ကွန်ယက်အတွင်း ဝင်ရောက်ခွင့် လိုင်စင်
Vol. 33 Ch. 481
(၃)ရက် အကြာတွင် ကျန်းဝမ်မုန့် သည် ထိုသူများကို လူတွေ့စစ်ဆေးရန် သူ့လူအချို့ဖြင့် ကိုယ်တိုင် ဦးဆောင် လာခဲ့သည်။ ဖုန်းယွီအနေဖြင့် ထိုသူများသည် အရည်အချင်းရှိပြီး ဉာဏ်ကြီးရှင်များဖြစ်ကြောင်း လူတွေ့စစ်ဆေးမှု ရလဘ်များက သက်သေပြခဲ့သည်။ ဤကဲ့သို့ သာမန် ပစ္စည်းကိရိယာများဖြင့်ပင် ၎င်းတို့၏ VCD နည်းပညာကို အံ့ဩဖွယ် တိုးတက်မှုများ ရရှိခဲ့သည် မဟုတ်ပါလော။
ကျန်းဝမ်မုန့်ကမူ ဖုန်းယွီအနေဖြင့် မည်သည့်အရာများတွေး၍ ဤလူများကို လူတွေ့စစ်ဆေးခိုင်းမှန်း သိချင်နေမိသည်။ ဖုန်းယွီက သူတို့ကို ရန်ပုံငွေများစွား သုံးဆွဲထားမှန်း သိသော်လည်း တိုးတက်မှု နှေးကွေးလွန်းနေသည်။ သူသည် R&D ဌာနကို အနီးကပ် စောင့်ကြည့်နေရမည် ဖြစ်ပြီး ၎င်းတို့ကို ကိုယ်တိုင် ဦးဆောင်ရမည် ဖြစ်သည်။ ဖုန်းယွီ အလိုရှိသော ရလဒ် ရရှိနိုင်ရန်အတွက် သူ့အနေဖြင့် ငွေကုန်ကြေးကျ အနည်းဆုံး ဖြစ်ရန် ပြုလုပ်မည်ဖြစ်သည်။
ဖုန်းယွီကမူ ထိုအကြောင်းများ မသိချေ။ ဤအပိုင်း၌ ကျန်းဝမ်မုန့် က ကုမ္ပဏီ၏ သုတေသန ရန်ပုံငွေ များစွာချွေတာနိုင်ရန် ကူညီပေးခဲ့သည်။ သို့ရာတွင် ကျန်းဝမ်မုန့်က အလွန်တရာ ကပ်စေးနည်းသူပေတည်း။
ဖုန်းယွီက ကျန်းဝမ်မုန့်အား ဗွီဒီယို ကက်ဆက် အတုလုပ်သဖြင့် ၎င်းတို့ စက်ရုံကို အာဏာပိုင်များက ပိတ်ပစ်ခဲ့ကြောင်း၊ ကျန်းဝမ်မုန့် အနေဖြင့် ထိုသူများကို လမ်းဟောင်း ပြန်မလျှောက်စေရန် တောင်းဆိုခဲ့ပေသည်။ ထိုလူများသည် အလုပ်တွင် အလေးအနက်ထားလုပ်၍ ရလဒ်များ ထွက်လာပါက လစာများ တိုးလာနိုင်ပေသည်။
ဖုန်းယွီသည် ဖုန်းဟွာ VCDစက်များ ရောင်းချသော ကုန်တိုက်များအကြောင်း ပေကျင်း၏ ဖြန့်ဖြူးရေး ကိုယ်စားလှယ်များအား အသိပေးခဲ့သည်။ ပေကျင်း ဖြန့်ဖြူးသူသည် သူ့ခရိုင်အတွင်း အတုများ ပေါ်လာသဖြင့် ဒေါသကြီးနေပေ၏။
ပေကျင်း၌ ဖြန့်ဖြူးနေသူများသည် ၎င်းတို့ အဆက်အသွယ်များကို သုံး၍ ထိုကုန်တိုက်များကို တရားစွဲခဲ့သည်။ ထိုကုန်တိုက်များကို ဒဏ်ငွေရိုက်ပြီး ရရှိလာသည့် လျော်ကြေးငွေများ၏ တစ်ချို့တစ်ဝက်ကို ထိုင်ဟွာ ကုန်သွယ်ရေးသိ့ ပေးအပ်ခဲ့သည်။ ဤသည်မှာလည်း ထိုင်ဟွာ ကုန်သွယ်ရေးနှင့် စာချုပ်အရ ပင်။
ဤအဖြစ်အပျက်သည် ကုန်တိုက်များအနေဖြင့် ကုန်ပစ္စည်း အတုရောင်းချမှု၏ ထိချက်ပြင်းမှုများ သိရှိသွားစေသည်။
“ဆရာလူ.. အခြေအနေ ဘယ်လိုလဲ.. သူတို့ကို အကူအညီ ပေးလို့ရမလား..”
ဆရာလူက မီးခိုးငွေ့များ မှုတ်ထုတ်လိုက်ပြီး..
“သူတို့တွေ အမြန်အလုပ်ရအောင် ငါကူညီပေးနိုင်တယ်.. ဒါပေမယ့် မင်းတို့တွေ အစိုးရဆီ ကိုယ်တိုင် သွားသင့်တယ်.. ပုဂ္ဂလိက ကုမ္ပဏီတွေအတွက် ခွင့်ပြုချက်ရဖို့ မလွယ်ဘူး.. အဲ့အပိုင်း မရှိသေးဘူး..”
ဖုန်းယွီ စိတ်ပျက်သွားမိသည်။ ရှအန်ဟွာ နှင့် ကျန်လူများသည် နှစ်ကူးမတိုင်မီ ပေဂျာများ အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြသည်။ နှစ်ကူးတွင် ထုတ်လုပ်မှု လိုင်စင်များ ရရှိခဲ့ကြသည်။
ထုတ်လုပ်မှုနှင့် ရောင်းချမှုများ စတင်သင့်ပေသည်။ ဖုန်းယွီက သူတို့ကို ကြော်ငြာ ရိုက်ခိုင်းတော့ပေမည့်။ မျက်နှာပြင်များ အသင့်ဖြစ်သော်လည်း ထို မျက်နှာပြင်များသည် မိုဘိုင်းဖုန်းများနှင့် အတူတူဖြစ်ကြောင်း ဖုန်းယွီ သဘောပေါက်ခဲ့သည်။ ထိုအရာသည်က ကွန်ယက်ဝင်ရောက်ခွင့် လိုင်စင် လိုအပ်ပေသည်။ ထိုလိုင်စင် မရှိပါက ရောင်းချခွင့် မရှိချေ။
ဖုန်းယွီ ယခင်ဘဝက နင်ပါ့သည် အတည်ပြုချက်များ မည်သို့ ရရယူနိုင်ခဲ့သည်ကို မသိပေ။ အစိုးရပိုင်များ လုပ်ငန်းဖြစ်ပါက အစိုးရ၏ ပံ့ပိုးကူညီမှု ရရှိခဲ့သည်။ ယခုမူ ဒေသဆိုင်ရာ အစိုးရက သူ့ကို မကူညီခဲ့ချေ။
ဆရာလူ သူ့ကို ကူညီနိုင်မည်ဟု ထင်ခဲ့မိသည်။ ထိုအရာသည်ကား ကွန်ယက်ခွင့်ပြုချက် လိုင်စင် တစ်ခုသာ ဖြစ်သည်။ အများစုကိုမူ ဖုန်းယွီအနေဖြင့် အလှူငွေများ၊ လက်ဆောင်များ ပေးရုံသာဖြစ်သည်။ ဤပေဂျာသည် VCDစက်များနှင့် ကွဲပြားသည်။ ထိုအရာကား ယခု ပင်မထုတ်ကုန် ဖြစ်လာခဲ့သည်။
တရုတ်နိုင်ငံတွင် ပေဂျာအမှတ်တံဆိပ်များ မရှိသေးချေ။ ဈေးကွက်အတွင်းရှိ ပေဂျာများကို ပြည်ပကုမ္ပဏီများနှင့် စာချုပ် ချုပ်ဆိုထားသည့် တရုတ်စက်ရုံများမှ ထုတ်လုပ်ခဲ့ပြီး အချို့မှာ ဖက်စပ် လုပ်ငန်းဖြစ်သည်။ တရုတ်ဘာသာဖြင့် ပေဂျာများကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည့် ကြိုမဲ့ ပေဂျာများစသည် Motorola နှင့် ပူးပေါင်းခဲ့သည်။ ထုတ်လုပ်ခဲ့သမျှ ပေဂျာအားလုံးသည် Motorola အမှတ်တံဆိပ်အောက်တွင်သာ ရှိနေခဲ့ကြသည်။
“ဆရာလူ.. ဒီပေဂျာကို ပြည်တွင်းမျာ တီထွင် ထုတ်လုပ်ထားတာ.. တိုင်းပြည်က ကျုပ်တို့ကို မထောက်ပံ့ သင့်ဘူးလား.. အထက်လူကြီးတွေကတော့ နိုင်ငံခြား အမှတ်တံဆိပ်လက်အောက်ခံ ပေဂျာတွေ လူတိုင်း သုံးစေချင်မယ် မထင်ဘူးဆိုတာတော့ သေချာတယ်..”
“မင်းလဲ Motorola ပေဂျာ သုံးနေတာ မဟုတ်ဘူးလား..”
“အဲ့ဒါကြောင့် ကျုပ်တို့ ကိုယ်ပိုင် တရုတ်ပေဂျာတွေ ထုတ်လုပ် ချင်နေတာလေ.. ကျုပ် ပြည်နယ် အစိုးရကိုသွားပြီး ခင်ဗျားအတွက် အကူအညီတောင်းမယ်.. ခင်ဗျား ငွေလိုရင် ကျုပ်ကို အကြောင်းကြားလိုက်.. ကျုပ် ထုတ်ပေးဖို့ လက်တွန့်နေမှာ မဟုတ်ဘူး..”
ဆရာလူ လက်ဝှေ့ယမ်းပြပြီး..
“မင်းကို ကူညီဖို့ ကျန်ကျန်းပြည်နယ် အုပ်ချုပ်ရေးမျူးဆီ တောင်းနိုင်ရင် ဒီကိစ္စအတွက် အနည်းဆုံး (၅၀)ရာခိုင်နှုန်း ပြီးသွားလိမ့်မယ်.. မင်း ခေါင်းဆောင်ကြီးနဲ့တွေ့ပြီး သူနဲ့အတူ ဓါတ်ပုံရိုက်လိုက်သေးတယ်ဆို.. သူ့ဆီ တိုက်ရိုက်သွားလို့ရတယ်လေ.. သူ့ ဖုန်းတချက်ဆက်လိုက်တာနဲ့ မင်းလိုချင်တဲ့ ခွင့်ပြုချက် တမ်းရလိမ့်မယ်..”
ဖုန်းယွီ ပြောစရာ စကားမဲ့သွားမိသည်။ အဲ့အဘိုးကြီးနဲ့ တကယ်ကို ရင်းနှီးရင် ဒီလို ကြာနေမှာတဲ့လား။
“အခုလို ကူညီတာ ကျေးဇူးတင်ပါတယ်။ အာ.. ကျုပ်တို့ ကားဘယ်လိုနေလဲ.. ခင်ဗျား မောင်းနေတဲ့ကားက အကန့်အသတ်နဲ့ ထုတ်ထားလာလေ.. ကျုပ်မှာတောင် မရှိဘူး..”
ဖုန်းယွီ ဆရာလူနှင့် ဖန်ခွက်ချင်း တိုက်၍ တစ်ငုံသောက်လိုက်သည်။ သူ့နှုတ်ခမ်းတွင် အရက်ဖြင့် စိုသွားတော့သည်။
“ဝိုး.. ဒီကား အရမ်းကောင်းတာကွ.. ငါတို့ ပြည်တွင်းထုတ် ကားတွေထဲမှာ ဒီလောက် ကောင်းတဲ့ကား မတွေ့ဘူးသေးဘူး..”
“အမှန်ပေါ့.. အဲ့ကားကို ဆောင်ကျန်း ရဲ့ အဆင့်မြင့်ဆုံး နည်းပညာတွေနဲ့ လုပ်ထားတာ.. နိုင်ငံခြားဖြစ် စံချိန်စံညွှန်းတွေနဲ့ ယှဉ်လို့ရတယ်.. ဒီကမ္ဘာပေါ်မှာ အထူးကန့်သတ်အဖြစ် (၂)စီးပဲရှိတယ်.. တစ်စိးက လောင်ကျန်း ပြည်နယ် အစိုးရနဲ့ ဧည့်သည်တော်တွေ အတွက် သုံးတယ်.. နောက်တစ်စီးက ခင်ဗျားပိုင်တာပေါ့.. အပြင် ဒီဇိုင်းက ဆောင်ကျန်း အိုလံပစ်မော်ဒယ်တွေနဲ့ အတူတူဆိုတော့ အာရုံစိုက် မခံရတော့ဘူးပေါ့.. ခင်ဗျားကားက ယွမ်(၁)သန်းကျော် တန်တယ်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး..”
ဖုန်းယွီအနေဖြင့် ထိုကားကို ဆရာလူအား ပေးချင်ချေ။ ဤကားအား သူ့အတွက် ကုမ္ပဏီကို တည်ဆောက် ခိုင်းထားခြင်းဖြစ်သည်။ ထိုကား ကုန်ကျစရိတ်မှာ ယွမ်(၁)သန်းလောက် ရှိသည်။ သို့ရာတွင် သူ့ထံသို့ ကားလာရောက် ပို့ပေးသည့်နေ့တွင် ဆရာလူ မွေးနေ့ပွဲဖြစ်နေသည်။ ဆရာလူက ဖုန်းယွီကို မွေးနေ့ပွဲသို့ ဖိတ်ကြားခဲ့သည်။
ဆရာလူ၏ မွေးနေ့ ပါတီပွဲ၍ ထိပ်တန်း ဒုတိယမျိုးဆက်များစွာ ရှိနေသည်။ ဖုန်းယွီသည် ပါတီပွဲ၌ ၎င်းတို့နှင့် တွေ့သည့်အခါ ထို့အထဲမှ အချို့သည် အကြီးတန်းအရာရှိကြီးများ ဖြစ်လိမ့်မည်ကို သိခဲ့ရသည်။ ယခင် မကြားဘူးသည်များလည်း ကြားခဲ့ရသည်။ ဤသူများ အားလုံး သူ့အတွက် အဆက်အသွယ်များပင်။ အနတ်ဂတ်တွင် သူ့လုပ်ငန်းအတွက် အထောက်အကူ ရပေလိမ့်မည်။
ခနအကြာ ဖုန်းယွီ မှောက်သွားတော့သည်။
နောက်တစ်နေ့ နိုးလာသည့်အခါ ဒုတိယမျိုးဆက်များကို သူ့ကို နွေးထေးစွာ နှုတ်ဆက်ကြသည်။ ဖုန်းယွီ ခန မှိန်းနေလိုက်သေးသည်။ သို့ရာတွင် မနေ့ညက အဖြစ်အပျက်များကို အခြားသူများထံမှ သိလိုက်ရသည်။ ဖုန်းယွီ ကိုယ်တိုင် ဆရာလူကို ယွမ်(၁)သန်းကျော်တန်တစ်စီး ပေးခဲ့မိသည်။
ဖုန်းယွီ သူ့ လန့်ရိုဗာ အပြင်၌ ရပ်နေကြောင်း တွေ့လိုက်ရတော့သည်။ ဆရာလူကို သူပေးခဲ့သည်က အထူးကန့်သတ် ဆောင်ကျန်း ကားဖြစ်နေတော့သည်။
ဖုန်းယွီ နှလုံးသားထဲတွင်မူ ငိုနေချေတော့သည်။ သို့ရာတွင် ဆရာလူကို တွေ့သည့်အချိန် ကားပြန်မတောင်းခဲ့ပေ။ ထိုသို့သော ရှက်ဖွယ်ကိစ္စ လုပ်လိမ့်မည် မဟုတ်ချေ။ ဆရာလူသည်လည်း မျက်နှာပျက်သွားပေလိမ့်မည်။ ထို့ကြောင့် ဤကားမျာ ဆရာလူအတွက် အထူးသီးသန့် ထုတ်လုပ်ထားသော ကားဟု ပြောယုံသာ တတ်နိုင်တော့သည်။
ယနေ့ ဖုန်းယွီ ထိုအဖြစ်အပျက်များကို ပြန်လည်သတိရနေပြီး ဆရာလူသည် ဤမျှဈေးကြီးသည့် မွေးနေ့လက်ဆောင် ပေးခဲ့သော်လည်း မည်သို့မှ အကူအညီမရသည်ကို အမှတ်ရနေတော့သည်။
ပေဂျာများ ဈေးကွက်ထဲသို့ စောစောဝင်ရောက်လေ ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှုများ စောစော ပြန်ရလေ ဖြစ်လိမ့်မည်။ ပြန်လည်ရရှိသည့် ငွေများကို မိုဘိုင်းဖုန်းများ တိုးတက်ရန် အသုံးပြုရပေလိမ့်မည်။
ထို့အပြင် ယခုအချိန်သည် ပေဂျာများအတွက် အကောင်းဆုံး အချိန်ဖြစ်သည်။ ဈေးကွက် ထူထောင်ထားပြီး ဖြစ်၍ ဖုန်းယွီ၏ ထုတ်ကုန်များ ဈေးကွက်အတွင်း ဝင်ရောက်လာပါက ရောင်းအားအတွက် စိတ်ပူစရာ မလိုတော့ပေ။
ဤ အိုက်ဝါ ပေဂျာများ၏ ကုန်ကျစရိတ်သည် ယွမ် (၁၀၀၀)အောက်သာ ရှိပြီး ဈေးကွက်ရှိ တရုတ်ဘာသာ ပေဂျာများသည် အနည်းဆုံး ယွမ်(၄၀၀၀)ကျသင့်ပေသည်။ ဖုန်းယွီ၏ အမြတ်ငွေ မည်မျှလောက် ရှိပေလိမ့်မည်နည်း။
(၂)နှစ်ကြာပြီးနောက် ပေဂျာဈေးနှုန်းများ ကျဆင်းသွားပေလိမ့်မယ်။ ဖုန်းယွီအနေဖြင့် လိုင်စင် အရ နောက်ကျပါက ပေဂျာ ရွှေခေတ်ကို ထိုင်လွမ်းနေယုံသာ တတ်နိုင်တော့ပေမည်။ သူ၏ ရင်းနှီးမြုပ်နှံမှုများသည်လည်း အားလုံး ရေစုန်မျောရပေလိမ့်မည်။
ဖုန်းယွီ သတိပေးလိုက်ခြင်းမှာ ဆရာလူအနေဖြင့် ကူညီရန် တာဝန်ရှိကြောင်း ခံစားမိစေရန်သာဖြစ်သည်။ ဖုန်းယွီထံမှ ငွေအမြောက်အများ ရရှိခဲ့ပေသည်။ သူရထားသော ပမာဏသည် အခြားသူများကို အစိုးရ၏ ခွင့်ပြုချက် ရရန် ကူညီပေးသည်ထက် ပိုမိုလုပ်သင့်ပေသည်။ အရေးအကြီးဆုံးမှာ ဖုန်းယွီထံမှ ရရှိခဲ့သည့် ပမာဏသည် သူ့အသက်မွေးဝမ်းကြောင်း ထိခိုက်လိမ့်မည် မဟုတ်ချေ။
ဆရာလူ ဖုန်းယွီကို မကူညီခဲ့ပါက ကျေးဇူးကန်းသူဟု မြင်မှတ်လိမ့်မည်။ မိတ်ဆွေ အသိုင်းအဝိုင်းများကြား မိတ်ဆွေအပေါ် သစ္စာစောင့်သိခဲ့သည်။ ဖုန်းယွီကို မကူညီကြောင်း သူမိတ်ဆွေများ သိရှိသွားပါက နာမည်ပျက်ရ ပေတော့မည်။ ဆရာလူက..
“ညီနောင်ဖုန်း.. မင်း နင်ပိုရဲ့ ထိပ်တန်းအရာရှိကို အကူအညီတောင်းနိုင်ရင် မင်းအတွက် ငါအကုန် ဖြေရှင်းပေးမယ်..”
“ကောင်းပါပြီ.. ကျေးဇူးတင်ပါတယ်.. နောက်နောင် ကျုပ်အကူအညီလိုရင် ကျုပ်ကို အသိပေးလိုက်ပါ..”
ဖုန်းယွီသည် သူ့ဖန်ခွက်မြှောက်ရင်း နှုတ်ခမ်းကို စိုစေလိုက်ပြန်တော့သည်။
-------*****--------
ဘာသာပြန်သူ . (NTP)