← Chapters

အခန်း (၄၆၉)

Vol. 32 Ch. 469

အခန်း (၄၆၉)

Vol. 32 Ch. 469

ဂါလာညအစီအစဉ်ကို ကြည့်ရှုပြီးနောက် ဖုန်းယွီ၊ သူ့မိဘနှင့် လီရှစ်ချင်တို့သည် သူတို့ ပေကျင်းမြို့သို့ ရထားနှင့်မပြန်ခင် ပေကျင်းတွင် ရက်အနည်းငယ်ကြာ လီရှစ်ချင်၏ မိဘများကို အလည်အပတ် ပို့ပေးသည်။ လီရှစ်ချင်၏ အမေသည် လေယာဉ်နှင့် ခရီးသွားလာသည်ကို ကြောက်ရွံ့နေသေးဆဲဖြစ်၏။

ဖုန်းယွီ ထသည့်အချိန်တွင် သူတို့ ဘင်းမြို့တော်ကို ရောက်နေပြီဖြစ်သည်။ ဖုန်းရှင်းထိုက်နှင့် ကျန်းမူဟွတို့သည် ဘင်းမြို့တော်တွင် ဖုန်းယွီ နောင်လာမည့် ၂ရက်၊ ၃ရက်အတွင်း ပြန်လာမည်ကို စောင့်ရင်း သူတို့၏ ခမည်းခမက် နေအိမ်တွင်သာ နေနေ၏။

တရုတ်နှစ်သစ်ကူးပြီးနောက် ဖုန်းယွီ အလွန်အလုပ်ရှုပ်နေခဲ့သည်။ သူ့အနေဖြင့် တွေ့ဆုံမှု အများအပြားသွားရန် ရှိသည်။ သို့သော် ယခုနှစ်တွင်မူ ကွဲပြားခြားနားမှု ရှိပေသည်။ စက်ယန္တရားကုမ္ပဏီ၏ ကားစက်ရုံပွဲသည် သူတို့ပိုင်ဆိုင်သည့် အဆင့်အမြင့်ဆုံး နည်းပညာများကို အသုံးပြုပြီး တည်ဆောက်မှုကို အပြီးသတ်နိုင်ခဲ့သည်။ သူတို့သည် ဖုန်းယွီ ပြန်အလာကို စောင့်နေကြပြီး ပြည်နယ်အစိုးရကို လက်ဆောင်ပစ္စည်း တစ်ခု ပေးမည်ဖြစ်သည်။

ယင်းကားကို အစက တိုင်းပြည်ကို လှူဒါန်းရန်အတွက် စီစဉ်ခဲ့သော်ငြား တိန်ရှောက်ဖိန်က ဤကားအား လုံကျန်းပြည်နယ်တွင်သာ ဆက်လက်ထားရှိစေချင်ခဲ့သည်။ ထိုကားသည် စက်ယန္တရားကုမ္ပဏီအနေဖြင့် သူတို့၏ ကားများသည် နိုင်ငံခြားကားကုမ္ပဏီများ၏ တည်ဆောက်မှု ကုန်ကျစရိတ် ထပ်တူညီမှသာ တိုင်းပြည်ကို ပေးနိုင်မည်ဖြစ်သည်။

တရုတ်နှစ်သစ်ကူးပြီးနောက် ၅ရက်မြောက်နေ့ မနက်ခင်းတွင် လီမင်တက ဖုန်းယွီကို ပြောပြီး သူအဆင်သင့်ဖြစ်ကြောင်း ပြောလိုက်သည်။ ရုပ်မြင်သံကြားဌာနမှ လူများလည်း ရောက်နေပြီဖြစ်သည်။ ပြည်နယ်အစိုးရက စက်ယန္တရားကုမ္ပဏီအား ထောက်ပံ့ငွေများကို ပေးရုံသာမက CCTVသို့ ယင်းကားကို လက်ဆောင်ပေးသည့် အကြောင်းကိုလည်း CCTVတွင် တင်ဆက်ခဲ့သည်။

ဖုန်းယွီက အပျော်လွန်သွားခဲ့သည်။ သူ့အနေဖြင့် အစိုးရအနေနှင့် ယခုကဲ့သို့သော ကိစ္စမျိုးကို ဆောင်ရွက်လိမ့်မည်ဟု လုံး၀ မမျှော်မှန်းခဲ့သည့်အတွက်ပင်။ CCTVသည် နိုင်ငံပိုင် ရုပ်သံလိုင်းဖြစ်ပြီး တရုတ်တစ်နိုင်ငံလုံးတွင် ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိသည်။ ထိုသတင်း၏ ကြည့်ရှုနှုန်းသည် ဂါလာည၏ ကြည့်ရှုနှုန်းနှင့် အတူတူနီးပါးပင် ဖြစ်သည်။

ဖုန်းယွီက မနက်စောစော ထရသည်။ သူ့အနေဖြင့် စောစောထချင်သည်တော့ မဟုတ်။ သူ့၏ မိဘများက ဖက်ထုပ်စားရန် နှိုးသည့်အတွက်ကြောင့်ပင် ဖြစ်သည်။ အရှေ့မြောက်ပိုင်းဒေသတွင် တရုတ်နှစ်သစ်ကူးပြီးနောက် ၅ရက်မြောက်နေ့နှင့် ၁၀ရက်မြောက်နေ့တွင် ဖက်ထုပ်စားသည့် ‌ဓလေ့ရှိသည်။

ဖုန်းရှင်းထိုက်နှင့် ကျန်းမူဟွတို့သည် လယ်သမားများ ဖြစ်ခဲ့ကြသည်။ သူတို့ စောစောအိပ် စောစောထ အကျင့်ရှိသည်။ သူတို့အနေဖြင့် လေ့ကျင့်ခန်းကို ပုံမှန်မလုပ်သော်ငြား ‌ကျန်းမာနေဆဲ ဖြစ်သည်။

နှစ်တိုင်း ဖုန်းယွီက သူ့၏ မိဘများကို ဆေးရုံသို့ခေါ်သွားပြီး တစ်ကိုယ်လုံး ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်သည်။ သူ့၏ အရင်ဘ၀တွင် ဖြစ်ပွားခဲ့သည့် မကောင်းသည့် အရာမျိုးကို ဖြစ်လာမှာ စိုးသည့်အတွက်ကြောင့် ဖြစ်သည်။ ကံကောင်းချင်တော့ ယခုဘ၀တွင် သူ့မိဘများ၏ ‌ရောဂါများကို စောစောရှာတွေ့ပြီး ‌စောစောကုသနိုင်မည် ဖြစ်သည်။

ယခုလက်ရှိတွင် သူတို့သည် ဆေးရုံ တစ်ရုံကို ပိုင်ဆိုင်ထားသည်။ ပြီးနောက် ယင်းက အဆင်ပြေ၏။ ဖုန်းတန့်ရင်းသည် ထိုက်ဟွာ့ ဆေးရုံ၏ သူနာပြုချုပ်ဖြစ်သည်။ သို့သော် ဆေးရုံရှိ မည်သူမဆို သူနာပြုချုပ်ကို အာ မခံရဲပေ။ ဆေးရုံ၏ CEOကတောင် သူမအား ပြန်မပြောရဲပေ။

ထိုက်ဟွ ဆေးရုံသည် တရုတ်တစ်နိုင်ငံလုံးတွင် အဆင့်အမြင့်ဆုံး ဆေးဝါးစမ်းသပ်ပစ္စည်းများ ရှိသည်။ ပြီးနောက် ပါမောက္ခနှင့် အထူးကုများသည် အချိန်အပိုင်းအလိုက် ထိုင်ကြသည်။ အခြားဆေးရုံများထက် ဈေးနှုန်းကြီးမြင့်သော်ငြား လုံကျန်းဒေသတွင် ယင်းဆေးရုံသည် လျင်လျင်မြန်မြန်ဖြင့် နာမည်ကြီးလာခဲ့သည်။ ပြည်နယ်ချင်း ထိစပ်နေသည့် ပြည်နယ်များမှ လူများသည်လည်း ရောဂါကုသရန်အတွက် လာရောက်ကြပေသည်။

လူနာအများစုသည် အစိုးရအရာရှိများ ဖြစ်ကြပေ၏။

ဖြောင်း‌ ဖြောင်း ဖြောင်း ‌ဖြောင်း

ဖျောက်အိုး တစ်သောင်းပါသည့် ကြိုး၂ကြိုးသည် တဖြောင်းဖြောင်း မြည်နေသည်။ ထိုဖျောက်အိုး ဖျောက်ပြီးသွားသည့် အချိန်တွင် လီမင်တက ပေါ်လာခဲ့သည်။

ဖုန်းယွီသည် ယင်းပွဲကို တက်ရန်သာ ဆန္ဒရှိသည်။ ပြီးနောက် သူသည် လီမင်တကို မီဒီယာများရှေ့တွင် မျက်နှာပြခိုင်းသည်။ လီမင်တက အပျော်လွန်သွားသည်။

မည်သူမှ CCTVသတင်း အစီအစဉ်တွင် ပါ၀င်ရန် အခွင့်အရေးမရရှိကြပေ။ မန်နေဂျာဖုန်းက သူ့ကို ကောင်းကောင်းဆက်ဆံသည်ပင်။ သူ့အတွက် အလွန်ကောင်းမွန် ပြည့်စုံသည့် အခွင့်အရေးကိုတောင် ပေးချင်သည်။

သို့သော် လီမင်တ မသိသည်က ဖုန်းယွီက သူ့ကို အထူးအခွင့်အရေးပေးခြင်း မဟုတ်ပေ။ အကြောင်းမှာ ဖုန်းယွီအနေဖြင့် အများပြည်သူရှေ့တွင် သူ့မျက်နှာကို မပြသချင်သည့်အတွက် ဖြစ်သည်။ သူသည် ကန့်လန့်ကာနောက်ကွယ်တွင်သာ နေလိုပြီး ပိုက်ဆံရှာချင်ပေ၏။

ဖုန်းရှင်းထိုက်သည်လည်း စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာရှင် တစ်ယောက် ဖြစ်ပေသည်။ သို့သော် သူသည် စက်ယန္တရား ကုမ္ပဏီ၏ လက်ထောက်‌ အထွေထွေမန်နေဂျာရာထူးမှ နှုတ်ထွက်ခဲ့သည်။

“ကျွန်တော်က လုံကျန်းပြည်နယ် အစိုးရကို ကိုယ်စားပြုပြီးတော့ ‌ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီကို စုန်ကျန်းကားတွေ လှူဒါန်းတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ် ကျေးဇူးတင်ပါတယ် စက်ယန္တရားကုမ္ပဏီ တရုတ်နိုင်ငံရဲ့ ကားလောကအတွက် အလွန့်ကို ကြီးမြတ်တဲ့ ပံ့ပို့မှုတွေ ထောက်ပံ့မှုတွေ ယူဆောင်လာပေးတဲ့ အတွက်ပါ ဒီကားကို ကျွန်တော်တို့ရဲ့ ဂုဏ်သရေရှိ ပြည်နယ်အဆင့် ဧည့်သည်တော်တွေကို ကြိုတဲ့အခါမှာ အသုံးပြုမှာပါ....”

အစိုးရက စတင်ပြီး သူ့၏ မိန့်ခွန်းကို ချွေတော့သည်။

ဖုန်းယွီသည် ယင်းခေါင်းဆောင်ကို အလွန်ပင် အားရကျေနပ်နေသည်။ ကြိုတင်ရေးထားသည့် စာမပါဘဲ အချိန်အကြာကြီး ပြောနိုင်သည်။ ပြီးနောက် မည်သည့်အကြောင်းအရာမှ ထပ်ခြင်းမရှိပေ။

ယင်းကားကို အစိုးရနှင့် လက်ထောက်အဆင့် အစိုးရများက အသုံးမပြုသော်ငြား ပြည်နယ်အဆင့် ဧည့်သည်တော်များကို ကြိုဆိုရန် အသုံးပြုမည်ပင်။

လီမင်တက ဖုန်းယွီကို ယင်းကား၏ စွမ်းဆောင်ရည်သည် အစိုးရ၏ ကားထက် ပိုပြီး ကောင်းမွန်ကြောင်းကို တစ်ဦးချင်းပြောထားသည်။ အစိုးရ၏ Audi200ကို အသုံးပြုနေခြင်း ဖြစ်သည်။ သို့သော် တစ်စီးသာ ထုတ်လုပ်ရသေးသည်။ ပြီးနောက် ယင်းစုန်ကျန်းကား၏ ကုန်ကျစရိတ်သည် ယွမ် ၁သန်းကျော်ပေသည်။ အစိုးရသည် သူ့နောက်ကွယ်တွင် ယခုအကြောင်းအရာများ ပြောမည်ကို ကြောက်ရွံ့မိ၏။

ဖုန်းယွီက ယင်းအကြောင်းကို ‌မတွေးပေ။ သို့သော် သူသည် ပြည်နယ်အစိုးရကို နောက်ထပ် ကားအနည်းငယ် ပို့ရန်အတွက် သဘောတူလိမ့်မည် မဟုတ်ပေ။

ထိုသူများကို ကောင်းသည့်ကားများကို ပေးခြင်းက သူတို့၏ ရောင်းအားကို မတိုးတက်လာနိုင်စေပင်။ ငွေကို ကောင်းမွန်သည့် နေရာတွင်သာ အသုံးပြုသင့်သည်ပင်။ ကျောင်းများကို လှူဒါန်းခြင်းကဲ့သို့သော အရာမျိုးဖြစ်၏။

ပွဲအခမ်းအနား ပြီးသွားပြီ ၁နာရီခန့် ကြာပြီးနောက် ကျန်သည့် သူများက စတင်ထွက်ခွာကြသည်။ သို့သော် ဖုန်းယွီနှင့် လီမင်တတို့သည် အစိုးရ၏ ရုံးအဆောက်အဦတွင်သာ ကျန်ရှိနေဆဲဖြစ်သည်။

“ဒါက နိုင်ငံတော််ကောင်စီရဲ့ ပြန်ကြားစာ မင်းတို့ ၂ယောက် တစ်ချက် ကြည့်ကြည့်ပါ တကယ်လို့ ပြဿနာရှိတယ်ဆိုရင် မင်းတို့ ပြောလို့ရပါတယ်”

လီမင်တက စာကို ကြည့်လိုက်ပြီး‌နောက် ဖုန်းယွီကို ပေးလိုက်သည်။ ဖုန်းယွီက ထိုစာကို ဂရုတစိုက်ဖြင့် ဖတ်ရှု၏။

စက်ယန္တရားကုမ္ပဏီအနေဖြင့် အစိုးရအေဂျင်စီနှင့် ဌာနများကဲ့သို့ ဘွဲ့ရပြီး အရည်အချင်းရှိ ကျောင်းသားများကို ခေါ်ယူနိုင်ခွင့်ရှိကြောင်း ပြောထားခြင်း ဖြစ်သည်။

ယခုလက်ရှိ တက္ကသိုလ်ဘွဲ့ရများကို အစိုးရက အလုပ်များပေးသော်ငြား အတော်ဆုံး ကျောင်းသားများသည် ပထမဦးဆုံးအနေဖြင့် ဗဟိုအစိုးရတွင် ခေါ်ယူခြင်း ခံရသည်။

ဗဟိုအစိုးရသည် သူတို့လိုချင်သည့် ကျောင်းသားများကို ရွေး‌ချယ်ပြီးနောက် ပြည်နယ်အစိုးရက ကျန်သည့် ကျောင်းသားများကို ရွေးချယ်သည်။ ယင်းက ဟီရာခီစနစ်ကဲ့သို့ ဆက်သွားသည်။ ကျန်ရှိသည့် ကျောင်းသားများသာ ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် ခန့်အပ်ခြင်း ခံရသည်။

သေချာသည်မှာ ကျောင်းသား၏ စိတ်ထဲတွင် စိတ်ကူးထားသည့် ဌာနရှိပါက သူတို့အနေဖြင့် ယင်းဌာနတွင် လျှောက်ထားနိုင်ပေသည်။ ဘွဲ့ရကျောင်းသားအများစုသည် ဇာတိမြေကို ပြန်လိုကြောင်း တောင်းဆိုကြပြီး ခွင့်ပြုမိန့် ရကြပေသည်။ သို့သော် ဗဟိုအစိုးရအဖွဲ့သို့ ရောက်သွားသည့် ကျောင်းသားများမူ ယင်းက ခက်ခဲသည့် ကိစ္စဖြစ်သည်။

အချို့သော ကျောင်းသားများက သူတို့ကို ခန့်အပ်သည့် အလုပ်ကို စွန့်လွှတ်ကြသည်။ သို့သော် အစိုးရအနေဖြင့် သူတို့ကို ဆက်ပြီး ဂရုစိုက်မည် မဟုတ်ပေ။ ပုံမှန်အခြေအနေတွင် တက္ကသိုလ်များက ကျောင်းသားများကို နားချပေသည်။

မည်သို့ပင်ဖြစ်စေကာမူ ပုဂ္ဂလိကပိုင် လုပ်ငန်းများအနေဖြင့် တက္ကသိုလ်ဘွဲ့ရများအား ခေါ်ယူရန်အတွက် ခက်ခဲနေဆဲ ဖြစ်သည်။ အစိုးရက ချမှတ်ထားသည့် စည်းကမ်းချက်များအရ စက်ယန္တရားကုမ္ပဏီအနေဖြင့် အစိုးရအေဂျင်စီများနှင့် တန်းတူ အရည်အချင်းရှိသူများကို ခေါ်ယူနိုင်ပေသည်။ ဖုန်းယွီက ယင်းကမ်းလှမ်းချက်ကို ဖျက်လိုက်သည်။ ဒီလို ကမ်းလှမ်းချက်ကြီးက ဘယ်လိုမျိုးကြီးလဲ ဘယ်သူက ကျောင်းသားတွေကို ယူချင်လို့လဲ ငါ့အနေနဲ့ ငါကိုယ်တိုင် တော်တဲ့သူတွေကို ရှာနိုင်တယ် ဘယ်သူက နိုင်ငံပိုင်လုပ်ငန်းတွေက ကျန်နေတဲ့ သူတွေကို လိုချင်လို့လဲ

ဖုန်းယွီသည် အချို့သော အကျိုးအမြတ်များကို ကျေနပ်ခြင်း မရှိပေ။ သို့သော်ငြား ထိုအကျိုးအမြတ်များက စက်ယန္တရားကုမ္ပဏီကို အချို့သော နည်းလမ်းမှတစ်ဆင့် အကူအညီပေးရာ ရောက်ပေသည်။ သို့သော် ယင်းက များစွာကူညီခြင်း မဟုတ်ပေ။ သူတို့က စက်ယန္တရားကုမ္ပဏီအား ကျေနပ်အောင် ပြုလုပ်နေကြခြင်း ဖြစ်ပေသည်။ ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီသည် နိုင်ငံပိုင်လုပ်ငန်း တစ်ခု မဟုတ်တော့ပေ။ ပြီးနောက် ယခင်က ပေးခဲ့သည့် အကျိုးအမြတ်များသည် ယခုပေးသည့် အကျိုးအမြတ်ထက်တောင် ပိုကောင်းနေသည်။

စက်ယန္တရားကုမ္ပဏီကို ပေးသည့် နောက်ဆုံးအကျိုးအမြတ်သည်ကား အထူးအနေဖြင့် သူတို့အတွက် ဖြည့်ဆည်းပေးထားခြင်း ဖြစ်သည်။ တင်ပို့ခွန် လျှော့ငွေဖြစ်သည်။

တင်ပို့ခွန် လျှော့ငွေသည် မည်သို့အရာနည်း။ တရုတ်နိုင်ငံတွင် ကုမ္ပဏီများ အနေဖြင့် နိုင်ငံခြားသို့ သူတို့၏ ပစ္စည်းများကို တင်ပို့လိုပါက အခွန် ပေးဆောင်ရန် လိုအပ်ပါသည်။ ယင်းအခွန်လျှော့ငွေ၏ ဆိုလိုခြင်းသည် အစိုးရအနေဖြင့် သူတို့၏ တင်ပို့မှုများမှတစ်ဆင့် လျှော့ငွေကို ‌သူတို့ကို ပေးအပ်ခြင်းဖြစ်သည်။ ယင်းက ထုတ်လုပ်မှု စရိတ်ကို သိသိသာသာ လျှော့ချနိုင်ကာ ပြိုင်ဘက်များအကြားတွင် သူတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း တိုးတက်စေပေသည်။

စက်ယန္တရားကုမ္ပဏီအတွက်မူ ယင်းအကျိုးအမြတ်သည် သူတို့ရရှိသည့် ၀င်ငွေအကျိုးအမြတ်အပေါ် များစွာတိုးတက်မှု ရှိလာပေသည်။ ယင်းက တိုင်းပြည်အနေဖြင့် စက်ယန္တရားကုမ္ပဏီကို တခြားတိုင်းပြည်များမှ ၀င်ငွေများ ပိုမိုရရှိစေရန် ကူညီပေသည့် နည်းလမ်း တစ်ခုပင် ဖြစ်ပေသည်။

ဖုန်းယွီသည် ထိုစာကို လီမင်တဆီသိုါ ပြန်ပေးလိုက်ပြီးနောက် အစိုးရကို ကြည့်ကာ

“အတွင်းရေးမှူးရွှီ ဒါတွေက ကျွန်တော်တို့ကို ပေးတဲ့ အကျိုးအမြတ်တွေပါ ကျွန်တော်တို့အနေနဲ့ ဒီထဲက အချို့ကို ငြင်းပယ်နိုင်ခွင့်ရှိမလား”

“ဟားဟားဟားဟား ကျန်းရွေ့ချင်က မင်း‌အကြောင်းကို ပြောတယ် တကယ်လို့ မင်းမလိုချင်တဲ့ အကျိုးအမြတ်တွေ ရှိတယ်ဆိုရင် ကျန်းရွေ့ချင်ကို ပြော ပြီးတော့ မင်းအနေနဲ့ ပယ်ဖျက်ချင်တဲ့ ကမ်းလှမ်းချက်တွေကို အစီရင်ခံစာ ပြန်တင်လိုက် မင်းနဲ့ မင်းတို့တွေအတွက် သူက အကောင်းဆုံး အကျိုးအမြတ်တွေ ရဖို့အတွက်ကို တော်တော်လေး အကောင်းဆုံး ကြိုးစားခဲ့တာ မင်းတို့တွေက တော်တော်လေး ကြေး(ဂျီး)များတုန်းနော်”

အတွင်းရေးမှူးရွှီက ရွဲ့လိုက်သည်။

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင် စက်ယန္တရားကုမ္ပဏီကို ဒီလိုမျိုး ကူညီမှုတွေ ပေးတဲ့အတွက်ပါ ကျွန်တော့်ကို‌ ကျေနပ်အောင် တစ်ခုလောက် လုပ်ပေးနိုင်မလား ကျွန်တော်တို့ လွန်ခဲ့တဲ့ တစ်ခေါက်တုန်းက ကားတွေကို ရုရှားဆီကို တစ်သုတ် စပို့တုန်းက ကျွန်တော်တို့တွေ တင်ပို့အတွက်ကို အနည်းငယ် နောက်ကျခဲ့တယ်ပေါ့ ဒါက ကျွန်တော့်ရဲ့ ရုရှားပါတနာရဲ့ စီးပွားရေး‌ကို အနှောင့်အယှက် ဖြစ်စေတာပဲ ကျွန်တော်တို့အတွက် ရထားလုံးတွေကို အထူးပေးလို့ရနိုင်မလား”

ဖုန်းယွီက မေးလိုက်သည်။

“အဲ့ဒီအကြောင်းကို ကျန်းရွေ့ချင်ကိုပဲ ပြော မင်းအတွက် ကိစ္စတွေကို သူပဲ ဆောင်ရွက်ပေးမှာ”

ဖုန်းယွီက အစိုးရရုံးမှ လမ်းလျှောက်သွားပြီးနောက် သူ့၏ မျက်နှာထက်တွင် မပျော်ရွှင်သည့် အမူအရာရှိနေသည်။ ကျန်းရွေ့ချင်ကို အကူအညီတောင်းလျှင် မည်သည့်အကျိုးအမြတ်မှ မရရှိနိုင်သည့်အတွက် ဖြစ်ကောင်းဖြစ်ပုံပေါ်သည်။ အတွင်းရေးမှူးရွှီသည် အလွန်ပင် ကပ်စေးနည်းသည်။ ဒါက ရထားတွဲ အနည်းငယ်ပဲလေ ငါ ကျန်းရွေ့ချင်ကို သွားရှာရမယ်။ ဖုန်းယွီ မေ့သွားသည့် အချက်က ထိုအချိန်က တရုတ်နိုင်ငံတွင် ရထားတွဲများသည် ပျက်လက်နေသည် ဖြစ်သည့်အကြောင်းပင်။

သို့သော် အားလုံး ခြုံငုံကြည့်ပါက ဖုန်းယွီအနေဖြင့် ယခုကဲ့သို့သော အကျိုးအမြတ်များကို ရရှိသည့်အတွက် ၀မ်းသာမိသည်။ ပြီးနောက် သူသည် အနားယူရန်အတွက် သူ့၏ ဒေသကို နောက်ဆုံးတွင် ပြန်နိုင်ခဲ့ပြီ ဖြစ်သည်။

All Chapters