အခန်း (၄၆၇)
Vol. 32 Ch. 467
ပထမအခေါက်ပြီးနောက် ကျောက်ကျုံးရှန် ယမ်းလန် လိဖုန်း လျန်းယမ်းလင် လီချင်းခါ နှင့် ကျန်းကျုံးချာတို့သည် စင်မြင့်အလယ်သို့ လျှောက်လှမ်းလာကြသည်။
ယခုနှစ်ကာလာညတွင် ယမန်နှစ်ကထက် ကွဲပြားခြားနားမှု ရှိပေသည်။ ယခုနှစ်သည် ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်္ကာပူနှင့် အခြားသော နိုင်ငံများနှင့် ပူးပေါင်းထုတ်လုပ်သည့် တရုတ်နိုင်ငံ၏ ပထမဦးဆုံး ကာလာညချမ်းအခါ ၂ညဖြစ်သည်။ အချို့သော ဖျော်ဖြေမှုများသည် မတူညီသည့် ဒေသများတွင် ကြိုတင်ရိုက်ကူးစနစ်ဖြင့် တိုက်ရိုက်ထုတ်လွှင့်နေကြခြင်း ဖြစ်သည်။
ထို့ပြင် ထိုကာလာည ကျင်းပရာ ပွဲရုံတွင် ပရိသတ်များအတွက် စင်မြင့် ၂ခု ရှိပေသည်။ အထက်ပိုင်း စင်မြင့်သည် VIPအခန်းများဖြစ်ပြီး ဖုန်းယွီနှင့် သူ့မိသားစုသည် ထိုအပေါ်ထပ်၏ အကောင်းဆုံးအခန်းတွင် ထိုင်နေကြသည်။
ပမာဏအကပြီးနောက် ကင်မရာက ဖုန်းယွီ၏ VIPအခန်းထဲကို ရိုက်ကူးလိုက်သည်။ ဖုန်းရှင်းထိုက်နှင့် ကျန်သည့်သူများက လက်တန်းကို ကိုင်လျက် မတ်တပ်ရပ်နေကြကာ သူတို့က ကင်မရာကို စိတ်လှုပ်ရှားစွာဖြင့် ဝေ့ယမ်းပြနေကြသည်။
ယင်းက CCTV၏ ကာလာညဖြစ်သည်။ တစ်နိုင်ငံလုံးက ယင်းအစီအစဉ်ကို ကြည့်ရှုနေကြသည်ပင်။ ဖုန်းယွီက နောက်တွင်သာ နေကြာစေ့ကို ခွာစားနေ၏။
အခြား VIPအခန်းထဲရှိ သူများသည်လည်း သရေစာများကို စားနေသည်ကို ဖုန်းယွီ အသေအချာမသိပေ။ သူသည် VIPအခန်းထဲကို သစ်သီးနှင့် သရေစာများစွာ ယူဆောင်ခဲ့သည်။ CCTV၏ ၀န်ထမ်းက ယင်းကို မြင်သော်ငြား ဖုန်းယွီကို သူ ဟန့်တားနိုင်ခြင်း မရှိပေ။ သူတို့အနေဖြင့်လည်း CCTVကို သူ့အိမ်ကဲ့သို့ သဘောထားသည့်သူ တစ်စုံတစ်ယောက် မရှိဟု မမျှော်လင့်သည့်အတွက်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
“နှစ်သစ်ကူး တစ်ဖန် ပြန်ရောက်လာပြီ ဒီနှစ်သစ်မှာ လူတိုင်းလူတိုင်း ကြွယ်၀ချမ်းသာစေဖို့ ....ဆုတောင်းပါတယ်”
ကျောက်ကျုံးရှန်က ပြောလိုက်သည်။ သူ့၏ အသံက အလွန်ပင် ဆွဲဆောင်ဖွယ်ရာ ကောင်းပေ၏။
ဖုန်းရှင်းထိုက်နှင့် ကျန်သည့်သူများက ထိုင်ကာစသာ ရှိသေးသော်ငြား သူတို့က တစ်ဖန် ထကာ လက်ခုပ်တီးကာ ဩဘာပြုလိုက်သည်။ သူတို့၏ ဒေသတွင် ပြဇာတ်ကြည့်ခဲ့သည့် ပုံစံအတိုင်း ပြုမူနေကြခြင်းဖြစ်ကာ CCTVကို ရောက်ရှိနေကြသည်ကို မေ့နေကြ၏။
“အားအားအား ဒီအဆိုက “
ဖုန်းရှင်းထိုက်က ဖုန်းယွီ၏ ခေါင်းကို ပုတ်လိုက်သည်။
“အဖေ ကျွန်တော်တွေးပြီးသာ ဘာကြောင့် ဒီလောက်ထိ စိတ်လှုပ်ရှားနေတာလဲ”
ဖုန်းယွီက သူ့အဖေကို ကြည့်လိုက်သည်။ ထို့နောက်တွင် သူ့အဖေ၏ အနှစ်သက်ဆုံး အဆိုတော်က ဖျော်ဖြေလိမ့်မည် ဖြစ်သည်။ ဖုန်းယွီအနေဖြင့် သူ့အဖေ မည်မျှစိတ်လှုပ်ရှားမည်မှန်း မမှန်းဆနိုင်တော့ပေ။
….
ချင်းမင်ရှောင် နှင့် ကျောင်းကျင်းဖန်တို့သည် စင်မြင့်ပေါ်သို့ တက်လာကြသည်။ သူတို့သည် ထိုအချိန်က တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး မျက်လှည့်ပညာရှင်များ ဖြစ်ကြသည်။ တရုတ်နိုင်ငံရှိ လူတိုင်းက သူတို့ မည်သူဆိုသည်ကို သိကြပေ၏။
သူတို့ ၂ယောက်က စင်ပေါ်ရှိ ပရိသတ် တစ်ယောက်ကို သူတို့၏ ဖျော်ဖြေမှုတွင် ပါ၀င်ရန်အတွက် ဖိတ်ခေါ်လိုက်သည်။
သူတို့သည် အဖွားလီရိုကဲ့သို့ ၀တ်ဆင်ထားသည့် ပရိသတ်ကို ဖိတ်ခေါ်လိုက်သည်။ ပြီးနောက် သူသည် အေပရွန်ကို လှစ်ဟလိုက်သည်။ ထိုအေပရွန်ထဲမှ အရာ၀တ္ထုများစွာ ပေါ်လာ၏။
လိမ္မော်သီး၊ ပန်းသီး အစရှိသဖြင့် အရာများကို ပရိသတ်ဆီသို့ ပစ်ပေးသည်။ ပြီးနောက် ပရိသတ်များကလည်း ထိုအရာများအတွက် တိုက်ခိုက်နေကြသည်။
အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။
“ဒါက ပန်းသီး တစ်လုံးပဲလေ ဘာလို့ သူတို့တွေက ရန်တွေဖြစ်နေကြတာလဲ”
သူက စားပွဲပေါ်က ပန်းသီး တစ်လုံးကို ကောက်ယူရင်း တစ်ကိုက်ကိုက်လိုက်သည်။
ဒုတိယအထပ်ကို VIPအခန်းများဟု စဉ်းစား၍ ရနိုင်သော်ငြား ယင်းက အခန်းမဟုတ်ပေ။ ထိုအပိုင်းကို ပိတ်ထားခြင်းမရှိပေ။ ပြီးနောက် အလုပ်သမားများနှင့် သူတို့၏ မိသားစုများကလည်း ထိုစင်မြင့်ပေါ်တွင် မတ်တပ်ရပ်ကာ ဖျော်ဖြေမှုကို ကြည့်ရှုနေကြသည်။
သူတို့က ဖုန်းယွီနှင့် ရုံးခန်း တစ်ခုအတွင်း ရှိနေသည်ကို မြင်လိုက်ကြသည်။ အဲ့ဒီ ရုံးခန်းမှာ ဘာလို့ စားပွဲရှိနေရတာလဲ ဘာလို့ ကျန်တဲ့ ရုံးခန်းတွေမှာက ဘာမှမရှိတာလဲ
ထိုစားပွဲပေါ်တွင် သရေစာများစွာ ရှိသည်။ မြေပဲစေ့၊ မက်မွန်သီး၊ လိမ္မော်သီး၊ ပန်းသီး အစရှိသဖြင့် ဖြစ်သည်။
ကြည့်သူများအားလုံးအဖို့ ထိုမိသားစု မည်သူဆိုသည်ကို သိချင်နေကြသည်။ အကယ်၍ သူတို့သာ ထိပ်တန်းအရာရှိများ ဖြစ်ပါက သူတို့အနေဖြင့် စင်အရှေ့ရှိ VIPစားပွဲများတွင် ထိုင်ကြမည်ဖြစ်သည်။ သို့သော် သူတို့က အစိုးရအရာရှိများ မဟုတ်လျှင် ရုံးခန်းအတွင်း မုန့်များစွာဖြင့် စီစဉ်ထားသနည်း။
“အဖေ ကြည့် အဲ့ဒါက အကောင်းဆုံး အပိုင်းပဲ”
ကျောင်းကျင်းဖန်က လက်ကိုင်ပါကို ထုတ်လိုက်ပြီးနောက် သူ့လက်ကို ဖုံးလိုက်သည်။ ချင်းမင်ရှောင်က မှော်၀င်တံဖြင့် ထိုအရာကို ထိကာ ထိုလက်ကိုင်ပဝါကို ဖယ်လိုက်သည်။ သူမ၏ လက်ဖဝါးထက်တွင် နားကြပ်ကတ်စက် တစ်လုံး ရှိနေသည်။
ကင်မရာက အမှတ်တံဆိပ်ကို အကျယ်ချဲ့ပြလိုက်သည်။ ယင်းက အိုက်၀၏ နောက်ဆုံးပေါ် နားကြပ်ကတ်စက် ဖြစ်သည်။ တီဗွီကြည့်ရှုနေသည့် ပရိသတ်များအားလုံး ရှင်းရှင်းလင်းလင်း မြင်ရပေ၏။
ဒီထုတ်ကုန်တွေက ထုတ်လုပ်မှုက တကယ့်ကို ကြီးကျယ်တာပဲ
“ဘယ်သူက အိုက်၀ နားကြပ်ကတ်စက်ကို လိုချင်လဲ”
ချင်းမင်ရှောင်က မေးလိုက်၏။
“ ကျွန်တော်... ကျွန်မ..”
ပရိသတ်များအားလုံးက သူတို့၏ လက်ကို မြှောက်လိုက်ပြီး အတူတကွ အော်ဟစ်နေကြသည်။
တကယ်လို့ လိုချင်တယ်ဆိုရင် ကိုယ့်ဘာသာကိုယ် ၀ယ်လေ ဒီနားကြပ်ကတ်စက်ကတော့ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပြီး ဖျော်ဖြေပေးတဲ့ ကံကောင်းတဲ့ ပရိသတ်အတွက်ပဲ”
ချင်းမင်ရှောင်က ပြောလိုက်သည်။
စင်မြင့်ပေါ်ရှိ အဲ့ပရိသတ်က သူ စင်မြင့်ပေါ် အခေါ်ခံရစဉ်က သူ့အနေဖြင့် အလွန် စိတ်လှုပ်ရှားကာ စိတ်အခြေအနေ တစ်မျိုး ဖြစ်ခဲ့သည်။ သို့သော် ယခုလက်ရှိတွင် သူက ကံကောင်းသည်ဟု ခံစားရသည်။ ယင်းနားကြပ်ကတ်စက်သည် ယွမ် ရာဂဏန်း တန်ကြေးရှိသည်။
ဖုန်းရှင်းထိုက်၏ ပါးစပ်က ဂဏာမငြိမ်ဖြစ်သွားပြီးနောက် ပန်းသီး၏ အူတိုင်ကို ဘေးရှိအမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။
“ဒါက ဘာလဲ သူတို့တွေက နားကြပ်ကတ်စက်ကို ပေါ်အောင်လုပ်နိုင်တာလား တကယ်လို့ အဲ့လောက်တောင် တော်တယ်ဆိုရင် သူတို့တွေက ရေဒီယိုအကြီးကြီးကို ပေါ်လာအောင် လုပ်သင့်တယ်”
ဖုန်းယွီက သူ့ခေါင်းကို ခါလိုက်ကာ
“အဖေ ဒါ မျက်လှည့်ဆရာလေ ပစ္စည်းအကြီးကြီးတွေကိုတော့ မဝှက်နိုင်ဘူး”
ဖျော်ဖြေမှုက ဆက်သွားသည်။ ပြီးနောက် ဖုန်းယွီက မကြာခင်ပင် သူ့အဖေသည် လွန်ခဲ့သည့် ဆယ်နှစ်က အစီအစဉ်များကို ပြန်ရေးချသည့် ကီးဘုတ်ဖိုက်တာ တစ်ယောက် ဖြစ်သည်ကို သိရှိသွားခဲ့သည်။
သူ့၏ အဖေသည် ဖျော်ဖြေမှုများ အားလုံးကို အမှားလိုက်ရှာနေသူဖြစ်သည်။ ဖုန်းယွီသည် ထိုဖျော်ဖြေမှုများအားလုံးကို စီစဉ်တဲ့သူ တစ်ယောက် ဖြစ်သည်။ နားကြပ်ကတ်စက်၊ မှော်၊ မျက်လှည့် အပါအ၀င်ဖြစ်၏။
….
ယန်ရွှန်းခိုင်သည် ကြက်ဥ တစ်လုံးကို ကိုင်ထားပြီး တခြားတစ်ယောက်ကို ရှင်းပြနေ၏။
“ငါက ဒီဥကို ၀ယ်ခဲ့တယ် ငါ မင်းရဲ့ ဥကို မခိုးဘူး”
“ဟမ် အဲ့ဒါက ဥတစ်လုံးပဲ မင်းမှာ ရှိလို့လား”
“မဟုတ်ဘူး ဒါ ငါရဲ့ ဥ ငါတကယ် မင်းရဲ့ ဥကို မယူဘူး တကယ်လို့ မင်းမယုံဘူးဆိုရင် မင်းရဲ့ ဥကို ရေလို့ရတယ်”
ယင်းဖျော်ဖြေမှုက ဂန္တ၀င်ဆန်သည်။ ဖုန်းယွီ မည်မျှကြည့်ကြည့် သူရယ်မိသည်။ ယန်ရွှန်းခိုင်သည် အလွန် ရယ်စရာကောင်းသည်။ သူ့ရဲ့ မျက်နှာသွင်ပြင်နှင့် မျက်ခုံးက သူ့ကို ဟာသဖြစ်စေသည်။
ဖုန်းယွီသည် ထိုဖျော်ဖြေမှုအတွက် မည်သည့် အပြောင်းအလဲမှ မလုပ်ထားပေ။ သို့သော် သူသည် ယင်းဖျော်ဖြေနေစဉ် စားပွဲပေါ်တွင် စူပါပန်ကာ တစ်လုံးကို နေရာချထားသည်။ ယင်းဖျော်ဖြေမှုသည် နွေရာသီတွင် ဖြစ်သည်။ ပြီးနောက် ပန်ကာ တစ်ခု ချထားသင့်သည်ပင်။
ဟ ဒါရိုက်တာပြောတာက ဒီစူပါပန်ကာက အရမ်းဈေးကြီးတယ်တဲ့ ပြီးတော့ ဒီ ကာရိုက်တာနဲ့လည်း မကိုက်ဘူး သူတို့ ဂရုစိုက်စရာလိုတယ် ဒါက ကိစ္စသေးသေးလေးဆိုတာ ဘယ်သူမှ လာမပြောသေးသ၍ နောက်ပိုင်းကျရင် ငါ CCTV ၁၀ကို ငါ စူပါဖန်တွေ လာပေးမယ်။
ဖုန်းယွီ၏ အတွေးတွင် ယင်းအကြောင်းနှင့် ပတ်သက်ပြီး မည်သူမှ မနှောင့်ယှက်ဟု တွေးမိသည်။ သို့သော် သူ့ဘေးတွင်ရှိသည့် သူ့အဖေက သူ့ပုခုံးကို ပုတ်ကာ
“ ဒါက ကျန်းရှန်မလား လုံခြုံရေးလေ သူက ဘယ်လိုလုပ် ဒလက်မဲ့ပန်ကာကို ၀ယ်ဖို့ တတ်နိုင်တာလဲ ပြီးတော့ ဒီဖျော်ဖြေမှု မတိုင်ခင်ကလည်း နောက်ထပ် ဒလက်မဲ့ပန်ကာ တစ်လုံးလည်း ရှိသေးတယ် ဒီဒါရိုက်တာက ဘာတွေ တွေးနေတာလဲ ဒီလိုမျိုးကနေပြီးတော့ ပိုက်ဆံတွေ နည်းနည်းရတာကို သူ သိနေလို့လား”
ဖုန်းယွီက ငိုချင်စိတ်ပေါက်လာသည်။ အဖေ ဘာလို့ မေးခွန်း ဒီလောက် ထုတ်နေရတာလဲ
ဖုန်းယွီက သူ့အဖေကို တိုးတိုးလေး ပြောလိုက်သည်။
“အဖေ ဒီစူပါပန်ကာက ကျွန်တော့် ကုမ္ပဏီရဲ့ ထုတ်ကုန် ကျွန်တော့်အနေနဲ့ အဲ့ဒီနေရာမှာ ပန်ကာထားဖို့ သူ့တို့ကို ငွေအများကြီး သုံးခဲ့တယ် ဒါက ကြော်ငြာတာပဲ”
ဖုန်းရှင်းထိုက်၏ မျက်လုံး ကျယ်သွားပြီးနောက် ဖုန်းယွီကို ဖြည်းဖြည်းချင်း မေးလိုက်၏။
“ကာလာညကလည်း ကြော်ငြာလို့ရတာလား”
“ရှူး... သူတို့က ခွင့်မပြုဘူး ဒါပေမဲ့ ကျွန်တော့်မှာ ကျွန်တော့်နည်းလမ်းရှိတယ် ဖျော်ဖြေမှုတွေပဲ ဆက်ကြည့်ရအောင် ဘာမှထပ်မပြောနဲ့”
ဖုန်းယွီက သူတို့နားတွင် လူများစွာရှိသည်ကို အရိပ်အခြေပြလိုက်သည်။ အမှန်တကယ်တွင်လည်း ဖုန်းယွီသည် ထိုပစ္စည်းများကို ဖျော်ဖြေမှုများတွင် အသုံးပြုရန် ငွေကြေးပမာဏများစွာ ရင်းနှီးမြှုပ်နှံခဲ့ရသည်။ သူအသုံးပြုခဲ့သည့် ပမာဏသည် လူကြည့်အများဆုံး ကြော်ငြာကဏ္ဍများ၏ ဈေးနှင့် အတူတူနီးပါးပင်ဖြစ်သည်။ သို့သော် ဖုန်းယွီအနေဖြင့် စိတ်ထဲ မထားပေ။ သူ့အနေဖြင့် CCTVခေါင်းဆောင်းများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို တိုးမြှင့်နိုင်ကာ သူ့၏ ထုတ်ကုန်များကို တစ်နိုင်ငံလုံးကို ကြော်ငြာနိုင်မည်ဖြစ်သည်။ သူ့၏ အရင်ဘ၀တွင် ပိုင်ကျူးကုမ္ပဏီ၏ ရောင်းအားသည် ကာလာညတွင် သူတို့၏ ထုတ်ကုန်များကို ပြသပြီးနောက် ထပ်ညွှန်းကိန်းများစွာ ရောင်းအားတိုးတက်ခဲ့သည်။
ဖုန်းရှင်းထိုက်က ဖုန်းယွီပြောသည်ကို ကြားပြီးနောက် သူ ဖျော်ဖြေမှုများကို အပြစ်ရှာနေသည်ကို ရပ်လိုက်သည်။
“ဒီသီချင်းက အရမ်းကောင်းတာပဲ ဘယ်သူဆိုတာလဲ”
ကျန်းမူဟွက အဆိုတော်ကို လက်ညှိုးထိုးလိုက်သည်။
ဖုန်းယွီက ဇောချွေးပြန်လာသည်။ “အမေ့အနေနဲ့ ဒီအဆိုတော် သီချင်းဆိုတာကို တိုက်ရိုက် နားဆင်ခွင့်ရတာကို ဂုဏ်ယူသင့်တာ နောက်ထပ် နှစ်အနည်းငယ်ဆိုရင် ဒီအဆိုတော်က ဖျော်ဖြေတော့မှာမဟုတ်ဘူး သူက သမ္မတကတော် ဖြစ်လာမှာ ပြီးတော့ သူမကို ဖုန်းမားမားလို့လည်း ခေါ်ကြမယ်”
ဖုန်းယွီသည်လည်း ယင်းသီချင်းကို ခံစားမိသည်။ ယင်းသီချင်းသည် အလွန် ပြီးပြည့်စုံပြီး သူ့အနေဖြင့် အနာဂတ် သမ္မတကတော်၏ ဖျော်ဖြေမှုကို တိုက်ရိုက် နားဆင်ခွင့်ရသည့်အတွက် အလွန်ပင် ဂုဏ်ယူနေမိသည်။
ဘာသာပြန်မှတ်စု- ဖုန်းမားမားသည် ယခုလက်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ ရှီကျင်းဖျင်၏ ဇနီးဖြစ်သည်။