← Chapters

အခန်း (၄၆၈)

Vol. 32 Ch. 468

အခန်း (၄၆၈)

Vol. 32 Ch. 468

“ကျွန်တော်တို့တွေ တတိယမြောက် လေလံတင်မဲ့ ပစ္စည်းကတော့ အရမ်းကို အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် လျိုသာ့ချင်ရဲ့ ဦးထုပ်ပဲ ဖြစ်ပါတယ် လျိုသာ့ချင်က တရုတ် တစ်နိုင်ငံလုံးမှာ အလှပဆုံး မင်းသမီးတွေထဲ တစ်ယောက်ဆိုတာ သိကြမှာပါ”

လျိုချောင်က အပြာရောင် ဦးထုပ်ကို သူ့လက်ထဲတွင် ကိုင်ထားသည်။ ထိုဦးထုပ်ပေါ်တွင် စုန်ကျန်း ကားအမှတ်တံဆိပ်ကို ထင်ထင်ရှားရှား ရိုက်နှိပ်ထား၏။

“ဆရာ လိုက်ချင်လား”

ဖုန်းကုန်းက လျိုသာ့ချင်၏ စကားများကို သူ့၏ ဆံပင်ကို သပ်လိုက်ရင်း ပြောလိုက်သည်။ ပရိသတ်များက ဟားခနဲ ရယ်လိုက်ကြ၏။ သူတို့ အကုန်လုံးက လျိုသာ့ချင်နှင့် ကျူးရှင်မောက်တို့ သရုပ်ဆောင်ထားသည့် မော်တော်ဆိုင်ကယ် ကြော်ငြာကို အမှတ်ရပေမည်။

“ဒါက ကံကောင်းစေတဲ့ ဦးထုပ် ဒီဦးထုပ်ကို ဆောင်းလိုက်ပြီ ဆိုတာနဲ့ လျိုသာ့ချင်က ဇာတ်ကား တော်တော်များများမှာ သရုပ်ဆောင်ခွင့်ရတယ်”

ဖုန်းကုန်းက လျိုချောင်ကို ဖြတ်ပြောကာ

“ခဏစောင့်ပါဦး ဒီဦးထုပ်က အစပိုင်းတုန်းက ခင်ဗျား ပြောခဲ့တာက ....ကံကောင်းစေတဲ့ ဦးထုပ်တဲ့လား ဘာကြောင့် ဒီဦးထုပ်က ကံကောင်းစေတဲ့ ဦးထုပ် ဖြစ်ရမှာလဲ မင်းရောင်းတဲ့ ပစ္စည်းတွေ အကုန်လုံးက ကံကောင်းစေတဲ့ အရာလို့ ပြောချင်တာလား”

“မဟုတ်ဘူး အကုန်လုံးကတော့ ကံကောင်းစေတဲ့ ပစ္စည်း မဟုတ်ဘူးလေ ဒါက ချန်ကွမ်းသိုင်း ဆောင်းတဲ့ ဦးထုပ် သူ ဒီဦးထုပ်ကို ဆောင်းပြီးတာနဲ့ သူက ပြောင်သွားတာလေ မင်းအထင် ဒီဦးထုပ်က ကံကောင်းစေတယ်လို့ ထင်တာလား”

“မင်း ဒီလိုပြောပြီဆိုမှတော့ ကောယုံကလည်း ဒီဦးထုပ်အတွက် လေလံပြိုင်သင့်တယ်”

ဖုန်းကုန်းက ‌မေးလိုက်၏။

ယခုနှစ်တွင် ကောယုံသည် သူ့၏တီဗွီဇာတ်လမ်းတွဲတွင် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။ ထိုဇာတ်ကားထဲတွင် ကောယုန်က ထိပ်မပြောင်ပေ။ သို့သော် သူက ထိပ်ပြောင်အောင် လုပ်ရသည်။

ဖုန်းကုန်း၏ မေးခွန်းက ပရိသတ်များကို ရယ်မောစေသည်။ ထိုဦးထုပ်ကို ရောင်းချသည့်အခါ ယွမ် ၁၀၀၀ဖြစ်သည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က မော်တော်ဆိုင်ကယ်စီးကာ စင်မြင့်ပေါ်ကို လာသည်။ ဆိုင်ကယ်စီးသမားက သူ့၏ ဦးထုပ်ကို ချွတ်လိုက်ပြီးနောက် သူမ၏ ဆံပင်ကို သပ်လိုက်သည်။

လူအုပ်ကြီးက စတင်အော်မြည်လာကြသည်။ လျိုသာ့ချင် အခုမောင်းလာတဲ့သူက လျိုသာ့ချင်ပဲ

ဟားဟားဟား စိတ်၀င်စားစရာပဲ လျိုချောင်နှင့် ဖုန်းကုန်းက သူမ၏ ဦးထုပ်ကို ရောင်းရန် ပြင်ခါစသာ ရှိသေးသည်။ ယခုလက်ရှိတွင် သူမသည် နောက်ထပ် ဦးထုပ် တစ်ခုကို ဆောင်းကာ ၀တ်ထားခဲ့သည်။ ပြီးခဲ့သည့် ဦးထုပ်က အတုဖြစ်ပုံ ပေါ်ပေသည်။ ပရိသတ်များ အမှတ်ရသည်က လျိုသာ့ချင်၏ ဦးထုပ်သည် ကြော်ငြာထဲတွင် အနီရောင် ဖြစ်ပြီး ကျူးရှင်မောက်၏ ဦးထုပ်သည် အပြာရောင် ဖြစ်ကြောင်း သိသွားတော့သည်။

လျိုသာ့ချင်က သူမ၏ ဦးထုပ်ကို လျိုချောင်ကို ပေးကာ

“မင်း ဦးထုပ် မှားယူမိသွားပြီ ဒါကမှ ငါ့ရဲ့ ဦးထုပ် အဲ့ဒါက ချန်ကွမ်းတိုင်းရဲ့ ဦးထုပ် တကယ်လို့ အဲ့ဒါသာ မင်းဆောင်းမယ်ဆိုရင် မင်းအနေနဲ့ ဆံပင်တွေက ထွက်လာမှာ မဟုတ်တော့ဘူး ပြီးတော့ မင်းရဲ့ ခေါင်းကလည်း အရင်ကထက်ပိုပြီး တောက်ပြောင်လာလိမ့်မယ်”

အပြာရောင် ဦးထုပ်ကို ၀တ်ဆင်ထားသည့် စင်မြင်ထက်ရှိ ပရိသတ်က ချက်ချင်းပင် ကြည့်လိုက်သည်။ ပြီးနောက် ပရိသတ်များကို ရယ်အောင် လုပ်လိုက်သည်။ လျိုသာ့ချင်က စင်မြင့်ပေါ်မှ ဆင်းသွားသည်။ သူမက မော်တော်ဆိုင်ကယ်ကို စင်မြင့်ပေါ်တွင် ချန်ထားခဲ့သည်။

“အဲ့ဒီခေတ်က အသုံးအဆောင်တွေ မင်းတို့တွေအနေနဲ့ အဲ့ဒီ သရုပ်ဆောင်တွေရဲ့ သက်ရောက်မှုကို သိလား လီနင် အမှတ်တံဆိပ် အ၀တ်အစားကို မင်းကြားမိလား မင်း ထျန်ဖုန်း ၀က်ခြံ အကြောင်း ကြားမိလား ဒါက ဗိုလ်ကြီးထျန်ဖုန်း....”

ဖုန်းရှင်းထိုက်က ရယ်လိုက်သည်။ သူက ဖုန်းယွီလုပ်ခဲ့သည့် အရာအတွက် အလွန်ကို ကျေနပ်နေမိသည်။ သူတို့၏ ဖျော်ဖြေမှုများတွင် သူတို့၏ ကုမ္မဏီများကို ကြေညာခဲ့သည်။

ယင်းဟာသက အဆုံးသတ်သွားပြီး ဖြစ်သည်။ သို့သော် မော်တော်ဆိုင်ကယ်က စင်မြင့်ပေါ်တွင် ရှိနေဆဲ ဖြစ်သည်။ နီဖုန်းက စင်မြင်ပေါ်သို့ တက်သွားပြီးနောက်ပြောလိုက်၏။

“ဒါက စုန်ကျန်း မော်တော်ဆိုင်ကယ်ပါ ပြီးတော့ စုန်ကျန်းရဲ့ ပထမဦးဆုံး ဆိုင်ကယ်ဖြစ်ပြီးတော့ လျိုသာ့ချင်က ဒီကြော်ငြာထဲမှာ စီးခဲ့တဲ့ ဆိုင်ကယ်ဖြစ်ပါတယ် ဘင်းမြို့တော် စက်ယန္တရားကုမ္မဏီက လူတိုင်းရဲ့ အကြိုက်‌ဆုံးဖြစ်ပါတယ် ကျွန်တော်တို့အနေနဲ့ ဒီဆိုင်ကယ်ကို ဒီမှာပဲ လေလံတင်ပါတယ် ပြီးတော့ ကျွန်တော်တို့အနေနဲ့ တောင်တန်းဒေသမှာရှိတဲ့ ကျောင်းတွေကို လှူဒါန်းသွားမှာပါ”

ဖုန်းယွီသည် သူ့လူများကို ပရိသတ်ထဲတွင် ထည့်ပြီးသားဖြစ်သည်။ ပြီးနောက် ချက်ချင်းပင် သူတို့၏ လက်ကို ထောင်ကာ အော်လိုက်၏။

“အိုက်၀ အီလက်ထရောနစ် ယွမ် ၁၀၀၀၀ပေးပါတယ်”

“လေနှင့်မိုး လျှပ်စစ် ယွမ် ၂၀၀၀၀နဲ့ ကမ်းလှမ်းပါတယ်”

“ထျန်ဖုန်း ၀က်ခြံ ယွမ် ၅၀၀၀၀နဲ့ ကမ်းလှမ်းပါတယ်”

“ထိုက်ဟွ ပညာရေး ရန်ပုံငွေ ယွမ် ၁သိန်းနဲ့ ကမ်းလှမ်းပါတယ် ကျွန်တော်တို့တွေက ဘယ်လိုလုပ် ဖြစ်နိုင်တာလဲဆိုရင် ထိုက်ဟွ ပညာရေးက တောင်တန်းဒေသမှာရှိတဲ့ ဆင်းရဲတဲ့ ကျောင်းတွေကို ကူညီတဲ့ နေရာမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ချင်တဲ့အတွက်ကြောင့်ပါ”

ကျန်သည့် ပရိသတ်များ မည်သို့မှ မတုံ့ပြန်ရသေးခင် နီဖုန်းက ထိုက်ဟွ ပညာရေး ရန်ပုံငွေ၏ ကိုယ်စားလှယ်ကို လက်ညှိုးထိုးကာ လေလံပွဲ သူ့ကို ကိုင်ရန်

“သဘောတူတယ်”

သူမက သူ့ကို ကျန်းထုလိုက်ခြင်းဖြစ်သည်။

ထိုက်ဟွ ပညာရေး ရန်ပုံငွေ၏ ကိုယ်စားလှယ်က စင်မြင့်ပေါ်သို့ သွားကာ နီဖုန်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူတို့နှစ်ယောက်လုံးက စာချုပ် တစ်ခုကို ချုပ်ဆိုခဲ့ကြသည်။ ပြီးနောက် ပရိသတ်များက ယင်းစာချုပ် ပစစ်ဖြစ်ကြောင်း သတိပြုမိခဲ့သည်။ ယင်းက ဖျော်ဖြေမှု တစ်ခု မဟုတ်ခဲ့ပေ။

ဖုန်းရှင်းထိုက်က စင်မြင့်ထက်ရှိ ထိုက်ဟွ ကုန်သွယ်ရေး၏ ကိုယ်စားလှယ်ကို ကြည့်နေသည်။ ဒါက ထိုက်ဟွ ကုန်သွယ်ရေးက ဝူကျီကန်း မဟုတ်ဘူးလား ဘာကြောင့် ထိုက်ဟွ ပညာရေး ရန်ပုံငွေအတွက် သူက ရောက်နေရတာလဲ

သို့သော် ယင်းကိစ္စက ကိစ္စမရှိပေ။ ထိုအရာများကို ဖုန်းယွီက စီစဉ်ခဲ့ခြင်း ဖြစ်ပေသည်။ ဖုန်းရှင်းထိုက်အနေဖြင့် သူ့သူငယ်ချင်းများကို ကြွားဝါရန် မစောင့်နိုင်တော့ပေ။မော်တော်ဆိုင်ကယ် တစ်စီးနှင့် ယွမ် ၁သိန်းဖိုး ကြော်ငြာနှင့်အတူ ပရိသတ်များ၏ ဂုဏ်ပြုသံကိုလည်း ရရှိခဲ့သည်။ ဖုန်းယွီအနေဖြင့် ထိုက်ဟွ ကုန်သွယ်ရေးနှင့် စုန်ကျန်း ဆိုင်ကယ်သည် ကြည့်ရှုသူများ၏ ရင်ထဲတွင် အနိုင်ရလိမ့်မည်ဟု သိရှိပေသည်။

CCTV၏ အရာရှိချုပ်ကျားက ဖုန်းယွီကို သဘောတူလိုက်ကာ အကြောင်းအရင်းသည် ယင်းအစီအစဉ်အနေဖြင့် သူတို့၏ ကောင်းမွန်သည့် ခံစားချက်များကို ပျံ့နှံ့စေလိုသည့်အတွက် ဖြစ်သည်။ ဖုန်းယွီအနေနဲ့ ထိုက်ဟွ ကုန်သွယ်ရေးအနေဖြင့် တရုတ် တစ်နိုင်ငံလုံးတွင် မူလတန်းကျောင်း ၅၀ရာခိုင်နှုန်းကို စပွန်ဆာပေးလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

အမှန်တကယ်တွင် တောင်တန်းဒေများတွင် ကျောင်းဆောက်ရန် ယွမ် ၁သိန်း မလိုအပ်ပေ။ ထိုဒေသတွင် ကလေးအများကြီး မရှိသည့်အပြင် အထပ်မြင့် အဆောက်အဦများ ဆောက်ရန်အတွက်လည်း သင့်တော်ခြင်းမရှိပေ။

တစ်ထပ်အဆောက်အအုံ၊ ကွင်းပြင် တစ်ခု၊ ကွန်ကရစ် အခင်းးနှင့် သစ်သာ ပရိဘောဂများက ယွမ် ၁သိန်းထက် ပိုကုန်လိမ့်မည် မဟုတ်ချေ။

ဖုန်းယွီက သူ့မိဘများကို ပျော်ရွှင်စေလိုသည့်အတွက် သူ့ကုမ္ပဏီကို အသုံးပြုကာ ကြော်ငြာခြင်း ဖြစ်သည်။ထိပ်ပိုင်း ခေါင်းဆောင်များတောင် ထိုက်ဟွ ကုန်သွယ်ရေး စက်ယန္တရားကုမ္ပဏီနှင့် သူနှင့် ပတ်သက်ပြီး ကောင်းမွန်သည့် အမြင် ရှိလာမည်ဖြစ်၏။

….

ထိုဟာသကို ကျောက်ကောလင်၊ လျိုရကျင်းနှင့် အခြားသော သရုပ်ဆောင်များက စင်းများ ရောင်းချနေသည့်ပုံ ပေါ်ကြသည်။သို့သော် ဖုန်းယွီက ထိုဇာတ်ညွှန်းကို VCDစက်ဟု ပြောင်းလိုက်၏။

တစ်စုံတစ်ယောက်သည် လေနှင့်မိုး VCDစက်ကို ရောင်းနေပြီး တစ်ယောက်သည် အိုက်၀ VCDစက်ကို ရောင်းနေသည်။ ဖျော်ဖြေမှု၏ အစမှ စတင်ပြီး ထိုသရုပ်ဆောင် နှစ်ယောက်က စတင်ပြီး ငြင်းခုန်နေကြကာ မကြာမီပင် ထသတ်ကြတော့မည်။ ဖုန်းယွီအနေဖြင့် လွန်စွာ ကျေနပ်မိသည်။ သူသည် ဇာတ်ညွှန်းကို ပြောင်းလိုက်သော်ငြား တင်ဆက်‌မှုအားလုံး ကောင်းမွန်သည်။ သူတို့သည် ဖုန်းယွီ ပြောချင်သည့်အတိုင်း ပြောနိုင်ခဲ့သည်။ ပြီးနောက် ဟာသအချို့ကိုပင် ထည့်သွင်းနိုင်ခဲ့သည်။

“လူတွေက ငါတို့ရဲ့ လေနှင့်မိုး VCDစက်ကိုပဲ ရွေးချယ်ကြမှာ စန်းနန်ရဲ့ သီချင်းဆိုမှုကို အခုနားထောင်ကြည့်စမ်း”

ကျန်းကောလီက ပရိသတ်ကို မေးလိုက်သည်။

“ပြီးပြည့်စုံတယ်....”

ပရိသတ်က ပြန်ပြော၏။

စွန်းနနသည် စစလာခြင်းဖြစ်သည်။ စန်းနန်သည် သူ့၏ သီချင်း တစ်ပုဒ်ကို ဖျော်‌ေဖြခဲ့ သည်။

“မဟုတ်ဘူး အဲ့ဒါမဟုတ်ဘူး ငါသိတာတော့ နရင်က အစောပိုင်းက ပရိသတ်ရဲ့ လက်ခုပ် အကျယ်ကြီးရတာ”

လျိုရကျင်က ပြန်ပြောလိုက်သည်။ လျိုရကျင်သည် အစောပိုင်းက ဖျော်ဖြေခဲ့သည်။

ဖုန်းယွီက ထိုအဆိုတော် နှစ်ယောက်စလုံးကို အရာရှိချုပ်ကျားဆီ ခေါ်ခဲ့ကာ ကာလာည၏ ရုပ်သံ အရာရှိချုပ်များကလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံစေခဲ့သည်။ အဆိုတော် နှစ်ယောက်လုံးသည် သူတို့ရှေ့တွင် သီချင်းဆိုခဲ့ပြီး ကာလာညတွင် ဖျော်ဖြေရန်အတွက် အခွင့်အရေးရခဲ့သည်။

သို့သော် စန်းနန်နှင့် နရင်သည် ကာလာညပြီးနောက် အောင်မြင်ကျော်ကြားသည့် သူများ ဖြစ်လာကြသည်။ VCDစက်သည်လည်း သူတို့ ကြော်ငြာသည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ပြောရပါက ယင်းဟာသသည် VCDစက်များ၏ အသုံး၀င်ပုံများကို ပြောပြထားခြင်းဖြစ်ပေသည်။

....

ကျန်းရွေ့ချင်သည် အိမ်မှာနေရင်း ကာလာညကို ကြည့်နေသည်။ မျက်လှည့်ပညာရှင်က အိုက်၀ နားကြပ်ကတ်စက်ကို သူတို့၏ ဖျော်ဖြေမှုတွင် ပေါ်လာသည့်အခါ ပြီးနောက် အနီးကပ်သို့ ဆွဲကြည့်လိုက်သည့်အခါ သူသည် ဖုန်းယွီသာ ယခုကဲ့သို့ လုပ်မည်ဖြစ်မှန်း သူ သတိရသွားခဲ့သည်။ အခြားသော ဖျော်ဖြေမှုများ ဖြစ်သည့် ကျန်းရွေ့ချင်က လေနှင့်မိုး စူပါပန်ကာသည် စင်မြင်၏ နေရာတိုင်းတွင် ပေါ်လာသည်ကို သတိပြုမိသည်။ ဖျော်ဖြေမှုနှင့် ကိုက်ညီမှု မရှိသည်က အူယားစရာပင်။ ပန်ကာကို VIPစားပွဲများရှိ စင်မြင့်ပေါ်တွက်လည်း ထားရှိသည်။ ထို့ပြင် ထိုက်ဟွ ပညာရေး ရန်ပုံငွေ၏ ကိုယ်စားလှယ်သည် ထိုက်ဟွ ကုန်သွယ်ရေး၏ ဝူကျီကန်းဖြစ်သည်။ ထိုဟာသပြဇာတ်များသည် ဖုန်းယွီ၏ ထုတ်ကုန်များကို ကြော်ငြာသော်ငြား ထိုနှစ်ခုလုံးက ဖုန်းယွီနှင့် သက်ဆိုင်သည်။

ကျန်းရွေ့ချင်အနေဖြင့် ဖုန်းယွီသည် ကာလာညကို အသုံးချကာ သူ့ကြော်ငြာများကို ကြော်ငြာရန်ဖြစ်မှန်း အသေအချာသိ၏။

All Chapters