ဖုန်းဟွာ VCD (၁)
Vol. 32 Ch. 479
“မင်း ဘာပြောလိုက်တာလဲ.. ဈေးကွက်ထဲမှာ တတိယမြောက် VCD တံဆိပ် ရှိသေးတာလား..”
ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်မိသည်။ VCD ကိုအစားထိုးဖို့များ တစ်ယောက်ယောက်က ပိုကောင်းတဲ့ နည်းပညာတစ်ခု တီထွင်လိုက်လို့များလား။
ဤကဲ့သို့ မဖြစ်သင့်ပေ။ ဗွီဒီယို ချုံ့ပစ်သည့် နည်းပညာဖြင့် အားလုံးကို မလှည့်စားသင့်ချေ။ ဤသည်က အတုယူစရာ မဟုတ်ပေလော။ ဤ VCD အမှတ်တံဆိပ်အသစ်သည် သူ၏ မူပိုင်ခွင့်ကို ချိုးဖောက်ခဲ့သည်။ ဖုန်းယွီသည် VCD နှင့်ပတ်သက်၍ မူပိုင်ခွင့်အားလုံး ပိုင်ဆိုင်ထားသည်။
သို့ရာတွင် ထိုလူများသည် ချိုးဖျက်၍ နည်းပညာကို ထပ်တူ ကူးယူနိုင်ပါက ကျွမ်းကျင်သူများဟု ဆိုလိုရပေမည်။ ဖုန်းယွီအနေဖြင့် ထိုလူများကို ရှင်းထုတ်သင့်သည်ဟု ခံစားနေရသည်။
ဖုန်းယွီ ကုန်ထိုက်သို့ ကားမောင်လာပြီး VCD ကောင်တာသို့ လျှောက်သွားလိုက်သည်။ တတိယမြောက် VCD အမှတ်တံဆိပ် စက်တစ်ခု တွေ့ရှိခဲ့သည်။ ဖုန်းဟွာ အမှတ်တံဆိပ်။ လေနှင့် တရုတ်၊ လေနှင့်မိုး၊ စကားလုံးကို အိုက်ဝါ ဖြင့် ပေါင်းစပ်ထားသည်။
နာမည်တောင် သူ့ကုမ္ပဏီ နာမည်များ ထည့်ထားသေးသည်။ ဤသည်မှာ အတုယူစရာ တစ်အဖြစ် မြင်လိုက်မိသည်။
“မင်္ဂလာပါ.. အဲ့ဒီ ဖုန်းဟွာ အမှတ်တံဆိပ် VCDစက် ကြည့်လို့ရမလား..”
ဖုန်းယွီ VCDစက်ကို ညွှန်ပြ၍ မေးလိုက်သည်။
ကောင်တာရှိ အရောင်းဝန်ထမ်းက ဖုန်းယွီကို ကြည့်လိုက်သည်။ ဖုန်းယွီသည် အသက်ငယ်သော်လည်း ဝတ်ဆင်ထားသည့် နာရီကို မြင်လိုက်ရသည်။ ထို့အပြင် လက်ထဲ၌ အမျိုးသား လက်ကိုင်အိတ် ကိုင်ထားသည်။ တော်တော် ချမ်းသာမည့်သူပင်။
“ဟုတ်ကဲ့ပါ.. ဒါ အခုနှစ် နောက်ဆုံးထွက်တဲ့ VCDစက် မော်ဒယ် အသစ်ပါ။ နိုင်ငံခြားက နာနည်ကြီး တွေတောင် ဒီတံဆိပ်ကို ကြေငြာနေတဲ့အပြင် ဈေးလဲ သက်သာတယ်။ (၂၉၀၀)ယွမ်ပဲ ကျသင့်ပါတယ်။ လေနဲ့မိုး ရယ် အိုက်ဝါ အမှတ်တံဆိပ်ထက် ရာဂဏန်းလောက် ဈေးသက်သာပါတယ်”
နောက်ဆုံးထွက် မော်ဒယ်။ နိုင်ငံခြား နာမည်ကြီးများ ထောက်ခံထားသည်လော။
ဖုန်းယွီသည် VCDစက်ပေါ်ရှိ ပုံများကို ကြည့်လိုက်သည်။ သေလိုက်ပါတော့။ တကယ့်ကို နာမည်ကျော် အနုပညာရှင် တစ်ယောက်ပါလား။ ဒါပေမယ့် ဒီ VCDစက်က အတုယူစရာပဲ။ မက်ဒေါနားကို ဘယ်လိုများ ပေးချေမှာလဲ။ ဒီကျော်ကြားသူ ထောက်ခံချက်ဆိုတာလဲ အတုပဲ ဖြစ်လိမ့်မယ်။
ခက်တာက မက်ဒေါနာဆိုတာ တရုတ်နိုင်ငံကို တစ်ခေါက်မှ မရောက်ဖူးသေးဘဲ ထုတ်ကုန် အတုတစ်ခုကို ထောက်ခံရအောင် ဘယ်မျက်နှာမျိုးနဲ့ လုပ်မှာတဲ့လဲ။ သူ့နာမည် ဖျက်သည့်အတွက် ဤကုမ္ပဏီကို တရားစွဲလိမ့်မည် မဟုတ်ပေ။ ဖုန်းယွီ ယခင်ဘဝတွင် ကုမ္ပဏီများစွာသည် ၎င်းတို့ ထုတ်ကုန်များ ဈေးကွက်တင်ရန်အတွက် ဤကဲ့သို့သော လှည့်ကွက်ကို အသုံးပြုခဲ့ကြသေးသည်။
“ငါ စမ်းကြည့်လို့ရမလား..”
“ရပါတယ်..”
အရောင်ဝန်ထမ်းမလေးက VCDစက်ကို ချိတ်ပြီး ယခုနှစ်ထွက် ‘Gala Nighr’ VCD ချပ်ကို စက်ထဲသို့ ထည့်လိုက်သည်။
ဖုန်းယွီသည် ဤကိစ္စအတွက် မူပိုင်ခါင့်ကို CCTV မှ ယွမ်(၁)သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဤ VCDသည် လေနှင့်မိုး၊ အိုက်ဝ စက်များ ဝယ်ယူသူတိုင်းအတါက် အခမဲ့ဖြစ်သည်။ ယခု ဤ အရောင်းမိန်းကလေးက ဖုန်းဟွာ VCD စက်ကို စမ်းသပ်ရန် သူ၏ VCDချပ်များ သုံးနေ၏။
ရုပ်ပုံအရည်အသွေး အလွန်ကောင်းမွန်လှသည်။ တုန်လှုပ်ခြောက်ခြားဖွယ် ပုံရိပ်များ မပါသဖြင့် အသံအရည်အသွေးမှာလည်း ကြည်လင်ပြတ်သားလွန်းလှ၏။ ဖုန်းယွီ အံ့ဩသွားမိသည်။ အလွန် အတုယူစရာ ကောင်းလွန်းလှပေသည်။
ဖုန်းယွီ ယွမ်(၁၀၀)တန် တစ်အုပ် အရောင်းမိန်းကလေးကို ပေးလိုက်ပြီး..
“တကယ်တော့ ငါ ဒီ VCDစက်ကို မဝယ်ပါဘူး.. ထုတ်လုပ်တဲ့သူနဲ့ ဆက်သွယ်ဖို့ အချက်အလက်လေးများ နင့်ဆီက ရနိုင်မလား”
ဖုန်းယွီ ဗူးပါကင်ကို သေချာ ကြည့်ရှုပြီး ဖြစ်သည်။ ထုတ်လုပ်သူ၏ ဆက်သွယ်ရန် အချက်အလက် အသေးစိတ်နှင့် ထုတ်လုပ်ခါင့် ဖော်ပြထားခြင်း မရှိပေ။
အရောင်းကောင်မလေး လှည့်ပတ်ကြည့်ရှု၍ ကောင်တာအောက်မှ လိပ်စာကဒ်တစ်ခု ထုတ်ယူလိုက်သည်။ ထို့နောက် ဖုန်းယွီထံသို့ လိပ်စာကဒ်ကို လျှို့ဝှက်စွာ ပေး၍..
“မန်နေဂျာ မမြင်စေနဲ့နော်..”
“အို့.. မင်းတို့ဆိုင်က ဒီဖုန်းဟွာ VCDစက် ရောင်းနေတာ ဘယ်လောက်ကြာပြီလဲ..”
“နှစ်ကူးကတည်းက စရောင်းတာပါ.. ဒီတံဆိပ်က ဈေးသက်သာပြီး လေနဲ့မိုး ရယ် အိုက်ဝါ တံဆိပ်တွေထက် ပိုရောင်းကောင်းတယ်။ တခြားကုန်တိုက်တွေမှာ မရှိသေးဘူးနော်..”
ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်သည်။ အချိန် အတော်ကြာနေပြီ မဟုတ်ပေလော။ ဝူကျန်းအာသာ ဤကိစ္စ သိထားပေသည်။ ဤပြဿနာသည် ဖြန့်ဖြူးသူများနှင့်သာ သက်ဆိုင်ပေသည်။ ထိုသူများသည် အမှာစာ မှာသူများဖြစ်၍ ဤသည်ကို ဘယ်လိုမှ သတိပြုနိုင်မည် မဟုတ်ပေ။
-----*****-----
“ဟဲလို.. မန်နေဂျာ အိုလား..”
ဖုန်းယွီ လိပ်စာကတ်မှ နံပတ်ကို ခေါ်လိုက်ခြင်းဖြစ်သည်။ ကတ်ပေါ်မှ အမည်မှာ အိုသဲပေါင် ဖြစ်ပြီး ရာထူးမှာမူ အထွေထွေ မန်နေဂျာ ဖြစ်သည်။
“အခု ပြောနေတာ ဘယ်သူပါလဲ..”
“ကျုပ်က တဟူ အရောင်းခန်းမ ကပါ.. ခင်ဗျားမှာ ဈေးသက်သာတဲ့ VCDစက် ရောင်းဖို့ရှိတယ်လို့ ကျုပ်မိတ်ဆွေဆီက ကြားရလို့ပါ.. ငါ မင်းဆီက ယူရောင်းဖို့ တွေးနေတာ.. ငွေသားလား.. ကောင်းတာပေါ့.. ငါမင်းနဲ့ တွေ့ဖို့ အခုပဲ သွားလိုက်ပါ့မယ်..”
ဖုန်းချပြီးနောက် ဖုန်းယွီ ဆရာကြီးလူကို လူနည်းနည်းငှားခေါ်ခိုင်းလိုက်သည်။ သို့မှသာ အိုသဲပေါင် မလွတ်ဖြစ်လိမ့်မည်။
ဖုန်းယွီသည် အဝေးမှပင် ပြတင်းပေါက်တွင် ထိုင်နေသော လူကို မြင်လိုက်ရသည်။ မရိုးသားသည့် စီးပွားရေးသမားနှင့် လုံးဝမတူပေ။ ဆံပင်များ ရှုတ်ပွနေပြီး ပိန်ပါးပါးနဲ့ အမျိုးသားသည် ပညာရှင် တစ်ဦးနှင့် ပိုတူနေပေသည်။
“မင်းက ဖုန်းဟွာ ကုမ္ပဏီရဲ့ အိုသဲပေါင် လား..”
“ငါပါပဲ.. မန်နေဂျာ ဖုန်းလား မသိဘူး..”
အိုသဲပေါင် မတ်တပ်ရပ်ပြီး ဖုန်းယွီကို လက်ဆွဲ နှုတ်ဆက်လိုက်သည်။
ဖုန်းယွီ အိုသဲပေါင်၏လက်ကို ပြန်ဆွဲနှုတ်ဆက်ရင်း အပြုံးဖြင့်..
“ငါက အိုက်ဝါ ကုမ္ပဏီကပါ.. မင်းတော်တော်ကို သတ္တိရှိတာပဲ..”
တံခါးအနီးရပ်နေသည့် ခပ်တောင့်တောင့် (၂)ယောက်သည် ဖုန်းယွီအချက်ပြမှု ရသည်နှင့် အိုသဲပေါင်ကို ဝိုင်းချုပ်လိုက်ကြတော့သည်။
စားသောက်ဆိုင် ပိုင်ရှင် အပြေးရောက်လာပြီး..
“ရန်ဖြစ်နေတာတွေ ရပ်လိုက်ပါ.. ရဲခေါ်လိုက်မယ်..”
အမျိုးသားတစ်ယောက် သက်သေခံကတ်ပြားထုတ်ပြရင်း..
“ငါတို့က ရဲတွေပါ.. တရားခံဖမ်းဖို့ ရောက်လာတာပါ.. မင်းဝင်နှောက်ယှက်ချင်လို့လား.”
ဆိုင်ရှင် နောက်ဆုတ်သွားပြီး..
“မဟုတ်ပါဘူး.. မဟုတ်ပါဘူး.. အကူအညီလိုလားမသိဘူး.. မင်းတို့ကို ကူညီဖို့ မီးဖိုချောင်က ငါ့လူတွေ သွားခေါ်ပေးလို့ရတယ်..”
“မင်းတို့ ဘာလုပ်နေတာလဲ.. ငါ ဘာပြစ်မှု ကျူးလွန်ထားလို့လဲ..”
အိုသဲပေါင် အံ့ဩပြီး ရုန်းကန် အော်ဟစ်နေတော့သည်။
“ပါးစပ် ပိတ်ထားစမ်း.. မင်း ဘာပြစ်မှု ကျူးလွန်ထားတယ်ဆိုတာ မင်းမသိဘူလား..”
အိုသဲပေါင်ကို ဖုန်းယွီကားဖြင့် ရဲစခန်းသို့ ခေါ်သွားခဲ့လိုက်သည်။ ရဲ(၂)ယောက်က စစ်ကြောရေး ခန်းထဲသို့ ထည့်လိုက်တော့သည်။
“မင်းတို့တွေ ငါ့ကို ဘာလုပ်နေတာလဲ..”
အိုသဲပေါင် အကြောက်လွန်၍ မျက်ရည်များပင် ထွက်ကျလာတော့ပေမယ်။
“ငါတို့မေးတာ ဖြေပါ..”
ဖုန်းယွီ ကောင်းသဲပေါင်ရှေ့ လျှောက်သွားပြီး..
“မင်းက အိုသဲပေါင်လား.. ဖုန်းဟွာ VCD ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ အိုသဲပေါင်လား..”
“ဟုတ်တယ်လေ.. ဘာပြဿနာရှိလို့လဲ..”
“ဒီ ဖုန်းဟွာ VCDစက်ကို မင်းကိုယ်တိုင် ဖန်တီးထားတာလား.. ဒါမှမဟုတ် တခြားလူဆီက ရလာတာလား..”
“လူတစ်ယောက် ငါ့ကို ရောင်တာ..”
အိုသဲပေါင် မျက်လုံးများက ဖုန်းယွီ၏ မျက်လုံးများကို ရှောင်တိမ်းနေပေသည်။
“လိမ်တာ.. မင်းအရိုက်ခံချင်နေတာလား..”
ရဲသားတစ်ယောက် ဝင်၍ ခြိမ်းခြောက်လိုက်ပြန်သည်။
“ငါက အဲ့ဒါကို မွမ်းမံသူတွေေ မဟုတ်ဘူး.. ငါတို့က အဖွဲ့တစ်ဖွဲ့အနေနဲ့ ငါတို့ကိုယ်တိုင် တီထွင်ထားတာ”
“မွမ်းမံတာတဲ့လား.. တခြားသူတွေရဲ့ VCDစက်တွေကို ဖျက်စီးပြီး နည်းပညာ နောက်ပြန်ဆွဲ ပြုပြင် ထားတာလား… ပစ္စည်းတုတွေ ထုတ်နေတာရောသိလား… ဒါတရားမဝင်ဘူးကွ..”
“တရားမဝင်ဘူးလား.. ဒါဘယ်လိုလုပ် တရားမဝင်တာလဲ.. ငါတို့က နည်းပညာကို ကိုယ်တိုင်တီထွင်ပြီး ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့လေ.. ငါတို့တွေ ပစ္စည်းအတု ထုတ်တယ်ဆိုပြီး ဘာလို့ပြောနိုင်တာလဲ.. ငါတို့ VCDစက် အရင်က သုံးဖူးလား.. ငါတို့ VCDစက်တွေက လေနဲ့မိုး ရယ် အိုက်ဝါ အမှတ်တံဆိပ်တွေထက် ရုပ်ထွက်ရော အသံရော ပိုတောင် ပြတ်သားသေးတယ်.. ငါတို့က အတုလုပ်တယ်လို့ မင်းဘယ်လိုလုပ် ပြောနိုင်လဲ..”
ဖုန်းယွီ ရုတ်တရက်..
“ဒါဆို မင်းတို့ ထုတ်ကုန်တွေက ဖွဲ့စည်းပုံ ပြောင်းထားလို့လား..”
ဒီလူတွေ စူပါ VCDစက် တီထွင်ခဲ့လို့လား။ မိုးသက်လေပြင်း လျှပ်စစ်ပစ္စည်းပင်လျှင် ယခုအချိန်ထိ ဤနည်းပညာ မတီထွင်နိုင်သေးချေ။
“မပြောင်းဘူး..”
ဖုန်းယွီ အသက်ရှူမြန်လာသည်။ လေနှင့်မိုး လျှပ်စစ်ပစ္စည်း ကုမ္ပဏီမှ အင်ဂျင်နီယာများအတါက် သူ့ပိုက်ဆံများ မလဟသ ဖြန်ုးတီမိနေသည်ဟု ထင်မှတ်နေတော့သည်။ အမှားအချက်ပေးသံ တစ်ခုပင်။
“မင်းတို့တွေ မွမ်မံမှု နည်းနည်း လုပ်ထားပေမယ့် လေနဲ့မိုး ရယ် အိုက်ဝါ ထုတ်ကုန်တွေ အပေါ်မှာပဲ မွမ်းမံထားကြတာ.. VCD ဆိုတာကို၌က အမှတ်တံဆိပ် တစ်ခုဆိုတာ မင်းသိရဲ့လား.. မင်းတို့ ပစ္စည်းတွေကို အမည်ပေးတဲ့ခါ VCD ဆိုတာ သုံးထားတယ်.. ဒါကို၌က မူပိုင်ခွင့် ချိုးဖောက်ထားတာပဲ..”
ယနေ့ခေတ်တွင် မူပိုင်ခွင့်များကို အလေးမထားကြသလောက်ပငါ။ (၉၀)ခုနှစ် အစောပိုင်း တွင် တရုတ်သည် အမေရိကန်၏ ဦးစားပေး စောင့်ကြည့် စာရင်းဝင်ခဲ့ပြီး နည်းပညာများ အသုံးပြုခွင့် ကန့်သတ်ခံခဲ့ရသည်။ အင်တာနက် အခြေခံကျင့်ဝတ် အကာအကွယ်မရှိခြင်းကြောင့် ဖြစ်ပေသည်။
ရေငွေ့ထုတ်စက်နှင့် အရွက်မပါသော ပန်ကာများ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားသောကြောင့် အခြားကုမ္ပဏီများက လေအားလျှပ်စစ်ကို တရားစွဲပြီးနောက် အမေရိကန် အစိုးရသည် တရုတ်စီးပွားရေး လုပ်ငန်းများကို ဖိနှိပ်နေကြောင်း ဖုန်းယွီသိခဲ့ရသည်။ အမေရိကန်သည် ထိုအချက်များကို တရုတ်နှင့် စေ့စပ်ညှိနှိုင်းရာ၌ လက်နက်တစ်ခုအဖြစ် သုံးလိုခြင်းပင်။
ဤနှစ်များအတွင်း တရုတ်၏ အင်တာနက် ကျင့်ဝတ်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များ တိုးတက်လာလိမ့်မည်။ လွန်ခဲ့သော စက်တင်ဘာလတွင် ဟာကွက်များကို ဖုံးကွယ်ရန်အတွက် မူပိုင်ခွင့် ဥပဒေကို ပြင်ဆင်ခဲ့၏။ သတင်းစာ များအတွင်း ဤသတင်း ဖော်ပြခဲ့သေးသည်။ ဤလူသည် အဘယ့်ကြောင့် မသိခဲ့ရသနည်း။
“အဲ့ဒါတွေ ငါတကယ်ကို မသိပါဘူး.. ငါတို့က နည်းပညာ တီထွင်ယုံပဲလေ..”
ဖုန်းယွီ ခေါင်းခါလိုက်သည်။ ဤလူသည် အသိတရာရော ဆင်ခြင်တုံတရားလဲ မရှိချေ။
“ကုန်သွယ်ရေး ဗျူရိုနဲ့ ရဲတွေ မင်းကုမ္ပဏီကို ပိတ်လိုက်တာနဲ့ မင်းပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတာ သိလိမ့်မယ်.. ပြန်လွတ်တဲ့အချိန် မူပိုင်ခွင့် ဥပဒေ အကြောင်း သွားဖတ်လိုက်.. ငါ မင်းကို မကြောက်ဘူး.. ငါမင်းကို တရားစွဲ လိုက်တာနဲ့ မင်း ဒေဝါလီ ခံသွားရလိမ့်မယ်..”
ဖုန်းယွီ ဖြဲခြောက်နေခြင်းသာ ဖြစ်ပေသည်။ လက်ရှိ တရုတ်နိုင်ငံ၏ ပြစ်ဒဏ်မှာ ဤမျှလောက် မပြင်းထန်ပေ။
“အာ.. ငါတို့က ငါတို့ကိုယ်ပိုင် VCDစက် ထုတ်လုပ်ယုံပဲလေ.. ဒါလေးကို ဘာကြောင့် ခွင့်မပြုရတာလဲ..”
အိုသဲပေါင် သူ့ကိုယ်သူ ကျိမ်ဆဲနေမိတော့သည်။
“မင်း VCDစက် ဘယ်လောက် ထုတ်ပြီးပြီလဲ..”
“၁၀၀ လောက်ရှိတယ်.. အားလုံး ကိုယ်တိုင် တပ်ဆင်ပြီး ဈေးဆိုင် နည်းနည်း မျာပဲ ရောင်းခဲ့တာ.. ဒါ ဥပဒေနဲ့ မညီဘူးဆိုတာ ငါတကယ်ကို မသိပါဘူး.. မင်း ငါ့ကို လွှတ်ပေးနိုင်မလား.. နောက်ထပ်မလုပ်တော့ပါဘူး..”
(၁၀၀)ပဲ ရှိသေးသည်လား။ ဖုန်းယွီ ခေါင်းညိတ်လိုက်သည်။ ဖြန့်ဖြူးသူများ သတိမထားမိကြသည်မှာ အံ့ဩစရာ မရှိတော့ချေ။ ဖြန့်ဖြူးရောင်းချသူများ ထံ ဤVCDစက်ကို ကုန်တိုက်များက ဖုံးကွယ်ထားကြပုံပင်။ ဤ ဖုန်းဟွားVCDစက်များအတါက် အကျိုးအမြတ်များသည် လေနှင့်မိုး အမှတ်တံဆိပ်ထက် ပိုကောင်းနိုင်ပေသည်။
ဤလူများအား ကျွမ်းကျင်သူများအဖြစ် သတ်မှတ်နိုင်သေးသည်။ လေနှင့်မိုး လျှပ်စစ်ပစ္စည်း ကုမ္ပဏီတါင် တာဝန်ထမ်းဆောင် ခိုင်းရပေလိမ့်မည်။
-------*****--------
ဘာသာပြန်သူ . (NTP)