← Chapters

အခန်း (၄၇၃)

Vol. 32 Ch. 473

အခန်း (၄၇၃)

Vol. 32 Ch. 473

ဖုန်းယွီသည် စက်ယန္တရားကုမ္ပဏီသို့ ပြန်လာခဲ့သည်။ ပြီးနောက် လီမင်တနှင့် အချိန်တစ်ခဏကြာ စကားပြောခဲ့သည်။ နှစ်သစ်ကူးပြီးနောက် စုန်ကျန်းကားများသည် CCTVတွင် ကြော်ငြာများ စတင်ထုတ်လုပ်နေပြီ ဖြစ်သည်။ တစ်ချိန်တည်းတွင် ပြည်နယ်သတင်းစာများစွာတွင်လည်း ကားကြော်ငြာကို ထည့်သွင်းကြသည်။

စုန်ကျန်းကားသည် CCTVတွင် ပေါ်လာခဲ့ပြီး ဘင်းမြို့တော်က ၀ယ်ယူမှု အကြီးစား ပြုလုပ်ခဲ့သည်။ လူများစွာက စုန်ကျန်းကားများကို စတင်ပြီး မှတ်သားလာကြသည်။ သို့သော် အရောင်းပိုင်းကတော့ တိုးတက်လာခြင်း မရှိသေးပေ။ စက်ယန္တရားကုမ္ပဏီတွင် ကားများ ကုန်နေသည်။

ဖုန်းယွီနှင့် ကျန်သည့်သူများက ထိုအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ သူတို့၏ ကားများသည် ဈေးကြီးပြီး သာမန်မိသားစုတော့ မတတ်နိုင်ပေ။ ထို့ပြင် စုန်ကျန်း အမှတ်တံဆိပ်သည်လည်း နာမည်မကြီးသေးပေ။ လွန်လွန်ကြူးကြူး ကြော်ငြာထား‌ေသာ်ငြား သူတို့၏ ရောင်းအားက ချက်ချင်း မတက်ပေ။

ကံကောင်းချင်တော့ ကီရီလန်ကိုက သူတို့၏ ကားများကို ၀ယ်ယူခဲ့သည်။ ဖုန်းယွီအနေဖြင့် ယခုနှစ် သူ၏ ဂိုထောင်တွင် မရောင်းရမည့်ကားများ ရှိနေမည် မဟုတ်ဟု ယုံကြည်သည်။ သူသည် ရင်းနှီးမြှုပ်နှံမှု၏ တစ်စိတ်တစ်ပိုင်းကို ပြန်ရနိုင်ပေသည်။ ဖုန်းယွီက အရောင်းစာရင်းကို ကြည့်လိုက်သည့်အခါ အိုလံပစ်မော်ဒယ်သည် အရောင်းရဆုံး ဖြစ်သည်။ ကြယ်နီနှင့် လမ်းကြမ်း‌ေမာင်းမှာ ရောင်းအားမကောင်းပေ။

ဖုန်းယွီက ကြယ်နီမော်ဒယ်ကို ဈေးကွက်ထဲ မိတ်ဆက်ခြင်း စောသည်လားဟု သံသယ၀င်နေမိသည်။ လူတွေက အခုလို စီးပွားရေးကား‌တွေကို မကြိုက်နှစ်သစ်တာလား။ စီးပွားရေးသုံး ကားများ၏ အပြင်ပိုင်းဒီဇိုင်းသည် လမ်းကြမ်းမောင်းလောက် မမာပေ။ ပြီးနောက် စလွန်းကားလောက်လည်း မလှပေ။ သို့သော် ယင်းမော်ဒယ်၏ စွမ်းဆောင်ရည်နှင့် သက်သောင့်သက်သာဖြစ်မှုက ကောင်းပေသည်။

ဖူကွမ်းကျန်းသည်လည်း ယင်းမော်ဒယ်နှင့် ပတ်သတ်ပြီး တောင်ပိုင်းဒေသတွက် ဈေးကွက်စစ်တမ်းကို ကောက်ယူခဲ့သည်။ သူကလည်း ယင်းမော်ဒယ်အတွက် ဈေးကွက်ရှိလိမ့်မည်ဟု မျှော်လင့်မိသည်။ ကွမ်တံုးရှိ စက်ရုံခွဲသည်လည်း အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ ယင်းမော််ဒယ်ကို ဤစက်ရုံတွင် ထုတ်လုပ်မည် ဖြစ်သည်။ အရှေ့တောင်ပြည်နယ်များသည် ပထမဦးဆုံး ချမ်းသာသည့် ပြည်နယ်များ ဖြစ်ကြပေသည်။ ထိုနေရာတွင် ချမ်းသာသည့် စီးပွားရေး လုပ်ငန်းရှင်များစွာ ရှိသည်။ ယင်းမော်ဒယ်၏ ရောင်းအားသည် ထိုနေရာတွင် ပိုကောင်းမည်ပင်။

တခြားသော စက်ရုံများတွင် စုန်ကျန်း လမ်းကြမ်းမောင်းကို ထုတ်လုပ်နေသည်။ သူတို့သည် ဒီဇယ်အင်ဂျင်မော်ဒယ်များကို ပိုပြီး အာရုံစိုက် ထုတ်လုပ်နေကြသည်။ ဓာတ်ဆီသုံး လမ်းကြမ်းမောင်းယာဉ်များသည် J2020ကို မယှဉ်နိုင်ပေ။ J2020 Jeepကားသည် အလွန် ဈေးချိုပေ၏။

လီမင်တလည်း သဘောတူပေသည်။ သူတို့အနေဖြင့် ရောင်းအားကောင်းသည့် မော်ဒယ်များကို ပိုထုတ်လုပ်သင့်သည်ပင်။ စက်ယန္တရားကုမ္ပဏီတွင် ရန်ပုံငွေလည်း ပြတ်တောက်နေသည်။ ထိုမရောင်းရသည့် ကားများသည် သူတို့၏ ရန်ပုံငွေ အများစုကို ချုပ်ထားသည်။ ဖုန်းယွီအနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွက် ရန်ပုံငွေများကို လျှော့ချရန် စိတ်မရှိပေ။ စက်ယန္တရားကုမ္ပဏီ၏ ထုတ်လုပ်မှုသည် တိုးတက်လာသော်ငြား သူတို့၏ အကျိုးအမြတ်က ကျဆင်းနေသည်။

ထိုကားများ၏ ရောင်းအားအကျိုးအမြတ်သည် လယ်ယာသုံး စက်ပစ္စည်းများနှင့် မော်တော်‌ဆိုင်ကယ်များထက် ပိုတောင် နည်းပေသေးသည်။ ထို့ပြင် မြို့တော်က စက်ယန္တရားကုမ္ပဏီကို အခွန်ကင်းလွတ်ခွင့် ပေးထားသည်။ ဖုန်းယွီအနေဖြင့် ထိုက်ဟွ ကုန်သွယ်ရေးကို အဓိက ဖြန့်ချီသူ သို့မဟုတ် ထိုက်ဟွ ကုမ္ပဏီ၏ ရန်ပုံငွေများကို အသုံးပြုခွင့် ပေးမည်မဟုတ်ပေ။ မြို့တော်သည် စက်ယန္တရားကုမ္ပဏီကို အခွန်ကင်းလွတ်ခွင့်သာ ပေးထားသည်။ သို့သော် ထိုက်ဟွ ကုန်သွယ်ရေးကိုတော့ မဟုတ်ပေ။

၃ရက်ကြာပြီးနောက် ဖုန်းယွီသည် ဟိုဟိုက်ထောင်ဆီမှ စစ်ဘက်ဆိုင်ရာ သဘောတူညီမှုအတွက် လာရောက်ပြောဆိုရန် လေယာဉ်ထုတ်လုပ်သည့် စက်ရုံကို လာခဲ့ရန်အတွက် ပြောလိုက်၏။

ဗိုလ်ကြီးကန်းသာ ဟိုဟိုက်ထောင်ထက် အဆင့်မြင့်သည့်အတွက်ကြောင့်သာ မဟုတ်ပါက ဟိုဟိုက်ထောင်အနေဖြင့် သူ့ကို မည်သည့်အတွက် ဖုန်းခေါ်ဆိုမည်နည်း။ ဘာလို့ စက်ယန္တရားကုမ္ပဏီမှာ မပြောနိုင်ရတာလဲ။ ဘာကြောင့် သူတို့တွေက လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံကိုပဲ ရွေးချယ်ကြတာလဲ။

ယခုအကြိမ်တွင် သူ့၏ ရုံးခန်းတွင် ဆွေးနွေးမှုကို ခွင့်ပြုတော့မည် မဟုတ်ချေ။ တကယ်လို့ မင်းတို့ ၂ယောက်စလုံးက ပြောချင်တာလား။ သွား အစည်းအဝေးခန်းထဲကိုပဲ သွား

….

ဖုန်းယွီနှင့် လီမင်တက လေယာဉ်ထုတ်လုပ်သည့် စက်ရုံ၏ အစည်းအဝေးခန်းမကို ရောက်လာသည်။ သူတို့ ရုံးခန်းကို ၀င်လာသည့်အခါ သူတို့၏ မျက်လုံးများသည် တောက်ပပြောင်လက်နေသည့် ဆုတံဆိပ်များကြောင့် ကန်းသလိုလို ဖြစ်သွားသည်။

ချီး ဒါက စာချုပ်အကြောင်း အသေးစိတ် ပြောမဲ့သူပဲလား စစ်စည်းရုံး ဗိုလ်မှူးကြီး ၆ယောက် လိုအပ်လို့လား ဗိုလ်ကြီးကန်းမှ လွဲပြီး အခြား ၅ယောက်သည် ဗိုလ်ချုပ်မှူးကြီးများ ဖြစ်ပေသည်။

ဟိုဟိုက်ထောင်သည် ဗိုလ်ချုပ်ကြီးများကို နှုတ်ဆက်ပြီးနောက် ထွက်သွားသည်။ သူ့အနေဖြင့် ထိုအစည်းအဝေးခန်းမထဲတွင် ရှိနေသည်ကို စိတ်၀င်စားခြင်း မရှိချေ။

“မင်္ဂလာ နံနက်ခင်းပါ မန်နေဂျာဖုန်း”

ဗိုလ်မှူးကြီး တစ်ယောက်သည် လက်ဆန့်ထုတ်လိုက်ပြီးနောက် လီမင်တဆီ လက်ကမ်းလိုက်သည်။

လီမင်တက ဖုန်းယွီကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ဗိုလ်ချုပ်ကြီးဘက်ကို ကြည့်လိုက်သည်။

“ကျွန်တော်က လီမင်တပါ ဒါက ကျွန်တော်တို့ရဲ့ စက်ယန္တရားကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင် ဖုန်းယွီ မန်နေဂျာဖုန်းပါ”

ထိုဗိုလ်ချုပ်ကြီးက ဖုန်းယွီကို ကြည့်လိုက်ပြီးနောက် ဗိုလ်ကြီးကန်းကို ကြည့်လိုက်သည်။ ဗိုလ်ကြီးကန်းက သူ့ကို ခေါင်းညိမ့်ပြသည်ကို မြင်သည်။ ဒီလူငယ်လေးက စက်ယန္တရားကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်တဲ့လား

ဖုန်းယွီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

“ဗိုလ်ကြီးကန်း ဗိုလ်ကြီးတို့ အကုန်လုံး ဆုံးဖြတ်ပြီးပြီလား ကျွန်တော်တို့‌တွေ ဒီနေ့ လက်မှတ်ထိုးမှာလား”

ဖုန်းယွီက ဗိုလ်ချုပ်ကြီးရဲ့ လက်ဆွဲထုတ်သည်ကို မမြင်ချင်ယောင်ပြီး ပြောလိုက်သည်။

ဒါက အဲ့လို အဲ့လိုပဲ မင်း ဘာလုပ်နိုင်သေးလဲ

“အဟွင့် မန်နေဂျာဖုန်း ငါ‌တို့တွေက စာချုပ်ကို ချက်ချင်း လက်မှတ်မထိုးပါဘူး မင်းရဲ့ ကားကို ၀ယ်ယူဖို့ မ၀ယ်ယူဖို့ဆိုတာ ငါတို့ မဆုံးဖြတ်ရသေးဘူး”

ဗိုလ်ကြီးကန်းက ပြန်ပြောပြီး ဗိုလ်ချုပ်ကြီးကို ကြည့်လိုက်သည်။

“ဘာ ကျွန်တော်တို့ဆီက ကောင်းမွန်တဲ့ ကမ်းလှမ်းချက်တွေကို ရထားတာ မဟုတ်ဘူးလား”

ဖုန်းယွီက မေးလိုက်သည်။

စစ်တပ်အနေဖြင့် ဗိုလ်ကြီးများစွာကို ယခု ပြောဆိုမှုအတွက် ပို့လိုက်သည်ဆိုကတည်းက သူတို့အနေဖြင့် စုန်ကျန်းကားများကို သေချာပေါက် ၀ယ်ယူမည် ဖြစ်သည်။ သူတို့အနေဖြင့် ဈေးအနည်းငယ် လျှော့ချချင်ပြီး ပိုမိုကောင်းမွန်သည့် ကမ်းလှမ်းချက်များကိုသာ လိုချင်သည်။ ဖုန်းယွီသည် ထိုသူများကို ဂရုမစိုက်ပေ။ သူသည် ဆွေးနွေးရာတွင် တော်သည့်သူ မဟုတ်သော်ငြား လီမင်တသည်လည်း အများကြီး မတော်ပေ။ သို့သော် သူ ယုံကြည်ချက် ရှိသည်က သူ့အနေဖြင့် စစ်ဘက်ဆိုင်ရာမှ လူများထက် ပိုပြီး တော်သည်ဟု ယုံကြည်မှု ရှိသည်။ သူ၏ အရင်ဘ၀တွင် စစ်တပ်က ဈေးနှုန်းကြီးမြင့်စွာဖြင့် ၀ယ်ယူမှု အများအပြားကို ပြုလုပ်ခဲ့ဖူးသည်။ အကြောင်းမှာ ထိုဗိုလ်ချုပ်များသည် မည်သို့ ဆွေးနွေးရမည်မှန်း မသိသည့်အတွက် ဖြစ်၏။

“သေချာတာပေါ့ ငါတို့တွေက ပေကျင်း Jeepကို တစ်ခါတည်း အများကြီး ၀ယ်ယူခဲ့တယ် သူတို့တွေရဲ့ ကားတွေကလည်း တကယ်ပဲ ကောင်းကောင်းထုတ်လုပ်ထားတာပဲ”

ဗိုလ်ချုပ်ကြီးတစ်ယောက်က ထိုသို့ ပြန်ပြောဆဲ ဖြစ်နေသည်။

ဖုန်းယွီက သူ့ကို တစ်ချက် ကြည့်လိုက်သည်။ ဗိုလ်ချုပ်ကြီး ၅ယောက်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ယောက် အခန်းထဲတွက် ရှိနေသည်။ ဘာလို့ ဒီလူက အရမ်းကို စကားများရတာလဲ ဖုန်းယွီအနေဖြင့် မည်သည့် ဗိုလ်ချုပ်ကြီးက ကား၀ယ်ယူမှုနှင့် ပတ်သတ်ပြီး ကိုင်တွယ်သည်ကို မသိပေ။ သူသည် ပေကျင်း Jeepကို ၀ယ်ယူရန်အတွက် ပေကျင်းကို ရောက်ခဲ့ဖူးသည်။ ပေကျင်း Jeepကား၏ သူဌေးနှင့် သူတို့သည် ဆွေမျိုးများ ဖြစ်ကြပေ၏။

“ဟိုး အဲ့ဒါ‌ဆိုရင် ဘာလို့ ပေကျင်းကားတွေကို မ၀ယ်ယူရတာလဲ ကျွန်တော့်အနေနဲ့ ကြွားဝါတယ်လို့ မဆိုပါနဲ့ဗျာ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကားတွေက ပေကျင်း Jeep J2020ကို ၅ခါတိုက်ပြီးရင်တောင်မှ မောင်းနိုင်သေးတယ်”

ဖုန်းယွီက ဂုဏ်ယူစွာ ပြောလိုက်သည်။

စစ်တပ်ဗိုလ်ချုပ်ကြီးများက မျက်မှောင်ကြုံ့သွားသည်။ ယင်းက ယခုကဲ့သို့သော နှိုင်းယှဉ်မှုမျိုးကို ကြားရသည်မှာ သူတို့အတွက် ပထမဦးဆုံး အကြိမ် ဖြစ်သည်။

“မန်နေဂျာဖုန်း ငါတို့တွေ တခြားအကြောင်း‌တွေ ပြောမနေတော့နဲ့ မင်းတို့ရဲ့ စုန်ကျန်း လမ်းကြမ်းမောင်းရဲ့ အချက်တွေက တကယ့်ကို ပြီးပြည့်စုံတာထက်ကို ပိုလွန်းတယ် ငါတို့အနေနဲ့ မင်းရဲ့ကားကို စိတ်၀င်စားတယ် ဒါပေမဲ့ ဈေးက အရမ်းကို မြင့်လွန်းတယ်”

ဗိုလ်ကြီးကန်းက ပြောလိုက်သည်။

“အဲ့ဒါက ဈေးကြီးသေးတာတဲ့လား ကျွန်တော် တူညီတဲ့အရာ တစ်ခုပဲ ပြောမယ်နော် ပေးသလောက်ပဲ ရမယ် ရုရှားစစ်တပ်က ကျွန်တော်တို့ဆီမှာ အမှာစာတွေ တင်ထားတယ် ဒီအဓိပ္ပာယ်က ကျွန်တော်တို့ရဲ့ ကားတွေက ကောင်းမွန်တဲ့ အရည်အသွေး ရှိတယ်ဆိုတာ ပြသနေတာပဲ ပြီးတော့ ရုရှားတွေရဲ့ ပေးတဲ့ဈေးက ဗိုလ်ကြီးတို့ ကျွန်တော့်ကို ကမ်းလှမ်းတဲ့ ဈေးထက် ပိုပြီးတော့တောင် မြင့်သေးတယ် ကျွန်တော်က ဗိုလ်ကြီးတို့ကို ကား ၁၀စီး ၀ယ်တိုင်း ကား ၁စီး ပေးမယ်လို့ ကမ်းလှမ်းပေးတာပဲ ပေကျင်း Jeepကားက ဒီလိုမျိုး စွဲမက်ဖွယ်ရာကောင်းတဲ့ ကမ်းလှမ်းမှုမျိုး ကမ်းလှမ်းနိုင်လို့လား”

“မင်း‌ဆီကနေ ကား ၁၀စီး၀ယ်တာက Jeepကား အစီးရေ ၂၀ ၀ယ်လို့ရတယ် ပြီးတော့ လက်ဆောင်တွေကလည်း ရှိသေးတာ”

ခုနကတုန်းက ပြောသည့် ဗိုလ်ချုပ်ကြီးပင် ဖြစ်သည်။

“အဲ့ဒါဆိုရင် ဘာလို့ ပေကျင်း Jeepကားကို သွားမ၀ယ်တာလဲ”

ဖုန်းယွီက သူ့ကို မေးလိုက်သည်။

“မန်နေဂျာဖုန်း ငါတို့တွေက မင်းနဲ့ အလုပ်လုပ်ရတာ တကယ်ပဲ ၀မ်းမြောက်မိပါတယ် ပြီးတော့ ငါတို့တွေက စစ်တပ်ကို ကိုယ်စားပြုတယ် နိုင်ငံလေ”

ဖုန်းယွီက ဗိုလ်ကြီးကန်းကို တစ်ချက် ကြည့်လိုက်သည်။

“တိုင်းပြည်က ကျွန်တော်တို့လိုမျိုး ပြည်သူတွေကို အကျိုးအမြတ် ယူနေတာလား စစ်တပ်က ကျွန်တော်တို့ရဲ့ တိုင်းပြည်ကို ကာကွယ်နေတာကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်တော့်အနေနဲ့ ၁၀စီး၀ယ် ၁စီး လက်ဆောင်ပေးမှာ မဟုတ်ဘူး”

ဗိုလ်ကြီးကန်း သွေးနားထင်တက်သွားသည်။ ဘယ်သူက မင်းတို့‌တွေဆီက အကျိုးအမြတ် ယူနေတာမို့လို့လဲ ငါတို့တွေက မင်းဆီကနေ ပစ္စည်း‌၀ယ်နေတာ ဈေးကို နည်းနည်းလောက် ညှိ့လို့ မရနိုင်ဘူးလား

သူသည် နိုင်ငံ၏ ပုံရိပ်ကို အသုံးချပြီး စစ်ဘက်ဆိုင်ရာ ၀ယ်ယူမှုအတွက် ဈေးကို ချချင်ခဲ့သည်။ သို့သော် ဖုန်းယွီက သူတို့ ယခုကဲ့သို့ လုပ်ခဲ့သည့်အတွက် တူညီသည့် အကြောင်းပြချက်ကိုသာ ပြန်မေးခဲ့သည်။

“ငါတို့ရဲ့ တွက်ချက်မှုက မင်းတို့ရဲ့ကားက ၁စီးကို ယွမ် ၁၇၀၀၀၀ ထက်ပိုတယ် မင်းက အဲ့ဒါကို ငါတို့ကို ယွမ် ၂သိန်းနဲ့ရောင်းမှာတဲ့လား ဒီနှုန်းက တော်တော်လေးကို မြင့်တယ်လို့ စဉ်းစားလို့ ရနိုင်တယ်”

နှုတ်ခမ်းမွေးဖြင့် ဗိုလ်ချုပ်ကြီးက ပြောလိုက်သည်။

ဒီ ယွမ် ၁၇၀၀၀၀က ဘယ်ကနေ ရမှာလဲ “ဗိုလ်ချုပ်ကြီးတို့သိလား ကျွန်တော်တို့ရဲ့ စက်ယန္တရားကုမ္ပဏီရဲ့ အလုပ်သမားတွေက တခြားစက်ရုံတွေရဲ့ အလုပ်သမားတွေထက် အနည်းဆုံး ၂၀ရာခိုင်နှုန်း ပိုပြီး လစာရတယ်ဆိုတာ ကျွန်တော်တို့ရဲ့ အလုပ်သမားတွေမှာ လစဉ်လတိုင်း အကျိုးအမြတ်‌တွေ ရတယ်ဆိုတ။ ဗိုလ်ချုပ်ကြီးတို့ သိလား ကျွန်တော်တို့တွေအနေနဲ့ စက်ရုံနဲ့ ထုတ်လုပ်မှုအတွက် ငွေဘယ်လောက်များများသုံးထားလဲဆိုတာ ဗိုလ်ချုပ်ကြီးတို့ သိလား ကျွန်တော်တို့အနေနဲ့ ဒီကားတွေရဲ့ နည်းပညာမှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာ ဗိုလ်ချုပ်ကြီးတို့ သိလား ဗိုလ်ချုပ်ကြီးတို့ ဒီအကြောင်းတွေကို မသိဘဲနဲ့ ဘာကြောင့် ကျွန်တော်တို့ရဲ့ ဈေးနှုန်းကို လာပြီးတော့ တန်ဖိုးဖြတ်ချင်ရတာလဲ ဗိုလ်ချုပ်ကြီးတို့အနေနဲ့ ကျွန်တော်တို့ရဲ့ကားတွေကို အလေးချိန် တိုင်းပြီးတော့ ဆုံးဖြတ်တာလား”

ထုတ်လုပ်မှု စရိတ်လား။ မင်းတို့တွေက ကား ၁စီးသည် ဘယ်လောက်တန်ကြောင်း ဆုံးဖြတ်ပေးတဲ့သူ မဟုတ်ဘူး။ ငါတို့တွေကသာ ဒီကားရဲ့ တန်ဖိုးကို ဆုံးဖြတ်ပေးရမယ့်သူ မင်းတို့တွေရဲ့ စစ်တပ်ကလူတွေ ကိုယ်တိုင်ကိုယ်ကျ လာပြီးတော့ စက်ယန္တရားကုမ္ပဏီရဲ့ အကောင့်စာရင်းကို လာပြီးတော့ စစ်ဆေးချင်တာလား။ ဘင်းမြို့တော်ရဲ့ အစိုးရကတောင်မှ မင်းတို့တွေအနေနဲ့ ငါတို့ရဲ့ ငွေအကောင့်တွေကို စစ်ဆေးမှာကို ခွင့်ပြုမှာ မဟုတ်ဘူး။

‌ဒီဆွေးနွေးမှုမှာ ဘယ်သူတွေ နိုင်မလဲဆိုတာ ငါတို့တွေ ကြည့်ကြသေးတာပေါ့။

All Chapters