အခန်း (၄၇၀)
Vol. 32 Ch. 470
ဒေသသို့ ပြန်ရောက်သောအခါ ဖုန်းယွီက လီနကိုသွားရှာသည်။ သို့သော် လီန၏ အဖေက သူ့ကို မြင်ရသည်ကို မပျော်ရွှင်ပေ။ သူ့အနေဖြင့် ဖုန်းယွီသည် သူ့သမီးဆီ လာခြင်းဖြစ်ကြောင်းကို ပြောနိုင်ပေ၏။
သို့သော် သူ့ဘေးနားရှိ လူတိုင်းက ဖုန်းယွီအကြောင်းကို ချီးမွမ်းပနာ ပြုကြပေသည်။ ဖုန်းယွီသည် စက်ရုံ ပိုင်ဆိုင်သည်။ ပြီးနောက် သူ၏ မိဘများသည် ချမ်းသာသည်။ ဖုန်းယွီသည်လည်း ဂုဏ်ကျက်သရေကြီးမားသည့် ပေကျင်းတက္ကသိုလ်မှ ကျောင်းသားတစ်ယောက် ဖြစ်သည်။ သူသည် အရည်အချင်းများစွာ ရှိသည်။ ဖုန်းယွီကို လူအများက ချီးမွမ်းလေ လီန့အဖေက သူ့ကို မကြိုက်လေ ဖြစ်သည်။ သူက ဖုန်းယွီကို ယုံကြည်စရာ မကောင်းသည့်သူဟု ခံစားမိသည်။
ငယ်ရွယ်သည့် အတွဲများ ကိုယ်၀န်ရကြသည့် ကောလဟာလများကို သူကြားဖူးသည်။ ပြီးနောက် ယောက်ျားလေးက မိန်းကလေးကို သွားပြီး ကိုယ်၀န်ဖျက်ချခိုင်းသည်။ ထိုယောက်ျားလေး အများစုသည် အစိုးရအရာရှိများ၏ ဒုတိယမျိုးဆက်များနှင့် စီးပွားရေးသမားများ ဖြစ်ကြပေ၏။
အလွန်နောက်တတ်သည့် လူဖြစ်ပြီး အလွန်ကို ညံ့သည့် ကျောင်းသား တစ်ယောက် ဖြစ်သည်။ သူက ရေခဲပေါက်တွင်တောင် ကျခဲ့ဖူးသည်။ သူကြားသည်က သူ့မိသားစုသည် ဖုန်းယွီကို အမှတ်၃ အခြေခံပညာအထက်တန်းကျောင်းနှင့် ပေကျင်းတက္ကသိုလ်သို့ ရောက်ရန် ငွေများ သုံးသည့် အကြောင်းကိုလည်း သူကြားဖူးသည်။
လီနက သူ့ကို ဘယ်လိုလုပ် မှီခိုမည်နည်း။ သူ့သမီးသည် ပေကျင်းပညာရေး တက္ကသိုလ်တွင် အတော်ဆုံး ကျောင်းသား တစ်ယောက် ဖြစ်သည်။ သူသည် အနာဂတ်ကျ အထက်တန်းကျောင်း တစ်ခုတွင် စာသင်ကြားပေလိမ့်မည်။ သူ့အနေဖြင့် ပညာရေး၀န်ကြီးဌာနတွင် အလုပ်လုပ်ကောင်း အလုပ်လုပ်ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သူ့အနေဖြင့် ဖုန်းယွီကို မှီခိုရန် မလိုအပ်ပေ။
လီန၏ အဖေသည် ဖုန်းယွီကို မနှစ်သက်ပေ။ ဖုန်းယွီသည်လည်း လီန၏ အဖေကို မည်သို့နားချရမည်မှန်း မသိပေ။ သူက သူ၏ ရုပ်ရည်သွင်ပြင် အရပ်အမောင်းနှင့် ပညာအရည်အချင်းသည် အတော်ကောင်းမွန်သည်ဟု ခံစားမိသည်။ အဘယ့်ကြောင့် သူ့အား မကြိုက်နှစ်သက်ပေနည်း။
အကယ်၍ လီန၏ အဖေကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် လီန၏ အိမ်ထဲတောင် ၀င်ခွင့်ရကောင်း ရနိုင်ပေလိမ့်မည်။ လီနအဖေ သူ့ကို မကြိုက်လေ ဖုန်းယွီအနေဖြင့် သူ့အား မည်သို့ စိတ်ကျေနပ်အောင် လုပ်ရမည်မှန်း မသိလေ။ လီန၏ အဖေ သူ့အား မငြင်းဆိုနိုင်သည့် အခြေအနေ တစ်ခု ရောက်ရန်သာ သူစောင့်ရန် တတ်နိုင်တော့သည်။
သူအိမ်ပြန်ရောက်သည့်အခါ ဖုန်းယွီက နုံချာချာဖြစ်နေသည်။ ကျန်းမူဟွက သူ့ကို မြင်သည့်အခါ ဘာဖြစ်ခဲ့သလဲ မေးသည်။ လီန၏ အဖေက ဖုန်းယွီကို အထင်သေးကြောင်း သိသည့်အခါ ဒေါသထွက်သွားသည်။
“မင်းဘာပြောတာလဲ ငါသူ့ကို အခုချက်ချင်းပဲ သွားရှာမယ် သူက ဘာလို့ ငါ့ရဲ့သားကို အထင်သေးနိုင်ရတာလဲ သူက ငါ့သားကို အထင်သေးနိုင်ရအောင် သူက ဘာကောင်မို့လို့လဲ”
“အမေ စိတ်လျှော့ ဘာလို့အော်နေတာလဲ အိမ်နီးနားချင်းတွေတောင် အမေအော်တာကို ကြားကုန်ပြီ”
ဖုန်းယွီက ချက်ချင်းပင် သူ၏ အမေ အပြင်သွားမှာကို တားလိုက်သည်။ သူ ယနေ့ ဖြစ်ပျက်ခဲ့သည့် အရာများကို သူ့အမေကို ပြန်ပြောသည့်အတွက် နောင်တရနေမိ၏။
“မင်း သူ့ကို မမေးဘူးလား ဘာကြောင့် မင်းကို မကြိုက်လဲဆိုတာ”
“သားလည်း ဘာဖြေလို့ ဖြေရမလဲ မသိပါဘူး အမေရယ်”
ဖုန်းယွီက စိတ်သက်သာရာ မရှိဟန်ဖြင့် ပြောလိုက်သည်။ သူသည် လီန့အကြောင်းကို မေးသည်။ ပြီးနောက် သူမသည်လည်း မသိပေ။
“ငါ အစ်မလီကို သွားရှာလိုက်ဦးမယ် သူက ဘာဖြစ်ခဲ့လဲဆိုတာ ငါ့ကို ကူရှာပေးလိမ့်မယ်”
“အစ်မလီက ဘယ်သူလဲ”
ဖုန်းယွီက မေးလိုက်သည်။
“သူက ကျန်းရှန်ရဲ့ ဒုတိယသားရဲ့ မိတ်ဖက်ကို ရှာပေးတဲ့ အောင်သွယ်တော်လေ အဲ့ဒီ ထျန်လောင်လျိုရဲ့ သမီးက အောင့်လော့ဝူရဲ့ နဖြူးနဲ့....”
“အမေ ဘာကြောင့် အဲ့လောက်ထိ စိုးရိမ်ပူပန်နေရတာလဲ”
ဖုန်းယွီက ဇောချွေးပြန်လာတော့သည်။ အစ်မလီသည် ယင်းဒေသတွင် အလွန်နာမည်ကြီးသည့် အောင်သွယ်တော် ဖြစ်သည်။
“ငါက ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေရမှာလဲ”
“အမေ သားတို့တွေက အခုမှ ကျောင်းတက်တုန်းလေ သားတို့တွေ ဒီအကြောင်းကို နောက်မှ ပြောကြရအောင် လီနရဲ့ အဖေကလည်း သားတို့တွေ ဘွဲ့ရပြီးသွားရင် သူ့စိတ် ပြောင်းလဲကောင်း ပြောင်းလဲနိုင်တယ်လေ”
ဖုန်းယွီအနေဖြင့် ယင်းကိစ္စကို သူကိုယ်တိုင် ဆောင်ရွက်နိုင်ပေသည်။ သူ့အမေ ၀င်ပါလာမည်ကို မလိုလားပေ။ သူမ၏ ဒေါသအရ အရာအားလုံးကိုသာ ဆိုးရွားအောင် လုပ်နိုင်ပေသည်။
ကျန်းမူဟွက ပြောလိုက်၏။
“ငါတို့ရဲ့ ဒေသမှာ လေ့ကျင့်တဲ့ အလေ့အထ မရှိတာက နှမြောစရာပဲ မဟုတ်ရင် မင်းတို့တွေအနေနဲ့ ပထမဦးဆုံး စေ့စပ်နိုင်ပြီ”
“ဟုတ်ပြီ အမေ ကျွန်တော့်ကို စိတ်ပူမနေနဲ့တော့ ကျွန်တော် သွားပြီးတော့ တုန့်ကျွင်းကို သွားရှာလိုက်ဦးမယ် အဖေ့ကို ဒီအကြောင်း မပြောနဲ့နော်”
ဖုန်းယွီက ထွက်သွားသည်။ ကျန်းမူဟွက ချက်ချင်းပင် ဖုန်းကို ကောက်ကိုင်လိုက်ကာ
“ဟယ်လို လူကြီးဖုန်း ကျွန်မ ရှင့်ကို ပြောစရာ တစ်ခု ရှိတယ် အဲ့ဒီ မိန်းကလေးရဲ့ မိသားစုက ကျွန်မတို့သားကို မကြိုက်ဘူးတဲ့ ဘယ်မိန်းကလေးလဲ သိလား လီမိသားစုက ချောချောကောင်မလေးလေ သူလည်း ပေကျင်းပညာရေး တက္ကသိုလ်ကို တက်နေတာ....”
၀မ်တုန့်ကျွင်း၏ အိမ်အရောက်တွင် ဖုန်းယွီက ၀မ်တုန့်ကျွင်း အားမရှိသလို ဖြစ်နေသည်ကို မြင်လိုက်သည်။ ဖုန်းယွီ၏ အတွေးက ၀မ်တုန့်ကျွင်းအနေဖြင့် သူ့ကို အားပေးနိုင်မည်ဟု တွေးခဲ့သော်ငြား သူ့ထက်တောင် ပိုပြီး ဆိုးရွားသည့် အခြေအနေတွင် ရှိနေပုံပေါ်သည်။ သူတို့ ၂ယောက်လုံးသည် ယခုလက်ရှိတွင် ဘာကိုမှ ပြောချင်စိတ် မရှိကြပေ။ ထို့ကြောင့် သူတို့က တရုတ်စစ်တုရင်သာ ကစားရန် ဆုံးဖြတ်ချက် ချလိုက်သည်။ စစ်တုရင် ကစားခြင်းက သူတို့အတွက် စိတ်ပျော်ရွှင်မှု ဖြစ်နိုင်သည်ပင်။
“ဟူးး”
“သက်ပြင်းချမနေနဲ့တော့ မင်းအလှည့် မြန်မြန်ရွှေ့”
ဖုန်းယွီက စိတ်မရှည်သည့် လေသံဖြင့် ပြောလိုက်သည်။
“ချက်”
“ဘာချက်တာလဲ ဒီအရုပ်က မြင်းလေ ဆင်မှမဟုတ်တာ”
ဖုန်းယွီက ဒေါသထွက်သွားသည်။ ဘာလို့သူက ကောင်းကောင်းမွန်မွန် မကစားနိုင်ရတာလဲ
“ငါအဟုတ် ကစားချင်စိတ် မရှိဘူးကွာ”
၀မ်တုန့်ကျွင်းက အလွန့်ကို စိတ်လေးနေသည့် အမူအရာဖြင့် ပြောလိုက်သည်။
“မင်း ဘာတွေဖြစ်နေတာလဲ”
ဖုန်းယွီက မေးလိုက်သည်။
၀မ်တုန့်ကျွင်းအနေဖြင့် စိတ်အလွန်မညစ်သင့်ပေ။ သူ၏ အဖေသည် ရာထူးတိုးပြီး အလုပ်တွင် အခြေအနေ ကောင်းသည်။ ဖုန်းယွီက နောင်နှစ်တွင်တောင် ဦးလေး၀မ် ရာထူးတိုးကောင်း တိုးနိုင်ခြေရှိသည်ဟု သတင်းကောင်း ကြားထားသည်ပင်။
ဖုန်းယွီသည်လည်း ၀မ်တုန့်ကျွင်းကို ရှယ်ယာကုန်သွယ်မှု အကြောင်းကို သင်ပေးခဲ့ပြီး ယမန်နှစ်က သူတို့ ဈေးမကျခင် ရုတ်တရက် သူ့၏ ရှယ်ယာများ အားလုံးကို ရောင်းချခဲ့သည်။ ယခုနှစ်တွင် ဝမ်တုန့်ကျွင်းသည် ရှယ်ယာအချို့ကို တစ်ဖန် ၀ယ်ထားပြန်သည်။ ပြီးနောက် ရှယ်ယာ၏ ဈေးနှုန်းသည်လည်း ဖြည်းဖြည်းချင်း တက်နေသည်။ သူ့အနေဖြင့် ဖေဖော်ဝါရီလအတွင်း ရှယ်ယာများကို ရောင်းချခြင်းမှ ငွေများကို ရနိုင်ပေ၏။
အကယ်၍ ၀မ်တုန့်ကျွင်း၏ မိသားစုတွင် မည်သည့် ပြဿနာမှ မရှိလျှင်တောင် မည်သည့်ပြဿနာက သူ့တွင် ရှိနေသနည်း။ သို့သော် မည်သည့်စိတ်ညစ်စရာ ရှိနေသနည်း။
“ကျန်းဟန်ရဲ့ အဖေက ပေကျင်းကို ပြောင်းသွားပြီ သူက ပြည်သူ့လုံခြုံရေးရာဌာနရဲ့ ဒုတိယ၀န်ကြီး ဖြစ်သွားပြီ ပြီးတော့ ပေကျင်းမြို့တော်ရဲ့ ရဲအရာရှိချုပ် ဖြစ်သွားပြီ”
ဖုန်းယွီက မျက်တောင်ပင့်မိသွားသည်။ ယင်းက ကောင်းမွန်သည့် အရာပင်။ ကျန်းဟန်၏ အဖေသည် အသက် ၅၀၀န်းကျင် ရှိပြီဖြစ်ကာ ထိုနေရာတွင် အလုပ်များ ပိုလုပ်နိုင်ပေသည်။ သူအနားမယူခင် ၀န်ကြီးအဆင့်ထိတောင် ရာထူးတိုးနိုင်ပေသည်။ အကယ်၍ သူ ရာထူးမတိုးလျှင်ရင်တောင် ယခုလက်ရှိတွင် သူအာဏာရှိနေသည် ဖြစ်သည်။ အဘယ်ကြောင့် ၀မ်တုန့်ကျွင်း မပျော်ရွှင် ဖြစ်နေရသနည်း။
“သူ့မိသားစုကရော မင်းအကြောင်းကို သိလား မင်းမနှစ်တုန်းက သူ့အိမ်ကို သွားသေးတယ် မဟုတ်ဘူးလား ဘာတွေ ဖြစ်လို့တုန်း မင်းရဲ့ အဖေက မင်းတို့ ၂ယောက်စလုံးကို ကန့်ကွက်တာလား”
“မဟုတ်ဘူး ဒါပေမဲ့ သူ့အဖေက ပေကျင်းကို ပြောင်းတော့မှာဆိုတော့ ကျန်းဟန်က ဒီကျောင်းပိတ်ရက်တွေမှာ အိမ်ကိုပဲ ပြန်ရတော့မှာ....”
၀မ်တုန်းကျွင်းက ပြောလိုက်သည်။
၀မ်တုန့်ကျွင်းနှင့် ကျန်းဟန်သည် အိပ်ပြီး ဖြစ်သည်။ ပြီးနောက် သူတို့သည် သူတို့၏ အားလပ်ရက်များကို ဟိုတယ်တွင်သာ ဖြတ်သန်းကြသည်။
သို့သော် ယခုလက်ရှိတွင် သူတို့၏ အားလပ်ရက် အစီအစဉ်များအားလုံး ပျက်စီးသွားမည် ဖြစ်သည်။
ချီး ငါ ဒီအကြောင်းကို တွေးတော့ တွေးမိသား ဒီခွေးကောင်
“မင်းတို့တွေက ကျောင်းအတူတူပဲလေ ဘာလို့ ပိတ်ရက်ကို စောင့်နေရမှာလဲ ဘာကြောင့် မင်းတို့တွေက ပိတ်ရက်မှပဲ သွားနိုင်မှာလဲ”
ဖုန်းယွီက မေးလိုက်သည်။
“ကျောင်းက အဆောင်က တနင်္လာနေ့ကနေ သောကြာ နေ့တိုင်း စစ်တယ်” ၀မ်တုန်းကျွင်းက ပြန်ပြောလိုက်သည်။
“သူတို့တွေက ပထမနှစ်ကိုတော့ တင်းတင်းကြပ်ကြပ် အုပ်ချုပ်တာပဲလေ ဒုတိယနှစ်ကျောင်းသားတွေကို ဘယ်ဆရာတွေ ဆရာမတွေက တင်းတင်းကြပ်ကြပ်နဲ့ အုပ်ချုပ်လို့လဲ ထပ်ပြောရမယ်ဆိုရင် အဆောင်ရဲ့ အပြင်ဘက်မှာ ညသွားအိမ်တာက ဘာမှားလို့လဲ မင်း ပြန်မသွားခင် မင်းရဲ့ ရှယ်ယာတွေ အကုန်လုံးကို ရောင်းနော် မင်းအနေနဲ့ ကျောင်းနားက တိုက်ခန်း ၂ခန်းကို ၀ယ်ဖို့ လုံလောက်တဲ့ ငွေပမာဏ ရှိလိမ့်မယ် မင်းအနေနဲ့ မင်းရဲ့ ဆရာမတွေကို ကျောင်းရဲ့ အပြင်မှာ အိမ်ရှိတယ်လို့ ပြော အဲ့ဒါဆိုရင် ဆရာတွေ ဆရာမတွေက ကျောင်းဆောင်ရဲ့ အပြင်ကို ညထွက်မှာကို မင်းကို ပြောမှာတဲ့လား တကယ်လို့ သူတို့ သဘောမတူဘူးဆိုရင် သူတို့ကို လက်ဆောင် တချို့ပေးလိုက်ပေါ့ကွာ”
ဖုန်းယွီက ဝမ်တုန့်ကျွင်းကို ကြည့်လိုက်သည်။ဘာလို့ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းက ထူပိန်းနေရတာလဲ သူသည် ပထမဆုံးအနေဖြင့် ကျောင်းသားကောင်းတစ်ယောက် မဟုတ်ပေ။ အဘယ်ကြောင့် သူသည် ဆရာမများ ညတွင် ကျောင်းဆောင်တိုင်း စစ်ဆေးမည်ကို စိတ်အနှောင့်အယှက် ဖြစ်နေရသနည်း။
၀မ်တုန့်ကျွင်း၏ မျက်လုံးများက လင်းလက်လာကာ
“ဒါ အမှန်ပဲ ငါတို့တွေက တနင်္လာ၊ အင်္ဂါလောက်မှာ သွားလို့ရတယ်လေ ဘာလို့ ငါက ဒါကို စောစောက မတွေးမိရတာပါလိမ့် လာ ငါတို့တွေ စစ်တုရင် ကစားရအောင်”
ဖုန်းယွီ “....”
“အဲ့ဒါဆိုလည်း ဆက်ဆော့ကြတာပေါ့ ဘာလို့ မင်းအလှည့် မရွှေ့သေးတာလဲ ငါ့အလှည့်လား ချက်”
“မင်းရဲ့ ခေါင်းကိုပဲ ချက်လိုက် ငါမင်းနဲ့ ထပ်ပြီး မကစားချင်တော့ဘူး”
ဖုန်းယွီက ဒေါသထွက်သွားသည်။
ချီး မင်းရဲ့ စိတ်ကကောင်းတယ် မင်းက ငါ့အကြောင်းကို မမေးတော့ဘူးပေါ့
“ဟမ် မင်းလည်း တစ်ခုခု ဖြစ်တဲ့ပုံပဲ”
ဖုန်းယွီက စိတ်သက်သာရာ ရသွားသည်။ ထို ကောင်စုတ်သည် နောက်ဆုံးတွင် သူ အဆင်မပြေဖြစ်ကြောင်းကို သတိပြုမိသည်ဖြစ်သည်။
“မင်း စစ်တုရင်ကို ကစားပြီးရင် မင်းရဲ့ စိတ်အခြေအနေ တိုးတက်လာလိမ့်မယ် မင်းပဲ အဲ့လိုပြောခဲ့တာပဲလေ မြန်မြန်ရွှေ့ ဆက်ကစားရအောင် ချက် အခုမင်းရဲ့ အလှည့်”
ဖုန်းယွီ”....”