အားလုံး ကျောင်းသားလဲချင်ကြခြင်း (၃)
Vol. 32 Ch. 478
“ဒါရိုက်တာနျို ကျုပ်ကို ရှာလား..”
“ဖုန်းယွီ.. ထိုင်ပါအုံး.. လက်ဖက်ရည်လား.. ယောက်ျားလေးတွေ လက်ဖက်ရည် ကြိုက်တယ်သင့်တယ်လေ.. ငါမင်းကို တစ်ခွက် လုပ်ပေးမယ်..”
ဖုန်းယွီစိတ်ရှုတ်သွားမိသည်။ ဒါရိုက်နျိုသည် တက္ကသိုလ်ရှိ ကျောင်းသားရေးရာ ဒါရိုက်တာတစ်ယောက်ပင်။ မည့်သည့်အတွက် ယဉ်ကျေးနေသနည်း။ တစ်ခုခုတော့ ခံရပေတော့မည်။
“ဒါရိုက်တာ နျို.. ကျုပ် ရေမဆာသေးပါဘူး.. ဘာများပြောချင်လို့လဲမသိဘူး.. ကျောင်းကများ ကျုပ်အကူအညီလို နေလား..”
ဖုန်းယွီစိတ်ထဲတွင်မူ ငွေကိစ္စသာ အတွေးဝင်မိသည်။ ကျောင်းက ငွေကြေးအနည်းငယ် လိုနေမည်လားမသိ။ ကျောင်းအတွက် အလှူငွေ အနည်းငယ် လှူဒါန်းနိုင်သော်လည်း လှူရန်လွယ်မည်ကား မဟုတ်ချေ။ ဆုလာဘ် အပေါ် အခြေခံ တွက်ချက်ရပေလိမ့်မည်။
“ဖုန်းယွီ.. မင်း.. ဟောင်ကောင် တက္ကသိုလ်နဲ့ ဖလှယ်ရေး အစီအစဉ်ကို စလုပ်ခဲ့သူမို့လား..”
ဖုန်းယွီ မျက်နှာ ပြောင်းသွားမိသည်။ သူက ဖလှယ်ရေးကျောင်းသားအဖြစ် ရပ်တည်ထားသည် မဟုတ်ပေလော။ ဒုကျောင်းအုပ်ကိုလည်း သတိပေးထားဖူးသေးသည်။ သတိပေးချက်များ လက်လျူရှူထားသည်များလား။
“ဟုတ်ပါတယ်.. ကျုပ်တစ်ယောက်တည်းပါ.. ဘာများ မှားနေလဲ မသိဘူး..”
ဖုန်းယွီ လေသံပြောင်းသွားသဖြင့် ဒါရိုက်တာ နျို ချက်ချင်း ရှင်းပြလိုက်သည်..
“ဖုန်းယွီ အထင်မမှားနဲ့.. ဒီဖလှယ်ရေး အစီအစဉ်က ကြာချိန်ကို ပညာသင် တစ်နှစ်ကနေ စာသင်နှစ် တစ်နှစ်ကို ပြောင်းလို့ရနိုင်မလား… အဲ့နည်းနဲ့ဆို ဟောင်ကောင်ကို ကျောင်းသားတွေ ပိုလွှတ်နိုင်တဲ့အပြင် တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်ကြားက ဆက်ဆံရေး တိုးလာနိုင်တယ်လေ.. ကျန်တဲ့ အကျိုးကျေးဇူးတွေလဲ ရှိသေးတယ်..”
ဒါရိုက်တာ နျို၏ ကြောင်းပြချက် မျိုးစုံကို နားထောင်ပြီးနောက် ဖုန်းယွီ သူ့ကိုကြည့်၍..
“ဒါပဲလား..”
ဒါရိုက်တာနျို ရှက်သွားကာ..
“မင်းကျောင်းကို ကူညီရင် ကျောင်းက မေ့ထားမှာ မဟုတ်ပါဘူးကွာ.. မင်းဘွဲ့ရတဲ့အချိန် မင်းအတွက် သုတေသန ကျောင်းသား တစ်ယောက်အနေနဲ့ နေရာတစ်ခု ကြိုပြင်ထားပေးမယ်..”
“စိတ် မဝင်စားဘူး..”
“မင်း.. Ph.D ရောက်တဲ့အထိ မင်းကို ငါတို့ ဘယ်လို ပညာသင်ခွင့် ပေးထားလဲ.. မင်းလိုချင်တဲ့ မေဂျာ ရွေးလို့ရတယ်လေ..”
“ဒါရိုက်တာ နျို.. တက္ကသိုလ်မှာ ကျောင်းတက်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ.. တစ်ခုခုကို ကျွမ်းကျင်အောင် လေ့လာမလား.. ကောင်းတာလုပ်ရင် ကုသိုလ်ပဲလေ.. ဒါပေမယ့် အခြေခံအနေနဲ့ လုပ်ငန်းခွင်မှာ ရှင်သန်နိုင်ဖို့ တစ်ခုခု ကျွမ်းကျင်အောင် သင်ယူရတုန်းပဲ.. အဲ့လိုမှ မဟုတ်ရင် ဒါကို အသက်ရှင် ရပ်တည်နိုင်စွမ်း လို့ခေါ်တယ်..”
ဖုန်းယွီ သူ့ကိုယ်သူ ညွှန်ပြရင်း..
“ကျုပ်မှာ အဲဒါတွေ လိုအပ်နေမယ် ထင်လား..”
ဒါရိုက်တာနျို ပြုံးလိုက်သည်။ ဖုန်းယွီအကြောင်း ကောင်းကောင်း မသိသော်လည်း ဖုန်းယွီ၏ မိသားစုသည် အလွန်ချမ်းသာကြောင်း သူသိထားသည်။ သို့မဟုတ်ပါက ဖုန်းယွီသည် ကျောင်း၏ အားကစားကွင်းနှင့် စာကြည့်တိုက် ပြုပြင်ဆောက်လုပ်ရန် ငွေကြေးအမြောက်အများကို မည်ကဲ့သို့ လှူဒါန်းနိုင်မည်နည်း။ ဖုန်းယွီသည် ပါမောက္ခများနှင့် သုတေသန ကျောင်းသားများအတွက် သုနေသန ရန်ပုံငွေများလည်း ထောက်ပံ့ပေးခဲ့သေးသည်။ သူသည် ဤတက္ကသိုလ်၌ အစိုးရထက်ပင် ငွေကြေးပိုမိုသုံးပေးခဲ့ပေသည်။
ဤသို့သော မိသားစုများအနေဖြင့် ၎င်းတို့ ဆက်လက် လေ့လာစရာပင် မလိုအပ်တော့ပေ။ ဖုန်းယွီသည် နောင်တစ်ချိန် မိသားစု လုပ်ငန်း လွှဲပြောင်း ရယူရန် စီမံခန့်ခွဲမှု ပညာကိုသာ လေ့လာရပေလိမ့်မယ်.. ထို့အပြင် ဖုန်းယွီသည် ကျောင်း၌ မည်သည့် ရာထူးမှ ရယူမထားချေ။ ဤသည်မှာ ဘွဲ့ရပါက အစိုးရ ကဏ္ဍသို့ ဝင်ရောက်ရန် စိတ်မဝင်စားဟု ဆိုလိုခြင်းပင်။ ဒါရိုက်နျိုအနေဖြင့် ဖုန်းယွီကို စိတ်ပြောင်းသွားစေနိုင်မည့် အရာ မသိချေ။
သို့သော် ဒါရိုက်တာ နျိုသည် ဤဖလှယ်ရေး အစီအစဉ်တွင် နောက်ထပ် နေရာများ လိုအပ်နေသေးသည်။ (၆)နေရာ ရနိုင်ပါက သူ့တူသည် ဤအစီအစဉ်တွင် ပါဝင်ခွင့် ရနိုင်ပေလိမ့်မည်။ (၇)နေရာဖြစ်ပါက အကောင်းဆုံးပင်။
“ဖုန်းယွီ တက္ကသိုလ်က မင်းကို ပြုစု ပေးနေတာ.. မင်း ခွင့်ယူထားလို့လဲ ကျောင်းက ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ဘူး မို့လား”
ဖုန်းယွီ ဒါရိုက်တာ နျိုကို တစ်ချက်ကြည့်လိုက်ပြီး..
“ပြီးခဲ့တဲ့ နှစ်က ကျောင်းအတွက် သန်းနဲ့ချီ လှူခဲ့တယ်..”
“ကျောင်းကလဲ မင်းမဖြေခဲ့တဲ့ အဓိက စာမေးပွဲ(၂)ခုစလုံးကို လျှော်ပေးခဲ့တယ်လေ..”
“ပြီးခဲ့တဲ့ နှစ်က ကျောင်းအတွက် သန်းနဲ့ချီ လှူခဲ့တယ်..”
“မင်း အဆောင်ကို ခဏခဏ မပြန်ဘဲ ကျောင်းလဲ လစ်သေးတယ်.. ကျောင်းက မင်းကို ဘာမှ မလုပ်ဘူးမို့လား..”
“ပြီးခဲ့တဲ့ နှစ်က ကျောင်းအတွက် သန်းနဲ့ချီ လှူခဲ့တယ်..”
ဒါရိုက်တာနျို ပြောစရာစကားများ ပျောက်ရှသွားတော့သည်။ ‘ကျောင်းကို ငွေလှူခဲ့တာတွေကြီးပဲ ငါ့လာမပြောနဲ့တော့လေကွာ..’။
“ဖုန်းယွီ ငါတို့ မင်းနေရာကို မထိဘူး.. ကျန်တဲ့ ကျောင်းသားတွေအတွက် ကြာချိန် (၁)နှစ်ကနေ စာသင်နှစ် (၁)နှစ်ကို ပြောင်းဖို့လေး ငါတို့က တောင်းဆိုတာပါ.. အဲ့လိုဆို ကျန်တဲ့သူတွေကလဲ မင်းကို ဒုက္ခပေးမှာ မဟုတ်တော့ဘူး..”
ဒါရိုက်တာ နျိုအနေဖြင့် ဖုန်းယွီကို ဆက်လက် စည်းရုံးနေတော့သည်။ ဖုန်းယွီ မျက်ခုံးပင့်၍..
“ကျုပ်မရှိရင် လဲလှယ်ရေး အစီအစဉ်လဲ ရှိမှာ မဟုတ်တော့ဘူး..”
“ဖုန်းယွီ.. မင်း ကျောင်းနေဖက်တွေနဲ့ ဆက်ဆံရေး ကောင်းနေဖို့ အရေးကြီးတယ်.. ခေါင်းဆောင်တွေရဲ့ သားသမီး တော်တော်များများ ဒီအစီအစဉ်မှာ ပါချင်နေကြတယ်.. မင်း သူတို့ကို ကူညီရင် သူတို့တွေ မေ့မှာ မဟုတ်ဘူး..”
“အဲဒါကြောင့် ကျောင်းအတွက် (၃)နေရာ ချန်ပေးထားတာလေ.. ကျောင်းက အဲ့(၃)နေရာကို အသုံးချပြီး ခေါင်းဆောင်တွေ ကြိုက်အောင် လုပ်ပေးလိုက်ပေါ့.. ဒါပေမယ့် ကျုပ်နေရာ လာထိရင်တော့ ဒီဖလှယ်ရေး အစီအစဉ် ရပ်ပစ်လိုက်မှာပဲ.. ဒီဖလှယ်ရေး အစီအစဉ်ကို ကျုပ်အကောင်အထည် ဖော်နိုင်တယ်.. ပိတ်ပစ်နိုင်တယ်..”
ဒါရိုက်တာ နျိုအနေဖြင့် ကျောင်းသားရေးရာ ဒါရိုက်တာ ဖြစ်ချိန်မှစ၍ ဤကဲ့သို့ စိတ်ပျက်ခဲ့မှုမျိုး မရှိခဲ့ချေ။ ကျောင်းသားကို ပြန်ဦးညွှတ်ဖို့ ဘယ်တုန်းက စဖြစ်သွားသနည်း။ ထိုခေါင်းဆောင်များ၏ သားသမီးများကပင် သူ့ကို လေးလေးစားစား ပြောကြရသည်။ သူ့စကားတစ်ခွန်းကြောင့် ကျောင်းသားများ၏ အနာဂတ် လုပ်ငန်းခွင် ထိခိုက် နိုင်သောကြောင့်ပင်။
သို့ရာတွင် ဤဖုန်းယွီနှင့် လုံးဝမတူ။ ကျောင်း၏ အပြစ်တင်မှုကိုလည်း လုံးဝစိတ်မဝင်စားပေ။ ချမ်းသာသော မိသားစုဝင် ကျောင်းသားများသည် အစိုးရ ကဏ္ဍများတွင် အလုပ်လုပ်ရန် စိတ်မဝင်စားကြချေ။
ဒါရိုက်တာ နျိုသည် ဟောင်ကောင် တက္ကသိုလ်သို့ ဆက်သွယ်၍ စာသင်နှစ်အဖြစ် ပြောင်းလဲကာ ကျောင်းသားဦးရေ တိုးပေးရန် တောင်ဆိုခဲ့သော်လည်း ငြင်းဆိုခံခဲ့ရသည်။ ဤသည်ကပင် ဒါရိုက်တာ နျို ဖုန်းယွီကို လာတွေ့ရသည့် အကြောင်းအရင်းပင်။ သို့မဟုတ်ပါက ဤမျှလောက် လေကုန်ခံနေလိမ့်မည် မဟုတ်ချေ။
“ဖုန်းယွီ.. အခုနေ မင်းကျောင်းကို ကူညီလိုက်မယ်ဆို အဓိကသင်ခန်းစာတွေတင် မဟုတ်ဘူး ကျန်တဲ့ သင်ခန်းစာတွေကို ပါ မင်းတက်စရာ မလိုတော့ဘူးကွာ.. ဂုဏ်ထူးနဲ့ပါ ဘွဲ့ရစေရမယ်.. ဂုဏ်ထူးဆောင် ဘွဲ့နဲ့ဆို မင်းမိဘတွေလဲ ဝမ်းသာလိမ့်မယ်လို့ ငါယုံတယ်..”
ဤကမ်းလှမ်းချက်သည်က အနေအထား တစ်ခုအထိ ရောက်ရှိသွားပေသည်။ ဖုန်းယွီ သူ့မေ့စေ့ကို ပွတ်ရင်း သူမိဘများ ဂုဏ်ထူးဖြင့် ဘွဲ့ရကြောင်း သလျှင် မည်မျှ ဝမ်းသာသွားကြလိမ့်မည်နည်း။ ထို့အပြင် ခဏခဏ စာသင်ရန် မလိုတော့ပေ။ သူ့လို ငပျင်းတစ်ယောက်အတွက် ဤကမ်းလှမ်းချက်မှာ အလွန်ဆွဲဆောင်မှုုရှိပေ၏၊
“ကောင်းပြီလေ.. ဟောင်ကောင် တက္ကသိုလ်က ကျုပ်မိတ်ဆွေကို စကားပြောခိုင်းလိုက်မယ်.. ခင်ဗျားကိုတော့ ဘာကတိမှ မပေးနိုင်သေးဘူး.. တကယ်ဆို ကျောင်းက ထိုင်ဝမ်ကိုရော မကာအိုကိုပါ ဆက်သွယ်နိုင်တယ်.. ဟောင်ကောင် တက္ကသိုလ်က ထိပ်တန်းတက္ကသိုမို့ အဲ့တက္ကသိုလ်တွေ ကျုပ်တို့ တက္ကသိုလ်နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိလိမ့်မယ်..”
“ငါ ဆက်သွယ်ပြီးသွားပြီ.. ဒါပေမယ့် ကျောင်းသားတွေက အဲ့ကို သွားချင်စိတ်မရှိကြဘူး.. ထိုင်ဝမ်က ငါတို့နဲ့ ဆက်ဆံရေး ကောင်းတဲ့အပြင် မကာအိုကလဲ လောင်းကစား မြို့တော်လေ။ ဘယ်မိဘကများ သူတို့သားသမီးတွေကို အဲ့လိုနေရာမျိုး ပို့ချင်မှာလဲ..”
ဖုန်းယွီ နှုတ်ခမ်းတွေ တွန့်သွားသည်။ တခြားကျောင်းမှ ကျောင်းသားများသည်လည် ဤနေရာသို့ လာရန် စိတ်မဝင်စားကြချေ။
…..*****…..
(၃)ရက်ကြာပြီးနောက် ဖုန်းယွီသည် ဖူကောင်းကျန်း ထံမှ ဖုန်းလက်ခံရလိုက်သည်..
“ပြေလည်သွားပြီ.. မင်းဘာလို့ ဒီလောက် ဒုက္ခပေးနေရာတာတုန်း.. ပထမတော့ မင်းက (၁)နှစ် ဖြစ်ချင်တယ်.. ဒါကို စာသင်နှစ်အဖြစ် ပြောင်းချင်တာ.. နေရာအားလုံးကို စာသင်နှစ်အဖြစ် မပြောင်းချင်သေးဘူး။ မင်းနေရာက (၁)နှစ်ကြာပြီး ကျန်တဲ့ နေရာတွေက စာသင်နှစ်အဖြစ် ပြောင်းရမှာ.. ဘေကျင်း တက္ကသိုလ်မှာ အဆက်အသွယ်တွေ အများကြီးရှိတယ်လို့ မင်းပြောဖူးတယ်မို့လား..”
“ငါ့ကျောင်းမှာ အစိုးရ အရာရှိတွေ အများကြီးရှိတယ်ဆိုတာ ငါဘယ်လိုလုပ် သိမှာလဲ.. သူတို့ကိုသာ မကူညီရင် ငါ့ကို အညှိုးထားကြမှာကွ.. ငါတို့ လုပ်ငန်း ထိခိုက်သွားနိုင်တယ်.. ဒီနည်းနဲ့ပဲ သူတို့တွေ ငါ့ကို ကျေးဇူးတင်ပြီး နောက်နောင် သူတို့ အကူအညီ လိုအပ်ကောင်း လိုအပ်လာနိုင်တယလေ..”
မှန်ပေ၏။ ဖုန်းယွီသည် ဒါရိုက်တာနျို ကျောင်းသားများကို အစီအစဉ်၏ တစ်နေရာစာရအောင် ကူညီသူအနေဖြင့် ပြောပြခိုင်ထားသေးသည်။ ဖုန်းယွီသည် အခြားသူများကို ကူညီပြီးနောက် ဖာသိဖာသာ ပုန်းနေမည့် လူမျိုး မဟုတ်ပေ။ ကျောင်းသားများ၏ မိဘများသည် အစိုးရ၏ အကြီးတန်း အရာရှိများ ဖြစ်ကြပြီး ၎င်းတို့ထဲမှ တစ်ခုဆိုလျှင် တရုတ်နိုင်ငံရှိ ထိပ်သီး အရာရှိတစ်ဦး အဖြစ် ရာထူးတိုးခံရမည်ဟု ဖုန်းယွီ မှတ်မိနေသေးသည်။
ဤဖလှယ်ရေး အစီအစဉ်၏ နေရာများကို အတည်ပြုပြီးနာက် ကျောင်းသည် ကန်တုံနှင့် ဟောင်ကောင် ယဉ်ကျေးမှု များကို ရက်တိုသင်တန်း စတင်ကြတော့သည်။ ဖုန်းယွီသည် မည်သူ့ကို ကျေးဇူးတင်ရမည်မှန်း ကျောင်းသားသိရန် ဤသင်တန်းသို့ တက်ရောက်ခဲ့သည်။
ဖုန်းယွီ သူတို့ကို ကူညီခဲ့ပြီး၊ ဤကျောင်းသားများနှင့် ၎င်းတို့ မိဘများ သူ့ကို ကျေးဇူးကျွေးရှိကြောင်း သေချာစေမှ ဖြစ်ပေလိမ့်မည်။
သင်တန်း ပြီးသည့်အခါ ကျောင်းသားများအားလုံး ညစာ စားကြသည်။ ဖုန်းယွီ ၎င်းတို့အား ကုန်ကျခံခဲ့သည်။ ငွေရှင်းသည့်အခါ ဖုန်းယွီ၏ ပိုက်ဆံအိတ် ပွင့်ကျသွားခဲ့သည်။ ကျောင်းသားများ ချက်ချင်းပင် မျက်နှာ အမူအရာများ ပြောင်းသွားတော့သည်။
ဖုန်းယွီနှင့် ခေါင်းဆောင်ကြီး၏ ဓါတ်ပုံကြောင့်ပင် ဖြစ်တော့သည်။
၎င်းတို့ မိသားစု နောက်ခံများကြောင့် ဤကျောင်းသားများ မာနကြီးနေကြခြင်းပင်။ သို့ရာတွင် ထိုအချိန်၌ အားလုံး၏ သဘောထားများ ပြောင်းလဲသွားကြတော့သည်။
ထိုကျောင်းသားများ အနေဖြင့် ဆရာကြီးလူနှင့် ဖုန်းယွီကဲ့သို့ ရင်းနှီးကျွမ်းဝင်သူများ မဖြစ်လျှင်ပင် ဖုန်းယွီအား မည်သည့် အခါတွင်မှ စော်ကားရန် ရွေးချယ်ကြလိမ့်မည် မဟုတ်ပေ။
ဖုန်းယွီသည် ဖလှယ်ရေး အစီအစဉ် ပြဿနာကို ဖြေရှင်းပြီးပါက ခေတ္တအနားယူနိုင်မည်ဟု ထင်မြင်ခဲ့သေးသည်။ သို့ရာတွင် သူ့ VCD ခွေများ ထပ်၍ ပြဿနာ တက်တော့သည်။
-------*****--------
ဘာသာပြန်သူ . (NTP)