အခန်း (၄၇၄)
Vol. 32 Ch. 474
ဖုန်းယွီ ပြောပြီးနောက် သူက လီမင်တကို ကြည့်လိုက်သည်။ လီမင်တက ချက်ချင်းဆိုသလိုပင် အရိတ်အမြွတ်ကို သိရှိသွားပြီ ဖြစ်သည်။ သူက တစ်ဖက်သူကို စကားပြောရန် အခွင့်အရေးတောင် မပေးဘဲ
“ကျွန်တော်တို့တွေ ရုရှားကို ရောင်းချတဲ့ ကားတွေက ဗိုလ်ကြီးတို့ ကမ်းလှမ်းတဲ့ ဈေးထက်တောင် ပိုကြီးတယ် ပြီးတော့ ကျွန်တော်တို့တွေအနေနဲ့ တင်ပို့ခွန် ကင်းလွတ်ခွင့်ရတာကြောင့် အကျိုးအမြတ် အချို့သာ ပိုရတယ် ယခုလက်ရှိမှာ ကျွန်တော့် စက်ယန္တရားကုမ္ပဏီက ငွေရှာနိုင်တာ မဟုတ်ဘူး ပြီးတော့ ကျွန်တော်တို့တွေက အရှုံးတောင် ပေါ်နေပြီပဲ ဒီစက်ယန္တရားကုမ္ပဏီ တစ်ခုလုံးက ပုဂ္ဂလိကပိုင် မဟုတ်ဘူး မန်နေဂျာဖုန်းနဲ့ မန်နေဂျာဖူရဲ့ ရှယ်ယာတွေက လွဲပြီးတော့ ဘင်းမြို့တော် အစိုးရကလည်း ဒီကုမ္ပဏီရဲ့ ရှယ်ယာရှင်ပဲ ကျွန်တော်တို့တွေလည်း တရုတ်နိုင်ငံကို ကိုယ်စားပြုတယ်”
အခြားတစ်ဖက်လူက တစ်ခုခု ပြောချင်ခဲ့သည်။ သို့သော် ဖုန်းယွီက ဆက်ပြောလိုက်သည်။
“ကျွန်တော်တို့ရဲ့ ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီက အလုပ်သမား ထောင်ချီကို ခန့်အပ်ထားရတာ အဲ့ဒီထဲမှာ ပင်စင်အနားယူတဲ့ အလုပ်သမားတွေလည်း ပါတယ် ပြီးတော့ သူတို့ရဲ့ မိသားစုတွေရောပဲ ကျွန်တော်တို့ရဲ့ ကုမ္ပဏီမှာ မှီခိုနေတဲ့လူ သောင်းချီရှိတယ် တကယ်လို့သာ ဗိုလ်မှူးတို့ ကမ်းလှမ်းတဲ့ ဈေးအတိုင်းသာ ကျွန်တော်တို့တွေအနေနဲ့ ဒီကားတွေကို အရှုံးခံပြီး ရောင်းမယ်ဆိုရင် ကျွန်တော်တို့တွေ အလုပ်သမားတွေရဲ့ လစာကို ဘယ်လိုပေးမလဲ အလုပ်သမားတွေရဲ့ မိသားစုက ဘယ်လိုမျိုးတွေ ရှင်သန်မလဲ”
“မန်နေဂျာဖုန်း ငါတို့ ပြောတာကို နားထောင်ဦး ငါတို့တွေက မင်းတို့တွေရဲ့ ကားကို အရှုံးခံပြီး ရောင်းဖို့ ဘယ်တော့မှ မပြောဘူး ငါတို့တွေက ဈေးကို လျှော့ချချင်တာပဲ ပြီးတော့ ငါတို့တွေကလည်း အစိုးရ ငွေတွေကို အသုံးပြုနေရတာပဲလေ”
ဖုန်းယွီက အမှန်တကယ်တွင် သူတို့အား မင်းတို့တွေက အခွန်နည်း ပြည်သူတွေရဲ့ ငွေကို ဖြုန်းချင်၊ သုံးချင်ကြတာဟု ပြောချင်သည်။
“အဲ့ဒါဆိုရင် ဗိုလ်ကြီးတို့တွေက ဘယ်လောက်လိုချင်လို့လဲ”
“ယွမ် ၁သိန်းနဲ့ ၉သောင်း ကား ၁၀စီး ၀ယ်တိုင်းအတွက် ကား၁စီးကလည်း ပါရှိရဦးမယ် ပြီးတော့ ကားအစီးရေ ၁၀၀ပြည့်တိုင်း မင်းတို့တွေက ငါတို့ကို အိုလံပစ် ဇိမ်ခံမော်ဒယ်ထက် ပိုပြီးကောင်းတဲ့ကားကို ပေးရမယ်”
ချီးပဲ ဒီဈေးက စက်ယန္တရားကုမ္ပဏီရဲ့ ထုတ်လုပ်မှု စရိတ်သာသာပဲ ရှိတာ
ဖုန်းယွီ အဖြေပြန်မပေးခင် လီမင်တက ယင်းကမ်းလှမ်းချက်ကို ငြင်းဆိုလိုက်သည်။
“တောင်းပန်ပါတယ် ယွမ် ၁၉၀၀၀၀နဲ့ နောက်ထပ် အစီး ၁၀၀ ဝယ် ကားတစ်စီး လက်ဆောင်ကတော့ ကျွန်တော်တို့ လက်မခံပါဘူး ကျွန်တော်တို့အနေနဲ့ ဒီကမ်းလှမ်းချက်ကို လက်ခံဖို့ ငြင်းဆိုပါတယ် သူတို့တွေ ရှင်းရှင်းလင်းလင်းလုပ်ပြီးပါပြီ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့လည်း လူအများကြီးကို ကျွေးရဦးမယ် ကျွန်တော်တို့ရဲ့ ကားတွေကို အရှုံးခံပြီး ရောင်းမဲ့အစားတော့ ကျွန်တော်တို့တွေ ကားမရောင်းပါဘူး
ထပ်ပြောရမယ်ဆိုရင် တကယ်လို့ ကျွန်တော်တို့ ကားတွေကို မဝယ်နိုင်ဘူးဆိုရင်တောင်မှ တခြားလူမျိုးတွေ ကျွန်တော်တို့တွေ နောက်ထပ် အခြားမြို့က အော်ဒါ နှစ်ခု ရထားသေးတယ် သူတို့ပေးတဲ့ဈေးက ဗိုလ်ကြီးတို့ပေးတဲ့ဈေးထက်တောင် များနေသေးတယ် ကားတစ်စီးအတွက် ယွမ် ၂သိန်း ကား ၁၀စီး ဝယ်တိုင်းအတွက် ကားတစ်စီး ဒါက ကျွန်တော်တို့အတွက် အကောင်းဆုံး ကမ်းလှမ်းချက်ပဲ”
“မန်နေဂျာဖုန်း ခင်ဗျားက တရုတ်နိုင်ငံရဲ့ စစ်တပ်ကို ထောက်ပံ့ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား ဘာကြောင့် ကျွန်တော်တို့ကို ကမ်းလှမ်းချက် မပေးရတာလဲ ဘာလို့ အခုမှ လေသံက ပြောင်းသွားရတာလဲ”
ဖုန်းယွီက ဒုက္ခရောက်နေသည့် အမူအရာ ဟန်ဆောင်လိုက်ပြီးနောက် လီမင်တကို ကြည့်လိုက်သည်။
“လူကြီးလီ ဘာကြောင့် ကျွန်တော်တို့တွေ အိုလံပစ်မော်ဒယ်ထက် ကောင်းတဲ့ ဇိမ်ခံမော်ဒယ် အချို့ကို စစ်တပ်ကို မပေးရမှာလဲ ငါတို့အနေနဲ့ သူတို့ရဲ့ အစီး၁၀၀ ဝယ် တစ်စီးလက်ဆောင် ဆိုတဲ့ အချက်အလက်ကို ထည့်မယ်ဆိုရင် ငါတို့အနေနဲ့ ဒီမှာ အရှုံးပဲ ရှိမှာမလား”
လီမင်တက ဖုန်းယွီ၏ စားပွဲအောက်က လက်သင်္ကေတကို မြင်သည့်အခါ ပြောလိုက်၏၊
“မန်နေဂျာဖုန်း မန်နေဂျာဖုန်းက ဒီစက်ယန္တရားကုမ္ပဏီမှာ တစ်ယောက်တည်း ဆုံးဖြတ်ခွင့် ချနိုင်တာ မဟုတ်ဘူးနော် ကျွန်တော်ကလည်း အထွေထွေမန်နေဂျာပဲ ပြီးတော့ ကျွန်တော်က ဒီကုမ္ပဏီကို လည်ပတ်အောင် အဓိက လုပ်နေရတာ ကျွန်တော့်အနေနဲ့ ဒီကားတွေကို ဈေးချိုချိုနဲ့ ရောင်းတယ်ဆိုတာကို ဘယ်လိုလုပ် သူတို့ကို ပြောနိုင်မှာလဲ”
“လူကြီးလီ ခင်ဗျား ဘယ်လိုလုပ် အဲ့လိုပြောရတာလဲ ကျွန်တော်က ဒီကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်လေ ပြီးတော့ ဒီကိစ္စကလည်း ပြီးပြီ ငါ ကုမ္ပဏီကို ခေါ်လို့ရတယ် ဗိုလ်ကြီးကန်း အခု ကျွန်တော်တို့တွေ လက်မှတ်ထိုးမှာလား”
ဗိုလ်ကြီးကန်းနှင့် ကျန်သည့်သူများက ကြောင်သွားကြသည်။ ဘာစာချုပ်လဲ မင်းတို့တွေက ငါတို့ရဲ့ သဘောတူညီချက်ကို လက်ခံတာမို့လို့လား
သို့သော် ဗိုလ်ကြီးများက ဖုန်းယွီနှင့် လီမင်တ စတင်ပြီး ငြင်းခုန်နေသည်ကို မြင်သည့်အခါ အကယ်၍ သူတို့သာ ဈေးဆက်လျှော့ပါက ဆွေးနွေးမှုသည် ပျက်ပြယ်သွားမည် ဖြစ်သည်။ အထက်အရာရှိများက သူတို့ကို ထိပ်ပိုင်းခေါင်းဆောင်များသည် စုန်ကျန်းကားများကို နှစ်သက်ကြောင်း ပြောထားသည်။ သူတို့က ကားများ၏ အရည်အသွေးနှင့် ပတ်သတ်ပြီး အများပြည်သူကို ချပြထားသည်။ သူတို့အနေဖြင့် ထိုကားများ တစ်သုတ်ကိုတောင် မဝယ်ယူနိုင်သည်လော့
အစည်းအဝေးခန်းမထဲတွင် ဗိုလ်မှူးကြီးများက ပြောစရာ အခွင့်အရေး တစ်ခုတောင် မရသည့်အတွက် စိတ်တိုသွားကြသည်။ သူတို့အနေဖြင့် ယင်းအစည်းအဝေးတွင် စကားပြောရန် အခွင့်အရေး ထပ်ရမည့်ပုံ မပေါ်တော့ချေ။
လီမင်တက ဗိုလ်ချုပ်ကြီးများ ချက်ချင်း သဘောမတူသည်ကို မြင်ပြီးနောက် သူက ဆက်ပြောပြီး သရုပ်ဆောင်လိုက်၏။
“မန်နေဂျာဖုန်း ဒီစာချုပ်ကို မန်နေဂျာဖုန်း တစ်ယောက်တည်း လက်မှတ်ထိုးလို့ မရဘူး ကျွန်တော်က အထွေထွေမန်နေဂျာ ပြီးတော့ ကျွန်တော့်အနေနဲ့လည်း ကုမ္ပဏီအတွက် တာဝန်ယူမှု တာဝန်ခံမှူတွေ ရှိသေးတယ် မန်နေဂျာဖူကလည်း ဒီအပေးအယူကို သဘောမတူရသေးဘူး”
“ငါက ရောင်းဖို့အတွက်ကို အဓိက တာဝန်ရှိတဲ့သူပဲလေ ပြီးတော့ မန်နေဂျာဖူကလည်း ဒီမှာရှိနေမယ်ဆိုရင်တောင်မှ သူက ငါပြောတာကို နားထောင်မှာပါ”
ဖုန်းယွီက စိတ်မကျေနပ်သည့် လေသံဖြင့် ပြောလိုက်သည်။
ဗိုလ်ကြီးကန်းဘေးရှိ တစ်ယောက်က “မင်းတို့ နှစ်ယောက်လုံးက မန်နေဂျာလီနဲ့ပဲ စကားပြောတော့မှာလား”
ဗိုလ်ချုပ်ကြီး နှစ်ယောက်က မတ်တပ်ထရပ်လိုက်ပြီးနောက် လီမင်တကို အပြင်ကို ခေါ်သွားသည်။ ဆွဲခေါ်သွားသည့် လမ်းတစ်လျှောက်တွင် လီမင်တက ဖုန်းယွီကို ဆဲရေးကျိန်ဆဲနေတော့သည်။
ဖုန်းယွီက ပြောစရာစကား မေ့သွားခဲ့သည်။လီမင်တက တော်တော်ကို သရုပ်ဆောင်ကောင်းတာပဲ ဒါမှမဟုတ်ဘူးဆိုရင် သူက ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို ကျိန်ဆဲ ဆဲဆိုသွားတာလား
“မန်နေဂျာဖုန်း အဲ့ဒီ အရေးမပါတဲ့သူ ထွက်သွားပြီ ငါတို့တွေ စာချုပ်နဲ့ ပတ်သတ်ပြီးတော့ အသေးစိတ် အချက်ကို ဆက်ပြီး ဆွေးနွေးကြရအောင်”
ဗိုလ်ကြီးကန်းက ပြုံးကာ ပြောလိုက်သည်။
“ဘယ်အချက်အလက်တွေ ဆွေးနွေးဖို့ ကျန်သေးလို့လဲ”
ဖုန်းယွီက မျက်မှောင်ကြုံ့လိုက်သည်။ ဒီလူကြီးက ဈေးကို ဆက်ညှိ့ချင်နေတာလား
“အချက်အလက်တွေကတော့ အတူတူပါပဲ ကျွနိတော်တို့တွေရဲ့ ၀ယ်ယူမှုက အခွန်ကင်းလွတ်တယိ”
ဗိုလ်ကြီးကျန်းက ယင်းကို ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။ ယင်းက သူထုတ်သည့် နောက်ဆုံး ကတ်ဖြစ်သည်။ မင်းတို့ရဲ့ နှုန်းကို ထပ်ပြီး လျှော့ချနိုင်တယ်မလား
ဗိုလ်ကြီးကန်းအနေဖြင့် ယခုအခြေအနေကို မပြောလိုပေ။ သို့သော် ဖုန်းယွီအနေဖြင့် ယင်းကမ်းလှမ်းချကို ထည့်မပြောလျှင် ဘယ်တော့မှ ဈေးလျှော့တော့မည် မဟုတ်ကြောင်း သူသိပေသည်။ ဖုန်းယွီက မျက်တောင်ပင့်လိုက်သည်။ အခွန်ကင်းလွတ်ခွင့်လား တကယ်လို့ ယင်းကမ်းလှမ်းမှုကို လွန်ခဲ့တဲ့ ၂နှစ်က ပေးလျှင် သူ့အတွက် ဆွဲဆောင်မှု ရှိပေမည်။ သို့သော် ယခုလက်ရှိတွင် စက်ယန္တရားကုမ္ပဏီ၏ ကားလုပ်ငန်းသည် မည်သည့် အခွန်ကိုမှ ပေးရန် မလိုအပ်ချေ။
“တောင်းပန်ပါတယ် ကျွန်တော်တို့ရဲ့ ကားစက်ရုံက ဒီနှစ်အတွက် အခွန်ပေးစရာ မလိုပါဘူး”
ဖုန်းယွီက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
ဗိုလ်ကြီးကန်းက ကြောင်အသွားသည်။ ဘာ သူတို့တွေက အခွန်ပေးဖို့ မလိုဘူးတဲ့လား သူတို့ အခြားသော ဗိုလ်ကြီးဘက်ကို လှည့်သည့်အခါ သူတို့တွေသည်လည်း ထိတ်လန့်နေသည်ကို မြင်လိုက်ရသည်။
“မန်နေဂျာဖုန်း ငါတို့တွေက ကားအများကြီး ရွေးချယ်မှာ မင်းတို့အနေနဲ့ ဒီထက်ပိုကောင်းတဲ့ ဈေးမပေးနိုင်ဘူးလား”
ဗိုလ်ကြီးကန်းက စိတ်မရှည်တော့ပေ။
ဖုန်းယွီက စားပွဲပေါ်ကို ထောက်ပြီးနောက် ဗိုလ်ကြီးတို့လည်း သိမှာပါ ကျွန်တော် ပေးတဲ့ဈေးက တကယ့်ဈေးပဲ အဲ့ဒါက ယွမ် ၁၇၀၀၀၀ထက်တောင် နည်းသေးတယ် ဒီပမာဏက ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုကို တွက်ချက်ထားတဲ့ ပမာဏနဲ့ အတူတူပဲ အကုန်လုံးလည်း လူကြီးလီ ဘယ်လိုတုံ့ပြန်လဲဆိုတာ မြင်ကြမှာပါ ကျွန်တော့်အနေနဲ့ အိုလံပစ် ဇိမ်ခံမော်ဒယ် ပေးဖို့ပဲ တတ်နိုင်တယ် ကျွန်တော်တို့အနေနဲ့ ဟောင်ကောင်ရဲ့ ရှယ်ယာရှင်ကျုလည်း အကြောင်းပြချက် ပေးရဦးမယ် တကယ်လို့ ဈေးကို ထပ်လျှော့မယ်ဆိုရင် ကျွန်တော့်ကို အလုပ်သမားတွေက ဘယ်လိုမြင်ကြမှာလဲ”
ဖုန်းယွီအနေဖြင့် ထိုခေတ်အခါတွင် စစ်တပ်သည် ငွေများကို သုံးစွဲနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိပေသည်။ တရုတ်နိုင်ငံသည် သူတို့၏ စစ်တပ် ငွေသုံးစွဲမှုအတွက် ရက်ရောသည်။ ယခု စစ်တပ်ကို ကမ်းလှမ်းသည့် ဈေးသည် CCTVကို သူပေးသည့် ဈေးထက်တောင် နည်းနေသေးသည်။ အကယ်၍ ဈေးသာ ထပ်လျှော့ချပါက သူ တကယ်ပင် ရှုံးမည်ပင်။
ယခုလက်ရှိတွင် လီမင်တ ပြောသည့်အတိုင်း ဖြစ်သည်။ သူ့အနေဖြင့် ကားများကို အရှုံးခံပြီး ရောင်းချလိမ့်မည်တော့ မဟုတ်ချေ။
ထိုအရောင်းအ၀ယ်မှ တချို့သော အားသာချက်များကို ရယူပြီးနောက် ဗိုလ်ကြီးကန်းက မကျေနပ်သေးပေ။ သူ့၏ အထက်အရာရှိများသည် ယင်းဈေးနှုန်းကို လက်ခံနိုင်သည်။ သို့သော် ယင်းက သူ့အနေဖြင့် ထပ်ပြီး ဈေးမလျှော့နိုင်ကြောင်းကိုလည်း ထင်ဟပ်နေလေသည်။
“မန်နေဂျာဖုန်း စက်ယန္တရားကုမ္ပဏီက မော်တော်ဆိုင်ကယ် ထုတ်လုပ်တယ် မဟုတ်ဘူးလား စစ်တပ်က မော်တော်ဆိုင်ကယ်တွေလည်း လိုအပ်တယ် ဘာကြောင့် ကျွန်တော်တို့ကို မော်တောိဆိုင်ကယ်တွေကို လက်ဆောင်မပေးရတာလဲ”
ဗိုလ်ကြီးကန်းက ရုတ်တရက် အတွေးပေါ်လာခဲ့သည်။
ဖုန်းယွီက နာနာကျင်ကျင်ဟန်ဖြင့် “ကောင်းပြီလေ ကားအစီးရေ ၁၀၀ ၀ယ်ယူတိုင်းအတွက် မော်တော်ဆိုင်ကယ် တစ်စီး ပေးမယ်”
“မန်နေဂျာဖုန်း ခင်ဗျားရဲ့ စီးပွားရေးက ဒီလောက် အောင်မြင်နေတာကို ကပ်စေးမကုပ်စမ်းပါနဲ့ ကားအစီးရေ ၁၀၀တိုင်းအတွက် စုန်ကျန်း 125cc မော်တော်ဆိုင်ကယ် ၁၀စီးပေးလေ”
“မဖြစ်နိုင်ဘူး 125cc စုန်ကျန်းမော်တော်ဆိုင်ကယ် တစ်စီးက ကျွန်တော်ရဲ့ မိုင်ကုန်ပဲ”
ဖုန်းယွီက ပြန်ပြောလိုက်သည်။
“100cc နောက်ထပ် မော်တော်ဆိုင်ကယ် နှစ်စီး ထပ်ထည့်လိုက်လေ စစ်တပ်အနေနဲ့ မင်းတို့ ကုမ္ပဏီရဲ့ ထောက်ပံ့မှုကို မေ့မှာ မဟုတ်ပါဘူး ငါတို့တွေအနေနဲ့ စက်ယန္တရားကုမ္ပဏီကို မော်ကွန်းသတ္တုပြားပေးမှာပါ”
ဗိုလ်ကြီးကျန်းက သူ့၏ လက်ကို ယမ်းရင်း ပြောလိုက်သည်။
ချီး မော်ကွန်းသတ္တုပြား တစ်ခုပဲ ဘင်းမြို့တော် စက်ယန္တရားကုမ္မဏီက နိုင်ငံပိုင် လုပ်ငန်းလို့ တွေးနေတာလား ဒီပရောဂျက်အတွက် မော်ကွန်းသတ္တုပြားကြီး လိုအပ်လို့လား
“စစ်တပ်အနေနဲ့ ကျွန်တော်တို့ကို ကြေညာပေးဖို့အတွက် ကူညီပေးရမယ်”
ဖုန်းယွီက သူ ဗိုလ်ကြီးကန်းဆီမှ လိုချင်သည့် အချက်ကို ပြောလိုက်သည်။
“ဟ ငါတို့တွေက မင်းကို ကူညီပြီး ကြော်ငြာပေးရမှာလား မဖြစ်နိုင်တာ ဘယ်လိုလုပ်လုပ် စစ်တပ်က ကုမ္ပဏီရဲ့ ကြော်ငြာကို ကြော်ငြာပေးမှာလဲ”
ဗိုလ်ကြီးကန်းက ရူးချင်စိတ် ပေါက်သွားသည်။ မတ်နေဂျာဖုန်းက ဒီလိုမျိုး အကြံဉာဏ် ဘယ်ကနေ ရလာတာလဲ
“ကျွန်တော် ဘာမှမပြောရသေးဘူး ကျွန်တော်က ဓာတ်ပုံ အချို့ပဲ ရိုက်ချင်တာပါ ဥပမာအနေနဲ့ စစ်သားက ကျွန်တော်တို့ရဲ့ ကားဘေးမှာ ရပ်နေတာမျိုး ကားအနေနဲ့ စစ်ဘက်ဆိုင်ရာသုံး နာမည်ပြားတွေ မလိုအပ်ပါဘူး ပြီးတော့ အဲ့ကားက ဘယ်ဌာနကလဲဆိုတာ ဖော်ပြဖို့ မလိုအပ်ဘူးလေ ဒါကိုလည်း ခွင့်ပြုဦးမှာ မဟုတ်ဘူးလား”
“ကောင်းပြီလေ အဲ့ဒါဆိုရင် အစီး ၁၀၀တိုင်းအတွက် စုန်ကျန်း 125cc တစ်စီးတိုးပေး”
“ကျွန်တော် 125cc မော်တော်ဆိုင်ကယ် တစ်စီးကို ထပ်တိုးမပေးနိုင်ဘူး ကျွန်တော့်အနေဲ့ စုန်ကျန်း 100ccကို မော်တော်ဆိုင်ကယ်ကို အစီးရေ ၁၀၀တိုင်းအတွက် နောက်ထပ် တစ်စီးပဲ ထပ်တိုးပေးနိုင်မယ်”
“သဘောတူတယ်”