← Chapters

အခန်း (၄၇၅)

Vol. 32 Ch. 475

အခန်း (၄၇၅)

Vol. 32 Ch. 475

လီမင်တ လေယာဉ်ထုတ်လုပ်သည့် စက်ရုံမှ ထွက်ခွာလာရသည့်အခါ သူ စိတ်တိုနေသည်။ ဟူဟိုက်ထောင်ကလည်း သူ့အား စိတ်လျှော့ရန် နားချသည်။ သို့သော် သူ ကားပေါ်တက်လိုက်သည့်အခါ သူ့၏ မျက်နှာက ချက်ချင်းပင် ပုံမှန်အတိုင်း ပြောင်းသွားကာ သူက စိတ်လှုပ်ရှားစွာဖြင့်

“မန်နေဂျာဖုန်း ဘယ်လိုလဲ စာချုပ် လက်မှတ်ထိုးဖြစ်လား ကျွန်တော့်ကို ပြောပါဦး”

ဖုန်းယွီက လီမင်တကို စာချုပ် ကမ်းလိုက်သည်။ အစောပိုင်းက လီမင်တ၏ ကျိန်ဆဲမှုနှင့် ကျိန်ဆိုမှုများကြောင့် သူနာကျင်နေသေးဆဲ ဖြစ်သည်။

လီမင်တက ပြောလိုက်၏။

“မန်နေဂျာဖုန်း မန်နေဂျာဖုန်းက ကျွန်တော့်ကို သရုပ်ဆောင်ခိုင်းတာလေ ကျွန်တော့်ရဲ့ သရုပ်ဆောင်တာက ဘယ်လိုလဲ”

“အရမ်းကောင်းတယ် အထူးသဖြင့် မင်း ငါ့ကို ကျိန်ဆဲတဲ့ အပိုင်းက စပြီးတော့ အဲ့ဒါ အကောင်းဆုံးပဲ အဲ့ဒီအပိုင်းက တကယ့်ကို အံ့အားသင့်စရာပဲ မင်းက ငါ့ကို တကယ်ကို ဆူနေတယ်လို့ပဲ မှတ်နေတာ”

ဖုန်းယွီက မျက်လုံးကို လှပ်လိုက်သည်။ လီမင်တက သူ့ကို ဆူရန်အတွက် အချိန် တစ်ခုကို စောင့်ဆိုင်းနေခြင်း ဖြစ်ရပေမည်။

“အိုက်ယား ဒါက သရုပ်ဆောင်တာပဲလေ တောင်းပန်ပါတယ် ကျွန်တော့်ကို စာချုပ် ပြပါဦး ကျွန်တော် စာချုပ် အရင်ဆုံး ကြည့်မယ်လေ”

လီမင်တသည် ယင်းစကားပြောဆိုမှုကို မည်သို့ပင် ဆက်သွားရမည်မသိပေ။ ထို့ကြောင့် သူက တိတ်‌တိတ်လေးသာ နေလိုက်သည်။

လီမင်တက စာချုပ်ကို လှန်လိုက်သည့်အခါ စုစုပေါင်း ကားအစီးရေသည် ၃၀၀၀ ဖြစ်သည်ပင်။

လီမင်က၏ မျက်လုံးများက ပြူးကျယ်သွားတော့သည်။ ယင်းက အမှာစာ အကြီးကြီးဖြစ်သည်။ သူသည် ဖုန်းယွီနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် စစ်ဘက်ဆိုင်ရာအနေနဲ့ အများဆုံး အမှာစာမှာ ၁၀၀၀စီးသာ ရှိလိမ့်မည်ဟု တွေးခဲ့သည်။ ယင်းက ပြီးပြည့်စုံပေ၏။ ကားအစီးရေ ၃၀၀၀ပင်။

ဟက် ကား ၁၀စီး ၀ယ်တိုင်း အိုလံပစ် ၁စီးကို သူတို့အတွက် ၁စီး အလကား ပေးရမှာ။ ပြီးနောက် ကားအစီးရေ ၁၀၀ ၀ယ်တိုင်းအတွက် စက်ယန္တရားကုမ္ပဏီအနေဖြင့် စုန်ကျန်း အိုလံပစ်ဇိမ်ခံကားအပြင် စုန်ကျန်း 125cc မော်တော်ဆိုင်ကယ် ၂စီး စုန်ကျန်း 100cc မော်တော်ဆိုင်ကယ် ၃စီး ပေးရမည်ပင်။ ယင်းအပေးအယူမှ အကျိုးအမြတ်သည် မများသော်ငြား ဘာမှမရှိသေးသည်ထက်တော့ ပိုကောင်းမည်။

လီမင်တက စိတ်ထဲတွင် တွက်ချက်ကြည့်လိုကသည်။အကျိုးအမြတ်သည် ကား တစ်စီးစီတိုင်းအတွက် ယွမ် ၆၀၀၀/၇၀၀၀ခန့် ရှိပေသည်။ ကားအစီးရေ ၃၀၀၀အတွက်မူ ရငွေသည် သန်း ၂၀နီးပါး ရှိ‌မည်ပင်။

“အရမ်းကောင်းတယ် မန်နေဂျာဖုန်း ဒီအမှာစာနဲ့ဆိုရင် ကျွန်တော်တို့ရဲ့ မားကတ်တင်းကို ကူညီပေးနိုင်မယ် မဟုတ်လား ခဏနေပါဦး ဒါက စစ်ဘက်ဆိုင်ရာ အမှာစာမလား ပြီးတော့ ကျွန်တော်တို့အနေနဲ့ အများပြည်သူကို ဖွင့်ဟလို့ မရဘူးမလား”

လီမင်တက မေးလိုက်သည်။

“ဘယ်သူက အများပြည်သူကို ဖွင့်ဟလို့ မရဘူးလို့ ပြောလို့တုန်း လုံကျန်း သတင်းစာ၊ ညနေခင်း သတင်းစားနဲ့ အခြားပြည်နယ်က အရောင်းကိုယ်စားလှယ်တွေကို ချက်ချင်း ဆက်သွယ် ငါတို့အနေနဲ့ ဒီအရောင်းအ၀ယ်အကြောင်းကို ဆောင်းပါးတွေရေးရမယ် ဒီအရောင်းအ၀ယ်အကြောင်း ပြောရုံတင်မကဘူး ငါတို့အနေဖြင့် ဒီအရောင်းအ၀ယ်ကနေ ငွေမရှာခဲ့ကြောင်းကိုလည်း ပြောရမယ် ငါတို့တွေက တိုင်းပြည်ကို ပံ့ပိုးမှုတွေ ပြုလုပ်နေတာ ပိုပြီး အရေးအကြီးဆုံးက စစ်ဘက်သုံး အစိမ်းရောင် လမ်းကြမ်းမောင်းရဲ့ ဘေးတွေမှာ စစ်သားအချို့က သူတို့ ယူနီဖောင်းတွေကို ၀တ်ဆင်ကြလိမ့်မယ် ပြီးတော့ ဓာတ်ပုံရိုက်ပြီးတော့ အဲ့ဒီပုံတွေကို သတင်းစာထဲမှာ ထည့်မှာ”

အများပြည်သူကို မချပြရသေးဘူးတဲ့လား တကယ်လို့ အများပြည်သူကို မချပြရဘူးဆိုရင် ဘာလို့ ငါက သူတို့ကို ဒီနှုန်းနဲ့ ပေးမှာလဲ ၂သိန်းတန် ကားတစ်စီးအတွက် ယွမ် ၆၀၀၀/ ၇၀၀၀ပဲ ရတဲ့ဥစ္စာ အကျိုးအမြတ်က ၅ရာခိုင်နှုန်းတောင် မရှိဘူး

“ဘာပြောလိုက်တာလဲ စစ်သားတွေကို သရုပ်ဆောင်ခိုင်းတာက အဆင်မပြေတဲ့ ကိစ္စလေ”

လီမင်တက အံ့အားသင့်သွားသည်။ မန်နေဂျာဖုန်းက ရူးသွားပြီလား သူက စစ်တပ်ကို အဲ့လိုမျိုး အာခံရဲတာလား

“သူတို့တွေက သဘောတူပြီးသွားပြီ စစ်တပ်က အနားယူတဲ့ သူတွေပဲ ခေါ်မှာလေ သူတို့တွေအနေနဲ့ သူတို့ အဆင့်အတန်းနဲ့ ရရှိထားတဲ့ ဆုတံဆိပ်တွေကို ချိတ်ဆွဲထားဖို့ မလိုဘူး တကယ်လို့ စစ်တပ်၊ လေတပ်နှင့် ရေတပ်ကနေပြီးတော့ အခုလေးတင် အနားယူထားတဲ့ စစ်သားတွေ ရတယ်ဆိုရင် ပိုတောင်မှ အဆင်ပြေသေးတယ် တကယ်လို့ သူတို့‌တွေက ငါတို့ မော်ဒယ်အဖြစ် သဘောတူဖို့ သရုပ်ဆောင်မယ်ဆိုရင် ငါက သူတို့တွေကို မော်တော်ဆိုင်ကယ် တစ်စီးစီ ပေးမှာ”

ဖုန်းယွီက ပြောလိုက်သည်။ ဘာကြောက်စရာ ရှိလို့တုန်း။ ဘယ်သူက အဆင်မပြေတာလဲ ဘာကြောင့် ပင်စင်ယူပြီးသား စစ်သားတွေက သူတို့ရဲ့ ယူနီဖောင်းအဟောင်းနဲ့ ဘာကြောင့် ဓာတ်ပုံမရိုက်ဘဲ နေနိုင်မှာလဲ

နောက်ထပ် ၂ရက်တွင် ပြည်နယ်တိုင်းရှိ သတင်းစာများ အသီးသီးတွင် စစ်သားပုံများ ပါလာခဲ့သည်။ ယခုလက်ရှိက ဖေဖော်ဝါရီ မဟုတ်ပေ။ လူများအနေဖြင့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့ဟု တွေးထင်ကောင်းတောင် တွေးထင်နိုင်ကြပေမည်။

သတင်းစာမှာ ကြေညာခြင်းအပြင် နောက်ထပ် ဆောင်းပါးဆင်တူများသည်လည်း ထုတ်ဝေမှုများတွင် ရှိသည်။ ကျွန်တော်တို့ရဲ့ စစ်တပ်က xx no. စုန်ကျန်း လမ်းကြမ်းမောင်းကို ၀ယ်ယူခဲ့တယ် ကျွန်တော်တို့ရဲ့ စစ်တပ်က သူတို့တွေရဲ့ လုပ်ဆောင်စွမ်းရည်ကို မြှင့်တင်ချင်တယ် ယင်းဆောင်းပါးက သူတို့ ၀ယ်ယူခဲ့သည့် ကားအစီးရေကို တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။ ပြီးနောက် မည်မျှ စစ်ဘက်ဆိုင်ရာအနေဖြင့် အင်အားကြီးထွားလာမည်ကိုလည်း မဖော်ပြထားပေ။ သို့သော် ပုံများနှင့်ဆိုပါက ယင်းဆောင်းပါးတွင် ပါ၀င်သည့် အရာများက မှန်ကန်လိမ့်မည်ဟု စာဖတ်သူများက တွေးကြလိမ့်မည်ပင်။

လူများစွာက သတင်းစာထဲရှိ စုန်ကျန်း လမ်းကြမ်းမောင်း ကားများကို သတိထားနေကြသည်။ သူတို့အနေဖြင့် ထိုကားများကို မတတ်နိုင်စေကာမူ သူတို့အနေဖြင့် ယင်းအမှတ်တံဆိပ်ကို မှတ်မိမည် ဖြစ်သည်။

ပြည်နယ်အသီးသီးမှ ဖြန့်ချီသူများကလည်း ထိုစစ်တပ် အမှာစာကို အသုံးချကာ သူတို့၏ ဒေသအစိုးရနှင့် စကားပြောကြသည်။ ထိုခေတ်အခါက ကားလမ်းများ၏ အခြေအနေသည် အနာဂတ် နှစ်များကကဲ့သို့ မကောင်းပေ။ ဒေသအများစုတွင် လမ်းမခင်းရသေးသည်တောင် ရှိပေသည်။

ထိုဖြန့်ချီသူများက ယင်းအခွင့်အရေးကို အသုံးချကာ စုန်ကျန်း လမ်းကြမ်းမောင်း ကားများကို ကြော်ငြာကြသည်။ ကိုယ်ထည်က မြင့်ပြီး အင်အားကောင်းသည့် အင်ဂျင်ရှိသည်။ ဆိုင်းထိန်းစနစ်သည်လည်း အလွန်ကောင်းမွန်သည်။ ပြီးနောက် အတွင်းပိုင်း ဒီဇိုင်းသည် အလွန် ကျယ်၀န်းသည်။

အဆုံးပိုင်းတွင် စုန်ကျန်း လမ်းကြမ်းမောင်းများသည် စုန်ကျန်း အိုလံပစ်မော်ဒယ်များထက် ပိုပြီး ရောင်းအားကောင်းသွားသည်ပင်။

….

ဖော၏ ဒါရိုက်တာရုံးခန်းတွင် ဌာနအသီးသီးမှ ခေါင်းဆောင်းများသည် စုဝေးနေကြသည်။ ရုံးခန်း တစ်ခုလုံး ဆေးလိပ်ငွေ့များနှင့် ပြည့်နေသည်။

“ငါတို့တွေ အဖြေစဉ်းစားရမယ် ပြီးတော့ အစီအစဉ် တစ်ခု ဆွဲကိုဆွဲရမယ် တကယ်လို့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ငါတို့ရဲ့ Audi100 ရောင်းအားက ငါတို့ရဲ့ ပစ်မှတ်ကို ရောက်မှာမဟုတ်ဘူး စုန်ကျန်း မော်တော်ဆိုင်ကယ် သူတို့ရဲ့ ကားတွေကို ဘယ်လိုရောင်းရလဲဆိုတာ ကြည့် ငါတို့တွေအနေနဲ့ စုန်ကျန်း ကားကို လျစ်လျူရှုထားလို့ ရတယ်လို့ ဘယ်သူက ပြောခဲ့တာလဲ ပြီးတော့ သူတို့တွေက ငါတို့အတွက် အန္တရာယ်မဟုတ်ဘူးဆိုတာ ဘယ်သူပြောခဲ့တာလဲ”

ဒါရိုက်တာကျောင်က စားပွဲကို ပုတ်ရင်း ပြောလိုက်သည်။

ဘယ်သူမှ စကားတစ်ခွန်းမျှ မ‌ထွက်ရဲပေ။ ဒါရိုက်တာကျောင်သည် လွန်ခဲ့သည့် ကိစ္စနှင့် ပတ်သတ်ပြီး သဘောတူပြီ ဖြစ်သည်။ ယခုလက်ရှိတွင် သူသည် တခြားသူများကို စတင်ပြီး အပြစ်တင်လာတော့သည်။

“စုန်ကျန်း ကားတွေဆိုတာက ကျွန်တော်တို့ ဘင်းမြို့တော် ပစ်လိုက်တဲ့ ကျောက်ခဲ တစ်လုံးသာသာပါပဲ မနေ့က ကျီးလင်မြို့ အနီးတစ်ဝိုက်က ‌ခေါင်တီတွေက စုန်ကျန်း ကားတွေကို မှာကြတယ် မင်းတို့တွေ အကုန်လုံး အံ့အားမသင့်ဘူးလား”

ဒါရိုက်တာကျောင်က အံ့အားသင့်သွားသည်။ သူ့၏ ဖောသည် စုန်ကျန်းကားကိုတောင် မကျော်နိုင်ပေ။ သို့သော် စုန်ကျန်းကားသည် သူတို့၏ ခေါင်းထက်ကို ဖြတ်လျှောက်ပြီး ဖြစ်သည်။ ယင်းက မကောင်းသည့် အရာပင်။

“ဒါရိုက်တာကျောင် ကျွန်တော်တို့တွေက စုန်ကျန်းကားတွေကို တစ်ချက် ကြည့်ရအောင် သူတို့တွေရဲ့ ဆွဲဆောင်ရည်က ကျွန်တော်တို့ ကားတွေထက် ‌ကောင်းတယ် ဒါပေမဲ့ သူတို့တွေအနေနဲ့ အင်ဂျင်တွေမှာ ကာကွယ်ရေး အစီအမံတွေကို ထည့်ထားတယ် ကျွန်တော်တို့တွေအနေနဲ့ သူတို့ရဲ့အင်ဂျင်ကို

အဓိက အစိတ်အပိုင်းကို အပျက်အစီးမခံဘဲ ဖွင့်ကြည့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ခေါင်းဆောင် တစ်ယောက်က သာသာယာယာ ပြောလိုက်သည်။

“နည်းလမ်း တစ်ခု စဉ်းစား အင်ဂျင်နီယာနဲ့ စက်ယန္တရား ပညာရှင်တွေက ဘာလုပ်နေတာလဲ ငါတို့တွေက အဲ့ဒီ လယ်ထွန်စက် ထုတ်လုပ်တဲ့ စက်ရုံကို အရှုံးပေးရမှာတဲ့လား”

ဒါရိုက်တာကျောင်က စိတ်တိုသွားသည်။

“ဟုတ်ကဲ့ပါ ဒါရိုက်တာကျောင် ကျွန်တော့်အနေနဲ့ စုန်ကျန်းကားတွေရဲ့ နည်းပညာကို ကြည့်ဖို့အတွက် သူတို့တွေကို ပြောလိုက်ပါ့မယ်”

ခေါင်းဆောင်က ပြောပြီးနောက် အခန်းထဲမှ ထွက်သွားသည်။ ကျန်သည့် ခေါင်းဆောင်များသည်လည်း သူတို့၏ စိတ်ထဲတွင် ကျိန်ဆဲနေကြသည်။ မင်းကတော့ တစ်ခါတည်း ထွက်ထားတာပေါ့ ဒါပေမဲ့ ဒါရိုက်တာကျောင်က ငါတို့ကို နာကျင်အောင် ပြုလုပ်ခဲ့သေးတာ

….

ပေကျင်း BENZကား ကုမ္ပဏီ ဒါရိုက်တာတွေသည်လည်း ဒေါသထွက်နေသည်။ စုန်ကျန်း ကားက ရွံစရာပဲ သူတို့ထံမှ စစ်ဘက်ဆိုင်ရာ အမှာစာများကို သူတို့ ဖြတ်ယူလိုက်သည်ပင်။ အကယ်၍ သူတို့၏ Jeep ကားဖြစ်သည့် J2020ကိုသာ သူယူသည့် ပမာဏ မှာယူပါက အစီးရေ ၁၀၀၀၀ခန့် ရှိမည်ပင်။ ယင်းအဓိပ္ပာယ်က ယမန်နှစ် သူတို့ မျှော်မှန်းထားသည့် ကားရောင်းချရသည့် ကားအစီးရေ ၁သိန်းထက် ကျော်လွန်မည် ဖြစ်သည်။

“အရောင်းဌာနနဲ့ နည်းပညာဌာန မင်းတို့တွေ ဘယ်လိုလုပ်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ချေ ငါတို့ရဲ့ ကားတွေနဲ့ သူတို့ရဲ့ ကားတွေနဲ့ ဘယ်နေရာမှာ ကွာလဲဆိုတာ သေချာကြည့် ဘာကြောင့် သူတို့တွေက ငါတို့ရဲ့ အမှာစာတွေကို လုယူနိုင်ရတာလဲ”

ကားအစီးရေ ၁၀၀၀၀သည် သူတို့အတွက် အလွန်ကြီးမားသည့် သက်ရောက်မှုပင် ဖြစ်သည်။ အကျိုးအမြတ်သည် အနည်းဆုံး သန်းဂဏန်းရှိသည်။ သူတို့အနေဖြင့် ယင်းပမာဏကို အသုံးပြုပြီး ကိစ္စများစွာကို ပြုလုပ်နိုင်ပေသည်။

စုန်ကျန်း ကားသည် ပေကျင်း BENZကား ကုမ္ပဏီမှ စစ်ဘက်ဆိုင်ရာ အမှာစာများကို ယူလိုက်ရုံသာမက သူတို့၏ လက်လီ၊လက်ကားအရောင်းဆိုင်များကိုလည်း သက်ရောက်မှု ရှိသည်။ ၀ယ်ယူသူများစွာက သူတို့၏ Jeepကားများသည် စုန်ကျန်း လမ်းကြမ်းမောင်းလောက် မကောင်းကြောင်း သူတို့ Jeepကားကို စမ်းသပ်ပြီး ပြောကြသည်။ ယင်းက သူတို့ ရောင်းအားကို ပိုပြီး ကျဆင်းစေ၏။

သူတို့တွေက ဘာတွေကို ပြောနေကြတာလဲ ငါတို့ရဲ့ J2020က ဘယ်လောက်နဲ့ ရောင်းနေတာလဲ ပြီးတော့ စုန်ကျန်း လမ်းကြမ်းမောင်းက ဘယ်လောက်နဲ့ ရောင်းတာလဲ

.... ရှန်ဟိုင်းကား ထုတ်လုပ်မှု ကိုအော်ပိုရေးရှင်းတွင် ဒါရိုက်တာသည် ဒေါသထွက်နေသည်။ သူတို့က SANTANA၏ ထုတ်လုပ်ရေး လမ်းကြောင်းကို ယုံကြည်ချက်ရှိရှိဖြင့် ၀ယ်ယူခဲ့ပြီး သူတို့အနေဖြင့် အလယ်အလတ်တန်းစား ကားဈေးကွက်ကို ရယူ‌လိမ့်မည်ဟု တွေးခဲ့သည်။ သူတို့အနေဖြင့် တရုတ်နိုင်ငံ၏ ထိပ်ပိုင်း ကားထုတ်လုပ်သူ ဖြစ်ချင်သည်။

သို့သော် စုန်ကျန်း ကားများအပေါ် သူတို့ အထင်အမြင်သေးခဲ့ကြောင်း ရုတ်တရက် ဈေးကွက်ထဲသို့ ၀င်လာခဲ့သည်။ သူတို့၏ တိုးတက်မှုသည် သူတို့ ကားထက် ပိုကောင်းသည်သာမက သူတို့၏ လက်လီကားရောင်းဈေးသည်လည်း သူတို့နှင့် အတူတူပင် ဖြစ်သည်။ ထို့ပြင် စုန်ကျန်း ကားများသည် သူတို့၏ ကားများကို တစ်နိုင်ငံလုံးတွင် အချိန်တိုအတွင်း ရောင်းချနိုင်သည်။

သူတို့၏ SANTA ရောင်းအားသည် သိသိသာသာ ကျဆင်းခဲ့သည်။ သူတို့သည် တည်ထောင်ပြီးသား အမှတ်တံဆိပ် ဖြစ်သော်ငြား ပြီးနောက် ရှည်လျားသော သမိုင်းကြောင်းရှိပြီး အရောင်း အချက်အလက်များကို လက်ခံနိုင်သော်ငြား စုန်ကျန်း ကားသည် “တရုတ်နိုင်ငံတွင် ထုတ်လုပ်ပြီး တီထွင်သည်” ဟူသော စာကြောင်းက သူတို့ကို မကြာခင်နှင့် နောက်ပိုင်းတွင် အနိုင်ပိုင်းလိမ့်မည်ပင်။

တရုတ်နိုင်ငံရှိ အဓိက ကားထုတ်လုပ်သူများက သူတို့ကို စုန်ကျန်း ကားက အန္တရာယ် ပေးနေသည်ဟု တွေးမိလာကြသည်။ သို့သော် တိန်ရှောက်ဖိန်က ယင်းကုမ္ပဏီကို ချီးကျူးသည်။ ပြီးနောက် သူတို့ ကုမ္ပဏီအနေဖြင့် ထိုကုမ္ပဏီကို အပြည့်အ၀ မဖိနှိပ်ရဲပေ။

မင်းတို့တွေက အဆင့်အမြင့်ဆုံး နည်းပညာလို့ ပြောတာလား ငါတို့တွေရဲ့ နည်းပညာနဲ့ ပြိုင်ကြမယ်လေ မင်းတို့တွေက ကားအများကြီးကို နှစ်ပေါင်းများစွာ ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေနဲ့ ယှဉ်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ် ငါတို့ရဲ့ နည်းပညာ‌တွေက မင်းတို့တွေရဲ့ လယ်ထွန်စက် ထုတ်လုပ်တဲ့ ကုမ္ပဏီကို ရှုံးမှာ မဟုတ်ဘူး

နိုင်ငံပိုင် လုပ်ငန်းများသည် နည်းပညာသစ်များကို တီထွင် ထုတ်လုပ်ကြပြီး ဖုန်းယွီသည် ပေကျင်းသို့ ပြန်ခဲ့သည်။

ရောင်းချသူ အက်မင်၏ မှတ်စုတို

ဖုန်းယွီကို အချိန်ကာလတစ်ခုကာ ရပ်နားထားခဲ့တာ ကြာပါပြီ။ မင်မင်တို့ အသင်းက ကိုင်ထားပြီးတဲ့ စာစဉ်မှန်သမျှ အပြီးသတ်မယ် ဆိုတဲ့ မူကို လက်ကိုင်ထားတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းယွီကိုလည်း ဘယ်လို အကြောင်းအရင်းကြောင့် ဖြစ်စေ အဆုံးသတ်မှာ ဖြစ်ပါတယ်။ ရပ်နားထားခဲ့တာ အချိန် အတော်လေး ကြာသွားတဲ့အတွက် စာဖတ်ရှုသူတွေကို တောင်းပန်ပါတယ်။

ဖုန်းယွီကို နိုဝင်ဘာ ၂၀၂၄ လကုန် ဒီဇင်ဘာမှာ ပြန်လည် စတင်တော့မှာ ဖြစ်တဲ့အကြောင်း အသိပေးအပ်ပါတယ်။ ဒါပေမဲ့ ဖုန်းယွီကို ဖေ့ဘုတ်ဂရုကို ဖြုတ်လိုက်မှာ ဖြစ်ပြီးတော့ Docs PD နဲ့ Telegram gp နှစ်မျိုးကိုပဲ ပြုလုပ် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အဆင်ပြေသလို ဝယ်ရှု ဖတ်ရှုနိုင်ပါတယ်။

နာမည်တွေကို အတတ်နိုင်ဆုံး မင်မင်တို့က ပြန်ပြီးတော့ လိုက်ထားမှာ ဆိုပေမဲ့ ဘာသာပြန်သူ အပြောင်းအလဲကြောင့် နာမည်တချို့ မှားယွင်းခဲ့သည် ရှိသော် နားလည်ပေးကြစေလိုပါတယ်။ မင်မင်တို့ အကောင်းဆုံး ကြိုးစားပါမယ်။ အသိအမှတ်ပြု ပေးကြပါလို့ တောင်းဆိုပါရစေ။

All Chapters