← Chapters

တရုတ်ပိုင်ပေဂျာ (၃)

Vol. 33 Ch. 484

တရုတ်ပိုင်ပေဂျာ (၃)

Vol. 33 Ch. 484

ကြော်ငြာမြင်သည့်အခါ ကြည့်ရှုသူ တော်တော်များများ စိတ်ရှုတ်သွားကြတော့သည်။ အိုက်ဝါပေဂျာ။ အိုက်ဝါ သည် အိပ်ဆောင် VCD စက်နှင့် VCDစက်ကြီးများ ရောင်းချခြင်း မဟုတ်ပေလော။

သို့ရာတွင် အိပ်ဆောင် VCD စက်နှင့် VCDစက်ကြီး နှစ်ခုစလုံးက ဆက်စပ်နေပေသည်။ အသံပိုင်းဆိုင်ရာ လျှပ်စစ်ပစ္စည်းများဟု ယူဆခဲ့ကြသည်။ သို့ရာတွင် ပေဂျာသည်ကား ဆက်သွယ်ရေး ကုန်ပစ္စည်းတစ်ခုဖြစ်သည်။ ထိုအရာသည်ကား လွန်စွာခြားနားလွန်းလှသည်။

သို့တိုင်အောင် ဖုန်းယွီခန့်မှန်းထားသည့်အတိုင်း အိုက်ဝါ အမှတ်တံဆိပ်သည် တရုတ်နိုင်ငံတွင် လွှမ်းမိုးမှု ရှိနေဆဲပင်။ တရုတ်နိုင်ငံရှိ လူတော်တော်များများသည် အိုက်ဝါပေဂျာ အကြောင်း သိချင်နေကြသည်။ ဤပေဂျာ မည်မျှကောင်းသနည်း။

အစပိုင်း လူများစု စောင့်ကြည့်နေကြသည်။ ဖုန်းယွီမှာလည်း ထို့အတွက် စီစဉ်ထားပြီးသားပင်။ အကယ်၍ အိတ်ဆောင် VCDစက်ထုတ်လုပ်သည် ကုမ္ပဏီက ပေဂျာထုတ်လုပ်လာလျှင် သူသည်လည်း တွန့်ဆုတ် နေလိမ့်မည်ပင်။

သို့သော် အိုက်ဝါပေဂျာ၏ ရောင်းဈေးသည် ဖောက်သည် အနည်းငယ် ဆွဲဆောင်နိုင်လိမ့်မည်ဟု ဖုန်းယွီ ယုံကြည်ထားသည်။ နောက်ဆုံးတွင် သူ၏ ပေဂျာများသည် Motorola ထက် အလွန် ဈေးသက်သာနေပေသည်။ အခြားသော အမှတ်တံဆိပ် နှစ်ခုဖြစ်သည့် Panasonic နှင့် NEC တို့သည် ဂျပန် အမှတ်တံဆိပ်ဖြစ်သောကြောင့် တရုတ်နိုင်ငံတွင် ရောင်းအား ကောင်းခြင်း မရှိချေ။

ဂျပန်ကုန်ပစ္စည်းများကို သပိတ်မှောက်ခြင်းသည် တရုတ်နိုင်ငံ၌ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ဂျပန်တံဆိပ်များ သိသိသာသာ ထိခိုက်ပြီး တရုတ်နိုင်ငံတွင် ဆုံးရှုံးမှု များခဲ့လေသည်။

ဂျပန်အစိုးရက ဤပြဿနာကို တရုတ်အစိုးရထံ အကြောင်းကြားခဲ့သော်လည်း တရုတ်အစိုးရမှ စားသုံးသူများသည် ပညာရှိစွာ သုံးဆွဲရန် အကြံပြုခဲ့ကြောင်းသာ ဖြေကြားခဲ့သည်။ ဂျပန်ပစ္စည်းများကို တရုတ်၌ အသုံးပြုရန် အတင်းအကြပ် လုပ်ယူ၍ မရနိုင်ချေ။ ဂျပန်ကုန်ပစ္စည်းများသည် အရေအသွေးကောင်းပြီး ဈေးသက်သာလျှင်ပင် သုံးစွဲသူများ မည်သည့်အတွက် မဝယ်ကြသနည်း။

ဤသည်မှာ ၎င်းတို့၏ ကိုယ်ပိုင် စက်မှုလုပ်ငန်းများကို ကာကွယ်ရန် တရုတ်အစိုးရ၏ အကြံအစည် ဖြစ်ကြောင်း ဂျပန်အစိုးရက သံသယရှိနေသည်။ ဤသည်မှာ ကိုရီးယားကဲ့သို့ပင်။ ထိုသည်ကပင် နှစ်နိုင်ငံကြား ချုပ်ဆိုထားသည့် ကုန်သွယ်မှုစာချုပ်ကို ဆန့်ကျင်နေခြင်းပင်။

သို့ရာတွင် ဂျပန်နိုင်ငံအနေဖြင့် လက်မခံနိုင်ယုံမှလွဲ၍ သက်သက်ပြေရန် အထောက်အထား ရှာဖွေမတွေ့ရှိနိုင်ချေ။ တရုတ်ဈေးကွက်ကိုလည်း စွန့်လွှတ်ရန် ဆန္ဒမရှိကြ။ အလွန်ကျယ်ပြန့်သော့ ဈေးကွက်ကြီး တစ်ခု ဖြစ်သည်နှင့်အညီ ဂျပန်ကုမ္ပဏီများအတွက် အမြတ်စွန်း များစွာ ယူဆောင်ပေးနိုင်ပေလိမ့်မည်။ ၎င်းတို့၏ စီးပွားရေးကျဆင်းမှု မပြီးမချင်း ဤအချက်သည် လွန်စွာ အရေးကြီးပေ၏။ ၎င်းတို့အတွက် တရုတ်ဈေးကွက်သည် အမှန်တကယ် လိုအပ်နေသည်။

အကယ်၍ ကုန်သွယ်ရေး သဘောတူညီချက် ရပ်စဲမည်ဆိုပါက အမေရိကန်နှင့် ဥရောပတို့သည် တရုတ်နှင့် သဘောတူ စာချုပ်ပုံစံမျိုးစုံကို လက်မှတ်ရေးထိုးကြမည်ဖြစ်ပြီး ဂျပန်ကို မျက်ကွယ်ပြု ဖယ်ရှားပစ်ပေလိမ့်မည်။ သို့အတွက် ဆုံးရှုံးမှု ပိုမိုကြီးမားသွားပေလိမ့်မည်။

ယခုမူ မည်သည့်အရာ လုပ်ဆောင်နိုင်မည်နည်း။ ဘာမှ မလုပ်နိုင်ချေ။ တရုတ်သို့ အရည်အသွေး ညံ့ဖျင်းသော ကုန်ပစ္စည်းများ တင်ပို့မရတော့ပေ။ ၎င်းတို့သည် ဒုတိယအဆင့် ဂျပန်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့သာ တင်ပို့နိုင်တော့သည်။ အထက်ပါ ညံ့ဖျင်းသော ကုန်ပစ္စည်းများကိုမူ အခြားသော အရှေ့တောင် အာရှနိုင်ငံများသို့သာ ရောင်းချနိုင်တော့သည်။

သို့ရာတွင် ထိုနိုင်ငံများ၏ ဈေးကွက် မတည်မငြိမ် ဖြစ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းများ၏ တင်ပို့စရိတ် မြင့်တက်လာတော့သည်။ သို့အတွက် ဂျပန်ကုမ္ပဏီများ၏ အမြတ်အစွန်း ကျဆင်းလာခဲ့တော့သည်။ တရုတ်နိုင်ငံတွင် ရောင်းအားကျဆင်းမှုနှင့်အတူ ဤုကုမ္ပဏီ အများအပြားသည် ပင်လယ်တွင် မနစ်မြုပ်စေရန် ကူးခတ်နေရသကဲ့သို့ ဖြစ်နေကြတော့သည်။

Panasonic သည်ကား ကောင်းမွန်နေဆဲဖြစ်သည်။ တီဗွီ၊ ဗွီဒီယိုနှင့် ကက်ဆက်များ ထုတ်လုပ်နေဆဲဖြစ်ပြီး ယင်းပစ္စည်းများမှ အမြတ်အစွန်း ရရှိနေဆဲပင်။ NEC သည် တရုတ်ဈေးကွက်၌ ပေဂျာများသာ ရှိသည်။ ပေဂျာဈေးကွက်တွင် Motorola သည် ဈေးကွက် ဝေစုအရ (၈၀)ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ထားပြီး NEC နှင့် Panaeonic တို့သည် ကျန်(၂၀)ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ မည်သို့ပင် ဖြစ်စေ အမြတ်အစွန်း ရရှိနေဆဲဟု ပြောရပေမည်။

NEC နှင့် Panaeonic တို့သည် Sony ကဲ့သို့ တရုတ်နိုင်ငံမှ ထွက်ခွာရန် မဝံ့မရဲ ဖြစ်နေကြသည်။ သူတို့ ထွက်သွားသည်နှင့် တရုတ်ဈေးကွက်သို့ ပြန်လည်ဝင်ရောက်နိုင်ရန် ခက်ခဲသွားပေတော့မည်။ ယခု အနေအထားတွင် အနည်းဆုံးအားဖြင့် သူတို့၏ အမှတ်တံဆိပ်ကို ဆက်လက်မြှင့်တင်သွားနိုင်ပြီး ထုတ်ကုန်အသစ် ရရှိလာသည့်အချိန်တွင် အခွင့်အရေး ရှိနိုင်သေးသည်။

သို့ရာတွင် တရုတ်ပြည်တွင် သူတို့၏ ရောင်းအားနှင့် အမြတ်များ တိုးမြင့်လာရေး တွေးနေချိန်တွင် တရုတ်နိုင်ငံတွင် တီထါင် ဖန်တီးလိုက်သည်ဟု အခိုင်အမာ သတ်မှတ်ထားသည့် အိုက်ဝါပေဂျာ ပေါ်ပေါက်လာပြီး ထိုးနှက်ချက်များ ခံရပြန်သည်။

အိုက်ဝါပေဂျာ၏ လက်လီဈေးနှုန်းသည် ၎င်းတို့၏ ထုတ်ကုန်များထက် ယွမ်ရာနှင့်ချီ သက်သာနေသည်။ ထို့အပြင် ထို အိုက်ဝါပေဂျာသည် တရုတ်နိုင်ငံ တစ်ဝှမ်းသို့ အချိန်တိုအတွင်း မည်သို့ ရောင်းချနိုင်သည်ကို သူတို့ နားမလည်နိုင်ချေ။

၎င်းသည် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်အစိုးရ၏ ပံ့ပိုးကူညီမှုရရှိခဲ့သည်ဟု ထင်ရှားသည်။ NEC နှင့် Panaeonic တို့သည် တရုတ်နိုင်ငံတွင် မည်သို့ ယှဉ်ပြိုင်နိုင်တော့မည်နည်း။

ယခုအခါ စာတိုက်များ၊ အရောင်းပြခန်းများနှင့် တယ်လီဖုန်းဆက်သွယ်ရေး ပစ္စည်း အထူး အရောင်းဆိုင်များ အားလုံးတွင် အိုက်ဝါပေဂျာများကို ရောင်းချနေပေသည်။

ကုန်တိုက်တစ်ခုတွင် သက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးသည် ပေဂျာ အရောင်းကောင်တာ ရှေ့တွင် ရပ်နေသည်။ မည်သည်ကို ဝယ်ရမည် မဆုံးဖြတ်နိုင်တော့ပေ။

“ဆရာ.. ပေဂျာကြည့်နေတာလား.. တရုတ်ဘာသာစကားနဲ့ ပေဂျာလား.. ဂဏန်းတွေပဲ ပြတဲ့ ပေဂျာလား.. တကယ်လို့ တရုတ်ဘာသာနဲ့ ပေဂျာ ရှာနေတာဆိုရင် တရုတ်ပြည်တွင်းထုတ် အိုက်ဝါ ပေဂျာတွေ အကြံပြုချင်ပါတယ်.. CCTV မှာလဲ ကြော်ငြာတွေ ပြနေပြီလေ.. ဈေးနျုန်းလဲ သက်သာပါတယ်.. မင်းကိုင်ထားနဲ့ ငွေလောက်နဲ့ဆို တစ်နှစ်စာ ပေဂျာအသုံးပြုခ ပေးဖို့ လုံလောက်ပါတယ်..”

“အဲ့ အိုက်ဝါ ပေဂျာက ကောင်းလား..”

“ကောင်းပါတယ်.. ငါ့အစ်ကို လဲ တစ်ခုဝယ်ဖူးတယ်.. ဒီပေဂျာ မကောင်းရင် အစ်ကိုအရင်းကို ဝယ်ခိုင်ပါ့မလား..”

“ကောင်းပြီလေ.. အဲ့ထဲကပဲ တစ်ခုပေးပါ… ကွန်ယက် ချိတ်ဆက်ဖို့လဲ တခါတည်း ကူညီပေးပါအုံး..”

တစ်ပတ်အတွင်း လူတော်တော်များများ အိုက်ဝါပေဂျာများကို သတိထားမိသွားကြသည်။ ကြော်ငြာများ ထိရောက်မှု ရှိမရှိ သို့တည်းမဟုတ် ၎င်းတို့၏ ဈေးနှုန်းချိုသာမှုကြောင့် လူအများက အသိအမှတ်ပြုခြင်း ရှိမရှိ မသိရသေးချေ။

တစ်ချိန်တည်းတွင် Motorola သည် ၎င်း၏ ရောင်းအားကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။ NEC နှင့် Panaeonic တို့မှာမူ တရုတ်ဘာသာဖြင့် ပေဂျာများ ရောင်းအား စတင်ကျဆင်းလာတော့သည်။

အိုက်ဝါပေဂျာများကို လူပိုမိုသိရှိလာသည်နှင့်အမျှ အိုက်ဝါပေဂျာများ၏ ပုံစံများကို ချီးကျူးမှုများ ရှိလာတော့သည်။

ပေဂျာကုမ္ပဏီများက အိုက်ဝါသည် ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ပြင်းထန်သော ဈေးကွက်ရှာဖွေရေးနှင့် တတ်နိုင်လောက်သည့် ဈေးနှုန်းများကို သုံးနေကြောင်း ပြောနိုင်ပေသည်။

၎င်းတိ့၏ ရောင်းဈေးကို လျော့ချချင်သော်လည်း ထိုသို့ မလုပ်နိုင်ကြချေ။ ပထမအချက်၌ Motorola နှင့် အတူတူပင်။ ၎င်းတို့သည် တရုတ်ဘာသာများ၏ မူပိုင်ခွင့်ကို ဝယ်ယူရန် လိုအပ်ပြီး ၎င်းတို့ပေဂျာများကို ဂျပန်နိုင်ငံတွင် ထုတ်လုပ်ထားသည်။ ပေဂျာများ ယူဆောင်လာရန် တရုတ်အဆိုးရကို အခွန်ပေးဆောင်ရပေသည်။ Motorola ကမူ ကွဲပြားပေသည်။ Motorola သည် တရုတ်နိုင်ငံတွင် စက်ရုံတစ်ခုရှိပြီး ၎င်းတို့၏ ကုန်ကျစရိတ်နှင့် အခွန်များသည် ဂျပန်ကုမ္ပဏီများထက် များစွာနည်းလွန်း၏။

ဂျပန်ပေဂျာ ကုမ္ပဏီများသည် အိုက်ဝါ ပေဂျာနှင့် ဈေးနှုန်းစစ်ပွဲတွင် ပါဝင်ရန် မစွမ်းနိုင်ကြချေ။ အိုက်ဝါပေဂျာများကို ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစွာ ထုတ်လုပ်ထားသည့်အပြင် အခွန်ထောက်ပံ့မှုကိုလည်း ခံစားရသေးသည်။ ထုတ်လုပ်မှုများ တိုးတက်လာသည့်အခါ ကုန်ကျစရိတ် ထပ်မံ လျော့နည်းသွားပေမလိမ့်အုံးမည်။ အကယ်၍ ၎င်းတို့သည် အိုက်ဝါနှင့် ဈေးနှုန်းစစ်ပွဲ ပါဝင်ခဲ့မည်ဆိုပါက NEC နှင့် Panaeonic သည် လွန်စွာ ဆုံးရှုံးမှုများ ခံစားရပေလိမ့်မည်။

ဆုံးရှုံးမှု ကြီးမားသော်လည်း သိသာသော ဈေးကွက်ဝေစု ပမာဏတစ်ခုနှင့် လဲလှယ်ရရှိပါက ကောင်းပေ၏။ သို့ရာတွင်အဓိက ပြဿနာမှာ ၎င်းတို့ ဈေးနှုန်းလျော့ချလိုက်လျှင်ပင် ဈေးကွက်ဝေစု မရနိုင်ချေ။ Motorola သည် အနီးကပ် ရှိနေပေ၏။

Motorola သည် အိုက်ဝါ ပေဂျာကို သတိပြုမိသော်လည်း စိုးရိမ်ခြင်း မရှိချေ။ အိုက်ဝါ ပေဂျာသည် အပြင်းအထန် ဈေးကွက်ချဲ့ထွင် နိုင်သော်လည်း တရုတ်ရှိ Motorola ၏ရပ်တည်ချက်ကို မထိခိုက်နိုင်ပေ။

ဈေးသက်သာသည်ဆိုလျှင်လည်း မည်သည့်အကြောင်းနည်း။ Motorola အမှတ်တံဆိပ် ပေဂျာတစ်ခုလျှင် ယွမ်(၁၀၀၀)ကျော် တန်ဖိုးရှိသည်။ အကယ်၍ ဈေးကွက် လက်ဝါးကြီးအုပ်မှုအတွက် တရားစွဲခံရမည်ကို မကြောက်ပါက Motorola သည် ၎င်းတို့ပြိုင်ဘက် အားလုံးကို ချေမှုန်း၍ တရုတ်ဈေးကွက်တစ်ခုလုံး သိမ်းပိုက်ရန် ဈေးနှုန်းစစ်ပွဲ ဗျူဟာ သုံးနိုင်သေးပေသည်။

ဖုန်းယွီ ဖုန်းချလိုက်သည်။ လီရှစ်ချမ်းမှ အရောင်းစာရင်းများ အစီရင်ခံခဲ့၏။ ဖုန်းယွီသည် ဤရလဒ်ကို မကျေနပ်ချေ။ တယ်လီဖုန်း ဆက်သွယ်ရေး ဈေးကွက်က ဖွံ့ဖြိုးနေပြီဖြစ်ပြီး ဝယ်လိုအားကလည်း တနေ့တခြား တိုးလာနေပေသည်။ လွန်ခဲ့သည့် (၂)ပတ်အတွင်း ပေဂျာအချို့ကို မည်သို့ ရောင်းချခဲ့သနည်း။ ကြော်ငြာအား မလုံလောက်၍လော။

ဖုန်းယွီသည် အစိုးရပေါ်လစီအချို့ကို ပံ့ပိုးကူညီရန် သူ၏ ချိတ်ဆက်မှုအချို့ကို အသုံးပြုရန် လိုအပ်နေပုံပင်။ ဥပမာ အားဖြင့် အိုက်ဝါပေဂျာများ ကြော်ငြာရန် စာတိုက်များအားလုံး အသုံးပြုခြင်းဖြင့် ရောင်းအား တက်လာပေမည်။

နောက်လများတွင် ထုတ်လုပ်မှု လိုင်းအသစ်တပ်ဆင်မည် ဖြစ်ပြီး စက်ရုံသစ်လည်ပတ် ပေတော့မည်။ အိုက်ဝါပေဂျာ များ၏ ထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်သော်လည်း ရောင်းအား မတိုးတက်ပါက ဈေးကွက်ဝေစုကို မည်သို့ သိမ်းပိုက်နိုင်မည်နည်း။ သူ၏ ပစ်မှတ်မှာ တရုတ်နိုင်ငံ၏ ပေဂျာဈေးကွက် ခေါင်းဆောင် ဖြစ်ရန် ပေတည်း။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters