ္မာရဲ့လား”

ကျန်းမူဟွက သူ့မြေး၏ လက်ကလေးကို တို့ထိတို့ထိ လုပ်ရင်း မေးလိုက်၏။

“သူလား လိမ္မာတာလား သူက တော်တော်ဆိုးတယ် သူ့ကို အောက်ကို ခေါ်သွားတာနဲ့ ကျွန်တော့်အကြည့်လစ်တုန်း သူက အဝေးကိုပြေးသွားတာလေ”

လီရှစ်ချင်က ပြောလိုက်၏။

“ဘာ ‌မင်းက ချီရှင်းကို သူ့ကိုယ်တိုင်ပြေးဖို့ ခွင့်ပြုတာလား တကယ်လို့ သူလဲကျသွားရင် ဒါမှမဟုတ် မတော်တဆ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ မင်းက ဘယ်လိုအဖေမျိုးလဲကွာ”

ကျန်းမူဟွက ဆူလိုက်၏။

“ကျွန်တော်တို့က ရှေ့က ကွက်လပ်ကိုပဲ သွားတာပါ အဲ့ဒီမှာ ကားတွေ လူတွေ မရှိပါဘူး”

“အဲ့ဒါဆိုရင်လည်း သူ့ဘာသာသူ ပြေးအောင်တော့ မလုပ်နဲ့လေ ဒီအဆောက်အဦက အရမ်းမြင့်တယ် တကယ်လို့ တစ်ယောက်ယောက်က သူ့ကို ပစ်ချလိုက်ရင် ဘယ်လိုလုပ်မလဲ ငါ့စကားနားထောင် တရုတ်နှစ်သစ်ကူးပြီးတာနဲ့ ချီရှင်းကို ငါတို့ဒေသကို ခေါ်သွားမယ် အဲ့ဒီမှာက လေလည်းသန့်တယ် ပြီးတော့ လူတွေနဲ့ ကားတွေလည်း နည်းတယ် ပြီးတော့ ချီရှင်းအနေနဲ့ လွတ်လွတ်လပ်လပ် ပြေးနိုင်တယ်”

ကျန်းမူဟွက ပြောလိုက်၏။

“အမေ ကျွန်တော် ချီရှင်းကို ဂရုစိုက်ပါတယ် ထပ်ပြောရမယ်ဆိုရင် ကျွန်တော့်ရဲ့ အမေကလည်း ဒီနှစ်မှာ ပင်စင်ယူတော့မှာ သူ ကျွန်တော့်ကို ကူညီနိုင်ပါတယ် ကလေးတွေက သူတို့ငယ်ရွယ်တုန်းမှာ မိဘတွေနဲ့ ခွဲလို့မရဘူးလေ ချီရှင်း ပါးစပ်ထဲကို လက်မထည့်နဲ့”

ဖုန်းတန့်ယင်းက သူ့သားလက်ကို ဖြည်းဖြည်းလေး ရိုက်လိုက်သည်။

“ဘာလို့ သူ့ကို ရိုက်တာတုန်း ဘယ်ကလေးက သူတို့ရဲ့ ပါးစပ်ထဲကို လက်ချောင်းမထည့်တာ ရှိလို့လဲ”

ကျန်းမူဟွက ဆူလိုက်၏။

“အမေ သူကလေ လျှောက်ကိုင်တာ ပြီးတော့ သူ့ပါးစပ်ထဲကို ထည့်တာ သူနေမကောင်းဖြစ်လိမ့်မယ် တကယ်လို့ သမီးတို့တွေသာ သူ့ကို ငယ်ငယ်လေးကတည်းက မဆုံးမဘူးဆိုရင် သမီးတို့ ကြီးလာတဲ့အခါကျ ပိုပြီးဒုက္ခရောက်ကုန်လိမ့်မယ် ကျန်းရှန်ကို အမေ မမှတ်မိတော့ဘူးလား သူ့ရဲ့ မိဘတွေက သူငယ်ငယ်တုန်းက မဆုံးမခဲ့လို့ သူ ကြီးလာတဲ့အခါမှာ တစ်ယောက်ယောက်ကို သတ်ခဲ့တာလေ သူ့ကို ထောင်တစ်သက်တစ်ကျွန်း ချခဲ့တယ် သူ့ရဲ့ ကျန်ရှိတဲ့ ဘ၀တစ်သက်တာလုံးက ထောင်ထဲမှာပဲ ဖြတ်သန်းရတော့မှာ”

“နင် ဘာတွေပြောနေတာလဲ ငါတို့ရဲ့ ချီရှင်းက အရမ်းကို လိမ္မာတယ် အိုးး မင်းတို့ နှစ်ယောက်စလုံး ပေကျင်းက ဖျော်ဖြေပွဲကို မသွားဘူးလား”

“သမီးတို့ မသွားတော့ဘူး ချီရှင်းကလည်း အရမ်းငယ်သေးတယ် သမီးရဲ့ ယောက္ခ‌မတွေကလည်း အမေတို့နဲ့အတူတူ လိုက်မှာလေ ဒီမှာပဲ ရှစ်ချင်နဲ့အတူ နေခဲ့မယ် ပြီးတော့ ဆေးရုံမှာ လုပ်စရာအလုပ်တွေကလည်း များသေးတယ် သမီးတို့ မလိုက်နိုင်ပါဘူး”

ဖုန်းရှင်းထိုက်က ဆေးရုံအကြောင်းကို ကြားသည့်အခါ မပျော်ရွှင်စွာဖြင့်

“ရှစ်ချင် မင်း သားက ဒီလောက်ငယ်သေးတာကို ဘယ်လိုလုပ် တန့်ရင်းကို အလုပ်လုပ်ခိုင်းတာလဲ ဘာကြောင့် မင်း ဆေးရုံကို လည်ပတ်ဖို့အတွက် တစ်ယောက်ယောက်ကို မငှားရတာလဲ”

“အဖေ တန့်ယင်းက အိမ်မှာ သူတစ်ယောက်တည်းနေရင် သူအရမ်းပျင်းတယ် ထပ်ပြီးတော့ ပြောရမယ်‌ဆိုရင် ကျွန်တော် သူ့ကို ဆေးရုံအကြိုအပို့ လုပ်ပါတယ် စက်ယန္တရားကုမ္ပဏီ‌ေဆးရံုမှာဆိုရင် ချီရှင်းက ကလေးစောင့်ရှောက်ရေးစင်တာမှာ နေလို့ရတယ် ဆရာမတွေကလည်း သူ့ကို စောင့်ရှောက်ပေးတယ်လေ တခြားမှာရှိတဲ့ကလေးစောင့်ရှောက်ရေးစင်တာနဲ့ မူကြိုတွေက ချီရှင်းလို ကလေးမျိုးကို မစောင့်ရှောက်နိုင်ဘူး”

လီရှစ်ချင်က ရှင်းပြလိုက်၏။

လီရှစ်ချင်သည် ဖုန်းတန့်ယင်း စက်ယန္တရားကုမ္ပဏီ‌ေဆးရုံတွင် အလုပ်လုပ်ပြီးနောက် စိတ်အခြေအနေ ပိုကောင်းမွန်လာကြောင်း သတိပြုမိသည်။ သူသည် အိမ်တွင် မျက်နှာသေဖြင့် မနေတော့ပေ။

“ဘာပြောတာလဲ ချီရှင်းက ဒီလောက်ငယ်သေးတာကို မင်းတွေက သူ့ကို ကလေးစောင့်ရှောက်ရေးစင်တာကို ပို့နေကြတာလား”

ဖုန်းရှင်းထိုက်က ဒေါသထွက်သွားသည်။ အကယ်၍ ချီရှင်းသာ ကလေးစောင့်ရှောက်ရေးဂေဟာမှာ အခြားကလေးများကို အနိုင်ကျင့်လျှင် မည်သို့လုပ်မည်နည်း။

“အဖေတို့ မသိသေးတာက ချီရှင်း က အရမ်းကို သန်မာတယ် တခြားသူတွေ သူ့ကို အနိုင်မကျင့်တဲ့အတွက် ကျွန်တော် အရမ်း၀မ်းသာပါတယ် အဖေ အမေနဲ့အတူ နေလိုက်ဦး ကျွန်တော် တန့်ရင်းကို မီးဖိုချောင်မှာ သွားကူလိုက်ဦးမယ်”

လီရှစ်ချင်က မီးဖိုချောင်သို့ ပြေးသွားသည်။

“ခမည်းခမက်တို့ ဒီတစ်ခေါက်က ကျွန်တော့်အတွက်တော့ ပထမဦးဆုံးအကြိမ် ပေကျင်းကို လေယာဉ်နဲ့ ခရီးထွက်ခြင်းပဲ”

လီရှစ်ချင်၏ အဖေက ပြောလိုက်၏။

“ဟုတ်တာပေါ့ ကျွန်မက အမြင့်ကို‌ ကြောက်တယ်”

လီရှစ်ချင်၏ အမေက သူမရဲ့ ထိုင်ခုံပေါ်တွင် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ လေယာဉ်ပျံသည် မတက်သေးပေ။

လီရှစ်ချင်၏ မိဘများက ပေကျင်းသို့ ဖျော်ဖြေရေးပွဲ သွားကြည့်ရန်အတွက် အလွန်စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့၏ သူငယ်ချင်းများကိုပင် ကြွားဝါထားကြ၏။

သို့သော် လီရှစ်ချင်၏ ‌ခေါင်းဆောင်သည် မပျော်ရွှင်ဖြစ်နေသည်။

မင်းတို့တွေက ဖျော်ဖြေပွဲ သွားနိုင်တာ ဘာလို့ ငါတို့တွေအတွက် လက်မှတ်နှစ်စောင်တောင် မယူပေးခဲ့ရတာလဲ ငါ့ကို ရိုသေးလေးစားမှုလေးတောင် မရှိဘူးလား

လီ့အဖေ၏ ခေါင်းဆောင်သည် လီရှစ်ချင်၏ အဖေကို မင်း ဒီနှစ် လက်မှတ်အပိုမရဘူးလား ငါ့ကိုပေးလိုက် မင်းတို့ နောက်နှစ်မှသွား ငါ မင်းကို ဘယ်လောက်ထိ စောင့်ရှောက်ခဲ့လဲဆိုတာကို တွေးကြည့်ပေါ့ကွာ ငါလုပ်ခဲ့ရတဲ့ အရာတွေအတွက် မင်းအနေနဲ့ ဒီလက်မှတ်တွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပေးသင့်တယ်

ခေါင်းဆောင်အနေဖြင့် ထိုအရာကို ပေါ်ပေါ်ထင်ထင် ပြသသော်ငြား လီ၏ အဖေက သဘောမတူပေ။ သူ၏ဘ၀တွင် နှစ်သစ်ကူးဖျော်ဖြေပွဲကို တိုက်ရိုက်ကြည့်ရှု့သူ တစ်ယောက်အနေဖြင့် တစ်ခါသာ ကြည့်ရှု့ခွင့် ရကောင်းရနိုင်ချေမျိုး ဖြစ်နိုင်ပေ၏။ သူ့အနေဖြင့် မည်သည့်အတွက် လက်မှတ်များကို လွယ်လွယ်လက်လျှော့နိုင်မည်နည်း။

ထို့အပြင် ထိုလက်မှတ်များကို သူ့သားက ပေးခြင်းမဟုတ်ပေ။ ဖုန်းယွီက သူ့ကို လက်မှတ်များ ပေးခြင်းဖြစ်သည်။ သူ့အနေဖြင့် လက်မှတ်အပိုများကို သူ့ခေါင်းဆောင်အတွက် မည့်သည့်အတွက် အရှက်အကြောက် ကင်းမဲ့စွာ တောင်းနိုင်မည်နည်း။ ထိုဖျော်ဖြေပွဲအတွက် လက်မှတ် ၁၀၀၀သာရှိသည်။ ပြီးနောက် ဒေသတွင် အစိုးရအရာရှိများစွာကလည်း ထိုလက်မှတ်ကို မရ‌နိုင်ပေ။ ဖုန်းယွီအတွက်လည်း ထိုလက်မှတ်များကို ရရန် ခက်ခဲပေ၏။

ထပ်ပြောရပါက သူသည် လက်ထောက်အရာရှိချုပ်ကြောင့် ဖြစ်သည်။ အကယ်၍ သူသာ မည်သည့်အမှားမျှ မပြုလုပ်လျှင်တောင် သူ့အနေဖြင့် အပြောင်းအရွှေ့သာ ခံရနိုင်မည်။ ခေါင်းဆောင်က သူ့ကို ဘာမှမလုပ်ပေ။ လီရှစ်ချင်၏ စီးပွားရေးသည်လည်း အောင်မြင်နေသည်။ အကယ်၍ သူအလုပ်ပြုတ်လျှင်တောင် အဆင်ပြေ၏။

လီရှစ်ချင်၏ အဖေသည် ရာထူးတိုးရန် ဆန္ဒမရှိပေ။ ယခုလက်ရှိ သူ့၏ ရာထူးက လုံလောက်နေပြီ ဖြစ်သည်။ သူ့၏ လက်နိုင်စွမ်းကို သူသိပေ၏။ အကယ်၍ မြို့တော်၀န်ကျန်းသာ သူ့သား မင်္ဂလာဆောင်သို့ မတက်ရောက်ပါက သူ့အနေဖြင့် ရာထူးတိုးခံရမည် မဟုတ်ချေ။

သေချာသည်မှာ ထိုအရာများအားလုံးက ဖုန်းမိသားစုကြောင့်သာ ဖြစ်သည်။ သူ့ချွေးမသည်လည်း အမျိုးသမီးကောင်းဖြစ်သည်။ သူတို့ကို ကောင်းကောင်းဆက်ဆံ၏။ယခုလက်ရှိ သူတို့၏ ဆန္ဒမှာ သူတို့၏ မြေးကလေး ကျန်းကျန်းမာမာနှင့် ကြီးပြင်းစေလိုခြင်းဖြစ်သည်။

လေယာဉ်သည် အောင်မြင်စွာ ဆင်းသက်ခဲ့ပြီးဖြစ်သည်။ ပြီးနောက် လီရှစ်ချင်၏ မိဘများက ဖုန်းယွီသည် ဆိုက်ရောက်ခန်းမမှ သူတို့ကို ဆိုင်းဘုတ်ဖြင့် ကိုင်လျက်သား စောင့်နေသည်ကို တွေ့လိုက်၏။

“ဦးကြီး ဒေါ်ကြီး ကျွန်တော် ဦးလေးတို့ ဒေါ်လေးတို့ရဲ့ ခရီးဆောင်အိတ်ကို ကူပြီး သယ်ပေးပါမယ် အဖေ အမေ ကားက အဲ့ဒီမှာ အဖေ အမေတို့ကို အရင်ဦးဆုံး ဟိုတယ်ကို လိုက်ပို့ပေးမယ် နေ့လယ်ခင်းကျမှ ကျွန်တော် ပေကျင်းမြို့ကို ခေါ်သွားမယ် ပြီးတော့ ညစာစားပြီးတာနဲ့ ကျွန်တော်တို့က ဖျော်ဖြေပွဲကို သွားကြည့်ကြမယ်”

“ငါတို့တွေ တီအန်းမင်ရင်ပြင်ကိုလည်း သွားလည်ကြဦးမှာမလား”

လီ၏ အဖေက မေးလိုက်၏။ သူ့၏ အကြီးမြင့်ဆုံးဆန္ဒသည် တီအန်းမင်သို့ သွားလည်ရန်ဖြစ်သည်။

“ကိစ္စမရှိဘူး ရှောင်ယွီ တီအန်းမင်ရဲ့ရင်ပြင်ကို သွားလည်ကြရအောင်”

ဖုန်းရှင်းထိုက်က ဂုဏ်ယူစွာဖြင့် ညွှန်ကြားလိုက်၏။ သူသည် တီပန်းမင်ရင်ပြင်ကို အကြိမ်များစွာ ရောက်ဖူးသည်။

“ဘာသာပြန်မှတ်စု- မောင်အားမန်သည် ၁၉၉၀နှစ်များတွင် တရုတ်နိုင်ငံ၏ အအောင်မြင်ဆုံး အဆိုတော်ထဲမှ တစ်ယောက်ဖြစ်သည်။”

တီအန်းမင်ရင်ပြင်သည် ပေကျင့်ရှိ စိတ်၀င်စားဖွယ် နေရာများထဲမှ တစ်ခုဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်ကြောင်း ကြေညာခဲ့သည့် နေရာလည်းဖြစ်သည်။

All Chapters