← Chapters

တရုတ်ပိုင်ပေဂျာ (၁)

Vol. 33 Ch. 482

တရုတ်ပိုင်ပေဂျာ (၁)

Vol. 33 Ch. 482

စွန်းလီကျဲ ဖုန်းယွီထံမှ ဖုန်းလက်ခံရရှိပြီးနောက် နင်ပိုမြို့ အစိုးရ မြို့တော်တန်ခံ စာပို့ တောင်းဆိုလိုက်သည်။ မြို့တော်ဝန်က ခရိုင်ကော်မတီနှင့် စကားပြောပါက လိုင်စင် အတည်ဖြစ်သွားနိုင်သည်။

အိုက်ဝါပေဂျာ ဈေးကွက်အတွင်း ဝင်ရောက်သည်နှင့် တပြိုင်နက် ဖုန်းယွီသည် နင်ပိုမြို့ကို အခွန်များစွာ ပေးဆောင်မည်ဖြစ်ပြီး သူ၏ကုမ္ပဏီကိုလည်း မြို့ပြင်သို့ မည်သည့်အခါတွင်မှ ရွှေ့ပြောင်းမည်မဟုတ်ကြောင်း ကတိပေးခဲ့သည်။

နင်ဝါမြို့တော်ဝန်အနေဖြင့် သူ့မြို့တွင် ဤကုမ္ပဏီမျိုး ရှိလာယုံနှင့် အလွန် ဝမ်းသာသွားခဲ့ပေပြီ။ ဤပေဂျာအတွက် ကွန်ယက်ဝင်ရောက်ခါင့် လိုင်စင် လိုအပ်ကြောင်း သူမသိခဲ့ချေ။

နင်ပိုမြို့သည် ခရိုင်အဆင့်မြို့ ဖြစ်သော်လည်း မြို့တော်ဝန်မှာမူ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူးအဆင့် အရာရှိတစ်ဦး ဖြစ်သည်။ ဆက်သွယ်ရေး ဝန်ကြီးဌာနရှိ မည်သူနှင့်မျှ မသိအကျွမ်း မရှိပေ။ ယခု မန်နေဂျာဖုန်းသည် အထက်အရာရှိများနှင့် ဆက်သွယ်ရန် ၎င်း၏ ချိတ်ဆက်မှုများကို အသုံးပြုထားပြီး ဖြစ်သည့်အပြင် ကော်မတီနှင့် စကားပြောဆိုသည့်အခါ လျှောက်လွှာ ပယ်ချလိမ့်မည် မဟုတ်ကြောင်း ပြေားထားခဲ့သည်။

ဤလိုင်စင် အတည်ပြုပြီးသည်နှင့် မြို့တော်ဝန်အတွက် နိုင်ငံရေး အောင်မြင်မှု တစ်ခု ဖြစ်လာပေလိမ့်မည်။ တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဤ ဖန်တီးထားသော ပေဂျာကုမ္ပဏီသည် နင်ပိုတွင် ရှိနေသည်။ သို့အတွက် ရာထူးတိုးရန် အခွင့်အလမ်း ပိုများပေလိမ့်မည်။

နင်ပို မြို့တော်ဝန်သည် ၎င်း၏ အလုပ်များအား ချက်ချင်း ရပ်ကာ ပေကျင်းသို့ အတွင်းရေးမှူးနှင့်အတူ သက်ဆိုင်ရာ ဌာနများသို့ သွားလိုက်တော့သည်။ အတည်ပြုချက် ရကို ရရမည်။

ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် မြို့တော်ဝန်က တာဝန်ခံနှင့် စကားပြောဆိုခဲ့ပြီး လုပ်ငန်းစဉ်များ ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ခဲ့သည်။

ဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အစိုးရအနေဖြင့် ပုဂ္ဂလိက လုပ်ငန်းများကို တွန်းအားပေး ဆေင်ရွက်သင့်သည်ဟု စီမံကိန်းကော်မတီက ပြည်တွင်းအမိန့်ထုတ်ပြန်ခဲ့သည်။ ပုဂ္ဂလိက ကုမ္ပဏီများကို ဆန်းသစ်တီထွင်စေပြီး လုပ်ငန်းများ ပံ့ပိုးကူညီရန် ဝင်ခွင့်အဆင့် လျော့ချထားသင့်ပေသည်။ သို့မှသာ တရုတ်နိုင်ငံ ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ကူညီနိုင်ပေလိမ့်မည်။

ဆက်သွယ်ရေးဝန်ကြီးဌာနက ပုဂ္ဂလိက ကုမ္ပဏီများကို ဤလုပ်ငန်းတွင် ဝင်ရောက်ရန် မည်သို့ တွန်းအားပေးရမည်ကို စဉ်းစားနေချိန်၌ ကုမ္ပဏီတစ်ခုက တံခါးလာခေါက်နေပေပြီ။ အတိုင်းထက် အလွန်ပင်။ ထို ကုမ္ပဏီကို အောင်မြင်အောင် လုပ်နိုင်ပါက စီမံကိန်း ကော်မတီအနေဖြင့် ၎င်း၏အောင်မြင်မှုအဖြစ် မှတ်ထားရ ပေလိမ့်မည်။ သူတို့အားလုံးက ရာထူးတိုးနိုင်ခွင့်ပင် ရနိုင်သေးသည်။

ထို့ကြောင့် ဤလုပ်ငန်းစဉ်သည် ချော့မွေ့သွားခဲ့သည်။ စာရွက်စာတမ်းအားလုံး ပြည့်စုံပြီး အတည်ပြုချက် ရသည်အထိ လုပ်ငန်းစဉ်မှာ (၃)ရက်သာ ကြာလိုက်သည်။

(၃)ရက်အကြာတွင် နင်ပိုမြို့တော်ဝန်သည် အတည်ပြုချက် စာရွက်စာတမ်းများ လက်ခံရရှိခဲ့သည်။ အလွန် လွယ်လွန်းလှသည်။ ဤကဲ့သို့ လွယ်ကူကြောင်း သိပါက ဤခရီးကို သည်ထက် စောစောသွားပြီး အိုက်ဝါ ပေဂျာများ ဈေးကွက်တွင် ရောင်းချနေလောက်ပေပြီ။

သူ့လျှောက်လွှာကို (၃)ရက်အတွင်း အတည်ပြုနိုင်ရန်အတွက် ဆရာလူ ကူညီခဲ့ကြောင်း ဖုန်းယွီသည်ပေသည်။ ကျေးဇူးတင်ကြောင်း ပြသရန် ဆရာလူကို ချက်ချင်း ဖုန်းဆက်လိုက်သည်။

ဆရာလူက သူ့မိတ်ဆွေကို ကူညီပေးခြင်းသာဖြစ်ပြီး အထူးကျေးဇူးတင်နေစရာ မလိုဟု ပြောလာလေသည်။ နောက်နောင် အကူအညီ ပေါ်ပါက ပေးအုံးမည်နည်း။

ဖုန်းယွီ စိတ်ထဲတွင် တွေးနေမိသည်။ ‘ငါ (၂)နှစ်အတွင်း မင်း ပြဿနာ ဖြေရှင်းပေးမယ်’။ သူသည် ဆရာလူ အဆင့်နိမ့် အရာရှိဖြစ်ချိန်ကတည်းက ခင်မင်ရင်းနှီးခဲ့ခြင်းဖြစ်သည်။ ဆရာလူ ထိပ်တန်းအရာရှိ ဖြစ်လာသည့်အချိန် မည်သည့် ဒုက္ခမှ မရောက်စေချင်တော့ချေ။

ကွန်ယက်အသုံးပြုခွင့် လိုင်စင် အတည်ပြုပြီး ဖြစ်၍ ဖုန်းယွီက စက်ရုံအား စွမ်းဆောင်ရည် အပြည့်ဖြင့် စတင်ထုတ်လုပ်ရန် ချက်ချင်း ညွှန်ကြားလိုက်တော့သည်။ သူသည် ဝူကျစ်ကန်းကို ဖြန့်ဖြူးသူအားလုံးကို ဆက်သွယ်ခိုင်းပြီး ပေဂျာစာချုပ်ကိစ္စ ဆွေးနွေးရန် ပေကျင်းသို့ လာရောက်စေလိုက်တော့သည်။

လွန်ခဲ့သော နှစ်မှစ၍ ပေဂျာနှင့် မိုဘိုင်းဖုန်းများကို စာတိုက်များတွင်သာ ရောင်းချခြင်း မဟုတ်တော့ချေ။ နိုင်ငံပိုင် ကုမ္ပဏီအများအပြားနှင့် ပုဂ္ဂလိက ကုမ္ပဏီအချို့ စတင်ရောင်းချနေကြပြီ ဖြစ်သည်။ အရောင်းပြခန်းများလည် ပါဝင်ပေသည်။ ဆိုင်များမှာမူ အရောင်းပါမစ်ရှိယုံဖြင့် ရောင်းချနိုင်ကြပေသည်။

ကံကောင်းစွာဖြင့် ဖုန်းယွီသည် သူ၏ပေစာများကို နေရာတိုင်းတွင် ရောင်းချနိုင်ပြီး အမြတ်အစွန်းများစွာကို ယခုကဲ့သို့ ရနိုင်တော့ပေမည်။

“မန်နေဂျာ ဖုန်း .. မတွေ့ရတာတောင် တော်တော်ကြာနေပြီ.. မင်း ပိုခန့်လာတာပဲ..”

ဖြန့်ဖြူးသူတစ်ယောက် အပြုံးဖြင့် ဖုန်းယွီကို နှုတ်ဆက်တော့သည်။

ဖုန်းယွီ မျက်လုံး မှိတ်လိုက်ပြီး..

“အသိပေးနေစရာတောင် မလိုပါဘူးလေ..”

‘ဟမ်.. ဒီဖြန့်ဖြူးသူ အမြှော်အမြင် ကောင်းသာပဲ.. သူ့ကို မျက်နှာသာပေးဖို့ နောက်မှပဲ ဝူကျစ်ကန်း ကို မေးရမှာပဲ.. နောက် အရောင်းမြှင့်တင်ရေး ပွဲတော်တွေကျရင် သူ့ကို အကျိုးခံစားခွင့် ပိုပေးရမှာပေါ့လေ..’

ဖြန့်ဖြူးသူ ဘာမှ ပြန်မပြောဘဲ ထိုင်ခုံပေါ်တွင် ထိုင်လိုက်တော့သည်။ ဖြန့်ဖြူးသူအားလုံး ဖုန်းယွီ၏ အကျင့်စရိုက်ကို ယခုမှ သိကြတော့သည်။

ကျန် ဖြန့်ဖြူးသူများ တုန်သွားကြသည်။ ‘သေလိုက်ပါတော့.. အဲ့ကောင် ကျောင်း မန်နေဂျာဖုန်းကို ပထမဆုံး မျက်နှာပြလိုက်တာပဲ..’

“မန်နေဂျာဖုန်း.. မန်နေဂျာဝူ.. မင်းတို့တွေ အခု ဘာပစ္စည်း မိတ်ဆက်ပေးမှာလဲ..”

“ဘာတုန်း.. အဘိုးကြီးဟွမ်.. မင်း ထိုင်ဟွာ ကုန်သွယ်ရေးက ထုတ်ကုန်တွေကို ရောင်းနေတာလေ.. ရွေးချင်နေသေးလို့လား.. မင်းမရောင်းချင်ရင် မင်းပြည်နယ် ငါ့ပေးလိုက်လေ..”

ဖြန့်ဖြူးသူတစ်ယောက် အရွှန်းဖောက်လိုက်ပြန်သည်။ ဤဖြန့်ဖြူးသူများသည် နှစ်နှင့်ချီ လက်တွဲလာကြသဖြင့် ရင်းနှီးနေကြပေပြီ။ တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ် မပြတ်ရှိနေကြသဖြင့် ယခုကဲ့သို့ အရွှန်းဖောက်လေ့ ရှိကြမြဲပင်။

“တော်စမ်းပါ.. မင်းက ငါ့ဈေးကွက်ကို မျက်စောင်းထိုးနေတယ် ပေါ့လေ.. မင်း အနားယူတဲ့အချိန် မင်းပြည်နယ်သိမ်းဖို့ထိ ငါစောင့်အုံးမှာကွ..”

ဖုန်းယွီသည် စွန်းလီကျဲဘက်လှည့်၍ ခေါင်းညိတ်ပြလိုက်သည်။ စွန်းလီကျဲ ဖုန်းယွီနား မတ်တပ်ရပ်ပြီး..

“ဒီနေ့ အားလုံးကို မိတ်ဆက်ပေးမှာက ဒီပစ္စည်းလေးပဲ..”

“အဘိုးကြီးစွန်း.. နောက်မနေတဲ့တော့.. ဒီမှာ လာထိုင်လိုက်.. တော်ကြာ မန်နေဂျာဖုန်းနဲ့ မန်နေဂျာဝူတို့ စိတ်ဆိုးသွားအုံးမယ်”

“ဟုတ်တယ်.. မြန်မြန်လာ.. ဖီးခံမနေနဲ့တော့.. မန်နေဂျာဖုန်းက အဲ့လိုလူမဟုတ်ဘူး..”

ကျန်ဖြန့်ဖြူးသူများ အဘိုးကြီး ကျောင်းကို မျက်လုံးပြူး ကြည့်လိုက်ကြသည်။ ထိုလူ စိတ်ကောင်းရှိဆုံး ဖြစ်နေသည်လော။

ဖုန်းယွီ မျက်မှောက်ကြုတ်ကာ..

“အားလုံး အသံတိတ်ပြီး သူ့စကား နားထောင်လိုက်ပါအုံး..”

ဖုန်းယွီ ပါးစပ်ဟလိုက်သည်နှင့် ဖြန့်ဖြူးသူများ ချက်ချင်း အသံတိတ်၍ စွန်းလီကျဲ ကို ကြည့်လိုက်ကြသည်။ စွန်လီကျဲက မန်နေဂျာဖုန်းနှင့် အတော်ရင်းနှီးနေသလော။

“ငါတို့ ရောင်းမယ့် ပစ္စည်းက အိုက်ဝါပေဂျာတွေပဲ..”

“ဟာ.. ဟင်..”

ဖြန့်ဖြူးသူများ အံ့ဩသွားကြတော့သည်။ အိုက်ဝါပေဂျာတဲ့လား။ အမည်အရ အိုက်ဝါ၏ ထုတ်ကုန်မှန်း သိကြပေသည်။ သို့ရာတွင် အိုက်ဝါသည် အိပ်ဆောင် VCDစက် ကုမ္ပဏီ မဟုတ်ပေလော။ နောက်ပိုင်းတွင် VCDစက်ကြီးများ မိတ်ဆက်ပေးခဲ့သော်လည်း ပေဂျာနှင့် လုံးဝကွဲပြားပေသည်။

ဤပေဂျာ၏ အင်္ဂါရပ်များသည် နိုင်ငံခြား ပေဂျာများနှင့် နှိုင်းယှဉ်နိုင်ပေမည်နည်း။ စွန်လီကျဲက..

“ဒီတစ်ခါလဲ အထူးပန်ကာတွေလိုပါပဲ.. ခင်ဗျားတို့တွေ ပေဂျာကို ငွေသားနဲ့ ဝယ်ရလိမ့်မယ်.. ခင်ဗျားတို့တွေအားလုံး အထူးပြည်နယ်ကိုယ်စားလှယ် သီးသန့် ဖြစ်စေရမယ်လို့ အာမခံတယ်.. ခင်ဗျားတို့က အောက်ခြေကို ဖြန့်ဖြူးဖို့ပဲ တာဝန်ယူရမယ်.. ဒီအိုက်ဝါပေဂျာရဲ့ လက်ကားဈေးနှုန်းက ယွမ်(၂၈၀၀)ပဲ.. လက်လီဈေးကိုတော့ ယွမ်(၃၆၀၀) သတ်မှတ်ထားတယ်.. ပေဂျာတစ်ခုကို ယွမ်(၈၀၀)မြတ်လိမ့်မယ်.. လက်လီ ရောင်းချသူတွေရဲ့ အမြတ်ငွေကတော့ ခင်ဗျားတို့ အပေါ်ပဲ မူတည်လိမ့်မယ်.. ကုမ္ပဏီက ဝင်ပါမှာ မဟုတ်ဘူး.. ဒါပေမယ့် စည်းကမ်းချက် တစ်ခုတော့ ရှိတယ်.. လက်လီဈေးနှုန်း အတက်အကျကို (၅)ရာခိုင်နှုန်းပဲ ထားရမယ်..”

“အဘိုးကြီးစွန်း.. မင်းလဲ အဲဒါကို သဘောတူတယ်လား..”

စွန်းလီကျဲ ခေါင်းညိတ်၍..

“ဒါပေါ့.. ငါသဘောတူတယ်..”

“မန်နေဂျာဖုန်း.. ဒီလက်ကားဈေးနှုန်းက တော်တော်မြင့်လွန်းတယ်.. ငါတို့က အရင်းအနှီးကြီးကြီး မြုပ်နှံထားရမှာ.. မင်းဆီက ဆိုင်ကယ်တွေ.. ကားတွေအတွက် စပေါ်ငွေ အရမ်းများတယ်.. VCD စက်တွေ၊ အထူးပန်ကာတွေ၊ ငွေ့ရည်ထိန်းစက်တွေ အတွက်လဲ စပေါ်တင်ဖို့ ကျန်သေးတယ်.. ငါတို့ အမြတ်နည်းသွားမှာပေါ့..”

မန်နေဂျာဝူက..

“ဈေးကွက်ထဲမှာ တရုတ်ဘာသာနဲ့ ပေဂျာတွေအကုန် ယွမ်(၄၀၀၀)ကျော် ရောင်းနေတယ်.. ကျုပ်တို့ ပစ္စည်း လက်လီဈေးက တော်တော် ချိုတဲ့အပြင် အရေအသွေးက ပိုကောင်းတယ်.. သိက္ခာအပြည့်နဲ့ အမှတ်တံဆိပ် အောက်မှာလေ.. ဒီပေဂျာတွေ ရောင်းကောင်းမှာ သေချာတယ်.. ခင်ဗျားတို့တွေလဲ ဒီပေဂျာကနေ မျိုးမျိုးမြတ်မြတ် ရလိမ့်မယ်..”

“မန်နေဂျာဝူ ဒီပစ္စည်းက မတူဘူး.. အရင်တုန်းကလဲ ကျုပ်တို့တွေ သီးသန့်ထုတ်ကုန် ပစ္စည်းတွေ ရောင်းဖူးတာပဲ.. ငွေရည်ထိန်းစက်၊ အရွက်မဲ့ပန်ကာ၊ ပြီးတော့ VCDစက်တွေ.. ဒါတွေ ရောင်းတော့ ပြိုင်ဖက်ရှိခဲ့လို့လား.. ဒါပေမယ့် ဒီပေဂျာကတော့ မတူဘူး.. ကျုပ်တို့က ဈေးကွက်နောက်နေတယ်.. ပြီးတော့ အိုက်ဝါရဲ့ အရှိန်အဝါက အိပ်ဆောင် VCD နဲ့ VCD စက်ကြီးတွေမှာပဲလေ.. အိုက်ဝါက ပေဂျာ ထုတ်မယ်ဆို ဘယ်သူက ယုံမှာလဲ..”

ဖုန်းယွီ ဝူကျစ်ကန်း အား ပြန်လည်ငြင်းခုံခြင်း မပြုရန် လက်ပြဟန့်တားလိုက်ပြီး အပြုံးဖြင့်ပင်..

“ရောင်းချင်လား.. မရောင်းချင်ဘူးလား..”

ဖြန့်ဖြူးသူ ငြိမ်ကျသွားတော့သည်။ ဖုန်းယွီက ပြုံးနေသော်လည်း ဤသည်ကပင် ချိမ်းခြောက်နေသယောင်ပင်။

ဤပေဂျာများက သေချာပေါက် အမြတ်ရမည်ပင်။ သို့တိုင်အောင် ဖြန့်ဖြူးသူများက အမြတ်ပိုလိုချင်နေကြခြင်းပင်။ ဖုန်းယွီ စိတ်ဆိုးသွားပါက သူတို့ချုပ်ဆိုထားသည့် စာချုပ်များကို ဖေါက်ဖျက်ကာ လျှော်ကြေးပေး၍ ဖြန်ဖြူးသူ စာရင်းက ဖယ်ထုတ်ပစ်နိုင်ပေသည်။ အထူးပန်ကာများ၊ VCDစက်များ၊ မော်တော်ဆိုင်ကယ်များ ရောင်းချခွင့် ရှိတော့မည် မဟုတ်ချေ။ ထိုသို့ ဖြစ်ပါက ဆုံးရှုံးမှု အလွန်ကြီးသွားပေလိမ့်မည်။

“ခင်ဗျားတို့အားလုံး ဒီပေဂျာ ရောင်းချင်ကြရဲ့လား.. နောက်ထပ် မေးခွန်း မေးချင်သေးတယ်.. ကျုပ်ပစ္စည်းတွေထဲက ဘယ်ပစ္စည်းက အမြတ်မရခဲ့တာရှိလဲ.. ကျုပ်ပစ္စည်းတွေရောင်းခဲ့လို့ ဘယ်သူ အရှုံးပေါ်ခဲ့တာရှိလဲ.. ကျုပ်တို့ အတူတွဲပြီး လုပ်ငန်းစတုန်းက ခင်ဗျားတို့ အသားတင်ငွေ ဘယ်လောက်ရှိခဲ့လဲ.. အခု ခင်ဗျားတို့ စုစုပေါင်း ပိုင်ဆိုင်မှု ဘယ်လောက်ဖြစ်သွားပြီလဲ.. ကျုပ်ရဲ့ ထုတ်ကုန်တွေထဲမှာ ဘယ်ပစ္စည်းက ဈေးကွက် မချဲ့နိုင်လို့လဲ.. ထိုင်ဟွာ ကုန်သွယ်ရေးရဲ့ ကြော်ငြာတွေ ဘယ်တုန်းကများ ခင်ဗျားတို့ကို စိတ်ပျက်အောင် လုပ်ခဲ့မိလို့လဲ.. ဒီပေဂျာ ရောင်းရတဲ့ အဓိကက ပြည်တွင်းမျာ တီထွင်ထုတ်လုပ်ထားတဲ့ ပေဂျာဖြစ်နေလို့ပဲ.. အခု ကျုပ်ပြောတာတွေ လက်ခံနိုင်တဲ့သူတွေ ဆက်နေလိုက်.. လက်မခံနိုင်တဲ့သူတွေ ထွက်သွားလို့ရတယ်..”

ဖြန့်ဖြူးသူများအားလုံး ၎င်းတို့ ထိုင်ခုံတွင်သာ ရှိနေကြဆဲပင်။ (၁)မိနစ်ခန့် စောင့်ပြီးနောက် ဖုန်းယွီ ဝူကျစ်ကန်းကို ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။ ‘မင်း မြင်လား.. ဒီလူတွေနဲ့ဆို မာနေရမယ်.. သူတို့ကို ပျော့စိပျော့စိ လုပ်နေလို့ မဖြစ်ဘူး.. ဒီလူတွေ ငါတို့နဲ့ တွဲပြီး ငွေရှာချင်ရင် ငါတို့ စကား နားထောင်ရမှာပဲ..’။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters