← Chapters

အခန်း (၄၇၁)

Vol. 32 Ch. 471

အခန်း (၄၇၁)

Vol. 32 Ch. 471

သူက နောက်ဆုံးမှ ရောက်လာပြီတဲ့လား။

“ဘာ ခေါင်းဆောင်က ရောက်လာပြီ ကောင်းတယ် ငါ ‌ညနေခင်းကျ ရောက်မယ်”

ဖုန်းယွီသည် အိမ်တွင် ၂ရက်ကြာ နေခဲ့သည်။ နောက်ဆုံးတွင် ဟိုဟိုက်ထောင်ထံမှ ဖုန်းခေါ်ဆိုမှု တစ်ခု လက်ခံရရှိခဲ့သည်။ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်သည် ဘင်းမြို့တော်ကို ရောက်ချနေခြင်း ဖြစ်သည်။

အစက ခေါင်းဆောင်သည် ဘင်းမြို့တော် လေယာဉ်ထုတ်လုပ်သည့် စက်ရုံကို နှစ်သစ်ကူး မတိုင်ခင် လာပြီး တစ်ချိန်တည်းတွင် ဟို‌ဟိုက်ထောင်၏ အလုပ်ကို ကြည့်ရှု့စစ်ဆေးရန် စီစဉ်ခဲ့သည်။ သို့သော် ခေါင်းဆောင် တစ်ခုခု ဖြစ်ပေါ်လာသည့်အတွက် သူ့ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်။ ဖုန်းယွီသည် သူ့ကို စောင့်နေခဲ့သည်။

ယခုလက်ရှိတွင် ခေါင်းဆောင်က ရောက်နေသည် ဖြစ်သည်။ ဖုန်းယွီက ချက်ချင်းဆိုသလို ဘင်းမြို့တော်ကို ပြန်ခဲ့ပြီး အကယ်၍ သူသာ စစ်တပ်မှ အမှာစာများကို လက်ခံရရှိခဲ့ပါက စုန်ကျန်းကားများအနေဖြင့် မည်သည့် စိုးရိမ်စရာမှ ဖြစ်လိမ့်မည် မဟုတ်တော့ချေ။

….

“ဗိုလ်ကြီးကန်း ဒါက ဖုန်းယွီပါ ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ မန်နေဂျာဖုန်း ဒါက ဗိုလ်ကြီးကန်းပါ ရှန်းရန် စစ်တပ်ကပါ”

ဗိုလ်ကြီးကန်းသည် ဖုန်းယွီအကြောင်းကို ကြားဖူးသော်ငြား သူသည် ဖုန်းယွီကို မြင်သည့်အခါ အံ့အားသင့်နေဆဲ ဖြစ်သည်။ထိုလူသည် တိန်ရှောက်ဖိန်က ချီးကျူးသည့် သူတစ်ယောက် မဟုတ်ပေလော။

“မန်နေဂျာဖုန်း ခင်းဗျားက ကျွန်တော့်ကို တွေ့ချင်တယ်လို့ ကြားတယ်”

ဖုန်းယွီက ထိုသူကို ကြည့်လိုက်သည်။ ဟိုဟိုက်ထောင်က မပြောဘူးလား ဘာကြောင့် ငါ့ကို တွေ့ချင်တယ်ဆိုတာ။ သို့သော် ဖုန်းယွီသည် ‌ဗိုလ်ကြီးကန်း၏ လက်မောင်းကို ကြည့်လိုက်သည့်အခါ ဒုတိယ ဗိုလ်ချုပ်ကြီးတဲ့လား သူ့ရဲ့ ရာထူးက မနိမ့်ဖူးပဲ သူက ဆုံးဖြတ်ချက်ကို ချနိုင်တာလား။

“ဗိုလ်ကြီးကန်း ကျွန်တော် သိချင်တာက စစ်တပ်အနေနဲ့ ယခုလက်ရှိ ကားတွေ ဘာတွေလိုလား ကျွန်တော်တို့ရဲ့ စုန်ကျန်းကားက နိုင်ငံအဆင့်ဆုကို အနိုင်ရရှိခဲ့တယ် ပြီးတော့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီး တိန်ရှောက်ဖိန်ကလည်း ကျွန်တော်တို့ရဲ့ ကားတွေကို ချီးကျူးခဲ့တယ် ပြီးတော့ ကျွန်တော်တို့ ကား‌တွေကလည်း ရုရှားနိုင်ငံကို တင်ပို့နေတယ် ဒါရိုက်တာဟိုက ဒီအကြောင်းကို ပြောပြီးတော့ သိပြီးဖြစ်မှာပါ”

ဗိုလ်ကြီးကန်း ဘင်းမြို့တော် လေယာဉ်ထုတ်သည့် စက်ရုံကို လာရသည့် အကြောင်းများထဲမှ တစ်ခုသည် စုန်ကျန်းကားများကို ကြည့်ရန်ဖြစ်သည်။ စစ်တပ်အနေဖြင့် စစ်တပ်ဆိုင်ရာ ကားအသုတ်ဘက်ကို မှာယူရန် ဆန္ဒရှိသည်။ ယခုလက်ရှိတွင် စစ်တပ်က Jeepကားကို သုံးနေသည်။ Jeepကား၏ စွမ်းဆောင်ရည်သည် သာမန်မျှသာ ဖြစ်ပြီး ပျက်လွယ်သည်။

အထက်အရာရှိများက စစ်တပ်တွင်သုံးရန် ကားကောင်းများကို ၀ယ်ယူရန် ဆုံးဖြတ်ထားသည်။ ထိုကားများကို ခေါင်းဆောင်များက အသုံးပြုမည်ပင်။ သူတို့တွေက ဂျပန်နှင့် အမေရိကန်ရှိ ကားထုတ်လုပ်သူများကို ဆက်သွယ်ထားသည်။ သို့သော် ဈေးနှုန်းသည် အလွန်မြင့်လွန်းသည်။ ကားတစ်စီး၏ ကုန်ကျငွေသည် ယွမ် ၃သိန်းအထက်တွင် ရှိသည်။

ဟိုဟိုက်ထောင်၏ အစီရင်ခံစာ တစ်ခုတွင် သူက ဘင်းမြို့တော်၏ စက်ယန္တရားကုမ္မဏီသည် သူတို့၏ လမ်းကြမ်းမောင်း ကားများကို ထုတ်လုပ်ပြီးဖြစ်ကြောင်း ဆိုထားသည်။ အပြင်ပိုင်း ဒီဇိုင်းသည် ကြည့်ကောင်းရုံသာမက စွမ်းဆောင်ရည်လည်း အလွန်‌မြင့်ပေသည်။ ဈေးနှုန်းသည်လည်း မမြင့်ပေ။ သို့သော် အထက်အရာရှိများက စုန်ကျန်းအမှတ်တံဆိပ်ကို မ၀ယ်ယူချင်ကြပေ။

သူတို့၏ အမြင်တွင် တရုတ်နိုင်ငံထုတ် ပြည်တွင်းကားများက မကောင်းပေ။ သူတို့အတွက် တရုတ်နိုင်ငံတွင် အကောင်းဆုံး လမ်းကြမ်းမောင်းကားမှာ Jeep၏ J2020 မော်ဒယ် ‌ဖြစ်‌ေနဆဲသည်။ Jeepကားသည် နာမည်ရှိပြီးသား အမှတါတံဆိပ် တစ်ခု ဖြစ်ပြီး ထိုကားအမျိုးအစားထဲတွင် အထူးပြုထားပေသည်။

စစ်တပ်အနေဖြင့် ဂျပန်နှင့် အမေရိကန် ပြည်ထောင်စုမှ ကားများကို ၀ယ်ရန် တတ်နိုင်ခြင်းမရှိပေ။ သူတို့သည် ပေကျင်း Jeepကား ကုမ္ပဏီသို့ သွားရောက်ပြီး ဈေးစကားပြောသည့် အချိန်တွင် တိန်ရှောက်ဖိန်သည် လုံကျန်းပြည်နယ်ကို သွားကာ စက်ယန္တရားကုမ္ပဏီကို သွားရောက်ခဲ့သည်။ တိန်ရှောက်ဖိန်က စုန်ကျန်းကားများကို ချီးကျူးခဲ့သည်။

စစ်တပ်က အမှတ်ရသည်က ဟိုဟိုက်ထောင်သည် ယင်းကုမ္ပဏီ၏ ကားများကို ယခင်က သူတို့ကို အကြံပေးဖူးသည်။ တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်က ယင်းအမှတ်တံဆိပ်ကားများကို ချီးကျူးကတည်းက သူတို့အနေဖြင့် သူတို့၏ ထောက်ပံ့မှုကို ပြသရပေမည်။

စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များသည် ဈေးကွက်ကို စုံစမ်းပြီးနောက် စုန်ကျန်း လမ်းကြမ်းမောင်း ကားများသည် Jeep J2020ထက် ပိုပြီး အသုံး၀င်‌ကြောင်း သိခဲ့သည်။ သူတို့သည် ကားများ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး စိတ်ကျေနပ်မှု ရှိနေသည်။ သို့သော် ဈေးနှုန်းသည် အလွန်မြင့်လွန်းသည်။ စုန်ကျန်းလမ်းကြမ်းမောင်း ယာဉ်တစ်စီးသည် Jeepကား ၂စီး ၃စီးနှင့် ညီမျှသည်။

ခေါင်းဆောင်များ သူတို့အနေဖြင့် စုန်ကျန်း အမှတ်တံဆိပ်ကားများကို ၀ယ်ယူရန်အတွက် ပြန်လည် စဉ်းစားနေကြသည်။ ခေါင်းဆောင်များတွင် အခြားအမြင်များ ရှိသည်။ ပြီးနောက် ၀ယ်ယူရေးတာ၀န်ခံက အထက်အရာရှိများကို ဆုံးဖြတ်ချက်ချရန်အတွက် အစီရင်ခံရမည်ပင်။

အထက်အရာရှိများ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယင်းကိစ္စက နောက်ကျခဲ့သည်။ ယင်းအတွက်ကြောင့်ပဲ သူသည် ဘင်းမြို့တော်ကို လာရောက်ရန် သတ်မှတ်ထားသည့် အချိန်ထက် နောက်ကျခဲ့ရခြင်း ဖြစ်သည်။

ထောက်ပို့ဌာန ကိုယ်စားလှယ် ဗိုလ်မှူးကြီးကန်းသည် ဖုန်းယွီအနေဖြင့် စစ်ဘက်ဆိုင်ရာ လျှော့ဈေးများကို ဆွေးနွေးရန်အတွက် ရောက်ရှိနေခြင်း ဖြစ်သည်။

စစ်တပ်အနေဖြင့်လည်း စုန်ကျန်းကားများကို ရုရှားနိုင်ငံသို့ တင်ပို့နေသည်ကို သိပေသည်။ ယင်းက စုန်ကျန်းကားများနှင့် ပတ်သတ်ပြီး မည်သည့် ပြဿနာမှ မရှိကြောင်း ပြသရာလည်း ရောက်ပေသည်။

ယခုလက်ရှိတွင် ဖုန်းယွီသည် ယင်းကိစ္စကို ဆောင်ရွက်ရမည်ပင်။ ပြီးနောက် ဗိုလ်မှူးကြီးကန်းသည် အပေါ်စီးတွင် ရှိနေသည်။ သူ့အနေဖြင့် ကားများ၏ ဈေးနှုန်းကို လျှော့ချရန်အတွက် ယင်းကို အသုံးချမည် ဖြစ်သည်။

“အား မန်နေဂျာဖုန်း ဒီကိစ္စကတော့ ခင်ဗျားပဲ ကူညီမှ ဖြစ်မှာပဲ လူကြီးဟိုက ခင်ဗျားရဲ့ ကားအကြောင်း ကျွန်တော်တို့ကို ပြောထားတယ် ဒါပေမဲ့ မင်းရဲ့ ကားတွေက တော်တော့်ကို ဈေးကြီးလွန်းတယ် ပေကျင်းရဲ့ Jeepကားကိုပဲ ကြည့်လိုက် သူတို့ရဲ့ နောက်ဆုံးပေါ် မော်ဒယ်ရဲ့ လက်လီရောင်းဈေးက ယွမ် ၈၀၀၀၀တောင်တဲ့ ပြီးတော့ သူတို့ရဲ့ ဈေးအချိုဆုံး မော်ဒယ်ကို ယွမ် ၆၀၀၀၀နဲ့ပဲ ရောင်းနေတာ တကယ်လို့ ငါတို့သာ များများ၀ယ်မယ်ဆို လျှော့ဈေးတော့ ရှိရမှာပေါ့ မင်းတို့ရဲ့ ကားတွေက တကယ်ပဲ သူတို့ရဲ့ ကားတွေနဲ့ ယှဉ်နိုင်လို့လား”

ဗိုလ်ကြီးကန်းက ယင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် မေးလိုက်သည်။

“ပေးသလောက်တော့ ပြန်ရမှာပါ ဟိုဟာ ဗိုလ်ကြီးကန်းအနေနဲ့လည်း ကျွန်တော်တို့ကားရဲ့ အရည်အသွေးပို ကျွမ်းကျင်တဲ့ သူတွေကို ခေါ်ပြီးတော့ စမ်းသပ်ခိုင်းလို့ရပါတယ် ပြီးတော့ ကျွန်တော်တို့ရဲ့ ကားတွေက Jeepကားတွေထက် ပိုပြီးတော့ နေရာကျယ်တယ် ပြီးတော့ ထိုင်ခုံက ၇လုံရှိတယ် လူ ၁၀ယောက်လောက်ထိကို တင်နိုင်တယ် ကျွန်တော်တို့ရဲ့ လမ်းကြမ်းမောင်းယာဉ်တွေက ပိုပြီးတော့ ပါဝါအားကောင်းပြီး ပိုပြီးတော့ တည်ငြိမ်တယ် ပြီးတော့ ဆီစားနှုန်းလည်း သက်သာတယ် ပြီးတော့ Jeepကို အနိုင်ပိုင်းဖို့အတွက် အချက်အလက်တွေ အများကြီးရှိနေဆဲပါ”

“ဒါပေမဲ့ စုန်ကျန်း လမ်းကြမ်းမောင်းအတွက်ဆိုရင် အနည်းဆုံး Jeepကား ၂စီးလောက်တော့ ဝယ်နိုင်တယ် ဒါက အရမ်းကို ဈေးကြီးလွန်းတယ်”

ဗိုလ်ကြီးကန်းက ခေါင်းခါလိုက်သည်။

“‌ဗိုလ်ကြီးကန်း ကျွန်တော်လည်း အရင်က Jeepကားကို ၀ယ်ဖူးပါတယ် ပြဿနာတွေ အများကြီးရှိတယိ မကြာခဏ ပျက်လွယ်တယ် ကျွန်တော်တို့ရဲ့ စစ်တပ်က လုပ်နိုင်စွမ်းကို လိုတာ ပြီးတော့ ကျွန်တော်တို့ရဲ့ စစ်သားတွေကလည်း သူတို့ရဲ့ မစ်ရှင်တွေကို ပြီးမြောက်ဖို့ အတွက် အချိန်တိုအတွင်းမှာ နေရာ တစ်နေရာကို ရောက်ဖို့ အရေးကြီးတယ်လေ တကယ်လို့ သူတို့တွေက တစ်နေရာကို သွားနေတုန်း သူတို့ရဲ့ ကား‌တွေက တစ်၀က်မှာ ပျက်သွားရင် သူတို့ရဲ့ မစ်ရှင်က သေချာပေါက် ပျက်စီးသွားလိမ့်မယ် ကျွန်တော်တို့ရဲ့ ကားတွေမှာ အဲ့လိုပြဿနာတွေ မရှိပါဘူး ထပ်ပြောရမယ်ဆိုရင် တကယ်လို့ ခေါင်းဆောင်တွေသာ သူတို့ရဲ့ ခရီးကို Jeepကားနဲ့သာ သွားမယ်ဆို ဆိုင်းထိန်းစနစ်ကြောင့် သူတို့ရဲ့ အရိုးတွေ ပျက်စီးသွားလိမ့်မယ် သူတို့တွေ ခါးနာမှာ သူတို့တွေအနေနဲ့ စစ်သားတွေကို ဘယ်လိုလုပ် ညွှန်ကြားချက်တွေ ပေးနိုင်မှာလဲ ကျွန်တော်တို့ရဲ့ ဆိုင်းထိန်းစနစ်က ပိုပြီးတော့ ကောင်းတယ် ကျွန်တော်တို့ရဲ့ ကားတွေက စစ်တပ်သုံး အစိမ်းရောင်နဲ့ ပျောက်ကြားကာလာတွေကို ရနိုင်တယ် ဒါက စစ်ဘက်ဆိုင်ရာ သုံးဖို့အတွက် ပိုပြီးတော့ သင့်တော်တယ်လေ”

ဖုန်းယွီက အချက်ကျ အလက်ကျ ပြန်ပြောသည်။

ဖုန်းယွီက ဟိုဟိုက်ထောင်ကို မျက်လုံး အချက်ပြလိုက်သည်။ ငါက မင်းကို ၂သန်းတောင်‌ ပေးထားတာ ဘာလို့ ငါ့ကို မကူညီရတာလဲ

ဟိုဟိုက်ထောင်သည်လည်း ကူကယ်ရာမဲ့နေသည်။ သူသည် လက်ဖက်ရည်... သူက စစ်တပ်လက်အောက်တွင် ရှိနေဆဲဖြစ်ကာ ဗိုလ်ကြီးကန်းသည် သူ့၏ အထက်အရာရှိဖြစ်သည်။

“ဗိုလ်ကြီးကန်း ကျွန်တော်ကြားတာတော့ ရုရှားရဲ့ စစ်တပ်ကလည်း စုန်ကျန်းရဲ့ လမ်းကြမ်းမောင်းယာဉ်ကို သူတို့ရဲ့ စစ်ဘက်ဆိုင်ရာသုံးအတွက် ၀ယ်ယူတယ်လို့လည်း ကြားပါတယ်”

“တကယ်လား ဒါပေမဲ့ ရုရှားက ချမ်းသာတာလေ ငါတို့မှာ အဲ့လောက်ထိ လုံလောက်တဲ့ ဘတ်ဂျက်မရှိဘူး”

အကယ်၍ ရုရှားတွင် လုံလောက်သည့် ပိုက်ဆံရှိပါက ဆိုဖီယက် ပြည်ထောင်စု လျင်လျင်မြန်မြန်ဖြင့် ပြိုကွဲလိမ့်မည် မဟုတ်ပေ။ ရုရှားသည် ကြွယ်၀ချမ်းသာမှု အများစုကို ယူခဲ့သော်ငြား သူတို့တွင်လည်း အကြွေးများစွာ ရှိနေဆဲပင်။ ထို့ပြင် ruble၏ တန်ဖိုးသည်လည်း ကျဆင်းနေဆဲဖြစ်ကာ ရုရှား၏ ပိုင်ဆိုင်မှူသည်လည်း ကျုံ့နေသည်။ ယခုလက်ရှိတွင်လည်း ဖုန်းယွီနှင့် ကီလီလန်ကူလောင် rubleကို အသုံးပြုပြီး ကုန်သွယ်မှု မပြုလုပ်ကြတော့ပေ။

USDမရဘူးလား ငါတို့က poundလည်း လက်ခံတယ် ဒါမှမဟုတ်ဘူးဆိုရင် Franceငွေကြေး ယန်း ဒါမှမဟုတ်ဘူးဆိုရင် မင်းမှာရှိတဲ့ ဘယ်ငွေကြေးမဆို ပေးလို့ရတယ် rubleက လွဲလို့

ကီလီလန်ကူသည် ထိုက်ဟွကုန်သွယ်ရေးနှင့် အမှာစာ နှစ်ခု ရှိနေသည်။ တစ်ခုသည် စုန်ကျန်း မော်ဒယ် အစီး၃၀၀ဖြစ်ပြီး နောက်တစ်ခုသည် စုန်ကျန်း လမ်းကြမ်းမောင်း အစီး၂၀၀အတွက် ဖြစ်သည်။ ထိုလမ်းကြမ်းမောင်းကားများသည် ရုရှား စစ်တပ်အတွက် ဟုတ်မဟုတ်ကိုတော့ ဖုန်းယွီမသေချာပေ။ သို့သော် ‌ဘင်းမြို့တော်က သူတို့သည် ရုရှားစစ်တပ်ကို ရောက်လာကြသည်ဟု ဆိုထားသည်။

ဖုန်းယွီအနေဖြင့် ဗိုလ်ကြီးကန်း သူ့ကားကို ၀ယ်ယူချင်မှန်း သိပေသည်။ သို့သော် ဈေးကိုတော့ လက်မခံနိုင်ပေ။ ကောင်းပြီလေ တကယ်လို့ စစ်တပ်က ကားကို ၀ယ်ချင်တယ်ဆိုမှတော့ ဖုန်းယွီကလည်း ဈေးကို နည်းနည်း လျှော့ပေးတော့မှာပေါ့။

ဖုန်းယွီ၏ အရင်ဘ၀တွင် ပေကျင်း၏ Jeepကားများ အသက်ရှင်နိုင်ခြင်းမှာ တရုတ်စစ်တပ်ကြောင့် ဖြစ်သည်။ ပေကျင်း Jeepကားသည် တရုတ်တစ်နှစ်အတွက် တရုတ်နိုင်ငံ၏ အရောင်းရဆုံး စာရင်းထဲတွင်တောင် ပါခဲ့သည်။ သူတို့၏ နှစ်စဉ် ထုတ်လုပ်မှုသည် ယမန်နှစ်က အစီး ၅၀၀၀ ဖြစ်သည်။ Jeepကားသည် တရုတ်နိုင်ငံ၏ ကားလုပ်ငန်း၏ ခေါင်းဆောင် ဖြစ်သည်။

အကယ်၍ စုန်ကျန်းကားသာ တရုတ်စစ်တပ်နှင့် စီးပွားရေး အပေးအယူ ဖြစ်ခဲ့ပါက သူတို့အနေဖြင့် ပေကျင်း Jeepကဲ့သို့ ဖြစ်သွားမည်ပင်။ တရုတ်လူမျိုးများသည် သူတို့၏ အမှတ်တံဆိပ်ကို ပိုပြီး ယုံကြည်လာကြမည် ဖြစ်သည်။ ထိုအတွက်ကြောင့်ပင် ယင်းစီးပွားရေးကိစ္စကို ဖုန်းယွီ ပြေလည်လိုခြင်း ဖြစ်သည်။

“အဲ့ဒါဆိုရင် ဗိုလ်ကြီးကန်း ကားတစ်စီးအတွက်ကို ဗိုလ်ကြီးကန်းအနေနဲ့ ဘယ်လောက်ပေးချင်လဲ တကယ်လို့ ကျွန်တော်တို့တွေ အနေနဲ့ ထုတ်လုပ်မှု စရိတ်ကို ထိန်းနိုင်မယ်ဆို‌ရင်တော့ ကျွန်တော်တို့တွေ သဘောတူမှာပါ ကျွန်တော်တို့တွေ အနေနဲ့လည်း စစ်တပ်ကို ထောက်ပံ့တယ်လို့လည်း တွေးလို့ရတာပေါ့”

ဖုန်းယွီက ထိုသို့ပြောပြီးနောက် တစ်ခဏကြာ ရပ်လိုက်သည်။

ဗိုလ်ကြီးကန်းက အပျော်လွန်သွားသည်။ သူသည် ဖုန်းယွီ အခုကဲ့သို့ ပြောမည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

All Chapters