← Chapters

အားလုံး ကျောင်းသားလဲချင်ကြခြင်း (၁)

Vol. 32 Ch. 476

အားလုံး ကျောင်းသားလဲချင်ကြခြင်း (၁)

Vol. 32 Ch. 476

ဖုန်းယွီ သူငယ်ချင်းတွေနဲ့ တွေ့ဖို့၊ ဆရာတွေနဲ့ တွေ့ဖို့ အတန်းထဲမပြန်သေးဘူး။ လီနာ့ကို ခေါ်ဖို့ ပေကျင်း တက္ကသိုလ်ကို တိုက်ရိုက်သွားလိုက်တော့သည်။

နှစ်ယောက်စလုံး ကျောင်းစောစော ပြန်တက်ကြတော့၏။ ရုပ်ရှင်ကြည့်ခြင်း၊ ဈေးဝယ်ထွက်ခြင်းနှင့် ဥယျာဉ်များသို့ သွားရောက် လည်ပတ်ခြင်းများကို နှစ်ကိုယ်တူ ဆင်နွှဲနေကြတော့သည်။ အတူအိပ်၊ အတူစား ပျော်စရာ နှစ်ပါးသွား အလားပင်။

“နန .. ငါတို့တွေ အချိန်ခနလောက် ဝေးကြရင် ငါ့ကို လွမ်းနေမှာလား..”

ဖုန်းယွီ လီနကို ဖက်ရင်း မေးလိုက်သည်။ လီန ဆတ်ကနည်း ထထိုင်၍ တုန်လှုပ်စွာဖြင့်..

“နင် ဘာပြောချင်တာလဲ.. အဖေ့ကို စိုးရိမ်နေတာလား..”

“ဘာတွေ လျှောက်တွေးနေတာလဲ.. မင်းအဖေအကြောင်း ငါမပြောပါဘူး.. ငါ ဟောင်ကောင်ကို ကျောင်းသားချင်း လဲရမယ်ထင်တယ်.. တနင်္ဂနွေနေ့တိုင်း ပြန်လာလို့ မရတော့ဘူး။ ဒါပေမယ့် လတိုင်း ပြန်လာနိုင်အောင် ကြိုးစားမယ်လေ”

“ကျောင်းပြောင်းမယ်.. ဟုတ်လား.. ဘာလို့လဲ..”

လီန အံ့ဩစွာဖြင့် မေးမိတော့သည်။ ဤကဲ့သို့သော အသုံးအနှုံးမျိုး မကြားဖူးသဖြင့် ဘာကို ပြောမှန်းမသိချေ။

“ဟောင်ကောင် တက္ကသိုလ်က ကျောင်းသားတစ်ယောက်နဲ့ နေရာချင်း လဲရမှာ။ ငါကဟောင်ကောင် တက္ကသိုလ်မှာ တစ်နှစ်နှစ်တက်ပြီး သူက ဘေကျင်း တက္ကသိုလ်မှာ တစ်နှစ်တက်မယ်.. အဲ့လိုပေါ့.. ငါ (၄)နှစ်ကြာရင် ပြန်လာရမယ်”

“အို့.. ဒါလဲကောင်းတာပဲ.. ဟောင်ကောင်ကို သွားလည်လို့ရတာပေါ့”

လီန ပြောရင်း မနာလို ဖြစ်လာသည်။ ဖုန်းယွီ သူ့ခေါင်းအား အသာခေါက်ရင်း..

“ဟောင်ကောင် တက္ကသိုလ်ကို ပြောပြီး နင့်ကိုလဲ ကျောင်းသားချင်း လဲလို့ရအောင် လုပ်ပေးမယ်လေ”

လီန ခေါင်းခါပြီး..

“ငါ ကန်တုံစကား မပြောတတ်ဘူး.. အင်္ဂလိပ်လိုလဲ မကောင်းဘူး.. မသွားသင့်ဘူးထင်တယ်.. ပြီးတော့ လူလဲဖို့က တော်တော်ခက်လောက်တယ်..”

“ဒါ အသေးအမွှာပါ.. ဒီတက္ကသိုလ်ကို အလှူငွေ (၁)သန်းလောက် လှူလိုက်မှာပေါ့.. သူတို့တွေ နင့်ကို ချက်ချင်းတောင် စီစဉ်ပေးကြအုံးမယ်..”

“ဟမ်.. (၁)သန်းတောင် လိုတာလား.. မသွားချင်တော့ဘူး.. (၁)သန်းတောင်.. (၁)သန်းဆို ဆန်အိတ် ဘယ်နှစ်ထောင်လောက် တယ်နိုင်မလဲ..”

ဖုန်းယွီ လီန နှာခေါင်းလေးကို ပွတ်ပြီး..

“မင်း စားရတာ ကြိုက်မှန်း ငါသိပါတယ်.. ဒါပေမယ့် အဲ့ဆန်အိတ်တွေနဲ့ မနှိုင်းယှဉ်သင့်ဘူးလေ.. ငါတို့အတွက် (၁)သန်းဆိုတာ ဘာမှ မှမဟုတ်တာ.. မိနစ်ပိုင်းနဲ့ ရှာနိုင်တာကို.”

ဤစကားမှာ ဖုန်းယွီအနေဖြင့် ကြွားလုံးထုတ်နေခြင်း မဟုတ်ချေ။ သူ၏ ကုန်သွယ်မှု အရည်အချင်းအပေါ် ယုံကြည်ချက် ရှိသည့်အပြင် ကျွမ်းကျင်မှုတွင်လည်း ယနေ့ခေတ် ကုန်သည်(၉၉)ရာခိုင်နှုန်းထက် ပိုသာနေသည်ကို သူသာ အသိဆုံးဖြစ်သည်။ ဖုန်းယွီ ယခင်ဘဝက သင်ယူခဲ့သည့် ခွဲခြမ်းစိတ်ဖြာမှု နည်းလမ်းများပင် အသုံးမပြုရသေးပေ။ ထို့အပြင် ယခင်ဘဝ မှတ်ဉာဏ်များ ကျန်ရှိနေသေးသည်။ ဥပမာအားဖြင့် အမေရိကန် ဈေးကွက်သည် ယခုအချိန်တွင် တဟုတ်ထိုး တိုးတက်နေပြီး နောက်ထပ် နှစ်အနည်းငယ်အထိ ကြာရှည်နေဦးမည် ဖြစ်သည်။ ကံဆိုးလွန်း၍ ရှယ်ယာဝယ်မိသူများပင်လျှင် အားလုံး ပိုက်ဆံရပေလိမ့်မည်။

သူသာ သန်း(၁၀၀)ရင်းနှီးမြုပ်နှံပြီး ရှယ်ယာ (၁)ရာခိုင်နှုန်း တိုးလာတိုင်း အမြတ်(၁)သန်း ရရှိနေမည်သာပင်။ ဖုန်းယွီအတွက် မိနစ်ပိုင်းသာ ကြာပေလိမ့်မည်။

ထို့အပြင် ဖုန်းယွီသည် လေနှင့်မိုး ကုန်သွယ်ရေးကုမ္ပဏီကို မိုက်ခရိုဆော့၏ ရှယ်ယာများ ဝယ်ယူရန် ညွှန်ကြားထားသေးသည်။ ဤအရာမှာ သူတစ်ဦးတည်းသာ ရှယ်ယာဝယ်သူရှိပြီး သူ၏ပိုင်ဆိုင်မှုရှယ်ယာ အရေအတွက် တိုးလာနေသည်။

ဖုန်းယွီသည် မိုက်ခရိုဆော့ တွင် ရင်နှီးမြုပ်နှံထားသည့် ငွေများ မဆုံးရှုံးခဲ့ပေ။ ရှယ်ယာများအား မည်သည့် ဆေးနှုန်းဖြင့် ဝယ်ယူထားခြင်းဖြစ်စေ အချိန်တန်လျှင် တန်ဘိုးများ ထက်လာမည်ပင်။

သို့ရာတွင် မိုက်ခရိုဆော့ ရှယ်ယာများ ဝယ်ယူခြင်းသည် လေနှင့် မိုး ကုန်သွယ်ရေးကုမ္ပဏီ၏ ရန်ပုံငွေများ တဖြည်းဖြည်း သုံးစွဲလာခဲ့ရသည်။ ယခုအချိန်တွင် ကုမ္ပဏီတွင် ဒေါ်လာ (၁၀)သန်းခန့်သာ ကျန်တော့သည်။ ဖုန်ယွီ သူ့ကုမ္ပဏီပိုင် ကုန်သည်များအား ထိုငွေပမာဏ ရောင်းဝယ်ခွင့် ပေးလိုက်ပြန်သည်။ ရင်းနှီးမြုပ်နှံရန်နှင့် ကုန်သွယ်မှု စွမ်းရည်များ မြှင့်တင်ပေးနိုင်ကြောင်းကိုမူ ၎င်းတို့အား ရှင်းမပြခဲ့ပေ။

(၁၉၉၇)ခုနှစ်အတွင် ဤလူများသည် ဖုန်းယွီအတွက် အသုံးဝင်လာပေလိမ့်မည်။ ဖုန်းယွီသည် ငွေကြေးလောက၏ အရှင်သခင်ဖြစ်သည်ကို လောဘကြီးလွန်းသော ကမ္ဘာ့အရင်းရှင်ကြီးများ သိစေရပေမည်။

မည်သို့ပင်ဖြစ်စေ နောက်ဆုံး၌ လီနသည် ဟောင်ကောင်သို့ သွားရန် သဘောမတူခဲ့ချေ။ သို့ရာတွင် ဖုန်းယွီသည် လီနအား အောက်တိုဘာ အားလပ်ရပ်များ၌ ဟောင်ကောင်သို့ လာရောက်လည်ပတ်ရန် ပြောထားသည်။ စွတ်တရွတ် အတန်တန်ခေါ်မှသာ လီန စိတ်လှုပ်ရှားစွာ သဘောတူလိုက်ပေတော့သည်။

လီန ဖုန်းယွီခါးကိုဖက်ရင်း ရင်ဘတ်တွင် ခေါင်းနှစ်ထားတော့သည်။ ယခုအချိန်တွင်မူ သူမသည်သာ ကမ္ဘာပေါ်တွင် ကံအကောင်းဆုံး လူသား တစ်ယောက်ဖြစ်ကြောင်း ခံစားနေမိတော့သည်။

သို့ရာတွင် အချိန်တခန အကြာ၌ လီန ခန္ဓာကိုယ်အနှံ ရွှေ့လျား လှုပ်ရှားနေသည့် ဖုန်းယွီလက်ကို သတိထားမိလိုက်သည်။ လီန ကျီဆယ်သလိုမျိုး ပါးရိုက်သည့်အခါတွင်မှ ဖုန်းယွီက..

“နင်ငါ့ကို အပြစ်မတင်ဘူးမို့လား… နင့်ခန္ဓာကိုယ် အရမ်းဆွဲဆောင်မှုရှိအောင် ဘယ်သူများ ဖန်ဆင်းပေး ထားပါလိမ့်.. နင့်စက်ကွင်းထဲကနေ ငါဘယ်လိုမှ ရုန်းမထွက်နိုင်ဘူး.. အခု အချိန်စောသေးတယ်လေ.. ငါတို့ ဘာဆက်လုပ်ကြမလဲ..”

“စောသေးတယ်လား.. သန်းခေါင်တောင်ရောက်နေပြီလေ.. ဟွင့်..”

နောက်တစ်နေ့ နံနက် ဖုန်းယွီ မျက်လုံးပွင့်သည့်အချိန် လီနမှာ နံနက်စာပင် ပြင်ဆင်ပြီးနေချေ၏။ ဖုန်းယွီ ဘေးနားရှိ နာရီကို လှမ်းကြည့်လိုက်ရာ နံနက်(၆)နာရီသာ ရှိသေးသည်။ ‘သူ့ကို မနေ့ညက နားခွင့်မပေးလိုက်သင့်ဘူး.. အခုကျ အစောကြီးတောင် ထနိုင်နေသေးတယ်’။

နံနက်စာ စားပြီးနောက် ဖုန်းယွီသည် လီနကို ပြန်ပို့ပြီး တက္ကသိုလ်သို့ သွားလိုက်တော့သည်။ ယနေ့ သူ့ကျောင်းဖွင့်မည် မဟုတ်ပေလော။

အတန်းချိန်ပြီးသည့်အခါ အတူနေရမည့် အဆောင်သား(၆)ယောက် စုံကြတော့သည်။ အခန်းအတွင်းသို့ အရက်များ ဖွက်ယူလာကာ မွေးရပ်မြေ စားစရာများ အမျိုးမျိုး ပါလာကြသေးသည်။

ထိုမုန့်များမှာ အဈေးမကြီးသည့်အပြင် အချို့မှာ သန့်ရှင်းမှုမရှိသော်လည်း ဖုန်းယွီအမှန်တကယ် ကြိုက်နှစ်သက်ပေသည်။

“လောင်စစ်.. ငါတို့ကျောင်းက ဟောင်ကောင်တက္ကသိုလ်နဲ့ ကျောင်းသားချင်း လဲတဲ့ အစီအစဉ်တစ်ခု လုပ်တယ်ကြားတယ်”

ထျန်းလဲ့ ရုတ်တရက် ထပြောလိုက်ခြင်းပင်။ ဖုန်းယွီ မျက်လုံးများ ပြူးသွားသည်။ ဒီသတင်းက ဒီခေတ်မှာ အဲ့လောက် မြန်သလား။

“အဲ့အကြောင်း ငါသိပါတယ်.. ဘာဖြစ်လို့လဲ..”

“ဘာမှ မဟုတ်ဘူ.. ငါမင်းကို ဂုဏ်ပြုချင်တယ်.. အဲ့အတွက် မင်းကို ရွေးထားတယ် ကြားတယ်ကွ..”

ထျန်းလဲ့ ဖန်ခွက်မြှောက်လိုက်တော့သည်။ ဖုန်းယွီက..

“ငါ့မိတ်ဆွေတွေ ကူညီလို့ပါကွာ..”

ဖုန်းယွီ အသေးစိတ် ရှင်းမပြလိုချေ။ ဟောင်ကောင်တွင် အထက်တန်းစာများနှင့် ဝေးဝေးရှောင်ရန် ကျောင်းသားချင်း လဲလှယ်မည့် အစီအစဉ်ကို သုံးခဲ့ကြောင်း ရှင်းမချင်ပေ။

“အဲ့ ကျောင်းသား လှယ်လှယ်ရေး အစီအစဉ်က ဘာလဲ.. ဘယ်လို သုံးဝင်လဲ..”

“လဲတဲ့ ကျောင်းသားက တခြားကျောင်းမှာ အချိန်တစ်ခုထိ စာသင်လို့ရမယ်… အဲ့ကျောင်းသားက တခြားဒေသရဲ့ ယဉ်ကျေးမှုတွေ တွေ့ကြုံခံစားခွင့် ရလိမ့်မယ်.. ဒါပေမယ့် အဲ့ကျောင်းသားက ကျောင်းလခတော့ ပေးရမယ်.. ဟောင်ကောင် တက္ကသိုလ်က ငါတို့ကျောင်းထက် ကျောင်းလခ ပိုဈေးကြီးတယ် ကြားတယ်..”

ဖုန်းယွီ ကျန်သူများအား တားဆီးနိုင်ရန်အတွက် ကျောင်းသား လဲလှယ်ခြင်းအစီအစဉ်၏ အားနည်းချက်များကိုသာ ပြောပြပေးနေသည်။

အခန်းအတွင်း ဖုန်းယွီနှင့် ထျန်လဲ့ မှလွဲ၍ ကျန်သူများ မတတ်နိုင်ချေ။ သို့ရာတွင် ဖုန်းယွီအနေဖြင့် ကျောင်းသား လဲလှယ်ခြင်းဖြင့် ပညာသင်ဆု လျှောက်ထားနိုင်ခြင်းကိုမူ မပြောခဲ့ပေ။

ဟောင်ကောင် တက္ကသိုလ်၏ ပညာသင်ဆု ပမာဏသည် ဘေကျင်းတက္ကသိုလ်ထက် များစွာပိုပေသည်။

“ဟင်.. ဒါဆို ပိုက်ဆံအကုန်ခံပြီး နိုင်ငံခြားမှာ ကျောင်းတက်ရတာ ဘာကွာလို့လဲ.. ငွေလဲကုန်အုံးမယ် နိုင်ငံခြား ဘွဲ့လက်မှတ် တမ်းရမှာမှ မဟုတ်တာ.. ငါတော့ မသွားဘူး..”

အငယ်လေးက ဝိုင်ခွက်မော့ရင်း ပြောလာလေသည်။ ထျန်းလဲ့ ရယ်မောရင်း..

“မင်းသာ အလုပ်ကြိုးစားပြီး နိုင်ငံရပ်ခြားမှာ သုနေသန ကျောင်းသားတစ်ယောက်အနေနဲ့ နေရာတစ်ခုတော့ ရမှာပဲ.. နိုင်ငံခြားမှာ သုတေသန ကျောင်းသားတစ်ယောက် အတွက် ပညာသင်ဆု အများကြီး ပေးတယ် ကြားထားတယ်.. မင်း ကုန်ကျစရိတ်အတွက် စိတ်ပူစရာမလိုဘဲ အိမ်ကိုတောင် ပြန်ပို့နိုင်အုံးမယ်.. အဲ့လဲလှယ်ရေး အစီအစဉ်က အရေး မပါပါဘူးကွာ.. ဟောင်ကောင်က ပိုကောင်းတယ်ထင်တဲ့ တစ်ချို့ပဲ သွားချင်ကြလိမ့်မယ်..”

“မင်းရော မသွားချင်ဘူးလား..”

“ငါ ကျောင်းသားလဲဖို့ စဉ်းကို မစဉ်းစားထားဘူး.. ငါ (၁)နှစ်ကြာပါပြီတဲ့.. ငါသွားနေတုန်း ချင်းချင်းကို ဘယ်သူ ဂရုစိုက်မှာလဲ..”

‘သေလိုက်ပါတော့ဗျာ။ ဒီကောင် ကျောင်းသားချင်း မလဲချင်လို့ မဟုတ်ဘဲ သူ့ကောင်မလေး သူများနောက် ပါသွားမှာ ကြောက်နေတာကိုး’

“ငါတို့စိတ်မဝင်စားပေမယ့် ငါတို့ကျောင်းက တော်တော်များများတော့ အဲ့အစီအစဉ်ကို စိတ်ဝင်စားနေကြတယ် ကြားတယ်ကွ.. အထူးသဖြင့် မင်း အနေရာပေါ့..”

ဖုန်းယွီ မျက်မှောင်ကြုတ်သွားသည်။ အမှန်တကယ်တွင်လည်း ဤကျောင်းသားလဲလှယ်မှု အစီအစဉ်နေရာသည် ကျောင်းသားများအတွက် ဆွဲဆောင်မှုကြီး တစ်ခုဖြစ်ပေသည်။

ဖုန်းယွီစိတ်တွင်း၌မူ ‘မင်းမှာ ဘယ်လိုချိတ်ဆက်မှုတွေရှိရှိ၊ နောက်ခံကောင်းကောင်းတွေ ရှိရှိ၊ ငါဂရုမစိုက်ဘူး။ ငါ့နေရာ လာထိဝံ့ရင်တော့ ငါ့ကို ရက်စက်တယ်လို့ လာအပြစ်မတင်နဲ့။ ငါ ကြပ်ကြပ်စိတ်ညစ်လာရင် ဒီကျောင်းသားလဲလှယ်ရေး အစီအစဉ်တစ်ခုလုံး ရပ်ပစ်လိုက်မယ်။ အကုန်လုံး ဒီမှာပဲ နေလိုက်ကြတော့’

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters