ဟိုဟိုက်ထောင်၏ ဒေါသထွက်မှု
Vol. 32 Ch. 472
“တစ်စီးကို ယွမ် ၁သိန်းခွဲ “
“ဗိုလ်ကြီး နောက်နေတာလား ကျွန်တော်တို့တွေက ဒီဈေးနဲ့ ဘင်းမြို့တော် အစိုးရကိုတောင် မရောင်းဘူး တကယ်လို့ ဒီဈေးနဲ့သာ ရောင်းမယ်ဆိုရင် ကျွန်တော်တို့တွေက ရှုံးလိမ့်မယ်”
ဖုန်းယွီက မလိမ်ပေ။ စုန်ကျန်းကား၏ လမ်းကြမ်းမောင်း အမျိုးအစား ကုန်ကျငွေသည် ဒီဇယ်နှင့် ဓာတ်ဆီ မော်ဒယ် ၂ခုစလုံးအတွက် ယွမ် ၁၆၀၀၀၀ခန့် ရှိသည်။ အကြောင်းမှာ စက်ယန္တရားကုမ္ပဏီ၏ နည်းပညာများသည် ကုန်ကျစရိတ်ကို လျှော့ချနိုင်ရန်အတွက် နည်းပညာ မလုံလောက်သည့်အတွက် ဖြစ်သည်။ အကယ်၍ ပေကျင်း၏ Jeepသာ ထိုနည်းပညာများကို အသုံးပြုပြီး လမ်းကြမ်းမောင်းယာဥ်များကို ထုတ်လုပ်ပါက သူတို့၏ ကုန်ကျစရိတ်သည် အနည်းဆုံး ယွမ် ၂သိန်း ဖြစ်မည်ပေ။
ဗိုလ်ကြီးကန်းက ဖုန်းယွီ၏ စိတ်ဓာတ်ကို မြင်သည့်အခါ သူလိုချင်သည့်ဈေးသည် အလွန်နည်းနေကြောင်း သိလိုက်သည်။ ဟိုဟိုက်ထောင်သည် ကုန်ကျစရိတ်ကို မပြောသော်ငြား သူ့လေယာဉ် ထုတ်လုပ်မှု၏ တွက်ချက်ချက်အရ ကားတစ်စီး၏ တန်ဖိုးသည် ယွမ် ၁၅၀၀၀၀မှ ၁၇၀၀၀၀ ကြားထဲတွင် ရှိသည်။ သူက ဗိုလ်ကြီးကန်းကို ခန့်မှန်းခြေတွက်ချက်ပေးထားခြင်း ဖြစ်ကာ သူ့အနေဖြင့် ဈေးညှိနှိုင်းမှုတွင် ပါဝင်မည် မဟုတ်ချေ။
“မန်နေဂျာဖုန်းအနေနဲ့ ကားတစ်စီးအတွက် ဘယ်လောက်လိုချင်တာလဲ”
ဗိုလ်ချုပ်ကြီးကန်းက မေးလိုက်သည်။
ဖုန်းယွီက ရုတ်တရက် ဟိုဟိုက်ထောင်ထံဘက်ကို လှည့်ကာ စကားတစ်ခွန်းမှ မပြောပေ။ ဟိုဟိုက်ထောင်က သူ့ကို ကြည့်ကာ ပြောလိုက်၏။
“မန်နေဂျာဖုန်း ဘာလို့ ကျွန်တော့်ကို ကြည့်နေတာလဲ”
“ဒါရိုက်တာဟူ လေယာဉ် ထုတ်လုပ်တဲ့ စက်ရုံကလည်း ကျွန်တော်တို့ရဲ့ စုန်ကျန်းကား ဝယ်ယူမှာကို စိတ်ဝင်စားမှု ရှိနေတာလား”
“မရှိပါဘူး” ငါတို့တွေကလည်း ကားထုတ်လုပ်နေတာလေ ဘာလို့ မင်းရဲ့ဟာကို ဝယ်မှာလဲ
“အဲ့ဒါဆိုရင် ဘာကြောင့် ဒီမှာ ရှိနေသေးတာလဲ”
ဖုန်းယွီက ဟိုဟိုက်ထောင်ကို အံ့အားမင်တက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ဟိုဟိုက်ထောင်က ပါးစပ်ပွင့်လျက်သာ ဖုန်းယွီကို ကြည့်လိုက်သည်။ ချီး ဒါ ဘာအဓိပ္ပာယ်လဲ ဒါ ဘင်းမြို့တော်ရဲ့ လေယာဉ် ထုတ်လုပ်တဲ့ စက်ရုံလေ ဒါကလည်း ငါ့ရဲ့ ရုံးခန်း ဘာလို့ ငါ့ကို အပြင်လူတစ်ယောက်အနေနဲ့ ဆက်ဆံနေရတာလဲ
ဗိုလ်ကြီးကန်းက ဘာမှမပြောပေ။ ယင်းအဓိပ္ပာယ်က ဗိုလ်ကြီးကန်းသည်လည်း ဖုန်းယွီနှင့် နှစ်ဦးတည်းပြောရန် သဘောတူခြင်း ဖြစ်သည်။
ပါးစပ်ပိတ်လျက်သား ရုံးခန်းထဲမှ ထွက်သွားပြီး တံခါးတွင် သူ့အတွင်းရေးမှူးက သူ့ကို မြင်သည့်အခါ မတ်တပ်ထရပ်လိုက်သည်။
“ဒါရိုက်တာ ဘာကြောင့် ကျွန်တော့်ကို ကြည့်နေရတာလဲ”
“ငါနဲ့ အလုပ်ရုံကို လိုက်ခဲ့”
ချီး ငါက ရုံးခန်းထဲကနေပြီးတော့ အပြင်လူ ၂ယောက်ရဲ့ မောင်းထုတ်ခြင်းကို ခံလိုက်ရတာ ကောင်းပြီလေ ငါ ဒီအရောင်းအဝယ်မှာ မပါဘူး တကယ်လို့ အရောင်းအဝယ်ပျက်ရင် ငါ့ကို လာပြီးတော့ အပြစ်မတင်နဲ့
ဟိုဟိုက်ထောင်၏ အတွင်းရေးမှူးက ဟိုဟိုက်ထောင်ကို ကြည့်လိုက်သည်။ ဘာလို့ ဒါရိုက်တာဟူ တစ်ယောက်ပဲ ထွက်လာတာလဲ ဖုန်းယွီနဲ့ ဗိုလ်ကြီးကန်းက အထဲမှာ ရှိနေတာလား
“ဗိုလ်ကြီးကန်း စစ်တပ်အနေနဲ့ ကျွန်တော်တို့ရဲ့ စုန်ကျန်း လမ်းကြမ်းမောင်းကားတွေကိုဝယ်ယူမှာလား”
“အဲ့ဒါကတော့ အခြေအနေပေါ်မှာ မူတည်လိမ့်မယ်”
ဗိုလ်ကြီးကန်းက တိကျသည့် အဖြေမပေးချေ။
ဗိုလ်ကြီးကန်း၏ ပြန်ဆိုမှုကို ကြားပြီးနောက် ဖုန်းယွီအနေဖြင့် နားလည်သွားသည်။ ယင်းအဓိပ္ပာယ်က ခေါင်းဆောင်များသည် အခြားသော မော်ဒယ်များကိုလည်း လိုချင်ကြသည်။ သို့သော် အထက်အရာရှိများက ခွင့်ပြုလိမ့်မည် မဟုတ်ချေ။ ထိုလမ်းကြမ်းမောင်းကားများကို စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးအတွက် အသုံးပြုနိုင်သည်။သို့သော်ငြား သူတို့အနေဖြင့် အခြားသော မော်ဒယ်ကို အကြောင်းပြချက်ရှာပြီး အသုံးပြုခွင့် မရှိပေ။ မည်သူက စစ်ပွဲအတွင်း အခြားမော်ဒယ်ကားများကို အသုံးပြုမည်လော။
“ဗိုလ်ကြီးကန်း ကျွန်တော်အကြံပေးတာက ကျွန်တော်တို့ရဲ့ စုန်ကျန်း လမ်းကြမ်းမောင်းရဲ့ ဒီဇယ်အင်ဂျင်ကို အကြံပေးပါတယ် အဲ့ဒီယာဉ်က ဘယ်လမ်းအခြေအနေမဆို မာပြီးတော့ သင့်လျော်ပါတယ် ပြီးတော့ နောက်ဘီးမှာဆိုရင် ခရီးသည် တင်ဆောင်ဖို့အတွက် ခုံတွေတပ်နိုင်သလို ပစ္စည်းတွေ ပို့ဆောင်မှုအတွက်လည်း ခုံတွေကို ဖြုတ်ထားနိုင်တယ် ကျွန်တော် ဒီမော်ဒယ်ကို လက်ကားဈေးဖြစ်တဲ့ တစ်စီးကို ယွမ် ၂သိန်းနဲ့ ရောင်းချပေးမှာ”
တရုတ်နိုင်ငံ ၏ ဒီဇယ်အရည်အသွေးသည် မကောင်းပေ။ ပြီးနောက် ဒီဇယ်အင်ဂျင်များသည် ပုံမှန်ပြုပြင် ထိန်းသိမ်းရမည် ဖြစ်သည်။ သို့သော် ယင်းက ပြဿနာ တစ်ရပ် မဟုတ်ပေ။ Jeep J2020ကို ယခုလက်ရှိတွင် စစ်တပ်က အသုံးပြုနေသည်။ တစ်ပတ်တစ်ခါ ပုံမှန်ပြင်ရန် လိုအပ်သည်။ စစ်တပ်ရှိ စက်ကိုင်ပညာရှင်များသည် ထိုအကြောင်းပြချက်များကြောင့် ကောင်းကောင်း လေ့ကျင့်ပေးထားခြင်း ဖြစ်သည်။
“ယွမ် ၂သိန်းနဲ့လား အဲ့ဒါအရမ်းဈေးကြီးတာပဲ မင်းရဲ့ ဈေးက အရမ်းကို မြင့်လွန်းတယ် ငါ ကြားရသလောက်တော့ CCTVမှာ ရောင်းတဲ့ကားတွေက အဲ့လောက်ထိ ဈေးမကြီးဘူးဆိုလားပဲ”
ဗိုလ်ကြီးကန်းက ခေါင်းခါလိုက်သည်။
“ဗိုလ်ကြီး CCTVက ဓာတ်ဆီအမျိုးအစား ၀ယ်တာလေ ပြီးတော့ CCTVကလည်း သူတို့ရဲ့ ကြော်ငြာကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ကို အကျိုးအမြတ်တွေ ပေးသေးတာ တကယ်တမ်း ပြောရမယ်ဆိုရင်တောဘ CCTVက ယွမ် ၂သိန်းထက်ကို ပိုပြီး ပေးခဲ့တာ”
“ဒါပေမဲ့လည်း ဈေးကြီးနေသေးတယ် ငါတို့ လိုအပ်တဲ့ ကားအစီးပမာဏက များတယ် ဒီဈေးနဲ့ဆိုရင် အထက်အရာရှိတွေက ခွင့်ပြုမှာမဟုတ်ဘူး”
“ဗိုလ်ကြီးကန်း စိတ်လျှော့ပါ ကျွန်တော်ပြောတာ မပြီးသေးပါဘူး ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ စစ်တပ်ကို ထောက်ပံ့တယ် ဆိုတာကို ပြသမှာပါ ကျွန်တော်တို့ အနေနဲ့ စုန်ကျန်း လမ်းကြမ်းမောင်း ၁၀စီး ၀ယ်တိုင်း အဆင့်မြင့် မော်ဒယ်ဖြစ်တဲ့ အိုလံပစ်မော်ဒယ် တစ်စီ ပေးမှာပါ ဒီစုန်ကျန်း အိုလံပစ် ဇိမ်ခံကားက ယွမ် ၂သိန်းထက်ကို ပိုပြီး ကျော်ပါတယ် တကယ်လို့ လမ်းကြမ်းမောင်း အစီး ၁၀၀၀ကို ၀ယ်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အိုလံပစ်မော်ဒယ်ကို အစီး ၁၀၀ ထည့်မှာပါ”
ဖုန်းယွီက ပြောရင်း လက်ညှိုး တစ်ချောင်း ထောင်လိုက်သည်။
ဘာ အိုလံပစ်မော်ဒယ်ကို အလကားပေးမှာတဲ့လား ၁၀စီး၀ယ် ၁စီးလက်ဆောင်တဲ့လား
ဗိုလ်ကြီးကန်းက ဖုန်းယွီကို ကြည့်လိုက်သည်။ ထိုကလေးက သူလိုချင်သည့် အရာကို သိပေသည်။ စစ်တပ်ရှိ ခေါင်းဆောင်များအားလုံးသည် ကားများကို လဲချင်ကြသည်။ စစ်တပ်ရှိ ခေါင်းဆောင် အများစုသည် ယခုလက်ရှိတွင် အလံနီ ကားဟောင်းများကိုသာ အသုံးပြုနေရသည်။ စစ်တပ်ထဲတွင် Audi100 အနည်းငယ်တွင်သာ ရှိသည်။ Audi200ဆိုရင် ပြောစရာတောင် မလိုတော့ပေ။
ယခုလက်ရှိတွင် အထက်အရာရှိများက ကားအသစ်များ၀ယ်ရန် ဘတ်ဂျက်ချပေးမည် ဖြစ်သည်။ အကယ်၍ သူတို့သာ ဇိမ်ခံကားများကို ၀ယ်ပါက သူတို့အနေဖြင့် သူတို့၏ အထက်အရာရှိများကို ပြန်လည် ဖြေကြားနိုင်ခြင်း ရှိမည် မဟုတ်ချေ။ ဖုန်းယွီ၏ ကမ်းလှမ်းမှုက ယင်းပြဿနာကို ဖြေရှင်းပြီးသား ဖြစ်ပေလိမ့်မည်။ ခေါင်းဆောင်များသည်လည်း ကားအသစ် လိုချင်နေသည်။ ပြီးနောက် သူတို့အနေဖြင့် အထက်အရာရှိများကို ရှင်းပြရန် လိုအပ်သေးသည်ပင်။
ဖုန်းယွီက သူ့လက်ဖက်ရည်ခွက်ကို မ လိုက်ပြီးနောက် ဖြည်းဖြည်းချင်းသောက်လိုက်သည်။ ယင်းနည်းလမ်းက သူပေးခဲ့ခြင်း မဟုတ်ချေ။ သူသည် ယခင်ဘ၀မှ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၏ အကြံမှ ရခဲ့ခြင်း ဖြစ်သည်။ ဖုန်းယွီက ယင်းကို ဟာသတစ်ခုလိုသာ တွေးခဲ့သည်။ သို့သော် ယင်းဟာသက အမှန်တကယ်တွင် အသုံး၀င်ပုံပေါ်၏။
“စုန်ကျန်းကား အိုလံပစ်မော်ဒယ်ပဲလား”
ဗိုလ်ကြီးကန်းက မေးလိုက်သည်။
ဖုန်းယွီက သူ့မျက်တောင်ကို ပင့်လိုက်သည်။ ဗိုလ်ကြီးကန်းက စိတ်၀င်စားသွားသည်။
“ကျွန်တော့်အနေနဲ့ တခြားမော်ဒယ်တွေကို ပေးလို့ရပါသေးတယ် စုန်ကျန်းကားရဲ့ ကြယ်နီမော်ဒယ်ကိုရောပေါ့ ဒါပေမဲ့ အဲ့ဒါက ၁၀စီး၀ယ် ၁စီးလက်ဆောင် ဖြစ်မှာ မဟုတ်ဘူး ကျွန်တော်တို့အနေနဲ့ အသေးစိတ် အချက်အလက်ကို နောက်ပြီးရင် ဆွေးနွေးလို့ရပါတယ်”
ဖုန်းယွီက ပြောလိုက်သည်။
“အင်း ငါလည်း အခုလက်ရှိမှာဆော့ ဆုံးဖြတ်ချက်ကို မချနိုင်သေးဘူး ဒါပေမဲ့ ငါက မင်းရဲ့ ကမ်းလှမ်းမှုကိုတော့ စဉ်းစားပါ့မယ် ငါ ခေါင်းဆောင်ကို အစီရင်ခံစာ တင်ရဦးမယ် ပြီးတော့ သူတို့ ဆုံးဖြတ်ပြီးတာနဲ့ ငါ မင်းကို အကြောင်းပြန်မယ်”
ဗိုလ်ကြီးကန်းက တစ်ခဏကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။
ဗိုလ်ကြီးကန်းသည် ယခုနည်းလမ်းကို မစဉ်းစားခဲ့ပေ။ ယခုလက်ရှိတွငိ ဖုန်းယွီက ယင်းအစီရင်ခံမှုကို ပြုလုပ်ခဲ့သည်။ ပြီးနောက် သူ့အနေဖြင့် ကား၀ယ်ယူရေး အစီအစဉ်နှင့် ပတ်သတ်ပြီး ပြန်ကြည့်ရှုရန် လိုအပ်သေးသည်။ ယင်းကမ်းလှမ်းချက်ကြောင့် သူတို့လိုအပ်သည့် ကားအစီးရေအတွက်သည်လည်း များပြားလာနိုင်ပေသည်။ သူတို့သည် ယခုနှစ် နောက်ပိုင်းတွင် Jeepကားများကို ပိုပြီး ၀ယ်ယူရန် စီစဉ်ထားခဲ့ကြသည်။ ယခုလက်ရှိတွင် သူတို့အနေဖြင့် ဂျပန်နှင့် အမေရိကန် ကားထုတ်လုပ်သူများကို မစဉ်းစားတော့သည်မှာ သေချာသည်ပင်။
“အဲ့ဒါဆိုရင် ငါမင်းရဲ့ သတင်းကောင်းကို စောင့်နေပါမယ် ဆုံးဖြတ်ချက်ပြီးတာနဲ့ ကျွန်တော် စက်ရုံကို ထုတ်လုပ်မှုကို တိုးမြှင့်ပေးဖို့ ပြောပါမယ် သူတို့အနေနဲ့ စစ်ဘက်ဆိုင်ရာ အမှာစာတွေကို အရင်ဆုံး ပြုလုပ်ပေးမှာပါ”
ဖုန်းယွီက မတ်တပ်ထရပ်လိုက်ပြီးနောက် ဗိုလ်ကြီးကန်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
ဟိုဟိုက်ထောင်သည် အလုပ်ရုံကို သွားပြီး ကြည့်ရှုစစ်ဆေးနေသည်။ သူ့အတွေးတွင် ၂ဖက်လုံး၏ ဆွေးနွေးမှုက ပျက်ပယ်သွားမည်ဟု တွေးမိသည်။ သူမပါဘဲ တခြားတစ်ယောက်သည် ဈေးနှိမ်လိမ့်မည်ဖြစ်ကာ တခြားတစ်ယောက်က ဈေးမြှင့်ရန် ကြိုးစားမည်ပင်။ သူတို့ ၂ယောက် ဆွေးနွေးပွဲ မပျက်ဘဲ နေမည်နည်း။
သို့သော် ဟိုဟိုက်ထောင် သူတို့ ၂ယောက်သား ရုံးခန်းထဲမှ အပြုံးအပြည့်ဖြင့် ထွက်လာသည်ကို မြင်လိုက်ရသည်။ ဗိုလ်ကြီးကန်းသည် ဖုန်းယွီနှင့် အတူတူ တံခါးမှ ထွက်လာခြင်း ဖြစ်သည်။
ဟိုဟိုက်ထောင်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ ဘာတွေဖြစ်နေတယလဲ သူတို့၂ယောက်စလုံးက သဘောတူညီချက်ကို လုပ်ဖြစ်သွားတာလား မဖြစ်နိုင်တာ သူတို့ရဲ့ စိတ်ထဲမှာ မတူတဲ့ ဈေးနှုန်းတွေ ရှိနေတာလေ။ သူတို့ရဲ့ ဆွေးနွေးမှုက အဆင်ပြေ ချောမွေ့မှာ မဟုတ်ဘူး တကယ်လို့ ဆွေးနွေးမှုက မဖြစ်ဘူးဆိုရင် ဘာလို့ သူတို့တွေက ဒီလို ထွက်လာတာလဲ။
“ဒါရိုက်တာဟူ ကျွန်တော် အရင်ဆုံး သွားတော့မယ် ကျွန်တော် စက်ယန္တရားကုမ္ပဏီကို သွားပြီးတော့ ထုတ်လုပ်မှုကို မြှင့်တင်ဖို့ သူတို့ကို ပြောရမယ်”
ဖုန်းယွီက ဟိုဟိုက်ထောင်ကို လက်ပြပြီးနောက် ထွက်သွားသည်။
ဟိုဟိုက်ထောင်က ဖုန်းယွီ၏ နောက်ကျောကို ကြည့်ပြီး ဗိုလ်ကြီးကန်းကို ကြောင်လျက်သား ကြည့်လိုက်သည်။
“လူကြီးဟူ”
ဗိုလ်ကြီးကန်းက ဟိုဟိုက်ထောင်ရှေ့မှ လက်ပြလိုက်သည်။
“အား ဗိုလ်ကြီးတို့ ဆွေးနွေးမှု အဆင်ပြေရဲ့လား”
ဟိုဟိုက်ထောင်က မေးလိုက်သည်။ ယင်းက မယုံသင်္ကာဖြင့် ဖြစ်နေသည်။
“ငါတို့တွေအနေနဲ့ နောက်ဆုံး အသေးစိတ် အချက်အလက်တွေကိုတော့ မဆွေးနွေးရသေးဘူး ဒါပေမဲ့ ငါတို့တွေ ကိစ္စ အချို့တော့ လုပ်ပြီးသွားပြီ အပေးအယူကို အတည်မပြုခင် ငါ့အနေနဲ့ ခေါင်းဆောင်တွေဆီကို အစီရင်ခံစာ တင်ရဦးမယ်လေ ဘာဖြစ်လို့လဲ မင်းကြည့်ရတာ ငါတို့ အဆင်ပြေသွားတာကို မပျော်ရွှင်နေတဲ့ပုံပဲနော်”
ဗိုလ်ကြီးကန်းက ဟူဟိုက်ထောင်ကို ကြည့်လိုက်သည်။ မင်းကပဲ ငါ့ကို ဖုန်းယွီနဲ့ မိတ်ဆက်ပေးခဲ့တာ မဟုတ်ဘူးလား ထပ်ပြောရမယ်ဆိုရင် မင်းရဲ့ လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံက vanကားတွေပဲ ထုတ်လုပ်နိုင်တာ မင်းရဲ့ ကားတွေကလည်း ငါတို့ရဲ့ စစ်ဘက်ဆိုင်ရာသုံးအတွက် မသင့်တော်ဘူး”
“မဟုတ်ပါဘူး ကျွန်တော် ဘယ်လိုလုပ် မပျော်ရမှာလဲ ကျွန်တော်က နေ့လယ်ခင်းကျရင် ပြည်နယ်စစ်တပ်က လက်ထောက် ဗိုလ်ကြီးဝါနဲ့ တွေ့ဖို့ရှိလို့ပါ”
ပျော်ရမှာလား ဘာပျော်စရာ ရှိလို့လဲ ဘယ်လိုကြောင့် သူတို့တွေက အချိန်ခဏလေးအတွင်းမှာ ဒီအပေးအယူက ဖြစ်သွားရတာလဲ
“ဖုန်းယွီရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီးတော့ ငါ့အနေနဲ့ ခေါင်းဆောင်တွေကို အစီရင်ခံစာ တင်ရဦးမယ် လူကြီးဟူ မင်းရဲ့ ရုံးဖုန်းကို ငါ့ကိုငှားဦး”
ဘုန်း ဟိုဟိုက်ထောင်က ပြောစရာစကား မေ့သွားသည်။ ချီး ဒီတစ်ခေါက်လည်း ငါရုံးခန်းထဲကနေပဲ ထွက်ရပြန်ပြီလား ဒီရုံးခန်းက ဘယ်သူ့ရုံးခန်းလဲ။