အားလုံး ကျောင်းသားလဲချင်ကြခြင်း (၂)
Vol. 32 Ch. 477
“ဒါရိုက်တာလီ.. ဒီမောင်ထိုင်း (၂)ပုလင်းက အဖေပို့လိုက်တာပါ.. စက်ရုံက တိုက်ရိုက်ဆိုပါတော့.. အပြင်မှာ ဝယ်လို့မရဘူး”
တရုတ်စာပေ ဒုတိယနှစ်ကျောင်းသား ရှောင်စွန်း စားပွဲပေါ်သို့ သူ့လက်ဆောင်ဖြစ်သည့် ကော်ဖီထုပ် တင်လိုက်သည်။
“ရှောင်စွန်း.. မင်းဘာလို့ အဲ့လို လုပ်တာလဲ..”
ပါးစပ်မှ ဖွင့်မပြောသော်လည်း ဒါရိုက်တာလီ၏ မျက်လုံးများကမူ မောင်ထိုက်(၂)ပုလင်း ပေါ်တွင်သာ ရောက်နေသည်။ သီးသန့်တဲ့လား။ ရှောင်စွန်း မိသားစုသည်လည်း ရိုးရှင်းဟန်မရှိချေ။
“ဒါရိုက်တာလီ.. ကျုပ်တို့ကျောင်းမှာ နောက်စာသင်နှစ်ကျရင် ကောင်ဟောင် တက္ကသိုလ်နဲ့ ဖလှယ်မယ့် အစီအစဉ် ရှိတယ်လို့ ကြားထားတယ်.. ကျုပါ ပါချင်လို့ ရမလား..”
ရှောင်စွန်း ဒါရိုက်တာလီကို မျှော်လင့်တကြီး ကြည့်နေသည်။
ဒါရိုက်တာလီသည် တရုတ်စာပေဌာန၏ ဒါရိုက်တာဖြစ်ပြီး ဟောင်ကောင် တက္ကသိုလ်မှ ကျောင်းသားမှာလည်း တရုတ်စာပေ ကျောင်းသားဖြစ်ကြောင်း ကောလဟလ ထွက်ပေါ်ခဲ့သည်။ ဒါရိုက်တာလီသည် ဤဖလှယ်ရေး အစီအစဉ် ပြောပေလိမ့်မယ်။
ရှောင်စွန်းအနေဖြင့် ဒါရိုက်တာ လီကို လက်ဆောင်များ ပေးရုံသာမကဘဲ ခေါင်းဆောင် အားလုံးကို လက်ဆောင်များ ပေးခဲ့သည်။ သူသည် ခေါင်းဆောင်တစ်ဦးချင်းအတွက် အထူးလက်ဆောင်များ ရွေးချယ်ခဲ့သည်။ ဒါရိုက်တာလီ မောင်ထိုင်ကြိုက်တတ်ကြောင်း ကြိုသိထားသဖြင့် ဤပုလင်းများ ရယူခဲ့ခြင်း ဖြစ်သည်။
“ရှောင်စွန်း ဒီလဲလှယ်ရေး အစီအစဉ်က ငါ့လုပ်ပိုင်ခွင့်ထဲမှာ မရှိဘူး.. ဟောင်ကောင်က ကျောင်းသားတွေ ငါတို့ တရုတ်စာပေဌာနကို လာမယ်ဆိုပေမယ့် ငါတို့ကျောင်းသားတွေက ဌာန တူစရာမလိုဘူး..”
ဒါရိုက်တာလီ စိတ်ရှုတ်သွားမိသည်။ လက်ဆောင်အား လက်ခံချင်သော်လည်း ပြန်လည် ကူညီနိုင်စွမ်းမရှိဟု ခံစားမိနေရသည်။
“ဒါရိုက်တာလီ.. အထက်အရာရှိတွေ ခင်ဗျားရဲ့ အကြံပြုချက် တောင်းလာရင်သာ ကျေးဇူးပြုပြီး ကျုပ်ကို အကြံပြုပေးပါ.. တခြား ဘာမှ စိတ်ပူစရာ မလိုပါဘူး..”
“ဒါဆိုရင်ရော ပြဿနာ မရှိပါဘူး..”
ရှောင်စွန်း တခြားခေါင်းဆောင်များနှင့် စကားပြောဆိုပြီးဖြစ်ကြောင်း ဒါရိုက်တာလီ သိနေသည်။
“ကျေးဇူးတင်ပါတယ်.. ဒါရိုက်တာလီ.. ကျုပ်လဲ ခင်ဗျားကို ပြန်ကြည့်မှာပါ..”
ရှောင်စွန်းက ဖလှယ်ရေး ကျောင်းသား တစ်ယောက် ဖြစ်ခဲ့လျှင် လက်ဆောင်များ ထပ်မံပေးအုံမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောပြီး ထွက်သွားတော့သည်။
“ရှောင်စွန်း.. ဒါတွေ မင်းပြန်ယူသွားလိုက်”
ဒါရိုက်လီ ဒေါသထွက်ဟန်ဆောင် ပြောလိုက်သည်။
“ဒါရိုက်တာလီ ကျုပ်က အဆောင်မှာနေတာ.. အရက်ယူသွားလို့မရဘူး.. ကျုပ် အင်္ဂလိပ်စာ လေ့လာဖို့ ပြန်တော့မယ်”
“ခေါင်းဆောင်ကျူး ငါ့သားက ဖလှယ်ရေးကျောင်းသား တစ်ယောက် ဖြစ်လာတာလား..”
“အကြီးအကဲ ကျောင်.. ငါ မင်းကို ကူပြီးရှင်းပေးမယ်.. ကျောင်းသား ဖယှယဖို့ (၄)နေရာရှိတယ်.. ငါ သူ့အတွက် (၁)နေရာ ချန်ထားမယ်… ဟောင်ကောင်မှာ (၁)နှစ် ပညာသင်မယ်ဆို နိုင်ငံခြား အတွေ့အကြုံရမယ့်အပြင် ဘွဲ့ရရင်လဲ ဝန်ကြီးဌာနတွေနဲ့ ကော်မတီတွေကို သေချာပေါက် ဝင်နိုင်လိမ့်မယ်… သူ့အနာဂါတ်က တောက်ပနေမှာပဲ..”
“ဒါဆိုလဲ ကြိုပြီး ကျေးဇူးတင်ပါတယ်.. ငါ့ဌာနမှာ လူအင်အား နည်းတဲ့အပြင် တိုင်းမှူးရာထူးလဲ လစ်လပ်နေတယ်.. မင်းသား ဒုတိုင်းမှူးလုပ်လာတာ (၂)နှစ်နီးပါးရှိနေပြီ.. ရာထူးတက်ဖို့ အတော်ပဲ.. နောက်ဆို သူ့ရာထူး တိုးလိမ့်မယ်.. သူ့ဟာသူ အလုပ်တွေ များနေရင်တော့ ငါ့လာ အပြစ်မတင်နဲ့နော်..”
“မတင်ပါဘူးဗျာ.. လူငယ်ဆိုတာ ပိုကြိုးစားသင့်တယ်လေ..”
ကျောင်းအုပ်ကြီး ကျူး ပြုံးလိုက်သည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးကျေးဇူး ရခဲ့ကြခြင်းပင်။
“အတွင်းရေးမှူးလင်း.. ငါ့သမီးရလဒ်က စာသင်နှစ်တိုင်း ဌာနမှာ အကောင်းဆုံးပဲ.. သူ ဖလှယ်ရေး ကျောင်းသူ တစ်ယောက် ဖြစ်မယ် မထင်ဘူးလား..”
“အမျိုးသမီးလွီ.. မင်းသမီးရလဒ်တွေက တော်တော်ကောင်းတယ်.. ဒါပေမယ့် ဟောင်ကောင် တက္ကသိုလ်မှာ သူ့မေဂျာ မရှိဘူး.. တကယ်လို့ ဖလှယ်ရေး ကျောင်းသား အဖြစ်သွားမယ်ဆို မေဂျာ ပြောင်းမှရမယ်။ ဟောင်ကောင်မှာ ရလဒ်တွေ မကောင်းရင် နောင်သူ့ အလုပ်ရာထူးတွေ ထိခိုက်လိမ့်မယ်နော်..”
“အတွင်းရေးမှူး လင်း.. မင်းပြောစရာ မလိုပါဘူး.. ဒီလို မဟုတ်တာတွေ မလုပ်ပါဘူး.. စီမံခန့်ခွဲဌာနက ကျောင်းသားတစ်ယောက် ဖလှယ်ရေးကျောင်းသား တစ်နေရာ ရခဲ့တယ်လို့ ကြာတယ်.. ဟောင်ကောင် တက္ကသိုလ်မှာလဲ စီမံခန့်ခွဲမှု မေဂျာမရှိဘူး.. အဲ့ကျောင်းသားအစား ငါ့သမီးကို ဘာလို့ သွားခွင့် မပေးတာလဲ…”
“အဲ့ကျောင်းသား နည်းနည်း ထူးခြားတယ်..”
“ထူးခြားတယ်.. ဘယ်သူ့အတွက် ထူးခြားတာလဲ.. သူ့မိသားစုက စီးပွားရေးသမားလား.. လောင်ကျန်း ပြည်နယ်က တစ်ယောက်အတွက် သူ့မှာ ဘယ်လို နောက်ခံရှိနေလဲ.. ဘာမှားနေလဲ.. နင် ငါ့ခင်ပွန်းကိုတော့ မျက်နှာ မလွှဲဘူး မို့လား..”
အမျိုးသမီး လွီမျက်နှာတွင် မည်းမှောင်လျှက် ပြောဆိုနေပေသည်။
“အမျိုးသမီးလီ စိတ်အေးအေးထားပါ.. ငါက ဒီကိစ္စအတွက် ဆုံးဖြတ်ချက် ပေးနိုင်တဲ့သူ မဟုတ်ဘူး.. ဆွေးနွေးဖို့တွေ လိုသေးတယ်.. မင်းသမီးအတွက် အမည် ကူညီလိုက်မယ်.. ဒါပေမယ့် သူ့ကို ရွေးမရွေးတော့ ဆွေးနွေးပွဲ အပေါ်မှာပဲ မူတည်လိမ့်မယ်..”
“ဦးလေး အဲ့ကျောင်းသားကို ဟောင်ကောင် တက္ကသို ပို့မှာလား.. နင် ငါ့ကို နေရာရအောင် ကူရမယ်နော်.. ငါ တစ်သက်လုံး ဘေကျင်းကနေ ဘယ်မှ မသွားဖူးသေးဘူး.. နိုင်ငံရပ်ခြားမျာ ပညာသင်ပြီး ရာဇဝင်လှလှ ဖန်တီးချင်တယ်.”
“ဘယ် နိုင်ငံခြားလဲ.. ဟောင်ကောင်ဆိုတာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းပဲလေ”
ကျောင်းသားရေးရာ ညွှန်ကြားရေးမှူး ဒါရိုက်တာ နျို ပြောလိုက်ခြင်း ဖြစ်သည်။
“အင်း.. ဒါပေမယ့် အခု ဟောင်ကောင်က အင်္ဂလိပ် လက်အောက်မှာ ရှိနေတုန်းပဲလေ.. ဦးလေး ဒီအတွေ့အကြုံနဲ့ ဘွဲ့ရရင် အလုပ်အတွက် ပူစရာ မလိုတော့ဘူးလေ.. ငါ ဟောင်ကောင်ရောက်ရင် နင်မျက်နှာ မပျက်စေရဘူးလို့ ကတိပေးပါတယ်..”
“အဲ့ကိစ္စ တွေးတောင် မတွေးနဲ့.. ဒီကိစ္စနောက်ကွယ်က လူတွေက နောက်ခံကောင်းကောင်းနဲ့ ဆက်သွယ်မှု ကောင်းတဲ့ သူတွေကြီးပဲ.. အစည်းအဝေးမှာ ဘယ့်သူ့ကို အကြံပြုရမလဲဆိုတာ ခေါင်းခဲနေတုန်းပဲ..”
“ဦးလေးက နောက်ဆုံးမှ ပြောရမယ့်သူ မဟုတ်ဘူးလား.. ဆန်ခါတင် စာရင်း ဝင်သူတွေရဲ့ ချို့ယွင်းချက်တွေ ထောက်ပြပေးနိုင်တယ်လေ”
“အခုထွက်သွားလိုက်တော့.. အဲ့လောက် ရိုးရှင်နေရင် ငါ နင့်နာမည် စာရင်းပေးလိုက်တာကြာပြီ.. ကြိုးကြိုးစားစား လေ့လာပါ.. ဒီ(၂)လအတွင်း အမှားတစ်ခုခု လုပ်မိရင် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး.. အခုလောလောဆယ်တော့ နင့်မှာ မျှော်လင့်ချက် ရှိနေတုန်းပဲ..”
“ကျေးဇူးတင်ပါတယ်..”
ကျောင်းပြန်ဖွင့်ချိန်၌ ဟောင်ကောင် တက္ကသိုလ်နှင့် ကျောင်းသားဖလှယ်ရေး အစီအစဉ် သတင်းက တောမီးပမာ ပျံ့နှံ့သွားတော့သည်။ အဆက်မသွယ်ရှိပြီး နောက်ခံကောင်းသည့် ကျောင်းသားများသည် ဖလှယ်ရေး ကျောင်းသားဖြစ်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေကြတော့သည်။
နေရာ(၄)ခုရှိ၍ ကျောင်းသားအားလုံးသည် ထိုနေရာအတွက် ပြိုင်ဆိုင်နေကြသည်။ သို့ရာတွင် ထိုလဲလှယ်ရေး အစီအစဉ်က ဒုတိယနှစ် ကျောင်းသားကိုသာ ရွေးချယ်သည့်အတွက် အခွင့်အလမ်း ပိုများပေသည်။
ဤရက်ပိုင်းအတွင်း ကျောင်းရှိ ဒါရိုက်တာများ၊ ခေါင်းဆောင်များ အားလုံးသည် ဖုန်းခေါ်ဆိုခြင်းများ၊ ညစာ ဖိတ်ကြားခြင်းများနှင့် လက်ဆောင်များ လက်ခံရရှိခဲ့ကြသည်။ ဤကိစ္စကြောင့် မဟုတ်လျှင် ကျောင်းသား တော်တော်များများသည် နောက်ခံကောင်းကောင်းနဲ့ ခေါင်းဆောင်ပိုင်းများ ရှိကြောင်း သိခဲ့ကြမည် မဟုတ်ပေ။
ယှဉ်ထိုးကြည့်မည် ဆိုပါက ဗျူရို အကြီးအကဲများသည်ပင် ရာထူးအနိမ့်ပိုင်းများဟု ယူဆရပေလိမ့်မည်။ ဝန်ကြီးဌာန အဆင့် ချိတ်ဆက်မှုရှိသော ကျောင်းသား များစွာရှိနေပေသည်။ ကျောင်း၏ ခေါင်းဆောင်ပိုင်းများ ဒုက္ခရောက်ရတော့သည်။
ကျောင်း ခေါင်းဆောင်များသည် ဖလှယ်ရေး အစီအစဉ်အတွက် ကိုယ်စားလှယ်ရွေးရန် အစည်းအဝေး ပြုလုပ်ခဲ့သည်။
“ဒီကျောင်းသား (၄)ယောက်က တော်တော် သင့်တော်မယ်ထင်တယ်.. ကျေးဇူးပြုပြီး ကြည့်ပေးပါ..”
စည်းဝေးပွဲ၌ ဒါရိုက်တာ နျို က ကျန်ခေါင်းဆောင်များကို အချက်အလက်များ ပေးလိုက်သည်။ ဖိုင်များတွင် ကျောင်းသား၏ အခြေခံ အချက်အလက်များနှင့် ၎င်းတို့၏ မိသားစု အချက်အလက်များကိုပင် ဖေါ်ပြထားသေးသည်။ ဤရွေးချယ်မှုလုပ်ငန်းစဉ်၌ မိသားစု အချက်အလက်များသည် အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်နေပေသည်။
ကျောင်းသား(၄)ယောက်စလုံးသည် ခေါင်းဆောင်များကို ‘နှုတ်ဆက်စကား’ ပြောထားသူများ ဖြစ်ကြသည်။ ထိုအထဲမှာ တစ်ယောက်သည် အနိမ့်ဆုံးအဆင့် ဒုဝန်ကြီး မိသားစုဖြစ်ပေသည်။ ကျောင်းသား တစ်ဦးဆိုလျှင် ဝန်ကြီး၏ မြေးပင် ဖြစ်နေသည်။ သို့ရာတွင် ဝန်ကြီးက နောက်ဆုတ်သွားခဲ့သည်။
“(၄)ယောက်.. ဘယ်လိုလုပ် (၄)ယောက် ဖြစ်နေတာလဲ.. နာမည် (၃)ခုပဲ တင်ခိုင်းတာ မဟုတ်ဘူးလား..”
ကျောင်းအုပ်ကြီး မျက်မှောင်ကြုတ်လိုက်သည်။ (၄)နေရာရှိသော်လည်း တစ်နေရာကို ဖုန်းယွီအတွက် သီးသန့် ထားခဲ့သည်။ ဒါရိုက်နျိုသည်လည်း ဤသည်ကို သတိထားမိပြီးသားပင်။ ဒါရိုက်တာ နျိုက..
“ကျောင်းအုပ်ကြီး… ဒီကျောင်းသားတွေထဲက ဘယ်သူ ပိုသင့်တော်တယ်ဆိုတာ ကျုပ်မဆုံးဖြတ်နိုင်ဘူး.. အစီအစဉ် နည်းနည်း ပြောင်းလိုက်ရင် ကောင်းမယ်ထင်တယ်.. ဟောင်ကောင် တက္ကသိုလ်ကလဲ ဖလှယ်ရေးအစီအစဉ် ကြာချိန်ကို တစ်နှစ်ခွင့်ပြုထားတာကြောင့် ဒါကို စာသင်နှစ်အဖြစ် ဘာလို့ မပြောင်းလိုက်တာလဲ.. အဲ့လိုသာဆို ကျုပ်တို့မှာ (၈)နေရာ ရနိုင်တဲ့အပြင် နောက်ထပ် ကျောင်းသားတွေလဲ ဒီအစီအစဉ်မှာ ပါဝင်လာနိုင်တယ်..”
ကျန်ခေါင်းဆောင်များ၏ မျက်နှာများ ဝင်းလက်လာခဲ့သည်။ မှန်ပေ၏။ ဤသည်ကို မည်သည့်အတါက် မစဉ်းစားခဲ့ကြသနည်း။ ကျောင်းသားများအတွက် (၈)နေရာ ပေးနိုင်ပေသည်။ ဤသို့ဖြင့် ၎င်းတို့အနေဖြင့် အရာရှိကြီးများကို စော်ကားခြင်းမဖြစ်တော့ဘဲ မျက်နှာသာ ပေးမှုများ ဆက်လက် ရရှိနေလိမ့်အုံးမည်။
“ငါတို့တွေ ဖုန်းယွီကို အရင်ပြောဖို့ လိုမလား.. ဖုန်းယွီက ဒီဖလှယ်ရေး အစီအစဉ်ကို စလုပ်ခဲ့တဲ့သူပဲ..”
ဖုန်းယွီနှင့် အနီးစပ်ဆုံးဖြစ်သူ ဒုကျောင်းအုပ်ကြီး မေးမြန်းလိုက်သည်။ ဖုန်းယွီသူ့ကို ဖုန်းဆက်၍ ဤအစီအစဉ် ပြုလုပ်ထားကြောင်း အသိပေးခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက ဤအစီအစဉ် ရပ်သွားပေလိမ့်မည်။
ဒါရိုက်တာ နျို သူ့ရင်ဘတ်ပွတ်ရင်း..
“အဲ့ဒါ ကျုပ်တာဝန်ထားလိုက်.. ငါဖုန်းယွီနဲ့ စကားပြောလိုက်မယ်..”
-------*****--------
ဘာသာပြန်သူ . (NTP)