← Chapters

ဝန်ကြီးဌာနများနှင့် ကော်မရှင်တို့၏ အကြံပြုချက်များ (၂)

Vol. 33 Ch. 486

ဝန်ကြီးဌာနများနှင့် ကော်မရှင်တို့၏ အကြံပြုချက်များ (၂)

Vol. 33 Ch. 486

“မန်နေဂျာဖုန်း.. မင်းထုတ်လုပ်တဲ့ ပေဂျာတွေ အကုန်ရောင်းနိုင်မယ်ဆိုတာ ဘယ်လိုသေချာနိုင်မလဲ.. ငါတို့ သုတေသန တွေအရဆို ကမ္ဘာကျော် ပေဂျာကုမ္ပဏီ Motorola က တရုတ်နိုင်ငံ ဈေးကွက် ခေါင်းဆောင် ဖြစ်နေပုံပဲ.. သူတို့ တရုတ်မှာ ပြီးခဲ့တဲ့နှစ် ရောင်းအားတောင် (၅)သိန်း လောက်ပဲ ရှိတယ်.. ဒါတောင် တရုတ်ဘာသာနဲ့ရော ဂဏန်းနဲ့ရော ပေဂျာနှစ်မျိုးစလုံးနော်.. ပြီးတော့ Panasonic နဲ့ NEC လို တခြား ကုမ္ပဏီတွေလဲ ဈေးကွက်ထဲမှာ ရှိသေးတယ်.. အရောင်းမြှင့်တင်ရေး လုပ်မယ်ဆိုရင်တောင် မင်း ပေဂျာတွေအကုန် ရောင်းရလိမ့်မယ် ထင်လား”

“ဒါရိုက်တာဖန်.. ကျုပ်တို့တွေ အချင်းချင်း စာပို့စရာ မလိုဘူးလေ.. ကျုပ်တို့လဲ ဈေးကွက်ကို သုတေသန လုပ်ခဲ့တာပေါ့.. လိုအပ်ချက်တွေ.. သုံးဆွဲသူတွေရဲ့ ဝင်ငွေတိုးတက်မှုနဲ့ တခြားအချက်အလက်တွေ အများကြီး ကျုပ်တို့ လေ့လာပြီးပြီ.. အခု ပေဂျာသုံးတဲ့သူ (၃)သန်း ပဲရှိသေးပေမယ့် နောက်နှစ်မှာ (၁၀)သန်း ကျော်သွားမှာ သေချာတယ်.. (၂)နှစ်အတွင်း ပေဂျာသုံးတဲ့သူ သန်း (၂၀) ကျော်သွားလိမ့်မယ်..”

ဒါရိုက်တာဖန် မျက်ခုံး ပင့်လိုက်သည်။ တုန်လှုပ်သွားမိသည်မှာ အမှန်ပင်။ ဤ အိုက်ဝါ လျှပ်စစ်၏ ခွဲခြား စိတ်ဖြာချက်သည် ၎င်းတို့နှင့် အတူတူ မဟုတ်ပါလော။ ဆက်သွယ်ရေး ဝန်ကြီးဌာနမှလည်း ပေဂျာဝယ်လိုအား တိုးလာမည်ဟု ယူဆထားကြသည်။ ပေဂျာကုမ္ပဏီ လျှောက်ထားမှု အရေအတွက်ကို အတိအကျ ပေးနိုင်ပေသည်။ ပေဂျာခေတ် စတင်ပါတော့မည်။

ကြေးနန်း ဝန်ကြီးဌာနသည် ဤအချက်အလက်များ အားလုံးကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး အနာဂတ် လမ်းကြောင်းကို ခွဲခြားစိတ်ဖြားနိုင်ပေသည်။ သို့သော် ဤအိုက်ဝါ လျှပ်စစ်ပစ္စည်းသည် တူညီသော ရလဒ် မည်သို့ ရရှိခဲ့သနည်း။ ဈေးကွက်ရှာဖွေရေး သို့တည်းမဟုတ် အခြားနည်းလမ်းများ ရှိနေသနည်း။

ဒါရိုက်တာဖန် မသိခဲ့သည်မှာ ဖုန်းယွီသည် ဈေးကွက် သုနေသနကို ကြီးကြီးမားမား သုနေသန ပြုလုပ်ခဲ့ခြင်း မရှိချေ။ စွန်းလီကျကျဲ သည် ကျာကျန်းတွင် ရိုးရှင်းသော ဈေးကွက်ရှာဖွေရေးသာ လုပ်ဆောင်ခဲ့သည့် ရလဒ်ဖြစ်ပြီး ဖုန်းယွီ၏ ယခင်ဘဝနှင့် အတူတူပင်ဖြစ်သည်။ ပေဂျာ ခေတ် ရောက်လာခဲ့ပေပြီ။

ဟောင်ကောင်သည် တရုတ်ပြည်နှင့် ပြန်လည် မပေါင်းစည်းခင် တရုတ်နိုင်ငံသည် ကမ္ဘာ့ နံပတ်(၁)ပေဂျာ ဈေးကွက် ဖြစ်ကြောင်း ဖုန်းယွီ သတိရမိသည်။ ပေဂျာသုံးသူ သန်း(၈၀)ကျော် ရှိခဲ့ပြီး မိုဘိုင်းဖုန်း များနှင့် ပေဂျာများ တဖြည်းဖြည်း အစားထိုးလာသောကြောင့် အရေအတွက် ထိုးကျသွားခဲ့သည်။

အမှန်တကယ် ဖွံ့ဖြိုးမှုမှာ (၁၉၉၄)ခုနှစ်နှင့် (၁၉၉၅)ခုနှစ်များ ဖြစ်သည်။ ဤ(၂)နှစ်အတွင်း တရုတ်နိုင်ငံတွင် ပေဂျာ အမှတ်တံဆိပ် (၁၀)ခုကျော်ရှိပြီး ထိုအမှတ်တံဆိပ်များ အားလုံးသည် မြို့များမှ ကုမ္ပဏီငယ်များ ဖြစ်သည်။ ဤကုမ္ပဏီများသည် ဒေသ အစိုးရမှ ပေးအပ်သည့် ထောက်ပံ့ကြေးများနှင့် အကျိုးခံစားခွင့်များကို သုံး၍ ပေဂျာများကို ဈေးနှုန်းချိုသာစွာ ရောင်းချခဲ့သည်။ ဤ(၂)နှစ်သည် ထိုကုမ္ပဏီများအတွက် အမြတ်အစွန်း ရဆုံးနှစ်များ ဖြစ်သည်။

သို့ရာတွင် ထိုစက်ရုံလေးများက ယခုဘဝတွင် ရှင်သန်နိုင်မည် မဟုတ်တော့ချေ။ ယခုနှစ် နှောင်းပိုင်းတွင် ဖုန်းယွီသည် ပေဂျာများ၌ ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်ကာ တတိယမြောက် စက်ရုံ တည်ဆောက်မည် ဖြစ်သည်။ ဤစက်ရုံသည် နောက်နှစ် အစောပိုင်းတွင် စတင်လည်ပတ်ပေလိမ့်မည်။ စုစုပေါင်း ထုတ်လုပ်မှု (၅)သန်းကျော် ရှိလိမ့်မည်။ သို့ရာတွင် ဖုန်းယွီအနေဖြင့် ဒါရိုက်တာဖန်ကို အမှန်အတိုင်း ပြောလျှင်ပင် ယုံကြည်မည် မဟုတ်ချေ။

ဖုန်းယွီသည် ဂဏန်း ပေဂျာများ ဈေးကွက်ကို စွန့်လွှတ်၍ တရုတ်ဘာသာ ပေဂျာများကို အာရုံစိုက်ထားသော်လည်း သူ့ပေဂျာများသည် ဈေးကွက်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သေးကြောင်း ဖုန်းယွီ ရှင်းရှင်းလင်းလင်း သိရှိထားခဲ့သည်။

ဆရာလူသည်လည်း ထိတ်လန့်သွားမိသည်။ ဖုန်းယွီ အနေဖြင့် အမြတ်ငွေ အမြောက်အများ စွန့်လွှတ်ရန် ဆန္ဒရှိနေသည်လော။ ပထမ ပေဂျာတစ်ခုလျှင် (၁၀)ယွမ်သည် နည်းလွန်းသည်၏ ထင်မှတ်မိလိုက်သည်။ သို့ရာတွင် ဖုန်းယွီ၏ ထုတ်လုပ်မှု အရေအတွက်ကြားသည့်အခါ ပမာဏသည် အံ့အားသင့်စရာ ကောင်းလွန်းသွားသည်။

ဒါရိုက်တာဖန်သည် ဤအိုက်ဝါ ပေဂျာများတွင် ထိုသို့ ရောင်းအား ကောင်းလာမည်ကို စိုးရိမ်မိသွားသည်။

“မန်နေဂျာဖုန်း.. မင်းတောင်းဆိုချက်မှာ မင်းထုတ်လုပ်တဲ့ ပေဂျာစုစုပေါင်း ပမာဏကို မပြောင်းလဲဘဲနဲ့ ပေဂျာတစ်ခုချင်း ပမာဏကိုပဲ ဘာလို့ ပြောတာလဲ..”

“ဒါရိုက်တာဖန်.. ကျုပ်တို့ ပေဂျာတွေ လူကြိုက်များမှာ စိုးရိမ်နေတာလား..”

ဖုန်းယွီ ရယ်မောရင်း ခေါင်းယမ်းလိုက်မိသည်။ စာတိုက်ရုံးများသည် သူ့ပေဂျာများကို ကြော်ငြာရန် ဆန္ဒရှိပါက သူတည်ထောင်ထားသည့် ဖြန့်ဖြူးရေးလမ်းကြောင်းများနှင့်အတူ ဈေးကွက်ကို မထိန်းချုပ်နိုင်ပါက ထုတ်ကုန်နှင့် ပတ်သက်၍ ပြဿနာတစ်ခု ဖြစ်ပေလိမ့်မည်။

“ဒီကိစ္စ ငါမေ့ထားလို့ မရဘူး..”

“ဒါရိုက်တာဖန်… ကျုပ်တို့ ပေဂျာတွေကို စာတိုက်တွေမှာပဲ ရောင်းတာမဟုတ်ပါဘူး.. ကျုပ်တို့ ပေဂျာတွေကို အရောင်းပြခန်းတွေနဲ့ တစ်ချို့ ပေဂျာကုမ္ပဏီတွေကိုလဲ ရောင်းပေးနေရတယ်.. ခင်ဗျား ဌာနက အဲ့နေရာတွေထိတော့ မကူညီနိုင်ဘူးမို့လား.. ကျုပ်တို့မှာလဲ စိုးရိမ်စရာတွေ ရှိသေးတာပဲလေ.. ကျုပ်တို့ ပေဂျာတွေ စင်ပေါ်ရောက်နေတဲ့အချိန် ခင်ဗျားတို့ဘက်က လိုအပ်ချက်တွေ ရှိနေခဲ့ရင်ရော ဘယ်လိုလုပ်မလဲ.. ထုတ်လုပ်တဲ့ ပေဂျာ အရေအတွက်ပေါ်မူတည်ပြီး ခင်ဗျားရဲ့ ဝန်ကြီးဌာနကို ပေးဆောင်ရမယ်ဆို အစောက စာကြောင်း ကြော်ငြာမှာ ထည့်ခွင့်ပြုဖို့ သဘောတူသင့်ပါတယ်..”

ဒါရိုက်တာဖန် ခေါင်းခါလိုက်သည်။ ဝန်ကြီးဌာန တစ်ခုက ကုမ္ပဏီတစ်ခုကို အဘယ့်ကြောင့် ကြော်ငြာနိုင်မည်နည်း။ ဤကုမ္ပဏီသည် ဝန်ကြီးဌာန၏ လုပ်ငန်းခွဲ မဟုတ်ချေ။

“မဖြစ်နိုင်ဘူး.. ပြီးတော့ မင်းရဲ့ ကနဦးအဆိုပြုချက်နဲ့ အရင်စကြတာပေါ့.. ဒါပေမယ့် ပေဂျာတစ်ခု (၁၀)ယွမ်အစား ယွမ်(၂၀)ဆို ပိုသင့်တော်တယ် ထင်တယ်..”

“ယွမ်(၂၀)လား.. ဒါရိုက်တာဖန် ခင်ဗျား အရမ်းလောဘကြီးမိတယ် မထင်ဘူးလား.. တကယ်ဆို စာတိုက်ကို တိုက်ရိုက်သွားလို့ရတယ်.. ကျုပ် သူတို့ကို (၅)ယွမ်ပေးမယ်ဆိုရင်တောင် ကျေနပ်နေကြမှာ..”

ဖုန်းယွီအနေဖြင့် သူ့မိုဘိုင်းဖုန်းအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဤဝန်ကြိးဌာနနှင့် ဆက်ဆံရေး တစ်ခု တည်ဆောက်ချင်၍သာ မဟုတ်ပါက အဘယ့်ကြောင့် ဤမျှ ငွေကြေး အမြောက်အများ ပေးချင်မည်နည်း။

“ဒါဆို စာတိုက်တွေရဲ့ ရောင်းအားက အနည်းဆုံး (၅၀)ရာခိုင်နှုန်း ဖြစ်ဖို့ အာမခံနိုင်မလား..”

“ပေဂျာ ရောင်းချမှုနဲ့ပတ်သက်ပြီး ဈေးကွက် သုတေသနကို အခြေခံရရင် သုံးဆွဲသူ (၆၀)ရာခိုင်နှုန်းက သူတို့ ပေဂျာတွေကို စာတိုက်က ဝယ်ကြတယ်.. ပြီးတော့ ဌာနခွဲတွေက တရုတ်နိုင်ငံတစ်ဝှမ်းလုံးက ပြည်နယ်တိုင်းမှာရှိတယ်.. တခြား ဖြန့်ဖြူးရေးလမ်းကြောင်းတွေကို စာတိုက်ရုံး ကွန်ယက်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ.. အဲ့ဒါကိုက ကျုပ်အမြတ်ငွေထဲက စွန့်လွတ်ဖို့ ဆန္ဒရှိရတဲ့ အကြောင်းအရင်းပဲလေ..”

ဖုန်းယွီ မမှားချေ။ နောက် (၂)နှစ်အကြာ မြို့ကြီးများတွင် ပေဂျာများ လိုအပ်ချက် ပြည့်မှီသွားမည် ဖြစ်သည်။ သို့ရာတွင် အဆိုပါခရိုင်များ၌ တောင်ဆိုမှုများ ရှိနေဆဲသာဖြစ်သည်။ သို့သော် ထိုအချိန်တွင် ခရိုင်အားလုံးနီးပါးတွင် လက်လီဆိုင်များ ပေါ်လာပေလိမ့်မည်။

ဖုန်းယွီသည် ဆက်သွယ်ရေး ဝန်ကြီးဌာနက တစ်နှစ်လျှင် ယွမ်(၁၀)သန်း အများဆုံး ရရှိမည်ဟု ခန့်မှန်းထားသည်။ ပေဂျာများ ရောင်းအားတိုးလာသော်လည်း နေရာတိုင်းတွင် ပေဂျာရောင်းချသည့် ဆိုင်များ ပိုများလာပေလိမ့်မည်။ စာတိုက်များ၏ ရောင်းအားများ ကျဆင်းသွားတော့သည်။

“ကောင်းပြီလေ.. တစ်ခု သဘောတူလိုက်မယ်.. မနက်ဖြန် အထက်ကို သတင်းပို့ပြီး အဖြေပေးမယ်..”

အားလုံး ညစာ စားပြီးနောက် ဆရာလူသည် ဒါရိုက်တာဖန်ကို ပြန်ပို့ပေးလိုက်သည်။

နောက်တနေ့၌ ဖုန်းယွီကို တယ်လီဖုန်း ဆက်သွယ်ရေး ဝန်ကြီးဌာနသို့ သွားရန်ပြောလာသည်။ ခေါင်းဆောင် တွေ့ဆုံချင်၍ ဖြစ်သည်။

“မင်းက အိုက်ဝါလျှပ်စစ်ပစ္စည်းရဲ့ မန်နေဂျာဖုန်းလား.. မင်း တော်တော်ငယ်သေးတာပဲ.. မနေ့က မင်းရှောင်ဖန်နဲ့ ဆွေးနွေးခဲ့တာ ငါသိတယ်.. အဲလို လုပ်နိုင်မယ်လို့ ငါလဲထင်ပါတယ်..”

‘ရှောင်ဖန်လား.. လမ်းဘေးဈေးသည်လိုပဲလား..’

ဖုန်းယွီ ဒါရိုက်တာဖန်ကို ကြည့်၍ ရယ်မိတော့လုနီးပါးပင်။(ရှောင်ဖန် ဟူသည်မှာ ဈေးရောင်းသူ အသံထွက်နှင့် အတူတူဖြစ်သည်။) အသက်(၅၀)ကျော် ဈေးသည်ကြီး အဖြစ် ခေါ်ဆိုခံရသည့် ဒါရိုက်တာ တစ်ဦးအတွက် ဖုန်းယွီသည် သူ မည်သို့ ခံစားရမည်ကို အံ့ဩမိပေသည်။

ဖုန်းယွီ၏ အဆိုပြုချက်သည် ဝန်ကြီးဌာနအတွက် ဆွဲဆောင်အား ကောင်းလွန်းနေခြင်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် ဒါရိုက်တာဖန်က သူ့အတွက် ပိုပိုသာသာ ပြောပေးထားခြင်း ဖြစ်နိုင်သည်။ ခေါင်းဆောင်က ဖုန်းယွီကို မည်သည့် အခက်အခဲ တစ်စုံတစ်ရာမှ မပြုလုပ်ဘဲ စည်းကမ်းချက်များအတွက်ဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။ နှစ်ဖက်စလုံးသည် ဤပူးပေါင်းဆောင်ရွက်မှုအတွက် ရေရှည်အမြင်များ မတူညီကြချေ။ ဖုန်းယွီက (၃)နှစ် အကြံပြုထားပြီး ဝန်ကြီးဌာနက အနည်းဆုံး (၁၀)နှစ် လိုချင်နေသည်။

(၁၀)နှစ် အထိ ပေဂျာများ တည်ရှိတော့မည် မဟုတ်ချေ။ ဖုန်းယွီက ပေဂျာများ ထုတ်လုပ်ရန် (၅)နှစ်သာ စီစဉ်ထားသည်။ (၅)နှစ်ကြာပြီးနောက် ပေဂျာသုံးသူ အရေအတွက် သိသိသာသာ ကျဆင်းလာပြီး မိုဘိုင်းဖုန်းများက နေရာယူသွားတော့မည် ဖြစ်သည်။

နောက်ဆုံးတွင် နှစ်ဖက်စလုံက ခြေတစ်လှမ်းစီ နောက်ဆုတ်၍ (၆)နှစ်သက်တမ်း သဘောတူလိုက်ကြသည်။ ဖုန်းယွီသည် (၆)နှစ်စာချုပ်ကို လက်မှတ်ရေးထိုးရန် တွန်းအားပေးခံရသော်လည်း သူ့ဆုံးဖြတ်ချက်အတွက် နောင်တ မရခဲ့ချေ။ အရောင်းကွန်ယက်အသစ် ထူထောင်ပြီး သူ့အမှတ်တံဆိပ်ကို သိသူတိုးမြှင့်နိုင်ပါက ဤပမာဏသည် မပြောပလောက်တော့ချေ။ ထို့အပြင် ဤစာချုပ်ကြောင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။

သဘောတူညီချက်မှာ အလွန်ရိုးရှင်းပေ၏။ နှစ်ဦးနှစ်ဖက်စလုံးသည် ရောင်းချမှု အရေအတွက်များ မှတ်တမ်းတင်ထားပြီး စာရင်းများကို လစဉ်စာရင်းဖြင့် အိုက်ဝါလျှပ်စစ်မှ ဝန်ကြီးဌာနသို့ ပေးချေရမည် ဖြစ်သည်။ ဝန်ကြီးဌာနသည် အိုက်ဝါ ပေဂျာများကို စင်ပေါ်မှထုတ်နှုတ်၍ ဤလုပ်ငန်းကို တားမြစ်နိုင်သဖြင့် ဖုန်းယွီဘက်မှ သဘောတူညီချက် ရပ်စဲမည်ကို ဝန်ကြီးဌာနက မကြောက်ချေ။

ဖုန်းယွီသည် ဤဆုံးဖြတ်ချက်ကို မည်သည့်အခါတွင်မှ ဖေါက်ဖျက်လိမ့်မည် မဟုတ်ချေ။ ဤငွေပမာဏသည် ပေဂျာမှ ရရှိမည့် အမြတ်အစွန်းနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်တော့ချေ။ ထို့အပြင် ဆက်သွယ်ရေးမူဝါဒများ အပြောင်းအလဲ ရှိပါက ဦးစွာသိရှိနိုင်ပေလိမ့်မည်။ ဝန်ကြီးဌာနသည် အိုက်ဝါ လျှပ်စစ်ပစ္စည်းအား ထောက်ခံပေးမည်ဖြစ်သည်။ ဆုံးရှုံးစရာ ဘာတစ်ခုမှ မရှိခဲ့ချေ။

သဘောတူညီချက်အရ ဖုန်းယွီသည် သူ့မျက်နှာပေါ်တွင် ပီပြင်လွန်းသည့် အပြုံးတစ်ပွင့်နှင့်အတူ ထွက်လာခဲ့လိုက်တော့သည်။ အိုက်ဝါ ပေဂျာများ ကြီးထွားလာမှုကို မည်သူတားနိုင်မည်ကို စောင့်ကြည့်ရပေအုံးမည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters